ဝိညာဉရေးရာနယ်ပယ်ကို ဘုရားသခင် အုပ်စိုးကာ စီမံခန့်ခွဲပုံ- ဘာသာတရားမရှိသူများ၏ ရှင်ခြင်းနှင့် သေခြင်းသံသရာ

19.10.2019

ရုပ်ဝတ္ထုလောကအတွက် လူတို့သည် အချို့သောအရာများ သို့မဟုတ် ဖြစ်စဉ်များကို နားမလည်သည့်အခါတိုင်းတွင်၊ ၎င်းတို့သည် ဆီလျော်သည့် သတင်းအချက်အလက်များကို ရှာဖွေနိုင်ကြသည် သို့မဟုတ် ထိုအရာများ၏ မူလဇာစ်မြစ်များနှင့် နောက်ခံကို သိရန် လမ်းကြောင်းအမျိုးမျိုးကို အသုံးပြုနိုင်၏။ သို့သော် ယနေ့ ငါတို့ ပြောဆိုနေကြသည့် အခြားလောက- ရုပ်ဝတ္ထုလောကပြင်ပတွင် တည်ရှိသည့် ဝိညာဉရေးရာနယ်ပယ်- နှင့်ပတ်သက်လာသည့်အခါ၊ လူတို့သည် ယင်းနှင့်ပတ်သက်၍ တစ်ခုတစ်လေသိရှိရန် နည်းလမ်းများ သို့မဟုတ် လမ်းကြောင်းများ လုံးဝမရှိပေ။ ဤအရာကို အဘယ်ကြောင့် ငါပြောသနည်း။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်၏ လောကတွင် ရုပ်ဝတ္ထုလောက၏ အရာရာတိုင်းသည် လူသား၏ ရုပ်ခန္ဓာတည်ရှိမှုမှ ခွဲထုတ်၍ မရသောကြောင့် ဖြစ်ပြီး၊ ရုပ်ဝတ္ထုလောက၏ အရာရာတိုင်းသည် ၎င်းတို့၏ ရုပ်ခန္ဓာအသက်ရှင်မှုနှင့် ရုပ်ခန္ဓာအသက်တာများမှ ခွဲခြား၍မရဟု လူတို့ ခံစားကြသောကြောင့်၊ လူအများစုသည် ၎င်းတို့အဖို့ မြင်၍ရနိုင်သည့် ၎င်းတို့၏မျက်စိရှေ့က ရုပ်ဝတ္ထုအရာများကိုသာ သိကြ သို့မဟုတ် မြင်ကြလေသည်။ သို့ရာတွင် ဝိညာဉရေးရာနယ်ပယ်နှင့် ပတ်သက်လာသည့်အခါ- ဆိုလိုသည်မှာ အခြားလောကနှင့်သက်ဆိုင်သည့် အရာရာတိုင်းနှင့် ပတ်သက်လာသည့်အခါ- လူအများစုက မယုံကြည်ကြဟုဆိုပါက မှန်ကောင်းမှန်နိုင်ပေမည်။ လူတို့သည် ယင်းကို မမြင်နိုင်သကဲ့သို့၊ ယင်းကို နားလည်ရန် သို့မဟုတ် ယင်းနှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ သိရန်၊ ဝိညာဉရေးရာနယ်ပယ်သည် ရုပ်ဝတ္ထုလောကမှ မည်သို့ လုံးဝကွဲပြားပြီး- ယင်းသည် လူသားများအတွက် လျှို့ဝှက်ပြီး သိုသိပ်သော်လည်း- ဘုရားသခင်၏ အမြင်တွင် ပွင့်လင်းနေသည်ဆိုသည်ကို ပြောဖို့ မလိုအပ်ဟု လူတို့ ယုံကြည်ကြသောကြောင့်၊ လူတို့သည် ဤလောက၏ လက္ခဏာသွင်ပြင် အမျိုးမျိုးကိုနားလည်ရန် လမ်းကြောင်းတစ်ခုကို ရှာတွေ့ဖို့ အလွန် ခက်ခဲသည့်အချိန်တစ်ခု ရှိကြလေသည်။ ငါပြောဆိုမည့် ဝိညာဉရေးရာနယ်ပယ်၏ မတူကွဲပြားသော သွင်ပြင်လက္ခဏာများသည် ဘုရားသခင်၏ စီမံအုပ်ချုပ်မှုနှင့် အချုပ်အခြာ အာဏာတို့နှင့်သာ သက်ဆိုင်သည်။ ငါသည် မည်သည့် နက်နဲမှုများကိုမျှ ထုတ်ဖော်ပြမည်မဟုတ်သကဲ့သို့၊ သင်တို့ သိလိုသည့် လျှို့ဝှက်ချက်များထဲမှ တစ်ခုတစ်လေကိုမျှ သင်တို့အား ငါပြောမည်လည်း မဟုတ်ပေ။ ဤအရာက ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ ဘုရားသခင်၏ စီမံအုပ်ချုပ်မှု၊ ဘုရားသခင်၏ ထောက်ပံ့ခြင်းနှင့် သက်ဆိုင်သောကြောင့်၊ သင်တို့ သိရှိရန် လိုအပ်သည့် အပိုင်းကိုသာ ငါပြောမည်။

ပထမဦးစွာ၊ သင်တို့ကို ငါမေးခွန်းတစ်ခု မေးပါရစေ- သင်တို့၏စိတ်တွင်၊ ဝိညာဉရေးရာနယ်ပယ်ဟူသည်မှာ အဘယ်နည်း။ ယေဘုယျအားဖြင့်ပြောရလျှင်၊ ယင်းသည် ရုပ်ဝတ္ထုလောကပြင်ပရှိ လောကတစ်ခု၊ လူတို့အဖို့ မြင်၍မရနိုင်သကဲ့သို့ လက်ဆုပ်လက်ကိုင် ပြ၍မရနိုင်သော လောကတစ်ရပ်ဖြစ်၏။ သို့သော် သင်တို့၏ စိတ်ကူးတွင် မည်သည့် လောကမျိုးသည် ဝိညာဉရေးရာနယ်ပယ် ဖြစ်သင့်သနည်း။ ယင်းကို မမြင်နိုင်သည် အကျိုးဆက်အနေဖြင့် သင်တို့သည် ယင်းကို တွေးနိုင်စွမ်းမရှိ ဖြစ်ကောင်းဖြစ်မည်။ သို့ရာတွင် သင်တို့သည် ဒဏ္ဍာရီပုံပြင်အချို့ကို ကြားသည့်အခါ၊ ယင်းနှင့်ပတ်သက်၍ သင်တို့ စဉ်းစားဆဲဖြစ်ပြီး၊ သင်တို့သည် ယင်းနှင့်ပတ်သက်၍ တွေးတောသည်ကို မရပ်နိုင်ပေ။ ငါသည် ဤအရာကို အဘယ်ကြောင့် ပြောသနည်း။ ၎င်းတို့ ငယ်ရွယ်ချိန် များစွာသောလူတို့ကို ဖြစ်ပျက်သည့်အရာ တစ်စုံတစ်ခု ရှိသည်- တစ်စုံတစ်ဦးက ၎င်းတို့အား- တစ္ဆေများ၊ သို့မဟုတ် ဝိညာဉ်များအကြောင်း- ကြောက်လန့်ဖွယ် ဇာတ်လမ်းတစ်ပုဒ် ပြောသည့်အခါ၊ ၎င်းတို့သည် အလွန်အမင်း ကြောက်ရွံ့ကြ၏။ ၎င်းတို့သည် အသေအချာ အဘယ်ကြောင့် ကြောက်ရွံ့ကြသနည်း။ ယင်းမှာ ၎င်းတို့သည် ထိုအရာများကို စိတ်ကူးနေကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ယင်းတို့ကို မမြင်နိုင်သော်လည်း၊ ယင်းတို့အားလုံးသည် ၎င်းတို့၏အခန်း ပတ်ပတ်လည်၊ ကွယ်ဝှက်ထားသည့် သို့မဟုတ် မှောင်သည့် ထောင့်တစ်နေရာရာတွင် ရှိသည်ဟု ခံစားကြရပြီး၊ ၎င်းတို့ အလွန်ကြောက်လန့်ကြသည်မှာ မအိပ်ဝံ့ကြချေ။ အထူးသဖြင့် ညအခါတွင်၊ ၎င်းတို့သည် ၎င်းတို့၏ အခန်းများထဲ၌ တစ်ဦးတည်းနေဖို့ သို့မဟုတ် ခြံဝင်းထဲ၌ တစ်ဦးတည်း သွားဖို့ အလွန်စိုးရွံ့ကြလေသည်။ ယင်းမှာ သင်တို့၏ စိတ်ကူးစိတ်သန်းနှင့်ဆိုင်သော ဝိညာဉရေးရာနယ်ပယ်ဖြစ်ပြီး၊ ကြောက်ဖွယ်ရာဖြစ်သည်ဟု လူတို့ထင်ကြသည့် လောကတစ်ခု ဖြစ်သည်။ အမှန်မှာ ယင်းကို အယောက်တိုင်းက အတိုင်းအတာတစ်ချို့အထိ စိတ်ကူးကြပြီး အယောက်တိုင်းက အနည်းငယ် ခံစားနိုင်ကြလေသည်။

ဝိညာဉရေးရာနယ်ပယ်အကြောင်း ပြောဆိုခြင်းဖြင့် အစပြုကြစို့။ ယင်းမှာ အဘယ်နည်း။ သင်တို့ကို တိုကာ ရိုးရှင်းသော ရှင်းလင်းချက်တစ်ရပ် ငါပေးမည်- ဝိညာဉရေးရာနယ်ပယ်သည် အရေးကြီးသောနေရာတစ်ခု၊ ရုပ်ဝတ္ထုလောကနှင့် ကွဲပြားသောနေရာ တစ်ခု ဖြစ်သည်။ ယင်းသည် အရေးကြီးသည်ဟု ငါအဘယ်ကြောင့် ပြောသနည်း။ ဤအရာကို ငါတို့ အသေးစိတ် ဆွေးနွေးကြမည်။ ဝိညာဉရေးရာနယ်ပယ်၏ တည်ရှိခြင်းသည် လူသားမျိုးနွယ်၏ ရုပ်ဝတ္ထုလောကနှင့် ခွဲခြား၍မရအောင် ဆက်စပ်နေသည်။ ယင်းသည် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အုပ်စိုးမှုထဲက လူသား၏ ရှင်ခြင်းနှင့် သေခြင်းသံသရာတွင် အဓိကအခန်းကဏ္ဍတစ်ခုကို ဆောင်ရွက်သည်။ ဤသည်မှာ ယင်း၏အခန်းကဏ္ဍဖြစ်ပြီး၊ ဤသည်မှာ ယင်း၏တည်ရှိခြင်းက အရေးကြီးရသည့် အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။ ယင်းသည် အာရုံငါးပါးအဖို့ မသိသာသောနေရာတစ်ခုဖြစ်သောကြောင့်၊ ဝိညာဉရေးရာနယ်ပယ် တည်ရှိသည်၊ မတည်ရှိသည်ကို မည်သူမျှ တိကျစွာ အကဲမဖြတ်နိုင်ပေ။ ယင်း၏ အမျိုးမျိုးသော အင်အားများသည် လူသား တည်ရှိမှုနှင့် အတွင်းကျကျ ဆက်စပ်နေသည်၊ ယင်း၏ အကျိုးဆက်အနေဖြင့် လူသားမျိုးနွယ်၏ အသက်တာ စနစ်ကျမှုသည် ဝိညာဉရေးရာနယ်ပယ်အားဖြင့် ကြီးမားစွာ လွှမ်းမိုး ခံရလေသည်။ ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာ ပါဝင်သလော မပါဝင်သလော။ ပါဝင်ပါသည်။ ဤအရာကို ငါပြောသောအခါ၊ ဤအကြောင်းအရာကို ငါအဘယ်ကြောင့် ဆွေးနွေးနေသည်ကို သင်တို့နားလည်ကြ၏။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ယင်းသည် ဘုရားသခင်၏ အချုပ်အခြာ အာဏာအပြင်၊ သူ၏စီမံအုပ်ချုပ်မှုတို့နှင့် သက်ဆိုင်သောကြောင့် ဖြစ်သည်။ လူတို့အဖို့ မြင်၍မရနိုင်သည့်- ဤကဲ့သို့သော လောကတစ်ခုတွင်၊ ယင်း၏ ကောင်းကင်ဘုံနှင့်ဆိုင်သော အမိန့်ပြန်တမ်း၊ အမိန့်နှင့် စီမံအုပ်ချုပ်မှုစနစ်တို့သည် ရုပ်ဝတ္ထုလောကနှင့်ဆိုင်သော မည်သည့်နိုင်ငံမဆို၏ ဥပဒေများနှင့် စနစ်တိုင်းထက် များစွာသာလွန်ပြီး၊ ဤလောက၌ အသက်ရှိနေသည့် မည်သည့်သတ္တဝါကမျှ ယင်းတို့ကို ဆန့်ကျင်ဝံ့မည်မဟုတ် သို့မဟုတ် ချိုးဖောက်ဝံ့မည် မဟုတ်ပေ။ ဤအရာက ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီမံအုပ်ချုပ်မှုတို့နှင့် ဆက်စပ်သလော။ ဝိညာဉရေးရာနယ်ပယ်တွင်၊ ရှင်းလင်းသည့် စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်များ၊ ရှင်းလင်းသည့် ကောင်းကင်ဘုံနှင့်ဆိုင်သော အမိန့်ပြန်တမ်းများနှင့် ရှင်းလင်းသော ပြဋ္ဌာန်းချက်များ ရှိ၏။ ကွဲပြားသောအဆင့်များနှင့် အမျိုးမျိုးသော နယ်ပယ်များတွင်၊ အခြွေအရံများသည် ကောင်းကင်ဘုံနှင့် သက်ဆိုင်သော အမိန့်ပြန်တမ်းတစ်ရပ်ကို ချိုးဖောက်ခြင်း၏အကျိုးဆက်က မည်သည့်အရာဖြစ်သည်ကို ၎င်းတို့သိကြသည့်အတွက်၊ ၎င်းတို့၏တာဝန်များကို တင်းကျပ်စွာ လိုက်နာစောင့်ထိန်းကြပြီး စည်းမျဉ်းနှင့် စည်းကမ်းများကို လိုက်နာကြသည်။ ဘုရားသခင်က ဆိုးယုတ်သူကို မည်သို့ အပြစ်ပေးပြီး၊ ကောင်းသူကို မည်သို့ ဆုလာဘ်ချီးမြှင့်သည်၊ ပြီးလျှင် အရာခပ်သိမ်းအပေါ် သူ မည်သို့စီမံအုပ်ချုပ်ကာ အုပ်စိုးသည်ကို ၎င်းတို့ ရှင်းလင်းစွာသိကြလေသည်။ ထို့အပြင် သူသည် ကောင်းကင်ဘုံနှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများနှင့် ပြဋ္ဌာန်းချက်များကို မည်သို့ ဆောင်ရွက်သည်ကို ၎င်းတို့ ရှင်းလင်းစွာ မြင်ကြလေသည်။ ဤသည်တို့သည် လူသားမျိုးနွယ်တို့ နေထိုင်သော ရုပ်ဝတ္ထုလောကနှင့် ကွဲပြားသလော။ ဧကန်အမှန် ကြီးမားစွာ ကွဲပြားပေသည်။ ဝိညာဉရေးရာနယ်ပယ်သည် ရုပ်ဝတ္ထုလောကနှင့် လုံးဝကွဲပြားသော လောကတစ်ခုဖြစ်၏။ ကောင်းကင်ဘုံနှင့် သက်ဆိုင်သော အမိန့်ပြန်တမ်းများနှင့် ပြဋ္ဌာန်းချက်များ ရှိသည့်အတွက်၊ ဤအရာက ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ စီမံအုပ်ချုပ်မှု၊ ထို့အပြင် သူ၏စိတ်သဘောထားအပြင်၊ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို ခြုံငုံပေသည်။ ဤအရာကို ကြားရပြီးနောက်၊ ဤအကြောင်းအရာကို ငါပြောရန် အလွန် လိုအပ်သည်ဟု သင်တို့ မခံစားရသလော။ သင်တို့သည် ဝိညာဉရေးရာနယ်ပယ်၏ ရှိရင်းစွဲဖြစ်သည့် လျှို့ဝှက်ချက်များကို မသင်ယူလိုသလော။ (ဟုတ်ကဲ့၊ သင်ယူလိုပါသည်။) ယင်းမှာ ဝိညာဉရေးရာနယ်ပယ်နှင့်သက်ဆိုင်သော အယူအဆဖြစ်သည်။ ယင်းသည် ရုပ်ဝတ္ထုလောကနှင့် အတူယှဉ်တွဲ တည်ရှိကာ၊ တစ်ပြိုင်နက်တည်း ဘုရားသခင်၏ စီမံအုပ်ချုပ်မှုနှင့် အချုပ်အခြာအာဏာကို နာခံရသော်လည်း၊ ဤလောကနှင့်ဆိုင်သည့် ဘုရားသခင်၏ စီမံအုပ်ချုပ်မှုနှင့် အချုပ်အခြာအာဏာသည် ရုပ်ဝတ္ထုလောကထက် များစွာသာ၍ တင်းကျပ်၏။ အသေးစိတ် အချက်အလက်များနှင့်ပတ်သက်လာသည့်အခါ၊ ဝိညာဉရေးရာနယ်ပယ်သည် လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့်သေခြင်း သံသရာနှင့်ဆိုင်သော အလုပ်အတွက် တာဝန်ရှိပုံနှင့်ပတ်သက်၍ ငါတို့ စတင်သင့်သည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ဝိညာဉရေးရာနယ်ပယ် သတ္တဝါများနှင့်ဆိုင်သော အလုပ်၏ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။

