၃။ အဖြည့်ခံတစ်ယောက် စမ်းသပ်ခံရခြင်း

ရှင်တောက် တောင်ကိုရီးယားနိုင်ငံ

အို ဘုရားသခင်။ ကျွန်ုပ်၌ အဆင့်အတန်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် ယခု သဘောပေါက်ပါပြီ။ အကယ်၍ ကျွန်ုပ်၏ အဆင့်အတန်း မြင့်ပါက ၎င်းမှာ ကိုယ်တော်၏ ချီးမြှောက်ခြင်းကြောင့်ဖြစ်ပြီး၊ အဆင့်အတန်း နိမ့်ပါက ကိုယ်တော်၏ စီမံပေးခြင်းကြောင့် ဖြစ်ပါ၏။ အရာခပ်သိမ်းသည် ကိုယ်တော်၏ လက်တော်ထဲ၌ ရှိပါ၏။ ကျွန်ုပ်၌ ရွေးချယ်စရာ မရှိသကဲ့သို့ ညည်းတွားစရာအကြောင်း တစ်စုံတစ်ရာ မရှိပါ။ ကျွန်ုပ်သည် ဤနိုင်ငံနှင့် ဤလူမျိုးအကြားတွင် မွေးဖွားလာမည့် အကြောင်းနှင့် အရာခပ်သိမ်းသည် ကိုယ်တော်၏စီမံမှုအတွင်း ရှိခြင်းကြောင့် ကျွန်ုပ် လုပ်ဆောင်သင့်သမျှမှာ ကိုယ်တော်၏ အုပ်စိုးမှုအောက်တွင် အကြွင်းမဲ့ နာခံဖို့ဖြစ်ကြောင်းကို ကိုယ်တော် စီမံခဲ့ခြင်း ဖြစ်ပါ၏။ ကျွန်ုပ်သည် အဆင့်အတန်းအပေါ် အာရုံမစိုက်ပါ၊ အမှန်မှာတော့ ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦးသာ ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် အကျွန်ုပ်အား အဆုံးမဲ့သော တွင်းနက်၊ ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ထည့်လျှင်လည်း ကျွန်ုပ်သည် ဘာမျှမဟုတ်ဘဲ ဖန်ဆင်းခံ တစ်ဦးမျှသာ ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို အသုံးပြုပါက ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်စေလျှင်၊ ကျွန်ုပ်သည် ဖန်ဆင်းခံ တစ်ဦးသာ ဖြစ်ပါသေး၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်စေခြင်း မပြုလျှင်လည်း၊ ကျွန်ုပ်သည် ဖန်ဆင်းခံ တစ်ဦးထက် မပိုခြင်းကြောင့် ကျွန်ုပ်သည် ကိုယ်တော့်အား ဆက်၍ ချစ်နေဦးမည် ဖြစ်သည်။ ကျွန်ုပ်သည် ဖန်ဆင်းရှင်သခင်၏ ဖန်ဆင်းခြင်းကိုခံခဲ့ရသော ဘာမျှ မပြောပလောက်သည့် ဖန်ဆင်းခံ တစ်ဦးထက် ဘာမျှမပိုပါ၊ အဖန်ဆင်းခံ လူသားအားလုံးထဲမှ တစ်ဦးသာ ဖြစ်ပါ၏။ ကျွန်ုပ်အား ဖန်ဆင်းခဲ့သူမှာ ကိုယ်တော်ဖြစ်ပြီး ယခု ကိုယ်တော်သည် အကျွန်ုပ်အား ကိုယ်တော်၏ အလိုရှိသည့် အတိုင်း ပြုရန် ကိုယ်တော်၏ လက်တော်ထဲ၌ တစ်ဖန် ထားတော်မူ၏။ အရာခပ်သိမ်းသည် ကိုယ်တော် စီမံပြီးဖြစ်သည့် အရာ ဖြစ်သောကြောင့် ကျွန်ုပ်သည် ကိုယ်တော်၏ တန်ဆာပလာနှင့် ကိုယ်တော်၏ အဖြည့်ခံဖြစ်ရန် လိုလားပါ၏။ မည်သူမျှ ထိုအရာကို မပြောင်းလဲနိုင်ပါ။ ခပ်သိမ်းသော အရာနှင့် အဖြစ်အပျက်မှန်သမျှသည် ကိုယ်တော်၏ လက်တော်ထဲ၌ ရှိကြပါ၏။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ကျွန်ုပ်သည် သေးနုပ်သော ဖန်ဆင်းခံမျှသာဖြစ်သည်”) ဘုရားသခင်၏နှုတ်ကပတ်တော်များ ဤဓမ္မသီချင်းကို သီဆိုခြင်းက ကျွန်တော့်အတွက် နက်နက်နဲနဲ တို့ထိခြင်းခံရသည်။ အဖြည့်ခံ တစ်ယောက်၏ စမ်းသပ်ခံရခြင်း၌ ကျွန်တော် ကြုံတွေ့ခဲ့သည့် အတွေ့အကြုံများအကြောင်း ကျွန်တော် မတွေးဘဲ မနေနိုင်ပါ။

၁၉၉၃ ခုနှစ်အစပိုင်းမှာ ကျွန်တော်က အသင်းတော်မှာ ယုံကြည်သူအသစ်များကို ရေလောင်းပေးသည့်တာဝန် ယူရသည်။ တရုတ်ကွန်မြူနစ်ပါတီက ခရစ်ယာန်များကို အရူးအမူး ညှဉ်းပန်းနှိပ်စက်ပြီး ဖမ်းဆီးသောကြောင့်၊ ကျွန်တော်တို့ သွားသည့် နေရာတိုင်းတွင် အဖမ်းခံရမည့်အန္တရာယ်က ရှိနေလေသည်။ အခြေအနေများ ဆိုးရွားနေသော်ငြားလည်း၊ ကျွန်တော်က လုံးဝ နောက်မတွန့်ဘဲ၊ မိမိ၏တာဝန်ကို မရရအောင်လုပ်ခဲ့သည်။ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်တော် ဖတ်ရသည်၊ “ဘုရားသခင်ကို ချစ်သောသူများသာလျှင် ဘုရားသခင် အတွက် သက်သေခံနိုင်ကြသည်။ သူတို့သာလျှင် ဘုရားသခင်၏ သက်သေခံများ ဖြစ်ကြ၏။ သူတို့သာလျှင် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကိုခံရပြီး သူတို့သာလျှင် ဘုရားသခင်၏ ကတိတော်များကို လက်ခံရရှိနိုင်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်) ထို့နောက်တွင် ဘုရားသခင်ကို ချစ်သည့်သူတစ်ယောက် ဖြစ်လာဖို့ အားထုတ်ရန် ယုံကြည်ခြင်းများ ပြည့်သွားသကဲ့သို့ ခံစားရ၏။ ထိုသို့အားထုတ်ခြင်းမျိုးက ဘုရားသခင်၏ထောက်ခံမှုကို ရမည်ဖြစ်ပြီး၊ ကျွန်တော်က ကောင်းကင်ဘုံကို သေချာပေါက် ရောက်လိမ့်မည် ဖြစ်ကာ၊ သူ့နိုင်ငံတော်၏နိုင်ငံသားတစ်ယောက် ဖြစ်လာလိမ့်မည်ဟု ကျွန်တော် ထင်မိခဲ့လေသည်။

