၁၃။ ရိုးသားသောသူတစ်ယောက်ဖြစ်ဖို့ တိုက်ပွဲ

ဝေ့ကျွန်း တရုတ်နိုင်ငံ

လွန်ခဲ့သည့် သုံးလေးနှစ်က အသုံးအဆောင်ပစ္စည်း ပြုပြင်သည့် ဆိုင်တစ်ဆိုင် ဖွင့်ခဲ့ပါသည်။ သမ္မာအာဇီဝကျသည့် အလုပ်တစ်ခုကို ကျွန်တော်လုပ်ချင်ခဲ့သည်။ ကျွန်တော့်မိသားစု လောက်ငဖို့ ပိုက်ဆံအနည်းငယ်သာ ရချင်ခဲ့သည်။ ကျွန်တော်တို့က အမြဲတမ်း အလုပ်ရှုပ်နေသော်လည်း၊ ငွေမစုနိုင်ဘဲ အဆင်ပြေရုံလောက်သာ ကျွန်တော် ရှာခဲ့သည်ကို ကျွန်တော် တွေ့ရသည်။ တစ်ခါတစ်ရံမှာ ကျွန်တော့်ဝင်ငွေက အလုပ်ဝင်စ အလုပ်သမားထက် နည်းသည်။ ကျွန်တော့် အမျိုးသမီးက ယင်းနှင့် ပတ်သက်ပြီး ကျွန်တော့်ကို အမြဲတမ်း ပြောဆိုနေသည်၊ ကျွန်တော်က ရိုးလွန်းပြီး စီးပွားရေး မလုပ်နိုင်ဟု ပြောသည်။ ကျွန်တော့် ယောက်ဖကလည်း ကျွန်တော့်ကို အပြစ်တင်သည်။ သူက “အခုက ပိုက်ဆံ ခေတ်ရောက်နေပြီ။ မင်း ဘယ်လိုပဲလုပ်လုပ် အောင်မြင်မှုရဖို့ လူတွေ မင်းကို ပိုက်ဆံပေးအောင် လုပ်မှရမယ်။” ဟု ပြောသည်။ ပြီးလျှင် သူက ကျွန်တော် ခေတ်ရေစီးကြောင်းနောက်ကို လိုက်အောင်၊ စီးပွားရေးကို အခြားသူများကဲ့သို့လုပ်ပြီး သိပ်ခေါင်းမမာဖို့နှင့် ကျွန်တော့်ကို ဖျောင်းဖျဖို့အတွက် “ဉာဏ်နီဉာဏ်နက်မရှိဘဲ မချမ်းသာနိုင်” “ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်” ဟု ပြောပြသည်။ ထိုအချိန်က သူတို့ပြောသည်မှာလည်း ဟုတ်ကောင်း ဟုတ်နိုင်သည်ဟု စဉ်းစားမိသည်၊ သို့ရာတွင် အခြားသူများကို လိမ်ဖို့ ကျွန်တော် မလုပ်နိုင်ခဲ့ပါ။ ကျွန်တော့်၏ အသိစိတ်နှင့် ညှိ၍မရခဲ့ပါ။

နောက်တော့ အနီးအနားက အသုံးအဆောင် ပစ္စည်းပြုပြင်ရေး ဆိုင်တစ်ဆိုင်ဖွင့်ထားသည့် မစ္မတာချန်ကို ကျွန်တော် သတိထားမိသည်၊ သူက ပညာပိုင်းမှာ သိပ်မကျွမ်းပါ။ သူက အသေးအဖွဲလေးများသာ ပြင်နိုင်သည်၊ သို့ရာတွင် သူက “အသုံးအဆောင် ပစ္စည်းမျိုးစုံ အဆင်မြင့်ပြုပြင်ရေး” ဟု ရေးထားသည့် ဆိုင်းဘုတ်ကြီးတစ်ခု ရှေ့မှာ ချိတ်ထားသည်။ ထိုနည်းနှင့် သူက အလုပ် တော်တော်ရသည်။ အလုပ်က လွယ်ပါက၊ သူ့ဘာသာသူပြင်သည်။ မလွယ်ပါက၊ အခြားဆိုင်ကိုပို့ပြီး ပိုက်ဆံကို မျှယူလိုက်သည်။ ဤနည်းလမ်းနှင့် သူ ပိုက်ဆံ တော်တော်ရသည်။ တစ်ခါ ကျွန်တော်တို့ စကားပြောတော့ သူက ပိုက်ဆံရှာသည့်နည်းကို ပြောပြသည်။ သူက ပစ္စည်းထဲက အစိတ်အပိုင်းလေးတစ်ခု ပျက်ပါက၊ အစိတ်အပိုင်းများ အကုန်လဲပစ်လိုက်သင့်ပြီး၊ သို့ဆိုလျှင် ပို၍ပင် တောင်း၍ရသည် ဟု ပြောသည်။ လာပြင်သည့်သူများက အများအားဖြင့် မသိကြပေ။ ငွေ အဓိကကျသည့် လူ့အဖွဲ့အစည်းမှာ ကျွန်တော်တို့ နေနေခြင်းဖြစ်ပြီး “ကြောင်တစ်ကောင်က ကြွက်ဖမ်းနိုင်သရွေ့ ထိုကြောင် အဖြူလား အမဲလား ဘယ်သူမှ ဂရုမစိုက်ဘူး” ဟု သူက ပြောသည်။ ပိုက်ဆံရှာနိုင်သည်မှာ မင်းက အရည်အချင်း ရှိ၍ဖြစ်ပြီး မဟုတ်ပါက၊ မင်း မည်မျှတော်ပါစေ အထင်သေး ခံရမည်ဟုလည်း ပြောလေသည်။ သူ၏ “လက်ဖျားခါလောက်သည့် အမြင်” ကို ကြားပြီးသည့်နောက်မှာ ကျွန်တော် “ဒါ အခု ငါတို့နေနေတဲ့ ခေတ်ပဲ။ လူတွေက ပိုက်ဆံအတွက် ဘာမဆိုလုပ်ပြီး သမာဓိဆိုတာ မရှိပါဘူး။ အဲဒီတော့ ရိုးသားတာက ဘာအကျိုးရှိလို့လဲ။ နောက်ပြီး စီးပွားရေးမှာ ငါ ရိုးသားတာ ဘာမှဖြစ်မလာဘူး။ ငါတို့ အလုပ်က အတူတူပဲ၊ သူကတော့ ကောင်းကောင်းနေနိုင်တယ်။ တကယ်တမ်း သူ့တစ်မိသားစုလုံးတောင် ကောင်းကောင်း နေနိုင်တယ်။ ဒါပေမဲ့ ငါကတော့ အဆင်ပြေရုံလောက်ပဲ ရတယ်။ ကြည့်ရတာတော့၊ ငါ ထင်ရာဇွတ်လုပ်မိခဲ့ပုံပဲ။ ငါ မိသားစုကို ကူညီဖို့ ပိုက်ဆံပိုရမယ့် နည်းလမ်းတွေ ရှာသင့်တယ်။” ဟု စဉ်းစားမိသည်။ နောက်ပိုင်းမှာ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်များ၏ “အောင်မြင်မှု” များမှ သင်ယူပြီး ပစ္စည်းလာပြင်သူများကို စ၍ လိမ်ခဲ့သည်။ ကျွန်တော် စိတ်မသက်မသာသလို စတင် ခံစားလာရသည်၊ သို့ရာတွင် ကျွန်တော် ပိုက်ဆံပိုရှာနိုင်ဖို့အလို့ငှာ၊ ယင်းကို လျစ်လျူရှုလိုက်သည်။

