သမ္မာကျမ်းစာက၊ “ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ နှုတ်ဖြင့် ဝန်ခံရ၏” (ရောမ ၁ဝ:၁၀) ဟု ဆိုလေသည်။ သခင်ယေရှုက ကျွန်ုပ်တို့၏ အပြစ်များမှ ကျွန်ုပ်တို့ကို ဖြေလွှတ်ခဲ့ပြီး ယုံကြည်ခြင်းမှတဆင့် ကျွန်ုပ်တို့ကို ဖြောင့်မတ်သောသူ ဖြစ်စေသည်ကို ကျွန်ုပ်တို့ ယုံကြည်ကြပါသည်။ ထို့အပြင်၊ တစ်စုံတစ်ဦးက တစ်ကြိမ်ကယ်တင်ခံရလျှင်၊ ထာဝရ ကယ်တင်ခံရပြီး၊ သခင် ပြန်ကြွလာသည့်အခါ ကျွန်ုပ်တို့သည် ချက်ချင်း ချီဆောင်ခံရလိမ့်မည်ဖြစ်ပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ကြလိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည်။

09.12.2021

အဖြေ- တစ်ကြိမ်ကယ်တင်ခြင်းခံရပြီးရင် ထာဝရကယ်တင်ခြင်းခံရပြီး ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်တယ်ဆိုတာ လူရဲ့ အယူအဆနဲ့ တွေးတောထင်မြင်မှု သက်သက်ဖြစ်ပါတယ်။ ဒါ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ လုံးဝ မကိုက်ညီပါဘူး။ လူတွေဟာ ယုံကြည်ခြင်းကတစ်ဆင့် ကယ်တင်ခြင်းခံရရုံနဲ့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်တယ်လို့ သခင်ယေရှုက တစ်ခါမှ မပြောခဲ့ပါဘူး။ ကောင်းကင်ဘုံက အဖရဲ့အလိုတော်ကို လိုက်လျှောက်သူတွေသာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်တယ်လို့ သခင်ယေရှုက ပြောခဲ့ပါတယ်။ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တို့ကသာ သြဇာအာဏာရှိပြီး သမ္မာတရားဖြစ်ပါတယ်။ လူတို့ရဲ့ အယူအဆနဲ့ စိတ်ကူးထင်မြင်မှုတွေဟာ သမ္မာတရားမဟုတ်ပါဘူး။ ဒါတွေဟာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်ဖို့အတွက် စံသတ်မှတ်ချက်တွေမဟုတ်ပါဘူး။ အစ်မတို့ ကျွန်တော်တို့ပြောတဲ့ “ယုံကြည်ခြင်းမှတစ်ဆင့် ကယ်တင်ခြင်း” နဲ့ပတ်သက်ရင်၊ ဒီ “ကယ်တင်ခြင်း” က အပြစ်ကို ခွင့်လွှတ်ခံရခြင်း၊ ပညတ်တော်အားဖြင့် စီရင်ခံရမှု သို့မဟုတ် ပြစ်ဒဏ်ချမှတ်ခံရမှု မရှိခြင်းကို သာ ရည်ညွှန်းပါတယ်။ ဒါက ဒီ “ကယ်တင်ခြင်းခံ” ရသူဟာ ဘုရားသခင်ရဲ့ လမ်းကို လျှောက်လှမ်းနိုင်တယ်၊ အပြစ်ကနေ လွတ်မြောက်ပြီး သန့်ရှင်းသွားတယ်လို့ အဓိပ္ပါယ်မရပါဘူး။ သူဟာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်တယ်လို့ လုံးဝ မဆိုလိုပါဘူး။ ကျွန်တော်တို့ဟာ ယုံကြည်ခြင်းကနေတစ်ဆင့် ခွင့်လွှတ်ခြင်းခံရပေမဲ့ ကျွန်တော်တို့ရဲ့ အပြစ်တွေက ရှိနေပါသေးတယ်။ ကျွန်တော်တို့ဟာ မကြာခဏပဲ အပြစ် လုပ်ပြီး ဘုရားကို ဆန့်ကျင်နိုင်ပါသေးတယ်။ ကျွန်တော်တို့ဟာ အပြစ်လုပ်ခြင်း၊ ပြီးရင် ဝန်ချခြင်းစက်ဝန်းမှာ အစဉ်မပြတ် နေထိုင်နေပါတယ်။ ဒီလိုလူတွေက ကောင်းကင်နိုင်ငံတော်ကို ဘယ်လို ဝင်ရောက်နိုင်မှာလဲ။ သမ္မာကျမ်းစာကပြောတယ်။ “သန့်ရှင်းခြင်းပါရမီ မရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။” (ဟေဗြဲသြဝါဒစာ ၁၂:၁၄) အပြစ်ကို မကြာခဏလုပ်သူတွေက ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်တယ်ဆိုရင် ဒါဟာ အချက်အလက်တွေနဲ့ မကိုက်ညီပါဘူး။ ဒီ မသန့်စင်တဲ့၊ အကျင့်ပျက်စီးတဲ့ လူတွေ၊ မကြာခဏ အပြစ်လုပ်သူတွေဟာ ကောင်းကင်နိုင်ငံတော်မှာ နေထိုင်တယ်လို့ ပြောရဲပါသလား။ ကောင်းကင်နိုင်ငံတော်မှာ မသန့်စင်တဲ့၊ ဆိုးယုတ်တဲ့လူတစ်ယောက်ကို မြင်ဖူးပါသလား။ သခင်ဟာ ဖြောင့်မတ်ပြီး သန့်စင်ပါတယ်။ သခင်ဟာ ကောင်းကင်နိုင်ငံတော်ကို အပြစ် မကြာခဏလုပ်သူတွေကို ခွင့်ပြုပါမလား။ သခင်ယေရှုက တစ်ခါက ပြောခဲ့တယ်။ “ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။(ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၈:၃၄-၃၅) ဒါကြောင့် အပြစ်ကနေ လွတ်မြောက်ပြီး သန့်ရှင်းစင်ကြယ်ခြင်းကို မရရှိသူတွေဟာ ကောင်းကင်နိုင်ငံတော်ကို မဝင်ရောက်နိုင်ဘူးဆိုတာ ကျွန်တော်တို့ မြင်နိုင်ပါတယ်။ အစ်မတို့ပြောတာ မှန်တယ်ဆိုရင်၊ ယုံကြည်ခြင်းကနေ ကယ်တင်ခြင်းရရှိသူတွေဟာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်တယ်ဆိုရင်၊ သခင်ယေရှုက ဘာလို့ ဒီလိုပြောခဲ့ပါသလဲ။ “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” သူဟာ ဘာကြောင့် ဆိတ်တွေကို သိုးတွေဆီက၊ ဂျုံစေ့ကို တောပင်တွေဆီက ခွဲထုတ်မယ်လို့ ပြောခဲ့သလဲ။ ဒါကြောင့် “ယုံကြည်ခြင်းကတစ်ဆင့် ကယ်တင်ခြင်းခံရသူတွေဟာ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ခွင့်ပြုလိမ့်မယ်” ဆိုတာ မမှန်နိုင်ပါဘူး။ ဒီ ယုံကြည်မှုဟာ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တို့နဲ့ တိုက်ရိုက် ဆန့်ကျင်နေပါတယ်။

နာကြည်းဖွယ်ရာ အမှတ်တရများ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။