လူသားသည် ဥပုသ်နေ့ကို အစိုးရသည် (အပိုင်း ၂)

13.11.2020

ဆက်လက်၍ ဤကျမ်းပိုဒ်၏ နောက်ဆုံးစာကြောင်းကို တစ်ချက်ကြည့်ကြစို့။ “လူသားသည် ဥပုသ်နေ့ကို အစိုးရသည်။” ဤစာကြောင်းတွင် လက်တွေ့ကျသည့် ရှုထောင့်တစ်ခု ရှိသလော။ လက်တွေ့ကျသည့် ရှုထောင့်ကို သင်တို့ မြင်နိုင်သလော။ ဘုရားသခင်ပြောသော အရာတစ်ခုချင်းစီတိုင်းသည် သူ၏ နှလုံးသားမှ လာသည်၊ သို့ဆိုလျှင် သူသည် ဤအရာကို အဘယ်ကြောင့်ပြောသနည်း။ ယင်းကို သင်တို့ မည်သို့ နားလည်သနည်း။ သင်တို့သည် ယခု ဤစာကြောင်း၏ အဓိပ္ပာယ်ကို နားလည်ကောင်း နားလည်နိုင်သည်၊ သို့သော် ယင်းကို ပြောဆိုခဲ့ချိန်တွင် လူသားမျိုးနွယ်သည် ပညတ်တော်ခေတ်မှ ထွက်ခါစ ရှိသေးသောကြောင့်၊ လူများစွာက နားမလည်ခဲ့ကြပေ။ ၎င်းတို့အတွက် စစ်မှန်သော ဥပုသ်က မည်သည့်အရာဖြစ်သည်ကို သိနားလည်ဖို့ မဆိုထားနှင့်၊ ဥပုသ်မှ သွေဖည်ခြင်းသည် လုပ်ဆောင်ရန် အလွန်ခက်ခဲသော အရာဖြစ်ပေသည်။

“လူသားသည် ဥပုသ်နေ့ကို အစိုးရသည်။” ဆိုသော စာကြောင်းက ဘုရားသခင်နှင့်သက်ဆိုင်သည့် အရာအားလုံးသည် ရုပ်ဝတ္ထုဆိုင်ရာ သဘောသဘာဝ မရှိသည်ကို လူတို့အား ပြောပြသည်၊ ပြီးလျှင် ဘုရားသခင်သည် သင်၏ ရုပ်ဝတ္ထုဆိုင်ရာ လိုအပ်ချက်များအားလုံးကို ထောက်ပံ့ ပေးနိုင်သော်လည်း၊ သင်၏ ရုပ်ဝတ္ထုဆိုင်ရာ လိုအပ်ချက်များ ပြည့်သည်နှင့်တစ်ပြိုင်နက်၊ ဤအရာများမှ စိတ်ကျေနပ်ခြင်းသည် သင်၏ သမ္မာတရားကို အားထုတ်ခြင်းအား အစားထိုးနိုင်သလော။ ဤသည်မှာ သိသိသာသာကို မဖြစ်နိုင်ပေ။ ငါတို့ မိတ်သဟာယပြုပြီးဖြစ်သော ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်း နှစ်ခုလုံးသည် သမ္မာတရားဖြစ်သည်။ ယင်းသည် ရုပ်ဝတ္ထုဆိုင်ရာ ပစ္စည်းမဟုတ်ဘဲ၊ လူတစ်ယောက်စီတိုင်း၏ စိတ်နှလုံးလိုအပ်ချက်များကို ပံ့ပိုး ပေးသောကြောင့်၊ ယင်း၏ တန်ဖိုးကို မည်သည့်ရုပ်ဝတ္ထုဆိုင်ရာ ပစ္စည်းနှင့်မျှ မည်မျှအဖိုးတန်သည်ဖြစ်စေ ယှဉ်၍ တိုင်းတာ၍ မရနိုင်သကဲ့သို့၊ ယင်း၏ တန်ဖိုးကို ငွေကြေးအရလည်း အဖိုးဖြတ်၍ မရပေ။ လူတိုင်းအတွက် ဤလက်ဆုပ်လက်ကိုင် ပြ၍မရသော သမ္မာတရားများ၏ တန်ဖိုးသည် သင် တန်ဖိုးထားကောင်းထားမည့် မည်သည့်ရုပ်ဝတ္ထုပစ္စည်းမဆိုထက် သာ၍ ကြီးမြတ်သင့်သည် မဟုတ်လော။ ဤဖော်ပြချက်က သင်တို့ အချိန်ယူစဉ်းစားသင့်သောအရာတစ်ခု ဖြစ်သည်။ ငါ ပြောသွားသောအရာ၏ အဓိကအချက်မှာ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းနှင့် ဘုရားသခင်နှင့်သက်ဆိုင်သည့် အရာရာတိုင်းသည် လူအယောက်စီတိုင်းအတွက် အရေးကြီးဆုံးသော အရာများဖြစ်ပြီး မည်သည့်ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုနှင့်မျှ အစားထိုး၍မရနိုင်ဟူ၍ ဖြစ်သည်။ သင့်ကို ငါ ဥပမာတစ်ခုပေးမည်- သင် ဆာလောင်သောအခါတွင် အစားအစာ လိုအပ်သည်။ ဤအစားအစာသည် အတော်ကလေး ကောင်းချင်ကောင်းမည်၊ သို့မဟုတ် အနည်းနှင့်အများ ကောင်းနိုင်သည်၊ သို့မဟုတ် အနည်းနှင့်အများ စိတ်ကျေနပ်စရာ ဖြစ်နိုင်သည်၊ သို့သော် သင် ဗိုက်ပြည့်သရွေ့ ထို နှစ်သက်ဖွယ်မကောင်းသော ဆာလောင်သည့် ခံစားချက်က ရှိမည်မဟုတ်တော့ပေ- ပျောက်သွားပေလိမ့်မည်။ သင်သည် ငြိမ်းငြိမ်းချမ်းချမ်းနှင့် ထိုင်နေနိုင်သည်။ သင်၏ ကိုယ်ခန္ဓာသည် အနားရလိမ့်မည်။ လူတို့၏ ဆာလောင်မှုကို အစားအစာနှင့် ဖြေရှင်း၍ ရနိုင်သော်လည်း၊ သင်သည် ဘုရားသခင်နောက်လိုက်နေပြီး သူ့ကို သိနားလည်ခြင်း မရှိဟု သင် ခံစားရချိန်တွင်၊ သင်၏ စိတ်နှလုံးထဲရှိ အနှစ်မဲ့ခြင်းကို