ဘုရားသခင်၏နိုင်ငံတော်ထဲ ယူဆောင်ခံရဖို့ သေချာထားလျက်၊ ကျွန်တော်က မိမိကိုယ်ကိုယ် တက်ကြွစွာ အသုံးခံနေသည်နှင့်အညီ၊ အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်တော့်ကို အဖြည့်ခံတစ်ယောက် စမ်းသပ်ခံရခြင်းအဖြစ်သို့ ကြုံစေခဲ့သည့် နှုတ်ကပတ်တော်များကို ဖော်ပြခဲ့သည်။ မတ်လ၏ ရက်တစ်ရက်တွင် ညီအစ်ကို မောင်နှမများက ဘုရားသခင်၏ မိန့်မြွက်ချက်အသစ်ကို ကျွန်တော်တို့ အသင်းတော်ထံ လှမ်းပို့ပေးသည်။ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)” ကျွန်တော် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ကြည့်ခဲ့သည်၊ “ယခုအချိန်တွင် ၎င်းတို့၏ ပုန်ကန်သော စိတ်သဘောထား အားလုံးကို ဖွင့်ချရန်နှင့် ၎င်းတို့၏ အကျည်းတန်မှုအားလုံးကို ဖော်ထုတ်ရန် တရုတ်ပြည်၌ရှိသော ဘုရားသခင် ရွေးကောက်ထားသော လူတို့ထဲတွင် ငါ အမှုပြု၏။ ဤအရာကား ငါပြောရန်လိုအပ်သမျှကို ပြောရန် နောက်ခံအကြောင်းအရာ ဖြစ်သည်။ ထို့နောက် စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်ခြင်းနှင့်ဆိုင်သော အလုပ်၏ နောက်တစ်ဆင့်ကို ငါပြုသည့်အခါ စကြဝဠာတစ်ခုလုံးရှိ လူတိုင်း၏ မတရားသောအမှုကို စစ်ကြောစီရင်ရန် သင်တို့အပေါ် ငါ၏ဝေဖန်ပိုင်းခြားနိုင်စွမ်းကို အသုံးပြုမည်၊ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်ကြားတွင် အသင် လူတို့သည် ပုန်ကန်တတ်သောသူတို့၏ ကိုယ်စားလှယ်များ ဖြစ်ကြခြင်းကြောင့် ဖြစ်သည်။ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ခြင်း မရှိသူတို့သည် အဖြည့်ခံများနှင့် အသုံးတော်ခံများသာ ဖြစ်သွားလိမ့်မည်၊ သို့သော် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်သော သူတို့မူကား အသုံးပြုခြင်း ခံရကြမည်။ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ခြင်း မရှိသူတို့သည် အဖြည့်ခံများ အဖြစ်သာ အသုံးတော်ခံမည်ဟု ငါ အဘယ်ကြောင့် ပြောသနည်း။ ယင်းသည် ငါ၏ လက်ရှိနှုတ်ကပတ်တော်များနှင့် အလုပ်အားလုံးတို့သည် သင်တို့၏နောက်ခံကို ပစ်မှတ်ထားကြပြီး သင်တို့သည် လူသားမျိုးနွယ်အားလုံး အကြားတွင် ပုန်ကန်တတ်သောသူတို့၏ ကိုယ်စားလှယ်များနှင့် သရုပ်သကန် ဖြစ်လာခဲ့ကြခြင်းကြောင့် ဖြစ်သည်။ နောက်ပိုင်းတွင် ငါသည် သင်တို့ကို သိမ်းပိုက်သော ဤနှုတ်ကပတ်တော်များကို ပြည်ပနိုင်ငံများသို့ ယူဆောင်သွားပြီး ထိုအရပ်၌ရှိသော လူတို့ကို သိမ်းပိုက်ရန် အသုံးပြုမည်ဖြစ်သည်။ သို့သော်လည်း သင်သည် သူတို့ကို ရရှိခဲ့လိမ့်မည် မဟုတ်။ ယင်းက သင့်ကို အဖြည့်ခံတစ်ခု ဖြစ်စေသည် မဟုတ်လော။ လူသားမျိုးနွယ်အားလုံး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ လူသား၏ ပုန်ကန်သော လုပ်ရပ်များနှင့် လူသား၏ အကျည်းတန်သော ပုံရိပ်များနှင့် မျက်နှာများ၊ ၎င်းတို့အားလုံးတို့သည် သင်တို့ကို သိမ်းပိုက်ရန် အသုံးပြုသော နှုတ်ကပတ်တော်များထဲ၌ ယနေ့ မှတ်တမ်းတင်ထားသည်။ ထို့နောက်တွင် သင်တို့သည် နမူနာနှင့် သာဓက ဖြစ်ကြခြင်းကြောင့် တိုင်းနိုင်ငံတိုင်း၏ လူများ နှင့် ဘာသာရေးဂိုဏ်းတိုင်းကို သိမ်းပိုက်ဖို့ ဤနှုတ်ကပတ်တော်များကို ငါအသုံးပြုမည်။ သို့သော်လည်း ငါသည် သင်တို့ကို ရည်ရွယ်ချက်ရှိရှိ စွန့်ပစ်ဖို့ အစပြုခဲ့ခြင်း မဟုတ်ပေ၊ သင်၏ လိုက်လျှောက်မှုတွင် သင် ကောင်းစွာ လုပ်ဆောင်ရန် ပျက်ကွက်၍ သင်သည် ကုသ၍မရနိုင်သူအဖြစ် သင်သက်သေပြသောကြောင့် သင်သည် အသုံးတော်ခံတစ်ခုနှင့် အဖြည့်ခံတစ်ခု ဖြစ်ရုံမျှသာ ဖြစ်လိမ့်မည် မဟုတ်လော။ စာတန်၏အကြံအစည်များပေါ် အခြေခံပြီး ငါ၏ဉာဏ်ပညာကို ကျင့်သုံးသည်ဟု တစ်ချိန်က ငါဆိုခဲ့၏။ အဘယ်ကြောင့် ထိုသို့ ငါဆိုသနည်း။ ယင်းက ယခု ငါပြောနေ၊ လုပ်နေသောအရာ၏ နောက်ကွယ်က သမ္မာတရား မဟုတ်လော။ သင်သည် ပိုမိုကောင်းမွန်အောင် မလုပ်ဆောင်နိုင်လျှင်၊ စုံလင်ခြင်းမခံရဘဲ ထိုအစား အပြစ်ပေးခံရလျှင် သင်သည် အဖြည့်ခံတစ်ခု ဖြစ်လာလိမ့်မည် မဟုတ်လော။ သင်အသက်ရှင်နေစဉ် သင့်အနေဖြင့် ဝေဒနာများစွာ ခံစားခဲ့ပြီးဖြစ်နိုင်သည်၊ သို့သော် ဘာကိုမျှ သင်နားမလည်သေး၊ အသက်အကြောင်း အရာခပ်သိမ်းကို သင်မသိဘဲ ဖြစ်နေသည်။ သင်သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ခံရပြီးဖြစ်သော်လည်း သင်သည် လုံး၀ မပြောင်းလဲသေး သကဲ့သို့ သင်၏အတွင်းနက်နဲရာတွင် သင်သည် အသက်ကိုမရရှိသေးပေ။ သင်၏အလုပ်ကို စမ်းသပ်ဖို့ အချိန်ကျရောက်လာသောအခါ မီးတမျှ ပြင်းထန်သော စမ်းသပ်ခြင်းနှင့် သာ၍ပင်ကြီးမားသော ဆင်းရဲဒုက္ခကို သင်ခံစားရမည်။ ဤမီးက သင်၏ဖြစ်တည်ခြင်း တစ်ခုလုံးကို ပြာမှုန်များအဖြစ်သို့ ပြောင်းသွားစေလိမ့်မည်။ အသက်မပိုင်သော သူတစ်ဦး၊ အတွင်း၌ ရွှေစင်တစ်အောင်စမျှ မရှိသော သူတစ်ဦး၊ ဟောင်းနွမ်းပျက်စီးသော စိတ်သဘောထားနှင့် ကပ်ငြိဆဲသူတစ်ဦးနှင့် အဖြည့်ခံအဖြစ်၌ ကောင်းမြတ်သော အလုပ်တစ်ခုကိုပင် မလုပ်နိုင်သောသူတစ်ဦး ဖြစ်သည်နှင့်အညီ သင်သည် အဘယ်သို့ ဖယ်ရှားခြင်း မခံရနိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်) ဘုရားသခင်၏နှုတ်ကပတ်တော်များထဲ၌ “အဖြည့်ခံ” ဆိုသည့် စကားလုံးကို ထပ်တလဲလဲ ပြောထားသည်ကို မြင်ရသည့်အခါ၊ ကျွန်တော် တကယ့်ကို တစ်မျိုးကြီး ခံစားရသည်။ ကျွန်တော်က “အဖြည့်ခံတဲ့လား။ ဘုရားသခင်က အဖြည့်ခံဆိုတဲ့စကားလုံးကို နှုတ်ကပတ်တော်တွေထဲမှာ အရင်ကလည်း ပြောဖူးတယ်၊ ဒါပေမဲ့ အဲဒါက အဆင်းနီတဲ့ နဂါးကြီးကို ရည်ညွှန်းခဲ့တာ မဟုတ်ဘူးလား။ ငါက ကိုယ့်ယုံကြည်ခြင်းမှာ ဘုရားသခင်အတွက် ပေးဆပ်တယ်၊ သူ့ကို ချစ်တတ်အောင် ကြိုးစားတယ်။ ငါက သူ့နိုင်ငံတော်သား တစ်ယောက် ဖြစ်သင့်တာ။ ဘယ်လိုလုပ် အဖြည့်ခံတစ်ယောက် ဖြစ်ရမှာလဲ။” ဟု တွေးမိသည်။ ကျွန်တော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သေသေချာချာ ထပ်ဖတ်ကြည့်သည်။ ကျွန်တော်တို့ တရုတ်လူမျိုးများက ဆိုးဆိုးဝါးဝါး အပျက်စီးဆုံး ဖြစ်ကြောင်း၊ ဘုရားသခင်ကို ခုခံရာတွင် ကျွန်တော်တို့က အဆိုးဆုံး ဖြစ်ကြောင်းနှင့် လူသားများအားလုံး၏ ပုန်ကန်မှုကို ကျွန်တော်တို့က ကိုယ်စားပြုကြောင်းတို့ကို ဘုရားသခင်က ပြောထားသည်။ ဘုရားသခင်နောက် လိုက်သူများက အဆုံး၌ မပြောင်းလဲလာပါက၊ အသက်ကို မရကြသေးပါက၊ သူတို့က ဘုရားသခင်၏ အမှုတော်အတွက် အဖြည့်ခံများအဖြစ် အစေခံရလိမ့်မည် ဖြစ်ပြီး၊ သူတို့အားလုံးသည် ဘုရားသခင်၏ သုတ်သင်ဖယ်ရှင်းခြင်း ခံရလိမ့်မည်ဟု သူကပြောခဲ့သည်။ ဤသည်ကို ဖတ်မိသည့်အခါ၊ ကျွန်တော့်ရင်ထဲမှာ တင်းကျပ်သွားပြီး “ငါက အဖြည့်ခံ တစ်ယောက်လား။ အဲဒါတော့ မဖြစ်နိုင်ပါဘူး။ ငါက တကယ်ပဲ အဖြည့်ခံဆိုရင်၊ ကောင်းကင်နိုင်ငံတော်ကို ရောက်နိုင်ပါဦးမလား။” ဟု တွေးမိလေသည်။