တစ်ရက်မှာ ဖောက်သည် တစ်ယောက်က ပစ္စည်းပြင်ဖို့ ရောက်လာသည်။ အများကြီး ပျက်နေသည်ဟု သူမက ထင်စေဖို့၊ မကောင်းသည့် အပိုင်းများကို ကျွန်တော် ဖြုတ်နေရင်းနှင့် လုံးဝ ကောင်းနေသည့်အပိုင်းအချို့ကို ဖြုတ်လိုက်ပြီး၊ သူမကို ကျွန်တော် ပြင်ခပိုတောင်းပါက၊ သူမ သတိထားမိမည် မဟုတ်ပါ။ “သူခိုးတစ်ယောက်လို အပြစ်ရှိသလို ခံစားရတယ်။” ဟူသည့် စကားက အတော်မှန်သည်။ အစတော့ ကျွန်တော် တော်တော်ကို စိတ်လှုပ်ရှားပြီး နှလုံးက အလွန်ခုန်နေသည်၊ သူမ သိသွားပြီး ကျွန်တော့်ကို ရှင်းခိုင်းမှာကို ကြောက်မိသည်။ ထိုကဲ့သို့ ဖြစ်ပါက ရှက်ဖို့ကောင်းမည် ဖြစ်သည်။ သို့ရာတွင် ကျွန်တော် တည်တည်ငြိမ်ငြိမ် နေလိုက်ပြီး ထိုအစိတ်အပိုင်းများအကုန် လဲပေးလိုက်သည်။ ပိုက်ဆံရှင်းရမည့် အချိန်ရောက်သည့်အခါ၊ ကျွန်တော် သတ်မှတ်ထားသည့်ဈေးထက် ငါးဆယ်ရာခိုင်နှုန်းပိုပြီး တောင်းလိုက်သည်။ ကျွန်တော် သူမကို မကြည့်ရဲဘဲ၊ ခေါင်းကို ငုံ့မြဲငုံ့ထားခဲ့သည်၊ သို့ရာတွင် သူမက တစ်ခွန်းမှမပြောဘဲ ပေးလိုက်သည့်အခါ၊ ကျွန်တော် အံ့သြသွားမိသည်။ သူ ပြန်သွားသည်နှင့်ချက်ချင်းပင် ကျွန်တော် နောက်ဆုံးမှာ စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သည်။ ကျွန်တော် ချွေးများရွှဲနေပြီး တော်တော် စိတ်မသက်မသာဖြစ်နေသည်ကို သတိပြုမိလိုက်သည်။ သို့ရာတွင် ထိုအပိုရသည့်ပိုက်ဆံကို မြင်သည့်အခါ ထိုခံစားချက်က ချက်ချင်း ပျောက်သွားလေသည်။

ထိုအချိန်ကစပြီး ပစ္စည်းလာပြင်သူများကို ပိုတောင်းဖို့ လှည့်ကွက်မျိုးစုံကို စဉ်းစားသည်။ အစတော့ အပြစ်ရှိသလို ခံစားရသည်၊ သို့ရာတွင် ပိုက်ဆံပိုရအောင် ဆင်ခြေများသာ ပေးနေမိသည်။ “ငါ ပျော့ညံ့နေလို့မဖြစ်ဘူး။ ‘သေးသိမ်သည့်စိတ်ဓာတ်ကြောင့် လူကြီးလူကောင်းတစ်ဦး မဖြစ်သကဲ့သို့ ယောကျာ်းအစစ်အမှန်ဟူသည် အဆိပ်မရှိဘဲ မနေပါ။’ ငါ ပိုက်ဆံ ရချင်တယ်ဆိုရင် ပါးနပ်ရမယ်။ ပြီးတော့ လူတိုင်းလုပ်နေတာပဲ။ ငါတစ်ယောက်ထဲမှ မဟုတ်တာ။” ဟု ကျွန်တော် တွေးမိသည်။ အချိန်ခဏလောက်ကြာပြီးနောက် ထိုအပြစ်ရှိသလိုစိတ်က မှေးမှိန်သွားပြီး ပိုက်ဆံရှာသည့် “အရည်အချင်း” နှင့်ပတ်သက်၍ ကျွန်တော် ပို ကျွမ်းကျင်ကာ အတွေ့အကြုံ ပိုများလာသည်။ လူအမျိုးမျိုးကို ပုံစံအမျိုးမျိုးနှင့် ဆက်ဆံပြီး မည်သို့ အကဲခတ်ရမည်၊ သွေးတိုးစမ်းရမည်ကို ကျွန်တော် သိလာသည်။ ပြီးလျှင် လှည့်ကွက်များလည်း ပိုသိလာသည်။ ပိုက်ဆံရှိသည့် ဖောက်သည်များလာပါက၊ ပိုက်ဆံ ပိုတောင်း၍ ကောင်းအောင် သူတို့ ကြားချင်သည့်အရာများ ပြောပြီး ကျေနပ်အောင်လုပ်ပေးပြီး မြှောက်ပြောသည်။ အလောကြီးသည့် ဖောက်သည်နှင့်ဆိုပါက၊ ပြင်ရသည်မှာ ခက်သည့်ပုံစံ ဟန်ဆောင်ပြီး တမင်တကာ အချိန်ပိုယူလိုက်သည်။ သို့ဆိုလျှင် သူတို့က ကျွန်တော့်ကို ပိုပေးလိုက်လေသည်။ အချို့ ဖောက်သည်များက ပိုလည်သည်၊ ထို့ကြောင့် သူတို့ ပစ္စည်းများကို ကျွန်တော့်ဆီ ထားခဲ့စေရန် အကြောင်းပြချက် စဉ်းစားရသည်။ သူတို့ လာယူသည့်အခါတွင်၊ နောက်ထပ် ပြင်ရမည့်အရာများ တွေ့သည်ဟု ပြောလိုက်သည်။ ကျွန်တော်က သိပ်အားမထုတ်ရဘဲ၊ ပိုက်ဆံများ ပိုရနေသည်။ ထိုကြောင့် ပစ္စည်းပြင်သူများကို ပိုတောင်း၍ရအောင် ကျွန်တော် အမြဲ ဦးနှောက်ခြောက်အောင် စဉ်းစားသည်။ ကျွန်တော် ပိုက်ဆံများစွာ ပိုရပြီး လုံခြုံမှုလည်းရှိပါသည်၊ သို့ရာတွင် စိတ်ထဲမှာ ဝမ်းသာခြင်း၊ ပျော်ရွှင်ခြင်း တစ်ခုမှ မခံစားရပါ။ ထိုအစား ကျွန်တော် လုပ်ခဲ့သည့် ယုတ်မာသည့်လုပ်ရပ်များကို စဉ်းစားမိတိုင်း ကျွန်တော် ကြောက်ပြီး နေရထိုင်ရခက်သလို ခံစားရသည်။ တစ်ခါတစ်ရံမှာ “ငါ ရပ်လိုက်သင့်တယ်။ ငါ အလုပ်ကို ဒီလိုပဲဆက်ပြီး လုပ်မနေသင့်ဘူး။ လူတွေပြောသလိုပဲ။ ‘မကောင်းတာလုပ်ရင် မကောင်းတာခံရမယ်။’ ငါနဲ့ထိုက်တာကို ငါရမှာပဲ။” ဟု ကျွန်တော် စဉ်းစားမိသည်။ သို့ရာတွင် ကျွန်တော့်လက်ထဲက ပိုက်ဆံများကို စဉ်းစားမိသည့်အခါ၊ ကျွန်တော် ဆက်မလုပ်ဖို့ မဆုံးဖြတ်နိုင်ခဲ့ပါ။

ကျွန်တော် အကျင့်ပျက်မှုထဲ နှစ်မြုပ်နေစဉ်တွင် ကျွန်တော့်အစ်မက အနန္တတန်ခိုးရှင်ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိတရားအကြောင်း ပြောပြသည်။ ဘုရားသခင်၏ အမှုတော်ကို လက်ခံပြီးသည့်နောက်မှာ ကျွန်တော် ညီအစ်ကိုမောင်နှမများနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ခဏခဏ ဖတ်ဖြစ်သည်။ တစ်ခါတွင် ဝတ်ပြုအစည်းအဝေးမှာ အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်တော် ဖတ်မိပါသည်- “လူသားသည် ဘုရားသခင်နှင့်အတူ ဤခေတ်ကာလများကို လျှောက်လှမ်းခဲ့သော်လည်း ဘုရားသခင်သည် အရာအားလုံးနှင့် သက်ရှိတို့၏ ကံကြမ္မာကို ပိုင်စိုးသည်ကို မသိသကဲ့သို့ ဘုရားသခင်သည် အရာအားလုံးကို စီစဉ်ညွှန်ကြားပြီး လမ်းညွှန်ပြပေး သည်ကိုလည်း သူမသိပေ။ ရှေးအတီတေကာလမှ ယနေ့မျက်မှောက်ထိ လူသားသည် ထိုအချက်ကို သဘောမပေါက်ပေ။ အကြောင်းရင်းမှာ ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် သိုဝှက်လွန်းခြင်းကြောင့် မဟုတ်သကဲ့သို့ ဘုရားသခင်၏ အကြံအစည်မှာ မပြည့်မြောက်သေး သောကြောင့် မဟုတ်ဘဲ၊ လူသားသည် ဘုရားသခင်နောက် လိုက်နေစေကာမူ စာတန်ကို အစေခံလျက်ရှိနေသေးသော်လည်း ထိုအချက်ကို မသိသည်အထိပင် လူသား၏နှလုံးသားနှင့် စိတ်ဝိညာဉ်သည် ဘုရားသခင်နှင့် ဝေးကွာလွန်းခြင်းကြောင့် ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ ခြေလှမ်းများနှင့် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို တက်တက်ကြွကြွ ရှာဖွေခြင်းမရှိပေ၊ ထို့ပြင် မည်သူတစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ စောင့်ရှောက်ပေးမှုနှင့် ထိန်းသိမ်းပေးမှုထဲ၌ တည်နေလိုသောဆန္ဒ မရှိကြပေ။ ထိုသို့ပြုမည့်အစား သူတို့သည် ဤလောကကြီးနှင့် လိုက်လျောညီထွေဖြစ်ရန်အလို့ငှာ၊ ထို့အပြင် ဆိုးသွမ်းသော လူသားမျိုးနွယ်တို့ လိုက်နာကျင့်သုံးသည့် ဖြစ်တည်မှုစည်းမျဉ်းများနှင့် လိုက်လျောညီထွေဖြစ်ရန်အလို့ငှာ ဆိုးယုတ်သည့်သူဖြစ်သော စာတန်၏ ယိုယွင်းပျက်စီးခြင်းအပေါ် အမှီပြုလိုကြသည်။ ဤအချိန်တွင် လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်တို့သည် စာတန်အတွက် လူသား၏ လက်ဆောင်ပဏ္ဏာ ဖြစ်သွားခဲ့ကာ စာတန်၏ ခဲဖွယ်စားဖွယ် ဖြစ်သွားသည်။ ထိုထက်ပင်ပို၍ လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်သည် စာတန်နေထိုင်နိုင်သည့် နေရာတစ်ခုနှင့် ၎င်းနှင့် သင့်တော်သည့် ပျော်ပါးရာနေရာတစ်ခုဖြစ်လာသည်။ ဤနည်းအားဖြင့် လူသားသည် လူသားဖြစ်ရခြင်း၏ နိယာမများနှင့်ဆိုင်သည့် သူ၏ နားလည်ခြင်း၊ ထို့ပြင် လူသားဖြစ်တည်မှု၏ တန်ဖိုးနှင့် အဓိပ္ပာယ်တို့ နှင့်ဆိုင်သည့် သူ၏နားလည်ခြင်းတို့ကို အမှုမဲ့အမှတ်မဲ့ ဆုံးရှုံးလိုက် ရသည်။ ဘုရားသခင်၏ ပညတ်တရားများနှင့် ဘုရားသခင်နှင့် လူသားကြားမှ ပဋိညာဉ်သည် လူသား၏နှလုံးသားထဲမှ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်ပြီး သူသည် ဘုရားသခင်ကို ရှာဖွေခြင်း၊ သို့မဟုတ် ဂရုပြုခြင်း မရှိတော့ပေ။ အချိန်ကာလ ကြာညောင်းလာသည်နှင့်အမျှ လူသားသည် ဘုရားသခင်က သူ့အား အဘယ်ကြောင့် ဖန်ဆင်းခဲ့သည်ကို နားမလည်တော့သကဲ့သို့ ဘုရားသခင်၏ နှုတ်မှလာသော နှုတ်ကပတ်တော်များနှင့် ဘုရားသခင်ထံမှလာသော အရာအားလုံးတို့ကို နားမလည်တော့ပေ။ ထို့နောက် လူသားသည် ဘုရားသခင်၏ ပညတ်တရားများနှင့် အမိန့်များကို စတင်အာခံလာသည်၊ ထို့ပြင် သူ၏နှလုံးသားနှင့် စိတ်ဝိညာဉ်တို့သည် ထုံထိုင်းလာသည်...။ ဘုရားသခင်သည် သူမူလအစက ဖန်ဆင်းထားသော လူသားကို ဆုံးရှုံးသွားပြီး လူသားသည် သူ၏ မူလအရင်းအမြစ်ကို ဆုံးရှုံးသွားသည်။ ၎င်းသည် ဤလူသားမျိုးနွယ်အတွက် ဝမ်းနည်းစရာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) ဘုရားသခင်၏ နှုတ်ကပတ်တော်များက လက်တွေ့အရှိတရားကို ပြထားသည်။ ကျွန်တော်က အပြင်ပန်းမှာတော့ ပိုက်ဆံများစွာ ရုပ်ပိုင်းဆိုင်ရာ ချမ်းသာမှုများ တိုးတက်လာသော်လည်း၊ ရင်ထဲမှာ ဗလာဖြစ်နေပြီး နာကျင်နေရသည်၊ ဤအရာများ အားလုံးက မိမိကိုယ်ကိုယ် ဘုရားသခင်နှင့် ဝေးကွာစေခဲ့သောကြောင့်၊ သူ၏သတ်မှတ်ချက်များကို ဆန့်ကျင်ပြီး အသက်ရှင် ရပ်တည်ရေးအတွက် စာတန်၏ စည်းမျဉ်းများအတိုင်း အသက်ရှင်ခဲ့၍ ဖြစ်သည်။ ဆိုင်ကို စဖွင့်စဉ်က စိတ်ရှင်းရှင်းနှင့် ပိုက်ဆံရှာခဲ့သည်၊ အများကြီးမရသော်လည်း၊ အမြဲတမ်း စိတ်အေးချမ်းသည်။ သို့ရာတွင် နောက်တော့ ပတ်ဝန်းကျင်၏ဩဇာလွှမ်းမိုးမှုကို ကျွန်တော် ခံလာရသည်။ အခြားလူများက မကောင်းသည့် နည်းများနှင့် ချမ်းသာနေသည်ကို မြင်ရသောကြောင့်၊ စာတန်ဆီကလာသည့် “ဉာဏ်နီဉာဏ်နက်မရှိဘဲ မချမ်းသာနိုင်၊” “ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်၊” “ငွေသည် အဓိကမဟုတ်သော်လည်း ငွေမရှိလျှင် ဘာမျှလုပ်နိုင်မည်မဟုတ်၊” ဟူသည့် စကားများနှင့် အခြားဤကဲ့သို့ ရှင်သန်ခြင်းစည်းမျဉ်းများ၏ လွှမ်းမိုးမှုကိုလည်း ကျွန်တော် ခံခဲ့ရသည်။ လူအများလုပ်သည့် အရာများ လိုက်လုပ်ခဲ့ပြီး ပိုက်ဆံရှာဖို့အတွက် ကျွန်တော့်၏ ကိုယ်ကျင့်တရားများကို စွန့်လွှတ်ခဲ့သည်။ ဖောက်သည်များက ကျွန်တော့်ကို ပိုက်ဆံပိုပေးစေဖို့၊ သူတို့ကို လိမ်ဖို့အတွက် မိမိ၏အသိတရားကို လျစ်လျူရှုခဲ့သည်။ ပိုက်ဆံက ကျွန်တော့်လက်ထဲမှာ ရှိနေနိုင်သော်လည်း၊ အားလုံးက မတရားသည့်နည်းနှင့် ရလာခြင်းသာ ဖြစ်သည်။ ကျွန်တော်လုပ်ခဲ့သည့် ယုတ်မာသည့် ဤလုပ်ရပ်များကို စဉ်းစားမိတိုင်း မိမိကိုယ်ကိုယ် စိတ်မသက်မသာဖြစ်ပြီး မငြိမ်းချမ်းနိုင်ခဲ့ပါ။ တစ်ယောက်ယောက်က ကျွန်တော့်ကို ဖော်လိုက်မည့်နေ့ကို ကြောက်နေရင်း အသက်ရှင်ခဲ့ရပါသည်။ ပိုဆိုးသည်မှာ ကျွန်တော် အဖမ်းခံရနိုင်သည်။ အမြဲတမ်းကို စိုးရိမ်ပူပန်နေခဲ့ရသည်။ ယင်းမှာ နာကျင်စွာ အသက်ရှင်ရသည့် နည်းလမ်းဖြစ်သည်။ သို့ရာတွင် ဤအရာများအားလုံးက ဆိုးယုတ်သည့် အတွေးအခေါ် တစ်ခုနှင့် ကျွန်တော် အသက်ရှင်နေသောကြောင့် ဖြစ်သည်ကို ထိုနေ့မှာ နားလည်သွားသည်။ ဤသည်မှာ စာတန် စည်းမျဉ်းများ၏ လှည့်စားခြင်းခံရသည့် အကျိုးဆက် ဖြစ်လေသည်။ ဘုရားသခင့်နှုတ်ကပတ်တော်၏ လမ်းပြမှုမပါဘဲ၊ စာတန်က ကျွန်တော့်ကို မည်မျှထိခိုက်နေသည်နှင့်ပတ်သက်သည့် လက်တွေ့အရှိတရားကို လုံးဝ သိမည်မဟုတ်ပါ။

