ဝေဖန်မှုမှ သင်ယူခြင်း

23.01.2022

ဆုန်းယွိ နယ်သာလန်နိုင်ငံ

ဒီနှစ် မေလမှာ အစ်မတစ်ယောက်က ကျွန်မကို သတင်းပို့တယ်။ အသင်းတော်ခေါင်းဆောင် အနည်းဆုံး သုံးယောက်က လက်တွေ့အလုပ်ကိုမလုပ်တဲ့ အယောင်ဆောင်ခေါင်းဆောင်တွေ ဖြစ်နေကြပြီး ညီအစ်ကိုမောင်နှမတွေက ဒီအယောင်ဆောင်ခေါင်းဆောင်တွေကို မရိပ်စားမိနိုင်ကြဘူးလို့ သူ့ကို အစ်မလုက ပြောတယ်တဲ့။ သူသတင်းပို့တာကြားပြီးတဲ့နောက် အစ်မလုက အရမ်းမာနထောင်လွှားတယ်လို့ ကျွန်မ ကိုယ့်ဘာသာ တွေးမိလိုက်တယ်။ ဒီအသင်းတော်ခေါင်းဆောင်သုံးယောက်က တကယ်ကို ပြဿနာတစ်ခုဖြစ်နေရင် သူတို့ကို ဟိုးအရင်ကတည်းက လူစားလဲပြီးဖြစ်နေမှာမဟုတ်ဘူးလား ပေါ့။ သူတို့နောက်ကွယ်မှာ ဒီအသင်းတော်ခေါင်းဆောင်သုံးယောက်က အယောင်ဆောင်ခေါင်းဆောင်တွေသာ ဖြစ်တယ်လို့ အစ်မလုက အခိုင်အမာပြောတယ်။ ဒီလိုလုပ်တာဟာ သူက ခေါင်းဆောင်တွေကို ဝေဖန်နေတာ မဟုတ်ဘူးလား ပေါ့။ ကျွန်မ အစ်မလုအပေါ် အမြင်တစ်မျိုးရှိလာတယ်။ သူ့မှာ လူ့သဘာဝကောင်းမရှိနိုင်ဘူးလို့ ကျွန်မ ထင်မိတယ်။ အဲဒီနောက်မှာ အစ်မလုရဲ့ ပုံမှန်အပြုအမူနဲ့ လူ့သဘာဝကို သိရဖို့၊ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို သူတို့နောက်ကွယ်မှာ ပြဿနာတွေ ထောက်ပြရတာကို နှစ်သက်သလားသိရဖို့ ကျွန်မ သွားကြည့်တယ်။ ကျွန်မ စပြီး စူးစမ်းကြည့်တော့ ညီအစ်ကိုမောင်နှမတွေကြားမှာ အစ်မလုက ခေါင်းဆောင်တစ်ယောက်က ပိုင်းခြားသိမြင်မှုကင်းမဲ့ပြီး လက်တွေ့အလုပ်ကို မလုပ်ဘူးလို့ ပြောတာကို ကျွန်မ သိရတယ်။ ဒါကြောင့်မို့ အစ်မလုက မကောင်းတဲ့ ရည်ရွယ်ချက်တွေရှိနေပြီး သူကိုယ်တိုင် ခေါင်းဆောင်ဖြစ်ချင်လို့၊ ညီအစ်ကိုမောင်နှမတွေရှေ့မှာ ခေါင်းဆောင်တွေကို အမြဲတမ်း ဝေဖန်တယ်၊ အသင်းတော်ရဲ့ အစီအစဉ်ကို နှောင့်ယှက်ပြီး ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေရဲ့အလုပ်ကို တားဆီးဖို့အတွက် ခေါင်းဆောင်တွေအပေါ် မလိုမုန်းထားမှုကို ဖြန့်နေတယ်လို့ ကျွန်မ ပိုပြီးတော့တောင် တော်တော် သံသယဖြစ်လာတယ်။ အစ်မလုက အသင်းတော်အလုပ်ကို တကယ် ကာကွယ်ချင်တယ်ဆိုရင် အသင်းတော်မှာ အယောင်ဆောင်ခေါင်းဆောင်တွေ ရှိတာကို သူမြင်တဲ့အခါ သူတို့ရဲ့ အထက်လူကြီးတွေကို သူ တင်ပြရမယ်။ အဲဒီနောက်မှာ သူတို့အထက်လူကြီးတွေက အခြေအနေကို စူးစမ်းလေ့လာပြီး အတည်ပြုမယ်။ တခြားယုံကြည်သူတွေ ဘယ်လိုထင်မြင်လဲဆိုတာကိုလည်း မေးမယ်။ တကယ်ပဲ အယောင်ဆောင်ခေါင်းဆောင် တစ်ယောက်ရှိတာကို သူတို့သိရရင် သူတို့က သင့်တော်သလို ကိုင်တွယ်နိုင်မှာပဲလေ။ ဒါပေမဲ့ အစ်မလုက အခြေအနေကို သူတို့အထက်ခေါင်းဆောင်တွေကို မတင်ပြခဲ့ဘူး။ အဲဒီအစား သူက ညီအစ်ကိုမောင်နှမတွေကြားမှာ အဲဒီခေါင်းဆောင်တွေရဲ့ ပြဿနာတွေအကြောင်းကို အဆက်မပြတ်ပြောတယ်။ သူလုပ်နေတာက ခေါင်းဆောင်တွေကို ဝေဖန်နေတာပဲ။ အဲဒါနဲ့ ကျွန်မ အစ်မလုနဲ့ မိတ်သဟာယပြုဖို့ သူ့ဆီသွားတယ်။ ကျွန်မ သူ့ကိုပြောလိုက်တယ်။ “ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေက ပြဿနာတွေရှိတာကို တွေ့ရင် အထက်ကို တင်ပြသင့်တယ်။ ညီအစ်ကိုမောင်နှမတွေရှေ့မှာ သတိလက်လွတ် မပြောသင့်ဘူး။ အစ်မက ဒီလိုလုပ်တော့ သူတို့က ခေါင်းဆောင်တွေအပေါ် မလိုမုန်းထားပြီး၊ ခေါင်းဆောင်တွေရဲ့အလုပ်ကို ပူးပေါင်းလုပ်ဆောင်ဖို့ ငြင်းဆန်ကြလိမ့်မယ်။ ဒီအပြုအမူက အသင်းတော်အလုပ်ကို ပျက်စီးစေပါတယ်။ ပြီးတော့ အစ်မက ခေါင်းဆောင်တချို့ရဲ့ ပြဿနာတွေကို သူတို့နောက်ကွယ်မှာ ပြောတယ်။ ဒါက ခေါင်းဆောင်တွေကို ဝေဖန်နေတာပဲ” ဆိုပြီးတော့။ ဒါတွေကို ပြောတဲ့အပေါ်မှာ သူ့ရဲ့ ရည်ရွယ်ချက်နဲ့ ပန်းတိုင်တွေကို ဆင်ခြင်သုံးသပ်ဖို့ ပြောလိုက်တယ်။ နောက်ဆုံးမှာ ကျွန်မ သူ့ကို သတိပေးလိုက်တယ်။ “အစ်မက ဒီလိုမျိုး ခေါင်းဆောင်တွေနောက်ကွယ်မှာ သူတို့ကို ဆက်ပြီး ဝေဖန်နေပြီးတော့ အသင်းတော်အလုပ်ကို အနှောင့်အယှက်ဖြစ်စေရင် အစ်မရဲ့ တာဝန်ကို ထမ်းဆောင်ရဖို့ အခွင့်အရေး ဆုံးရှုံးရနိုင်တယ်” ပေါ့။ ကိစ္စတွေကို အစ်မလုနဲ့ ကျွန်မ ကိုင်တွယ်ပြီးတဲ့နောက်မှာ ကျွန်မက ခေါင်းဆောင်အဖြစ် ကျွန်မတာဝန်ကို ဖြည့်ဆည်းခဲ့တယ်၊ အသင်းတော်အလုပ်ကို ကျွန်မ ကာကွယ်နေတယ်လို့ ခံစားခဲ့ရတယ်။

