အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

လူသားသည် ဥပုသ်နေ့ကို အစိုးရသည်

0

၁။ ရှင်မဿဲ ၁၂:၁ ထိုကာလအခါ ယေရှုသည် ဥပုသ်နေ့၌ ဂျုံစပါးလယ်ကွက်တို့ကို ရှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် ဆာမွတ်သောကြောင့် စပါးအသီးအနှံကို ဆွတ်၍စားကြ၏။

၂။ ရှင်မဿဲ ၁၂:၆-၈ ငါဆိုသည်ကား၊ ဤအရပ်၌ ဗိမာန်တော်ထက်သာ၍ ကြီးမြတ်သောအရာရှိ၏။ ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏ဟူသော ကျမ်းစကားကို သင်တို့သည် နားလည်လျှင်၊ အပြစ်ကင်းသောသူတို့ကို အပြစ်မတင် မစီရင်ကြပြီ။ လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်တော်မူ၏။”

ဒီစာပိုဒ်ကို အရင်ကြည့်ရအောင်။ “ ထိုကာလအခါ ယေရှုသည် ဥပုသ်နေ့၌ ဂျုံစပါးလယ်ကွက်တို့ကို ရှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် ဆာမွတ်သောကြောင့် စပါးအသီးအနှံကို ဆွတ်၍စားကြ၏။”

ဒီစာပိုဒ်ကို ဘာကြောင့် ငါတို့ရွေးချယ်ခဲ့တာလဲ။ ဘုရားသခင်ရဲ့ စိတ်သဘောထားနဲ့ အဲဒါက ဘာဆက်စပ်မှုရှိသလဲ။ ဒီစာပိုဒ်မှာ ငါတို့သိတဲ့ ပထမဆုံးအရာက အဲဒီနေ့ဟာ ဥပုသ်နေ့ဖြစ်တယ်ဆိုပေမဲ့ သခင်ယေရှုက အပြင်ကိုထွက်ပြီး ပြောင်းဖူးကွင်းကို ဖြတ်ပြီး သူ့ရဲ့ တပည့်တော်တွေကို ခေါ်ဆောင်ခဲ့တယ်။ ပိုပြီးတော့ “ ဆိုးရွားတာက” သူတို့ဟာ “ စပါးအသီးအနှံကို ဆွတ်၍စားကြ၏” ဆိုတာပဲ။ ပညတ်တော်ခေတ်မှာ ယေဟောဝါဘုရားသခင်ရဲ့ ပညတ်တော်တွေအရ လူတွေက ခပ်ပေါ့ပေါ့နဲ့ အပြင်ထွက်လို့မရတဲ့ သို့မဟုတ် ဥပုသ်နေ့ လှုပ်ရှားမှုတွေမှာ ပါဝင်တာတွေ မလုပ်ရဘူး။ ဥပုသ်နေ့မှာ လုပ်ဆောင်လို့မရတဲ့ အရာတွေ အများကြီးရှိတယ်။ သခင်ယေရှုရဲ့ ဒီအပြုအမူဟာ ပညတ်တော်အောက်မှာ အကြာကြီးနေခဲ့တဲ့သူတွေအတွက် ခေါင်းရှုပ်စေတယ်။ ဝေဖန်မှုတွေကိုတောင် လှုံ့ဆော်ခဲ့တယ်။ သူတို့ရဲ့ စိတ်ရှုပ်ထွေးမှုနဲ့ သခင်ယေရှုလုပ်ဆောင်ခဲ့တာနဲ့ပတ်သက်ပြီး သူတို့ပြောခဲ့တဲ့ပုံစံတွေကိုတော့ အခုလောလောဆယ် ခဏထားထားပြီး သခင်ယေရှုက နေ့တွေအားလုံးထဲမှာ ဘာကြောင့် ဥပုသ်နေ့မှာ ဒါကိုလုပ်ဖို့ ရွေးချယ်ခဲ့တာလဲ၊ ဒီအပြုအမူကနေတစ်ဆင့် ပညတ်တော်အောက်မှာ နေထိုင်နေတဲ့ လူတွေကို သူဘာဆွေးနွေးပြောဆိုချင်တာလဲ ဆိုတာကို အရင် ဆွေးနွေးကြမယ်။ ဒါဟာ ဒီစာပိုဒ်နဲ့ ဘုရားသခင်ရဲ့စိတ်သဘောထားကြားမှာရှိတဲ့ ငါပြောချင်တဲ့ ဆက်စပ်မှုပါ။

 

လူသားသည် ဥပုသ်နေ့ကို အစိုးရသည်

သခင်ယေရှု ကြွလာတဲ့အခါမှာ လူတွေကို ဆက်သွယ်ပြောဆိုဖို့ သူ့ရဲ့လက်တွေ့လှုပ်ရှားမှုတွေကို အသုံးပြုခဲ့တယ်။ ဘုရားသခင်က ပညတ်တော်ခေတ်ကို စွန့်ခွာခဲ့ပြီး အလုပ်အသစ်ကို စတင်ခဲ့တယ်။ ဒီအလုပ်အသစ်က ဥပုသ်နေ့ကို စောင့်ထိန်းဖို့ မလိုအပ်ဘူး။ ဘုရားသခင်က ဥပုသ်နေ့ရဲ့ အကန့်အသတ်တွေကနေ ထွက်လာတဲ့အခါမှာ ဒါဟာ သူ့ရဲ့လုပ်ဆောင်မှုအသစ်ရဲ့ နမူနာတစ်ခုသာဖြစ်ပါတယ်။ သူ့ရဲ့ အမှန်တကယ်ကြီးမြတ်တဲ့ လုပ်ဆောင်မှုဟာ ဆက်လက်လှုပ်ရှားနေပါတယ်။ သခင်ယေရှုက သူ့ရဲ့အလုပ်ကို စတင်လုပ်ဆောင်တဲ့အခါမှာ သူဟာ ပညတ်တော်ခေတ်ရဲ့ အချုပ်အနှောင်တွေကို နောက်ချန်ထားခဲ့ပြီး အဲဒီခေတ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖျက်ခဲ့ပြီးပြီဖြစ်တယ်။ သူ့ဆီမှာ ပညတ်တော်နဲ့ ပတ်သက်တဲ့အရာတွေရဲ့ အရိပ်လက္ခဏာတစ်ခုမှ မရှိပါဘူး။ သူဟာ အဲဒါကို လုံးဝလွှင့်ပစ်ခဲ့ပြီး စောင့်ထိန်းခြင်း မရှိတော့ဘူး။ လူသားမျိုးနွယ်ကိုလည်း ဒါကို စောင့်ထိန်းခိုင်းဖို့ မလိုအပ်တော့ပါဘူး။ ဒါကြောင့် ဒီမှာ သခင်ယေရှုဟာ ဥပုသ်နေ့မှာ ပြောင်းဖူးကွင်းကို ဖြတ်သန်းသွားတာကို သင်တွေ့ရပါတယ်။ သခင်က အနားယူခြင်းမရှိဘဲ အပြင်မှာ အလုပ်လုပ်နေပါတယ်။ သူ့ရဲ့ ဒီအပြုအမူဟာ လူတွေရဲ့ အယူအဆတွေအပေါ်မှာ အံ့အားသင့်သွားစေခဲ့ပြီး သူဟာ ပညတ်တော်အောက်မှာ မနေတော့ဘူး၊ ဥပုသ်နေ့ရဲ့ အကန့်အသတ်တွေကို သူထားခဲ့ပြီး လူသားမျိုးနွယ်ရှေ့မှာ၊ ပုံစံအသစ်နဲ့ သူတို့တွေရဲ့ကြားထဲမှာ လုပ်ဆောင်နည်းအသစ်တစ်ခုနဲ့ ပေါ်လာတယ်။ သူ့ရဲ့ ဒီအပြုအမူဟာ ပညတ်တော်ကနေ ထွက်ခွာခြင်းနဲ့ ဥပုသ်ကနေ ထွက်ခွာခြင်းနဲ့စတင်တဲ့ သူ့ရဲ့ လုပ်ဆောင်မှုအသစ်နဲ့ သူယူဆောင်လာခဲ့တဲ့ လူတွေကို ပြောပြပါတယ်။ ဘုရားသခင်က သူ့ရဲ့လုပ်ဆောင်မှုအသစ်ကို လုပ်တဲ့အခါမှာ သူဟာ အတိတ်ကို ဖက်တွယ်မနေတော့ပါဘူး။ နောက်ပြီး သူဟာ ပညတ်တော်ခေတ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်ပြီး အလေးထားခြင်း မရှိတော့ပါဘူး။ အရင်ခေတ်ကာလက သူ့ရဲ့လုပ်ဆောင်ချက်တွေရဲ့ သက်ရောက်မှုတွေလည်း သူ့မှာ မရှိတော့ဘဲ ဥပုသ်နေ့မှာ ပုံမှန်အတိုင်းပဲ အလုပ်လုပ်ပြီး သူ့ရဲ့ တပည့်တော်တွေက ဆာလောင်တဲ့အခါမှာ ပြောင်းဖူးသီးနှံတွေကို စားဖို့ သူတို့ ခူးဆွတ်နိုင်ကြပါတယ်။ ဒါတွေအားလုံးက ဘုရားသခင်ရဲ့ အမြင်မှာ တကယ့်ကို သာမန်ပါပဲ။ ဘုရားသခင်က သူလုပ်ချင်တဲ့ အလုပ်တွေအများကြီးအတွက်၊ သူပြောချင်တာတွေအတွက် အသစ်စတင်နိုင်ပါတယ်။ အသစ်စတင်မှုတစ်ခုကို သူလုပ်လိုက်တာနဲ့ သူ့ရဲ့အရင်အလုပ်ကို မပြောသလို ဆက်ပြီးတော့လည်း မလုပ်တော့ပါဘူး။ ဘုရားသခင်ဟာ သူ့အလုပ်မှာ စည်းမျဉ်းတွေရှိတာကြောင့်ပါ။ အလုပ်အသစ်ကို သူစတင်ချင်တဲ့အချိန်ဟာ သူ့အလုပ်ရဲ့ အဆင့်အသစ်တစ်ခုဆီကို လူသားမျိုးနွယ်ကို ခေါ်ဆောင်ချင်တဲ့အချိန်ပဲဖြစ်ပြီး သူ့အလုပ်ဟာ ပိုမြင့်မားတဲ့အဆင့်တစ်ခုကို ဝင်ရောက်တဲ့အချိန်လည်း ဖြစ်ပါတယ်။ လူတွေက ဆိုရိုးတွေ သို့မဟုတ် စည်းမျဉ်းတွေအတိုင်း ဆက်လက်ပြုမူရင် သို့မဟုတ် ဒီအရာတွေကို ဆက်ပြီး စွဲကိုင်ထားရင် သူဟာ ဒါကို အရေးတယူလုပ်ခြင်း သို့မဟုတ် ချီးမွမ်းခြင်းရှိမှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုရင် သူက အလုပ်အသစ်ကို ယူဆောင်လာပြီးဖြစ်ပြီး သူ့အလုပ်ရဲ့ အဆင့်အသစ်တစ်ခုဆီကို ဝင်ရောက်ပြီးဖြစ်တာကြောင့်ပါ။ အလုပ်အသစ်ကို သူစတင်တဲ့အခါမှာ သူ့ရဲ့စိတ်သဘောထားနဲ့ သူ့ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းရဲ့ မတူညီတဲ့ အချက်အလက်တွေကို လူတွေသိနိုင်ဖို့အတွက် လုံးဝ ပုံရိပ်အသစ်တစ်ခုနဲ့ ရှုထောင့်အသစ်တစ်ခုနဲ့ လူသားမျိုးနွယ်ဆီကို သူပေါ်ထွန်းလာပါတယ်။ ဒါဟာ သူ့ရဲ့အလုပ်အသစ်မှာရှိတဲ့ သူ့ရဲ့ပန်းတိုင်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဘုရားသခင်က အရင်ကအရာတွေကို ကိုင်စွဲမထားဘူး သို့မဟုတ် အသားကျပြီးသား လမ်းကြောင်းကို မလျှောက်ပါဘူး။ သူအလုပ်လုပ်ပြီး စကားပြောတဲ့အခါမှာ လူတွေထင်သလို ပိတ်ပင်တားမြစ်ခြင်း မရှိပါဘူး။ ဘုရားသခင်ဆီမှာ အားလုံးက လွတ်လပ်ပြီး ချုပ်ချယ်မှုကင်းတယ်။ ပိတ်ပင်တားမြစ်ခြင်း၊ ကန့်သတ်ခြင်းတွေ မရှိဘူး။ လူသားမျိုးနွယ်ဆီကို သူယူဆောင်လာတဲ့အရာအားလုံးက လွတ်လပ်ခြင်းနဲ့ အချုပ်အချယ်ကင်းခြင်းတွေဖြစ်ပါတယ်။ သူဟာ အသက်ရှင်တဲ့ ဘုရားသခင်၊ အမှန်တကယ် စစ်မှန်စွာ တည်ရှိတဲ့ ဘုရားသခင်ဖြစ်တယ်။ သူဟာ ရုပ်သေးရုပ်တစ်ရုပ် သို့မဟုတ် ရွံ့စေးရုပ်တုတစ်ရုပ်မဟုတ်ပါဘူး။ လူတွေ အမြတ်တနိုးထားပြီး ကိုးကွယ်တဲ့ ရုပ်တုတွေနဲ့ လုံးဝ ကွဲပြားပါတယ်။ သူဟာ အသက်ရှင်ပြီး အားမာန်အပြည့်ရှိတယ်။ လူသားတွေဆီကို သူ့ရဲ့နှုတ်ကပတ်တော်တို့နဲ့ လုပ်ဆောင်မှုတို့က သယ်ဆောင်လာတာတွေအားလုံးဟာ အသက်နဲ့ အလင်း၊ လွတ်လပ်ခြင်းနဲ့ အချုပ်အချယ်ကင်းခြင်းတို့ဖြစ်တယ်။ သူဟာ သမ္မာတရား၊ အသက်နဲ့ လမ်းခရီးကို ကိုင်ဆောင်ထားတဲ့အတွက် သူ့ရဲ့ဘယ်အလုပ်ရဲ့ ကန့်သတ်ခြင်းကိုမှ မခံရဘူး။ လူတွေက ဘာပဲပြောပါစေ၊ သူတို့က ဘယ်လိုပဲမြင်ပါစေ၊ သို့မဟုတ် သူ့ရဲ့အလုပ်အသစ်ကို ဘယ်လိုပဲ အကဲဖြတ်ပါစေ၊ သံသယ မရှိဘဲ သူ့ရဲ့အလုပ်ကို လုပ်ဆောင်ပါလိမ့်မယ်။ ဘယ်တစ်ဦးတစ်ယောက်ရဲ့ အယူအဆတွေ၊ သူ့အလုပ်နဲ့ နှုတ်ကပတ်တော်တွေကို လက်ညှိုးထိုးဝေဖန်ခြင်းတွေ၊ သို့မဟုတ် သူ့ရဲ့အလုပ်အသစ်အပေါ် သူတို့ရဲ့ ပြင်းထန်တဲ့ ဆန့်ကျင် ခုခံခြင်းတွေနဲ့ပတ်သက်ပြီးတောင် သူစိုးရိမ်ပူပန်မှာမဟုတ်ဘူး။ ဘုရားသခင်လုပ်ဆောင်တဲ့အရာကို တိုင်းတာဖို့ သို့မဟုတ် အဓိပ္ပာယ်ဖွင့်ဖို့၊ သူ့အလုပ်ကို ချိုးနှိမ်ဖို့ သို့မဟုတ် နှောင့်ယှက်ဖို့ သို့မဟုတ် တမင်ဖျက်ဆီးဖို့ ဖန်ဆင်းခံအားလုံးထဲမှာ ဘယ်သူကမှ လူသားရဲ့ ကျိုးကြောင်းဆင်ခြင်မှု သို့မဟုတ် လူသားရဲ့ စိတ်ကူးတွေးတောမှု၊ အသိပညာ သို့မဟုတ် ကိုယ်ကျင့်တရားကို အသုံးမပြုနိုင်ပါဘူး။ သူ့ရဲ့အလုပ်နဲ့ သူလုပ်တဲ့အရာတွေမှာ ပိတ်ပင်တားမြစ်ထားခြင်းတွေ မရှိဘူး။ ဘယ်လူ၊ အကြောင်းရာ သို့မဟုတ် အရာဝတ္ထုရဲ့ ကန့်သတ်ခြင်းမှ ရှိမှာမဟုတ်ဘူး။ ဘယ်ရန်လိုတဲ့အင်အားစုရဲ့ နှောင့်ယှက်ခြင်းကိုမှ ခံရမှာမဟုတ်ပါဘူး။ သူ့ရဲ့အလုပ်အသစ်မှာ သူဟာ အမြဲတမ်းအောင်နိုင်မှုကို ရရှိနေတဲ့ ဘုရင်တစ်ပါးဖြစ်ပြီး လူသားမျိုးနွယ်ဆီက ရန်လိုတဲ့အင်အားစုတွေ၊ မိစ္ဆာဒိဋ္ဌိနဲ့ အယူလွဲမှားမှုတွေ အားလုံးဟာ သူ့ရဲ့ ခြေတင်ခုံအောက်မှာ နင်းချေခြင်းကို ခံကြရတယ်။ သူ့အလုပ်ရဲ့ ဘယ်အဆင့်အသစ်ကို သူလုပ်ဆောင်နေသည်ဖြစ်စေ အဲဒီအလုပ်ကို လူသားတွေရဲ့အလယ်မှာ တည်ဆောက်ပြီး ချဲ့ထွင်ရမှာဖြစ်ပြီး သူ့ရဲ့ ကြီးမားတဲ့အလုပ် ပြီးဆုံးသည်အထိ စကြဝဠာတစ်ခုလုံးမှာ အတားအဆီးမရှိ လုပ်ဆောင်ရမှာဖြစ်တယ်။ ဒါဟာ ဘုရားသခင်ရဲ့ အနန္တတန်ခိုးနဲ့ ဉာဏ်ပညာဖြစ်တယ်။ သူ့ရဲ့ အာဏာနဲ့ တန်ခိုးဖြစ်တယ်။ ဒါကြောင့် သခင်ယေရှုဟာ ဥပုသ်နေ့မှာ အပြင်ကို ပွင့်လင်းစွာ သွားလာနိုင်ပြီး အလုပ်လုပ်နိုင်တယ်။ ဘာကြောင့်လဲဆိုရင် သူ့နှလုံးသားထဲမှာ စည်းမျဉ်းတွေမရှိဘူး။ လူသားမျိုးနွယ်ကနေ ဖြစ်ပေါ်လာတဲ့ အသိပညာ သို့မဟုတ် အယူဝါဒတွေ မရှိဘူး။ သူရှိတဲ့အရာက ဘုရားသခင်ရဲ့ လုပ်ဆောင်မှုအသစ်နဲ့ သူ့ရဲ့လမ်းခရီးပဲဖြစ်တယ်။ သူ့ရဲ့အလုပ်က လူသားမျိုးနွယ်ကို လွတ်မြောက်စေဖို့၊ သူတို့ကို လွှတ်ပေးဖို့၊ သူတို့ကို အလင်းမှာ ဖြစ်တည်ခွင့်ပေးဖို့၊ သူတို့ကို အသက်ရှင်ခွင့်ပေးဖို့ နည်းလမ်းဖြစ်တယ်။ ရုပ်တုတွေ သို့မဟုတ် မှားယွင်းတဲ့ ဘုရားတွေကို ကိုးကွယ်တဲ့သူတွေဟာ စာတန်ရဲ့ချည်နှောင်ခြင်းကိုခံရရင်း၊ စည်းမျဉ်းနဲ့ ဘာသာရေးယဉ်ကျေးမှုဆိုင်ရာ တားမြစ်ချက်ပေါင်းစုံရဲ့ ကန့်သတ်ချက်တွေနဲ့ နေ့စဉ် အသက်ရှင်နေထိုင်ရတယ်။ ဒီနေ့မှာ တစ်ခုကို ပိတ်ပင်တားမြစ်ပြီး နောက်နေ့ကျရင် နောက်တစ်ခုကို ပိတ်ပင်တားမြစ်တယ်။ သူတို့ဘဝမှာ လွတ်လပ်ခြင်းမရှိဘူး။ သူတို့ဟာ ဝမ်းမြောက်စရာအကြောင်းပြောစရာမရှိတဲ့ အချုပ်အနှောင်တွေနဲ့ အကျဉ်းသားတွေလိုပါပဲ။ “ ပိတ်ပင်တားမြစ်ခြင်း” ဆိုတာ ဘာကို ကိုယ်စားပြုတာလဲ။ အကန့်အသတ်တွေ၊ ချည်နှောင်မှုတွေနဲ့ ဆိုးယုတ်ခြင်းတွေကို ကိုယ်စားပြုတယ်။ လူတစ်ယောက်က ရုပ်တုတစ်ခုကို ကိုးကွယ်လိုက်တာနဲ့ တစ်ပြိုင်နက် သူတို့ဟာ မှားယွင်းတဲ့ ဘုရားကို ကိုးကွယ်နေခြင်းဖြစ်တယ်။ ဆိုးယုတ်တဲ့ နတ်ဆိုးကို ကိုးကွယ်နေခြင်း ဖြစ်တယ်။ ပိတ်ပင်တားမြစ်ခြင်းမှာ ဒါတွေပါလာပါတယ်။ သင်က ဒီဟာ၊ ဟိုဟာတွေ မစားရဘူး။ ဒီနေ့ သင်အပြင်ထွက်လို့မရဘူး။ မနက်ဖြန်ကျရင် မီးဖိုကို ဖွင့်လို့မရဘူး။ နောက်နေ့ကျတော့ သင်အိမ်အသစ်ကို ပြောင်းလို့မရဘူး။ မင်္ဂလာဆောင်တွေ၊ အသုဘ အခမ်းအနားတွေနဲ့ ကလေးမွေးတာတွေအတွက်တောင်မှ သတ်မှတ်ထားတဲ့ ရက်တွေကို ရွေးချယ်ရတယ်။ ဒါကို ဘာလို့ ခေါ်သလဲ။ ပိတ်ပင်တားမြစ်ခြင်းလို့ ခေါ်တယ်။ ဒါဟာ လူသားမျိုးနွယ်ရဲ့ ကျွန်ခံရခြင်းပဲဖြစ်တယ်။ စာတန်ရဲ့ အချုပ်အနှောင်ဖြစ်ပြီး ဆိုးယုတ်တဲ့ နတ်ဆိုးတွေက သူတို့ကို ထိန်းချုပ်နေပြီး သူတို့ရဲ့နှလုံးသားနဲ့ ကိုယ်ခန္ဓာကို ကန့်သတ်နေတာဖြစ်ပါတယ်။ ဒီပိတ်ပင်တားမြစ်ခြင်းတွေက ဘုရားသခင်မှာ တည်ရှိသလား။ ဘုရားသခင်ရဲ့ သန့်ရှင်းမြင့်မြတ်ခြင်းကို ပြောတဲ့အခါမှာ သင်ဟာ ဒါကို အရင်ဆုံးစဉ်းစားသင့်တယ်။ ဘုရားသခင်နဲ့ဆိုရင် ပိတ်ပင်တားမြစ်ခြင်းတွေ မရှိဘူး။ သူ့ရဲ့နှုတ်ကပတ်တော်တွေနဲ့ အလုပ်မှာ စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ ဒါပေမဲ့ ပိတ်ပင်တားမြစ်ခြင်းတွေ မရှိဘူး။ ဘာကြောင့်လဲဆိုရင် ဘုရားသခင်ကိုယ်တော်တိုင်က သမ္မာတရား၊ အသက်နဲ့ လမ်းခရီးဖြစ်တာကြောင့်ပဲ။

အခု ဒီစာပိုဒ်ကို ကြည့်ကြည့်ရအောင်။ “ ငါဆိုသည်ကား၊ ဤအရပ်၌ ဗိမာန်တော်ထက်သာ၍ ကြီးမြတ်သောအရာရှိ၏။ ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏ဟူသော ကျမ်းစကားကို သင်တို့သည် နားလည်လျှင်၊ အပြစ်ကင်းသောသူတို့ကို အပြစ်မတင် မစီရင်ကြပြီ။ လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်တော်မူ၏။” (ရှင်မဿဲ ၁၂:၆-၈) ဒီနေရာမှာ “ ဗိမာန်တော်” ဆိုတာ ဘာကို ရည်ညွှန်းတာလဲ။ ရိုးရိုးရှင်းရှင်းပြောရရင် “ ဗိမာန်တော်” ဆိုတာ ကြီးကျယ်ခမ်းနားတဲ့ မြင့်မားတဲ့ အဆောက်အဦးကို ဆိုလိုပြီး ပညတ်တော်ခေတ်မှာ ဗိမာန်တော်ဟာ ပုရောဟိတ်တွေအတွက် ဘုရားသခင်ကို ကိုးကွယ်ဖို့ နေရာတစ်ခုဖြစ်ပါတယ်။ သခင်ယေရှုက “ ဤအရပ်၌ ဗိမာန်တော်ထက်သာ၍ ကြီးမြတ်သောအရာရှိ၏။” လို့ပြောတဲ့အခါမှာ “ အရာ” ဆိုတာ ဘာကိုရည်ညွှန်းတာလဲ။ ရှင်းပါတယ်။ “ အရာ” ဆိုတာက ဇာတိခန္ဓာထဲက သခင်ယေရှုပါပဲ။ ဘာကြောင့်လဲဆိုရင် သူသာလျှင် ဗိမာန်တော်ထက် ကြီးမြတ်သူဖြစ်တာကြောင့်ပါ။ ဒီစကားလုံးတွေက လူတွေကို ဘာတွေပြောပြနေသလဲ။ ဗိမာန်တော်ထဲကနေ ထွက်ဖို့ လူတွေကို ပြောနေပါတယ်။ ဘုရားသခင်က ထွက်နှင့်ပြီးဖြစ်ပြီး အဲဒီအထဲမှာ အလုပ်မလုပ်တော့ပါဘူး။ ဒါကြောင့် လူတွေဟာ ဘုရားသခင်ရဲ့ ခြေလှမ်းတွေကို ဗိမာန်တော်ရဲ့အပြင်ဖက်မှာ ရှာဖွေပြီး သူ့ရဲ့အလုပ်အသစ်မှာ သူ့ရဲ့ခြေလှမ်းတွေနောက်ကို လိုက်သင့်ပါတယ်။ သခင်ယေရှုက ဒါကိုပြောပြတဲ့ နောက်ခံအကြောင်းက ပညတ်တော်အောက်မှာ လူတွေက ဗိမာန်တော်ကို ဘုရားသခင်ကိုယ်တော်တိုင်ထက် ကြီးမြတ်နေသလိုမျိုး မြင်လာခဲ့ကြလို့ပါပဲ။ ဆိုလိုတာက လူတွေဟာ ဘုရားသခင်ကို ကိုးကွယ်တာထက် ဗိမာန်တော်ကို ကိုးကွယ်နေကြတယ်။ ဒါကြောင့် သခင်ယေရှုဟာ ဘုရားသခင်ဟာ သာလွန်ကြီးမြတ်တဲ့အတွက်ကြောင့် ရုပ်တုတွေကို မကိုးကွယ်ဘဲ ဘုရားသခင်ကို ကိုးကွယ်ဖို့သတိပေးခဲ့တယ်။ ဒါကြောင့် “ ယဇ်ပူဇော်ခြင်း အကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏” လို့သူပြောခဲ့တယ်။ ဒါဟာ သခင်ယေရှုရဲ့အမြင်မှာ ပညတ်တော်အောက်မှာရှိတဲ့ လူအများစုဟာ ယေဟောဝါ ဘုရားသခင်ကို မကိုးကွယ်တော့ဘဲ ယဇ်ပူဇော်ခြင်းလမ်းစဉ်ကို လိုက်နေတယ်ဆိုတာ ထင်ရှားမြင်သာပြီး သခင်ယေရှုက ဒီလမ်းစဉ်ဟာ ရုပ်တုကိုးကွယ်ခြင်းဖြစ်တယ်လို့ သတ်မှတ်ခဲ့တယ်။ ဒီရုပ်တုကိုးကွယ်သူတွေဟာ ဗိမာန်တော်ကို ဘုရားသခင်ထက်ပိုပြီးကြီးမြတ်တဲ့၊ ပိုပြီးမြင့်တဲ့ အရာတစ်ခုအဖြစ် မြင်ခဲ့ကြတယ်။ သူတို့နှလုံးသားမှာ ဗိမာန်တော်ပဲရှိတယ်။ ဘုရားသခင်မရှိဘူး။ ဗိမာန်တော်ကို သူတို့ ဆုံးရှုံးသွားရင်၊ သူတို့ ကျိန်းဝပ်ရာအရပ်ကို ဆုံးရှုံးသွားတာပဲ။ ဗိမာန်တော်မရှိရင် သူတို့ ကိုးကွယ်ဖို့နေရာမရှိဘူး။ သူတို့ရဲ့ ယဇ်ပူဇော်ခြင်းတွေကို မလုပ်ဆောင်နိုင်ပါဘူး။ သူတို့ရဲ့ ကျိန်းဝပ်ရာအရပ်ဆိုတဲ့နေရာက ယေဟောဝါ ဘုရားသခင်ကို ကိုးကွယ်ခြင်းဆိုတဲ့ နဖူးစည်းစာတန်းအောက်မှာ သူတို့လှုပ်ရှားတဲ့နေရာဖြစ်ပြီး သူတို့ကို ဗိမာန်တော်မှာ နေခွင့်ပေးပြီး သူတို့ရဲ့ ကိုယ်ပိုင်အရေးကိစ္စတွေကို လုပ်ဆောင်ခွင့်ပေးတယ်။ သူတို့ရဲ့ ယဇ်ပူဇော်ပသခြင်းဆိုတဲ့အရာက ဗိမာန်တော်မှာ သူတို့ရဲ့ အစေခံခြင်းကို လုပ်ဆောင်ခြင်းဆိုတဲ့ အသွင်ပုံစံအောက်မှာ သူတို့ရဲ့ကိုယ်ပိုင် ရှက်စရာကောင်းတဲ့ အတွင်းရေးကိစ္စတွေကို ဆောင်ရွက်ဖို့သက်သက်ပဲ ဖြစ်ပါတယ်။ ဒါဟာ ဗိမာန်တော်ကို ဘုရားသခင်ထက် ကြီးမြတ်တယ်လို့ အဲဒီအချိန်တုန်းက လူတွေမြင်ရတဲ့ အကြောင်းရင်းပဲဖြစ်ပါတယ်။ သူတို့က ဗိမာန်တော်ကို အကာအကွယ်အနေနဲ့ အသုံးပြုပြီး လူတွေကိုလိမ်ညာဖို့နဲ့ ဘုရားသခင်ကို လိမ်ညာဖို့အတွက် အသွင်ပုံစံတစ်ခုအနေနဲ့ ယဇ်ပူဇော်ခဲ့ကြတဲ့အတွက်ကြောင့် သခင်ယေရှုက လူတွေကို သတိပေးဖို့အတွက် ဒါကို ပြောခဲ့တယ်။…

နောက်တစ်ခု၊ ကျမ်းစာရဲ့ ဒီအပိုင်းမှာရှိတဲ့ နောက်ဆုံးစာကြောင်းကို ကြည့်ရအောင်။ “ လူသားသည် ဥပုသ်နေ့ကို အစိုးရသည်။” ဒီစာကြောင်းမှာ လက်တွေ့ကျတဲ့အရာ ရှိသလား။ ဒီဟာရဲ့ လက်တွေ့ကျတဲ့အရာကို သင်တို့ မြင်နိုင်သလား။ ဘုရားသခင်ပြောတဲ့ အရာတစ်ခုချင်းစီတိုင်းက သူ့နှလုံးသားကနေလာတယ်။ ဒါဆိုရင် သူဒါကို ဘာလို့ပြောသလဲ။ သင်တို့ ဒါကို ဘယ်လိုနားလည်သလဲ။ အခု ဒီစာကြောင်းရဲ့ အဓိပ္ပာယ်ကို သင်တို့နားလည်ကောင်း နားလည်နိုင်တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာတုန်းက နားလည်တဲ့သူ အများကြီးမရှိဘူး။ ဘာကြောင့်လဲဆိုရင် လူသားမျိုးနွယ်က ပညတ်တော်ခေတ်ကနေ ထွက်ခါစပဲ ရှိသေးတာကြောင့်ပါ။ သူတို့အတွက်က ဥပုသ်ကနေ ထွက်လာခြင်းက လုပ်ဆောင်ဖို့ သိပ်ခက်ခဲတဲ့အရာပါ။ စစ်မှန်တဲ့ ဥပုသ်ဆိုတာကို နားလည်ဖို့ဆိုတာတော့ ပြောမနေနဲ့တော့။

"လူသားသည် ဥပုသ်နေ့ကို အစိုးရသည်" ဆိုတဲ့ စာကြောင်းက ဘုရားသခင်ရဲ့ အရာအားလုံးက ရုပ်ဝတ္ထုပိုင်းဆိုင်ရာ မဟုတ်ဘူးဆိုတာကို လူတွေကို ပြောပြပါတယ်။ သင့်ရဲ့ ရုပ်ဝတ္ထုပစ္စည်း လိုအပ်ချက်တွေအားလုံးကို ဘုရားသခင်က ထောက်ပံ့ပေးနိုင်ပေမဲ့ သင့်ရဲ့ ရုပ်ဝတ္ထုပစ္စည်းလိုအပ်ချက်တွေ ပြည့်ပြီဆိုတာနဲ့ ဒီအရာတွေဆီကနေလာတဲ့ ကျေနပ်ခြင်းက သင့်ရဲ့ သမ္မာတရားအတွက် ကြိုးပမ်းအားထုတ်ခြင်းကို အစားထိုးနိုင်သလား။ ဒါမဖြစ်နိုင်ဘူးဆိုတာ ရှင်းပါတယ်။ ငါတို့ မိဿဟာယဖွဲ့ခဲ့တဲ့ ဘုရားသခင်ရဲ့ စိတ်သဘောထားနဲ့ သူ့ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းတို့ နှစ်ခုလုံးက သမ္မာတရားဖြစ်တယ်။ ရုပ်ဝတ္ထုဆိုင်ရာ ပစ္စည်းတွေရဲ့ မြင့်မားတဲ့ ဈေးနှုန်းတွေနဲ့ တိုင်းတာလို့မရသလို ပိုက်ဆံနဲ့ အဖိုးဖြတ်လို့လည်း မရပါဘူး။ ဘာကြောင့်လဲဆိုရင် ဒါဟာ ရုပ်ဝတ္ထုဆိုင်ရာ ပစ္စည်းမဟုတ်တဲ့အတွက်ဖြစ်ပြီး လူတစ်ယောက်စီတိုင်းရဲ့ နှလုံးသားလိုအပ်ချက်ကို ပံ့ပိုးပေးတာကြောင့်ဖြစ်တယ်။ လူတိုင်းအတွက် ဒီလက်ဆုပ်လက်ကိုင်ပြလို့မရတဲ့ သမ္မာတရားတို့ရဲ့ တန်ဖိုးဟာ သင်က ကောင်းတယ်လို့ထင်တဲ့ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုတွေမှန်သမျှထက် ပိုပြီး ကြီးမြတ်သင့်တယ် မဟုတ်ဘူးလား။ ဒီဖော်ပြချက်က သင်တို့ အပြန်ပြန်စဉ်းစားသင့်တဲ့အရာတစ်ခုပဲ။ ငါပြောသွားတဲ့အရာရဲ့ အဓိကအချက်က ဘုရားသခင်ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းနဲ့ ဘုရားသခင်ရဲ့ အရာရာတိုင်းဟာ လူတစ်ယောက်ချင်းစီတိုင်းအတွက် အရေးကြီးဆုံးဖြစ်ပြီး ဘယ်ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုနဲ့မှ အစားထိုးလို့မရနိုင်ဘူးဆိုတာပဲ။ ငါသင့်ကို ဥပမာတစ်ခုပေးမယ်။ သင်ဆာလောင်တဲ့အခါမှာ အစားအစာ လိုအပ်တယ်။ ဒီအစားအစာက ကောင်းချင်ကောင်းမယ် သို့မဟုတ် ညံ့ချင်ညံ့မယ်။ ဒါပေမဲ့ သင်ဗိုက်ဖြည့်လို့ရသရွေ့ ဒီဆာလောင်တဲ့ မကောင်းတဲ့ခံစားချက်က