ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် ဘာသာရေးလောကတွင် သြဇာအာဏာ ကိုင်စွဲကြပြီး လူအများစုက သူတို့ကို နာခံကာ နောက်လိုက်ကြသည်။ ဤသည်မှာ အမှန်တရားဖြစ်၏။ သင်တို့က ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို အသိအမှတ်မပြုကြ၊ လူ့ဇာတိခံ ဘုရားသခင် ဖော်ပြသော သမ္မာတရားကို သူတို့ မယုံကြည်ကြသလို၊ ဖာရိရှဲတို့၏ လမ်းကြောင်းကို သူတို့ လျှောက်နေကြသည်ဟု ဆိုသည်၊ ဤအချက်အပေါ် ကျွန်ုပ်တို့ လက်ခံပါသည်။ သို့သော် ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများအားလုံးသည် သူတော်ကောင်းအယောင်ဆောင် ဖာရိရှဲများ၊ နောက်ဆုံးသော ကာလတွင် ဖော်ထုတ်ခံရသည့် အန္တိခရစ်များအားလုံးဖြစ်ကြပြီး၊ သူတို့၏ နောက်ဆုံး ရလဒ်မှာ ပျက်စီးခြင်းနှင့် ထာဝရပြစ်ဒဏ်ထဲ နှစ်မြှုပ်ဖို့ရန် ဖြစ်သည်ဟု သင်တို့ အဘယ်ကြောင့် ပြောဆိုရပါသနည်း။ ဤသည်မှာ ယခုအချိန်တွင် ကျွန်ုပ်တို့ လက်မခံနိုင်သည့် အရာတစ်ခု ဖြစ်ပါသည်။ ဤလူတို့ ကယ်တင်မခံရနိုင်သလို ပျက်စီးခြင်းနှင့် ထာဝရပြစ်ဒဏ်ထဲ သူတို့အားလုံး နှစ်မြှုပ်လိမ့်မည်ဟူသည့် ဤအခိုင်အမာ ပြောဆိုချက်အတွက် သင်တို့၏ အခြေပြုချက်အပေါ် ကျေးဇူးပြုပြီး ဆွေးနွေးပေးပါ။

18.11.2021

အဖြေ-

ဘာသာရေးအသိုင်းအဝိုင်းများထဲ၌ ရှိသောသူများသည် ဘုရားသခင်ကို အာခံပုံနှင့်သက်ဆိုင်သော အနှစ်သာရကို လူ့ဇာတိခံ ခရစ်တော်ကြွလာပြီးနောက်တွင်သာ ထုတ်ဖော်ပြနိုင်ပြီး စိတ်ဖြာ လေ့လာနိုင်သည်။ ဖောက်ပြန်ပျက်ဆီးသော လူသားမျိုးနွယ် ကြားမှ အဘယ်သူကမှ ဘာသာရေးအသိုင်းအဝိုင်းများ၏ ဘုရားသခင်ကို ဖီဆန်ခြင်းနှင့်ဆိုင်သော အမှန်တရားနှင့် အနှစ်သာရကို ထွင်းဖောက် မမြင်နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် ဖောက်ပြန်ပျက်ဆီးသော လူသားမျိုးနွယ်သည် သမ္မာတရားကို မစွဲကိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မှားယွင်းသော သိုးထိန်းများ နှင့် အန္တိခရစ်များအားဖြင့် ဆိုးညစ်မှုကို လုပ်ဆောင်ရာတွင် သူတို့နှင့်ပူးပေါင်းရန် လှည့်ဖြားခံရပြီး အမြတ်ထုတ်ခံရကာ ကြိုးကိုင်ညွှန်ကြားခြင်းသာ ခံကြရနိုင်ပြီး ဘုရားသခင်ကို ဖီဆန်ရာတွင် စာတန်၏ နောက်လိုက်ခွေးများ နှင့် ကြံရာပါများဖြစ်လာကြသည်။ ဤသည်မှာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်သည်။...ထို့နောက်၊ ကျေးဇူးတော်ခေတ် အတွင်းတွင်၊ ဘာသာရေး အသိုင်းအဝိုင်းများထဲက အထက်ပိုင်း အန္တိခရစ် ဆိုးညစ်သော အင်အားစုများသည် ဘုရားသခင်ကို အဆက်မပြတ် အာခံဖီဆန်ကြပုံနှင့် သက်ဆိုင်သော အမှန်တရားနှင့် အနှစ်သာရတို့ကို သခင်ယေရှုက မည်သို့ ထုတ်ဖော်ပြခဲ့သည်ကို ကြည့်ကြပါစို့။

လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်း ကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူ တို့ကိုလည်း ဆီးတား ကြ၏။ လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ မုတ်ဆိုးမ အိမ်ကို လုယူသိမ်းစား၍၊ အပြစ်မပေါ်စေခြင်းငှါ ရှည်စွာသော ပဌနာစကားကို ရွတ်တတ်ကြ၏။ ထို့ကြောင့် သာ၍ ကြီးစွာသော ဒဏ်ကိုခံရကြလတံ့။

လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူ တ ယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်းရေကြောင်းပတ်ပတ်လှည့်လည်၍ ဘာသာသွင်းပြီးသောသူ ကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသား ဖြစ်စေကြ၏။

လမ်းပြသောလူကန်းတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ ဗိမာန်တော်ကိုတိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလျှင်မတည်။ ဗိမာန်တော်၏ ရွှေကိုတိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင် တည်သည်ဟု သင်တို့ဆိုကြ၏။ လူမိုက်လူကန်းတို့၊ အဘယ်အရာသည်သာ၍ မြတ်သနည်း။ ထိုရွှေကားမြတ်သလော။ ထိုရွှေကို သန့် ရှင်းစေသော ဗိမာန်တော်ကားမြတ်သလော။ တနည်းကား၊ ယဇ်ပလ္လင်ကို တိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင် မတည်။ ယဇ်ပလ္လင်ပေါ်မှာရှိသော ပူဇော်သက္ကာကို တိုင်တည်၍ကျိန်ဆိုခြင်းကိုပြုလျှင် တည်သည်ဟု သင်တို့ဆိုကြ၏။ လူမိုက်လူကန်းတို့၊ အဘယ်အရာသည်သာ၍ မြတ်သနည်း။ ထိုပူဇော်သက္ကာကား မြတ်သလော။ ထို ပူဇော်သက္ကာကို သန့်ရှင်းစေသော ယဇ်ပလ္လင်ကားမြတ်သလော။ ထို့ကြောင့် ယဇ်ပလ္လင်ကိုတိုင်တည်၍ ကျိန်ဆိုလျှင်၊ ယဇ်ပလ္လင်မှစ၍ ယဇ်ပလ္လင်ပေါ်မှာ ရှိသမျှကို တိုင် တည်၍ ကျိန်ဆိုသတည်း။ ဗိမာန်တော်ကိုတိုင်တည်၍ ကျိန်ဆိုလျှင်၊ ဗိမာန်တော်မှစ၍ ဗိမာန်တော်၌ ကျိန်းဝပ်တော်မူသောသူ ကို တိုင်တည်၍ ကျိန်ဆိုသတည်း။ ကောင်းကင်ဘုံကိုတိုင်တည်၍ ကျိန်ဆိုလျှင်၊ ပလ္လင်တော်ကို၎င်း၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသော သူကို၎င်း တိုင်တည်၍ကျိန်ဆိုသတည်း။

လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပင်စိမ်း၊ စမွှတ်၊ ဇိယာ၊ အသီးအရွက်တို့ကို ဆယ်ဘို့တဘို့ လှူကြသည်တွင် တရားသဖြင့် စီရင်ခြင်း၊ သူတပါးကို သနား ခြင်း၊ သစ္စာစောင့်ခြင်း တည်းဟူသော ပညတ်တရားတွင် လေးသောအရာတို့ကိုကား လှပ်၍ထားကြ၏။ အရင် ဆိုသောအရာတို့ကို မလှပ်မထား၊ နောက်ဆိုသောအရာတို့ကို ကျင့်ရမည်။ လမ်းပြသောလူကန်းတို့၊ သင်တို့သည် ခြင်တကောင်ကိုမျှ မပါစေခြင်းငှါ ရေကိုစစ်လျက်နှင့် ကုလား အုပ်ကို မျိုကြ၏။

လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဖလား၊ လင်ပန်းကို အပြင်၌ဆေးကြောကြ၏။ အတွင်း၌ကား လုယူခြင်း၊ မတရားသဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိ၏။ မျက်စိကန်းသော ဖာရိရှဲ၊ ဖလား၊ လင်ပန်းကို အတွင်း၌ရှေ့ဦးစွာ ဆေးကြောလော့။ သို့ပြုလျှင် အပြင် ကား သန့်ရှင်းလိမ့်မည်။

လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ အဖြူ သုတ်သောသင်္ချိုင်း တွင်းနှင့်တူကြ၏။ ထိုတွင်းသည် အပြင်၌တင့်တယ်စွာတကား။ အတွင်း၌ကား လူသေအရိုး၊ အညစ်အကြေးအမျိုးမျိုးနှင့် ပြည့်လျက် ရှိ၏။ ထိုအတူ သင်တို့သည်အပြင်၌ လူတို့ရှေ့မှာဖြောင့်မတ်ဟန်ရှိ၏။ အတွင်း၌ကား လျှို့ဝှက်ခြင်း၊ မတရားသဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိကြ၏။

လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပရောဖက်မှစ၍ ဖြောင့်မတ်သောသူတို့၏ သင်္ချိုင်းတွင်းနှင့် အရိုးအိုးတို့ကို တည်လုပ်၍ တန်ဆာဆင်သဖြင့်၊ ငါတို့သည် ဘိုးဘေးတို့လက်ထက်၌ရှိလျှင်၊ ပရောဖက်တို့ကို သက်သည်အမှုကိုလက်မခံပြီဟု ဆိုကြ၏။ ထိုသို့ဆိုသော်၊ သင်တို့သည် ပရောဖက်တို့ကိုသတ်သောသူတို့၏ အမျိုးအနွယ်ဖြစ်သည်ကို ကိုယ်အဘို့ ကိုယ်သက်သေခံကြ၏။ သို့ဖြစ်၍ ဘိုးဘေးတို့၏ အကျင့်ပမာဏကိုမှီအောင် ကျင့်ကြလော့။ မြွေဆိုးအမျိုးတို့၊ သင်တို့သည် အပြစ်ငရဲမှ အဘယ်သို့ လွတ်နိုင်ကြမည်နည်း။ ထို့ကြောင့် ဗျာဒိတ်တော်အချက်ဟူမူကား ပရောဖက်ပညာရှိကျမ်းပြုဆရာတို့ကို သင်တို့ရှိရာသို့ ငါ စေလွှတ်၏။ ထိုသူအချို့တို့ကိုကွပ်မျက်၍ လက်ဝါးကပ်တိုင်၌ သတ်ကြလိမ့်မည်။ အချို့တို့ကို တရားစရပ်၌ရိုက်၍ တမြို့မှတမြို့သို့ ညှဉ်းဆဲနှင်ထုတ် ကြလိမ့်မည်။ ထို့ကြောင့် ဖြောင့်မတ်သော အာဗေလ၏ အသွေးမှစ၍၊ အတွင်းဗိမာန်တော်နှင့် ယဇ်ပလ္လင်၏ အကြား၌ သင်တို့သတ်ကြသော ဗာရခိသားဇာခရိ၏ အသွေးတိုင်အောင် မြေကြီးအပေါ်၌ သွန်းပြီးသမျှသော သူတော် ကောင်းတို့၏အသွေးသည် သင်တို့ ခေါင်းပေါ်သို့ ရောက်လိမ့်မည်။ ငါအမှန်ဆိုသည်ကား၊ ဤအရာများတို့သည် ယခုဖြစ်သော လူများအပေါ်သို့ ရောက်ကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၃:၁၃-၃၆)