လူသားမျိုးနွယ်အလယ်တွင်၊ ငါသည် လူအားလုံးကို အမျိုးအစား သုံးမျိုးအဖြစ် ခွဲခြားသည်။ ပထမအမျိုးအစားမှာ ဘာသာရေး ယုံကြည်မှုများ မရှိသည့် ဘာသာတရားမရှိသူများဖြစ်ကြ၏။ ၎င်းတို့ကို ဘာသာတရားမရှိသူများဟု ခေါ်၏။ အလွန့်အလွန်များပြားသော ဘာသာတရားမရှိသူအများစုမှာ ပိုက်ဆံတွင်သာ ယုံကြည်ခြင်း ရှိကြ၏၊ ၎င်းတို့သည် ၎င်းတို့၏ကိုယ်ကျိုးစီးပွားများကိုသာ ထိန်းသိမ်းကြသည်၊ ရုပ်ဝါဒီဖြစ်ကြပြီး၊ ရုပ်ဝတ္ထုလောကကိုသာ ယုံကြည်ကြသည်- ၎င်းတို့သည် ရှင်ခြင်းနှင့် သေခြင်း သံသရာ သို့မဟုတ် နတ်ဘုရားများနှင့် တစ္ဆေများအကြောင်း ပြောဆိုထားသည့် မည်သည့်အရာကိုမျှ မယုံကြည်ကြပေ။ ငါသည် ဤလူတို့ကို ဘာသာတရားမရှိသူများအဖြစ် အမျိုးအစားခွဲခြားပြီး၊ ၎င်းတို့သည် ပထမအမျိုးအစားဖြစ်၏။ ဒုတိယအမျိုးအစားမှာ ဘာသာတရားမရှိသူများမှလွဲ၍ ယုံကြည်ခြင်းရှိသည့် အမျိုးမျိုးသော လူများဖြစ်၏။ လူသားမျိုးနွယ်အလယ်တွင်၊ ငါသည် ဤယုံကြည်ခြင်း ရှိသောလူတို့ကို အဓိကအမျိုးအစား အချို့ထဲသို့ ခွဲခြား၏- ပထမမှာ ယုဒလူမျိုး၊ ဒုတိယမှာ ဘရင်ဂျီ၊ တတိယမှာ ခရစ်ယာန်၊ စတုတ္ထမှာ မွတ်စလင်နှင့် ပဉ္စမမှာ ဗုဒ္ဓဘာသာဝင်တို့ဖြစ်ကြသည်။ ငါးမျိုးရှိ၏။ ဤသည်တို့မှာ ယုံကြည်ခြင်းရှိသည့် လူအမျိုးအစား အမျိုးမျိုးဖြစ်သည်။ တတိယအမျိုးအစားသည် ဘုရားသခင်ကို ယုံကြည်သူများ ပါဝင်ပြီး၊ ဤအရာတွင် သင်တို့ ပါဝင်ပေသည်။ ထိုသို့သော ယုံကြည်သူများသည် ယနေ့ ဘုရားသခင် နောက်လိုက်သောသူများ ဖြစ်ကြ၏။ ဤလူတို့ကို အမျိုးအစားနှစ်မျိုး ခွဲခြားထားသည်- ဘုရားသခင် ရွေးချယ်ထားသော လူများနှင့် အစေခံသူများ ဖြစ်သည်။ ဤအဓိကအမျိုးအစားများကို ရှင်းလင်းစွာ ခွဲခြားထားပြီးဖြစ်သည်။ ထို့ကြောင့် ယခု သင်တို့၏စိတ်များထဲတွင် သင်တို့သည် လူသားများ၏ အမျိုးအစားများနှင့် အဆင့်များကို ရှင်းလင်းစွာ ခွဲခြားနိုင်ကြသည်၊ ဟုတ်သည် မဟုတ်လော။ ပထမအမျိုးအစားမှာ ဘာသာတရားမရှိသူများ ဖွဲ့စည်းပါဝင်ပြီး၊ ၎င်းတို့ အဘယ်အရာ ဖြစ်သည်ကို ငါ ပြောပြီးဖြစ်သည်။ ကောင်းကင်ရှိ အဖိုးအိုကို ယုံကြည်ခြင်း ရှိသူများအား ဘာသာတရားမရှိသူများအဖြစ် ယူဆရသလော။ ဘာသာတရားမရှိသူအများအပြားသည် ကောင်းကင်ရှိ အဖိုးအိုကိုသာ ယုံကြည်ကြသည်။ ၎င်းတို့သည် လေ၊ မိုး၊ မိုးခြိမ်းသံ စသည်ဖြင့်၊ အားလုံးကို ကောက်ပဲသီးနှံများ စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်းတို့အတွက် ၎င်းတို့ အားထားကြသည့် ဤအရာက ထိန်းချုပ်ထားသည်ဟုသာ ၎င်းတို့ ယုံကြည်ကြသည်- သို့သော် ဘုရားသခင်ကို ယုံကြည်ခြင်းအား ပြောဆိုသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ရန် လိုလားနေကြခြင်း မရှိပေ။ ဤသည်ကို ယုံကြည်ခြင်း ရှိခြင်းအဖြစ် ခေါ်ဆို၍ရနိုင်သလော။ ထိုသို့သော လူများသည် ဘာသာတရားမရှိသူများထဲတွင် ပါဝင်ပေသည်။ ဤအရာကို သင် နားလည်သည်၊ ဟုတ်ပါသလော။ ဤအတန်းစားများကို မမှားလေနှင့်။ ဒုတိယအမျိုးအစားတွင် ယုံကြည်ခြင်း ရှိသည့် လူများပါဝင်ပြီး၊ တတိယအမျိုးအစားမှာ လတ်တလောတွင် ဘုရားသခင် နောက်လိုက်သော သူများဖြစ်၏။ သို့ဆိုလျှင် ငါသည် လူသားအားလုံးကို ဤအမျိုးအစားများထဲသို့ အဘယ်ကြောင့် ခွဲခြားလေပြီနည်း။ (အဘယ်ကြောင့်ဆိုသော် အမျိုးမျိုးသော လူအမျိုးအစားတို့သည် မတူကွဲပြားသော အဆုံးသတ်များနှင့် ခရီးပန်းတိုင်များ ရှိကြသောကြောင့် ဖြစ်သည်။) ယင်းမှာ ထိုအရာနှင့်သက်ဆိုင်သည့် သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ ဤအမျိုးမျိုး လူမျိုးများနှင့် လူအမျိုးအစားများသည် ဝိညာဉရေးရာနယ်ပယ်သို့ ပြန်သွားကြသည့်အခါ၊ ၎င်းတို့အသီးသီးသည် သွားစရာ မတူကွဲပြားသော နေရာတစ်ခု ရှိကြလိမ့်မည်ဖြစ်ပြီး၊ ရှင်ခြင်းနှင့် သေခြင်းသံသရာ၏ အမျိုးမျိုးသော နိယာမများကို ခံစားရမည်ဖြစ်သည်၊ ထို့ကြောင့် ယင်းမှာ လူသားများအား ဤအဓိက အမျိုးအစားများထဲသို့ ငါ အမျိုးအစား ခွဲခြားရပြီးဖြစ်သည့် အကြောင်းရင်းဖြစ်သည်။

ဘာသာတရားမရှိသူများ၏ ရှင်ခြင်းနှင့် သေခြင်းသံသရာ

ဘာသာတရားမရှိသူများ၏ ရှင်ခြင်းနှင့်သေခြင်းသံသရာဖြင့် အစပြုကြစို့။ သေဆုံးပြီးနောက် လူတစ်ဦးသည် ဝိညာဉရေးရာနယ်ပယ်မှ အစောင့်တစ်ဦး၏ ခေါ်ဆောင်သွားခြင်းခံရ၏။ အတိအကျအားဖြင့် လူတစ်ဦး၏ မည်သည့်အရာသည် ယူသွားခြင်းခံရသနည်း။ တစ်ဦးတစ်ယောက်၏ ဇာတိခန္ဓာမဟုတ်ဘဲ၊ တစ်ဦးတစ်ယောက်၏ ဝိညာဉ်ဖြစ်၏။ တစ်ဦးတစ်ယောက်၏ ဝိညာဉ် ယူဆောင်သွားခြင်းခံရသည့်အခါ၊ ၎င်းတို့သည် ခုလေးတင် သေဆုံးသွားသူများ၏ လိပ်ပြာများကို အထူးလက်ခံသည့် ဝိညာဉရေးရာနယ်ပယ်၏ ကိုယ်စားလှယ်လုပ်ငန်း ဖြစ်သော တစ်နေရာသို့ ရောက်ရှိသွားကြသည်။ ယင်းမှာ သေဆုံးပြီးနောက် မည်သူမဆို ပထမဦးဆုံး သွားသည့်နေရာဖြစ်ကာ ယင်းက ဝိညာဉ်အဖို့ ထူးဆန်းသည်။ ဤနေရာသို့ ၎င်းတို့ ခေါ်ဆောင်သွားခံရသောအခါ၊ အရာရှိတစ်ဦးသည် ၎င်းတို့၏အမည်၊ လိပ်စာ၊ အသက်နှင့် ၎င်းတို့၏ အတွေ့အကြုံများတို့ကို အတည်ပြုရင်း၊ ပထမဆုံး စစ်ဆေးမှုများကို ဆောင်ရွက်သည်။ ၎င်းတို့ အသက်ရှင်ခဲ့စဉ် ၎င်းတို့ ပြုခဲ့သည့်အရာတိုင်းကို စာအုပ်တစ်အုပ်တွင် မှတ်တမ်းတင်ထားကာ တိကျမှန်ကန်မှုအတွက် အတည်ပြုနိုင်ရန် စစ်ဆေး၏။ အားလုံးကို စစ်ဆေးပြီးနောက်တွင်၊ ၎င်းတို့ အပြစ်ပေး ခံရမည်လော သို့မဟုတ် လူသားတစ်ဦးအဖြစ် ဆက်လက်၍ လူဝင်စား ရမည်လောဟူသည်ကို ဆုံးဖြတ်ရန် ထိုသူ၏ဘဝတစ်လျှောက်လုံး အပြုအမူနှင့် လုပ်ဆောင်ချက်များကို အသုံးပြုလေသည်၊ ယင်းမှာ ပထမအဆင့်ဖြစ်သည်။ ဤပထမအဆင့်သည် ထိတ်လန့်ဖွယ် ဖြစ်သလော။ တစ်ခုတည်းသော ဖြစ်ပျက်ပြီးဖြစ်သည့်အရာမှာ ထိုလူသည် မှောင်မိုက်ပြီး အကျွမ်းတဝင်မရှိသော နေရာတစ်ခုသို့ ရောက်ရှိပြီးခြင်း ဖြစ်သောကြောင့်၊ ဤသည်မှာ အလွန် ထိတ်လန့်ဖွယ် မကောင်းပေ။

