သင်သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုကာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမည်နာမထံ ဆုတောင်းသော်လည်း၊ တရုတ်ကွန်မြူနစ်ပါတီက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို လူတစ်ဦးက ဖန်တီးထားခဲ့ခြင်းဖြစ်ပြီး ထိုသူ ပြောသည့်အရာ မည်သည့်အရာကိုမဆို သင်တို့ လုပ်ဆောင်ကြသည်ဟု ဆိုလျက် သတင်း ဖြန့်ဖြူးနေသည်။ သင်က ဤလူသည် ယဇ်ပရောဟိတ်တစ်ပါး၊ ဘုရားသခင် အသုံးပြုသည့် လူတစ်ဦးဖြစ်ပြီး၊ သူသည် အုပ်ချုပ်မှုဆိုင်ရာ အရေးကိစ္စအားလုံးအတွက် တာဝန်ရှိသည်ဟု သက်သေခံသည်။ ယင်းကို ကျွန်ုပ် သဘောမပေါက်နိုင်ပါ- မည်သူကသာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို တည်ထောင်ခဲ့ပါသနည်း။ ယင်း၏ ဇာစ်မြစ်များမှာ အဘယ်နည်း။ ဤအရာကို သင် ရှင်းပြနိုင်ပါသလား။
ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-
သခင့်ကို ယုံကြည်သူတိုင်းက ယုဒဘာသာနှင့် ခရစ်ယာန်ဘာသာတို့သည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့မှ စတင် ဖြစ်ပေါ်လာသည်ကို သိကြသည်။ ယင်းတို့သည် ဘုရားသခင်၏ အမှုတော်မှ ထွက်ပေါ်ခဲ့ကြပေသည်။ ယေဟောဝါ ဘုရားသခင် ပေါ်ထွန်းခဲ့ကာ၊ သူ၏ အမှုကို ဆောင်ရွက်ခဲ့ပြီး ပညတ်တရားကို ထုတ်ပြန်ကြေငြာခဲ့သောကြောင့် ယုဒဘာသာ ဖြစ်တည်လာခဲ့ပြီး၊ ခရစ်ယာန်ဘာသာမှာ သခင်ယေရှု ပေါ်ထွန်းခဲ့ပြီး၊ ရွေးနုတ်ခြင်း အမှုကို လုပ်ဆောင်ခဲ့သောကြောင့် ဖြစ်တည်လာခဲ့ပေသည်။ ထိုသို့သော ဘာသာတရားများကို မည်သည့် လူသားကမျှ မတည်ထောင်နိုင်ခဲ့ပေ။ ထိုနည်းတူ အနန္တတန်ခိုးရှင် ဘုရားသခင် ပေါ်ထွန်းပြီးဖြစ်ကာ သမ္မာတရား များစွာ ဖော်ပြရင်း၊ သူ၏ အမှုတော် ဆောင်ရွက်နေပြီး နောက်ဆုံးသော ကာလ၏ တရားစီရင်ခြင်း အမှုကို လုပ်ဆောင်နေသောကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ဖြစ်တည်လာခဲ့ပေသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် သမ္မာတရားမရှိသကဲ့သို့၊ သမ္မာတရားကို အစဉ်ထာဝရ ဖော်ပြနိုင်စွမ်း ရှိမည်မဟုတ်ပေ - ထို့ကြောင့် လူသားတစ်ဦးသည် ထိုသို့သော ကြီးမားသည့် အသင်းတော် တစ်ပါးကို မည်သို့ တည်ထောင်နိုင်ခဲ့မည်နည်း။ တစ်စုံတစ်ဦးက ယုဒဘာသာကို မောရှေက တည်ထောင်ခဲ့ပြီး ခရစ်ယာန်ဘာသာကို ပေါလုက တည်ထောင်ခဲ့သည်ဟု ဆိုပါက၊ သင် ယုံမည်လော။ သင် ဧကန်မုချ ယုံမည်မဟုတ်ချေ။ ထို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှာ လူသားတစ်ဦးအားဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်သည်ဟူသည့် တရုတ်ကွန်မြူနစ်ပါတီ၏ အခိုင်အမာ ပြောဆိုချက်မှာ သာ၍ပင် ဆိုးယုတ်သော စကားဖြစ်သည်၊ ယင်းမှာ လုံးဝ အခြေအမြစ်မရှိပေ။ နောက်ဆုံးသော ကာလအတွင်းတွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာ ဖော်ပြပြီးဖြစ်ကာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်သူအားလုံးက ယင်းတို့မှာ သမ္မာတရား ဖြစ်သည်ကို အသိအမှတ်ပြုကြသည်။ ဤလူများသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် သိမ်းပိုက်ခြင်းခံရပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံကြကာ ၎င်းတို့ ယုံကြည်သည့်သူမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်သည်မှာ သေချာပေသည်။ ထို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်မှသာ ထွက်ပေါ်နိုင်မည်ဖြစ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်အားဖြင့်သာ တည်ထောင်ခဲ့ခြင်း ဖြစ်သည် - ဤအရာနှင့် သက်ဆိုင်၍ သံသယထားစရာမရှိပါ။ သူ့အမှုတော်၏ အချိန်ကာလ အတောအတွင်းတွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသုံးပြုကာ ထူထောင်ပေးသည့် လူသားသည် အသင်းတော်၏ အလုပ်ကို လုပ်ဆောင်ရာတွင် ရွေးချယ်ထားသူများကို ဦးဆောင်သူ ဖြစ်သည်။ သို့သော်လည်း အသင်းတော်ကို ဖိနှိပ်ဖို့၊ တိုက်ခိုက်ပြီး မျိုးဖြုတ်ဖို့အလို့ငှာ၊ တရုတ်ကွန်မြူနစ်ပါတီက အသင်းတော်သည် လူတစ်ဦးတစ်ယောက်အားဖြင့် တည်ထောင်ထားခဲ့ခြင်း ဖြစ်သည်ဟု ဆိုလေသည်။ ဤသည်မှာ ရယ်ဖွယ်ရာ ဖြစ်သည် မဟုတ်လော။ ဤအရာကို တရုတ်ကွန်မြူနစ်ပါတီ ပြောဆိုခြင်း၏ ရည်ရွယ်ချက်မှာ လုပ်ကြံသတင်း ဖြန့်ဖို့၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို သိက္ခာချပြီး မျိုးဖြုတ်ဖို့ဖြစ်သည်မှာ သက်သေပြရန် မလိုပေ။ သို့သော် တရုတ်ကွန်မြူနစ်ပါတီက ၎င်း လိုချင်သည့်အရာ ရခဲ့သလော။ မရပါ။ ယနေ့တွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်သည် ကမ္ဘာ့အနှံ့ နိုင်ငံများစွာကို ရောက်ရှိနှင့်ပြီဖြစ်သည်၊ ယင်းက အောက်ပါအရာကို သက်သေပြပေသည် - အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှာ လူတစ်ဦးဦးအားဖြင့် တည်ထောင်ထားခဲ့ခြင်းဖြစ်သည်ဟူသည့် ပြောဆိုချက် အားလုံးမှာ စာတန်၏ လှည့်ဖြားတတ်သော အကြံအစည်များ၊ မိုက်မဲပြီး မသိနားမလည်သူတို့ကိုသာ လှည့်ဖြားနိုင်စွမ်း ရှိသည့် အကြံအစည်များ ဖြစ်သည်။
ကျေးဇူးတော်ကာလတွင် သခင်ယေရှုသည် ကိုယ်တော်ရှင်၏ နောက်သို့ လိုက်သူများကို ကတိပေးခဲ့သည်မှာ- “ငါသည်သွား၍ သင်တို့နေစရာအရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိ စေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၃) “လျှပ်စစ်သည် အရှေ့မှပြက်၍ အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော်မူလတံ့။” (ရှင်မဿဲခရစ်ဝင် ၂၄:၂၇) ဟုလည်း ဗျာဒိတ်တော်ပေး၏။ နောက်ဆုံးသောကာလတွင် ကိုယ်တော်ရှင်ကိုယ်တိုင် ကတိပေး၍ ကြိုတင် ပြောထားသည့်အတိုင်း ဘုရားသခင်သည် သခင်ယေရှု၏ ရွေးနှုတ်ခြင်း အမှုတော်ကို အခြေခံလျက် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ သိမ်းပိုက်အုပ်စိုးခြင်း နှင့် နှုတ်ကပတ်တော်ကို သုံး၍ ကယ်တင်ခြင်းအမှုတို့ကို ဆောင်ရွက်ရန် တဖန်ပြန်၍ လူ့ဇာတိခံကာ ကမ္ဘာ့အရှေ့အရပ်- တရုတ်ပြည်- သို့ ဆင်းသက်လာခဲ့၏။ ဤတွင် သမ္မာကျမ်းစာ၏ ဗျာဒိတ်တော်များဖြစ်သည့် “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်။” (ရှင်ပေတရုဩဝါဒစာပဌမစောင် ၄:၁၇) နှင့် “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည်ကား ကြားပါစေ။” (ဗျာဒိတ်ကျမ်း ၂:၇) တို့သည်လည်း ပြည့်စုံသွား၏။ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်သည် ကျေးဇူးတော်ကာလကို