ထို့နောက် သိပ်မကြာလိုက်ဘဲ၊ ဘုရားသခင်ထံမှ ဤမိတ်သဟာယပြုချက်ကို ကျွန်တော် ဖတ်ရသည်၊ “သင်တို့သည် ကောက်ကျစ်ပြီး လိမ်လည် လှည့်ဖြားတတ်သောကြောင့်၊ ထို့အပြင် သင်တို့၌ အစွမ်းအစ မရှိသကဲ့သို့ သင်တို့၏ အဆင့်အတန်း နိမ့်ကျသောကြောင့် သင်တို့သည် ငါ၏ မျက်မှောက်အတွင်း သို့မဟုတ် ငါ၏စိတ်နှလုံးထဲတွင် မည်သည့်အခါမျှ မရှိခဲ့ဖူးပေ။ ငါ၏အမှုသည် သင်တို့ကို စီရင်ချက်ချမှတ်ရန် ရည်ရွယ်ချက် တစ်ခုတည်းဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည်၊ ငါ၏လက်သည် မည်သည့်အခါမျှ သင်တို့နှင့် ဝေးရာ၌ မရှိခဲ့ဖူးသကဲ့သို့ ငါ၏ပြစ်တင်ဆုံးမခြင်းသည်လည်း မရှိခဲ့ဖူးပေ။ ငါသည် သင်တို့ကို ဆက်၍ တရားစီရင်ကာ ကျိန်ဆဲခဲ့လေပြီ။ သင်တို့သည် ငါ့ကို သိနားလည်ခြင်း မရှိသောကြောင့် ငါ၏အမျက်ဒေါသသည် သင်တို့အပေါ်၌ အမြဲရှိနေခြင်းဖြစ်သည်။ ငါသည် သင်တို့ အကြားတွင် အမြဲ အမှုပြုခဲ့သော်လည်း သင်တို့အပေါ် ငါ၏ သဘောထားကို သင်တို့သိသင့်သည်။ ယင်းမှာ စက်ဆုပ်ရွံရှာမှုသာလျှင် ဖြစ်သည်၊ အခြားသော သဘောထား သို့မဟုတ် ထင်မြင်ချက် မရှိပေ။ သင်တို့ကို ငါ၏ ဉာဏ်ပညာနှင့် ငါ၏ ကြီးမြတ်သော တန်ခိုးတို့အတွက် အဖြည့်ခံများအဖြစ် ပြုမူရန်သာ ငါအလိုရှိသည်။ ငါ၏ ဖြောင့်မတ်ခြင်းကို သင်တို့၏ ပုန်ကန်ဆန့်ကျင်ခြင်းမှတစ်ဆင့် ထုတ်ဖော် ပြသခြင်းကြောင့် သင်တို့သည် ငါ၏ အဖြည့်ခံများ ဖြစ်သည်ထက် ဘာမျှမပိုပေ။ ငါသည် သင်တို့ကို ငါ့အမှုအတွက် အစိတ်အပိုင်းများ အဖြစ်၊ ငါ၏ အမှုအတွက် အဖြည့်ခံများအဖြစ် ငါပြုမူစေသည်...။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း) ကျွန်တော်တို့က အဖြည့်ခံများဖြစ်ကြောင်း၊ သူ့အမှုတော်၏ အစိတ်အပိုင်းလေးများသာ ဖြစ်ကြောင်းနှင့်၊ သူက ကျွန်တော်တို့ကို ရွံရှာမုန်းတီးခြင်းသာ ရှိကြောင်းတို့ကို ဘုရားသခင်က အလွန် ရှင်းလင်းစွာ ဖော်ပြသည်ကို ကျွန်တော် မြင်သွားသည်။ ကျွန်တော်က မှင်သက်သွားပြီး ဘုရားသခင်၏ စွန့်ပစ်ခြင်းကို ခံလိုက်ရပြီဟုလည်း ခံစားရသည်။ ကျွန်တော် တကယ်ကို စိတ်ဆင်းရဲပြီး စိတ်ထဲတွင် မကျေနပ်ချက်များ ပေါ်ထွက်လာသည်။ ကျွန်တော်က “ငါက မိသားစုနဲ့အလုပ်ကို စွန့်ပြီး ဒီလောက်နှစ်တွေအများကြီး ယုံကြည်လာတာ၊ ဘုရားသခင်အတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံရင်း အများကြီး ဒုက္ခရောက်ခဲ့တယ်။ အစေခံသူတွေ စမ်းသပ်ခံရခြင်းကိုရော၊ သေခြင်းတရားရဲ့ စမ်းသပ်ခံရခြင်းကိုရော ငါ ကြုံခဲ့ရပြီးပြီ။ နိုင်ငံတော်သားတစ်ယောက် ဖြစ်လာဖို့ဆိုတာ သေချာပြီလို့ပဲ ထင်ရင်း၊ အခုဆို ဘုရားသခင်ကို ချစ်တတ်အောင်လည်း စပြီး အားထုတ်နေပြီ။ အဖြည့်ခံတစ်ယောက်၊ အသုံးတော်ခံတစ်ယောက် ဖြစ်လာမယ်လို့၊ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားနဲ့ သဟဇာတမဖြစ်တော့နဲ့ သုတ်သင်ဖယ်ရှင်းခံရမယ်လို့ ငါ တစ်ခါမှ စိတ်မကူးခဲ့ဖူးဘူး။ အဲဒါဆို ဒီလောက်နှစ်တွေ အများကြီးအထိ ငါက ဘာအတွက် အဖိုးအခ ပေးနေရတာလဲ။ ငါ့မိတ်ဆွေတွေနဲ့ ဆွေမျိုးတွေ သိကုန်ရင်၊ ငါ့ကို ဘယ်လို ထင်ကုန်ကြမလဲ။ ငါ့ယုံကြည်ခြင်းအတွက် မိသားစုနဲ့ အလုပ်ကို စွန့်ခဲ့တုန်းက သူတို့တွေ နားမလည်နိုင်ခဲ့ကြဘူး။ သူတို့က ငါ့ကို လှောင်ခဲ့ကြတာ။ ဒါကြောင့် အဲဒီအချိန်က ဘုရားသခင်ရဲ့ အမှုတော် ပြီးစီးလို့၊ ကပ်ဘေးတွေ ကျရောက်ပြီဆိုရင်၊ သူ့နိုင်ငံတော်ထဲ ယူဆောင်ခံရဖို့ဆိုပြီး ငါက ယုံကြည်သူကောင်း တစ်ယောက် ဖြစ်ချင်ခဲ့တာ။ အဲဒီနောက်မှာ ငါက ဂုဏ်ယူနေနိုင်ပြီး၊ သူတို့အားလုံးကတော့ အရှက်ရကြမှာ။ ငါ့ကို အခုလောက် နိမ့်ကျတဲ့ အဖြည့်ခံအဖြစ်နဲ့ အဆုံးသတ်လိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။ အဖြည့်ခံတွေဆိုတာ အသက်ကို မပိုင်ကြဘူး၊ သူတို့က အစေခံသူတွေလောက်တောင် မကောင်းတဲ့ အမှိုက်တွေပဲ။ ဘာပဲဖြစ်ဖြစ် အစေခံသူတွေကမှ ဘုရားသခင်အတွက် ခဏလောက် အစေခံခွင့်ရကြပြီး သူ့ရဲ့ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို ခံစားနိုင်ကြတယ်။ အစေခံသူတစ်ယောက် ဖြစ်တာကမှ ကောင်းဦးမယ်။ အဲဒါက ဘာပဲဖြစ်ဖြစ် အဖြည့်ခံဖြစ်တာထက်တော့ ပိုကောင်းသလိုပဲ” ဟု တွေးမိသည်။