ဒုတိယအဆင့်တွင် ဤလူသည် ၎င်း၏ဘဝတစ်လျှောက်လုံး ဒုစရိုက်အမှုများစွာ ပြုလုပ်ပြီးဖြစ်ကာ၊ များစွာသော ဆိုးညစ်သည့်လုပ်ဆောင်ချက်များ ကျူးလွန်ပြီးဖြစ်ပါက၊ ၎င်းသည် ကိုင်တွယ်ဖြေရှင်းခြင်းခံရရန် အပြစ်ဒဏ်ပေးခြင်း နေရာတစ်နေရာသို့ ခေါ်ဆောင်သွားခြင်းခံရပေမည်။ ယင်းသည် လူတို့အား အပြစ်ဒဏ် ပေးခြင်းအတွက် အတိအကျ အသုံးပြုသည့်နေရာ ဖြစ်လိမ့်မည်။ ၎င်းတို့ မည်သို့ အပြစ်ပေးခံရမည်ဆိုသည်နှင့်သက်ဆိုင်သည့် အသေးစိတ်များမှာ ၎င်းတို့ ကျူးလွန်ပြီးသည့် အပြစ်များပေါ်အပြင် ၎င်းတို့ မသေဆုံးမီ မကောင်းသော အရာများ မည်မျှပြုလုပ်ခဲ့သည်ဟူသည့်အပေါ် မူတည်သည်- ဤသည်မှာ ဒုတိယအဆင့်တွင် ဖြစ်ပေါ်သည့် ပထမ အခြေအနေဖြစ်၏။ ၎င်းတို့မသေဆုံးမီ ပြုလုပ်ခဲ့သည့် မကောင်းသော အရာများနှင့် ကျူးလွန်ခဲ့သည့် မကောင်းမှုကြောင့် ၎င်းတို့၏ အပြစ်ပေးခြင်းနောက် ၎င်းတို့ဝင်စားသည့်အခါ- ၎င်းတို့ ရုပ်ဝတ္ထု လောကထဲသို့ နောက်တစ်ကြိမ် မွေးဖွားသောအခါ- လူအချို့သည် ဆက်လက်၍ လူဖြစ်လိမ့်မည်ဖြစ်သော်လည်း၊ အချို့မှာ တိရစ္ဆာန်များ ဖြစ်လာကြလိမ့်မည်။ ဆိုလိုသည်မှာ လူတစ်ဦးသည် ဝိညာဉရေးရာနယ်ပယ်သို့ ပြန်သွားပြီးနောက် ၎င်းကျူးလွန်ပြီးဖြစ်သည့် မကောင်းမှုကြောင့်၊ ၎င်းသည် အပြစ်ဒဏ်ပေးခြင်း ခံရ၏။ ထို့အပြင် ၎င်းတို့ လုပ်ဆောင်ပြီးဖြစ်သည့် မကောင်းသောအရာများကြောင့်၊ ၎င်းတို့၏ နောက်ထပ် ဝင်စားမှုတွင် ၎င်းတို့သည် လူသားတစ်ဦးအဖြစ် ပြန်သွားလိမ့်မည် မဟုတ်ဘဲ၊ တိရစ္ဆာန်တစ်ကောင်အဖြစ် ပြန်သွားလိမ့်မည်မှာ သေချာသလောက်ဖြစ်သည်။ ၎င်းတို့ ဖြစ်လာနိုင်သည့် တိရစ္ဆာန်အမျိုးမျိုးတွင် နွားများ၊ မြင်းများ၊ ဝက်များနှင့် ခွေးများ ပါဝင်သည်။ အချို့လူများသည် ငှက်များ သို့မဟုတ် ဘဲများ သို့မဟုတ် ဘဲငန်းများအဖြစ် ပြန်မွေးဖွားနိုင်သည်...။ ၎င်းတို့သည် တိရစ္ဆာန်များအဖြစ် ဝင်စားပြီးနောက်တွင်၊ ၎င်းတို့ တစ်ဖန် သေဆုံးသည့်အခါ၊ ဝိညာဉရေးရာနယ်ပယ်သို့ ပြန်သွားကြလိမ့်မည်။ ထိုနေရာတွင် ယခင်ကဲ့သို့ ၎င်းတို့ မသေဆုံးမီ ၎င်းတို့၏အပြုအမူအပေါ် အခြေပြု၍ ၎င်းတို့ လူသားများအဖြစ် ဝင်စားခြင်း ရှိမရှိကို ဝိညာဉရေးရာနယ်ပယ်မှ ဆုံးဖြတ်လိမ့်မည်။ လူအများစုသည် အလွန် များစွာသော မကောင်းမှုများကို ကျူးလွန်ကြပြီး၊ ၎င်းတို့၏ အပြစ်များသည် ဆိုးရွားလွန်းလှ၏၊ ထို့ကြောင့် ၎င်းတို့သည် တိရစ္ဆာန်အဖြစ် ခုနစ်ကြိမ်မှ ဆယ့်နှစ်ကြိမ်ထိ ဝင်စားကြရသည်။ ခုနစ်ကြိမ်မှ ဆယ့်နှစ်ကြိမ်- ယင်းသည် ကြောက်မက်ဖွယ် ဖြစ်သည် မဟုတ်လော။ (ကြောက်မက်ဖွယ်ဖြစ်ပါသည်။) မည်သည့်အရာက သင်တို့ကို အထိတ်တလန့် ဖြစ်စေသနည်း။ လူတစ်ဦးက တိရစ္ဆာန် တစ်ကောင် ဖြစ်လာခြင်း- ယင်းသည် ထိတ်လန့်ဖွယ်ဖြစ်၏။ ပြီးလျှင် လူတစ်ဦးအတွက်၊ တိရစ္ဆာန်တစ်ဦး ဖြစ်လာရာတွင် အနာကျင်ဆုံးသော အရာများမှာ မည်သည့်အရာများ ဖြစ်သနည်း။ ဘာသာစကား မရှိခြင်း၊ ရိုးရှင်းသော အတွေးများသာ ရှိခြင်း၊ တိရစ္ဆာန်များ ပြုလုပ်သည့် အရာများသာ ပြုလုပ်နိုင်ကာ၊ တိရစ္ဆာန်များ စားသည့် အစာများသာ စားနိုင်ခြင်း၊ တိရစ္ဆာန်တစ်ကောင်၏ ရိုးရှင်းသော စိတ်နေစိတ်ထားနှင့် ကိုယ်လက်အမူအရာ မျက်နှာရိပ်ကဲ ရှိခြင်း၊ လမ်းမတ်မတ် မလျှောက်နိုင်ခြင်း၊ လူသားများနှင့် ပြောဆိုမဆွေးနွေးနိုင်ခြင်းနှင့် လူသားများ၏ မည်သည့် အပြုအမူ သို့မဟုတ် လုပ်ရပ်များကမျှ တိရစ္ဆာန်တို့နှင့် မည်သည့် ဆက်စပ်မှုမျှမရှိသည့် အချက်တို့ ဖြစ်သည်။ ဆိုလိုသည်မှာ အရာခပ်သိမ်းထဲတွင် တိရစ္ဆာန်တစ်ကောင်ဖြစ်ခြင်းသည် သက်ရှိသတ္တဝါ အားလုံးအနက် သင့်အား အနိမ့်ဆုံးဖြစ်စေပြီး၊ လူတစ်ဦးဖြစ်ခြင်းထက် သာ၍ ဆင်းရဲဒုက္ခများစွာ ပါဝင်လေသည်။ ဤသည်မှာ မကောင်းမှု များစွာပြုလုပ်ပြီးဖြစ်ကာ ကြီးမားသော အပြစ်များ ကျူးလွန်ပြီးသော သူများနှင့်ဆိုင်သည့် ဝိညာဉရေးရာနယ်ပယ်၏ အပြစ်ပေးခြင်း လက္ခဏာသွင်ပြင် တစ်ရပ်ဖြစ်၏။ ၎င်းတို့၏ အပြစ်ပေးခံရခြင်း ပြင်းထန်မှုနှင့် ပတ်သက်လာသည့်အခါ၊ ဤအရာကို ၎င်းတို့ ဖြစ်လာသည့် မည်သည့် တိရစ္ဆာန်အမျိုးအစားမဆိုအပေါ် မူတည်လျက် ဆုံးဖြတ်ပေသည်။ ဥပမာအားဖြင့်၊ ဝက်တစ်ကောင်ဖြစ်ခြင်းသည် ခွေးတစ်ကောင် ဖြစ်ခြင်းထက် သာ၍ကောင်းသလော။ ဝက်တစ်ကောင်သည် ခွေးတစ်ကောင်ထက် သာ၍ကောင်းမွန်စွာ သို့မဟုတ် သာ၍ဆိုးရွားစွာ အသက်ရှင်သလော။ သာ၍ဆိုးရွား၏၊ ဟုတ်ပါသလော။ လူတို့သည် နွားများ သို့မဟုတ် မြင်းများ ဖြစ်လာကြပါက ၎င်းတို့သည် ဝက်များအဖြစ် ၎င်းတို့ဖြစ်မည်ထက် သာ၍ကောင်းမွန်စွာ သို့မဟုတ် သာ၍ဆိုးရွားစွာ အသက်ရှင်လိမ့်မည်လော။ (သာ၍ကောင်းမွန်စွာ အသက်ရှင်မည်။) လူတစ်ဦးသည် ကြောင်တစ်ကောင်အဖြစ် ပြန်လည်မွေးဖွားခြင်းဖြင့် ပို၍ သက်သောင့်သက်သာ ရှိလိမ့်မည်လော။ သူသည် အလားတူပင် တိရစ္ဆာန်တစ်ကောင်ဖြစ်မည် ဖြစ်ပြီး၊ ကြောင်များသည် သူတို့၏ အချိန်အများစုကို အိပ်စက်ခြင်းဖြင့် ပျင်းရိပျင်းတွဲနေကြရသောကြောင့်၊ ကြောင်တစ်ကောင် ဖြစ်ခြင်းသည် နွားတစ်ကောင် သို့မဟုတ် မြင်းတစ်ကောင်ဖြစ်ခြင်းထက် များစွာ ပို၍ လွယ်ကူပေမည်။ နွား သို့မဟုတ် မြင်းတစ်ကောင်ဖြစ်လာခြင်းမှာ သာ၍ ပင်ပန်းခက်ခဲပေသည်။ ထို့ကြောင့် လူတစ်ဦးသည် နွား သို့မဟုတ် မြင်းတစ်ကောင်အဖြစ် ဝင်စားပါက၊ ၎င်းတို့သည် အလုပ်ကြိုးစားရသည်- ယင်းမှာ ပြင်းထန်သည့် အပြစ်ပေးခြင်းနှင့် ဆင်တူပေသည်။ ခွေးတစ်ကောင်သည် ၎င်း၏သခင်နှင့် သာ၍ရင်းနှီးသော ဆက်ဆံရေးရှိသောကြောင့်၊ ခွေးတစ်ကောင် ဖြစ်လာခြင်းသည် နွား သို့မဟုတ် မြင်းတစ်ကောင် ဖြစ်လာခြင်းထက် အနည်းငယ် သာ၍ကောင်းပေမည်။ နှစ်အချို့ ကြာအောင် အိမ်မွေးတိရစ္ဆာန်များ ဖြစ်ပြီးနောက်တွင် အချို့သော ခွေးတို့သည် ၎င်းတို့၏သခင်များ ပြောသည့်အရာ များစွာကို နားလည်နိုင်ကြသည်။ တစ်ခါတစ်ရံ ခွေးသည် ၎င်း၏သခင်၏ စိတ်နေစိတ်ထားနှင့် သတ်မှတ်ချက်များကို ကျင့်သားရနိုင်ကြပြီး သခင်က ခွေးကို ပို၍ကောင်းမွန်စွာ ဆက်ဆံကာ ခွေးသည် ပို၍ ကောင်းမွန်စွာ စားသောက်ရပြီး၊ ၎င်းနာကျင်သည့်အခါ သာ၍ ကြည့်ရှုစောင့်ရှောက်ခြင်း ခံရ၏။ သို့ဆိုလျှင် ခွေးသည် ပျော်ရွှင်ဖွယ်ရာ ဘဝတစ်ခုကို မွေ့လျော်ခံစားသည် မဟုတ်လော။ သို့ဖြစ်၍ ခွေးတစ်ကောင် ဖြစ်ခြင်းသည် နွား သို့မဟုတ် မြင်းတစ်ကောင် ဖြစ်ခြင်းထက် သာ၍ကောင်းပေ၏။ ဤအရာတွင် လူတစ်ဦး၏ အပြစ်ဒဏ် ပြင်းထန်မှုသည် တိရစ္ဆာန်တစ်ကောင်အဖြစ် အကြိမ်ရေမည်မျှ ထိုသူ ဝင်စားရသည်ဆိုသည့်အပြင် မည်သည့် အမျိုးအစား ဖြစ်သည်ဆိုသည့်အရာကိုလည်း ဆုံးဖြတ်လေသည်။