နောက်တော့ အစ်မတစ်ယောက်က ကျွန်တော့်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို ဖတ်ပြသည်။ “ဘုရားသခင်က ရိုးသားသူကို နှစ်သက်မှန်း သင်တို့သိထားသင့်သည်။ ဘုရားသခင်၌ သစ္စာရှိခြင်း၏ အနှစ်သာရ ရှိသဖြင့် သူ၏နှုတ်ကပတ်တော်များကို အမြဲ ယုံကြည်စိတ်ချနိုင်သည်။ ထို့အပြင် သူ၏ လုပ်ဆောင်ချက်များမှာ အမှားကင်းပြီး သံသယ ရှိရန်မလိုပေ၊ ထိုအကြောင်းကြောင့် သူ့အပေါ် ပကတိ ရိုးသားဖြောင့်မတ်သူများကို ဘုရားသခင်က နှစ်သက်ခြင်း ဖြစ်သည်။ ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာ ဘုရားသခင်ထံ သင့်နှလုံးသားကို ပေးအပ်ခြင်း၊ အရာခပ်သိမ်းတွင် ဘုရားသခင်ကို သဘောရိုးအတိုင်း ဆက်ဆံခြင်း၊ အရာအားလုံးတွင် ဘုရားသခင်နှင့် ပွင့်လင်းမှုရှိခြင်း၊ အမှန်တရားကို မည်သည့်အခါမျှ ကွယ်ဝှက် မထားခြင်း၊ မိမိအထက်မှ လူများနှင့် အောက်မှလူများကို လှည့်စားခြင်းကို မည်သည့်အခါမျှ မပြုခြင်းနှင့်၊ ဘုရားသခင်အား မျက်နှာလိုမျက်နှာရ မပြုခြင်းတို့ပင် ဖြစ်သည်။ အတိုချုံး၍ ဆိုရလျှင် ရိုးသားဖြောင့်မတ်မှုရှိခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့နှင့် ဘုရားသခင်ကို ဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်)ငါ၏နိုင်ငံတော်သည် ရိုးသားသူများ၊ သူတော်ကောင်း အယောင်မဆောင်သောသူများ သို့မဟုတ် မလှည့်ဖြားသောသူများကို လိုအပ်ပေသည်။ စိတ်ရင်းမှန်ပြီး ရိုးသားသောသူတို့သည် ကမ္ဘာလောကတွင် လူကြိုက်နည်းသည် မဟုတ်လော။ ငါသည် တကယ့်ကို ဆန့်ကျင်ဘက် ဖြစ်၏။ ရိုးသားသူများ ငါ့ထံသို့လာရန်မှာ လက်ခံနိုင်ဖွယ် ဖြစ်သည်။ ငါသည် ဤလူစားမျိုးကို အထူးနှစ်သက်သကဲ့သို့ ဤလူစားမျိုးကို ငါသည် လိုလည်းလိုအပ်၏။ ဤသည်မှာ ငါ၏ဖြောင့်မတ်ခြင်း အတိအကျ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၃၃)) ပြီးလျှင် သူမက ကျွန်တော့်ကို “ဘုရားသခင်က အနှစ်သာရအားဖြင့် သစ္စာရှိပါတယ်။ ရိုးသားသူတွေကို နှစ်သက်ပြီး ကောင်းချီးပေးတယ်။ လောကမှာ တခြားလူတွေနဲ့ ကျွန်မတို့ ဆက်ဆံတဲ့အခါ စာတန်ရဲ့ စည်းမျဉ်းအတိုင်း အသက်ရှင်ကြတယ်။ ‘အကျိုးမရှိဘဲ ဘာမှမလုပ်နဲ့’ ဆိုတာမျိုးပေါ့။ ကျွန်မတို့ စကားတွေ၊ လုပ်ရပ်တွေ အားလုံးက ကိုယ်ကျိုးအတွက်ဖြစ်ပြီး အပြစ်ရှိတယ်လို့ မခံယူဘဲ လှည့်စားကြတယ်။ လူကောင်းတစ်ယောက်လို ဘယ်လိုနေရမယ်ဆိုတာ ကျွန်မတို့ မသိကြဘူး။ ဒါပေမဲ့ ဘုရားကို ယုံကြည်တာက မတူဘူး။ ဘုရားသခင်က ကျွန်မတို့ကို ရိုးသားဖို့၊ အမှန်အတိုင်းပြောဖို့၊ ဖြောင့်မတ်ဖို့ အလိုရှိပါတယ်။ ကျွန်မတို့ရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး သူ စိစစ်တာကို လက်ခံဖို့ ဘုရားက တောင်းဆိုတယ်။ ကျွန်မတို့တွေ ပွင့်လင်း ရိုးသားဖို့၊ ဘုရား ဒါမှမဟုတ် လူကို လိမ်လည်ဖို့ လှည့်စားဖို့ မကြိုးစားကြဖို့ တောင်းဆိုပါတယ်။ ရိုးသားတဲ့သူကသာ လူသားပုံသဏ္ဌာန် ရှိတယ်၊ ဘုရားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေနိုင်တယ်။” ဟု ပြောပြသည်။ ဘုရားက ရိုးသားသူများကို နှစ်သက်သည်ကို ဘုရားသခင်၏နှုတ်ကပတ်တော်မှ ကျွန်တော် သိခဲ့ရပြီး သူမ၏သတ်မှတ်ချက်အတိုင်း ကျွန်တော် လုပ်ခဲ့ပါသည်။ ညီအစ်ကိုမောင်နှမများကို ရိုးရိုးသားသားစကားပြောဖို့၊ မလှည့်စားဖို့ ကျွန်တော် စလုပ်ခဲ့သည်။ သို့ရာတွင် အလုပ်နှင့် ပတ်သက်လာပါက၊ ကျွန်တော် စိုးရိမ်နေဆဲ ဖြစ်သည်။ ရိုးသားခြင်းကို ညီအစ်ကိုမောင်နှမများနှင့် လက်တွေ့လုပ်ဆောင်ရသည်မှာ ပို၍ လွယ်ကူသည်။ ကျွန်တော့်အလုပ်မှာ ဤကဲ့သို့ လုပ်ပါက၊ ဝင်ငွေက တော်တော်နည်းသွားပြီး ဆိုင်ပိတ်ရနိုင်သည်ဟု ကျွန်တော် မြင်မိသည်။ သို့ရာတွင် လူများကို ယခင်ကဲ့သို့ ဆက်ပြီး လိမ်လည် လှည့်ဖြားနေပါက၊ ဤသည်မှာ ဘုရားသခင်၏အလိုတော်နှင့် ညီပါ့မလား။ သို့ဆိုလျှင် ကျွန်တော် မည်သည့်အရာကို လုပ်ရမည်နည်း။ ကျွန်တော် ဤသည်ကို တော်တော်စဉ်းစားပြီး ကျွန်တော် အသင်းတော်မှာ ရှိနေသည့်အခါ ရိုးသားမည်။ သို့ရာတွင် ဆိုင်မှာ အလုပ်ကို ခါတိုင်းကဲ့သို့ ဆက်လုပ်မည်ဟု နောက်ဆုံးမှာ အဖြေတစ်ခု တွေ့သည်။

