၃၄၇  ဘုရားသခင်၏ရယူခြင်းကို ခံရသူတို့သည် ထာဝရကောင်းချီးများကို မွေ့လျော်ရလိမ့်မည်

ငါ၏ အမှုသည် အနှစ်ခြောက်ထောင်သာ ကြာညောင်းပြီး လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ဆိုးယုတ်သူ၏ ထိန်းချုပ်ခြင်းသည်လည်း နှစ်ပေါင်းခြောက်ထောင်သာ ကြာမည်ဟု ငါကတိပြုခဲ့သည်။ ထို့ကြောင့် ယခု အချိန်ကျပြီ။ ငါသည် ဆက်လက်လုပ်ဆောင်ရန်ဖြစ်စေ၊ နောက်ထပ်နှောင့်နှေးရန်ဖြစ်စေ အလိုမရှိ။ နောက်ဆုံးသောကာလ အတွင်းတွင်၊ စာတန်ကို ငါ နှိမ်နင်းမည်၊ ငါ၏ဘုန်းအသရေ အားလုံးကို ပြန်သိမ်းယူမည် ဖြစ်ပြီး၊ ဤသောကရောက်နေသည့် ဝိညာဉ်အားလုံး ဒုက္ခပင်လယ်မှ လွတ်မြောက်နိုင်စေဖို့အလို့ငှာ၊ ကမ္ဘာမြေပေါ်ရှိ ငါနှင့် သက်ဆိုင်သော ဝိညာဉ်အားလုံးကို ပြန်သိမ်းမည်၊ ထိုသို့ဖြင့် ကမ္ဘာမြေပေါ်ရှိ ငါ၏ အမှုတစ်ခုလုံးကို အဆုံးသတ်မည်။ ဤနေ့မှစ၍ ငါသည် ကမ္ဘာမြေပေါ်၌ မည်သည့်အခါတွင်မျှ တစ်ဖန် လူ့ဇာတိခံလိမ့်မည် မဟုတ်သကဲ့သို့ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည့် ငါ၏ဝိညာဉ်တော်သည် ကမ္ဘာပေါ်တွင် နောက်ထပ် မည်သည့်အခါမျှ အမှုပြုတော့မည် မဟုတ်ချေ။ ငါသည် ကမ္ဘာပေါ်တွင် လူသားမျိုးနွယ်ကို ပြန်လည်ဖန်တီးရုံမျှသာ ဖြစ်မည်၊ ယင်းမှာ သန့်ရှင်းခြင်းခံရပြီး ကမ္ဘာမြေပေါ်ရှိ ငါ၏သစ္စာရှိသောမြို့ ဖြစ်သည့် လူသားမျိုးနွယ်တစ်ရပ် ဖြစ်သည်။

တစ်လောကလုံးကို ငါသည် အမြစ်ဖြတ် သုတ်သင်ပယ်ရှင်းမည် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို အမြစ်ဖြတ် သုတ်သင်ပယ်ရှင်းမည် မဟုတ်သည်ကို သိလော့။ ကျန်ရှိသည့် သုံးပုံတစ်ပုံ၊ ငါ့ကိုချစ်ပြီး ငါက လုံးလုံးလျားလျား သိမ်းပိုက်ထားသော လူသားမျိုးနွယ်သုံးပုံတစ်ပုံကို ငါ ထိန်းသိမ်းမည် ဖြစ်ပြီး ပညတ်တော်အောက်တွင် ဣသရေလလူမျိုးများ မျိုးပွားဖြစ်ထွန်းကာ ပွားများခဲ့ကြသည့်အတိုင်းပင် ဤသုံးပုံတစ်ပုံကို ကမ္ဘာပေါ်တွင် ငါ မျိုးပွားဖြစ်ထွန်းစေကာ ပွားများစေမည်။ ငါ အာဟာရဖြည့်ပေးသော သိုးများစွာနှင့် ကျွဲနွားများစွာအပြင် ကမ္ဘာ၏ ကြွယ်ဝမှုအားလုံးကိုလည်း ၎င်းတို့ လက်ခံရရှိမည်။ ဤလူသားမျိုးနွယ်သည် ငါနှင့်အတူ ထာဝရ ကျန်ရှိလိမ့်မည်၊ သို့သော် ယင်းသည် မနှစ်မြို့ဖွယ် ညစ်ညူးသော ယနေ့ခေတ် လူသားမျိုးနွယ်ကဲ့သို့ ဖြစ်မည် မဟုတ်ဘဲ ငါ၏ရယူခြင်းကို ခံရပြီးသောသူ အားလုံး စုဝေးသည့် လူသားမျိုးနွယ် ဖြစ်လိမ့်မည်။ ထိုလူသားမျိုးနွယ်မျိုးသည် စာတန်၏ ဖျက်ဆီးခြင်း၊ နှောင့်ယှက်ခြင်း၊ ဝိုင်းရံခြင်း ခံရမည် မဟုတ်ဘဲ စာတန်အပေါ် ငါ အောင်နိုင်ပြီးနောက် ကမ္ဘာပေါ်တွင် တည်ရှိသည့် တစ်ခုတည်းသော လူသားမျိုးနွယ် ဖြစ်လိမ့်မည်။ ယင်းသည် ယနေ့တွင် ငါသိမ်းပိုက်ပြီးဖြစ်ကာ ငါ၏ကတိကို ရရှိပြီးသော လူသားမျိုးနွယ် ဖြစ်သည်။

