ဘုရားသခင်၏အမှုတော်အသစ်ကို လက်ခံပြီး နာခံသည့် အသင်းတော်သည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံရသော်လည်း၊ ဘာသာရေးလောကမှာမူ သူ့ကို အာခံခြင်းကြောင့် ကျိန်ဆဲခြင်းခံရသည်

22.09.2019

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်ကို ယုံကြည်သောသူများအနေဖြင့်၊ သင်တို့အသီးသီးသည် နောက်ဆုံးသော ကာလ၌ ဘုရားသခင်၏ အမှုနှင့် ယနေ့ သင့်အထဲတွင် သူ ပြုသည့် သူ၏ အစီအစဉ်နှင့်ဆိုင်သော အမှုကို လက်ခံခြင်းအားဖြင့် အဆုံးစွန်သော ချီးမြှောက်ခြင်းနှင့် ကယ်တင်ခြင်းတို့အား သင်တို့ အမှန်တကယ် မည်သို့ ရရှိပြီးကြသည်ကို နားလည်သင့်ပေသည်။ ဘုရားသခင်သည် ဤလူစုကို စကြဝဠာတစ်ခွင်လုံးအနှံ့ သူ၏အမှုနှင့်ဆိုင်သည့် တစ်ခုတည်းသော ဗဟိုအချက်အဖြစ် ပြုလုပ်ပြီး ဖြစ်သည်။ သူသည် သင်တို့အတွက် သူ၏နှလုံးသွေးအားလုံးကို စတေးပြီးဖြစ်သည်။ စကြဝဠာအနှံ့အပြားရှိ ဝိညာဉ်တော်၏အမှုအားလုံးကို သူသည် ပြန်သိမ်းပြီးဖြစ်ကာ သင်တို့အား ပေးပြီးဖြစ်သည်။ ယင်းမှာ သင်တို့သည် ကံကောင်းသူများဖြစ်သည်ဟု ငါပြောရသည့်အကြောင်းရင်း ဖြစ်သည်။ ထို့အပြင်၊ သူသည် သူ၏ဘုန်းအသရေကို သူ၏ ရွေးချယ်သောလူမျိုး ဣသရေလထံမှ သင်တို့ထံသို့ လွှဲပြောင်းပြီးဖြစ်ကာ၊ သူသည် ဤလူစုမှတစ်ဆင့် သူ၏အစီအစဉ်၏ ရည်ရွယ်ချက်ကို အပြည့်အဝ ထင်ရှားစေလိမ့်မည်။ သို့ဖြစ်၍၊ သင်တို့သည် ဘုရားသခင်၏အမွေကို ရရှိမည့်သူများဖြစ်ကြပြီး၊ ဤထက်မကပင် သင်တို့သည် ဘုရားသခင် ဘုန်းအသရေ၏ အမွေစားအမွေခံများ ဖြစ်ကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော

သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလင်းနောက်သို့ လိုက်လျှောက်နိုင်သူ အားလုံးသည် မင်္ဂလာရှိကြ၏။ အတိတ်ကာလများ၏ လူတို့သည်လည်း ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့ကြသည်၊ သို့သော် ယနေ့ထိတိုင် ၎င်းတို့ မလိုက်လျှောက်နိုင်ခဲ့ကြချေ။ ဤသည်မှာ နောက်ဆုံးသောကာလ လူများ၏ ကောင်းချီးမင်္ဂလာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်နောက်သို့ လိုက်လျှောက်နိုင်သောသူများနှင့် ဘုရားသခင်က ၎င်းတို့ကို ဦးဆောင်သည့် မည်သည့်နေရာသို့မဆို ဘုရားသခင် နောက်လိုက်ကြသည့် ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်သော ထိုသို့သောသူများ- ဤသည်တို့မှာ ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံစားရသည့် လူများ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်နောက်သို့ မလိုက်လျှောက်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော အမှုထဲသို့ မဝင်ရောက်ကြသေးသကဲ့သို့၊ ၎င်းတို့ မည်မျှ အလုပ်လုပ်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ ဒုက္ခဆင်းရဲများ မည်မျှ ကြီးမားသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ မည်မျှ ဟိုဟိုသည်သည် အလုပ်များသည်ဖြစ်စေ၊ ထိုအရာထဲမှတစ်ခုမျှ ဘုရားသခင်အဖို့ အဓိပ္ပာယ် တစ်ခုတစ်လေမျှ မရှိသကဲ့သို့၊ သူသည် ၎င်းတို့ကို ချီးကျူးလိမ့်မည် မဟုတ်။ ယနေ့တွင် ဘုရားသခင်၏ လက်ရှိနှုတ်ကပတ်တော်များနောက်သို့ လိုက်လျှောက်သောသူ အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိကြသည်။ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းသောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်း အပြင်တွင် ရှိကြပြီး၊ ထိုသို့သောလူတို့ကို ဘုရားသခင် မချီးကျူးပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိမိန့်မြွက်ချက်များမှ ကင်းကွာသည့် အစေခံခြင်းသည် ဇာတိပကတိနှင့် အယူအဆများနှင့်ဆိုင်သော အစေခံခြင်းဖြစ်ပြီး၊ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီဖို့မှာ ယင်းအတွက် မဖြစ်နိုင်ပေ။ အကယ်၍ လူများသည် ဘာသာရေး အယူအဆများအလယ်တွင် အသက်ရှင်ကြပါက၊ ၎င်းတို့သည် ဘုရားသခင်၏ အလိုနှင့် သင့်တော်သည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ကြသကဲ့သို့၊ ဘုရားသခင်ကို ၎င်းတို့ အစေခံကြသော်လည်း၊ ၎င်းတို့၏ စိတ်ကူးစိတ်သန်းများနှင့် အယူအဆများအလယ်တွင် အစေခံကြပြီး၊ ဘုရားသခင်၏ အလိုနှင့်အညီ အစေခံနိုင်စွမ်း လုံးဝမရှိကြချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နောက်သို့ မလိုက်လျှောက်နိုင်သောသူများသည် ဘုရားသခင်၏ အလိုကို နားမလည်ကြသကဲ့သို့၊ ဘုရားသခင်၏အလိုကို နားမလည်သောသူများသည် ဘုရားသခင်ကို အစေမခံနိုင်ကြပေ။ ဘုရားသခင်သည် သူ၏စိတ်နှလုံးနှင့် ညီညွတ်သော အစေခံခြင်းကို အလိုရှိသည်။ သူသည် အယူအဆများ၊ ဇာတိပကတိနှင့်ဆိုင်သော အစေခံခြင်းကို အလိုမရှိပေ။ အကယ်၍ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်စွမ်းမရှိပါက၊ ၎င်းတို့သည် အယူအဆများအလယ်တွင် အသက်ရှင်ကြ၏။ ထိုသို့သော လူတို့၏ အစေခံခြင်းသည် ကာဆီးကာ နှောင့်ယှက်ပြီး၊ ထိုသို့သော အစေခံခြင်းသည် ဘုရားသခင်ကို ဆန့်ကျင်ပေသည်။ ထို့ကြောင့် ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ မလိုက်လျှောက်နိုင်သောသူများသည် ဘုရားသခင်ကို အစေခံနိုင်စွမ်း မရှိပေ။ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ မလိုက်လျှောက်နိုင်သောသူများသည် ဘုရားသခင်ကို အသေချာဆုံး ဆန့်ကျင်ကြပြီး၊ ဘုရားသခင်နှင့် သဟဇာတဖြစ်နိုင်စွမ်း မရှိကြချေ။ “သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် နောက်သို့ လိုက်လျှောက်ခြင်း” ဆိုသည်မှာ ယနေ့ ဘုရားသခင်၏ အလိုကို နားလည်ခြင်း၊ ဘုရားသခင်၏ လက်ရှိ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ခြင်း၊ ယနေ့၏ ဘုရားသခင်ကို နာခံကာ လိုက်လျှောက်နိုင်ခြင်းနှင့် ဘုရားသခင်၏ အသစ်လွင်ဆုံးသော မိန့်မြွက်ချက်များနှင့်အညီ ဝင်ရောက်ခြင်းတို့ကို ဆိုလိုသည်။ ဤသည်သာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နောက်သို့ လိုက်လျှောက်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိသောသူတစ်ဦး ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ ချီးမွမ်းမှုကို ရရှိနိုင်စွမ်းနှင့် ဘုရားသခင်ကို မြင်တွေ့နိုင်စွမ်း ရှိသည်သာမက၊ ဘုရားသခင်၏ နောက်ဆုံးအမှုမှတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထားကိုလည်း သိရှိနိုင်ပြီး၊ လူတို့၏ အယူအဆများနှင့် မနာခံမှု၊ ပြီးလျှင် လူတို့၏ သဘာဝနှင့် အနှစ်သာရတို့ကို သူ၏ နောက်ဆုံးအမှုမှ သိရှိနိုင်ပေသည်။ ထို့အပြင် ၎င်းတို့၏ အစေခံမှုအတွင်းတွင်၊ ၎င်းတို့သည် ၎င်းတို့၏ စိတ်သဘောထားထဲက ပြောင်းလဲမှုများကို တဖြည်းဖြည်း ရရှိနိုင်ကြလေသည်။ ဤကဲ့သို့သော လူများသာ ဘုရားသခင်ကို ရရှိနိုင်သူများနှင့် မှန်သောလမ်းခရီးကို စစ်မှန်ရိုးသားစွာ တွေ့ရှိပြီးသောသူများ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်အားဖြင့် ပယ်ရှင်းခံရသော သူများမှာ ဘုရားသခင်၏ နောက်ဆုံးအမှုနောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်၏ နောက်ဆုံးအမှုကို ဆန့်ကျင်ပုန်ကန်သောသူများ ဖြစ်သည်။ ထိုသို့သောသူများက ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ပုန်ကြသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် အမှုသစ်ကို လုပ်ဆောင်ပြီးဖြစ်သောကြောင့်ဖြစ်ပြီး၊ ဘုရားသခင်၏သဏ္ဌာန်သည် ၎င်းတို့၏ အယူအဆများထဲရှိ သဏ္ဌာန်နှင့် မတူညီသောကြောင့်ဖြစ်သည်- ဤအရာ၏ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ကြပြီး၊ ဘုရားသခင်အပေါ် အကဲဖြတ်ဝေဖန်ကြသည်၊ ယင်းက ၎င်းတို့ကို ဘုရားသခင်က စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းတို့ကို အကျိုးဆက် ဖြစ်ပေါ်စေလေသည်။ ဘုရားသခင်၏ နောက်ဆုံးသောအမှုနှင့်ဆိုင်သည့် အသိပညာကို ပိုင်ဆိုင်ခြင်းသည် လွယ်ကူသည့် ကိစ္စရပ် မဟုတ်ပေ၊ သို့သော် လူများသည် ဘုရားသခင်၏အမှုကို နာခံလိုစိတ် ရှိပြီး၊ ဘုရားသခင်၏အမှုကို ရှာဖွေလိုစိတ် ရှိကြပါက၊ ၎င်းတို့သည် ဘုရားသခင်အား မြင်တွေ့ရန် အခွင့်အရေး ရှိကြလိမ့်မည် ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်လွင်ဆုံးသော လမ်းပြမှုကို ရရှိရန် အခွင့်အရေး ရှိကြလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏အမှုကို တမင်တကာ ဆန့်ကျင်သူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်း သို့မဟုတ် ဘုရားသခင်၏ လမ်းပြမှုကို မရရှိနိုင်ပေ။ ထို့ကြောင့် လူများသည် ဘုရားသခင်၏ နောက်ဆုံးအမှုကို ရရှိနိုင်ခြင်း ရှိမရှိဆိုသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်အပေါ် မူတည်သည်၊ ယင်းသည် ၎င်းတို့၏ အားထုတ်မှုအပေါ် မူတည်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်များအပေါ် မူတည်ပေသည်။

သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိမိန့်မြွက်ချက်များကို နာခံနိုင်သောသူအားလုံးသည် မင်္ဂလာရှိကြ၏။ ၎င်းတို့ မည်သို့ ဖြစ်လေ့ရှိခဲ့သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်သို့ အလုပ်လုပ်လေ့ရှိခဲ့သည် ဖြစ်စေ- ဘုရားသခင်၏ နောက်ဆုံးအမှုကို ရရှိပြီးသောသူများသည် ကောင်းချီးမင်္ဂလာကို အခံစားရဆုံးဖြစ်ပြီး၊ ယနေ့ နောက်ဆုံးသော အမှုကို မလိုက်လျှောက်နိုင်သောသူများမှာ ပယ်ရှင်းခံကြရသည်။ ဘုရားသခင်သည် အလင်းသစ်ကို လက်ခံနိုင်သောသူများကို အလိုရှိပြီး၊ သူ၏ နောက်ဆုံးအမှုကို လက်ခံကာ သိရှိသောသူများကို အလိုရှိသည်။ သင်တို့သည် စင်ကြယ်သော အပျိုကညာ ဖြစ်ရမည်ဟု အဘယ်ကြောင့် ပြောထားသနည်း။ စင်ကြယ်သော အပျိုကညာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရှာဖွေနိုင်ပြီး အသစ်သော အမှုအရာများကို နားလည်နိုင်သည်၊ ထို့အပြင် အယူအဆဟောင်းများကို ဘေးဖယ်ထားနိုင်ပြီး၊ ယနေ့ ဘုရားသခင်၏ အမှုကို နာခံနိုင်ကြလေသည်။ ယနေ့ အသစ်အဖြစ်ဆုံးသော အမှုကို လက်ခံသော ဤလူအုပ်စုသည် ခေတ်များ မတိုင်မီတွင် ဘုရားသခင်၏ ခွဲခန့်မှတ်သားခြင်းကို ခံခဲ့ကြရပြီး၊ ကောင်းချီးမင်္ဂလာ အခံစားရဆုံးသောလူများ ဖြစ်ကြသည်။ သင်တို့သည် ဘုရားသခင်၏ အသံကို တိုက်ရိုက် ကြားရပြီး ဘုရားသခင် ပေါ်ထွန်းခြင်းကို မြင်ကြရသည်၊ ထို့ကြောင့် ကောင်းကင်နှင့် မြေကြီးတစ်ပြင်လုံးနှင့် ခေတ်ကာလများတစ်လျှောက်လုံးတွင် ဤလူစုဖြစ်သည့်‌ သင်တို့ထက် မည်သူမျှ ကောင်းချီးမခံစားကြရလေပြီ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့

သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် အမြဲ ရှေ့ဆက်နေပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲတွင် ရှိသူအားလုံးသည်လည်း တစ်ဆင့်ပြီးတစ်ဆင့်၊ သာ၍နက်နဲစွာ တိုးတက်ပြီး ပြောင်းလဲနေသင့်ပေသည်။ ၎င်းတို့သည် အဆင့်တစ်ဆင့်တွင် မရပ်တန့်နေသင့်ပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို မသိသူများသာ သူ၏မူလအလုပ်တွင် ရှိမြဲရှိနေကြမည် ဖြစ်ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက် အသစ်ကို လက်ခံကြမည် မဟုတ်ပေ။ နာခံခြင်းမရှိသူများသာ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ရရှိနိုင်စွမ်း မရှိဘဲ ဖြစ်မည်။ လူ၏လက်တွေ့ လုပ်ဆောင်မှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်သော လုပ်ဆောင်ချက်ကို အမီမလိုက်နိုင်ပါက၊ လူ၏လက်တွေ့လုပ်ဆောင်မှုသည် ယနေ့အမှုနှင့် ဧကန်မုချ ပြတ်တောက်ပြီး၊ ယနေ့အမှုနှင့် ဧကန်မုချ သဟဇာတ မဖြစ်ပေ။ ဤကဲ့သို့သော ခေတ်နောက်ကျသည့် လူများသည် ဘုရားသခင်အဖို့ နောက်ဆုံးတွင် သက်သေခံရပ်တည်မည့်လူများ ဖြစ်လာရန် မဆိုထားနှင့်၊ ဘုရားသခင်၏ အလိုကို အကယ်ပင် ဖြည့်ဆည်းနိုင်စွမ်း မရှိကြချေ။ ထို့အပြင် စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံးကို ထိုသို့သော လူတစ်စုအလယ်တွင် အဆုံးသတ်၍ မရနိုင်ပေ။ ယေဟောဝါ၏ ပညတ်တရားကို တစ်ချိန်က ကိုင်စွဲခဲ့သူများနှင့် ကားတိုင်အတွက် တစ်ချိန်က ဒုက္ခဆင်းရဲ ခံခဲ့ရသောသူတို့သည်၊ နောက်ဆုံးသောကာလ အမှု၏ အဆင့်ကို လက်မခံနိုင်ပါက၊ ၎င်းတို့လုပ်ဆောင်ခဲ့သမျှ အားလုံးသည် အချည်းနှီးနှင့် အလဟဿ ဖြစ်ပြီးဖြစ်ပေလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နှင့်ဆိုင်သည့် အရှင်းဆုံးသော ဖော်ပြချက်မှာ အတိတ်ကို မဖက်တွယ်ဘဲ၊ ဤနေရာနှင့် ယခုအချိန်ကို လက်ခံယုံကြည်ခြင်းတွင် ရှိပေသည်။ ယနေ့အမှုကို အမီမလိုက်သူများနှင့် ယနေ့လက်တွေ့လုပ်ဆောင်မှုမှ ခွဲထွက်လားပြီး ဖြစ်သူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဆန့်ကျင်ကာ လက်မခံသောသူများ ဖြစ်ကြသည်။ ထိုသို့သောလူများသည် ဘုရားသခင်၏ လက်ရှိအမှုကို အာခံကြသည်။ ၎င်းတို့သည် အတိတ်၏ အလင်းကို ဆုပ်ကိုင်ကြသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ၎င်းတို့ မသိကြသည်မှာ ငြင်းမရနိုင်ပေ။ လူ၏လက်တွေ့လုပ်ဆောင်မှု၌ ပြောင်းလဲမှုများ အကြောင်း၊ အတိတ်နှင့် ယနေ့အကြား လက်တွေ့လုပ်ဆောင်မှုရှိ မတူညီကွဲပြားမှုများအကြောင်း၊ ယခင်ခေတ်အတောအတွင်းတွင် လက်တွေ့လုပ်ဆောင်မှုကို ဆောင်ရွက်ခဲ့သည့်ပုံနှင့် ယနေ့တွင် ယင်းကို လုပ်ဆောင်သည့်ပုံတို့နှင့်ဆိုင်သည့် ဤပြောဆိုဆွေးနွေးမှုသာ အဘယ့်ကြောင့် ပြောဆိုရလေပြီနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် စဉ်ဆက်မပြတ် ရှေ့သို့ရွေ့ဆက်နေပြီး၊ ထိုသို့ဖြင့် လူသား၏ လက်တွေ့ လုပ်ဆောင်မှုသည် စဉ်ဆက်မပြတ် ပြောင်းလဲဖို့ လိုအပ်သောကြောင့်၊ လူသား၏ လက်တွေ့လုပ်ဆောင်မှုထဲက ထိုသို့သော အပိုင်းအခြားများ အကြောင်းကို အမြဲပြောဆိုရခြင်း ဖြစ်ပေသည်။ လူသည် အဆင့် တစ်ခုတွင် သောင်တင်နေပါက၊ ဤသည်မှာ သူသည် ဘုရားသခင်၏ အသစ်သော အမှုနှင့် အသစ်သောအလင်းကို အမီလိုက်နိုင်စွမ်း မရှိသည်ကို သက်သေပြပေသည်။ ယင်းက ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်သည် မပြောင်းလဲလေပြီဟု သက်သေမပြပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပတွင် ရှိသူများက ၎င်းတို့ မှန်ကန်သည်ဟု အမြဲတမ်း တွေးထင်ကြသော်ငြားလည်း၊ အမှန်တွင် ၎င်းတို့ထဲက ဘုရားသခင်၏အမှုသည် အချိန်ကြာမြင့်စွာက ရပ်တန့်ခဲ့ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် ၎င်းတို့ထံတွင် မရှိပေ။ ဘုရားသခင်၏ အမှုသည် ကြာမြင့်စွာကတည်းက အခြားလူတစ်စုဆီသို့၊ သူ၏အမှုသစ်ကို ပြည့်စုံစေရန် သူရည်ရွယ်ထားသည့် လူတစ်စုဆီသို့ လွှဲပြောင်းသွားခဲ့ပေသည်။ ဘာသာတရားထဲ ရှိသူများသည် ဘုရားသခင်၏ အမှုသစ်ကို လက်ခံနိုင်စွမ်း မရှိကြသကဲ့သို့၊ အတိတ်က အမှုဟောင်းကိုသာ စွဲကိုင်ထားကြသောကြောင့်၊ ဘုရားသခင်သည် ဤလူတို့ကို စွန့်လွှတ်ပြီးဖြစ်ကာ၊ ဤအမှုသစ်ကို လက်ခံသည့် သူများအပေါ် သူ၏အမှုသစ်ကို လုပ်ဆောင်ပေသည်။ ဤသည်တို့မှာ သူ၏အမှုသစ်၌ ပူးပေါင်းဆောင်ရွက်သည့် လူများဖြစ်ပြီး၊ ဤနည်းဖြင့်သာ သူ၏စီမံခန့်ခွဲမှုက ပြီးမြောက်နိုင်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

လူသည် ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ သူသည် ဘုရားသခင်၏ ခြေလှမ်းများကို နီးကပ်စွာ တစ်လှမ်းပြီး တစ်လှမ်း၊ လိုက်လျှောက်ရမည်။ သူသည် “သိုးသငယ်သွားလေရာရာ အရပ်သို့ လိုက်” သင့်သည်။ ဤလူများသည်သာ မှန်သော လမ်းခရီးကို ရှာဖွေသည့် လူများဖြစ်သည်၊ ၎င်းတို့သာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သိသောသူများ ဖြစ်ကြလေသည်။ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို မျက်စိစုံမှိတ် လိုက်လျှောက်သော လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်အားဖြင့် ပယ်ရှားခြင်းကို ခံရသည့် သူများဖြစ်ကြသည်။ အချိန်ကာလအသီးသီးတွင်၊ ဘုရားသခင်သည် အမှုသစ်ကို စတင်လိမ့်မည် ဖြစ်ပြီး၊ အချိန်ကာလ အသီးသီးတွင်၊ လူသားအလယ် အသစ်သော စတင်မှု တစ်ခု ရှိလိမ့်မည်။ ၎င်းတို့နှင့် သက်ဆိုင်ရာ ခေတ်များကိုသာ အကျိုးသက်ရောက်မှု ရှိသည့် “ယေဟောဝါသည် ဘုရားသခင်ဖြစ်သည်” နှင့် “ယေရှုသည် ခရစ်တော်ဖြစ်သည်” ဟူသည့် အမှန်တရားများကိုသာ လူသားက လိုက်နာပါက၊ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဘယ်သောအခါမျှ အမီလိုက်နိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ထာဝရ ရရှိနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင် မည်သို့ အမှုပြုသည်ဖြစ်စေ၊ လူသားသည် သံသယ စိုးစဉ်းမျှမရှိဘဲ လိုက်လျှောက်ပြီး၊ နီးကပ်စွာ လိုက်လျှောက်လေသည်။ ဤနည်းဖြင့် လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖယ်ရှားခြင်းကို မည်သို့ ခံရနိုင်မည်နည်း။ ဘုရားသခင် မည်သည့် အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်ကို လူသားက သေချာပြီး၊ မည်သည့်သံသယမျှ မရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပူးပေါင်းဆောင်ရွက်ကာ၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီအောင် ကြိုးစားသရွေ့၊ သူသည် အဘယ်သို့ အပြစ်ဒဏ်ပေး ခံရနိုင်မည်နည်း။ ဘုရားသခင်၏ အမှုသည် ဘယ်သောအခါမျှ ရပ်တန့်သွားခြင်းမရှိ၊ သူ၏ ခြေလှမ်းများသည် ဘယ်သောအခါမျှ ရပ်နားခြင်း မရှိသကဲ့သို့၊ သူ၏ စီမံခန့်ခွဲခြင်း အမှု ပြီးပြည့်စုံခြင်း မတိုင်မီတွင်၊ သူသည် အမြဲ အလုပ်များကာ ဘယ်သောအခါမျှ မရပ်တန့်ချေ။ သို့သော် လူသားက ကွဲပြား၏- သန့်ရှင်းသော ဝိညာဉ်တော်၏ အနည်းငယ်သော အလုပ်ကိုသာ ရရှိပြီးဖြစ်လျက်၊ သူသည် ယင်းကို ဘယ်သောအခါမျှ ပြောင်းလဲလိမ့်မည်မဟုတ်သည့်အလား သဘောထားလေသည်။ အသိပညာ အနည်းငယ် ရရှိပြီးဖြစ်လျက်၊ သူသည် ရှေ့ထွက်ကာ ဘုရားသခင်၏ သာ၍သစ်လွင်သော အမှု၏ ခြေလှမ်းများနောက် မလိုက်ပေ။ ဘုရားသခင်၏ အမှုအနည်းငယ်ကိုသာ မြင်ရပြီးဖြစ်လျက်၊ သူသည် ဘုရားသခင်ကို သီးသန့် သစ်သားရုပ်ပုံတစ်ခုအဖြစ် ချက်ချင်းသရုပ်ဖော်ပြီး၊ သူ့ရှေ့တွင် သူမြင်ရသည့် ဤပုံသဏ္ဌာန်ဖြင့် ဘုရားသခင်သည် အမြဲ ရှိနေလိမ့်မည်၊ အတိတ်က ဤကဲ့သို့ ဖြစ်ခဲ့ပြီး၊ အနာဂတ်တွင်လည်း ထိုသို့ အမြဲ ဖြစ်နေလိမ့်မည်ဟု သူ ယုံကြည်လေသည်။ အပေါ်ယံ အသိပညာ တစ်ခုကိုသာ ရရှိပြီးဖြစ်လျက်၊ လူသည် အလွန် မာနထောင်လွှားသည်မှာ သူ့ကိုယ်သူ မေ့လျော့ပြီး တကယ်ကို မတည်ရှိသည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဖြစ်တည်ခြင်းတို့ကို လက်လွတ်စပယ် စတင် ကြေညာလေသည်၊ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အဆင့်တစ်ခုနှင့်ပတ်သက်၍ သေချာလာလျက်၊ ဘုရားသခင်၏ အမှုသစ်ကို ကြေညာသည်မှာ မည်သည့်လူစားမျိုးဖြစ်စေ၊ လူသည် ယင်းကို လက်မခံပေ။ ဤသည်တို့မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သစ်ကို လက်မခံနိုင်သည့် လူများ ဖြစ်ကြသည်။ ၎င်းတို့သည် အလွန် ရှေးရိုးစွဲကြပြီး၊ အသစ်သော အရာများကို လက်ခံနိုင်စွမ်း မရှိကြချေ။ ထိုသို့သော လူများသည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ ငြင်းပယ်ကြသူများလည်း ဖြစ်သည်။ ဣသရေလလူမျိုးတို့သည် “ယေဟောဝါကိုသာ ယုံကြည်ပြီး ယေရှုကို မယုံကြည်ကြ” သည်မှာ မှားယွင်းခဲ့ကြသည်ဟု လူတို့က ယုံကြည်ကြသည်၊ သို့သော် လူအများစုသည် “ယေဟောဝါကိုသာ ယုံကြည်ပြီး ယေရှုကို ငြင်းပယ်” သကဲ့သို့၊ “မေရှိယ၏ ပြန်ကြွလာခြင်းကို တောင့်တသော်လည်း၊ ယေရှုဟုခေါ်သည့် မေရှိယကို ဆန့်ကျင်သည့်” အခန်းကဏ္ဍကို ဆောင်ရွက်နေကြလေသည်။ ထိုအခါ ထိုလူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်တစ်ဆင့်တစ်ခုကို လက်ခံပြီးသည့်နောက်၊ စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ကြဆဲ ဖြစ်ပြီး၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မရရှိကြသေးသည်မှာ မထူးဆန်းပေ။ ဤသည်ကား လူသား၏ ပုန်ကန်မှု ရလဒ် ဖြစ်သည် မဟုတ်ပေလော။ ယနေ့၏ အမှုသစ်ကို အမီမလိုက်ကြသည့် ကမ္ဘာတစ်လွှားရှိ ခရစ်ယာန်များအားလုံးသည် ၎င်းတို့၏ ဆန္ဒအသီးသီးကို ဘုရားသခင်က ဖြည့်ဆည်း ပေးလိမ့်မည်ဟု ယူဆလျက် ၎င်းတို့ ကံကောင်းလိမ့်မည်ဟူသည့် မျှော်လင့်ချက်ကို ဖက်တွယ်ထားကြလေသည်။ သို့တိုင် သူတို့စိတ်ကူးထားသည့် နေ့ရက်တွင် ယေရှုသည် ဖြူသောမိုးတိမ်ကို စီးပြီး ဧကန်အမှန် ရောက်လာမည် မရောက်လာမည်ကို လုံးဝ သေချာမှုဖြင့် ၎င်းတို့ ပြောနိုင်ရန် မဆိုထားနှင့်၊ ဘုရားသခင်က ၎င်းတို့ကို အဘယ်ကြောင့် တတိယကောင်းကင်သို့ ခေါ်ဆောင်သွားမည်ကို ၎င်းတို့ သေချာ မပြောနိုင်သကဲ့သို့၊ ဘုရားသခင်က ဖြူသောမိုးတိမ်ကို စီးလျက် ၎င်းတို့ကို လက်ခံဖို့ မည်သို့ ကြွလာမည်ဆိုသည်ကိုလည်း မသေချာကြပေ။ ၎င်းတို့အားလုံးသည် သောကရောက်ပြီး ဘာလုပ်ရမည်မှန်းမသိ ဖြစ်နေကြသည်။ ဘုရားသခင်သည် ဂိုဏ်းဂဏ အသီးသီးမှဖြစ်ကြသည့် ကွဲပြားသော နည်းပါးသည့် လက်တစ်ဆုပ်စာ ဖြစ်သည့် ၎င်းတို့ အသီးသီးကို ခေါ်ဆောင်မည် မခေါ်ဆောင်မည်ကိုပင် ၎င်းတို့ကိုယ်တိုင် မသိရှိကြပေ။ ယခုအချိန် မျက်မှောက်ခေတ်တွင် ဘုရားသခင်ပြုသည့် အမှု၊ ဘုရားသခင်၏ အလို- ဤအရာများထဲမှ မည်သည့်အရာကိုမျှ ၎င်းတို့ သဘောမပေါက်ကြသကဲ့သို့၊ ၎င်းတို့၏လက်ချောင်းများဖြင့် နေ့ရက်များကို ရေတွက်ရုံသာ တတ်နိုင်ကြသည်။ သိုးသငယ်၏ ခြေလှမ်းများကို အဆုံးတိုင် လိုက်လျှောက်သူများသာ နောက်ဆုံး ကောင်းချီးမင်္ဂလာကို ရရှိနိုင်သည်၊ အဆုံးထိ လိုက်မလျှောက်နိုင်သော်လည်း ၎င်းတို့ အလုံးစုံကို ရရှိပြီးဖြစ်သည်ဟု ယုံကြည်ကြသည့် ထို“လူတော်များ” များမှာမူ၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သက်သေခံနိုင်စွမ်း မရှိကြချေ။ ၎င်းတို့သည် ကမ္ဘာမြေကြီးပေါ်တွင် အတော်ဆုံးလူများဖြစ်ကြသည်ဟု ၎င်းတို့ အသီးသီးက ယုံကြည်ကြပြီး၊ မည်သည့်အကြောင်းပြချက်မျှ မရှိဘဲ ဘုရားသခင် အမှု၏ ဆက်လက်တိုးတက်ဖွံ့ဖြိုးမှုကို ဖြတ်တောက်ကြကာ၊ “ဘုရားသခင်ကို အဆုံးစွန်သစ္စာရှိသူ၊ ဘုရားသခင်နောက်လိုက်သူနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်နာသူ” များဖြစ်သည့် ၎င်းတို့ကို ဘုရားသခင်က ကောင်းကင်ဘုံသို့ ခေါ်ဆောင်သွားလိမ့်မည်ဟု မုချသေချာစွာဖြင့် ယုံကြည်ကြပုံရလေသည်။ ၎င်းတို့သည် ဘုရားသခင် ပြောဆိုသော နှုတ်ကပတ်တော်များကို “အဆုံးစွန်သစ္စာစောင့်သိမှု” ရှိသော်လည်း၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို ဆန့်ကျင်ပြီး၊ ဆိုးယုတ်မှုနှင့် လှည့်ဖြားမှုများကို ကျူးလွန်ကြသည့်အတွက်၊ ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များသည် အလွန် ရွံရှာစက်ဆုပ်ဖွယ် ဖြစ်နေဆဲ ဖြစ်သည်။ အဆုံးထိတိုင် မလိုက်လျှောက်သော သူများ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အမီမလိုက်သောသူများနှင့်၊ ဟောင်းသော အမှုကိုသာ ဖက်တွယ်သူတို့သည် ဘုရားသခင်အား သစ္စာစောင့်သိခြင်း မရှိကြသည်သာမက၊ ဆန့်ကျင်ဘက်အနေဖြင့် ဘုရားသခင်ကို ဆန့်ကျင်သူများ ဖြစ်လာကြပြီးဖြစ်သည်၊ ခေတ်သစ်၏ ငြင်းပယ်ခြင်းကို