သင်က “အရှေ့ရပ်မှ လျှပ်ပြက်ခြင်း”သည် နောက်ဆုံသော ကာလ၏ ခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်ဖြစ်သည်ဟု သက်သေခံသည်၊ သို့သော် ကျွန်ုပ်သည် Baidu နှင့် Wikipedia ကဲ့သို့သော နာမည်ကြီး ဝက်ဘ်ဆိုက်များပေါ်က အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ရှုတ်ချသည့်၊ တိုက်ခိုက်ပြီး သွားပုပ်လေလွင့်ပြောဆိုသည့် ဆောင်းပါးများစွာကို ဖတ်ရှုပြီးဖြစ်သည်။ Baidu ပေါ်ရှိ သတင်းအချက်အလက်များကို တရုတ်ကွန်မြူနစ်ပါတီက စောင့်ကြည့်ကာ ထိန်းချုပ်ထားပြီး၊ ယင်းသ‌ည် သေချာပေါက် ယုံကြည်စိတ်ချ၍မရသည်ကို ကျွန်ုပ် သိသည်။ သို့သော် Wikipedia ကဲ့သို့သော နိုင်ငံခြား ဝက်ဘ်ဆိုက်ကလည်း သင်တို့ကို ရှုတ်ချရာတွင် တရုတ်ကွန်မြူနစ်ပါတီနှင့် ဘာသာရေး လောကနောက်လိုက်လေသည်။ ကျွန်ုပ် အဖြေမရှာနိုင်ပါ- ဤဝက်ဘ်ဆိုက်များပေါ်က ထုတ်ပြန်ချက်များသည် မှန်ပါသလား၊ သို့မဟုတ် မှားယွင်းပါသလား။

18.11.2021

အဖြေ-

ပစ္စုပ္ပန်ကာလတွင်၊ အဆင်းနီသော နဂါးကြီး၏ ဆိုးယုတ်သော အင်အားစုများနှင့် ဘာသာရေး အသိုင်းအဝိုင်း၏ အန္တိခရစ် အင်အားစုများသည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အကြောင်း အလိမ်အညာများစွာ- ကမ္ဘာ့နာမည်ကြီး ဝဘ်ဆိုက် Wikipedia က ထုတ်ပြန်ကြေညာပြီးဖြစ်သည့် အလိမ်အညာများကို လုပ်ကြံဖန်တီးကြပြီး ဖြစ်သည်။ မှန်သော လမ်းခရီးကို စုံစမ်းစစ်ဆေးနေချိန်တွင်၊ လူအချို့သည် Wikipedia သို့ တန်းတန်းမတ်မတ် သွားကြည့်ကြသည် “Wikipedia ကို ကျွန်ုပ် ယုံကြည်သည်။ ဤသည်မှာ မှန်သော လမ်းခရီးဖြစ်သည်ဟု ယင်းက ပြောလျှင်၊ ကျွန်ုပ် ယုံမည်။ မဟုတ်ပါဟု ပြောလျှင်၊ ကျွန်ုပ် ယုံမည်မဟုတ်။” ဤလူတို့သည် တစ်စုံတစ်ရာက မှန်သော လမ်းခရီး ဟုတ်မဟုတ်ဆိုသည်ကို Wikipedia ပေါ် အခြေခံ၍ အကဲဖြတ်ကြသည်။ ဤသည်မှာ သမ္မာတရားနှင့် ကိုက်ညီပါသလား။ သမ္မာတရားကို Wikipedia တွင် ရှာတွေ့နိုင်ပါသလား။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို Wikipedia တွင် ရှာတွေ့နိုင်ပါသလား။ Wikipedia ကို ရေးသားတည်းဖြတ်သူများသည် ဘုရားသခင်ကို ယုံကြည်ကြပါသလား။ မယုံကြည်ကြပေ။ ထို့နောက် Wikipedia သည် မယုံကြည်သူများ၏ ဝဘ်ဆိုက်တစ်ခု ဖြစ်သည်။ ယင်းကို ၎င်းတို့ စုစည်းထားသည့် စာပေအမျိုးစုံကို အသုံးပြုလျက် မယုံကြည်သူများ၏ ရှုထောင့်အမြင်မှ ရေးသားကာ တည်းဖြတ်ထားပေသည်။ မယုံကြည်သူများသည် သမ္မာတရားကို ပိုင်ဆိုင်ကြပါသလား။ မယုံကြည်သူများ ပြောဆိုသည့် စကားများသည် အမှန်တရားဖြစ်ပြီး သမ္မာတရားနှင့် ကိုက်ညီမှု ရှိပါသလား။ မယုံကြည်သူများ၏ ဝဘ်ဆိုက်များတွင် အလိမ်အညာများ၊ အယူလွဲမှု၊ မုသား မရှိလေသလော။ မယုံကြည်သူများမှာ စာတန်၏ အကြီးအကျယ် ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်ကာ ဘုရားသခင်ကို ကျောခိုင်းကြပြီးဖြစ်သည့် လူများဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်ကြ၊ ၎င်းတို့သည် ယုံကြည်သူများ မဟုတ်၊ ၎င်းတို့၏ အနှစ်သာရသည် စာတန်နတ်ဆိုး၏ အနှစ်သာရဖြစ်ပြီး၊ သမ္မာတရားနှင့် ကိုက်ညီသည့် စကားတစ်လုံးမျှ မရှိဘဲ အလိမ်အညာ တစ်ပုံတစ်ပင်သာ ဖြစ်သည့် အခြားသူတို့၏ စကားများကို ၎င်းတို့ သံယောင်လိုက်ရုံမျှ လိုက်ကြလေသည်။ ထို့ကြောင့် မယုံကြည်သူများ၏ စကားများမှာ အတွေးမှားများသာ ဖြစ်သည်။ ဤအရာကို သံသယထားနိုင်သလော။ Wikipedia သည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အကြောင်း မှန်ကန်သည့် အချက်အလက်များနှင့် သက်သေခံချက်များကို ထုတ်ပြန်ကြေညာခြင်း မပြုပေ။ ယင်းက ထုတ်ပြန်ကြေညာသမျှမှာ ဘာသာရေးလောကနှင့် ဘုရားမဲ့ စီစီပီ အစိုးရ၏ အလိမ်အညာများနှင့် အတွေးမှားများဖြစ်သည်။ ဤသည်မှာ မည်သည့် ဝဘ်ဆိုက်မျိုး ဖြစ်သနည်း။ ယင်းသည် လောက၏ ဆိုးယုတ်သော အင်အားစုများကို ကိုယ်စားပြုသည် မဟုတ်လော။ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် စကားများနှင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ခရစ်ယာန်များ၏ စစ်မှန်သည့် အစမ်းသဘော သက်သေခံချက်များကို လူသားမျိုးနွယ်အားလုံး ရှာဖွေကာ စုံစမ်းစစ်ဆေးဖို့အတွက် အွန်လိုင်းတွင် အချိန်ကြာမြင့်စွာက ထုတ်ပြန်ကြေညာထားပြီး ဖြစ်သည် သို့ဆိုလျှင် ဤအရာကို အဘယ်ကြောင့် မဖော်ပြရသနည်း။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အမြဲ ရက်စက်စွာ ဖိနှိပ်ကာ နှိပ်စက်ညှဉ်းပန်းပြီး ဖြစ်သည်၊ ယင်းနှင့်ဆိုင်သည့် အချက်အလက်များကို ကြာမြင့်သောအချိန်က နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများက အွန်လိုင်းတွင် ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။ ယင်းတို့သည် အဘယ်ကြောင့် Wikipedia တွင် မရှိရသနည်း။ ထိုအစား၊ Wikipedia သည် အလိမ်အညာတိုင်းကို ထုတ်ပြန်ကြေညာပြီး၊ တရုတ်ကွန်မြူနစ်ပါတီ အစိုးရနှင့် ဘာသာရေး အသိုင်းအဝိုင်းတို့အားဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို သိက္ခာချဖို့ ကြိုးပမ်းလေသည်။ သို့ဆိုလျှင် ယင်းသည် လုပ်ကြံသတင်းနှင့် မုသားများ တမင် ဖြန့်သည့် အဖွဲ့အစည်းတစ်ခု မဟုတ်လော။ စာတန်က လူတို့ကို လှည့်ဖြားဖို့ အသုံးပြုသည့် တန်ဆာပလာတစ်ခု မဟုတ်လော။ ဘုရားမဲ့ တရုတ်ကွန်မြူနစ်ပါတီ အစိုးရနှင့် ဘာသာရေးအသိုင်းအဝိုင်း အန္တိခရစ်များ၏ စကားများကို ဦးစွာပထမ စုံစမ်းစစ်ဆေးခြင်းမရှိဘဲ Wikipedia စာတည်းဖြတ်သူများ၏ ယုံကြည်စိတ်ချခြင်းနှင့် ဖြန့်ဝေခြင်းသည် ရယ်ဖွယ်ရာဖြစ်ပြီး အဓိပ္ပာယ်မရှိပေ။ ယင်းက ၎င်းတို့သည် သမ္မာတရား ကင်းမဲ့ကြောင်း၊ အနှစ်သာရအားဖြင့် ၎င်းတို့သည် အဓိပ္ပာယ်မရှိ၊ နားဝေတိမ်တောင် ဖြစ်သည့် လူများ၊ စာတန်နတ်ဆိုး၏ အမျိုး ဖြစ်ကြောင်းကို ပြပေသည်။ Wikipedia သည် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို သားပုပ်လေလွင့်ပြောရာတွင်၊ ဝေဖန်ခြင်းနှင့် ရှုတ်ချရာတွင် တရုတ်ကွန်မြူနစ်ပါတီနှင့် ဘာသာရေး အသိုင်းအဝိုင်း နောက်လိုက်ပေသည်။ ယင်းသည် နောက်ဆုံးသော ကာလ ခရစ်တော်ကို ပြစ်မှားစော်ကားပြီးဖြစ်သည်၊ မှန်သော လမ်းခရီးကို ပြစ်မှားစော်ကားပြီး ဖြစ်ကာ ဘုရား၏ ကျိန်ခြင်း ခံရပေသည်။ သို့ဆိုလျှင် တရုတ်ကွန်မြူနစ်ပါတီနှင့် ဘာသာရေး အသိုင်းအဝိုင်းနောက် Wikipedia လိုက်နေခြင်းက မည်သည့်ပြဿနာကို ညွှန်ပြသနည်း။ ယင်းက ကမ္ဘာလောကသည် မှောင်မိုက်၊ ဆိုးယုတ်ကြောင်း၊ လူသားမျိုးနွယ်သည် စာတန်၏ အကြီးအကျယ် ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်ကာ ဘုရားကို ရန်လိုသည့် အင်အားစုတစ်ခု ဖြစ်လာပြီးဖြစ်ကြောင်းကို ပြပေသည်။ ဤအရာကလည်း သမ္မာကျမ်းစာ၏ နှုတ်ကပတ်တော်များကို ပြည့်စုံစေသည် “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကြသည်။(ရှင်ယောဟန်သြဝါဒစာပဌမစောင် ၅:၁၉)ဤလူမျိုးသည် ဆိုးညစ်သောအမျိုး ဖြစ်၏။(ရှင်လုကာခရစ်ဝင် ၁၁:၂၉) လူအချို့သည် အမှောင်နှင့် ကမ္ဘာလောက၏ ဆိုးယုတ်သော အနှစ်သာရကို မသိမမြင်နိုင်ကြပေ။ မှန်သော လမ်းခရီးကို စုံစမ်းစစ်ဆေးနေချိန်တွင်၊ ၎င်းတို့သည် Wikipedia ကို ယုံကြည်စိတ်ချကာ ယင်းက ထုတ်ပြန်ကြေညာသည့် ဆိုးယုတ်သော စကားများနှင့် ကောလာဟလများကို ယုံတတ်ကြဆဲ ဖြစ်သည်။ ဤကဲ့သို့သော လူများသည် ဘုရားသခင်ကို