တစ်ဇွတ်ထိုး အလုပ်လုပ်ခြင်း၏ အကျိုးဆက်များ

23.01.2022

ကျောက်ယံ တရုတ်နိုင်ငံ

၂၀၁၆ ခုနှစ်မှာ အသင်းတော်ခေါင်းဆောင်အဖြစ် အမှုဆောင်ဖို့ ကျွန်တော် အရွေးခံခဲ့ရတယ်။ ပထမဆုံး ဒီတာ၀န်ကို ယူတဲ့အချိန်မှာ ကျွန်တော်ဖိအားအများကြီး ခံစားခဲ့ရတယ်။ ဘာ‌ကြောင့်လဲဆိုတော့ ကျွန်တော်က သမ္မာတရားကို နားမလည်သလို ကိစ္စတွေမှာ ထိုးထွင်းအမြင်မရှိလို့ပါ။ ဒါကြောင့် ညီအစ်ကိုမောင်နှမတွေ ပြဿနာ ကြုံရတဲ့အခါ မိဿဟာရနဲ့ သူတို့ကို ဘယ်လိုကူညီရမလဲဆိုတာ မရေမရာဖြစ်ခဲ့တယ်။ လူတွေကို တာ၀န်အချို့ပေးတဲ့အခါမှာလည်း မူတွေကို ဘယ်လို စဉ်းစားရမယ်မှန်း မသိခဲ့ဘူး။ ဒါ‌ကြောင့် မူတွေကို သဘောပေါက်ဖို့ ဘုရားသခင်ဆီမှာ အမြဲဆုတောင်းပြီး သမ္မာတရားကို ရှာဖွေခဲ့တယ် တစ်ခုခုကို ကျွန်တော် ကောင်းကောင်း နားမလည်တဲ့အခါမှာလည်း လုပ်ဖော် ကိုင်ဖက် တွေကို ကျွန်တော်ရှာခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ၊ လူတွေနဲ့ အခြေအနေ တွေအပေါ် အကဲဖြတ်နိုင်စွမ်းကို တိုးတက်အောင် ကျွန်တော်လုပ်ခဲ့သလို၊ ညီအစ်ကိုမောင်နှမတွေကို သူတို့ရဲ့ ကိုယ်ပိုင်အားသာချက်တွေ အပေါ်အ‌ခြေပြုပြီး အံ၀င်ခွင်ကျ ဖြစ်မယ့်တာ၀န်တွေကို ပေးနိုင်ခဲ့တယ်။ တစ်ခါတော့ ကျွန်တော်နဲ့အတူလုပ်တဲ့ ညီ တစ်‌ယောက်က ဧဝံ‌ဂေလိအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ အစ်မကျားအကြောင်း ပြောဖို့ ကြိုးစားခဲ့တယ်။ အလုပ်ကိုကြန့်ကြာစေတယ်လို့ပြောရင်း အစ်မကျားဟာ အိုးနင်းခွက်နင်းနဲ့ တာ၀န်ပြီး အောင်လုပ်ပြီး တကယ်ပဲ မတက်မကြွ ဖြစ်နေတယ်လို့ ဆိုတယ်။ သူ့ကို အဖွဲ့ခေါင်းဆောင်အဖြစ် အစားထိုးဖို့ အကြံပြုလာတယ်။ အစ်မကျားဟာ အစွမ်းအစ ကြီးကြီးမားမားရှိပြီး အလုပ်လုပ်နိုင်စွမ်းလဲ တကယ်ရှိတယ်လို့ ကိုယ့်ဘာသာကို တွေးမိတယ်။ ဒါကြောင့် သူ့အနေနဲ့ ဖောက်ပြန်ပျက်စီးတာတချို့ ပြပေမယ့်လည်း၊ အကယ်၍ သူသာ နောက်ထပ်နည်းနည်း လောက်အကူအညီရပြီး အပြောင်းအလဲတချို့ လုပ်နိုင်ခဲ့မယ်ဆိုရင် အဲ့ဒီရာထူးမှာ သူပြဿနာရှိမှာ မဟုတ်ဘူး။ ဒါ‌ကြောင့် အစ်မကျားရဲ့ အခြေအနေကို ကျွန်တော် ဖော်ထုတ်ဆွေး‌နွေးခဲ့သလို၊ သူ့ကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ အကြိမ်အနည်းငယ် မိဿဟာရပြုပြီးတဲ့ နောက် သူ့ရဲ့အလုပ်အပေါ်ထားတဲ့သဘော ထား အနည်းငယ်ပြောင်းလဲသွားတာကို တွေ့ခဲ့ရတယ်။ သူဟာ အလုပ်မှာ မပြောရဘဲ လုပ်တတ်လာပြီး တာ၀န်လည်း ကျေပွန်လာတယ်။ ခဏကြာပြီးတဲ့နောက်မှာပဲ ပိုအရေးကြီး တဲ့ တာ၀န်တစ်ခုဆီကို ရာထူးတိုးသွား တယ်။ ကျွန်တော်လဲ တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် ချီးကျူးရင်း တွေးမိတယ် “ငါက စိတ်ကူးမှန်တဲ့လူပဲ၊ သူ့ကို အလုပ်မထုတ်ဘဲ၊ ဘုရားအိမ်တော်မှာ ပင်ကိုယ်စွမ်းရည်ရှိတဲ့ လူတစ်‌ယောက်ကို ငါတို့ မြှင့်တင်ပေးနိုင်ခဲ့တာ ကောင်းတဲ့အရာပဲ။ ငါ့ဆီမှာ ကောင်းမွန်တဲ့ ချင့်ချိန်နိုင်စွမ်းရှိတဲ့ ပုံပဲ”လို့ပေါ့။ အဲဒီအချိန်ကစလို့ ကျွန်တော်က ပိုအတွေ့အကြုံရှိတာကြောင့် ဘယ်ပြဿနာတွေကိုမဆို ကိုယ့်ဘာသာ ကိုင်တွယ်နိုင်တယ်လို့ထင်ပြီး အလုပ်ခန့်တာတွေ အလုပ်ဖြုတ်တာတွေနဲ့ ပတ်သက်လို့ အဲ့ဒီညီနဲ့ ကျွန်တော် မဆွေးနွေးတော့ဘူး။ နှစ်နှစ်တာ ကုန်လွန်သွားပြီး၊ ကျွန်တော်ဟာ အသင်းတော်ရဲ့ အလုပ်အတွက် အစီအစဉ်တွေ လုပ်ရာမှာ ပိုကျွမ်းသထက် ကျွမ်းလာခဲ့တယ်။ ကျွန်တော့်ဆီမှာ ကိစ္စတွေအပေါ်ကြီးမားတဲ့ ထိုးထွင်းမြင်နိုင်စွမ်းရှိတယ်လို့ ထင်ရင်း ပိုပို ပြီး မာနကြီးလာတယ်။

အဲဒီအချိန်မှာ ကျွန်တော့်အခြေအနေ မကောင်းဘူးဆိုတာ သဘောမပေါက်ခဲ့ဘူး။ တစ်နေ့မှာတော့ ခေါင်းဆောင်တစ်‌ယောက် ဆီကနေ စာတစ်စောင် ရောက်လာတယ်၊ ကျွန်တော်တို့ အသင်းတော်ရဲ့ အစ်မကျန်းဟာ တခြားအသင်းတော်မှာ အလုပ်ထုတ်ခံရပြီးနောက် ပြန်ရောက်လာတယ်လို့ ဆိုတယ်။ စုဝေးပွဲတွေကိုတက်ဖို့ သူ့အတွက်စီစဉ် ပေးဖို့ လိုအပ်ခဲ့တယ်။ ကျွန်တော် တွေးနေခဲ့တာက အစ်မကျန်းနဲ့ အပြန်အလှန်ဆက်ဆံရေးမှာ သူမာနထောင်လွှားတာ လူတွေကို အထက်စီးကနေ ကြိမ်းမောင်းတတ်ပြီး၊ သူနဲ့အဆင်ပြေဖို့ခက်တာကို ကျွန်တော်တွေ့မြင်ခဲ့ပြီးပြီ။ သူတကယ်မပြောင်းလဲသေးဘူးလို့ ကျွန်တော်ယူဆတယ်။ တခဏကြာပြီးတဲ့နောက် ကျွန်တော်တို့ရဲ့ အသင်းတော်ကို လူသစ်အများကြီးရောက် လာတာကြောင့် ရေလောင်းတဲ့တာ၀န်ကို ယူဖို့ အစောတလျင် လူလိုခဲ့တယ်။ ကျွန်တော်နဲ့တွဲလုပ်နေတဲ့ အစ်ကိုလျူက ပြောတယ် သူဟာ စုဝေးပွဲမှာ အစ်မကျန်းနဲ့ အတူရှိခဲ့ပြီး အစ်မကျန်းဟာ အလုပ်ထုတ်ခံရကတည်းက ကိုယ့်အကြောင်းကို တကယ် သိနားလည်ပြီး နောင်တရခဲ့တယ်၊ ဒါ့အပြင် သူမဟာ အသင်းသားသစ်တွေကို ရေလောင်းပေးပြီး အတော်လေး ထိရောက် ခဲ့တယ်။ ကျွန်တော်တို့ရဲ့ အလုပ်မ‌နှောင့်နှေးအောင် ကိုယ့်ကိုယ်ကိုယ်ဆင်ခြင်နေတုန်းမှာ အစ်မကျန်းကို ရေလောင်းတာတချို့ လုပ်ခိုင်းဖို့ သူက အကြံပြုခဲ့တယ်။ အစ်မကျန်းနဲ့ပတ်သက်ပြီး သူအကြံပြုတာကို ကြားတဲ့အချိန်မှာ ကျွန်တော်တွေးမိတယ်၊ ဒါဟာ အလွန်ဆိုးတဲ့ အကြံပဲ၊ အစ်မကျန်းကို သူတကယ်မသိသလို၊ အစ်မကျန်းက သမ္မာတရားကို အားထုတ်တဲ့သူမဟုတ်ဘူး နည်းနည်းပါးပါး နားလည်လာတာကို ပြောတာနဲ့အစ်မကျန်း နောင်တရနေပြီလို့ သူထင်နေတာ။ အစ်ကိုလျူဟာ ထိုးထွင်းအမြင်မရှိသလို၊ ချင့်ချိန်နိုင်စွမ်း နည်းနည်းမှ မရှိဘူးလို့ ကျွန်တော်ခံစားရတယ်။ ကျွန်တော် သူ့ကို အခိုင်အမာပြောလိုက်တယ်၊ “ကျွန်တော် အစ်မကျန်းကို သိတယ်။ သူဟာ မာနထောင်လွှားပြီး လူတွေကို အထက်စီးနဲ့ ပြစ်တင်‌ဝေဖန်တတ်တယ်။ သူနဲ့တွဲလုပ်ဖို့ အရမ်းခက်တယ်။ ဒါ့အပြင် သူ့အကြောင်းသူတကယ်နားမလည်သေးဘူး၊ ဒါမှမဟုတ် မပြောင်းလဲသေး ဘူး ဒီလိုမဟုတ်ဘူးဆို သူ အလုပ်ထုတ်ခံရမှာ မဟုတ်ဘူး။ အစ်မကျန်းက သိပ်သင့်တော်တယ်လို့ မထင်ဘူး။ အဲ့ဒီတာ၀န်ကို သူ့ကိုယူခွင့်မပေး နိုင်ဘူး”လို့ပေါ့။ အစ်ကိုလျူက ဆက်ပြောတယ်၊ “ကျွန်တော်တို့ တအားကြီး မညှာမတာခိုင်းလို့ မရဘူးလေ။ သူက မာနနည်းနည်းကြီးပေမဲ့၊ အလုပ်ထုတ်ခံရတဲ့ ဒီအတွေ့အကြုံကနေတစ်ဆင့် သူ့အကြောင်းသူ တကယ်လေ့လာပြီးပြီဖြစ်သလို၊ သူလုပ်ခဲ့တဲ့အရာတွေအတွက် နောင်တရနိုင်ခဲ့ပါပြီ။ အခုဆို သူစကားပြောရာမှာ သိမ်မွေ့ပြီး တခြားသူတွေနဲ့ အဆင်ပြေနေတယ်။ သူ့ရဲ့ မာနကြီးတဲ့ကိစ္စ နည်းနည်းပြောင်းလဲသွားပြီ။ လူတွေကို ကျွန်တော်တို့ လျော်လျော်ကန် ကန်ဆက်ဆံဖို့ လိုအပ်တယ်”လို့ပေါ့။ သူ ဒီလိုပြောတာကို ကျွန်တော်ကြားတဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်သလိုမျိုး ခံစားခဲ့ရတယ်။ သူဟာ အဲဒီတာ၀န်မှာ လူသစ်ဖြစ်တာကြောင့် သူဘာအကြောင်းပြောနေလဲဆိုတာနဲ့ သူ ကျွန်တော်နဲ့ သဘောတူသင့်တယ်ဆိုတာကို သူမသိဘူးလို့တွေးမိတယ်။ ကျွန်တော်ပိုပြီး ပြတ်ပြတ်သားသား တုံ့ပြန် ခဲ့တယ်၊ “အစ်မကျန်း အခြေအနေက လုံး၀မရှင်းလို့လား။ လူတွေနဲ့ပတ်သက်ပြီး ကျွန်တော်က သာမန်ကာ လျံကာ မဆုံးဖြတ်ဘူး။ ဒါပေမဲ့ သူက အဲဒီတာ၀န်အတွက် သိပ်မသင့်တော်တာကို မြင်လို့ရသလို သူ့ကို ရေလောင်းတာ ငါတို့ မလုပ်ခိုင်းသင့်ဘူး”လို့ပေါ့။ ကျွန်တော်က ကျွန်တော့်ရဲ့ အမြင်အပေါ် လုံး၀စိတ်ပိုင်ဖြတ်ထားတာတွေ့တော့ အစ်ကိုလျူက ဘာမှထပ်မပြောတော့ဘူး။

အချိန်အနည်းနည်းကုန်သွားပြီး၊ ရေလောင်းမယ့်သူမရှိတာကြောင့်၊ အချိန်မီ လုံလောက်တဲ့ ပံ့ပိုးမှုမရကြလို့ လူသစ်အချို့ စုဝေးပွဲကို မလာတော့ဘူး။ ဘာဖြစ်နေတယ်ဆိုတာကို ခေါင်းဆောင်တစ်‌ ယောက်တွေ့တော့ သူနဲ့အကိုလျူက အစ်မကျန်းကို စကားပြောဖို့သွားတယ်။ သူတို့ပြန်လာတဲ့အခါ အကိုလျူကပြောတယ်၊ “ဘုရားအိမ်တော်က ရေလောင်းမယ့်သူတွေကို အရေးပေါ် လိုအပ်နေတယ်။ အစ်မကျန်းမှာ စစ်မှန်တဲ့ ကိုယ့်ကိုယ်ကိုယ် သိနားလည်မှုတချို့ရှိပြီး၊ နောင်တရပြီး ပြောင်းလဲလိုစိတ်ရှိတာကို ကျွန်တော်တို့တွေ့ခဲ့ပြီးပြီ။ သူအလုပ်ထုတ်ခံခဲ့ရပေမယ့် အဲ့လောက်ဆိုးတဲ့ကိစ္စမျိုးမလုပ်ဖူးဘူး။ သူကမာနပဲကြီးခဲ့တာ၊ ပြီးတော့ သမ္မာတရားကိုလက်ခံနိုင်ပြီး ပြောင်းလဲနိုင်သရွေ့ သူ့ကိုမြှင့်တင်လို့ရတုန်းပဲ။ အချိန်တစ်ခုကြာ လုပ်ခဲ့တဲ့အရာနဲ့ တစ်ယောက်ယောက်ကို ကျွန်တော်တို့ အမြဲတစေသတ်မှတ်လို့မရဘဲ၊ သူတို့ကိုနောင်တရဖို့အခွင့်အရေးပေးရမယ်။ ကျွန်တော်တို့ဒီအကြောင်းဆွေးနွေးပြီးပြီ အစ်မကျန်းက ရေလောင်းတာ၀န်ယူသင့်တယ်”တဲ့။ အစ်မကျန်းကို ဒီရာထူးအတွက် သူ ထောက်ခံချက်ထပ်ပေးနေတာကို ကြားတော့ ကျွန်တော်တွေးမိတယ်၊ “ပြီးခဲ့တဲ့အခေါက်က ဒီကိစ္စနဲ့ပတ်သက်ပြီး လုံး၀ရှင်းနေတာပဲ။ အချိန်ခဏလေးကြာပြီးတဲ့နောက်မှာ သူဘယ်လိုလုပ်ပြီး ပြောင်းလဲနိုင်မှာလဲ။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ငါအစေခံနေတာကြာလှပြီ ဖြစ်သလို လူတွေကိုဘယ်လိုအကဲဖြတ်ရမလဲ ငါသိတယ်။ ဒါဆို မင်းတို့က ဘာလို့ ငါပြောတာကိုမယုံတာလဲ။ အဲဒီလိုနဲ့ဆိုရင် မင်းတို့ မမှားနိုင်ဘူးလေ”လို့ပေါ့။ ကျွန်တော့် ရာထူးနဲ့ပတ်သက်ပြီး တကယ့်ကို ပြတ်ပြတ်သားသား ထပ်ရှင်းပြတယ်၊ ကျွန်တော့်ရဲ့အမြင်ကို ဇွတ်တရွတ်ဖက်တွယ်ထားတာကိုမြင်တော့ ခေါင်းဆောင်က မျက်နှာထားတင်းတင်းနဲ့ ကျွန်တော့်ကို ပြောတယ်၊ “အစ်မဇန်နဲ့ဆိုင်တဲ့ ကောင်းမွန်တဲ့သဘောတစ်ခု ကျွန်မတို့ ရထားပြီ။ ကျွန်မတို့ သူနဲ့စကားပြောပြီး သူ့ရဲ့မိဿဟာယကို နားထောင်ခဲ့ပြီးပြီ။ သူ့ဆီမှာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် သိနားလည်မှုတချို့ ရှိတယ်။ သူက နောင်တရပြီး ပြောင်းလဲဖို့အသင့်ရှိနေတယ်။ ကျွန်မတို့ သူ့ကိုတာ၀န်တစ်ခု လုပ်ခိုင်းသင့်တယ်။ သူနောင်တရဖို့ အခွင့်အရေးရသင့်တယ်။ အတိတ်က အပြုအမူတွေပေါ် အခြေခံပြီး၊ လူတွေကိုကျွန်မတို့သတ်မှတ်လို့မရဘူး။ ရှင်က သူမာနကြီးတယ်လို့ဆိုပေမယ့်၊ မာနထောင်လွှားတဲ့သူတွေကို ဘုရားအိမ်တော်မှာ တိုးတက်ခွင့် ဘယ်အချိန်ကတည်းက မပေးခဲ့လို့လဲ။ အစ်မကျန်းဟာ ရေလောင်းတဲ့အလုပ်အတွက် ကောင်းကောင်းသင့်တော်ပြီး ခုချက်ချင်း ဒါအတွက် အစောတလျင် လိုအပ်ချက်ရှိနေတယ်။ ရှင်က ရှင်ယုံကြည်တဲ့အတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ပြီး သူ့ကို မသုံးဖို့ မလျှော့တမ်းပြောနေတယ်။ ဒါဟာဇွတ်တရွတ်နိုင်ပြီး အာဏာရှင်ဆန်တာမဟုတ်ဘူးလား။ အသင်းတော်ထဲမှာလူတွေကိုတာ၀န်ပေးတာကို ရှင်အတည်ပြုဖို့လိုတယ်။ ရှင့်ရဲ့အတည်ပြုချက်မရဘဲ တာ၀န်တစ်ခုကိုသူတို့မထမ်းဆောင်နိုင်ဘူး။ ရှင်က အရမ်းကို မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်လွန်းတာပဲ။ ရှင် နှစ်သက်သလိုလုပ်ခြင်းအားဖြင့် ရှင်ဟာ ဘုရားအိမ်တော်ရဲ့ အလုပ်နဲ့ ပင်ကိုယ်စွမ်းရည်ရှိတဲ့ လူတွေကို ပျိုးထောင်ပေးတဲ့အပေါ် တိုက်ရိုက်နှောင့်နှေးစတာကို မမြင်နိုင်ဘူးလား”တဲ့။ ခေါင်းဆောင်က ကျွန်တော့်ကို ဒီနည်းနဲ့ ကိုင်တွယ်ဖြေရှင်းတာကို ကြားရတာ ကျွန်တော့်အတွက် စိတ်မချမ်းသာစရာပါပဲ။ ဒါပေမဲ့ အဲဒါကို ခံငြင်းနေတာမျိုးလည်း ဖြစ်နေခဲ့တယ်။ ကျွန်တော့်မှာ အတွေ့အကြုံအများကြီးရှိပြီး လူတွေအပေါ် အမြဲ ကောင်းကောင်း သိမြင်တာကြောင့်၊ ဒါကြောင့် အစ်မကျန်းနဲ့ပတ်သက်ပြီး ကျွန်တော်မှားခဲ့စရာ အကြောင်းမရှိဘူးလို့ ထင်နေတုန်းပဲ။ ဒါပေမဲ့ အ‌ယောက်တိုင်းက ကျွန်တော်နဲ့သဘောမတူတဲ့အတွက်၊ ဒါကိုဆန့်ကျင်ပြီး တွန်းအားဆက်ပေးလို့ မရခဲ့ဘူး။ ဒါကြောင့် ကျွန်တော် အင်တင်တင်နဲ့ ပြောခဲ့တယ်၊ “အစ်မတို့နှစ်‌ယောက်စလုံးက သူနည်းနည်းပြောင်းလဲတာကို မြင် ပြီးပြီဆိုတော့၊ သူ့ကို ရေလောင်းဖို့ အခွင့်အရေးပေးကြတာပေါ့။ အလုပ်မဖြစ်ခဲ့ရင်တော့ ကျွန်တော်တို့ သူ့ကို နေရာပြောင်းရလိမ့်မယ်”လို့ပေါ့။

အိမ်ပြန်ရောက်တော့၊ ခေါင်းဆောင်က ကျွန်တော့်အပေါ် ပြစ်တင် ကြိမ်းမောင်းတာကို တွေးမိပြီး တကယ်ပဲ စိတ်မသက်မသာဖြစ်မိ တယ်။ သူပြောတဲ့အရာအရ၊ ကျွန်တော်က မကောင်းတာလုပ်ပြီး ဘုရားသခင်ကို ကန့်လန့်တိုက်နေတာမဟုတ်ဘူးလား။ ဒါဟာ တကယ့်ကို ဆိုးရွားတဲ့ ကိစ္စတစ်ခုပဲ။ ဒါပေမယ့် အဲဒီနောက် ကျွန်တော် တွေးမိတယ်၊ အဲဒီရာထူးမှာ အစ်မကျန်းကိုမခန့်ဖို့ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကို လုံးလုံးစဉ်းစားခဲ့ပြီးပြီလေ၊ ဒါဆို သူတို့က ကျွန်တော်နဲ့ပတ်သက်ပြီး ဒါကို ဘာလို့ပြောတာလဲ။ ကျွန်တော် ဘာများ မှားသွားလို့လဲ။ ဒါကြောင့် အဖြေကိုရှာရင်း ဘုရားသခင်ဆီမှာ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင် ဒီအစ်မရဲ့ ကျွန်တော့်အပေါ်ဝေဖန်မှုကို လက်ခံဖို့ ကျွန်တော် ခက်ခဲနေပါတယ်။ ဒီကိစ္စမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုနားလည်ရမယ် ဒါမှမဟုတ် ဘယ်သမ္မာတရားရှုထောင့်ကို ဝင်ရောက်ရမလဲဆိုတာ မသိပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို လမ်းပြတော်မူပါ”လို့ပေါ။ ဆုတောင်းပြီးတဲ့နောက် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ထဲမှာ ကျွန်တော် ဒါကို ဖတ်ခဲ့ရတယ်။ “‘မဆင်မခြင်ထင်ရာစိုင်းခြင်း’ ဆိုသည်မှာ ဘာကိုဆိုလိုသနည်း။ ၎င်းသည် ကိစ္စတခုခုတွေ့ကြုံသည့်အခါ သူတစ်ပါးပေးသော အကြံဉာဏ်ကို အလေးမထား၊ စဉ်းစားတွေးခေါ်မှုမရှိဘဲ ကိုယ်အမြင်အတိုင်း ပြုမူခြင်းကိုဆိုလိုသည်။ သင့်ကို မည်သူမှ မထိုးဖောက်နိုင်။ သင့်စိတ်ကို မည်သူမှပြောင်းလဲစေနိုင်။ ဤကဲ့သို့ သင်သည် နည်းနည်းလေးမှ မယိမ်းယိုင်နိုင်။ သင်သည် ကိုယ့်စိတ်သဘောကိုသာဆုပ်ကိုင်ထားပြီး အဓိပ္ပာယ်ရှိသည့် အရာကို အခြားသူများပြောဆိုသည့်တိုင် သင်သည် နားမထောင်ပေ။ သင့်နည်းလမ်းသည်သာ မှန်ကန်သည်ဟု သင်ယုံကြည်သည်။ သင့်နည်းလမ်းက မှန်ကန်သည်ဆိုလျှင်ပင် သင်သည် သူတစ်ပါး၏ အကြံဉာဏ်များကို အလေးထားမသင့်သလော။ သို့တိုင် သင်အလေးမထားပေ။ အခြားသူများသည် သင့်အား ခေါင်းမာသောသူဟု ခေါ်ဝေါ်ကြလိမ့်မည်။ မည်မျှလောက် ခေါင်းမာသနည်း။ နွားဆယ်ကောင်မျှပင် သင့်ကိုမဆွဲနိုင်အောင် ခေါင်းမာလှပေသည်။ လုံးဝခေါင်းမာသည်။ အလွန်အကျူး စိတ်ကြီးဝင်ပြီး တဇွတ်ထိုးလုပ်သည်။ ကိုယ်တိုင်မမြင်သ‌ရွေ့ အမှန်တရားကိုမမြင်နိုင်သော အမျိုးအစား ဖြစ်သည်။ ထိုကဲ့သို့ခေါင်းမာမှုသည် ထင်ရာစိုင်းခြင်းအဆင့်သို့ မြင့်တက် မလာပေဘူးလော။ သင်နှစ်သက်သမျှ၊ သင်ထင်မြင်သည့်အရာ မှန်သမျှကို သင်ပြုပြီး မည်သူ့ကိုမျှ သင်နားမထောင်။ သင်ပြုလုပ်သည့်အရာသည် သမ္မာတရားနှင့်မကိုက်ဟု တစ်စုံတစ်ယောက်ပြောဆိုသော် ‘သမ္မာတရားနှင့် ကိုက်ညီညီ မညီညီ ငါလုပ်မည်။ ၎င်းသည်သမ္မာတရားနှင့် မကိုက်ညီသော်လည်း အကြောင်းပြချက်အမျိုးမျိုးကို ငါပေးမည် သို့မဟုတ် မှန်ကန်ကြောင်းပြမည်။ သင်နားလည်အောင် ငါလုပ်မည်။ ဤအရာအပေါ် ငါ၏ သဘောထားမပြောင်း။’ ဟူ၍ သင်ပြောပေလိမ့်မည်။ အခြားသူများက သင့်လုပ်ရပ်များသည် အနှောင့်အယှက် ဖြစ်စေသည်၊ ၎င်းသည် ဆိုးရွားသည့်အကျိုးဆက်တွေဆီကို ဦးတည်စေသည်၊ ၎င်းသည် ဘုရားသခင့်အိမ်တော်၏ အကျိုးကိုထိခိုက်စေသည်ဟု ပြောကြမည်။ သို့တိုင် သင်သည် သူတို့ကိုအလေးမထားဘဲ ‘ဤအရာသည် သင်နှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ ငါလုပ်နေသည့်အရာဖြစ်သည်။ ဒီနည်းအတိုင်းသာ ငါလုပ်ချင်သည်။ သင်သာ လုံးဝ မှားယွင်းနေပြီး ငါသာလျှင် တရားမျှတသည်။’ ဟု ထပ်၍ အကြောင်းပြချက်များကိုဆက်ပေးနေ၏။ သင်သည် အမှန်တကယ် တရားမျှတမှုရှိနိုင်ပြီး သင်လုပ်ဆောင်နေသည့် အရာသည် ဆိုးရွားသောအကျိုးဆက်များမရှိဘဲဖြစ်နိုင်ပေသည်။ သို့သော်လည်း သင်ထုတ်ဖော်ပြသသည့် စိတ်သဘောထားသည် မည်သည့်အရာနည်း။ (မာနထောင်လွှားခြင်းပင်ဖြစ်သည်။) မာနထောင်လွှားသောသဘာဝက သင့်ကို ဇွတ်တရွတ်နိုင်စေသည်။ လူတို့က ဤခေါင်းမာသော စိတ်သဘောထား ရှိသောအခါ သူတို့သည် ထင်တိုင်းကြဲပြီး မဆင်မခြင်ပြုတတ်ကြသည် မဟုတ်လော။(ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း)လူအယောက်စီတိုင်းကို ဘုရားသခင်က မည်သို့ ဆက်ဆံပါသနည်း။ လူအချို့တို့သည် မရင့်ကျက်သည့် ဝိညာဉ်ရေးအသက်တာကို ပိုင်ဆိုင်ကြသည်၊ သို့မဟုတ် ငယ်ရွယ်ကြသည်၊ သို့မဟုတ် တိုတောင်းသည့် အချိန်တစ်ခုသာ ဘုရားသခင်ကို ယုံကြည်ဖူးကြ၏။ ဘုရားသခင်သည် ဤလူတို့ကို သဘာဝနှင့် အနှစ်သာရအားဖြင့် ဆိုးသည်ဟု မြင်ကောင်း မြင်လိမ့်မည် မဟုတ်သကဲ့သို့၊ မလိုမုန်းထားသည်ဟုလည်း မြင်ကောင်းမြင်လိမ့်မည်မဟုတ်ပေ။ ယင်းမှာ သူတို့က အတိုင်းအတာတစ်ခုအထိ မသိနားမလည်ကြ သို့မဟုတ် အရည်အချင်း ချို့တဲ့ကြခြင်း သက်သက်ဖြစ်သည်၊ သို့မဟုတ် ၎င်းတို့သည် အကန့်အသတ်များစွာကို ခံရပြီး သမ္မာတရားကို နားမလည်ကြသေးပေ၊ အသက်ထဲသို့ ၎င်းတို့ မဝင်ရောက်ကြသေး၊ ထို့ကြောင့် မိုက်မဲသော အရာအချို့ကို လုပ်ဆောင်ခြင်း သို့မဟုတ် မသိနားမလည်သည့် လုပ်ရပ်အချို့ကို ကျူးလွန်ခြင်းမှ ထိန်းသိမ်းဖို့ရန် သူတို့အတွက် ခက်ခဲပေသည်။ သို့သော် ဘုရားသခင်သည် လူများ၏အတိတ်မှ မိုက်မဲမှုများကို မစွဲလမ်းပေ။ ၎င်းတို့၏ စိတ်နှလုံးများကို သူကြည့်ရှုသည်။ ၎င်းတို့က သမ္မာတရားကို လိုက်စားဖို့ သန္နိဋ္ဌာန်ထားရှိလျှင်၊ မှန်သော ဦးတည်ချက်ကို သူတို့ ဦးတည်နေခြင်းဖြစ်ပြီး၊ ဤသည်မှာ သူတို့၏ ရည်မှန်းချက်ဖြစ်သည့်အခါ၊ ထို့နောက် ဘုရားသခင်က သူတို့ကို စောင့်ကြည့်နေသည်၊ သူတို့အတွက် စောင့်ဆိုင်းနေပြီး သူတို့ကို ဝင်ရောက်ခွင့်ပေးသည့် အချိန်နှင့် အခွင့်အရေးကို သူတို့အား ပေးနေပါ၏။ ယင်းမှာ ဘုရားသခင်က သူတို့ကို ရိုက်ချက်တစ်ချက်ဖြင့် ထိုးလှဲလိုက်ခြင်းမဟုတ်သကဲ့သို့ တစ်ကြိမ် သူတို့ ကျူးလွန်မိခဲ့သည့် ပြစ်မှားခြင်းတစ်ခုကို ဖမ်းဆုပ်ကာ လက်လွှတ်ရန် ငြင်းပယ်ခြင်းကိစ္စတစ်ရပ်လည်း မဟုတ်ပေ။ ဘုရားသခင်သည် လူတို့ကို ဤသို့ လုံးဝ မဆက်ဆံဖူးပေ။ ဤသို့ဆိုသော်ငြားလည်း၊ လူတို့က အချင်းချင်း ထိုသို့သော ပုံစံဖြင့် အချင်းချင်း ဆက်ဆံကြလျှင်၊ ဤအရာက သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြသသည် မဟုတ်လော။ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အတိအကျ ဖြစ်ပေသည်။ မသိနားမလည်ဘဲ မိုက်မဲသော လူတို့ကို ဘုရားသခင်က မည်သို့ ဆက်ဆံသည်၊ မရင့်ကျက်သည့် ဝိညာဉ်အသက်တာရှိသူတို့ကို သူ မည်သို့ ဆက်ဆံသည်၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ပုံမှန်သရုပ်သကန်များကို သူ မည်သို့ ဆက်ဆံပုံနှင့် မလိုမုန်းထားသော သူတို့ကို သူ ဆက်ဆံပုံတို့ကို သင် ကြည့်ရှုလေ့လာရမည်။ ဘုရားသခင်သည် လူအမျိုးမျိုးကို နည်းလမ်းအမျိုးမျိုးဖြင့် ဆက်ဆံပြီး၊ မတူညီသော လူတို့၏ အခြေအနေ အမြောက်အများကို စီမံခန့်ခွဲနည်းအမျိုးမျိုးလည်း သူ့ထံတွင် ရှိ၏။ ဤသမ္မာတရားများကို သင်နားလည်ပြီးသည်နှင့်၊ ထိုအခါတွင် ယင်းတို့ကို သင် မည်သို့ တွေ့ကြုံခံစားဖို့ကိုလည်းကောင်း၊ အခြေခံသဘောတရားများအတိုင်း မည်သို့ ဆက်ဆံဖို့ကိုလည်းကောင်း သင် သိလိမ့်မည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရရှိရန်၊ သင့်အနေဖြင့် သင့်ဝန်းကျင်ရှိ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှ သင်ယူရမည်”) နှုတ်ကပတ်တော်ဖော်ပြတဲ့ အရာပေါ်မှာ အခြေခံပြီး ကျွန်တော် ကိုယ့်ကိုယ်ကိုယ် စဆင်ခြင်ခဲ့တယ်။ လူတွေကို အလုပ်ခန့်တာနဲ့ပတ်သက်ပြီး ကျွန်တော့်ဆီမှာ အဘက် ဘက်က အတွေ့အကြုံရှိတယ်၊ ပြီးတော့ စည်းကမ်းတွေနဲ့ပတ်သက်ပြီး သဘောပေါက်တယ်လို့ ကျွန်တော်ထင်ခဲ့တယ်။ အထူးသဖြင့် ကျွန်တော်ရွေးချယ်ခဲ့တဲ့ တစ်စုံတစ်ယောက်က သူတို့ရဲ့ တာ၀န်မှာ အောင်မြင်တဲ့အခါ၊ ကျွန်တော့်ဆီမှာ ထိုးထွင်းအမြင်ရှိပြီး အမြော်အမြင်ရှိသလို တကယ်ပဲ ခံစားမိခဲ့တယ်။ ဒီကိစ္စအပေါ်မှာ အမြတ်ထုတ်ချင်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အရမ်းဂုဏ် ယူခဲ့သလို၊ တခြားဘယ်သူမဆိုရဲ့ အကြံပြုချက်တွေကို နားမထောင်ခဲ့ဘူး။ အစ်ကိုလျူက အစ်မကျန်းရဲ့အခြေအနေကို အမှန်တကယ်နားလည်ပြီး အလုပ်ထုတ်ခံရကတည်းက သူ့ကိုယ်သူ သိနားလည်မှု နည်းနည်း တကယ် ရှိခဲ့တယ်၊ သူဟာ နောင်တရဖို့နဲ့ ပြောင်းလဲဖို့ အသင့်ဖြစ်နေပါပြီလို့ပြောပြီး လူတွေကို မျှမျှတတ ဆက်ဆံဖို့ ကျွန်တော့်ကို တိုက်တွန်းခဲ့ချိန်မှာ သူ့စကားနားထောင်ဖို့ ကျွန်တော် ငြင်းဆန်ခဲ့တယ်။ သူဟာ မာနထောင်လွှားတယ်၊ မပြောင်းလဲဘူး၊ သမ္မာတရားကို အားမထုတ်ဘူး၊ ဒါကြောင့် ရေလောင်းတာ၀န်ကို သူယူနိုင်မှာမဟုတ်ဘူးလို့ တွေးရင်း သူ့ကို အရင်က ဘယ်လိုမြင်ခဲ့တဲ့ပုံအပေါ် အခြေခံပြီး ကန့်သတ်ခဲ့တယ်။ ဒါပေမဲ့ တကယ်တော့ ဘုရားသခင်က ဘယ်တုန်းကမှ ဒီလိုမျိုး မပြောခဲ့ဖူးဘူး။ နောက်ပြီး ဘုရားအိမ်တော်ကလည်း ကိစ္စတွေကို ဒီလိုမျိုး ဘယ်တုန်းကမှ မစီစဉ်ဖူးဘူး။ လူတစ်‌ယောက်ဟာ သမ္မာတရားရဲ့ ရူပါရုံတွေကို နားလည်နိုင်စွမ်းရှိပြီး ရေလောင်းတဲ့တာ၀န်မှာ အကျိုးရနိုင်သရွေ့၊ သူတို့ကို ပျိုးထောင်ပြီး လေ့ကျင့်ပေးလို့ရတယ်။ တကယ်ကို ဆိုးရွားတဲ့ ပြစ်မှားခြင်းတွေ ကျူးလွန်တဲ့သူတွေ ကိုတောင်မှ ဘုရားအိမ်တော်က သူတို့ကို လုံးလုံးလျားလျား မရှုတ်ချဖူးဘူး။ အကယ်၍ သူတို့သာ သမ္မာတရားကိုလက်ခံမယ်၊ ကိုယ့်ကိုယ်ကို ဆင်ခြင်မယ်၊ သူတို့ပြုခဲ့တဲ့အမှားအတွက် နောင်တရပြီး ပြောင်းလဲလိုစိတ်ရှိ မယ်ဆိုရင်၊ ဘုရားအိမ်တော်က သူတို့ကို ဆက်လက်မြှင့်တင်ပေးပြီး အသုံးပြုနိုင်တယ်။ တစ်စုံတစ်ယောက်က ဘယ်လိုမျိုး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သ‌ဘောထားကိုပြပါစေ၊ ဒါမှမဟုတ် ဘုရားအိမ်တော်ရဲ့ အလုပ်ကို နှောင့်ယှက်ဖို့ ဘာပဲလုပ်ခဲ့ကြပါစေ၊ သူတို့အနေနဲ့ ဆိုးယုတ်တဲ့ လူတစ်ယောက် ဒါမှမဟုတ် အန္တိ ခရစ် တစ်ယောက် မဖြစ်သေးသရွေ့၊ ဘုရားသခင်ဟာ တာ၀န်ကိုထမ်းဆောင်ဖို့နဲ့ အကြီးမားဆုံးအတိုင်း အတာအထိ သင်ယူဖို့ သူတို့ကို အခွင့်အလမ်းတွေပေးမှာ ဖြစ်တယ်။ ဒါဟာ ဘုရားသခင်ရဲ့ ချစ်မေတ္တာနဲ့ ကယ်တင်ခြင်းဖြစ်တယ်။ ဘုရားသခင်ရဲ့ စိတ်သဘောထား သို့မဟုတ် ဘုရားအိမ်တော်မှာ လူတွေကို ဆက်ဆံပုံနဲ့ပတ်သက်တဲ့ မူတွေကို ကျွန်တော် နားမလည်ခဲ့ဘူး။ ကျွန်တော်ဟာ အစ်မကျန်းရဲ့ အားသာချက်တွေကို မကြည့်ဘဲ သူ့ကို ထင်ရာမြင်ရာသတ်မှတ်ပြီး ရေးလောင်းတာ၀န်ပေးဖို့ ငြင်းဆန်ရင်းနဲ့၊ အတိတ်မှာ သူပြခဲ့တဲ့ ဖောက်ပြန်ပျက်စီးခြင်းကို လက်လွှတ်လိုက်ဖို့ ကျွန်တော် ငြင်းဆန်နေခဲ့တယ်။ ဒါကြောင့် ယုံကြည်သူအသစ်တွေ အချိန်မီ ရေလောင်းမခံရဘဲ ဘုရားအိမ်တော်ရဲ့ အလုပ်ကို အနှောင့်အယှက် ဖြစ်စေခဲ့တယ်။ ဒါ မကောင်းမှုကို လုပ်နေတာမလား။ နောင်တအပြည့်နဲ့ ကျွန်တော်ဘုရားသခင်ရှေ့ကို လာပြီး ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ကျွန်တော်ဟာ အရမ်း မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့တာ၀န်မှာ တစ်ဇွတ်ထိုးမလုပ်ချင်တော့ပါဘူး။ ကျွန်တော်နောင်တရဖို့နဲ့ ပြောင်းလဲဖို့ အသင့်ဖြစ်ပါပြီ”လို့ပေါ့။