ခံရသည့်သူများနှင့် အပြစ်ပေးခံရမည့်သူများ ဖြစ်လာကြပြီးဖြစ်သည်။ ၎င်းတို့ထက်သာ၍ သနားစဖွယ်ကောင်းသည့်အရာ တစ်ခုတစ်လေ ရှိသလော။ ပညတ်တရားဟောင်းကို ပယ်ဖျက်ပြီး အမှုသစ်ကို လက်ခံသူတို့သည် အသိစိတ်မရှိသူများဖြစ်သည်ဟု များစွာသော လူတို့က ယုံကြည်ကြသည်။ “အသိစိတ်” ကိုသာ ပြောဆိုကြပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မသိကြသည့် ဤလူတို့သည် နောက်ဆုံးတွင် ၎င်းတို့ကိုယ်တိုင်၏ အသိစိတ်များက ၎င်းတို့၏ မျှော်လင့်ချက်များ ဖြတ်တောက်သည်ကို ခံရလိမ့်မည်။ ဘုရားသခင်၏ အမှုသည် အယူဝါဒကို လိုက်နာခြင်းမရှိသကဲ့သို့၊ ယင်းသည် ဘုရားသခင်၏ ကိုယ်ပိုင်အမှု ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း၊ ဘုရားသခင်က မဖက်တွယ်သေးပေ။ ငြင်းပယ်ခံရသင့်သည့်အရာသည် ငြင်းပယ်ခံရပြီး၊ ဖယ်ထုတ်ခံရသင့်သည့်အရာသည် ဖယ်ထုတ်ခြင်း ခံရပေသည်။ လူသားသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှု၏ သေးငယ်သည့် အစိတ်အပိုင်းတစ်ခုကိုသာ ဆုပ်ကိုင်ခြင်းအားဖြင့် မိမိကိုယ်ကိုယ် ဘုရားသခင်အား ရန်လိုမှုတွင် ရှိစေကြသည်။ ဤသည်မှာ လူသား၏ ရယ်ဖွယ်ကောင်းခြင်းတစ်ခု မဟုတ်လော။ ဤသည်မှာ လူသား၏ မသိနားမလည်မှု မဟုတ်လော။ လူသားများသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ မရရှိမည်ကို ကြောက်ရွံ့သောကြောင့်၊ ၎င်းတို့သည် တွန့်ဆုတ်ပြီး လိုသည်ထက် ပိုသတိရှိလေလေ၊ ၎င်းတို့သည် သာ၍ ကြီးမားသော ကောင်းချီးမင်္ဂလာများနှင့် နောက်ဆုံး ကောင်းချီးမင်္ဂလာများကို သာ၍ ရရှိနိုင်စွမ်း မရှိလေ ဖြစ်သည်။ ပညတ်တော်ကို စုံမှိတ်ပြီး လိုက်နာသည့် သူအားလုံးသည် ပညတ်တော်အပေါ် အဆုံးစွန် သစ္စာစောင့်သိမှုကို ပြသကြပြီး ၎င်းတို့သည် ပညတ်တော်အပေါ် ထိုသို့သော သစ္စာစောင့်သိမှုကို ပြသလေလေ၊ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်သည့် ပုန်ကန်သူများ သာ၍ဖြစ်လေလေ ဖြစ်သည်။ အကြောင်းမှာ ယခုသည် နိုင်ငံတော်ခေတ် ဖြစ်ပြီး ပညတ်တော်ခေတ် မဟုတ်သကဲ့သို့၊ ယနေ့အမှုနှင့် အတိတ်က အမှုတို့ကို တစ်ချိန်တည်းတွင် ဖော်ပြ၍ မရနိုင်သကဲ့သို့၊ အတိတ်က အမှုကိုလည်း ယနေ့အမှုနှင့် နှိုင်းယှဉ်၍ မရသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် ပြောင်းလဲပြီးဖြစ်ကာ လူသား၏ လက်တွေ့လုပ်ဆောင်မှုသည်လည်း ပြောင်းလဲပြီး ဖြစ်သည်။ လူသား၏ လက်တွေ့လုပ်ဆောင်မှုသည် ပညတ်တော်ကို ကိုင်စွဲထားရန် သို့မဟုတ် လက်ဝါးကပ်တိုင်ကို ထမ်းထားရန် မဟုတ်တော့ပေ၊ ထို့ကြောင့် ပညတ်တော်နှင့် လက်ဝါးကပ်တိုင်အပေါ် လူတို့၏ သစ္စာစောင့်သိမှုသည် ဘုရားသခင်၏ ထောက်ခံမှုကို ရရှိမည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

လူသားသည် ဖျက်ဆီးခြင်းခံပြီး စာတန်၏ ထောင်ချောက်တွင် အသက်ရှင်နေကြ၏။ လူတို့အားလုံးသည် ဇာတိပကတိ၌ အသက်ရှင်နေကြ၏။ အတ္တဆန်သော လိုအင်ဆန္ဒများဖြင့် အသက်ရှင်နေကြကာ ၎င်းတို့ထဲတွင် ငါနှင့်သဟဇာတဖြစ်သူ တစ်ဦးတစ်ယောက်မျှမရှိပေ။ ငါနှင့် သဟဇာတဖြစ်သည်ဟု ဆိုသူများရှိကြသော်လည်း ထိုကဲ့သို့သောသူတို့သည် ဝိုးတဝါးဖြစ်သောရုပ်တုဆင်းတုများကို ကိုးကွယ်ကြ၏။ ၎င်းတို့သည် ငါ၏နာမအား သန့်ရှင်းသည်ဟု အသိအမှတ်ပြုကြသော်လည်း ငါနှင့်ဆန့်ကျင်သောလမ်းတွင် လျှောက်လှမ်းကြသည့်အပြင် ၎င်းတို့၏စကားများသည် မောက်မာမှု၊ မိမိကိုယ်ကိုယုံကြည်မှုများနှင့် ပြည့်နှက်လျက်ရှိ၏။ ဤသည်မှာ ၎င်းတို့အားလုံးသည် အခြေခံအားဖြင့် ငါ့ကိုဆန့်ကျင်ကြလျက် ငါနှင့်သဟဇာတမဖြစ်ကြသောကြောင့် ဖြစ်၏။ ၎င်းတို့သည် သမ္မာကျမ်းစာထဲတွင် ငါ၏တစ်စွန်းတစ်စလက္ခဏာများကို နေ့စဉ်ရှာဖွေကာ၊ အလျဉ်းသင့်ရာ “သင့်တော်သည့်” ကျမ်းပိုဒ်များကို တွေ့ရှိကြလျက် အတောမသတ်ဖတ်ကြကာ သမ္မာကျမ်းပိုဒ်များအဖြစ် ရွတ်ဆိုကြ၏။ ထိုသူတို့သည် ငါနှင့်သဟဇာတဖြစ်ရန်နည်းလမ်းကို မသိကြပေ။ ငါ့ကို ဆန့်ကျင်ခြင်း၏ အနက်အဓိပ္ပာယ်ကိုလည်း မသိကြပေ။ ထို့အပြင် သမ္မာကျမ်းပိုဒ်များကို အကျိုးအကြောင်းမမြင်ဘဲသာ ဖတ်ကြ၏။ ကျမ်းစာထဲတွင် ၎င်းတို့ တစ်ခါမျှ မမြင်ဖူးသော၊ ၎င်းတို့မြင်နိုင်စွမ်းမရှိသော ဝိုးတဝါးဖြစ်သည့်ဘုရားသခင်တစ်ပါးကို ၎င်းတို့သည် ဘောင်ခတ်ထား၍ ၎င်းတို့အားလပ်သည့်အချိန်၌ ထုတ်ကြည့်ကြ၏။ ၎င်းတို့သည် သမ္မာကျမ်းစာ၏ အတိုင်းအတာအတွင်း၌သာ ငါ၏တည်ရှိမှုကို ယုံကြည်ကြပြီး ငါ့ကို သမ္မာကျမ်းစာနှင့် တန်းတူထား၏၊ သမ္မာကျမ်းစာမရှိဘဲ ငါသည်မရှိ၊ ငါမရှိဘဲ သမ္မာကျမ်းစာမရှိ။ ၎င်းတို့သည် ငါ၏တည်ရှိခြင်း သို့မဟုတ် ငါ၏လုပ်ဆောင်ချက်များကို လုံးဝဂရုမစိုက်ကြဘဲ၊ ၎င်းအစား သမ္မာကျမ်းစာ၏စကားလုံးတိုင်းကို အလွန်အကျွံ အထူးဂရုပြုကြ၏။ ထို့အပြင် သမ္မာကျမ်းစာမှ ကြိုတင်ဟောကြားခြင်း မရှိပါက ငါလုပ်ဆောင်လိုသည့် မည်သည့်အရာကိုမျှ မလုပ်သင့်ဟု သာ၍များပြားသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် သမ္မာကျမ်းစာကို အလွန်အကျွံ အရေးပေးကြ၏။ ၎င်းတို့သည် ငါပြောသည့် နှုတ်ကပတ်တော်တိုင်းကို အကဲဖြတ်ရန်နှင့် ငါ့ကို ပြစ်တင်ရှုတ်ချရန် သမ္မာကျမ်းစာမှ ကျမ်းပိုဒ်များကို အသုံးပြုသည်အထိ ကျမ်းစာထဲရှိ စကားလုံးများနှင့် ဖော်ပြချက်များကို အရေးကြီးလွန်းသည်ဟု မြင်ကြသည်ဟု ဆိုနိုင်၏။ ၎င်းတို့ရှာဖွေသည်မှာ ငါနှင့်သဟဇာတဖြစ်ရန် လမ်းမဟုတ်၊ သမ္မာတရားနှင့် သဟဇာတဖြစ်ရန် လမ်းလည်း မဟုတ်ဘဲ သမ္မာကျမ်းစာရှိစကားလုံးများနှင့် သဟဇာတဖြစ်ရန် လမ်းသာဖြစ်၍၊ သမ္မာကျမ်းစာနှင့် ကိုက်ညီခြင်းမရှိသည့် မည်သည့်အရာမဆိုသည် ခြွင်းချက်မရှိ ငါ၏အမှုမဟုတ်ဟု ၎င်းတို့ ယုံကြည်သည်။ ထိုကဲ့သို့သောလူတို့သည် ဖာရိရှဲများ၏ တာဝန်ကျေသော သားစဉ်မြေးဆက်များ မဟုတ်ပေဘူးလော။ ယုဒ ဖာရိရှဲတို့သည် ယေရှုကို ပြစ်တင်ရှုတ်ချရန် မောရှေ၏ပညတ်ကို အသုံးပြုခဲ့ကြ၏။ ၎င်းတို့သည် ထိုကာလကယေရှုနှင့် သဟဇာတဖြစ်ရန် ကြိုးပမ်းခြင်း မပြုခဲ့ကြသော်လည်း၊ အပြစ်မဲ့သောယေရှုကို ဓမ္မဟောင်းကျမ်း၏ ပညတ်တော်ကို မလိုက်နာခြင်း၊ မေရှိယ မဟုတ်ခြင်းတို့ဖြင့် တရားစွဲဆိုပြီးနောက်၊ အဆုံးတွင် ကားစင်တင်သည့်အထိ ပညတ်တရားကို ဝီရိယရှိစွာ အတိအကျလိုက်နာခဲ့၏။ ၎င်းတို့၏ပင်ကိုသဘာဝကား အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားနှင့် သဟဇာတဖြစ်သည့်လမ်းကို မရှာဖွေခဲ့ခြင်း မဟုတ်သလော။ ၎င်းတို့သည် သမ္မာကျမ်းစာ၏စကားလုံး တစ်လုံးချင်းစီအပေါ် စွဲလမ်းခဲ့ကြသော်လည်း ငါ၏အလိုဆန္ဒသော်လည်းကောင်း ငါ့အမှု၏အဆင့်များနှင့် နည်းလမ်းများကိုသော်လည်းကောင်း လုံးဝဂရုပြုခြင်း မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေခဲ့ကြသူများ မဟုတ်ဘဲ စကားလုံးများကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ခဲ့ကြသူများဖြစ်ခဲ့၏။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခဲ့ကြသူများ မဟုတ်ဘဲ သမ္မာကျမ်းစာကို ယုံကြည်ခဲ့ကြသူများ ဖြစ်၏။ အဓိကအားဖြင့် ၎င်းတို့သည် ကျမ်းစာကို စောင့်ကြပ်သူများ ဖြစ်ခဲ့ကြ၏။ သမ္မာကျမ်းစာ၏အကျိုးစီးပွားတို့ကို ကာကွယ်ရန်၊ သမ္မာကျမ်းစာ၏ဂုဏ်ကို ထိန်းသိမ်းထားရန်နှင့် သမ္မာကျမ်းစာ၏ ဂုဏ်သတင်းကို ကာကွယ်ရန်၊ ၎င်းတို့သည် ကရုဏာရှင်ယေရှုကို ကားစင်တင်သည်အထိ ပြုခဲ့ကြ၏။ ၎င်းတို့သည် သမ္မာကျမ်းစာကို ကာကွယ်ရုံအတွက်နှင့် လူတို့၏နှလုံးသားတွင် သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ အနေအထားကို ထိန်းသိမ်းထားရန်အတွက်သာ ဤသို့ပြုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သမ္မာကျမ်းစာ၏ အယူဝါဒနှင့် ကိုက်ညီခြင်းမရှိခဲ့သော ယေရှုအား သေဒဏ်ချမှတ်ရေးအတွက် ၎င်းတို့၏အနာဂတ်နှင့် အပြစ် ဖြေရာယဇ်တို့ကို စွန့်ပယ်ရန် ပိုမိုလိုလားခဲ့ကြ၏။ ထိုသူတို့သည် သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ လက်ပါးစေများ ဖြစ်ခဲ့သည် မဟုတ်လော။

ယနေ့လူတို့ရော မည်သို့ရှိသနည်း။ ခရစ်တော်သည် သမ္မာတရားကို ထုတ်ပြန်ရန် ကြွလာခဲ့သော်လည်း ၎င်းတို့သည် ကောင်းကင်ဘုံသို့ ဝင်ရောက်နိုင်ရန်နှင့် ကျေးဇူးတော် လက်ခံရရှိရန်အတွက် သူ့အား ဤလောကမှ နှင်ထုတ်ရန်ကို သာ၍လိုလားခဲ့ကြ၏။ သမ္မာကျမ်းစာ၏ အကျိုးစီးပွားတို့ကို ကာကွယ်ရန် ၎င်းတို့သည် သမ္မာတရားကြွလာခြင်းကို လုံးဝငြင်းဆိုရန်ကို သာ၍လိုလားခဲ့ကြကာ၊ သမ္မာကျမ်းစာ ထာဝရတည်ရှိအောင် ပြုလုပ်ရန်အတွက် လူ့ဇာတိခံ၍ တစ်ဖန်ပြန်ကြွလာသော ခရစ်တော်ကို တစ်ဖန်ကားစင်တင်ရန်ကို သာ၍လိုလားခဲ့ကြ၏။ လူသား၏နှလုံးသားတွင် မလိုမုန်းထားမှုများ များလွန်းပြီး၊ သူ၏သဘာဝသည် ငါ့ကိုဆန့်ကျင်လွန်းသောအခါ၊ သူသည် ငါ၏ကယ်တင်ခြင်းကို မည်သို့လက်ခံရရှိနိုင်မည်နည်း။ ငါသည် လူတို့ထဲတွင်နေသော်လည်း လူသည် ငါရှိကြောင်းကို မသိပေ။ ငါသည် ငါ၏အလင်းကို လူသားအပေါ် ထွန်းလင်းသည့်အခါ သူသည် ငါရှိကြောင်းကို မသိဘဲရှိနေသေး၏။ ငါ၏အမျက်ဒေါသကို လူသားအပေါ် လွှတ်လိုက်သည့်အခါ သူသည် ငါရှိနေကြောင်းကို ပို၍ကြီးမားသောအားမာန်ဖြင့် ငြင်းဆို၏။ လူသားသည် စကားလုံးများ၊ သမ္မာကျမ်းစာများတို့နှင့် သဟဇာတဖြစ်ရေးကို ရှာ၏။ သို့ရာတွင် သမ္မာတရားနှင့် သဟဇာတဖြစ်ရေးအတွက် လမ်းကိုရှာဖွေရန် ငါ့ရှေ့မှောက်လာရောက်သူ တစ်ဦးတစ်ယောက်မျှ မရှိပေ။ လူသားသည် ကောင်းကင်၌ရှိသော ငါ့ကို မျှော်ကြည့်၍ ကောင်းကင်၌ ငါရှိနေခြင်းကို အထူးအလေးထားသော်လည်း၊ လူ့ဇာတိခန္ဓာ၌ရှိနေသော ငါ့အကြောင်းကို မည်သူကမျှ အရေးမပေးပေ။ အဘယ်ကြောင့်ဆိုသော် လူသားအကြားတွင်နေလျက်ရှိသော ငါသည် အရေးမပါလွန်းသောကြောင့်သာ ဖြစ်သည်။ သမ္မာကျမ်းစာ၏ စကားလုံးများနှင့် သဟဇာတဖြစ်ရန်သာ ကြိုးစားသူများနှင့် ဝေဝါးသောဘုရားသခင်နှင့် သဟဇာတဖြစ်ရန်သာ ကြိုးစားသူများသည် ငါ့အတွက် စိတ်ဆင်းရဲစရာ မြင်ကွင်းတစ်ခုသာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကိုးကွယ်သည့်အရာမှာ သက်မဲ့စကားလုံးများနှင့် ၎င်းတို့အား ပြောမပြနိုင်လောက်အောင် မြောက်မြားစွာသောရတနာများကို ပေးနိုင်စွမ်းရှိသော ဘုရားသခင်တစ်ပါးသာဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့ကိုးကွယ်သည့်အရာမှာ လူသား၏တန်ခိုးလက်အောက်တွင် ရှိမည့်ဘုရားသခင်၊ မတည်ရှိသောဘုရားသခင် ဖြစ်၏။ ထိုအခါ ထိုသို့သောလူတို့သည် ငါ့ထံမှ မည်သည့်အရာကို ရရှိနိုင်မည်နည်း။ လူသားသည် နိမ့်ကျလွန်းသဖြင့် ဖော်ပြ၍ပင် မရချေ။ ငါ့ကိုဆန့်ကျင်သူများ၊ ငါ့ထံမှ အကန့်အသတ်မရှိ တောင်းဆိုသူများ၊ သမ္မာတရားကိုမမြတ်နိုးသူများ၊ ငါ့ကိုပုန်ကန်သူများ— ထိုသူတို့သည် ငါနှင့် မည်သို့ သဟဇာတ ဖြစ်နိုင်ကြမည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည်