မမျှော်လင့်ဘဲနဲ့ တစ်နေ့ အစည်းအဝေးတစ်ခုမှာ အထက်ပိုင်း ခေါင်းဆောင်တစ်ယောက်က ရုတ်တရက် ကျွန်မကို မေးတယ်။ “အစ်မလုကို ဘာလို့ သူ့တာဝန်တွေကနေ ထုတ်လိုက်တာလဲ။ သူက ဘာအမှားလုပ်ခဲ့လို့လဲ” တဲ့။ ဒီလိုရုတ်တရက်မေးလိုက်တော့ ကျွန်မ ဇဝေဇဝါဖြစ်သွားတယ်။ ကျွန်မ စဉ်းစားတယ်။ “ငါ အစ်မလုကို ဘယ်တုန်းကမှ မထုတ်ပါဘူး။ သူ လူစားလဲခံရရင် ဒါနဲ့ပတ်သက်ပြီး ငါဘာမှမသိဘူး” ပေါ့။ နောက်တော့ ခေါင်းဆောင်က ကျွန်မကိုပြောတယ်။ အစ်မလုတင်ပြတဲ့ ပြဿနာတွေက တကယ်ဖြစ်တာတွေ တဲ့။ သူတင်ပြတဲ့ ခေါင်းဆောင်တွေက တကယ်ကို လူစားလဲဖို့လိုတဲ့ အယောင်ဆောင်ခေါင်းဆောင်တွေတဲ့။ အဲဒီနောက်မှာ ကျွန်မက အစ်မလုနဲ့ပတ်သက်တဲ့ကိစ္စတွေကို ကိုင်တွယ်ပုံမှာ တစ်ဖက်သတ်ဆန်လွန်းတဲ့အတွက် ခေါင်းဆောင်က ကျွန်မကို ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ သူကပြောတယ်။ ခေါင်းဆောင်တချို့ရဲ့ ပြဿနာတွေကို တိုင်ကြားတာသက်သက်နဲ့ ကျွန်မက သူဟာ ခေါင်းဆောင်တွေကို ထင်ရာမြင်ရာ ဝေဖန်ပြီး မကောင်းတဲ့လူ့သဘာဝရှိတယ်လို့ သတ်မှတ်ခဲ့တယ် ပေါ့။ ကျွန်မရဲ့ လုပ်ရပ်တွေက ဘုရားသခင်ရွေးချယ်ထားသူတွေကို ဖိနှိပ်ပြီး ရှုတ်ချနေတာနဲ့ အတူတူပဲ။ စီစီပီလုပ်တာနဲ့ ဘာမှမကွာဘူး။ “အကြမ်းဖက် ဖိနှိပ်ခြင်း” အခြေအနေကို ဖန်တီးပြီး အဲဒီထဲမှာ အမှန်ကို ပြောတဲ့ဘယ်သူကိုမဆို ဖိနှိပ်ခံရပြီး၊ အပြစ်ဒဏ်ပေးခံရတာပဲ တဲ့။ ခေါင်းဆောင်က ကျွန်မကို ကိုင်တွယ်ဖြေရှင်းပြီးတဲ့နောက်မှာ လက်ခံဖို့ ခက်ခဲခဲ့ပါတယ်။ ကျွန်မက ကြောက်စရာ ပတ်ဝန်းကျင်ကို ဖန်တီးနေတာမဟုတ်သလို အစ်မလုကို အပြစ်ဒဏ်ပေးချင်တယ်လို့လည်း သေချာပေါက် မထင်ပါဘူး။ ဒါ့အပြင် အစ်မလုကို လူစားလဲလိုက်တာက သူ့အသင်းတော်က ခေါင်းဆောင်တွေပါ။ ကျွန်မက ဒီထဲမှာ လုံးဝ တိုက်ရိုက်မပတ်သက်ဘူးလေ။ အဲဒါနဲ့ ကျွန်မက ဘယ်လိုလုပ်ပြီး စီစီပီနဲ့ အတူတူဖြစ်သွားတာလဲ ပေါ့။

အဲဒီနောက်မှာ ဘာကြောင့် ခေါင်းဆောင်က ကျွန်မကို ဒီလိုကိုင်တွယ်ဖြေရှင်းတာလဲလို့ တွေးနေတာကို မရပ်နိုင်ဘူး။ ကျွန်မ ပြဿနာက ဘယ်နေရာမှာ ပေါ်နေတာလဲ ပေါ့။ ကျွန်မရဲ့ ခေါင်းဆောင် ပြောခဲ့တာကို ပြန်တွေးမိတယ်၊ ကျွန်မက အစ်မလုရဲ့ လုပ်ရပ်တွေကို “ခေါင်းဆောင်တွေကို ဝေဖန်မှု” လို့ ဖော်ပြပြီးတဲ့နောက် ချက်ချင်းပဲ သူဖိနှိပ်ခံရပြီး အထုတ်ခံရတယ်ဆိုတာကိုပေါ့။ ကျွန်မက သူ့ကို အဲဒီလိုပုံစံနဲ့ မပြောရင် သူက အလွယ်တကူ အထုတ်ခံရမလားပေါ့။ ဆင်ခြင်သုံးသပ်ရင်းနဲ့ ကျွန်မ ဒါကို ချင့်ချိန်စဉ်းစားတယ်။ ကျွန်မ တွေးမိတယ်။ ကျွန်မက အစ်မလုကို ထုတ်တဲ့သူမဟုတ်ပေမဲ့ ကျွန်မက သူ့ကို တမင်အပြစ်ဒဏ်ပေးပြီး မဖိနှိပ်ပေမဲ့ ကျွန်မက ခေါင်းဆောင်တစ်ယောက်ဖြစ်တာကြောင့် သူ့ပြဿနာကို “ခေါင်းဆောင်တွေကို ထင်ရာမြင်ရာဝေဖန်ခြင်း” လို့ သတ်မှတ်ဖော်ပြပြီးတဲ့နောက် ကျွန်မတို့ ညီအစ်ကိုမောင်နှမတွေက သူ့အပေါ် အမြင်မကောင်းနိုင်တော့ဘူး။ ဒီတော့ သူ့တာဝန်တွေမှာ ပြဿနာတချို့ ပေါ်လာတဲ့အခါ သူ့ရဲ့ အသင်းတော်ခေါင်းဆောင်တွေက သူဟာ လူတွေကို ဝေဖန်ရတာ နှစ်သက်တယ်၊ မကောင်းတဲ့ လူ့သဘာဝရှိတယ်၊ တာဝန်ကို မကောင်းမကန်းလုပ်တယ်လို့ မြင်ပြီး သူ့ကို ထုတ်ပယ်လိုက်တာပဲ။ သူအထုတ်ခံရဖို့ဖြစ်လာတဲ့ ဖြစ်ရပ်ကွင်းဆက်တွေ ဖြစ်လာတာဟာ သူ့အပေါ် ကျွန်မရဲ့ အဆုံးအဖြတ်ကြောင့်ပဲ။ ဒါပေမဲ့ သူက “ခေါင်းဆောင်တွေကို ဝေဖန်မှု” အတွက် အပြစ်ရှိတယ်ဆိုတဲ့ သတ်မှတ်ချက်အတွက် ကျွန်မရဲ့ အခြေပြုချက်က ဘာလဲ။ သူလုပ်ခဲ့တာက တကယ်ပဲ လူတွေကို ဝေဖန်နေတာလား။ ဒီမေးခွန်းတွေကို ကျွန်မ ဆင်ခြင်သုံးသပ်ရင်းနဲ့ ကျွန်မမှာ လွဲမှားနေတဲ့ အမြင်တချို့ရှိတာကို တွေ့လိုက်ရတယ်။ ခေါင်းဆောင်တွေကို တိုင်ကြားတာက နည်းလမ်းစဉ် တစ်ခုအရ လုပ်ရမယ်လို့ ကျွန်မက ထင်ခဲ့တာ။ သက်ဆိုင်တဲ့သူကို တိုက်ရိုက် အကြံဉာဏ် ပေးတာပဲဖြစ်ဖြစ်၊ ပြဿနာကို သူတို့ အထက်ခေါင်းဆောင်တွေကို တင်ပြပြီး သူတို့ကို စုံစမ်းကိုင်တွယ်စေတာပဲ ဖြစ်ဖြစ်ပေါ့။ ဒီလိုမဟုတ်ရင် ခေါင်းဆောင်တွေကို သူတို့နောက်ကွယ်မှာ ဝေဖန်နေတာပဲလို့ ကျွန်မ ထင်ခဲ့တယ်။ မတူတဲ့ ခေါင်းဆောင်လေးယောက်မှာ ပြဿနာတွေရှိတယ်လို့ အစ်မလုကပြောတယ်။ ဒါပေမဲ့ သူက ခေါင်းဆောင်တွေကိုယ်တိုင်ကို မပြောဘူး။ သူတို့အထက်လူကြီးတွေဆီကို ပြဿနာကို မတင်ပြဘူး။ အဲဒီအစား သူက ဒီခေါင်းဆောင်တွေအကြောင်းကို ညီအစ်ကိုမောင်နှမတွေဆီ ခဏခဏပြောပြတယ်။ သူတို့က လက်တွေ့အလုပ်ကိုမလုပ်ဘူး၊ အယူဝါဒတွေကိုပဲပြောတယ်၊ အယောင်ဆောင်ခေါင်းဆောင်တွေဖြစ်တယ်လို့ပြောတယ်။ သူ့အပြုအမူက ခေါင်းဆောင်တွေကို ဝေဖန်တာဖြစ်တယ်လို့ ကျွန်မက ထင်ပြီး အစ်မလုပြောနေတဲ့ ဒီခေါင်းဆောင်တွေနဲ့ပတ်သက်တဲ့ ပြဿနာတွေက စစ်မှန်သလားဆိုတာကို တကယ်မလေ့လာဘဲနဲ့ ဒီအပြုအမူအပေါ် အခြေခံပြီး သူ့ကို ကျွန်မ ရှုတ်ချခဲ့တယ်။ အစ်မလုပြောတာက မှန်တယ်ဆိုရင် ဒီလူလေးယောက်က အယောင်ဆောင်ခေါင်းဆောင်တွေပဲ။ သူက အယောင်ဆောင်ခေါင်းဆောင်တွေကို ဖော်ထုတ်ဖို့ ဒီလိုလုပ်နေတာပဲ။ သူက သမ္မာတရား စည်းမျဉ်းတွေကို ထိန်းသိမ်းပြီး မျှမျှတတနဲ့ လုပ်ဆောင်နေတာ။ ဒါဟာ သူက ဘုရားအိမ်တော်ရဲ့အလုပ်အတွက် တာဝန်ယူနေတာဖြစ်ပြီး ကာကွယ်ပေးနေတယ်ဆိုတဲ့ သဘောပဲ။ အယောင်ဆောင်ခေါင်းဆောင်တွေရဲ့ ဂုဏ်အဆင့်အတန်းနဲ့ အာဏာကို မကြောက်ဘဲ ပြဿနာတွေကို မှန်မှန်ကန်ကန် တင်ပြနိုင်ပြီး အမှန်တရားကို ပြောရဲသူဟာ ဘုရားအိမ်တော်မှာရှိတဲ့ လူကောင်းတစ်ယောက်၊ ကျွန်မတို့ ပျိုးထောင်သင့်တဲ့သူတစ်ယောက်ပါ။ သူတို့တင်ပြတဲ့ ပြဿနာတွေက အချက်အလက်တွေနဲ့ မကိုက်ဘူး၊ ခေါင်းဆောင်နဲ့ အမှုဆောင်တွေကို မမှန်မကန် စွပ်စွဲနေတာဆိုရင် ဒါဟာ အသရေဖျက်ပြီး အမှုဆင်တာ၊ လူတွေကို ထင်ရာမြင်ရာ ဝေဖန်နေတာ၊ အသင်းတော်အလုပ်ကို နှောင့်ယှက်နေတာပဲ။ ဒီလိုလူက စည်းမျဉ်းနဲ့အညီ ကိုင်တွယ်ဖို့လိုတဲ့ မကောင်းတဲ့ လူ့သဘာဝရှိတဲ့ မကောင်းမှုပြုသူတစ်ယောက်ပဲ။ အခု အစ်မလု တိုင်ကြားတဲ့ ခေါင်းဆောင်တွေက တကယ်ပဲ လက်တွေ့အလုပ်ကိုမလုပ်တဲ့ အယောင်ဆောင်ခေါင်းဆောင်တွေဆိုတာ အချက်အလက်တွေက သက်သေပြပါတယ်။ သူတင်ပြတဲ့အရာမှန်သမျှက အချက်အလက်တွေနဲ့ ကိုက်ညီတယ်။ သူက ခေါင်းဆောင်တွေကို လုံးဝ ဝေဖန်နေတာမဟုတ်ပါဘူး။ သူက အမှန်တရားကို ပြောနေတာဖြစ်ပြီး အယောင်ဆောင်ခေါင်းဆောင်တွေကို ဖော်ထုတ်နေတာပါ။ တရားမျှတတဲ့ စိတ်ရှိတဲ့ ဒီလိုလူတစ်ယောက်က ပံ့ပိုးခံရသင့်တယ်။ ပေါ့ပေါ့ဆဆနဲ့ စွပ်စွဲပြီး ရှုတ်ချတာမခံရသင့်ဘူး။ အဲဒီအချိန်တုန်းက အယောင်ဆောင်ခေါင်းဆောင်တွေကို ဖော်ထုတ်ခြင်းနဲ့ လူတွေကို ဝေဖန်ခြင်းက ဘာကိုဆိုလိုတယ်ဆိုတာ ကျွန်မ နားမလည်ခဲ့ဘူး။ ကျွန်မမှာ ကိစ္စတွေဖြစ်လာတော့ စည်းမျဉ်းတွေကို မရှာဖွေခဲ့ဘူး။ စိတ်နှလုံးထဲမှာ ဘုရားကို ကြောက်ရွံ့ခြင်းမရှိခဲ့ဘူး။ လူကောင်းတစ်ယောက်ကိုပဲ ထင်ရာမြင်ရာ ရှုတ်ချခဲ့တယ်။ အစ်မလု အထုတ်ခံရတာက စည်းမျဉ်းနဲ့ မညီတာကို ကျွန်မခေါင်းဆောင်က တွေ့ပြီး၊ အချိန်မီသာ မတားလိုက်ရင်၊ ကျွန်မ ဆိုးယုတ်တာတစ်ခုကို လုပ်မိခဲ့မှာပဲ။ ဒါကို ဆင်ခြင်သုံးသပ်ရင်းနဲ့ ကျွန်မ မှားတယ်ဆိုတာ သဘောပေါက်တော့ ကိုယ့်ကိုယ်ကိုယ် အရမ်းအပြစ်တင်မိသလို ခံစားရတယ်။ အဲဒါနဲ့ ဘုရားရဲ့ ပြုပြင်ခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းခြင်းကို လက်ခံဖို့ ကျွန်မရဲ့ လိုလားမှုကို ဖော်ပြဖို့အတွက် ဘုရားရှေ့ကိုသွားပြီး ဆုတောင်းခဲ့ပြီးတော့ ကျွန်မကိုယ်တိုင်ရဲ့ ဖောက်ပြန်ပျက်စီးမှုအပေါ် သိမြင်မှုကို ရရှိဖို့အတွက် ဘုရားရဲ့လမ်းပြမှုကို တောင်းလျှောက်ခဲ့ပါတယ်။