ဤစကားများသည် ဂျူးဘာသာရေးအသိုင်းအဝိုင်း၏ ယဇ်ပရောဟိတ် အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် ဖာရိရှဲများကို ထုတ်ဖော်ပြီး တရားစီရင်သည့် ကျေးဇူးတော်ခေတ်အတွင်းက သခင်ယေရှု၏ လူသိအများဆုံးသော စကားများ ဖြစ်သည်။

ပညတ်တော်ခေတ်အတွင်းက ဘာသာရေးအသိုင်းအဝိုင်းများမှ ယဇ်ပရောဟိတ်အကြီးအကဲများ၊ ကျမ်းတတ်ဆရာများ နှင့် ဖာရိရှဲတို့ကို ထုတ်ဖော်ခဲ့ပြီး ခွဲခြားစိစစ်ခဲ့သည့် “အမင်္ဂလာ ခုနှစ်ပါး” ကို သခင်ယေရှု ကြေငြာခဲ့သည့်အချက်မှ၊ ဘာသာရေးအဆန်ဆုံး ခေါင်းဆောင်များသည် သူတော်ကောင်းယောင်ဆောင် ဖာရိရှဲများဖြစ် ခဲ့ကြပြီး အချိန်အကြာကြီးကတည်းက ဘုရားသခင်ကို ဆန့်ကျင်ခဲ့သည့် ဆိုးယုတ်သော အင်အားစုများဖြစ်ခဲ့ကြသည်ကို တွေ့မြင်နိုင်ပေသည်။ ဤသည်မှာ မငြင်းနိုင်သော အချက်တစ်ခုဖြစ် နှင့်ပြီး ဖြစ်သည်။...

............

