တခြားသူတွေနဲ့ သဟဇာတဖြစ်အောင် ပူးပေါင်းလုပ်ဖို့ ကျွန်တော် သင်ယူခဲ့ရ

18.03.2026

ဖန်းကျန့်၊ တရုတ်ပြည်

၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှာ ကြီးကြပ်ရေးမှူးက ကျွန်တော့်ကို ပြောတယ်။ ညီအစ်ကို ဝမ်ကျင့်နဲ့ ကျွန်တော် စာနဲ့ပတ်သက်တဲ့ တာဝန်ကို ပူးပေါင်းလုပ်ဖို့နဲ့ သင့်တော်တဲ့ ဧည့်ခံမယ့်အိမ် ရှာတွေ့တာနဲ့ ကျွန်တော်တို့ အဲဒီကို သွားဖို့ စီစဉ်မယ် ဆိုတာကိုပေါ့။ ဒါကို ကြားကြားချင်းပဲ ကျွန်တော် ချက်ချင်း အတိုက်အခံဖြစ်သွားပြီး ဝမ်ကျင့်နဲ့ ကျွန်တော်ကြားက စိတ်မချမ်းမြေ့စရာ သမိုင်းတွေက စိတ်ထဲ အကုန်ပြည့်သွားခဲ့တယ်။

အရင်တုန်းက စာနဲ့ပတ်သက်တဲ့တာဝန်ကို ကျွန်တော် ထမ်းဆောင်နေခဲ့တုန်းက၊ အစပိုင်းတုန်းက အဖွဲ့မှာ ကျွန်တော်က ဦးဆောင်ခဲ့တာလေ။ ကျွန်တော်ရေးတဲ့ ဆက်သွယ်ရေးစာတွေမှာ ကျွန်တော်နဲ့ ပူးပေါင်းလုပ်တဲ့ ညီအစ်ကိုမောင်နှမတွေက ဝင်ကန့်ကွက်တာ၊ ပြဿနာတွေ ထောက်ပြတာ ရှားတယ်။ ကြီးကြပ်ရေးမှူးကလည်း အမှုအရာတွေကို ကျွန်တော်နဲ့ပဲ အမြဲ တိုင်ပင်တာ။ ဒါပေမဲ့ ဝမ်ကျင့် အဖွဲ့ထဲရောက်လာပြီးတဲ့နောက်မှာ ကျွန်တော်ရေးတဲ့ စာတွေနဲ့ပတ်သက်ပြီး မတူတဲ့ အမြင်တွေ သူ့မှာရှိတတ်သလို၊ ပြဿနာတွေကိုလည်း ထောက်ပြတတ်တယ်။ သူမှန်နေရင်တောင် ကျွန်တော်က လက်မခံချင်ခဲ့ဘူး။ ကျွန်တော်က အဖွဲ့ထဲရောက်နေတာ ကြာလှပြီ၊ ဘယ်သူမှ ကျွန်တော့်ရဲ့ အားနည်းချက်တွေကို ဒီလောက် ပွင့်ပွင့်လင်းလင်း ထောက်ပြခဲ့ဖူးတာ မရှိဘူး။ သူ့ရဲ့ မှတ်ချက်တွေက သူ့လောက် ကျွန်တော် မတော်ဘူးဆိုတဲ့ ပုံစံမျိုးပေါက်ခဲ့တာကိုး။ သူက ကျွန်တော့်ဆောင်းပါးတွေထဲက ပြဿနာတွေကို ကြီးကြပ်ရေးမှူးရှေ့မှာပဲ နှစ်ခါတောင် ထောက်ပြခဲ့တယ်၊ ကျွန်တော် အဲဒါကို လက်ခံဖို့ တော်တော်ကြီး ခက်ခဲခဲ့တာပေါ့။ ကျွန်တော် ကိုယ့်ဘာသာကိုယ် တွေးမိတယ်။ “စာနဲ့ပတ်သက်တဲ့တာဝန်ကို ဒီလောက် ကြာကြာ လုပ်ပြီးတာတောင်မှ၊ အခုမှ လေ့ကျင့်ကာစလူလောက် စည်းမျဉ်းတွေကို ငါ နားမလည်သေးဘူးလို့ ကြီးကြပ်ရေးမှူး ထင်သွားမလား။ ငါ ဘယ်လို မျက်နှာပြရမလဲ” လို့ပေါ့။ ဒီလိုတွေးမိတဲ့အခါ ဝမ်ကျင့်က လူကြားထဲမှာ ကျွန်တော် အရှက်ကွဲအောင် ရည်ရွယ်ချက်ရှိရှိ အပြစ်ရှာနေတာလို့ ခံစားရပြီး သူ့အပေါ် အမြင်မစောင်းဘဲ မနေနိုင်ခဲ့ဘူး။ အထူးသဖြင့် ကြီးကြပ်ရေးမှူးရှေ့မှာ ရှင်းရှင်းလင်းလင်းနဲ့ အကျိုးသင့်အကြောင်းသင့် သူ မိတ်သဟာယပြုနေတာကို မြင်ရတဲ့အခါ ကျွန်တော် ဘေးကျပ်နံကျပ်ဖြစ်တဲ့စိတ် ဝင်ခဲ့ရတယ်။ သူက ကျွန်တော့်ရဲ့ အရှိန်အဝါကို လုယူပြီး ကြီးကြပ်ရေးမှူးရဲ့ စိတ်နှလုံးထဲက ကျွန်တော့်နေရာကို ဆုံးရှုံးအောင်လုပ်ခဲ့တယ်လို့ ကျွန်တော် ခံစားခဲ့ရတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ ကွန်ပျူတာအတတ်ပညာ ကျွမ်းကျင်မှုတွေကို အတူတူ သင်ယူနေတုန်း ဝမ်ကျင့်က ပြဿနာတစ်ခု ကြုံပြီး ကျွန်တော့်ကို အကူအညီတောင်းတယ်။ ကျွန်တော် ကိုယ့်ဘာသာကိုယ် တွေးမိတယ်။ “ခင်ဗျားက အရမ်းတော်တယ် မဟုတ်လား။ ခင်ဗျားက ကျုပ်ကို ဒါမတော်ဘူး၊ ဟိုဟာမလုပ်နိုင်ဘူးလို့ အမြဲပြောနေတာ မဟုတ်ဘူးလား။ ကျုပ်က အရာရာတိုင်းမှာ ခင်ဗျားထက် ညံ့နေမှတော့ ဘာဖြစ်လို့ ကျုပ်ကို လာမေးနေသေးတာလဲ” လို့ပေါ့။ ကျွန်တော် သူ့ကို တကယ် မသင်ပေးချင်ခဲ့ဘူး၊ ပြီးတော့ စိတ်မရှည်တဲ့လေသံနဲ့ ကျွန်တော် သူ့ကို ပြောလိုက်တယ်။ ခဏကြာတော့ ဝမ်ကျင့်က ကျွန်တော့်ကို ပြောတယ်။ “ညီအစ်ကို၊ ခင်ဗျားနဲ့ ဆက်ဆံတဲ့ ဒီကာလတစ်လျှောက်မှာ၊ ခင်ဗျားမှာ မာနထောင်လွှားတဲ့ စိတ်သဘောထားရှိပြီး သမ္မာတရားကို လက်မခံရုံတင်မကဘဲ အဆင့်အတန်းအတွက် ပြင်းထန်တဲ့ လိုအင်ဆန္ဒ ရှိတာကိုလည်း ကျွန်တော် တွေ့ခဲ့ရတယ်။ ဒီအတိုင်းသာ ဆက်သွားရင် ခင်ဗျား အန္တိခရစ် ဖြစ်သွားမှာကို ကျွန်တော် စိုးရိမ်တယ်” တဲ့။ အဲဒီလိုပြောတာကို ကြားတော့ ပါးရိုက်ခံလိုက်ရသလိုပဲ ကျွန်တော့်မျက်နှာက ရှက်စိတ်နဲ့ ပူထူသွားတယ်။ ကျွန်တော် စိတ်မသက်မသာဖြစ်သွားတယ်။ “ငါ့ကို မာနကြီးတယ်လို့ ပြောတာက ထားပါတော့၊ ငါ့ကို အန္တိခရစ်ဖြစ်လာမယ်လို့ သူ ဘယ်လိုပြောနိုင်ရတာလဲ။ ငါ့ကို ဒီတိုင်း တံဆိပ်ကပ်လိုက်တာ မဟုတ်လား။ အန္တိခရစ်ဆိုတာ ဘယ်လိုလူစားမျိုးလဲ။ ဘုရားသခင် မုန်းတီးပြီး ဖယ်ရှားရှင်းလင်းမယ့်သူတွေ၊ ညီအစ်ကိုမောင်နှမတွေက ပစ်ပယ်မယ့်သူတွေလေ။ ညီအစ်ကိုမောင်နှမတွေသာ ဒါကို သိသွားရင် ငါ့ကို ဘယ်လိုထင်ကြမလဲ” လို့ပေါ့။ အဲဒီအကြောင်းတွေကို ပြန်တွေးမိတိုင်း ဝမ်ကျင့်ကို ကျွန်တော် ပြင်းပြင်းထန်ထန် မနှစ်မြို့စိတ် ဝင်ပြီး သူနဲ့ ဘယ်တော့မှ ပူးပေါင်းပြီး တာဝန်မထမ်းဆောင်ချင်တော့ဘူး။