“အဖြည့်ခံ” ဆိုသည့် စကားလုံးက ကျွန်တော့်ခေါင်းထဲမှာ နောက်သုံးလေးရက်အထိ ပဲ့တင်ရိုက်နေပြီး ကျွန်တော်က “ငါက အဖြည့်ခံဆိုတာထက် ဘာလို့များ မပိုနိုင်တော့တာလဲ။ ဘာလို့ ငါက တရုတ်ပြည်မှာ မွေးလာရတာလဲ။ အဆင်းနီတဲ့နဂါးကြီးက တရုတ်လူမျိုးတွေကို ဆိုးဆိုးဝါးဝါး မပျက်စီးစေခဲ့ဘူးဆိုရင်၊ ငါက ဘယ်တော့မှ အဖြည့်ခံဖြစ်မယ့်လူ မဟုတ်ဘူး။ ငါက ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲ ဝင်ရောက်ပြီး နိုင်ငံတော်သား တစ်ယောက် ဖြစ်တော့မယ်၊ ပြီးတော့ ဘုရား ကတိတော်ပေးထားတာကို ခံစားရတော့မယ်လို့ပဲ ထင်ထားတာ။ အဲဒီအစား အဖြည့်ခံအဖြစ်နဲ့ အဆုံးသတ်ရလိမ့်မယ်လို့ လုံးဝ မထင်ခဲ့ဘူး။” ဟု လျှောက်မတွေးဘဲလည်း မနေနိုင်ပါ။ ထိုအကြောင်းကို စဉ်းစားလေလေ ပို၍ စိတ်ညစ်လာလေဖြစ်ပြီး အငိုလည်း မရပ်နိုင်ခဲ့ပါ။ ယင်းကိစ္စက အမှန်ဖြစ်သည့်အတွက် မိမိကံကြမ္မာကို လက်ခံလိုက်ရုံသာရှိတော့သည်ဟု ကျွန်တော် ယူဆလိုက်သည်။

ထိုနောက်ပိုင်း ကျွန်တော် စည်းဝေးပွဲများ တက်ပြီး မိမိတာဝန်ကို ဆက်လုပ်နေသော်ငြားလည်း၊ စိတ်မပါတော့ပါ။ ဆုတောင်းချက်မှာလည်း ဘုရားသခင်ကို မည်သည့်အရာမျှ ပြောစရာ မရှိခဲ့ဘဲ၊ သီချင်းဆိုရန်လည်း စိတ်မပါတော့ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ဉာဏ်အလင်းပြခြင်း တစ်စုံတစ်ရာ မရရှိခဲ့ပါ။ ကျွန်တော်က အဖြည့်ခံတစ်ယောက်ဖြစ်ကာ၊ နောက်ဆုံး၌ ဖယ်ကြဉ်ပြီး သုတ်သင်ရှင်းလင်းခံရမည် ဖြစ်သည့်အတွက်၊ ဆက်ပြီး အားထုတ်လည်း အကြောင်းမထူးပါဟု ထင်မိသည်။ အနက်ဆုံးသောတွင်းထဲ ပစ်ချခံရမှာလေ။ ကျွန်တော်လည်း တကယ်ကို အပျက်သဘောဆောင်လာပြီး သောကရောက်ခဲ့သည်။ တစ်ညနေတွင် ကျွန်တော် အိပ်ရာထဲမှာ အိပ်၍မရဘဲ လှဲနေရင်းနှင့်၊ နောက်ဆုံးသောကာလ၌ သူ၏အမှုတော်အတွက် ဘုရားသခင် မြွက်ဆိုထားသည့်၊ ကျွန်တော်တို့ကို ရေလောင်းပြီး အာဟာရပေးနေခဲ့သည့် ထိုနှုတ်ကပတ်တော်များအားလုံးနှင့် ကျွန်တော်တို့ကို သန့်စင်ပေးနေခဲ့သည့် စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းများ အကြောင်းကို စဉ်းစားကြည့်သည်။ အထူးသဖြင့် အစေခံသူများ စမ်းသပ်ခံရခြင်းအကြောင်းကို ကျွန်တော် စဉ်းစားကြည့်သည်။ ထိုအချိန်က ဘုရားသခင်က ကျွန်တော်တို့၏ ဇာတိခန္ဓာဆိုင်ရာ မျှော်လင့်ချက်များကို ခွာချွတ်ပြီး အနက်ဆုံးသော တွင်းထဲသို့ ရောက်အောင် ကျိန်ဆိုခဲ့သော်လည်း၊ ယင်းက နှုတ်ကပတ်တော်များ၏ စမ်းသပ်ခြင်း ဖြစ်ကာ၊ ဤအရာများက ကျွန်တော်တို့အပေါ် တကယ် မကျရောက်ခဲ့ပါ။ ယုံကြည်ခြင်းအတွက် ကျွန်တော့်၏ ကြံရွယ်ချက်က ကောင်းချီးများ ရဖို့ဖြစ်သည်ကို ကျွန်တော် နားလည်သဘောပေါက်မှု အချို့ ရရှိခဲ့ပြီး ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို အနည်းငယ် တွေ့ကြုံခဲ့ရသည်မှာ ထိုစမ်းသပ်မှုမှတစ်ဆင့်သာ ဖြစ်သည်။ ဘုရားသခင်က မည်သို့အမှုတော်ကိုပဲ ပြုပါစေ၊ ကျွန်တော်တို့ကို သန့်စင်ကယ်တင်ဖို့ လုပ်ဆောင်ခြင်းဖြစ်သည်ကို ကျွန်တော် မြင်ခဲ့ပြီ။ သူ့အတွက် အစေခံဖို့ ဝမ်းမြောက်ကြောင်း ဘုရားသခင်၏ ရှေ့မှောက်မှာ မည်သို့စိတ်ပိုင်းဖြတ်ခဲ့သည်ကိုလည်း ကျွန်တော် ပြန်သတိရသည်။ ထို့နောက်တွင် မိမိကိုယ်ကိုယ် အပြစ်တင်ခြင်း အချို့ကို ခံစားရပြီး စေ့ဆော်ချက် အချို့ ရရှိကာ၊ ကျွန်တော်က “ငါက အစေခံသူဖြစ်ဖြစ်၊ အဖြည့်ခံတစ်ယောက်ပဲဖြစ်ဖြစ်၊ ဖန်ဆင်းရှင်အတွက် ငါ့တာဝန်ကို လုပ်နေတယ်ဆိုတာ မှန်ကန်ပြီး သင့်တင့်လျောက်ပတ်တယ်၊ ပြီးတော့ ဘုရားသခင်က အနာဂတ်မှာ ဘာတွေပဲ စီစဉ်ပေးပေး၊ ငါ အစေခံတာတွေပြီးလို့ ကောင်းတဲ့ အဆုံးသတ် မရဘူးဆိုရင်တောင်၊ နောက်ဆုံးအချိန်အထိ ကိုယ်တော့်ကိုပဲ အစေခံနေတော့မယ်။” ဟု တွေးခဲ့သည်။ ထို့ကြောင့် ကျွန်တော်လည်း မိမိတာဝန်ကို ဆက်လုပ်ခဲ့သည်။ သို့ရာတွင် ကျွန်တော်က ဘုရားသခင်၏အလိုတော်ကို နားမလည်သည့်အတွက်၊ အသက်လည်း မရ၊ အဆုံးသတ်ကောင်းလည်း မရသည့် အဖြည့်ခံ အဖြစ်ကို တွေးမိတိုင်း၊ အပျက်သဘောဆောင်ပြီး စိတ်ညစ်ဆဲ ဖြစ်လေသည်။