၎င်းတို့အသက်ရှင်စဉ်တွင် ၎င်းတို့သည် အပြစ်များစွာ ကျူးလွန်ခဲ့သောကြောင့်၊ အချို့သောလူများသည် တိရစ္ဆာန်များအဖြစ် သက်တမ်း ခုနစ်ကြိမ်မှ ဆယ့်နှစ်ကြိမ် ဝင်စားခြင်းဖြင့် အပြစ်ပေး ခံရပေသည်။ အကြိမ်ရေ အလုံအလောက် အပြစ်ပေးခံရပြီးနောက်၊ ဝိညာဉရေးရာနယ်ပယ်သို့ ပြန်သွားသည့်အခါ၊ ၎င်းတို့သည် အခြား တစ်နေရာသို့- အပြစ်ပေးခံရနှင့်ပြီးဖြစ်ကာ လူသားများအဖြစ် ဝင်စားရန် ပြင်ဆင်လျက်ရှိသည့် အမျိုးအစားများ ဖြစ်ကြသော ဝိညာဉ်အမျိုးမျိုးရှိသည့် နေရာတစ်ခုသို့- ခေါ်ဆောင် သွားခံရ၏။ ဤနေရာတွင် ဝိညာဉ်အသီးသီးသည် ၎င်းတို့ မည်သည့် မိသားစုမျိုးတွင် မွေးဖွားမည်၊ ၎င်းတို့လူဝင်စားပြီးသည်နှင့် တစ်ပြိုင်နက် မည်သည့်အခန်းကဏ္ဍမျိုးတွင် ပါဝင်မည် စုသည့်အတိုင်း အမျိုးအစား ခွဲခြားခံရကြ၏။ ဥပမာအားဖြင့် လူအချို့သည် ဤလောကသို့ လာသည့်အခါ၊ အဆိုတော်များ ဖြစ်လာကြလိမ့်မည်၊ ထို့ကြောင့် ၎င်းတို့သည် အဆိုတော်များအလယ် အထားခံရ၏။ အချို့သောသူများမှာ ဤလောကသို့ လာသည့်အခါ၊ စီးပွားရေးသမားများ ဖြစ်လာမည်ဖြစ်ကာ၊ ထို့ကြောင့် ၎င်းတို့သည် စီးပွားရေးသမားများအလယ် အထားခံရ၏။ ပြီးလျှင် တစ်စုံတစ်ဦးသည် လူသား ဖြစ်လာပြီးနောက်၊ သိပ္ပံပညာဆိုင်ရာ သုတေသီတစ်ဦး ဖြစ်လာဖို့ ဖြစ်ပါက၊ ၎င်းတို့သည် သိပ္ပံပညာဆိုင်ရာ သုတေသီများအလယ်တွင် အထားခံကြရလေသည်။ ၎င်းတို့သည် အုပ်စုအလိုက်ခွဲခံရပြီးနောက်တွင်၊ အသီးသီးကို မတူကွဲပြားသည့် အချိန်နှင့် သတ်မှတ်ထားသည့် ရက်စွဲအတိုင်း၊ ယနေ့ လူတို့ အီးမေးလ်ပို့သည့်အတိုင်း၊ ပေးပို့ခြင်းခံရလေသည်။ ဤအရာတွင် ရှင်ခြင်းနှင့်သေခြင်း သံသရာတစ်ခု ပြီးစီးလိမ့်မည်။ လူတစ်ဦး ဝိညာဉရေးရာနယ်ပယ်ထဲသို့ ရောက်ရှိသည့်ရက်မှ ၎င်း၏အပြစ်ဒဏ် အဆုံးသတ်သည်အထိ သို့မဟုတ် ၎င်းသည် တိရစ္ဆာန် တစ်ကောင်အဖြစ် ကြိမ်ဖန်များစွာ ဝင်စားပြီးဖြစ်ကာ လူသား တစ်ဦးအဖြစ် ပြန်ဝင်စားရန်ပြင်ဆင်နေသည်အထိ၊ ဤဖြစ်စဉ် ပြီးစီးပေသည်။

အပြစ်ဒဏ်ပေးခြင်းခံရပြီးဖြစ်ကာ တိရစ္ဆာန်များအဖြစ် ဝင်စားခြင်း မရှိသူများအတွက်မူ၊ ၎င်းတို့သည် လူသားများအဖြစ် ဝင်စားရန် ရုပ်ဝတ္ထုလောကသို့ လျင်မြန်စွာ အပို့ခံရမည်လော။ သို့မဟုတ် ၎င်းတို့ လူသားအလယ် မရောက်ရှိနိုင်မီ မည်မျှ ကြာလိမ့်မည်နည်း။ ဤအရာဖြစ်ပျက်နိုင်သည့် ကြိမ်နှုန်းမှာ အဘယ်နည်း။ ယင်းအဖို့ အချိန်ကန့်သတ်ချက်များရှိသည်။ ဝိညာဉရေးရာနယ်ပယ်တွင် ဖြစ်ပျက်သည့် အရာရာတိုင်းသည် တိကျသည့် အချိန်ကန့်သတ်ချက်များနှင့် စည်းကမ်းများကို လိုက်နာရသည်- ယင်းကို ငါ ကိန်းဂဏန်းများနှင့် ရှင်းပြပါက၊ သင်တို့ နားလည်လိမ့်မည်။ အချိန်ကာလတိုအတွင်း ပြန်ဝင်စားသူများ အတွက်၊ ၎င်းတို့သေဆုံးသည့်အခါ၊ လူသားများအဖြစ် ပြန်ဝင်စားဖို့ ၎င်းတို့အတွက် ပြင်ဆင်မှုများ ပြုလုပ်နှင့်ပြီးဖြစ်လိမ့်မည်။ ဤအရာ ဖြစ်ပျက်နိုင်သည့် အတိုဆုံးအချိန်မှာ သုံးရက်ဖြစ်သည်။ အချို့သော လူများအတွက် ယင်းသည် သုံးလကြာသည်၊ အချို့အတွက် ယင်းသည် သုံးနှစ်ကြာသည်၊ အချို့အတွက် ယင်းသည် အနှစ် သုံးဆယ်ကြာသည်၊ အချို့အတွက် ယင်းသည် အနှစ်သုံးရာ ကြာသည်၊ စသည်ဖြင့် ဖြစ်၏။ ထို့ကြောင့် ဤအချိန် စည်းမျဉ်းများနှင့်ပတ်သက်၍ မည်သည့်အရာများ ပြော၍ ရနိုင်မည်နည်း၊ ပြီးလျှင် ယင်းတို့၏ အသေးစိတ် အချက်အလက်များမှာ အဘယ်နည်း။ ယင်းတို့သည် ရုပ်ဝတ္ထု လောက- လူ့လောကသည် ဝိညာဉ်တစ်ခုထံမှ လိုအပ်သည့်အရာ အပေါ်နှင့် ဤလောကတွင် ဤဝိညာဉ်ပါဝင်ဖို့ ရည်ရွယ်ထားသည့် အခန်းကဏ္ဍတို့အပေါ် အခြေခံထားပေ၏။ လူတို့သည် သာမန် လူများအဖြစ် ပြန်ဝင်စားကြသည့်အခါ၊ ၎င်းတို့အများစုသည် အလွန် လျင်မြန်စွာ ပြန်လူဝင်စားကြ၏၊ အဘယ့်ကြောင့်ဆိုသော် လူ့လောကသည် ထိုသို့သော သာမန်လူတို့ကို အရေးတကြီး လိုအပ်မှု ရှိသောကြောင့် ဖြစ်သည်- ထို့ကြောင့် သုံးရက်ကြာပြီးနောက် ၎င်းတို့သည် မသေဆုံးမီရှိခဲ့သည့် မိသားစုနှင့် လုံးဝ ကွဲပြားသည့် မိသားတစ်စုထံသို့ ထပ်မံပေးပို့ခြင်း ခံကြရလေသည်။ သို့သော် ဤလောကတွင် အထူးအခန်းကဏ္ဍ၌ ပါဝင်သောသူအချို့ ရှိ၏။ “အထူး” ဆိုသည်မှာ လူ့လောကတွင် ဤလူများအတွက် ကြီးမားသည့် တောင်းဆိုချက်မရှိဟု ဆိုလိုသည်။ ထိုသို့သော အခန်းကဏ္ဍကို ပါဝင်ရန် လူများစွာ မလိုပေ၊ ထို့ကြောင့် ယင်းသည် အနှစ်သုံးရာ ကြာကောင်းကြာနိုင်သည်။ တစ်နည်းအားဖြင့် ဤဝိညာဉ်သည် အနှစ်သုံးရာကြာတိုင်း တစ်ကြိမ်သာလာလိမ့်မည် သို့မဟုတ် အနှစ်သုံးထောင်ပင်ကြာတိုင်း တစ်ကြိမ်သာ လာလိမ့်မည် ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ယင်းမှာ နှစ်သုံးရာ ကြာသည်ဖြစ်စေ သို့မဟုတ် နှစ်သုံးထောင် ကြာသည်ဖြစ်စေ လူ့လောကတွင် ထိုသို့သော အခန်းကဏ္ဍတစ်ခု မလိုအပ်သောကြောင့် ဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့ကို ဝိညာဉရေးရာနယ်ပယ်၏ တစ်နေရာရာတွင် ထိန်းသိမ်းထား၏။ ဥပမာအနေဖြင့် ကွန်ဖြူးရှပ်ကို ကြည့်လော့- သူသည် တရုတ်ရိုးရာ ယဉ်ကျေးမှုအပေါ် နက်နဲသိမ်မွေ့သော သက်ရောက်မှု ရှိခဲ့ပြီး၊ သူ၏ရောက်ရှိလာမှုသည် ထိုအချိန်ကာလ လူတို့၏ ယဉ်ကျေးမှု၊ အသိပညာ၊ ရိုးရာနှင့် တွေးခေါ်မှုတို့အပေါ် နက်နက်ရှိုင်းရှိုင်း သက်ရောက်ခဲ့သည်။ သို့သော် ဤကဲ့သို့သောလူတစ်ဦးကို ခေတ်တိုင်းတွင် မလိုအပ်ပေ၊ ထို့ကြောင့် သူသည် ပြန်လည်ဝင်စားခြင်းမတိုင်မီ ဝိညာဉရေးရာနယ်ပယ်တွင် နှစ်သုံးရာ သို့မဟုတ် နှစ်သုံးထောင် စောင့်ဆိုင်းရင်း၊ ထိုနေရာတွင် နေခဲ့ရသည်။ လူ့လောကသည် ဤသို့သောတစ်စုံတစ်ဦးကို မလိုအပ်သောကြောင့်၊ ၎င်း၏အခန်းကဏ္ဍကဲ့သို့ အခန်းကဏ္ဍများ အလွန် နည်းပါးသကဲ့သို့၊ သူ့အတွက် လုပ်စရာ အနည်းငယ်သာရှိသည့်အတွက်၊ ၎င်းသည် အကြောင်းမဲ့သက်သက် စောင့်ဆိုင်းခဲ့ရလေသည်။ ထိုသို့ဖြင့် သူ့အား လူ့လောကက လိုအပ်သည်နှင့်တစ်ပြိုင်နက် ပို့လိုက်ရန် အချိန်များစုတွင် ဝိညာဉရေးရာနယ်ပယ်ထဲက တစ်နေရာတွင် သူ့ကို အချည်းနှီး ထိန်းသိမ်းထားခဲ့ရသည်။ ယင်းမှာ လူအများစု ပြန်လည်ဝင်စားသည့် အကြိမ်နှုန်းအတွက် ဝိညာဉ်နယ်ပယ်၏ အချိန်စည်းမျဉ်းများ ဖြစ်၏။ လူတို့အနေဖြင့် သာမန် ဖြစ်စေ၊ ထူးခြားသည် ဖြစ်စေ၊ ၎င်းတို့၏ ပြန်လည်ဝင်စားခြင်းများအတွက် ဝိညာဉရေးရာနယ်ပယ်သည် သင့်တော်သည့် စည်းမျဉ်းများနှင့် မှန်ကန်သည့် အလေ့အကျင့်များရှိကာ၊ ဤစည်းမျဉ်းများနှင့် အလေ့အကျင့်များကို ဘုရားသခင်မှ ချပေးလိုက်ခြင်းဖြစ်၏၊ မည်သည့်အစောင့်မျှ သို့မဟုတ် ဝိညာဉရေးရာနယ်ပယ်၏ မည်သည့်သတ္တဝါကမျှ ဆုံးဖြတ်ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်း မဟုတ်ပေ။ ဤအရာကို သင် ယခု နားလည်ပြီ၊ ဟုတ်ပါသလော။

