ဘုရားသခင်၏ အသင်းတော် ဆိုသည်မှာအဘယ်နည်း။ ဘာသာရေးအဖွဲ့အစည်း တစ်ခု ဆိုသည်မှာအဘယ်နည်း။

23.09.2019

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၏အိမ်တော်ဆိုသည်မှာ မည်သည့်အရာအတိအကျ ဖြစ်သနည်း။ ယင်းကို သဘောတရားအရ သတ်မှတ်ရပါက ဘုရားသခင်၏အိမ်တော်ဆိုသည်မှာ သမ္မာတရား စိုးမိုးရာနေရာ၊ မိမိတို့၏ လက်တွေ့လုပ်ဆောင်မှု အခြေခံသဘောတရားများက ဘုရားသခင်၏နှုတ်ကပတ်တော်များ ဖြစ်သည့်သူများ၏ အစုအဝေးဖြစ်သည်။...ဘုရားသခင်၏အိမ်တော်ဆိုသည်မှာ ဘုရားသခင် အလုပ်လုပ်ပြီး စကားပြောကြားရာနေရာ၊ လူများကို ဘုရားသခင်ကယ်တင်သည့်နေရာ၊ လူများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့ကျင့်သုံးပြီး အသီးအပွင့် ဖြစ်ထွန်းစေသည့်နေရာ၊ ဘုရားသခင်၏ရည်ရွယ်ချက်နှင့် အလိုတော်တို့ကို ဟန့်တားနှောင့်ယှက်မှုမရှိဘဲ ဆောင်ရွက်နိုင်သည့် နေရာနှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုဆိုင်ရာ အစီအစဉ်ကို အကောင်အထည်ဖော်ပြီး အထမြောက်စေသည့်နေရာ ဖြစ်သည်။ အနှစ်ချုပ်လိုက်ပါက ဘုရားသခင်၏အိမ်တော်သည် ဘုရားသခင်က တန်ခိုးအာဏာ ကိုင်စွဲသည့်နေရာ ဖြစ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့ စိုးမိုးရာနေရာ ဖြစ်သည်။ ယင်းမှာ လူပုဂ္ဂိုလ်တစ်ဦးဦးက ဩဇာအာဏာကို ကျင့်သုံးသည့်နေရာ၊ မိမိ၏လုပ်ငန်းကို ဦးစီးဦးရွက်ပြုရာနေရာ မဟုတ်သကဲ့သို့ မိမိ၏လိုအင်ဆန္ဒများ၊ အစီအစဉ်များ၊ သို့မဟုတ် မဟာအကြံအစည်များကို စွမ်းဆောင်ရရှိရာနေရာလည်း မဟုတ်ပေ။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် ဘုရားသခင်၏အိမ်တော်ကို မိမိတို့၏ကိုယ်ပိုင် အိမ်ရာအဖြစ် သဘောထားကြ၏” မှ

ဘုရားသခင်၏ အမှု အဆင့်အသီးသီးတွင်၊ လူသားနှင့်ဆိုင်သော လိုက်လျောညီထွေသည့် သတ်မှတ်ချက်များလည်း ရှိပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း ရှိသူအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်နှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကို ပိုင်ဆိုင်ကြပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း မရှိသူများသည် စာတန်၏ ကွပ်ကဲမှုအောက်တွင်ရှိကာ သန့်ရှင်းသော ဝိညာဉ်တော်၏ မည်သည့် လုပ်ဆောင်မှုမျှမရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်း၌ ရှိသူများသည် ဘုရားသခင်၏ အမှုသစ်ကို လက်ခံသူများ ဖြစ်ပြီး၊ ဘုရားသခင်၏ အမှုသစ်တွင် ပူးပေါင်းဆောင်ရွက်သူများ ဖြစ်သည်။ ဤရေစီးကြောင်းအတွင်း ရှိသူများသည် ပူးပေါင်းဆောင်ရွက်နိုင်စွမ်း မရှိကြသကဲ့သို့၊ ဤအချိန်အတောအတွင်း ဘုရားသခင် တောင်းဆိုသည့် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြပါက၊ ၎င်းတို့သည် ဆုံးမပဲ့ပြင်ခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး၊ အဆိုးဆုံးအနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ စွန့်ပစ်ခြင်းကို ခံရလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သစ်ကို လက်ခံသူများသည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်းတွင် အသက်ရှင်ကြလိမ့်မည် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စောင့်ရှောက်ခြင်းနှင့် ကာကွယ်ခြင်းကို ရရှိကြလိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားနေသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံကြရကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားခြင်းမရှိသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်ခြင်းကို ခံရပြီး၊ အပြစ်ပေးခြင်းကိုပင် ခံရကောင်းခံရနိုင်သည်။ ၎င်းတို့သည် မည်သည့် လူစားမျိုးဖြစ်ပါစေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း ၎င်းတို့ရှိမှသာ၊ ဘုရားသခင်သည် သူ၏အမှုသစ် လက်ခံသည့်သူအားလုံးကို