ဧပြီလ အစပိုင်းမှာ ဘုရားသခင်၏မိန့်မြွက်ချက်အသစ်များကို ကျွန်တော်တို့ ထပ်ရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှာ ကျွန်တော် ဤအပိုဒ်ကို ဖတ်ခဲ့ရပါသည်၊ “သင်တို့ ရှာဖွေရာတွင်၊ တစ်ဦးချင်းစီ၌ များစွာသော အယူအဆများ၊ မျှော်လင့်ချက်များနှင့် အနာဂတ်များ ရှိကြသည်။ လက်ရှိအမှုမှာ ရာထူးအဆင့်အတန်းအပေါ် သင်တို့၏ တပ်မက်မှုနှင့် သင်တို့၏ လွန်ကဲသော အလိုဆန္ဒများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဖြစ်သည်။ မျှော်လင့်ချက်များ၊ အဆင့်အတန်းနှင့် အယူအဆများ အားလုံးသည် စာတန်ဆန်သော စိတ်သဘောထား၏ ဂန္တဝင် ကိုယ်စားပြုချက်များ ဖြစ်သည်။ လူတို့၏ စိတ်နှလုံးများထဲတွင် ဤအရာများ တည်ရှိနေရသည့် အကြောင်းရင်းမှာ စာတန်၏ အဆိပ်အတောက်သည် လူတို့၏ အတွေးအခေါ်များအား အမြဲတစေ ပျက်စီးယိုယွင်းစေနေခြင်းကြောင့်ဖြစ်ပြီး လူတို့သည် စာတန်၏ ဤစုံစမ်းနှောင့်ယှက်မှုများကို အမြဲတစေ မဖယ်ရှား နိုင်ခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့သည် အပြစ်တရားကြားတွင် အသက်ရှင် နေကြသော်လည်း၊ ၎င်းအား အပြစ်ဟု မယုံကြည်ကြ သကဲ့သို့၊ ၎င်းတို့သည်၊ ‘ငါတို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သူသည် ငါတို့အပေါ် ကောင်းချီး မင်္ဂလာများကိုပေးပြီး ငါတို့အတွက် အရာခပ်သိမ်းကို သင့်တော်သလို စီစဉ်ပေးရမည်။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် ငါတို့သည် အခြားသူများထက် သာလွန်ကာ ငါတို့၌ အခြားသူများထက် သာလွန်သော အဆင့်အတန်းနှင့် အနာဂတ်တစ်ခု ရှိရမည်။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် သူသည် ငါတို့အား အကန့်အသတ်မရှိသော ကောင်းချီးမင်္ဂလာများကို ပေးကို ပေးရမည်။ သို့မဟုတ်ပါက ၎င်းကို ဘုရားသခင်အား ယုံကြည်ခြင်းဟု ခေါ်လိမ့်မည် မဟုတ်’ ဟူ၍ ယုံကြည် ကြသေးသည်။ လူတို့သည် ၎င်းတို့ အသက်ရှင်ရန်အတွက် အမှီပြုခဲ့သော အတွေးအခေါ်များသည် ၎င်းတို့ သစ္စာဖောက်သော သူများ၊ သူရဲဘောကြောင်သောသူများ နှင့် စက်ဆုပ်ဖွယ် ကောင်းသောသူများ ဖြစ်လာသည်အထိ ၎င်းတို့၏ စိတ်နှလုံးများကို နှစ်ပေါင်းများစွာ ပျက်စီးယိုယွင်းစေခဲ့သည်။ ၎င်းတို့၌ စိတ်ဓာတ်ခွန်အားနှင့် စိတ်ဆုံးဖြတ်ချက် ကင်းမဲ့ကြသည်သာမက ၎င်းတို့သည် လောဘကြီး လာကြပြီး၊ မောက်မာလာကြကာ၊ တစ်ဇွတ်ထိုး လုပ်လာကြလေသည်။ ၎င်းတို့၌ အတ္တကို ကျော်လွန်သော စိတ်ဆုံးဖြတ်ချက် တစ်ခုတစ်လေ လုံးဝကင်းမဲ့နေပြီး ထိုမျှမက ၎င်းတို့၌ ဤမှောင်မိုက် လွှမ်းမိုးမှုများ၏ ချုပ်ချယ်မှုများကို ဖယ်ရှားရန် သတ္တိ အနည်းငယ်ပင် မရှိကြချေ။ လူတို့၏ အတွေးအခေါ်များ နှင့် အသက်တာများသည် ပုပ်သိုးလွန်းသည်မှာ ဘုရားသခင် အပေါ် ယုံကြည်ခြင်းနှင့် သက်ဆိုင်သော ၎င်းတို့၏ ရှုထောင့်အမြင်များမှာ သည်းမခံနိုင်အောင် အကျည်းတန် နေသေးသည်သာမက ဘုရားသခင်အပေါ် ယုံကြည်ခြင်း အကြောင်း ၎င်းတို့၏ ရှုထောင့်အမြင်များကို လူတို့ ပြောကြသည့်အခါ ၎င်းမှာ တကယ်ပင် နားမခံနိုင်စရာ ဖြစ်သည်။ လူအားလုံးသည် သူရဲဘောကြောင်ကြသည်၊ အစွမ်းအစမရှိ၊ စက်ဆုပ်ရွံရှာဖွယ် ဖြစ်ကြသည်သာမက ခိုင်ခံ့ခြင်းလည်း မရှိကြပေ။ ၎င်းတို့သည် အမှောင်စွမ်းအားများကို ရွံရှာခြင်း မရှိကြသကဲ့သို့ အလင်းနှင့် သမ္မာတရားကို ချစ်ခြင်း မရှိကြ၊ ထိုသို့ဖြစ်ရမည့်အစား ၎င်းတို့ကို ထုတ်ပစ်ရန်အတွက် အစွမ်းကုန် လုပ်ဆောင်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း) ဘုရားသခင်၏နှုတ်ကပတ်တော်များက လူကို အရှိုက်ထိစေသည်။ ထိုနှုတ်ကပတ်တော်များက ကျွန်တော်၏ ဆိုးယုတ်သည့် စိတ်သဘောထားကိုရော၊ မိမိ ရှင်သန်ဖို့အတွက် ကျွန်တော်၏ အတွေးများကိုပါ လုံးလုံး ဖော်ထုတ်ပြလိုက်သည်။ ကျွန်တော် တကယ် ရှက်မိသည်။ အစပိုင်းတွင် ကျွန်တော့်ယုံကြည်ခြင်းက ကောင်းချီးများ ရဖို့သာ မည်သို့ ဖြစ်သည်ကို ကျွန်တော် ပြန်တွေးမိသည်။ “‘ငါတို့သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် သူသည် ငါတို့အား အကန့်အသတ်မရှိသော ကောင်းချီးမင်္ဂလာများကို ပေးကို ပေးရမည်။ သို့မဟုတ်ပါက ၎င်းကို ဘုရားသခင်အား ယုံကြည်ခြင်းဟု ခေါ်လိမ့်မည် မဟုတ်’ ဟူ၍ ယုံကြည် ကြသေးသည်။” ဤသည်မှာ ထိုအချိန်က ကျွန်တော် တွေးသည့်အရာ ဖြစ်သည်။ သေခြင်းတရား၏ စမ်းသပ်ခြင်းနှင့် အစေခံသူများ စမ်းသပ်ခံရခြင်းတို့ကို တွေ့ကြုံပြီးသည့်နောက်၊ ကောင်းချီးများ ရချင်သည့် မိမိကြံရွယ်ချက်များကို စပြီး နားလည်လာခဲ့ပြီး၊ ဘုရားသခင်အတွက် အစေခံချင်စိတ် ဖြစ်လာခဲ့သည်၊ သို့ရာတွင် မိမိစိတ်နှလုံးအတွင်း၌ ကောင်းချီးများ ရချင်သည့်ဆန္ဒက တကယ်ကို အမြစ်တွယ်နေဆဲ ဖြစ်ပြီး အပြည့်အဝ မသန့်စင်ခဲ့ပါ။ အထူးသဖြင့် သူ့ကို ချစ်ခင်သူများအတွက် ကောင်းချီးပေးသည့် ဘုရားသခင်၏ ကတိတော်ကို မြင်မိသည့်အခါ၊ ကောင်းချီးများ လိုချင်သည့် ကျွန်တော့်ဆန္ဒက ပြန်ပြီး နိုးကြွလာပါသည်။ ဤတစ်ကြိမ်တွင် ကောင်းကင်နိုင်ငံတော်ကို ဝင်ရဖို့ သေချာသည်ဟု ထင်သောကြောင့်၊ ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် ပို၍ ထက်ထက်သန်သန်နှင့် အသုံးခံခဲ့သည်။ သို့ရာတွင် ဘုရားသခင်က ကျွန်တော်တို့ကို အဖြည့်ခံများ၊ ပမွှားလေးများ၊ သူ့၏ ရွံရှာခြင်းကို ခံရသည့် ပစ်မှတ်များအဖြစ် ဖော်ထုတ်လိုက်သည့်အခါ၊ ကောင်းချီးများ ရချင်သည့် ကျွန်တော့်၏မျှော်လင့်ချက်များ တစ်စစီဖြစ်ကုန်သည်ဟု လည်းကောင်း၊ အနာဂတ်ဖြစ်စေ အဆင့်အတန်းဖြစ်စေ တစ်ခုမျှ မရှိတော့ဟုလည်းကောင်း ခံစားခဲ့ရသည်။ အလွန်အမင်း မတရားသဖြင့် ခံရသည်ဟု ခံစားရပြီး ကျွန်တော်က မကျေနပ်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။ ကျွန်တော်က မိမိ၏ပေးဆပ်ခြင်းများနှင့် အလုပ်ကြိုးစားခြင်းတို့ကို ဘုရားသခင်နှင့် အပေးအယူလုပ်နိုင်ဖို့၊ နိုင်ငံတော်ထဲ အခမဲ့ဝင်ရောက်ခွင့်ကို ဘုရားသခင်ဆီက ရဖို့၊ အရင်းအနှီးအဖြစ် ယူဆခဲ့သည်၊ သို့မဟုတ်ပါက မိမိကိုယ်ကိုယ် ဆက်ပြီး အသုံးခံချင်ခဲ့မည် မဟုတ်ပါ။ ဂုဏ်ဒြပ်အတွက် ကျွန်တော်၏ တောင့်တခြင်းနှင့် ကျွန်တော့်တရားလွန်ဆန္ဒတို့သည် မည်မျှပြင်းထန်ခဲ့သည်ကို ထိုအခါကျမှသာ ကျွန်တော် နားလည်သွားသည်။ ကျွန်တော့်မှာ ဘုရားသခင်အတွက် စစ်မှန်သည့်ချစ်ခြင်းဖြစ်စေ နာခံခြင်းဖြစ်စေ စိုးစဉ်းမျှ မရှိခဲ့ပါ။ ယင်းတို့သည် အပေးအယူသဘောများ၊ ပုန်ကန်လိုစိတ်နှင့် လှည့်စားမှုတို့သာ ဖြစ်ခဲ့သည်။ အဖြစ်မှန်များနှင့် ရင်ဆိုင်ရလျက်၊ ကျွန်တော် လုံးဝ လက်ခံယုံကြည်လာခဲ့သည်။ စာတန်အားဖြင့် ကျွန်တော် မည်မျှ ပျက်စီးခဲ့သည်ကို ကျွန်တော် မြင်ခဲ့ရသည်။ ကျွန်တော်က မာနထောင်လွှားသည်၊ မရိုးသားဘဲ၊ တစ်ကိုယ်ကောင်းဆန်ပြီး ရွံစရာကောင်းခဲ့သည်၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား လုံးဝမရှိခဲ့ပါ။ မည်သည့် ပုန်ကန်ပြစ်မှားမှုကိုမျှ သည်းမခံသည့် ဘုရားသခင်၏ သန့်ရှင်းပြီး ဖြောင့်မတ်သည့် စိတ်သဘောထားကိုလည်း ကျွန်တော် မြင်သွားသည်။ များစွာသော ကြံရွယ်ချက်များနှင့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ စွန်းထင်းနေသည့် ကျွန်တော့်ကဲ့သို့ ဖောက်ပြန်ပျက်စီးသည့်လူမျိုးကို ဘုရားသခင်က မည်သို့များ မရွံရှာဘဲ နေနိုင်မည်နည်း။ ဘုရားသခင်က ကျွန်တော့်ကို မည်သို့ခေါ်ပါစေ မည်သို့ သဘောထားပါစေ၊ ယင်းက ဖြောင့်မတ်ပါသည်။