သင် မည်သို့ ဖြေရှင်းနိုင်သနည်း။ ယင်းကို အစားအစာဖြင့် ဖြေရှင်း၍ရနိုင်သလော။ သို့မဟုတ် သင်က ဘုရားသခင် နောက်ကိုလိုက်နေပြီး သူ၏အလိုကို နားမလည်သောအခါတွင်၊ သင်၏ စိတ်နှလုံးထဲရှိ ထိုဆာလောင်မှုကို ဖြည့်ဆည်းရန် သင် မည်သည့်အရာကို အသုံးပြုနိုင်သနည်း။ သင်၏ စိတ်သဘောထားထဲက ပြောင်းလဲမှုတစ်ခုကို သင် အားထုတ်စဉ်တွင် ဘုရားသခင်အားဖြင့် သင်၏ ကယ်တင်ခြင်း အတွေ့အကြုံဖြစ်စဉ်၌၊ သင်သည် သူ၏အလိုကို သင်နားမလည်ပါက သို့မဟုတ် သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို သင် မသိပါက၊ ဘုရားသခင်၏ စိတ်သဘောထားကို သင်နားမလည်ပါက၊ သင်သည် စိတ်မသက်သာမှုကို အလွန်တရာ ခံစားရမည်မဟုတ်လော။ သင်၏ စိတ်နှလုံးထဲတွင် အားကောင်းသော ဆာလောင်မှုနှင့် ငတ်မွတ်မှုကို ခံစားရမည် မဟုတ်လော။ ဤခံစားချက်တို့က သင်၏ စိတ်နှလုံးထဲတွင် ငြိမ်ဝပ်ခြင်းကို ခံစားရခြင်းမှ သင့်ကို တားဆီးသည် မဟုတ်လော။ သို့ဆိုလျှင် သင်၏ စိတ်နှလုံးထဲရှိ ထိုဆာလောင်မှုကို သင်မည်သို့ ဖြည့်ဆည်းနိုင်မည်နည်း- ယင်းကို ဖြေရှင်းရန် နည်းလမ်းရှိသလော။ လူအချို့သည် ဈေးဝယ် ထွက်ကြသည်၊ အချို့က ရင်ဖွင့်ရန် ၎င်းတို့၏ သူငယ်ချင်းများကို ရှာဖွေကြသည်၊ လူအချို့က ကြာရှည် အိပ်စက်ခြင်းကို မွေ့လျော်ကြသည်၊ အခြားသူတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သာ၍ ဖတ်ရှုကြသည်၊ သို့မဟုတ် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းဖို့ သာ၍ အလုပ် ကြိုးစားကြပြီး အားထုတ်မှု သာ၍ အသုံးပြုကြလေသည်။ ဤအရာတို့က သင်၏ တကယ့်အခက်အခဲများကို ဖြေရှင်းပေးနိုင်သလော။ သင်တို့အားလုံးသည် ဤသို့သော အလေ့အကျင့်မျိုးများကို အပြည့်အဝ နားလည်ကြသည်။ သင်သည် အစွမ်းမဲ့သည်ဟု ခံစားရချိန်တွင်၊ သမ္မာတရား၏ လက်တွေ့အရှိတရားနှင့် သူ၏အလိုကို သင့်အား သိရှိခွင့်ပေးဖို့ ဘုရားသခင်ထံမှ အသိဉာဏ်ပွင့်လင်းခြင်းကို ရရှိရန် ပြင်းပြသော ဆန္ဒကို သင်ခံစားရသောအခါတွင်၊ မည်သည့်အရာကို သင် အလိုအပ်ဆုံး ဖြစ်သနည်း။ သင်လိုအပ်သည်မှာ ဗိုက်ပြည့်စေသည့် ထမင်းတစ်နပ်မဟုတ်သကဲ့သို့၊ ဇာတိပကတိနှင့်ဆိုင်သည့် ယာယီ နှစ်သိမ့်မှုနှင့် စိတ်ကျေနပ်ခြင်းတို့ မဆိုထားနှင့် ကြင်နာသော စကားအနည်းငယ် မဟုတ်ပေ- သင်လိုအပ်သည်မှာ သင် မည်သည့်အရာ လုပ်ဆောင်သင့်သည် ဆိုသည်နှင့်၊ မည်သို့ လုပ်ဆောင်သင့်သည်ဆိုသည်ကို သင့်အား ဘုရားသခင်က တိုက်ရိုက် ရှင်းလင်းစွာပြောပြရန် သမ္မာတရားက အဘယ်အရာ ဖြစ်သည်ဆိုသည်ကို သင့်အား ရှင်းရှင်းလင်းလင်း ပြောပြရန် ဖြစ်သည်။ ဤအရာကို သင် နားလည်ပြီးသည့်နောက်၊ အနည်းငယ်မျှသော သိနားလည်မှုကို သင် ရရှိလျှင်ပင်၊ အစားအစာကောင်းကောင်း စားရသည်ထက် သင်၏ စိတ်နှလုံးတွင် သာ၍ ကျေနပ်မှုခံစားရမည် မဟုတ်လော။ သင်၏ စိတ်နှလုံး ကျေနပ်သောအခါတွင်၊ သင်၏ စိတ်နှလုံးနှင့် သင်၏ ဖြစ်တည်မှုတစ်ခုလုံးသည် စစ်မှန်သော ငြိမ်ဝပ်ခြင်းကို ရရှိသည်မဟုတ်လော။ ဤနှိုင်းယှဉ်ချက်နှင့် စိစစ်မှုမှတစ်ဆင့်၊ “လူသားသည် ဥပုသ်နေ့ကို အစိုးရသည်။” ဆိုသော စာကြောင်းကို ငါသည် အဘယ်ကြောင့် သင်တို့နှင့် ဝေမျှလိုသည်ကို သင်တို့ ယခု နားလည်သလော။ ထိုစာကြောင်း၏ အဓိပ္ပာယ်မှာ ဘုရားသခင်ထံမှ လာသောအရာ၊ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းနှင့် သူနှင့် သက်ဆိုင်သည့် အရာရာတိုင်းသည် သင် တန်ဖိုးအထားဆုံးဟု တစ်ချိန်က သင်ယုံကြည်ခဲ့သော အမှုအရာ သို့မဟုတ် လူအပါအဝင် အခြား