ကျွန်မ ဝတ်ပြုနေတဲ့အချိန်အတောအတွင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေ့တယ်။ “ဘာသာရေး အစေခံခြင်းကို သန့်စင်ရမည်” ဆိုတာရဲ့ ဒုတိယအပိုဒ်ပါ။ “ဘုရားသခင်ကို အစေခံခြင်းသည် ရိုးစင်းသည့် အလုပ်မဟုတ်ချေ။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မပြောင်းလဲဘဲ ရှိနေသောသူတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ အစေမခံနိုင်ပေ။ သင်၏ စိတ်သဘောထားသည် ဘုရားသခင်၏နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို မခံရသေးပါက၊ သင်၏ စိတ်သဘောထားသည် စာတန်ကို ကိုယ်စားပြုနေဆဲဖြစ်သည်၊ ယင်းက သင်သည် သင်ကိုယ်တိုင်၏ ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် ဘုရားသခင်ကို အစေခံသည်၊ သင်၏ အစေခံခြင်းသည် သင်၏စာတန်ဆန်သော သဘာဝအပေါ် အခြေခံထားသည်ကို သက်သေပြပေသည်။ သင်သည် သင်၏ သဘာဝအလျောက်ဖြစ်သော စရိုက်လက္ခဏာဖြင့်လည်းကောင်း၊ သင်၏ ပုဂ္ဂိုလ်ရေး အကြိုက်များအရလည်းကောင်း ဘုရားသခင်ကို အစေခံသည်။ ထိုထက်ပို၍၊ သင်လုပ်ဆောင်ရန် လိုလားနေသည့် အရာများသည် ဘုရားသခင်အဖို့ နှစ်သက်ဖွယ်ကောင်းသော အရာများဖြစ်ပြီး၊ သင် လုပ်ဆောင်ရန် ဆန္ဒမရှိသည့် အရာများသည် ဘုရားသခင်အဖို့ မုန်းတီးဖွယ်ရာများ ဖြစ်သည်ဟု သင် အမြဲ တွေးထင်လေသည်။ သင်သည် သင်၏ ကိုယ်ပိုင် အကြိုက်များအတိုင်းသာ လုံးလုံး အလုပ်လုပ်ပေသည်။ ဤအရာကို ဘုရားသခင်အား အစေခံခြင်းဟု ခေါ်ဆိုနိုင်သလော။ နောက်ဆုံးတွင်၊ သင်၏ အသက်စိတ်သဘောထား၌ ပြောင်းလဲခြင်း အနည်းငယ်မျှ ရှိလိမ့်မည်မဟုတ်။ ယင်းအစား၊ သင်၏ အစေခံခြင်းသည် သင့်ကို သာ၍ပင် ခေါင်းမာစေလိမ့်မည်ဖြစ်သည်၊ ဤအကြောင်းကြောင့် သင်၏ ဖောက်ပြန်ပျက်စီးခြင်းသည် နက်နက်ရှိုင်းရှိုင်း အရိုးစွဲနေကာ၊ ထိုသို့ဖြင့် သင်၏ ကိုယ်ပိုင် စရိုက်လက္ခဏာနှင့် သင်၏ကိုယ်ပိုင် စိတ်သဘောထား အတိုင်း အစေခံခြင်းမှ ရရှိခဲ့သည့် အတွေ့အကြုံများအပေါ် အဓိက အခြေခံသည့်၊ ဘုရားသခင်အား အစေခံခြင်းနှင့် ပတ်သက်သည့် စည်းမျဉ်းများသည် သင်၏အတွင်းတွင် ဖြစ်ပေါ်လိမ့်မည်ဖြစ်သည်။ ဤအရာများသည် လူသား၏ အတွေ့အကြုံများနှင့် သင်ခန်းစာများ ဖြစ်သည်။ ယင်းသည် လောကထဲ၌ အသက်ရှင်ခြင်းနှင့်ဆိုင်သည့် လူသား၏ အတွေးအခေါ်ဖြစ်သည်။ ဤသို့သော လူတို့ကို ဖာရိရှဲနှင့် ဘာသာရေး အရာရှိများအဖြစ် အမျိုးအစား သတ်မှတ်နိုင်‌ပေသည်။ ၎င်းတို့သည် လုံးဝ မနိုးထသကဲ့သို့ နောင်တမရပါက၊ နောက်ဆုံးသော ကာလတွင် လူတို့ကို လှည့်ဖြားသည့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူများနှင့် အန္တိခရစ်များအဖြစ်သို့ ဧကန်မုချ ပြောင်းလဲသွားကြလိမ့်မည်။ အဆိုပါ ခရစ်တော်၏ အယောင်ကိုဆောင်သောသူများနှင့် အန္တိခရစ်များသည် ထိုသို့သော လူများကြားမှ ထွက်ပေါ်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်ကို အစေခံသော သူတို့သည် မိမိတို့၏ ကိုယ်ပိုင် အကျင့်စရိုက်နောက်လိုက်ပြီး မိမိတို့ကိုယ်တိုင်၏ အလိုဆန္ဒအတိုင်း ပြုမူကြပါက၊ အချိန်မရွေး စွန့်ပစ်ခြင်းခံရနိုင်သည့် အန္တရာယ်ရှိသည်။ အခြားသောသူများ၏ စိတ်နှလုံးများကို သိမ်းသွင်းရန်၊ ၎င်းတို့ကို ဩဝါဒပေးရန်နှင့် ထိန်းချုပ်ရန်၊ ပြီးလျှင် အထက်စီး၌နေရန်၊ ဘုရားသခင်အား အစေခံရာတွင် ရရှိထားသော ၎င်းတို့၏ နှစ်များစွာ အတွေ့အကြုံကို အသုံးချသောသူများ- ပြီးလျှင် မည်သည့်အခါမျှ နောင်တမရသောသူများ၊ မိမိတို့၏ အပြစ်များကို မည်သည့်အခါတွင်မျှ ဝန်မချသောသူများနှင့် ရာထူးနေရာ၏ အကျိုးကို မည်သည့်အခါမျှ မစွန့်လွှတ်သောသူများ- ဤလူများသည် ဘုရားသခင်ရှေ့မှောက်တွင် လဲကျကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ဝါရင့်မှုကြောင့် ရောင့်တက်ကာ၊ ၎င်းတို့၏ အရည်အချင်းများကို ကြွားလုံးထုတ်ရင်း၊ ပေါလုနှင့် တစ်မျိုးတစ်စားတည်း ဖြစ်ကြ၏။ ဘုရားသခင်သည် ဤသို့သော လူများကို စုံလင်ခြင်းသို့ ရောက်စေလိမ့်မည် မဟုတ်ပေ။ ထိုသို့သော အစေခံခြင်းသည် ဘုရားသခင်၏ အမှုကို ဝင်ရောက်စွက်ဖက်လေသည်။ လူတို့သည် ဟောင်းသောအရာကို အမြဲ ဖက်တွယ်ကြ၏။ ၎င်းတို့သည် အတိတ်၏ အယူအဆများ၊ ကုန်လွန်သွားသော အချိန်ကာလများမှ အရာရာတိုင်းကို ဖက်တွယ်ကြလေသည်။ ဤသည်မှာ ၎င်းတို့၏ အစေခံခြင်းအတွက် ကြီးမားသည့် အတားအဆီး ဖြစ်ပေသည်။ သင်သည် ထိုအရာများကို မဖယ်ရှားနိုင်ပါက၊ ဤအရာများသည် သင့်ဘဝတစ်ခုလုံးကို ပိတ်ဆို့လိမ့်မည်။ ဘုရားသခင်သည် သင် ပြေးလွှားနေရင်း သင်၏ ခြေထောက်များ ကျိုးလျှင် သို့မဟုတ် အလုပ်ကြမ်းဖြင့် သင်၏ ကျောရိုး ကျိုးလျှင်ပင်၊ ဘုရားသခင်အား သင်၏အစေခံရာ၌ သင်သည် ညှဉ်းဆဲသတ်ဖြတ်ခံရလျှင်ပင်၊ သင့်ကို အနည်းငယ်မျှပင် ချီးကျူးလိမ့်မည် မဟုတ်ပေ။ အတော်အတန် ဆန့်ကျင်လျက်- သင်သည် မတရားသဖြင့် ကျင့်သောသူတစ်ဦး ဖြစ်သည်ဟု ဘုရားသခင် ပြောလိမ့်မည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ကျွန်မအခြေအနေကို အတိအကျ ထုတ်ဖော်ပြပါတယ်။ ကျွန်မက အချိန်အတော်ကြာ ခေါင်းဆောင်ဖြစ်ခဲ့တာကြောင့် ကျွန်မက အတွေ့အကြုံအများကြီးရှိတယ် စည်းမျဉ်းတွေကို နားလည်မှုနည်းနည်းရှိတယ်၊ ကျွန်မ အတွေ့အကြုံတွေကနေ သင်ယူရခဲ့တယ်လို့ ခံစားမိပြီး လူတွေ၊ အမှုကိစ္စတွေကို ဘယ်လိုမြင်ရမယ်ဆိုတာ၊ ပြဿနာတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာသိတယ်လို့ ထင်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ ကျွန်မ ပိုပိုပြီး မာနထောင်လွှားလာတယ်။ ကျွန်မစိတ်နှလုံးမှာ ဘုရားအတွက် နေရာမရှိတော့ဘူး။ အမှုကိစ္စတွေဖြစ်ပျက်တဲ့အခါမှာ ဘာဖြစ်နေသလဲဆိုတာ ခြုံငုံပြီး ကျွန်မ သိတယ်လို့ ထင်ခဲ့တယ်။ အဲဒါကြောင့် ကျွန်မမှာ အမြဲတမ်း ကိုယ်ပိုင်အယူအဆရှိခဲ့တယ်။ ကျွန်မက မှန်တယ်၊ ကိစ္စတွေကို နည်းလမ်းတစ်ခုခုနဲ့ လုပ်ရမယ်လို့ အမြဲတမ်း ယုံကြည်ခဲ့တယ်။ စည်းမျဉ်းတွေကို ရှာဖွေဖို့ ဆုမတောင်းခဲ့ဘူး။ ကျွန်မက မှန်တယ်လို့ ထင်တဲ့ပုံစံအတိုင်းပဲ လက်တွေ့လုပ်ဆောင်ခဲ့တယ်။ အစ်မလုရဲ့ ပြဿနာတွေကို ကျွန်မဆီ တင်ပြတဲ့အခါမှာ ဘုရားကို လုံးဝ ဆုမတောင်းခဲ့ဘူး။ သမ္မာတရားကို ဘယ်လိုလက်တွေ့လုပ်ဆောင်ရမယ်၊ ဒီကိစ္စမှာ စည်းမျဉ်းတွေနဲ့အညီ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ မရှာဖွေခဲ့ဘူး။ ကျွန်မရဲ့ ပထမဆုံး တုံ့ပြန်မှုက ဒါဟာ သူများတွေကို ဝေဖန်တဲ့ ပြဿနာ၊ သူ့ရဲ့ လူ့သဘာဝနဲ့ဆိုင်တဲ့ ပြဿနာပဲ ပေါ့။ အဲဒါနဲ့ သူ့လူ့သဘာဝက ဆိုးသလားဆိုတာ၊ သူများတွေနဲ့ ဆက်ဆံတဲ့အခါမှာ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေရဲ့ ပြဿနာတွေကို ခဏခဏပြောသလားဆိုတာကိုပဲ တိတိကျကျသိရအောင်လုပ်ခဲ့တယ်။ အစ်မလုက နောက်ထပ်ခေါင်းဆောင်တစ်ယောက်ရဲ့ ပြဿနာတွေအကြောင်းကိုလည်း ပြောနေတာကို ကျွန်မ သိရတဲ့အခါ သူ့ကို “လူတွေကို ဝေဖန်နေ” ပြီး အသင်းတော်အလုပ်ကို ဖျက်ဆီးနေတယ်လို့ ထင်ရာမြင်ရာ သတ်မှတ်ခဲ့တယ်။ စည်းမျဉ်းတွေအရ ကျွန်မက ပတ်သက်နေတဲ့လူတွေဆီကိုသွားပြီး ဒီခေါင်းဆောင်တွေအကြောင်း သူပြောတာကို လေ့လာစုံစမ်းသင့်တယ်။ သူတို့က လက်တွေ့အလုပ်ကိုလုပ်သလားဆိုတာ၊ အယောင်ဆောင်ခေါင်းဆောင်တွေလားဆိုတာ ကျွန်မ သိအောင်လုပ်ခဲ့သင့်တယ်။ ကိစ္စကို တိတိကျကျ ဆုံးဖြတ်ဖို့အတွက် အစ်မလုပြောတာက မှန်သလားဆိုတာကို အတည်ပြုခဲ့သင့်တယ်။ ဒါပေမဲ့ ကျွန်မကိုယ်တိုင်ရဲ့ မာနထောင်လွှားတာ၊ ကိုယ့်ကိုယ်ကိုယ် အမှန်ထင်တာ၊ အလျင်စလိုအပြုအမူတွေကြောင့် ဒီကိစ္စမှာ စည်းမျဉ်းကို မရှာဖွေခဲ့ဘူး။ စိတ်နှလုံးထဲမှာ ဘုရားကို ကြောက်ရွံ့ခြင်းမရှိဘူး။ မမြင်မကန်းနဲ့ ထင်ရာမြင်ရာ သူ့ကို သရုပ်ဖော်ခဲ့တယ်။ ဒါကြောင့်မို့ သူ လူစားထိုးခံရတယ်။ ဖိနှိပ်ခံရပြီး ဖယ်ကြဉ်ခံခဲ့ရတယ်။ လူကောင်းတစ်ယောက်ကို ဖျက်ဆီးလုနီးပါးလုပ်ခဲ့မိတယ်။ ခေါင်းဆောင်နဲ့ အမှုဆောင်တွေရဲ့ ပြဿနာတွေကို တင်ပြရာမှာ ဘုရားရွေးချယ်ထားသူတွေကို ပံ့ပိုးဖို့ လိုအပ်တယ်၊ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေဆီကို ထင်မြင်ချက်တွေပေးတဲ့သူတွေကို ကာကွယ်ဖို့၊ ဘုရားသခင်ရွေးချယ်ထားသူတွေက ခေါင်းဆောင်နဲ့ အမှုဆောင်တွေကို တိုင်ကြားတဲ့အခါမှာ နှံ့နှံ့စပ်စပ်၊ ရှင်းရှင်းလင်းလင်း လေ့လာစုံစမ်းဖို့၊ ကိစ္စတွေကို စည်းမျဉ်းနဲ့အညီ မျှမျှတတ ကိုင်တွယ်ဖို့လိုအပ်တယ်ဆိုပြီး ဘုရားအိမ်တော်က ထပ်ခါထပ်ခါ အလေးပေးပြောဆိုထားတယ်။ ဒါပေမဲ့လည်း ကျွန်မက ကိုယ့်ရဲ့ မာနထောင်လွှားတဲ့သဘာဝရဲ့ ထိန်းချုပ်တာကို ခံရလို့၊ လူတစ်ယောက်ကို ကိုယ်ထင်သလို တံဆိပ်ကပ်ခဲ့တယ်။ စည်းမျဉ်းနဲ့အညီ မဆောင်ရွက်ခဲ့ဘူး။ လူကောင်းတစ်ယောက်ကို ဖိနှိပ်ခဲ့တယ်။ အယောင်ဆောင်ခေါင်းဆောင်တွေကို ကာကွယ်ပြီး သည်းခံခဲ့တယ်။ ဘုရားအိမ်တော်ရဲ့ အလုပ်အစီအစဉ်တွေကို လုံးလုံးလျားလျား ချိုးဖောက်ခဲ့တယ်။ အယောင်ဆောင်ခေါင်းဆောင်တွေက လက်တွေ့အလုပ်ကိုမလုပ်သလို အသင်းတော်အလုပ်ကို ထိခိုက်စေတယ်။ ဒါပေမဲ့ သူတို့ကို ကိုင်တွယ်ရမယ့်အစား ပြဿနာကို တိုင်ကြားတဲ့သူကို ကျွန်မက ရှုတ်ချခဲ့တယ်။ အဲဒါက ကျွန်မကို အဲဒီအယောင်ဆောင်ခေါင်းဆောင်တွေရဲ့ အကာအကွယ်ဖြစ်မသွားစေဘူးလား။ ဒီအယောင်ဆောင် ခေါင်းဆောင်တွေရဲ့ ဆိုးယုတ်မှုကို ကျွန်မမှာလည်းရှိတယ်။ ကျွန်မက စာတန်ရဲ့ ကြံရာပါဖြစ်လာခဲ့တယ်။ ဒါတွေကို ကျွန်မ စဉ်းစားမိတဲ့အခါ ကျွန်မက မာနထောင်လွှားတဲ့စိတ်သဘောထားတစ်ခုကို အခြေခံပြီး တာဝန်ကိုလုပ်နေခဲ့မှန်း၊ ဒါဟာ မကောင်းမှုပြုပြီး ဘုရားကို အာခံနေတာဖြစ်မှန်း သဘောပေါက်ခဲ့ပါတယ်။ ဒီလိုဆက်သွားနေရင် ဘုရားသခင်က ကျွန်မကို ရွံ့ရှာမုန်းတီးပြီး ငြင်းပယ်မှာပဲ။