အသင်းတော်က ကျွန်တော်တို့ကို ပူးပေါင်းလုပ်ဖို့ ထပ်စီစဉ်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ စိတ်မကူးခဲ့ဖူးဘူး။ ကျွန်တော် ကိုယ့်ဘာသာကိုယ် တွေးမိတယ်။ “မဖြစ်ဘူး။ ကြီးကြပ်ရေးမှူး နားချဖို့ နည်းလမ်းရှာရမယ်။ ဘာပဲဖြစ်ဖြစ် သူ့ကို အဖွဲ့ထဲ ဝင်ခွင့်ပေးလို့ မဖြစ်ဘူး” လို့ပေါ့။ ဒါပေမဲ့ အမှန်တိုင်းပြောလိုက်ရင်၊ ကျွန်တော့်ကို အပြစ်ရှာပြီး လူရှုပ်လုပ်တဲ့သူ၊ ကိုယ့်ကိုယ်ကိုယ် လုံးဝ မသိတဲ့သူလို့ ကြီးကြပ်ရေးမှူး ထင်သွားမှာကို ကျွန်တော် စိုးရိမ်နေခဲ့တယ်။ ဒါကြောင့် ဝေ့လည်ကြောင်ပတ်နဲ့ ကျွန်တော် ပြောလိုက်တယ်။ “ဝမ်ကျင့်က စာနဲ့ပတ်သက်တဲ့တာဝန်ကို အရင်က ထမ်းဆောင်ဖူးပေမဲ့ ဒေသနာတွေကို တည်းဖြတ်တာတော့ မလုပ်ဖူးဘူး။ ဒါ့အပြင် သူ့ရဲ့ ပန်းနာရင်ကျပ်ရောဂါနဲ့ လည်ပင်းကျီးပေါင်းရောဂါက တော်တော်လေး ဆိုးတယ်၊ ပြီးတော့ သူက အသက်လည်း ကြီးလာပြီ။ ဒီတာဝန်အတွက် သူ သိပ်မသင့်တော်ဘူး” လို့ပေါ့။ ဒါပေမဲ့ ကြီးကြပ်ရေးမှူးက ပြန်ပြောတယ်။ “ဝမ်ကျင့် အရင်က စာနဲ့ပတ်သက်တဲ့တာဝန်ကို လုပ်တုန်းက သူ့ရဲ့ အလုပ်ကျွမ်းကျင်မှုက အဖွဲ့သားတွေထဲမှာ အကောင်းဆုံးပဲ၊ ပြီးတော့ စည်းမျဉ်းတွေကိုလည်း သူ နည်းနည်း နားလည်ထားတယ်။ ခင်ဗျားတို့နှစ်ယောက် လောလောဆယ် ပူးပေါင်းလုပ်လို့ ရပါတယ်” တဲ့။ အဲဒါကို ကြားတော့ ကျွန်တော် နည်းနည်း စိတ်ပျက်သွားတယ်။ ကျွန်တော့်ပြဿနာတွေကို အမြဲ ထောက်ပြနေတဲ့လူနဲ့ နေ့တိုင်း ရင်ဆိုင်ရတော့မယ့် အတွေးကြောင့် ကျွန်တော့်ရင်ထဲမှာ မွန်းကျပ်သွားတယ်။ ဘယ်လိုခံစားချက်ဖြစ်သွားမှန်းတောင် မပြောပြတတ်ဘူး။ နှစ်ရက်သုံးရက်နေတော့ ခေါင်းဆောင်က စုဝေးပွဲတစ်ခုအတွက် ရောက်လာတယ်။ နောက်တစ်ခါ သူ့ရှေ့မှာ ဝမ်ကျင့်အတွက် စိုးရိမ်ချင်ယောင်ဆောင်ပြီး၊ သူ အသက်ကြီးလာပြီ၊ ကျန်းမာရေးမကောင်းဘူး၊ စာနဲ့ပတ်သက်တဲ့တာဝန် လုပ်ရတဲ့ ဖိအားကို သူ မခံနိုင်မှာစိုးတယ်လို့ ကျွန်တော် ပြောခဲ့တာပေါ့။ ဒါကို ပြောပြီးနောက်မှာ ကျွန်တော် စိတ်နှလုံးထဲမှာ တကယ်ရှိတာကို ပြောနေတာမဟုတ်မှန်း သိလို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့စိတ် နည်းနည်းဖြစ်မိတယ်။ ဒါပေမဲ့ ကျွန်တော့်စကားတွေက ဝမ်ကျင်းကို အဖွဲ့ထဲကို ဝင်ခွင့်မပြုဖို့ ခေါင်းဆောင်ကို နားချနိုင်လောက်တယ်လို့ တွေးမိတဲ့အခါ အဲဒီဘဝင်မကျမှုလေးက ပျောက်သွားတာပေါ့။ အံ့သြစရာကောင်းတာက ခေါင်းဆောင်ရဲ့ အမြင်က ကြီးကြပ်ရေးမှူးနဲ့ တစ်ထပ်တည်း ဖြစ်နေတာပဲ။ ကျွန်တော် တော်တော် စိတ်ညစ်သွားတယ်။ အိမ်ပြန်ရောက်တော့ ကျွန်တော့်မိန်းမကို ဝမ်ကျင့်အကြောင်း ဝေဖန်ကဲ့ရဲ့တဲ့စကားတချို့ ပြောမိတယ်။ သူ နားထောင်ပြီးတော့ ကျွန်တော့်ကို သတိပေးတယ်။ “ကျွန်မတို့ ဘယ်သူနဲ့ပဲ ပူးပေါင်းလုပ်လုပ်၊ သင်ယူစရာ သင်ခန်းစာတစ်ခု အမြဲရှိတယ်။ ရှင်က တခြားသူတွေအပေါ်မှာပဲ အမြဲအာရုံစိုက်နေတယ်၊ ဒါက သမ္မာတရားကို လိုက်စားခြင်းရဲ့ သရုပ်သကန်တစ်ခု မဟုတ်ဘူး” တဲ့။ သူပြောတာ မှန်မှန်း ကျွန်တော် သိပေမဲ့ ဝမ်ကျင့်နဲ့ မပူးပေါင်းချင်သေးသလို၊ ကိုယ့်ကိုယ်ကိုယ်လည်း ကောင်းကောင်း ဆင်ခြင်သုံးသပ်တာမျိုး မလုပ်ခဲ့ဘူး။ သင့်တော်တဲ့ ဧည့်ခံမယ့်မိသားစုကို ခေါင်းဆောင် ရှာမတွေ့ပါစေနဲ့လို့ ကျွန်တော် မျှော်လင့်နေခဲ့တုန်းပဲ၊ ဒါမှ ကျွန်တော် သူနဲ့ ပူးပေါင်းလုပ်စရာ မလိုမှာလေ။

