ဘုရားသခင်၏ နာမတော် ပြောင်းလဲကောင်း ပြောင်းလဲနိုင်သည်၊ သို့သော် သူ၏ အနှစ်သာရကား ဘယ်သောအခါမျှ မပြောင်းလဲပေ

21.09.2019

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ကမ္ဘာမြေသို့ ဘုရားသခင် ကြွလာသည့်အကြိမ်တိုင်းတွင် သူ၏ နာမ၊ သူ၏ လိင်၊ သူ၏ပုံသဏ္ဌာန်နှင့် သူ၏ အမှုတို့ကို ပြောင်းလဲသည်။ သူသည် သူ၏ အမှုကို ထပ်မလုပ်ပေ။ သူသည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသော ဘုရားသခင် ဖြစ်သည်။ ယခင်က သူကြွလာခဲ့ချိန်တွင်၊ သူ့ကို ယေရှုဟု ခေါ်ခဲ့သည်။ ဤအကြိမ် သူ တစ်ဖန်ကြွလာသည့်အခါတွင် သူ့ကို ယေရှုဟု ခေါ်နိုင်သေးသလော။ ယခင်က သူကြွလာသောအခါ၊ သူသည် ယောက်ျားဖြစ်သည်။ ဤအကြိမ်တွင်လည်း သူသည် ယောက်ျား တစ်ဖန် ဖြစ်နိုင်ပါသလော။ ကျေးဇူးတော်ခေတ်အတွင်း သူ ကြွလာချိန်တွင် သူ၏ အမှုမှာ လက်ဝါးကားတိုင်တွင် သံမှိုရိုက်နှက်ခံရဖို့ ဖြစ်သည်။ သူ တစ်ဖန်ကြွလာသည့်အခါတွင်၊ လူသားမျိုးနွယ်ကို အပြစ်မှ ရွေးနုတ်ဆဲ ဖြစ်နိုင်သလော။ သူသည် လက်ဝါးကားတိုင်တွင် တစ်ဖန် သံမှိုရိုက်နှက်ခံရနိုင်သလော။ ယင်းသည် သူ၏ အမှုကို ထပ်လုပ်ခြင်း ဖြစ်မည် မဟုတ်လော။ ဘုရားသခင်သည် အစဉ်အမြဲ သစ်လွင်ပြီး မည်သည့်အခါမျှ မအိုဟောင်းသည်ကို သင်မသိသလော။ ဘုရားသခင်သည် မပြောင်းလဲနိုင်ဟု ပြောသူများရှိသည်။ ယင်းမှာ မှန်ပေ၏၊ သို့သော် ယင်းမှာ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရ မပြောင်းလဲနိုင်ခြင်းကို ရည်ညွှန်းပေသည်။ သူ၏ နာမနှင့် အမှုတွင် ပြောင်းလဲခြင်းသည် သူ၏ အနှစ်သာရ ပြောင်းလဲသွားပြီဟု သက်သေမပြပေ။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ဤသည်မှာ မည်သည့်အခါမှ မပြောင်းလဲလိမ့်မည်မဟုတ်။ အကယ်၍ သင်က ဘုရားသခင်၏ အမှုသည် ပြောင်းလဲခြင်းမရှိဟု ဆိုပါက၊ သူသည် သူ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အပြီးသတ်နိုင်မည်လော။ ဘုရားသခင်သည် ထာဝရ ပြောင်းလဲခြင်းမရှိကြောင်းကိုသာ သင်သိသော်လည်း၊ ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ မအိုဟောင်းသည်ကို သင်သိပါသလော။ ဘုရားသခင်၏ အမှုသည် မပြောင်းလဲပါက၊ သူသည် လူသားမျိုးနွယ်ကို မျက်မှောက်ခေတ်ထိ တစ်လျှောက်လုံး ဦးဆောင်လျှင် ဦးဆောင်နိုင်ခဲ့သည် မဟုတ်လော။ ဘုရားသခင်သည် မပြောင်းလဲနိုင်ပါက၊ သူ ခေတ်နှစ်ခေတ်၏ အမှုကို လုပ်ဆောင်နှင့်ပြီး ဖြစ်သည်မှာ အဘယ်ကြောင့် ဖြစ်သနည်း။ သူ၏ အမှုသည် ရှေ့ဆက်တိုးတက်ရန် မည်သည့်အခါမျှ ရပ်တန့်ခြင်းမရှိ၊ ယင်းမှာ သူ၏ စိတ်သဘောထားကို လူသားထံ တဖြည်းဖြည်း ထုတ်ဖော်ပြပြီး ထုတ်ဖော်ပြသည့်အရာမှာ သူ၏ ပင်ကို စိတ်သဘောထား ဖြစ်သည်ဟု ဆိုရပေမည်။ အစဦးတွင် ဘုရားသခင်၏ စိတ်သဘောထားကို လူသားထံမှ ကွယ်ဝှက်ထားခဲ့သည်၊ သူသည် လူသားထံ သူ၏ စိတ်သဘောထားကို မည်သည့်အခါမျှ ပွင့်လင်းစွာ ထုတ်ဖော်မပြခဲ့သကဲ့သို့၊ လူသည် သူနှင့်သက်ဆိုင်သည့် အသိပညာ တကယ်ကို မရှိခဲ့ပေ။ ဤအရာကြောင့် သူသည် သူ၏ စိတ်သဘောထားကို လူသားကို တဖြည်းဖြည်း ထုတ်ဖော်ပြရန် သူ၏ အမှုကို အသုံးပြုသည်၊ သို့သော် ဤနည်းဖြင့် အမှုပြုခြင်းသည် ဘုရားသခင်၏ စိတ်သဘောထားက ခေတ်တိုင်းတွင် ပြောင်းလဲသည်ဟု မဆိုလိုပေ။ ယင်းမှာ သူ၏ အလိုသည် အမြဲ ပြောင်းလဲနေသောကြောင့်၊ ဘုရားသခင်၏ စိတ်သဘောထားသည် စဉ်ဆက်မပြတ် ပြောင်းလဲနေသည်ဟု မဆိုလိုပေ။ ယင်းထက်၊ သူ၏ အမှုနှင့်သက်ဆိုင်သည့် ခေတ်များ မတူကွဲပြားသောကြောင့်၊ လူသားက သူ့ကို သိနိုင်ဖို့အလို့ငှာ ဘုရားသခင်သည် သူ၏ပင်ကို စိတ်သဘောထားကို အလုံးစုံ ယူဆောင်ပြီး၊ တစ်ဆင့်ပြီးတဆင့် လူသားထံ ဖော်ထုတ်ပြပေသည်။ သို့သော်လည်း ဤသည်မှာ ဘုရားသခင်သည် မူလက မည်သည့် သီးသန့် စိတ်သဘောထားမျှ မရှိ သို့မဟုတ် ကုန်လွန်သည့် ခေတ်များနှင့်အတူ သူ၏ စိတ်သဘောထား တဖြည်းဖြည်း ပြောင်းလဲသည့် သက်သေ လုံးဝ မဟုတ်ပေ- ထိုသို့သော သိနားလည်မှုတစ်ခုသည် မှားယွင်းပေမည်။ ဘုရားသခင်သည် သူ၏ ပင်ကိုဖြစ်ပြီး သီးသန့်ဖြစ်သော စိတ်သဘောထားကို- သူ၏ ဖြစ်ခြင်းကို— ခေတ်များ ကုန်လွန်သွားသည်နှင့်အညီ လူသားထံ ထုတ်ဖော်ပြသသည်။ ခေတ်တစ်ခေတ်၏ အမှုသည် ဘုရားသခင်၏ စိတ်သဘောထား တစ်ခုလုံးကို မဖော်ပြနိုင်ပေ။ သို့ဖြစ်ရာ “ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိ။” ဆိုသည့် စကားများမှာ သူ၏ အမှုကို ရည်ညွှန်းပြီး “ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိ” ဆိုသည့်‌ စကားများမှာ ဘုရားသခင်၏ ပင်ကိုအားဖြင့် အရာအားလုံးနှင့် ဖြစ်ခြင်းကို ရည်ညွှန်းပေသည်။ မည်သို့ပင်ဖြစ်စေ၊ သင်သည် နှစ်ခြောက်ထောင်အမှုကို အချက်တစ်ခုပေါ် မတည်နိုင်ပေ သို့မဟုတ် အသက်မဲ့သော စကားလုံးများဖြင့် ယင်းကို ဘောင်မခတ်နိုင်ပေ။ ယင်းမှာ လူ၏ တုံးအမှုဖြစ်သည်။ ဘုရားသခင်သည် လူ စိတ်ကူးသလောက် ရိုးရှင်းခြင်း မရှိသကဲ့သို့၊ သူ၏ အမှုသည် မည်သည့် ခေတ်တစ်ခုတွင်မျှ စွဲကျန်မနေနိုင်ပေ။ ဥပမာအားဖြင့် ယေဟောဝါသည် ဘုရားသခင်၏ နာမအဖြစ် အမြဲ ရပ်တည်မနေနိုင်ပေ။ ဘုရားသခင်သည် ယေရှု နာမအောက်တွင်လည်း သူ၏ အမှုကို လုပ်ဆောင်နိုင်သေး၏။ ဤသည်မှာ ဘုရားသခင်၏ အမှုသည် ရှေ့သို့ ဦးတည်ချက်ဖြင့် အမြဲ တိုးတက်နေသည့် လက္ခဏာတစ်ခု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)