လူမည်မျှ ဘုရားသခင်ကို ယုံကြည်ပါစေ၊ ၎င်းတို့၏ယုံကြည်မှုများမှာ ဘာသာရေးတစ်ခု သို့မဟုတ် အဖွဲ့တစ်ခု ဖြစ်သည်ဟု ဘုရားသခင်၏သတ်မှတ်ခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့မှာ ကယ်တင်၍မရနိုင်ဟု ဘုရားသခင် သတ်မှတ်ပြီးဖြစ်၏။ ဤအရာကို အဘယ်ကြောင့် ငါဆိုသနည်း။ ဘုရားသခင်၏အမှုနှင့် လမ်းပြခြင်းမရှိသည့်အပြင် ကိုယ်တော့်ကို ကိုးကွယ်ခြင်း လုံးဝမရှိသော လူစု သို့မဟုတ် လူအုပ်တစ်ခုတွင် ၎င်းတို့သည် မည်သူ့ကို ကိုးကွယ်ကြသနည်း။ ၎င်းတို့သည် မည်သူ့နောက်သို့ လိုက်ကြသနည်း။ ပုံစံနှင့် အမည်နာမအရ သူတို့သည် ပုဂ္ဂိုလ်တစ်ဦးနောက် လိုက်ကြသော်လည်း မည်သူ့ကို သူတို့အမှန်တကယ် လိုက်ကြသနည်း။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို အသိအမှတ်ပြုကြသော်လည်း၊ အမှန်တွင် ၎င်းတို့သည် လူသား၏ ကြိုးကိုင်ခြယ်လှယ်ခြင်း၊ စီစဉ်ခြင်းများနှင့် ထိန်းချုပ်ခြင်းကို ခံကြရ၏။ ၎င်းတို့သည် စာတန်မာရ်နတ်နောက်သို့ လိုက်ကြခြင်းဖြစ်၏၊ ၎င်းတို့သည် ဘုရားသခင်ကို ရန်လိုသော၊ ဘုရားသခင်၏ရန်သူများဖြစ်ကြသော အင်အားစုများနောက်သို့ လိုက်ကြ၏။ ဘုရားသခင်သည် ယင်းကဲ့သို့သော လူအုပ်တစ်အုပ်ကို ကယ်တင်မည်လော။ (မကယ်တင်ပါ။) အဘယ့်ကြောင့်နည်း။ ၎င်းတို့သည် နောင်တရနိုင်စွမ်း ရှိကြသလော။ (မရှိပါ။) ၎င်းတို့သည် ယုံကြည်ခြင်းအလံကို လွှင့်ကာ လူသားလုပ်ငန်းများကို လုပ်ဆောင်နေကြပြီး၊ ၎င်းတို့၏ကိုယ်ပိုင်စီမံခန့်ခွဲမှုကို ဆောင်ရွက်နေကြပြီး ၎င်းတို့သည် လူသားမျိုးနွယ် ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ဆန့်ကျင်ကြ၏။ ၎င်းတို့၏ နောက်ဆုံးရလဒ်မှာ ဘုရားသခင်၏စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရခြင်း ဖြစ်သည်၊ ဘုရားသခင်သည် ဤလူများကို ကယ်တင်ရန် မဖြစ်ေနိုင်ပေ၊ ၎င်းတို့သည် နောင်တရရန် မဖြစ်နိုင်ပေ၊ ၎င်းတို့သည် စာတန်၏ဖမ်ဆီးချုပ်နှောင်ခြင်းကို ခံရနှင့်ပြီဖြစ်၏၊ ၎င်းတို့သည် စာတန်၏လက်ထဲ၌သာ လုံးလုံးလျားလျား ရှိကြ၏။ သင်၏ ယုံကြည်ခြင်းတွင်၊ ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ သင် ယုံကြည်ပြီးဖြစ်သည်ဆိုသည်မှာ သူ၏ ချီးမွမ်းခြင်းကို သင် ခံရခြင်း ရှိမရှိ ဆိုသည့်အရာအဖို့ အရေးကြီးသလော။ သင် လိုက်နာသည့် ဘာသာဓလေ့များနှင့် စည်းကမ်းများသည် အရေးကြီးသလော။ ဘုရားသခင်သည် လူတို့၏ လက်တွေ့လုပ်ဆောင်ခြင်း နည်းစနစ်များကို ကြည့်သလော။ လူပေါင်း မည်မျှရှိသည်ကို သူ ကြည့်သလော။ သူသည် လူသားမျိုးနွယ်၏ အစိတ်အပိုင်းတစ်ခုကို ရွေးချယ်ပြီးဖြစ်၏။ ၎င်းတို့ ကယ်တင်ခံရနိုင်ပြီး ကယ်တင်ခံရသင့်သည်ကို သူ မည်သို့ တိုင်းတာသနည်း။ သူသည် ဤဆုံးဖြတ်ချက်ကို ဤလူတို့ လျှောက်လှမ်းသည့် လမ်းကြောင်းများအပေါ် အခြေပြု၏။ ကျေးဇူးတော်ခေတ်တွင်၊ လူတို့ကို ဘုရားသခင် ပြောပြခဲ့သည့် သမ္မာတရားများသည် ယနေ့ထက် လျော့နည်းပြီး ယနေ့လောက် မတိကျသော်လည်း၊ သူသည် ထိုအချိန်တွင် လူတို့ကို စုံလင်စေနိုင်ဆဲဖြစ်ကာ ကယ်တင်ခြင်းသည် ဖြစ်နိုင်ဆဲဖြစ်ခဲ့သည်။ ထို့ကြောင့် သမ္မာတရား မြောက်မြားစွာ ကြားဖူးပြီး ဘုရားသခင်၏ အလိုတော်ကို နားလည်လာပြီဖြစ်သော ဤမျက်မှောက်ခေတ်လူများအနေဖြင့်၊ သူတို့သည် ဘုရားသခင်၏လမ်းနောက်သို့ လိုက်နိုင်စွမ်းမရှိသည့်အပြင် ကယ်တင်ခြင်းလမ်းကြောင်းတွင် မလျှောက်လှမ်းနိုင်ပါက၊ ၎င်းတို့၏ နောက်ဆုံးရလဒ်မှာ အဘယ်သို့ ဖြစ်လိမ့်မည်နည်း။ ၎င်းတို့၏နောက်ဆုံးရလဒ်မှာ ခရစ်ယာန်ဘာသာနှင့် ယုဒဘာသာကို ယုံကြည်သောသူများနည်းတူ ဖြစ်ကြလိမ့်မည်၊ ကွာခြားမှု ရှိလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားပေတည်း။ တရားဟောချက် မည်မျှကို သင် ကြားဖူးပြီး သမ္မာတရားမည်မျှကို နားလည်ပြီးပါစေ၊ အကယ်၍ သင်သည် အဆုံး၌ လူများနှင့် စာတန်နောက်သို့ ဆက်၍လိုက်နေပြီး အဆုံး၌ သင်သည် ဘုရားသခင်၏လမ်းနောက်သို့ လိုက်နိုင်ခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်ခြင်း မရှိပါက၊ ယင်းကဲ့သို့ လူများသည် ဘုရားသခင်၏ စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံကြရလိမ့်မည်။ ကြည့်ရသည်မှာ ဘုရားသခင်၏စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရသော ဤလူများသည် စာစောင်များနှင့် သြဝါဒ အကြောင်းများကို များစွာပြောနိုင်ကြကာ၊ သမ္မာတရား မြောက်မြားစွာကို နားလည်လာကြပြီဖြစ်သော်လည်း ၎င်းတို့သည် ဘုရားသခင်ကို ကိုးကွယ်နိုင်ခြင်း မရှိပေ၊ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို မရှောင်နိုင်ကြသည့်အပြင်၊ ဘုရားသခင်ကို အကြွင်းမဲ့နာခံနိုင်ခြင်း မရှိကြပေ။ ဘုရားသခင်၏အမြင်တွင် ၎င်းတို့ကို ဘာသာတစ်ခုအဖြစ်၊ လူတစ်စုသာသာအဖြစ်၊ လူအဖွဲ့တစ်ဖွဲ့အဖြစ်နှင့် စာတန်အတွက် ယာယီနေထိုင်ရန် နေရာတစ်ခုအဖြစ် ဘုရားသခင်သတ်မှတ်၏။ ၎င်းတို့ကို ခြုံငုံ၍ စာတန်၏လူစုအဖြစ် ရည်ညွှန်းပြီး၊ ၎င်းတို့သည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကို အလျှင်းခံကြရ၏။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ရှေ့တွင် အချိန်ပြည့် အသက်ရှင်မှသာ ကယ်တင်ခြင်းလမ်းကို သင်လျှောက်နိုင်မည်” မှ

မကောင်းဆိုးဝါးများနှင့် ဆိုးယုတ်သော ဝိညာဉ်များသည် ကမ္ဘာမြေပေါ်၌ အချိန်ကာလတစ်ခုကြာအောင် ဒေါသတကြီး လျှောက်ရမ်းနေခဲ့ပြီး ဘုရားသခင်၏အလိုနှင့် အပင်ပန်းခံ အားထုတ်မှုတို့ကို ပိတ်ပင်ထားခဲ့သည်မှာ ၎င်းတို့သည် ထွင်းဖောက် မရနိုင်ပေ။ အမှန်ပင်၊ ဤသည်မှာ သေထိုက်သော အပြစ်ပါတကား။ ဘုရားသခင်သည် အဘယ်သို့ မစိုးရိမ်ဘဲနှင့် နေနိုင်မည်နည်း။ ဘုရားသခင်သည် အဘယ်သို့ အမျက်ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏အမှုကို ဆိုးရွားစွာ တားဆီးပြီး ဆန့်ကျင်ခဲ့ကြသည်။ ပုန်ကန်လိုက်လေတကား။ မကောင်းဆိုးဝါး ကြီးငယ်တို့သည်ပင် ခြင်္သေ့နောက် ထပ်ကျပ်မခွာလိုက်သည့် ခွေးအများကဲ့သို့ ပြုမူကြပြီး ၎င်းတို့ သွားကြသည်နှင့်အမျှ အတားအဆီးများကို ဖန်တီးရင်း ဆိုးယုတ်သော ရေစီးကြောင်းနောက် လိုက်ကြလေသည်။ သမ္မာတရားကို သိလျက်၊ ၎င်းတို့သည် သမ္မာတရားကို တမင်သက်သက် ဆန့်ကျင်ကြသည်၊ အဓမ္မလူများပါတကား။ ဤသည်မှာ ယခုတွင် ၎င်းတို့၏ ငရဲဘုရင်သည် မင်းမြောက်ပလ္လင်သို့ တက်ကြွခဲ့ပြီး ၎င်းတို့သည် အခြားသူများ အားလုံးကို အထင်အမြင်သေးခြင်းဖြင့် ဆက်ဆံရင်း ဘဝင်ခိုက် လာကြပြီး မိမိဘာသာ အားရကျေနပ်လာကြသည့်အလား ဖြစ်သည်။ ၎င်းတို့ထဲတွင် မည်မျှသည် သမ္မာတရားကို ရှာဖွေပြီး