နောက်တစ်ခါ စုဝေးပွဲတစ်ခုမှာ အစ်မကျန်းနဲ့ကျွန်တော်ရှိနေပြီး မိမိကိုယ်ကိုယ် ဆင်ခြင်မှုနဲ့ မိမိကိုယ်ကိုယ်သိနားလည်မှုကို သူဆွေးနွေးတာကြားရတော့၊ အရမ်း လက်တွေ့ကျတဲ့နည်းလမ်းနဲ့ သူတကယ်နောင်တရခဲ့တာကို ကျွန်တော်တွေ့ခဲ့ရတယ်၊ ကျွန်တော် ပိုလို့တောင်ရှက်မိပြီး အပြစ်ရှိတယ်လို့ ခံစားရတယ်။ ရေလောင်းတာ၀န် အစ်မကျန်းယူပြီးတဲ့နောက် သူဟာ အရမ်းကို စိတ်ထက်သန်ပြီး အဲဒီအတွက် တာဝန်ယူခဲ့တယ်။ နောက်ပြီး သူရေလောင်းပေးတဲ့ ညီအစ်ကိုမောင်နှမတွေ တိုးတက်လာကြတယ်။ သူဟာ အသင်းတော်အချို့အတွက် ရေလောင်းတဲ့အလုပ်ကို စီမံခန့်ခွဲ ဖို့ နောင်မှာ ရာထူးတိုးမြှင့်ခံခဲ့ရတယ်။ သူမရဲ့တာ၀န်မှာ ဘယ်လောက်ကောင်းကောင်းလုပ်နေတယ်ဆိုတာကို မြင်ရခြင်းက ကျွန်တော့်ကို ပိုလို့တောင်ရှက်စေပါတယ်။ သူမကို တာ၀န်တစ်ခုပေးဖို့ ငြင်းဆန်ပြီး ဘုရားအိမ်တော်ရဲ့ အလုပ်ကို ကြန့်ကြာစေရင်းနဲ့ ကျွန်တော်ဘယ်လို မာနထောင်လွှားခဲ့ပြီး၊ ဘယ်လိုထင်ရာမြင်ရာ သူ့အပေါ် သတ်မှတ်ခဲ့တာတွေကို မုန်းမိတယ်။ ကျွန်တော် သမ္မာတရား မပိုင်ဆိုင်ခဲ့သလို၊ ကိစ္စ‌တွေအပေါ် ထိုးထွင်းအမြင်မရှိတာကို ကျွန်တော် သဘောပေါက်ခဲ့တယ်။ ကျွန်တော့်ရဲ့ အတွေ့အကြုံအားလုံးကနေ နည်းတချို့နဲ့ စည်းကမ်းတွေကို နားလည်ခဲ့ပေမယ့် ဒါတွေကို အမှီပြုရုံနဲ့တော့ ဘုရားအိမ်တော်ရဲ့ အလုပ်က မပြီးမြောက်နိုင်ဘူးလေ။ ဒီဖြစ်ရပ်ပြီးတဲ့နောက်မှာ၊ ကျွန်တော်ဟာ လူတွေကို တာ၀န်ပေးရာမှာ သတိပိုထားပြီး ချည်းကပ်ခဲ့တယ်၊ ပြီးတော့ ကျွန်တော့်ရဲ့ ဇွတ်တရွတ်နိုင်ခြင်းက ခေါင်းထောင်လာပြီး ကျွန်တော် အဆုံးအဖြတ် ပေးချင်တဲ့အခါ၊ ဆုတောင်းဖို့နဲ့ မိမိကိုယ်ကိုယ် ပစ်ပယ်ဖို့ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်ဖို့နဲ့ တခြားအ‌ယောက်စီတိုင်းရဲ့ ပြောစရာရှိတာကို နားထောင်ဖို့ သေချာလုပ်ခဲ့တယ်။