အချို့က ဘုရားသခင်၏ အမည်နာမသည် ပြောင်းလဲခြင်းမရှိဟု ပြော၏။ သို့ဖြစ်လျှင် ယေဟောဝါ၏အမည်သည် အဘယ်သို့ ယေရှုဖြစ်လာခဲ့သနည်း။ မေရှိယ ကြွလာမည်ကို ပရောဖက်ပြုထားခဲ့၏၊ သို့ဖြစ်လျှင် ယေရှုဟူသော အမည်ရှိသည့် လူသားတစ်ဦး အဘယ်ကြောင့် ကြွလာခဲ့သနည်း။ ဘုရားသခင်၏ နာမသည် အဘယ်ကြောင့် ပြောင်းလဲခဲ့သနည်း။ ထိုသို့သော အမှုကို အချိန်ကြာမြင့်စွာက ဆောင်ရွက်ခဲ့သည် မဟုတ်လော။ ယနေ့တွင် ဘုရားသခင်သည် သာ၍သစ်လွင်သောအမှုကို မပြုနိုင်သလော။ ယမန်နေ့၏ အမှုသည် ပြောင်းလဲနိုင်သကဲ့သို့၊ ယေဟောဝါ၏ အမှုမှ ယေရှု၏အမှု လိုက်လာနိုင်ပေသည်။ ထိုသို့ဆိုလျှင် ယေရှု၏အမှုကိုလည်း အခြားအမှုက မဆက်ခံနိုင်သလော။ ယေဟောဝါ၏နာမသည် ယေရှုအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့ပါက၊ ယေရှု၏နာမသည်လည်း မပြောင်းလဲနိုင်သလော။ ဤအရာမှ မည်သည့်အရာမျှ မထူးဆန်းပေ။ ယင်းမှာ လူတို့သည် ရိုးအလွန်းကြခြင်းသာ ဖြစ်သည်။ ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင်ဖြစ်လိမ့်မည်။ သူ၏အမှု မည်သို့ပြောင်းလဲသည်ဖြစ်စေ၊ ပြီးလျှင် သူ၏ အမည်နာမ မည်သို့ ပြောင်းလဲနိုင်သည်ကို ပဓာနမထားဘဲ၊ သူ၏စိတ်သဘောထားနှင့် ဉာဏ်ပညာတို့သည် မည်သည့်အခါတွင်မျှ ပြောင်းလဲလိမ့်မည်မဟုတ်။ ဘုရားသခင်ကို ယေရှု၏နာမဖြင့်သာ ခေါ်ဆိုနိုင်သည်ဟု သင်ယုံကြည်ပါက၊ သင်၏ အသိပညာသည် အလွန် နည်းပါးလွန်းလှပေသည်။ ယေရှုသည် ထာဝစဉ် ဘုရားသခင်၏ အမည်နာမ ဖြစ်လိမ့်မည်၊ ဘုရားသခင်သည် ယေရှုဟူသော အမည်ဖြင့်သာ ထာဝရ၊ အစဉ်အမြဲ နေသွားလိမ့်မည်ဖြစ်ပြီး ဤအရာသည် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ဟု သင် အခိုင်အမာ ဆိုဝံ့သလော။ ပညတ်တော်ခေတ်ကို အဆုံးသတ်ခဲ့သည်မှာ ယေရှု၏ အမည်နာမဖြစ်ပြီး နောက်ဆုံးသော ခေတ်ကိုလည်း နိဂုံးချုပ် ပေးလိမ့်မည်ဟု သေချာမှုဖြင့် သင် အခိုင်အမာ ဆိုဝံ့ပါသလော။ ယေရှု၏ ကျေးဇူးတော်သည် ခေတ်ကို အဆုံးသတ်ပေးနိုင်သည်ဟု အဘယ်သူ ဆိုနိုင်သနည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း