ကျွန်မ ဆင်ခြင်သုံးသပ်နေရင်းနဲ့ ကျွန်မက စီစီပီလိုမျိုး “အကြမ်းဖက် ဖိနှိပ်ခြင်း” အခြေအနေတစ်ခုကို ဖန်တီးနေတယ်လို့ ခေါင်းဆောင်က ပြောတာကို အမှတ်ရမိတယ်။ ကျွန်မ စဉ်းစားသုံးသပ်ကြည့်လေလေ၊ မှန်တဲ့ပုံပေါ်လေလေပဲ။ လူတွေကို ဝေဖန်တယ်လို့ အစ်မလုကို ကျွန်မ စွပ်စွဲပြီးတဲ့နောက်မှာ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေနဲ့ပတ်သက်ပြီး သူမကျေနပ်တာကို သတိလက်လွတ် မပြောဖို့ ကျွန်မ သူ့ကိုပြောခဲ့တယ်။ ပြီးတော့ သူ ဆက်လုပ်နေရင် သူ့တာဝန်ကို ထိန်းထားနိုင်မှာမဟုတ်ဘူးလို့ သူ့ကို သတိပေးခဲ့တယ်။ ကျွန်မရဲ့ ချဉ်းကပ်မှုက အဆင်းနီသောနဂါးကြီးနဲ့ ဘယ်လိုများ ကွာခြားဦးမှာလဲ။ တရုတ်ပြည်မှာ လွတ်လပ်စွာ ပြောဆိုခွင့်မရှိဘူး။ အစိုးရဝန်ထမ်းတွေအကြောင်း ပြောခွင့်ပေးမထားဘူး။ ပြောတာနဲ့တစ်ပြိုင်နက် ပါတီကို ဆန့်ကျင်သူပဲ။ သူတို့ ကျိုးနွံနာခံပြီးတော့ ထပ်ပြီး မပြောရဲတော့အောင်လို့ ဖမ်းဆီးပြီး နည်းမျိုးစုံနဲ့ နှိပ်စက်မှုမျိုးစုံ ခံရတယ်။ ပါတီကို ဖော်ထုတ်ရဲတဲ့ ဘယ်သူမဆို “နိုင်ငံတော်အာဏာကို ဖြိုဖျက်မှု”နဲ့ စီရင်ချက်ချခံရပြီး ထောင်ချခံရတယ်။ အဆင်းနီသော နဂါးကြီးရဲ့နိုင်ငံက ဘယ်ကပ်ဘေးမဆို၊ စီစီပီကို မျက်နှာသာမပေးတဲ့ ဘယ်သိတင်းမဆို တင်ပြခွင့်မရှိဘူး။ တင်ပြတဲ့ သူ ဘယ်သူမဆိုဟာ “နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှု” ဖြစ်ပြီး အဖမ်းခံရသလို စီရင်ချက်ချခံရမှာ။ အရာရှိတွေက သူတို့တာဝန်တွေမှာ ပေါ့ဆခဲ့ရင်၊ ပျက်ကွက်ရင် လူတွေက သူတို့ကို ဖော်ထုတ်ခွင့်၊ မှတ်ချက်ပေးခွင့်မရှိဘူး။ တစ်ယောက်ယောက်က အွန်လိုင်းမှာ မှတ်ချက်ပေးရင် ပေါ့တဲ့အမှုဆိုရင် ရဲတွေက သူတို့ကို သတိပေး ခြိမ်းခြောက်တယ်။ ဆိုးတဲ့အမှုတွေမှာဆိုရင် ပြစ်မှုနဲ့ တိုက်ရိုက် တရားစွဲပြီး အပြစ်ဒဏ်ပေးခံရတယ်။ စီရင်ချက်ချခံရတယ်။ ဒါတွေအားလုံးက လူတွေကို နှုတ်ပိတ်အောင်လုပ်ပြီး အမှန်ကို ပြောဖို့ ကြောက်နေအောင်လုပ်ဖို့ဖြစ်တယ်။ စိတ်တိုရင် မြိုသိပ်ထားဖို့ပဲရှိတယ်။ လူတွေက မဝံ့မရဲဖြစ်ပြီး ကြောက်ရွံ့နေရတယ်။ လွတ်လပ်စွာပြောဆိုခွင့် ဆုံးရှုံးရတယ်။ ကျွန်မလုပ်ခဲ့တာကို စဉ်းစားကြည့်တော့ အတိအကျကို စီစီပီလိုမျိုး “အကြမ်းဖက် ဖိနှိပ်ခြင်း” အခြေအနေတစ်ခုကို ဖန်တီးနေတာပါပဲ။ တစ်ယောက်ယောက်က ခေါင်းဆောင်တွေအကြောင်း မကောင်းတာတစ်ခုခုပြောရင် သူတို့ကို နှုတ်ပိတ်ပြီး ကြောက်စရာပတ်ဝန်းကျင်တစ်ခုဖန်တီးဖို့အတွက် ခေါင်းဆောင်တွေကို ဝေဖန်တယ်ဆိုပြီး သူတို့ကို ကျွန်မ ထင်သလို စွပ်စွဲတယ်။ ဒီလိုနဲ့ ဘုရားရွေးချယ်ထားသူတွေက မဝံ့မရဲနဲ့ ကြောက်ရွံ့နေရတယ်။ ခေါင်းဆောင်တွေက သူတို့ဘဝတွေကို ခက်ခဲအောင်လုပ်မှာကိုကြောက်လို့ အယောင်ဆောင်ခေါင်းဆောင်တွေကို ဖော်ထုတ်ပြီး မတိုင်ကြားရဲတော့ဘူး။ အစ်မလုက အယောင်ဆောင်ခေါင်းဆောင်တွေကို ဖော်ထုတ်ပြီး တိုင်ကြားခဲ့ပေမဲ့ ကျွန်မက သူ့ကို ဖိနှိပ်ပြီး ရှုတ်ချခဲ့တယ်။ တစ်နေ့မှာ ကျွန်မကိုယ်တိုင်ရဲ့ တာဝန်တွေမှာ ပြဿတွေ၊ သွေဖည်မှုတွေရှိလာပြီးတော့ ကျွန်မ အထက်လူကြီးတွေကို တိုင်ကြားမယ့်အစား ညီအစ်ကိုမောင်နှမတွေက ဒါကို ဆွေးနွေးပြီး သူတို့ကြားထဲမှာ ကျွန်မကို ဖော်ထုတ်ပြီးတော့ ကျွန်မက ဒီအကြောင်းကို ကြားရင် သူတို့က ကျွန်မကို ဝေဖန်တယ်လို့ ဆုံးဖြတ်ပြီး သူတို့ကို အပြစ်ဒဏ်ပေးမှာလား။ သူတို့ကိုရှင်းပစ်ပြီး ထုတ်တောင်ထုတ်ပစ်မှာလား။ ကျွန်မရဲ့ သဘာဝကိုကြည့်ရင် ကျွန်မက သေချာပေါက် အဲဒီလိုလုပ်နိုင်ပါတယ်။ ကျွန်မက နောင်တမရဘဲ ဒီလမ်းကြောင်းအတိုင်းပဲ ဆက်သွားရင် အန္တိခရစ်တစ်ယောက်ဖြစ်လာမယ်။ ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားပြီး ဘုရားရဲ့ ဖယ်ရှားတာကို ခံရမှာပဲ။ ဒါတွေကို ကျွန်မ ဆင်ခြင်ပြီးတဲ့နောက်မှာ ကျွန်မ လုပ်ခဲ့တာတွေကြောင့် ကြောက်လာတယ်။ ကျွန်မက ခေါင်းဆောင်အနေနဲ့ နှစ်နှစ်ကျော် အစေခံခဲ့ပြီးပြီ။ ဘုရားသခင်ရွေးချယ်ထားသူတွေကို ဘယ်တော့မှ မဖိနှပ်ချင်ဘူး၊ အပြစ်ဒဏ်မပေးချင်ခဲ့ဘူး။ ဒါပေမဲ့ ညီအစ်ကိုမောင်နှမတွေကို ကိုယ်ထင်သလို ကျွန်မ ရှုတ်ချနိုင်စွမ်းရှိနေတုန်းပဲ။ တကယ်တော့ လူတစ်ယောက်ကို ကျွန်မ ဖိနှိပ်ပြီးနေပြီ။ ဆိုးယုတ်တာတစ်ခုကို လုပ်ပြီးနေပြီ။ တော်တော်ကို နောင်တရတာကြောင့် ဘုရားရှေ့ကို သွားပြီး ဆုတောင်းခဲ့တယ်။ ကျွန်မက တကယ်ကို နောင်တရဖို့ လိုလားနေပြီး နောင်မှာ ကိစ္စတွေ ဖြစ်ပျက်လာတဲ့အခါ စိတ်နှလုံးထဲမှာ ဘုရားကို ကြောက်ရွံ့စိတ် ရှိချင်တယ်။ သမ္မာတရားကို ပိုရှာဖွေပြီး စည်းမျဉ်းတွေနဲ့အညီ လုပ်ဆောင်ချင်ပါတယ် ပေါ့။

ဒီ ပြုပြင်ခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းခြင်းကတစ်ဆင့် ကျွန်မက မှားနေတဲ့အမြင်တွေကို ကိုင်စွဲမိခဲ့မှန်းလည်း သဘောပေါက်ခဲ့ပါတယ်။ လူတစ်ယောက်က ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရတဲ့အခါ၊ သူတို့တွေက အသင်းတော်ထဲက သာမန်ညီအစ်ကိုမောင်နှမတွေထက်သာပြီး ပြောဆိုခွင့်ရှိတယ်၊ သူတို့က အသင်းတော်အလုပ်ကို လုပ်တဲ့အတွက်၊ ဘုရားသခင်ရွေးချယ်ထားတဲ့လူတွေက သူတို့ကို ပံ့ပိုးဖို့ မဖြစ်မနေလုပ်ပေးရမယ်လို့ ကျွန်မ ထင်ခဲ့တာ။ ပြဿနာတစ်ခုကိုရှာတွေ့ရင်တောင်မှ တခြားညီအစ်ကိုမောင်နှမတွေနဲ့ သတိလက်လွတ် မဆွေးနွေးသင့်ဘူး။ နောက်ပိုင်းမှာ ကျွန်မအမြင်ကို ပြောင်းလဲပြီး အသင်းတော်မှာရှိတဲ့ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေရဲ့ အခန်းကဏ္ဍနဲ့ ရည်ရွယ်ချက်ကို သင်ကြားပေးတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ ဘုရားသခင်က ပြောသည်- “တစ်စုံတစ်ယောက်ကို ညီအစ်ကိုမောင်နှမများက ခေါင်းဆောင်အဖြစ် ရွေးချယ်သောအခါ၊ သို့မဟုတ် အလုပ်တစ်ခုခု လုပ်ဆောင်ရန်ဖြစ်စေ၊ တာဝန်တစ်ခုခု ထမ်းဆောင်ရန်ဖြစ်စေ ဘုရားသခင်၏အိမ်တော်က ရာထူးတိုးမြှင့်ပေးသောအခါတွင် ဤသူသည် ဘုရားသခင်အပေါ် ကျိုးနွံနာခံနိုင်ပြီး ဘုရားသခင်ကို သစ္စာဖောက်မည်မဟုတ်ဟု အဓိပ္ပာယ်သက်ရောက်ရန် မဆိုထားနှင့်၊ ထိုသူ၌ ထူးခြားသော ဂုဏ်အဆင့်အတန်းသော်လည်းကောင်း၊ ကိုယ်ပိုင်လက္ခဏာသော်လည်းကောင်း ရှိသည်၊ သို့မဟုတ် ထိုသူနားလည်သည့် သမ္မာတရားများက အခြားလူများနားလည်သည့် သမ္မာတရားများထက် ပို၍နက်နဲပြီး ပို၍များပြားသည်ဟုပင် အဓိပ္ပာယ်သက်ရောက်ခြင်း မရှိပေ။ ထိုသူသည် ဘုရားသခင်ကို သိပြီး ဘုရားသခင်ကို ကြောက်ရွံ့သောသူဖြစ်သည်ဟူ၍လည်း မဆိုလိုပေ။ အမှန်တကယ်တွင် ဤမည်သည့်အရာကိုမျှ ၎င်းတို့မရရှိထားပေ။ ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းသည် အရိုးရှင်းဆုံးသော အဓိပ္ပာယ်ဖြင့် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းမျှသာဖြစ်သည်။ ထိုသူ၏ ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းမှာ ထိုသူသည် ရာထူးတိုးမြှင့်ခံရပြီး ပျိုးထောင်မှုကို စောင့်ဆိုင်းနေသည်ဟူ၍ ဆိုလိုခြင်း သက်သက်သာဖြစ်သည်။ ဤပျိုးထောင်ခြင်း၏ နောက်ဆုံးရလဒ်သည် ထိုသူက မည်သည့်လမ်းကြောင်းကို လျှောက်သည်၊ မည်သည့်အရာကို အားထုတ်သည်ဆိုသည့်အပေါ်တွင် မူတည်သည်။ ထို့ကြောင့် အသင်းတော်ရှိ တစ်စုံတစ်ယောက်သည် ခေါင်းဆောင်ဖြစ်ရန်အတွက် ရာထူးတိုးမြှင့်ခံရပြီး ပျိုးထောင်ခံရသည့်အခါတွင် ထိုသူသည် အရိုးရှင်းဆုံးသော အဓိပ္ပာယ်ဖြင့် ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခံရခြင်းသာဖြစ်သည်။ ယင်းမှာ ထိုသူသည် အရည်အသွေးပြည့်မှီသော ခေါင်းဆောင်တစ်ယောက်၊ သို့မဟုတ် ကျွမ်းကျင်မှုရှိသောသူတစ်ယောက် ဖြစ်နှင့်ပြီးဖြစ်ကြောင်း၊ ထိုသူသည် ခေါင်းဆောင်တစ်ယောက်၏ အလုပ်ကို တာဝန်ယူဆောင်ရွက်နိုင်စွမ်း ရှိနေပြီဖြစ်ပြီး တကယ့်အလုပ်ကို လုပ်ဆောင်နိုင်ကြောင်း အဓိပ္ပာယ်မသက်ရောက်ပေ။ ဤကဲ့သို့ မဟုတ်ပေ။ တစ်စုံတစ်ယောက်သည် ခေါင်းဆောင်ဖြစ်ရန်အတွက် ရာထူးတိုးမြှင့်ခံရပြီး ပျိုးထောင်ခံရသည့်အခါတွင် ထိုသူသည် သမ္မာတရား၏ လက်တွေ့အရှိတရားကို ပိုင်ဆိုင်သလော။ သမ္မာတရား၏ အခြေခံသဘောတရားများကို နားလည်သလော။ ဤသူသည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်နိုင်သလော။ ၎င်းတို့၌ တာဝန်ယူစိတ်တစ်ခု ပိုင်ဆိုင်သလော။ ၎င်းတို့၌ သန္နိဋ္ဌာန် ရှိသလော။ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်သလော။ အရေးကိစ္စတစ်ခုကို ကြုံတွေ့ရသည့်အခါတွင် ၎င်းတို့သည် သမ္မာတရားကို ရှာဖွေနိုင်သလော။ ဤအရာအားလုံးတို့ကို မသိရှိရပေ။ ထိုသူ၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသလော။ ဘုရားသခင်အပေါ် သူ၏ကြောက်ရွံ့မှုမှာ မည်မျှကြီးမားသနည်း။ အမှုအရာများကို ဆောင်ရွက်သည့်အခါတွင် သူ၏ ကိုယ်ပိုင်စိတ်ဆန္ဒနောက်ကို လိုက်တတ်သလော။ ၎င်းတို့သည် ဘုရားသခင်ကို ရှာဖွေနိုင်သလော။ ခေါင်းဆောင်တို့၏ အလုပ်ကို ဆောင်ရွက်သည့်အချိန်ကာလတွင် ထိုသူသည် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေရန် ဘုရားသခင်ရှေ့မှောက်သို့ ပုံမှန်၊ မကြာခဏလာရောက်သလော။ ၎င်းတို့သည် သမ္မာတရား၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်မှုတွင် လူတို့ကို လမ်းပြနိုင်သလော။ ဤအရာနှင့် ဤထက်မကသောအရာအားလုံးတို့သည် ပျိုးထောင်ခံရရန်နှင့် ရှာဖွေတွေ့ရှိခံရရန် စောင့်ဆိုင်းလျက်ရှိသည်။ အားလုံးကို သိရှိရခြင်း မရှိသေးပေ။ တစ်စုံတစ်ယောက်ကို ရာထူးတိုးမြှင့်ပေးခြင်းနှင့် ပျိုးထောင်ခြင်းက ထိုသူသည် သမ္မာတရားကို နားလည်ပြီးဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်သကဲ့သို့ သူ၏ တာဝန်ကို ကျေနပ်ဖွယ် ဆောင်ရွက်နိုင်စွမ်းရှိပြီးဖြစ်သည်ဟု ဆိုခြင်းလည်း မဟုတ်ပေ။ ဤသို့ဆိုလျှင် တစ်စုံတစ်ယောက်ကို ရာထူးတိုးမြှင့်ပေးခြင်းနှင့် ပျိုးထောင်ခြင်း၏ ရည်ရွယ်ချက်နှင့် အရေးပါမှုမှာ အဘယ်နည်း။ သီးခြားအနေဖြင့် ထိုသို့သောသူတစ်ယောက်ကို ရာထူးတိုးမြှင့်ပေးခြင်းမှာ လေ့ကျင့်ပေးရန်၊ အထူးတလည်ရေလောင်းပေးရန်နှင့် ညွှန်ကြားပေးရန်၊ ဤသို့ဖြင့် သမ္မာတရား၏ အခြေခံသဘောတရားများ၊ မတူညီသော အမှုအရာများကို လုပ်ဆောင်ခြင်း၏ အခြေခံသဘောတရားများ၊ ပြဿနာအမျိုးမျိုးကို ဖြေရှင်းခြင်းအတွက် အခြေခံသဘောတရားများ၊ နည်းနာနိဿယများအပြင် ပတ်ဝန်းကျင်နှင့် လူအမျိုးအစား အမျိုးမျိုးကို ကြုံတွေ့ရသောအခါ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ကာကွယ်သည့် ပုံစံဖြင့် ဘုရားအလိုတော်နှင့်အညီ ကိုင်တွယ်ဖြေရှင်းနည်းတို့ကို နားလည်အောင် ပြုလုပ်ပေးရန်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အိမ်တော်က ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ပေးထားသော အရည်အချင်းရှိသူသည် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းအချိန်ကာလတွင်၊ သို့မဟုတ် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းအချိန်ကာလမတိုင်မီတွင် သူ၏အလုပ်ကို တာဝန်ယူဆောင်ရွက်နိုင်စွမ်း၊ သူ၏တာဝန်ကို ထမ်းဆောင်နိုင်စွမ်း လုံလောက်စွာရှိသည်ဟု ညွှန်းဆိုသလော။ မညွှန်းဆိုပေ။ ထို့ကြောင့် ပျိုးထောင်ခြင်းအချိန်ကာလတွင် ဤလူတို့သည် ကိုင်တွယ်ဖြေရှင်းခံရခြင်း၊ ပြုပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဖော်ထုတ်ခြင်းနှင့် လူစားလဲခြင်းကိုပင် တွေ့ကြုံရမည်မှာ လွှဲရှောင်၍ မရနိုင်ပေ။ ဤသည်မှာ ပုံမှန်ဖြစ်၏၊ ၎င်းတို့သည် လေ့ကျင့်ပေးခြင်း၊ ပျိုးထောင်ခြင်းတို့ကို ခံရခြင်းဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၅)”) ဘုရားအိမ်တော်က လူတစ်ယောက်ကို ခေါင်းဆောင်အဖြစ် ရာထူးတိုးမြှင့်ပြီး လေ့ကျင့်ပေးတဲ့အခါမှာ ဒီလူက အစွမ်းအစတချို့ရှိလို့၊ သမ္မာတရားကို လက်ခံနိုင်လို့ တာဝန်သိစိတ်ရှိလို့၊ အလုပ်မှာ ကျွမ်းကျင်မှုတွေပိုင်ဆိုင်လို့ဖြစ်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်ခဲ့တယ်။ ဒါက သူတို့ကိုယ်သူတို့ လေ့ကျင့်ဖို့ အခွင့်အရေးပေးတယ်။ ဒါပေမဲ့ ဒါက သူတို့ဟာ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားပြီးပြီ၊ သမ္မာတရားကို နားလည်သွားပြီလို့ မဆိုလိုပါဘူး။ လူတစ်ယောက်က အရည်အချင်းပြည့်မီတဲ့ ခေါင်းဆောင်ဖြစ်တယ်လို့ အဓိပ္ပာယ်မရသလို ဒီလူက ထူးချွန်တဲ့သူတစ်ယောက်ဖြစ်တယ်၊ ဘုရားအိမ်တော်မှာ ထူခြားတဲ့ ကိုယ်ပိုင်လက္ခဏာ၊ အဆင့်အတန်းတစ်ခုခုရှိတယ်လို့ မဆိုလိုပါဘူး။ ခေါင်းဆောင်ဖြစ်ရတဲ့တာဝန်က စေခိုင်းချက်တစ်ခု၊ တာဝန်တစ်ခုဖြစ်ပါတယ်။ လုံးဝ ဂုဏ်အဆင့်အတန်း မဟုတ်ဘူး။ ကိုယ်က ခေါင်းဆောင်ဖြစ်တဲ့အခါမှာ ချက်ချင်းပဲ ဘုရားအိမ်တော်မှာ အဆင့်အတန်းနဲ့ ပြောဆိုခွင့်ရှိသွားပြီလို့ အဓိပ္ပာယ်မရဘူး။ လူတွေရဲ့ လေးစားတာခံရမယ်၊ ညီအစ်ကိုမောင်နှမတွေက အထင်ကြီးလေးစားမယ်၊ ကိုယ်က အမှားလုပ်တဲ့အခါ ဘယ်သူကမှ ဒါကို ဆွေးနွေးခွင့်မရှိဘူးလို့ အဓိပ္ပာယ်မရပါဘူး။ အဲဒါတွေက လွဲမှားတဲ့အမြင်တွေပါ။ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ ကျွန်မတို့ ညီအစ်ကိုမောင်နှမတွေရဲ့ ကြီးကြပ်မှုနဲ့ အကြံပြုချက်တွေကို လက်ခံဖို့ လိုတယ်။ ဘာကြောင့်လဲဆိုရင် ဒါကသာ ကျွန်မတို့အလုပ်မှာ ပြဿနာတွေကို နားလည်စေပြီး အမှုကိစ္စတွေကို အချိန်မီပြောင်းလဲခွင့်ပေးလို့ပါပဲ။ ဒါ့အပြင် ခေါင်းဆောင်တွေက လက်တွေ့အလုပ်ကိုမလုပ်ဘူးဆိုတာကို ညီအစ်ကိုမောင်နှမတွေက သိရင် ဒီလိုလူတွေကို တိုင်ကြားပြီး ဖော်ထုတ်ခြင်းအားဖြင့် သမ္မာတရားကို သူတို့ လက်တွေ့လုပ်ဆောင်သင့်ပြီး အသင်းတော်အလုပ်ကို ကာကွယ်သင့်တယ်။ ဒါဟာ ခေါင်းဆောင်တွေအပေါ် သူတို့ ရှိသင့်တဲ့ မှန်ကန်တဲ့ သဘောထားဖြစ်ပါတယ်။ ဘုရားနှုတ်ကပတ်တော်က ကျွန်မရဲ့ မှားယွင်းတဲ့ စိတ်ကူးနဲ့ အယူအဆတွေကို ပြောင်းလဲစေခဲ့ပြီး ခေါင်းဆောင်တာဝန်နဲ့ ဘုရားသခင်ရွေးချယ်ထားတဲ့လူတွေရဲ့ ကြီးကြပ်မှုကို ဘယ်လို မှန်မှန်ကန်ကန် သဘောထားရမယ်ဆိုတာ ပြပါတယ်။ ကျွန်မလည်း အခြေအနေတွေကို ပြောင်းပစ်ချင်တယ်။ ဒီတော့ အခုကစပြီး ကျွန်မတာဝန်လမ်းကြောင်းမှာ ခေါင်းဆောင်နဲ့အမှုဆောင်တွေရဲ့ ပြဿနာတွေကို ဘယ်သူက တိုင်ကြားပါစေ ကျွန်မ ဂရုတစိုက်နဲ့ ကိုင်တွယ်ချင်တယ်။ တစ်ချိန်တည်းမှာပဲ ညီအစ်ကိုမောင်နှမတွေဆီက ကြီးကြပ်မှုကို ပိုပြီးလက်ခံဖို့ သင်ယူရခဲ့ပါတယ်။

