ကိုယ့်ထက်သာသွားမည်ကို အဘယ်ကြောင့် ကျွန်ုပ် အလွန်စိုးရွံ့ရသနည်း

13.12.2022

ယန်ဖေချီ တရုတ်နိုင်ငံ

၂၀၁၇ မှာ ဘွဲ့ယူပြီးတဲ့နောက်၊ အသင်းတော်မှာ ကိုယ့်တာဝန်ကို စခဲ့တယ်။ ညီအစ်ကို မောင်နှမတွေကြားမှာ ကျွန်မက အငယ်ဆုံးဖြစ်ပြီး၊ ဘုရားကိုယုံကြည်ပြီး ကိုယ့်တာဝန်ကို လုပ်တဲ့ချိန် အတိုဆုံးပဲ။ ဒါပေမဲ့ ထပ်တလဲလဲ ရာထူးတိုးခံရလို့ အများထက်သာတယ်ဆိုတဲ့ စိတ်အမြဲရှိခဲ့တယ်။ ဒီဇင်ဘာလမှာ၊ အဖွဲ့တချို့ကို ရေလောင်းတဲ့အလုပ်ကို ကြီးကြပ်ရတယ်။ ကျွန်မတာဝန်ကို ကောင်းကောင်း လုပ်အောင်လို့ မိတ်သဟာယပြု အားပေးဖို့ အသင်းတော် ခေါင်းဆောင်လာတယ်။ ကျွန်မက အရမ်းဂုဏ်ယူသွားတယ်။ ခေါင်းဆောင်က ပုံမှန်အားဖြင့် အလုပ်အရမ်းများလို့၊ ကျွန်မကို မိတ်သဟာယပြုဖို့ ဒီလိုလာတာက ခေါင်းဆောင်က ကျွန်မ ရာထူးတိုးခံရတာ ဝမ်းသာတာပဲလို့ တွေးမိစေတယ်။ တခြားညီအစ်ကို မောင်နှမတွေဆီ ကျွန်မအကြောင်း သူပြောပြမှာပဲလို့ တွေးခဲ့တယ်။ အဲဒီနောက်မှာ သူတို့ ကျွန်မကို သေချာပေါက် အထင်ကြီးပြီး၊ ငယ်တဲ့အရွယ်မှာ မြန်မြန်ဆန်ဆန် ရာထူးတိုးခံရတဲ့အတွက် ကျွန်မကို ချီးကျူးကြမှာပဲပေါ့။ အဲဒီအတွေးက ကျွန်မကို အရမ်းဝမ်းသာသွားစေတယ်။ နည်းနည်းကြာတော့၊ အစ်မအိုင်က လူသစ်တွေကို ရေလောင်းဖို့ သင်ယူရာမှာ မြန်မြန် တိုးတက်တာ သတိထားမိတယ်။ ညီအစ်ကို မောင်နှမတွေက သူ့ကို အထင်တကြီး ပြောပြီး၊ နောက်ဆုံးမှာ အဖွဲ့ခေါင်းဆောင်အနေနဲ့ ရွေးကြတယ်။ ဒါက ဝမ်းသာရမဲ့အရာတစ်ခု ဖြစ်သင့်ပေမဲ့၊ ကျွန်မစိတ်နှလုံးထဲမှာ စိုးရိမ်နေမိခဲ့တယ်။ “အစ်မအိုင်က အရမ်းထင်ပေါ်တော့ မကြာခင် ရာထူးတိုးခံရနိုင်တယ်”လို့ပေါ့။ ရုတ်တရက် ဆုံးရှုံးတဲ့ ခံစားချက် ခံစားရတယ်။ လူတိုင်းက သူ့ကိုအာရုံစိုက်ပြီး အစမှာကတည်းက သူက ကျွန်မထက် ပိုကောင်းအောင် လုပ်နေခဲ့တာလေ။ ထပ်ပြီး ရာထူးတိုးခံရရင်၊ ခေါင်းဆောင်က သူ့ကို သေချာပေါက် အထင်ကြီးပြီး၊ ညီအစ်ကို မောင်နှမတွေနဲ့အတူ သူ့အကြောင်းကို မကြာမကြာ ပြောမှာပဲ။ အဲဒါဆိုရင် ကျွန်မကို ဘယ်သူမှ အထင်ကြီးကြတော့မှာ မဟုတ်ဘူး။ ရုတ်တရက် စိတ်နှလုံးက ဟာတာတာဖြစ်သွားပြီး၊ အရမ်းဝမ်းနည်းမိတယ်။ ဒါကို မဖြစ်စေချင်ခဲ့ဘူး။ အစ်မအိုင်ကို အဖွဲ့ခေါင်းဆောင်တောင် ဆက်မဖြစ်စေချင်ခဲ့ဘူး။

တစ်လကျော်ကြာပြီးတဲ့နောက်မှာ၊ အစ်မအိုင် ကြီးကြပ်တဲ့အလုပ်က အများကြီး ထိရောက်မှုလျော့ကို သတိထားမိတယ်။ စုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာ၊ အစ်မအိုင်က အဖွဲ့ခေါင်းဆောင်ဖြစ်လာတာနဲ့ ကိုယ့်ဘာသာ အားရလာခဲ့တာ၊ တခြားလူတွေရှေ့မှာ ကြွားပြီး စည်းမျဉ်းတွေ မရှာဘဲ ကိုယ့်တာဝန်ကို လုပ်ခဲ့တာ သိလိုက်ရတယ်။ အဲဒါကြောင့် သူ့အလုပ်က ထိရောက်မှု အများကြီး လျော့သွားခဲ့တာပဲ။ ကျွန်မတွေးမိတယ်၊ “အစ်မအိုင်က အဖွဲ့ခေါင်းဆောင်အနေနဲ့ လမ်းကြောင်းမှန် မလျှောက်ဘူး၊ အဲဒါက အလုပ်ကို ဟန့်တားထားတယ်။ အဖွဲ့ခေါင်းဆောင်ဖြစ်ဖို့ သူ မသင့်တော်တာလား”ပေါ့။ ရုတ်တရက် ကျွန်မမျက်လုံးတွေ လင်းလက်သွားတယ်။ အစ်မအိုင်က အဖွဲ့ခေါင်းဆောင်မဟုတ်ရင်၊ ကျွန်မ ရာထူးတိုးခံရမှာ မဟုတ်ဘူးလေ။ ကျွန်မတွဲဖက် အစ်မလျူကို အမြန် ကျွန်မပြောလိုက်တယ်။ “အဖွဲ့ခေါင်းဆောင်အနေနဲ့၊ သူ သိက္ခာနဲ့ အဆင့်အတန်းနောက်လိုက်ပြီး၊ သူ့အလုပ် ရလဒ်တွေ ကျဆင်းခဲ့တယ်။ သူက အဖွဲ့ခေါင်းဆောင်ဖြစ်ဖို့ မသင့်တော်တော့ဘူး” လို့ပေါ့။ ကျွန်မနဲ့သဘောတူအောင် အစ်မလျူကို လှုံ့ဆောင်ဖို့၊ ဒီလိုလည်း ပြောလိုက်တယ်၊ “အရင်က၊ အစ်မအိုင်နဲ့ ကျွန်မအလုပ် အတူလုပ်ခဲ့တယ်။ သူ့မှာ ညံ့ဖျင်းတဲ့ အစွမ်းအစရှိပြီး၊ ကောင်းမွန်တဲ့ အဖွဲ့ခေါင်းဆောင် ဖြစ်မှာ မဟုတ်ဘူး” လို့ပေါ့။ အစ်မလျူက ကျွန်မပြောတာကို ကြားပြီး အသင်းတော် ခေါင်းဆောင်ဆီ အကြောင်းကြားဖို့ အကြံပေးတယ်။ ဒါပေမဲ့ ခေါင်းဆောင်က ကျွန်မစာကို ဖတ်ပြီးတော့၊ စာပြန်ရေးပြီး ပြောတယ်၊ အစ်မအိုင်က ခဏတာ မကောင်းတဲ့ အခြေအနေမှာ ရှိတာပါ၊ ဒါပေမဲ့ လက်တွေ့အလုပ်တချို့ကို သူ လုပ်နေနိုင်သေးတယ်တဲ့။ ပြီးတော့ အစ်မအိုင်ကို ပိုပြီး ကူညီပေးဖို့ ကျွန်မကို ပြောတယ်။ နည်းနည်းကြာတော့၊ အစ်မအိုင်ရဲ့ အခြေအနေ မတိုးတက်လာကို မြင်ရတယ်။ သူ့ကို ကျွန်မ မကူညီခဲ့ရုံမက၊ သူ့ကို စပြီး စိတ်ကုန်လာနေခဲ့တယ်။ သူ သမ္မာတရားကို မလိုက်စားသလို၊ သူ့အလုပ်ရဲ့ ညံ့ဖျင်းတဲ့ ရလဒ်တွေဟာ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းနောက် သူလိုက်စားလို့ ဖြစ်တာလို့တောင် သည်းမခံနိုင်ဘဲ ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ သူ့ကို ဒီလိုကိုင်တွယ်ဖြေရှင်းပြီးတဲ့ နောက်မှာ၊ အစ်မအိုင်က ပိုလို့တောင် အပျက်သဘောဆောင်လာခဲ့တယ်။ သူ့ကိုယ်သူ စသတ်မှတ်လာခဲ့တယ်၊ သူ့အခြေအနေက ဆိုးသထက်ဆိုးသွားပြီး၊ သူ အဖွဲ့ခေါင်းဆောင်ဖြစ်လို့မရတော့ဘူးလို့ ပိုလို့တောင် ကျွန်မ ယုံကြည်လက်ခံမိခဲ့တယ်။ အဲဒါကို အသင်းတော်ခေါင်းဆောင်ဆီ ထပ်အကြောင်းကြားခဲ့ပေမဲ့၊ အစ်မအိုင်က သမ္မာတရားကို လက်ခံနိုင်ပြီး၊ သူ့အခြေအနေကို ချိန်ညှိဖို့ အချိန်လေးပဲလိုတာလို့ ခေါင်းဆောင်က စာပြန်ရေးပြီး ပြောတယ်။ ကျွန်မ ဒါကို လုံးဝ မကြိုက်ဘူး။ အစ်မအိုင်ရဲ့ အခြေအနေက ဆိုးရွားတယ်၊ ဒီတော့ ဘာလို့ သူ အဖွဲ့ခေါင်းဆောင် ဖြစ်ရမှာလဲပေါ့။ ဒါအဆင်ပြေမှာမဟုတ်ဘူး။ အသင်းတော် အလုပ်ကို စဉ်းစားပေးရမယ်လေ။ ဒါကြောင့် တခြား အသင်းတော် ခေါင်းဆောင်ဆီ ကျွန်မ စာရေးပြီး၊ “အစ်မအိုင် အဖွဲ့ခေါင်းဆောင် ဖြစ်လာချိန်မှာ၊ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းနောက်လိုက်တယ်၊ အဲဒါက အလုပ်ကို နှောင့်ယှက်၊ တားဆီးတယ်။ သူ အဖွဲ့ခေါင်းဆောင် ဖြစ်လို့မရတော့ဘူး” လို့ ပြောလိုက်တယ်။ အဲဒီအချိန်မှာ၊ ကျွန်မစကားတွေက မမျှတသလို၊ ခေါင်းဆောင်ကို တမင် လှည့်စားခဲ့တာ။ အကျိုးဆက်အနေနဲ့၊ ခေါင်းဆောင်က အစ်မအိုင်ကို ထုတ်ပယ်လိုက်တယ်။ နောက်ပိုင်းမှာ အစ်မအိုင်က အရမ်းအပျက်သဘောဆောင်လာခဲ့ပြီး သူ့ကိုသူ သတ်မှတ်နေခဲ့တာ ကြားရတယ်။ နည်းနည်း အပြစ်ရှိတဲ့စိတ် ခံစားရပေမဲ့၊ ဖြစ်ပြီးတဲ့နောက်မှာ မစဉ်းစားတော့ဘူး။

အချိန်တချို့ကြာပြီးတဲ့နောက်မှာ၊ အစ်မအိုင်ကို ထုတ်ပယ်ရာမှာ ကျွန်မတို့ အရမ်းမာနထောင်လွှားခဲ့တာကို ညီအစ်ကို မောင်နှမတချို့က စာရေးထောက်ပြခဲ့ကြတယ်။ စည်းမျဉ်းတွေအရ၊ သူက လက်တွေ့အလုပ်တချို့ လုပ်နိုင်တယ်လေ။ အခု သူ အထုတ်ခံရတော့ အစားထိုးဖို့ သင့်တော်တဲ့ အဖွဲ့ခေါင်းဆောင်ကို မတွေ့နိုင်ဘူးဖြစ်နေတယ်။ ဒါကြောင့် အလုပ်ရလဒ်တွေ ညံ့မြဲညံ့နေခဲ့တယ်။ ဒီစာကို ဖတ်ပြီးတော့ ကျွန်မ နည်းနည်း လန့်သွားတယ်။ အသင်းတော် အလုပ်ကို ကျွန်မ နှောင့်ယှက်၊ တားဆီးခဲ့မှန်း သိလိုက်တယ်။ တစ်နေ့ ဘုရားနှုတ်ကပတ်တော်မှာ ဖတ်ရတယ်။ “အန္တိခရစ်များသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းနောက်ကို လိုက်သောကြောင့် ၎င်းတို့၏ ပြောဆိုပြုမူမှုများသည် ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ထိန်းသိမ်းရန် သေချာပေါက် ရည်ရွယ်သည်။ ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို အရာအားလုံးထက်ပို၍ ဦးစားပေးသည်။ အန္တိခရစ်တစ်ဦး၏ အနီးတွင် သမ္မာတရားကို လိုက်စားသော အစွမ်းအစကောင်းရှိသူတစ်ယောက်၊ ညီအစ်ကိုမောင်နှမများကြားတွင် ဂုဏ်သိက္ခာအချို့ရှိကာ အဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရပြီး ညီအစ်ကိုမောင်နှမ အားလုံးထံမှ အသိအမှတ်ပြုခြင်းနှင့် ချီးမွမ်းခြင်းကို ရသောသူတစ်ယောက်ရှိလျှင် အန္တိခရစ်သည် မည်သို့ဖြစ်လာမည်နည်း။ သူသည် သေချာပေါက် စိတ်နှလုံး မကြည်မသာဖြစ်မည်။ မနာလိုဖြစ်လာမည်။ သူသည် ထိုလူကို အမှန်တကယ် မနာလိုဖြစ်လျှင် မည်သည့်အရာကို ပြုလုပ်မည်နည်း။ ရှေးဦးစွာ သူသည် မိမိဘာသာ ဤသို့တွက်ချက်လိမ့်မည်။ ‘ဤလူ၏ အစွမ်းအစက မဆိုးလှ။ အလုပ်အကြောင်းကို သူနည်းနည်းသိသည်။ စင်စစ်အားဖြင့် သူသည် ငါ့ထက်ပိုသာ၏။ ဤအရာက ဘုရားအိမ်တော်အတွက် အကျိုးရှိမည်ဖြစ်သော်လည်း ငါ့အတွက်ကား အကျိုးမရှိ။ ငါ့အဆင့်အတန်းကို သူလုယူသွားမည်လော။ ငါ့နေရာကို သူတကယ်အစားထိုးဝင်သွားပါက မည်သို့လုပ်မည်နည်း။ ထိုသို့ဆိုလျှင် ငါအကျပ်အတည်းဖြစ်သွားမည် မဟုတ်လော။ ငါလက်ဦးမှုယူကာ လှုပ်ရှားရမည်။ တစ်နေ့တွင် သူအစွမ်းပြလာပါက ငါသူ့ကို အလွယ်တကူ ကိုင်တွယ်နိုင်တော့မည် မဟုတ်။ ထိုအချိန်ရောက်လျှင် အင်မတန် နောက်ကျသွားမည် မဟုတ်လော။ အချိန်ဆွဲမနေဘဲ အမြန်လှုပ်ရှားမှ ဖြစ်မည်။ အကြာကြီးစောင့်နေလျှင် ငါ့အားနည်းချက်ကို သူအသုံးချသွားလိမ့်မည်။ သို့ဆိုလျှင် အဘယ်အရာကို ငါဘာလုပ်သင့်သနည်း။ မည်သည့်နေရာ အတိအကျတွင် ငါအကွက်ရွှေ့သင့်သနည်း။ ဆင်ခြေတစ်ခု၊ အခွင့်အလမ်းတစ်ခု ရှာဖို့လိုသည်’ ဟူ၍ ဖြစ်သည်။ တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို ဒုက္ခရောက်စေချင်လျှင် ဤသို့လုပ်ဆောင်ဖို့အတွက် ဆင်ခြေ၊ သို့မဟုတ် အခွင့်အလမ်းရှာရန် လွယ်ကူလိမ့်မည်ဟု သင်တို့ ဆိုမည်လော။ နတ်ဆိုးအသုံးပြုသည့် လှည့်ကွက်တစ်ခုမှာ အဘယ်နည်း။ (မိမိခွေးကို ရိုက်လိုစိတ် ရှိသောသူသည် တုတ်ကို အလွယ်တကူ ရှာတွေ့လိမ့်မည်။) မှန်သည်။ မိမိခွေးကို ရိုက်လိုစိတ် ရှိသောသူသည် တုတ်ကို အလွယ်တကူ ရှာတွေ့လိမ့်မည်။ ဤသည်မှာ စာတန်၏ လောကတွင် တည်ရှိသော တွေးခေါ်ပုံနှင့် အခြေအနေမျိုး ဖြစ်သည်။ ဘုရားသခင်ရှိသောနေရာတွင် ဤသို့သောအရာများ သေချာပေါက် မရှိပေ။ သို့သော် အန္တိခရစ်တစ်ဦးကမူ ထိုအရာများကို ပြုလုပ်လိမ့်မည်။ အန္တိခရစ်တစ်ဦးက ‘မိမိခွေးကို ရိုက်လိုစိတ် ရှိသောသူသည် တုတ်ကို အလွယ်တကူ ရှာတွေ့လိမ့်မည်။ ငါသင့်ကို စွပ်စွဲပြောဆိုမည်။ သင်ဒုက္ခရောက်အောင် လုပ်ဖို့ အခွင့်အရေး ရှာမည်။ သင်မာန်ကျသွားအောင် လုပ်မည်။ ထိုသို့ဆိုလျှင် ညီအစ်ကိုမောင်နှမများက သင့်ကို အထင်မကြီးလွန်းတော့ဘဲ နောက်တစ်ခါတွင် အဖွဲ့ခေါင်းဆောင်အဖြစ် သင့်ကို မဲပေးတော့မည် မဟုတ်။ ဤသို့ဖြင့် ငါခြိမ်းခြောက်ခံရမည် မဟုတ်တော့၊ ဟုတ်သည် မဟုတ်လော။ နောင်လာမည့် ပြဿနာကို ကြီးထွားမလာခင်တွင် ရှင်းပစ်လိုက်ပြီး ပြိုင်ဘက်တစ်ယောက်ကို ရှင်းလိုက်ပါက ငါပို၍ လုံခြုံစိတ်ချရမည် မဟုတ်လော’ ဟူ၍ တွေးသည်။ သူ၏ ခေါင်းထဲတွင် ထိုသို့သောအရာများ ရိုက်ခတ်လှုပ်ရှားနေသဖြင့် သူသည် အပြင်ပန်းတွင် ငြိမ်သက်ခြင်းရှိသည့်ပုံစံ ပေါ်နိုင်သလော။ အန္တိခရစ်တစ်ဦး၏ သဘာဝရှိသဖြင့် သူသည် ဤအတွေးများကို မြှုပ်နှံပြီး ဤအရာများကို မည်သည့်အခါမျှ မလုပ်ဆောင်နိုင်စွမ်း ရှိသလော။ လုံးဝ မလုပ်နိုင်ပေ။ ဤအရာများကို လုပ်ဆောင်ရန် နည်းလမ်းတစ်ခုကို သေချာပေါက် စဉ်းစားလိမ့်မည်။ ဤအတွက်ကြောင့် အန္တိခရစ်က ဆိုးယုတ်ခြင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၂)) အန္တိခရစ်တွေက ရက်စက်တဲ့ စိတ်သဘောထားတွေရှိတယ်တဲ့။ သူတို့အဆင့်အတန်း ခြိမ်းခြောက်သူတွေကို သူတို့က ဖိနှိပ်၊ အပြစ်ပေးဖို့ ဘယ်နည်းကိုမဆို ကျင့်သုံးမှာ။ အဲဒီလူတွေကို ကောလာဟလပြော၊ အသရေဖျက်ပြီး အမှုတောင်ဆင်ကြမှာပဲ။ အစ်မအိုင် ထုတ်ပယ်ခံရတဲ့နေရာမှာ ကျွန်မအပြုအမူက အန္တိခရစ်နဲ့တူမှန်း သဘောပေါက်လိုက်တယ်။ ကျွန်မထက် အစ်မအိုင်က ပိုမြန်မြန် တိုးတက်တာမြင်တော့၊ သူရာထူးတိုးခံရပြီးတော့ တခြားလူတွေက ကျွန်မအစား သူ့ကို အထင်ကြီးကြမှာ စိုးရိမ်မိခဲ့တယ်၊ ဒါကြောင့် သူ အမှားလုပ်မိပြီး အဖွဲ့ခေါင်းဆောင် မဖြစ်မှာကို မစောင့်နိုင်အောင် ဖြစ်ခဲ့တယ်။ ဂုဏ်နဲ့ အဆင့်အတန်းကို သူ လိုက်စားနေပြီး သူ့အလုပ် မထိရောက်တာငို မြင်တော့ ဒါကို သူ့ကိုထုတ်ဖို့ ဆင်ခြေတစ်ခုအနေနဲ့ သုံးဖို့ ကြိုးစားခဲ့တယ်။ ပြီးတော့ သူ့ကို အစွမ်းအစ ညံ့တယ်လို့ တမင် တံဆိပ်ကပ်ခဲ့တယ်။ သူ့ပြဿနာ ဆိုးရွားတယ်လို့ ခေါင်းဆောင် ထင်အောင် လှည့်စားဖို့ မျှော်လင့်ပြီးပေါ့။ ခေါင်းဆောင်က သူ့ကို ကူညီဖို့ ပြောတော့၊ ကျွန်မ မကူညီခဲ့သလို၊ သူ့အခြေအနေ ဆိုးနေလို့ အမြန်ဆုံး အထုတ်ပယ်ခံရမှာကိုပဲ မျှော်လင့်ခဲ့တယ်။ ခေါင်းဆောင်က သူ့ကို မထုတ်ပယ်တာ မြင်တော့၊ သူ့ကိစ္စကို ကိုင်တွယ်ဖို့ တခြားခေါင်းဆောင်ကို ကျွန်မရှိခဲ့တယ်။ တကယ်တော့ အစ်မအိုင်က ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားပဲ ပြနေတာ၊ သူက သုံးသပ်ပြီး နောင်တရချင်နေမှန်း ကျွန်မ သိတယ်။ သူက အကူအညီနဲ့ အားပေးမှုရခဲ့ရင်၊ သူ့အခြေအနေကို ပြင်လိုက်တာနဲ့ တာဝန်ကို ဆက်ထမ်းဆောင်နိုင်မှာပဲ။ ဒါပေမဲ့ သူ ရာထူးတိုးမခံရအောင်၊ ခေါင်းဆောင်တွေ၊ ညီအစ်ကို မောင်နှမတွေရဲ့ အရမ်းအရေးထားတာ မခံရအောင်လို့၊ သူ့ဖောက်ပြန်ပျက်စီးမှုကို ကျွန်မ အမိအရ အသုံးချတယ်၊ ဆူခဲ့ပြီး၊ သူ့အလုပ် မထိရောက်မှုအတွက် အပြစ်တင်ခဲ့တယ်၊ အဲဒါက သူ့ကို ပိုလို့တောင် အပျက်သဘောဆောင်စေခဲ့တယ်။ သူ အထုတ်မခံရမချင်း ကျွန်မ မရပ်ခဲ့ဘူး။ ကျွန်မလုပ်ခဲ့တာကို သုံးသပ်ကြည့်တော့၊ ကျွန်မ အပြုအမူက အန္တိခရစ်လိုပဲ ဖြစ်မှန်း တွေ့ရတယ်။ အရမ်းရက်စက်ပြီး ယုတ်မာတာ။ အစ်မအိုင်နဲ့ ကျွန်မအတူ တာဝန်လုပ်ခဲ့တဲ့ အချိန်ကို သတိရမိတယ်၊ ကျွန်မ အပျက်သဘောဆောင်တဲ့အခါ သူ တကယ်ကူညီခဲ့တာ။ ဒါပေမဲ့ သူအပျက်သဘောဆောင်တော့ ကျွန်မက မကူညီရုံမက၊ သူ့နောက်ကွယ်မှာ ဝေဖန်တယ်၊ ဖိနှိပ်ပြီး အပြစ်ပေးခဲ့တယ်။ လူမဆန်တဲ့ အဲဒီလိုအရာကို ကျွန်မ ဘယ်လိုလုပ်နိုင်ခဲ့ရတာလဲ။ အစ်မအိုင်ရဲ့ အခြေအနေ အပျက်သဘောဆောင်ပုံကို တွေးမိချိန်က သူအထုတ်ခံရကတည်းကပဲ။ အရမ်းနောင်တရပြီး ကိုယ့်ကိုယ်ကိုယ် ပြစ်တင်မိခဲ့တယ်။ အစ်မအိုင် ကြီးကြပ်တဲ့ အဖွဲ့ရဲ့အလုပ်က အချိန်အတော်ကြာ မထိမရောက်ဖြစ်နေခဲ့ပြီး၊ ဒါက ကျွန်မနဲ့အများကြီး ဆိုင်ခဲ့တယ်။ အသင်းတော်အလုပ်ကို နှောင့်ယှက်ခဲ့တာ ကျွန်မပဲ။ ဒါကို တွေးမိတော့၊ ပိုလို့တောင် နောင်တနဲ့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မိတယ်။ အဲဒီညမှာ၊ စောင်ခြုံပြီး ငိုနေမိခဲ့တယ်။ အဲဒါ အပြစ်ကျူးလွန်တာ၊ မကောင်းတဲ့ လုပ်ဆောင်ချက်မှန်း ကျွန်မ သိတယ်။ အဲဒီအချိန်အတောအတွင်းမှာ ကျွန်မ အရမ်း စိတ်ဆင်းရဲခဲ့ရတယ်။ ကျွန်မရဲ့ မကောင်းတဲ့ လုပ်ရပ်ကိုတွေးပြီး၊ နောင်တနဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်မိခဲ့တယ်။ ငိုရင်းနဲ့ ဘုရားဆီ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ပါရမီရှင်ကို ကျွန်မ မဖိနှိပ်ရဲတော့ပါဘူး။ ကျွန်မ နောင်တရချင်ပါတယ်”လို့ပေါ့။

