ဂျုံစပါးနှင့် တောပင်တို့ကို တစ်ခုမှတစ်ခု ထိုးထွင်းသိမြင်သည့်နည်းလမ်း

12.03.2021

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“စပါးရိတ်သည်ကာလ ရောက်လျှင်၊ တောပင်တို့ကို ရှေ့ဦးစွာရွေးနှုတ်၍ မီးရှို့ခြင်းငှါစည်းနှောင်ကြလော့။ စပါးကိုကား ကျီ၌စုသိမ်း သွင်းထားကြလော့ဟု ရိတ်သောသူတို့အား ငါစီရင်မည်ဟု အိမ်ရှင်ဆိုသည်ဟု မိန့်တော်မူ၏။” (ရှင်မဿဲခရစ်ဝင် ၁၃:၃၀)

“စပါးရိတ်သောကာလကား ဤကမ္ဘာကုန်သော ကာလဖြစ်၏။ စပါးရိတ်သောသူကား ကောင်းကင်တမန်ဖြစ်၏။ တောပင်တို့ကိုရွေးနှုတ်၍ မီးရှို့သကဲ့သို့ ဤကမ္ဘာအဆုံး၌ဖြစ်လတံ့။ လူသားသည် မိမိကောင်းကင်တမန်တို့ကိုစေလွှတ်ပြီးလျှင်၊ မှားယွင်းစေသောသူတို့နှင့် မတရားသော အမှုကို ပြုသောသူရှိသမျှတို့ကို နိုင်ငံတော်ထဲကရွေးနှုတ်၍၊ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို၌ချကြလတံ့။ ထိုအခါ ဖြောင့်မတ်သောသူတို့သည် နေထွန်းလင်းသကဲ့သို့ မိမိတို့အဘ၏နိုင်ငံတော်၌ ထွန်းလင်းကြ လတံ့။ ကြားစရာနားရှိသောသူသည် မည်သည်ကားကြားပါစေ။” (ရှင်မဿဲခရစ်ဝင် ၁၃:၃၉-၄၃)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ခေတ်ကို အဆုံးသတ်ခြင်းနှင့်ဆိုင်သည့် သူ၏ နောက်ဆုံး အမှုတွင်၊ ဘုရားသခင်၏ စိတ်သဘောထားသည် လူအားလုံးကို လူသိရှင်ကြား တရားစီရင်ရန်နှင့် သူ့ကို စစ်မှန်ရိုးသားသည့် စိတ်နှလုံးဖြင့် ချစ်သောသူတို့ကို စုံလင်စေရန်အလို့ငှာ မဖြောင့်မတ်သည့် အရာအားလုံးကို သူ ထုတ်ဖော်ပြသည့် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့်သက်ဆိုင်သည့် စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဤသို့သော စိတ်သဘောထားသည်သာလျှင် ခေတ်ကို အဆုံးသတ်စေနိုင်သည်။ နောက်ဆုံးသော ကာလသည် ရောက်ရှိနှင့်ပြီ ဖြစ်သည်။ ဖန်ဆင်းခြင်းထဲက အရာအားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ သဘာဝအပေါ် အခြေခံ၍ မတူကွဲပြားသော အမျိုးအစားများအဖြစ် ခွဲခြားခံရလိမ့်မည်။ ဤသည်မှာ ဘုရားသခင်က လူသားမျိုးနွယ်၏ အဆုံးသတ်နှင့် ၎င်းတို့၏ ပန်းတိုင်ကို ထုတ်ဖော်ပြသည့် အချိန် အခိုက်အတန့် ဖြစ်သည်။ အကယ်၍ လူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မကြုံကြရပါက၊ ၎င်းတို့၏ မနာခံမှုနှင့် မဖြောင့်မတ်မှုကို ဖော်ထုတ်ခြင်း နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်သာ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြ ခံရနိုင်ပေသည်။ လူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ခံရသော အခါမှသာ သူ၏စရိုက်အမှန်ကို ပြသသည်။ မကောင်းမှု ပြုသူများကို မကောင်းသောသူများနှင့်အတူ၊ ကောင်းသောသူများကို ကောင်းသောသူများနှင့်အတူ ထားရှိလိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ် အားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရကြလိမ့်မည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်၊ မကောင်းသော သူများသည် အပြစ်ဒဏ်ပေးခံရပြီး ကောင်းသောသူများသည် ဆုလာဘ်များရရှိကာ လူအားလုံးတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံကြရဖို့အလို့ငှာ၊ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြခံရလိမ့်မည်။ ဤအမှုအားလုံးကို ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ရရှိရပေမည်။ လူသား၏ ဖောက်ပြန်ပျက်စီးခြင်းသည် အမြင့်ဆုံးသို့ ရောက်ရှိပြီးဖြစ်ကာ သူ၏ မနာခံခြင်းသည် အလွန့်အလွန် ပြင်းထန်လာသောကြောင့်၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အဓိကအားဖြင့် ပေါင်းစပ်ထားပြီး၊ နောက်ဆုံးသောကာလအတွင်းတွင် ထုတ်ဖော်ပြခံရသည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည်သာ လူကို အပြည့်အဝ ပြောင်းလဲနိုင်ပြီး ပြည့်စုံစေနိုင်ပေသည်။ ဤစိတ်သဘောထားသည်သာ မကောင်းမှုကို ဖော်ထုတ်နိုင်ပြီး၊ ထိုသို့ဖြင့် မဖြောင့်မတ်သောသူအားလုံးကို ပြင်းထန်စွာ အပြစ်ပေးနိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)