တစ်ည ၁၁ နာရီကျော်မှာ ကျွန်တော် ရုတ်တရက် ၄၂ ဒီဂရီ စင်တီဂရိတ် အဖျားကြီး တက်လာခဲ့တယ်။ သာခွေယိုင်လို ခံစားခဲ့ရတယ်၊ အိပ်ရာထဲမှာ အားနည်းပြီး မူးဝေနေလို့ လဲလျောင်းနေခဲ့တယ်။ စောင်အောက်မှာ ကွေးပြီး တုန်နေတာပေါ့။ အဖျားကျအောင်လို့ ကျွန်တော့်မိန်းမက အရက်ပြန်နဲ့ ကျွန်တော့်ကိုယ်ကို အမြန် ပွတ်တိုက်ပေးတယ်။ ပွတ်ပေးရင်းနဲ့ သူပြောတယ်။ “ရှင် ရုတ်တရက်ကြီး ဒီလောက် အဖျားကြီးတာ၊ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဆင်ခြင်သုံးသပ်သင့်တယ်လို့ မထင်ဘူးလား။ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ ရှင် ဝမ်ကျင့်ကိုပဲ အပြစ်ရှာနေခဲ့တာ၊ ရှင့်မှာကော သင်ယူစရာ သင်ခန်းစာတွေ မရှိဘူးလား။ ဒီလို ပြင်းထန်တဲ့ ရောဂါဖြစ်တာက ဘုရားသခင်ရဲ့ ဆုံးမပဲ့ပြင်မှု ဖြစ်နိုင်မလား” တဲ့။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် တကယ် ပြန်ပြီး ဆင်ခြင်သုံးသပ်ဖို့ လိုမှန်း သဘောပေါက်လိုက်တယ်။ ကျွန်တော့်ပြဿနာတွေကို နားလည်ဖို့ လမ်းပြပေးပါလို့ ဘုရားသခင်ဆီ တောင်းလျှောက်ပြီး တိတ်တဆိတ် ဆုတောင်းခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပြီး ကျွန်တော့်အခြေအနေနဲ့ပတ်သက်လို့ သိနားလည်မှုတချို့ ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ပြဿနာတစ်ခုကို ထိပ်တိုက်ရင်ဆိုင်ရသောအခါ လူအချို့သည် အခြားသူများထံမှ အဖြေကို အမှန်တကယ် ရှာဖွေသော်လည်း အခြားလူတစ်ဦးသည် သမ္မာတရားနှင့်အညီ စကားပြောဆိုသည့်အခါ ၎င်းတို့သည် လက်မခံကြချေ၊ ၎င်းတို့ မနာခံနိုင်ကြသကဲ့သို့ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ‘သူ့ထက် ငါ ပုံမှန်အားဖြင့် ပိုတော်ပါတယ်။ သူ့ရဲ့ အကြံပြုချက်ကို ငါနားထောင်ရင်၊ ဒီတစ်ခါ သူက ငါ့ထက် ပိုသာသလို ထင်ရလိမ့်မယ် မဟုတ်လား။ မဖြစ်ဘူး၊ ဒီကိစ္စနဲ့ပတ်သက်လို့ သူပြောတာကို ငါ နားမထောင်နိုင်ဘူး။ ငါ ကြိုက်သလို ငါလုပ်မယ်’ ဟု တွေးကြသည်။ ထို့နောက် အခြားလူ၏ အမြင်ရှုထောင့်ကို ငြင်းပယ်ရန် အကြောင်းပြချက်နှင့် ဆင်ခြေတစ်ခုကို သူတို့ ရှာကြသည်။ ၎င်းတို့ထက် သာလွန်သော လူတစ်ဦးကို ၎င်းတို့တွေ့မြင်သည့်အခါ လူတို့၏ စိတ်နှလုံးထဲရှိ မိမိတို့၏ နေရာကို ကာကွယ်ရန်အလို့ငှာ ထိုသူကို ပြိုလဲစေရန် ကြိုးစားကြ၏၊ ထိုသူအကြောင်း အခြေအမြစ်မရှိသော ကောလာဟလများ လုပ်ကြံဖန်တီးကြသည်၊ သို့မဟုတ် ထိုသူကို အပုပ်ချပြီး ထိုသူ၏ ဂုဏ်သတင်းကို လျော့ပါးစေရန် စက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းများကို အသုံးချကြသည်၊ ထိုသူကို မိမိတို့၏ ခြေဖဝါးအောက်တွင်ပင် နင်းချေကြလေသည်။ ဤသည်မှာ မည်သို့သော စိတ်သဘောထားအမျိုးအစားဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်း သက်သက်မဟုတ်ပေ။ စာတန်၏ စိတ်သဘောထားဖြစ်သည်။ ဤသည်မှာ မလိုမုန်းထားသော စိတ်သဘောထားဖြစ်သည်။ ဤပုဂ္ဂိုလ်သည် မိမိတို့ထက် ပိုတော်ပြီး သာလွန်သောသူများကို တိုက်ခိုက်ခြင်းနှင့် ဖယ်ကြဉ်ခြင်းမှာ ဆိုးညစ်၍ ကောက်ကျစ်ဆိုးယုတ်၏။ ထို့ပြင် ၎င်းတို့သည် လူများကို ဖြိုချရန် မည်သည့်အရာကိုမဆို လုပ်ဆောင်ခြင်းက ၎င်းတို့အတွင်း၌ မသေးလှသော မကောင်းဆိုးဝါးသဘာဝ ရှိကြောင်းကို ပြသနေ၏။ စာတန်၏ စိတ်သဘောထားဖြင့် အသက်ရှင်လျက် ၎င်းတို့သည် လူများကို မထီမဲ့မြင်ပြုကြသည်၊ ထောင်ချောက်ဆင်ရန် ကြိုးပမ်းကြသည်၊ ညှဉ်းပန်းကြ၏။ ဤသည်မှာ မကောင်းမှုပြုခြင်း မဟုတ်လော။ ဤသို့ အသက်ရှင်နေထိုင်ကြသော်လည်း ၎င်းတို့သည် မိမိတို့ကိုယ်ကို အကောင်းပကတိဖြစ်သည်ဟုလည်းကောင်း၊ လူကောင်းတစ်ဦးဖြစ်သည်ဟုလည်းကောင်း ထင်မှတ်နေကြဆဲ ဖြစ်၏။ သို့သော် ၎င်းတို့ထက် သာလွန်သော တစ်စုံတစ်ဦးကို မြင်သောအခါ ထိုသူကို ညှဉ်းပန်းပြီး အလုံးစုံ နင်းခြေကြ၏။ ဤ၌ ပြဿနာကား အဘယ်နည်း။ ဤသို့သော ဒုစရိုက်အမှုများကို ကျူးလွန်ကြသော၎င်းတို့သည် ဗြောင်ကျကျ ထင်ရာမြင်ရာပြုသောသူများ မဟုတ်လော။ ဤသို့သောလူတို့သည် မိမိတို့၏ အကျိုးစီးပွားများနှင့် မိမိတို့၏ ခံစားချက်များကိုသာ ထည့်သွင်းစဉ်းစားကြပြီး ၎င်းတို့ လိုလားသမျှမှာ မိမိတို့၏ လိုအင်ဆန္ဒများ၊ ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်များကို အောင်မြင်စေရန်သာ ဖြစ်၏။ အသင်းတော်၏အလုပ်အပေါ် မည်မျှ ထိခိုက်နစ်နာစေသည်ကို ဂရုမစိုက်ပေ။ ၎င်းတို့သည် လူတို့စိတ်ထဲရှိ ၎င်းတို့၏ အဆင့်အတန်းနှင့် ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်သတင်းကို ကာကွယ်ရန် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စွန့်လွှတ်ဖို့ ပို၍ နှစ်သက်ကြသည်။ ဤသို့သောလူတို့သည် မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာခြင်းမရှိသလော။ ဤသို့သောသူတို့သည် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ရုံသာမက အလွန့်အလွန် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို လုံးဝ အလေးမထားပေ။ ဤသို့သောသူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိသလော။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝ မရှိပေ။ ဤအတွက်ကြောင့် ၎င်းတို့က အသိစိတ်၏ အပြစ်တင်ခြင်း လုံးဝမရှိဘဲ၊ ကြောက်ရွံ့ခြင်း လုံးဝမရှိဘဲ၊ စိုးရိမ်ကြောင့်ကြခြင်း လုံးဝမရှိဘဲ၊ သို့မဟုတ် စိတ်ပူခြင်းလုံးဝ မရှိဘဲ၊ အကျိုးဆက်များကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ လက်လွတ်စပယ် လုပ်ဆောင်ကာ အလိုရှိသလို ဆောင်ရွက်ကြခြင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ မကြာခဏ လုပ်ဆောင်သည့်အရာနှင့် အမြဲ ပြုမူကြပုံ ဖြစ်သည်။ ထိုသို့သော အပြုအမူ၏ သဘာဝမှာ အဘယ်နည်း။ သက်သက်သာသာ ပြောရမည်ဆိုလျှင် ထိုသို့သော လူများသည် အလွန့်အလွန် မနာလိုတတ်ကြပြီး ပုဂ္ဂိုလ်ရေး ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် အလွန် ပြင်းထန်သည့် လိုအင်ဆန္ဒတစ်ခု ရှိကြလေသည်။ ၎င်းတို့သည် အလွန် လှည့်ဖြားကြပြီး မသိမသာ ဒုက္ခပေးတတ်ကြသည်။ သာ၍ ပြင်းထန်စွာ ပြောရလျှင် ပြဿနာ၏ အနှစ်သာရမှာ ထိုသို့သော လူများတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝ မရှိကြခြင်းဖြစ်သည်။ ဘုရားသခင်ကို သူတို့ မကြောက်ပေ၊ မိမိတို့ကိုယ်ကို အကြီးမြတ်ဆုံးအဖြစ် ယုံကြည်ကြပြီး မိမိတို့နှင့် ပတ်သက်သည့်အရာမှန်သမျှကို ဘုရားသခင်ထက် ပိုမြင့်ပြီး သမ္မာတရားထက် ပိုမြင့်သည်ဟု သူတို့မှတ်ယူကြသည်။ သူတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်သည် ဖော်ပြဖို့ မထိုက်တန်ဘဲ အရေးမပါဖြစ်ကာ သူတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်သည် လုံးဝ အဆင့်အတန်း တစ်စက်မျှ မရှိချေ။ မိမိတို့၏ နှလုံးသားများထဲတွင် ဘုရားသခင်အတွက် နေရာမရှိသောသူများနှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိသူများက သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြသလော။ လုံးဝ မလုပ်ဆောင်နိုင်ပေ။ ထို့ကြောင့် သူတို့သည် ထုံးစံအတိုင်း အလုပ်ရှုပ်ပြီး အားထုတ်မှုများစွာကို အသုံးပြုကြကာ တက်ကြွလှုပ်ရှားစွာ လျှောက်သွားလာကြသောအခါ သူတို့ မည်သည့်အရာ ပြုလုပ်နေကြသနည်း။ ထိုကဲ့သို့သောလူတို့က ဘုရားသခင်အတွက် အသုံးခံရန် အရာရာတိုင်းကို စွန့်လွှတ်ပြီး များစွာဒုက္ခခံခဲ့ကြပြီဟုပင် ကြွေးကြော်ကြ၏၊ သို့သော်လည်း အမှန်မှာမူ သူတို့လုပ်ဆောင်ချက်များအားလုံး၏ စေ့ဆော်မှု၊ စည်းမျဉ်းနှင့် ရည်ရွယ်ချက်တို့မှာ ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် ဂုဏ်သိက္ခာအတွက်၊ ၎င်းတို့၏ အကျိုးစီးပွားအားလုံးကို ကာကွယ်ရန်အတွက် ဖြစ်သည်။ ဤသို့သောလူမျိုးကို ကြောက်စရာကောင်းသည်ဟု သင်တို့ ဆိုမည်လော၊ မဆိုမည်လော။ မည်သည့် လူစားမျိုးသည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးဖြစ်သည့်တိုင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိရသနည်း။ ၎င်းတို့သည် မာနထောင်လွှားသူများ မဟုတ်သလော။ ၎င်းတို့သည် စာတန်များ မဟုတ်သလော။ မည်ကဲ့သို့သော အရာများသည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိဆုံး ဖြစ်သနည်း။ သားရဲတိရစ္ဆာန်များမှလွဲ၍ ဆိုးယုတ်သူများနှင့် အန္တိခရစ်များ၊ နတ်ဆိုးများနှင့် စာတန်၏ အမျိုးများ ဖြစ်ပေသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးလုံးလျားလျား ကင်းမဲ့ကြပေသည်။ ၎င်းတို့သည် မည်သည့်မကောင်းမှုကိုမဆို လုပ်ဆောင်နိုင်စွမ်းရှိသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် ဘုရားသခင်ရွေးချယ်ထားသောလူများ၏ ရန်သူများဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ် စတင်ရန် ပြည့်စုံရမည့် သတ်မှတ်ချက် ငါးချက်) ဘုရားနှုတ်ကပတ်တော် ဒီတစ်ပိုဒ်က ဖော်ထုတ်ထားတာက ကျွန်တော့်ရဲ့အခြေအနေ အတိအကျပဲ။ ဒါကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်တော် နှလုံးသားထဲမှာ စူးခနဲ ခံစားခဲ့ရပြီး ကြောက်သွားခဲ့တယ်။ အရင်တုန်းက ကျွန်တော်တို့ ကိစ္စတွေ ဆွေးနွေးတဲ့အခါ အဖွဲ့ထဲက ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်အမြင်တွေကို သဘောတူလေ့ရှိတာကို ပြန်စဉ်းစားမိတယ်။ ကြီးကြပ်ရေးမှူးကလည်း သူ ထိုးထွင်းမမြင်နိုင်တဲ့ ကိစ္စတွေဆို ကျွန်တော်နဲ့ တိုင်ပင်တတ်တယ်။ ဒါက ကျွန်တော့်ကို သာလွန်တယ်ဆိုတဲ့ ခံစားချက် ပေးခဲ့တာကိုး။ ဒါပေမဲ့ ဝမ်ကျင့်နဲ့ ကျွန်တော် စပြီး ပူးပေါင်းလုပ်ကတည်းက၊ ကြီးကြပ်ရေးမှူးရှေ့မှာ သူက စည်းမျဉ်းတွေကို ကျွန်တော့်ထက် ပိုနားလည်ပုံရပြီး ရှင်းရှင်းလင်းလင်းနဲ့ ဆင်ခြင်တုံတရားရှိရှိ မိတ်သဟာယပြုခဲ့ပုံကို မြင်ပြီး ဘေးကျပ်နံကျပ်ဖြစ်တဲ့စိတ် ဝင်ခဲ့တာပေါ့။ အဲဒီအပေါ်မှာမှ၊ သူက ကျွန်တော်ရေးတဲ့ စာတွေထဲက အချက်တချို့က မကောင်းဘူး၊ မသင့်တော်ဘူးလို့ ပြောပြီး ကျွန်တော့်ပြဿနာတွေကို သူအမြဲ ရှာတွေ့နိုင်ခဲ့တယ်၊ ပြီးတော့ ကျွန်တော့်ဆောင်းပါးတွေထဲက ပြဿနာတွေကို ကြီးကြပ်ရေးမှူးရှေ့မှာတောင် သူ ထောက်ပြခဲ့တယ်။ ဒါက ကျွန်တော့်ရဲ့ မာနကို ထိခိုက်စေပြီး ကျွန်တော့်ရဲ့ အဆင့်အတန်းကို ခြိမ်းခြောက်ခဲ့တယ်။ ဒါကြောင့် ဒီတစ်ခါ ကျွန်တော်တို့ ပူးပေါင်းလုပ်ဖို့ ခေါင်းဆောင် စီစဉ်ပေးတဲ့အခါ ကျွန်တော် တော်တော်ကြီး အတိုက်အခံဖြစ်ခဲ့တာပေါ့။ “ဒီတစ်ခါ သူနဲ့ ငါ ပူးပေါင်းလုပ်လို့ အရင်ကလိုပဲ ငါ့ပြဿနာတွေကို သူ ဆက်ထောက်ပြနေရင်၊ ငါ ထပ်ပြီး မျက်နှာပျက်ရဦးမှာ မဟုတ်လား” လို့ တွေးခဲ့တယ်လေ။ သူ အဖွဲ့ထဲမဝင်ရအောင် သူ ဒေသနာတွေကို တည်းဖြတ်တာ ဘယ်တုန်းကမှ မလုပ်ဖူးဘူးလို့ ကျွန်တော် ပြောခဲ့တယ်။ ပြီးတော့ သူ့ကျန်းမာရေးကို ဂရုစိုက်ချင်ယောင်ဆောင်ပြီး သူ့ကို အဖွဲ့ထဲ လေ့ကျင့်ခွင့်မပေးဖို့ ခေါင်းဆောင်နဲ့ ကြီးကြပ်ရေးမှူးကို ကျွန်တော် နားချဖို့ ကြိုးစားခဲ့တယ်။ ကျွန်တော့်ကြိုးပမ်းမှုတွေ မအောင်မြင်တဲ့အခါ၊ ကျွန်တော့်ရဲ့ မကျေနပ်ချက်တွေကို ဖွင့်ထုတ်ဖို့ ဝမ်ကျင့်အကြောင်း ဝေဖန်ကဲ့ရဲ့တဲ့စကားတွေကို ကျွန်တော့်မိန်းမကို ပြောခဲ့တယ်။ ကျွန်တော်တို့အတွက် သင့်တော်တဲ့ ဧည့်ခံမယ့်မိသားစုကို ခေါင်းဆောင် ရှာမတွေ့ပါစေနဲ့လို့တောင် ကျွန်တော် အသည်းအသန် မျှော်လင့်ခဲ့သေးတယ်၊ ဒါမှ ကျွန်တော် သူနဲ့ ပူးပေါင်းလုပ်စရာ မလိုမှာကိုး။ ကိုယ့်မာနနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် အသင်းတော်ရဲ့ အလုပ်ကို ကျွန်တော် လုံးဝ လစ်လျူရှုနေခဲ့တာ။ ကျွန်တော် အရမ်း တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့တယ်၊ လူ့သဘာဝ တော်တော် ကင်းမဲ့တာပဲ။ အဖြစ်မှန်တွေရဲ့ ထုတ်ဖော်မှုကနေမှပဲ ကျွန်တော့်မှာ ကျော်ကြားမှုနဲ့ အဆင့်အတန်းအတွက် ပြင်းပြတဲ့ လိုအင်ဆန္ဒရှိပြီး၊ အရမ်း မလိုမုန်းထားတဲ့ သဘာဝရှိမှန်း၊ ပြီးတော့ ဘုရားသခင်ကို ကြောက်ရွံ့တဲ့စိတ်နှလုံး လုံးဝမရှိမှန်း ကျွန်တော် မြင်ခဲ့တယ်။ အမှန်တရားကတော့ ဘယ်သူမှ မပြည့်စုံဘူး၊ ပြီးတော့ ဘယ်တာဝန်ကိုမှ လူတစ်ယောက်တည်းနဲ့ ပြီးမြောက်အောင်မြင်နိုင်တာ မဟုတ်ဘူး။ အသင်းတော်အလုပ်ရဲ့ လိုအပ်ချက်တွေကြောင့် ဝမ်ကျင့်နဲ့ ကျွန်တော် ပူးပေါင်းလုပ်ဖို့ ခေါင်းဆောင်က စီစဉ်ခဲ့တာ။ ဒေသနာတွေကို ကျွန်တော် တစ်ယောက်တည်း ရေးမယ်ဆိုရင် လမ်းလွဲတာတွေ၊ အားနည်းချက်တွေ အများကြီး ရှိမှာ သေချာတယ်။ လူနှစ်ယောက် အပြန်အလှန် ဖြည့်ဆည်းပေးတာနဲ့ဆိုရင် ကျွန်တော်တို့အလုပ်ရဲ့ ရလဒ်တွေက ပိုကောင်းလာမှာ။ ဒါပေမဲ့ ကျွန်တော်က ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို နားမလည်ခဲ့ဘဲ ဝမ်ကျင့် အဖွဲ့ထဲ မဝင်ရအောင် တားဆီးဖို့ကိုတောင် တတ်နိုင်သမျှ ကြိုးစားခဲ့တယ်။ ကျွန်တော့်အတွက် ဘာကကောင်းလဲဆိုတာ ကျွန်တော် တကယ် မသိခဲ့ဘူး။ ဒါကို သဘောပေါက်လိုက်တဲ့အခါ ကျွန်တော် အရမ်း နောင်တရပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ ပြီးတော့ ဒီလိုမကောင်းမှုကို နောက်ထပ် ဘယ်တော့မှ မကျူးလွန်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။