နောက်ပိုင်းတွင် စည်းဝေးပွဲတစ်ခုမှာ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်တော် ဖတ်ရသည်၊ “ဤအချိန်ကာလအတောအတွင်း၊ သင်သည် ဘုရားသခင် ဖော်ပြပြီးဖြစ်သည့် ဤမိန့်မြွက်ချက်များကို ပိုမို ဖတ်ရှုသင့်ပြီး နှိုင်းယှဉ်ခြင်းဖြင့် သင်တို့၏ လုပ်ရပ်များကို ကြည့်လော့။ သင်သည် ကောင်းမွန်ပြီး အမှန်တကယ် အဖြည်ခံတစ်ဦး ဖြစ်သည်မှာ လုံးဝ အမှန်တရား ဖြစ်သည်။ ယနေ့ သင်၏ အသိပညာ အတိုင်းအတာမှာ အဘယ်နည်း။ သင်၏ စိတ်ကူးများ၊ သင်၏ အတွေးများ၊ သင်၏ အပြုအမူ၊ သင်၏ စကားများနှင့် လုပ်ဆောင်ချက်များ- ဤအမူအရာများအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့အဖို့ အဖြည့်ခံတစ်ခုနှင့် မညီမျှသလော။ သင်တို့၏ အမူအရာများသည် ဘုရားနှုတ်ကပတ်တော်များက ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ သရုပ်သကန်များ ဖြစ်သည် မဟုတ်လော။ သင်၏ အတွေးများနှင့် စိတ်ကူးများ၊ သင်၏ ကြံရွယ်ချက်များနှင့် သင့်အထဲတွင် ထုတ်ဖော်ပြခံရသည့် ဖောက်ပြန်ပျက်စီးခြင်းသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအပြင်၊ သူ၏ သန့်ရှင်းခြင်း တို့ကို ပြသလေသည်။ ဘုရားသခင်သည်လည်း အညစ်အကြေး နယ်မြေထဲတွင် မွေးဖွားခဲ့ပေသည်၊ သို့တိုင် သူသည် အညစ်အကြေးအားဖြင့် ဖျက်ဆီးခြင်းမခံရဘဲ ရှိနေလေသည်။ သင်ကဲ့သို့ သူသည် သင်နှင့်အလားတူ ညစ်ပတ်ပေရေသော လောကထဲတွင် အသက်ရှင်ခဲ့သော်လည်း သူသည် ဆင်ခြင်တုံတရားနှင့် သိမြင်နားလည်မှုတို့ ပိုင်ဆိုင်ပြီး အညစ်အကြေးကို စက်ဆုပ်ရွံရှာလေသည်။ သင်သည် သင်၏ စကားများနှင့် လုပ်ရပ်များတွင် ညစ်ပတ်ပေရေသောအရာ တစ်ခုတစ်လေမျှပင် သတိပြုမိနိုင်လိမ့်မည် မဟုတ်သော်လည်း ဘုရားသခင်က သတိပြုမိနိုင်ပြီး ၎င်းတို့ကို သင့်အား သူ ထောက်ပြလေသည်။ သင်၏ ဟောင်းနွမ်းသောအရာများဖြစ်သည့် သင်၏ ရည်မွန်ယဉ်ကျေးခြင်း၊ ထိုးထွင်းသိမြင်မှုနှင့် အသိတို့ ကင်းမဲ့မှုနှင့် သင်၏ နောက်သို့ပြန်သွားသော အသက်ရှင်သည့် နည်းလမ်းများသည် ယနေ့ ထုတ်ဖော်ပြခြင်းများအားဖြင့် အလင်းထဲသို့ ရောက်လာပြီးဖြစ်သည်။ ထို့ကြောင့် လူတို့သည် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်သော စိတ်သဘောထားတို့ကို ရှုမြင်ကြရသည်မှာ ဘုရားသခင်သည် ထိုသို့အမှုပြုဖို့ရန် ကမ္ဘာမြေသို့ ကြွလာခြင်းအားဖြင့်သာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအမှု ဒုတိယအဆင့်၏ အကျိုးတရားများကို ရရှိပုံ)မှန်ပေ၏၊ ဘုရားသခင်သည် အကြောင်းမဲ့သက်သက် သင့်ကို အဖြည့်ခံတစ်ဦး မဖြစ်စေပေ။ ယင်းထက်၊ ဤအမှုက အသီးအပွင့် သီးသည့်အချိန်တွင်သာ လူ၏ ပုန်ကန်ခြင်းသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအဖို့ အဖြည့်ခံတစ်ခုဖြစ်ကြောင်း ထင်ရှားပေါ်လွင်လာသည် ဖြစ်ပြီး၊ သင်တို့သည် အဖြည့်ခံများ ဖြစ်သောကြောင့်သာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့်ဆိုင်၍ သဘာဝဖော်ပြချက်ကို သင်တို့ သိဖို့ အခွင့်ရှိခြင်း ဖြစ်ပေသည်။ သင်တို့၏ ပုန်ကန်မှုကြောင့် သင်တို့သည် တရားစီရင်ခံရပြီး ပြစ်တင်ဆုံးမခံရ၏၊ သို့သော်လည်း၊ သင်တို့ကို အဖြည့်ခံများဖြစ်စေသည်မှာလည်း သင်တို့၏ ပုန်ကန်မှုဖြစ်ပြီး၊ သင်တို့အပေါ် ပေးသနားသည့် ဘုရားသခင်၏ ကြီးမားသည့် ကျေးဇူးတော်ကို သင်တို့ ရရှိသည်မှာ သင်တို့၏ ပုန်ကန်မှုကြောင့် ဖြစ်ပေသည်။ သင်တို့၏ ပုန်ကန်ခြင်းသည် ဘုရားသခင်၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်း နှင့် ဉာဏ်ပညာတို့အဖို့ အဖြည့်ခံတစ်ခု ဖြစ်ပြီး၊ သင်တို့အနေဖြင့် ထိုသို့သော ကြီးမားသည့် ကယ်တင်ခြင်းနှင့် ကောင်းချီး မင်္ဂလာများကို ရရှိပြီးဖြစ်သည်မှာ သင်တို့၏ ပုန်ကန်မှုကြောင့် ဖြစ်ပေ၏။ သင်တို့သည် ငါ့အားဖြင့် အဖန်ဖန် တရားစီရင်ခံရကြသော်လည်း၊ လူသား ယခင်က လုံးဝ မရဖူးခဲ့သည့် ကြီးမားလှသော ကယ်တင်ခြင်းကို သင်တို့ ရကြလေပြီ။ သင်တို့အတွက် ဤအမှုသည် အဆုံးစွန် အဓိပ္ပါယ်ရှိသော အမှုဖြစ်သည်။ ‘အဖြည့်ခံ’ တစ်ဦး ဖြစ်ခြင်းသည် သင်တို့အတွက် အလွန့်အလွန်လည်း အဖိုးတန်၏။ သင်တို့သည် အဖြည့်ခံ ဖြစ်သောကြောင့် ကယ်တင်ခံရပြီး ကယ်တင်ခြင်း ကျေးဇူးတော်ကို ရရှိကြပြီး ဖြစ်သည်၊ ထို့ကြောင့် ထိုသို့သော အဖြည့်ခံတစ်ဦးသည် အဆုံးစွန် အဖိုးတန်သည် မဟုတ်လော။ အဆုံးစွန် အဓိပ္ပါယ်ရှိသည် မဟုတ်လော။ သင်တို့သည် ဘုရားသခင်ကဲ့သို့ တူညီသော လောကတစ်ခုတည်း၊ ညစ်ပတ်ပေရေသော မြေတစ်ခုတည်းတွင် အသက်ရှင်ကြ သောကြောင့်၊ သင်တို့သည် အဖြည့်ခံဖြစ်ပြီး အကြီးမားဆုံးသော ကယ်တင်ခြင်း ရရှိပေသည်။ ဘုရားသခင်သည် လူ့ဇာတိခံမလာခဲ့ပါက၊ သင်တို့အပေါ် အဘယ်သူသည် သနားကရုဏာရှိလိမ့်မည်နည်း၊ ပြီးလျှင် အဘယ်သူသည် အရေးမပါသည့် လူများဖြစ်သော သင်တို့ကို ကြည့်ရှုစောင့်ရှောက် ခဲ့လိမ့်မည်နည်း။ အဘယ်သူသည် သင်တို့ကို ဂရုစိုက် ခဲ့လိမ့်မည်နည်း။ ဘုရားသခင်သည် သင်တို့အလယ် အမှုပြုဖို့ လူ့ဇာတိမခံခဲ့ပါက၊ သင်တို့ ယခင်ကလူတို့ လုံးဝမရဖူးသည့် ဤကယ်တင်ခြင်းကို မည်သည့်အချိန်တွင် သင်တို့ ရရှိ ခဲ့လိမ့်မည်နည်း။ သင်တို့ကို ဂရုစိုက်ဖို့ရန်၊ သင်တို့၏ အပြစ်များကို တရားစီရင်ဖို့ရန်၊ ငါသည် လူ့ဇာတိမခံလာခဲ့ပါက၊ သင်တို့သည် အချိန်ကြာမြင့်စွာကတည်းက မရဏာနိုင်ငံထဲသို့ ကျဆင်းပြီး ဖြစ်လိမ့်မည် မဟုတ်လော။ ငါသည် လူ့ဇာတိခံပြီး သင်တို့အလယ် မိမိကိုယ်ကိုယ် မနှိမ့်ချခဲ့ပါက၊ သင်တို့သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအဖို့ အဖြည့်ခံဖြစ်ဖို့ရန် အဘယ်သို့ အရည်အချင်း ပြည့်မီနိုင်မည်နည်း။...