နိုင်ငံတော်ခေတ်တွင် လူသားသည် စုံလင်စေခြင်း အပြည့်အဝ ခံရလိမ့်မည်။ သိမ်းပိုက်ခြင်း အမှုနောက်တွင်၊ လူသားသည် စစ်ဆေးခြင်းနှင့် အတိဒုက္ခကို ခံရလိမ့်မည်။ ဤဒုက္ခဆင်းရဲခြင်း အတောအတွင်းတွင် အောင်မြင်ကျော်လွှားနိုင်ပြီး သက်သေ ရပ်တည်နိုင်သူတို့သည်၊ နောက်ဆုံးတွင် စုံလင်စေခြင်း ခံရမည့်သူများ ဖြစ်သည်။ ၎င်းတို့သည် အောင်မြင်သောသူများ ဖြစ်ကြသည်။ ဤဒုက္ခဆင်းရဲခြင်းအတောအတွင်းတွင်၊ လူသားသည် ဤစစ်ဆေးခြင်းကို လက်ခံရန်လိုအပ်ပြီး၊ ဤစစ်ဆေးခြင်းသည် ဘုရားသခင် အမှု၏ နောက်ဆုံး ဖြစ်စဉ်ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုအားလုံး အဆုံးမသတ်မီတွင် လူသားက စစ်ဆေးခြင်း ခံရလိမ့်မည်မှာ နောက်ဆုံးအကြိမ်ဖြစ်ပြီး၊ ဘုရားသခင်နောက် လိုက်သည့်သူအားလုံးသည် ဤနောက်ဆုံးစမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းကို လက်ခံရမည်ဖြစ်သည်။ ဒုက္ခဆင်းရဲ၏ ပတ်ချာ ဝိုင်းခံရသော သူများသည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် ဘုရားသခင်၏ လမ်းပြခြင်း မရှိသူများ ဖြစ်ကြသည်၊ သို့သော် အမှန်တကယ် သိမ်းပိုက်ခံရပြီးဖြစ်ကာ ဘုရားသခင်ကို အမှန်တကယ် ရှာဖွေသူတို့သည် နောက်ဆုံးတွင် မားမားမတ်မတ် ရပ်တည်နိုင်ကြလိမ့်မည်။ ၎င်းတို့သည် လူ့သဘာဝကို ပိုင်ဆိုင်သူများနှင့် ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသူများ ဖြစ်ကြသည်။ ဘုရားသခင် မည်သည့်အရာကိုပင် လုပ်ဆောင်သည်ဖြစ်စေ၊ ဤအောင်နိုင်သူတို့သည် ရူပါရုံများ ကင်းမဲ့လိမ့်မည် မဟုတ်သကဲ့သို့၊ ၎င်းတို့၏ သက်သေခံချက်များတွင် ကျရှုံးခြင်းမရှိဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဆဲ ဖြစ်လိမ့်မည်။ ၎င်းတို့သည် နောက်ဆုံးတွင် ဒုက္ခဆင်းရဲမှ ထွက်ပေါ်လာမည့်သူများ ဖြစ်သည်။ ဒုက္ခပင်လယ်တွင် ငါးဖမ်းသူများသည် ယနေ့တွင် ကပ်ပါးရပ်ပါးလုပ်နိုင်ကြသေးသော်လည်း၊ မည်သူမျှ နောက်ဆုံးသော ဒုက္ခဆင်းရဲကို မလွှတ်မြောက်နိုင်သကဲ့သို့၊ မည်သူကမျှ နောက်ဆုံးသော စမ်းသပ်ခြင်းကို မလွှတ်မြောက်နိုင်ပေ။ အောင်နိုင်သည့် သူများအတွက် ထိုသို့သော ဆင်းရဲဒုက္ခသည် ကြီးမားသည့် စစ်ဆေးခြင်း ဖြစ်သည်။ သို့သော်လည်း ဒုက္ခပင်လယ်တွင် ငါးဖမ်းသူများအတွက်၊ ယင်းသည် လုံးဝ ရှင်းလင်းသုတ်သင်ခြင်း အလုပ် ဖြစ်သည်။ ၎င်းတို့ကို မည်မျှ ကြိုးစားစေကာမူ၊ စိတ်နှလုံးထဲတွင် ဘုရားသခင်ရှိထားသူများ၏ သစ္စာခံခြင်းသည် မပြောင်းမလဲ ရှိနေသည်။ သို့သော် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိသော သူများအတွက်၊ ဘုရားသခင်၏ အမှုသည် ၎င်းတို့ဇာတိပကတိအတွက် အကျိုးမပြုသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်နှင့်ဆိုင်သည့် ၎င်းတို့၏အမြင်ကို ၎င်းတို့ ပြောင်းလဲကြပြီး၊ ဘုရားသခင်ထံမှပင် စွန့်ခွာကြလေသည်။ ထိုသို့သောသူများသည် အဆုံးတွင် မြဲမြံစွာ မရပ်တည်မည့်သူများ၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကိုသာ ရှာဖွေပြီး မိမိတို့ကိုယ်ကိုယ် ဘုရားသခင်အတွက် အသုံးခံရန်နှင့် မိမိတို့ကိုယ်ကိုယ် သူ့အဖို့ ဆက်ကပ်ရန် ဆန္ဒမရှိကြသူများ ဖြစ်သည်။ ထိုသို့သော ယုတ်ညံ့သည့်လူများအားလုံးသည် ဘုရားသခင်၏အမှု အဆုံးသတ်သို့ ရောက်လာသည့်အချိန်တွင် နှင်ထုတ်ခံရလိမ့်မည်ဖြစ်ပြီး၊ မည်သည့် စာနာထောက်ထားခြင်းနှင့်မျှ မထိုက်တန်ကြချေ။ လူ့သဘာဝ မရှိသူများသည် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်စွမ်း မရှိကြချေ။ ပတ်ဝန်းကျင်က လုံခြုံပြီး စိတ်ချရသောအခါ၊ သို့မဟုတ် အကျိုးအမြတ်များ ရှိသည့်အခါတွင်၊ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ နာခံကြသော်လည်း၊ ၎င်းတို့ ဆန္ဒရှိသည့်အရာသည် အထိခိုက် ခံရသည့်အခါ သို့မဟုတ် နောက်ဆုံးတွင် ငြင်းဆန်ခြင်းခံရသည့်အခါတွင်၊ ချက်ချင်း ပုန်ကန်ကြလေသည်။ တစ်ညတာ အချိန်လေးတွင်ပင်၊ ၎င်းတို့သည် ယုတ္တိယုတ္တာ သို့မဟုတ် အကြောင်းပြချက် မရှိဘဲ၊ ယမန်နေ့က ၎င်းတို့၏ ကျေးဇူးရှင်ကို ၎င်းတို့ အသေအကြေတိုက်မည့် ရန်သူအဖြစ် ရုတ်တရက် ဆက်ဆံရင်း၊ ပြုံးရွှင်နေသည့်၊ “စိတ်နှလုံးကောင်း” ရှိသည့် ပုဂ္ဂိုလ်အဖြစ်မှ ကြည့်ရဆိုးပြီး ရက်စက်ကြမ်းကြုတ်သည့် လူသတ်သမားအဖြစ်သို့ ပြောင်းလဲ သွားနိုင်လေသည်။ မျက်တောင်ပင်မခတ်ဘဲ သတ်ဖြတ်မည့် ဤမကောင်းဆိုးဝါးများကို မနှင်ထုတ်လျှင်၊ ၎င်းတို့သည် ကွယ်ဝှက်သော အန္တရာယ်ဖြစ်လာမည် မဟုတ်လော။ သိမ်းပိုက်ခြင်း အမှု ပြီးပြည့်စုံခြင်းနောက်တွင် လူသားကို ကယ်တင်ခြင်း အမှုအား စွမ်းဆောင်ရရှိခြင်း မဟုတ်ပေ။ သိမ်းပိုက်ခြင်း အမှုသည် အဆုံးသတ်သို့ ရောက်လာပြီးဖြစ်သော်လည်း၊ လူသားကို သန့်စင်စေခြင်း အမှုက အဆုံးမသတ်သေးပေ။ ထိုသို့သောအမှုသည် လူသားက အပြည့်အဝ သန့်စင်ခြင်း ခံရပြီးသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသူများက စုံလင်စေခြင်း ခံရပြီးသည်နှင့်တစ်ပြိုင်နက်၊ ပြီးလျှင် စိတ်နှလုံးထဲတွင် ဘုရားသခင် မရှိသည့် အယောင်ဆောင်များ နုတ်ပယ်ခြင်း ခံရပြီးသည်နှင့်တစ်ပြိုင်နက်တွင်သာ ပြီးစီးလိမ့်မည် ဖြစ်သည်။ ဘုရားသခင်ကို သူ၏ အမှု နောက်ဆုံးအဆင့်တွင် စိတ်မကျေနပ်စေနိုင် သူများသည် လုံးဝ သုတ်သင်ပယ်ရှားခံရလိမ့်မည်ဖြစ်ပြီး၊ သုတ်သင်ပယ်ရှင်းခြင်း ခံရသူများသည် နတ်ဆိုးနှင့် သက်ဆိုင်ကြပေသည်။ ၎င်းတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်စွမ်း မရှိကြသည်နှင့်အမျှ၊ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်တတ်ကြပြီး၊ ဤလူတို့သည် ယနေ့တွင် ဘုရားသခင်နောက် လိုက်ကြသော်လည်း၊ ဤအရာက ၎င်းတို့သည် နောက်ဆုံးတွင် ကျန်ရှိကြလိမ့်မည်ဟု သက်သေမပြပေ။ “ဘုရားသခင်နောက်သို့ အဆုံးတိုင် လိုက်သောသူသည် ကယ်တင်ခြင်းကို ရရှိလိမ့်မည်။” ဟူသော နှုတ်ကပတ်တော်များတွင်၊ “နောက်သို့လိုက်ခြင်း” ၏ အဓိပ္ပာယ်မှာ ဒုက္ခဆင်းရဲ အလယ်တွင် မားမားမတ်မတ် ရပ်တည်ခြင်း ဖြစ်သည်။ ယနေ့တွင် လူများစွာတို့သည် ဘုရားသခင်နောက်သို့ လိုက်ခြင်းက လွယ်ကူသည်ဟု ထင်ကြသည်၊ သို့ရာတွင် ဘုရားသခင်၏ အမှု အဆုံးသတ်ခါနီးတွင်၊ “နောက်တော်သို့လိုက်ခြင်း” ၏ အဓိပ္ပာယ်အမှန်ကို သင်သိလိမ့်မည်။ သင်သည် သိမ်းပိုက်ခြင်း ခံရပြီးနောက် ယနေ့ ဘုရားသခင်နောက်သို့ လိုက်နိုင်သေးရုံမျှဖြင့်၊ ဤအရာက သင်သည် စုံလင်အောင် ပြုလုပ်ခြင်းခံရမည့် လူအများထဲမှ တစ်ဦးဖြစ်သည်ဟု သက်သေမပြပေ။ စမ်းသပ်မှုများကို မခံနိုင်သည့် သူများ၊ ဒုက္ခဆင်းရဲ၏ အလယ်တွင် အောင်နိုင်ခြင်း မရှိသူများသည် နောက်ဆုံးတွင် မားမားမတ်မတ် ရပ်တည်မနေနိုင်ဘဲ၊ ဘုရားသခင်နောက်သို့ အဆုံးတိုင်အောင် လိုက်လျှောက်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်နောက်သို့ အမှန်တကယ် လိုက်လျှောက် သူများသည် ၎င်းတို့အလုပ်နှင့်ဆိုင်သည့် စမ်းသပ်မှုကို ခံနိုင်ရည် ရှိကြသည်၊ သို့ရာတွင် ဘုရားသခင်နောက်သို့ အမှန်တကယ် မလိုက်လျှောက်သူများမှာ ဘုရားသခင်၏ မည်သည့်စစ်ဆေးမှုကိုမျှ ခံရပ်နိုင်စွမ်းမရှိကြပေ။ အနှေးနှင့်အမြန် ၎င်းတို့သည် နှင်ထုတ်ခံရကြလိမ့်မည်ဖြစ်သော်လည်း၊ အောင်နိုင်သူများသည် နိုင်ငံတော်တွင် ကျန်ရှိကြလိမ့်မည်။ လူသားက ဘုရားသခင်ကို အမှန်တကယ် ရှာဖွေသည်၊ မရှာဖွေသည်ကို သူ၏အလုပ်နှင့်ဆိုင်သည့် စစ်ဆေးမှုအားဖြင့်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ စမ်းသပ်မှုများအားဖြင့်၊ ဆုံးဖြတ်ခြင်းဖြစ်ကာ လူကိုယ်တိုင် ဆုံးဖြတ်ချက်နှင့် လားလားမျှ မသက်ဆိုင်ပေ။ ဘုရားသခင်သည် မည်သည့်လူကိုမျှ စိတ်ကူးပေါက်ရာ မငြင်းပယ်ပေ။ သူလုပ်ဆောင်သမျှသည့် လူသားကို လုံးဝ လက်ခံယုံကြည်စေနိုင်သည်။ သူသည် လူသားက မမြင်နိုင်သည့် မည်သည့်အရာကိုမျှ၊ သို့မဟုတ် လူသားကို လက်ခံမယုံကြည်စေနိုင်သည့် မည်သည့်အမှုကိုမျှ မလုပ်ဆောင်ပေ။ လူသား၏ ယုံကြည်ခြင်းက မှန်သည်၊ မှားသည်ဆိုသည်ကို အမှန်တရားများအားဖြင့် သက်သေပြခြင်း ဖြစ်ပြီး၊ လူသားက ဆုံးဖြတ်၍ မရနိုင်ပေ။ “ဂျုံစပါးပင်ကို တောပင်များအဖြစ်သို့ မပြုလုပ်နိုင်သကဲ့သို့၊ တောပင်များကိုလည်း ဂျုံစပါးပင်အဖြစ်သို့ မပြုလုပ်နိုင်ပါ” ဆိုသည်မှာ ယုံမှားဖွယ်ရာ မရှိပေ။ ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသူများအားလုံးသည် နောက်ဆုံးတွင် နိုင်ငံတော်ထဲ ကျန်ရှိကြလိမ့်မည် ဖြစ်ပြီး၊ သူ့ကို အမှန်တကယ် ချစ်မြတ်နိုးသည့် မည်သူကိုမဆို ဘုရားသခင်က နှိပ်စက်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

ယခုတွင် သင်သည် ငါ့ကို အဘယ်ကြောင့်ယုံကြည်သည်ကို အမှန်တကယ် သိပါသလော။ ငါ့အမှု၏ ရည်ရွယ်ချက်နှင့် အရေးပါမှုတို့ကို သင်အမှန်တကယ်သိပါသလော။ သင်၏ တာဝန်ကို သင် အမှန်တကယ် သိပါသလော။ ငါ၏ သက်သေခံချက်ကို သင်အမှန်တကယ်သိပါသလော။ သင်သည် ငါ့ကိုယုံကြည်ရုံ မျှသာဖြစ်သော်လည်း၊ သင်၌ ငါ၏ ဘုန်းအသရေ သို့မဟုတ် သက်သေခံချက် အရိပ်လက္ခဏာမရှိပါက၊ ငါသည် သင့်ကို ကြာမြင့်စွာကတည်းက သုတ်သင်ဖယ်ရှားပြီးဖြစ်သည်။ အရာအားလုံးကို သိရှိသောသူတို့အတွက်မူ၊ ၎င်းတို့သည် သာ၍ပင် ငါ့မျက်စိထဲ၌ ဆူးများ ဖြစ်သကဲ့သို့၊ ငါ၏အိမ်တော်တွင် ၎င်းတို့သည် ငါ၏ လမ်း၌ အဟန့်အတားများထက် ဘာမျှမပိုပေ၊ ၎င်းတို့သည် ငါ၏ အမှုတွင် လုံးဝ အလှေ့ခံရမည့် တောပင်များဖြစ်ကြသည်၊ ၎င်းတို့သည် အသုံးမဝင်ကြ၊ အသုံးမကျကြသကဲ့သို့၊ ငါသည် ၎င်းတို့ကို ရွံရှာခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ သက်သေခံချက် မရှိသူများအားလုံးအပေါ် ငါ၏ အမျက်ဒေါသသည် မကြာခဏ ကျရောက်ပြီး၊ ငါ၏ လှံတံသည် ၎င်းတို့ထံမှ မည်သည့်အခါမျှ သွေဖည် မသွားပေ။ ငါသည် ၎င်းတို့ကို ဆိုးယုတ်သူ၏ လက်ထဲသို့ အချိန်ကြာမြင့်စွာက လွှဲပြောင်းပေးပြီးဖြစ်သည်။ ၎င်းတို့သည် ငါ၏ကောင်းချီးမင်္ဂလာများ ကင်းမဲ့ကြလေသည်။ ထိုနေ့ရက် ရောက်လာသည့်အခါ၊ ၎င်းတို့၏ ပြစ်တင်ဆုံးမမှုသည် မိုက်မဲသော မိန်းမတို့ထက် သာ၍ ဆိုးရွားလိမ့်မည်။ ယနေ့တွင် ငါသည် ငါ လုပ်ရမည့် တာဝန်ဖြစ်သည့် အမှုကိုသာ ငါ လုပ်ဆောင်၏။ ငါသည် စပါးပင်အားလုံးတို့ကို တောပင်တို့နှင့်အတူတကွ စည်းနှောင်မည်။ ဤသည်မှာ ယနေ့ ငါ၏အမှုဖြစ်၏။ ငါ၏ စပါးလှေ့ခြင်း အချိန်ကာလတွင် ထိုတောပင်တို့သည် လှေ့ထုတ်ခံရလိမ့်မည်၊ ထိုနောက် စပါးစေ့တို့ကို ကျီတွင် စုသိမ်းပြီး လှေ့ထားသည့် တောပင်တို့ကို ပြာကျစေရန် မီးထဲသို့ချမည်။ ယခုတွင် ငါ၏ အလုပ်မှာ လူသားအားလုံးကို အစည်းများအဖြစ်သို့ စည်းနှောင်ရန်မျှ ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့ကို လုံးဝ သိမ်းပိုက်ရန် ဖြစ်သည်။ ထိုနောက်တွင် ငါသည် လူသား အားလုံး၏အဆုံးကို ထုတ်ဖော်ပြရန် စတင် စပါးလှေ့မည်။ ထို့ကြောင့် သင်သည် ယခု ငါ့ကို မည်သို့ စိတ်ကျေနပ်စေသင့်သည် ဆိုသည်နှင့် ငါ၌ သင်၏ ယုံကြည်ခြင်းတွင် လမ်းကြောင်းမှန်ပေါ် မည်သို့ အခြေချသင့်သည်ကို သင် သိသင့်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း

သင်တို့သည် ငါ၏လူများဟု ခေါ်ဆိုခံကြရသည့်အတွက်၊ သင်တို့အနေဖြင့် ငါ့နာမကို ဘုန်းထင်ရှားစေနိုင်သင့်ပေသည်။ ဆိုလိုသည်မှာ စမ်းသပ်မှုအလယ်တွင် သက်သေခံရပ်တည်ခြင်း ဖြစ်သည်။ လူတစ်ဦးသည် ငါ့အား မြှောက်ထိုးပင့်ကော် လုပ်ဖို့နှင့် ငါ့ထံမှ သမ္မာတရားကို ဖုံးကွယ်ထားရန် ကြိုးပမ်းပါက သို့မဟုတ် ငါ့နောက်ကွယ်တွင် သိက္ခာမဲ့သော ဆက်ဆံရေးများတွင် ပါဝင်ပတ်သက်ပါက၊ ထိုသို့သော လူများသည် ခြွင်းချက်မရှိ မောင်းထုတ်ခံရမည် ဖြစ်ကာ ၎င်းတို့အား ငါကိုင်တွယ်ဖြေရှင်းသည်ကို စောင့်ဆိုင်းရန် ငါ့အိမ်မှ မောင်းထုတ်ခံရမည်၊ ပြီးလျှင် ဖယ်ရှားခံရလိမ့်မည်။ အတိတ်တွင် ငါ့အပေါ် သစ္စာမရှိသကဲ့သို့ သားသမီးတို့၏ ချစ်ခင်မှုမရှိသူ၊ ပြီးလျှင် ယနေ့တွင် ငါ့အား ပွင့်ပွင့်လင်းလင်း ဝေဖန်ရန် တစ်ဖန် ထကြွ သူတို့သည်လည်း ငါ့အိမ်မှ မောင်းထုတ်ခံရလိမ့်မည်။ ငါ၏လူများဖြစ်သော သူတို့သည် ငါ၏ဝန်ထုပ်များကို စဉ်ဆက်မပြတ် စာနာထောက်ထားမှု ပြရမည်ဖြစ်သည့်အပြင် ငါ၏နှုတ်ကပတ်တော်များကို သိရှိဖို့ ကြိုးစားရမည်ဖြစ်သည်။ ဤသို့သော လူများကိုသာ ငါသည် ဉာဏ်ပွင့်လင်းစေမည် ဖြစ်ပြီး၊ ၎င်းတို့သည် ပြစ်တင်ဆုံးမမှုကို မည်သည့်အခါတွင်မျှ မရင်ဆိုင်ရဘဲ၊ ငါ၏လမ်းပြမှုနှင့် ဉာဏ်ပွင့်လင်းစေခြင်း အောက်တွင် ဧကန်မုချ အသက်ရှင်ကြလိမ့်မည်။ ငါ၏ဝန်ထုပ်များကို စာနာထောက်ထားမှု မပြနိုင်ဘဲလျက်၊ မိမိတို့ကိုယ်တိုင်၏ အနာဂတ်များအတွက် စီစဉ်ခြင်းအပေါ် အာရုံစိုက်သူများ- ဆိုလိုသည်မှာ၊ ၎င်းတို့၏ လုပ်ဆောင်ချက်များကို ငါ၏ စိတ်နှလုံးကို ကျေနပ်စေရန် ရည်ရွယ်ခြင်း မရှိဘဲ၊ ယင်းထက် ပေးစာကမ်းစာများကို ရှာဖွေသူများ- ၎င်းတို့သည့် မွေးဖွားခဲ့သည့်အချိန်မှ ငါ၏ဝန်ထုပ်များအပေါ် စာနာထောက်ထားမှု ပြဖို့ဆိုသည်မှာ မည်သည့်အရာ ဆိုသည်ကို ဘာမျှမသိရှိကြလေသောကြောင့်၊ ဤသူတောင်းစားကဲ့သို့သော သတ္တဝါများကို အသုံးပြုဖို့ ငါ လုံးဝ ငြင်းပယ်လေသည်။ ၎င်းတို့သည် ပုံမှန်အသိစိတ်မဲ့သော လူများဖြစ်သည်။ ထိုသို့သောလူများသည် ဦးနှောက် “အာဟာရချို့တဲ့မှု” ကို ခံစားရပြီး “အာဟာရ” တချို့အတွက် အိမ်ပြန်ရန်လိုအပ်သူများ ဖြစ်သည်။ ထိုသို့သော လူများကို ငါမသုံးပေ။ ငါ၏လူများအလယ်၊ အဆုံးတွင် ငါ့ကိုသိကျွမ်းခြင်းသည် အစာစားခြင်းကဲ့သို့ ကျွမ်းကျင်သောလက်ဖြင့် သင် သက်သောင့်သက်သာ လုပ်လေ့ ရှိသော အရာတစ်ခုကဲ့သို့ တရင်းတနှီး ဖြစ်လာဖို့အလို့ငှာ အယောက်တိုင်းသည် တစ်ခဏပင် လုံးဝ မေ့လျော့ခြင်း မရှိသောအရာတစ်ခုဖြစ်သည့် စားခြင်း၊ ဝတ်ခြင်းနှင့် အိပ်ခြင်းကဲ့သို့ ငါ့အား သိကျွမ်းခြင်းကို အဆုံးထိ ကျေပွန်ရမည့် တာဝန်ဝတ္တရားတစ်ခုအဖြစ် အလေးထားရန် လိုအပ် ပေလိမ့်မည်။ ငါပြောဆိုသော နှုတ်ကပတ်တော်များ အတွက်မူ၊ တစ်ခုစီတိုင်းကို အဆုံးစွန် ယုံကြည်မှုနှင့် ခံယူရမည်ဖြစ်ပြီး၊ အပြည့်အဝ စွဲမှတ်ရမည်။ ဝတ်ကျေတန်းကျေ တစ်ဝက်တစ်ပျက် ဆောင်ရွက်ခြင်း ရှိ၍ မဖြစ်ပေ။ ငါ၏နှုတ်ကပတ်တော်များကို အာရုံမစိုက်သောသူ မည်သူမဆိုသည် ငါ့အား တိုက်ရိုက်ခုခံနေခြင်းအဖြစ် မှတ်ယူခံ ရလိမ့်မည်။ ငါ့နှုတ်ကပတ်တော်များကို စားသုံးခြင်း မပြုသောသူ မည်သူမဆို သို့မဟုတ် ယင်းတို့ကို သိရှိရန် မကြိုးစားသောသူ မည်သူမဆိုသည် ငါ့ကို အာရုံစိုက်နေခြင်း မရှိသကဲ့သို့ မှတ်ယူခံရမည်ဖြစ်ပြီး ငါ၏အိမ်တံခါးပြင်ပသို့ တိုက်ရိုက် ဖယ်ရှားခံရလိမ်မည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ယခင်က ငါပြောခဲ့သည့်အတိုင်း၊ ငါအလိုရှိသည်မှာ အရေအတွက်များပြားသော လူများမဟုတ်ဘဲ၊ ထူးကဲသာလွန်မှု ဖြစ်သည်။ လူတစ်ရာတွင် ငါနှုတ်ကပတ်တော်များမှတစ်ဆင့် ငါ့ကို သိနိုင်သူ တစ်ဦးသာရှိပါက၊ ဤသူတစ်ဦးတည်းကို အသိဉာဏ် ပွင့်လင်းစေခြင်းနှင့် အလင်းပေးခြင်းတို့အပေါ် အာရုံစိုက်ဖို့ အခြားသူအားလုံးကို ငါ လိုလိုလားလား စွန့်ပယ်မည် ဖြစ်သည်။ ဤအရာမှ အရေအတွက်များခြင်း တစ်ခုတည်းက ငါ့ကို ထင်ရှားစေနိုင်ပြီး ငါ့အားဖြင့် အသက်ရှင် နေထိုင်နိုင်သည်ဆိုသည်မှာ သေချာပေါက် မမှန်ကန်သည်ကို သင်တို့ တွေ့နိုင်ပေသည်။ ငါအလိုရှိသည်မှာ (အစေ့အနှံများ မပြည့်ဝသည့်တိုင်) ဂျုံစပါးဖြစ်ပြီး (အစေ့အနှံများမှာ အထင်ကြီးစဖွယ် ပြည့်ဝချိန်တွင်ပင်) တောပင်များ မဟုတ်ပေ။ ရှာဖွေခြင်းကို အရေးမထားဘဲ၊ ယင်းအစား လျော့ရဲသည့် ပုံစံဖြင့် ပြုမူသူများအနေနှင့်မူ၊ မိမိတို့ သဘောအလျောက် ထွက်ခွာသွားသင့်သည်။ ၎င်းတို့သည် ငါ့နာမကို ဆက်လက် ဂုဏ်အသရေပျက်စေမည်စိုး၍၊ ၎င်းတို့ကို ငါနောက်ထပ် မမြင်လိုပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၅)

သင်အသက်ရှင်နေစဉ် သင့်အနေဖြင့် ဝေဒနာများစွာ ခံစားခဲ့ပြီးဖြစ်နိုင်သည်၊ သို့သော် ဘာကိုမျှ သင်နားမလည်သေး၊ အသက်အကြောင်း အရာခပ်သိမ်းကို သင်မသိဘဲ ဖြစ်နေသည်။ သင်သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ခံရပြီးဖြစ်သော်လည်း သင်သည် လုံး၀ မပြောင်းလဲသေး သကဲ့သို့ သင်၏အတွင်းနက်နဲရာတွင် သင်သည် အသက်ကိုမရရှိသေးပေ။ သင်၏အလုပ်ကို စမ်းသပ်ဖို့ အချိန်ကျရောက်လာသောအခါ မီးတမျှ ပြင်းထန်သော စမ်းသပ်ခြင်းနှင့် သာ၍ပင်ကြီးမားသော ဆင်းရဲဒုက္ခကို သင်ခံစားရမည်။ ဤမီးက သင်၏ဖြစ်တည်ခြင်း တစ်ခုလုံးကို ပြာမှုန်များအဖြစ်သို့ ပြောင်းသွားစေလိမ့်မည်။ အသက်မပိုင်သော သူတစ်ဦး၊ အတွင်း၌ ရွှေစင်တစ်အောင်စမျှ မရှိသော သူတစ်ဦး၊ ဟောင်းနွမ်းပျက်စီးသော စိတ်သဘောထားနှင့် ကပ်ငြိဆဲသူတစ်ဦးနှင့် အဖြည့်ခံအဖြစ်၌ ကောင်းမြတ်သော အလုပ်တစ်ခုကိုပင် မလုပ်နိုင်သောသူတစ်ဦး ဖြစ်သည်နှင့်အညီ သင်သည် အဘယ်သို့ ဖယ်ရှားခြင်း မခံရနိုင်မည်နည်း။ တစ်ပြားမတန်သကဲ့သို့ အသက်မပိုင်သောသူ တစ်ဦးသည် သိမ်းပိုက်ခြင်းအမှုအတွက် အသုံးဝင်မှု တစ်စုံတစ်ရာ ရှိနိုင်ပါသလော။ ထိုအချိန်ရောက်လာသောအခါ သင်တို့၏ နေ့ရက်ကာလများသည် နောဧနှင့် သောဒုံတို့၏ နေ့ရက်ကာလများထက် ပိုခက်ခဲလိမ့်မည်ဖြစ်သည်။ သင်၏ ဆုတောင်းချက်များသည် ထိုအခါတွင် သင့်ကို ကောင်းကျိုးပြုလိမ့်မည်မဟုတ်။ ကယ်တင်ခြင်းအလုပ် အဆုံးသတ်ပြီးနှင့်ပြီး ဖြစ်သည့်အခါတွင်၊ သင်သည် နောက်မှပြန်လာ၍ အသစ်တဖန် နောင်တရနိုင်မည်နည်း။ ကယ်တင်ခြင်းအလုပ်အားလုံး ပြီးမြောက်သည်နှင့် တစ်ပြိုင်နက် နောက်ထပ် ကယ်တင်ခြင်းအလုပ် ရှိတော့မည် မဟုတ်။ ရှိမည့်အရာမှာ ဆိုးယုတ်သောသူကို အပြစ်ပေးခြင်းအလုပ် စတင်ခြင်းဖြစ်သည်။ သင်သည် ခုခံသည်၊ ပုန်ကန်သည်၊ ပြီးလျှင် သင်သည် ဆိုးညစ်မှန်းသိသောအရာများကို လုပ်သည်။ သင်သည် ပြင်းထန်သော ပြစ်ဒဏ်စီရင်ခြင်း၏ ပစ်မှတ် မဟုတ်လော။ ယနေ့ ဤအရာကို သင့်အတွက် ငါရှင်းအောင်ပြောနေသည်။ နားမထောင်ဖို့ သင်ရွေးချယ်လျှင်၊ နောက်ပိုင်းတွင် သင့်အပေါ်သို့ ဘေးဒုက္ခ ကျရောက်သည့်အခါ၊ ထိုအခါမှ သင်စတင်နောင်တရပြီး စတင်ယုံကြည်လျှင် နောက်ကျလွန်းလိမ့်မည် မဟုတ်လော။ ငါသည် သင့်ကို ယနေ့ နောင်တရဖို့အခွင့်အရေး ပေးနေသော်လည်း သင်သည် နောင်တရရန် ဆန္ဒမရှိ။ သင်သည် အဘယ်မျှကြာ စောင့်ဆိုင်းချင်သနည်း။ ပြစ်တင်ဆုံးမခြင်း နေ့ရက်တိုင်အောင်လော။ ယနေ့ ငါသည် သင်၏ အတိတ်က ကျူးလွန်ခြင်းများကို