တစ်ရက်မှာ အဘိုးတစ်ယောက်က သူ့တီဗီကို ယူလာပြီး ရုပ်ထွက်က မှိန်နေသည်လို့ ပြောသည်။ ကာလာချောင်းများ လဲဖို့သာလိုသည်ကို ကျွန်တော် တွေ့လိုက်သည်။ သို့ရာတွင် သူ့ကို ပြောမပြပါ။ ဝါယာကြိုးဗို့အားကို မြှင့်ပေးလိုက်သည်။ သို့ဆိုလျှင် သူ ခဏ ထပ်သုံး၍ရမည်။ ပြီးလျှင် ပြဿနာ ထပ်ပေါ်လာသည့်အခါ၊ ဤအရာများကို လဲလိုက်ပြီး ပြင်ခ ပိုရမည်။ နှစ်ပတ်ခန့်အကြာ တီဗီက ပြဿနာ ဖြစ်လာပြန်သည်။ သူက ကျွန်တော်လုပ်သည်မှာ မကောင်းဘဲ၊ ထပ်လုပ်ပေးသင့်သည်ဟု ပြောသည်။ ကာလာချောင်းများက ဟောင်းနေပြီဖြစ်ပြီး လဲဖို့လိုသည်ကို သူ့ကို ပြောလိုက်သည်။ အံ့ဩစရာကောင်းသည်မှာ ကျွန်တော့်၏ လှည့်ကွက်ကို သူ ရိပ်မိသွားသည်။ သူက ပြင်ခထပ်ပေးဖို့ ငြင်းဆန်ပြီး “ကောင်လေး၊ မင်း ဒီထက်ပို ရိုးသားသင့်တယ်။ လောဘမကြီးစမ်းပါနဲ့။” ဟု ရွံသည့်ပုံစံများ ပြည့်နေသည့် အသံနှင့် ပြောလေသည်။ ထိုအချိန်က ကျွန်တော် တော်တော်ကို ရှက်မိသော်လည်း၊ နောက်ပိုင်းကျတော့ အရေးမစိုက်တော့ပါ။ နောက်တော့ အဘွားတစ်ယောက်က မိုက်ကရိုဝေ့တစ်လုံးနှင့် ရောက်လာသည်။ ပျက်နေသည့် အပိုင်းလေးတစ်ခုကို ကျွန်တော် ရှာနိုင်ခဲ့သည်။ ကျွန်တော် ပြင်နိုင်သည်။ ပြီးလျှင် သင့်တင့်သည့် ပြင်ခတောင်းမည်ဟု စဉ်းစားလိုက်သော်လည်း၊ သူမကို ကြည့်ရသည်မှာ အဆင်ပြေသည့်ပုံစံ ရှိသည်။ ထို့ကြောင့် ပိုတောင်းလျှင် ရနိုင်ပြီး ရသလောက်ယူရမည်ဟု ထပ်တွေးမိသည်။ သို့ရာတွင် သုံးလေးရက်နေသည့်အခါ၊ သူမက ဆိုင်ကို ပြန်လာပြီး “မင်းက ပြင်ခအတွက် ငါ့ကို ပိုတောင်းခဲ့တယ်။ အသိတရားလေးရှိပါဦး ဆရာ။ ငါတို့လုပ်တာကို ဘုရားသခင်က အကုန်မြင်တယ်နော်။” ဟု ပြောသည်။ သူမ ကျွန်တော့်ကို ထုတ်ပြောလိုက်သည့်အခါ၊ ကျွန်တော် တော်တော် စိတ်ညစ်သွားသည်။ ပြီးလျှင် ဟိုတစ်နေ့က လူကြီး ပြောသည်ကို ပြန်စဉ်းစားမိပြီး မိမိကိုယ်ကိုယ် စိတ်တိုမိသည်။ ဘုရားသခင်က ကျွန်တာ့်ကို သတိပေးဖို့ ဤဖြစ်ရပ်များကို အသုံးပြုနေသည်ကို ကျွန်တော် သဘောပေါက်မိခဲ့လေသည်။ ကျွန်တော် ဆင်ခြင်နိုင်စေဖို့ ဖြစ်သည်။