ယုံကြည်သူများ ဖြစ်သလော။ မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်ကြသကဲ့သို့ သမ္မာတရားကို ၎င်းတို့ သိဖို့မဆိုထားနှင့်၊ ဘုရားသခင်က သမ္မာတရားဖြစ်သည်ကိုပင် မသိမှတ်ကြပေ။ မှန်သော လမ်းခရီးကို ၎င်းတို့ စုံစမ်းစစ်ဆေးသည့်အခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မရှာဖွေကြ၊ သို့မဟုတ် ဘုရားသခင်၏ အသံတော်ကို နားမထောင်ကြဘဲ၊ စာတန်နတ်ဆိုး၏ စကားများကို ယုံကြည်ရုံမျှယုံကြည်ကြပြီး ယင်း၏ စကားများကို သမ္မာတရားကဲ့သို့ မှတ်ယူကြလေသည် ၎င်းတို့ ယုံကြည်သည်မှာ စာတန်နတ်ဆိုး မဟုတ်လော။ ထို့ကြောင့်၊ ထိုသို့သော လူများသည် မှန်သော လမ်းခရီးကို အမှန်တကယ် စုံစမ်းစစ်ဆေးသူများ မဟုတ်ကြပေ။ စာတန်၏ ဆိုးယုတ်သော စကားများနှင့် ကောလာဟလများကို ၎င်းတို့ ကြားလျှင်ကြားချင်း၊ လှည့်ဖြားခံရကာ မြေပေါ် ပြိုလဲကြလေသည်။ ထိုသို့သော လူများသည် ဉာဏ်ပညာရှိသလော။ ဘုရားသခင်၏ သိုးများက သူ၏ အသံတော်ကို ကြားစဉ်တွင်၊ နတ်ဆိုးနှင့် သက်ဆိုင်သူများက နတ်ဆိုး၏ စကားများကို နားထောင်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အသံတော်ကို နားထောင်ဖို့ ငြင်းဆန်ကြပြီး၊ ထိုအစား စာတန်နတ်ဆိုး၏ စကားများကို နားထောင်ကြလေသည်။ ထိုသို့သော အခြေခံကျသည့် အမှားတစ်ခုကို ကျူးလွန်မိခြင်းက ၎င်းတို့အား စာတန်နတ်ဆိုးနှင့် သက်ဆိုင်သည့် မိုက်မဲပြီး နားဝေတိမ်တောင်ဖြစ်သောသူများ ဧကန်မုချ ဖြစ်စေလေသည်။

စစ်မှန်သော လမ်းခရီးကို ကျွန်ုပ်တို့ လေ့လာစစ်ဆေးသည့်အခါ၊ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များက သမ္မာတရားနှင့် ဘုရားသခင်၏ အသံတော် ဖြစ်သည်၊ မဖြစ်သည်ကို စုံစမ်းစစ်ဆေးရမည်။ ဤနှုတ်ကပတ်တော်များက သမ္မာတရား ဖြစ်ပါက၊ ဘုရားသခင်၏ အသံတော်ဖြစ်ပါက၊ ပြီးလျှင် ဤသည်မှာ နောက်ဆုံးသော ကာလအတွင်း ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် အမှန်တကယ် ဖြစ်ပါက၊ နတ်ဆိုး စာတန် မည်သည့်အရာကို ပြောသည်ဖြစ်စေ- ဘုရားသခင်သည် စစ်မှန်သည့်အတွက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ပြီး ဘုရားသခင်၏ အမှုတော်သည် မည်သည့်အခါတွင်မျှ မမှားယွင်းနိုင်သည်ကို ကျွန်ုပ်တို့ ယုံကြည်ရမည်။ မည်သည့် လူသားမဆို မှားနိုင်သော်လည်း ဘုရားသခင် မမှားနိုင်ပါ။ မည်သည့် လူသားမဆို လိမ်လည်နိုင်ပြီး အခြားသူများကို လှည့်ဖြားနိုင်သော်လည်း၊ ဘုရားသခင်က မည်သည့် အလိမ်အညာမျှ မပြောပါ၊ သူသည် သန့်ရှင်းကာ ဖြောင့်မတ်သည်၊ သူသည် သမ္မာတရား ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး သမ္မာတရားကို ချစ်သောသူတို့သည် မယုံကြည်သူများ၏ မီဒီယာများ၊ ဝဘ်ဆိုက်များအားဖြင့် ထုတ်လွှင့်အစီရင်ခံချက်တစ်ခုတစ်လေနှင့် အာဏာပိုင်များ သို့မဟုတ် ဘာသာရေးလောကမှ မည်သည့် ဖိနှိပ်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ ရှုတ်ချခြင်း နှင့် ဆန့်ကျင်ခြင်းတို့ကိုမဆို ပဓာနမထားဘဲ၊ ဤစကားများက ဘုရားသခင်၏ အသံတော်နှင့် ဘုရားသခင်၏ အမှုတော် ဟုတ်မဟုတ်ဆိုသည်ကိုသာ ကြည့်ကြသည်။ ဤသည်မှာ ဘုရားသခင်၏ အသံတော်ဖြစ်မှန်း ၎င်းတို့ ဆုံးဖြတ်သည်နှင့်တစ်ပြိုင်နက်၊ မည်သည့် လူ၊ ကိစ္စရပ် သို့မဟုတ် အမှုအရာအားဖြင့် ကန့်သတ်မခံဘဲ၊ ဘုရားသခင်နောက် လိုက်ကြလေသည်။ ထိုသို့သော လူတို့သာ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကြပြီး သခင်ယေရှုက၊ “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) ဟု ပြောသည့်အတိုင်း၊ ၎င်းတို့သည်သာ ပညာရှိသော သတို့သမီးများ ဖြစ်ကြသည်။ သို့ရာတွင် မယုံကြည်သည့်သူများနှင့် သမ္မာတရားအတွက် ချစ်ခြင်းမရှိဘဲ မိမိတို့ တစ်ယောက်စာ ဝလင်သည်အထိ စားဖို့ မုန့်ကိုသာ တောင်းခံသောသူများသည် သမ္မာတရားကို မရှာဖွေဘဲ၊ ထိုအစား စာတန်၏ ဆိုးယုတ်သော စကားများနှင့် ကောလာဟလများကို ကျိုးကြောင်းမမြင်ဘဲ နားထောင်ကြပြီး၊ ဤကောလာဟလများကို အမွှမ်းတင်ခြင်းနှင့် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို တစ်ဟုန်ထိုး ဝေဖန်ခြင်း၊ ရှုတ်ချခြင်းတို့တွင်ပင် စာတန်၏ ဦးဆောင်မှုနောက်သို့ လိုက်ကြလေသည်။ ဤလူများသည် ဖော်ထုတ်ခံရသည့် တောပင်များ ဖြစ်ကြပြီး၊ ဘုရားသခင်၏ အမှုတော် ပြီးဆုံးသွားချိန်နှင့် ကြီးမားသော ကပ်ဘေးများ ကျရောက် လာချိန်တွင်၊ ၎င်းတို့သည် ကပ်ဘေးထဲတွင် စွန့်ပစ်ခံကြရသည်နှင့်အမျှ မိမိတို့ သွားများကို ခဲကြိတ်ပြီး မြည်တမ်းရင်း၊ ဖယ်ရှင်းခံရကာ အပြစ်ပေးခြင်းသာ ခံရနိုင်သည်။ ဤအရာက ကျမ်းစာထဲ ပြောထားသည့်အရာကို လုံးဝ ပြည့်စုံစေသည်- “ငါ့လူတို့သည် ပညာနည်းသောကြောင့် ဆုံးရှုံး ကြ၏။(ဟော ၄:၆) and “မိုက်သောသူတို့မူကား၊ ဥာဏ်မ ရှိသောကြောင့် သေကြလိမ့် မည်။” (သုတ္တံကျမ်း ၁၀:၂၁)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။