တို့ကတော့ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟာ ကောင်းကင်ဘုံမှာလား၊ ကမ္ဘာပေါ်မှာလား ဆိုတာကို ခုထိ မဆုံးဖြတ်နိုင်သေးဘူး။ တစ်ချိန်တုန်းက သခင်ယေရှု အကြိမ်ကြိမ် ပြောခဲ့တာကတော့ “ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ” “ကောင်းကင်နိုင်ငံတော်သည် လာချေပြီ”တဲ့ ကောင်းကင်နိုင်ငံတော်ဆိုမှတော့ ဒါဟာ ကောင်းကင် ထက်မှာပဲ ရှိသင့်တာပေါ့၊ ဘယ်လိုလုပ်ကမ္ဘာပေါ်မှာဖြစ်နိုင်မှာလဲ။

21.12.2019

အဖြေ- 'ကောင်းကင်ဘုံ' ဆိုတာ ဘုရားသခင်ကိုပဲ အမြဲတမ်း ရည်ညွှန်းတယ် ဆိုတာကိုတော့ သေချာသဘောပေါက်သင့်ပါတယ်။ ဒါကြောင့် 'ကောင်းကင်နိုင်ငံတော်' ဆိုတာ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို သိသိသာသာ ဆိုလိုတာပဲ။ ဗျာဒိတ်ကျမ်းမှာ ပြောထား တာက- "ဘုရားသခင်၏ တဲတော်သည် လူတို့တွင်ရှိ၏ လောကီနိုင်ငံ သည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ၊ ထိုအရှင်၏ ခရစ်တော်နိုင်ငံ ဖြစ်လေပြီ။" တဲ့။ ဒီအဓိပ္ပါယ်က ဘုရားသခင်ရဲ့ နိုင်ငံတော်ဟာ ကမ္ဘာပေါ်မှာ တည်ထောင်မယ်။ နောက်ဆုံးမှာကမ္ဘာပေါ်က လောကီ နိုင်ငံတွေဟာ ဘုရားသခင်ရဲ့နိုင်ငံတော် ဖြစ်လာမယ်လို့ ဆိုလိုတာပဲ။ ကမ္ဘာဟောင်းကို ကပ်ဘေးဒဏ်ကြီးတွေနဲ့ ဖျက်သိမ်းပြီး တဲ့အခါ၊ အနှစ်တစ်ထောင် နိုင်ငံတော်ပေါ်ထွန်းလာလိမ့်မယ်။ လောကီ နိုင်ငံတွေဟာ တို့တွေရဲ့သခင်နဲ့ ခရစ်တော်ရဲ့ နိုင်ငံတော်တွေ ဖြစ်လာ ကြလိမ့်မယ်။ ဘုရားသခင်ရဲ့ အလိုတော်ဟာလည်း ကောင်းကင်ဘုံမှာ ပြည့်စုံသလို၊ ကမ္ဘာပေါ်မှာပါ ပြည့်စုံလိမ့်မယ်။ ဒါက ယေရုရှလင် မြို့သစ်ဟာ ကမ္ဘာပေါ်ကို ရောက်ရှိလာလိမ့်မယ် ဆိုတဲ့ အနာဂတ္တိ စကားကို ပြည့်စုံစေလိမ့်မယ်။ ဘုရားသခင်ဟာ လူ့ဇာတိခံယူ ပြီးပါပြီ...အမှောင်နဲ့ဆိုးယုတ်တဲ့မျိုးဆက်ကိုအဆုံးသတ်ဖို့အတွက် နောက်ဆုံးသောကာလရဲ့ တရားစီရင်ခြင်းအမှုကို ဆောင်ရွက်နေ ပါတယ်။ ဘုရားသခင်ရဲ့ အသံတော်ကိုကြားပြီး၊ ပလ္လင်တော်ရှေ့ ချီဆောင် ခံရသူအားလုံးဟာ အောင်မြင်သူတွေ အဖြစ်ပြည့်စုံလာကြ မှာပါ။ အဲဒီနောက်မှာ ကပ်ဘေးကြီးတွေ ဆိုက်လိမ့်မယ်။ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ အမှုတော်အားဖြင့် သန့်စင်ခြင်း ကယ်တင်ခြင်း ခံထားရသူတွေသာ အသက်ရှင် ကျန်ရစ် ကြလိမ့်မယ်။ ပြီးရင်သူတို့ဟာ ဘုရားသခင်ရဲ့ နိုင်ငံတော်သားတွေ ဖြစ်လာကြလိမ့်မယ်။ ကျွန်မတို့အနေနဲ့ နောက်ဆုံးသောကာလမှာ ပြုမယ့် ဘုရားသခင်ရဲ့အမှုတော်ကို ဒီအချိန်မှာ လက်ခံနိုင်ကြတာဟာ အကြီးမားဆုံးသော မင်္ဂလာ ပါပဲ။ တို့တွေဟာ ဘုရားသခင်ရဲ့ အသံတော်ကို ကြားနာရပြီး သူ့ရဲ့ပလ္လင်တော်ရှေ့မှာ ချီဆောင်ခံရမှာမို့ ကိုယ်တော့်ရဲ့ တရားစီရင်ခြင်းနဲ့ သူ့နှုတ်ကပတ်တော်တွေရဲ့ ပြစ်တင်ဆုံးမမှုတွေ အားဖြင့် စင်ကြယ်မှုတွေရမှာမို့ ကပ်ဘေး ဒဏ်ကြီးကို အောင်မြင်သူတွေဖြစ်ပြီး၊ ဘုရားသခင်ပိုင်ဆိုင်တဲ့ အဦးသီးတွေ ဖြစ်ကြမှာမို့ သိပ်ကံကောင်းတာပဲ။ ပြီးရင်တော့ ဘုရားသခင်ဟာ ကပ်ဘေးကြီးတွေကို ဖြစ်စေလိမ့်မယ်။ ဘုရားသခင် ကို ဆန့်ကျင်သူတွေ၊ ဆိုးသွမ်းတဲ့ မယုံကြည်သူတွေ အားလုံးကို ကပ်ဘေးဒဏ်ကြီးက ဖျက်ဆီးသွားလိမ့်မယ်။ သန့်စင်ခြင်းပြည့်စုံခြင်း ဖြစ်နေသူတွေကတော့ ကပ်ဆိုးကြီးကျတဲ့အချိန်မှာ ဘုရားသခင်ရဲ့ အကာအကွယ်ပေးမှုကို ရကြလိမ့်မယ်။ သူတို့တွေက အသက်ရှင် ကျန်ရစ်လိမ့်မယ်။ ကိုယ်တော်ဟာ မိုးတိမ်ကိုစီးရင်း၊ လူတွေ အားလုံးရှေ့ကို ပေါ်ထွက်လာတဲ့ အချိန်မှာ၊ ဘုရားသခင်ဟာ ကမ္ဘာမြေပေါ်က သူ့နိုင်ငံတော်ကို ကြွတော်မူလာလိမ့်မယ်။ ဒါဟာ ဘုရားသခင်က မကြာခင် အကောင်အထည် ဖော်တော့မယ့် အရာတွေပါပဲ။ တို့လို ယုံကြည်သူ တွေဟာ ဒီရူပါရုံကို မမြင်နိုင်ရင်၊ တို့ဟာမျက်ကန်းလိုပဲမဟုတ်လား။ သခင်ကောင်းကင်ကနေ ကြွလာဖို့ ကိုပဲ မျှော်ငေးရင်း စောင့်နေကြ သူတွေကတော့၊ ကိုယ်တော် မိုးတိမ်စီးပြီး အမှန်တကယ် ကြွလာချိန်မှာ အံသွားခဲကြိတ်ရင်း၊ ငိုကြွေးကြရလိမ့်မယ်။ ဗျာဒိတ်ကျမ်းမှာ ပရောဖက်ပြုထားတာက- "ကြည့်ရှုလော့၊ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍ ကိုယ်တော့်ကို ထိုးဖောက်သောသူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော့်ကို ရှုမြင်ကြရလိမ့်မည် မြေကြီးသား အမျိုးမျိုးရှိသမျှ တို့သည် ကိုယ်တော့်ကြောင့် ငိုကြွေးမြည်တမ်းကြ ရလိမ့်မည် မှန်ပေ၏၊ အာမင်။" တဲ့ (ဗျာ ၁:၇) ဘုရားသခင်ရဲ့ စကားသံကို မနာခံပဲ ပလ္လင်တော်ရှေ့မှာ ချီဆောင်ခြင်းမခံရသူတွေ ကတော့ အဲဒီ ကပ်ဘေးဒဏ်ကြီး ထဲမှာပဲ အံသွားခဲကြိတ် ငိုကြွေး မြည်တမ်းရင်း အပြစ်ဒဏ်ခံရလိမ့်မယ်။

ဘုရားသခင်ဟာ လူတွေကို ကမ္ဘာပေါ်မှာ ဦးဆုံး ဖန်ဆင်း ခဲ့တယ်။ စာတန်ကလည်း လူတွေကို ကမ္ဘာပေါ်မှာပဲ ဖျက်ဆီး တယ်။ ဒါကြောင့် ဘုရားသခင်ဟာ လူတွေကို ကမ္ဘာပေါ်မှာပဲ ကယ်တင်ရပါတယ်။ ကမ္ဘာပေါ်မှာ ခရစ်တော်ရဲ့ နိုင်ငံတော် ပေါ်ထွန်းသည်အထိ၊ ဒါတွေအားလုံးကို ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ နိုင်ငံတော်ဟာ နောက်ဆုံးသောကာလမှာ ကမ္ဘာပေါ်မှာပဲ တည်ထောင်လိမ့် မယ်။ လူသားတွေရဲ့ နောက်ဆုံးပန်းတိုင်ဟာ ကမ္ဘာပေါ်မှာ ဖြစ်လိမ့်မယ်၊ ကောင်းကင်ထက်မှာ မဟုတ်ဘူး။ ဒါဟာ ဘုရားသခင် စီမံထားတာ ဖြစ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တချို့ကို ဖတ်ကြည့်ရအောင်- “သူ၏ မူလအနေအထားသို့ ပြန်သွားလိမ့်မည်ဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်စီတိုင်း သည်လည်း မိမိတို့၏ သက်ဆိုင်ရာနေရာများသို့ ပြန်သွားကြလိမ့်မည်။ ယင်းတို့မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ခုလုံး ပြီးဆုံးပြီးသည့်နောက်တွင် ဘုရားသခင်နှင့် လူသားတို့အနေဖြင့် အသီးသီး နေထိုင် သွားကြ မည့် ခရီးပန်းတိုင်များဖြစ်သည်။ ဘုရားသခင်၌ ဘုရားသခင်၏ ခရီးပန်းတိုင်ရှိပြီး လူသား၌ လူသား၏ ခရီး ပန်းတိုင်ရှိသည်။ အနားယူနေစဉ်အတွင်း ဘုရားသခင်သည် ကမ္ဘာမြေပေါ်မှ လူသားအားလုံးတို့၏ အသက်တာကို ဆက်လက် လမ်းပြမည် ဖြစ်သည်။ ဘုရားသခင်၏ အလင်းအတွင်းရှိနေစဉ် လူသားသည် ကောင်းကင်ဘုံရှိ တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင် ကို ကိုးကွယ်လိမ့်မည်။ … လူသားသည် အနားယူခြင်းထဲသို့ ဝင်ရောက်သည်ဆိုခြင်းမှာ လူသားသည် စစ်မှန်သည့် ဖန်ဆင်းခြင်း တစ်ခုဖြစ်လာခြင်းကို ဆိုလိုသည်၊ လူသားတို့သည် ဘုရားသခင်ကို ကမ္ဘာမြေပေါ်မှ ကိုးကွယ်ကြ လိမ့်မည်ဖြစ်ပြီး ပုံမှန်လူသားအသက်တာများ ရှိကြလိမ့်မည်။ လူတို့သည် ဘုရားသခင်ကို နာမခံခြင်း သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်ခြင်းတို့ ရှိတော့မည် မဟုတ်ပေ။ သူတို့သည် အာဒံနှင့် ဧဝတို့၏ မူလဘဝသို့ ပြန်သွားကြလိမ့်မည်။ ယင်းတို့မှာ အနားယူခြင်းထဲသို့ ဝင်ရောက်ပြီးနောက်တွင် ဘုရားသခင်နှင့် လူသားတို့၏ သက်ဆိုင်ရာ ဘဝများနှင့် ခရီးပန်းတိုင်များ ဖြစ်ကြသည်။ ဘုရားသခင်နှင့် စာတန်တို့အကြား စစ်ပွဲတွင် စာတန်၏ ရှုံးနိမ့်မှုမှာ မလွဲမရှောင်သာသည့် လားရာပင်ဖြစ်သည်။ ဤနည်းအားဖြင့် သူ၏စီမံခန့်ခွဲမှုအလုပ် ပြီးပြည့်စုံပြီးနောက် ဘုရားသခင်သည် အနားယူခြင်းထဲသို့ ဝင်ရောက်ခြင်း၊ လူသား၏ ပြည့်စုံသော ကယ်တင်ခြင်းနှင့် အနားယူခြင်းထဲသို့ ဝင်ရောက်ခြင်း တို့သည်လည်း အလားတူပင် ရှောင်လွဲ၍မရသော လားရာများဖြစ်သည်။ လူသား၏ အနားယူရာအရပ်မှာ ကမ္ဘာမြေကြီးဖြစ်ပြီး၊ ဘုရားသခင်၏ အနားယူရာအရပ်မှာ ကောင်းကင်ဘုံဖြစ်သည်။ လူသားသည် အနားယူလျက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်စဉ်၊ သူသည်ကမ္ဘာမြေပေါ်တွင် နေထိုင်လိမ့်မည်ဖြစ်ကာ၊ ဘုရားသခင်သည် အနားယူလျက် ကျန်ရှိနေသော