ကျွန်တော်ဟာ ဒီလက်တွေ့လုပ်ဆောင်မှုထဲမှာ ဝင်ရောက်မှုအနည်းငယ်ရှိတယ်လို့ ထင်ခဲ့ပေမဲ့ အံ့သြစရာကောင်းတာက၊ ကျွန်တော့်ကို ပြန်ဖော်ထုတ်တဲ့ အရာတစ်ခု နောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တာပါပဲ။ ခြောက်လကြာပြီးတဲ့နောက်၊ အထွေထွေအသင်းတော် ကိစ္စတွေကို ကိုင်တွယ်တဲ့ အဖွဲ့၀င်နှစ် ယောက်မှာ မိသားစုကိစ္စရှိနေပြီး၊ သူတို့ရဲ့ တာ၀န်ဆီ မလာနိုင်ကြဘူး။ သူတို့ကို အစားထိုးဖို့အတွက် ကျွန်တော်တို့မှာ အစောတလျင် လူလိုခဲ့တယ်။ ကျွန်တော် အဲဒါကိုစုံစမ်းစစ်ဆေးပြီး တာ၀န်ယူနိုင်ပြီး အခြေအနေ အမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ ညီအစ်မနှစ်‌ယောက်ကို တွေ့ခဲ့တယ်။ ဒါပေမဲ့ သူတို့မှာ လုံခြုံရေးအန္တရာယ်တချို့တော့ ရှိတယ်။ ဒါပေမဲ့ နောက်တော့ သူတို့ဟာ သူတို့ဒေသတွင်းမှာ တာဝန်ကို ထမ်းကြမှာ မဟုတ်ဘူးဆိုတော့၊ သူတို့ကို တာ၀န်ပေးတာဟာ ပြဿနာရှိမှာမဟုတ်ဘူးလို့ ကျွန်တော် တွက်ဆမိတယ်။ ကျွန်တော်တို့ တကယ်ပဲ လူတွေကို ထပ်လိုအပ်ခဲ့ပြီး၊ ပိုသင့်တော်တဲ့သူ ဘယ်သူ့ကိုမှ မတွေ့တာကြောင့် သူတို့ကို လတ်တလောသုံးပြီး ပိုတော်တဲ့ သူတစ်ယောက်ပေါ်လာမှ သူတို့ကို လူစားလဲဖို့ဆုံးဖြတ်ခဲ့တယ်။ အသင်းတော်ထဲက အထွေထွေကိစ္စတွေမှာ အစ်မကျိုးကို ကူညီစေချင်တယ်လို့ ကျွန်တော်က အစ်ကိုလျူကို ပြောတဲ့အခါ သူ ပြန်ဖြေလိုက်တာက၊ “လူတွေကိုရွေးချယ်တဲ့အခါ မူတွေကို ကျွန်တော်တို့ လုံး၀လိုက်နာရမယ်။ လုံခြုံရေးစိုးရိမ်စရာရှိတယ်ဆိုရင် သူတို့ဟာ အသင်းတော်အတွက် အလုပ်လုပ်လို့ မရဘူး။ အစ်မကျိုးဟာဒီတာ၀န်အတွက် ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုလို့ ကျွန်တော်မထင်ဘူး။ ကျွန်‌တော်တို့ မူတွေအတိုင်းပဲလုပ်ရလိမ့်မယ်”တဲ့။ သူလက်မခံတာကိုတွေ့တော့၊ “ဒါပေမဲ့ ကျွန်တော်တို့မှာ အရေးတကြီး လိုအပ်ချက်ရှိနေတာမလား။ ခင်ဗျား အကြောက်လွန်နေတယ်လို့မထင်ဘူးလား။ သူ့ရဲ့ ဇာတိမြို့မှာ သူက လူသိများတဲ့ ယုံကြည်သူတစ်ယောက်ဆိုတာ မှန်ပေမဲ့ ဒါပေမဲ့ တကယ်တော့ သူက ရဲတွေ စုံစမ်းထောက်လှမ်းတာ တစ်ခါမှ မကြုံဖူးဘူးလေ။ ဒါ့အပြင်သူ့ဆီမှာ သတ္တိနဲ့အမြော်အမြင်ရှိတယ်။ သူနဲ့ပတ်သက်ပြီး ဒါကို ကျွန်တော်သိတယ်။ လတ်တလောမှာ ပိုသင့်တော်တဲ့သူ ရှိမယ်လို့ ကျွန်တော်မထင်ဘူး ဆယ်ရက်ကျော်ကြာသွားပြီဖြစ်သလို၊ ဒီတာ၀န်ကိုယူဖို့ ကျွန်တော် တစ်ယောက်မှရှာမတွေ့သေးဘူး။ ကျွန်တော်တို့တာ၀န်မှာ ကြောင်းကျိုးမမြင်ဘဲ စည်းမျဉ်းတွေကို လိုက်နာလို့မရဘူး”လို့ ပြောပြီး သဘောကွဲလွဲခဲ့တယ်။ သူက ကျွန်တာ့်စကားဆုံးအောင်နားထောင်ပြီး မလျော့တမ်းပြောတယ်၊ “အန္တရာယ်တစ်ခုနဲ့ရင်ဆိုင်ရတဲ့လူကို တာ၀န်ပေးတာဟာ မူတွေကို ချိုးဖောက်တာပဲ။ ကျွန်တော်တို့ လုံခြုံရေးကို ပထမဦးစားပေးရမယ်”တဲ့။ သူပြောနေတဲ့အရာကို ကျွန်တော်လုံး၀လျစ်လျူရှုပြီး အစ်မကျိုးကိုသုံးဖို့ မလျှော့တမ်းပြောခဲ့တယ်။ အဲ့ဒီနောက် လုံခြုံရေးအန္တရာယ်ရှိတဲ့ အစ်မလျူကိုလည်း စာဖြန့်‌ဝေရာမှာ အလုပ်လုပ်ဖို့ ကျွန်တော်စီစဉ်ခဲ့တယ်။ မကြာခင်မှာပဲ ကွန်မြူနစ်ပါတီဟာ နေထိုင်ခွင့်မှတ်ပုံတင်စစ်ယောင်ဆောင်ပြီး ယုံကြည်သူတွေစပြီး စုံစမ်းစစ်ဆေးခဲ့တယ်။ အစ်မကျိုးဟာ ဘုရားသခင်ကို ယုံကြည်မှုအတွက်နဲ့ လူသိများတယ်၊ သူ့ရဲ့မှတ်ပုံတင်ကို မပြနိုင်တာကြောင့် သူငှားနေတဲ့နေရာကနေ သွားသွားလာလာလုပ်တဲ့အခါ သူ့ကို သံသယထားပြီး စောင့်ကြည့်ခံရတယ်။ အဲဒီနောက် သူနဲ့ အဆက်အသွယ်ရှိခဲ့တဲ့ အသင်းတော်ကိစ္စတွေကို ကိုင်တွယ်တဲ့ တစ်ခြားလူတစ်‌ယောက်လည်း ငြိစွန်းပြီး စောင့်ကြည့်ခံရတယ်။ အကျိုးဆက်အနေနဲ့ ကွဲပြားတဲ့ အသင်းတော်တချို့အတွက် ဆက်သွယ်ရေးလမ်းကြောင်းတွေ ထိခိုက်ကုန်တယ်။ အရေးတကြီးဖြစ်တဲ့အလုပ်တချို့ကို မပြီးမပြတ်ထားခဲ့ပြီး ရက်၂၀ကျော်ကြာအောင် အားလုံးပဲ အဆက်အသွယ်တွေပြတ်ကုန်တယ်။ ဒီဖြစ်ရပ်ရဲ့နောက်ဆက်တွဲကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အချို့သော လုပ်ငန်းတာ၀န်တွေတောင် လက်စမသတ်နိုင်ခဲ့ဘူး။

ခေါင်းဆောင်က ဒီအကြောင်းကို လေ့လာမိပြီး လုံခြုံရေးအန္တရာယ်ရှိနေတဲ့ လူတစ်ယောက်ကို အလုပ်ခန့်ဖို့ ကျွန်တော်မရမကလုပ်ခဲ့တာကို တွေ့တော့ ခက်ခက်ထန်ထန်ပဲ သူ ကျွန်တော့်ကိုကိုင်တွယ်ဖြေရှင်းတယ်။ “ရှင်က မာနထောင်လွှားပြီး နောက်ထပ်ဇွတ်လုပ်ပြန်ပြီ။ ရှင်ဟာ ရှင့်တာဝန်မှာ အမြဲ ထင်ရာမြင်ရာလုပ်သလို၊ မူတွေကို ဆန့်ကျင်ပြီးရှင်လုပ်တယ်။ ဒီတစ်ခါတော့ အဲဒါက ဘုရားအိမ်တော်ရဲ့ အလုပ်ကို ဆိုးဆိုးရွားရွား ထိခိုက်မှုဖြစ်စေတယ်။ ရှင်က နဂါးနီကြီး လုပ်ဖို့ မျှော်လင့်တဲ့အရာကိုလုပ်ခဲ့ပြီး သူ့ဘာသာသူ မစီမံနိုင်ခဲ့ဘူး။ ဒါဟာ ဘုရားအိမ်တော်ရဲ့အလုပ်ကို နှောင့်ယှက်ပြီး ဖျက်စီးရင်းနဲ့ စာတန်ရဲ့ လက်ပါးစေအဖြစ် အမှုထမ်းနေတာမဟုတ်ဘူးလား။ ရှင့်ရဲ့ မပြောင်းလဲတတ်တဲ့ အပြုအမူအပေါ် အခြေခံပြီး၊ ရှင့်တာ၀န်ကနေ ရှင့်ကို ဖယ်ရှားဖို့ ကျွန်မတို့ ဆုံးဖြတ်ပြီးပြီ”တဲ့။ ဒါကိုကြားရတာကျွန်တော့်ကို ကြက်သေသစေပြီး တကယ့်ကို မျက်နှာပျက်စရာပါ။ ကျွန်တော်တွေးမိတယ်၊ “သွားပြီ။ ငါ မကောင်းမှုကြီးတစ်ခုကို လုပ်မိပြီ။ အကယ်၍များ ငြိစွန်းနေတဲ့ ညီအစ်ကို မောင်နှမတွေ အဖမ်းခံရရင်ဘယ်လိုလုပ်မလဲ။ အကယ်၍များသူတို့သာ အဖမ်းခံရရင် ငါဟာ အရမ်းဆိုးဝါးတဲ့ ကိစ္စတစ်ခုကို တကယ်လုပ်မိလိုက်တာပဲ”လို့ပေါ့။ ဒီအကြောင်း ပိုတွေးမိလေလေ ပိုကြောက်လေလေပဲ။ အပြစ်ရှိတဲ့စိတ်က ကျွန်တော့်ကိုဖိစီးနေတယ်။ အဲဒါက နှလုံးသားကိုထိုးတဲ့ ဓားတစ်ချောင်းလိုခံစားရပြီး၊ ဘာကိုမှလုပ်ဖို့ စိတ်လှုံ့ဆော်မှု လုံးဝမရှိတော့ဘူး။ ဘုရားသခင်ထံမှာ ဆုတောင်းပြီး ကျွန်တော့်ရဲ့အပြစ်ကို အထပ်ထပ်ဝန်ခံရင်းနဲ့၊ နေ့စဉ်နေ့တိုင်း ဝေဒနာနေ့ရက်ထဲမှာ ရှင်သန်ခဲ့တယ်။ “ဘုရားသခင်ကျွန်တော်ဟာ အရမ်း မာနထောင်လွှားပါတယ်၊ အရမ်းစိတ်ကြီးဝင်မိပါတယ်။ ကျွန်တော့်ရဲ့တဇွတ်ထိုးနိုင်မှုက ဘုရားအိမ်တော်ရဲ့အလုပ်ကို မယုံနိုင်အောင် ထိခိုက်စေမိပါပြီ။ ဘုရားသခင် ကျွန်တော့်ကိုပေးလိုတဲ့ အပြစ်ဒဏ်ပေးခြင်းကို လက်ခံဖို့အသင့်ပါ။ ကျေးဇူးပြု၍ ညီအစ်ကိုမောင်နှမတွေကို ဖမ်းဆီးခံရခြင်းကနေကာကွယ်ပေးတော်မူပါ”ပေါ့။ နောက်တော့ အဲဒီအသင်းဝင်သားကို အချိန်မီနေရာပြောင်းပြီး ဖမ်းဆီးတာကို လွတ်သွားကြမှန်း ကျွန်တော်သိခဲ့ရတယ်။ နောက်ဆုံးတော့ ကျွန်တော်လည်း သက်ပြင်းချနိုင်တော့တယ်။