သူ၏ နာမအတွက် တာဝန်ယူလိမ့်မည်။ သူ၏နာမကို ဘုန်းထင်ရှားစေပြီး၊ သူ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် လိုလားနေသူများသည် သူ၏ကောင်းချီးမင်္ဂလာများကို ရရှိကြလိမ့်မည်။ သူ့ကိုမနာခံသကဲ့သို့ သူ၏နှုတ်ကပတ်တော်များကို လက်တွေ့ မလုပ်ဆောင်သူများသည် သူ၏အပြစ်ပေးခြင်းကို ခံရလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိသည့် လူများသည် အမှုသစ်ကို လက်ခံသူများဖြစ်ပြီး၊ အမှုသစ်ကို ၎င်းတို့ လက်ခဲ့ပြီးဖြစ်သည့်အတွက်၊ ၎င်းတို့သည် ဘုရားသခင်နှင့် သင်တင့်လျောက်ပတ်စွာ ပူးပေါင်းဆောင်ရွက်သင့်သကဲ့သို့၊ မိမိတို့၏တာဝန်ကို မထမ်းဆောင်သည့် ပုန်ကန်သူများကဲ့သို့ မပြုမူသင့်ပေ။ ဤသည်မှာ လူသားနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ တစ်ခုတည်းသော သတ်မှတ်ချက်ဖြစ်သည်။ အမှုသစ်ကို လက်မခံသည့် လူများအတွက်မူ ထိုသို့မဟုတ်ပေ- ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပတွင် ရှိကြပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှုနှင့် အပြစ်တင်မှုတို့သည် သူတို့နှင့် မသက်ဆိုင်ပေ။ ဤလူများသည် တစ်နေ့တာလုံး ဇာတိပကတိအတွင်း၌ အသက်ရှင်ကြသည်၊ ၎င်းတို့၏ စိတ်အတွင်း၌ အသက်ရှင်ကြပြီး၊ ၎င်းတို့လုပ်ဆောင်သမျှအားလုံးသည် ၎င်းတို့ကိုယ်ပိုင် ဦးနှောက်များ၏ စိစစ်မှုနှင့် သုတေသနပြုခြင်းမှ ထွက်ပေါ်သည့် အယူဝါဒများအတိုင်းသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်မှု ဖြစ်ရန်မဆိုထားနှင့်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုသစ်က တောင်းဆိုသည့်အရာပင် မဟုတ်ပေ။ ဘုရားသခင်၏ အမှုသစ်ကို လက်မခံသူများသည် ဘုရားသခင်၏ မျက်မှောက် ကင်းမဲ့သည့်အပြင်၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် ကာကွယ်ခြင်းတို့ မရှိပေ။ ၎င်းတို့၏ စကားများနှင့် လုပ်ဆောင်မှု အများစုတို့သည် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ချက်၏ ယခင် သတ်မှတ်ချက်များကို ထိန်းသိမ်းထားလေသည်။ ယင်းတို့သည် အယူဝါဒ ဖြစ်ပြီး၊ သမ္မာတရား မဟုတ်ချေ။ ထိုသို့သော အယူဝါဒနှင့် စည်းမျဉ်းသည် ဤလူများ အတူတကွ စုစည်းခြင်းက ဘာသာတရားမျှသာ ဖြစ်သည်ကို သက်သေပြရန် လုံလောက်သည်။ ၎င်းတို့သည် ရွေးချယ်ခံရသူများ၊ သို့မဟုတ် ဘုရားသခင်၏ အမှု ရည်မှန်းချက်များ မဟုတ်ပေ။ ၎င်းတို့အားလုံးအလယ် စုစည်းမှုကို ဘာသာတရား၏ ကြီးကျယ်သော ညီလာခံတစ်ခုအဖြစ်သာ ခေါ်ဆိုနိုင်ပြီး၊ အသင်းတော်တစ်ခုအဖြစ် ခေါ်ဆို၍ မရနိုင်ပေ။ ဤသည်မှာ ပြောင်းလဲ၍မရသည့် အချက်တစ်ခုဖြစ်သည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သစ် မရှိကြပေ။ ၎င်းတို့လုပ်ဆောင်သည့်အရာသည် ဘာသာရေးရနံ့များ လှိုင်နေသည့်ပုံပေါ်သည်၊ ၎င်းတို့ အသက်ရှင်နေထိုင်သည့်အရာသည် ဘာသာတရားနှင့် ပြည့်နှက်ပုံ ပေါ်လေသည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှုနှင့် အသိဉာဏ်ပွင့်လင်းစေခြင်းကို ရရှိရန် သင့်လျော်ဖို့ မဆိုထားနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်နှင့် လုပ်ဆောင်ချက်ကိုပင် မပိုင်ဆိုင်ကြပေ။ ဤလူအားလုံးသည် အသက်မဲ့သည့် အလောင်းကောင်များနှင့် ဝိညာဉ်ရေးရာ လုံးဝမရှိသည့် လောက်ကောင်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုအားလုံးနှင့် ဘုရားသခင်၏ လက်ရှိအလိုတို့ကို သိရန်မဆိုထားနှင့်၊ လူ၏ပုန်ကန်မှုနှင့် ဆန့်ကျင်မှုတို့နှင့်သက်ဆိုင်သည့် အသိပညာမရှိ၊ လူသား၏ မကောင်းမှုပြုခြင်း အားလုံးနှင့်ဆိုင်သည့် အသိပညာ မရှိကြချေ။ ၎င်းတို့အားလုံးသည် မသိနားမလည်ကြသည့် လူများ၊ ယုတ်ညံ့သော လူများ ဖြစ်ကြပြီး၊ ယုံကြည်သူများဟု ခေါ်ဆိုရန် မထိုက်တန်သော ဆန်ကုန်မြေလေးများ ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာကမျှ ဘုရားသခင်၏ အစီအစဉ်များကို ထိခိုက်နိုင်ရန် မဆိုထားနှင့်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် မည်သို့မျှ မဆက်စပ်ပေ။ ၎င်းတို့၏စကားများနှင့် လုပ်ရပ်များက အလွန် စက်ဆုပ်ရွံရှာဖွယ်ကောင်းလှသည်၊ အလွန် သနားဖွယ်ကောင်းလှပြီး၊ ဖော်ပြပြောဆိုရန် တကယ်ကို မထိုက်တန်ချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း မရှိသူတို့ လုပ်ဆောင်သည့် အရာမှန်သမျှသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သစ်နှင့် မည်သို့မျှ သက်ဆိုင်မှုမရှိချေ။ ဤအရာကြောင့် ၎င်းတို့မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှု မရှိသည့်အပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်း မရှိကြပေ။ အကြောင်းမှာ ၎င်းတို့အားလုံးသည် သမ္မာတရားအတွက် ချစ်ခြင်းမေတ္တာ မရှိကြသူများနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ မုန်းတီးခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရပြီးသည့်သူများ ဖြစ်သည့်အတွက်ဖြစ်သည်။ ၎င်းတို့သည် ဇာတိပကတိ၌ လျှောက်လှမ်းကြပြီး၊ ဘုရားသခင်၏ ဆိုင်းဘုတ်အောက်တွင် ၎င်းတို့စိတ်ကျေနပ်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြသောကြောင့်၊ ၎င်းတို့ကို မကောင်းမှုပြုသူများဟု ခေါ်သည်။ ဘုရားသခင် အမှုပြုစဉ်တွင်၊ ၎င်းတို့သည် တမင်တကာ သူ့ကိုရန်လိုပြီး သူနှင့်ဆန့်ကျင်ဘက်သို့ ပြေးကြလေသည်။ လူသားသည် ဘုရားသခင်နှင့် ပူးပေါင်းမဆောင်ရွက်နိုင်ခြင်းမှာ အဆုံးစွန် ပုန်ကန်ခြင်း သက်သက်ဖြစ်သည်၊ သို့ဆိုလျှင် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်သို့ တမင်တကာ ပြေးကြသောသူတို့သည် အထူးသဖြင့် ၎င်းတို့နှင့် ထိုက်တန်သော ဒဏ်ခတ်ခြင်းကို ရရှိကြလိမ့်မည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

“ငါဆိုသည်ကား၊ ဤအရပ်၌ ဗိမာန်တော်ထက်သာ၍ ကြီးမြတ်သောအရာရှိ၏။ ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်း ကရုဏာအကျင့်ကို ငါနှစ်သက်၏ဟူသော ကျမ်းစကားကို သင်တို့သည် နားလည်လျှင်၊ အပြစ်ကင်းသောသူတို့ကို အပြစ်မတင် မစီရင်ကြပြီ။ လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်တော်မူ၏။” (ရှင်မဿဲ ၁၂:၆-၈) ဤနေရာတွင် “ဗိမာန်တော်” ဟူသည့် စကားက မည်သည်ကို ရည်ညွှန်းသနည်း။ ရိုးရိုးရှင်းရှင်းပြောရလျှင်၊ ယင်းသည် ခမ်းနားသော မြင့်မားသော အဆောက်အဦးကို ရည်ညွှန်းပြီး၊ ပညတ်တော်ခေတ်တွင် ဗိမာန်တော်သည် ယဇ်ပုရောဟိတ်တို့အတွက် ဘုရားသခင်ကို ကိုးကွယ်ရန် နေရာတစ်ခုဖြစ်ခဲ့သည်။ သခင်ယေရှုက၊ “ဤအရပ်၌ ဗိမာန်တော်ထက်သာ၍ ကြီးမြတ်သောအရာရှိ၏။” ဟူ၍ပြောသောအခါတွင်၊ “အရာ” ဆိုသည်မှာ မည်သည်ကို ရည်ညွှန်းသနည်း။ “အရာ” ဆိုသည်မှာ သိသာထင်ရှားစွာပင် လူ့ဇာတိ၌ရှိသော သခင်ယေရှု ဖြစ်၏၊ အဘယ်ကြောင့်ဆိုသော် သူသာလျှင် ဗိမာန်တော်ထက် ကြီးမြတ်သူဖြစ်သောကြောင့် ဖြစ်သည်။ ထိုစကားလုံးတို့က လူတို့ကို မည်သည့်အရာ ပြောပြခဲ့ပါသနည်း။ ဗိမာန်တော်ထဲမှ ထွက်ရန် လူတို့ကို ပြောခဲ့ပေသည်- ဘုရားသခင်သည် ဗိမာန်တော်ကို စွန့်ခွာနှင့်ပြီး ဖြစ်ကာ ထိုအထဲတွင် အလုပ်မလုပ်တော့ပေ၊ ထို့ကြောင့် လူတို့သည် ဘုရားသခင်၏ ခြေလှမ်းများကို ဗိမာန်တော်၏ အပြင်ဖက်တွင် ရှာဖွေသင့်ပြီး၊ သူ၏အမှုသစ်တွင် သူ၏ ခြေလှမ်းများနောက် လိုက်သင့်ပေသည်။ ဤအရာကို သခင်ယေရှုပြောခဲ့ချိန်တွင်၊ သူ၏ စကားများနောက်ကွယ်တွင် အကြောင်းပြချက်တစ်ခုရှိသည်၊ ယင်းမှာ ပညတ်တော် အောက်တွင် လူတို့သည် ဗိမာန်တော်ကို ဘုရားသခင် ကိုယ်တိုင်ထက် သာ၍ကြီးမြတ်သည့် အရာတစ်ခုသကဲ့သို့ မြင်လာခဲ့ကြပြီး ဖြစ်သည်။ ဆိုလိုသည်မှာ လူတို့သည် ဘုရားသခင်ကို ကိုးကွယ်ခြင်းထက် ဗိမာန်တော်ကို ကိုးကွယ်ခဲ့ကြခြင်း ဖြစ်သည်၊ ထို့ကြောင့် သခင်ယေရှုက