မည်သည့်အရာမဆိုထက် သာ၍ကြီးမြတ်ပေသည်။ ဆိုလိုသည်မှာ လူတစ်ဦးသည် ဘုရားသခင်၏နှုတ်မှ စကားများကို မရရှိနိုင်ပါက၊ သို့မဟုတ် သူ၏အလိုကို နားမလည်နိုင်ပါက၊ ငြိမ်သက်ခြင်းချမ်းသာကို ၎င်းတို့ မရရှိနိုင်ပေ။ သင်တို့၏ အနာဂတ် အတွေ့အကြုံများတွင် ယနေ့ ဤကျမ်းပိုဒ်ကို ငါ အဘယ်ကြောင့် သင်တို့အား မြင်တွေ့စေလိုသည်ကို သင်တို့ နားလည်လိမ့်မည်- ဤသည်မှာ အလွန်အရေးကြီး၏။ ဘုရားသခင် လုပ်ဆောင်သော အရာတိုင်းသည် သမ္မာတရားနှင့် အသက်ဖြစ်၏။ သမ္မာတရားမှာ လူတို့အနေဖြင့် မိမိတို့ အသက်တာများတွင် ကင်းမဲ့၍မရသည့် အရာတစ်ခု ဖြစ်ပြီး၊ မရှိဘဲနှင့် ၎င်းတို့ လုံးဝ အဆင်မပြေနိုင်သည့် အရာတစ်ခု ဖြစ်သည်။ ယင်းမှာ အကြီးမြတ်ဆုံးသောအရာ ဖြစ်သည်ဟုလည်း သင်ဆိုနိုင်သည်။ သင်သည် ယင်းကို သင်ကြည့်၍မရ သို့မဟုတ် ထိ၍မရသော်လည်း၊ သင့်အဖို့ ယင်း၏ အရေးပါမှုသည် လျစ်လျူရှု၍မရနိုင်ပေ။ ယင်းသည် သင်၏ စိတ်နှလုံးကို ငြိမ်သက်ခြင်း ချမ်းသာ ယူဆောင်ပေးနိုင်သည့် တစ်ခုတည်းသော အရာဖြစ်သည်။

သင်တို့၏ သမ္မာတရားနှင့်သက်ဆိုင်သည့် သိနားလည်ခြင်းသည် သင်တို့၏ ကိုယ်ပိုင်အခြေအနေများနှင့် တစ်သားတည်း ဖြစ်ပါသလော။ တကယ့်ဘဝတွင် သင်ကြုံတွေ့ဖူးသော လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများနှင့် မည်သည့်သမ္မာတရားက ဆက်နွှယ်သည်ကို ဦးစွာ သင် စဉ်းစားရမည်။ ဘုရားသခင်၏အလိုကို သင်ရှာတွေ့နိုင်ပြီး သူ့အလိုနှင့်ပတ်သက်၍ သင် ကြုံရပြီးဖြစ်သည့်အရာကို ဆက်သွယ်နိုင်သည်မှာ ဤသမ္မာတရားများ၌ ဖြစ်သည်။ သင်သည် သမ္မာတရား၏ မည်သည့် ရှုထောင့်များက သင်ကြုံတွေ့ရသောအရာများနှင့် ဆက်စပ်သည်ကို မသိဘဲ၊ ယင်းအစား ဘုရားသခင်၏ အလိုကို တိုက်ရိုက် ရှာဖွေပါက၊ ဤသည်မှာ ရလဒ်များ မရရှိနိုင်သည့် ကျိုးကြောင်းမမြင်သော ချဉ်းကပ်မှုတစ်ခု ဖြစ်သည်။ သင်သည် သမ္မာတရားကို ရှာဖွေလိုပြီး ဘုရားသခင်၏ အလိုကို နားလည်လိုပါက၊ ပထမဦးစွာ သင့်ထံ မည်သို့သော အမှုအရာမျိုးများ ဖြစ်ပျက်ပြီးဖြစ်သည်၊ ယင်းတို့သည် သမ္မာတရား၏ မည်သည့် ရှုထောင့်များဖြင့် ဆက်စပ်သည် ဆိုသည်တို့ကို ကြည့်ရန်လိုအပ်ပြီး သင်ကြုံတွေ့ပြီးသည့်အရာနှင့် ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲက တိကျသည့် သမ္မာတရားကို ရှာဖွေဖို့လိုအပ်ပေသည်။ ထို့နောက် ထိုသမ္မာတရားထဲတွင် သင့်အတွက် မှန်ကန်သော လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို သင်ရှာဖွေလော့။ ဤနည်းဖြင့် ဘုရားသခင်၏ အလိုကို သွယ်ဝိုက် သိနားလည်ခြင်းအား သင်ရရှိနိုင်သည်။ သမ္မာတရားကို ရှာဖွေခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းသည် အယူဝါဒတစ်ခုကို တွေးတောဆင်ခြင်မှုမရှိဘဲ အသုံးချခြင်း၊ သို့မဟုတ် ပုံသေနည်းတစ်ခုကို လိုက်လျှောက်ခြင်း မဟုတ်ပေ။ သမ္မာတရားသည် ပုံသေကားကျ မဟုတ်သကဲ့သို့ နိယာမတစ်ခုလည်း မဟုတ်ပေ။ ယင်းသည် အသေမဟုတ်ပေ- ယင်းကိုယ်၌က အသက် ဖြစ်သည်၊ အသက်ရှင်သော အရာတစ်ခုဖြစ်ပြီး၊ ယင်းမှာ ဖန်ဆင်းခံတစ်ဦးက ဘဝတွင် လိုက်နာရမည့် စည်းကမ်းဖြစ်ကာ၊ ဘဝတွင် လူသားတစ်ဦး ရှိထားရမည့် စည်းမျဉ်း ဖြစ်သည်။ ဤသည်မှာ သင့်အနေဖြင့် အတွေ့အကြုံမှတဆင့် ဖြစ်နိုင်သမျှ များများ နားလည်ရမည့် အရာတစ်ခု ဖြစ်သည်။ သင့်အတွေ့အကြုံတွင် မည်သည့်အဆင့်ကို သင်ရောက်ရှိသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော် သို့မဟုတ် သမ္မာတရားမှ ခွဲခြား၍မရနိုင်သကဲ့သို့၊ ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် သင်နားလည်သော အရာနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းနှင့်သက်ဆိုင်သည့် သင်သိသောအရာ အားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ဖော်ပြထားပေသည်။ ထိုအရာများသည် သမ္မာတရားနှင့် ခွဲခြား၍မရအောင် ဆက်နွှယ်ထား၏။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့သည် ယင်းတို့ကိုယ်၌က သမ္မာတရားဖြစ်ကြလေသည်။ သမ္မာတရားသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့၏ စစ်မှန်သော သရုပ်သကန်တစ်ခု ဖြစ်သည်။ ယင်းက ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို ခိုင်ခံ့စေပြီး သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းနှင့်သက်ဆိုင်သည့် ရှင်းလင်းသော ထုတ်ပြန်ချက်တစ်ခုကို ပြုလုပ်လေသည်။ ယင်းက ဘုရားသခင် ကြိုက်နှစ်သက်သည့်အရာ၊ သူ မနှစ်သက်သည့်အရာ၊ သင့်ကို သူက လုပ်ဆောင်စေလိုသည့်အရာနှင့် သင့်ကို သူက လုပ်ဆောင်ရန် ခွင့်မပြုသည့်အရာ၊ မည်သည့်လူတို့ကို သူစက်ဆုပ်ပြီး မည်သည့်လူတို့ထံ၌ ဝမ်းမြောက်ခြင်းကို သူ ရရှိသည်ဆိုသည်တို့ကို သာ၍ ရိုးရိုးစင်းစင်း ပြောပြလေသည်။ ဘုရားသခင်ဖော်ပြသော သမ္မာတရားများနောက်ကွယ်တွင် လူတို့သည် သူ၏ သာယာမှု၊ ဒေါသ၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်းအပြင် သူ၏အနှစ်သာရတို့ကို မြင်နိုင်သည်- ဤသည်မှာ သူ၏စိတ်သဘောထားနှင့် သက်ဆိုင်သည့် ထုတ်ဖော်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို သိရှိခြင်းနှင့် သူ၏ နှုတ်ကပတ်တော်မှ သူ၏စိတ်သဘောထားကို သိနားလည်ခြင်းအပြင်၊ အရေးအကြီးဆုံးသောအရာမှာ လက်တွေ့ကျသော အတွေ့အကြုံတို့မှတစ်ဆင့် ဤသိနားလည်မှုကို ရရှိရန် လိုအပ်ချက်ဖြစ်သည်။ လူတစ်ဦးသည် ဘုရားသခင်ကို သိရှိဖို့အလို့ငှာ လက်တွေ့ဘဝမှ မိမိကိုယ်ကိုယ် ဖယ်ရှားပါက၊ ၎င်းတို့သည် ယင်းကို ရရှိနိုင်မည်မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်မှ သိနားလည်မှုတချို့ ရရှိနိုင်သော လူတို့ရှိလျှင်ပင် ၎င်းတို့၏ သိနားလည်မှုသည် သဘောတရားများ၊ စကားလုံးများတို့ဖြင့် ကန့်သတ်ထားပြီး အမှန်တကယ်တွင် ဘုရားသခင် ကိုယ်တော်တိုင် မည်ကဲ့သို့ ရှိသည် ဆိုသည်နှင့်ပတ်သက်၍ ကွာဟချက် ဖြစ်ပေါ်ပေသည်။

ယခု ငါတို့ ဆွေးနွေးပြောဆိုနေသည့်အရာအားလုံးသည် သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသော အဖြစ်အပျက်တို့၏ နယ်ပယ်အတွင်း၌ ရှိလေသည်။ ဤအဖြစ်အပျက်များမှတစ်ဆင့်၊ ပြီးလျှင် ဖြစ်ပျက်ခဲ့သော ဤအရာတို့ကို စိစစ်ခြင်းမှတစ်ဆင့်၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် ရှုထောင့်တိုင်းကို သာ၍ ကျယ်ပြန့်စွာ၊ သာ၍ နက်ရှိုင်းစွာ၊ သာ၍ ပြည့်စုံစွာ၊ ပြီးလျှင် သာ၍ နှံ့စပ်စွာ ၎င်းတို့အား သိရှိခွင့်ပေးရင်း၊ လူတို့သည် သူ၏စိတ်သဘောထားနှင့် သူဖော်ပြပြီးဖြစ်သော သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို သိနားလည်နိုင်ပေသည်။ သို့ဆိုလျှင် ဘုရားသခင်နှင့်သက်ဆိုင်သည့် ရှုထောင့်တိုင်းကို သိရှိဖို့ တစ်ခုတည်းသော နည်းလမ်းမှာ ဤအဖြစ်အပျက်များမှတစ်ဆင့် ဖြစ်သလော။ မဟုတ်ပေ၊ ယင်းမှာ တစ်ခုတည်းသော နည်းလမ်းမဟုတ်ပေ။ အကြောင်းမှာ နိုင်ငံတော်ခေတ်တွင် ဘုရားသခင် ပြောသောအရာနှင့် သူလုပ်ဆောင်သောအမှုသည် လူတို့အား သူ၏စိတ်သဘောထားကို သိစေရန်နှင့် ယင်းကို သာ၍ ပြည့်ဝစွာ သိရှိဖို့ သာ၍ ကောင်းစွာကူညီနိုင်ပေသည်။ သို့သော် လူတို့ရင်းနှီးသော သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသော ဥပမာအချို့၊ သို့မဟုတ် အဖြစ်အပျက်အချို့မှတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထားကိုသိရန်နှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းကို နားလည်ရန် အနည်းငယ် သာ၍ လွယ်ကူသည်ဟု ငါထင်သည်။ သူ့ကို ဤနည်းဖြင့် သင်တို့ကို သိရှိနိုင်စေဖို့ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့နှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များနှင့် ယနေ့ ဘုရားသခင် ဖော်ပြသော သမ္မာတရားတို့ကို လုံးစေ့ပတ်စေ့ ငါယူပါက၊ ယင်းသည် အလွန် ပျင်းစရာကောင်းပြီး အလွန် ငြီးငွေ့ဖွယ်ကောင်းသည်ဟု သင်ခံစားရလိမ့်မည်ဖြစ်ပြီး၊ လူအချို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ပုံသေကားကျဆန်ပုံပေါ်သည်ဟုပင် ခံစားရလိမ့်မည်။ သို့သော်လည်း လူတို့အား ဘုရားသခင်၏ စိတ်သဘောထားကို သိရှိစေရန် ကူညီဖို့ ဥပမာများအနေဖြင့် ဤသမ္မာကျမ်းစာ အဖြစ်အပျက်များကို ငါယူပါက၊ ယင်းကို ငြီးငွေ့ဖွယ်ဖြစ်သည်ဟု သိရှိရမည် မဟုတ်ပေ။ ဤဥပမာတို့ကို ရှင်းပြခြင်းဖြစ်စဉ်တွင် ထိုအချိန်က ဘုရားသခင်၏ စိတ်နှလုံးထဲရှိသည့်အရာ၏ အသေးစိတ်အချက်အလက်များ- သူ၏ စိတ်အခြေအနေ သို့မဟုတ် ခံစားမှု၊ သို့မဟုတ် သူ၏အတွေးများနှင့် စိတ်ကူးများ-ကို လူတို့ထံ လူ၏ဘာသာစကားဖြင့် ပြောပြထားပြီးဖြစ်သကဲ့သို့၊ ဤအရာအားလုံး၏ ရည်မှန်းချက်မှာ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းသည် ပုံသေနည်းမကျသည်ကို ၎င်းတို့အား အသိအမှတ်ပြုခွင့်ပေးရန်၊ ခံစားခွင့်ပေးရန်ဖြစ်သည်ဟု သင်ဆိုနိုင်သည်။ ယင်းသည် ဒဏ္ဍာရီတစ်ခု မဟုတ်၊ သို့မဟုတ် လူတို့ မမြင်နိုင်သည့်အရာ သို့မဟုတ် ထိတွေ့၍မရသော အရာတစ်ခု မဟုတ်ပေ။ ယင်းမှာ အမှန်တကယ် တည်ရှိသော အရာတစ်ခု၊ လူတို့ခံစားပြီး အသိအမှတ်ပြုနိုင်သော အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ အဆုံးစွန်သော ရည်မှန်းချက်ပန်းတိုင် ဖြစ်၏။ ဤခေတ်၌ အသက်ရှင်သော လူတို့သည် ကောင်းချီး ခံစားရသည်ဟု သင်ဆိုနိုင်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ယခင် အမှုနှင့်သက်ဆိုင်သည့် သာ၍ ကျယ်ပြန့်သော သိနားလည်မှုကို ရရှိဖို့ သမ္မာကျမ်းစာ၏ အဖြစ်အပျက်တို့ကို ထုတ်သုံးနိုင်သည်။ ၎င်းတို့သည် သူလုပ်ဆောင်ပြီးသော အမှုမှတစ်ဆင့် သူ၏ စိတ်သဘောထားကို မြင်နိုင်သည်။ ၎င်းတို့သည် သူဖော်ပြပြီးဖြစ်သော ဤစိတ်သဘောထားများ မှတစ်ဆင့် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ အလိုကို သိနားလည်နိုင်ပြီး၊ သူ၏ သန့်ရှင်းခြင်းနှင့် လူသားများအတွက် သူ၏ ဂရုစိုက်ခြင်းတို့၏ ခိုင်မာသော သရုပ်သကန်များကို နားလည်နိုင်ကာ၊ ဤနည်းဖြင့် ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် သာ၍ အသေးစိတ်ကျကာ သာ၍နက်ရှိုင်းသော အသိပညာကို လက်လှမ်းမီနိုင်ကြလေသည်။ သင်တို့အားလုံး ဤအရာကို ယခု ခံစားနိုင်သည်ဟု ငါယုံကြည်သည်။