ရှိမှာမဟုတ်တော့ဘူး။ ပျောက်သွားလိမ့်မယ်။ သင်ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ထိုင်နေနိုင်တယ်။ သင့်ရဲ့ ကိုယ်ခန္ဓာဟာ အနားရလိမ့်မယ်။ လူတွေရဲ့ ဆာလောင်မှုကို အစားအစာနဲ့ ဖြေရှင်းနိုင်တယ်။ ဒါပေမဲ့ သင်က ဘုရားသခင်နောက်ကိုလိုက်နေပြီး သူ့ကို နားလည်ခြင်း သင့်မှာမရှိဘူးလို့ ခံစားရရင် သင့်နှလုံးသားထဲက ဘာမှမရှိခြင်းကို သင် ဘယ်လိုဖြေရှင်းနိုင်မလဲ။ အစားအစာနဲ့ ဖြေရှင်းလို့ရမလား။ ဒါမှမဟုတ် သင်က ဘုရားသခင်နောက်ကိုလိုက်နေပြီး သူ့ရဲ့အလိုတော်ကို နားမလည်တဲ့အခါမှာ သင့်နှလုံးသားထဲက အဲဒီ ဆာလောင်မှုအတွက် ဖြည့်ဆည်းဖို့ သင်ဘာကို အသုံးပြုနိုင်မလဲ။ သင့်စိတ်သဘောထား ပြောင်းလဲမှုအတွက် ကြိုးပမ်းအားထုတ်နေတုန်းမှာ ဘုရားသခင်ကနေတစ်ဆင့် သင့်ရဲ့ ကယ်တင်ခြင်းအတွေ့အကြုံဖြစ်စဉ်မှာ သူ့အလိုတော်ကို သင်နားမလည်ရင် သို့မဟုတ် သမ္မာတရားက ဘာလဲဆိုတာကို မသိရင်၊ ဘုရားသခင်ရဲ့ စိတ်သဘောထားကို သင်နားမလည်ရင် စိတ်မသက်သာမှုကို သင်မခံစားရဘူးလား။ သင့်နှလုံးသားထဲမှာ ပြင်းပြတဲ့ဆာလောင်မှုနဲ့ ငတ်မွတ်မှုကို မခံစားရဘူးလား။ ဒီခံစားချက်တွေက သင့်နှလုံးသားထဲမှာ ငြိမ်ဝပ်ခြင်းကို မခံစားရအောင် တားဆီးမနေဘူးလား။ ဒါဆိုရင် သင့်နှလုံးသားထဲက ဆာလောင်မှုကို သင်ဘယ်လို ဖြည့်ဆည်းနိုင်မလဲ။ ဒါကို ဖြေရှင်းဖို့ နည်းလမ်းရှိသလား။ တစ်ချို့လူတွေက ဈေးဝယ်ထွက်တယ်။ တစ်ချို့က ရင်ဖွင့်ဖို့အတွက် သူတို့ရဲ့ သူငယ်ချင်းတွေကို ရှာကြတယ်။ တစ်ချို့လူတွေက အိပ်ရေးဝအောင်အိပ်လိုက်ကြတယ်။ တခြားလူတွေက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ပိုပြီးတော့ ဖတ်ကြတယ်။ ဒါမှမဟုတ် အလုပ်ပိုကြိုးစားကြပြီး သူတို့ရဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ ပိုပြီးတော့ အားစိုက်ထုတ်ကြတယ်။ ဒီအရာတွေက သင့်ရဲ့ တကယ့်အခက်အခဲတွေကို ဖြေရှင်းနိုင်သလား။ သင်တို့အားလုံး ဒီလိုအလေ့အကျင့်တွေကို အပြည့်အဝ နားလည်ကြပါတယ်။ သင်ဟာ ဘာအစွမ်းမှမရှိဘူးလို့ခံစားရတဲ့အခါမှာ၊ သမ္မာတရားရဲ့ အစစ်အမှန်နဲ့ သူ့ရဲ့အလိုတော်ကိုသိခြင်း အခွင့်ကိုရဖို့အတွက် ဘုရားသခင်ဆီကနေ ဉာဏ်အလင်းဖွင့်ပြခြင်းကို ရရှိဖို့ ပြင်းပြတဲ့ဆန္ဒကို သင်ခံစားရတဲ့အခါမှာ သင်ဘာကို အလိုအပ်ဆုံးလဲ။ သင်လိုအပ်တာက ဗိုက်ပြည့်စေမယ့် ထမင်းတစ်နပ်မဟုတ်ဘူး။ သနားကြင်နာတဲ့ စကားတစ်ချို့မဟုတ်ဘူး။ ဇာတိရဲ့ ယာယီ နှစ်သိမ့်ခြင်းနဲ့ စိတ်ကျေနပ်စေခြင်းတို့ဆို ပိုလို့တောင်မဟုတ်ဘူး။ သင်လိုအပ်တာက ဘုရားသခင်က သင်ဘာလုပ်သင့်တယ်၊ ဘယ်လိုလုပ်သင့်တယ်ဆိုတာကို တိုက်ရိုက် ရှင်းရှင်းလင်းလင်းပြောပြဖို့၊ သမ္မာတရားက ဘာလဲဆိုတာကို သင့်ကို ရှင်းရှင်းလင်းလင်း ပြောပြဖို့ပဲ။ နည်းနည်းလေးပဲဖြစ်ဖြစ် ဒါကို သင်နားလည်ပြီးတဲ့နောက်မှာ အစားအစာကောင်းကောင်း စားရတာထက် သင့်နှလုံးသားမှာ ကျေနပ်မှုကို ပိုပြီးမခံစားရဘူးလား။ သင့်နှလုံးသားက ကျေနပ်တဲ့အခါမှာ သင့်နှလုံးသားက၊ သင့်ရဲ့ တစ်ကိုယ်လုံးက စစ်မှန်တဲ့ ငြိမ်ဝပ်ခြင်းကို မရရှိဘူးလား။ ဒီနှိုင်းယှဉ်ချက်နဲ့ ခွဲခြမ်းစိတ်ဖြာလေ့လာချက်ကနေတစ်ဆင့် "လူသားသည် ဥပုသ်နေ့ကို အစိုးရသည်" ဆိုတဲ့ စာကြောင်းကို ငါဘာကြောင့် သင်တို့နဲ့ ဝေမျှချင်သလဲဆိုတာကို သင်တို့ နားလည်သလား။ အဲဒီစာကြောင်းရဲ့ အဓိပ္ပာယ်က ဘုရားသခင်ဆီကနေလာတဲ့အရာ၊ သူ့ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းတွေပါပဲ။ ပြီးတော့ သူ့ရဲ့အရာရာတိုင်းဟာ သင်တန်ဖိုးအထားဆုံးလို့ သင်ယုံကြည်ခဲ့တဲ့ အရာတွေ သို့မဟုတ် လူအပါအဝင် တစ်ခြားအရာတွေထက် ကြီးမြတ်တယ်။ ဆိုလိုတာက လူတစ်ယောက်က ဘုရားသခင်ရဲ့နှုတ်က စကားလုံးတွေကို