အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတာ နောက်ဆုံးသောကာလမှာ ကမ္ဘာပေါ်ကြွဆင်းလာတဲ့ ဘုရားသခင်ပဲလို့ ရှင်တို့ပြောတယ်။ ရှင်တို့ရဲ့ယုံကြည်မှုကလည်း ဘဝမှာ သမ္မာတရားကိုရှာဖွေလိုမှု မှန်ကန်တဲ့လမ်းကို ရှာဖွေလိုမှုကနေ မြစ်ဖျားခံလာတယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျွန်မရဲ့အတွေ့အကြုံအရတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ တပည့်တော် အတော်များများဟာ ယေရှုရဲ့ သာသနာပြုတွေလိုပဲ၊ မိသားစုတွေ ဘဝတက်လမ်းတွေကိုစွန့်လွှတ်ဖို့၊ မတွေဝေဘဲ ဧဝံဂေလိသတင်းကောင်းဟောကြားဖို့ ၊ ဘုရားသခင်ကို သက်သေခံဖို့အတွက် သူတို့ရဲ့ ကိုယ်ရော၊ ဝိညာဉ်ကိုပါ ဘုရားသခင်ဆီ အပ်နှင်းထားတာပဲ။ အဲဒီလူတွေထဲမှာ နောက်ဆုံးသောကာလရဲ့ခရစ်တော်နောက်ကို လိုက်ဖို့အတွက်၊ လက်ထပ်ထိမ်းမြားခြင်း မပြုဖို့ရွေးချယ်လိုက်တဲ့ လူငယ်လေးတွေလည်း အများကြီးပါတယ်။ ရှင်တို့တွေ ဧဝံဂေလိသတင်းကောင်း ဖြန့်ဝေဖို့ အရာအားလုံးကို စွန့်လွှတ်ခဲ့တဲ့အတွက်၊ ဘုရားသခင်ကိုယုံကြည်သူတွေဟာ များသထက် ပိုများလာတယ်။ ကမ္ဘာပေါ်က လူတိုင်းသာ ဘုရားသခင်ကိုယုံကြည်ကြရင်၊ ကွန်မြူနစ်ပါတီ ထဲကို ဘယ်သူကဝင်ဦးမှာလဲ။ ပါတီကိုရော ဘယ်သူကယုံကြည်ဦးမှာလဲ။ ဒါကြောင့် အစိုးရက ယုံကြည်သူတွေကို ဖိနှိပ်ဖမ်းဆီးရတာဖြစ်တယ်။ ပြဿနာကို မြင်ပြီလား။ ရှင်တို့တွေရဲ့ အဲဒီလိုယုံကြည်ချက်ကြောင့် လူတွေအများကြီး အဖမ်းခံရ၊ ထောင်အချခံရ၊ အိုးပစ်အိမ်ပစ်ထွက် ပြေးရတွေ ဖြစ်ကြရတာ။ လင်မယားတွေအများကြီး ကွာရှင်းကုန်ကြပြီး၊ ကလေးတွေအများကြီး မိဘမဲ့ဖြစ်ကြရတယ်။ သက်ကြီးရွယ်အိုတွေအများကြီးလည်း ပြုစုမယ့်သူ မရှိရှာတော့ဘူး။ ရှင်တို့တွေ ဘုရားသခင် အပေါ်ထားတဲ့ ဒီလိုယုံကြည်ချက်ကြောင့် ရှင်တို့ရဲ့မိသားစုတွေပဲ စိတ်ဆင်းရဲခံစားကြရတာ။ ရှင်တို့ရဲ့ ပန်းတိုင်ကဘာလဲ။ ဒီလမ်းက ရှင်တို့ပြောတဲ့ လမ်းပြခြင်းခံရပြီးရောက်လာတဲ့ လမ်းမှန်လား။ တရုတ်ရိုးရာယဉ်ကျေးမှုမှာ ဘိုးဘွားမိဘတွေ အပေါ်ရိုသေပူဇော်ခြင်းကို အထွဋ်အမြတ်ထား ကြတယ်။ ဆိုရိုးအရ “အရာအားလုံးထက် ဘိုးဘွားမိဘတွေအပေါ်ရိုသေဖို့ အရေးစိုက်ပါ” တဲ့။ ကွန်ဖြူးရှပ်ကလည်းပြောခဲ့တယ်၊ “မိဘတွေ သက်ရှိထင်ရှားရှိနေတုန်း ခရီးဝေးထွက်မသွားပါနဲ့” တဲ့။ မိဘတွေပေါ်ရိုသေခြင်းဟာ လူသားအချင်းချင်း ဆက်ဆံမှုမှာ အခြေခံအုတ်မြစ်ပဲ။ ရှင်တို့ကို မွေးဖွားသန့်စင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ သူတွေကိုတောင် ဂရုစိုက်မပေးနိုင်ဘဲ၊ ဘုရားသခင် နောက်ကိုပဲ အခုရှင်တို့လိုက်သလို လိုက်နေတာက လူသားတွေအတွက် လိုက်လျှောက်စရာလမ်းမှန် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ယုံကြည်သူတွေက အကောင်းဆုံးလူတွေလို့ သူများတွေပြောကြတာ ခဏခဏကြားဖူးတယ်။ ဒါမမှားဘူး။ ဒါပေမဲ့ ဘုရားသခင်ကိုကိုးကွယ်တဲ့ရှင်တို့တွေက ဘုရားသခင်ကို အရာအားလုံးထက် အလေးအမြတ်ထားတာကို ကွန်မြူနစ်ပါတီက အမြင်မကြည်ဘူး။ အဲဒါကို သူတို့တွေ မုန်းတယ်။ ရှင်တို့တွေက ဧဝံဂေလိတရားကို လိုက်ဟောနေပေမဲ့ ကိုယ့်မိသားစုကိုတောင် ပြန်ဂရုမစိုက်နိုင်ဘူး။ ဒါမျိုးကို လုပ်ရပ်ကောင်းပါလို့ ဘယ်လိုသတ်မှတ် ရမှာလဲ။ ရှင်တို့ရဲ့ယုံကြည်မှုက တစ်နေရာရာမှာတော့ လမ်းလွဲခဲ့ပြီလို့ မထင်မိဘူးလား။ ရှင်တို့တွေ အခုလိုလုပ်နေတာတွေက ကျွန်မတို့လူ့အဖွဲ့အစည်းရဲ့ သဟဇာတဖြစ်မှုနဲ့ ဟန်ချက်ညီမှုကို ပျက်စီးစေတာ မဟုတ်ဘူးလား။ ရှင်တို့တွေ လမ်းမှားကို ဆက်မလျှောက်ဖို့ အကြံပေးချင်တယ်။ ရှင်တို့ရဲ့ ယုံကြည်ချက်ကိုစွန့်လွှတ်ပြီး အိမ်ပြန်ကြပါ၊ မိသားစုတွေနဲ့ပြန်ဆုံပြီး သူတို့ကိုဂရုစိုက်ပါ၊ သာမန်ဘဝနဲ့ နေထိုင်ပါ။ အဲဒါဟာ သားသမီးတွေအဖြစ်နဲ့ရော မိဘတွေအဖြစ်နဲ့ပါ ရှင်တို့ထမ်းဆောင်ရမယ့် ဝတ္တရားဖြစ်တယ်။ ဒီလိုလက်တွေ့ကျတဲ့အရာတွေကိုသာ လူသားတွေအနေနဲ့ လုပ်ဆောင်သင့်တယ်။

18.12.2019

အဖြေ- ကျွန်မတို့တွေက မိသားစုနဲ့ ဘဝတက်လမ်းကို စွန့်ပစ်ပြီး၊ ဘုရားသခင်နောက်လိုက်တာ လမ်းလွဲသွား ခဲ့တာလို့ ရှင်ပြောတယ်။ ရှင်ပြောတာ တက်တက်စင်အောင်မှားတယ်။ ရှင်က ဘာသာမဲ့ပဲ ကျွန်မကို ပြောပြစမ်းပါ။ လူသားမျိုးနွယ်က ဘယ်လမ်းကိုလိုက်သင့်လဲ။ ရှင်ရောသိလား။ ကမ္ဘာပေါ်မှာရှိသမျှ အမှောင်တွေ ဆိုးယုတ်မှုတွေ ဘယ်ကနေလာလဲဆိုတာ ရှင်မြင်နိုင်လား။ ကျွန်မတို့လူသားတွေ ဘာကြောင့် အပြစ်နွံထဲမှာပဲ နစ်ပြီး ရုန်းကန်နေရတယ်ဆိုတာ သိလား။ အပြစ်လုပ်ပြီးရတဲ့စိတ်ခံစားချက်အပေါ် သာယာတာ ကို ပျော်ရွှင်မှုအစစ်လို့ ရှင်ထင်လား။ လူ့ဇာတိခံယူတဲ့ဘုရားသခင်က ကျွန်မတို့ လူသားတွေရဲ့ အပြစ်ကို ဖယ်ရှားပေးပြီး အလင်းဆီကို၊ ကောင်းမွန်တဲ့ပန်းတိုင်ဆီကို ခေါ်ဆောင် သွားဖို့ ကြွဆင်းလာခဲ့ပြီ။ ပျက်စီးနေတဲ့ လူသားမျိုးနွယ်အတွက် ဒါ သတင်းကောင်းပဲ။ ကျွန်မတို့ လူသားတွေအားလုံးဟာ စာတန်ကြောင့် ပျက်စီးနေကြပြီ။ ဘုရားသခင်ရဲ့အမှုတော်နဲ့ နှုတ်ကပတ်တော် သမ္မာတရားအားလုံးကို ကျွန်မတို့ လက်ခံသင့်တယ်။ ဒီနည်းနဲ့သာလျှင် အပြစ်ကနေသန့်စင်ပြီး၊ ကယ်တင်ခြင်းကိုရရှိနိုင်မယ်။ ကျွန်မတို့လူသားတွေ လိုက်လျှောက်သင့်တဲ့လမ်းဟာ ဒီလမ်းပဲ။ ဘာဖြစ်လို့များ ဒါကို မှားနေတယ်လို့ ပြောနိုင်ရတာလဲ။ ရှင့်ရဲ့အမြင်အရဆိုရင် သခင်ယေရှုရဲ့ တပည့်တော်တွေက သခင်နောက်ကို လိုက်ဖို့ သူတို့ရဲ့မိသားစုတွေကို စွန့်လွှတ်ခဲ့တာပဲလေ။ အဲဒါ လမ်းမှားပဲမဟုတ်လား။ တရုတ်ပြည်ကို လာဖို့အတွက် ချစ်ခင်ရသူတွေကို ထားပစ်ခဲ့တဲ့ အနောက်တိုင်းသာသနာပြုတွေကလည်း သခင်ယေရှု ပေးတဲ့ ကယ်တင်ခြင်းအကြောင်း သက်သေခံဖို့ အတွက် သူတို့ရဲ့တစ်ဘဝလုံးကို မြှုပ်နှံထားတာပဲ။ တချို့တွေဆို အသက်ကိုပါစွန့်ခဲ့ရတယ်။ ဒါကိုတောင် သူတို့တွေက အကြင်နာတရားမရှိဘူးလို့ ရှင်က ပြောရက်တယ်ပေါ့။ သူတို့က လူတွေကယ်တင်ခြင်း ရဖို့အတွက် ဘုရားသခင်ရဲ့အလိုတော်အတိုင်း လိုက်လျှောက် နေကြတာပဲ။ သူတို့ဟာ စိတ်သဘောထားကောင်းကြတယ်။ ဒါဟာ ဘုရားအလိုတော်ကို လိုက်လျှောက်တဲ့နေရာမှာ အဖြောင့်မတ်ဆုံးအရာပဲ။ သခင်ယေရှု ပြောခဲ့တယ်- “အကြင်သူသည် ငါ့ထံသို့လာ၍ မိဘ၊ သား မယား၊ ညီအစ်ကို၊ နှမတို့ကို၎င်း၊ ထိုမျှမက မိမိအသက်ကို ၎င်း မမုန်း၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။( လုကာ ၁၄:၂၆ )အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါနှင့် မထိုက် မတန်။(မဿဲ ၁၀:၃၈) နှစ်ပေါင်းနှစ်ထောင်တိုင်အောင် မရေမတွက်နိုင်အောင်များတဲ့ ခရစ်ယာန်တွေဟာ သူတို့ရဲ့မိသားစုနဲ့ ဘဝတက်လမ်းတွေကိုစွန့်လွှတ်ပြီး၊ ဘုရားသခင်ရဲ့ဧဝံဂေလိသတင်းကောင်းကို