မာနထောင်လွှားသော စိတ်သဘောထား၏ အကျိုးဆက်များ
ဘားနဒ် ဖိလစ်ပိုင်နိုင်ငံ ၂၀၀၆ ခုနှစ်မှာ ကျွန်တော်က အထက်တန်းကျောင်းသားပဲ ရှိသေးတယ်။ ကျွန်တော်တို့ သမ္မာကျမ်းစာ သင်ရမယ့်အချိန်ဆို၊ အဖွင့်စကား...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်၊ အင်္ဂါနေ့
ဒီမနက် အထက်ခေါင်းဆောင်တွေဆီက စာတစ်စောင် ရတယ်။ ရှင်းရန်က ခရိုင်ခေါင်းဆောင်အသစ်အဖြစ် ရွေးကောက်ခံရတယ် ဆိုတဲ့အကြောင်းပေါ့။ စာဖတ်ပြီးတော့ တစ်ခဏကြာ ကျွန်မ စိတ်ငြိမ်ငြိမ် မထားနိင်အောင်ဖြစ်ခဲ့ပြီး တွေးမိတယ်၊ “ရှင်းရန်က အသင်းတော်ခေါင်းဆောင် လုပ်တာ လပိုင်းပဲ ရှိသေးတာ။ အရင်တုန်းက သူ့အလုပ်ကို ကျွန်မပဲ လိုက်စစ်ဆေးပေးခဲ့တာလေ၊ သူ့ရဲ့ အလုပ်လုပ်နိုင်စွမ်းတွေက အတော်အတန် ချို့တဲ့မှန်း ကျွန်မ သိတာပေါ့။ အခု ရုတ်တရက်ကြီး ခရိုင်တစ်ခုလုံးရဲ့ အလုပ်ကို သူက ကြီးကြပ်ရတော့မယ်ဆိုတော့၊ ဒါ မြန်လွန်းမနေဘူးလား။ ရှင်းရန်က လူ့သဘာဝကောင်းပြီး အသက် ဝင်ရောက်မှုကို အာရုံစိုက်တယ်၊ ဒါကြောင့် ပျိုးထောင်ပေးဖို့ ထိုက်တန်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အလုပ်လုပ်နိုင်စွမ်းက သိပ်မကောင်းလှဘူး။ ခရိုင်တစ်ခုလုံးရဲ့ အလုပ်ကို သူ ဘယ်လိုများ စီမံခန့်ခွဲနိုင်မှာလဲ။ ကျွန်မက အသင်းတော်ခေါင်းဆောင် လုပ်လာတာ နှစ်ပေါင်းများစွာ ကြာနေပြီ။ ခုတော့ ယုံကြည်သူဖြစ်တာ အချိန် ပိုတိုပြီး၊ ခေါင်းဆောင်မှုအပိုင်းမှာ အတွေ့အကြုံလည်း သိပ်မရှိတဲ့ လူတစ်ယောက်က ကျွန်မရဲ့ အလုပ်ကို လာပြီး ကြီးကြပ်တော့မယ်တဲ့။ ဒါက ကျွန်မကို အရည်အချင်းမရှိတဲ့ပုံ ပေါက်သွားစေတာ မဟုတ်ဘူးလား” လို့ပေါ့။ တွေးလေလေ၊ လက်မခံချင်လေ ဖြစ်ပြီးတော့ တော်တော်လေး မကျေမနပ် ဖြစ်မိတယ်။ ဒါပေမဲ့ နောက်တော့ နေ့တိုင်း ကျွန်မတို့ ကြုံတွေ့ရသမျှ ကိစ္စတိုင်းကို ဘုရားသခင် ခွင့်ပြုထားတာဖြစ်တယ်၊ ပြီးတော့ ရှင်းရန်ရဲ့ တာဝန်က ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အချုပ်အခြာအာဏာထဲမှာ ရှိတယ်ဆိုတာကို ကျွန်မ သတိရလိုက်တယ်။ ကိုယ့်ရဲ့ ရှုထောင့်အမြင်ကနေ အဲဒါကို ကျွန်မ မကြည့်သင့်ဘူး။ အဲဒီအစား ကျွန်မ အရင်ဆုံး ကျိုးနွံနာခံသင့်တယ်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၀ ရက်၊ တနင်္လာနေ့
ပြီးခဲ့တဲ့ နှစ်ရက်အတွင်းမှာ ကျွန်မအလုပ်ထဲက ပြဿနာတချို့ကို နားလည်ဖို့ ကြိုးစားပြီးတော့ အခြေအနေတွေ ပြောင်းလဲသွားအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို မိတ်သဟာယ ပြုရင်းနဲ့ ရှင်းရန်က ဧဝံဂေလိအလုပ်ကို လိုက်စစ်ဆေးဖို့ စာရေးခဲ့တယ်၊ သူ့စာတွေကို ဖတ်ရတာ ကျွန်မ စိတ်မသက်မသာဖြစ်မိပြီး၊ သူ့ကို တကယ် စာမပြန်ချင်ခဲ့တယ်။ ကျွန်မ တွေးမိတာက “ငါက အသင်းတော် ခေါင်းဆောင်ပိုင်းမှာ လုပ်လာတာ ဆယ်စုနှစ်တစ်ခုကျော်နေပြီ။ အလုပ်ကို ဘယ်လို လိုက်စစ်ဆေးရမလဲဆိုတာ ငါသိတယ်။ နင့်ရဲ့ လမ်းညွှန်မှု ငါ မလိုဘူး။ နင်က ခေါင်းဆောင်အဖြစ် လေ့ကျင့်နေတာ တစ်နှစ်တောင် မပြည့်သေးဘူး၊ အခု ငါ့အလုပ်ကို လာပြီး လမ်းညွှန်ဖို့ ကြိုးစားနေတာလား။ နင်ပြောပြတဲ့ နည်းလမ်းတွေကို ငါ ရင်းနှီးပြီးသားပါဟယ်” လို့ပေါ့။ ကျွန်မ ထုတ်ဖော်ပြသနေတာက မာနထောင်လွှားတဲ့ စိတ်သဘောထား ဖြစ်နေမှန်း ကျွန်မ သတိပြုမိလိုက်တယ်။ တွေးမိတာက ဒီ မာနထောင်လွှားတဲ့ စိတ်သဘောထားထဲမှာပဲ ငါ ဆက်ပြီး နေထိုင်မယ် ငါ့အလုပ်ကို ရှင်းရန် လိုက်စစ်ဆေးတာကို မကျေမနပ်ဖြစ်ပြီး အာခံမယ်၊ သူနဲ့ မပူးပေါင်းဆောင်ရွက်ဘဲ ငြင်းဆန်မယ်ဆိုရင်၊ အဲဒါက သူ့ကို ဘောင်ခတ်လိုက်သလို ဖြစ်သွားမှာ မဟုတ်လားပေါ့။ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရလိုက်တယ်။ “သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကို ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်သိက္ခာ၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို မစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားအိမ်တော်၏ အကျိုးများကို ထည့်တွက်စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို အလေးထားသင့်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာစောင့်သိခြင်းရှိမရှိ၊ သင်၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းရှိမရှိ၊ အစွမ်းကုန် လုပ်ဆောင်ခြင်းရှိမရှိ၊ သင်၏ တာဝန်နှင့် အသင်းတော်၏ အလုပ်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် စဉ်းစားခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် စဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးပြီး နားလည်အောင် ကြံဆလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့် ကျွန်မ နားလည်လိုက်တာက ကိစ္စတွေ ကြုံလာရတဲ့အခါ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအတိုင်း