လူသားတစ်စိတ်တစ်ပိုင်းကို ဦးဆောင်နေစဉ်။—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် အနန္တတန်ခိုးရှင်ဘုရားသခင်က တို့ကို ရှင်းရှင်းလင်းလင်းပြောပြတာက ကိုယ်တော့်ရဲ့ အစီအစဉ်တွေ အားလုံး ပြီးပြည့်စုံတဲ့အခါ ဘုရားသခင်ရော၊ လူရော ငြိမ်းချမ်းစွာ အနားယူကြမယ်။ ဘုရားသခင်က ကောင်းကင် ထက်မှာ အနားယူနေတဲ့အချိန်မှာ လူတွေကတော့ ကမ္ဘာပေါ်မှာ အနားယူကြရမယ်။ ဒါဟာ လူတွေအတွက် ကိုယ်တော် ပြင်ဆင်ပေးထားတဲ့ လှပတဲ့ပန်းတိုင်ပဲ။ ဒါကိုပဲ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟာ ကမ္ဘာပေါ်မှာပြည့်စုံလာတယ်လို့ခေါ်တာ။ တို့တွေဟာ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပေမဲ့၊ ဒီအချက်တွေကို မမြင်နိုင်ဘူးဆိုရင်၊ ဒါဟာ ကိုယ်တော့် နှုတ်ကပတ်တော်နဲ့ သမ္မာတရားအပေါ် နားမလည်ကြဘူး ဆိုတဲ့သဘောပဲ မဟုတ်လား။

အိပ်မက်မှနိုးထလာခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- သမ္မာကျမ်းစာက၊ “ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွမိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည်။” (သက်သာလောနိတ်သြဝါဒစာပဌမစောင် ၄:၁၇) ဟု ဆိုပါသည်။ သခင် ကြွရောက်သည်နှင့်တစ်ပြိုင်နက်၊ ကျွန်ုပ်တို့သည် သူနှင့်အတူ ဆုံဖို့ ကောင်းကင်ရှိ တိမ်များထဲသို့ တိုက်ရိုက် ချီဆောင်ခံရကြလိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ သင်က သခင်သည် ပြကြွလာပြီးဖြစ်သည်ဟု သက်သေခံသည်၊ သို့ဆိုလျှင် အဘယ်ကြောင့် ကျွန်ုပ်တို့ ချီဆောင်ခံရသေးသနည်း။
နောက်တစ်ခုသို့- သခင်က၊ “သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍ သင်တို့နေစရာအရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိ စေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၂-၃) ဟု ပြောရင်း ကျွန်ုပ်တို့ကို ကတိတစ်ခု ပြုခဲ့သည်။ သခင်ယေရှုသည် ရှင်ပြန်ထမြောက်ခဲ့ပြီး ကျွန်ုပ်တို့အတွက် နေရာတစ်ခု ပြင်ဆင်ပေးဖို့ ကောင်းကင်သို့ တက်ကြွသွားခဲ့သည်၊ ထို့ကြောင့် ဤနေရာသည် ကောင်းကင်ဘုံတွင် ဖြစ်ရပေမည်။ သို့သော် သင်က သခင်ယေရှုသည် ကမ္ဘာမြေပေါ်သို့ ပြန်ကြွလာပြီးဖြစ်ကာ ဘုရားသခင်၏ နိုင်ငံတော်ကို တည်ထောင်ပြီးဖြစ်သည်ဟု သက်သေခံသည်။ ကျွန်ုပ် နားမလည်ပါ- ကောင်းကင်နိုင်ငံတော်သည် ကောင်းကင်ဘုံမှာ ဖြစ်ပါသလား သို့မဟုတ် မြေကြီးပေါ်မှာ ဖြစ်ပါသလား။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။