ပြောကြားဖို့ သူတို့ရဲ့ဘဝတွေကို မြှုပ်နှံခဲ့ကြတယ်။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအကြောင်းကို တစ်ကမ္ဘာလုံးက လူတွေ သိသွားကြခြင်းဟာ သူတို့ရဲ့ ကိုယ်ကျိုးမဖက်တဲ့ အားထုတ်မှုတွေကြောင့်ပဲ။ ဒီနေ့မှာ သခင်ယေရှုဟာ အနန္တတန်ခိုးရှင်ဘုရားသခင် အဖြစ် ပြန်ပြီးကြွဆင်းလာပြီ။ နောက်ဆုံးသောကာလ မှာ လူသားတွေကို အပြစ်ကနေသန့်စင်ပြီး၊ ရွေးနုတ်ကယ်တင်တဲ့ စီရင်ခြင်းအမှုတော်ကိုပြုဖို့ သမ္မာတရားကို ဟောကြားပြီ။ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ဝင် ခရစ်ယာန်တွေက လူသားတွေ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အကြောင်း ပိုကြားနိုင်ဖို့နဲ့ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ အပြစ်သန့်စင်ခြင်းနဲ့ ကယ်တင်ခြင်းကို လက်ခံရရှိပြီး၊ အံ့ဖွယ်ခရီးပန်းတိုင်ကို ဝင်ခွင့်ရဖို့၊ တန်ဖိုးထားသမျှအရာအားလုံးကို စွန့်လွှတ်ပြီး၊ ကယ်တင်ရှင် နောက်ဆုံးသောကာလရဲ့ခရစ်တော်အတွက် သက်သေခံဖို့ တစ်ဘဝလုံးပေးအပ်လိုက်ကြတာပဲ။ ကျွန်မတို့တွေ မှားနေတယ်လို့ ရှင်ထင်တယ်ပေါ့။ သမ္မာကျမ်းစာအတိုင်း လိုက်လျှောက်နေတာ ဘုရားသခင်အလိုတော်အတိုင်း လိုက်လျှောက်နေတာပါ။

ရှင်တို့တွေက ယုံကြည်သူတွေဟာ ဧဝံဂေလိတရားဟောဖို့ မိသားစုတွေကိုပစ်ပယ်လို့ ခရစ်ယာန်မိသားစုတွေအများကြီး ပြိုကွဲကြရတယ်လို့ ပြောတယ်နော်။ ဒီစကားက တကယ်ရောမှန်ရဲ့လား။ တရုတ်ကွန်မြူနစ်ပါတီ အာဏာရလာတဲ့အချိန်ကစပြီး ဘာသာရေးယုံကြည်ချက်တွေကို ဖိနှိပ်တာ ခရစ်ယာန်ဘာသာကို အစွန်းရောက်ဝါဒ သမ္မာကျမ်းစာကို အစွန်းရောက်စာအုပ်လို့ တံဆိပ်ကပ်တာ လူတိုင်းသိတယ်။ ဘုရားသခင်ကို ယုံကြည်သူတွေကို ဖမ်းဆီးပြီး နှိပ်ကွပ်ကြတယ်။ မရေမတွက်နိုင်တဲ့ ခရစ်ယာန်တွေကို အကျဉ်းချပြီး ခရစ်ယာန်တွေအများကြီး ရိုက်နှက်သတ်ဖြတ် ခံခဲ့ရတယ်။ မိသားစုတွေကို တကယ်ဖျက်ဆီးနေတာ ဘယ်သူတွေလဲ။ ခရစ်ယာန်တွေ အိမ်မပြန်နိုင်အောင်လုပ်ပြီး၊ မိသားစုဝင်တွေကို တကွဲတပြားစီဖြစ်အောင် တကယ်တွန်းပို့နေကြတာက ဘယ်သူတွေလဲ။ ဒီကြေကွဲစရာဖြစ်ရပ်ကြီးတစ်ခုလုံးဟာ ကွန်မြူနစ်ပါတီက ခရစ်ယာန်တွေကို