ရုပ်တုတို့ကို မကိုးကွယ်ဘဲ ယင်းအစား၊ ဘုရားသခင်သည် သာလွန်ကြီးမြတ်သည့်အတွက်၊ ဘုရားသခင်ကို ကိုးကွယ်ရန် ၎င်းတို့ကို သတိပေးခဲ့သည်။ ထို့ကြောင့် “ယဇ်ပူဇော်ခြင်း အကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏။” ဟု သူပြောခဲ့ပေသည်။ ယင်းမှာ သခင်ယေရှု၏အမြင်တွင် ပညတ်တော် အောက်တွင် အသက်ရှင်နေကြသော လူအများစုသည် ယေဟောဝါကို မကိုးကွယ်ကြတော့ဘဲ ယဇ်ပူဇော်ခြင်းကို ဟန်ဆောင်လုပ်ရုံလုပ်နေကြပြီး၊ သခင်ယေရှုက ဤသည်မှာ ရုပ်တုကိုးကွယ်ခြင်းဖြစ်သည်ဟု သတ်မှတ်ခဲ့သည်။ ဤရုပ်တုကိုးကွယ်သူတို့သည် ဗိမာန်တော်ကို ဘုရားသခင်ထက် ပိုကြီးမြတ်ပြီး၊ ပိုမြင့်မားသော အရာတစ်ခုအဖြစ် မြင်ခဲ့ကြသည်။ ၎င်းတို့၏ နှလုံးသားများတွင် ဘုရားသခင်မရှိဘဲ၊ ဗိမာန်တော်သာ ရှိပြီး၊ ဗိမာန်တော်ကို ၎င်းတို့ ဆုံးရှုံးသွားခဲ့မည်ဆိုပါက၊ ၎င်းတို့ နေထိုင်ရာအရပ်ကို ဆုံးရှုံးသွားမည်ဖြစ်သည်။ ဗိမာန်တော်မရှိဘဲ၊ ၎င်းတို့သည် ကိုးကွယ်ရန်နေရာမရှိသကဲ့သို့၊ ၎င်းတို့၏ ယဇ်ပူဇော်ခြင်းများကို မဆောင်ရွက်နိုင်ခဲ့ကြချေ။ ၎င်းတို့၏ နေထိုင်ရာအရပ်ဆိုသည်မှာ ဗိမာန်တော်ထဲတွင် နေထိုင်ပြီး မိမိတို့၏ ကိုယ်ပိုင် အရေးကိစ္စများကို ဆောင်ရွက်ဖို့အလို့ငှာ၊ ယေဟောဝါ ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့်ဆိုင်သည့် အတုအယောင် ဟန်ဆောင်မှုကို အသုံးချကြသည့်နေရာ ဖြစ်သည်။ ၎င်းတို့၏ “ယဇ်ပူဇော်ခြင်း” ဆိုသည်မှာ ဗိမာန်တော်ထဲတွင် ၎င်းတို့၏အစေခံခြင်းကို ဦးစီးဦးရွက်ပြုခြင်း အယောင်ဆောင်မှု အောက်တွင် ၎င်းတို့၏ကိုယ်ပိုင် ရှက်ဖွယ်ကောင်းသော အရောင်းအဝယ်ကို ဆောင်ရွက်ခြင်းသာ ဖြစ်သည်။ ဤသည်မှာ ထိုအချိန်က လူတို့သည် ဗိမာန်တော်ကို ဘုရားသခင်ထက် ကြီးမြတ်သည်ဟု မြင်ခဲ့ကြသည့် အကြောင်းရင်းဖြစ်သည်။ ၎င်းတို့သည် ဗိမာန်တော်ကို ဗန်းပြတစ်ခုအနေဖြင့် အသုံးပြုပြီး ယဇ်ပူဇော်မှုများကို လူတို့အား လိမ်ညာခြင်းနှင့် ဘုရားသခင်ကို လှည့်စားခြင်းအတွက် အယောင်ပြခြင်းအဖြစ် အသုံးပြု ခဲ့ကြသောကြောင့်၊ သခင်ယေရှုက လူတို့ကို သတိပေးခြင်း တစ်ခုအနေဖြင့် ဤစကားများကို ပြောခဲ့‌ခြင်း ဖြစ်သည်။ သင်တို့သည် ဤစကားများကို လက်ရှိအချိန်အတွက် ကျင့်သုံးပါက၊ ယင်းတို့သည် တန်းတူ ခိုင်လုံမှုရှိပြီး တန်းတူ အကျုံးဝင်ဆဲ ဖြစ်သည်။ ယနေ့လူတို့သည် ပညတ်တော်ခေတ်က လူတို့ ကြုံတွေ့ရခဲ့သည်ထက် မတူကွဲပြားသော ဘုရားသခင်၏ အမှုကို ကြုံတွေ့ကြရပြီးဖြစ်သော်လည်း၊ ၎င်းတို့၏ သဘာဝ၏ အနှစ်သာရမှာ တူညီပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

အသင်းတော်တွင် လူမည်မျှသည် မိမိတို့၏တာဝန်များကို ထမ်းဆောင်ပါစေ၊ ၎င်းတို့သည် နှစ်ယောက်ဖြစ်စေ၊ ဒါဇင်နှင့်ချီသည်ဖြစ်စေ သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်ကို ၎င်းတို့ဆုံးရှုံးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဘုရားသခင်၏အမှုတော်ကို တွေ့ကြုံနေခြင်းမရှိဘဲ၊ ဘုရားအမှုတော်နှင့် မည်သည့်ဆက်နွှယ်မှုမျှ မရှိသကဲ့သို့၊ ဘုရားအမှုတော်တွင် ပါဝင်ခြင်းလည်း မရှိပေ။ ၎င်းတို့သည် ဘာသာရေး အုပ်စုတစ်စု ဖြစ်လာသည်။ ဤလူများသည် အန္တရာယ်ကြီးစွာ ကြုံနေရသည် မဟုတ်လော။ ၎င်းတို့သည် ပြဿနာများဖြင့် ရင်ဆိုင်ရသည့်အခါ၊ မည်သည့်အခါမျှ သမ္မာတရားကို မရှာဖွေသကဲ့သို့၊ သမ္မာတရား အခြေခံသဘောတရားများနှင့်အညီ မပြုမူကြဘဲ၊ လူသားများ၏ စီစဉ်မှုများနှင့် ကြိုးကိုင်ညွှန်ကြားမှုများကို ခံကြရသည်။ မိမိတို့၏တာဝန်ကို ထမ်းဆောင်နေစဉ်တွင်၊ မည်သည့်အခါမျှ ဆုမတောင်းသကဲ့သို့ သမ္မာတရား အခြေခံသဘောတရားများကို မရှာဖွေကြသည့်သူများစွာပင် ရှိသည်။ ၎င်းတို့သည် အခြားသူများကိုသာ မေးမြန်းပြီး အခြားသူများ အရိပ်ပြသည့်အပေါ် လိုက်ပြုမူလျက် အခြားသူများ ပြောသည့်အတိုင်း လုပ်ဆောင်ကြသည်။ အခြားသူများက