အဲဒီကိစ္စပြီးတော့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ခဲ့တယ်။ ကျွန်တော် ဘာကြောင့် တာဝန်မှာ အမြဲတဇွတ်ထိုးလုပ်တာလဲ။ အဲဒါက တကယ် ဘယ်ကလာတာလဲ။ ကျွန်တော် ဘုရားဆီက ဒီနှုတ်ကပတ်တော်ကို ဖတ်ခဲ့ရတယ်။ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်” ထဲကပါ။ “သင်သည် သင့်အတွင်း၌ သမ္မာတရားကို အမှန်တကယ် ပိုင်ဆိုင်ပါက သင်လျှောက်လှမ်းသည့် လမ်းကြောင်းမှာ အလိုအလျောက်မှန်ကန်သော လမ်းကြောင်းဖြစ်လိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး မရည်ရွယ်ဘဲ ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ အကယ်၍ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင်၏အတွင်းတွင် တည်ရှိခဲ့ပါက၊ ဘုရားသခင်ကို ဖီဆန်ခြင်းမှ ထိန်းထားဖို့ မဖြစ်နိုင်ပေ။ သင်သည် သူ့ကိုဖီဆန်ရန် လှုံ့ဆော်ခြင်းခံရမည်။ သင်သည် ရည်ရွယ်ချက်ရှိရှိနှင့် ထိုအရာကို ပြုမည်မဟုတ်၊ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မောက်မာခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်စေလိမ့်မည်ဖြစ်ပြီး အစဉ်တစိုက် မိမိကိုယ်ကို ထုတ်ဖော်ကြွားဝါစေလိမ့်မည် ဖြစ်ကာ နောက်ဆုံးတွင် သင့်ကို ဘုရားသခင်၏ နေရာတွင် ထိုင်စေ၍ သင့်ကိုယ်သင်အတွက် သက်သေခံစေလိမ့်မည် ဖြစ်သည်။ သင်သည် အကိုးကွယ်ခံရဖို့ရန် မိမိကိုယ်ပိုင် စိတ်ကူးများ၊ မိမိကိုယ်ပိုင် အတွေးအခေါ်နှင့် မိမိကိုယ်ပိုင် အယူအဆများကို သမ္မာတရားများအဖြစ် ပြောင်းလဲလိမ့်မည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် မည်မျှများပြားလှသော ဒုစရိုက်မှုကို ပြုကြသည်ကို ကြည့်လော့။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ) နှုတ်ကပတ်တော်ထဲကနေ ကျွန်တော်တွေ့ခဲ့တာက၊ ကျွန်တော့်ရဲ့တာဝန်မှာ ထပ်ခါထပ်ခါ ထင်သလိုပြုမူနေတာဟာ မာနထောင်လွှားတဲ့ စိတ်ကြီးဝင်တဲ့ သဘာဝတစ်ခုရဲ့ ထိန်းချုပ်ခံရခြင်းကနေလာတယ်ဆိုတာပါပဲ။ အဲဒီသဘာဝမျိုးနဲ့၊ ကျွန်တော်က မကောင်းတာလုပ်ပြီး ဘုရားသခင်ကိုအတိုက်အခံ မလုပ်ဘဲမနေနိုင်ခဲ့ဘူး။ အဲဒီအရာကကျွန်တော့်ကိုထိန်းချုပ်နေတာကြောင့် ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးလွန်းခဲ့ပြီး၊ ကျွန်တော်က တခြားလူတိုင်းထက်သာတယ်၊ လူတိုင်းထက် ပိုမှန်တယ်၊ ဒါကြောင့် အသင်းတော်ထဲမှာ ကျွန်တော်က အဆုံးအဖြတ်ပေးသင့်တယ်လို့ ခံစားမိခဲ့တယ်။ ကျွန်တော် တစ်ခုခုအပေါ်မှာ စိတ်ပိုင်းဖြတ်မိတာနဲ့ ဒါကို တခြားနည်းလမ်းနဲ့ မြင်ဖို့ ငြင်းဆန်ခဲ့ပြီး ဘယ်သူ့စကားကိုမှ နားမထောင်ခဲ့ဘူး။ လူတွေကို ကျွန်တော့်ရဲ့စိတ်ကူးတွေကို သမ္မာတရား အခြေခံသဘောတရားတွေလိုတောင် နာခံစေချင်ခဲ့တယ်။ အဲဒီညီအစ်မနှစ်ယောက်မှာ လုံခြုံရေးအန္တရာယ်ရှိပြီး ဒီတာဝန်တွေကို မထမ်းသင့်ဘူးဆိုတာ ကျွန်တော်သိခဲ့တယ်။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်ထင့်နေခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်ဟာ မိမိကိုယ်ကိုယ် ဘေးဖယ်ထားပြီး ဘုရားသခင်ရဲ့ အလိုတော်ကို မရှာနိုင်သေးဘူး။ တခြားဘယ်သူမဆိုရဲ့ သတိပေးမှုတွေကို ကျွန်တော် နားမထောင်ခဲ့သလို၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အပြစ်တင်မှုတွေနဲ့ လမ်းပြမှုကို ကျွန်တော်လျစ်လျူရှုခဲ့တယ်။ ကျွန်တော်ဟာ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ဆိုးဆိုးရွားရွားထိခိုက်အောင် လုပ်ရင်းနဲ့ မိုက်မဲခေါင်းမာစွာနဲ့ ဘေးမကင်းတဲ့လူနှစ်ယောက်ကို တာဝန်ပေးခဲ့ တယ်။ တကယ်လို့ ကျွန်တော်သာ သမ္မာတရားကိုရှာဖွေလိုတဲ့ စိတ်ဆန္ဒနည်းနည်းလေး ရှိခဲ့မယ်ဆိုရင်၊ ကျွန်တော်သာ အစ်ကိုလျူရဲ့ အကြံပေးချက်တွေကို နားထောင်ခဲ့မယ်ဆိုရင် အဲဒီလိုဆိုးရွားတဲ့ အကျိုးဆက်တွေကို ရှိမှာမဟုတ်ဘူး။ ဒါတွေအားလုံးကို သဘောပေါက်မိတော့ အရမ်းနောင်တရပြီး ကိုယ့်ကိုယ်အပြစ်တင်မိတယ်။ နောက်ပြီး ကျွန်တော့်ရဲ့ မာနထောင်လွှားမှုနဲ့ ဇွတ်တရွတ်နိုင်မှုကို မုန်းမိတယ်။ ကွန်မြူနစ်ပါတီဟာ ဘုရားသခင်ရဲ့ ရွေးချယ်ထားတဲ့ လူတွေကို ဖိနှိပ်ဖို့နဲ့ ဖမ်းဆီးဖို့ နည်းမျိုးစုံသုံးရင်း ဘုရားသခင်ရဲ့ အမှုတော်ကို လျော့ပါးအောင်လုပ်ဖို့ ကြိုးစားတာကို ဘယ်တော့မှ မရပ်တန့်ပါဘူး။ နောက်ပြီး ကျွန်တော်က ဘေးမကင်းတဲ့လူတွေကို တာဝန်ပေးဖို့ ဆုံးဖြတ်ရင်းနဲ့ မူတွေကို ထင်ရာမြင်ရာ ချိုးဖောက်ခဲ့တယ်။ အဲဒါကြောင့် အခြားအသင်းသားတွေ စောင့်ကြည့်ခံရတာပါ။ ဒါဟာ ဘုရားသခင်ရဲ့ အမှုတော်ကိုဖျက်စီးရာမှာ ကွန်မြူနစ်ပါတီရဲ့ အကူအဖြစ် အမှုထမ်းရင်းနဲ့ စာတန်းကိုယ်စား သွယ်ဝိုက် အလုပ်လုပ်နေတာ မဟုတ်ဘူးလား။ အဲဒီညီအစ်ကို မောင်နှမတွေဟာ ဘုရားသခင်ရဲ့ ကရုစိုက်မှုနဲ့ ကာကွယ်မှုမပါရင် အဖမ်းခံရပြီး ထောင်ကျ သွားမှာ သေချာသလောက်ပါပဲ။ အဲဒါဆို ကျွန်တော်က မကောင်းမှုကြီးတစ်ခုကို တကယ်လုပ်မိသွားမှာပါ။ ဒီအတွေးက ကျွန်တော့်ကို ပိုပိုပြီး ခြောက်လှန့်ခဲ့တယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အမှုတော်ဆောင်ဖို့ အသင်းတော်က ကျွန်တော့်ကို ခွင့်ပြုခဲ့သလို၊ ဒီနေရာမှာ ဘုရားသခင်ရဲ့အလိုတော်က သမ္မာတရားကို ကျွန်တော် လက်တွေ့လုပ်ဆောင်ပြီး ကိစ္စတွေကို မူအတိုင်း လုပ်ဖို့ဖြစ်ပါတယ်။ ကျွန်တော်က ညီအစ်ကိုမောင်နှမတွေအတွက် သူတို့နဲ့ ကိုက်ညီတဲ့ရာထူးတွေ ယူနိုင်အောင် စီစဉ်ပေးရမှာပါ။ အဲဒီလိုနဲ့ သူတို့ဟာ သူတို့ရဲ့အားသားချက်တွေကို အသုံးပြုနိုင်ပြီး သူတို့ကိုယ်တိုင်ရဲ့ ကောင်းတဲ့လုပ်ရပ်တွေကို ပြင်ဆင်နိုင်မှာ ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်တွေးခဲ့မိတာက၊ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အတွေ့အကြုံနည်းနည်းရှိတာက ကျွန်တော်ဟာ ထူးခြားတဲ့အရာတစ်ခုခု ဖြစ်လာတဲ့သဘောပဲလို့ပေါ့။ တခြားလူတွေအကြောင်း ကျွန်တော် သိပ်မစဉ်းစားခဲ့သလို၊ ကျွန်တော့်နှလုံး သားထဲမှာ ဘုရားသခင်မရှိခဲ့ဘူး။ ဘုရားအိမ်တော်ရဲ့ အခြေခံသဘောတရားတွေကိုတောင် အလေးအနက်မထားဘဲ ကျွန်တော်လုပ်ချင်တာမှန်သမျှ လုပ်ခဲ့တယ်။ ဆင်ခြင်တုံတရား ပျောက်တဲ့အထိ ကျွန်တော်ဟာ မာနထောင်လွှားခဲ့ တယ်။ အသင်းတော်ကနေ နှင်ထုတ်ခံရတဲ့ အန္တိခရစ်တွေရဲ့အကြောင်းကို ကျွန်တော်တွေးခဲ့တယ်။ သူတို့ဟာ ဘုရားအိမ်တော်ရဲ့ သမ္မာတရား အခြေခံသဘောတရားတွေကို ပမာမခန့်နဲ့ အလေးမထားဘဲ အရမ်းကို မာနထောင်လွှားကြတယ်။ သူတို့ရဲ့ တာ၀န်မှာသူတို့က အာဏာရှင်ဆန်ပြီး ထင်တိုင်းကြဲတယ်။ ပြီးတော့ ဘုရားအိမ်တော်ရဲ့အလုပ်ကို ဆိုးဆိုးရွားရွား နှောင့်ယှက်တယ်။ နောက်ဆုံးမှာ သူတို့ဟာ မကောင်းမှုအများကြီးလုပ်တာကြောင့် အသင်းတော်ကနေ ဖယ်ရှားခံရတယ်။ ကျွန်တော့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို မဖြေရှင်းရင် အနှေးနဲ့အမြန် အန္တိခရစ်တစ်‌ယောက်ရဲ့လမ်းကို ကျွန်တော် လျှောက်မိပြီး ဘုရားသခင်ရဲ့ သုတ်သင်ဖယ်ရှင်းတာကို ခံရမှာပါ။ အဲဒီအချိန်မှာ ကျွန်တော့်ရဲ့ မာနထောင်လွှားတဲ့ သဘာ၀ နဲ့ အသက်ရှင်နေတယ်ဆိုတဲ့ အတွေးကြောင့် ကျွန်တော် ကြောက်လန့်မိတယ်။ ကျွန်တော်ဟာ ဒီလိုကြီးမားတဲ့ မကောင်းမှုတစ်ခုကို ကျူးလွန်ခဲ့ပေမယ့်၊ ဘုရားအိမ်တော်က ကျွန်တော့်ကို နှင်မထုတ်သေးဘဲ ကျွန်တော့်ရဲ့ တာ၀န်ကနေပဲ ဖယ်ရှားခဲ့တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ဖို့ သိနားလည်ဖို့ နောင်တရဖို့နဲ့ပြောင်းလဲဖို့ ကျွန်တော့်ကို အခွင့်အရေးပေးရင်းနဲ့ ဘုရားသခင်က ကျွန်တော့်ကို အသိဉာဏ်တောင်ပွင်းလင်းစေပြီး သူ့ရဲ့နှုတ် ကပတ်တော်နဲ့ လမ်းပြပေးခဲ့တယ်။ ဘုရားသခင်ရဲ့ မေတ္တာကို ကျွန်တော်တကယ်ပဲ ခံစားလို့ရတယ်။ ပြီးတော့ ကျွန်တော်နောင်တအများကြီးရခဲ့တယ်။ နောင်တရပြီး ပြောင်းလဲဖို့ အသင့်ဖြစ်ပြီလို့ ကျွန်တော်ခံစားမိတယ်။ အဲ့ဒါပြီးတဲ့နောက် ကျွန်တော်ဟာ လက်တွေ့လုပ်ဆောင်မှု တစ်ခုနဲ့ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲနိုင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သတိရှိရှိ စပြီး ရှာဖွေခဲ့တယ်။