နောက်ပိုင်းမှာ ကျွန်တော် တွေးဆမိတယ်။ “ဝမ်ကျင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကို ဒီလောက် အတိုက်အခံလုပ်နေတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက ဘာလဲ” လို့ပေါ့။ ကျွန်တော် ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး ကျွန်တော့်ပြဿနာနဲ့ပတ်သက်လို့ ပိုနားလည်လာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အမြင်မတူသူတစ်ဦးကို တိုက်ခိုက်ပြီး ကြဉ်ထားသည့်အခါ အန္တိခရစ်တစ်ဦး၏ အဓိကရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းတို့က အသင်းတော်ထဲ၌ မိမိတို့၏ကိုယ်ပိုင် သဘောထားနှင့် ဆန့်ကျင်သော သဘောထားလုံးဝ မရှိသည့်အခြေအနေတစ်ခု၊ ၎င်းတို့၏အာဏာ၊ ၎င်းတို့၏ ခေါင်းဆောင်မှုရာထူးနှင့် ၎င်းတို့၏စကားများအားလုံးက အကြွင်းမဲ့ဖြစ်သည့် အခြေအနေတစ်ခုကို ဖန်တီးရန် ကြိုးစားကြ၏။ လူတိုင်းက ၎င်းတို့ကို အလေးဂရုပြုရပြီး ၎င်းတို့သည် ထင်မြင်ချက်မတူညီလျှင်ပင် ယင်းကို မဖော်ပြရဘဲ စိတ်ထဲတွင် မျိုသိပ်ထားလေသည်။ ၎င်းတို့နှင့် ပြောင်ပြောင်တင်းတင်း သဘောထားကွဲလွဲရဲသောသူ မည်သူမဆိုသည် အန္တိခရစ်၏ ရန်သူဖြစ်လာသည်။ ပြီးလျှင် ထိုသူတို့ကို ညှဉ်းပန်းရန် မည်သည့်နည်းလမ်းကိုမဆို စဉ်းစားကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ကို ပျောက်ကွယ်သွားစေရန် အမြန်ပင် ပြုလုပ်လိုကြသည်။ ဤသည်မှာ အန္တိခရစ်များက ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ခိုင်မာစေပြီး ၎င်းတို့၏ အာဏာကို ကာကွယ်ရန်အတွက် အမြင်မတူသူတစ်ဦးကို တိုက်ခိုက်ပြီး ဖယ်ကြဉ်သည့် နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ ၎င်းတို့က ‘သင်၌ မတူညီသည့် ထင်မြင်ချက်များ ရှိသည်မှာ အဆင်ပြေသည်၊ သို့ရာတွင် ငါ၏အာဏာနှင့် ဂုဏ်အဆင့်အတန်းကို ထိခိုက်စေဖို့မဆိုထားနှင့်၊ ထိုထင်မြင်ချက်များကို သင့်သဘောရှိ လျှောက်ပြောနေ၍ မရပေ။ သင့်မှာ ပြောစရာရှိပါက ငါ့ကို နှစ်ကိုယ်ကြား ပြောနိုင်သည်။ လူတိုင်းရှေ့တွင် သင်ပြောပြီး ငါမျက်နှာပျက်ရအောင် လုပ်ပါက သင်သည် ကိုယ့်ဒုက္ခကိုယ် ရှာနေခြင်းဖြစ်ပြီး သင့်ကို ငါညှဉ်းပန်းရလိမ့်မည်’ ဟု ထင်ကြသည်။ ဤသည်မှာ အဘယ်စိတ်သဘောထားမျိုးဖြစ်သနည်း။ အန္တိခရစ်တို့သည် အခြားသူများကို လွတ်လပ်စွာ စကားပြောခွင့်မပေးချေ။ သူတို့၌ အန္တိခရစ်အကြောင်းဖြစ်စေ၊ အခြားအရာ တစ်ခုတလေအကြောင်းဖြစ်စေ ထင်မြင်ယူဆချက်တစ်ခု ရှိပါက ကြုံသလို ထုတ်ပြော၍မရပေ။ သူတို့သည် အန္တိခရစ်၏မျက်နှာကို ဆင်ခြင်ထောက်ထားရသည်။ မထောက်ထားပါက အန္တိခရစ်သည် သူတို့ကို ရန်သူတစ်ဦးအဖြစ် ဆက်ဆံကာ သူတို့ကို တိုက်ခိုက်ပြီး ကြဉ်ထားလိမ့်မည်။ ဤသည်မှာ အဘယ်သဘာဝမျိုးနည်း။ ယင်းသည် အန္တိခရစ်တစ်ဦး၏ သဘာဝဖြစ်သည်။ ၎င်းတို့သည် ဤအရာကို အဘယ်ကြောင့် ပြုသနည်း။ ၎င်းတို့သည် အသင်းတော်တွင် မည်သည့်အမြင်မတူသော ပြောဆိုမှုကိုမျှ ခွင့်မပြုပေ။ အသင်းတော်တွင် အမြင်မတူသူတစ်ယောက်ကိုမျှ ခွင့်မပြုပေ။ ၎င်းတို့သည် ဘုရားသခင်ရွေးချယ်ထားသောသူများကို သမ္မာတရားကို ပွင့်ပွင့်လင်းလင်း မိတ်သဟာယဖွဲ့ပြီး လူများကို ပိုင်းခြားသိမြင်ရန် ခွင့်မပြုပေ။ ၎င်းတို့အကြောက်ဆုံးအရာသည် လူတို့၏ ဖော်ထုတ်ခြင်း၊ ပိုင်းခြားသိမြင်ခြင်းကိုခံရခြင်းဖြစ်သည်။ ၎င်းတို့သည် လူတို့၏ စိတ်နှလုံးထဲတွင်ရှိသော ၎င်းတို့၏ အာဏာနှင့် အဆင့်အတန်းကို ခိုင်မာစေရန် အစဉ်ကြိုးစားနေကြသည်။ ဤအရာများသည် မည်သည့်အခါမျှ ယိုင်နဲ့၍မဖြစ်ဟု ၎င်းတို့က ခံစားကြရသည်။ ၎င်းတို့သည် ၎င်းတို့၏ မာန၊ ဂုဏ်သတင်း၊ သို့မဟုတ် ခေါင်းဆောင်အဖြစ် အဆင့်အတန်းနှင့် တန်ဖိုးတို့ကို ခြိမ်းခြောက်သော၊ သို့မဟုတ် ထိခိုက်သော မည်သည့်အရာကိုမျှ လုံးဝ သည်းမခံနိုင်ကြပေ။ ဤသည်မှာ အန္တိခရစ်တို့၏မလိုမုန်းထားသော သဘာဝဆိုင်ရာ သရုပ်သကန်တစ်ခု ဖြစ်သည်မဟုတ်လော။ ၎င်းတို့သည် မိမိတို့ပိုင်ဆိုင်နှင့်ပြီးဖြစ်သည့် အာဏာဖြင့် မတင်းတိမ်နိုင်ဘဲ ယင်းကို ခိုင်မြဲစေပြီး လုံခြုံစေကာ ရာသက်ပန် စိုးမိုးခြယ်လှယ်မှုကို ရှာဖွေသည်။ ၎င်းတို့သည် အခြားသူများ၏အပြုအမူကို ထိန်းချုပ်လိုသည်သာမက၊ သူတို့၏စိတ်နှလုံးကိုလည်း ထိန်းချုပ်လိုသည်။ အန္တိခရစ်တို့ အသုံးပြုသည့် ဤနည်းလမ်းများသည် ၎င်းတို့၏ အာဏာနှင့် ဂုဏ်အဆင့်အတန်းကို ထိန်းသိမ်းရန်သက်သက်ဖြစ်ပြီး အာဏာကို ကိုင်စွဲဖို့ ၎င်းတို့ အလိုဆန္ဒ၏ ရလဒ် လုံးလုံးဖြစ်သည်။...ဤသည်မှာ အမြင်မတူသူတစ်ဦး ရှိနေပြီး ထိုအမြင်မတူသူသည် ၎င်းနှင့်ပတ်သက်၍ တစ်စုံတစ်ခုကို ပြောကြောင်း၊ သို့မဟုတ် ၎င်း၏နောက်ကွယ်၌ ၎င်းကို ဝေဖန်ပုတ်ခတ်ကြောင်းကို အန္တိခရစ် ကြားသည့်အခါတွင် အထူးသဖြင့် မှန်ကန်လေသည်။ ဤအခြေအနေတွင် ၎င်းတို့သည် အအိပ်ပျက်၊ အစားပျက်ဖြစ်ရလျှင်ပင် ထိုကိစ္စကို မကြာမတင်မှာပင် ဖြေရှင်းလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် ထိုသို့သော ကြိုးပမ်းအားထုတ်မှုကို အဘယ်သို့လျှင် ပြုနိုင်သနည်း။ ဤသည်မှာ ၎င်းတို့၏ အဆင့်အတန်းအတွက် အန္တရာယ်ရှိသည်၊ စိန်ခေါ်ခြင်းခံရသည်ဟု ၎င်းတို့ ခံစားရသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ဤသို့သော အရေးယူဆောင်ရွက်မှုကို မပြုလုပ်လျှင် ၎င်းတို့၏ အာဏာနှင့် အဆင့်အတန်းသည် အန္တရာယ်ကျရောက်လိမ့်မည်ဟု ခံစားကြရသည်။ ၎င်းတို့၏ ဒုစရိုက်အမှုများနှင့် အရှက်ရဖွယ်သတင်းများက ဖော်ထုတ်ခံရသည်နှင့် ၎င်းတို့သည် ၎င်းတို့၏ အဆင့်အတန်းနှင့် အာဏာကို မထိန်းသိမ်းနိုင်ဖြစ်မည်သာမက အသင်းတော်မှလည်း ရှင်းလင်းခံရမည်၊ သို့မဟုတ် နှင်ထုတ်ခံရမည်။ ဤအတွက်ကြောင့် ၎င်းတို့သည် အမှုကိစ္စကို ဖုံးဖိပြီး ၎င်းတို့အတွက် အန္တရာယ်ရှိစေနိုင်သော