မည်သည့်နေရာကို ညွှန်ပြသည်ဖြစ်စေ ၎င်းတို့က ထိုနေရာသို့ သွားကြသည်။ ၎င်းတို့၏ ယုံကြည်မှုတွင် သမ္မာတရားရှာဖွေခြင်းသည် မရေမရာနှင့် ဒုက္ခများတတ်ကြောင်း၊ အခြားသူများအပေါ်မှီခိုပြီး အခြားသူများ ပြောသည့်အရာကို လုပ်ဆောင်ခြင်းကမူ လွယ်ကူပြီး လက်တွေ့အကျဆုံး ဖြစ်ကြောင်း ခံစားရသောကြောင့်၊ အခြားသူများကို မေးမြန်းပြီး အရာရာတွင် ၎င်းတို့ပြောသည့်အတိုင်း လုပ်ဆောင်ရင်း အရိုးစင်းဆုံးနှင့် ဒုက္ခမရောက်ဆုံး အရာကို ၎င်းတို့လုပ်ဆောင်ကြသည်။ အကျိုးဆက်အနေဖြင့် နှစ်များစွာ ယုံကြည်ပြီးသည့်နောက်တွင်ပင် ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် ဘုရားသခင်၏အလိုတော်နှင့် သမ္မာတရားကို ဆုတောင်းပြီး ရှာဖွေကာ ထို့နောက်တွင် သမ္မာတရားအား နားလည်ခြင်းကို စွမ်းဆောင်ရရှိပြီး ဘုရားသခင်၏အလိုတော်နှင့်အညီ ပြုမူကျင့်ကြံလျက် ဘုရားသခင်၏ရှေ့မှောက်သို့ ရောက်လာကြခြင်းမျိုး တစ်ခါမျှပင် မရှိဖူးပေ— ၎င်းတို့၌ ထိုကဲ့သို့သော အတွေ့အကြုံတစ်ခု မည်သည့်အခါမျှ မရှိဖူးပေ။ ထိုသို့သော လူများသည် ဘုရားသခင်အား ယုံကြည်မှုကို အမှန်တကယ် လက်တွေ့လုပ်ဆောင်ကြသလော။ ငါတွေးမိသည်— တစ်စုံတစ်ဦးသည် အုပ်စုတစ်စုအဝင်ဖြစ်လာသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအဖြစ်မှ လူကို ယုံကြည်သူတစ်ဦးအဖြစ်၊ ပြီးလျှင် ဘုရားသခင်နောက် လိုက်သူတစ်ဦးအဖြစ်မှ လူနောက်သို့ လိုက်သူ တစ်ဦးအဖြစ် ပုံသဏ္ဌာန်အရ ချက်ချင်းပြောင်းလဲသွားရန် အဘယ့်ကြောင့် လွယ်ကူရသနည်း။ ၎င်းတို့သည် အဘယ့်ကြောင့် အလွန်လျင်မြန်စွာ ပြောင်းလဲကြသနည်း။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးသည့်နောက်တွင်ပင်၊ ထိုနည်းလမ်းဖြင့် အဘယ့်ကြောင့် ပြုမူကြသနည်း။ ၎င်းတို့သည် ဘုရားသခင်ကို ဤနှစ်များတစ်လျှောက်လုံး ယုံကြည်ပြီးဖြစ်သော်လည်း၊ ထူးခြားစွာပင် ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် မည်သည့်အခါမျှ နေရာမရခဲ့ပေ။ ၎င်းတို့၌ ဘုရားသခင်နှင့် မည်သည့်ဆက်နွှယ်မှုမျှ လုံးဝမရှိဖူးပေ။ ၎င်းတို့၏ လုပ်ရပ်များ၊ စကားများ၊ ၎င်းတို့၏အသက်တာ၊ အရေးကိစ္စများကို ၎င်းတို့၏စီမံခြင်းနှင့် ကိုင်တွယ်ခြင်း၊ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်အတွက် ၎င်းတို့၏အစေခံခြင်း၌ပင်လျှင်— ၎င်းတို့လုပ်ဆောင်သမျှ အရာအားလုံး၊ ၎င်းတို့ထုတ်ဖော်သမျှ အပြုအမူအားလုံး၊ ၎င်းတို့ဖော်ပြသည့် အရာအားလုံးနှင့် ၎င်းတို့၏ အတွေးအခေါ်တိုင်း၊ သို့မဟုတ် စိတ်ကူးတိုင်း၌ပင်လျှင်— ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ဆက်နွှယ်မှုတစ်စုံတစ်ရာရှိသည့်အရာ ဘာတစ်ခုမျှမရှိပေ။ ထို့ကြောင့် ဤလူသည် စစ်မှန်သော ယုံကြည်သူများထဲမှ တစ်ဦးဖြစ်သလော။ တစ်စုံတစ်ဦး၏ယုံကြည်မှု နှစ်ကာလစုစုပေါင်းသည် ဘုရားသခင်ကို ၎င်းတို့ယုံကြည်ခြင်းအရာ၌ ၎င်းတို့၏ဝိညာဉ်ရင့်ကျက်မှုက မည်မျှကြီးမားသည်ကို ထုတ်ဖော်ပြသလော။ ယင်းက ၎င်းတို့၌ ဘုရားသခင်နှင့် သာမန်ဆက်ဆံရေး ရှိမရှိ၏ သက်သေဖြစ်သလော။ လုံးဝ မဟုတ်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ရှေ့တွင် အချိန်ပြည့် အသက်ရှင်မှသာ ကယ်တင်ခြင်းလမ်းကို သင်လျှောက်နိုင်မည်” မှ

အကယ်၍ လူတို့သည် ၎င်းတို့၏ ယုံကြည်ခြင်းတွင် သမ္မာတရားကို လိုက်နာစောင့်ထိန်းရန် စည်းမျဉ်းတစ်စုံအဖြစ် သဘောထားပါက ၎င်းတို့၏ ယုံကြည်ခြင်းသည် ဘာသာရေးဟိတ်ဟန်များအဖြစ်သို့ ပြောင်းလဲတတ်သည် မဟုတ်လော။ ထိုသို့သော ဘာသာရေးဟိတ်ဟန်များ နှင့် ခရစ်ယာန်ဘာသာအကြား ခြားနားမှုမှာ အဘယ်နည်း။ အမှုအရာများ ၎င်းတို့ ပြောဆုံပုံတွင် ပိုမိုလေးနက်ပြီး ပိုမိုတိုးတက်နိုင်သော်လည်း ၎င်းတို့၏ ယုံကြည်ခြင်းက စည်းမျဉ်းတစ်စုံ နှင့် ဘာသာရေး ဟိတ်ဟန်မျိုးတစ်ခုသာ ဖြစ်လာခဲ့ပါက၊ ယင်းသည် ခရစ်ယာန်ဘာသာအဖြစ်သို့ ပြောင်းသွားသည်ဟု ဆိုလိုသည် မဟုတ်လော။ သွန်သင်ချက်အဟောင်းများနှင့် အသစ်များအကြားတွင် ကွာခြားချက်များရှိသော်လည်း အကယ်၍ သွန်သင်ချက်များမှာ အယူအဆပုံစံမျိုးထက် မပိုဘဲ ဟိတ်ဟန်ပုံစံတစ်ခု၊ လူတို့အတွက် သြဝါဒပုံစံတစ်ခုမျှ ဖြစ်လာခဲ့သော်၊ ထိုနည်းတူ ၎င်းတို့သည်လည်း ယင်းထံမှ သမ္မာတရားကို မရနိုင်ပါက သို့မဟုတ် သမ္မာတရား၏စစ်မှန်မှုထဲသို့ မဝင်ရောက်နိုင်ပါက၊ ၎င်းတို့၏ယုံကြည်ခြင်းမှာ ခရစ်ယာန်ဘာသာကဲ့သို့ပင် ဖြစ်သည်မဟုတ်လော။ အနှစ်သာရအားဖြင့် ဤသည်မှာ ခရစ်ယာန်ဘာသာ မဟုတ်သလော။ (ဟုတ်ပါသည်။) ထို့ကြောင့် သင်တို့၏အပြုအမူနှင့် သင်တို့၏တာဝန်များ ထမ်းဆောင်ရာတွင် မည်သည့်အရာများ၌ သင်သည် ခရစ်ယာန်ဘာသာထဲက ယုံကြည်သူများနှင့် တူညီ သို့မဟုတ် ဆင်တူသည့် အမြင်များနှင့် အခြေအနေများ ရှိပါသနည်း။ (စည်းမျဉ်းများ လိုက်နာစောင့်ထိန်းခြင်း၊ နှုတ်ကပတ်တော်နှင့် အယူဝါဒတို့ဖြင့် ပြင်ဆင်ခြင်းများတွင်။) (ဝိညာဉ်ရေးရာ ပြည့်ဝပုံပေါ်ခြင်းနှင့် အပြုအမူကောင်းကို ထုတ်ပြခြင်း၊ ဘုရားတရား ကိုင်းရှိုင်းခြင်းနှင့် နှိမ့်ချခြင်းတို့အပေါ် အာရုံစိုက်ရာတွင်။) အပြင်ပန်းအနေဖြင့် အပြုအမူကောင်းရှိဖို့ သင် ကြိုးစားသည်၊ ဝိညာဉ်ရေး ပြည့်ဝသည့်ပုံမျိုးဖြင့် မိမိကိုယ်ကိုယ် ပြရုပ်တင်ဖို့ သင် အစွမ်းကုန်လုပ်ဆောင်သည်၊ ဝိညာဉ်ရေး အယူဝါဒကို ပြောဆိုသည်၊ ဝိညာဉ်ရေးရာအရ မှန်ကန်သော အရာများကို ပြောဆိုသည်၊ လူသား၏ အယူအဆနှင့် စိတ်ကူးစိတ်သန်းများက အတော်လေး ထောက်ခံသည့် အရာများကို လုပ်ဆောင်သည်၊ မွန်မြတ်သောသူကဲ့သို့ ဟန်ဆောင်လေသည်။ နှုတ်ကပတ်တော်များနှင့် အယူဝါဒများကို သင် မြင့်မြင့်မားမား ပြောဆိုသည်၊ ကောင်းရာလုပ်ဖို့၊ မွန်မြတ်သော လူများဖြစ်ဖို့နှင့် သမ္မာတရားကို နားလည်ဖို့ လူတို့ကို သွန်သင်သည်၊ သင်သည် ဝိညာဉ်ရေး ပြည့်ဝသည့်ပုံပြုမူပြီး သင် လုပ်ဆောင်သမျှတိုင်းတွင် အပေါ်ယံ ဝိညာဉ်ရေးရာ ပြည့်ဝခြင်းကို သင် ဖော်ထုတ်ပြသည်။ သို့သော်၊ လက်တွေ့တွင်၊ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ ရှာဖွေခဲ့ခြင်းမပြု၊ ပြဿနာတစ်ခု သင် ကြုံရသည်နှင့်တပြိုင်နက် ဘုရားသခင်ကို ဘေးတွန်းထုတ်ကာ လူ့အလိုဆန္ဒအတိုင်း သင် လုံးလုံးလျားလျား ပြုမူလေသည်။ သမ္မာတရား၏ အခြေခံသဘောတရားများနှင့်အညီ သင် မည်သည့်အခါမျှ ပြုမူလုပ်ဆောင်ခဲ့ခြင်းမရှိ၊ သမ္မာတရားထဲ၌ မည်သည့်အရာကို ပြောထားကြောင်း၊ ဘုရားသခင်၏အလိုတော်မှာ မည်သည့်အရာဖြစ်ကြောင်း၊ သူသည် လူသားကို မည်သည့်စံနှုန်းများ သတ်မှတ်ထားကြောင်း မည်သည့်အခါမျှ သင် နားလည်ခဲ့ခြင်းမရှိပေ၊ သင်သည် ဤကိစ္စရပ်များကို မည်သည့်အခါမျှ အလေးအနက် သဘောထားခဲ့ခြင်းမရှိ သို့မဟုတ် ၎င်းတို့ကို သင် စိတ်ဝင်စားခြင်း မရှိချေ။ လူတို့၏ ထိုသို့သော ပြင်ပလုပ်ဆောင်ချက်များနှင့် အတွင်းပိုင်းအခြေအနေများဖြစ်သည့် ဤယုံကြည်ခြင်းမျိုးသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကိုရှောင်ခြင်း ဖြစ်စေပါသလော။ အကယ်၍ လူတို့၏ယုံကြည်ခြင်းနှင့် သမ္မာတရားအပေါ် ၎င်းတို့၏လိုက်စားမှုအကြား ဆက်နွှယ်မှု မရှိပါက ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ကြသလော၊ မယုံကြည်ကြသလော။ သမ္မာတရားကို လိုက်စားခြင်းနှင့် ဆက်စပ်မှုမရှိသည့် လူတို့သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်နိုင်ခဲ့ပါစေ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ကြောက်ရွံ့သော ကြည်ညိုမှု ရရှိပြီး မကောင်းမှုကို အစစ်အမှန် ရှောင်ကြည်နိုင်သလော၊ မရှောင်ကြဉ်နိုင်သလော။ (မရှောင်ကြဉ်နိုင်ပါ။) ထိုသို့ဆိုသော် ယင်းကဲ့သို့သောလူများ၏ အပေါ်ယံ အပြုအမူမှာ အဘယ်နည်း။ မည်သည့်လမ်းကြောင်းမျိုးကို ၎င်းတို့ လျှောက်နိုင်သနည်း။ (ဖာရိရှဲတို့၏ လမ်းကြောင်း ဖြစ်ပါသည်။) ၎င်းတို့ကိုယ်ကို