ကျေးဇူးတော်ခေတ်၌ သခင်ယေရှုပြီးစီးခဲ့သော အမှု၏ နယ်ပယ်အတွင်းတွင်၊ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း၏ နောက်ထပ် ရှုထောင့်တစ်ခုကို သင်မြင်နိုင်သည်။ ဤရှုထောင့်ကို သူ၏ လူ့ဇာတိမှတစ်ဆင့် ဖော်ပြထားခဲ့ပြီး၊ သူ၏ လူ့သဘာဝကြောင့် လူတို့သည် ယင်းကို မြင်နိုင်ကာ အသိအမှတ်ပြုနိုင်ကြလေသည်။ လူသားတွင် လူ့ဇာတိ၌ရှိသော ဘုရားသခင်သည် သူ၏လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်ခဲ့သည်ကို လူတို့မြင်ခဲ့ရပြီး လူ့ဇာတိမှတစ်ဆင့် ဖော်ပြသော ဘုရားသခင်၏ ဘုရားသဘောသဘာဝကို ၎င်းတို့ မြင်ခဲ့ကြသည်။ ဤဖော်ပြချက်နှစ်မျိုးနှစ်စားသည် လူတို့အား အလွန်စစ်မှန်သော ဘုရားသခင်ကို မြင်ခွင့်ပေးပြီး၊ လူတို့အား ဘုရားသခင်နှင့်သက်ဆိုင်သည့် မတူညီသော အယူအဆတစ်ခုကို ဖြစ်ပေါ်ခွင့်ပေးခဲ့သည်။ သို့သော် ကမ္ဘာလောကကို ဖန်ဆင်းခြင်းနှင့် ပညတ်တော်ခေတ်အဆုံးကြား အချိန်ကာလ အတောအတွင်းတွင်၊ ဆိုလိုသည်မှာ ကျေးဇူးတော်ခေတ်မတိုင်မီတွင်၊ လူတို့ မြင်ခဲ့သည့်၊ ကြားခဲ့ကြပြီး တွေ့ကြုံခဲ့ကြသည့် ဘုရားသခင်၏ ရှုထောင့်များမှာ ဘုရားသခင်၏ ဘုရားသဘောသဘာဝ၊ ကိုယ်ထည်ဒြပ်ထည် မရှိသော နယ်ပယ်၌ ဘုရားသခင် လုပ်ဆောင်ခဲ့ပြီး ပြောခဲ့သည့် အရာများနှင့် မြင်၍မရနိုင်သည့် သို့မဟုတ် ထိတွေ့၍မရနိုင်သော သူ၏ တကယ့် ဇာတိအဖြစ်တော်မှ သူဖော်ပြသော အရာများသာ ဖြစ်သည်။ မကြာခဏဆိုသကဲ့သို့ ဤအရာများသည် လူတို့ကို ဘုရားသခင်က သူ၏ ကြီးမြတ်မှုတွင် အလွန် အရှိန်အဝါကြီးသည်မှာ သူ့ထံသို့ ၎င်းတို့ အနီးကပ်၍မရနိုင်ဟု ခံစားရစေခဲ့သည်။ ဘုရားသခင်က လူတို့ကို ပေးနေကျ ထင်မြင်ချက်မှာ သူသည် ၎င်းတို့ သိမြင်နိုင်စွမ်းမရှိအောင် ရိပ်ခနဲ့ ပေါ်လိုက်ပျောက်လိုက်ဖြစ်ပြီး လူတို့က သူ၏အတွေးများနှင့် စိတ်ကူးများ တစ်ခုချင်းစီတိုင်းသည် အလွန် နက်နဲကာ အလွန် အရှာရခက်သည်မှာ ယင်းတို့ကို နားလည်ကာ အသိအမှတ်ပြုဖို့ ကြိုးစားရန် မဆိုထားနှင့်၊ ယင်းတို့ကို လက်လှမ်းရန်ပင် မဖြစ်နိုင်ဟု ခံစားရစေလေသည်။ လူတို့အတွက်၊ ဘုရားသခင်နှင့် ပတ်သက်သော အရာတိုင်းသည် အလွန် အလှမ်း ဝေးလွန်းခဲ့သည်မှာ ယင်းကို လူတို့ မမြင်နိုင်၊ ထိ၍မရနိုင်ခဲ့ပေ။ သူသည် မိုးကောင်းကင်ထိ မြင့်မားပုံပေါ်ပြီး သူသည် လုံးဝ မတည်ရှိသည့်ပုံပေါ်ခဲ့သည်။ ထို့ကြောင့် လူတို့အတွက်၊ ဘုရားသခင်၏ နှလုံးသားနှင့် စိတ်ကို နားလည်ခြင်း၊ သို့မဟုတ် သူ၏ မည်သည့်အတွေးကိုမဆို မရရှိနိုင်သကဲ့သို့၊ လက်လှမ်းပင် မမီနိုင်ပေ။ ပညတ်တော်ခေတ်တွင် ဘုရားသခင်သည် ခိုင်လုံသော အမှုအချို့ကို လုပ်ဆောင်ခဲ့ပြီး၊ သူနှင့်ပတ်သက်သည့် စစ်မှန်သော အသိပညာတချို့ကို လူတို့အား အသိအမှတ်ပြုခွင့်နှင့် သိမြင်ခွင့်ပေးရန် တိကျသည့် နှုတ်ကပတ်တော်အချို့ကို ထုတ်ပြန်ခဲ့ပြီး တိကျသည့် စိတ်သဘောထားအချို့ကိုလည်း ဖော်ပြခဲ့သော်လည်း၊ အဆုံးတွင်မူ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့နှင့် သက်ဆိုင်သည့် ဤဖော်ပြချက်များသည် ကိုယ်ထည်ဒြပ်ထည်မရှိသော နယ်ပယ်မှ လာခဲ့ခြင်းဖြစ်ကာ လူတို့နားလည်သည့်အရာ၊ ၎င်းတို့ သိရှိသည့်အရာမှာ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းနှင့်သက်ဆိုင်သည့် ဘုရားသဘောသဘာဝဆိုင်ရာ ရှုထောင့်အကြောင်း ဖြစ်ဆဲဖြစ်ခဲ့ပေသည်။ လူသားမျိုးနွယ်သည် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းနှင့်သက်ဆိုင်သည့် ဤဖော်ပြချက်မှ ခိုင်မာသော အယူအဆတစ်ခုကို မရရှိနိုင်ခဲ့သကဲ့သို့၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် ၎င်းတို့၏ ထင်မြင်ချက်သည် “ပေါ်လိုက်ပျောက်လိုက်ဖြစ်သည့် နီးကပ်ရန် ခက်ခဲသော ဝိညာဉ်ခန္ဓာ” ၏ နယ်ပယ်အတွင်းတွင် ပိတ်မိနေဆဲဖြစ်ခဲ့သည်။ ဘုရားသခင်သည် လူတို့ထံ ပေါ်ထွန်းရန် ရုပ်ဝတ္ထုနယ်ပယ်နှင့် သက်ဆိုင်သည့် တိကျသော အရာဝတ္ထု၊ သို့မဟုတ် ပုံသဏ္ဌာန်တစ်ခုကို