အသက်ရှင်လို့မရဘူးဆိုတာပါပဲ။ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ပိုထည့်စဉ်းစားရမယ်၊ အသင်းတော်အလုပ်အတွက် အကျိုးရှိမယ့်အရာ မှန်သမျှကို လုပ်ရမယ်။ ကျွန်မသာ မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ နေပြီး ရှင်းရန်ရဲ့ စာတွေကို မတုံ့ပြန်ဘူးဆိုရင်၊ ကျွန်မရဲ့ အလုပ်အခြေအနေကို သူ သဘောပေါက်နိုင်မှာ မဟုတ်ဘူး၊ အဲဒါက သူ့အတွက် နောက်ထပ်လိုက်စစ်ဆေးဖို့ ခက်ခဲသွားစေမှာပဲ။ ဒါ့အပြင် အဲဒါက သူ့ကို ဘောင်ခတ်မိသလို ဖြစ်သွားနိုင်ပြီး သူ့အခြေအနေကို ထိခိုက်စေနိုင်တယ်၊ အဲဒါက အသင်းတော်အလုပ်ကို အလွယ်တကူ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်နိုင်တယ်။ အလုပ်ကို လိုက်စစ်ဆေးတာနဲ့ ကြီးကြပ်တာက ရှင်းရန်ရဲ့ တာဝန်ပဲလေ၊ ပြီးတော့ ဧဝံဂေလိအလုပ် အခြေအနေနဲ့ပတ်သက်လို့ သူ့ကို ချက်ချင်း စာပြန်ပြီး ကျွန်မ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။
၂၀၂၃ ခုနှစ်၊ မေလ ၁၂ ရက်၊ သောကြာနေ့
ဒီနေ့ နေ့လယ် ဧဝံဂေလိအလုပ်အကြောင်း ဆွေးနွေးကြတုန်း၊ ကျွန်မက အခုတလော အထွေထွေကိစ္စတွေကိုပဲ အာရုံစိုက်နေပြီး ဧဝံဂေလိအလုပ်ကို လိုက်မစစ်ဆေးဖြစ်ဘူး၊ ပြီးတော့ ကျွန်မရဲ့ ပင်မတာဝန်ကနေ လမ်းလွဲနေတယ်လို့ ရှင်းရန်က ထောက်ပြတယ်။ သူထောက်ပြတဲ့ ဒီကိစ္စကို ကျွန်မ သတိပြုမိပြီး၊ ကျွန်မအလုပ်မှာ တကယ်ရှိနေတဲ့ ပြဿနာတစ်ခု ဆိုတာကိုလည်း သိပါတယ်၊ ဒါပေမဲ့ သူ အဲဒီလို ထောက်ပြတာ ကြားလိုက်ရတော့ ကျွန်မ စိတ်ထဲ တော်တော် မခံမရပ်နိုင် ဖြစ်သွားတယ်။ ကျွန်မ တွေးမိတယ်၊ “နင် ခေါင်းဆောင်ဖြစ်တာ သိပ်မကြာသေးဘဲနဲ့ လူအများကြီးရှေ့မှာ ငါ့သိက္ခာကို မထောက်ဘဲ ငါ့ပြဿနာတွေကို ထောက်ပြနေတယ်။ ငါ့ရဲ့အရင် အလုပ်အစီရင်ခံစာတုန်းက ဒီသွေဖည်မှုကို ငါ အကျဉ်းချုပ် တင်ပြပြီးသားလေ။ ဧဝံဂေလိအလုပ်ကို ငါ တာဝန်ယူလာတာ နင့်ထက် ပိုကြာတယ်၊ အဲဒါကို ဘယ်လို လိုက်စစ်ဆေးရမလဲဆိုတာ ငါသိတယ်။ ဒီသွေဖည်မှုနဲ့ပတ်သက်လို့ နင် ငါ့ကို လာပြောစရာ မလိုဘူး။ နောက်ရက်ကျရင် ငါ့ဘာသာငါ ပြန်ပြင်မှာပါ” လို့ပေါ့။ အဲဒီနောက်ပိုင်း ရှင်းရန်က ဆက်ပြီး မိတ်သဟာယပြုနေတုန်း၊ ကျွန်မက ကိုယ့်အလုပ်ကိုယ်ပဲ အာရုံစိုက်နေပြီး ဆွေးနွေးမှုထဲမှာ လုံးဝ ဝင်မပါတော့ဘူး။ အခြေအနေက နည်းနည်းတော့ အနေရခက်စရာ ဖြစ်သွားပြီး အစည်းအဝေးရဲ့ ထိရောက်မှုကို ထိခိုက်သွားစေခဲ့တယ်။ ညဘက်ကျတော့ ရှင်းရန်က သူ့အခြေအနေကို ပြောပြတယ်၊ သူ့စကားကို ဘယ်သူမှ မတုံ့ပြန်ကြတော့ သူ စိတ်မကောင်းဖြစ်ရတယ်တဲ့၊ သူ ဒီအလုပ်ကို လုပ်နိုင်စွမ်းရှိရဲ့လားလို့တောင် သံသယဝင်မိသွားတယ်တဲ့။ ရှင်းရန် ဒီလိုပြောတာ ကြားတော့ ကျွန်မ စိတ်ထဲ နည်းနည်း အပြစ်ရှိသလို ခံစားလိုက်ရတယ်။ တကယ်တော့ ရှင်းရန်က ကျွန်မအလုပ်ထဲက သွေဖည်နေတာတွေ၊ ပြဿနာတွေကို မလိုမုန်းထားတဲ့စိတ်နဲ့ ထောက်ပြတာ မဟုတ်မှန်း၊ ဧဝံဂေလိအလုပ် မနှောင့်နှေးရအောင် ကျွန်မ အချိန်မီ ပြန်တည့်မတ်နိုင်ဖို့ ကူညီပေးနေတာ ဖြစ်မှန်း ကျွန်မ သိပါတယ်။ ဒါပေမဲ့ ကျွန်မ ဘာလို့ အဲဒါကို အရမ်း အတိုက်အခံလုပ်ချင်နေရတာလဲ။ အထက်ခေါင်းဆောင် ဒါမှမဟုတ် ကျွန်မနဲ့ တွဲဖက်လုပ်နေတဲ့ ညီအစ်ကိုမောင်နှမတွေသာ ကျွန်မရဲ့ ပြဿနာတွေကို ထောက်ပြမယ်ဆိုရင်၊ ကျွန်မ ဒီလို တုံ့ပြန်မိမှာ မဟုတ်ဘူး။ ရှင်းရန်ကျမှ ကျွန်မ ဘာလို့ ဒီလောက် ရန်လိုတဲ့ သဘောထား ထားရှိနေရတာလဲ။ ဒီလို ဖောက်ပြန်ပျက်စီးမှုတွေကို ကျွန်မ ထုတ်ဖော်ပြသနေရတဲ့ ဖြစ်ကြောင်းရင်းမြစ်က ဘာလဲ။
ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေ့လိုက်ရတယ် “လူတို့သည် မိမိတို့ကိုယ်ပိုင် အရည်အချင်းများနှင့်ဆိုင်သည့် အဆင့်ကို မည်သည့် အခြေခံအကြောင်းရင်းပေါ်တွင် အကဲဖြတ်ကြသနည်း။ တာဝန်တစ်ခုခုကို ၎င်းတို့ထမ်းဆောင်သည်မှာ နှစ်မည်မျှကြာသည်၊ အတွေ့အကြုံမည်မျှကို ၎င်းတို့ရရှိပြီးဖြစ်သည်တို့အပေါ်တွင် အခြေခံသည်မဟုတ်လော။ ဤသို့ဖြစ်လျက် သင်တို့သည် ဝါရင့်ခြင်းနှင့်ပတ်သက်ပြီး တဖြည်းဖြည်းချင်း စတင်စဉ်းစားလာမည်မဟုတ်လော။ ဥပမာအားဖြင့် ညီအစ်ကိုတစ်ယောက်သည် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ခဲ့ပြီး တာဝန်တစ်ခုကို အချိန်အတော်ကြာထမ်းဆောင်ခဲ့သည်။ ထို့ကြောင့် သူသည် စကားပြောရန် အရည်အချင်းအပြည့်မီဆုံးဖြစ်သည်။ ညီအစ်မတစ်ယောက်သည် ဤသို့ရောက်သည်မှာ မကြာသေးပေ။ သူမသည် အစွမ်းအစအနည်းငယ်ရှိသော်လည်း ဤတာဝန်ကို ထမ်းဆောင်ရာတွင် အတွေ့အကြုံမရှိပေ။ ဘုရားသခင်ကို ယုံကြည်သည်မှာ မကြာသေးပေ။ ထို့ကြောင့် သူမသည် ပြောဆိုရန် အရည်အချင်း မပြည့်မီဆုံးဖြစ်သည်။ ပြောဆိုရန် အရည်အချင်း အပြည့်မီဆုံးသူက မိမိကိုယ်ကို စဉ်းစားသည်။ ‘ငါသည် ဝါရင့်သောကြောင့် ငါ၏တာဝန်ကို ထမ်းဆောင်ခြင်းသည် စံမီသည့် သဘောဖြစ်သည်။ ငါ၏ အားထုတ်လိုက်စားမှုသည် ထိပ်ဆုံးသို့ ရောက်ရှိပြီးဖြစ်သည်။ ငါ ကြိုးပမ်းသင့်သည့်၊ ဝင်ရောက်သင့်သည့်အရာမရှိပေ။ ဤတာဝန်ကို ငါ ကောင်းစွာ ထမ်းဆောင်ပြီးဖြစ်သည်။ ငါသည် ဤအလုပ်ကို အနည်းနှင့်အများ ပြီးမြောက်ပြီးဖြစ်သည်။ ဘုရားသခင်သည် ကျေနပ်သင့်သည်။’ ဟူ၍ ဖြစ်သည်။ ဤသို့ဖြင့် ၎င်းတို့သည် မိမိတို့ဘာသာ အားရကျေနပ်လာသည်။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ပြီးဖြစ်သည်ဟု ညွှန်ပြသလော။ ၎င်းတို့သည် မည်သည့်တိုးတက်မှုမျှ ပြုလုပ်ခြင်းမရှိတော့ပေ။ ၎င်းတို့သည် သမ္မာတရား၊ သို့မဟုတ် အသက်ကို မရရှိသေးပေ။ သို့တိုင်အောင် ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်အမင်း အရည်အချင်းပြည့်မီသည်ဟု ထင်မြင်ကြသည်။ ဝါရင့်သည့်ပုံစံဖြင့် ပြောဆိုကြသည်။ ဘုရားသခင်၏ ဆုလာဘ်ကို စောင့်မျှော်ကြသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ပြခြင်း မဟုတ်လော။ လူတို့သည် ‘အလွန်အမင်း အရည်အချင်းပြည့်မီခြင်း’ မရှိသောအခါ ၎င်းတို့သည် သတိထားရမည်ကို သိသည်။ အမှားများမပြုလုပ်ရန် မိမိတို့ကိုယ်ကို သတိပေးကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်အမင်း အရည်အချင်းပြည့်မီသည်ဟု ယုံကြည်သည်နှင့် မာနထောင်လွှားလာသည်။ မိမိတို့ကိုယ်ကို စတင်၍ အထင်ကြီးလာကြသည်။ မိမိတို့ဘာသာ အားရကျေနပ်တတ်ကြသည်။ ဤသို့သောအချိန်များတွင် ၎င်းတို့သည် ပေါလု ပြုလုပ်ခဲ့သကဲ့သို့ ဘုရားသခင်ထံမှ ဆုလာဘ်များနှင့် သရဖူကို တောင်းဆိုနိုင်ခြေမရှိသလော။ (ရှိပါသည်။) လူသားနှင့် ဘုရားသခင်ကြား ဆက်ဆံရေးမှာ အဘယ်သို့နည်း။ ဤသည်မှာ ဖန်ဆင်းရှင်နှင့် ဖန်ဆင်းခံများကြား ဆက်ဆံရေးမဟုတ်ပေ။ ဤသည်မှာ အပေးအယူဆက်ဆံရေးထက် မပိုပေ။ ဤသို့ဖြစ်သောအခါ လူတို့တွင် ဘုရားသခင်နှင့် ဆက်ဆံရေးမရှိပေ။ ဘုရားသခင်သည် ၎င်းတို့ထံမှ သူ၏ မျက်နှာကို ကွယ်ဝှက်နိုင်ခြေရှိသည်။ ဤသည်မှာ အန္တရာယ်ရှိသော လက္ခဏာဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဖြင့်သာ ကယ်တင်ခြင်းလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်သည်) ဒီဘုရားနှုတ်ကပတ်တော် အပိုဒ်က ကျွန်မရဲ့ အခြေအနေမှန်ကို ဖော်ထုတ်လိုက်တာပါ။ ကျွန်မက ဝါရင့်မှုအရ စဉ်းစားနေခဲ့တာပဲ။ ရှင်းရန်က ခေါင်းဆောင်အသစ် ဖြစ်နေပြီး အလုပ်လုပ်နိုင်စွမ်း ချို့တဲ့နေတုန်းမှာ၊ ကျွန်မကကျတော့ အသင်းတော်ခေါင်းဆောင်ပိုင်းမှာ လုပ်လာတာ ဆယ်နှစ်ကျော်နေပြီ၊ အလုပ်အတွေ့အကြုံ ပိုများပြီး အရည်အချင်း ပိုရှိတယ်လို့ ကျွန်မ ထင်ခဲ့တာလေ။ ဒါကြောင့် သူက ကျွန်မအလုပ်ကို လိုက်စစ်ဆေးပြီး သွေဖည်တာတွေ၊ ပြဿနာတွေကို ထောက်ပြတဲ့အခါ၊ ကျွန်မ အရမ်း စိတ်မသက်မသာ ဖြစ်ခဲ့ရတယ်။ သူက ကျွန်မအလုပ်ကို လိုက်စစ်ဆေးဖို့ အရည်အချင်းမမီဘူးလို့ ထင်မိလို့ပါ။ တကယ်တော့ ရှင်းရန်အနေနဲ့ ကျွန်မအလုပ်ကို လိုက်စစ်ဆေးပြီး ကြည့်ရှုတာ၊ အလုပ်ထဲက သွေဖည်တာတွေနဲ့ ပြဿနာတွေကို ထောက်ပြတာက သူ့ရဲ့ တာဝန်နဲ့ ဝတ္တရား တစ်စိတ်တစ်ပိုင်းပါပဲ၊ ပြီးတော့ အသင်းတော်အလုပ် အကျိုးရှိဖို့အတွက် သူ လုပ်နေတာလေ။ ဒါက အပြုသဘောဆောင်တဲ့ အရာပါပဲ။ ဒါပေမဲ့ ကျွန်မက မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ အသက်ရှင်နေခဲ့မိတယ်။ ခေါင်းဆောင်လုပ်လာတဲ့ နှစ်ကာလအတွေ့အကြုံတွေကို အသုံးပြုပြီး၊ ဝါရင့်တာကို အခွင့်ကောင်းယူတဲ့အပြင့် ကိုယ့်အရည်အချင်းတွေကို ကြွားလုံးထုတ်ခဲ့တယ်။ ပြီးတော့ သူ့ရဲ့ လမ်းညွှန်မှုကို လက်ခံဖို့ ငြင်းခဲ့တယ်။ စုဝေးပွဲအတွင်းမှာ အလုပ်သဘော ဆွေးနွေးမှုတွေမှာ မပါဝင်ဘဲ မျက်နှာသုန်မှုန်နေပြီး ကိုယ့်အလုပ်ကိုယ်ပဲ အာရုံစိုက်နေခဲ့တာကြောင့်၊ ရှင်းရန်ခမျာ ကျွန်မအလုပ်ကို လိုက်စစ်ဆေးရာမှာ ဘောင်ခတ်ခံလိုက်ရသလို ခံစားသွားရတယ်။ ကျွန်မက အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်နေတာ မဟုတ်ဘူးလား။ တွေးလေလေ၊ ဒီပြဿနာရဲ့ သဘာဝက လေးနက်မှန်း ပိုသဘောပေါက်လာလေပါပဲ။ ရှေ့ဆက်ပြီးတော့ ဒီပြဿနာကို ဖြေရှင်းဖို့ ကျွန်မ သမ္မာတရားကို ရှာဖွေရပါမယ်။
၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်၊ ကြာသပတေးနေ့