နှိပ်ကွပ်လို့ ဖြစ်လာရတာမဟုတ်ဘူးလား။ ဒီမိုကရေစီကျင့်သုံးတဲ့ အနောက်နိုင်ငံတွေမှာ ခရစ်ယာန်တွေက မိသားစုနဲ့ ဘဝတက်လမ်းကိုစွန့်လွှတ်ပြီး၊ ဧဝံဂေလိသတင်းကောင်းကို ပြောကြားတဲ့အချိန်မှာ သူတို့ရဲ့မိသားစုတွေက ဘာကြောင့်မပျက်စီးကြတာလဲ။ ဒီမှာ ဘာဖြစ်လို့ပျက်စီးကြရတာလဲ။ ကွန်မြူနစ်ပါတီအစိုးရတဲ့ တရုတ်ပြည်မှာ ဘုရားသခင်ကိုယုံကြည်မှုက ဘာကြောင့်များ ပြစ်မှုကြီးတစ်ခုဖြစ်နေရတာလဲ။ ဘယ်တိုင်းပြည်မှာ ဒီလိုဥပဒေတွေရှိသလဲ။ ဘယ်လို အုပ်ချုပ်သူအစိုးရမျိုးမို့လို့လဲ။ ကျွန်မမှာ တစ်ချိန်တုန်းက အရမ်းပျော်ရွှင်စရာမိသားစုလေး ရှိခဲ့ဖူးတယ်။ ကျွန်မရဲ့ယုံကြည်မှုအကြောင်း တရုတ်ကွန်မြူနစ်ရဲတွေသိသွားကြတဲ့အချိန်မှာ ကျွန်မကို လာဖမ်းကြတော့တာပဲ။ ထွက်ပြေးဖို့ပဲ ကျွန်မတတ်နိုင်ခဲ့တယ်။ ကျွန်မရဲ့မိသားစုဝင်တွေကိုတောင် အလွတ်မပေးဘူး။ ကျွန်မတို့အိမ်ကို စောင့်ကြည့်ပြီး၊ ကျွန်မတို့ဖုန်းကို ဖမ်းနားထောင်ရုံတင်မကဘူး၊ ကျွန်မသမီးလေးရဲ့ကျောင်းကိုသွားပြီး ကျွန်မက နိုင်ငံရေးရာဇဝတ်သားဖြစ်တဲ့အတွက် စောင့်ကြည့်သတင်းပေးပါလို့ ပြောတယ်။ ရလဒ်ကတော့ ဆရာတွေနဲ့ ကျောင်းသားတွေက ကျွန်မသမီးလေးကို ခွဲခြားဆက်ဆံကြပြီး၊ ကျောင်းကနေ အဓမ္မထုတ်ခံလိုက်ရတာပါပဲ။ သမီးလေးက အသက် ၁၄ နှစ်ပဲ ရှိပါသေးတယ်။ သူ့အကြောင်းကို အမြဲတမ်းတွေးနေခဲ့တာ။ ကျွန်မရဲ့ မိဘတွေကို လွမ်းပေမယ့် သူတို့ဆီဖုန်းဆက်ဖို့ မကြိုးစားရဲဘူး။ ကျွန်မရဲ့ဇာတိမြို့လေးကို ခဏခဏဖြတ်ရပေမဲ့ ကျွန်မတတ်နိုင်တာက အဝေးကနေ ငေးကြည့်ရုံပဲ၊ ပြန်မသွားရဲဘူးလေ။ ကျွန်မမှာ ရွေးချယ်ခွင့်ရှိတယ်လို့ ထင်ရပေမဲ့ တကယ်တော့ ကျွန်မမှာ လုပ်ခွင့်တောင် မရှိခဲ့ဘူး။ ကျွန်မကိုထုတ်တဲ့ ဖမ်းဝရမ်းကြောင့် ကျွန်မခင်ပွန်းရဲ့ လုပ်ငန်းတွေထိခိုက်ပြီး၊ နောက်ဆုံးမှာ ကျွန်မကို ကွာရှင်းသွားပါတယ်။ ကျွန်မရဲ့ မိသားစုလေး တစ်စစီပြိုကွဲခဲ့ရတယ်။ အဲဒီအတွက်ရော ဘယ်သူ့ကိုအပြစ်တင်ရမှာလဲ။ ကျွန်မမိသားစုကို စောင့်ရှောက်မယ့်သူမရှိတော့ဘူး။ ဒီကိစ္စမှာ လက်သည်တရားခံက ဘယ်သူလဲ တရုတ်ကွန်မြူနစ်အစိုးရပဲ မဟုတ်ဘူးလား။ ယုံကြည်သူတွေကို နှိပ်ကွပ်ဖို့အတွက် တတ်နိုင်တာမှန်သမျှ လုပ်ကြမှာပဲ။ ကျွန်မတို့တွေကို အေးအေးလူလူနေထိုင်ခွင့်တောင် မပေးကြဘူး။ ပြီးတော့ ကျွန်မတို့ရဲ့မိသားစုတွေကိုပါ အလွတ်မပေးဘူး။ ကောင်းကင်ဘုံက ဒါကို ဒီအတိုင်းကြည့်နေမှာမဟုတ်ဘူး။ ကျွန်မတို့လိုက်လျှောက်တဲ့လမ်းက လုံးဝကိုမှန်ကန်တယ်။ ဒါကို ဘာဖြစ်လို့များ ကျွန်မတို့ကို ဒီလိုဆက်ဆံတာလဲ၊ နိုင်လိုမင်းထက်လုပ်တာလဲ။ ဒါ သူတို့အော်အော်နေတဲ့ ကြီးမြတ်မှု ခမ်းနားမှုနဲ့ ဖြောင့်မတ်မှု ဆိုတာလား။ ကွန်မြူနစ်ပါတီက သူတို့လက်လှမ်းမီသမျှ ယုံကြည်သူတွေကို အကျဉ်းချတဲ့အတွက် မရေမတွက်နိုင်တဲ့ ခရစ်ယာန်အိမ်ထောင်တွေ ပြိုကွဲရတယ်။ ပြီးတော့ ဒီလိုတွေဖြစ်အောင် ကျွန်မတို့ကပဲ ကိုယ့်ဟာကိုယ် လုပ်သလိုလို သဘောမျိုးပြောပြီး၊ ကမ္ဘာပေါ်မှာ ရှိသမျှ ပြဿနာတွေက ကျွန်မတို့ရဲ့ ယုံကြည်မှုကြောင့် ဖြစ်ရတာလို့ လူတိုင်းကိုပြောတယ်။ ခရစ်ယာန်တွေက တိုင်းပြည်ငြိမ်ဝပ်ပိပြားရေးကို အနှောင့်အယှက်ဖြစ်စေပါတယ်လို့ ပြောတယ်။ ကွန်မြူနစ်ပါတီက မျက်နှာပြောင်တိုက်ပြီး အမှန်တရားကို ပုံဖျက်နေတာ အလိမ်အညာတွေ ပြောနေတာပဲ။ အဲဒီလုပ်ရပ်အတွက်လည်း သူတို့မှာ ရှက်ရကောင်းမှန်းမသိဘူး။

ကွန်မြူနစ်ဝါဒ၏ မုသားများ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- သူတို့က တော်လှန်ရေးသမားတွေ။ သူတို့ယုံကြည်တာ အကြမ်းဖက်မယ်၊ မုသားသုံးမယ်၊ အာဏာကို အကြမ်းနည်းနဲ့ရယူမယ်။ “မုသားတစ်ခွန်းကို အကြိမ်တစ်သောင်း လောက် ထပ်တလဲလဲဆိုလိုက်ရင် အမှန်ဖြစ်လာတယ်” လို့ ယူဆထားကြတာ။ လူတွေက သူတို့စကားတွေကို ဘယ်လိုပဲ မယုံမယုံ၊ ငြင်းပဲ ငြင်းငြင်း ပါတီက ဂရုမစိုက်ဘူး။ ဆက်ပြီးလိမ်မြဲ လိမ်နေမှာပဲ။ လက်ငင်းမှာ ထိရောက်မှုတွေ ရှိနေသရွေ့ သူတို့ ဂရုမစိုက်ဘူး။ လူတွေ ဆန့်ကျင်ဆန္ဒပြပြီဆိုရင်၊ တင့်ကားတွေ စက်သေနတ်တွေ သုံးပြီး ဖြေရှင်းလိုက်မှာပဲ။ သူတို့ လိုအပ်တာတွေ ရဖို့ လိုအပ်ရင် အဏုမြူဗုံးတောင် သုံးကြမယ့်သူတွေ၊ အာဏာ တည်မြဲဖို့ ပါတီကတော့ ဘာမဆိုလုပ်မှာပဲ။ အဲဒီအမှုကို ထုတ်ပြန် လိုက်ပြီးတာနဲ့ ဘယ်လို အခြေအနေမျိုးပဲဖြစ်ဖြစ် ခရစ်ယာန်တွေကို ဖမ်းဆီး၊ နှိပ်ကွပ်ဖို့အတွက် ရဲတပ်ဖွဲ့ဝင်တွေ အများကြီးတပ်ဖြန့် လိုက်ကြတယ်လေ။ သူတို့ကို ဘယ်သူက တားနိုင်ခဲ့လို့လဲ။ ဘယ်သူ အာခံရဲခဲ့လဲ။ ပါတီကလိမ်ကကျစ်လုပ်တာတွေကို နိုင်ငံခြားသားတွေ မြင်တော့ သူတို့ဘာလုပ်နိုင်ခဲ့လဲ။ အနောက်တိုင်း ဒီမိုကရေစီ အင်အားစုတွေကို တန်ပြန်တဲ့နည်းတွေ ပါတီမှာ အများကြီးပဲ။ အားလုံးကို ပိုက်ဆံသုံးပြီး ဖြေရှင်းလိုက်တာပဲ။ လူဟာ လက်ဆောင် ပဏ္ဏာကို လွတ်လပ်မှုနဲ့ လဲကြတာပဲ။ ဒီနေ့ခေတ်မှာ တရုတ် ကွန်မြူနစ်ပါတီကို ဆန့်ကျင်တဲ့နိုင်ငံ ပိုနည်းသွားပြီ။ အင်အားစုတွေ ကလည်း ခုဆို သူတို့ကို ရန်လိုရမှာတောင် ကြောက်နေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် စီစီပီက အာဏာကို ထိန်းထားနိုင်တုန်းပဲလေ။ အာဏာရှိနေသရွေ့ မင်းတို့လို ဘုရားသခင် ယုံကြည်တဲ့သူတွေ လွတ်လပ်မှာမဟုတ်ဘူး။ တရုတ်ပြည်ထဲက ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို စီစီပီက မုန်းတီးပြီး ပိတ်ပင်နေဦး မှာပဲ။ ဘုရားမဲ့ အုပ်စိုးမှုတစ်ခုကို ဖန်တီးဖို့ဆိုတဲ့ သူတို့ရဲ့ ပန်းတိုင်ကို သူတို့မရရင်တောင်၊ မင်းတို့ကိုဖမ်းဆီးနှိပ်ကွပ်တာတွေ လုံးဝ ရပ်မှာ မဟုတ်ဘူး။ ငါ ဒါတွေကို မြင်တွေ့နေတာကြာခဲ့ပြီ။ အဲဒါကြောင့် လည်း မင်းတို့ရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် ယုံကြည်မှုကို ငါ ဆန့်ကျင်နေရတာပေါ့။ အားလုံးက မင်းတို့ရဲ့ လုံခြံမှုအတွက်ပါ နားမလည်ဘူးလား။
နောက်တစ်ခုသို့- ခင်ဗျားတို့အားလုံးက ဘုရားသခင်ကိုယုံကြည်တယ်။ ကျွန်တော်ကတော့ မာ့က်စ်နဲ့ လီနင်ကို ယုံတယ်။ ဘာသာရေးယုံကြည်ချက်ပေါင်းစုံကို ကျွန်တော် လေ့လာခဲ့ပြီးပြီ၊ လေ့လာခဲ့တဲ့နှစ်ပေါင်းများစွာအတွင်း ကျွန်တော့်အနေနဲ့ ပြဿနာတစ်ခုကို ရှာတွေ့ခဲ့တယ်။ ဘာသာရေးအားလုံးဟာ ဘုရားတစ်ဆူဆူကိုတော့ ယုံကြည်ကြတာပဲ။ ဒါပေမဲ့ ဘယ်ယုံကြည်သူမှတော့ ဘုရားဆိုတာကို မမြင်ဖူးကြဘူး။ သူတို့ရဲ့ယုံကြည်ချက်က စိတ်ခံစားမှုသက်သက်ပေါ် အခြေခံထားတဲ့ ယုံကြည်မှုပဲ။ ဒါကြောင့် ဘာသာရေးယုံကြည်ချက်နဲ့ပတ်သက်ပြီး ကျွန်တော် ကောက်ချက်ချလိုက်တယ်။ ဘာသာရေးဆိုတာ စိတ်ကူးယဉ်မှုသက်သက်ပဲ။ သိပ္ပံနည်းလမ်းလုံးဝမကျတဲ့ အယူသည်းမှုတစ်ခုပဲ။ ဒီနေ့ခေတ်လူ့အဖွဲ့အစည်းမှာ သိပ္ပံပညာဟာ အရမ်းတိုးတက်နေပြီ။ အမှားတွေမလုပ်မိအောင်အတွက် အရာရာတိုင်းဟာ သိပ္ပံပညာကို အခြေခံရမယ်။ ကွန်မြူနစ်ပါတီက သိပ္ပံပညာကိုယုံကြည်တယ်။ ဘုရားသခင်ကို မယုံကြည်ဘူး။ ခေတ်ပြောင်းတော်လှန်ရေး သီချင်းထဲမှာ ‘အားကိုးလောက်စရာ လောက ကယ်တင်ရှင်၊ နတ်ဘုရား...အရှင်သခင်ရယ်လို့ မရှိပြီ။ လူသားမျိုးနွယ် ပျော်ရွှင်ဖို့အတွက် မိမိကိုယ်ကိုသာ အားကိုးကြရမည်’ သီချင်းထဲမှာ ‘လောကကယ်တင်ရှင်ရယ်လို့ မရှိပြီ’ ဆိုပြီး ကြွေးကြော်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေ ဘုရားသခင်ကိုယုံကြည်ခဲ့ရတဲ့ အကြောင်းရင်းက၊ သူတို့ခေတ်မှာ နေတို့၊ လတို့၊ ကြယ်တို့လို အထူးအဆန်းကိစ္စတွေကို သိပ္ပံနည်းကျ ဖြေရှင်းနိုင်စွမ်း မရှိခဲ့ကြသေးလို့ပဲ။ ဒါကြောင့် သဘာဝလွန်အစွမ်းတွေကို ကြောက်လန့်တာတို့၊ သိချင်တာတို့ ဖြစ်လာတာပေါ့။ အဲဒီကနေ ရှေးအကျဆုံးဘာသာရေးအတွေးအခေါ်တွေ စပေါ်လာတာပဲ။ ဒါ့အပြင် သဘာဝဘေးအန္တရာယ်တွေ ရောဂါဘယတွေလို အခက်အခဲမျိုးတွေကို လူသားတွေအနေနဲ့ မဖြေရှင်းနိုင်တဲ့အခါ၊ ဘုရားသခင်ကို ကိုးကွယ်ပြီး စိတ်သက်သာရာရှာကြတာပဲ။ ဘာသာရေးရဲ့ မူလအစက ဒါပဲ။ အတွေးအခေါ်နည်းလမ်းလည်းမကျ၊ သိပ္ပံနည်းလည်းမကျမှန်း မြင်နိုင်တယ်။ ကျွန်တော်တို့ခေတ်ကတော့ အများကြီးပိုတိုးတက်နေပြီ။ သိပ္ပံပညာလည်း ထွန်းကားလာပြီ။ အာကာသလေကြောင်းသိပ္ပံ၊ ဇီဝသိပ္ပံနည်းပညာ၊ မျိုးရိုးဗီဇပြောင်းလဲခြင်းနည်းပညာ၊ ဆေးပညာ အစရှိတဲ့ ပညာရပ်တွေမှာ လူသားမျိုးနွယ်ဟာ အများကြီး တိုးတက်လာခဲ့ပြီ။ အရင်တုန်းက ပြဿနာတွေကြုံ လာတဲ့အခါ ကျွန်တော်တို့က နားလည်းမလည်ဘူး။ ဖြေရှင်းနိုင်တဲ့နည်းလမ်းလည်း မရှိဘူး။ ဒါပေမဲ့ အခုချိန်မှာတော့ သိပ္ပံပညာကိုသုံးပြီး အရာအားလုံးကိုရှင်းပြနိုင်ပြီ။ သိပ္ပံပညာကိုအားကိုးပြီး ပြဿနာတွေအတွက် အဖြေရှာနိုင်ပြီ။ ဒီလို သိပ္ပံနဲ့နည်းပညာခေတ်ကြီးထဲမှာ ဘုရားကိုယုံကြည်တယ်ဆိုတာ တုံးအသလို ဖြစ်မနေဘူးလား။ နောက်ကောက်ကျကျန်ခဲ့လိမ့်မယ်လို့ မထင်မိဘူးလား။ ကျွန်တော်တို့ယုံကြည်နိုင်တာ သိပ္ပံပညာပဲရှိတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။