နောက်ပိုင်းမှာ တွေးမိတယ်၊ ကိုယ့်အသိစိတ် သောကမဖြစ်ဘဲ ဘယ်လိုဖြစ်ပြီး အဲဒီလိုအရာကို လုပ်နိုင်ခဲ့ရတာလဲလို့ပေါ့။ ဘုရားနှုတ်ကပတ်တော်မှာ ဖတ်ရတယ်။ “မိမိတို့၏အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို အန္တိခရစ်များ၏ ချစ်မြတ်နိုးခြင်းက သာမန်လူများထက် လွန်ကဲပြီး ယင်းမှာ ၎င်းတို့၏ စိတ်သဘောထားနှင့် အနှစ်သာရအတွင်း ရှိသည့်အရာတစ်ခု ဖြစ်သည်။ ယင်းက ခဏတာ စိတ်ဝင်စားမှုတစ်ခု မဟုတ်သကဲ့သို့ ၎င်းတို့ပတ်ဝန်းကျင်၏ ယာယီ အကျိုးသက်ရောက်မှုလည်း မဟုတ်ပေ— ယင်းက ၎င်းတို့၏အသက်၊ ၎င်းတို့၏အရိုးအတွင်းရှိ အရာတစ်ခုဖြစ်သောကြောင့် ၎င်းတို့၏ အနှစ်သာရဖြစ်သည်။ ဤအရာမှာ အန္တိခရစ်တစ်ဦးလုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက်စဉ်းစားသည့် အချက်သည် ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သာ ဖြစ်သည်ဟု ဆိုလိုပေသည်။ အန္တိခရစ်တစ်ဦးအတွက် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့က ၎င်းတို့၏ အသက်ဖြစ်သကဲ့သို့ ၎င်းတို့၏ တစ်သက်တာ ပန်းတိုင်လည်း ဖြစ်သည်။ ၎င်းတို့လုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက် စဉ်းစားသည့်အချက်က ‘ငါ၏အဆင့်အတန်းက ဘာဖြစ်သွားမည်နည်း။ ငါ၏ဂုဏ်ဒြပ်ကရော ဘာဖြစ်သွားမည်နည်း။ ဤအရာကို လုပ်ဆောင်ခြင်းက ငါ့ကို ဂုဏ်ဒြပ်ရစေမည်လော။ ယင်းက လူများ၏စိတ်များထဲရှိ ငါ၏အဆင့်အတန်းကို မြှင့်တင်ပေးမည်လော’ ဖြစ်၏။ ယင်းမှာ ၎င်းတို့ ပထမဆုံးတွေးသည့် အရာဖြစ်သည်၊ ယင်းက ၎င်းတို့၌ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ ရှိခြင်း၏ လုံလောက်သော သက်သေဖြစ်သည်။ သို့မဟုတ်ပါက ၎င်းတို့သည် ဤပြဿနာများကို စဉ်းစားမည် မဟုတ်ချေ။ အန္တိခရစ်တစ်ဦးအတွက် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့က ၎င်းတို့အတွက် မရှိလည်း နေနိုင်သည့် အပယိကတစ်ခုဖြစ်ဖို့ မဆိုထားနှင့်၊ အပိုဆောင်း လိုအပ်ချက်တစ်ခု မဟုတ်ချေ။ ယင်းတို့သည် အန္တိခရစ်တို့ သဘာဝ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်၊ ယင်းတို့က ၎င်းတို့၏အရိုးများ၊ ၎င်းတို့၏ သွေးများထဲတွင် ရှိနေသည်၊ ယင်းတို့က ၎င်းတို့အတွက် မွေးရာပါ ဖြစ်သည်။ အန္တိခရစ်များက အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို ၎င်းတို့ပိုင်ဆိုင်ခြင်းရှိမရှိနှင့်ပတ်သက်၍ ဂရုမစိုက်ခြင်း မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ သဘောထား မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သည် ၎င်းတို့၏ နေ့စဉ် အသက်တာများ၊ ၎င်းတို့၏ နေ့စဉ် အခြေအနေ၊ ၎င်းတို့စွမ်းဆောင်ရရှိဖို့ နေ့စဉ် ကြိုးစားအားထုတ်သည့် အရာတို့နှင့် အတွင်းကျကျ ဆက်နွှယ်နေသည်။ ထို့ကြောင့် အန္တိခရစ်များအတွက် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို စွမ်းဆောင်ရရှိဖို့ ၎င်းတို့ကြိုးစားအားထုတ်ပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့အသက်တာ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ ထိုအရာအားလုံးသည် ကောင်းမွန်သော ဂုဏ်သတင်းနှင့် မြင့်မားသည့် ရာထူးအဆင့်အတန်းရှိခြင်းကို ဗဟိုပြုလည်ပတ်သည်။ ပြီးလျှင် ဤရည်ရွယ်ချက်သည် မပြောင်းလဲပေ။ ၎င်းတို့သည် ထိုသို့သောအရာများကို မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော သဘောသဘာဝနှင့် အနှစ်သာရတို့ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၃)) အန္တိခရစ်တွေက ဂုဏ်နဲ့ အဆင့်အတန်းအတွက် အသက်ရှင်မှန်း နှုတ်ကပတ်တော်က ထုတ်ဖော်ပြတယ်။ ဒါတွေကို သူတို့ရဲ့ ဘဝအနေနဲ့ စဉ်းစားကြတယ်။ ဒါကြောင့် ဂုဏ်နဲ့အဆင့်အတန်းအတွက် တခြားလူတွေကို တိုက်ခိုက်ပြီး၊ လူတွေကို ဖိနှိပ်၊ အပြစ်တောင်ပေးကြတယ်။ သူတို့အတွက် ဘယ်မကောင်းတဲ့ လုပ်ရပ်မဆိုက သင့်မြတ်တယ်။ ကျွန်မက အန္တိခရစ်လိုပဲဖြစ်မှန်း သုံးသပ်ပြီး မြင်ခဲ့တယ်။ ဂုဏ်နဲ့ အဆင့်အတန်းကို ကြိုက်တယ်၊ တခြားလူတွေ လေးစား၊ ချီးမွမ်တာခံရတာကို ကြိုက်ပြီး၊ ဂုဏ်နဲ့ အဆင့်အတန်းကို အပြုသဘောဆောင်တဲ့အရာတစ်ခုလို