၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
အဖြေ- သူတို့က အရမ်းယုတ်မာပေမဲ့ ရှင်သန်နေတုန်းပဲ၊ ဘယ်သူမှလည်း သူတို့ကို မတားရဲကြဘူး။ ဒီတော့ သူတို့ အာဏာက ဆက်ပြီးမြဲနေနိုင်တယ်ဆိုတဲ့ သဘောလား။ သခင် ယေရှု အမှုပြုဖို့ ပေါ်ထွန်းလာတော့၊ ရောမအစိုးရက သူ့ကို ဆန့်ကျင်ရှုတ်ချဖို့ ကြိုးစားခဲ့တာပဲလေ။ ဒီလောက် အားကောင်းတဲ့ အစိုးရလည်း ဘုရားသခင်ရဲ့ကပ်ဆိုးကြောင့် ပျက်စီးရတာပဲ မဟုတ်လား။ အပြင်မှာ ဘယ်လိုအင်အားစုတွေပဲ ရှိရှိပါ၊ ဘုရားသခင်ကို အာခံပြီး ဆန့်ကျင်ပြုမူရင်၊ ဘုရားသခင်အားဖြင့် သူတို့တွေ ပျက်စီးရမှာပဲ။ ဒီလို ယုတ်ညံ့တဲ့အာဏာကို ထားဦး ဘယ်လိုအဆင့်အတန်းနဲ့ အာဏာကိုမှ ကျွန်တော်တို့ အားမပေး နိုင်ဘူး။ ဘုရားသခင်က အရာရာတိုင်းကို အုပ်စိုးတာပါ။ သူ့ကို အာခံသူတိုင်း ပျက်စီးရမှာပဲ။ စီစီပီကို မကောင်းမှန်း သိနေပေမဲ့၊ သူတို့ရဲ့ယုတ်ညံ့တဲ့ သဘာဝကို သေချာပေါက် မမြင်နိုင်ဘူး။ သူတို့က ဘာလို့ဘုရားသခင်ကို ဆန့်ကျင်ရှုတ်ချပြီး ဘုရားက ရွေးချယ်ထားသူတွေကို အန္တရာယ်ပေးနေတာလဲ။ သမ္မာကျမ်းစာ ထဲမှာ သခင်ယေရှုက ပြောထားတယ်- “ဤလူမျိုးသည် ဆိုးညစ် သောအမျိုး ဖြစ်၏။” (ရှင်လုကာ ၁၁:၂၉) “အပြစ်စီရင်ခြင်းကို ခံရကြောင်းကား အလင်းသည် ဤလောကသို့ဝင်၍၊ လူတို့သည် မကောင်းသော အကျင့်ကို ကျင့်သောကြောင့်၊ အလင်းထက် မှောင်မိုက်ကို သာ၍နှစ်သက်ကြ၏။ ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူအပေါင်းတို့သည် အလင်းကိုမြင်ပျင်း၍ “မိမိတို့ အကျင့်၌ အပြစ်ပါမည်ကိုမထင်ရှားစေခြင်းငှါ အလင်းသို့ မချဉ်းကပ် ကြ။” (ရှင်ယောဟန်ခရစ်ဝင် ၃:၁၉-၂၀) ကျမ်းစာမှာ ပြောထား သေးတယ်- “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကြသည်ကို၎င်း။” (၁ ယော ၅:၁၉) အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို စီစီပီက ဘာလို့ဆန့်ကျင်ရှုတ်ချတာလဲ။ တရုတ် ပြည်သူတွေ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံယုံကြည်သွား မှာကြောက်လို့ပဲလေ။ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့အမှုကို လူတွေ လက်ခံသွားမှာ သူတို့အကြောက်ဆုံး ပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားတွေ အားလုံး ကမ္ဘာအနှံ့ ထုတ်ဖော်ခံရမှာကို ကြောက်ကြတယ်၊ ကမ္ဘာမြေပေါ် ဘုရားသခင်ရဲ့အလိုတော် ပြည့်စုံမှာကို သူတို့ ကြောက်နေကြတယ်။ စီစီပီဟာ သမ္မာတရားအပြင် ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကိုပါ ကြောက်မှန်း ဒါက သက်သေပြ ပါတယ်၊ အမှောင်ဖုံးနေတဲ့ လူသားတွေကို အလင်းပြပေးတဲ့ အလင်းရောင်စစ်ကို ကြောက်နေကြတယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ထုတ်ဖော်လိုက်ပြီဆိုတာနဲ့ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော် ကို လူအများကြီးက လက်ခံမယ်ဆိုတာ စီစီပီက သိနေလို့ပဲ။ အဲဒါကြောင့်လည်း အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်လိုက် အားလုံးကို သူတို့ နှိပ်ကွပ်နေတာပေါ့။ သူတို့လုပ်ရပ်တွေက ကောင်းကင်ဘုံနဲ့ လုံးဝဆန့်ကျင်နေပြီ၊ သူတို့တွေက ဘုရားသခင်ရဲ့ ရန်သူ၊ သမ္မာတရားရဲ့ရန်သူ၊ တရားမျှတမှုရဲ့ရန်သူပဲ။ သူတို့ဘက်က ကာကွယ်နေတယ်ဆိုတာ ဘုရားသခင်ကို ဆန့်ကျင်ပြီး၊ သူ ရွေးချယ်ထားသူတွေကို ဖိနှိပ်နေတာမျိုးပဲ။ အဲဒါက ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားတဲ့ အပြစ်ပဲ။ အပြစ်ဒဏ်ပေး ခံရလိမ့်မယ်။ ဘုရားသခင်ကို အာခံပြီး ဆန့်ကျင်ပြုမူသူတိုင်း ဖျက်ဆီးခံရပြီး ငရဲကျမှာပဲ။
အိမ်တွင်းမှ လက်ဝဲပညာပေးဇာတ်လမ်းတစ်ပုဒ် ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...
ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်သည် ဤကမ္ဘာလောကကို ဖန်ဆင်းခဲ့ပြီး၊ ဤလူသားမျိုးနွယ်ကို သူဖန်ဆင်းခဲ့၏၊ ထို့အပြင် သူသည်...
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-တရားစီရင်ခြင်းအမှုသည် ဘုရားသခင်ကိုယ်တိုင်၏အမှု ဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင်ကိုယ်တော်တိုင်...