ခဏနေတော့ ကျွန်တော် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲက ဤအပိုဒ်ကို ဖတ်ရပါသည်- “သင်လုပ်ဆောင်နေသည့်အရာ မည်သည့်အရာဖြစ်သည်ကို ပဓာနမထားဘဲ ကိစ္စရပ်တစ်ခုသည် မည်မျှ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ မိသားစုထဲက သင်၏ တာဝန်ကို ဖြည့်ဆည်းဖို့ ထိုအရာကို လုပ်ဆောင်နေသည်ဖြစ်စေ သို့မဟုတ် သင်၏ ကိုယ်ပိုင် သီးသန့်အကြောင်းရင်းများကြောင့် လုပ်ဆောင်နေသည်ဖြစ်စေ၊ သင်လုပ်ဆောင်နေသည့်အရာသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီခြင်း ရှိမရှိအပြင်၊ ယင်းသည် လူ့သဘာဝရှိသည့် လူတစ်ဦး လုပ်ဆောင်သင့်သည့်အရာ ဟုတ်၊ မဟုတ်ဆိုသည်တို့ကို သင် သုံးသပ်ဆင်ခြင်ရမည်။ သင်လုပ်ဆောင်သည့် အရာတိုင်းတွင် သမ္မာတရားကို ထိုသို့ သင် ရှာဖွေပါက သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောလူတစ်ဦး ဖြစ်ပေသည်။ သင်သည် ကိစ္စရပ်တိုင်းနှင့် သမ္မာတရားတိုင်းကို ဤနည်းလမ်းဖြင့် ရိုးသားဖြူစင်စွာ ဆက်ဆံပါက၊ သင်၏ စိတ်သဘောထားတွင် ပြောင်းလဲမှုများကို သင် ရရှိနိုင်လိမ့်မည်။ လူအချို့က ကိုယ်ရေးကိုယ်တာကိစ္စရပ် တစ်ခုကို ၎င်းတို့ လုပ်ဆောင်နေချိန်တွင် သမ္မာတရားကို ၎င်းတို့ လျစ်လျူရှုနိုင်သည်၊ ထိုအရာကို ၎င်းတို့ ဆန္ဒရှိသည်အတိုင်း လုပ်ဆောင်နိုင်ပြီး ၎င်းတို့ကို ပျော်ရွှင်စေသည့် မည်သည့်နည်းလမ်းဖြင့်မဆို လုပ်ဆောင်နိုင်သည်၊ ပြီးလျှင် ၎င်းတို့ကို အကျိုးကျေးဇူးပြုသော မည်သည့်ပုံစံဖြင့်မဆို လုပ်ဆောင်နိုင်သည်ဟု တွေးထင်ကြလေသည်။ ယင်းသည် ဘုရားသခင်၏ မိသားစုကို မည်သို့ အကျိုးသက်ရောက်မည်ကို ၎င်းတို့ နည်းနည်းမျှ ထည့်သွင်းစဉ်းစားခြင်းမရှိသကဲ့သို့ ၎င်းတို့ လုပ်ဆောင်နေသည့်အရာက သန့်ရှင်းသူတို့ကဲ့သို့ ကျင့်၀တ်နှင့် သင့်လျော်ခြင်းရှိ၊ မရှိဆိုသည်ကိုလည်း မစဉ်းစားကြချေ။ အဘယ်ကြောင့်ဆိုသည်ကို ၎င်းတို့ မသိကြသော်လည်း၊ နောက်ဆုံးတွင် ၎င်းတို့သည် ထိုကိစ္စ ပြီးစီးသွားသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ စိတ်အတွင်းတွင် မှောင်မိုက်လာပြီး စိတ်မသက်မသာ ခံစားရလေသည်။ ဤပြစ်ဒဏ်ခတ်ခြင်းသည် မထိုက်တန်ပါသလော။ ဘုရားသခင် လက်မခံသည့်အရာများကို သင် လုပ်ဆောင်ပါက သင်သည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပေပြီ။ တစ်စုံတစ်ဦးသည် သမ္မာတရားကို မချစ်သကဲ့သို့၊ မိမိတို့၏ အလိုဆန္ဒပေါ် အခြေခံကာ အမှုအရာများကို မကြာခဏ လုပ်ဆောင်ပါက၊ ဘုရားသခင်ကို ၎င်းတို့ မကြာခဏ ပုန်ကန်ပြစ်မှားမိမည်ဖြစ်သည်။ ထိုသို့သော လူတို့သည် သာမန်အားဖြင့် ၎င်းတို့ လုပ်သည့်အရာ၌ ဘုရားသခင်၏လက်ခံမှုကို မရရှိကြသကဲ့သို့ ၎င်းတို့ နောင်တမရပါက အပြစ်ပေးခြင်းသည် သိပ်ဝေးတော့မည် မဟုတ်ပေ။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏အလိုကို ရှာဖွေခြင်းမှာ သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ရန်အတွက် ဖြစ်၏”)လူတို့သည် ဘုရားသခင်၏ အမှုကို တွေ့ကြုံရပြီး သမ္မာတရားကို ရရှိပြီးသည်အထိ အတွင်း၌ သူတို့ကို ထိန်းချုပ်၍ အုပ်စိုးသည်မှာ စာတန်၏ သဘာဝဗီဇဖြစ်၏။ အတိအကျဆိုရလျှင် ထိုသဘာဝဗီဇကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ဥပမာ၊ သင်သည် အဘယ်ကြောင့် တစ်ကိုယ်ကောင်းဆန်ရသနည်း။ သင်၏ကိုယ်ပိုင် ရာထူးဂုဏ်ဒြပ်ကို အဘယ်ကြောင့် ကာကွယ် သနည်း။ သင်သည် အဘယ်ကြောင့် ထိုသို့သော အားကောင်းသည့် စိတ်ခံစားချက်များ ရှိသနည်း။ ထိုမဖြောင့်မတ်သော အရာများကို သင်သည် အဘယ်ကြောင့် မွေ့လျော်ခံစားသနည်း။ သင်သည် အဘယ်ကြောင့် ထိုမကောင်းမှုများကို နှစ်သက်သနည်း။ ထိုသို့သော အရာများကို သင်၏ ကြိုက်နှစ်သက်ခြင်း၏ အခြေခံအကြောင်းရင်းက အဘယ်နည်း။ ဤအရာတို့သည် အဘယ်အရပ်က လာကြသနည်း။ ၎င်းတို့အား လက်ခံသည်ကို သင် အဘယ်ကြောင့် အလွန်ပျော်ရွှင်နေသနည်း။ ဤအရာများအားလုံး၏ နောက်ကွယ်ရှိ အဓိက အကြောင်းရင်းမှာ သင်တို့အတွင်းတွင် စာတန်၏အဆိပ်ရှိခြင်းကြောင့် ဖြစ်ကြောင်း ယခုတွင် သင်တို့အားလုံး နားလည်လာကြပြီ။ စာတန်၏အဆိပ်မှာ မည်သည့်အရာဖြစ်ကြောင်းနှင့် ပတ်သက်၍၊ ယင်းကို စကားလုံးများဖြင့် အပြည့်အဝ ဖော်ပြနိုင်၏။ ဥပမာအားဖြင့်၊ ဒုစရိုက်ကိုပြုသူအချို့ကို ၎င်းတို့ အဘယ်ကြောင့် မကောင်းမှုပြုကြသည်ကို သင်မေးပါက၊ သူတို့က ‘လူတိုင်း ကိုယ့်အတွက်သာ ကိုယ်ကြည့်ပြီး၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သောကြောင့်’ ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသောစကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ တွေးခေါ်မှုစနစ်သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ သူတို့သည် အမှုအရာများကို ဤရည်ရွယ်ချက် သို့မဟုတ် ထိုရည်ရွယ်ချက်အတွက် ပြုလုပ်ကောင်းပြုလုပ်ကြသော်လည်း၊ ထိုသူတို့သည် ယင်းကို မိမိတို့အတွက်သာ ပြုကြခြင်းဖြစ်သည်။ ကိုယ့်အတွက်သာ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သောကြောင့်၊ သူတို့သည် မိမိတို့၏ကိုယ်ပိုင် အကျိုးအတွက်သာ အသက်ရှင်သင့်ပြီး၊ အစားအစာနှင့် ကောင်းမွန်သော အဝတ်အစားအတွက် ရာထူးကောင်းတစ်နေရာ ရရှိရန် သူတို့ အရာရာကို အစွမ်းကုန် ကြိုးစားလုပ်ဆောင်သင့်သည်ဟု အယောက်တိုင်းက ထင်မှတ်ကြသည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက်နှင့် ဒဿနအမြင်ဖြစ်ပြီး ၎င်းက လူသား၏ သဘာဝဗီဇကိုလည်း ကိုယ်စားပြုလေသည်။ စာတန်၏ ဤစကားများမှာ အတိအကျဆိုရလျှင် စာတန်၏ အဆိပ်ဖြစ်ပြီး၊ လူတို့က ယင်းကို နှလုံးသွင်းကြသည့်အခါတွင်၊ ယင်းသည် သူတို့၏ သဘာဝဗီဇ ဖြစ်လာသည်။ စာတန်၏ သဘာဝဗီဇမှာ ဤစကားလုံးများအားဖြင့် ထုတ်ဖော်ခြင်းခံရသည်။ ယင်းတို့က ၎င်းကို လုံးလုံး ကိုယ်စားပြု၏။ ဤအဆိပ်သည် လူတို့၏ အသက်များဖြစ်လာသည့်အပြင်၊ သူတို့တည်ရှိမှု၏ အခြေခံအုတ်မြစ်ဖြစ်လာပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က နှစ်ထောင်ချီ၍ ဤအဆိပ်၏ အုပ်စိုးခြင်းကို မပြောင်းမလဲ ခံလာရပြီဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း”) ဤအပိုဒ်ကို ဖတ်လိုက်သည့်အခါ၊ ဘုရားသခင်၏ ဝိညာဉ်တော်က အားလုံးကို မြင်သည်ကို ကျွန်တော် သိသွားသည်။ ကျွန်တော့်၏ စိတ်ထဲက အတွေးများကို လုံးဝ ဘယ်သူ့ကိုမျှ ပြောမပြခဲ့ပါ။ သို့ရာတွင် ဤအရာများကို ဘုရားသခင်၏နှုတ်ကပတ်တော်ထဲမှာ အပြည့်အဝ ဖွင့်ပြထားသည်။ ကျွန်တော်တို့ စိတ်နှလုံးများကို သူ့ကို ပေးအပ်ဖို့ ဘုရားသခင် အလိုရှိမှန်း နှုတ်ကပတ်တော်များမှ ကျွန်တော် နားလည်ခဲ့ပါသည်။ မိမိ၏တာဝန်ကို လုပ်နေသည်ဖြစ်စေ၊ မိမိအရေးကိစ္စများကို ဖြေရှင်းနေသည်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်တော်တို့ လက်တွေ့လုပ်ဆောင်ရမည်။ သို့ရာတွင် ကျွန်တော်က မိမိအသက်တာမှာ သမ္မာတရားကို ရွေးပြီး လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဘုရားသခင်နှင့် ညီအစ်ကိုမောင်နှမများက ကျွန်တော် အသင်းတော်မှာ ရိုးသားသည့်အခါ၊ ထောက်ခံကြသည်ကို မြင်ရတော့၊ ကျွန်တော် ထိုအတိုင်းလုပ်သည်။ သို့ရာတွင် အလုပ်တွင် ပိုက်ဆံမရဘဲ၊ ကျွန်တော့်အတွက် အကျိုးရှိမည်မဟုတ်ဟု ထင်ပြီး မရိုးသားခဲ့ပါ။ ကျွန်တော်က မိမိ၏အကျိုးအမြတ်ကိုသာ စဉ်းစားသည်ကို သိခဲ့ရပါသည်။ လှည့်ဖြားခြင်းက ဘုရားသခင်၏ အလိုတော်နှင့် ဆန့်ကျင်နေသည်ကို ကျွန်တော်သိခဲ့သည်။ သို့ရာတွင် ကျွန်တော်လုပ်ချင်စိတ် ဖြစ်လာပါက၊ မည်သည့်အရာဖြစ်စေ ဆက်လုပ်ခဲ့သည်။ ကျွန်တော့်အတွက် အကျိုးအမြတ်ရှိပါက၊ ကျွန်တော် လုပ်လိုက်သည်။ ဤသည်က မည်သို့များ ယုံကြည်ခြင်းရှိသည့် လူတစ်ဦး ဖြစ်တော့မည်နည်း။ ထိုသို့နှင့် ကျွန်တော် ဤအရာကို သဘောပေါက်လာသည်။ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏” “ဟူသည့် စကားများက စိုးမိုးပြီး ကျွန်တော့်၏ သဘောသဘာဝ ဖြစ်လာသည့် ဆိုးယုတ်သည့် ရှင်သန်ရေး စည်းမျဉ်းများ ဖြစ်လေသည်။” ဟူသည့် စကားများက စိုးမိုးပြီး ကျွန်တော့်၏ သဘောသဘာဝ ဖြစ်လာသည့် ဆိုးယုတ်သည့် ရှင်သန်ရေး စည်းမျဉ်းများ ဖြစ်လေသည်။ ကျွန်တော်က ထိုစကားများအတိုင်း မနေထိုင်ပါက၊ မည်သည့်အခါမျှ အဆင်ပြေမည်မဟုတ်ဟု ထင်ခဲ့သည်။ သို့ရာတွင် တကယ်တော့ ထိုအတိုင်း နေထိုင်ခြင်းက ရုပ်ဝတ္ထုပစ္စည်းများနှင့် ကိုယ်ပိုင်ချမ်းသာမှုကိုသာ ရခဲ့သည်။ သို့ရာတွင် ဤသည်မှာ ဆိုးယုတ်သည့် နေထိုင်နည်းဖြစ်ပြီး ဂုဏ်သိက္ခာကင်းမဲ့ပါသည်။ ကျွန်တော့်ကို လူများက မကျေမနပ်ဖြစ်ပြီး ပစ်ပယ်ကြသည်။ ဘုရားသခင်က ရွံရှာသည်။ သခင်ယေရှု ပြောခဲ့သကဲ့သို့ပင် ဖြစ်သည်- “ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မရောက်ရကြ။(ရှင်မဿဲခရစ်ဝင် ၁၈:၃) ပြီးလျှင် အနန္တတန်ခိုးရှင်ဘုရားသခင်က ပြောသည်- “သင်တို့၏ ထိုစိတ်ကူးများနှင့် တွက်ချက်မှုများအားလုံးကို အမြန်ဆုံး ပယ်ဖျက်ပြီး ငါ၏သတ်မှတ်ချက်များကို လေးလေးနက်နက် စတင်သဘောထားလော့။ သို့မဟုတ်လျှင် ငါ၏အမှုကို အဆုံးတိုင်စေရန်အလို့ငှာ အယောက်တိုင်းကို ပြာအဖြစ်သို့ ငါပြောင်းလဲပစ်မည်ဖြစ်ပြီး၊ အဆိုးဆုံးဆိုရလျှင် ငါ၏နှစ်ပေါင်းများစွာ လုပ်ဆောင်ချက်နှင့် ဆင်းရဲဒုက္ခခံစားခြင်းကို အချည်းနှီးအဖြစ်သို့ ပြောင်းလဲပစ်မည် ဖြစ်သည်၊ အကြောင်းမှာ ငါ၏နိုင်ငံတော်ထဲသို့ ငါ၏ရန်သူများနှင့် ဆိုးယုတ်မှုအနံ့ထွက်ကာ စာတန်၏သွင်ပြင်ရှိသော လူတို့ကို ငါမခေါ်ဆောင်နိုင်သည့်အတွက်၊ သို့မဟုတ် ၎င်းတို့ကို နောက်တစ်ခေတ်ထဲသို့ ခေါ်ဆောင်မသွားနိုင်သည့်အတွက်ပင်တည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်) ဘုရားသခင်က သန့်ရှင်းပြီး ဖြောင့်မတ်သည်။ ရိုးသားသည့်လူများကို သူ ရချင်သည်။ အမြဲတမ်း လိမ်ညာပြီး လှည့်ဖြားသည့်သူများ၊ ဘုရားသခင်ကို အာခံပြီး နောင်တရဖို့ ငြင်းဆန်သည့် ဆိုးယုတ်သည့် သဘာဝရှိသူများက ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံရပြီး သူ့၏ နိုင်ငံတော်မှ ထုတ်ပယ်ခြင်းခံရမည် ဖြစ်သည်။ ကျွန်တော် နောင်တမရခဲ့ဘဲ၊ စာတန်၏ အတွေးအခေါ်များအတိုင်း အသက်ရှင်ပြီး မရိုးဖြောင့်ပါက၊ ကျွန်တော် ဖယ်ရှင်းခံရမည် ဖြစ်သည်။ ထိုကဲ့သို့ တွေးရင်းနှင့် ဘုရားသခင်ကို ကျွန်တော် “အနန္တတန်ခိုးရှင်ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမဲ့ ကျွန်တော့် စိတ်နှလုံးထဲမှာ ကိုယ်တော် ရှိမနေပါဘူး။ စာတန်ရဲ့ စည်းမျဉ်းတွေအတိုင်း ကျွန်တော် နေထိုင်နေပါသေးတယ်။ ကျွန်တော် မလှည့်ဖြားချင်ပါဘူး။ နောင်တရပြီး ရိုးသားချင်ပါတယ်။” ဟု မြန်မြန် ဆုတောင်းလိုက်သည်။