သင်တို့ကို သိမ်းပိုက်ဖို့ရန် ‘အဖြည့်ခံ’ ကို ငါ အသုံးပြုသော်လည်း သင်တို့ကို ရရှိဖို့ရန် ဤကယ်တင်ခြင်းနှင့် ကောင်းချီးမင်္ဂလာကို ပေးခြင်းဖြစ်ကြောင်း သင်တို့ သိသင့်သည်။ ယင်းသည် သိမ်းပိုက်ခြင်းအဖို့အလို့ငှာ ဖြစ်၏၊ သို့သော်လည်း သင့်ကို ငါ သာ၍ကောင်းမွန်စွာ ကယ်တင်နိုင်ဖို့အလို့ငှာ ဖြစ်ပေသည်။ ‘အဖြည့်ခံ’ သည် အမှန်တရားဖြစ်သော်လည်း သင်တို့ အဖြည့်ခံများ ဖြစ်ရသည့် အကြောင်းရင်းမှာ သင်တို့၏ ပုန်ကန်မှုကြောင့်ဖြစ်ပြီး၊ မည်သူမျှ မရရှိဖူးသည့် ကောင်းချီးမင်္ဂလာများကို သင် ရရှိပြီးဖြစ်သည်မှာ ဤအရာကြောင့် ဖြစ်ပေသည်။ ယနေ့တွင် ကြားဖို့နှင့် မြင်ဖို့ သင်တို့ကို ဖန်တီးထားပေသည်။ မနက်ဖြန်တွင် သင်တို့ ရရှိလိမ့်မည်ဖြစ်ပြီး၊ ထို့ထက်ပို၍ သင်တို့သည် ကြီးမားစွာ ကောင်းချီးခံစားရလိမ့်မည်။ ထို့ကြောင့် အဖြည့်ခံများသည် အဆုံးစွန် အဖိုးတန်သည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအမှု ဒုတိယအဆင့်၏ အကျိုးတရားများကို ရရှိပုံ) အဖြည့်ခံတစ်ယောက်ဖြစ်ဖို့ မည်သည့်အရာကို ဆိုလိုသည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော့်ကို ပြပေးလိုက်သည်။ ကျွန်တော်တို့က တရုတ်ပြည်မှာ မွေးခဲ့ကြသောကြောင့်၊ ကျွန်တော်တို့သည် ဤနှစ်များတစ်လျှောက်လုံး အဆင်းနီသည့် နဂါးကြီး၏ ပညာပေးခြင်း၊ လွှမ်းမိုးခြင်း၊ ဖျက်ဆီးခြင်းတို့ကို ခံခဲ့ကြရသည်။ ဆိုးယုတ်သည့် အတွေးအမြင်စနစ်များ၊ ဘုရားမဲ့ဝါဒ၊ ဆင့်ကဲဖြစ်စဉ်နှင့် အခြား အတွေးမှားများက ကျွန်တော်တို့ထံတွင် ပြည့်နှက်နေသည်။ ကျွန်တော်တို့၏အတွေးသည် ဆိုးယုတ်ပြီး သမ္မာတရားနှင့်လည်း ဆန့်ကျင်သည်။ သို့ရာတွင် ကျွန်တော်တို့က ယင်းကို သဘောမပေါက်ပါ၊ ထိုအစား ကျွန်တော်တို့က ကောင်းသည့်လူများ ဖြစ်သည်၊ ကျွန်တော်တို့က ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီကြသည်ဟု ထင်နေကြသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်က မာနထောင်လွှားခြင်း၊ ပါးနပ်ခြင်းနှင့် စဉ်းလဲခြင်းတို့ကဲ့သို့ ကျွန်တော်တို့၏ ဆိုးယုတ်သည့် စိတ်သဘောထား အားလုံးကို ပြတ်ပြတ်သားသား ဖော်ထုတ်ပြသည်၊ ထို့နောက်တွင် သူက ကျွန်တော်တို့အား အဖြစ်မှန်များကို ထုတ်ဖော်ပြရင်းနှင့် အကြွင်းမဲ့ လက်ခံယုံကြည်စေသည်။ ဘုရားသခင်က ကျွန်တော်တို့၏ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်ဖို့နှင့် ဖော်ထုတ်ဖို့ သမ္မာတရားများကို ဖော်ပြသည့်အခါ၊ မကောင်းမှုနှင့် အပြစ်ကို မုန်းတီးသည့် ဖြောင့်မတ်သည့် သူ၏စိတ်သဘောထားက အလိုအလျောက် ထွက်ပေါ်လာလေသည်။ မည်သည့် ပုန်ကန်ပြစ်မှားမှုကိုမျှ သည်းမခံသည့် သူ၏ သန့်ရှင်းခြင်းနှင့် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို ကျွန်တော်တို့က မြင်ကြရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှာ လူသားများအပေါ် ချစ်ခြင်းနှင့် ကယ်တင်ခြင်းတို့ကိုလည်း ကျွန်တော် မြင်လိုက်ရသည်၊ အထူးသဖြင့် သူက “ဘုရားသခင်သည် လူ့ဇာတိခံမလာခဲ့ပါက၊ သင်တို့အပေါ် အဘယ်သူသည် သနားကရုဏာရှိလိမ့်မည်နည်း၊ ပြီးလျှင် အဘယ်သူသည် အရေးမပါသည့် လူများဖြစ်သော သင်တို့ကို ကြည့်ရှုစောင့်ရှောက် ခဲ့လိမ့်မည်နည်း။ အဘယ်သူသည် သင်တို့ကို ဂရုစိုက် ခဲ့လိမ့်မည်နည်း။” ဟု ပြောသည့်အခါတွင်ဖြစ်သည်။ ယင်းက ကျွန်တော့်အတွက် ပြင်းပြင်းထန်ထန် စိတ်ထိခိုက်ဖွယ်ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို သေချာ ဆင်ခြင်ကြည့်ရင်း၊ ဘုရားသခင်က ကျွန်တော်တို့၏ ညစ်ညမ်းမှုနှင့် ဖောက်ပြန်ပျက်စီးခြင်းတို့ကြောင့် ကျွန်တော်တို့ စွန့်ပစ်ခဲ့ခြင်း သို့မဟုတ် သုတ်သင်ဖယ်ရှင်းခဲ့ခြင်း မဟုတ်ဘဲ၊ ထိုအစား စာတန်အားဖြင့် ဆိုးဆိုးဝါးဝါး ဖောက်ပြန်ပျက်စီးပြီး ထိခိုက်နစ်နာနေကြသည့် ကျွန်တော်တို့အပေါ် သနားကရုဏာ ထားခဲ့သည်ကို ကျွန်တော် သဘောပေါက်လိုက်သည်။ ကျွန်တော်တို့ ကြားမှာ အမှုတော်ပြုဖို့ ကြီးစွာသော အရှက်ရခြင်းကို ခံစားရင်း၊ ကျွန်တော်တို့ကို ရေလောင်းဖို့နှင့် အာဟာရပေးဖို့၊ ဖော်ထုတ်ဖို့နှင့် တရားစီရင်ဖို့၊ သမ္မာတရားများကို ဖော်ပြပေးရင်း၊ ကျွန်တော်တို့ကို ကယ်တင်ဖို့ သူကိုယ်တော်တိုင် လူ့ဇာတိ ခံယူခဲ့သည်။ သူက ကျွန်တော်တို့ကို အဖြည့်ခံများအဖြစ် ဖော်ထုတ်သော်ငြားလည်း၊ သူ၏အလိုတော်က ကျွန်တော်တို့ကို သုတ်သင်ဖယ်ရှင်းဖို့ မဟုတ်ဘဲ၊ ကျွန်တော်တို့က သမ္မာတရားကို အားထုတ်နိုင်ကာ၊ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားပြီး ဘုရားသခင်၏ အပြည့်အဝ ကယ်တင်ခြင်းခံရနိုင်စေရန်အလို့ငှာ၊ ဂုဏ်အဆင့်အတန်းအတွက် ကျွန်တော်တို့၏လိုအင်ဆန္ဒနှင့် အနာဂတ်အတွက် ကျွန်တော်တို့၏ မျှော်လင့်ချက်များကို ခွဲခြားသိလာကြစေဖို့၊ ကျွန်တော်တို့၏ မာနထောင်လွှားသည့်၊ လှည့်စားပြီး ဆိုးယုတ်သည့် စာတန်ဆန်သော စိတ်သဘောထားများကို သိလာကြစေဖို့ ဖြစ်သည်။ ဤသည်မှာ ကျွန်တော်တို့အတွက် ဘုရားသခင်၏ တကယ်ကို လက်တွေ့ကျသည့် ချစ်ခြင်းနှင့် ကယ်တင်ခြင်းဖြစ်သည်။ ကျွန်တော်က ဘုရားသခင်၏ အလိုတော်ကို နားလည်သွားသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်အပေါ် ကျွန်တော် မည်သို့ ပြုမူမိခဲ့သည်ကို စဉ်းစားကြည့်ကာ၊ ကျွန်တော့်ကို မြေမျိုခြင်းကို ခံချင်လာသည်။ ကျွန်တော်က မဖြစ်စလောက် ဖန်ဆင်းခံသတ္တဝါလေးဖြစ်သည်၊ စာတန်အားဖြင့် ဆိုးဆိုးဝါးဝါး ပျက်စီးပြီး၊ ယုတ်ညံ့ကာ နိမ့်ကျနေသည်။ ကျွန်တော့်အနေနှင့် အမြင့်ဆုံးသောဘုရားသခင်ကို အဖြည့်ခံအဖြစ် အစေခံပေးနိုင်ခြင်းနှင့် ဘုရားသခင်၏အမှုတော်ကို တွေ့ကြုံခွင့်ရပြီး ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းကို မျက်မြင်တွေ့ခွင့်ရခဲ့ခြင်းတို့က ကျွန်တော့်အတွက် ဘုရားသခင်၏ ကြီးမားသည့် ကျေးဇူးတော် ဖြစ်လေသည်။ ဘုရားသခင်က ကျွန်တော်တို့ကြားမှာ စကားပြောပြီး အမှုတော်ပြုလျက်၊ လူ့ဇာတိ မခံယူခဲ့ပါက၊ ကျွန်တော်သည် ထိုများစွာသော သမ္မာတရားများကို နားလည်ဖို့အခွင့်အရေး မည်သို့များ ရှိလာမည်နည်း။ သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို ကျွန်တော် မည်သို့များ သိခွင့်ရပါ့မည်နည်း။ ကျွန်တော်က ဘုရားသခင်ကို ကျေးဇူးမတင်ခဲ့ရုံသာမက၊ အဖြည့်ခံဟု အခေါ်ခံရခြင်းအပေါ် ဘုရားသခင်ကို ငြင်းခုံဖို့ ကြိုးစားခဲ့သည်။ ကျွန်တော့်မှာ အသိစိတ်ဖြစ်စေ လူ့သဘာဝဖြစ်စေ မရှိခဲ့ပါ။ ဤသည်ကို ကျွန်တော် နားလည်သည့်အခါ၊ ကျွန်တော်က စာတန်ကြောင့် မည်မျှ ဆိုးဆိုးဝါးဝါး ပျက်စီးခဲ့ပုံနှင့် ဘုရားသခင်ကို ကျွန်တော် မည်မျှ အကြွေးတင်နေပုံတို့ကို ကျွန်တော် ခံစားခဲ့ရသည်။ ကျွန်တော် ဘုရားသခင်ထံတွင် နောင်တရချင်ခဲ့သည်၊ ပြီးလျှင် ဘုရားသခင်က မိမိကို မည်သို့ခေါ်ပါစေ၊ မိမိအနာဂတ်နှင့် ပန်းတိုင်က မည်သို့ဖြစ်ပါစေ၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ကျွန်တော် နာခံချင်သည်။ ကျွန်တော် သမ္မာတရားကို အားထုတ်ပြီး၊ စိတ်သဘောထား အပြောင်းအလဲတစ်ခုကို လိုချင်သွားသည်။