မရယူနိုင်ဘူးဆိုရင် သို့မဟုတ် သူ့ရဲ့အလိုတော်ကို နားမလည်ဘူးဆိုရင် သူတို့ဟာ ငြိမ်ဝပ်ခြင်းကို မရရှိနိုင်ပါဘူး။ သင်တို့ရဲ့ အနာဂတ် အတွေ့အကြုံတွေမှာ ဒီနေ့ ဒီစာပိုဒ်ကို ငါဘာကြောင့် သင်တို့ကို မြင်စေချင်တယ်ဆိုတာကို သင်တို့ နားလည်ပါလိမ့်မယ်။ ဒါဟာ သိပ်အရေးကြီးပါတယ်။ ဘုရားသခင် လုပ်ဆောင်တဲ့အရာတိုင်းက သမ္မာတရားနဲ့ အသက်ဖြစ်ပါတယ်။ လူသားမျိုးနွယ်အတွက် သမ္မာတရားဟာ သူတို့ဘဝမှာ မရှိလို့မဖြစ်တဲ့အရာ၊ မရှိဘဲနဲ့ လုံးဝ မလုပ်နိုင်တဲ့အရာဖြစ်ပါတယ်။ အကြီးမြတ်ဆုံးအရာလို့လည်း သင်ဆိုနိုင်တယ်။ အဲဒီအရာကို သင်ကြည့်လို့၊ ထိလို့မရပေမဲ့ သင့်အတွက် ဒီအရာရဲ့ အရေးကြီးတဲ့အချက်ကို သင်လျစ်လျူရှုလို့မရပါဘူး။ သင့်နှလုံးသားကို ငြိမ်ဝပ်ခြင်း သယ်ဆောင်ပေးနိုင်တဲ့ တစ်ခုတည်းသော အရာဖြစ်ပါတယ်။

“ လူသားသည် ဥပုသ်နေ့ကို အစိုးရသည်” ဆိုတဲ့ စာကြောင်းက ဘုရားသခင်ရဲ့ အရာအားလုံးက ရုပ်ဝတ္ထုပိုင်းဆိုင်ရာ မဟုတ်ဘူးဆိုတာကို လူတွေကို ပြောပြပါတယ်။ သင့်ရဲ့ ရုပ်ဝတ္ထုပစ္စည်း လိုအပ်ချက်တွေအားလုံးကို ဘုရားသခင်က ထောက်ပံ့ပေးနိုင်ပေမဲ့ သင့်ရဲ့ ရုပ်ဝတ္ထုပစ္စည်းလိုအပ်ချက်တွေ ပြည့်ပြီဆိုတာနဲ့ ဒီအရာတွေဆီကနေလာတဲ့ ကျေနပ်ခြင်းက သင့်ရဲ့ သမ္မာတရားအတွက် ကြိုးပမ်းအားထုတ်ခြင်းကို အစားထိုးနိုင်သလား။ ဒါမဖြစ်နိုင်ဘူးဆိုတာ ရှင်းပါတယ်။ ငါတို့ မိဿဟာယဖွဲ့ခဲ့တဲ့ ဘုရားသခင်ရဲ့ စိတ်သဘောထားနဲ့ သူ့ရဲ့အရာအားလုံးနဲ့ဖြစ်ခြင်းတို့ နှစ်ခုလုံးက သမ္မာတရားဖြစ်တယ်။ ရုပ်ဝတ္ထုဆိုင်ရာ ပစ္စည်းတွေရဲ့ မြင့်မားတဲ့ ဈေးနှုန်းတွေနဲ့ တိုင်းတာလို့မရသလို ပိုက်ဆံနဲ့ အဖိုးဖြတ်လို့လည်း မရပါဘူး။ ဘာကြောင့်လဲဆိုရင် ဒါဟာ ရုပ်ဝတ္ထုဆိုင်ရာ ပစ္စည်းမဟုတ်တဲ့အတွက်ဖြစ်ပြီး လူတစ်ယောက်စီတိုင်းရဲ့ နှလုံးသားလိုအပ်ချက်ကို ပံ့ပိုးပေးတာကြောင့်ဖြစ်တယ်။ လူတိုင်းအတွက် ဒီလက်ဆုပ်လက်ကိုင်ပြလို့မရတဲ့ သမ္မာတရားတို့ရဲ့ တန်ဖိုးဟာ သင်က ကောင်းတယ်လို့ထင်တဲ့ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုတွေမှန်သမျှထက် ပိုပြီး ကြီးမြတ်သင့်တယ် မဟုတ်ဘူးလား။ ဒီဖော်ပြချက်က သင်တို့ အပြန်ပြန်စဉ်းစားသင့်တဲ့အရာတစ်ခုပဲ။ ငါပြောသွားတဲ့အရာရဲ့ အဓိကအချက်က ဘုရားသခင်ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းနဲ့ ဘုရားသခင်ရဲ့ အရာရာတိုင်းဟာ လူတစ်ယောက်ချင်းစီတိုင်းအတွက် အရေးကြီးဆုံးဖြစ်ပြီး ဘယ်ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုနဲ့မှ အစားထိုးလို့မရနိုင်ဘူးဆိုတာပဲ။ ငါသင့်ကို ဥပမာတစ်ခုပေးမယ်။ သင်ဆာလောင်တဲ့အခါမှာ အစားအစာ လိုအပ်တယ်။ ဒီအစားအစာက ကောင်းချင်ကောင်းမယ် သို့မဟုတ် ညံ့ချင်ညံ့မယ်။ ဒါပေမဲ့ သင်ဗိုက်ဖြည့်လို့ရသရွေ့ ဒီဆာလောင်တဲ့ မကောင်းတဲ့ခံစားချက်က ရှိမှာမဟုတ်တော့ဘူး။ ပျောက်သွားလိမ့်မယ်။ သင်ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ထိုင်နေနိုင်တယ်။ သင့်ရဲ့ ကိုယ်ခန္ဓာဟာ အနားရလိမ့်မယ်။ လူတွေရဲ့ ဆာလောင်မှုကို အစားအစာနဲ့ ဖြေရှင်းနိုင်တယ်။ ဒါပေမဲ့ သင်က ဘုရားသခင်နောက်ကိုလိုက်နေပြီး သူ့ကို နားလည်ခြင်း သင့်မှာမရှိဘူးလို့ ခံစားရရင် သင့်နှလုံးသားထဲက ဘာမှမရှိခြင်းကို သင် ဘယ်လိုဖြေရှင်းနိုင်မလဲ။ အစားအစာနဲ့ ဖြေရှင်းလို့ရမလား။ ဒါမှမဟုတ် သင်က ဘုရားသခင်နောက်ကိုလိုက်နေပြီး သူ့ရဲ့အလိုတော်ကို နားမလည်တဲ့အခါမှာ သင့်နှလုံးသားထဲက အဲဒီ ဆာလောင်မှုအတွက် ဖြည့်ဆည်းဖို့ သင်ဘာကို အသုံးပြုနိုင်မလဲ။ သင့်စိတ်သဘောထား ပြောင်းလဲမှုအတွက် ကြိုးပမ်းအားထုတ်နေတုန်းမှာ ဘုရားသခင်ကနေတစ်ဆင့် သင့်ရဲ့ ကယ်တင်ခြင်းအတွေ့အကြုံဖြစ်စဉ်မှာ သူ့အလိုတော်ကို