မကြာခင်မှာ လူငယ်နှစ်ယောက်က ကျွန်တော့်ဆိုင်ကို တီဗီတစ်လုံးသယ်လာသည်။ ကျွန်တော် ပြင်နေစဉ် သူတို့အပြင်မှာ “ငါတို့ အဲဒီဆိုင်ကို အရင် မသွားလိုက်သင့်ဘူး။ အချိန်သာကုန်သွားတယ် ထင်တာပဲ။ ဒီလူ ပြင်နိုင်ရင်တော့ ကောင်းမယ်။” ဟု ပြောနေသည်ကို ကြားရသည်။ ဤသည်ကို ကြားတော့ ကျွန်တော်က “တခြားအလုပ်ရှင်တွေက ဒါတွေအားလုံးသာ ကြားရရင် ကောင်းကောင်းအသုံးချမှာပဲ။ ငါသာ လုပ်ချင်ရင် သူတို့ကို ပိုက်ဆံပိုပေးအောင် လွယ်လွယ်လေး လုပ်လို့ရတယ်။ ကိုယ့်ရှေ့ရောက်လာတဲ့ အခွင့်အရေးကို ဘာလို့ မယူရမှာလဲ။ နောက်တစ်ခါကျမှ ရိုးသားလို့ရတာပဲ။ ဒီတစ်ခါလေးပဲ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်တာဆိုရင် ဘုရားက စိတ်မဆိုးပါဘူး။” ဟု စဉ်းစားမိသွားသည်။ သို့ရာတွင် နောက်တော့ ဘုရားရှေ့မှာ ကျွန်တော် စိတ်ပိုင်းဖြတ်ခဲ့သည်ကို ပြန် စဉ်းစားခဲ့ပြီး ဘုရားသခင်၏နှုတ်ကပတ်တော်များကို တွေးမိသည်- “တစ်စုံတစ်ဦးသည် သမ္မာတရားကို မချစ်သကဲ့သို့၊ မိမိတို့၏ အလိုဆန္ဒပေါ် အခြေခံကာ အမှုအရာများကို မကြာခဏ လုပ်ဆောင်ပါက၊ ဘုရားသခင်ကို ၎င်းတို့ မကြာခဏ ပုန်ကန်ပြစ်မှားမိမည်ဖြစ်သည်။ ထိုသို့သော လူတို့သည် သာမန်အားဖြင့် ၎င်းတို့ လုပ်သည့်အရာ၌ ဘုရားသခင်၏လက်ခံမှုကို မရရှိကြသကဲ့သို့ ၎င်းတို့ နောင်တမရပါက အပြစ်ပေးခြင်းသည် သိပ်ဝေးတော့မည် မဟုတ်ပေ။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏အလိုကို ရှာဖွေခြင်းမှာ သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ရန်အတွက် ဖြစ်၏”) ဘုရားသခင်က ကျွန်တော့်ကို သတိပေးချက်တစ်ခုပေးနေသည်ဟု ခံစားမိလိုက်သည်။ ကျွန်တော် အမှားများ ဆက်လုပ်နေ၍ မဖြစ်ပါ။ ကျွန်တော် နောင်တရရမည်။ ရိုးသားရမည်။ ကျွန်တော် ပြင်ပြီးသည့်နောက်မှာ ပုံမှန်ဈေးသာ ယူလိုက်သည်။ ကျွန်တော့် ဖောက်သည်များ၏ အပြုံးကို မြင်ရတော့၊ ပွင့်လင်း ရိုးသားခြင်းသည် လွတ်လပ်သည့် နေထိုင်နည်းတစ်ခုဖြစ်သည်ကို သဘောပေါက်မိခဲ့ပါသည်။