မအောက်မေ့ပေ။ ငါသည် သင်၏ အပြုသဘော ဘက်သို့သာ ကြည့်ဖို့ရန် အပျက်သဘောမှ အဝေးသို့လှည့်ရင်း သင့်ကို အဖန်ဖန် ငါ ခွင့်လွှတ်၏၊ အဘယ့်ကြောင့်ဆိုသော် ငါ၏ လက်ရှိ နှုတ်ကပတ်တော်အားလုံးနှင့် အလုပ်အားလုံးတို့သည် သင့်ကို ကယ်တင်ဖို့ရန်ဖြစ်ပြီး သင့်အပေါ်မကောင်းသော ရည်ရွယ်ချက် ငါ၌မရှိပေ။ သို့သော် သင်သည် ၀င်ရောက်ရန် ငြင်းဆန်၏၊ မကောင်းသောအရာမှ ကောင်းသောအရာကို သင်မခွဲခြားနိုင်သကဲ့သို့ ကြင်နာမှုကို မည်သို့တန်ဖိုးထားရမည်ကို သင်မသိပေ။ ယင်းသို့သောသူတို့သည် ပြစ်ဒဏ်ပေးခြင်းနှင့် ဖြောင့်မတ်သော ဒဏ်ခတ်ခြင်းကိုသာ စောင့်ဆိုင်းနေသည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)

ယနေ့ခေတ်တွင် ရှာဖွေသောသူတို့နှင့် မရှာဖွေသောသူတို့သည် ၎င်းတို့၏ ခရီးပန်းတိုင်များလည်း အလွန် ကွဲပြားခြားနားသည့်၊ လုံးဝ မတူကွဲပြားသော လူနှစ်မျိုးနှစ်စား ဖြစ်ကြသည်။ သမ္မာတရားနှင့်ဆိုင်သည့် အသိပညာကို လိုက်စားပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူတို့သည် ဘုရားသခင်က ကယ်တင်ခြင်း ဆောင်ကြဉ်းပေးမည့်သူများ ဖြစ်သည်။ မှန်သောလမ်းခရီးကို မသိသောသူတို့သည် မကောင်းဆိုးဝါးများနှင့် ရန်သူများဖြစ်ကြသည်။ ၎င်းတို့သည် ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်များ ဖြစ်ကြပြီး၊ ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ မရေရာသော ဘုရားသခင်နှင့်သက်ဆိုင်သည့် ဘုရားတရားကိုင်းရှိုင်းသည့် ယုံကြည်သူများသည်ပင်- ၎င်းတို့သည်လည်း မကောင်းဆိုးဝါးများ ဖြစ်ကြသည် မဟုတ်လော။ ကောင်းမွန်သော အသိတရားများ ပိုင်ဆိုင်သော်လည်း၊ မှန်သောလမ်းခရီးကို လက်မခံသော လူတို့သည် မကောင်းဆိုးဝါးများ ဖြစ်ကြသည်။ ၎င်းတို့၏ အနှစ်သာရမှာ ဘုရားသခင်ကို ခုခံခြင်းနှင့်ဆိုင်သည့် အနှစ်သာရတစ်ခု ဖြစ်သည်။ မှန်သောလမ်းခရီးကို လက်မခံသူတို့သည် ဘုရားသခင်ကို ခုခံသူများဖြစ်ပြီး ထိုသို့သော လူများသည် အခက်အခဲများစွာကို ကြံ့ကြံ့ခံလျှင်ပင်၊ ဖျက်ဆီးခြင်းခံရလိမ့်ဦးမည် ဖြစ်သည်။ လောကကို စွန့်လွှတ်ရန် လိုလားခြင်း မရှိသူ၊ မိမိတို့၏ မိဘများနှင့် မခွဲခွာရက်သူနှင့် ၎င်းတို့၏ ကိုယ်ပိုင်ဇာတိပကတိ ပျော်ပါးမှုများမှ မိမိတို့ကိုယ်ကိုယ် မဖယ်ရှားရက်နိုင်သူ အားလုံးသည် ဘုရားသခင်ကို မနာခံကြသကဲ့သို့၊ ၎င်းတို့အားလုံးသည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆိုသည် မကောင်းဆိုးဝါးဆန်ပြီး၊ ထို့အပြင် ဖျက်ဆီးခံရလိမ့်မည်။ ယုံကြည်ခြင်း ရှိသော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သူများ၊ လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သူများနှင့် ဘုရားသခင်၏ တည်ရှိမှုကို လုံးဝ မယုံကြည်သူ အားလုံးသည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ ကျန်ရှိခွင့် ရှိလိမ့်မည့်သူအားလုံးမှာ စစ်ဆေးခြင်းနှင့်ဆိုင်သည့် ဆင်းရဲဒုက္ခကို ကြုံရပြီးဖြစ်ကာ ခိုင်ခိုင်မာမာ ရပ်တည်ပြီးဖြစ်သည့် လူများ ဖြစ်သည်။ ဤသည်တို့မှာ စမ်းသပ်မှုများကို အမှန်တကယ် ကြံ့ကြံ့ခံပြီးသည့် လူများ ဖြစ်သည်။ ဘုရားသခင်ကို အသိအမှတ် မပြုသူ မည်သူမဆိုသည် ရန်သူ ဖြစ်၏။ ဆိုလိုသည်မှာ လူ့ဇာတိခံ ဘုရားသခင်ကို အသိအမှတ်မပြုသောသူ မည်သူမဆိုသည်- ဤရေစီးကြောင်းအတွင်း သို့မဟုတ် ပြင်ပတွင် ၎င်းတို့ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ- အန္တိခရစ်တစ်ဦး ဖြစ်ပေသည်။ ဘုရားသခင်၌ မယုံကြည်သည့် ခုခံသူများ မဟုတ်ပါက၊ မည်သူသည် စာတန်ဖြစ်သနည်း၊ မည်သူတို့မှာ မကောင်းဆိုးဝါးများ ဖြစ်ပြီး၊ မည်သူတို့မှာ ဘုရားသခင်၏ ရန်သူများ ဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်ကို မနာခံသောသူများ ဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့သည် ယုံကြည်ခြင်း ရှိသည်ဟု အခိုင်အမာ ပြောဆိုသော်လည်း သမ္မာတရား ကင်းမဲ့သောသူများ မဟုတ်လော။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရန်မျှ ကြိုးစားကြသော်လည်း၊ ဘုရားသခင်အတွက် သက်သေမခံနိုင်သူများ ဖြစ်ကြသည် မဟုတ်လော။ သင်သည် ယနေ့ ထိုမကောင်းဆိုးဝါးများနှင့် ရောနှောဆဲဖြစ်ပြီး ၎င်းတို့အပေါ် အသိတရားနှင့် ချစ်ခြင်းမေတ္တာ ထားရှိနေနိုင်ဆဲ ဖြစ်သည်၊ သို့သော် ဤကိစ္စတွင် သင်သည် စာတန်အပေါ် ကောင်းသော ရည်ရွယ်ချက်များကို လက်ကမ်း ပေးနေခြင်း မဟုတ်လော။ သင်သည် မကောင်းဆိုးဝါးများနှင့် ပေါင်းဖော်နေခြင်း မဟုတ်လော။ အကယ်၍ ဤနေ့ရက်များတွင် လူတို့သည် အကောင်းနှင့်အဆိုးကို ခွဲခြားနိုင်ခြင်း မရှိသေးသကဲ့သို့၊ ဘုရားသခင်၏အလိုကို ရှာဖွေရန် မည်သည့်ရည်ရွယ်ချက်မျှ မရှိဘဲ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မိမိတို့ကိုယ်ပိုင်အဖြစ် မည်သည့်နည်းနှင့်မျှ လက်သင့်ခံနိုင်ခြင်း မရှိဘဲ၊ ဆက်လက်၍ ကျိုးကြောင်းမမြင်ဘဲ ချစ်တတ်ပြီး သနားကရုဏာစိတ်ရှိနေပါက၊ ၎င်းတို့၏ အဆုံးသတ်များသည် ပို၍ပင် စုတ်ချာလိမ့်မည်။ လူ့ဇာတိ၌ ရှိသော ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆိုသည် ဘုရားသခင်၏ ရန်သူ ဖြစ်သည်။ သင်သည် ရန်သူအပေါ် အသိစိတ်နှင့် ချစ်ခြင်းမေတ္တာ ထားရှိနိုင်ပါက၊ သင်၌ ဖြောင့်မတ်ခြင်းသဘော ကင်းမဲ့သည် မဟုတ်လော။ ငါ စက်ဆုပ်ရွံရှာပြီး ငါ သဘောမတွေ့သော သူတို့နှင့် သင်သည် သဟဇာတ ဖြစ်ပြီး၊ ၎င်းတို့အပေါ် ချစ်ခြင်းမေတ္တာ သို့မဟုတ် ပုဂ္ဂိုလ်ရေး ခံစားချက်များ ထားရှိနေသေးပါက၊ သင်သည် မနာခံသောသူဖြစ်သည် မဟုတ်လော။ သင်သည် တမင်တကာ ဘုရားသခင်ကို ဆန့်ကျင်နေခြင်း မဟုတ်လော။ ထိုသို့သော လူတစ်ဦးသည် သမ္မာတရားကို ပိုင်ဆိုင်သလော။ လူတို့သည် ရန်သူများအပေါ် အသိစိတ်၊ မကောင်းဆိုးဝါးများအတွက် ချစ်ခြင်းမေတ္တာနှင့် စာတန်အတွက် သနားကရုဏာ ထားရှိပါက၊ ၎င်းတို့သည် ဘုရားသခင်၏အမှုကို တမင်တကာ နှောင့်ယှက်နေကြသည် မဟုတ်လော။ ဘုရားသခင်ကိုပင် မယုံကြည်သူများကို မဆိုထားနှင့်၊ သခင်ယေရှုကိုသာ ယုံကြည်ပြီး နောက်ဆုံးကာလအတွင်းတွင် လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သော လူများအပြင်၊ လူ့ဇာတိခံ ဘုရားသခင်ကို နှုတ်အားဖြင့် ယုံကြည်သည်ဟု အခိုင်အမာ ပြောဆိုသော်လည်း၊ မကောင်းမှု ပြုသောသူတို့အားလုံးသည် အန္တိခရစ်များ ဖြစ်ကြသည်။ ဤလူအားလုံးသည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ လူသားများက အခြားလူသားများကို ဝေဖန်အကဲဖြတ်သည့် စံနှုန်းမှာ ၎င်းတို့၏ အပြုအမူပေါ်တွင် အခြေခံသည်။ ၎င်းတို့၏ အပြုအမူ ကောင်းမွန်သောသူများသည် ဖြောင့်မတ်ကြသော်လည်း၊ ၎င်းတို့၏ အပြုအမူက စက်ဆုပ်ဖွယ်ကောင်းသူများသည် ဆိုးယုတ်ကြပေသည်။ လူသားများကို ဘုရားသခင် တရားစီရင်သော စံနှုန်းမှာ ၎င်းတို့၏ အနှစ်သာရက သူ့ကို ကျိုးနွံနာခံမှု ရှိမရှိဆိုသည့်အပေါ် အခြေခံသည်။ ဤလူ၏ အပြုအမူ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ပြီးလျှင် ၎င်းတို့၏ စကားက မှန်သည်ဖြစ်စေ၊ မမှန်ကန်သည်ဖြစ်စေ၊ ဘုရားသခင်ကို ကျိုးနွံနာခံသောသူသည် ဖြောင့်မတ်သူတစ်ဦး ဖြစ်သော်လည်း၊ ဘုရားသခင်ကို ကျိုးနွံမနာခံသောသူသည် ရန်သူတစ်ဦးနှင့် ဆိုးယုတ်သူတစ်ဦး ဖြစ်သည်။ လူအချို့သည် အနာဂတ်တွင် ကောင်းသော ခရီးပန်းတိုင်ကို ရရှိရန် ကောင်းသောလုပ်ရပ်များကို အသုံးပြုရန် ဆန္ဒ ရှိကြပြီး၊ လူအချို့သည် ကောင်းသော ခရီးပန်းတိုင်ကို ရယူရန် ကောင်းမွန်သော စကားများကို အသုံးပြုရန် ဆန္ဒရှိကြသည်။ ဘုရားသခင်သည် ၎င်းတို့၏ အပြုအမူကို စောင့်ကြည့်ပြီးနောက်တွင် သို့မဟုတ် ၎င်းတို့၏ စကားကို နားထောင်ပြီးနောက် လူတို့၏ ရလဒ်များကို ဆုံးဖြတ်သည်ဟု လူတို့သည် မှားယွင်းစွာ ယုံကြည်ကြသည်။ ထို့ကြောင့် များစွာသော လူတို့သည် ၎င်းတို့အား ယာယီ မျက်နှာသာတစ်ခု ပေးစေခြင်းအဖြစ်သို့ ဘုရားသခင်ကို လှည့်ဖြားဖို့ ဤအရာကို ကောင်းစွာ အသုံးပြုရန် ဆန္ဒ ရှိကြလေသည်။ အနာဂတ်တွင် အနားယူခြင်း အခြေအနေတစ်ခု၌ ရှင်သန်ကြမည့် လူအားလုံးသည် ဘေးဒုက္ခ နေ့ရက်ကို သည်းခံကြရပြီးဖြစ်လိမ့်မည် ဖြစ်သကဲ့သို့၊ ဘုရားသခင်အတွက် သက်သေလည်း ခံကြပြီး ဖြစ်လိမ့်မည်။ ၎င်းတို့အားလုံးသည် မိမိတို့၏တာဝန်များကို ဖြည့်ဆည်းပြီးသူများနှင့် ဘုရားသခင်ကို တမင်သက်သက် ကျိုးနွံနာခံပြီးသူများ ဖြစ်ကြလိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ရှောင်ရှားရန် ရည်ရွယ်ချက်ဖြင့် အစေခံခြင်း ပြုဖို့ အခွင့်အရေးကို အသုံးပြုရန် ဆန္ဒရှိရုံမျှ ရှိသူတို့သည် ကျန်ရှိခွင့် ရှိကြလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် တစ်ဦးစီတိုင်း၏ ရလဒ်နှင့်ဆိုင်သည့် အစီအစဉ်အတွက် သင့်လျော်သော စံချိန်စံညွှန်းများ ရှိသည်။ သူသည် တစ်ဦးတစ်ယောက်၏ စကားလုံးများနှင့် အပြုအမူနှင့်အညီ ဤဆုံးဖြတ်ချက်များကို မပြုလုပ်သကဲ့သို့၊ အချိန်ကာလ တစ်ခုအတွင်း