မည်သည့်ဝိညာဉ်အတွက်မဆို၊ ၎င်း၏ ပြန်လည်ဝင်စားခြင်း၊ ဤဘဝတွင် ၎င်း၏ အခန်းကဏ္ဍက မည်သည့်အရာဖြစ်သည်၊ မည်သည့် မိသားစုထဲတွင် ၎င်းမွေးဖွားသည်ဆိုသည်နှင့် ၎င်း၏ဘဝ မည်သည့်အရာနှင့်တူသည်တို့မှာ ထိုဝိညာဉ်၏ ယခင်ဘဝ တစ်သက်တာနှင့် နီးစပ်စွာ ဆက်နွှယ်လေသည်။ လူမျိုးစုံ လူ့လောကထဲသို့ လာကြပြီး၊ ၎င်းတို့ ဆောင်ရွက်သည့် တာဝန်များကဲ့သို့ ၎င်းတို့ပါဝင်သည့် အခန်းကဏ္ဍ ကွဲပြားလေသည်။ ဤသည်တို့မှာ မည်သည့် တာဝန်များ ဖြစ်သနည်း။ လူအချို့သည် အကြွေးပြန်ဆပ်ရန် လာကြပေပြီ။ ၎င်းတို့သည် ၎င်းတို့၏ ယခင်ဘဝများ၌ အခြားသူများကို ငွေများစွာ အကြွေးတင်ခဲ့ပါက၊ ဤဘဝတွင် ထိုအကြွေးများကို ပြန်ဆပ်ရန် ၎င်းတို့ လာကြလေသည်။ ထိုအတောအတွင်းတွင် အချို့လူများသည် အကြွေးကောက်ခံရန် လာကြ၏။ ၎င်းတို့သည် ၎င်းတို့၏ ယခင်ဘဝတစ်သက်တာများတွင် အလွန်များသော အရာများနှင့် အလွန်များသော ငွေကြေးများ လိမ်လည်ခံခဲ့ကြရလေသည်။ အကျိုးဆက်အနေဖြင့်၊ ဝိညာဉရေးရာနယ်ပယ်သို့ ၎င်းတို့ ရောက်ပြီး နောက်တွင်၊ ဝိညာဉရေးရာနယ်ပယ်သည် ၎င်းတို့အား တရားမျှတမှုပေးကာ ဤဘဝတစ်သက်တာတွင် ၎င်းတို့၏ အကြွေးများကို ကောက်ခံခွင့် ပေးလေသည်။ အချို့သူများသည် ကျေးဇူးကြွေးဆပ်ရန် လာကြပြီးဖြစ်သည်- ယခင်ဘဝ တစ်သက်တာအတွင်းတွင်- ဆိုလိုသည်မှာ ၎င်းတို့၏ ယခင် ပြန်ဝင်စားခြင်းအတွင်းတွင်- တစ်စုံတစ်ဦးသည် ၎င်းတို့ကို ကြင်နာခဲ့ကာ၊ ဤဘဝတွင် ပြန်ဝင်စားရန် ကြီးမားသည့် အခွင့်အရေး တစ်ရပ် ရရှိပြီးဖြစ်သောကြောင့်။ ၎င်းတို့သည် ထိုကျေးဇူးကြွေးများ ပြန်ဆပ်ရန် ပြန်လည်မွေးဖွားကြ၏။ သို့သော်လည်း အခြားသူများကမူ အသက်များ အလျော်တောင်းရန် ပြန်လည်မွေးဖွားခဲ့ကြပေပြီ။ မည်သူတို့၏ အသက်များကို ၎င်းတို့ တောင်းဆိုသနည်း။ ယခင်ဘဝများ၌ ၎င်းတို့ကို သတ်ခဲ့သည့် လူများ၏ အသက်များကို ၎င်းတို့ တောင်းကြပေသည်။ အတိုချုပ်အားဖြင့် လူတိုင်း၏ လက်ရှိဘဝသည် ၎င်းတို့၏ယခင်ဘဝ တစ်သက်တာများနှင့် ခိုင်မာသော ဆက်စပ်မှုတစ်ခု ရှိလေသည်။ ဤဆက်စပ်မှုသည် ခွဲခြား၍မရနိုင်ပေ။ ဆိုလိုသည်မှာ လူတိုင်း၏ လက်ရှိဘဝသည် ယခင်ဘဝအားဖြင့် ကြီးမားစွာ သက်ရောက်မှု ခံရပေသည်။ ဥပမာအားဖြင့် ကျန်းသည် သူမသေဆုံးမီတွင် လီအား ငွေကြေးမြောက်များစွာ လိမ်လည်ခဲ့သည် ဆိုပါစို့။ သို့ဆိုလျှင် ကျန်းသည် လီကို အကြွေးတင်သလော။ အကြွေးတင်၏၊ ထို့ကြောင့် လီသည် ကျန်းထံမှ အကြွေးကောက်ခံသင့်သည်မှာ သဘာဝကျသလော။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့ သေဆုံးပြီးနောက်တွင်၊ ၎င်းတို့ နှစ်ဦးအကြားတွင် ကျေအေးရန် အကြွေးတစ်ခု ရှိနေသည်။ ၎င်းတို့ ပြန်ဝင်စားကြပြီး ကျန်းသည် လူသားဖြစ်လာသည့်အခါ၊ လီသည် ၎င်းထံမှ သူ၏အကြွေးကို မည်သို့ကောက်ခံသနည်း။ တစ်နည်းမှာ လီသည် ကျန်း၏ သားအဖြစ် ပြန်လည် မွေးဖွားခြင်း ဖြစ်သည်။ ကျန်းသည် ဝင်ငွေမြောက်မြားစွာရသည်၊ ထို့နောက် ယင်းကို လီက ဖြုန်းတီး၏။ ကျန်း ဝင်ငွေ မည်မျှရသည်ဖြစ်စေ၊ သူ့သားလီက ယင်းကို ဖြုန်းတီးပစ်သည်။ ကျန်း ဝင်ငွေ မည်မျှရသည်ဖြစ်စေ၊ မည်သည့်အခါမျှ လောက်ငခြင်း မရှိပေ။ ထိုအတောအတွင်းတွင်၊ ၎င်း၏သားမှာ အကြောင်းရင်းအချို့ကြောင့် အမျိုးမျိုးသော နည်းလမ်းများဖြင့် ၎င်းဖခင်၏ပိုက်ဆံများကို အဆုံးတွင် အမြဲသုံးပစ်သည်ချည်း ဖြစ်၏။ ကျန်းက၊ “ငါ့သားသည် အဘယ်ကြောင့် ထိုသို့သော ဆိုးသည့်ကံကို အမြဲ ယူဆောင် လာသနည်း။ အခြားသူများ၏သားများသည် အဘယ်ကြောင့် အလွန် လိမ္မာရသနည်း။ ငါ၏သားသည် အဘယ်ကြောင့် မည်သည့် ရည်မှန်းချက်မျှ မရှိရသနည်း၊ အဘယ်ကြောင့် သူသည် လွန်စွာ အသုံးမကျဖြစ်ကာ မည်သည့်ငွေမျှ ရှာနိုင်စွမ်း မရှိရသနည်း၊ ပြီးလျှင် ငါသည် အဘယ်ကြောင့် သူ့ကို အမြဲပံ့ပိုးနေရသနည်း။ ငါသည် သူ့ကို ပံ့ပိုးရမည် ဖြစ်သည့်အတွက်၊ ပံ့ပိုးမည်- သို့သော် သူ့ကို ငါ ငွေမည်မျှပေးပါစေ၊ သူ အမြဲ နောက်ထပ် လိုအပ်ရသည်မှာ အဘယ်ကြောင့်နည်း။ သူသည် အဘယ်ကြောင့် အလုပ် ကြိုးစားနိုင်စွမ်း မရှိဘဲ၊ ယင်းအစား လတ်လျားလတ်လျားနေခြင်း၊ စားခြင်း၊ သောက်ခြင်း၊ မတရား မေထုန်ပြုခြင်းနှင့် လောင်းကစားခြင်းကဲ့သို့သော အရာမျိုးစုံကို လုပ်ရသနည်း။ ဘာတွေများ ဖြစ်နေသနည်း” ဟု တွေးရင်း၊ နားဝေတိမ်တောင် ဖြစ်နေ၏။ ထို့နောက် ကျန်းက၊ “ငါသည် အတိတ်ဘဝက သူ့အပေါ် အကြွေးတစ်ခုတင်ခဲ့၍ ဖြစ်နိုင်သည်။ ကောင်းပြီ သို့ဆိုလျှင် ငါသည် အပြည့်အဝ ဆပ်လိုက်မည်။ ငါ အပြည့်အဝ မဆပ်မချင်း ဤအရာ အဆုံးသတ်မည် မဟုတ်” ဟု ခေတ္တခဏ တွေးမိ၏။ လီသည် သူ၏အကြွေးကို အမှန်တကယ် ပြန်ထေပြီးဖြစ်သည့်နေ့ ရောက်ကောင်းရောက်လာမည်ဖြစ်ပြီး၊ သူ အသက်လေးဆယ် သို့မဟုတ် ငါးဆယ်ရှိသည့်အချိန်တွင်၊ သူက “ငါ့ဘဝ၏ ပထမတစ်ပိုင်းတွင် ငါသည် ကောင်းသည့်အရာတစ်ခုမျှ မလုပ်ဆောင်လေပြီ။ ငါ့အဖေ ရှာဖွေထားသည့် ငွေအားလုံးကို ငါဖြုန်းတီးမိပြီ၊ ထို့ကြောင့် ငါသည် လူကောင်းတစ်ယောက် စဖြစ်သင့်ပြီ။ ငါ့ကိုယ်ငါ စိတ်တင်းမည်။ ငါသည် ရိုးသားပြီး ကောင်းမွန်စွာ အသက်ရှင်သောသူတစ်ဦး ဖြစ်မည်ဖြစ်ပြီး၊ ငါ့အဖေကို မည်သည့်အခါမျှ တစ်ဖန် သောကရောက်စေမည် မဟုတ်” ဟု သဘောပေါက်ရင်း သူ ရုတ်တရက် အသိတရားရကောင်းရလာပေမည်။ သူသည် အဘယ်ကြောင့် ဤသို့စဉ်းစားသနည်း။ သူသည် အဘယ်ကြောင့် သာ၍ကောင်းဖို့ ရုတ်တရက် ပြောင်းလဲသွားသနည်း။ ဤအတွက် အကြောင်းရင်း တစ်ခု ရှိသလော။ အကြောင်းရင်းမှာ အဘယ်နည်း။ (အဘယ်ကြောင့်ဆိုသော် လီသည် သူ၏အကြွေးကို ကောက်ခံပြီးဖြစ်သောကြောင့် ဖြစ်သည်။ ကျန်းသည် သူ၏အကြွေးကို ဆပ်ပြီးဖြစ်သည်။) ဤအရာတွင် အကြောင်းနှင့် အကျိုးရှိသည်။ ဤဇာတ်လမ်းမှာ ၎င်းတို့၏ လတ်တလော တစ်သက်တာများမတိုင်မီ အချိန်ကာလကြာမြင့်စွာက စတင်ခဲ့ပေသည်။ ၎င်းတို့၏ ဤအတိတ်ဘဝဇာတ်လမ်းသည် ပစ္စုပ္ပန်သို့ ပါလာပြီးဖြစ်ကာ၊ မည်သူကမျှ အခြားသူကို အပြစ်တင်၍ မရပေ။ ကျန်းသည် ၎င်း၏သားအား မည်သည့်အရာကို သွန်သင်ပေးခဲ့သည်ဖြစ်စေ၊ သူ၏သားသည် မည်သည့်အခါကမျှ နားမထောင်ခဲ့သကဲ့သို့၊ မည်သည့်အခါကမျှ အလုပ်ကြိုးစားခဲ့ခြင်း မရှိပေ။ သို့သော် အကြွေးကျေခဲ့သည့်နေ့တွင်၊ သူ၏ သားကို သွန်သင်စရာ မလိုအပ်ပေ- သူ၏သားသည် အလိုအလျောက် နားလည်သွားခဲ့၏။ ဤသည်မှာ ရိုးရှင်းသော ဥပမာတစ်ခု ဖြစ်သည်။ ထိုသို့သော ဥပမာများစွာ ရှိသလော။ (ရှိပါသည်။) ယင်း က လူတို့အား မည်သည့်အရာ ပြောပြသနည်း။ (၎င်းတို့ ကောင်းကောင်းနေသင့်ပြီး မကောင်းမှု မကျူးလွန်သင့်ပါ။) ၎င်းတို့ မကောင်းမှု မပြုသင့်သကဲ့သို့၊ ၎င်းတို့၏ အပြစ်များအတွက် ပြစ်ဒဏ်ပေးခြင်း ရှိလိမ့်မည်ဖြစ်သည်။ ဘာသာတရားမရှိသူ အများစုသည် မကောင်းမှုများစွာ ကျူးလွန်ကြကာ ၎င်းတို့၏ အပြစ်များသည် ဒဏ်ခတ်ခံရခြင်းနှင့် ကြုံရသည်၊ မှန်ပါသလော။ သို့သော် ထိုသို့သော ဒဏ်ခတ်ခြင်းသည် ထင်ရာမြင်ရာ ဖြစ်သလော။ လုပ်ရပ်တိုင်းအတွက်၊ နောက်ကြောင်းရာဇဝင်တစ်ခုရှိပြီး၊ ယင်း၏ ဒဏ်ခတ်ခံရခြင်း နောက်ကွယ်က အကြောင်းရင်းတစ်ခု ရှိပေသည်။ သင်သည် တစ်စုံတစ်ဦးကို ငွေများလိမ်လည်ပြီးနောက် သင်ကို မည်သည့်အရာမျှ မဖြစ်ဟု ထင်သလော။ သင်သည် ထိုငွေကို လိမ်ပြီးနောက်တွင်၊ မည်သည့်အကျိုးဆက်မျှ သင် ရင်ဆိုင်ရလိမ့်မည် မဟုတ်ဟု ထင်သလော။ ယင်းမှာ ဖြစ်နိုင်မည် မဟုတ်။ အကျိုးဆက်များ ဧကန် ရှိလိမ့်မည်။ ၎င်းတို့ မည်သူဖြစ်သည်ကို ပဓာနမထားဘဲ၊ သို့မဟုတ် ဘုရားသခင်တစ်ပါး ရှိသည်ကို ၎င်းတို့ ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ တစ်ဦးချင်းစီတိုင်းသည် မိမိတို့၏ ကိုယ်ပိုင်အပြုအမူအတွက် တာဝန်ယူရမည်ဖြစ်ပြီး၊ ၎င်းတို့၏လုပ်ရပ်များအတွက် အကျိုးဆက်များကို ခံရမည်ဖြစ်သည်။ ဤရိုးရှင်းသော နမူနာနှင့်စပ်လျဉ်း၍- ကျန်း၏ အပြစ်ပေးခံရခြင်းနှင့် လီ၏ ပြန်ပေးဆပ်ခံရခြင်း- ဤသည်မှာ တရားသည် မဟုတ်လော။ လူတို့သည် ထိုသို့သောအရာများကို လုပ်ဆောင်သည့်အခါ၊ ဤသည်မှာ ဖြစ်ပေါ်သည့် ရလဒ်အမျိုးအစား ဖြစ်သည်။ ယင်းကို ဝိညာဉရေးရာနယ်ပယ်၏ စီမံအုပ်ချုပ်မှုမှ ခွဲခြား၍မရပေ။ ၎င်းတို့ ဘာသာတရားမရှိသူများ ဖြစ်သော်လည်း၊ ဘုရားသခင်ကို မယုံကြည်သူများ၏ တည်ရှိမှုသည် ကောင်းကင်ဘုံနှင့် သက်ဆိုင်သည့် ဤအမိန့်ပြန်တမ်းများနှင့် အမိန့်မျိုးတို့ကို နာခံရပေသည်။ ယင်းတို့မှ မည်သူမျှ မလွတ်မြောက်နိုင်သကဲ့သို့၊ ဤ လက်တွေ့အရှိတရားကို မည်သူမျှ မရှောင်ရှားနိုင်ပေ။