ဖြောင့်မတ်ခြင်းတရားကို လိုက်လျှောက်ကြသနည်း။ ၎င်းတို့ အားလုံးသည် ဘဝင်ခိုက်ကာ ကိုယ်ကျောကိုယ်သပ်ခြင်းဖြင့် ၎င်းတို့၏ ဦးခေါင်းများကို လှုပ်ယမ်းရင်းနှင့် ဒုက္ခပြဿနာမျိုးစုံကို လှုံ့ဆော်ရင်း ဝက်များနှင့် ခွေးများထက် သာ၍မကောင်းသည့် နောက်ချေးပုံအလယ်တွင် နံဟောင်သော ယင်ကောင်တစ်အုပ်ကို ဦးဆောင်သော သားရဲများ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့ ကိုယ်တိုင်က နံဟောင်သော ယင်ကောင်များထက် မပိုသည်ကို မသိသလောက်ဖြစ်လျက်၊ ၎င်းတို့၏ ငရဲဘုရင်သည် အားလုံးထဲမှ အကြီးမြတ်ဆုံးသော ရှင်ဘုရင်ဖြစ်သည်ဟု ယုံကြည်ကြလေသည်။ သို့သော်လည်း ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို အပုပ်ချဖို့ မိမိတို့၏မိဘများအဖြစ် ရှိနေကြသည့် ဝက်များနှင့် ခွေးများ၏ တန်ခိုးအာဏာကို အသုံးချကြသေးသည်။ အလွန်သေးငယ်သော ယင်ကောင်များအနေဖြင့်၊ ၎င်းတို့သည် ၎င်းတို့၏မိဘများကို သွားရှိသော ဝေလငါးများ တမျှ ကြီးမားသည်ဟု ထင်မြင်ကြသည်။ ၎င်းတို့ကိုယ်တိုင်က သေးငယ်လှသော်လည်း၊ ၎င်းတို့၏မိဘများမှာ ၎င်းတို့ထက် အဆသန်းရာပေါင်းများစွာ သာ၍ကြီးမားသော မသန့်ရှင်းသည့် ဝက်များနှင့်ခွေးများ ဖြစ်သည်ကို မသိသလောက် ဖြစ်သည်။ မိမိတို့ကိုယ်တိုင်၏ နိမ့်ကျခြင်းကို သတိမမူဘဲလျက်၊ ၎င်းတို့သည် အနာဂတ်မျိုးဆက်များကို ပေါက်ပွားစေရန် အချည်းနှီး စဉ်းစားရင်း၊ အရှက်ရခြင်းကို သတိမမူဘဲ ဒေါသတကြီး လျှောက်ရမ်းဖို့ ထိုဝက်များနှင့် ခွေးများမှ ထွက်သော ပုပ်ပွသည့် အနံ့ဆိုးအပေါ် အားထားလေသည်။ ၎င်းတို့၏ ကျောပေါ်တွင် တောင်ပံစိမ်းများဖြင့်၊ (ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သည်ဟု ၎င်းတို့ အခိုင်အမာဆိုခြင်းကို ရည်ညွှန်း၏)၊ ၎င်းတို့သည် သွေးနားထင်ရောက်ကြပြီး၊ နေရာတကာတွင် မိမိတို့၏ အလှတရားနှင့် ဆွဲဆောင်မှုတို့ကို ကြွားဝါကြသော်လည်း၊ မိမိတို့ ကိုယ်တိုင်၏ ခန္ဓာကိုယ်များပေါ်က မစင်ကြယ်မှုများကို လူသားအပေါ်သို့ လျှို့ဝှက်စွာ ပစ်ကြလေသည်။ ထို့အပြင်၊ ၎င်းတို့ကိုယ်တိုင်၏ မစင်ကြယ်မှုများကို ဖုံးကွယ်ရန် သက်တံရောင် တောင်ပံတစ်စုံကို ၎င်းတို့ အသုံးပြုနိုင်ကြသည့်အလား၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်နှင့်ပတ်သက်၍ အလွန့်အလွန် ကျေနပ်နေကြပြီး၊ ဤနည်းများဖြင့် ၎င်းတို့သည် စစ်မှန်သော ဘုရားသခင်၏ တည်ရှိခြင်းအပေါ် သူတို့၏ ဖိနှိပ်ခြင်းကို ယူဆောင်လာကြလေသည် (ဤသည်မှာ ဘာသာရေးလောကထဲက ဖြစ်အင်များနောက်ကွယ်တွင် ဖြစ်နေသည့်အရာကို ရည်ညွှန်းသည်)။ ယင်ကောင်တစ်ကောင်၏ တောင်ပံများသည် နှစ်သက်ကြည်နူးဖွယ် လှပသလောက်၊ ယင်ကောင်ကိုယ်၌ကမူ နောက်ဆုံးတွင် အညစ်အကြေးများ နှင့်ပြည့်သော ဝမ်းဗိုက်နှင့် ရောဂါပိုးများနှင့် ဖုံးလွှမ်းနေသည့် ခန္ဓာကိုယ်ဖြင့် သေးငယ်သည့် သတ္တဝါတစ်ကောင်ထက် ဘာမျှ မပိုသည်ကို လူသားသည် မည်သို့သိမည်နည်း။ မိဘများအနေဖြင့် ၎င်းတို့၌ရှိကြသည့် ဝက်များနှင့်ခွေးများ၏ ခွန်အားကိုမှီ၍၊ ၎င်းတို့သည် နယ်မြေတစ်လျှောက် ၎င်းတို့၏ ကြမ်းကြုတ်ရက်စက်မှုတွင် အထိန်းအကွပ်မဲ့လျက် ဒေါသတကြီး ပတ်ရမ်းကြလေသည် (ဤသည်မှာ စစ်မှန်သောဘုရားသခင်နှင့် သမ္မာတရားကို ပုန်ကန်ဖို့ ဘုရားသခင်ကို နှိပ်စက်ညှဉ်းပန်းသည့် ဘာသာရေး အရာရှိများက တိုင်းနိုင်ငံအစိုးရ၏ အားကောင်းသော အထောက်အပံ့ကို အမှီပြုသည့် နည်းလမ်းကို ရည်ညွှန်း၏)။ ယင်းမှာ ယုဒလူမျိုး ဖာရိရှဲတို့၏ တစ္ဆေများသည် ဘုရားသခင်နှင့်အတူ အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံ၊ ၎င်းတို့၏ အသိုက်ဟောင်းဆီသို့ ပြန်လာကြခဲ့သည့်အလား ဖြစ်သည်။ ၎င်းတို့သည် လွန်ခဲ့သော နှစ်ထောင်ပေါင်း အချို့က ၎င်းတို့၏ အလုပ်ကို ပြန်လည်လုပ်ကိုင်ရင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း နောက်တစ်လှည့်ကို စတင်ကြပြီ ဖြစ်သည်။ ဤအကျင့်ပျက်အုပ်စုသည် အဆုံးတွင် ကမ္ဘာမြေပေါ်၌ ပျက်စီးကြဖို့ သေချာ၏။ နှစ်ထောင်ပေါင်းအချို့ကြာပြီးနောက်၊ မသန့်ရှင်းသော ဝိညာဉ်များသည် သာ၍ပင် ကောက်ကျစ်လာပြီး လှည့်ဖြားတတ်လာပုံ ရလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုကို တိတ်တဆိတ် လျော့ပါးစေဖို့ နည်းလမ်းများကို စဉ်ဆက်မပြတ် တွေးတော နေကြသည်။ လှည့်စားမှုများနှင့် မာယာပေါများစွာဖြင့်၊ ၎င်းတို့သည် ဘုရားသခင်ကို အော်ဟစ်လုနီးပါးဖြစ်သည်အထိ ဆွပေးရင်း၊ လွန်ခဲ့သော နှစ်ထောင်ပေါင်းအချို့က အဖြစ်ဆိုးကို ၎င်းတို့၏ မွေးရပ်ဌာနေတွင် ပြန်လည်လုပ်ဆောင်ရန် ဆန္ဒရှိကြလေသည်။ ၎င်းတို့ကို အမြစ်ဖြတ်သုတ်သင်ခြင်းငှာ ဘုရားသခင်သည် တတိယကောင်းကင်ဘုံသို့ ပြန်ကြွမသွားဖို့ရန် မိမိကိုယ်ကိုယ် မနည်းထိန်းနေရ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)

အောက်ခြေမှတ်စု(များ)-

၁။ “ဒုက္ခပြဿနာမျိုးစုံကို လှုံ့ဆော်ရင်း” ဆိုသည်မှာ မာရ်နတ်နှင့်ဆိုင်သော လူတို့သည် ဘုရားသခင်၏ အမှုကို ဟန့်တားကာ ဆန့်ကျင်ရင်း မည်သို့ သောင်းကျန်းကြမ်းတမ်းပုံကို ရည်ညွှန်းသည်။

၂။ “သွားရှိသော ဝေလငါးများ” ဆိုသည်မှာ သရော်သည့်အနေဖြင့် သုံးထားခြင်း ဖြစ်သည်။ ယင်ကောင်များသည် သေးငယ်လွန်းလှသည်မှာ ဝက်များနှင့် ခွေးများသည် ၎င်းတို့အတွက် ဝေလငါးများတမျှ ကြီးမားပုံကို တင်စားခြင်း ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ အသင်းတော် ဆိုသည်မှာအဘယ်နည်း။ ဘာသာရေးအဖွဲ့အစည်း တစ်ခု ဆိုသည်မှာအဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင်၏အိမ်တော်ဆိုသည်မှာ မည်သည့်အရာအတိအကျ ဖြစ်သနည်း။ ယင်းကို သဘောတရားအရ သတ်မှတ်ရပါက...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။