အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သခင်ယေရှုဟာ သူ့ရဲ့ ရှင်ပြန်ထမြောက်ပြီးနောက်မှာ ပေါင်မုန့်ကိုစားပြီး ကျမ်းစာကို ရှင်းပြတယ်

0

ရှင်လုကာခရစ်ဝင်ကျမ်း ၂၄:၃၀-၃၂ စားပွဲ၌ သူတို့နှင့်အတူ လျောင်းတော်မူစဉ်၊ မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ သူတို့အား ပေးတော်မူသည်တွင်၊ သူတို့သည် မျက်စိပွင့်လင်း၍ ကိုယ်တော်ဖြစ်သည်ကို သိကြ၏။ ထိုအခါ ကိုယ်တော်သည် ကွယ်တော်မူ၏။ တပည့်တော်တို့ကလည်း၊ လမ်းခရီး၌ ငါတို့နှင့်ဟောပြော၍ ကျမ်းစာအနက်ကို ဖွင့်ပြတော်မူသောအခါ၊ ငါတို့ စိတ်နှလုံးသည် ယိုဖိတ်မတတ်ဖြစ်သည်မဟုတ်လောဟု အချင်းချင်းပြောဆိုကြ၏။

ရှင်လုကာခရစ်ဝင်ကျမ်း ၂၄:၃၆-၄၃ ထိုသို့အချင်းချင်း ပြောဆိုသောအခါ၊ ယေရှုသည် သူတို့အလယ်၌ ရပ်တော်မူလျက်၊ သင်တို့အား ငြိမ်သက်ခြင်းဖြစ်စေသတည်းဟု မိန့်တော်မူ၏။ တပည့်တော်တို့သည် တစ္ဆေကိုမြင်သည်ဟု စိတ်ထင်နှင့် ထိတ်လန့် ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။ ကိုယ်တော်ကလည်း၊ အဘယ်ကြောင့် အထူးထူးအထွေထွေသော စိတ်ရှိကြသနည်း။ ငါ့လက်ကို ကြည့်ကြလော့။ ငါ့ခြေကိုလည်း ကြည့်ကြလော့။ ငါ့ကိုယ်ပင်ဖြစ်၏။ ငါ့ကို ကြည့်ရှုစမ်းသပ် ကြလော့။ ငါသည် သင်တို့မြင်သည်အတိုင်း အရိုး အသားနှင့်ပြည့်စုံ၏။ တစ္ဆေမည်သည်ကား ဤကဲ့သို့ မပြည့်စုံဟု မိန့်တော်မူလျက်၊ လက်တော်ခြေတော်တို့ကို တပည့်တော်တို့အား ပြတော်မူ၏။ ထိုသူတို့သည် အံ့ဩ၍ ဝမ်းမြောက်သောအားဖြင့် မယုံနိုင်ဘဲ နေသေးသောအခါ၊ သင်တို့၌ စားစရာ တစုံတခုရှိသလောဟု မေးတော်မူလျှင်၊ ငါးကင်တပိုင်းနှင့် ပျားလပို့ကို ကပ်ပေးကြ၏။ ကိုယ်တော်သည် ယူ၍ သူတို့ရှေ့မှာ စားတော်မူ၏။

နောက်တစ်ခုမှာ အပေါ်က ကျမ်းစာရဲ့ စာပိုဒ်ကို ငါတို့ ကြည့်ရအောင်။ ပထမအပိုဒ်က သခင်ယေရှု ပေါင်မုန့်စားတာကို ပြန်ပြောပြခြင်းဖြစ်ပြီး သူ့ရဲ့ ရှင်ပြန်ထမြောက်ပြီးနောက်မှာ ကျမ်းစာတွေကို ရှင်းပြနေခြင်းဖြစ်တယ်။ ဒုတိယအပိုဒ်က သခင်ယေရှု ငါးကင်စားတာကို ပြန်ပြောပြခြင်းဖြစ်တယ်။ ဒီစာပိုဒ်နှစ်ခုက ဘုရားသခင်ရဲ့ စိတ်သဘောထားကို သိဖို့အတွက် အကူအညီရဖို့ ဘာထောက်ပံ့ပေးသလဲ။ သခင်ယေရှု ပေါင်မုန့်စားခြင်းနဲ့ ငါးကင်ကိုစားခြင်းရဲ့ ဒီအသေးစိတ်အချက်အလက်တွေကနေ သင်တို့ရတဲ့ အဓိပ္ပာယ်ကို စဉ်းစားကြည့်နိုင်မလား။ သင်တို့ရှေ့မှာ သခင်ယေရှုက ပေါင်မုန့်စားနေရင် သင်တို့ ဘယ်လိုခံစားရမလဲဆိုတာ စဉ်းစားကြည့်နိုင်လား။ ဒါမှမဟုတ် သူက သင်တို့နဲ့အတူတူ စားပွဲတစ်ခုတည်းမှာ စားနေရင်၊ လူတွေနဲ့ အတူ ငါးနဲ့ပေါင်မုန့်ကိုစားနေရင်၊ အဲဒီအချိန်မှာ သင်တို့ ဘယ်လိုခံစားမှုမျိုးရနိုင်မလဲဆိုတာ သင်တို့ စဉ်းစားကြည့်နိုင်သလား။ သင်က သခင်နဲ့ သိပ်နီးစပ်နေမယ်၊ သူက သင်နဲ့ သိပ်ရင်းနှီးမယ်လို့ ခံစားရရင် ဒီခံစားချက်က မှန်ကန်ပါတယ်။ ဒါဟာ သခင်ယေရှုရဲ့ရှင်ပြန်ထမြောက်ပြီးနောက်မှာ လူတွေရှေ့မှာ ပေါင်မုန့်နဲ့ ငါးကို စားခြင်းကနေ သူရရှိချင်တဲ့ အသီးအပွင့်တွေပဲဖြစ်တယ်။ သခင်ယေရှုရဲ့ ရှင်ပြန်ထမြောက်ပြီးနောက်မှာ သူဟာ လူတွေနဲ့ စကားပဲပြောခဲ့ရင် လူတွေက သူ့ရဲ့ အသွေးအသားနဲ့ အရိုးတွေကို မခံစားရဘဲ သူဟာ လက်လှမ်းမမီနိုင်တဲ့ ဝိညာဉ်တစ်ခုဖြစ်တယ်လို့ ခံစားရရင် သူတို့ ဘယ်လိုခံစားရမလဲ။ သူတို့ စိတ်ပျက်သွားမှာ မဟုတ်ဘူးလား။ လူတွေဟာစိတ်ပျက်သွားရင် စွန့်ပစ်ခံရတယ်လို့သူတို့ မခံစားရဘူးလား။ သခင်ယေရှုခရစ်တော်နဲ့ ဝေးကွာသွားတယ်လို့ သူတို့ မခံစားရဘူးလား။ ဒီအကွာအဝေးက ဘုရားသခင်နဲ့ လူတွေရဲ့ ဆက်ဆံရေးအပေါ်မှာ ဘယ်လိုအဖျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေကို ဖန်တီးပေးမလဲ။ သေချာတာက လူတွေဟာ ကြောက်ရွံ့ကြလိမ့်မယ်။ သူ့အနားကို မသွားရဲတော့ဘဲ သင့်တော်တဲ့ အကွာအဝေးမှာထားဖို့ စိတ်သဘောထားတွေ ရှိလာကြလိမ့်မယ်။ အဲဒီအချိန်ကနေစပြီးတော့ သခင်ယေရှုနဲ့ ရင်းနှီးတဲ့ သူတို့ရဲ့ ဆက်ဆံရေးကို ဖြတ်တောက်ပြီး ကျေးဇူးတော်ခေတ်မတိုင်ခင်က လူသားမျိုးနွယ်နဲ့ ကောင်းကင်ဘုံပေါ်က ဘုရားသခင်ကြားက ဆက်ဆံရေးကို ပြန်သွားလိမ့်မယ်။ လူတွေ ထိလို့ ခံစားလို့မရတဲ့ ဝိညာဉ်ခန္ဓာဟာ ဘုရားသခင်နဲ့သူတို့ရဲ့ ရင်းနှီးမှုကို ဖျက်ဆီးပစ်လိမ့်မယ်။ သူနဲ့လူသားတွေကြားမှာ အကွာဝေးမရှိခဲ့တဲ့၊ သခင်ယေရှု လူ့ဇာတိမှာရှိတဲ့ အချိန်ကာလအတွင်းမှာ တည်ဆောက်ခဲ့တဲ့ ဒီရင်းနှီးတဲ့ဆက်ဆံရေးကို ပျောက်ကွယ်စေပါလိမ့်မယ်။ ဝိညာဉ်ခန္ဓာအပေါ် လူတွေရဲ့ ခံစားချက်တွေဟာ ကြောက်ရွံ့ခြင်း၊ ရှောင်ကြဉ်ခြင်းနဲ့ စကားမပြောဘဲ စူးစိုက်ကြည့်ခြင်းတွေသာ ဖြစ်ပါလိမ့်မယ်။ သူတို့ဟာ အနားကိုမကပ်ရဲဘူး သို့မဟုတ် သူနဲ့ စကားမပြောရဲဘူး။ သူ့နောက်ကိုလိုက်ဖို့၊ ယုံကြည်ဖို့ သို့မဟုတ် မျှော်လင့်ချက်ထားဖို့ဆိုတာ ထားလိုက်ပါဦး။ ဘုရားသခင်ဟာ သူ့အတွက် လူသားတွေရှိတဲ့ ဒီခံစားချက်မျိုးကို မြင်ရဖို့ သူမလိုလားပါဘူး။ လူတွေကသူ့ကို ရှောင်ကြဉ်တာမျိုး သို့မဟုတ် သူတို့ကိုယ်သူတို့ သူ့ဆီကနေ ဆုတ်ခွာနေတာမျိုးကို သူမမြင်ချင်ပါဘူး။ သူဟာ လူတွေကို သူ့ကိုနားလည်ဖို့၊ သူ့အနားကိုလာဖို့၊ သူ့မိသားစုဖြစ်ဖို့သာ အလိုရှိပါတယ်။ သင့်ရဲ့ကိုယ်ပိုင်မိသားစု၊ သင့်ရဲ့ ကလေးတွေက သင့်ကိုမြင်ပေမဲ့ သင့်ကို မမှတ်မိရင်၊ သင့်အနားကိုမလာရဲဘဲ သင့်ကို အမြဲတမ်းရှောင်နေရင်၊ သူတို့အတွက် သင်လုပ်ခဲ့တဲ့ အရာတိုင်းအတွက် သူတို့ရဲ့ နားလည်မှုကို သင်မရရှိရင်၊ သင် ဘယ်လိုခံစားရမလဲ။ နာကျင်ရမယ် မဟုတ်ဘူးလား။ သင်အသည်းကွဲရမယ် မဟုတ်ဘူးလား။ ဒါက လူတွေက ဘုရားသခင်ကို ရှောင်ကြဉ်တဲ့အခါမှာ သူခံစားရတဲ့အရာ အတိအကျပဲဖြစ်ပါတယ်။ ဒါကြောင့် သူရှင်ပြန်ထမြောက်အပြီးမှာ သခင်ယေရှုဟာ သူ့ရဲ့ အသွေးအသားပုံသဏ္ဌာန်နဲ့ လူတွေရှေ့မှာ ပေါ်လာဆဲဖြစ်ပြီး သူတို့နဲ့အတူ စားသောက်ခဲ့တယ်။ ဘုရားသခင်ဟာ လူတွေကို မိသားစုအနေနဲ့ မြင်ပြီး လူသားမျိုးနွယ်ကိုလည်း သူ့ကို ဒီလိုပုံစံမြင်ဖို့ သူအလိုရှိပါတယ်။ ဒီနည်းနဲ့သာ ဘုရားသခင်ဟာ လူတွေကို အမှန်တကယ်ရရှိနိုင်မှာဖြစ်ပြီး လူတွေက ဘုရားသခင်ကို အမှန်တကယ်ချစ်ပြီး ကိုးကွယ်နိုင်မှာ ဖြစ်ပါတယ်။ သခင်ယေရှုက ပေါင်မုန့်ကိုစားပြီး ကျမ်းစာကိုရှင်းပြပြီးတော့ သူရှင်ပြန်ထမြောက်အပြီးမှာ တပည့်တော်တွေက သူစားဖို့ ငါးကင်ပေးတဲ့ ကျမ်းနှစ်ပိုဒ်ကို ကောက်နုတ်ရတဲ့ ငါ့ရဲ့ရည်ရွယ်ချက်ကို သင်တို့ အခု နားလည်နိုင်ပါသလား။

သခင်ယေရှုဟာ သူ့ရဲ့ ရှင်ပြန်ထမြောက်ပြီးနောက်မှာ ပေါင်မုန့်ကိုစားပြီး ကျမ်းစာကို ရှင်းပြတယ်

သခင်ယေရှု ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်းမှာ သူပြောခဲ့၊ လုပ်ခဲ့တဲ့အရာတွေက ဂရုတစိုက်ထည့်သွင်းစဉ်းစားခြင်းရှိပြီး ကြင်နာတတ်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒီအရာတွေဟာ လူသားမျိုးနွယ်အပေါ် ဘုရားသခင်ထားတဲ့ ကြင်နာခြင်းနဲ့ ချစ်ခင်ခြင်းတွေနဲ့ ပြည့်နေပြီး သူ့ရဲ့လူ့ဇာတိခံယူချိန်မှာ လူသားမျိုးနွယ်နဲ့ သူတည်ဆောက်ခဲ့တဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးအတွက် သူထားရှိခဲ့တဲ့ အသိအမှတ်ပြုတန်ဖိုးထားခြင်းနဲ့ တိကျစေ့စပ်မှုတို့နဲ့ ပြည့်နေပါတယ်။ ဒါ့အပြင် သူ့ရဲ့ လူ့ဇာတိခံယူချိန်မှာ သူ့နောက်လိုက်တွေနဲ့ စားသောက်ခဲ့တဲ့ အသက်တာအတွက် သူထားရှိခဲ့တဲ့ မျှော်လင့်ချက်တွေနဲ့ အတိတ်ကို လွမ်းဆွတ်တမ်းတမှုတွေနဲ့ ပြည့်နေပါတယ်။ ဒါကြောင့် ဘုရားသခင်ဟာ လူသားနဲ့ ဘုရားသခင်ကြားမှာ ဝေးကွာခြင်းကို လူတွေခံစားရဖို့ အလိုမရှိသလို လူသားမျိုးနွယ်ကိုလည်း သူတို့ကိုယ်သူတို့ ဘုရားနဲ့ ဝေးကွာအောင်ပြုလုပ်ဖို့ အလိုမရှိပါဘူး။ ဒါ့အပြင် ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်းက သခင်ယေရှုဟာ လူတွေနဲ့ သိပ်ရင်းနှီးခဲ့တဲ့ သခင်မဟုတ်တော့ဘူးဆိုတာ၊ သူဟာ ဝိညာဉ်လောကကို ပြန်သွားတာကြောင့်၊ လူတွေ လုံးဝ မမြင်နိုင်၊ လက်လှမ်းမမီနိုင်တဲ့ ခမည်းတော်ဆီကို ပြန်သွားတာကြောင့် လူသားမျိုးနွယ်နဲ့ အတူမရှိတော့ဘူးဆိုတာမျိုးကို လူသားမျိုးနွယ်ကို သူမခံစားစေချင်ပါဘူး။ သူနဲ့ လူသားမျိုးနွယ်ကြားမှာ အနေအထားမတူညီမှုတွေရှိတယ်လို့ လူတွေကို မခံစားစေချင်ခဲ့ဘူး။ သူ့နောက်ကိုလိုက်ချင်ပေမဲ့ သူနဲ့ ခပ်ခွာခွာနေတဲ့ လူတွေကို ဘုရားသခင် မြင်တဲ့အခါမှာ သူတို့ရဲ့နှလုံးသားဟာ သူနဲ့ သိပ်ဝေးကွာနေတယ်လို့ အဓိပ္ပာယ်ရတာကြောင့်၊ သူတို့ရဲနှလုံးသားကို ရရှိဖို့သူ့အတွက် သိပ်ခက်ခဲတယ်လို့ အဓိပ္ပာယ်ရတာကြောင့် သူ့နှလုံးသားဟာ နာကျင်ရပါတယ်။ ဒါကြောင့် သူဟာ လူတွေ မမြင်နိုင်၊ ထိတွေ့လို့မရနိုင်တဲ့ ဝိညာဉ်ခန္ဓာနဲ့ သူတို့ရှေ့မှာ ကိုယ်ထင်ပြရင် ဒါက လူသားကို ဘုရားသခင်ဆီကနေ နောက်တစ်ကြိမ်ထပ်ပြီး ဝေးကွာစေပါလိမ့်မယ်။ နောက်ပြီး ဒါဟာ ခရစ်တော်ရှင်ပြန်ထမြောက်ပြီးနောက်မှာ လူသားမျိုးနွယ်က သူ့ကို သိပ်မြင့်မြတ်သွားတဲ့အနေနဲ့၊ လူသားတွေနဲ့ မတူညီတဲ့ ပုံစံအဖြစ်နဲ့၊ လူသားတွေဟာ အပြစ်ရှိတာကြောင့်၊ ညစ်ညမ်းပြီး ဘုရားသခင်နဲ့ လုံးဝ မနီးစပ်နိုင်တာကြောင့် လူသားနဲ့အတူ စားပွဲတစ်ခုထဲမှာ မထိုင်နိုင်တော့တဲ့ သူတစ်ယောက်အဖြစ်နဲ့ မှားယွင်းစွာ မြင်စေပါလိမ့်မယ်။ လူသားမျိုးနွယ်ရဲ့ ဒီအထင်လွဲခြင်းတွေကိုဖယ်ရှားဖို့အတွက် သခင်ယေရှုဟာ သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားတဲ့အတိုင်း သူလူ့ဇာတိမှာရှိစဉ်က လုပ်ခဲ့တဲ့ အရာတစ်ချို့ကို လုပ်ဆောင်ခဲ့ပါတယ်။ “ မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ သူတို့အား ပေးတော်မူသည်” ။ သူလုပ်လေ့ရှိသလိုမျိုးပဲ သူတို့ကို ကျမ်းစာကိုလည်း ရှင်းပြခဲ့တယ်။ သခင်ယေရှုလုပ်ခဲ့တဲ့ ဒီအရာအားလုံးဟာ သခင်ဟာ ပြောင်းလဲမသွားဘူးဆိုတာ၊ သူဟာ အရင်က သခင်ယေရှုပဲဆိုတာကို သူ့ကိုမြင်တဲ့လူတိုင်းကို ခံစားသိရှိစေခဲ့တယ်။ သူဟာ လက်ဝါးကပ်တိုင်မှာ သံနဲ့ရိုက်ခံရပြီး သေခြင်းကို ကြုံတွေ့ခဲ့ရပြီး ရှင်ပြန်ထမြောက်ခဲ့ပေမဲ့ သူဟာ လူသားမျိုးနွယ်ကို ထားမသွားပါဘူး။ သူဟာ လူသားတွေကြားထဲကို ပြန်လာပြီး သူ့ရဲ့ အရာရာတိုင်းဟာ ပြောင်းလဲမသွားဘူး။ လူတွေရှေ့မှာရပ်နေတဲ့ လူသားဟာ အရင်က သခင်ယေရှုပါပဲ။ သူ့ရဲ့အပြုအမူနဲ့ သူ့ရဲ့ လူတွေနဲ့ စကားပြောတာတွေက သိပ်ရင်းနှီးသလို ခံစားရတယ်။ သူဟာ ချစ်ခင်ကြင်နာခြင်းတွေ၊ ကျေးဇူးတော်နဲ့ သည်းခံခြင်းတွေနဲ့ ပြည့်နေတုန်းပါပဲ။ သူဟာ သူ့ကိုယ်သူချစ်သလို သူများကိုချစ်တဲ့၊ လူသားမျိုးနွယ်ကို ခုနစ်ဆယ် ခုနစ်လီ ခွင့်လွှတ်နိုင်တဲ့ အဲဒီသခင်ယေရှုပါပဲ။ ခါတိုင်းလိုပဲ၊ လူတွေနဲ့အတူ သူစားတယ်။ သူတို့နဲ့ ကျမ်းစာ ဆွေးနွေးတယ်။ ပိုအရေးကြီးတာက အရင်ကလိုပဲ သူဟာ အသွေးအသားနဲ့ပြုလုပ်ထားပြီး ထိတွေ့နိုင်၊ မြင်နိုင်ပါတယ်။ ဒီပုံစံနဲ့လူသားဟာ ဒီရင်းနှီးမှုကို လူတွေကို ခံစားရစေတယ်။ စိတ်သက်သာရာရစေတယ်။ ပျောက်ဆုံးသွားတဲ့ အရာတစ်ခုကို ပြန်လည်ရရှိတဲ့ ဝမ်းမြောက်မှုကို ခံစားရစေတယ်။ သူတို့ဟာလည်း လူသားမျိုးနွယ်ရဲ့အပြစ်တွေကို