ယုံကြည်ခြင်း မရှိသူများသည် လူသားများအဖို့ မြင်နိုင်သည့် အရာရာတိုင်းသည် တည်ရှိသော်လည်း၊ မြင်၍မရနိုင်သည့်အရာတိုင်း သို့မဟုတ် လူတို့မှ အလွန်ကွာလှမ်းသောအရာတိုင်းသည် မတည်ရှိဟု မကြာခဏ ယုံကြည်ကြသည်။ ၎င်းတို့က “ရှင်ခြင်းနှင့် သေခြင်းသံသရာ” မရှိသကဲ့သို့၊ “အပြစ်ဒဏ်” မရှိဟု ယုံကြည်ဖို့ သာ၍ နှစ်သက်ကြသည်။ ထိုသို့ဖြင့် ၎င်းတို့သည် စိတ်မလုံမလဲ ဖြစ်ခြင်းမရှိဘဲ၊ အပြစ်ပြုကာ မကောင်းမှု ကျူးလွန်ကြ၏။ နောက်ပိုင်းတွင် ၎င်းတို့သည် အပြစ်ပေးခံရ၏၊ သို့မဟုတ် တိရစ္ဆာန်များအဖြစ် ပြန်ဝင်စားကြ၏။ ဘာသာတရားမရှိသူများထဲတွင် လူအမျိုးအစား အမျိုးမျိုး၏ အများစုသည် ဤရက်စက်သော သံသရာထဲသို့ ကျရောက်ကြသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဝိညာဉရေးရာနယ်ပယ်သည် သက်ရှိသတ္တဝါ အားလုံးအပေါ် ၎င်း၏ စီမံအုပ်ချုပ်မှုတွင် တင်းကျပ်သည်ကို ၎င်းတို့ မသိသောကြောင့် ဖြစ်သည်။ သင်ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ ဘုရားသခင်က သူ၏ မျက်လုံးများဖြင့် စောင့်ကြည့်လေ့လာသည့် နယ်ပယ်ကို လူတစ်ဦးမျှ သို့မဟုတ် အရာဝတ္ထုတစ်ခုမျှက မလွတ်မြောက်နိုင်သကဲ့သို့၊ ဘုရားသခင်၏ ကောင်းကင်ဘုံနှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများနှင့် အမိန့်များ၏ စည်းမျဉ်းများနှင့် ကန့်သတ်မှုများကို လူတစ်ဦးမျှ သို့မဟုတ် အရာဝတ္ထုတစ်ခုကမျှ မလွတ်မြောက်နိုင်သောကြောင့် ဖြစ်သည်ဆိုသည့် အမှန်တရား တည်ရှိ၏။ ထို့ကြောင့် သင်သည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ အပြစ်ပြုရန်နှင့် မကောင်းမှုကျူးလွန်ရန်မှာ လက်မခံနိုင်ဖွယ် ဖြစ်ပြီး၊ လုပ်ရပ်အားလုံးက အကျိုးဆက်များ ရှိသည်ကို ဤရိုးရှင်းသည့် နမူနာက အယောက်တိုင်းကို ပြောပြပေသည်။ အခြားသူတစ်ဦးအား ငွေလိမ်လည်ခဲ့သူ တစ်စုံတစ်ဦးသည် အပြစ်ပေးခံရသောအခါ၊ ထိုသို့သော အပြစ်ဒဏ်သည် မျှတ၏။ ဤကဲ့သို့သော အများအားဖြင့် တွေ့ကြရသည့် အပြုအမူသည် ဝိညာဉရေးရာနယ်ပယ်တွင် အပြစ်ပေးခံရပြီး ထိုသို့သော အပြစ်ဒဏ်ကို ဘုရားသခင်၏ အမိန့်များနှင့် ကောင်းကင်ဘုံနှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများအားဖြင့် ချမှတ်ပေသည်။ ထို့ကြောင့် ဆိုးဆိုးရွားရွား အပြစ်ရှိပြီး ဆိုးယုတ်သော အပြုအမူသည်- မုဒိမ်းကျင့်ခြင်းနှင့် တိုက်ခိုက်လုယူခြင်း၊ လိမ်လည်ခြင်းနှင့် လှည့်ဖြားခြင်း၊ ခိုးမှုနှင့် လုယက်မှု၊ လူသတ်မှုနှင့် မီးရှို့မှု စသည်ဖြင့်သည်- ပြင်းထန်မှုကွဲပြားသည့် အပြစ်ဒဏ်အမျိုးမျိုးကို သာ၍ပင် ခံရသည်။ ပြင်းထန်မှုကွဲပြားသည့် ဤအပြစ်ဒဏ်များတွင် မည်သည့်အရာ ပါဝင်သနည်း။ ယင်းတို့ထဲမှ အချို့သည် အချိန်ကို အသုံးပြုခြင်းဖြင့် ပြင်းထန်မှုအဆင့်ကို သတ်မှတ်သည်၊ အချို့မှာမူ ကွဲပြားသော နည်းပညာများမှတစ်ဆင့် ထိုသို့ လုပ်ဆောင်လေသည်။ အခြားသူများသည် လူတို့ ပြန်ဝင်စားသည့်အခါ၊ ၎င်းတို့ မည်သည့်နေရာ သွားကြသည်ကို သတ်မှတ်ခြင်းအားဖြင့် ထိုသို့ လုပ်ဆောင်ဆဲဖြစ်၏။ ဥပမာအားဖြင့် အချို့လူများသည် အယုတ္တ အနတ္တထွက်သည်။ “အယုတ္တ အနတ္တထွက်သည်” ဆိုသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းသည် အခြားသူများအား မကြာခဏ ဆဲဆိုခြင်းနှင့် အခြားသူများကို ဆဲဆိုသည့် မလိုမုန်းထားသော စကားကို မကြာခဏ အသုံးပြုခြင်းတို့ကို ဆိုလိုသည်။ မလိုမုန်းထားသော စကားက မည်သည့်အရာကို ညွှန်ပြသနည်း။ ယင်းက လူသည် ဆိုးယုတ်သော နှလုံးသား ရှိသည်ကို ညွှန်ပြပေသည်။ အခြားသူတို့အား ဆဲဆိုသော ရိုင်းစိုင်းသည့် စကားသည် ထိုသို့သောလူတို့၏ ပါးစပ်များမှ လာလေ့ရှိကာ၊ ထိုသို့သော မလိုမုန်းထားသည့် စကားက ပြင်းထန်သည့် အကျိုးဆက်များ ဆောင်ကြဉ်း၏။ ဤလူများသေဆုံးကာ သင့်တော်သည့် အပြစ်ဒဏ်ရရှိပြီးနောက်၊ ၎င်းတို့သည် ဆွံ့အသူများအဖြစ် ပြန်လည်မွေးဖွားကောင်း မွေးဖွားနိုင်သည်။ အချို့သောလူများသည် ၎င်းတို့အသက်ရှင်စဉ်တွင် လွန်စွာ အပိုင်ကြံတတ်သည်။ ၎င်းတို့သည် အခြားသူများအပေါ် မကြာခဏ အခွင့်အရေးယူကြသည်။ ၎င်းတို့၏ သေးငယ်သည့် လျှို့ဝှက်ကြံစည်မှုများသည် အထူးသဖြင့် ကောင်းမွန်စွာ စီစဉ်ထားကြကာ လူတို့ကို များစွာ ထိခိုက်နစ်နာစေကြသည်။ ၎င်းတို့ ပြန်လည်မွေးဖွားသည့်အခါ၊ ကျပ်မပြည့်သူများ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ဒုက္ခိတဖြစ်သော လူများအဖြစ် ဖြစ်နိုင်သည်။ အချို့သော လူများသည် အခြားသူများ၏ ကိုယ်ရေးကိုယ်တာကိစ္စကို မကြာခဏ ချောင်းကြည့်လေ့ရှိသည်။ ၎င်းတို့၏မျက်လုံးများသည် ၎င်းတို့ သိခွင့်မရှိသည့် အရာများစွာကို မြင်ကြပြီး ၎င်းတို့ မသိသင့်သည့် အရာများစွာကို သိကြ၏။ အကျိုးဆက်အနေဖြင့် ၎င်းတို့ ပြန်လည်မွေးဖွားသည့်အခါ၊ ၎င်းတို့ မျက်စိကန်းကောင်း ကန်းနိုင်သည်။ လူအချို့သည် ၎င်းတို့ အသက်ရှင်စဉ်တွင် လွန်စွာ လျင်မြန်ထက်မြက်၏။ ၎င်းတို့သည် မကြာခဏ ခိုက်ရန်ဖြစ်ပွားလေ့ရှိကာ မကောင်းမှုများစွာ လုပ်ကြ၏။ ဤအရာကြောင့်၊ ၎င်းတို့သည် ဒုက္ခိတ၊ ခြေကျိုးနေသူအဖြစ် သို့မဟုတ် လက်တစ်ဘက်မရှိဘဲလျက် ပြန်မွေးဖွားနိုင်သည်။ သို့မဟုတ်ပါက ၎င်းတို့သည် ကျောဘုနှင့်လူများ သို့မဟုတ် လည်ပင်းရွဲ့သူများအဖြစ် ပြန်မွေးဖွားနိုင်သည် သို့မဟုတ် ခြေထော့ကျိုးဖြင့် လမ်းလျှောက်နိုင်၏၊ ခြေတစ်ဘက်မှာ အခြားတစ်ဘက်ထက် သာ၍တိုခြင်း စသည်တို့ဖြစ်နိုင်၏။ ဤအရာတို့တွင် ၎င်းတို့သည် အသက်ရှင်စဉ် ၎င်းတို့ကျူးလွန်ခဲ့သည့် မကောင်းမှုအဆင့်များအပေါ် အခြေခံ၍ အမျိုးမျိုးသော အပြစ်ဒဏ်များ ခံကြရပြီး ဖြစ်သည်။ လူအချို့သည် အဘယ်ကြောင့် မျက်လုံးများစွေကြသည်ဟု သင်တို့ ထင်သနည်း။ ထိုသို့သောလူများစွာ ရှိသလော။ ဤခေတ်တွင် မနည်းပေ။ အချို့သောလူများသည် ၎င်းတို့၏အတိတ်ဘဝများတွင် ၎င်းတို့၏ မျက်လုံးများကို လွန်စွာအသုံးပြုခဲ့ပြီး မကောင်းသည့် အရာများစွာ လုပ်ဆောင်ခဲ့သောကြောင့် မျက်လုံးစွေရခြင်းဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့သည် စွေသော မျက်လုံးများဖြင့် ဤဘဝတွင် မွေးဖွားခဲ့ကြခြင်းဖြစ်ပြီး၊ ဆိုးရွားသော ကိစ္စများတွင်၊ ၎င်းတို့သည် မျက်စိကန်းလျက်ပင် မွေးဖွားကြရ၏။ ဤသည်မှာ ဒဏ်ခတ်ခံရခြင်းဖြစ်၏။ လူအချို့သည် ၎င်းတို့မသေဆုံးမီ အခြားသူများနှင့် အဆင်ပြေကြသည်။ ၎င်းတို့၏ ဆွေမျိုးများ၊ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များ၊ သို့မဟုတ် ၎င်းတို့နှင့် ဆက်စပ်သောလူများအတွက် ကောင်းသောအရာများစွာ ၎င်းတို့ လုပ်ဆောင်ကြသည်။ ၎င်းတို့သည် မရှိဆင်းရဲသားများအား ပေးကမ်းစွန့်ကြဲပြီး၊ အခြားသူများကို စောင့်ရှောက်ကြသည်၊ သို့မဟုတ် ငွေကြေးအရ ကူညီကြပြီး၊ လူတို့က ၎င်းတို့အား လွန်စွာ အထင်ကြီးကြလေသည်။ ထိုသို့သောလူများသည် ဝိညာဉရေးရာနယ်ပယ်သို့ ပြန်သွားသည့်အခါ၊ အပြစ်ပေးခြင်း မခံရပေ။ ဘာသာတရားမရှိသူ တစ်ဦးအတွက် မည်သည့်နည်းဖြင့်မဆို အပြစ်ပေးမခံရခြင်းမှာ ၎င်းတို့သည် အလွန်ကောင်းမြတ်သော လူတစ်ဦး ဖြစ်ခဲ့သည်ဟု ဆိုလို၏။ ဘုရားသခင်၏ တည်ရှိခြင်းကို ယုံကြည်မည့်အစား ၎င်းတို့သည် ကောင်းကင်ရှိ အဖိုးအိုကိုသာ ယုံကြည်ကြ၏။ ထိုသို့သော လူတစ်ဦးသည် ၎င်းတို့လုပ်ဆောင်သမျှတိုင်းကို စောင့်ကြည့်လျက် ၎င်းတို့၏အထက်တွင် ဝိညာဉ်တစ်ပါးရှိသည်ဟု ယုံကြည်၏- ယင်းမှာ ဤလူ ယုံကြည်သမျှ ဖြစ်သည်။ ရလဒ်မှာ ဤလူသည် များစွာ သာ၍ လိမ္မာခြင်းဖြစ်၏။ ထိုသို့သော လူများသည် ကြင်နာသောစိတ်နှလုံးရှိပြီး စေတနာရှိကြသကဲ့သို့၊ နောက်ဆုံးတွင် ဝိညာဉရေးရာနယ်ပယ်သို့ ၎င်းတို့ ပြန်သွားသည့်အခါ၊ ဝိညာဉရေးရာနယ်ပယ်သည် ၎င်းတို့အား အလွန်ကောင်းမွန်စွာ ဆက်ဆံလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့ မကြာမီ ပြန်ဝင်စားကြလိမ့်မည်။ ၎င်းတို့ ပြန်လည်မွေးဖွားကြသောအခါ၊ မည်သည့် မိသားစုမျိုးများတွင် ၎င်းတို့ ရောက်ရှိကြလိမ့်မည်နည်း။ ထိုသို့သော မိသားစုများသည် ချမ်းသာကြွယ်ဝခြင်း မရှိသော်လည်း၊ ၎င်းတို့၏ မိသားစုဝင်များ အလယ်တွင် စိတ်သဘောထား ညီညွတ်ခြင်းရှိလျက်၊ မည်သည့် အန္တရာယ်မဆိုမှ ကင်းလွတ်လိမ့်မည်။ ထိုနေရာတွင် ဤပြန်ဝင်စားသော လူများသည် ဘေးကင်း၊ ပျော်ရွှင်ဖွယ်ရာ နေ့ရက်များကို ဖြတ်သန်းကြလိမ့်မည်ဖြစ်ပြီး၊ အယောက်တိုင်းသည် ဝမ်းမြောက်ကာ ကောင်းမွန်သော ဘဝများကို အသက်ရှင်ကြလိမ့်မည်။ ဤလူများ အရွယ်ရောက်သောအခါတွင်၊ ကြီးမားသည့်၊ ဆွေကြီးမျိုးကြီးမိသားစုများ ရှိကြလိမ့်မည်၊ ၎င်းတို့၏ သားသမီးများသည် ပါရမီ ရှိကြလိမ့်မည်ဖြစ်ပြီး၊ အောင်မြင်မှုကို ပျော်မွေ့ကြရလိမ့်မည်ဖြစ်ကာ၊ ၎င်းတို့၏မိသားစုများသည် ကောင်းမွန်သော အခွင့်အလမ်းကို မွေ့လျော်ခံစားရလိမ့်မည်- ထိုသို့သောရလဒ်တစ်ခုသည် ဤလူတို့၏ အတိတ် ဘဝများနှင့် ကြီးမားစွာ ဆက်စပ်ပေသည်။ ဆိုလိုသည်မှာ လူတို့ သေဆုံးပြီးနောက် ၎င်းတို့ သွားကြပြီး ပြန်ဝင်စားကြသည့်နေရာ၊ ၎င်းတို့ အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ၊ ၎င်း၏ဘဝပေးတာဝန်များက မည်သည့်အရာများဖြစ်သည်၊ ဘဝတွင် မည်သည့်အရာကို ၎င်းတို့ ဖြတ်သန်းရမည်၊ မည်သည့် ဆုတ်ဆိုင်းမှုများကို ၎င်းတို့ ကြံ့ကြံ့ခံရမည်၊ မည်သည့် ကောင်းချီးမင်္ဂလာများကို ၎င်းတို့ မွေ့လျော်ခံစားရမည်၊ မည်သူတို့ကို ၎င်းတို့ ဆုံတွေ့ပြီး ၎င်းတို့ထံ မည်သည့်အရာများဖြစ်ပျက်လိမ့်မည်- ဤအရာကို မည်သူမျှ ကြိုတင်မခန့်မှန်းနိုင်၊ မရှောင်ရှားနိုင်ပေ၊ သို့မဟုတ် ယင်းတို့မှ ပုန်းကွယ်၍မရနိုင်ပေ။ ဆိုလိုသည်မှာ သင့်ဘဝ သတ်မှတ်ခံရပြီးသည်နှင့်တစ်ပြိုင်နက်၊ သင့်ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ- ယင်းကို ရှောင်ရှားဖို့ သင် မည်သို့မည်ပုံနှင့် မည်သည့် နည်းလမ်းဖြင့်မဆို ကြိုးစားပါစေ- ဝိညာဉရေးရာနယ်ပယ်၌ ဘုရားသခင်က သင့်အတွက် စီစဉ်ထားသည့် ဘဝလမ်းကြောင်းကို သင် ချိုးဖောက်၍ မရနိုင်ပေ။ အကြောင်းမှာ သင်သည် ပြန်ဝင်စားသည့်အခါ၊ သင့်ဘဝ၏ကံကြမ္မာကို သတ်မှတ်ထားနှင့်ပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အယောက်တိုင်းသည် ဤအရာကို ရင်ဆိုင်သင့်ပြီး ရှေ့ဆက် သွားသင့်သည်။ ဤသည်မှာ ဤလောကတွင် အသက်ရှင်သောသူ မည်သူမျှ မရှောင်ရှားနိုင်သည့် ကိစ္စတစ်ရပ်ဖြစ်ပြီး၊ မည်သည့်ကိစ္စမျှ သာ၍ မစစ်မှန်ပေ။ သင်တို့အားလုံးသည် ငါ ပြောနေခဲ့သည့် အရာရာတိုင်းကို နားလည်ပြီးဖြစ်သည်၊ ဟုတ်ပါသလော။