နောက်ဆုံးသောကာလအတွင်း သိမ်းပိုက်ခံရပြီးဖြစ်သည့် လူသားမျိုးနွယ်သည် ချမ်းသာပေးခြင်း ခံရပြီး ငါ၏ ထာဝရ ကောင်းချီးမင်္ဂလာများကို ရရှိမည့် လူသားမျိုးနွယ်လည်း ဖြစ်လိမ့်မည်။ ယင်းသည် စာတန်အပေါ် ငါ၏အောင်နိုင်ခြင်းနှင့်ဆိုင်သည့် တစ်ခုတည်းသော သက်သေအထောက်အထားနှင့် စာတန်နှင့် ငါ၏တိုက်ပွဲမှ တစ်ခုတည်းသော လက်ရပစ္စည်းများ ဖြစ်လိမ့်မည်။ စစ်ပွဲ၏ လက်ရပစ္စည်းများသည် စာတန်၏ အာဏာမှ ငါ၏ ကယ်တင်ခြင်း ခံရပြီး ငါ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ တစ်ခုတည်းသော ပုံပေါ်လာခြင်းနှင့် အသီးအပွင့် ဖြစ်သည်။ ၎င်းတို့သည် တိုင်းနိုင်ငံနှင့် အသင်းတော်ဂိုဏ်းဂဏတိုင်း၊ နေရာတိုင်းနှင့် စကြဝဠာ တစ်လျှောက်လုံးရှိ တိုင်းပြည်တိုင်းမှ လာကြပေသည်။ ၎င်းတို့သည် မတူကွဲပြားသော မျိုးနွယ်စုများ၊ ဘာသာစကားများ၊ ဓလေ့များနှင့် အသားအရောင်များ ရှိကြပြီး၊ ကမ္ဘာလုံး၏ လူမျိုးအပေါင်းတို့၊ အသင်းတော်ဂိုဏ်းဂဏတိုင်းနှင့် ကမ္ဘာ့အရပ်လေးမျက်နှာသို့ပင် အနှံ့အပြား ပျံ့နှံ့ကြလေသည်။ နောက်ဆုံးတွင် ၎င်းတို့သည် စာတန်၏ အင်အားစုများ လက်လှမ်း မမီနိုင်သော လူသားအစုအဝေးတစ်ခု၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ဖွဲ့စည်းရန် အတူတကွ ရောက်လာကြလိမ့်မည်။

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမျက်ဒေါသ ကျရောက်မည့်နေ့ကို အသွေးအသားရှိသောသူ မည်သူမျှ မလွတ်မြောက်နိုင် မှ

အရှေ့သို့- ၃၄၆  နောက်ဆုံးသောကာလ၌ စီရင်ခြင်းသည် ခေတ်ကို အဆုံးသတ်စေမည်

နောက်တစ်ခုသို့- ၃၄၈  သင်၏စကားများနှင့် လုပ်ရပ်များသည် ဘုရားအမြင်တွင် ညစ်ညူး၏ကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၉၅  ဘုရား၏တရားစီရင်ခြင်းသည် သူ၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းကို ဖော်ပြ၏ကျူး

၁  ယနေ့ ငါ ပြောဆိုသော နှုတ်ကပတ်တော်များသည် လူတို့၏ အပြစ်များကို တရားစီရင်ဖို့၊ လူတို့၏ မဖြောင့်မတ်ခြင်းကို တရားစီရင်ဖို့၊ လူသား၏...

၁၆၆  နိုင်ငံတော်ခေတ်တွင် နှုတ်ကပတ်တော်သည် အရာခပ်သိမ်းကို ပြီးမြောက်စေသည်

၁  နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ သူအမှုပြုသည့် နည်းလမ်းကို ပြောင်းလဲရန်နှင့် ခေတ်တစ်ခေတ်လုံး၏...

၂၄၆  ကမ္ဘာမြေကြီးပေါ်၌ ဘုရားသခင်၏ တစ်ခုတည်းသော ဆန္ဒ

၁ဘုရားသည် ဖိတ်ခေါ်ချက်ကို အဖြေပေးသည့်အနေနှင့် လူသား၏ အခြေအနေကို တိုက်ရိုက်ဦးတည်သည့်အနေဖြင့် ဤအကြိမ်တွင် လူ့ဇာတိဖြင့် ကြွလာပေသည်။...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။