ဒီနေ့ မနက်ခင်း ဝတ်ပြုချိန်မှာ၊ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “ဘုရားသခင်ကို အစေခံခြင်းသည် ရိုးစင်းသည့် အလုပ်မဟုတ်ချေ။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မပြောင်းလဲဘဲ ရှိနေသောသူတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ အစေမခံနိုင်ပေ။ သင်၏ စိတ်သဘောထားသည် ဘုရားသခင်၏နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို မခံရသေးပါက၊ သင်၏ စိတ်သဘောထားသည် စာတန်ကို ကိုယ်စားပြုနေဆဲဖြစ်သည်၊ ယင်းက သင်သည် သင်ကိုယ်တိုင်၏ ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် ဘုရားသခင်ကို အစေခံသည်၊ သင်၏ အစေခံခြင်းသည် သင်၏စာတန်ဆန်သော သဘာဝအပေါ် အခြေခံထားသည်ကို သက်သေပြပေသည်။ သင်သည် သင်၏ သဘာဝအလျောက်ဖြစ်သော စရိုက်လက္ခဏာဖြင့်လည်းကောင်း၊ သင်၏ ပုဂ္ဂိုလ်ရေး အကြိုက်များအရလည်းကောင်း ဘုရားသခင်ကို အစေခံသည်။ ထိုထက်ပို၍၊ သင်လုပ်ဆောင်ရန် လိုလားနေသည့် အရာများသည် ဘုရားသခင်အဖို့ နှစ်သက်ဖွယ်ကောင်းသော အရာများဖြစ်ပြီး၊ သင် လုပ်ဆောင်ရန် ဆန္ဒမရှိသည့် အရာများသည် ဘုရားသခင်အဖို့ ရွံရှာဖွယ်ရာများ ဖြစ်သည်ဟု သင် အမြဲ တွေးထင်လေသည်။ သင်သည် သင်၏ ကိုယ်ပိုင် အကြိုက်များအတိုင်းသာ လုံးလုံး အလုပ်လုပ်ပေသည်။ ဤအရာကို ဘုရားသခင်အား အစေခံခြင်းဟု ခေါ်ဆိုနိုင်သလော။ နောက်ဆုံးတွင်၊ သင်၏ အသက်စိတ်သဘောထား၌ ပြောင်းလဲခြင်း အနည်းငယ်မျှ ရှိလိမ့်မည်မဟုတ်။ ယင်းအစား၊ သင်၏ အစေခံခြင်းသည် သင့်ကို သာ၍ပင် ခေါင်းမာစေလိမ့်မည်ဖြစ်သည်၊ ဤအကြောင်းကြောင့် သင်၏ ဖောက်ပြန်ပျက်စီးခြင်းသည် နက်နက်ရှိုင်းရှိုင်း အရိုးစွဲနေကာ၊ ထိုသို့ဖြင့် သင်၏ ကိုယ်ပိုင် စရိုက်လက္ခဏာနှင့် သင်၏ကိုယ်ပိုင် စိတ်သဘောထား အတိုင်း အစေခံခြင်းမှ ရရှိခဲ့သည့် အတွေ့အကြုံများအပေါ် အဓိက အခြေခံသည့်၊ ဘုရားသခင်အား အစေခံခြင်းနှင့် ပတ်သက်သည့် စည်းမျဉ်းများသည် သင်၏အတွင်းတွင် ဖြစ်ပေါ်လိမ့်မည်ဖြစ်သည်။ ဤအရာများသည် လူသား၏ အတွေ့အကြုံများနှင့် သင်ခန်းစာများ ဖြစ်သည်။ ယင်းသည် လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် လူသား၏ အတွေးအခေါ်ဖြစ်သည်။ ဤသို့သော လူတို့ကို ဖာရိရှဲနှင့် ဘာသာရေး အရာရှိများအဖြစ် အမျိုးအစား သတ်မှတ်နိုင်ပေသည်။ ၎င်းတို့သည် လုံးဝ မနိုးထသကဲ့သို့ နောင်တမရပါက၊ နောက်ဆုံးသော ကာလတွင် လူတို့ကို အထင်အမြင်မှားစေသည့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူများနှင့် အန္တိခရစ်များအဖြစ်သို့ ဧကန်မုချ ပြောင်းလဲသွားကြလိမ့်မည်။ အဆိုပါ ခရစ်တော်၏ အယောင်ကိုဆောင်သောသူများနှင့် အန္တိခရစ်များသည် ထိုသို့သော လူများကြားမှ ထွက်ပေါ်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်ကို အစေခံသော သူတို့သည် မိမိတို့၏ ကိုယ်ပိုင် အကျင့်စရိုက်နောက်လိုက်ပြီး မိမိတို့ကိုယ်တိုင်၏ အလိုဆန္ဒအတိုင်း ပြုမူကြပါက၊ အချိန်မရွေး ဖယ်ရှားရှင်းလင်းခြင်းခံရနိုင်သည့် အန္တရာယ်ရှိသည်။ အခြားသောသူများ၏ စိတ်နှလုံးများကို သိမ်းသွင်းရန်၊ ၎င်းတို့ကို ဩဝါဒပေးရန်နှင့် ဘောင်ခတ်ရန်၊ ပြီးလျှင် အထက်စီး၌နေရန်၊ ဘုရားသခင်အား အစေခံရာတွင် ရရှိထားသော ၎င်းတို့၏ နှစ်များစွာ အတွေ့အကြုံကို အသုံးချသောသူများ၊ ပြီးလျှင် မည်သည့်အခါမျှ နောင်တမရသောသူများ၊ မိမိတို့၏ အပြစ်များကို မည်သည့်အခါတွင်မျှ ဝန်မချသောသူများနှင့် အဆင့်အတန်း၏ အကျိုးကို မည်သည့်အခါမျှ မစွန့်လွှတ်သောသူများဖြစ်သည့် ဤလူများသည် ဘုရားသခင်ရှေ့မှောက်တွင် လဲကျကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ဝါရင့်မှုကြောင့် ရောင့်တက်ကာ၊ ၎င်းတို့၏ အရည်အချင်းများကို ကြွားလုံးထုတ်ရင်း၊ ပေါလုနှင့် တစ်မျိုးတစ်စားတည်း ဖြစ်ကြ၏။ ဘုရားသခင်သည် ဤသို့သော လူများကို စုံလငစအောင်ပြုလုပ်ပေးမည် မဟုတ်ပေ။ ထိုသို့သော အစေခံခြင်းသည် ဘုရားသခင်၏ အမှုကို နှောင့်ယှက်လေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘာသာရေး အစေခံခြင်းကို ဖယ်ရှားပစ်ရမည်) ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်ချက်ကတစ်ဆင့် ကျွန်မ သဘောပေါက်လိုက်တာက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို အခြေခံပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်တာ၊ ဘုရားသခင်ကို အစေခံရာမှာ ကိုယ့်အကြိုက်ကို လိုက်တာတွေက ဘုရားသခင်ကို ခုခံတဲ့ လမ်းကြောင်းဆီကိုပဲ ဦးတည်စေတယ် ဆိုတာပါပဲ။ လူတစ်ယောက်က သူ့ရဲ့ နှစ်နဲ့ချီတဲ့ အတွေ့အကြုံကို အရင်းအနှီးအနေနဲ့ မှီခိုပြီး၊ သူများကို ဘောင်ခတ်ဖို့ ဝါရင့်တာကို အမြဲ ကြွားလုံးထုတ်နေမယ်ဆိုရင်၊ ဒါက ပေါလုရဲ့ လမ်းကြောင်းကို လျှောက်လှမ်းနေတာ ဖြစ်ပြီး၊ သူလုပ်သမျှ အရာအားလုံးက ဒုစရိုက်အမှုပါပဲ။ ကျွန်မအလုပ်ကို ကြီးကြပ်ဖို့ ရှင်းရန်က ခရိုင်ခေါင်းဆောင်အဖြစ် ရွေးကောက်ခံရတယ်ဆိုတာ သိလိုက်ရကတည်းက၊ ကျွန်မစိတ်ထဲမှာ အာခံချင်စိတ်တွေ ပြည့်နေခဲ့တယ်။ သူ့မှာ အလုပ်လုပ်နိုင်စွမ်း လိုအပ်ချက်ရှိတယ်၊ ပြီးတော့ ခေါင်းဆောင်အနေနဲ့ ကာလတိုပဲ လေ့ကျင့်ရသေးတယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်၊ ဒါကြောင့် ကိုယ့်အယူအဆတွေ၊ စိတ်ကူးတွေအပေါ် အခြေခံပြီး သူ ဒီနေရာနဲ့ မသင့်တော်ဘူးလို့ ကျွန်မ ကောက်ချက်ချခဲ့တယ်။ ဒီကိစ္စမှာ ကျွန်မ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို မရှာဖွေခဲ့ဘူး။ အဲဒီအစား ရှင်းရန်ဆီ ကိုယ်ဝါရင့်တာကို အမြဲ ကြွားလုံးထုတ်ခဲ့တယ်။ သူက ကျွန်မအလုပ်ကို လိုက်စစ်ဆေးတဲ့အခါ၊ ဒါမှမဟုတ် လမ်းညွှန်တဲ့အခါ၊ ကျွန်မက အရမ်း အထင်သေးခဲ့တယ်။ ကျွန်မရဲ့ အလုပ်လုပ်နိုင်စွမ်းနဲ့ နှစ်ချီ ခေါင်းဆောင်မှု အတွေ့အကြုံအရဆိုရင်၊ သူက ကျွန်မကို ညွှန်ကြားဖို့ အရည်အချင်းမမီဘူးလို့ ထင်ခဲ့တာကိုး။ ဒါပေမဲ့ ပိုပြီး နက်နက်နဲနဲ ပြန်ဆင်ခြင်ကြည့်လိုက်တော့ ကျွန်မရဲ့ အလုပ်မှာ တကယ်ပဲ သွေဖည်တာတွေ မရှိတာ ဖြစ်နိုင်ပါ့မလား။ သူများတွေက ကျွန်မအလုပ်ကို ကြီးကြပ်ဖို့နဲ့ လိုက်စစ်ဆေးဖို့ ကျွန်မ မလိုအပ်ဘူးလား။ ကျွန်မမှာ အတွေ့အကြုံ ဘယ်လောက်ပဲ ရှိပါစေ၊ အဲဒါက ကျွန်မ သမ္မာတရားကို နားလည်တယ်၊ သို့မဟုတ် သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်တယ်လို့ မဆိုလိုပါဘူး။ ကျွန်မအလုပ်က မလွဲမသွေ သွေဖည်တာတွေနဲ့ အပြစ်အနာအဆာတွေရှိတယ်။ ကျွန်မအလုပ်အပေါ် ရှင်းရန်ရဲ့ ကြီးကြပ်မှုနဲ့ ညွှန်ကြားမှုတွေက ကျွန်မ တာဝန်ကို ပိုကောင်းကောင်း ထမ်းဆောင်နိုင်အောင် ကူညီပေးဖို့ ရည်ရွယ်တာပါ၊ ပြီးတော့ အဲဒါတွေက အသင်းတော်အလုပ်ရော ကျွန်မကိုယ်ပိုင် အသက် ဝင်ရောက်မှုအတွက်ပါ အကျိုးရှိပါတယ်။ ဒါပေမဲ့ ကျွန်မက အတိုက်အခံလုပ်ခဲ့ပြီး သူ ကျွန်မအလုပ်ကို လိုက်စစ်ဆေးတာ၊ ကြီးကြပ်တာကို လက်ခံဖို့ ငြင်းခဲ့တယ်၊ သမ္မာတရားအပေါ် အရမ်းမနှစ်မြို့တာကို ကျွန်မ ထုတ်ဖော်နေခဲ့မိတယ်။ ခေါင်းဆောင်လုပ်ခဲ့တဲ့ ကျွန်မရဲ့ အလုပ်အတွေ့အကြုံနဲ့ သက်တမ်းကို အရင်းအနှီးလို့ မှတ်ယူပြီးတော့၊ အလုပ်အကြောင်း ရှင်းရန်ထက် ကျွန်မ ပိုသိတယ်၊ ကျွန်မဘာသာ ကျွန်မ ကောင်းကောင်း လုပ်နိုင်တယ်လို့ပဲ အမြဲ တွေးခဲ့တယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ကျွန်မတာဝန်မှာ သွေဖည်တာတွေနဲ့ ပြဿနာတွေ အများကြီး ရှိနေတုန်းပါပဲ။ သမ္မာတရား လက်တွေ့ကျမှု မရှိပေမဲ့၊ ကျွန်မက စိတ်ကြီးဝင်ပြီး ရှင်းရန်ကို အထင်သေးခဲ့တယ်၊ သူ့ထက် ကျွန်မက အရည်အချင်း ပိုရှိတယ်လို့ ထင်ခဲ့တာကိုး။ ကျွန်မ သိပ်ကို မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် အမှန်ထင်ခဲ့တာပါ၊ ဆင်ခြင်တုံတရားဆိုတာ လုံးဝ မရှိခဲ့ပါဘူး။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်၊ တနင်္လာနေ့
လွန်ခဲ့တဲ့ ရက်တွေအတွင်း ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ကြည့်တော့၊ လူတွေကို ရာထူးတိုးပေးတာနဲ့ ပျိုးထောင်တာအတွက် ဘုရားအိမ်တော်ရဲ့ စည်းမျဉ်းတွေကို ကျွန်မ တကယ် နားမလည်ခဲ့မှန်း သဘောပေါက်လိုက်တယ်။ ကိုယ့်အယူအဆတွေ၊ စိတ်ကူးတွေအပေါ် အခြေခံပြီးတော့ပဲ ကိစ္စတွေကို ချဉ်းကပ်ပြီး အကဲဖြတ်ခဲ့တယ်။ သမ္မာတရား စည်းမျဉ်းတွေအပေါ် အခြေခံပြီး အကဲဖြတ်ဖို့ထက် အတွေ့အကြုံနဲ့ ခေါင်းဆောင်မှုပိုင်းမှာ ဘယ်လောက်ကြာကြာ လုပ်ခဲ့တယ် ဆိုတာတွေကို ကျွန်မ အရမ်းအလေးထားခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အလုပ်အမျိုးမျိုး၏ ကြီးကြပ်ရေးမှူးများအတွက် လိုအပ်သော စံနှုန်းများမှာ အဘယ်နည်း။ အဓိကအားဖြင့် သုံးခုရှိသည်။ ပထမဦးစွာ ၎င်းတို့သည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ရှိရမည်။ သမ္မာတရားကို လွဲချော်မှုမရှိဘဲ မှန်ကန်စွာ သဘောပေါက်နားလည်နိုင်ပြီး ဆိုလိုချက်များကို ဆက်စပ်တွေးခေါ်နိုင်သောသူများသာလျှင် အစွမ်းအစကောင်းသူများ ဖြစ်ကြသည်။ အစွမ်းအစကောင်းသူများသည် အနည်းဆုံးအားဖြင့် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိရမည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှီအခိုကင်းစွာ စားသောက်နိုင်ရမည်။ ဘုရားနှုတ်ကပတ်တော်များကို စားသောက်ခြင်း ဖြစ်စဉ်တွင် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများ၊ မိမိတို့၏ ကိုယ်ပိုင်အလိုဆန္ဒ ရောနှောခြင်းအပြင် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန်အလို့ငှာ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်မှု၊ ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့ကို အမှီအခိုကင်းစွာ လက်ခံနိုင်ရမည်ဖြစ်ပြီး သမ္မာတရားကို ရှာဖွေနိုင်ရမည်၊ အကယ်၍ ၎င်းတို့သည် ဤစံနှုန်းသို့ ရောက်ရှိပါက ဘုရားသခင်၏ အလုပ်ကို မည်သို့တွေ့ကြုံခံစားရမည်ကို ၎င်းတို့သိသည်ဟု ဆိုလိုပြီး ဤသည်မှာ အစွမ်းအစကောင်းခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ဒုတိယအချက်မှာ ၎င်းတို့သည် အသင်းတော်အလုပ်အတွက် ဝန်ထုပ်ဝန်ပိုးထမ်းရွက်ရမည်။ အမှန်တကယ်ဝန်ထုပ်ဝန်ပိုးထမ်းရွက်သောသူများသည် စိတ်အားထက်သန်မှု ရှိရုံမျှသာမဟုတ်ဘဲ ၎င်းတို့တွင် စစ်မှန်သော အသက်အတွေ့အကြုံရှိသည်၊ သမ္မာတရားအချို့ကို နားလည်ပြီး ပြဿနာအချို့ကို ထိုးထွင်းသိမြင်နိုင်သည်။ ၎င်းတို့သည် အသင်းတော်အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူတို့၌ ဖြေရှင်းရန် လိုအပ်သည့် အခက်အခဲများနှင့် ပြဿနာများစွာ ရှိသည်ကို မြင်ကြသည်။ ၎င်းတို့သည် ဤအရာကို မိမိတို့၏ မျက်စိဖြင့် မြင်ပြီး မိမိတို့၏ စိတ်နှလုံးထဲတွင် ယင်းအတွက် စိုးရိမ်ကြသည်၊ ဤသည်မှာ အသင်းတော်အလုပ်အတွက် ဝန်ထုပ်ဝန်ပိုးထမ်းရွက်ခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် အစွမ်းအစကောင်းပြီး သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ရှိရုံမျှသာဖြစ်သော်လည်း ပျင်းရိလျှင်၊ ဇာတိပကတိ၏ သက်သောင့်သက်သာဖြစ်မှုများကို တပ်မက်လျှင်၊ တကယ့်အလုပ်ကို လုပ်ဆောင်လိုစိတ်မရှိဘဲ အထက်က ပြီးဆုံးရန် နောက်ဆုံးရက် သတ်မှတ်ပေးသည့်အခါမှသာ၊ မလုပ်ဘဲ နေ၍မရသည့်အခါမှသာ အလုပ်အနည်းငယ်ကို လုပ်ဆောင်ပါက ဤသည်မှာ ဝန်ထုပ်ဝန်ပိုး ထမ်းရွက်မှုမရှိသောသူတစ်ဦး ဖြစ်သည်။ ဝန်ထုပ်ဝန်ပိုး ထမ်းရွက်မှုမရှိသောသူများသည် သမ္မာတရားကို မလိုက်စားသောသူများ၊ တရားမျှတစိတ်မရှိသောသူများနှင့် တစ်နေ့လုံး အလွန်အမင်းစားသောက်ပြီး မည်သည့်အရာကိုမျှ အလေးအနက်မထားဘဲ ဆန်ကုန်မြေလေးများ ဖြစ်ကြသည်။ တတိယအချက်မှာ ၎င်းတို့သည် အလုပ်လုပ်နိုင်စွမ်းကို ပိုင်ဆိုင်ရမည်။ ‘အလုပ်လုပ်နိုင်စွမ်း’ ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ရိုးရှင်းစွာဆိုသော် ယင်းမှာ ၎င်းတို့သည် အလုပ်ကို ခွဲဝေပေးနိုင်ပြီး လူတို့ကို ညွှန်ကြားချက်များ ပေးနိုင်ရုံသာမက ပြဿနာများကိုလည်း ဖော်ထုတ်ပြီး ဖြေရှင်းနိုင်သည်ကို ဆိုလိုသည်၊ ဤသည်မှာ အလုပ်လုပ်နိုင်စွမ်းကို ပိုင်ဆိုင်ခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် စီစဉ်ဖွဲ့စည်းမှုဆိုင်ရာ ကျွမ်းကျင်မှုများလည်း လိုအပ်သည်။ စီစဉ်ဖွဲ့စည်းမှုဆိုင်ရာ ကျွမ်းကျင်မှုများရှိသောသူများသည် လူတို့ကို စုစည်းရာတွင်၊ အလုပ်ကို စီစဉ်ပြီး ခွဲခန့်ရာတွင်နှင့် ပြဿနာများကို ဖြေရှင်းရာတွင် အထူးပင် ကျွမ်းကျင်ကြပြီး အလုပ်ကို ခွဲခန့်ကာ ပြဿနာများကို ဖြေရှင်းသည့်အခါ ၎င်းတို့သည် လူတို့ကို လုံးလုံးလျားလျား လက်ခံယုံကြည်စေနိုင်ပြီး နာခံစေနိုင်သည်၊ ဤသည်မှာ စီစဉ်ဖွဲ့စည်းမှုဆိုင်ရာ ကျွမ်းကျင်မှုများ ရှိခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ အလုပ်လုပ်နိုင်စွမ်း အမှန်တကယ် ရှိသောသူများသည် ဘုရားအိမ်တော်က စီစဉ်ခန့်ခွဲသည့် တိကျသောအလုပ်များကို ဆောင်ရွက်နိုင်ပြီး ပေါ့ပေါ့ဆဆမရှိဘဲ လျင်မြန်ပြတ်သားစွာ ထိုသို့လုပ်ဆောင်နိုင်သည့်အပြင် အမျိုးမျိုးသော အလုပ်များကိုလည်း ကောင်းမွန်စွာ လုပ်ဆောင်နိုင်သည်။ ဤသည်တို့မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ပျိုးထောင်ခြင်းအတွက် ဘုရားအိမ်တော်၏ စံနှုန်းသုံးခု ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဤစံနှုန်းသုံးခုနှင့် ကိုက်ညီပါက သူသည် ရှားပါးသော၊ အရည်အချင်းရှိသူတစ်ဦးဖြစ်ပြီး ချက်ချင်းပင် ရာထူးတိုးမြှင့်ခြင်း၊ ပျိုးထောင်ခြင်းနှင့် လေ့ကျင့်ပေးခြင်းတို့ကို ခံရသင့်ကာ အချိန်ကာလတစ်ခုကြာ လက်တွေ့လုပ်ဆောင်ပြီးနောက် သူသည် အလုပ်ကို တာဝန်ယူနိုင်မည်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၅)) “ဘုရားအိမ်တော်က တစ်စုံတစ်ဦးကို ခေါင်းဆောင်တစ်ဦးအဖြစ် အားပေးပြီး ပျိုးထောင်ခြင်းသည် ထိုသူကို လေ့ကျင့်ပေးရန်၊ ဘုရားသခင်ကို မှီခိုစေရန်နှင့် သမ္မာတရားဆီသို့ ကြိုးစားအားထုတ်စေရန် ၎င်းတို့အပေါ် ပို၍ကြီးမားသော ဝန်ကို တင်ပေးခြင်း ဖြစ်သည်။ ထိုသို့ပြုမှသာလျှင် ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အမြန်ဆုံး ကြီးထွားလာမည်ဖြစ်သည်။ ၎င်းတို့အပေါ် ပို၍ကြီးမားသော ဝန်ကို တင်လေလေ၊ ၎င်းတို့အပေါ် ဖိအားပိုများလေလေ ဖြစ်ပြီး၊ သမ္မာတရားကို ရှာဖွေရန်နှင့် ဘုရားသခင်ကို မှီခိုရန် ၎င်းတို့ ပို၍ တွန်းအားပေးခံရလေလေ ဖြစ်သည်။ နောက်ဆုံးတွင် ၎င်းတို့သည် မိမိတို့၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်ဖြစ်ပြီး ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်နိုင်မည်ဖြစ်ကာ ထိုသို့ဖြင့် ကယ်တင်ခြင်းခံရပြီး စုံလင်အောင်ပြုခြင်းခံရသည့် မှန်ကန်သော လမ်းကြောင်းပေါ်သို့ ခြေချပြီး ဖြစ်လိမ့်မည်၊ ဤသည်မှာ ဘုရားအိမ်တော်က လူတို့ကို အားပေးပြီး ပျိုးထောင်သည့်အခါ စွမ်းဆောင်ရရှိသည့် အကျိုးသက်ရောက်မှု ဖြစ်သည်။...