ဖာရိရှဲတို့ကို ဖော်ထုတ်ခဲ့သည့် သခင်ယေရှု၏ “အမင်္ဂလာ ခုနှစ်ပါး” သည် ဘာသာရေး အသိုင်းအဝိုင်း၏ အမိုက်မှောင် နှင့် ပျက်ဆီးခြင်းတို့ကို လောကီရေးရာကမ္ဘာနှင့်ဆိုင်သောအရာမှ ကွဲပြားမှုမရှိကြောင်း ထုတ်ဖော်နှင့်ပြီးဖြစ်သည်။ ထို့ကြောင့်၊ လူတို့သည် ဘာသာရေး အသိုင်းအဝိုင်း၏ ယဇ်ပရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများ နှင့် ဖာရိရှဲတို့၏ လုပ်ဆောင်မှုများက ဘုရားသခင်ကို အစေခံခြင်းလုံးဝမဟုတ်ပဲ ယင်းထက် ဘုရားသခင်ကို အာခံပြီး ဆန့်ကျင်နေခြင်းဖြစ်သည်ကို လုံးဝ တွေ့မြင်နိုင်ပေသည်။ ၎င်းတို့သည် ဘုရားသခင်ကို အစေခံသော ယဇ်ပရောဟိတ် နှင့် ခေါင်းဆောင်များ၏ ရာထူးများ ရှိထားကြသော်လည်း သမ္မာတရား နှင့် ဖြောင့်မတ်ခြင်းတို့ကို ၎င်းတို့ လက်တွေ့မလုပ်ဆောင်ကြချေ။ ယင်းထက်၊ အလွန်အမင်းဆိုးရွားသော လုပ်ဆောင်ချက် အမျိုးမျိုးကို လုပ်ဆောင််ခဲ့ကြပြီး လူ့ဇာတိခံ ခရစ်တော်ကိုပင် ရှုတ်ချရင်း၊ နှိပ်စက်ညှင်းပန်းရင်းနှင့် ကားတိုင်တွင် သံမှိုရိုက်ခဲ့ကြရင်း ရန်သူတစ်ဦးအဖြစ် ဆက်ဆံခဲ့ကြသည်။ ဤကြီးမားသော အပြစ်များကို ကျူးလွန်လျက်နှင့်၊ ၎င်းတို့သည် ဘုရားသခင်၏ အမျက်ဒေါသ မသင့်ပဲ မည်သို့ရှိနိုင်ခဲ့ကြမည်နည်း။ ဤသည်မှာ ၎င်းတို့ကို ဘုရားသခင် မုန်းတီးကာ ၎င်းတို့အပေါ် အမျက်ဒေါသထွက်ပြီး ၎င်းတို့ကို သူ အဘယ်ကြောင့် ထုတ်ဖော်ကာ တရားစီရင်ပြီး ရှုတ်ချခဲ့ရသည့် အကြောင်းရင်းဖြစ်သည်။ ဤသည်မှာ လုံးဝ ဖြစ်ရိုးဖြစ်စဉ် ဖြစ်ပေသည်။ ဤအရာက ဘုရားသခင်သည် သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ပုန်ကန်ပြစ်မှားရန် မည်သူတစ်ဦး တစ်ယောက်ကိုမျှ ခွင့်မပြုသည်ကို ကျွန်ုပ်တို့အား ပြသပေသည်။ ကျေးဇူးတော်ခေတ်တွင်၊ ဘုရားသခင်သည် ဘာသာရေး အသိုင်းအဝိုင်းများ၏ ယဇ်ပရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများ နှင့် ဖာရိရှဲတို့အားဖြင့် လုပ်ဆောင်သော သမ္မာတရားနှင့် မိမိကိုယ်တိုင်ကို ဆန့်ကျင်သည့် အမျိုးမျိုးသော ဆိုးညစ်သည့် လုပ်ရပ်များကို အချိန်ကြာမြင့်စွာကတည်းက စက်ဆုပ်ရွံ့ရှာပြီး မုန်းတီးခဲ့ပေသည်။ ၎င်းတို့ကိုဆန့်ကျင်ပြီး