ဘုရားသခင်သည် အမြဲ ဘုရားသခင်ဖြစ်ပြီး၊ မည်သည့်အခါမျှ စာတန် ဖြစ်လာလိမ့်မည်မဟုတ်ပေ။ စာတန်သည် အစဉ်အမြဲ စာတန်ဖြစ်ပြီး မည်သည့်အခါမျှ ဘုရားသခင် ဖြစ်လာလိမ့်မည်မဟုတ်။ ဘုရားသခင်၏ ဉာဏ်ပညာ၊ ဘုရားသခင်၏ အံ့ဖွယ်ဖြစ်ခြင်း၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ဘုရားသခင်၏ ဘုန်းအာနုဘော်သည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ သူ၏ အနှစ်သာရ၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ သို့သော်လည်း သူ၏ အမှုအတွက်မူ၊ သူသည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ အိုဟောင်းခြင်း မရှိသည့်အတွက်၊ ယင်းသည် ရှေ့သို့ ဦးတည်ချက်တစ်ခုဖြင့် အစဉ်အမြဲ တိုးတက်နေသည်၊ အစဉ်အမြဲ ပိုမို နက်ရှိုင်းနေပေသည်။ ခေတ်တိုင်းတွင် ဘုရားသခင်သည် နာမ အသစ်ကို ခံယူသည်၊ ခေတ်တိုင်းတွင် သူသည် အမှုသစ်ကို လုပ်ဆောင်ပြီး၊ ခေတ်တိုင်းတွင် သူသည် သူ၏ ဖန်ဆင်းခြင်းများကို သူ၏ အသစ်သော အလိုနှင့် အသစ်သော စိတ်သဘောထားကို မြင်ခွင့်ပေးလေသည်။ အကယ်၍ ခေတ်သစ်တွင် လူများသည် ဘုရားသခင်၏ စိတ်သဘောထားသစ် ဖော်ပြချက်ကို မမြင်နိုင်ကြပါက၊ ၎င်းတို့သည် သူ့ကို ကားတိုင်တွင် သံမှိုဖြင့် ထာဝရ ရိုက်နှက်မိကြမည် မဟုတ်လော။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့်၊ ၎င်းတို့သည် ဘုရားသခင်ကို အဓိပ္ပာယ် သတ်မှတ်လိုက်မည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

အနန္တတန်ခိုးရှင် ဘုရားသခင်နှင့် သခင်ယေရှုတို့သည် တစ်ပါးတည်းသော ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း ဖြစ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- လူသားများအကြားတွင်၊ ငါသည် ၎င်းတို့ မမြင်နိုင်သော ဝိညာဉ်၊ ၎င်းတို့ မည်သည့်အခါမျှ...

မတူညီသည့် ခေတ်ကာလများတွင် ဘုရားသခင်၌ မတူညီသည့် နာမတော်များ ရှိရသည့်အကြောင်းအရင်းနှင့် သူ၏ နာမတော်များ၏ အဓိပ္ပာယ်

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ထို့အပြင် ဘုရားသခင်က မောရှေအား မိန့်တော်မူသည်မှာ၊ သင်တို့ ဘိုးဘေးများ၏ ဘုရားသခင်၊ အာဗြဟံ၏ ဘုရားသခင်၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။