မည်သည့်အရာများဖြင့် တပ်ဆင်ပြီး ၎င်းတို့၏ နေ့ရက်များကို ကုန်လွန်စေကြသနည်း။ နှုတ်ကပတ်တော်များနှင့် အယူအဆများဖြင့် မဟုတ်လော။ ၎င်းတို့သည် ၎င်းတို့ကိုယ်ကို ဖာရိရှဲများ၊ သာ၍ ဝိညာဉ်ရေးရာပြည့်ဝပြီး ဘုရားသခင်ကို အစေခံသည်ဟု ယူဆရသောလူများနှင့် ပို၍တူစေရန်၊ ဘုရားသခင်ကို အစေခံသည်ဟု ယူဆရသောလူများနှင့် ပို၍တူစေရန်၊ နှုတ်ကပတ်တော်များနှင့် အယူအဆများဖြင့် ၎င်းတို့ကိုယ်ကို လက်နက်တပ်ဆင်ခြင်း၊ ဝတ်ဆင်ခြင်းဖြင့် ၎င်းတို့၏နေ့ရက်များကို ကုန်လွန်စေကြသည်မဟုတ်လော။ ဤနည်းစနစ်အားလုံး၏ သဘာဝမှာ မည်သည့်အရာသာဖြစ်သနည်း။ ဘုရားသခင်ကို ကိုးကွယ်ခြင်းလော။ ကိုယ်တော်၌ စစ်မှန်သော ယုံကြည်ခြင်းလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်နေကြပါသနည်း။ ၎င်းတို့သည် ဘုရားသခင်ကို လှည့်ဖြားနေကြခြင်း ဖြစ်သည်၊ ၎င်းတို့သည် ဖြစ်စဉ်တစ်ခု၏ အဆင့်များကို ဖြတ်သန်းနေခြင်းနှင့် ဘာသာရေး ဟိတ်ဟန်များထဲတွင် ပါဝင်ပတ်သက်နေကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ယုံကြည်ခြင်းအလံကို လှုပ်ယမ်းကြပြီး ဘာသာရေးထုံးတမ်းများကို လုပ်ဆောင်ခြင်း၊ ကောင်းချီးမင်္ဂလာခံစားရစေရန် ရည်မှန်းချက် ပြည့်မီရေးအတွက် ဘုရားသခင်ကို လိမ်လည်လှည့်ဖြားရန် ကြိုးစားခြင်းတို့ကို ပြုကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကိုးကွယ်ခြင်း လုံးဝမပြုကြပေ။ အဆုံးတွင် ယင်းကဲ့သို့ လူတစ်စုသည် အသင်းတော်အတွင်း ဘုရားသခင်ကို အစေခံသည်ဟု ယူဆရပြီး ဘုရားသခင်ကို ယုံကြည်ပြီး နောက်လိုက်ကြသောသူများကဲ့သို့ပင် အဆုံးသတ်မည် မဟုတ်လော။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ရှေ့တွင် အချိန်ပြည့် အသက်ရှင်မှသာ ကယ်တင်ခြင်းလမ်းကို သင်လျှောက်နိုင်မည်” မှ

ယေဟောဝါကို ယုံကြည်သောသူများကို ဘုရားသခင် မည်သည့်အမည် ပေးသနည်း။ ယုဒဘာသာပင်ဖြစ်သည်။ ၎င်းတို့သည် ဘာသာရေးအဖွဲ့တစ်ဖွဲ့ကဲ့သို့ ဖြစ်လာကြသည်။ ထို့အပြင် ဘုရားသခင်သည် ယေရှုကို ယုံကြည်သောသူများကို မည်ကဲ့သို့ သတ်မှတ်သနည်း။ (ခရစ်ယာန်ဘာသာပင်ဖြစ်သည်။) ဘုရားသခင်၏အမြင်တွင် ယုဒဘာသာနှင့် ခရစ်ယာန်ဘာသာသည် ဘာသာရေးအဖွဲ့များ ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့ကို အဘယ်ကြောင့် ထိုကဲ့သို့ သတ်မှတ်သနည်း။ ဘုရားသခင်၏ သတ်မှတ်ခြင်းကို ခံရသော ဤဘာသာရေးအဖွဲ့များ၏ အသင်းဝင်များ ဖြစ်သောသူ အားလုံးအကြားတွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သော၊ ဘုရားသခင်၏အလိုတော်ကို လုပ်ဆောင်ပြီး ဘုရားသခင်၏လမ်းကို လိုက်နာသောသူ တစ်စုံတစ်ဦးရှိသလော။ (မရှိပါ။) ဤအရာက ရှင်းလင်းသွားစေသည်။ ဘုရားသခင်၏ အမြင်တွင် ဘုရားသခင်နောက် အမည်ခံ လိုက်သောသူအပေါင်းသည် ယုံကြည်သူများအဖြစ် ဘုရားသခင် လက်ခံသောသူများ ဖြစ်နိုင်သလော။ ၎င်းတို့အားလုံးသည် ဘုရားသခင်နှင့် ဆက်နွှယ်မှုတစ်ခု ရှိကြသလော။ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ ကယ်တင်ခြင်းအတွက် ပြစ်မှတ်များ ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) ထို့ကြောင့် သင်တို့ကို ဘုရားသခင်က ဘာသာရေးအဖွဲ့တစ်ဖွဲ့ဟု မြင်သောအဖွဲ့သို့ ဆိုက်ရောက်သော နေ့ရက်တစ်ရက် ရောက်လာမည်လော။ (ဖြစ်နိုင်ချေရှိသည်။) ဘာသာရေးအဖွဲ့တစ်ဖွဲ့အဖြစ်သို့ ဆိုက်ရောက်စေခြင်း ခံရသည့်အားလျော်စွာ ယင်းမှာ စိတ်ကူး၍မရနိုင်ပုံရ၏။ အကယ်၍ လူတို့သည် ဘုရားသခင်၏အမြင်တွင် ဘာသာရေးအဖွဲ့အစ်ဖွဲ့၏ အစိတ်အပိုင်း ဖြစ်လာပါက၊ သူတို့သည် သူ၏ ကယ်တင်ခြင်းကို ခံရလိမ့်မည်လော။ သူတို့သည် ဘုရားသခင်၏အိမ်တော်သားများ ဟုတ်ကြသလော။ (မဟုတ်ကြပါ။) ထို့ကြောင့် အကျဉ်းချုပ်ကြည့်ပါ- စစ်မှန်သောဘုရားသခင်ကို အမည်ခံ ယုံကြည်သော်လည်း ဘုရားသခင်က ဘာသာရေးအဖွဲ့တစ်ဖွဲ့၏ အစိတ်အပိုင်းဖြစ်သည်ဟု