သူအသုံးပြုခဲ့သည့် သက်ညှာမှုမရှိသော ထုတ်ဖော်ပြခြင်းများနှင့် တရားစီရင်ခြင်းများက ဘုရားသခင်မှာ ဖြောင့်မတ်ပြီး သန့်ရှင်းသည်ကို သရုပ်ဖော်ပြပေသည်။ ဘုရားသခင်သည် ဘာသာရေး အသိုင်းအဝိုင်းများထဲမှ ဘုရားသခင်ကို အစေခံသော်လည်း သူ့ကို ဖီဆန်သောသူများကို ဘယ်သောအခါမျှ မချီးကျူးခဲ့ပါ။ အတိအကျအားဖြင့် သူ၏ သိုးများကို ရှာဖွေရန်၊ သမ္မာတရားကို ချစ်ပြီး ဘုရားသခင်၏ အသံတော်ကို ကြားနိုင်သော သူအားလုံးအား ကယ်တင်ဖို့ရန် ကိုယ်တိုင်ကိုယ်ကျ လူ့လောကထဲသို့ ကြွလာဖို့ ရည်မှန်းချက်အတွက် ဘုရားသခင်သည် ဇာတိပကတိ ဖြစ်လာခဲ့သည်။ ဘုရားသခင်ကို စိတ်ပါလက်ပါ လိုချင်ပြီး သမ္မာတရားကို လက်ခံနိုင်သောသူအားလုံးကို ဘုရားသခင် ရွေးချယ်လေသည်။ သခင်ယေရှု၏ တရားဟောခြင်း အချိန်ကာလအတောအတွင်းတွင်၊ ဘာသာရေးအသိုင်းအဝိုင်း၏ ယဇ်ပရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများ နှင့် ဖာရိရှဲများအားလုံးသည် ဘုရားသခင်၏ ရှုတ်ချခြင်း နှင့် ပယ်ရှင်းခြင်း ပစ်မှတ်များ ဖြစ်လာခဲ့ကြသည်။ ဤအရာက ဘုရားသခင်၏ ဖြောင့်မတ်ခြင်း နှင့် သန့်ရှင်းခြင်းတို့ကို ထုတ်ဖော်ပြသည်။ ဘုရားသခင်တစ်ပါးတည်းသာ ချစ်ဖွယ်ဖြစ်သည်၊ နှစ်လိုဖွယ်ဖြစ်သည်၊ ရိုသေလေးစားဖွယ်ဖြစ်ကာ ယုံကြည်စိတ်ချရပြီး ဘာသာရေး အသိုင်းအဝိုင်းများ၏ ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများ နှင့် ဖာရိရှဲများအားလုံးသည် သူတော်ကောင်း ယောင်ဆောင်သူများ၊ မုသား၊ လှည့်ဖြားမှု၊ ကောက်ကျစ်မှု နှင့် ဆိုးညစ်မှုများဖြင့် ပြည့်လျက်ရှိသောသူများ ဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် လူတို့ကို လှည့်ဖြားပြီး ထိန်းချုပ်ကာ ဘုရားသခင်ကို ဖီဆန်သည့် မြွေပွေးလိုအတန်းစားများဖြစ်ကြသည်။ ၎င်းတို့သည် စွန့်ပယ်သင့်သည့် လူအမျိုးအစား အတိအကျ ဖြစ်ကြလေသည်။ ကျေးဇူးတော်ခေတ်အတွင်းတွင်၊ သခင်ယေရှုသည် သူ၏ ရွေးနှုတ်ခြင်းအမှုကို ဆောင်ရွက်နေခဲ့ချိန်တွင်၊ ဂျူးဘာသာဝင် ယဇ်ပရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများ၊ သို့မဟုတ် ဖာရိရှဲများသည် မည်သူမျှ နောင်တဖြင့် သခင်ယေရှုရှေ့မှောက်သို့ မလာခဲ့ကြချေ။ သခင်ယေရှုသည် ကားတိုင်တွင် သံမှိုရိုက်ခံရပြီး သူ၏ ရွေးနှုတ်ခြင်းအမှု ပြည့်စုံစေပြီးနောက်တွင် ဖာရိရှဲများစွာတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ဒုစရိုက်မှုများကို အမှန်တကယ် ဆင်ခြင်သုံးသပ်ပြီး နောင်တရခြင်းလည်း မရှိခဲ့ကြပါ။ ရှိခဲ့လျှင် တစ်ဦးတစ်ယောက် အနည်းအကျဉ်းသာ ရှိခဲ့ပေသည်။ ဤအချက်များသည် ဘာသာရေး အသိုင်းအဝိုင်းများ၏ ယဇ်ပရောဟိတ်များ၊ ကျမ်းပြုဆရာများ နှင့် ဖာရိရှဲများသည် သမ္မာတရားကို မုန်းတီးပြီး ဘုရားသခင်ကို ဖီဆန်ကြသော နတ်ဆိုးများအားလုံးဖြစ်ကြသည်ကို သက်သေပြရန် လုံလောက်ပေသည်။ ဆိုးညစ်မှုကို အဘယ်မျှ ၎င်းတို့ လုပ်ဆောင်ပါလေ့စေ၊ သခင်ယေရှုကို ကားတိုင်တွင်ပင် သံမှိုရိုက်ခဲ့ပြီး ၎င်းတို့၏ အပြစ်နှင့်ပြည့်သော လုပ်ဆောင်ချက်များကို ဘယ်သောအခါမျှ နောင်တမရခဲ့ကြချေ။ ဤကိစ္စရပ်သည် အမှန်တကယ် စဉ်းစားစရာဖြစ်စေပါသည်။ ဤတွင် ဘာသာရေး အသိုင်းအဝိုင်းများထဲက ခေါင်းဆောင်အများစုသည် ဘုရားသခင်ကို အစေခံသော်လည်း ဖီဆန်ကြသော မှားယွင်းသည့်သိုးထိန်းများ ဖြစ်ကြသည်ကို မြင်ရန် မခက်ခဲပါ။ ၎င်းတို့သည် အမှန်တကယ် အန္တိခရစ် နတ်ဆိုးများ၊ စာတန်၏ ပြယုဂ် ဖြစ်လေသည်။ သို့တိုင်၊ ဘုရားသခင်ကို ယုံကြည်ကြသော လူများစွာတို့သည် ၎င်းတို့ကို ကိုးကွယ်ပြီး နောက်သို့လိုက်ကြဆဲပင်ဖြစ်သည်။ ဤသည်မှာ လူသားများသည် လုံးဝ ဖောက်ပြန်ပျက်ဆီးကြပြီး မုသားများနှင့် အပြစ်အားဖြင့် လှည့်ဖြားခံကြရပြီးဖြစ်သည်ကို ပြသရန် လုံလောက် ပေသည်။ စာတန်က ၎င်းတို့၏ မျက်စိများကို ကန်းစေခဲ့ပေပြီ။ နတ်ဆိုးများအားဖြင့် ၎င်းတို့ ပျက်စီးခဲ့ကြရသော်လည်း၊ ၎င်းတို့သည် လူသေဖြစ်နှင့်ပြီးသကဲ့သို့ ခေါင်းမာမာနှင့် ပြောင်းလဲရန် ငြင်းဆန်ကြဆဲ ဖြစ်သည်။ ထို့ကြောင့်၊ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်ဆီးသော ဤလူသားများကို ဘုရားသခင်၏ ကယ်တင်ခြင်းအမှုတော်မှာ အဘယ်မျှ ခက်ခဲသည်ကို တွေ့မြင်နိုင်ပေသည်။ ဤသည်မှာ ဖောက်ပြန်ပျက်ဆီးသော လူသားမျိုးနွယ်အားလုံး ဆင်ခြင်သုံးသပ်ပြီး နားလည်သင့်သည့် အဓိက ကိစ္စရပ်ဖြစ်သည်။