ခွင့်လွှတ်နိုင်တဲ့ ဒီလူသားကို ရဲရင့်စွာ၊ ယုံကြည်မှုရှိစွာနဲ့ အမှီပြု အားထားဖို့ လုံလောက်စွာ စိတ်သက်သာရာရခြင်းကို ခံစားကြရပါတယ်။ သူတို့ဟာ နှောင့်နှေးမနေဘဲ သခင်ယေရှုရဲ့ အမည်နာမကို ဆုတောင်းဖို့၊ သူ့ရဲ့ ကျေးဇူးတော်၊ သူ့ရဲ့ကောင်းချီးကို လက်ခံရရှိစေဖို့၊ သူ့ဆီကနေ ငြိမ်ချမ်းခြင်းနဲ့ ဝမ်းမြောက်ခြင်းကို လက်ခံရရှိဖို့အတွက် ဆုတောင်းဖို့၊ သူ့ဆီကနေ ဂရုစိုက်မှုနဲ့ ကာကွယ်မှုကို ရရှိဖို့အတွက် ဆုတောင်းဖို့ စတင်ပြုလုပ်လာကြပြီး သခင်ယေရှုရဲ့နာမနဲ့ ဆေးကုသခြင်းနဲ့ နတ်ဆိုးတွေကို နှင်ထုတ်ခြင်းတို့ကို အစပြုလုပ်ဆောင်လာကြပါတယ်။

သခင်ယေရှုဟာ လူ့ဇာတိမှာအလုပ်လုပ်နေတဲ့အချိန်ကာလအတွင်းမှာ သူ့ရဲ့ နောက်လိုက်အများစုက သူ့ရဲ့ ဝိသေသလက္ခဏာနဲ့ သူပြောခဲ့တဲ့ အရာတွေကို အပြည့်အဝ အတည်မပြုနိုင်ခဲ့ဘူး။ သူလက်ဝါးကပ်တိုင်ပေါ်ရောက်တဲ့အခါမှာ သူ့နောက်လိုက်တွေရဲ့ သဘောထားဟာ မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ သူဟာ လက်ဝါးကပ်တိုင်မှာ သံနဲ့အရိုက်ခံရပြီး ဂူထဲကို သွင်းခံရတဲ့အထိ တစ်လျှောက်လုံးမှာ သူ့အပေါ် လူတွေရဲ့ သဘောထားဟာ စိတ်ပျက်ခြင်းပါပဲ။ ဒီအချိန်ကာလအတွင်းမှာ လူတွေဟာ သခင်ယေရှု လူ့ဇာတိခံတဲ့ အချိန်မှာ ပြောခဲ့တဲ့အရာတွေကို သံသယဖြစ်နေရာကနေ ငြင်းပယ်ခြင်းအထိ သူတို့နှလုံးသားထဲမှာ ရွေ့သွားနေပါပြီ။ ဂူထဲကနေ သူပြန်ထွက်လာပြီး လူတွေရှေ့ တစ်ယောက်ချင်းစီရှေ့မှာ ပေါ်ထွက်လာတဲ့အခါ သူတို့ရဲ့ကိုယ်ပိုင်မျက်စိနဲ့ မြင်တဲ့သူတွေအများစု သို့မဟုတ် သူ့ရဲ့ ရှင်ပြန်ထမြောက်ခြင်းသတင်းကို ကြားတဲ့သူအများစုဟာ ငြင်းပယ်ခြင်းကနေ သံသယဝင်ခြင်းကို တဖြည်းဖြည်းကူးပြောင်းသွားတယ်။ သခင်ယေရှုက သောမကို သူ့လက်ကို သူ့ရဲ့ဘေးဖက်ကို ထိစေတဲ့အချိန်မှာ၊ ရှင်ပြန်ထမြောက်ပြီးနောက် သခင်ယေရှုဟာ ပေါင်မုန့်ကိုဖဲ့ပြီး လူအုပ်ရှေ့မှာ စားတဲ့အချိန်မှာ၊ နောက်ပိုင်းမှာ သူတို့ရှေ့မှာ ငါးကင်ကို စားတဲ့အခါမှာ အဲဒီအချိန်ကျမှသာ သခင်ယေရှုဟာ လူ့ဇာတိနဲ့ ခရစ်တော်ဖြစ်တယ် ဆိုတဲ့အချက်ကို အမှန်တကယ်လက်ခံခဲ့ကြတယ်။ အဲဒီအချိန်မှာ ဒီလူတွေရှေ့မှာ အသွေးအသားနဲ့ ရပ်နေတဲ့ ဒီဝိညာဉ်ခန္ဓာဟာ သူတို့တစ်ယောက်ချင်းစီတိုင်းကို အိပ်မက်ကနေ နှိုးထစေခြင်းလိုမျိုးပါပဲလို့ သင်ဆိုနိုင်ပါတယ်။ သူတို့ရှေ့မှာ ရပ်နေတဲ့ လူသားဟာ ရှေးအတီတေကတည်းက တည်ရှိခဲ့တဲ့သူတစ်ယောက်ဖြစ်တယ်။ သူ့မှာ ပုံသဏ္ဌာန်၊ အသွေးနဲ့အသားရှိခဲ့ပြီး သူဟာ လူသားမျိုးနွယ်နဲ့အတူ အချိန်အကြာကြီး အသက်ရှင်ပြီး စားသောက်ခဲ့ပြီးပါပြီ။ ဒီအချိန်မှာ သူ့ရဲ့ တည်ရှိမှုဟာ သိပ်ကိုစစ်မှန်တယ်၊ သိပ်အံ့သြစရာကောင်းတယ်လို့ လူတွေခံစားကြရတယ်။ သူတို့ဟာလည်း