လိုက်စားတယ်။ ရာထူးတိုးခံရတဲ့အခါ၊ ခေါင်းဆောင်ရဲ့ အရမ်းအရေးထားတာခံရတယ်လို့ ခံစားခဲ့တယ်။ ကျွန်မကို ညီအစ်ကို မောင်နှမတွေဆီ ခေါင်းဆောင်က ပြောမှာဖြစ်ပြီး လူတိုင်းက ကျွန်မကို ချီးမွမ်းကြမှာပဲလို့တောင် တွက်ခဲ့တယ်။ အစ်မအိုင်က မြန်မြန်ဆန်ဆန် တိုးတက်ပြီး အဖွဲ့ခေါင်းဆောင် ဖြစ်လာတာ မြင်တော့ သူ ရာထူးတိုးပြီး ကျွန်မထက်သာသွားမှာ၊ အဲဒါဆိုရင် ဘယ်သူမှ ကျွန်မကို အထင်မကြီးတော့မှာ ကြောက်ခဲ့တယ်။ ကျွန်မအကျိုးစီးပွားတွေ မပါဝင်ခင်မှာ၊ အစ်မအိုင်နဲ့ ပုံမှန် ကျွန်မ အဆင်ပြောခဲ့ပေမဲ့၊ ကျွန်မ အကျိုးစီးပွားတွေ ပါဝင်ပတ်သက်တာနဲ့၊ ကျွန်မရဲ့ ရက်စက်မှုကို ကျွန်မ ချက်ချင်း ဖော်ထုတ်ပြီး သူ့ကို ဖိနှိပ်ဖို့ ခိုးကြောင်ခိုးဝှက်နည်းလမ်း သုံးခဲ့တယ်။ လူတွေရဲ့ စိတ်နှလုံးမှာ ကိုယ့်ရာထူးကို ထိန်းသိမ်းဖို့၊ အမှန်တရားတွေကို လိုရာဆွဲ မမှန်မကန်ပြောဖို့ မတွန့်ဆုတ်ခဲ့သလို သူ အထုတ်ခံရတာကိုပဲ လိုချင်ခဲ့တယ်။ ဂုဏ်နဲ့အဆင့်အတန်းအတွက် ကျွန်မဆန္ဒက အရမ်းအားကောင်းခဲ့တာပဲ။ ကျွန်မတွေးနိုင်သမျှက အဆင့်အတန်း ဘယ်လိုရမယ်ဆိုတာပဲဖြစ်ပြီး၊ သူ့ကို ဖိနှိပ်တဲ့အခါ၊ ကျွန်မအသိစိတ်က နည်းနည်းမှတောင် သောကမရောက်ခဲ့ဘူး။ စီစီပီက လူတွေကို သူတို့ကိုယ်တိုင်ကိုပဲ ကိုးကွယ်ပြီး နောက်လိုက်စေချင်ကြသလို၊ သူတို့ရဲ့ အာဏာရှင်ခေတ်ကို တစ်ယောက်ယောက် ခြိမ်းခြောက်တဲ့အခါ၊ အပုပ်ချဖို့၊ ရှုတ်ချ၊ ဖိနှိပ်ပြီး နှိပ်စက်ဖို့ မည်းလမ်းတိုင်းကို ကြိုးစားကြတယ်။ သူ့ရဲ့ ရာထူးတည်ငြိမ်ဖို့၊ ကောင်းကင်ဘုံရော လူသားမျိုးနွယ်ကပါ စက်ဆုပ်တဲ့အထိ အပြစ်မဲ့လူတွေကို အညှာအတာမဲ့ သတ်ဖြတ်ပြီး ထိခိုက်နစ်နာစေကြပြီး၊ ဒါက သဘာဝနဲ့ လူလုပ် ကပ်ဘေးအမျိုးမျိုးကို ဖြစ်စေခဲ့တယ်။ ဂုဏ်နဲ့အဆင့်အတန်းကို ဆက်လိုက်စားရင်၊ ကျွန်မ ဘာမကောင်းမှု လုပ်မိမယ် မသိဘူး။ နောက်ဆုံးမှာ မကောင်းမှု အများကြီး လုပ်မိတဲ့အတွက် ဘုရားရဲ့ အပြစ်ပေးတာ သေချာပေါက်ခံရမှာပဲ။ ကျွန်မ ဆိုးဆိုးရွားရွားခံစားရပြီး၊ ဒီလို အသက်မရှင်ချင်တော့ဘူး။ ဂုဏ်နဲ့ အဆင့်အတန်းရဲ့ အချုပ်အနှောင်ကနေ ဦးဆောင်ဖို့ ဘုရားကိုတောင်းလျှောက်ရင်း မကြာခဏ ဆုတောင်းခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ် ဖတ်ပြီး၊ ဂုဏ်နဲ့အဆင့်အတန်းနောက်လိုက်စားခြင်းရဲ့ အနှစ်သာရကို နည်းနည်း ပိုနားလည်သွားခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူသားအား သူ၏ထိန်းချုပ်မှု အတွင်းတွင် အခိုင်အမာ ထားရှိရန် စာတန်သည် မည်သည့်အရာကို အသုံးပြုသနည်း။ (ကျော်ကြားမှုနှင့် အမြတ်အစွန်း ဖြစ်ပါသည်။) ထို့ကြောင့် လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ စဉ်းစားတတ်တော့သည် အထိဖြစ်အောင်၊ ၎င်းတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် စာတန်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို အသုံးပြု၏။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် ရုန်းကန်လှုပ်ရှား ကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အခက်အခဲများကို ခံကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အရှက်ရခြင်းများကို ကြံ့ကြံ့ခံကြ၏၊ ကျော်ကြားမှု နှင့် အမြတ်အစွန်း အတွက် ၎င်းတို့တွင် ရှိသမျှအရာတိုင်းကို စွန့်လွှတ်ကြသကဲ့သို့၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့အတွက် မည်သို့သော အကဲဖြတ်မှု၊ ဆုံးဖြတ်မှုကိုမဆို ၎င်းတို့က ပြုလုပ်ကြလိမ့်မည်။ ဤနည်းလမ်းဖြင့် စာတန်သည် လူတို့အား မမြင်နိုင်သော အချုပ်အနှောင်တို့နှင့် ချည်နှောင်ပြီး လူတို့သည် ၎င်းတို့ကို တွန်းလှန်ရန် အင်အားမရှိသလို သတ္တိလည်းမရှိကြပေ။ ၎င်းတို့သည် ဤအချုပ်အနှောင်တို့အား အမှုမဲ့အမှတ်မဲ့ သယ်ဆောင်ကြပြီး ကြီးစွာသော အခက်အခဲဖြင့် ရှေ့သို့ဆက်ကာသာ ရုန်းကြရ၏။ ဤကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အလို့ငှာ၊ လူသားမျိုးနွယ်သည် ဘုရားသခင်ကို ရှောင်ကြဉ်၍၊ ကိုယ်တော်အား သစ္စာဖောက်ပြီး၊ တိုး၍ ဆိုးယုတ် လာကြသည်။ ထို့ကြောင့် ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားခြင်းနှင့် အမြတ်အစွန်း အကြားတွင် ဖျက်ဆီးခံကြရ၏။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) “လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို ၎င်းတို့ ရကြသည်နှင့် တစ်ပြိုင်နက်၊ မြင့်မားသော အဆင့်အတန်းနှင့် ကြီးမားသော ကြွယ်ဝခြင်းတို့ကို ခံစားရန်နှင့် အသက်တာကို ပျော်မွေ့ရန် အတွက် ဤအရာများကို အကျိုးရှိအောင် အသုံးချနိုင်မည်ဟု ထင်ကြ၏။ ၎င်းတို့အနေဖြင့် ကျော်ကြားခြင်းနှင့် အမြတ်အစွန်းတို့ကို အပျော်အပါးလိုက်စားသည့် အသက်တာနှင့် ကာယိန္ဒြေမစောင့်ဘဲ ဇာတိပကတိ၌ ပျော်မွေ့ခြင်း အသက်တာကို ရရှိဖို့ အသုံးပြုနိုင်သည့် အရင်းအနှီးမျိုးဟု ထင်ကြလေသည်။ လူသားမျိုးနွယ် အလွန်တပ်မက်သည့် ဤကျော်ကြားခြင်းနှင့် အမြတ်အစွန်းတို့အတွက်၊ လူတို့သည် ၎င်းတို့၏ခန္ဓာနှင့် စိတ်၊ ၎င်းတို့တွင်ရှိသည်များ အားလုံး၊ ၎င်းတို့၏အနာဂတ်များနှင့် ကံကြမ္မာများအားလုံးကို အမှုမဲ့အမှတ်မဲ့ ဖြစ်သော်လည်း စိတ်လိုလက်ရဖြင့် စာတန်အား ပေးအပ်ကြလေ၏။ ထိုသူတို့သည် တုံ့ဆိုင်းခြင်း အလျှင်းမရှိသည့်အပြင်၊ ၎င်းတို့ လွှဲအပ်သမျှကို ပြန်၍ရယူရန် လိုအပ်သည်ကိုလည်း လုံးဝမသိနားမလည်ဘဲ ထိုသို့ပြုကြ၏။ လူတို့သည် စာတန်ထံတွင် ဤသို့ ခိုလှုံကြပြီး၊ ၎င်းအပေါ် သစ္စာရှိ သွားကြသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် မိမိကိုယ်ကိုမိမိ ထိန်းချုပ်နိုင်ဦးမည်လော။ သေချာပေါက် မဖြစ်နိုင်ပေ။ စာတန်က ၎င်းတို့ကို လုံးဝအကြွင်းမဲ့ ထိန်းချုပ်ထားသည်။ ၎င်းတို့သည် နွံအိုင်ထဲသို့ လုံးဝအကြွင်းမဲ့ နစ်မြုပ်သွားကြပြီး ဖြစ်ကာ၊ မိမိကိုယ်ကိုယ် ပြန်ရုန်းထွက်ရန် မတတ်နိုင်ကြပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှပဲ နားလည်သွားတယ်။ ကျော်ကြားမှုနဲ့ အဆင့်အတန်းက လူတွေကို ဖောက်ပြန်ပျက်စီးစေဖို့ စာတန်ရဲ့ နည်းလမ်းတွေ ဖြစ်မှန်းကိုပေါ့။ ကျော်ကြားမှုနဲ့ အဆင့်အတန်းရဲ့ ချုပ်နှောင်မှုက လွတ်ချင်ရင်၊ စာတန်က လူတွေကို ထိန်းချုပ်၊ နစ်နာစေဖို့ အဲဒါတွေကို ဘယ်လိုသုံးတယ်ဆိုတာကို ရှင်းရှင်း မြင်ရမယ်။ ကျွန်မ အရွယ်ရောက်လာတဲ့အခါ၊ ကျောင်း၊ လူ့အဖွဲ့အစည်းနဲ့ မိသားစု အားလုံးက ကျွန်မကိုယ်တိုင်နဲ့ မိဘတွေဆီ ဂုဏ်အသရေ ယူဆောင်လာနိုင်ဖို့အပြင် အနီးဝန်းကျင်မှာ ရှိသူတွေဆီက ချီးမွမ်းတာကို ရနိုင်အောင်လို့ နောင်အနာဂတ်မှာ လူအုပ်ထဲကနေ ကျွန်မ ထင်ပေါ်ရမယ်လို့ ပြောကြတယ်။ “ထင်ရှားကျော်ကြားမှုရရှိခြင်း သည် သူ၏ဘိုးဘေးများအတွက် ဂုဏ်အသရေ ယူဆောင်လာသည်” ဆိုတာနဲ့ “ဒီဘဝမှာ ကျော်ကြားမှုက မျိုးဆက်တစ်ရာ ခံတယ်”ဆိုတဲ့ အမြင်တွေကို သဘောတူခဲ့တယ်။ အထူးသဖြင့် ကျော်ကြားပြီး ကြီးမြတ်တဲ့လူတွေကို မျိုးဆက်နဲ့ချီပြီး သတိရ၊ ကြည်ညိုကြတာ မြင်ရတဲ့အခါ၊ အဲဒီလိုဘဝမျိုးက အသက်ရှင်ထိုက်တယ်လို့ ခံစားရပြီး အဲဒီလိုလူမျိုး တကယ်ဖြစ်ချင်ခဲ့တယ်။ ဘုရားကိုယုံကြည်ပြီးတဲ့နောက်မှာ၊ ထပ်တလဲလဲ ရားထူးတိုးပြီး တခြားလူတွေရဲ့ အရမ်းအရေးထားတာခံရတဲ့အခါ၊ ညီအစ်ကို မောင်နှမတွေရဲ့ စိတ်နှလုံးတွေမှာ ကျွန်မ နေရာရှိအောင် ကျွန်မအကြောင်း အချင်းချင်း ပြောကြမယ်လို့ မျှော်လင့်ခဲ့တယ်။ အဲဒါက ကျွန်မကို အရမ်း ကျေနပ်စေမှာပဲ။ အခု၊ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ၊ ဒီလိုက်စားမှုက အထူး ဆိုးယုတ်မှန်း သိခဲ့တယ်။ နတ်ဆိုးနဲ့ စာတန်ကပဲ လူတွေရဲ့ စိတ်နှလုံးကို နေရာယူပြီး သူတို့အပေါ် အမြဲခံစားချက်တစ်ခု ချန်ထားချင်ကြတာပဲ။ စီစီပီက ကိုယ့်ကိုယ်ကိုယ် ထူထောင်ဖို့၊ လူတွေ သူ့ကို ဘုရားလို ကိုးကွယ်ပြီး နောက်လိုက်စေဖို့ ကြိုးပမ်းသလို၊ သေပြီးတဲ့နောက်မှာတောင် ရုပ်တု ထောင်ပြီး လူတွေက သူ့ကို ထာဝရ ချီးမွမ်းသီဆိုအောင်လို့ လူတွေရဲ့ စိတ်နှလုံးမှာ ဘုရားရဲ့နေရာကိုယူဖို့ဆိုတဲ့ ယုံမှားလွန်ခြင်းကို သိုထားတယ်။ ကျွန်မရဲ့ စိတ်သဘောထားကလည်း အတူတူပဲ မဟုတ်လား။ သွားတဲ့နေရာတိုင်းမှာ၊ လူတွေရဲ့ စိတ်နှလုံးမှာ နေရာရချင်ခဲ့ပြီး ချီးမွမ်း၊ လေးစားတာ ခံချင်ခဲ့တယ်။ ကျွန်မရဲ့ ရည်မှန်းချက်က အရမ်းကြီးခဲ့တယ်။ ဒါက တစ်ဖက်ပိတ်လမ်းပဲ။ အရင်က၊ တခြားလူတွေရဲ့ အရမ်း အရေးပေးခံရတာကို အမြဲ ပျော်မွေ့ခဲ့ပြီး၊ ဂုဏ်နဲ့ အဆင့်အတန်းက ပျော်ရွှင်မှု ဆောင်ကြဉ်းပေးနိုင်တယ်လို့ ခံစားခဲ့တယ်။ ဒါပေမဲ့ အမှန်က အဆင့်အတန်းနောက် လိုက်တာက နာကျင်မှုပဲ ဖြစ်စေပြီး၊ ကိုယ့်ညီမကို နာကျင်စေတယ်၊ မကောင်းမှုလုပ်ပြီး ဘုရားကို ခုခံစေတယ်။ ကိုယ့်ကိုယ်ကိုယ် မကြာခဏ သက်သေခံပြီး အလေးစားခံရဖို့ ကြိုးစားခဲ့တဲ့ ပေါလုကို တွေးမိတယ်၊ ယုံကြည်သူ အများကြီးက သူ့ကို နှစ်နှစ်ထောင်ကြာ လေးစားခဲ့ကြပြီး ဘုရားလိုတောင် သဘောထားခဲ့ကြတယ်။ ပေါလုက လူတွေကို သူကိုယ်တိုင်ရှေ့ ခေါ်ဆောင်ပြီး ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့တယ်။ ဒါကြောင့် ဘုရားရဲ့ အပြစ်ပေးတာ ခံခဲ့ရတယ်။ အခု ငရဲမှာ လောင်ကျွမ်းခံနေရဆဲပဲ။ ဒါက ကျွန်မတို့အတွက် သင်ခန်းစာပဲ။

နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော်မှာ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ရှာခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “အဆင့်အတန်းအတွက် ယှဉ်ပြိုင်လိုသည့် အစဉ်သဖြင့် ပြင်းပြသော စိတ်နှင့် ဆန္ဒတို့ သင်၌ ရှိသောအခါ မဖြေရှင်းဘဲထားလျှင် ဤအခြေအနေမျိုးသည် မည်သည့်မကောင်းသောအရာများအား ဖြစ်ပေါ်စေသည်ကို သင်သဘောပေါက်ရမည်။ ထို့ကြောင့် အချိန်ဖြုန်းမနေဘဲ သမ္မာတရားကို ရှာဖွေလော့။ အဆင့်အတန်းအတွက် ယှဉ်ပြိုင်လိုသည့် သင်၏ဆန္ဒ ကြီးထွားရင့်ကျက်မလာမီတွင် ယင်းကို ဖယ်ရှင်းလော့။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့် အစားထိုးလော့။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်သောအခါ အဆင့်အတန်းအတွက် ယှဉ်ပြိုင်လိုသည့် သင်၏ ဆန္ဒသည် မှေးမှိန်လာလိမ့်မည်။ ပြီးလျှင် အသင်းတော်အလုပ်ကို သင်ဝင်ရောက်စွက်ဖက်လိမ့်မည် မဟုတ်ပေ။ ဤနည်းအားဖြင့် သင်၏ လုပ်ရပ်များကို ဘုရားသခင်က အမှတ်ရပြီး ချီးမွမ်းလိမ့်မည်။ ဤသို့ဆိုလျှင် ငါသည် အဘယ်အရာကို အလေးပေးပြောရန် ကြိုးစားနေခြင်းဖြစ်သနည်း။ ဤအရာဖြစ်သည်။ သင်၏ဆန္ဒများနှင့် ရည်မှန်းချက်များသည် အကောင်အထည်ပေါ်လာပြီး ကြီးမားသော ဘေးဒုက္ခမဖြစ်စေမီတွင် ထိုအရာများကို ရှင်းပစ်ရမည်။ ကနဦးအဆင့်၌ ရှိနေဆဲတွင် ယင်းတို့ကို သင်မကိုင်တွယ်လျှင် သင်သည် ကြီးမားသော အခွင့်အလမ်းနှင့် လွဲချော်လိမ့်မည်။ ထိုအရာများကြောင့် ကြီးမားသော ဘေးဒုက္ခဖြစ်သွားသည်နှင့် ယင်းတို့ကို ဖြေရှင်းရန် အလွန်နောက်ကျသွားလိမ့်မည်။ သင်သည် ဇာတိပကတိကို စွန့်လွှတ်ရန် စိတ်ဓာတ်အားအင်ပင် မရှိလျှင် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းပေါ်သို့ ခြေချရန် သင့်အတွက် အလွန်ခက်ခဲလိမ့်မည်။ သင်သည် ဂုဏ်သိက္ခာကို လိုက်စားရာတွင် အနှောင့်အယှက်နှင့် ကျရှုံးမှုများကို ကြုံရသော်လည်း အသိစိတ်ဝင်မလာလျှင် ဤသည်မှာ အန္တရာယ်ရှိသည်။ သင်သည် စွန့်ပစ်ခြင်း ခံရနိုင်ခြေရှိသည်။ သမ္မာတရားကို ချစ်သောသူတို့သည် ၎င်းတို့၏ ဂုဏ်သတင်း၊ အဆင့်အတန်းတို့နှင့် ပတ်သက်၍ ကျရှုံးမှုနှင့် အနှောင့်အယှက်တစ်ခု၊ နှစ်ခုကြုံရသောအခါ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို လုံးလုံး စွန့်ပစ်နိုင်ကြသည်။ ဂုဏ်သတင်းနှင့် အဆင့်အတန်းသည် လုံးဝ တန်ဖိုးမရှိသည်ကို ၎င်းတို့ ရှင်းလင်းစွာ မြင်နိုင်ကြသည်။ ၎င်းတို့သည် အဆင့်အတန်းကို လုံးဝ မရရှိနိုင်လျှင်ပင် သမ္မာတရားကို လိုက်စားပြီး တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ဦးမည်၊ ၎င်းတို့၏ အတွေ့အကြုံနှင့် သက်သေခံချက်ကို ပြောဆိုဦးမည်ဟု စိတ်ဆုံးဖြတ်ထားကြသည်။ ဤသို့ဖြင့် ဘုရားသခင်အတွက် သက်သေခံချက်ကို ရရှိကြသည်။ ၎င်းတို့သည် သာမန်နောက်လိုက်ဖြစ်လျှင်ပင် အဆုံးအထိ လိုက်လျှောက်နိုင်စွမ်းရှိဆဲဖြစ်သည်။ ၎င်းတို့အလိုရှိသမျှမှာ ဘုရားသခင်၏ ချီးမွမ်းခြင်းကို ရရှိရန်ဖြစ်သည်။ ထိုသူများကသာ သမ္မာတရားကို အမှန်တကယ် ချစ်ပြီး စိတ်ဆုံးဖြတ်ချက်ရှိသောသူများ ဖြစ်ကြသည်။ ဘုရားအိမ်တော်က အန္တိခရစ်နှင့် ကောက်ကျစ်ဆိုးယုတ်သောသူ များစွာအား ထုတ်ပယ်သည်ကို တွေ့မြင်ပြီးနောက်တွင် သမ္မာတရားကို လိုက်စားသူအချို့သည် အန္တိခရစ်များ၏ ကျရှုံးမှုကို ရှုမြင်ပြီး အန္တိခရစ်များလျှောက်သည့် လမ်းကြောင်းကို ဆင်ခြင်သုံးသပ်ကြသည်။ ဤအရာမှ ၎င်းတို့သည် ဘုရားအလိုတော်ကို နားလည်သွားကြသည်။ သာမန်နောက်လိုက်များဖြစ်ဖို့ စိတ်ပိုင်းဖြတ်ကြသည်။ သမ္မာတရားအား လိုက်စားခြင်း၊ မိမိတာဝန်ကို ကောင်းစွာလုပ်ခြင်းတို့ကို အာရုံစိုက်ကြသည်။ ၎င်းတို့သည် အစေခံသူများ၊ သို့မဟုတ် အကျင့်ပျက်သူများဟု ဘုရားသခင်က ဆိုလျှင်ပင် ၎င်းတို့သည် ဘုရားသခင်၏ အမြင်၌ နိမ့်ကျသောသူ၊ သေးငယ်ပြီး အရေးမပါသော နောက်လိုက်ဖြစ်ခြင်းကို ကျေနပ်ရောင့်ရဲကြသည်။ သို့သော် အဆုံးတွင် ဘုရားသခင်က လက်ခံနိုင်ဖွယ်ဖြစ်သော ဖန်ဆင်းခံအဖြစ် အခေါ်ခံရသည်။ ဤသို့သောသူမျိုးကသာ ကောင်းမွန်သည်။ ဤသို့သောသူမျိုးကသာ ဘုရားသခင်က ချီးမွမ်းမည့်သူဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၃)) ပေတရုကို တွေးမိတယ်၊ သူက အဆင့်အတန်းကို မလိုက်စားခဲ့ဘူး၊ လူတွေ သူ့ကို အထင်ကြီးခြင်း ရှိမရှိ အာရုံမစိုက်ခဲ့ဘူး။ အဲဒီအစား၊ ဘုရားအတွက် ချစ်ခြင်းကို လိုက်စားတာ အာရုံစိုက်ခဲ့ပြီး၊ အရာခပ်သိမ်းမှာ၊ ဘုရားစိတ်ကျေနပ်အောင် သမ္မာတရားကို လက်တွေ့လုပ်ဖို့ သူ့ကိုယ်သူ သတ်မှတ်ခဲ့တယ်။ အပြင်ပန်းအနေနဲ့၊ သူက ပေါလုလောက် မကျော်ကြားပေမဲ့၊ အောင်မြင်မှုလမ်းကြောင်း လျှောက်ခဲ့တယ်။ သူ့ရဲ့လိုက်စားမှုကို ဘုရားက ချီးမွမ်းပြီး နောက်ဆုံးမှာ ပေတရုကို စုံလင်စေခဲ့တယ်။ ပေါလုက သမ္မာတရားကို မလိုက်စားခဲ့သလို၊ မရေမတွက်နိုင်တဲ့ ယုံကြည်သူတွေရဲ့ ကိုးကွယ်တာ သူ ခံခဲ့ရပေမဲ့၊ ကျရှုံးမှုလမ်းကြောင်းကို လျှောက်ပြီး စိတ်သဘောထားက လုံးဝ မပြောင်းလဲခဲ့ဘူး။ နောက်ဆုံးမှာ၊ ဘုရားရဲ့ ထုတ်ပယ်၊ အပြစ်ပေးတာ ခံခဲ့ရတယ်။ ဒီနှစ်တွေအားလုံးမှာ ဘုရားကို ကျွန်မ ယုံကြည်ခဲ့ပြီး၊ ထပ်တလဲလဲ ရာထူးတိုးခံခဲ့ရပေမဲ့၊ သမ္မာတရား မလိုက်စားခဲ့သလို၊ ကိုယ့်တာဝန် ထမ်းဆောင်ဖို့ အခွင့်အရေးကို မမြတ်နိုးခဲ့ဘူး။ အဲဒီအစား ကျော်ကြားမှုနဲ့ အဆင့်အတန်းကို အမြဲလိုက်စားခဲ့ပြီး၊ သမ္မာတရားရဖို့ ဘုရားပေးတဲ့ အခွင့်အရေးတွေကို ဖြုန်းတီးခဲ့တယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်ရာကနေ ကျွန်မ ရရှိခဲ့သမျှက နောင်တနဲ့ အကြွေးတင်ရှိခြင်းပဲ။ ဘုရားကို ယုံကြည်မှုမှာ အဆင့်အတန်း လိုက်စားတာက လမ်းမှန် မဟုတ်ဘူး။ အရေးအကြီးဆုံးက သမ္မာတရားလိုက်စားဖို့နဲ့ ဘုရားရဲ့ သတ်မှတ်ချက်တွေနဲ့ ပြုမူနေထိုင်ဖို့ပဲ။ အဲဒီအခါမှ ဘုရားရဲ့ လက်ခံမှုကို ရပြီး ဘုရားရဲ့ ကယ်တင်ခံတာ ခံရနိုင်တယ်။ ဒါ့အပြင်၊ ဘုရားနှုတ်ကပတ်တော်တွေမှာ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ရှာတွေ့ခဲ့တယ်။ ကျော်ကြားမှုနဲ့ အဆင့်အတန်းအတွက် တခြားလူတွေနဲ့ ယှဉ်ပြိုင်ချင်တဲ့အခါ၊ ဘုရားရှေ့လာရမယ်၊ ဆုတောင်းရမယ်၊ ကိုယ့်ကိုယ်ကိုယ် စွန့်ပယ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမှာပါ။ ဒီလိုမှပဲ ကိုယ့်ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားနောက်လိုက်ပြီး ဘုရားကို ဆန့်ကျင်တဲ့အရာတွေ မလုပ်နိုင်မှာ။

နောက်ပိုင်းမှာ အစ်မဝမ်ကို လေ့ကျင့်ပေးပြီးတဲ့နောက် သူ့တာဝန်မှာ ကျွန်မတို့နဲ့အလုပ်လုပ်ရအောင် ရားထူးတိုးပေးဖို့ ကျွန်မတို့ စီစဉ်ခဲ့တယ်။ ဒါပေမဲ့ သူ့မှာ အစွမ်းအစကောင်းနဲ့ သဘောပေါက်နိုင်စွမ်းရှိတယ်လို့ တခြားလူတွေ ပြောတာတွေ့တော့၊ နည်းနည်း တွန့်ဆုတ်လာမိတယ်။ သူက ကျွန်မထက် ပိုငယ်ရွယ်ပြီး အစွမ်းအစကောင်းရှိတယ်။ သူ ရာထူးတိုးခံရရင်၊ မကြာခင် ကျွန်မထက် သာသွားမှာ မဟုတ်လား။ တစ်ယောက်ယောက်က ကျွန်မကို အထင်ကြီးပါဦးမလား။ သူ့ကို မလေ့ကျင့်ပေးတာ ပိုကောင်းမလား။ ဂုဏ်နဲ့အဆင့်အတန်းအတွက် ကျွန်မရဲ့ စိတ်ဆန္ဒ ထပ်အလုပ်လုပ်နေမှန်း သဘောပေါက်လိုက်တယ်။ ဒါကြောင့် ချက်ချင်း ဘုရားဆီ ဆုတောင်းပြီး ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်တယ်။ အသင်းတော်အလုပ်က ပါရမီရှင်မျိုးစုံရဲ့ ပူးပေါင်းလုပ်ဆောင်မှု လိုအပ်မှန်း ကျွန်မ သိခဲ့တယ်။ ပါရမီရှင်ကို ဖိနှိပ်တာက အသင်းတော် အလုပ်ကို ဖျက်ဆီးတာဖြစ်ပြီး ဘုရားကို ရန်လိုနေတာပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် သတိရှိရှိ စွန့်လွှတ်ပြီး အစ်မဝမ်ကို လေ့ကျင့်ပေးတယ်၊ သူ အမြန်ဆုံး အလုပ်လုပ်နိုင်ဖို့ မျှော်လင့်ရင်းနဲ့ပေါ့။ ဒီလိုလက်တွေ့လုပ်လိုက်တဲ့အခါ၊ အရမ်းအေးချမ်းပြီး စိတ်ချသွားတယ်။

ဒီအတွေ့အကြုံတွေကတစ်ဆင့်၊ ဒီတရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းမရှိဘဲနဲ့၊ ကိုယ့်ကိုယ်ကိုယ် ကျွန်မ သုံးသပ်နိုင်ခဲ့မှာ မဟုတ်ဘူး၊ ကိုယ့်ရဲ့ အပျက်သဘောဆောင်တဲ့ စိတ်သဘောထားနဲ့ပဲ အသက်ရှင်ပြီး အချိန်မရွေး မကောင်းမှုလုပ်၊ ဘုရားကို ခုခံနိုင်တယ်။ အခု ကိုယ့်ကိုယ်ကိုယ် အသိ နည်းနည်း ရှိသွားပြီ။ ဒါက ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခြင်းရဲ့ ရလဒ်ဖြစ်ပြီး ကျွန်မအတွက် ဘုရားရဲ့ ကယ်တင်ခြင်းပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်ုပ် အပြောအဆိုမတတ်၍ ဖြစ်လာသော သိမ်ငယ်စိတ်ကို ကျွန်ုပ် ခံစားရတော့မည် မဟုတ်ပါ

ငယ်ငယ်ကတည်းက ကျွန်မက တော်တော်လေး တသီးတသန့်နေတတ်ပြီး ကိုယ်ပြောချင်တာကို ကောင်းကောင်းမပြောတတ်ဘူး။ လူစိမ်းတွေနဲ့ ဆက်ဆံတဲ့အခါမှာ စကားပြောဖို့...

သင့်တာဝန်တွင် မှန်ကန်သော သဘောထား၏ အရေးပါမှု

အယ်လာ ဖိလစ်ပိုင်နိုင်ငံ ၂၀၂၀ အောက်တိုဘာမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ စုဝေးပွဲတွေကို...

ကျွန်မသည် ပြစ်မှားခြင်း၏ ချည်နှောင်ခြင်းကို မခံရတော့ပါ

၂၀၀၆ ခုနှစ်၊ ဇူလိုင်လရဲ့ နေ့တစ်နေ့မှာ ကျွန်မရဲ့ တွဲဖက်အမှုဆောင်တွေနဲ့ အစည်းအဝေးလုပ်ဖို့ သွားနေတုန်း လမ်းမှာ ကျွန်မ ရုတ်တရက်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။