ဤအရာများကို နားလည်ပြီးနောက်၊ ဘုရားသခင်သည် ဘာသာတရားမရှိသူများ၏ ရှင်ခြင်းနှင့်သေခြင်း သံသရာအတွက် အလွန် အမှားမခံသကဲ့သို့၊ တင်းကျပ်သော စစ်ဆေးမှုများနှင့် စီမံအုပ်ချုပ်မှု ရှိသည်ကို သင်တို့ ယခု မြင်ကြပြီလော။ ပထမအနေဖြင့်၊ သူသည် ဝိညာဉ်လောကတွင် ကောင်းကင်ဘုံနှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများ၊ အမိန့်များနှင့် စနစ်များ အမျိုးမျိုးကို ထူထောင်ပြီးဖြစ်ကာ၊ ဤအရာများကို ကြောငြာပြီးသည်နှင့် တစ်ပြိုင်နက်၊ ယင်းတို့ကို ဘုရားသခင် သတ်မှတ်ထားသည့်အတိုင်း ဝိညာဉရေးရာနယ်ပယ်ရှိ တရားဝင် ရာထူးအမျိုးမျိုးတွင် ရှိသော သတ္တဝါများက အလွန်တင်းကျပ်စွာ ဆောင်ရွက်ကြပြီး၊ ယင်းတို့ကို မည်သူကမျှ မချိုးဖောက်ဝံ့ကြပေ။ ထို့ကြောင့် လူ့လောကရှိ လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့်သေခြင်း သံသရာ၌၊ တစ်စုံတစ်ဦးသည် တိရစ္ဆာန်တစ်ကောင်အဖြစ် ဝင်စားသည်ဖြစ်စေ၊ လူသားတစ်ဦးအဖြစ် ဝင်စားသည်ဖြစ်စေ၊ နှစ်ခုလုံးအတွက် ဥပဒေများရှိ၏။ ဤဥပဒေများသည် ဘုရားသခင်ထံမှ လာသောကြောင့်၊ မည်သူမျှ မချိုးဖောက်ဝံ့ကြသကဲ့သို့ မည်သူမျှ ချိုးဖောက်နိုင်ခြင်းလည်း မရှိပေ။ လူတို့ မြင်ရသည့် ရုပ်ဝတ္ထုလောကသည် ပုံမှန်ဖြစ်ကာ စနစ်တကျ ရှိသည်မှာ ဘုရားသခင်၏ ဤအချုပ်အခြာ အာဏာကြောင့်နှင့် ထိုသို့သော ဥပဒေများ တည်ရှိသောကြောင့်သာ ဖြစ်သည်။ လူသားများသည် ၎င်းတို့အဖို့ လုံးဝ မြင်၍မရနိုင်သည့် အခြားလောကနှင့်အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ တည်ရှိနိုင်ပြီး ယင်းနှင့်အတူ သဟဇာတဖြစ်စွာ အသက်ရှင်နိုင်သည်မှာ ဘုရားသခင်၏ ဤအချုပ်အခြာ အာဏာကြောင့်သာ ဖြစ်သည်- ထိုအရာအားလုံးကို ဘုရားသခင်၏ အချုပ်အခြာအာဏာမှ ခွဲခြား၍မရနိုင်ပေ။ လူတစ်ဦး၏ သွေးသားဘဝ သေဆုံးပြီးနောက်၊ ဝိညာဉ်သည် အသက်ရှိဆဲဖြစ်ပြီး၊ ထို့ကြောင့် ယင်းသည် ဘုရားသခင်၏ စီမံအုပ်ချုပ်မှုအောက်တွင် မရှိပါက၊ မည်သည့်အရာ ဖြစ်မည်နည်း။ ထိုဝိညာဉ်သည် နေရာတိုင်းကို ကျူးကျော် ဝင်ရောက်ရင်း၊ နေရာအနှံ့ သွားလာမည်ဖြစ်ကာ၊ လူ့လောကရှိ သက်ရှိအရာများကိုပင် အန္တရာယ်ပေးလိမ့်မည်။ ထိုသို့သော အန္တရာယ်သည် လူသားမျိုးနွယ်အပေါ်တွင်သာမက၊ အပင်များနှင့် တိရစ္ဆာန်များအပေါ်လည်း အန္တရာယ်ပြုနိုင်ပေမည်- သို့သော် ပထမဆုံး အန္တရာယ်ပြုခံရမည်မှာ လူတို့ ဖြစ်ပေမည်။ ဤသည်သာ ဖြစ်ခဲ့ပါက- ထိုသို့သော ဝိညာဉ်တစ်ခုသည် စီမံအုပ်ချုပ်မှု မရှိဘဲ၊ လူတို့ကို အစစ်အမှန် အန္တရာယ်ပြုကာ မကောင်းသည့် အရာများကို အမှန်တကယ် လုပ်ဆောင်ခဲ့ပါက- ဝိညာဉရေးရာနယ်ပယ်တွင်လည်း ဤဝိညာဉ်သည် သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ခြင်းခံရလိမ့်မည်။ အမှုအရာများသည် ဆိုးရွားခဲ့ပါက၊ ထိုဝိညာဉ်သည် မကြာခင် တည်ရှိတော့မည် မဟုတ်သကဲ့သို့၊ ဖျက်ဆီးခြင်းခံရပေမည်။ ဖြစ်နိုင်ပါက၊ ယင်းကို တစ်နေရာရာတွင် ထားရှိမည်ဖြစ်ပြီး၊ ထို့နောက် ပြန်ဝင်စားစေလိမ့်မည်။ ဆိုလိုသည်မှာ ဝိညာဉ်အမျိုးမျိုးနှင့်ဆိုင်သည့် ဝိညာဉရေးရာနယ်ပယ်၏ စီမံအုပ်ချုပ်မှုကို အဆင့်များနှင့် စည်းမျဉ်းများနှင့်အညီ ညွှန်ကြားကာ ဆောင်ရွက်ပေသည်။ လူသား၏ ရုပ်ဝတ္ထုလောကသည် ပရမ်းပတာ ဖြစ်ခြင်းထဲသို့ မကျရောက်သည်မှာ၊ ရုပ်ဝတ္ထုလောက၏ လူသားများသည် ပုံမှန်စိတ်နေစိတ်ထား၊ ပုံမှန် ဆင်ခြင်တုံတရားနှင့် စနစ်တကျရှိသော သွေးသားဘဝကို ပိုင်ဆိုင်သည်မှာ ထိုသို့သော စီမံအုပ်ချုပ်မှုကြောင့်သာ ဖြစ်သည်။ လူသားမျိုးနွယ်သည် ထိုသို့သော သာမန်ဘဝတစ်ခု ရှိသည့်နောက်တွင်သာ ဇာတိပကတိ၌ အသက်ရှင်သူတို့သည် ဆက်လက် ရှင်သန်နိုင်လိမ့်မည်ဖြစ်ပြီး၊ မျိုးဆက်များတစ်လျှောက် မျိုးပွားနိုင်လိမ့်မည် ဖြစ်သည်။