ဝမ်းမြောက်ပြီး ပျော်ရွှင်နေကြတယ်။ တစ်ချိန်တည်းမှာပဲ စိတ်ခံစားမှုတွေနဲ့ ပြည့်နေတယ်။ သူ့ရဲ့ ပြန်လည်ပေါ်ထွက်လာခြင်းက လူတွေကို သူ့ရဲ့ နှိမ့်ချမှုကို အမှန်တကယ်မြင်စေဖို့၊ သူ့ရဲ့နီးစပ်ခြင်းကို ခံစားစေဖို့၊ လူသားမျိုးနွယ်အတွက် သူ့ရဲ့ တောင့်တမှု၊ သူ့ရဲ့ တွယ်တာမှုကို ခံစားစေဖို့ အခွင့်ကို လူတွေကို ပေးပါတယ်။ ဒီအကျဉ်းချုံး ပြန်လည်တွေ့ဆုံခြင်းက သခင်ယေရှုကို မြင်ခဲ့တဲ့ လူတွေကို အချိန်တစ်သက်တာကုန်ဆုံးသွားပြီးသလိုမျိုး ခံစားရအောင် ပြုလုပ်ခဲ့ပါတယ်။ သူတို့ရဲ့ ပျောက်ဆုံးနေတဲ့၊ ရှုပ်ထွေးနေတဲ့၊ ကြောက်ရွံ့နေတဲ့၊ စိုးရိမ်ပူပန်နေတဲ့၊ တောင့်တနေတဲ့၊ ထုံထိုင်းနေတဲ့ နှလုံးသားတွေကို သက်သာစေတယ်။ သူတို့ဟာ သံသယမရှိတော့ဘူး သို့မဟုတ် စိတ်မပျက်တော့ပါဘူး။ ဘာကြောင့်လဲဆိုရင် အခု မျှော်လင့်ချက်နဲ့ အမှီပြုစရာရှိပြီလို့ ခံစားရတာကြောင့်ပါ။ သူတို့ရှေ့မှာရပ်နေတဲ့ လူသားဟာ သူတို့နောက်မှာ ထာဝရရှိနေပါလိမ့်မယ်။ သူဟာ အချိန်ပြည့် သူတို့ရဲ့ မျှော်စင်၊ သူတို့ရဲ့ ခိုလှုံရာဖြစ်နေပါလိမ့်မယ်။

သခင်ယေရှုဟာ သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့ပေမဲ့ သူ့နှလုံးသားနဲ့ သူ့ရဲ့လုပ်ဆောင်မှုဟာ လူသားမျိုးနွယ်ဆီကနေ ထွက်ခွာမသွားပါဘူး။ သူဟာ ဘယ်လိုပုံစံနဲ့ တည်ရှိနေပါစေ၊ သူဟာ လူတွေကို အဖော်ပြုမယ်။ သူတို့နဲ့အတူ လျှောက်လှမ်းမယ်။ အချိန်တိုင်း၊ နေရာတိုင်းမှာ သူတို့နဲ့အတူရှိမယ်လို့ သူ့ကိုယ်ထင်ပြခြင်းနဲ့အတူ လူတွေကို ပြောခဲ့တယ်။ နောက်ပြီး အချိန်တိုင်း၊ နေရာတိုင်းမှာ သူဟာ လူသားမျိုးနွယ်ကို ပံ့ပိုးပြီး သူတို့ကို ဦးဆောင်လမ်းပြမယ်။ သူ့ကို ကြည့်ပြီး ထိတွေ့ဖို့ သူတို့ကို ခွင့်ပြုမယ်။ သူတို့ဟာ နောက်တစ်ခါ အကူအညီမဲ့သလို မခံစားရအောင် သေချာစေလိမ့်မယ်။ သခင်ယေရှုဟာ လူတွေကို ဒါကိုလည်း သိစေချင်ခဲ့တယ်။ ဒီကမ္ဘာမှာ သူတို့အသက်တာဟာ တစ်ယောက်တည်းမဟုတ်ပါဘူး။ လူသားမျိုးနွယ်ဟာ ဘုရားသခင်ရဲ့ စောင့်ရှောက်မှုကို ရရှိတယ်။ ဘုရားသခင်ဟာ သူတို့နဲ့အတူရှိတယ်။ လူတွေဟာ ဘုရားသခင်ကို အမြဲတမ်း အမှီပြုနိုင်တယ်။ သူဟာ သူ့နောက်လိုက်သူ တစ်ယောက်ချင်းစီတိုင်းရဲ့ မိသားစုဖြစ်တယ်။ ဘုရားသခင်ကို အမှီပြုပြီး လူသားမျိုးနွယ်ဟာ အထီးကျန်မှာမဟုတ်တော့ဘူး သို့မဟုတ် အကူအညီမဲ့မှာ မဟုတ်တော့ပါဘူး။ နောက်ပြီး သူ့ကို သူတို့ရဲ့အပြစ်ဖြေရာယဇ်အဖြစ် လက်ခံသူတွေဟာ အပြစ်တရားမှာ မချည်နှောင်ခံရတော့ပါဘူး။ လူသားရဲ့အမြင်မှာ သခင်ယေရှုရှင်ပြန်ထမြောက်ပြီးနောက်မှာ သူလုပ်ဆောင်ခဲ့တဲ့ သူ့အလုပ်ရဲ့ ဒီအပိုင်းတွေဟာ သိပ်သေးတယ်တဲ့အရာတွေ ဖြစ်တယ်။ ဒါပေမဲ့ ငါမြင်တဲ့ ပုံစံကတော့ အကြောင်းအရာတစ်ခုချင်းစီတိုင်းက သိပ်အဓိပ္ပာယ်ရှိတယ်။ သိပ်တန်ဖိုးရှိတယ်။ သူတို့အားလုံးဟာ သိပ်အရေးကြီးပြီး လေးနက်ပါတယ်။