နောက်တော့ အစည်းအဝေးတစ်ခုမှာ ကျွန်မတို့ ခေါင်းဆောင်က မိတ်သဟာယပြုတယ်။ “တချို့လူတွေက ခေါင်းဆောင်တွေကို တခြားလူတွေက တိုင်ကြားတာ၊ ဖော်ထုတ်တာကို မြင်ပြီးတော့ တိုင်ကြားတဲ့သူတွေကို တိုက်ခိုက်၊ ရှုတ်ချကြတယ်။ အဲဒီလိုလူတွေက သူတို့တာဝန်တွေမှာ ပုံမှန် အရမ်းအလေးအနက်ထားရင်တောင် သူတို့က ဘုရားကို နာခံတဲ့သူတွေ လုံးဝ မဟုတ်ဘူး” တဲ့။ ခေါင်းဆောင်ဆီကနေ အဲဒီမိတ်သဟာယကို ကျွန်မ ကြားရတဲ့အချိန်မှာ အထူးသဖြင့် ရင်ကို ထိုးဖောက်သွားတယ်။ ဘုရားကို ကျွန်မ နှစ်ချီပြီး ယုံကြည်ခဲ့ပေမဲ့ ကျွန်မ လုံးဝ မပြောင်းလဲသေးဘူးဆိုတာ ချက်ချင်းပဲ ခံစားမိခဲ့တယ်။ အခုတောင်မှ ကျွန်မက ဘုရားကို နာခံတဲ့သူတစ်ယောက်မဟုတ်ဘူး။ ဘုရားသခင်က ကျွန်မနဲ့ပတ်သက်လို့ စိတ်မကျေနပ်တာ သေချာတယ်။ ကျွန်မခေါင်းဆောင်ရဲ့ မိတ်သဟာယကို နားထောင်နေရင်းနဲ့ ဒါက ကျွန်မကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းဖို့ဆိုတာ ကျွန်မ သိလိုက်တယ်။ မျက်ရည်တွေကျလာတာကို မထိန်းနိုင်ခဲ့ဘူး။ ကျွန်မ ငိုနေရင်းနဲ့ ဘုရားကို ဆုတောင်းတယ်။ “ဘုရားသခင် ကျွန်မကို ဒီလို ကိုင်တွယ်ဖြေရှင်းပြီး ဖော်ထုတ်တဲ့နေရာမှာ ကောင်းတဲ့ ရည်ရွယ်ချက်တွေရှိမှန်း ကျွန်မ သိပါတယ်။ ဒီလိုမဟုတ်ရင် ကျွန်မ စိတ်သဘောထားက နည်းနည်းပြောင်းလဲပြီးပြီ၊ ကိုယ်တော့်ကို အတော်အတန် ကျွန်မ နာခံတယ်လို့ ခံစားနေမိဦးမှာပါ။ ကျွန်မဟာ ကိုယ်တော့်ကို တကယ် နာခံခြင်း စံနှုန်းတွေနဲ့ ညီဖို့ အဝေးကြီးလိုနေသေးမှန်း အခုမှ ကျွန်မ သဘောပေါက်ပါတယ်။ ဒါပေမဲ့ ကျွန်မ ကိုယ်တော်ကို နာခံတဲ့သူတစ်ယောက်ဖြစ်ဖို့ ကြိုးစားပြီး အားထုတ်ဖို့ လိုလားနေပါတယ်။” နောက်ပိုင်းမှာ ကျွန်မအတွက် တော်တော်အထောက်အကူဖြစ်ပြီး ဘုရားအလိုတော်ကို နားလည်စေတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပါတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူတို့သည် မိမိတို့ကိုယ်တိုင်၏ စိတ်သဘောထားများကို မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်း၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ကိုင်တွယ်ဖြေရှင်းခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းများကို ကြုံရမည်ဖြစ်သည်။ ထို့နောက်မှသာ ၎င်းတို့သည် ဘုရားသခင်ကို နာခံခြင်းနှင့် သစ္စာရှိခြင်းတို့အား ရရှိနိုင်ပြီး၊ သူ့အပေါ် ဝတ်ကျေတမ်းကျေ မဖြစ်နိုင်တော့ပေ။ လူတို့၏ စိတ်သဘောထားများ ပြောင်းလဲသည်မှာ ဘုရား နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းအောက်တွင် ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့မှ တစ်ဆင့်သာ ၎င်းတို့သည် မဆင်မခြင် မလုပ်ဆောင်ဝံ့တော့ဘဲ၊ ယင်းအစား တည်ငြိမ်ကာ ချုပ်တည်းလာကြမည်ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ ၎င်းတို့သည် ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်နှင့် သူ၏အမှုကို နာခံနိုင်ကြပြီး ယင်းသည် လူသား၏ အယူအဆများနှင့် မကိုက်ညီလျှင်ပင်၊ ၎င်းတို့သည် ဤအယူအဆများကို ဘေးဖယ်ထားနိုင်ကြကာ လိုလားစွာ နာခံနိုင်ကြခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်) ဘုရားသခင်ကို နာခံတဲ့လူတွေက ဘုရားသခင်ရဲ့ တရားစီရင်ခြင်း၊ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ စမ်းသပ်ခြင်းနဲ့ စစ်ဆေးခြင်းကို ကြုံတွေ့ပြီး၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို ရရှိသလို၊ စည်းမျဉ်းနဲ့အညီ လုပ်ဆောင်ဖို့ သင်ယူပြီးမှသာ ဘုရားကို နာခံနိုင်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်ခဲ့တယ်။ ဘုရားကို ယုံကြည်ပြီး တာဝန်ကို ထမ်းဆောင်ခြင်းလမ်းကြောင်းမှာ အဲဒီလူတွေက သမ္မာတရားကို ရှာဖွေနိုင်ပြီး အကြောင်းအရာတွေကို စည်းမျဉ်းနဲ့အညီ လုပ်ဆောင်နိုင်တယ်။ အခြေခံကျတဲ့၊ အရေးပါတဲ့အရာ တချို့ကို သူတို့ ကြုံရတဲ့အခါ၊ သူတို့ရဲ့ အသက်တာလမ်းကြောင်းပါဝင်တဲ့ ရွေးချယ်မှုတွေကို ကြုံရတဲ့အခါမှာ သူတို့ဟာ ဘုရားနှုတ်ကပတ်တော်နဲ့ သမ္မာတရားကို အခြေခံပြီး မှန်ကန်တဲ့ ရွေးချယ်မှုတွေ လုပ်နိုင်ကြတယ်။ ဘုရားသခင်ကို အရေးမပါတဲ့ ကိစ္စတွေ၊ အပြင်ပန်း အပြုအမူတွေနဲ့ပဲ နာခံပြီး စည်းမျဉ်းနဲ့ပတ်သက်တဲ့ ကိစ္စတွေ၊ အဓိကကျတဲ့ ပြဿနာတွေမှာ ကိုယ့်ဆန္ဒအတိုင်း၊ သဘာဝ ပင်ကိုစရိုက်အတိုင်း လုပ်ဆောင်ရင် ဘုရားသခင်ကို ပုန်ကန်တဲ့သူဖြစ်နေဆဲပဲ။ အရင်တုန်းက ကျွန်မက ဘုရားသခင်အတွက် အသုံးခံဖို့ မိသားစုနဲ့ အသက်မွေးအလုပ်ကို စွန့်လွှတ်နိုင်တယ်၊ ကျွန်မအတွက် ဘုရားအိမ်တော်က ဘာတာဝန်ကိုပဲ စီစဉ်ပါစေ၊ ကျွန်မ လက်ခံပြီး နာခံနိုင်ခဲ့တယ်၊ အခက်အခဲတွေကို ကြုံရတဲ့အခါ ဘုရားနှုတ်ကပတ်တော်ကိုဖတ်ပြီး ဘုရားကို ဆုတောင်းနိုင်ခဲ့တယ်၊ ကျွန်မတာဝန်ကို ပိုကောင်းအောင်ထမ်းဆောင်ဖို့ နည်းလမ်းတွေကို အမြဲတမ်း ကြိုးစားတွေးတောနေတယ်လို့ အမြဲတမ်း ထင်ခဲ့ပါတယ်။ ကျွန်မတာဝန်အပေါ် ဒီသဘောထားက ဘုရားသခင်အပေါ် အတော်အတန် ကျွန်မ နာခံတဲ့သဘောပဲလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ အစ်မလု ကိစ္စမှာ ကျွန်မဟာ ကိုယ့်ဆန္ဒအတိုင်း ကိစ္စတွေကို ကြောင်းကျိုးမမြင်ဘဲ ကိုင်တွယ်မိနိုင်တုန်းပဲဖြစ်သလို သူ့ကို ကိုယ်ထင်သလို ရှုတ်ချဖိနှိပ်နိုင်သေးပြီး ကျွန်မစိတ်နှလုံးက ဆိုးယုတ်တဲ့ စိတ်သဘောထားတွေရဲ့ အုပ်စိုးခြင်းကို ခံနေရဆဲပဲဖြစ်မှန်း သက်သေပြနေတာကို မြင်ခဲ့ရပါတယ်။ ကျွန်မက တာဝန်တွေမှာ အလေးအနက်ထားပြီး တာဝန်သိလေ့ရှိပေမဲ့ စည်းမျဉ်းတွေ၊ အရေးကြီးပြဿနာတွေနဲ့ ပတ်သက်လာရင် ဘုရားကို ပုန်ကန်နေနိုင်တုန်းပဲဖြစ်ပြီး ဘုရားသခင်ကို ရန်လိုနေနိုင်ဆဲဖြစ်ပါတယ်။ ကျွန်မက သမ္မာတရားကို လုံးဝ နားမလည်ဘူး၊ ကျွန်မရဲ့ စိတ်သဘောထားက မပြောင်းလဲသေးဘူး၊ ပြီးတော့ ဘုရားကို နာခံတဲ့သူတစ်ယောက် မဖြစ်သေးဘူးဆိုတာ မြင်ခဲ့ရတယ်။ ခေါင်းဆောင်ရဲ့ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ထုတ်ဖော်ပြခြင်းမရှိဘဲနဲ့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် လုံးဝ သိနိုင်မှာမဟုတ်ဘူး။