ကျွန်တော် ဘုရားနှုတ်ကပတ်တော်ထဲက ဒီအပိုဒ်ကို ဖတ်ခဲ့တယ်။ “သို့ပြုလျှင် သင်သည် သင်၏ထင်ရာမြင်ရာလုပ်ခြင်းနှင့် ကမူးရှုးထိုးဖြစ်ခြင်းတို့ကို မည်သို့ ဖြေရှင်းသနည်း။ သင်၌ စိတ်ကူးတစ်ခုရှိသောအခါ ဤကိစ္စအကြောင်း သင်ထင်မြင်ယုံကြည်သည့်အရာကို အခြားသူများအား သင်ပြောသည်၊ ထို့နောက် ထိုအကြောင်းကို လူတိုင်းအား သင်ပြောပြသည်။ ပထမဦးစွာ သင့်အမြင်ကို သင်မီးမောင်းထိုးပြပြီး သမ္မာတရားကို ရှာဖွေနိုင်သည်။ ဤသည်မှာ ဤထင်ရာမြင်ရာလုပ်ခြင်းနှင့် ကမူးရှုးထိုးဖြစ်ခြင်း စိတ်သဘောထားကို အောင်နိုင်ရန်အတွက် သင် လက်တွေ့လုပ်ဆောင်ရမည့် ပထမအဆင့်ဖြစ်သည်။ ဒုတိယအဆင့်မှာ ကွဲလွဲသောခံယူချက်ကို အခြားလူတို့က ဖွင့်ဟလာသောအခါ ဖြစ်ပေါ်လေသည်- ထင်ရာမြင်ရာနှင့် ကမူးရှုးထိုးလုပ်ခြင်းမှ ရှောင်ကြဉ်ရန် မည်သည့် လက်တွေ့လုပ်ဆောင်မှုကို သင်ထားရှိနိုင်သနည်း။ သင်သည် ဦးစွာ နှိမ့်ချခြင်းသဘောထား ရှိရမည်၊ သင်က မှန်ကန်သည်ဟု ယုံကြည်သောအရာကို ဘေးဖယ်ထားရမည်ဖြစ်ပြီး လူတိုင်းကို မိတ်သဟာယပြုရန် အခွင့်ပေးရမည် ဖြစ်သည်။ သင်၏နည်းလမ်းက မှန်ကန်သည်ဟု သင်ယုံကြည်လျှင်ပင်၊ ယင်းကို ထပ်တလဲလဲ မလျှော့တမ်း မပြောသင့်ပေ။ ပထမအနေဖြင့် ၎င်းသည် ရှေ့တစ်လှမ်းတက်ခြင်းမျိုး ဖြစ်သည်။ ယင်းက သမ္မာတရားကို ရှာဖွေခြင်း၊ သင့်ကိုယ်သင် ငြင်းပယ်ခြင်းနှင့် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းခြင်းဟူသော သဘောထားကို ပြသသည်။ သင့်တွင် ဤသဘောထား ရှိသောအခါ၊ သင်သည် သင့်ကိုယ်ပိုင်ခံယူချက်ကို မစောင့်ထိန်းတော့သည်နှင့် တစ်ပြိုင်နက်၊ ဆုတောင်းတော့သည်။ သင်သည် အမှားနှင့်အမှန်ကို မသိသောကြောင့် အကောင်းဆုံး၊ အသင့်တော်ဆုံး ပြုလုပ်ရမည့်အရာကို ထုတ်ဖော်ရန်နှင့် ပြောပြရန် သင်က ဘုရားသခင်ကို အခွင့်ပေးသည်။ အယောက်တိုင်းက မိတ်သဟာယတွင် ပါဝင်လာကြသောအခါ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အား ဉာဏ်အလင်း အားလုံးကို ယူဆောင်လာပေးသည်။ ဘုရားသခင်သည် တစ်ခါတစ်ရံ သင်၏ သဘောထားကို ဆင်ခြင်သုံးသပ်ရုံသက်သက်ဖြစ်သည့် ဖြစ်စဉ်တစ်ခုနှင့်အညီ လူတို့ကို ဉာဏ်အလင်းပေးလေသည်။ သင်၏ သဘောထားသည် မိမိဆန္ဒအမြင်ကို ထုတ်ပြောရန် ဝန်မလေးသည့် မာကျောသော သဘောထားတစ်ခုဖြစ်ပါက၊ ဘုရားသခင်သည် သူ၏ မျက်နှာကို သင့်ထံမှ ကွယ်ဝှက်လိမ့်မည်ဖြစ်ပြီး သူ့ကိုယ်သူ သင့်ထံမှ ပိတ်ပင်ထားလိမ့်မည်ဖြစ်သည်။ သူသည် သင့်ကို ဖော်ထုတ်လိမ့်မည်ဖြစ်ပြီး၊ သင် တားဆီးခံရသည်ကို သေချာစေမည် ဖြစ်သည်။ အခြားတစ်ဘက်တွင်၊ သင်၏ သဘောထားသည် မှန်ကန်ပါက၊ သင်ကိုယ်တိုင်၏ နည်းလမ်းအတွက် မရမကပြောဆိုခြင်း မရှိသည်သာမက၊ မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု မယူမှတ်သကဲ့သို့ ထင်ရာမြင်ရာနှင့် မဆင်မခြင်မလုပ်ဘဲ သမ္မာတရားကို ရှာဖွေခြင်းနှင့် လက်ခံခြင်း သဘောထားတစ်ခု ရှိပါက၊ အဖွဲ့နှင့် သင် မိတ်သဟာယပြုပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်က သင်တို့အလယ် အမှုပြုဖို့ အဆင်သင့်ရှိသည့်အခါတွင်၊ သူသည် တစ်စုံတစ်ဦး၏ စကားများအားဖြင့် သင့်ကို သိနားလည်မှုဆီသို့ ဦးဆောင်လမ်းပြကောင်း လမ်းပြလိမ့်မည်ဖြစ်သည်။ တစ်ခါတစ်ရံ လူတစ်ဦးကို သန့်ရှင်းသော ဝိညာဉ်တော်က ဉာဏ်အလင်းပေးသည့်အခါတွင်၊ သူသည် ကိစ္စရပ်တစ်ခု၏ အချက်ကို စကားအနည်းငယ် သို့မဟုတ် စကားစုအနည်းငယ်ဖြင့် နားလည်ဖို့ သင့်ကို ဦးဆောင်လေသည်။ ထိုခဏချင်းတွင် သင် ဖက်တွယ်နေခဲ့ပြီးဖြစ်သည့် မည်သည့်အရာမဆို မှားယွင်းသည်ကို သင် နားလည်ပြီး ထိုခဏချင်းတွင်ပင် လုပ်ဆောင်ရန် အသင့်တော်ဆုံး နည်းလမ်းကို သင် နားလည်လေသည်။ ထိုသို့သော အဆင့်ကို ရောက်ရှိပြီးနောက်၊ လူတစ်ဦးသည် မကောင်းမှု လုပ်ဆောင်ခြင်း၊ မှားယွင်းသည့် လမ်းကြောင်းကို လျှောက်ခြင်းနှင့် အမှားတစ်ခု၏ အကျိုးဆက်များကို ခံရခြင်းတို့အား အောင်အောင်မြင်မြင် ရှောင်ရှားပြီးဖြစ်ပါသလော။ ထိုသို့သောအရာတစ်ခုကို မည်သို့ စွမ်းဆောင်ရရှိသနည်း။ ယင်းကို နာခံကာ ရှာဖွေသည့် စိတ်နှလုံးတစ်ခုအားဖြင့် ရရှိပေသည်။ ဤအရာကို သင် ရရှိနိုင်သည်နှင့်တစ်ပြိုင်နက်၊ နောက်ဆုံးတွင် သင်သည် သင်တင့်လျောက်ပတ်စွာ လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ အလိုကို သင် ဖြည့်ဆည်းပြီး ဖြစ်လိမ့်မည်။(ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း) ဒါကိုဖတ်ပြီးတဲ့နောက်၊ မာနထောင်လွှားမှုနဲ့ ဇွတ်တရွတ်နိုင်မှုကို ဖြေရှင်းဖို့အတွက် ဒီအရေးကြီးဆုံးက ဘုရားသခင်ကို ကြည်ညိုကြောက်ရွံ့တဲ့ နှလုံးသားနဲ့ သမ္မာတရားကို ရှာဖွေတဲ့ သဘောထားရှိဖို့ဆိုတာ နားလည်သွားခဲ့တယ်။ ကိစ္စတွေပေါ်ပေါက်လာတဲ့အခါ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်ကို မလျှော့တမ်းစွဲထားလို့ မရဘဲ၊ အခြားသူတွေနဲ့ အမှုကိစ္စတွေကို ဆွေးနွေးဖို့ လိုအပ်သလို၊ တစ်‌ယောက်ယောက်မှာ မတူညီတဲ့ ထင်မြင်ချက်ရှိခဲ့ရင်၊ အဲဒါကို ပထမဆုံးလက်ခံသင့်တယ်၊ ပြီးမှ ဘုရားသခင်ထံမှာ ဆုတောင်း၊ သမ္မာတရားကိုရှာပြီး အခြေခံသဘောတရားတွေကို လက်တွေ့လုပ်ဆောင် သင့်တယ်။ ညီအစ်ကို မောင်နှမတွေနဲ့ တွဲဖက်ညီညီ ပူးပေါင်းလုပ်ဆောင်သင့်တယ်။ ဒါဟာ ဘုရားသခင်ရဲ့ လမ်းပြမှုကို ရမယ့်နည်းပဲ။ တကယ်လို့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အတွေးကို ခေါင်းမာမာနဲ့ ကျွန်တော် ဖက်တွယ်ထားရင် သန့်ရှင်းသော ဝိညာဉ် တော်ရဲ့ လုပ်ဆောင်မှုကို ရဖို့နည်းလမ်းမရှိဘူး။ ဘယ်အရာကိုမှ ကျွန်တော် ထိုးထွင်းသိမြင်နိုင်စွမ်းရှိမှာမဟုတ်သလို၊ ကျွန်တော့်ရဲ့ တာ၀န်မှာ အနှောင့်အယှက်ဖြစ်မှာပဲ။ ကျွန်တော့်ရဲ့ မာနထောင်လွှားတဲ့ သဘာ၀ကြောင့် ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ ဘုရားသခင်အတွက် နေရာမရှိတာကြောင့် ဒီလိုကြီးမားတဲ့မကောင်းမှုမျိုးကို လုပ်ခဲ့မိပုံကို ကျွန်တော် အချိန်ယူစဉ်းစားခဲ့တယ်။ ဒီအရာဟာကိစ္စတိုင်းမှာ ဆရာလုပ် မင်းမူလိုခြင်း၊ အခြားသူတွေနဲ့ ကောင်းကောင်း အလုပ်မလုပ်ခြင်းကနေ လာတာဖြသ်တယ်။ ဒါကို သဘောပေါက်တော့၊ ကိစ္စတွေပေါ်ပေါက်လာတဲ့အခါ အရမ်းခေါင်းမာမနေတော့ဘဲ၊ အခြားသူတွေနဲ့အတူ ပိုရှာဖွေပြီး ဆက်သွယ်ပြောဆိုဖို့ တိတ်တဆိတ် ဆုံးဖြတ်ခဲ့တယ်။ သမ္မာတရားနဲ့လျှော်ညီတဲ့ ဘယ်သူ့ရဲ့အကြံကိုမဆို ကျွန်တော်နားထောင်မှာပါ။