တစ်ဦးတစ်ယောက် မည်သို့ ပြုမူသည်ဆိုသည့်အပေါ် အခြေခံကာ ဤဆုံးဖြတ်ချက်များကို ပြုလုပ်သည်လည်း မဟုတ်ပေ။ သူ့အတွက် ၎င်းတို့၏ အတိတ်က အစေခံမှုကြောင့် တစ်ဦးတစ်ယောက်၏ ဆိုးယုတ်သော အပြုအမူနှင့် စပ်လျဉ်း၍ ဘုရားသခင်သည် လုံးဝ သက်ညှာလိမ့်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်အတွက် တစ်ကြိမ်တစ်ခါမျှ အသုံးခံခဲ့မှုကြောင့်လည်း၊ တစ်ဦးတစ်ယောက်ကို သေခြင်းမှ ချမ်းသာပေးလိမ့်မည် မဟုတ်ပေ။ ၎င်းတို့၏ ဆိုးယုတ်မှုအတွက် မည်သူမျှ ပြစ်ဒဏ်ပေးဆပ်ခြင်းကို မရှောင်လွှဲနိုင်သကဲ့သို့၊ မည်သူကမျှ ၎င်းတို့၏ ဆိုးယုတ်သော အပြုအမူကို ဖုံးကွယ်ကာ၊ ထိုသို့ဖြင့် ဖျက်ဆီးခံရခြင်း၏ ညှဉ်းဆဲမှုများကို မရှောင်တိမ်းနိုင်ပေ။ လူတို့သည် မိမိတို့၏ ကိုယ်ပိုင် တာဝန်ကို အမှန်တကယ် ဖြည့်ဆည်းနိုင်ကြပါက၊ ယင်းမှာ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိသည်ဖြစ်စေ သို့မဟုတ် ကံဆိုးခြင်းကို ခံစားရသည်ဖြစ်စေ၊ ဘုရားသခင်ကို ထာဝရ သစ္စာရှိပြီး ဆုလာဘ်များကို ရှာဖွေခြင်း မရှိဟု ဆိုလိုပေသည်။ လူများသည် ကောင်းချီးမင်္ဂလာကို မြင်ရသောအခါ ဘုရားသခင်ကို သစ္စာရှိသော်လည်း၊ မည်သည့် ကောင်းချီးမင်္ဂလာကိုမျှ မတွေ့မြင်ရသည့်အခါ ၎င်းတို့၏ သစ္စာရှိမှု ဆုံးရှုံးပါက၊ ပြီးလျှင် နောက်ဆုံးတွင် ဘုရားသခင်အတွက် သက်သေကို မခံနိုင်ကြဆဲဖြစ်ပါက သို့မဟုတ် ၎င်းတို့ တာဝန်ရှိသည့် တာဝန်များကို မဖြည့်ဆည်းနိုင်ဆဲဖြစ်ပါက၊ ၎င်းတို့သည် တစ်ချိန်က ဘုရားသခင်ကို သစ္စာရှိသည့် အစေခံမှု ယခင်က ပေးခဲ့ကြသော်လည်း၊ ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြဆဲ ဖြစ်လိမ့်မည်။ အတိုချုပ်ပြောရလျှင် ဆိုးယုတ်သော လူတို့သည် ထာဝရကာလတစ်လျှောက် ရှင်သန်နိုင်မည် မဟုတ်သကဲ့သို့၊ ငြိမ်သက်ခြင်းချမ်းသာထဲသို့လည်း မဝင်ရောက်နိုင်ကြပေ။ ဖြောင့်မတ်သော သူတို့သည်သာ ငြိမ်သက်ခြင်းချမ်းသာ၏ အရှင်သခင်များ ဖြစ်သည်။ လူသားမျိုးနွယ်သည် မှန်ကန်သော လမ်းကြောင်းပေါ် ရှိသည်နှင့်တစ်ပြိုင်နက်၊ လူများသည် ပုံမှန်လူသားဘဝများ ရှိကြလိမ့်မည်။ ၎င်းတို့အားလုံးသည် မိမိတို့၏ ကိုယ်ပိုင် သက်ဆိုင်ရာတာဝန်များကို လုပ်ဆောင်ကြလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို လုံးဝ သစ္စာရှိကြလိမ့်မည်။ ၎င်းတို့သည် ၎င်းတို့၏ မနာခံမှုနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို လုံးဝ ခါချကြလိမ့်မည် ဖြစ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်အတွက် အသက်ရှင်ကြလိမ့်မည် ဖြစ်ကာ၊ ဘုရားသခင်ကြောင့် မနာခံမှုနှင့် ခုခံမှုတို့ နှစ်ခုလုံး ကင်းမဲ့ကြလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံနိုင်ကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်နှင့် လူသားမျိုးနွယ်၏ အသက်တာဖြစ်လိမ့်မည်။ ယင်းသည် နိုင်ငံတော်၏ အသက်တာဖြစ်လိမ့်မည်ဖြစ်ပြီး၊ ငြိမ်သက်ခြင်း ချမ်းသာနှင့်ဆိုင်သည့် အသက်တာတစ်ခု ဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

အရှေ့သို့- ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် ဘာသာရေးလောကတွင် သြဇာအာဏာ ကိုင်စွဲကြပြီး လူအများစုက သူတို့ကို နာခံကာ နောက်လိုက်ကြသည်။ ဤသည်မှာ အမှန်တရားဖြစ်၏။ သင်တို့က ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို အသိအမှတ်မပြုကြ၊ လူ့ဇာတိခံ ဘုရားသခင် ဖော်ပြသော သမ္မာတရားကို သူတို့ မယုံကြည်ကြသလို၊ ဖာရိရှဲတို့၏ လမ်းကြောင်းကို သူတို့ လျှောက်နေကြသည်ဟု ဆိုသည်၊ ဤအချက်အပေါ် ကျွန်ုပ်တို့ လက်ခံပါသည်။ သို့သော် ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများအားလုံးသည် သူတော်ကောင်းအယောင်ဆောင် ဖာရိရှဲများ၊ နောက်ဆုံးသော ကာလတွင် ဖော်ထုတ်ခံရသည့် အန္တိခရစ်များအားလုံးဖြစ်ကြပြီး၊ သူတို့၏ နောက်ဆုံး ရလဒ်မှာ ပျက်စီးခြင်းနှင့် ထာဝရပြစ်ဒဏ်ထဲ နှစ်မြှုပ်ဖို့ရန် ဖြစ်သည်ဟု သင်တို့ အဘယ်ကြောင့် ပြောဆိုရပါသနည်း။ ဤသည်မှာ ယခုအချိန်တွင် ကျွန်ုပ်တို့ လက်မခံနိုင်သည့် အရာတစ်ခု ဖြစ်ပါသည်။ ဤလူတို့ ကယ်တင်မခံရနိုင်သလို ပျက်စီးခြင်းနှင့် ထာဝရပြစ်ဒဏ်ထဲ သူတို့အားလုံး နှစ်မြှုပ်လိမ့်မည်ဟူသည့် ဤအခိုင်အမာ ပြောဆိုချက်အတွက် သင်တို့၏ အခြေပြုချက်အပေါ် ကျေးဇူးပြုပြီး ဆွေးနွေးပေးပါ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။