သင်နားမလည်ရင် သို့မဟုတ် သမ္မာတရားက ဘာလဲဆိုတာကို မသိရင်၊ ဘုရားသခင်ရဲ့ စိတ်သဘောထားကို သင်နားမလည်ရင် စိတ်မသက်သာမှုကို သင်မခံစားရဘူးလား။ သင့်နှလုံးသားထဲမှာ ပြင်းပြတဲ့ဆာလောင်မှုနဲ့ ငတ်မွတ်မှုကို မခံစားရဘူးလား။ ဒီခံစားချက်တွေက သင့်နှလုံးသားထဲမှာ ငြိမ်ဝပ်ခြင်းကို မခံစားရအောင် တားဆီးမနေဘူးလား။ ဒါဆိုရင် သင့်နှလုံးသားထဲက ဆာလောင်မှုကို သင်ဘယ်လို ဖြည့်ဆည်းနိုင်မလဲ။ ဒါကို ဖြေရှင်းဖို့ နည်းလမ်းရှိသလား။ တစ်ချို့လူတွေက ဈေးဝယ်ထွက်တယ်။ တစ်ချို့က ရင်ဖွင့်ဖို့အတွက် သူတို့ရဲ့ သူငယ်ချင်းတွေကို ရှာကြတယ်။ တစ်ချို့လူတွေက အိပ်ရေးဝအောင်အိပ်လိုက်ကြတယ်။ တခြားလူတွေက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ပိုပြီးတော့ ဖတ်ကြတယ်။ ဒါမှမဟုတ် အလုပ်ပိုကြိုးစားကြပြီး သူတို့ရဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ ပိုပြီးတော့ အားစိုက်ထုတ်ကြတယ်။ ဒီအရာတွေက သင့်ရဲ့ တကယ့်အခက်အခဲတွေကို ဖြေရှင်းနိုင်သလား။ သင်တို့အားလုံး ဒီလိုအလေ့အကျင့်တွေကို အပြည့်အဝ နားလည်ကြပါတယ်။ သင်ဟာ ဘာအစွမ်းမှမရှိဘူးလို့ခံစားရတဲ့အခါမှာ၊ သမ္မာတရားရဲ့ အစစ်အမှန်နဲ့ သူ့ရဲ့အလိုတော်ကိုသိခြင်း အခွင့်ကိုရဖို့အတွက် ဘုရားသခင်ဆီကနေ ဉာဏ်အလင်းဖွင့်ပြခြင်းကို ရရှိဖို့ ပြင်းပြတဲ့ဆန္ဒကို သင်ခံစားရတဲ့အခါမှာ သင်ဘာကို အလိုအပ်ဆုံးလဲ။ သင်လိုအပ်တာက ဗိုက်ပြည့်စေမယ့် ထမင်းတစ်နပ်မဟုတ်ဘူး။ သနားကြင်နာတဲ့ စကားတစ်ချို့မဟုတ်ဘူး။ ဇာတိရဲ့ ယာယီ နှစ်သိမ့်ခြင်းနဲ့ စိတ်ကျေနပ်စေခြင်းတို့ဆို ပိုလို့တောင်မဟုတ်ဘူး။ သင်လိုအပ်တာက ဘုရားသခင်က သင်ဘာလုပ်သင့်တယ်၊ ဘယ်လိုလုပ်သင့်တယ်ဆိုတာကို တိုက်ရိုက် ရှင်းရှင်းလင်းလင်းပြောပြဖို့၊ သမ္မာတရားက ဘာလဲဆိုတာကို သင့်ကို ရှင်းရှင်းလင်းလင်း ပြောပြဖို့ပဲ။ နည်းနည်းလေးပဲဖြစ်ဖြစ် ဒါကို သင်နားလည်ပြီးတဲ့နောက်မှာ အစားအစာကောင်းကောင်း စားရတာထက် သင့်နှလုံးသားမှာ ကျေနပ်မှုကို ပိုပြီးမခံစားရဘူးလား။ သင့်နှလုံးသားက ကျေနပ်တဲ့အခါမှာ သင့်နှလုံးသားက၊ သင့်ရဲ့ တစ်ကိုယ်လုံးက စစ်မှန်တဲ့ ငြိမ်ဝပ်ခြင်းကို မရရှိဘူးလား။ ဒီနှိုင်းယှဉ်ချက်နဲ့ ခွဲခြမ်းစိတ်ဖြာလေ့လာချက်ကနေတစ်ဆင့် “ လူသားသည် ဥပုသ်နေ့ကို အစိုးရသည်” ဆိုတဲ့ စာကြောင်းကို ငါဘာကြောင့် သင်တို့နဲ့ ဝေမျှချင်သလဲဆိုတာကို သင်တို့ နားလည်သလား။ အဲဒီစာကြောင်းရဲ့ အဓိပ္ပာယ်က ဘုရားသခင်ဆီကနေလာတဲ့အရာ၊ သူ့ရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းတွေပါပဲ။ ပြီးတော့ သူ့ရဲ့အရာရာတိုင်းဟာ သင်တန်ဖိုးအထားဆုံးလို့ သင်ယုံကြည်ခဲ့တဲ့ အရာတွေ သို့မဟုတ် လူအပါအဝင် တစ်ခြားအရာတွေထက် ကြီးမြတ်တယ်။ ဆိုလိုတာက လူတစ်ယောက်က ဘုရားသခင်ရဲ့နှုတ်က စကားလုံးတွေကို မရယူနိုင်ဘူးဆိုရင် သို့မဟုတ် သူ့ရဲ့အလိုတော်ကို နားမလည်ဘူးဆိုရင် သူတို့ဟာ ငြိမ်ဝပ်ခြင်းကို မရရှိနိုင်ပါဘူး။ သင်တို့ရဲ့ အနာဂတ် အတွေ့အကြုံတွေမှာ ဒီနေ့ ဒီစာပိုဒ်ကို ငါဘာကြောင့် သင်တို့ကို မြင်စေချင်တယ်ဆိုတာကို သင်တို့ နားလည်ပါလိမ့်မယ်။ ဒါဟာ သိပ်အရေးကြီးပါတယ်။ ဘုရားသခင် လုပ်ဆောင်တဲ့အရာတိုင်းက သမ္မာတရားနဲ့ အသက်ဖြစ်ပါတယ်။ လူသားမျိုးနွယ်အတွက် သမ္မာတရားဟာ သူတို့ဘဝမှာ မရှိလို့မဖြစ်တဲ့အရာ၊ မရှိဘဲနဲ့ လုံးဝ မလုပ်နိုင်တဲ့အရာဖြစ်ပါတယ်။ အကြီးမြတ်ဆုံးအရာလို့လည်း သင်ဆိုနိုင်တယ်။ အဲဒီအရာကို သင်ကြည့်လို့၊ ထိလို့မရပေမဲ့ သင့်အတွက် ဒီအရာရဲ့ အရေးကြီးတဲ့အချက်ကို သင်လျစ်လျူရှုလို့မရပါဘူး။ သင့်နှလုံးသားကို ငြိမ်ဝပ်ခြင်း သယ်ဆောင်ပေးနိုင်တဲ့ တစ်ခုတည်းသော အရာဖြစ်ပါတယ်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

XXX