အခု သမ္မာတရားစည်းမျဉ်းပါဝင်တဲ့ တချို့ အရေးကြီးကိစ္စတွေမှာ သမ္မာတရားနဲ့ စည်းမျဉ်းတွေနဲ့အညီ ကိစ္စတွေကို ဘယ်လိုလုပ်ရမယ်ဆိုတာကို သတိရှိရှိနဲ့ ကျွန်မ ရှာဖွေနိုင်တယ်။ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို အခြေခံပြီး ကြောင်းကျိုးမမြင်ဘဲ မလုပ်တော့ဘူး။ ဘုရားကိုလည်း ကျွန်မ ခဏခဏ ဆုတောင်းတယ်။ ကျွန်မမှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ၊ မှားယွင်းတဲ့အမြင်တွေ အများကြီးရှိပါသေးတယ်။ ဒါကြောင့် ပြောင်းလဲမှုကို ရဖို့အတွက် ဘုရားသခင်ရဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ ရိုက်နှက်ခြင်းနဲ့ ပဲ့ပြင်ဆုံးမခြင်းကို အမြဲ တွေ့ကြုံဖို့ လိုပါတယ်။ ကျွန်မရဲ့ ပုန်ကန်မှုနဲ့ ဖောက်ပြန်ပျက်စီးမှုကို ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည်ဖို့၊ ဘုရားအပေါ်နာခံခြင်းကို တဖြည်းဖြည်းနဲ့ ရဖို့အတွက် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းက ကျွန်မဆီကနေ ဘယ်တော့မှ ထွက်ခွာသွားမှာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