ယူဆသည့် ဤသူများသည် မည်သည့်လမ်းကြောင်းကို လျှောက်ကြသနည်း။ ဤလူများသည် ကိုယ်တော့်လမ်းကို လိုက်ခြင်း၊ ဘုရားသခင်အား ယုံကြည်သော်လည်း ကိုယ်တော့်ကို လုံးဝကိုးကွယ်ခြင်း မရှိ၊ ထို့အစား ကိုယ်တော်ကို စွန့်ပစ်ကြလျှင် ယုံကြည်ခြင်းအလံလွှင့်ထူနေသော လမ်းကြောင်းကို လျှောက်ကြသည်ဟု ဆိုနိုင်သလော။ ယင်းမှာ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သောလမ်းကြောင်း၌ လျှောက်ကြသော်လည်း ဘုရားသခင်၏လမ်းကို လိုက်လျှောက်ခြင်းမရှိဘဲ ဘုရားသခင်ကို စွန့်ပစ်ကြသည်။ သူတို့၏လမ်းမှာ ဘုရားသခင်ကို ယုံကြည်သော်လည်း စာတန်ကို ကိုးကွယ်သည့်လမ်းပင် ဖြစ်၏၊ သူတို့သည် မာရ်နတ်ကို ကိုးကွယ်သည်၊ သူတို့သည် သူတို့၏ကိုယ်ပိုင် စီမံခန့်ခွဲမှုကို လုပ်ဆောင်ရန် ကြိုးစားပြီး၊ သူတို့၏ကိုယ်ပိုင်နိုင်ငံတော်ကို တည်ထောင်ရန် ကြိုးပမ်းကြသည်။ ဤသည်မှာ ၎င်း၏အနှစ်သာရလော။ ဤကဲ့သို့သော် လူများသည် လူသားကို ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် ဆက်နွှယ်မှုတစ်စုံတစ်ရာ ရှိသလော။ (မရှိပါ။) လူမည်မျှ ဘုရားသခင်ကို ယုံကြည်ပါစေ၊ ၎င်းတို့၏ယုံကြည်မှုများမှာ ဘာသာရေးတစ်ခု သို့မဟုတ် အဖွဲ့တစ်ခု ဖြစ်သည်ဟု ဘုရားသခင်၏သတ်မှတ်ခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့မှာ ကယ်တင်၍မရနိုင်ဟု ဘုရားသခင် သတ်မှတ်ပြီးဖြစ်၏။ ဤအရာကို အဘယ်ကြောင့် ငါဆိုသနည်း။ ဘုရားသခင်၏အမှုနှင့် လမ်းပြခြင်းမရှိသည့်အပြင် ကိုယ်တော့်ကို ကိုးကွယ်ခြင်း လုံးဝမရှိသော လူစု သို့မဟုတ် လူအုပ်တစ်ခုတွင် ၎င်းတို့သည် မည်သူ့ကို ကိုးကွယ်ကြသနည်း။ ၎င်းတို့သည် မည်သူ့နောက်သို့ လိုက်ကြသနည်း။ ပုံစံနှင့် အမည်နာမအရ သူတို့သည် ပုဂ္ဂိုလ်တစ်ဦးနောက် လိုက်ကြသော်လည်း မည်သူ့ကို သူတို့အမှန်တကယ် လိုက်ကြသနည်း။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို အသိအမှတ်ပြုကြသော်လည်း၊ အမှန်တွင် ၎င်းတို့သည် လူသား၏ ကြိုးကိုင်ခြယ်လှယ်ခြင်း၊ စီစဉ်ခြင်းများနှင့် ထိန်းချုပ်ခြင်းကို ခံကြရ၏။ ၎င်းတို့သည် စာတန်မာရ်နတ်နောက်သို့ လိုက်ကြခြင်းဖြစ်၏၊ ၎င်းတို့သည် ဘုရားသခင်ကို ရန်လိုသော၊ ဘုရားသခင်၏ရန်သူများဖြစ်ကြသော အင်အားစုများနောက်သို့ လိုက်ကြ၏။ ဘုရားသခင်သည် ယင်းကဲ့သို့သော လူအုပ်တစ်အုပ်ကို ကယ်တင်မည်လော။ (မကယ်တင်ပါ။) အဘယ့်ကြောင့်နည်း။ ၎င်းတို့သည် နောင်တရနိုင်စွမ်း ရှိကြသလော။ (မရှိပါ။) ၎င်းတို့သည် ယုံကြည်ခြင်းအလံကို လွှင့်ကာ လူသားလုပ်ငန်းများကို လုပ်ဆောင်နေကြပြီး၊ ၎င်းတို့၏ကိုယ်ပိုင်စီမံခန့်ခွဲမှုကို ဆောင်ရွက်နေကြပြီး ၎င်းတို့သည် လူသားမျိုးနွယ် ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ဆန့်ကျင်ကြ၏။ ၎င်းတို့၏ နောက်ဆုံးရလဒ်မှာ ဘုရားသခင်၏စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရခြင်း ဖြစ်သည်၊ ဘုရားသခင်သည် ဤလူများကို ကယ်တင်ရန် မဖြစ်ေနိုင်ပေ၊ ၎င်းတို့သည် နောင်တရရန် မဖြစ်နိုင်ပေ၊ ၎င်းတို့သည် စာတန်၏ဖမ်ဆီးချုပ်နှောင်ခြင်းကို ခံရနှင့်ပြီဖြစ်၏၊ ၎င်းတို့သည် စာတန်၏လက်ထဲ၌သာ လုံးလုံးလျားလျား ရှိကြ၏။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ရှေ့တွင် အချိန်ပြည့် အသက်ရှင်မှသာ ကယ်တင်ခြင်းလမ်းကို သင်လျှောက်နိုင်မည်” မှ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏အမှုတော်အသစ်ကို လက်ခံပြီး နာခံသည့် အသင်းတော်သည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံရသော်လည်း၊ ဘာသာရေးလောကမှာမူ သူ့ကို အာခံခြင်းကြောင့် ကျိန်ဆဲခြင်းခံရသည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင်ကို ယုံကြည်သောသူများအနေဖြင့်၊ သင်တို့အသီးသီးသည် နောက်ဆုံးသော ကာလ၌ ဘုရားသခင်၏ အမှုနှင့်...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။