တစ်စုံတစ်ဦးကို ခေါင်းဆောင်တစ်ဦးအဖြစ် အားပေးပြီး ပျိုးထောင်သည့်အခါ သူသည် မတူညီသော လူတို့၏ အခြေအနေများကို မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သင်ယူနိုင်ပြီး မတူညီသော လူတို့၏ အခက်အခဲများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေရာတွင် လေ့ကျင့်နိုင်ကာ မတူညီသော လူစားမျိုးတို့ကို ထောက်ပံ့ပေးပြီး ကူညီပေးနိုင်သည့်အပြင် လူတို့ကို သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဦးဆောင်နိုင်ကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် အလုပ်အတွင်း ကြုံတွေ့ရသည့် အမျိုးမျိုးသော ပြဿနာများနှင့် အခက်အခဲများကို ဖြေရှင်းရာတွင်လည်း လေ့ကျင့်ရမည်ဖြစ်ပြီး အမျိုးမျိုးသော အန္တိခရစ်များ၊ ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများကို မည်သို့ ပိုင်းခြားသိမြင်ပြီး ကိုင်တွယ်ရမည်ကိုလည်းကောင်း၊ အသင်းတော်ကို သန့်စင်ခြင်းအလုပ်ကို မည်သို့လုပ်ဆောင်ရမည်ကိုလည်းကောင်း သင်ယူရမည်ဖြစ်သည်။ ဤနည်းအားဖြင့် အခြားသူများနှင့် နှိုင်းယှဉ်လျှင် ၎င်းတို့သည် ပို၍များသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကိုလည်းကောင်း၊ ဘုရားသခင် စီစဉ်ဖွဲ့စည်းပေးသည့် ပို၍များသော ပတ်ဝန်းကျင်များကိုလည်းကောင်း တွေ့ကြုံခံစားနိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ပို၍ စားသောက်နိုင်ကာ သမ္မာတရား လက်တွေ့ကျမှုများထဲသို့ ပို၍ပင် ဝင်ရောက်နိုင်ကြသည်။ ဤသည်မှာ မိမိတို့ကိုယ်ကို လေ့ကျင့်ရန် အခွင့်အရေးတစ်ခု မဟုတ်လော။ လေ့ကျင့်ရန် အခွင့်အရေးများ ပိုများလေလေ၊ လူတို့၏ အတွေ့အကြုံများ ပို၍ ကြွယ်ဝလေလေ၊ ၎င်းတို့၏ ထိုးထွင်းသိမြင်မှုများ ပို၍ ကျယ်ပြန့်လေလေဖြစ်ပြီး ၎င်းတို့ ပို၍ လျင်မြန်စွာ ကြီးထွားလာလေလေ ဖြစ်သည်။...လူတို့အတွက် သမ္မာတရား လက်တွေ့ကျမှုထဲသို့ လျင်မြန်စွာ ဝင်ရောက်ခြင်းက ကောင်းကျိုးဖြစ်သလော၊ သို့မဟုတ် နှေးကွေးစွာ ဝင်ရောက်ခြင်းက ကောင်းကျိုးဖြစ်သလော။ (လျင်မြန်စွာ ဝင်ရောက်ခြင်းက ကောင်းကျိုးဖြစ်ပါသည်။) ထို့ကြောင့် အစွမ်းအစတစ်ခုကို ပိုင်ဆိုင်သော၊ ဝန်ထုပ်ဝန်ပိုးတစ်ခုကို ထမ်းဆောင်ပြီး အလုပ်လုပ်နိုင်သော လူများနှင့်ပတ်သက်လာလျှင် ဘုရားအိမ်တော်သည် ထိုသို့သောလူများကို အထူးအားပေးသည်၊ သို့ရာတွင် ၎င်းတို့သည် သမ္မာတရားကို မလိုက်စားသောသူများဖြစ်ပြီး သမ္မာတရားဆီသို့ ကြိုးစားအားထုတ်ခြင်း မရှိပါက ဘုရားအိမ်တော်က ၎င်းတို့ကို အတင်းအကျပ် ပြုမည်မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၅)) ဘုရားနှုတ်ကပတ်တော်တွေကို ချင့်ချိန်စဉ်းစားကြည့်တော့၊ လူတွေကို ရာထူးတိုးပေးတာနဲ့ ပျိုးထောင်တာအတွက် သတ်မှတ်ချက်တွေ၊ စည်းမျဉ်းတွေနဲ့ အရေးပါမှုတွေကို ဘုရားသခင်က ရှင်းရှင်းလင်းလင်း မိတ်သဟာယ ပြုထားတာ တွေ့ရတယ်။ လူတစ်ယောက်ကို ရာထူးတိုးပေးတာနဲ့ ပျိုးထောင်တဲ့အခါ၊ သမ္မာတရားကို နားလည်သဘောပေါက်ဖို့ သူတို့မှာ စွမ်းရည်နဲ့ အစွမ်းအစ ရှိမရှိဆိုတာနဲ့ သူတို့တာဝန်တွေမှာ ဝန်တာစိတ်ရှိမရှိဆိုတာတွေကို ဘုရားအိမ်တော်က ဦးစားပေးတယ်။ ဒီစံသတ်မှတ်ချက်နှစ်ခုကို သူတို့ ပြည့်မီရင်၊ သူတို့မှာ အလုပ်လုပ်နိုင်စွမ်း ချို့တဲ့ရင်တောင်မှ၊ လေ့ကျင့်မှုကတစ်ဆင့် တိုးတက်လာနိုင်ပါတယ်။ ဘုရားအိမ်တော်က လူတွေကို ပျိုးထောင်ပေးရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ တစ်ဦးချင်းစီအတွက် လေ့ကျင့်ဖို့ အခွင့်အလမ်းတွေ ပိုပေးဖို့ပါ၊ အဲဒါမှ သူတို့က သမ္မာတရား စည်းမျဉ်းအမျိုးမျိုးကို နားလည်သဘောပေါက်ရာမှာ၊ ပြီးတော့ သူတို့ကိုယ်ပိုင် အသက်ဝင်ရောက်မှုမှာ ပိုပြီး မြန်မြန်ဆန်ဆန် တိုးတက်လာနိုင်မှာပါ။ လူတစ်ယောက်က ပျိုးထောင်ခြင်းအတွက် စံသတ်မှတ်ချက်တွေကို ပြည့်မီတယ်ဆိုရင်၊ ဘုရားအိမ်တော်က သူတို့ကို လေ့ကျင့်ဖို့ အခွင့်အလမ်းတွေ ပေးပြီးတော့ ဝန်ထုပ်တွေ ပိုပေးလိမ့်မယ်။ ဒါပေမဲ့ လူတစ်ယောက်က ပျိုးထောင်ခံရဖို့ သင့်တော်ခြင်း ရှိမရှိ အကဲဖြတ်တဲ့အခါ၊ ကျွန်မက သမ္မာတရားကို နားလည်သဘောပေါက်နိုင်တဲ့ သူတို့ရဲ့ စွမ်းရည်နဲ့ အစွမ်းအစ ဒ့ါမှမဟုတ် သူတို့တာဝန်တွေအတွက် စစ်မှန်တဲ့ ဝန်တာထားစိတ် ရှိမရှိ ဆိုတာကို အာရုံမစိုက်ခဲ့ဘူး။ အဲဒါအစား ခေါင်းဆောင်လုပ်တာ ဘယ်လောက်ကြာပြီလဲ၊ အတွေ့အကြုံရှိလား ဆိုတာလောက်ကိုပဲ ကျွန်မ အာရုံစိုက်ခဲ့တယ်။ ကိုယ့်အယူအဆတွေ၊ စိတ်ကူးတွေအတိုင်းပဲ ကိစ္စတွေကို ရှုမြင်ခဲ့တယ်၊ ဒါက သမ္မာတရားနဲ့ မကိုက်ညီပါဘူး။ ဒီစည်းမျဉ်းတွေကို နားလည်သွားပြီးနောက်၊ အဲဒါတွေကို ရှင်းရန်အတွက် ကျွန်မ သုံးခဲ့ပြီး သူက ပျိုးထောင်ခြင်းအတွက် စံသတ်မှတ်ချက်တွေကို ပြည့်မီမှန်း ကျွန်မ တွေ့လိုက်ရတယ်။ သူ့တာဝန်တွေမှာ ဝန်တာထားစိတ် ရှိတယ်၊ အလုပ်ကို မြှင့်တင်ရာမှာ ကိုယ်တိုင် ဦးဆောင်ဦးရွက်ပြုတယ်။ ပြဿနာတွေကို တွေ့ပြီဆိုရင်၊ ထုတ်ပြောပြီး ကျွန်မတို့နဲ့အတူ စိစစ်တယ်။ ဒါ့အပြင် သူက အသက် ဝင်ရောက်မှုကို အာရုံစိုက်တယ်။ ကျွန်မတို့ တာဝန်တွေထဲက အလုပ်တွေနဲ့ပဲ အလုပ်ရှုပ်နေတဲ့အချိန်မှာ၊ ကြုံတွေ့ရတဲ့ ကိစ္စတွေကနေ သင်ခန်းစာယူဖို့ အာရုံစိုက်ရမယ်လို့ သူက ကျွန်မတို့ကို သတိပေးတယ်။ ရှင်းရန်မှာ အလုပ်လုပ်နိုင်စွမ်း အနည်းငယ် လိုအပ်ချက် ရှိနိုင်ပေမဲ့၊ သူလုပ်တဲ့ ကိစ္စတွေမှာ သမ္မာတရား စည်းမျဉ်းတွေကို ရှာဖွေဖို့ အာရုံစိုက်တယ်၊ ပြီးတော့ တစ်ခါတလေ အလုပ်နဲ့ပတ်သက်တဲ့ ပြဿနာတချို့ကို သူ ဖော်ထုတ်နိုင်တယ်။ အလုပ်လုပ်နိုင်စွမ်း လိုအပ်ချက် ရှိတာကလည်း လေ့ကျင့်တဲ့အချိန် တိုတောင်းလို့ပါ၊ ဒါပေမဲ့ ခရိုင်ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ဖို့ ဒီအခွင့်အရေးက သူ့ကို ပိုပြီး မြန်မြန်ဆန်ဆန် တိုးတက်လာအောင် ကူညီပေးမှာပဲ။ တစ်ဖက်မှာကျတော့၊ တာဝန်တွေအတွက် ဝန်တာထားစိတ်၊ လူ့သဘာဝနဲ့ အသက် ဝင်ရောက်မှုအပိုင်းမှာ ကျွန်မက ရှင်းရန်လောက် မကောင်းပါဘူး၊ ဒါဆို သူ့ဦးဆောင်မှုကို လက်မခံဘဲနေဖို့ ကျွန်မမှာ ဘာအကြောင်းပြချက် ရှိလို့လဲ။ သူ့ရဲ့ လိုအပ်ချက်တွေအပေါ် ကျွန်မ မှန်ကန်တဲ့ သဘောထား ထားရှိဖို့ လိုပါတယ်၊ ပြီးတော့ တစ်ယောက်ရဲ့ အားသာချက်တွေကို ရယူပြီး အားနည်းချက်တွေကို ဖြည့်ဆည်းဖို့၊ တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်ဖို့ အတူတကွ လုပ်ဆောင်သင့်ပါတယ်။ အဲဒါက ကျွန်မ ထားရှိသင့်တဲ့ သဘောထားနဲ့ လက်တွေ့လုပ်ဆောင်မှုပါပဲ။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၀ ရက်၊ အင်္ဂါနေ့
ဒီနေ့ ရှင်းရန်နဲ့ အလုပ်အကြောင်း ဆွေးနွေးနေတုန်း၊ လူတွေကို ပျိုးထောင်တဲ့အခါ ကျွန်မက ပြင်ပအပြုအမူကိုပဲ အာရုံစိုက်တတ်တယ်၊ သမ္မာတရား စည်းမျဉ်းတွေကို မရှာဖွေဘူးလို့ သူ ထောက်ပြတယ်။ ကျွန်မနဲ့ မိတ်သဟာယပြုဖို့ ဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကိုလည်း သူ ကိုးကားခဲ့တယ်။ သူ့ရဲ့ မိတ်သဟာယပြုတာကို နားထောင်ပြီးတော့၊ ကိုယ့်ပြဿနာတွေကို ကျွန်မ ပိုပြီး ရှင်းရှင်းလင်းလင်း နားလည်လာရတယ်။ တာဝန်တွေမှာ ညီအစ်ကိုမောင်နှမတွေနဲ့ အတူတူ အလုပ်လုပ်တာဟာ တစ်ယောက်ရဲ့ အားသာချက်တွေကို ရယူပြီး အားနည်းချက်တွေကို ဖြည့်ဆည်းတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်မှန်းလည်း ကျွန်မ တကယ် ခံစားမိတယ်။ ဘုရားသခင် ပြောတဲ့အတိုင်းပါပဲ။ “ညီအစ်ကိုမောင်နှမများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် တစ်ယောက်သောသူ၏ အားနည်းချက်အား အခြားသောသူ၏ အားသာချက်ဖြင့် ထေမိစေခြင်းကိုဆိုလိုသည်။ အခြားသူများ၏ အားနည်းချက်များအတွက် သင်၏အားသာချက်များကိုအသုံးပြု၍ ဖာထေးပေးခြင်းနှင့် အခြားသူများသည်လည်း သင်၏ ချို့တဲ့မှုများကို ဖာထေးပေးဖို့ရန် သူတို့၏အားသာချက်များအသုံးပြုခြင်းဖြစ်သည်။ ဤသည်မှာ အခြားသူများ၏ အားသာချက်များဖြင့် တစ်ယောက်သောသူ၏ အားနည်းချက်များကို အားဖြည့်ခြင်းနှင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ လူတို့က သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်မှသာလျှင် ၎င်းတို့သည် ဘုရားသခင်ရှေ့၌ ကောင်းချီးခံစားရရှိပြီး အမှုအရာများကို ပို၍ တွေ့ကြုံခံစားလေ၊ ၎င်းတို့သည် လက်တွေ့အရှိတရားကို ပို၍ ပိုင်ဆိုင်လာလေ ဖြစ်ပြီး ၎င်းတို့၏ လမ်းကြောင်းသည် ၎င်းတို့ ပိုလျှောက်လေ၊ ယင်းက သာ၍ တောက်ပလေဖြစ်ပြီး ၎င်းတို့သည်လည်း ပို၍စိတ်တည်ငြိမ်လာမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းနှင့်ပတ်သက်၍) နောက်ပိုင်းမှာ ရှင်းရန်က လမ်းညွှန်မှုပေးတဲ့အခါ၊ ကျွန်မ အဲဒါကို မှန်မှန်ကန်ကန် သဘောထားပြီး လိုလိုလားလား လက်ခံနိုင်ခဲ့တယ်။ အလုပ်မှာ ကိုယ် သဘောမပေါက်နိုင်တဲ့ ကိစ္စတစ်ခုခု ကြုံရရင်၊ ရှင်းရန်နဲ့ ဆွေးနွေးတိုင်ပင်တယ်။ ဘုရားနှုတ်ကပတ်တော်တွေကြောင့် ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို နားလည်မှုတချို့ ရရှိလာခဲ့တယ်၊ ကျွန်မရဲ့ မှားယွင်းတဲ့ အမြင်တွေကို ပြုပြင်နိုင်ခဲ့ပြီး သူများတွေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်ရမလဲ ဆိုတာကို သင်ယူနိုင်ခဲ့တယ်။ ဒီအကျိုးကျေးဇူးတွေနဲ့ သဘောပေါက်နားလည်မှုတွေဟာ ဘုရားနှုတ်ကပတ်တော်ရဲ့ လမ်းညွှန်မှုကြောင့် ရရှိလာတဲ့ ရလဒ်တွေပါပဲ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်ရှင်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
ဘားနဒ် ဖိလစ်ပိုင်နိုင်ငံ ၂၀၀၆ ခုနှစ်မှာ ကျွန်တော်က အထက်တန်းကျောင်းသားပဲ ရှိသေးတယ်။ ကျွန်တော်တို့ သမ္မာကျမ်းစာ သင်ရမယ့်အချိန်ဆို၊ အဖွင့်စကား...
ဖန်းကျန့်၊ တရုတ်ပြည်၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှာ ကြီးကြပ်ရေးမှူးက ကျွန်တော့်ကို ပြောတယ်။ ညီအစ်ကို ဝမ်ကျင့်နဲ့ ကျွန်တော် စာနဲ့ပတ်သက်တဲ့ တာဝန်ကို...
ဖန်းချီ တောင်ကိုးရီးယားနိုင်ငံကျွန်မ ဘုရားသခင်ကို ယုံကြည်ခြင်းမရှိမီက၊ တရုတ်ကွန်မြူနစ်ပါတီ၏ ပညာပေးခြင်းကို ခံခဲ့ရပြီး မိမိအတွက်...
ရန်ရှင်း တရုတ်နိုင်ငံ ၂၀၁၄ မှာ ကျွန်မက အသင်းတော်မှာ ဗီဒီယိုထုတ်လုပ်ရေးမှာ လုပ်နေတာပါ။ သိပ်မကြာဘူး။ ကျွန်မက အဖွဲ့ခေါင်းဆောင်အဖြစ်...