နောက်တစ်ခါတွင် အမျိုးသမီးတစ်ယောက်၏ တီဗီကို ကျွန်တော် ပြင်ပြီးသည့်အခါ၊ ကျသင့်ငွေက ငါးဆယ်ဖြစ်သည်။ သို့ရာတွင် သူမက နှစ်ဆပေးပြီး ပြန်အမ်းငွေကို လက်မခံပါ။ ကျွန်တော်လည်း ငြင်းလိုက်ပြီး ခေါင်းရှုပ်သွားသည်။ သူမက အဘယ့်ကြောင့် ဤကဲ့သို့ ပေးသနည်း။ ထိုအခါ သူမက “ကျွန်မ အရင်ဦးဆုံး သွားပြင်တဲ့လူက ပြောတယ်။ ဒါ တော်တော်ပြင်ရမှာတဲ့။ သူက ပြင်ခ ၄၀၀ လိုချင်တာ။ ဒါပေမဲ့ ကျွန်မက မပေးဘူး။ နောက်တော့ အသိတစ်ယောက်က အစ်ကို့ဆီသွားဖို့ အကြံပေးလိုက်တာ။ အစ်ကိုက ရိုးသားပြီး ယုံကြည်ရတယ်။ ပိုတောင်းမှာမဟုတ်ဘူးဆိုပြီး ရှင်းပြတယ်။ အခုတော့ သူပြောသမျှ မှန်တယ်ဆိုတာ ကျွန်မ သိသွားပြီ။” ဟု ပြောသည်။ သူ ဤကဲ့သို့ ပြောသည်ကို ကျွန်တော်ကြားရတော့ “ဒါဟာ ငါ လူကောင်းဖြစ်လို့ မဟုတ်ဘူး။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ငါ့ကို လူသားပုံသဏ္ဌာန်တစ်ခုအတိုင်း အသက်ရှင်နေထိုင်ခွင့် ပေးခဲ့လို့ပဲ။” ဟု စဉ်းစားမိသည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုဖတ်ပြီး ရိုးသားရာမှ အကြောင်းကိစ္စများအပေါ်မှာ ထားသည့် ကျွန်တော့် အမြင်များကလည်း ပြောင်းသွားသည်။ ရိုးသားသည့် စီးပွားရေးသမားတစ်ဦး မဖြစ်နိုင်၊ အမြတ်ရအောင် လုပ်နိုင်မည် မဟုတ်သကဲ့သို့၊ ဆုံးရှုံးမှုများဖြင့် ပိတ်ပစ်ရမည်သာ ဖြစ်သည်ဟု ကျွန်တော်ထင်ခဲ့ဖူးသည်။ သို့ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ရိုးသားလာသည်နှင့်တစ်ပြိုင်နက် ကျွန်တော် အကျိုးအမြတ် ရရုံတင်မကဘဲ၊ ဖောက်သည်များပါ ပိုရလာသည်။ အချို့က အဝေးကြီးမှပင် လာကြသည်။ ပြီးလျှင် သူတို့ကို လူတစ်ယောက်က ညွှန်လိုက်သည်ဟု အားလုံးက ပြောကြသည်။ ကျွန်တော်က ကျွန်တော့်ဆိုင်ကို မည်သည့်နည်းလမ်နှင့်မျှ တစ်ခါမျှ မကြော်ငြာခဲ့ပါ။ သို့မဟုတ် ကျွန်တော့်ဆီကို အလုပ်လာအပ်ဖို့ အခြားသူများကို မပြောဖူးပါ။ ဤအရာများအားလုံးက ကျွန်တော် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခဲ့သောကြောင့် ဖြစ်သည်။ ပြီးလျှင် ကျွန်တော်က ဘုရားသခင် အလိုရှိသည့်အတိုင်း ရိုးသားခဲ့သည်။ ပွင့်လင်းပြီး တဲ့တိုးသာ ပြောခဲ့သည်။ ဖောက်သည်များ၏ ယုံကြည်မှုကို ရခဲ့ပါသည်။ ဤသည်က သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်အတွက် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်တော် အမှတ်ရမိပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဤလောကကြီးထဲ၌ လူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်း လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ကြသောအခါ၊ ၎င်းတို့အနေဖြင့် ရိုးသားရန်မှာ မဖြစ်နိုင်ပေ၊ ၎င်းတို့သည် ယခင်ကထက် ပို၍ပို၍ လိမ်လည်လှည့်ဖြားသူများသာ ဖြစ်လာနိုင်၏။ သို့သော် ငါတို့သည် ရိုးသားလာပါက၊ ဤလောကကြီးထဲတွင် ရပ်တည်နိုင်သလော၊ မရပ်တည်နိုင်သလော။ ငါတို့သည် အခြားသူများ၏ ပထုတ်ခြင်းကို ခံကြရလိမ့်မည်လော။ မခံရပါ၊ ငါတို့သည် ယခင်အတိုင်း အသက်ရှင်ကြလိမ့်မည်၊ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ငါတို့သည် စားရန်၊ သို့မဟုတ် အသက်ရှူရှိုက်ရန်အတွက် သစ္စာမဲ့ခြင်းအပေါ် အမှီမပြုကြသောကြောင့်ဖြစ်သည်။ ယင်းထက် ငါတို့သည် ဘုရားသခင်အပ်နှင်းသော ထွက်သက်ဝင်သက်နှင့် ဇီဝအသက်ဖြင့် အသက်ရှင်ကြသည်။ ယင်းမှာ ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားများကို လက်ခံခဲ့ပြီး၊ အသက်ရှင်ပုံအတွက် ကျွန်ုပ်တို့ အသက်တာများ၏ အခြေခံအုတ်မြစ်များတွင် အပြောင်းအလဲများ ဖြစ်စေမည့် စည်းမျဉ်းအသစ်များနှင့် ဘဝရည်မှန်းချက်အသစ်များ ရှိကြခြင်းသက်သက် ဖြစ်သည်။ ငါတို့သည် ဘုရားသခင်ကို ကျေနပ်စေကာ ကယ်တင်ခြင်းကို ရှာဖွေနိုင်ဖို့အလို့ငှာ ငါတို့ အသက်ရှင်သော နည်းလမ်းများနှင့် နည်းစနစ်တို့ကို ပြောင်းလဲနေခြင်းသက်သက် ဖြစ်သည်။ ဤအရာသည် ရုပ်ပိုင်းဆိုင်ရာ ငါတို့ စားသည့်အရာ၊ ဝတ်သည့်အရာ သို့မဟုတ် ငါတို့ နေထိုင်အသက်ရှင်သည့် နေရာတို့နှင့် လုံးဝ သက်ဆိုင်ခြင်း မရှိပေ။ ၎င်းမှာ ငါတို့၏ ဝိညာဉ်ရေးရာ လိုအပ်ချက်ဖြစ်၏။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်”) ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ။

အရှေ့သို့- ၁၂။ ရိုးသားမှုကသာလျှင် လူသားဆန်မှုကို ယူဆောင်ပေးပါတယ်

နောက်တစ်ခုသို့- ၁၄။ ရိုးသားသည့်သူတစ်ဦး ဖြစ်ရခြင်း၏ အရသာ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

၆၄။ မာနထောင်လွှားခြင်းသည် ကျရှုံးခြင်းမတိုင်မီ လာ၏

ရှင်းဂျီး တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏...

၈။ အသက်တာတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိခြင်း

ရှင့်ရှင်း အမေရိကန်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုး၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်...

၃၆။ ကြွယ်ဝချမ်းသာမှုနှင့် အောင်မြင်ကျော်ကြားမှုတို့မှလွတ်မြောက်ခြင်း

ရှောင်မင် တရုတ်နိုင်ငံ လွန်ခဲ့သည့်တစ်နှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင်အဖြစ် အရွေးခံရသည်။ ဤသည်မှာ ဘုရားသခင်၏ သနားကရုဏာနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။