ကျွန်တော်က အဖြည့်ခံတစ်ယောက်အပေါ် စမ်းသပ်မှုကို ကြုံလိုက်ရခြင်းအားဖြင့်၊ ကောင်းချီးများ ရချင်သည့် မိမိကြံရွယ်ချက်နှင့်၊ ကျွန်တော်၏ဆိုးယုတ်သည့် စိတ်သဘောထားတို့ကို နားလည်မှုအချို့ ရသွားသည်၊ ဂုဏ်အဆင့်အတန်း နိမ့်သည်ဖြစ်စေ၊ မြင့်သည်ဖြစ်စေ ကျွန်တော်က ဖန်ဆင်းခံသတ္တဝါလေးသာ ဖြစ်ပြီး၊ ဘုရားသခင် စီစဉ်သည့်အရာများကို ကျွန်တော့်အနေနှင့် အချိန်ပြည့် နာခံသင့်သည်ကို ကျွန်တော် သဘောပေါက်သွားသည်။ ဘုရားသခင်အတွက် ကျွန်တော်က အဖြည့်ခံအဖြစ်နှင့် အစေခံနေလျှင်ပင်၊ သူ၏ဖြောင့်မတ်ခြင်းကို ကျွန်တော် ချီးမွမ်းရမည်၊ သမ္မာတရားကို ကောင်းစွာ အားထုတ်ရမည် ဖြစ်ပြီး ဖန်ဆင်းခံ တစ်ယောက်အနေဖြင့် မိမိတာဝန်ကို လုပ်ဆောင်ရမည်။ ယင်းက သတ္တဝါတစ်ယောက် ထမ်းသင့်သည့် မှန်ကန်သည့် သက်သေခံချက် ဖြစ်ပါသည်။

အရှေ့သို့- ၂။ သေခြင်းတရားအားဖြင့် စမ်းသပ်မှုကာလ

နောက်တစ်ခုသို့- ၄။ မောဘ၏ အမျိုးအနွယ်တို့ကို စမ်းသပ်မှု

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၇၅။ ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

၆၇။ လူသားပုံသဏ္ဌာန် အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

ထားရှီ ကနေဒါနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏...

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

၈။ အသက်တာတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိခြင်း

ရှင့်ရှင်း အမေရိကန်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုး၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။