အဆုံးသတ်ကာ နိုင်ငံတော်ကာလကို စတင်ခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိတရားသည် တရုတ်ပြည်မတွင် လျင်မြန်စွာ ပျံ့နှံ့သည်နှင့်အမျှ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ပေါ်ပေါက်လာခဲ့၏။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သည် အချက်အလက်များနှင့် သက်သေပြထားသည့် အတိုင်း နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အမှုတော်အားဖြင့် လုံးဝ ပေါ်ပေါက်လာကာ မည်သည့်လူသားတစ်ဦး၏ တည်ထောင်မှုဖြင့်မျှ ပေါ်ပေါက် လာခြင်း မဟုတ်ပါ။ ဤသည်မှာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရှိ ရွေးချယ်ခံရသူများသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမဖြင့် ဆုတောင်းပတ္ထနာပြုခြင်း၊ ကိုယ်တော်ရှင်၏ အမှုတော်ကို နာခံခြင်း၊ ကိုယ်တော်ရှင် ထုတ်ဖော်ပြသည့် သမ္မာတရားအားလုံးကို လက်ခံခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤရွေးချယ်ခံရသူများသည် နောက်ဆုံးသော ကာလတွင် လူ့ဇာတိခံယူသူ ခရစ်တော်၊ လူ့ဇာတိပကတိတွင် ဖြစ်မြောက်သည့် ဝိညာဉ်တော်ဖြစ်သည့် လက်တွေ့ကျသော ဘုရားသခင်ကို ယုံကြည်သည်မှာ ထင်ရှား ပါသည်။ ပြင်ပသဏ္ဌာန်အားဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် သာမန်လူသားတစ်ဦးသာ ဖြစ်သော်လည်း အနှစ်သာရအားဖြင့် ကိုယ်တော်ရှင်သည် ဘုရားသခင်၏ ဝိညာဉ်တော်၏ ပြယုဂ်ဖြစ်ကာ သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်၏။ ကိုယ်တော်ရှင်၏ အမှုတော်နှင့် နှုတ်ကပတ်တော်တို့သည် ဘုရားဝိညာဉ်တော်၏ တိုက်ရိုက် ဖော်ပြချက် ဖြစ်ကာ၊ ဘုရားသခင် ကိုယ်တော်တိုင်၏ ပေါ်ထွန်းလာခြင်း ဖြစ်၏။ ထို့ကြောင့် ကိုယ်တော်ရှင်သည် လူ့ဇာတိခံယူထားသည့် လက်တွေ့ ကျသော ဘုရားသခင်ဖြစ်၏။
၁၉၉၁ ခုနှစ်တွင် အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည် ကိုယ်တော်ရှင်၏ အမှုတော်ကို တရုတ်ပြည်တွင် တရားဝင် စတင်ဆောင်ရွက်၏။ ထို့နောက် ကိုယ်တော်ရှင်သည် သန်းပေါင်းများစွာသော နှုတ်ကပတ်တော်တို့ကို ထုတ်ဖော်ပြောဆို၍ နောက်ဆုံးသော ကာလတွင် ဖြုသောပလ္လင်ကြီး၏ စီရင်ခြင်းအမှုကို စတင်၏။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည့်အတိုင်းပင်- “တရားစီရင်ခြင်းအမှုသည် ဘုရားသခင်ကိုယ်တိုင်၏အမှု ဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင်ကိုယ်တော်တိုင် ဆောင်ရွက် ရမည်မှာ ဟုတ်ပေသည်။ သူ့အစား၊ လူသားက အစားထိုး၍ ဆောင်ရွက် မပေးနိုင်ပေ။ တရားစီရင်ခြင်းသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ဖို့ သမ္မာတရားကို အသုံးပြုခြင်း ဖြစ်သည့်အတွက်၊ လူသားအလယ် ဤအမှုကို ဆောင်ရွက်ရန် ဘုရားသခင်သည် လူ့ဇာတိခံ ပုံသဏ္ဌာန်ဖြင့် ပေါ်ထွန်းဦးမည်မှာ မေးစရာမလိုချေ။ ဆိုလိုသည်မှာ နောက်ဆုံးသောကာလ ခရစ်တော်သည် ကမ္ဘာလောကအနှံ့ရှိ လူတို့ကို သွန်သင်ရန် သမ္မာတရားကို အသုံးပြုမည်ဖြစ်ပြီး၊ သမ္မာတရားအားလုံးကို သူတို့အား သိစေမည်။ ဤသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏) “ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် နှုတ်ကပတ်တော်၏အမှုကို လုပ်ဆောင်ပြီး၊ ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်ပြီး လူ့ဇာတိဖြစ်လာနိုင်သည့်အတွက် ထိုသို့သော နှုတ်ကပတ်တော်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များဖြစ်သည်။ ထို့ကြောင့်၊ အတိတ်ကာလက ပြောဆိုခဲ့သည့်အတိုင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များသည် ယနေ့ လူ့ဇာတိခံယူသော ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်၏။...အမှုကို ဆောင်ရွက်ဖို့ ဘုရားသခင် မိန့်မြွက်ချက်များ ပြောဆိုရန်မှာ၊ သူသည် လူ့ဇာတိ ခံယူရမည် ဖြစ်သည်။ သို့မဟုတ်ပါက၊ သူ၏အမှုသည် ယင်း၏ရည်မှန်းချက်ကို ပြီးမြောက်နိုင်မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း) နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ နောက်ဆုံးသော ကာလ၏ ခရစ်တော်၏ ပေါ်ထွက်လာမှုနှင့် မြွက်ဆိုမှုများကြောင့် အစဉ်အဆက်ထက်ပိုသော သမ္မာတရားကို ဆာငတ် မွတ်၍ ရှာဖွေသူများသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် သိမ်းပိုက်အုပ်စိုးခြင်းနှင့် သန့်စင်ခြင်းကို ခံခဲ့ကြကာ ဘုရားသခင်၏ စီရင်ချက်နှင့် ဆုံးမချက်များတွင် ဘုရားသခင် ပေါ်ထွက်လာမှုနှင့် ရွေးနှုတ်သည့်အရှင် တဖန်ကြွလာတော်မူခြင်းကို တွေ့ခဲ့ကြ၏။ နောက်ဆုံးသောကာလ၏ ခရစ်တော်၊ ပြန်၍ကြွလာသော သခင်ယေရှုဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင် ပေါ်ထွက်လာခြင်းနှင့် အမှုတော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ပေါ်ပေါက်လာကာ ကိုယ်တော်ရှင်၏ ဖြောင့်မတ်သော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအောက်၌ ပေါ်ပေါက်လာခြင်းလည်း ဖြစ်၏။ အသင်းတော်ကို နောက်ဆုံးသော ကာလ၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို စစ်မှန်စွာ လက်ခံသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်၏ သိမ်းပိုက်ခြင်းနှင့် ကယ်တင်ခြင်း ခံရသူများဖြင့် ဖွဲ့စည်းထား၏။ အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယ်တော်တိုင် လုံးဝ တည်ထောင်ထားခြင်းဖြစ်ကာ ကိုယ်တော်ရှင်ကိုယ်တိုင် ဦးဆောင်၍ လမ်းပြခဲ့ခြင်းဖြစ်သည်။ မည်သည့်လူသား တစ်ဦးမျှ တည်ထောင် ခဲ့ခြင်း မဟုတ်ပေ။ ဤအချက်ကို အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရှိ ရွေးချယ်ခံရသူ ခပ်သိမ်းမှ အသိအမှတ်ပြုပြီး ဖြစ်၏။ လူ့ဇာတိခံယူသော ဘုရားသခင်မှ အသုံးပြုသူ မည်သူမဆိုသည် ဘုရားသခင်၏ ရှေးမဆွမှ ခွဲခန့်မှတ်သားခြင်း ခံထားရသူဖြစ်ကာ ယေရှုကိုယ်တိုင် တမန်တော် ဆယ့်နှစ်ပါးကို ရွေးချယ် ခန့်အပ်သည့်အတိုင်း ဘုရားသခင်ကိုယ်တိုင် ခန့်အပ်၍ သက်သေခံထားသူ ဖြစ်၏။ ဘုရားသခင် အသုံးပြုသော သူများသည် ကိုယ်တော်ရှင်၏ အမှုတော်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းသာ ပြုလုပ်၍ ကိုယ်တော်ရှင်၏ ကိုယ်စား ဘုရားသခင်၏ အမှုတော်ကို မဆောင်ရွက်နိုင်ပါ။ ဘုရားသခင်အားဖြင့် အသုံးပြုခြင်းခံရသူများက အသင်းတော်ကို တည်ထောင်ခဲ့ခြင်း မဟုတ်ပါ။ ဘုရားသခင်မှ ရွေးကောက်ထားသူများသည်လည်း ၎င်းတို့ကို ယုံကြည်ခြင်း သို့မဟုတ် လိုက်နာခြင်း မရှိပါ။ ကျေးဇူးတော်ကာလ၏ အသင်းတော်များကို ရှင်ပေါလုနှင့် အခြားသော တမန်တော်များမှ တည်ထောင်ခဲ့ခြင်း မဟုတ်ပါ။ သို့သော် ၎င်းတို့သည် သခင်ယေရှု၏ အမှုတော်မှ ဖြစ်ပေါ်လာပြီး သခင်ယေရှုကိုယ်တိုင် တည်ထောင်ခဲ့ခြင်းဖြစ်၏။ အလားတူပင် နောက်ဆုံးသော ကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်ကိုလည်း ဘုရားသခင် အသုံးပြုသည့် လူသားမှတည်ထောင်ခြင်း မဟုတ်ဘဲ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်မှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဘုရားသခင် အသုံးပြုသော လူသားသည် အသင်းတော်များကို ရေလောင်းခြင်း၊ ထောက်ပံ့ပေးခြင်းနှင့် ဦးဆောင်ခြင်းများ ပြုလျက် လူသား၏တာဝန်ကို ထမ်းဆောင်၏။ ဘုရားသခင် ရွေးကောက်သော သူများကို ဘုရားသခင် အသုံးပြုသောလူသားမှ ဦးဆောင်ခြင်း၊ ရေလောင်းခြင်း၊ ထောက်ပံ့ခြင်းများ ပြုသော်လည်း ၎င်းတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်မှလွဲ၍ မည်သူ့ကိုမျှ ယုံကြည်၍ လိုက်နာခြင်းမရှိဘဲ ကိုယ်တော်ရှင်၏ နှုတ်ကပတ်တော်နှင့် အမှုတော်ကို လက်ခံ၍နာခံ၏။ ဤသည်မှာ မည်သူမျှ ငြင်းဆိုနိုင်ခြင်းမရှိသည့် အချက်ဖြစ်၏။ လူ့ဇာတိခံယူထားသော ဘုရားသခင် ပေါ်ထွက်လာခြင်းနှင့် အမှုတော်တို့ကြောင့် ဘာသာတရားများနှင့် ဂိုဏ်းဂဏများအားလုံးရှိ စစ်မှန်သော ယုံကြည်သူတို့သည် နောက်ဆုံးတွင် ဘုရားသခင်၏အသံကို ကြား၍ သခင်ယေရှု ကြွလာခဲ့ပြီး နောက်ဆုံးသောကာလတွင် စီရင်ခြင်းအမှုကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း တွေ့ရှိကာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် တဖန် ပြန်ကြွလာသော သခင်ယေရှုဖြစ်ကြောင်း ၎င်းတို့အားလုံး အတည်ပြုခဲ့ကြ၏။ ထို့ကြောင့် ထိုသူတို့သည် နောက်ဆုံးသောကာလ ကိုယ်တော်ရှင်၏ အမှုတော်ကို လက်ခံခဲ့ကြ၏။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်မှ သိမ်းပိုက်သူ ခပ်သိမ်းသည် ကိုယ်တော်၏ နာမတော်ကို ခံယူကြ၏။ ထို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်မှ ရွေးကောက်ခံရသူ အားလုံးသည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆုတောင်းကြလျက် လိုက်နာ၊ နာခံကာ ကိုယ်တော်ရှင်ကို ဝတ်ပြုကြ၏။ ဘုရားသခင်၏ စီရင်ခြင်း၊ ဆုံးမခြင်းအမှုတော်တို့နှင့် ကြုံတွေ့ပြီးနောက် တရုတ်ပြည်ရှိ ရွေးချယ်ခံရသူများသည် ကိုယ်တော်ရှင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို နားလည်လာကြပြီး ကိုယ်တော်ရှင်၏ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသတို့ကို တွေ့ခဲ့ပြီဖြစ်သဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ထိုသူတို့ လုံးဝသိမ်းပိုက်ခြင်းခံရပြီး အနန္တတန်ခိုးရှင် ဘုရားသခင် ရှေ့မှောက် လဲကျကာ ဘုရားသခင့်နှုတ်ကပတ်တော်၏ စီရင်ချက်နှင့် ဆုံးမတော်မူချက်တို့ကို နာခံ၍လက်ခံလိုကြ၏။ ထို့ကြောင့် ထိုသူတို့သည် ဘုရားသခင်၏ကယ်တင်ခြင်းကို ရရှိခဲ့ပြီဖြစ်သည်။
—အထက်အရပ်မှ မိတ်သဟာယပြုခြင်း