အဲဒါပြီးတော့ အသင်းတော်က ရေလောင်းတဲ့ အဖွဲ့ခေါင်းဆောင်အဖြစ်နဲ့ အမှုဆောင်ဖို့ ကျွန်တော့်ကို တာဝန်ပေးခဲ့တယ်။ ကျွန်တော် တကယ်ပဲကျေးဇူးတင်ပြီး အဲ့ဒီတာဝန်ကို တန်ဖိုးထားခဲ့တယ်။ ကျွန်တော့်ရဲ့ကျရှုံးမှုကနေ လုံးဝ သင်ခန်းစာယူဖို့နဲ့ ကျွန်တော့်ရဲ့မာနထောင်လွှားတဲ့သဘာဝက ကျွန်တော့်ကို ဇွတ်တရွတ်နိုင်အောင် လုပ်ခွင့်မပေးလို့ မရဘူးဆိုပြီး ကျွန်တော် ကိုယ့်ကိုယ်ကိုအမြဲသတိပေးတယ်။ ပြဿနာတွေပေါ်ပေါက်လာတဲ့အခါ၊ အမှုကိစ္စတွေကို သူတို့နဲ့ဆွေးနွေးဖို့ ညီအစ်ကိုမောင်နှမတွေကို ကျွန်တော်သွားရှာမှာပါ။ တစ်ခါတော့ ခေါင်းဆောင်တစ်ယောက်ဆီက စာတစ်စောင်ရခဲ့တယ်။ ရေလောင်းတဲ့တာဝန်ကို လုပ်ဖို့ ကိုက်ညီတဲ့ လူအချို့ကို ရှာဖို့လိုတယ်လို့ သူပြောထားတယ်။ ဒါကို စုံစမ်းရင်းနဲ့ အစ်မစူးဟာ အရည်အချင်းပြည့်မီတယ်လို့ ကျွန်တော်ခံစားမိတယ်။ ဒါပေမဲ့ တခြားသူတွေရဲ့ အကဲဖြတ်ချက်တွေအရ သူ့မှာ မာနထောင်လွှားတဲ့သဘာဝရှိပြီး ညီအစ်ကိုမောင်နှမတွေရဲ့ အကြံဉာဏ်နဲ့ အကူအညီကို လက်ခံမှာမဟုတ်ဘူး။ ဒီကိစ္စမှာ သူဟာ သမ္မာတရားကိုလက်ခံမှာ မဟုတ်တာကြောင့် ပျိုးထောင်ပေးသင့်တဲ့ သူမဟုတ်ဘူးလို့ ကျွန်တော်ခန့်မှန်းခဲ့တယ်။ အဲ့ဒီနောက်တော့ ကျွန်တော်ဟာ လူတစ်ယောက်ကို ထင်ရာမြင်ရာ သတ်မှတ်နေပြန်ပြီဆိုတာ သဘောပေါက်လိုက်တယ်။ နောက်ပြီး ဘုရားသခင်ပြောခဲ့တဲ့ အရာတစ်ခုကို သတိရမိတယ်။ “ဆုံးဖြတ်ချက်မချခြင်းသည် လူများအနေဖြင့် မိမိတို့ကိုယ်ကိုယ် မှန်ကန်သည်ဟု မယူမှတ်ခြင်း၏ သရုပ်သကန်ဖြစ်ပြီး ခိုင်ခိုင်မာမာ မပြောခြင်းသည် လူတို့၏ ဆင်ခြင်တုံတရားနှင့်သက်ဆိုင်သည့် သရုပ်သကန်ဖြစ်သည်။ ထို့အပြင် သင်သည် နာခံနိုင်ပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းကို စွမ်းဆောင်ရရှိနိုင်လိမ့်မည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ) အဆုံးအဖြတ်ပေးတာကို နောက်ထပ်မရမကလုပ်လို့ မရဘဲ၊ ကျွန်တော်နဲ့အတူလုပ်တဲ့ အစ်ကိုနဲ့ ဒီကိစ္စကို ဆွေးနွေးပြီး သူပြောစရာရှိတာကို နားထောင်ဖို့လိုတယ်ဆိုတာ ကျွန်တော် သိခဲ့တယ်။ ကျွန်တော့်ရဲ့သဘောထားကိုရှင်းပြတော့ သူက ပြန်ပြောတယ်၊ “ဒီအကဲဖြတ်မှုတွေအရ၊ အစ်မစူးဟာ တကယ်ပဲ မာနထောင်လွှားပုံရတယ်။ ဒါပေမဲ့ ဒါတွေအားလုံးက အတိတ်မှာ သူဖော်ပြခဲ့တဲ့ ဖောက်ပြန်ပျက်စီးမှုအပေါ်မှာ အခြေခံတာကို ကျွန်တော်သတိပြုမိတယ်။ သူ့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိ ရှိထားပြီးပြီလားဆိုတာ ကျွန်တော်တို့မသိဘူး။ ပင်ကိုစွမ်းရည်ရှိတဲ့ လူတစ်ယောက်ကို ကျွန်တော်တို့မနှိမ်သင့်ဘူး၊ ဒီတော့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ချက် သူ့ကိုရေးခိုင်းရအောင်။ ပြီးရင် သူနဲ့အနီးကပ်ထိတွေ့မှုရှိတဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ ထင်မြင်ချက်တွေကို မေးကြည့်တာပေါ့။ ဒါတွေအားလုံးကို ကျွန်တော်တို့ စမ်းစစ်ပြီး သူဟာ ဒီတာဝန်အတွက် ကောင်းမွန် သင့်တော်တဲ့ လူလားဆိုတာ ကြည့်လို့ရတယ်။ ဒီချည်းကပ်မှုက စိတ်အချရဆုံးပဲ”တဲ့။ သူ့ရဲ့အကြံပြုချက်က သမ္မာတရား အခြေခံသဘောတရားတွေနဲ့ ကိုက်ညီတဲ့ပုံပေါက်တယ်။ တကယ်လို့ ညီအစ်ကိုမောင်နှမအချို့ရဲ့ ထင်မြင်ချက်တွေကိုပဲ အခြေခံပြီး မြေတောင်မြှောက်ပေးဖို့ မသင့်တော်တဲ့သူတစ်ယောက်အနေနဲ့ သူ့ကို သတ်မှတ်မိရင်၊ အရမ်းကို လောကြီးရာကျသွားမယ်။ သူ့ဆီမှာ ဘယ်လိုမာနထောင်လွှားမှုမျိုးရှိလဲဆိုတာ ကျွန်တော်တို့ စမ်းစစ်သင့်တယ်။ တကယ်လို့ အဲဒါက မလျော်ကန်တဲ့ ကျိုးကြောင်းမမြင်တဲ့ မာနထောင်လွှားမှုဖြစ်ပြီး သမ္မာတရားကို လက်ခံဖို့ လုံးဝငြင်းဆန်မယ်ဆိုရင်တော့ သူ အဲဒီတာဝန်ကို တကယ်မယူသင့်ဘူး။ တကယ်လို့ သူ့ဆီမှာ အစွမ်းအစတချို့ရှိပေမယ့်၊ မာနထောင်လွှားမှုမျိုးရှိပြီး၊ သူ့အနေနဲ့ ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းခံရပြီးတဲ့နောက် ကိုယ့်အကြောင်းကို သိပြီး ပြောင်းလဲနိုင်မယ်ဆိုရင် ဒါဟာ သာမာန်ဖောက်ပြန်ပျက်စီးမှုကိုပြတာပါ။ ဒါ့အပြင်၊ သူ့အကြောင်းကို အဲဒီလိုပြောတဲ့သူတွေအားလုံးက အရင်က သူနဲ့တွဲလုပ်တဲ့သူတွေဖြစ်တယ်၊ ဒါကြောင့် အခု သူနဲ့ထိတွေ့မှုရှိတဲ့လူတွေက ဘာပြောမလဲဆိုတာ ကြည့်ဖို့လိုတယ်။ ပိုကျယ်ပြန့်တဲ့အမြင်နဲ့ကြည့်တာ ပိုပြီးတိကျမှန်ကန်လိမ့်မယ်။ အစ်မစူးရဲ့ကိုယ့်ကိုယ်ကိုယ် သုံးသပ်ချက်နဲ့ အခြားညီအစ်ကိုမောင်နှမတွေရဲ့ အကဲဖြတ်မှုတွေကို ကျွန်တော်တို့ရတဲ့အခါ၊ သူဟာ လက်တွေ့လုပ်ဆောင်မှုတချို့နဲ့ဝင်ရောက်မှုတွေကို ဖြစ်ပေါ်စေခဲ့ပြီးပြီဖြစ်သလို သမ္မာတရားကို အားထုတ်တဲ့ လူတစ်ယောက်ဖြစ်တာကို တွေ့ခဲ့ရတယ်။ ကျွန်တော်တို့ သူ့ကိုအဲဒီရေလောင်းတာဝန်အတွက် ထောက်ခံပေးခဲ့ကြတယ်။ အဲဒီကတည်းက ကျွန်တောဟာ တာဝန်တစ်ခုခုအတွက် လူတစ်ယောက်ကို ရွေးချယ်ဖို့လိုတဲ့အခါ ကျွန်တော်လုပ်ချင်တာကို မာနထောင်လွှားစွာနဲ့ မလုပ်သလို ကိုယ့်ဘာသာကိုယ် မဆုံးဖြတ်တော့ဘဲ၊ အခြားသူတွေရဲ့အကြံပြုချက်ကို ရှာဖွေပြီး နားထောင်တတ်တဲ့ သဘောထားတစ်ခုကို ခံယူထားတယ်။ ကျွန်တော် ဆုလည်းတောင်းပြီး သမ္မာတရားကို ရှာဖွေတယ်။ ဒီလို လက်တွေ့လုပ်ဆောင်မှုမျိုးနဲ့အတူ ကျွန်တော်ဟာ အေးချမ်းသွားပြီး စိတ်ထင့်ရာကနေ လွတ်မြောက်မှုကို ခံစားရတယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမခြင်းရဲ့ ကျေးဇူးသက်သက်ကြောင့် ကျွန်တော် ဒီပြောင်းလဲမှု ရှိနိုင်ခဲ့တာပါ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကိုင်တွယ်ဖြေရှင်းခံရခြင်းမှ ကျွန်မ ရရှိခဲ့တဲ့အရာ

ရှောင်မိ ဂျပန်နိုင်ငံ ၂၀၂၂ခုနှစ်၊ ဇွန်လမှာ ညီမက အသင်းတော်ခေါင်းဆောင်အနေနဲ့ အရွေးခံရတယ်။ ညီမ တာဝန်ယူရမဲ့ အလုပ်တွေ၊ ရမဲ့ အတော်များတဲ့...

ရိုးသားသူတစ်ယောက်ဖြစ်ခြင်းအားဖြင့် ကျွန်တော်ရရှိခဲ့သည့်အရာ

ချန်ယံ တောင်ကိုရီးယားနိုင်ငံ အလုပ်အစည်းအဝေးတစ်ခုမှာ ကျွန်တော်ဦးဆောင်ရတဲ့ အသင်းတော်တစ်ခုရဲ့ လူသစ်တွေကိုရေလောင်းတာ ဘယ်လိုအခြေအနေရှိလဲလို့...

ကျွန်ုပ်၏ စိတ်နှလုံးကို ခံစားချက်က လွှမ်းမိုးထားသည်

၂၀၁၇ ခုနှစ် မေလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုဆော်ကို ကျွန်မ လက်ခံခဲ့တယ်။ ဘုရားကို ယုံကြည်ပြီးတဲ့နောက်မှာ ကျွန်မ...

လွှတ်ပေးထားသည့်နည်းကို ကျွန်မ အသုံးပြုမည်မဟုတ်တော့ပါ

လီဖေး အီတလီနိုင်ငံ ၂၀၂၁ခုနှစ်၊ ဇွန်လမှာ ကျွန်မအသင်းတော်မှာ ဗီဒီယိုအလုပ်ကို ကျွန်မ ကြီးကြပ်ရတယ်။ အလုပ်က များလာတော့ နောက်ထပ် အဖွဲ့တစ်ဖွဲ့ကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။