အသုံးမပြုခဲ့သောကြောင့်၊ ၎င်းတို့သည် လူ၏ဘာသာစကားကိုအသုံးပြုလျက် ဘုရားသခင်ကို အဓိပ္ပာယ်မဖွင့်ဆိုနိုင်သေးပေ။ လူတို့၏ နှလုံးသားနှင့် စိတ်ထဲတွင် ဘုရားသခင်အတွက် စံနှုန်းတစ်ခု တည်ဆောက်ရန်၊ သူ့ကို လက်ဆုပ်လက်ကိုင်ပြနိုင်စေရန်နှင့် သူမည်မျှ အရပ်ရှည်သည်၊ သူ မည်မျှ ကြီးမားသည်၊ သူ မည်ကဲ့သို့ရှိသည်၊ မည်သည့်အရာ အတိအကျကို သူ နှစ်သက်ပြီး သူ၏ ပင်ကိုစရိုက်က မည်သည့်အရာ ဖြစ်သည်ဆိုသကဲ့သို့သော လူသားဆန်စေဖို့ရန် ၎င်းတို့၏ ကိုယ်ပိုင်ဘာသာစကားကို အမြဲအသုံးပြုလိုခဲ့ကြသည်။ အမှန်တကယ်တွင်၊ ဘုရားသခင်က လူတို့သည် ဤသို့တွေးတတ်ကြသည်ကို သူ၏ စိတ်နှလုံးထဲ၌ သိခဲ့၏။ သူသည် လူတို့၏ လိုအပ်ချက်များနှင့်ပတ်သက်၍ အလွန် ရှင်းရှင်းလင်းလင်းသိပြီး၊ သူ မည်သည့်အရာ လုပ်ဆောင်သင့်သည်ကိုလည်း အမှန်သိပေ၏၊ ထို့ကြောင့် ကျေးဇူးတော်ခေတ်တွင် သူသည် သူ၏အမှုကို မတူညီသော နည်းလမ်းဖြင့် ဆောင်ရွက်ခဲ့ပေသည်။ ဤနည်းလမ်းမှာ ဘုရားသဘောသဘာဝနှင့် လူသားဆန်သော နည်းလမ်းနှစ်ခုလုံး ဖြစ်သည်။ သခင်ယေရှုအမှုပြုနေခဲ့သော အချိန်ကာလတွင် ဘုရားသခင်၌ လူသားထုတ်ဖော်ပြမှုများစွာ ရှိခဲ့သည်ကို လူတို့က မြင်နိုင်ခဲ့သည်။ ဥပမာအားဖြင့် သူသည် ကနိုင်သည်၊ မင်္ဂလာဆောင်များကို တက်ရောက်နိုင်သည်၊ လူတို့နှင့် ဆက်ဆံနိုင်သည်၊ ၎င်းတို့နှင့် စကားပြောနိုင်ပြီး၊ ၎င်းတို့နှင့် အမှုအရာများကို ဆွေးနွေးနိုင်ပေသည်။ ထို့အပြင် သခင်ယေရှုသည် သူ၏ဘုရားသဘောသဘာဝကို ကိုယ်စားပြုသော အမှုများစွာကို ပြီးစီးခဲ့ပြီး ဤအမှုအားလုံးသည် ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် ဖော်ပြချက်နှင့် ထုတ်ဖော်ခြင်းတို့ အမှန်ဖြစ်ပေသည်။ ဤအချိန်ကာလအတောအတွင်းတွင်၊ ဘုရားသခင်၏ ဘုရား သဘောသဘာဝသည် လူတို့မြင်နိုင်ပြီး တို့ထိနိုင်သော နည်းလမ်းတစ်ခုဖြင့် သာမန်ဇာတိခန္ဓာထဲ၌ အမှန်တကယ် ဖြစ်ပေါ်လာသောအခါတွင်၊ ဘုရားသခင်သည် သိမြင်နားလည်ခြင်းမှ ပေါ်လိုက်ပျောက်လိုက်ဖြစ်သည် သို့မဟုတ် သူ့ထံ နီးကပ်၍မရနိုင်ဟု လူတို့ မခံစားရတော့ပေ။ ဆန့်ကျင်ဘက်အနေနှင့် ၎င်းတို့သည် ဘုရားသခင်၏ အလိုကို သဘောပေါက်ဖို့ သို့မဟုတ် လူသား၏ လှုပ်ရှားမှုတိုင်းမှတစ်ဆင့်၊ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ ပြီးလျှင် အမှုမှတစ်ဆင့် သူ၏ ဘုရားသဘာဝကို နားလည်ရန် ကြိုးစားနိုင်ခဲ့ကြသည်။ လူ့ဇာတိခံ လူသားသည် သူ၏ လူ့သဘာဝမှတစ်ဆင့် ဘုရားသခင်၏ ဘုရားသဘာဝကို ဖော်ပြပြီး လူသားမျိုးနွယ်ထံ ဘုရားသခင်၏ အလိုကို အသိပေးခဲ့သည်။ ပြီးလျှင် ဘုရားသခင်၏ အလိုနှင့် စိတ်သဘောထားတို့နှင့် သက်ဆိုင်သော သူ၏ ဖော်ပြချက်မှတစ်ဆင့် ဝိညာဉ်လောက၌ ကျိန်းဝပ်သည့် မြင်၍မရသော သို့မဟုတ် ထိတွေ့၍မရသော ဘုရားသခင်ကိုလည်း လူတို့ထံ ထုတ်ဖော်ပြခဲ့သည်။ လူတို့ မြင်ခဲ့သောအရာမှာ အသွေးအသားနှင့် ဖန်တီးထားသည့်၊ လက်ဆုပ်လက်ကိုင် ပြနိုင်သော ပုံသဏ္ဌာန်ဖြင့်ရှိသည့် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည်။ ထို့ကြောင့် လူ့ဇာတိခံ လူသားသည် ဘုရားသခင် ကိုယ်တော်တိုင်၏ ပင်ကိုလက္ခဏာ၊ ဘုရားသခင်၏ အဆင့်အတန်း၊ ပုံသဏ္ဌာန်၊ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့ကဲ့သို့သော အရာများကို ခိုင်မာစေပြီး လူသားဆန်စေခဲ့သည်။ လူသား၏ အပြင်ပန်း အသွင်အပြင်သည် ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့် စပ်လျဉ်း၍ အကန့်အသတ် အချို့ရှိခဲ့သော်လည်း၊ သူ၏အနှစ်သာရနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းသည် ဘုရားသခင် ကိုယ်တော်တိုင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့ကို လုံးဝ ကိုယ်စားပြုနိုင်ခဲ့သည်- ဖော်ပြခြင်းပုံစံတွင် ကွာခြားချက် အချို့သာ ရှိလေသည်။ လူသားသည် ဘုရားသခင် ကိုယ်တော်တိုင်၏ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းတို့ကို သူ၏ လူ့သဘာဝနှင့် သူ၏ ဘုရားသဘောသဘာဝ ပုံစံနှစ်ခုလုံးဖြင့် ကိုယ်စားပြုခဲ့သည်ဆိုသည်ကို ငါတို့ မငြင်းနိုင်ပေ။ သို့သော် ဤအချိန်ကာလအတွင်းတွင် ဘုရားသခင်သည် လူ့ဇာတိ မှတစ်ဆင့် အမှုပြုခဲ့သည်၊ လူ့ဇာတိ၏ ရှုထောင့်မှ စကားပြောဆိုခဲ့ပြီး လူသား၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့ဖြင့် လူသားမျိုးနွယ်ရှေ့တွင် ရပ်ခဲ့ပြီး၊ ဤအရာက လူသားမျိုးနွယ်အလယ်တွင် ဘုရားသခင်၏ စစ်မှန်သော နှုတ်ကပတ်တော်များနှင့်အမှုကို လူတို့အား ကြုံကာ ခံစားရန် အခွင့်အလမ်းကို ပေးခဲ့သည်။ ယင်းက နှိမ့်ချခြင်း အလယ်တွင် သူ၏ ဘုရားသဘောသဘာဝနှင့် သူ၏ ကြီးမြတ်ခြင်းတို့ကို လူတို့အား ထိုးထွင်းသိမြင်ခွင့်လည်း ပေးခဲ့‌သည့်အပြင်၊ ဘုရားသခင်၏ စစ်မှန်ခြင်းနှင့် လက်တွေ့အရှိတရားနှင့်သက်ဆိုင်သည့် ပဏာမ သိနားလည်ခြင်းနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက် တစ်ရပ်ကို ရရှိခွင့်ပေးခဲ့သည်။ သခင်ယေရှုပြီးစီးခဲ့သော အမှု၊ သူ၏အမှုပြုသော နည်းလမ်း၊ သူစကားပြောသော ရှုထောင့်တို့သည် ဝိညာဉ်လောကထဲရှိ ဘုရားသခင်၏ စစ်မှန်သော ဇာတိအဖြစ်တော်မှ ကွာခြားသော်လည်း၊ သူနှင့်ပတ်သက်သည့် အရာရာတိုင်းသည် လူသားမျိုးနွယ်က ယခင်က လုးဝ မမြင်ဖူးသော ဘုရားသခင်ကိုယ်တော်တိုင်ကို အမှန်တကယ် ကိုယ်စားပြုခဲ့သည်- ဤအရာကို ငြင်း၍မရပေ။ ဆိုလိုသည်မှာ ဘုရားသခင်က မည်သို့သောပုံသဏ္ဌာန်ဖြင့် ပေါ်ထွန်းသည်ဖြစ်စေ၊ မည်သည့်ရှုထောင့်မှ သူစကားပြောသည် ဖြစ်စေ၊ သို့မဟုတ် လူသားမျိုးနွယ်ကို မည်သည့်ပုံသဏ္ဌာန်ဖြင့် သူရင်ဆိုင်သည်ဖြစ်စေ ဘုရားသခင်သည် မိမိကိုယ်ကိုယ်မှလွဲ၍ မည့်သည့်အရာကိုမျှ ကိုယ်စားမပြုပေ။ သူသည် မည်သည့်လူသားကိုမျှ ကိုယ်စားမပြုနိုင်သကဲ့သို့၊ ဖောက်ပြန်ပျက်စီးသော မည်သည့်လူသားမျိုးနွယ်ကိုမျှလည်း ကိုယ်စားမပြုနိုင်ပေ။ ဘုရားသခင်သည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ပြီး၊ ဤအရာကို ငြင်း၍မရနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ယေရှုသည် နိမိတ်လက္ခဏာများကို ဆောင်ရွက်၏။

၁။ ယေရှုသည် လူငါးထောင်ကို ကျွေးမွေး၏။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၆:၈-၁၃ ရှိမုန်ပေတရု၏ညီ အန္ဒြေအမည်ရှိသော တပည့်တော်က၊ မုယောမုန့်ငါးလုံးနှင့်...

ယေရှု သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက် သူ၏တပည့်တော်များကိုပြောသည့် စကားများ

ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၂၀:၂၆-၂၉ ထို့နောက် ရှစ်ရက်မြောက်သောနေ့၌ တပည့်တော်တို့သည် တဖန်အထဲ၌ရှိကြ၍ သောမလည်းပါ၏။ တံခါးများကို ပိတ်ထားစဉ်အခါ၊...

အကြိမ်ခုနှစ်ဆယ် ခုနှစ်လီ ခွင့်လွှတ်လော့နှင့် သခင်၏ ချစ်ခြင်း

၄။ အကြိမ်ခုနှစ်ဆယ် ခုနှစ်လီ ခွင့်လွှတ်လော့ ရှင်မဿဲ ၁၈:၂၁-၂၂ ထိုအခါ ပေတရုသည်ချဉ်းကပ်၍၊ သခင်၊ ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှား၍ အကျွန်ုပ်သည်...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။