ခုတင်ကြားရပြီးဖြစ်သည့် နှုတ်ကပတ်တော်များနှင့်သက်ဆိုင်၍ မည်သည့်အရာကို သင် တွေးထင်သနည်း။ ယင်းတို့သည် သင့်အဖို့ အသစ်အဆန်း ဖြစ်သလော။ ယနေ့၏ မိတ်သဟာယ အကြောင်းအရာများက သင်တို့အား မည်သည့် ထင်မြင်ချက်များ ရှိသွားစေသနည်း။ ယင်းတို့၏ ထူးခြားဆန်းသစ်မှုမှလွဲ၍ အခြားတစ်ခုတစ်လေကို သင် ခံစားရသလော။ (လူတို့သည် လိမ္မာသင့်ကြပြီး၊ ဘုရားသခင်သည် ကြီးမြတ်ကာ ရိုသေလေးမြတ် ခံရသင့်သည်ကို ကျွန်ုပ်တို့ မြင်ရသည်။) (လူအမျိုးအစား အမျိုးမျိုး၏ အဆုံးသတ်များကို ဘုရားသခင် ကိုင်တွယ်ပုံနှင့်ပတ်သက်သည့် ဘုရားသခင်၏ ဆွေးနွေးမှုကို ယခုတင် ကြားပြီးနောက်၊ တစ်ဖက်တွင် ဘုရားသခင်၏စိတ်သဘောထားသည် မည်သည့် ပုန်ကန်ပြစ်မှားမှုကိုမျှ ခွင့်မပြုသကဲ့သို့၊ သူ့ကို ကျွန်ုပ် ရိုသေလေးမြတ်သင့်သည်ကို ကျွန်ုပ်ခံစားရ၏။ အခြားတစ်ဖက်တွင် မည်သည့်လူစားမျိုးကို ဘုရားသခင် နှစ်သက်ပြီး မည်သည့် လူစားမျိုးကို သူမနှစ်သက်သည်ကို ကျွန်ုပ်သိ၏၊ ထို့ကြောင့် ကျွန်ုပ်သည် ဘုရားသခင် နှစ်သက်သည့်သူများထဲမှ တစ်ဦး ဖြစ်လိုပါ၏။) ဤနယ်ပယ်တွင် ဘုရားသခင်သည် သူ၏ လုပ်ရပ်များ၌ မူအရ လုပ်ဆောင်သည်ကို သင်တို့ မြင်သလော။ သူ ဆောင်ရွက်သည့် အခြေခံသဘောတရားများမှာ အဘယ်နည်း။ (သူသည် လူတို့၏ အဆုံးသတ်များကို ၎င်းတို့ လုပ်ဆောင်သည့် အရာအားလုံးအရ သတ်မှတ်ပါသည်။) ဤသည်မှာ ငါတို့ ခုတင်ပြောခဲ့သည့် ဘာသာတရားမရှိသူများ၏ အဆုံးသတ် အမျိုးမျိုးအကြောင်း ဖြစ်၏။ ဘာသာတရားမရှိသူများနှင့် ပတ်သက်သည့်အခါ၊ ဘုရားသခင်၏ လုပ်ရပ်များ နောက်ကွယ်ရှိ အခြေခံသဘောတရားသည် ကောင်းသူများကို ဆုချခြင်းနှင့် ဆိုးယုတ်သူများကို အပြစ်ပေးခြင်း တစ်ခုလော။ ခြွင်းချက်များ တစ်ခုတစ်လေ ရှိသလော။ (မရှိပါ။) ဘုရားသခင်၏လုပ်ရပ်များ နောက်ကွယ်တွင် အခြေခံသဘောတရား တစ်ရပ်ရှိသည်ကို သင်တို့မြင်သလော။ ဘာသာတရားမရှိသူများသည် ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ကြသကဲ့သို့၊ ၎င်းတို့သည် သူ၏ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံခြင်း မရှိပေ။ ထို့အပြင် ၎င်းတို့သည် သူ့ကို အသိအမှတ်ပြုရန် မဆိုထားနှင့်၊ သူ၏ အချုပ်အခြာအာဏာကိုပင် မသိပေ။ ပို၍ ဆိုးရွားသည်မှာ၊ ၎င်းတို့သည် ဘုရားသခင်ကို မထီမဲ့မြင်ပြုကာ သူ့ကို ကျိန်ဆဲကြပြီး၊ ဘုရားသခင်ကို ယုံကြည်သူများ အပေါ် ရန်လိုကြ၏။ ဘုရားသခင်အပေါ် ၎င်းတို့၏ ဤသဘောထား ရှိသော်လည်း၊ ၎င်းတို့နှင့်ဆိုင်သည့် ဘုရားသခင်၏ စီမံအုပ်ချုပ်မှုမှာ သူ၏အခြေခံသဘောတရားများမှ သွေဖည်ခြင်း မရှိဆဲဖြစ်၏။ သူသည် ၎င်းတို့အား သူ၏ အခြေခံသဘောတရားများနှင့် သူ၏စိတ်သဘောထားနှင့်အညီ စနစ်တကျပုံစံဖြင့် စီမံအုပ်ချုပ်၏။ ဘုရားသခင်သည် ၎င်းတို့၏ ရန်လိုမှုကို မည်သို့ သဘောထားသနည်း။ မသိနားမလည်မှုအဖြစ် သဘောထားပေသည်။ အကျိုးဆက်အနေဖြင့် သူသည်- အလွန်များလှသော ဘာသာတရားမရှိသူများ အများစုဖြစ်သည့်- ဤလူတို့ကို အတိတ်တွင် တိရစ္ဆာန်များအဖြစ် ပြန်ဝင်စားစေပြီး ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏အမြင်တွင်၊ ဘာသာတရားမရှိသူများသည် အတိအကျ မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့အားလုံးသည် သားရဲများ ဖြစ်ကြ၏။ ဘုရားသခင်သည် သားရဲများအပြင် လူသားမျိုးနွယ်ကို စီမံအုပ်ချုပ်ပြီး၊ သူသည် ထိုသို့သော လူတို့အတွက် တူညီသော အခြေခံသဘောတရားများ ရှိ၏။ ဤလူများနှင့်သက်ဆိုင်သည့် သူ၏ စီမံအုပ်ချုပ်မှုတွင်ပင်၊ အရာခပ်သိမ်းအပေါ် သူ၏အုပ်စိုးမှုနောက်ကွယ်က သူ၏ ဥပဒေများကဲ့သို့ သူ၏စိတ်သဘောထားကို မြင်၍ရနိုင်ဆဲဖြစ်သည်။ ထို့ကြောင့် ငါခုတင် ဖော်ပြခဲ့သည့် ဘာသာတရားမရှိသူများကို သူ စီမံအုပ်ချုပ်သည့် အခြေခံသဘောတရားများတွင် သင်တို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို တွေ့မြင်ကြသလော။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သင်တို့ မြင်သလော။ (ကျွန်ုပ်တို့ မြင်ပါသည်။) တစ်နည်းအားဖြင့် အရာအားလုံးထဲမှ မည်သည့်အရာကို သူ ကိုင်တွယ်ဖြေရှင်းသည် ဖြစ်စေ၊ ဘုရားသခင်သည် သူ၏ကိုယ်ပိုင် အခြေခံ သဘောတရားများ နှင့် စိတ်သဘောထားနှင့်အညီ ဆောင်ရွက်လေသည်။ ဤသည်မှာ ဘုရားသခင်၏ အနှစ်သာရဖြစ်၏။ သူသည် ထိုသို့သော လူများကို သားရဲများအဖြစ် ယူဆသောကြောင့်သာ၊ သူ ချမှတ်ထားပြီးဖြစ်သည့် အမိန့်များ သို့မဟုတ် ကောင်းကင်ဘုံနှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများကို မည်သည့်အခါတွင်မျှ သာမန်ကာလျှံကာ ချိုးဖောက်မည် မဟုတ်ပေ။ ဘုရားသခင်သည် စိုးစဉ်းမျှ မဆင်မခြင်မပြုဘဲ၊ အခြေခံ သဘောတရားများနှင့်အညီ ဆောင်ရွက်ပြီး၊ သူ၏ လုပ်ရပ်များသည် မည်သည့် အကြောင်းရင်းမျှ၏ သက်ရောက်မှု လုံးဝ မခံရပေ။ သူ လုပ်ဆောင်သည့်အရာတိုင်းသည် သူ၏ကိုယ်ပိုင် အခြေခံသဘောတရားများကို လိုက်နာ၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် ဘုရားသခင်ကိုယ်တိုင်၏ အနှစ်သာရကို ပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ ဤသည်မှာ မည်သည့် အဖန်ဆင်းခံသတ္တဝါကမျှ မပိုင်ဆိုင်သော သူ၏ အနှစ်သာရ၏ လက္ခဏာသွင်ပြင် တစ်ရပ်ဖြစ်သည်။ ဘုရားသခင်သည် သူဖန်ဆင်းခဲ့သည့်အရာ အားလုံးထဲက အရာဝတ္ထုတိုင်း၊ လူတိုင်းနှင့် သက်ရှိတိုင်းကို ကိုင်တွယ်ရာတွင်၊ ချဉ်းကပ်ရာတွင်၊ စီမံခန့်ခွဲရာတွင်၊ စီမံအုပ်ချုပ်ပြီး အုပ်စိုးရာတို့တွင် တာဝန်ကျေပွန်ကာ တာဝန်သိပြီး ဤတွင် သူသည် မည်သည့်အခါကမျှ သတိမမူခြင်း မရှိဖူးပေ။ ကောင်းသော သူများအဖို့၊ သူသည် ယဉ်ကျေးသိမ်မွေ့ပြီး ကြင်နာ၏။ ဆိုးယုတ်သောသူများအပေါ်၊ သူသည် အကြင်နာကင်းသော အပြစ်ဒဏ်သင့်စေပြီး၊ သက်ရှိသတ္တဝါ အမျိုးမျိုးအတွက် သူသည် ကွဲပြားသောအချိန်များတွင် လူ့လောက၏ ခြားနားသော သတ်မှတ်ချက်များအတိုင်း အချိန်ကိုက်ပြီး ပုံမှန်ဖြစ်သော နည်းဟန်တစ်ခုဖြင့် သင့်တော်သော အစီအစဉ်များ သူ ပြုလုပ်သည်မှာ၊ ဤသက်ရှိသတ္တဝါ အမျိုးမျိုးသည် စနစ်ကျသော ပုံစံဖြင့် ၎င်းတို့ပါဝင်သည့် အခန်းကဏ္ဍများအတိုင်း ပြန်ဝင်စားကြပြီး၊ ရုပ်ဝတ္ထုလောကနှင့် ဝိညာဉရေးရာနယ်ပယ်အကြားတွင် စနစ်ကျသော နည်းလမ်းတစ်ခုဖြင့် ရွေ့လျားကြလေသည်။

သက်ရှိသတ္တဝါတစ်ခု၏ သေဆုံးခြင်းသည်- ရုပ်ခန္ဓာအသက် အဆုံးသတ်ခြင်းသည်- ထိုသက်ရှိသတ္တဝါသည် ရုပ်ဝတ္ထုလောကမှ ဝိညာဉရေးရာနယ်ပယ်ထဲသို့ ကူးပြောင်းပြီးဖြစ်သည်ကို ညွှန်ပြသည်၊ အသစ်သော ရုပ်ခန္ဓာအသက်၏ မွေးဖွားခြင်းမှာမူ သက်ရှိသတ္တဝါ တစ်ခုသည် ဝိညာဉရေးရာနယ်ပယ်မှ ရုပ်ဝတ္ထုလောကသို့ ရောက်လာပြီးဖြစ်ကာ ၎င်း၏အခန်းကဏ္ဍကို စတင်တာဝန်ယူကာ ဆောင်ရွက်သည်ကို ညွှန်ပြပေသည်။ ယင်းသည် သတ္တဝါတစ်ခု၏ ထွက်ခွာခြင်းဖြစ်စေ ရောက်ရှိခြင်းဖြစ်စေ၊ နှစ်ခုလုံးသည် ဝိညာဉရေးရာနယ်ပယ်၏အလုပ်မှ ခွဲခြား၍မရပေ။ တစ်စုံတစ်ဦးသည် ရုပ်ဝတ္ထုလောကထဲသို့ ရောက်လာသည့်အချိန်တွင်၊ မည်သည့် မိသားစုသို့ ထိုလူ သွားမည်၊ ၎င်းတို့ဆိုက်ရောက်မည့် ခေတ်၊ ၎င်းတို့ဆိုက်ရောက်မည့်အချိန်နှင့် ၎င်းတို့ဆောင်ရွက်မည့် အခန်းကဏ္ဍအဖို့၊ ဝိညာဉရေးရာနယ်ပယ်တွင် ဘုရားသခင်က သင့်တော်သည့် အစီအမံများနှင့် ချမှတ်ချက်များ ဖော်ဆောင်ထား နှင့်ပြီး ဖြစ်သည်။ ထို့သို့ဖြင့် ဤလူ၏အသက်တာတစ်ခုလုံး- ၎င်းတို့ လုပ်ဆောင်သည့်အရာများနှင့် ၎င်းတို့ လျှောက်လှမ်းသည့် လမ်းကြောင်းများသည်- သွေဖည်မှု စိုးစဉ်းမျှမရှိဘဲ ဝိညာဉရေးရာနယ်ပယ်တွင် ပြဌန်းထားသည့် အစီအစဉ်များအတိုင်း ရှေ့ဆက်လိမ့်မည်။ ထို့အပြင် ရုပ်ခန္ဓာအသက် အဆုံးသတ်သည့်အချိန်နှင့် ယင်းအဆုံးသတ်သည့် ပုံစံနှင့် နေရာတို့သည် ဝိညာဉရေးရာနယ်ပယ်အဖို့ ရှင်းလင်းသိသာကာ ထိုးထွင်းသိမြင်နိုင်ပေသည်။ ဘုရားသခင်သည် ရုပ်ဝတ္ထုလောကကို အုပ်စိုးပြီး၊ ဝိညာဉရေးရာနယ်ပယ်ကိုလည်း အုပ်စိုးကာ၊ သူသည် ဝိညာဉ်တစ်ပါး၏ ပုံမှန် ရှင်ခြင်းနှင့်သေခြင်း သံသရာကို နှောင့်နှေးစေမည် မဟုတ်သကဲ့သို့၊ ထိုသံသရာနှင့်ဆိုင်သည့် အစီအစဉ်များတွင် မည်သည့် အမှားများမျှ ကျူးလွန်နိုင်မည် မဟုတ်ပေ။ ဝိညာဉရေးရာနယ်ပယ်၏ တရားဝင်ရာထူးများ၌ ရှိသည့် အစောင့်အသီးသီးသည် ဘုရားသခင်၏ ညွှန်ကြားချက်များ၊ စည်းမျဉ်းများနှင့်အညီ ၎င်းတို့၏ တာဝန်တစ်ခုချင်းစီကို ထမ်းဆောင်ကာ ၎င်းတို့ လုပ်သင့်သော အရာများကို လုပ်ကြပေမည်။ ထို့ကြောင့် လူသားမျိုးနွယ်၏လောကတွင်၊ လူသားက ရှုမြင်ရသည့် ရုပ်ဝတ္ထု ဖြစ်စဉ်တိုင်းသည် စနစ်တကျရှိပြီး၊ ပရမ်းပတာများ မပါရှိပေ။ ဤအရာအားလုံးမှာ ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် စနစ်တကျ အုပ်ချုပ်မှုကြောင့်အပြင်၊ သူ၏ သြဇာအာဏာသည် အရာခပ်သိမ်းအပေါ် အုပ်စိုးသည်ဆိုသည့် အချက်ကြောင့်လည်း ဖြစ်သည်။ သူ၏ အုပ်စိုးမှုတွင် လူသားများ နေထိုင်သည့် ရုပ်ဝတ္ထုလောက ပါဝင်သည့်အပြင်၊ လူသားမျိုးနွယ်၏ နောက်ကွယ်ရှိ မမြင်နိုင်သော ဝိညာဉရေးရာနယ်ပယ်လည်း ပါဝင်၏။ ထို့ကြောင့် လူသားများသည် ကောင်းမွန်သောဘဝ ရှိလိုပြီး ကောင်းမွန်သော ပတ်ဝန်းကျင်များတွင် နေထိုင်ရန် မျှော်လင့်ပါက၊ မြင်၍ရနိုင်သည့် ရုပ်ဝတ္ထု လောကတစ်ခုလုံးဖြင့် ထောက်ပံ့ပေး ခံရခြင်းအပြင်၊ ၎င်းတို့ကို မည်သူမျှ မမြင်နိုင်သည့်၊ လူသားမျိုးနွယ်ကိုယ်စား သက်ရှိသတ္တဝါတိုင်းကို အုပ်ချုပ်ကာ စနစ်တကျရှိသည့် ဝိညာဉရေးရာနယ်ပယ်ဖြင့်လည်း ထောက်ပံ့ပေးရမည် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ ဖြစ်သည်ဟု ပြောပြီးသည့်နောက်၊ ငါတို့သည် “အရာခပ်သိမ်း” အပေါ် ငါတို့၏ အသိရှိခြင်းနှင့် နားလည်သဘောပေါက်ခြင်းတို့ကို တိုးပွားစေကြပြီး ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။)

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဝိညာဉရေးရာနယ်ပယ်ကို ဘုရားသခင် အုပ်စိုးကာ စီမံခန့်ခွဲပုံ- ယုံကြည်ခြင်းရှိသော လူအမျိုးမျိုး၏ ရှင်ခြင်းနှင့်သေခြင်းသံသရာ

ဘာသာတရားမရှိသူများဟူသော ပထမအတန်းအစားရှိ လူတို့၏ ရှင်ခြင်းနှင့် သေခြင်းသံသရာကို ငါတို့ ခုတင် ဆွေးနွေးခဲ့ကြသည်။ ယခုတွင်၊ ယုံကြည်ခြင်းရှိသည့်...

ဝိညာဉရေးရာနယ်ပယ်ကို ဘုရားသခင် အုပ်စိုးကာ စီမံခန့်ခွဲပုံ- ဘုရားသခင်၏ နောက်လိုက်များ၏ ရှင်ခြင်းနှင့် သေခြင်းသံသရာ

ဆက်လက်၍၊ ဘုရားသခင် နောက်လိုက်သောသူတို့၏ ရှင်ခြင်းနှင့်သေခြင်း သံသရာအကြောင်း ပြောကြစို့။ ဤအရာသည် သင်တို့နှင့်သက်ဆိုင်၏၊ ထို့ကြောင့်...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။