“ကောင်းမွန်သည့် ပုံရိပ်”နောက်ကွယ်တွင် မည်သည့်အရာ ရှိသနည်း

ဝေ့ချန် ကိုရီးယားနိုင်ငံပြီးခဲ့သည့်နှစ် ဒီဇင်ဘာက ကျွန်မက အသင်းတော်မှာ ဧဝံဂေလိ သင်းထောက်တစ်ယောက်အနေနှင့် အလုပ် လုပ်ခဲ့ပါသည်။...

လက်စားချေမှု အရယူပြီးနောက် နိုးထခြင်း

ကျွန်မ အသင်းတော်မှာ ခေါင်းဆောင်အဖြစ် ခဏတာ အစေခံခဲ့တယ်။ ဧဝံဂေလိ သင်းထောက်ဖြစ်တဲ့ အစ်မကျန်းက သူ့တာဝန်အတွက် ဝန်တာထားပြီး တကယ်ကို တက်ကြွခဲ့တယ်။...

ကျွန်ုပ်ကို ဖော်ထုတ်သည့် သုံးသပ်ချက်တစ်ခု

ရှိတမ်း အမေရိကန်နိုင်ငံ ၂၀၂၁ ခုနှစ်၊ မေလလယ်မှာ ခေါင်းဆောင်ဖြစ်တဲ့ အစ်မချန်က ကျွန်မကို စကားလာပြောပြီး အစ်မလုအကြောင်း အများကြီးသိထားလား၊...

အတွေ့အကြုံသက်သေခံချက်ဆောင်းပါးတွေကို ရေးခြင်းရဲ့ အကျိုးအမြတ်တွေကို ကျွန်မ အခု သိပါပြီ

၂၀၂၀ တုန်းက ကျွန်မက အသင်းတော်ခေါင်းဆောင်တစ်ယောက်ပါ။ တချို့ ညီအစ်ကိုမောင်နှမတွေက အတွေ့အကြုံသက်သေခံချက်ဆောင်းပါးကောင်း သုံးလေးခုရေးတာကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။