လူ့ဇာတိမှာ သခင်ယေရှုအလုပ်လုပ်တဲ့အချိန်မှာ အခက်အခဲတွေ၊ ဒုက္ခခံစားခြင်းတွေ အပြည့်ရှိပေမဲ့ သူ့ရဲ့ အသွေးအသားနဲ့ ဝိညာဉ်ခန္ဓာရဲ့ ကိုယ်ထင်ပြခြင်းကနေတစ်ဆင့် လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့ အဲဒီအချိန်မှာ သူ့ရဲ့လုပ်ဆောင်မှုကို လုံးဝပြီးပြည့်စုံစွာ ပြီးမြောက်စေခဲ့တယ်။ သူဟာ လူ့ဇာတိခံယူခြင်းအားဖြင့် သူ့ရဲ့အမှုတော်ကို အစပြုခဲ့ပြီး သူ့ရဲ့လူ့ဇာတိဆန်တဲ့ ပုံသဏ္ဌာန်နဲ့ လူသားမျိုးနွယ်ဆီကို ကိုယ်ထင်ပြခြင်းအားဖြင့် သူ့ရဲ့ အမှုတော်ကို နိဂုံးချုပ်ခဲ့ပါတယ်။ သူဟာ ကျေးဇူးတော်ခေတ်ကို ကြိုတင်နိမိတ်ပြခဲ့တယ်။ ခရစ်တော်အနေနဲ့ သူ့ရဲ့ ဝိသေသလက္ခဏာကနေတစ်ဆင့် ကျေးဇူးတော်ခေတ်ကို သူစတင်ခဲ့တယ်။ ခရစ်တော်အနေနဲ့ သူ့ရဲ့ ဝိသေသလက္ခဏာကနေတစ်ဆင့် ကျေးဇူးတော်ခေတ်မှာ သူအလုပ်လုပ်ဆောင်ခဲ့ပြီး ကျေးဇူးတော်ခေတ်မှာ သူ့ရဲ့နောက်လိုက်တွေကို အားအင်ဖြည့်ဆည်းပေးခဲ့ပြီး ဦးဆောင်ခဲ့တယ်။ သူစခဲ့တဲ့အရာကို သူအမှန်တကယ်ပဲ ပြီးဆုံးအောင်လုပ်ခဲ့တယ်လို့ ဘုရားသခင်ရဲ့အလုပ်ကို ပြောနိုင်ပါတယ်။ အဆင့်တွေနဲ့ အစီအစဉ်တစ်ခုရှိပြီး ဘုရားသခင်ရဲ့ အသိဉာဏ်ပညာ၊ သူ့ရဲ့ အဆုံးအစမရှိဘုန်းတန်ခိုးနဲ့ သူ့ရဲ့ အံသြဖွယ်ရာ လုပ်ဆောင်မှုတွေနဲ့ ပြည့်ဝနေပါတယ်။ ဘုရားသခင်ရဲ့ ချစ်ခြင်းနဲ့ သနားညှာတာခြင်းတို့နဲ့လည်း ပြည့်ဝနေပါတယ်။ ဘုရားသခင်ရဲ့အလုပ်အားလုံးမှာ ပါဝင်နေတဲ့ အဓိကအချက်က လူသားမျိုးနွယ်အတွက် သူ့ရဲ့ ဂရုစိုက်ခြင်းပါပဲ။ သူလုံးဝဘေးဖယ်ထားလို့မရတဲ့ သူ့ရဲ့ အလေးထားတဲ့ ခံစားချက်တွေနဲ့ စိမ့်ဝင်ပျံ့နှံ့နေပါတယ်။ သမ္မာကျမ်းစာရဲ့ ဒီစာပိုဒ်တွေမှာ၊ ရှင်ပြန်ထမြောက်ပြီးနောက်မှာ သခင်ယေရှုလုပ်ဆောင်ခဲ့တဲ့ အရာတစ်ခုချင်းစီတိုင်းမှာ ဖွင့်ပြတဲ့အရာက လူသားမျိုးနွယ်အတွက် ဘုရားသခင်ရဲ့ မပြောင်းလဲတဲ့ မျှော်လင့်ချက်နဲ့ အလေးထားမှုတို့ဖြစ်ပြီး ဘုရားသခင်ရဲ့ တိကျစေ့စပ်တဲ့ ဂရုစိုက်မှုနဲ့ လူသားတွေကို ချစ်ခင်မြတ်နိုးမှုတို့ဖြစ်ပါတယ်။ အခုအချိန်အထိမှာ ဒီအရာတွေထဲက တစ်ခုမှ မပြောင်းလဲပါဘူး။ ဒါကို သင်တို့ မြင်နိုင်ပါသလား။ ဒါကို သင်တို့မြင်တဲ့အခါမှာ သင်တို့ရဲ့ နှလုံးသားဟာ ဘုရားသခင်နဲ့ အလိုအလျောက်မနီးစပ်သွားဘူးလား။ သင်တို့ဟာ အဲဒီခေတ်မှာနေပြီး သခင်ယေရှုက သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက်မှာ သင်မြင်ဖို့အတွက် မြင်သာတဲ့ အသွင်သဏ္ဌာန်နဲ့ သင့်ရှေ့မှာ ကိုယ်ထင်ပြလာပြီး သင်တို့ရှေ့မှာသူထိုင်ရင်၊ ပေါင်မုန့်နဲ့ငါးကိုစားပြီး ကျမ်းစာတွေကို သင်တို့ကို ရှင်းပြရင်၊ သင်တို့နဲ့ စကားပြောရင် သင်တို့ ဘယ်လိုခံစားရမလဲ။ ပျော်ရွှင်ခြင်းကို ခံစားရမလား။ အပြစ်ရှိသလို ခံစားရသလား။ ဘုရားသခင်အပေါ် အရင်က အထင်လွဲမှုတွေနဲ့ ရှောင်ကြဉ်မှုတွေ၊ ဘုရားသခင်အပေါ် အမြင်ကွဲလွဲမှုတွေနဲ့ သံသယတွေ၊ ဒီအရာတွေအားလုံးက ပျောက်ကွယ်မသွားဘူးလား။ ဘုရားသခင်နဲ့ လူသားကြားမှာ ရှိတဲ့ ဆက်ဆံရေးဟာ ပိုပြီးတော့ သင့်တော်လာမှာ မဟုတ်ဘူးလား။

သမ္မာကျမ်းစာရဲ့ ဒီကန့်သတ်ထားတဲ့အခန်းတွေရဲ့ အနက်ဖွင့်ဆိုချက်ကနေတစ်ဆင့် ဘုရားသခင်ရဲ့ စိတ်သဘောထားမှာ ချို့ယွင်းချက်တစ်ခုခုကို သင်တို့ တွေ့ရှိပါသလား။ ဘုရားသခင်ရဲ့ချစ်ခြင်းမှာ မစစ်မှန်မှုတွေကို သင်တွေ့ရှိပါသလား။ ဘုရားသခင်ရဲ့ အဆုံးအစမရှိဘုန်းတန်ခိုး သို့မဟုတ် အသိဉာဏ်ပညာမှာ လှည့်စားမှု သို့မဟုတ် ဆိုးယုတ်မှုတစ်ခုခုကို သင်တို့ မြင်ပါသလား။ လုံးဝ မရှိပါဘူး။ အခု ဘုရားသခင်ဟာ သန့်ရှင်းမြင့်မြတ်တယ်ဆိုတာကို သင်တို့ သေချာပေါက် ပြောနိုင်ပါသလား။ ဘုရားသခင်ရဲ့ စိတ်ခံစားမှုတွေ အားလုံးဟာ သူ့ရဲ့အနှစ်သာရနဲ့ စိတ်သဘောထားကို ဖွင့်ပြခြင်းဖြစ်တယ်ဆိုတာကို သင်တို့ သေချာပေါက်ပြောနိုင်ပါသလား။ ဒီစကားလုံးတွေကို သင်တို့ ဖတ်ပြီးတဲ့နောက်မှာ ဒါကနေ သင်တို့နားလည်တဲ့အရာက စိတ်သဘောထားပြောင်းလဲခြင်းနဲ့ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းအပေါ် သင်တို့ရဲ့ အားထုတ်ကြိုးပမ်းမှုမှာ အကျိုးအမြတ်တွေကို သယ်ဆောင်လာပြီး သင်တို့ကို ကူညီပေးလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်။ ဒီစကားလုံးတွေဟာ သင်တို့အတွက် တဖြည်းဖြည်းချင်းကြီးထွားလာတဲ့ အသီးအပွင့်တွေဖြစ်စေပြီး ဒီအားထုတ်ကြိုးပမ်းမှုမှာ ဘုရားသခင်ဆီကို သင့်ကို ပိုပိုပြီး နီးစပ်လာစေဖို့၊ သင်တို့ဟာ သမ္မာတရားနောက်ကိုလိုက်ခြင်းမှာ မငြီးငွေ့ဘဲ သမ္မာတရားနဲ့ စိတ်သဘောထားပြောင်းလဲမှုအတွက် ကြိုးစားအားထုတ်ခြင်းဟာ ဒုက္ခရောက်တယ် သို့မဟုတ် မလိုအပ်တဲ့အရာဖြစ်တယ်လို့ မခံစားဖို့အတွက် ဘုရားသခင်လိုအပ်တဲ့ စံသတ်မှတ်ချက်ဆီကို ပိုပိုပြီးနီးစပ်အောင် သယ်ဆောင်လာဖို့ကိုလည်း ငါမျှော်လင့်ပါတယ်။ ဒါဟာ အလင်းကိုတောင့်တဖို့၊ တရားမျှတမှုကို တောင့်တဖို့၊ သမ္မာတရားနောက်ကိုလိုက်ဖို့ ဆန္ဒပြင်းပြစေဖို့၊ ဘုရားသခင်ရဲ့အလိုတော်ကို ဖြည့်ဆည်းခြင်းကို အားထုတ်လိုက်လျှောက်ဖို့၊ ဘုရားသခင်အားဖြင့် လက်ခံရရှိတဲ့ လူသားတစ်ယောက်ဖြစ်ဖို့၊ စစ်မှန်တဲ့ လူတစ်ယောက်ဖြစ်ဖို့ သင်တို့ကို တွန်းအားပေးတဲ့ ဘုရားသခင်ရဲ့ သန့်ရှင်းမြင့်မြတ်တဲ့ အနှစ်သာရနဲ့ ဘုရားသခင်ရဲ့ မှန်ကန်တဲ့ စိတ်သဘောထားရဲ့ ဖော်ပြချက်ဖြစ်ပါတယ်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

XXX