ပုန်းကွယ်နေသည့် အရာများအားလုံးကို လွင့်ပျယ်စေရန် နည်းလမ်းများကို စဉ်းစားရာတွင် အသည်းအသန်ပင် စိတ်မရှည်ကြခြင်းဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ထိန်းသိမ်းနိုင်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၂- အမြင်မတူသူများကို ၎င်းတို့ တိုက်ခိုက်ကာ ကြဉ်ထားကြ၏) အန္တိခရစ်တွေက သဘောထားကွဲလွဲသူတွေကို ဖယ်ထုတ်တယ်လို့ ဘုရားသခင် ပြောထားတယ်။ အသင်းတော်ထဲမှာ မတူညီတဲ့ အသံတွေ ရှိနေတာကို သူတို့ ခွင့်မပြုဘူး၊ အရာရာမှာ သူတို့စကားက အတည်ဖြစ်ရမယ်၊ ပြီးတော့ လူတိုင်းက သူတို့ကို နားထောင်ရမယ်။ တစ်ယောက်ယောက်က အကြံပြုတာ၊ ဒါမှမဟုတ် သူတို့ရဲ့ အားနည်းချက်တွေကို ထောက်ပြတာကြောင့် သူတို့ မျက်နှာပျက်ရပြီး တခြားသူတွေရဲ့ စိတ်နှလုံးထဲမှာ သူတို့အဆင့်အတန်း ဆုံးရှုံးသွားတာနဲ့ ချက်ချင်းပဲ အဲဒီလူကို အမြင်မတူတဲ့သူ၊ ရန်သူအနေနဲ့ သူတို့က ဆက်ဆံတယ်။ သူတို့ရဲ့ ကိုယ်ပိုင်အာဏာနဲ့ အဆင့်အတန်းကို ခိုင်မာအောင်လုပ်ဖို့ အဲဒီလူကို ဖယ်ထုတ်ပြီး ဖိနှိပ်ဖို့ ဘယ်လိုနည်းလမ်းကိုမဆိုတောင် သုံးကြတယ်။ ဒါက အန္တိခရစ်တွေရဲ့ မလိုမုန်းထားတဲ့ သဘာဝရဲ့ သရုပ်သကန်တစ်ခုပဲ။ ကျွန်တော် ဖော်ထုတ်ခဲ့တာတွေကို ဆင်ခြင်သုံးသပ်လိုက်တော့၊ ကျွန်တော်က အန္တိခရစ်တစ်ယောက်နဲ့ အတူတူပဲ မဟုတ်ဘူးလား။ ဝမ်ကျင့်က ကျွန်တော့်တာဝန်ထဲက ပြဿနာတွေကို တွေ့ပြီး တဲ့တိုးကြီး ထောက်ပြတဲ့အခါ၊ ကျွန်တော်က အပြုသဘောဆောင်တဲ့ ရှုထောင့်ကနေ လက်မခံခဲ့တဲ့အပြင် သူက ကျွန်တော့်မာနကို ထိခိုက်အောင်လုပ်တယ်လို့ ခံစားခဲ့ရတယ်။ သူ ဘယ်လောက်ပဲ မှန်ပါစေ၊ သူ့စကားတွေက အဖြစ်မှန်နဲ့ ဘယ်လောက်ပဲ ကိုက်ညီပါစေ၊ ကျွန်တော် လက်မခံခဲ့ဘူး။ အဲဒီအစား သူ့ကို အမြင်စောင်းပြီး အငြိုးအတေးတောင် ထားခဲ့တယ်။ နောက်ပိုင်း သူ ကွန်ပျူတာ အတတ်ပညာကျွမ်းကျင်မှုတွေကို သင်ယူရင်း အခက်အခဲတွေ ကြုံရလို့ ယဉ်ယဉ်ကျေးကျေးနဲ့ ညင်ညင်သာသာ အကူအညီတောင်းတဲ့အခါကျတော့၊ သူ့စိတ်အားထက်သန်မှုကို လျော့ပါးသွားအောင် ကျွန်တော် သူ့ကို အေးစက်စက် ဆက်ဆံခဲ့တယ်။ ပိုဆိုးတာက၊ ဝမ်ကျင့် အရင်က စာနဲ့ပတ်သက်တဲ့တာဝန်ကို လုပ်ဖူးပြီး စည်းမျဉ်းတချို့ကို နားလည်ထားတယ်ဆိုတာနဲ့ သူ့ကျန်းမာရေးမကောင်းတာက တာဝန်ထမ်းဆောင်နိုင်စွမ်းကို မထိခိုက်မှန်း ကျွန်တော် ကောင်းကောင်း သိခဲ့တယ်။ ဒါပေမဲ့ သူက ကျွန်တော့်ပြဿနာတွေကို အမြဲ ထောက်ပြနေပြီး အဲဒါက ကျွန်တော့်မာနနဲ့ အဆင့်အတန်းကို ထိပါးနေလို့၊ သူ့ကို အမြင်မတူတဲ့သူ၊ ရန်သူအနေနဲ့ ကျွန်တော် မြင်ခဲ့တယ်။ သူ့ကို အဖွဲ့ထဲ လေ့ကျင့်ခွင့်မပေးဖို့ ခေါင်းဆောင်နဲ့ ကြီးကြပ်ရေးမှူးကို နားချဖို့ ကြိုးစားရာမှာ သူ့ကျန်းမာရေးမကောင်းတာနဲ့ ဒေသနာတွေကို တည်းဖြတ်တဲ့ အတွေ့အကြုံမရှိတာကို ဆင်ခြေအနေနဲ့ ကျွန်တော် သုံးခဲ့တယ်။ ကိုယ့်မာနနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက်၊ အမြင်မတူတဲ့သူတစ်ယောက်ကို တိုက်ခိုက်ပြီး ဖယ်ထုတ်ဖို့ ကျွန်တော် အများကြီး လုပ်ခဲ့မိတယ်။ ကျွန်တော့်သဘာဝက တော်တော် မလိုမုန်းထားစိတ် ရှိတာပဲ။ ကျွန်တော် ဒီလို ယုတ်ညံ့ပြီး ဆိုးယုတ်တဲ့ မကောင်းမှုတွေအားလုံးကို ကျူးလွန်နိုင်စွမ်းရှိရခြင်းရဲ့ အရင်းအမြစ်က “ကောင်းကင်နှင့်မြေကြီး တစ်လျှောက်လုံးတွင် ငါသည်သာ ငါ၏အရှင်သခင်ဖြစ်၏”၊ “ဂူတစ်ဂူထဲ၌ ခြင်္သေ့နှစ်ကောင်မအောင်း” နဲ့ “ယောက်ျားအစစ်အမှန်ဟူသည် ရက်စက်ရမည်” ဆိုတာမျိုးလို ကျွန်တော် ခံယူခဲ့တဲ့ စာတန်ဆန်တဲ့ အဆိပ်တွေပါပဲ။ ဒီအရာတွေက ကျွန်တော့်သဘာဝ ဖြစ်လာပြီး၊ ကျွန်တော်ရှိတဲ့ ဘယ်အဖွဲ့အစည်းမှာမဆို ကျွန်တော်စကားကိုပဲ နောက်ဆုံး အတည်ဖြစ်ချင်အောင် လုပ်ခဲ့တယ်။ ကျွန်တော့်ထက် သာတဲ့သူတစ်ယောက်ကို တွေ့တိုင်း၊ သူတို့ကို ကျွန်တော် မျှမျှတတ သဘောမထားနိုင်ခဲ့ဘူး။ အထူးသဖြင့် သူတို့ရဲ့ စကားတွေ၊ လုပ်ရပ်တွေက ကျွန်တော့်မာနကို ထိခိုက်စေတဲ့အခါ၊ ဒါမှမဟုတ် ကျွန်တော့်အဆင့်အတန်းကို ခြိမ်းခြောက်တဲ့အခါမျိုးမှာပေါ့။ သူတို့ကို ကျွန်တော့်ရဲ့ ဆူးငြောင့်ခလုတ်လို သဘောထားပြီး ဖိနှိပ်တယ်၊ ဖယ်ထုတ်တယ်၊ ရန်သူလိုတောင် သတ်မှတ်ခဲ့တယ်။ ဘုရားအိမ်တော်ကနေ နှင်ထုတ်ခံခဲ့ရတဲ့ အန္တိခရစ်တွေနဲ့ ဆိုးယုတ်တဲ့သူတွေကို ကျွန်တော် တွေးမိတယ်။ သူတို့က သမ္မာတရားကို ခါးခါးသီးသီး မနှစ်မြို့ဘဲ မုန်းတီးကြတယ်၊ တခြားသူတွေရဲ့ မှန်ကန်တဲ့ အကြံပြုချက်တွေကို ဘယ်တော့မှ လက်မခံကြဘူး။ တစ်ယောက်ယောက်က သူတို့ရဲ့ မာနနဲ့ အဆင့်အတန်းကို ထိပါးလာတာနဲ့ သူတို့ကို ဖိနှိပ်ပြီး ညှဉ်းပန်းကြတယ်၊ သူတို့နောက် မလိုက်တဲ့ ဘယ်သူ့ကိုမဆို ဖယ်ရှားဖို့ စိတ်ကူးယဉ်ပြီး အသင်းတော်ကို သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေအဖြစ် ပြောင်းလဲပစ်ကြတယ်။ သူတို့ ကျူးလွန်ခဲ့တဲ့ ဆိုးယုတ်တဲ့ မကောင်းမှုတွေ အများကြီးနဲ့ အသင်းတော်ရဲ့ အလုပ်ကို ပြင်းပြင်းထန်ထန် နှောင့်ယှက်ခဲ့မှုတွေကြောင့် သူတို့ နှင်ထုတ်ခံခဲ့ရတာ။ ကျွန်တော်သာ နောင်တမရဘဲ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေအတိုင်း ဆက်လုပ်နေရင်၊ ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ အမြင်မတူတဲ့သူတွေကို တိုက်ခိုက်ပြီး ဖယ်ထုတ်နေရင် နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ပစ်ပယ်ခြင်းနဲ့ ဖယ်ရှားရှင်းလင်းခြင်းကို ကျွန်တော် ခံရမှာ သေချာတယ်။ ဒါကို သဘောပေါက်လိုက်တဲ့အခါ၊ ကျွန်တော် နောင်တရသလို ကြောက်လည်း ကြောက်သွားတယ်။ ဒါနဲ့ ဘုရားသခင်ဆီ အမြန် ဆုတောင်းလိုက်တယ်။ “အို ဘုရားသခင်၊ သား မှားသွားပါပြီ။ စာတန်ရဲ့ပြင်းပြင်းထန်ထန် ဖျက်ဆီးမှုကို သား ခံလိုက်ရပါပြီ။ ကိုယ့်မာနနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် ညီအစ်ကိုနဲ့ မပူးပေါင်းချင်ခဲ့ဘဲ သူ့ကို ဝေဖန်ကဲ့ရဲ့ပြီး ဖယ်ထုတ်တာတောင် လုပ်ခဲ့မိပါတယ်။ ဘုရားသခင်၊ သား နောင်တရဖို့ လိုလားနေပါတယ်။ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ရှာတွေ့အောင် သားကို လမ်းပြပေးပါ” လို့ပေါ့။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး ဘယ်လို လက်တွေ့လုပ်ဆောင်ရမလဲဆိုတာ ကျွန်တော် သိလာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင့်အား မှန်မှန်ကန်ကန် ပြောဆိုနိုင်သောသူတို့နှင့် သင်နီးစပ်အောင် လုပ်ဆောင်ရမည်။ သင့်ဘေးတွင် ဤသို့သောသူများ ရှိခြင်းသည် သင့်အတွက် ကြီးစွာသော အကျိုးကျေးဇူးရှိသည်။ အထူးသဖြင့် သင့်၌ ပြဿနာတစ်ခုရှိသည်ကို တွေ့ရှိသောအခါတွင် သင့်အား အပြစ်တင်ရန်၊ သင့်အား ဖော်ထုတ်ရန် သတ္တိရှိသော ထိုကဲ့သို့သောလူကောင်းများကို သင့်အနီးတွင် ထားရှိခြင်းသည် သင့်အား လမ်းမလွဲစေရန် တားဆီးနိုင်သည်။ သင်၏ အဆင့်အတန်းက မည်သို့ရှိသည်ကို ၎င်းတို့ ဂရုမစိုက်ပေ။ ပြီးလျှင် သမ္မာတရားစည်းမျဉ်းများနှင့် ဆန့်ကျင်သည့်အရာတစ်ခုအား သင်လုပ်ဆောင်ပြီးသည်ကို ၎င်းတို့တွေ့ရှိသည်နှင့် လိုအပ်လျှင် ၎င်းတို့သည် သင့်အား အပြစ်တင်ပြီး ဖော်ထုတ်လိမ့်မည်။ ဤသို့သောသူများသည်သာ ဖြောင့်မှန်သောလူများ၊ တရားမျှတစိတ် ရှိသောလူများဖြစ်သည်။ ထို့အပြင် ၎င်းတို့က သင့်အား မည်သို့ ဖော်ထုတ်ပြီး အပြစ်တင်ပါစေ အားလုံးက သင့်အတွက် အထောက်အကူဖြစ်ပြီး အားလုံးက သင့်အား ကြီးကြပ်ခြင်းနှင့် ရှေ့သို့ တွန်းတင်ခြင်းတို့သာ ဖြစ်သည်။ သင်သည် ဤသို့သောလူများနှင့် နီးစပ်အောင် လုပ်ဆောင်ရမည်။ သင့်အနီး၌ ဤသို့သောသူများရှိပြီး သင့်အား ကူညီခြင်းအားဖြင့် သင်သည် အတော်အတန်ပင် ပို၍ ဘေးကင်းလာသည်။ ဤသည်မှာ ဘုရားသခင်၏ ကွယ်ကာမှုရှိခြင်းဆိုသည့်အရာ ဖြစ်သည်။ နေ့စဉ် သင်၏နံဘေး၌ သမ္မာတရားကို နားလည်ပြီး စည်းမျဉ်းများကို ထိန်းသိမ်းသောသူများ ရှိနေပြီး သင့်အား ကြီးကြပ်ပေးနေခြင်းသည် သင့်တာဝန်နှင့် အလုပ်ကို ကောင်းစွာလုပ်ဆောင်ခြင်းအတွက် အလွန်အကျိုးဖြစ်စေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၄- ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးနောက်မှာ ကျွန်တော့်ဘေးမှာ အမှန်အတိုင်း ပြောရဲတဲ့၊ ကျွန်တော့်ပြဿနာတွေကို ဖော်ထုတ်ပြီး ထောက်ပြရဲတဲ့ လူတစ်ယောက်ရှိတာက ကျွန်တော့်တာဝန်နဲ့ ကျွန်တော့်အသက် ဝင်ရောက်မှုအတွက် မယုံနိုင်လောက်အောင် အကျိုးရှိတယ်ဆိုတာကို ကျွန်တော် နားလည်ခဲ့တယ်။ ဝမ်ကျင့်နဲ့ ကျွန်တော် ပူးပေါင်းလုပ်ခဲ့တုန်းက အချိန်ကို ပြန်စဉ်းစားမိတယ်။ ကျွန်တော်ရေးတဲ့ ဆောင်းပါးမှာ ပြဿနာတွေ့တိုင်း သူက တဲ့တိုးပဲ ထောက်ပြတယ်။ အဲဒီတုန်းက ကျွန်တော့်မာန ထိခိုက်ခဲ့ပေမဲ့၊ သူအကြံပြုတဲ့အတိုင်း ပြင်ဆင်ပြီးတဲ့နောက်မှာ ရလဒ်တွေက တကယ်ပဲ အများကြီး ပိုကောင်းလာခဲ့တာလေ။ ပြုပြင်ခံရရင်တောင်မှ ဘုရားသခင်ဆီကလာတယ်လို့ အရင်မှတ်ယူပြီး ကျိုးနွံနာခံသင့်ပြီး တခြားသူတွေရဲ့ ထောက်ပြမှုနဲ့ အကူအညီကို လက်ခံသင့်မှန်း ကျွန်တော် သဘောပေါက်လိုက်တယ်။ ကျွန်တော့်ပြဿနာတွေကို ထောက်ပြပြီး ကူညီပေးမယ့် သူလိုလူမျိုးသာ မရှိရင်၊ ကျွန်တော့်တာဝန်မှာ လမ်းလွဲတာတွေ၊ ချို့ယွင်းချက်တွေနဲ့ ပြည့်နှက်နေမှာသေချာပြီး ဒါက အသင်းတော်အလုပ်ကို ထိခိုက်စေမှာပါပဲ။ ဒါ့အပြင် ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို နားလည်ဖို့ ကျွန်တော့်အတွက် လွယ်မှာ မဟုတ်ဘူး။ အဖွဲ့ထဲမှာ ကျွန်တော့်စကားက အရာရာမှာ နောက်ဆုံး အတည်ဖြစ်ခဲ့တာတွေ၊ ညီအစ်ကိုမောင်နှမ ဘယ်သူကမှ ကျွန်တော့်ကို အကြံဉာဏ်တစ်ခုတစ်လေမှ မပေးခဲ့တာတွေကို ကျွန်တော် ပြန်စဉ်းစားမိတယ်။ ကျွန်တော်က အရာရာတိုင်းမှာ တော်ပြီး အရာရာတိုင်းကို နားလည်တယ်လို့ ယုံကြည်လာခဲ့တယ်။ ဒါက ကျွန်တော့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို မီးလောင်ရာလေပင့်ပေးခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် လူတိုင်းထက် သာတယ်လို့ မြင်စေခဲ့တယ်။ ဝမ်ကျင့် ကျွန်တော်နဲ့ စပူးပေါင်းပြီးနောက်မှာ၊ ပြဿနာမြင်တာနဲ့ သူက ပြောတော့တာပဲ။ ဒါက ကျွန်တော့်ကိုယ်ပိုင် ပြဿနာတွေနဲ့ ကျွန်တော် ထုတ်ဖော်နေတဲ့ ဖောက်ပြန်ပျက်စီးမှုတွေကို သတိပြုမှု တချို့ရစေခဲ့တယ်။ ပြီးတော့ ဒီလိုနဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ပြီး ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိစေမယ့် အရာတွေ မလုပ်မိအောင် ရှောင်ရှားနိုင်ခဲ့တယ်။ ဝမ်ကျင်းက ကျွန်တော့်ရဲ့ ပြဿနာတွေနဲ့ အားနည်းချက်တွေကို ကျွန်တော့်မျက်နှာရှေ့မှာ ထောက်ပြခဲ့တာက ကျွန်တော့်ကို တိုက်ခိုက်ဖို့၊ ဖိနှိပ်ဖို့ မဟုတ်ဘူး၊ ပြီးတော့ ကျွန်တော့်ကို အပြစ်တင်ဖို့ ရည်ရွယ်ချက် လုံးဝ မရှိခဲ့ဘူး။ သူ့ရည်ရွယ်ချက်က အသင်းတော်အလုပ်ကို ကာကွယ်ဖို့ပဲ။ သူက ကျွန်တော့်ကို စိတ်ရင်းမှန်နဲ့ ကူညီဖို့ ကြိုးစားနေခဲ့တာ။ ဒါပေမဲ့ တရားမျှတစိတ်ရှိတဲ့ ဒီလိုလူကောင်းတစ်ယောက်နဲ့ ရင်ဆိုင်ရတဲ့အခါ၊ သူ့ရဲ့ ထောက်ပြမှုနဲ့ အကူအညီအတွက် ကျွန်တော် ကျေးဇူးမတင်ခဲ့တဲ့အပြင်၊ သူ့ကောင်းတဲ့ရည်ရွယ်ချက်တွေကို မလိုမုန်းထားမှုလို့ မှားမြင်ပြီး သူ့ကို ဖိနှိပ်ဖို့၊ ဖယ်ထုတ်ဖို့အတွက် စက်ဆုပ်စရာကောင်းပြီး ယုတ်မာတဲ့ နည်းလမ်းတွေကို သုံးခဲ့တယ်။ ဒါက သူ့ကို ထိခိုက်စေရုံတင်မကဘဲ အလုပ်ကိုလည်း အဖျက်အမှောင့်လုပ်ပြီး အနှောင့်အယှက်ဖြစ်စေခဲ့တယ်။ ကျွန်တော် တကယ်ပဲ အကောင်းနဲ့အဆိုး၊ အမှားနဲ့အမှန် မခွဲခြားနိုင်ခဲ့ဘူး။ ဝမ်ကျင့်နဲ့ ထပ်ပြီး ပူးပေါင်းလုပ်ရင် သူ့အကြံပြုချက်တွေကို သေချာပေါက် လက်ခံမယ်လို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။

မကြာခင်မှာပဲ ညီအစ်ကိုမောင်နှမတွေက သင့်တော်တဲ့အိမ် ရှာတွေ့သွားပြီး ဝမ်ကျင့်နဲ့ ကျွန်တော် အတူတူ စပူးပေါင်းပြီး တာဝန်ထမ်းဆောင်ကြတယ်။ အစပိုင်းမှာ ဝမ်ကျင့်က ကျွန်တော့်ပြဿနာတွေကို ထောက်ပြတဲ့အခါ ကျွန်တော့်မာနကို စွန့်လွှတ်ဖို့ ခက်ခဲနေခဲ့တုန်းပဲ။ ကျွန်တော် တွေးမိတယ်။ “သူက ဒေသနာတွေကို တည်းဖြတ်တာ အရင်က လုံးဝ မလုပ်ဖူးပါဘူး။ ငါတည်းဖြတ်ထားတဲ့ ဒေသနာတွေမှာ ပြဿနာတွေကို သူ ရှာတွေ့နိုင်တယ်ဆိုရင်၊ ငါက သူ့လောက် မတော်ဘူးဆိုတာ သက်သေပြနေတာ မဟုတ်လား။ ငါ့ကို သူ ဘယ်လိုထင်မလဲ” လို့ပေါ့။ ဒီလိုတွေးမိတဲ့အခါ မာနနဲ့ အဆင့်အတန်းအတွက် ကျွန်တော် ပြန်ပြီးအသက်ရှင်နေမိမှန်း သတိပြုမိလိုက်လို့ ဘုရားနှုတ်ကပတ်တော်တွေကို သတိရှိရှိ ရှာဖတ်ခဲ့တယ်။ ကျွန်တော် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခဲ့တယ်။ “သင်သည် ဦးစွာ သင်၏ ဇာတိပကတိကို ပုန်ကန်ကာ၊ မိမိ၏ ဝင့်ဝါခြင်းနှင့် မာနကို စွန့်လွှတ်ပြီးလျှင် မိမိ၏ ကိုယ်ကျိုးကို စွန့်လွှတ်ခြင်း၊ မိမိ၏တာဝန်၌ ကိုယ်ရောစိတ်ပါ နှစ်မြှုပ်ခြင်း၊ တာဝန်ကို ကျိုးနွံနာခံသော စိတ်နှလုံးဖြင့် လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို ကျေနပ်စေသရွေ့ မည်သည့်ဒုက္ခကို သင် ခံစားရစေကာမူ ကိစ္စမရှိဟု စိတ်နှလုံးထဲ၌ ယုံကြည်ခြင်း ရှိရမည်။ အကယ်၍ အခက်အခဲများကို သင်ကြုံတွေ့ပြီး ဘုရားသခင်ထံ သင်ဆုတောင်းလျက် သမ္မာတရားကို ရှာဖွေပါက သင့်နှလုံးသား၌ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ သင်၌ ဤသက်သေ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဘုရားသခင် သင့်အား အဘယ်သို့လမ်းပြသည်ကို စောင့်ကြည့်လော့။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ခြင်းအားဖြင့် သမ္မာတရားကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်က ကျွန်တော့်ကို ရှေ့ဆက်ရမယ့် လမ်းကြောင်း ပြခဲ့တယ်။ ကျွန်တော့်ရဲ့ မာနကို စွန့်လွှတ်ရမယ်၊ ကျွန်တော့်တာဝန်မှာ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ရမယ်၊ အဲဒီလိုမှသာ ကိုယ့်ရဲ့ သင့်တော်တဲ့ အလုပ်ကို အာရုံစိုက်ရာရောက်မှာပါ။ တကယ်တော့ လူတိုင်းမှာ မတူညီတဲ့ အားသာချက်တွေ ရှိကြတယ်။ ကိုယ့်အားသာချက်တွေကို ထုတ်ဖော်ပြသပြီး တစ်ယောက်ရဲ့ အားသာချက်ကို တစ်ယောက်က သင်ယူပြီး ကိုယ့်အားနည်းချက်တွေကို ဖြည့်စွက်မှသာ ကျွန်တော်တို့ တာဝန်ထမ်းဆောင်ရာမှာ ရလဒ်ကောင်းတွေ ရရှိမှာပါ။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းဆိုတာ အနှစ်သာရမရှိတဲ့ အရာတွေပါ။ လူတိုင်းက ကျွန်တော့်ကို အထင်ကြီးရင်တောင်မှ၊ ဒါက ကျွန်တော့်မှာ သမ္မာတရား လက်တွေ့ကျမှု ရှိတယ်လို့ မဆိုလိုဘူး။ ဒါက ကယ်တင်ခြင်း ခံရခွင့် ပေးနိုင်မယ်ဆိုတာ ပိုလို့တောင် မဟုတ်သေးပါဘူး။ သမ္မာတရားကို နားမလည်ဘဲ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို မဖယ်ရှားရင်၊ နောက်ဆုံးမှာ ကျွန်တော် ငရဲကျပြီး အပြစ်ဒဏ်ပေးခံရဦးမှာပဲ။ ဒါကို သဘောပေါက်ပြီးတဲ့နောက် ဝမ်ကျင့်က ကျွန်တော့်ပြဿနာတွေကို ထပ်ထောက်ပြတဲ့အခါ ကျွန်တော် သိပ်အတိုက်အခံ မဖြစ်တော့ဘူး။ အဲဒီအစား သူထောက်ပြတဲ့ ပြဿနာတွေအပေါ် မူတည်ပြီး သက်ဆိုင်ရာ စည်းမျဉ်းတွေကို ရှာဖွေလေ့လာခဲ့တယ်။ ဒီလို လက်တွေ့လုပ်ဆောင်လိုက်တော့ ပြဿနာတွေ မြန်မြန် ပြေလည်သွားရုံသာမကဘဲ ကျွန်တော့်စိတ်နှလုံးထဲမှာလည်း သက်သာငြိမ်သာမှု ခံစားခဲ့ရတယ်။ ကျွန်တော်တို့ ဆက်ဆံရေးလည်း ပိုပိုပြီး သဟဇာတဖြစ်လာတာပေါ့။ ဘုရားသခင်ကို ကျွန်တော် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

နှင်ထုတ်ခံရပြီးနောက် နိုးထခြင်း

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်တို့သည် အနည်းငယ်သော ချုပ်တည်းမှု၊ သို့မဟုတ် အခက်အခဲတစ်ခုကို ကြုံရသည့်အခါ ၎င်းမှာ သင်တို့အတွက်...

စိတ်ကူးပေါက်ရာအတိုင်း မိမိတာဝန်ကို လုပ်ဆောင်ခြင်း၏ အကျိုးဆက်များ

ရှင်းရှင်း တရုတ်နိုင်ငံ ၂၀၂၀ ခုနှစ် ဇွန်လမှာ အသင်းတော် ခေါင်းဆောင်အနေနဲ့ ကျွန်မ အရွေးခံရတယ်။ ပထမတော့ အလုပ်မှာ ပြဿနာရှိတဲ့အခါ၊ သတိရှိရှိနဲ့...

ကျွန်ုပ်တွင် သမ္မာတရားစစ်မှန်မှု ကင်းမဲ့သည်ကို ယခုမှသာ ကျွန်ုပ် သဘောပေါက်သည်

၂၀၂၂ ခုနှစ် ဩဂုတ်လမှာ ကျွန်မရေးခဲ့တဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးကို ဗီဒီယိုအနေနဲ့ ဖန်တီးပြီး အွန်လိုင်းမှာ တင်ထားတယ်။ ကျွန်မ...

ကျွန်မ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုယ် သိမြင်မှုတချို့ရရှိခဲ့ပြီ

ကျန်းနင်၊ တရုတ်ပြည်ဆောင်းနှောင်းပိုင်း နေ့လယ်ခင်းတစ်ခုမှာ နွေးထွေးတဲ့နေရောင်ခြည်တန်းတစ်ခု စတူဒီယိုထဲကို ဖြာကျနေခဲ့တယ်။ ကျန်းနင်၊ ယိချန်နဲ့...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။