............

သမ္မာကျမ်းစာက ဂျူးဘာသာဝင် ယဇ်ပရောဟိတ် အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် ဖာရိရှဲတို့က သခင်ယေရှုကို ဖီဆန်ခြင်းနှင့် ရှုတ်ချခြင်းတို့၏သာဓကများစွာကို မှတ်တမ်းတင် ထားသည်။ ဤနေရာတွင် ဤဂျူးဘာသာဝင် ယဇ်ပရောဟိတ် အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် ဖာရိရှဲတို့သည် ဘာသာရေး ထုံးတမ်းဓလေ့များဆောင်ရွက်ခြင်းနှင့် လူတို့ကို စည်းမျဉ်းများ လိုက်နာရန်၊ ဥပဒေများကျင့်သုံးရန် သွန်သင်ပေးခြင်းအပေါ်၌သာ အာရုံစိုက်ထားခဲ့ကြသည်ကို တွေ့မြင်နိုင်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သောအချိန်တွင် မည်သည့်သမ္မာတရားကိုမျှ ၎င်းတို့ လက်တွေ့မလုပ်ဆောင်ခဲ့သလို လက်တွေ့အရှိတရား လုံးဝမရှိခဲ့ကြသည်ကို ပြသရန် လုံလောက်ပေသည်။ သမ္မာကျမ်းစာကို ၎င်းတို့ ကောင်းကောင်းဖတ်ရှုကြပြီး ပညတ်တရားကို လေ့လာခဲ့ ကြသော်လည်း ဘုရားသခင်ကို ၎င်းတို့ လုံးဝ မသိကြချေ။ မုန်းတီးစက်ဆုပ်ဖွယ်အကောင်းဆုံးအရာမှာ ၎င်းတို့သည် ပရောဖက်များနှင့် ဖြောင့်မတ်သောလူတို့ကိုပင် သတ်ဖြတ်နိုင်ခဲ့ကြခြင်း ဖြစ်သည်။ ဇာတိပကတိဖြစ်လာပြီး သမ္မာတရားကို ဖော်ပြခဲ့သော ခရစ်တော်ကို ၎င်းတို့ လက်မခံ သို့မဟုတ် မနာခံသည်သာမက၊ ယင်းအစား မိမိတို့ကိုယ်ကိုယ် ဘုရားသခင်၏ ရန်သူများအဖြစ်သို့ ရောက်စေလျက် သူ့ကိုပင် ရှုတ်ချကြသည်။ ဖမ်းဆီးကြသည်။ ထောင်ချောက်ဆင်ဖမ်းပြီး သတ်ဖြတ်ရက်ခဲ့ကြပေသည်။ ထို့ကြောင့်၊ ၎င်းတို့အတွက် ဘုရားသခင်၏ အမုန်းတရားမှာ နက်ရှိုင်းစွာ အမြစ်တွယ်ခဲ့ပြီး ၎င်းတို့ကို သူ ထုတ်ဖော်ကာ ခွဲခြားစိစစ်ပြီး ရှုတ်ချခဲ့လေသည်။ အထူးသဖြင့်၊ ဤအရာက ဘုရားသခင်သည် ဖြောင့်မတ်ပြီး သန့်ရှင်းသော ဘုရားသခင်ဖြစ်သည်ကို ထုတ်ဖော်ပြ သည်။ သူသည် တရားမျှတမှုကို လုပ်ဆောင်သော သူတို့အား နှစ်သက်တော်မူပြီး ဆိုးညစ်မှုပြုသောသူတို့ကို မုန်းတီးတော်မူသည်။ ဂျူးဘာသာရေးအသိုင်းအဝိုင်းမှ ယဇ်ပရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများ နှင့် ဖာရိရှဲတို့ကို ဘုရားသခင် ဘယ်သောအခါမျှ မချီးကျူးခဲ့ပါ။ ၎င်းတို့ကို ဘုရားသခင်က ထုတ်ဖော်ပြ၍သာ ထုတ်ဖော်ပြခဲ့ပြီး တရားစီရင်ခဲ့ကာ ကျိန်ဆဲတော်မူခဲ့သည်။ ဤသည်မှာ သခင်ယေရှုကို ယုံကြည်သောသူတို့အားလုံးအားဖြင့် အသိအမှတ်ပြု ထားသည့် မှန်ကန်သော အချက်တစ်ခု ဖြစ်သည်။ အကယ်၍ သမ္မာကျမ်းစာကို လူတို့ အမှန်တကယ် နားလည်ကြလျှင်၊ ၎င်းတို့သည် ဘာသာရေး အသိုင်းအဝိုင်းထဲရှိ ခေတ်ပြိုင် သင်းအုပ်ဆရာများနှင့် အကြီးအကဲများ၏ သူတော်ကောင်းအယောင်ဆောင်သော၊ ဘုရားသခင်ကို ဆန့်ကျင်တတ်သော စရိုက်မှန်ကို သိမှတ်ရန် သခင်ယေရှု၏ စကားများကို အဘယ်ကြောင့် အသုံးမပြုနိုင် ကြသနည်း။ အဘယ်ကြောင့် လူတို့သည် ဘုရားသခင်ကို အစေခံသော်လည်း သူ့ကို အာခံကြသည့် ကျေးဇူးမသိတတ်သော မြွေပွေးမျိုးများကို ခွဲခြားပြီး စွန့်ပစ်ရန် သခင်ယေရှုဖက်တွင် မရပ်တည်နိုင်ကြသနည်း။ သမ္မာကျမ်းစာကို လူတို့ အမှန်တကယ် နားလည်ခဲ့ကြလျှင်၊ ယနေ့ ဘာသာရေး အသိုင်းအဝိုင်းထဲက ခေါင်းဆောင်အများစုနှင့် သင်းအုပ်ဆရာများသည် ကျေးဇူးတော်ခေတ် အတွင်းတွင် သခင်ယေရှုကို အာခံခဲ့ကြသော ယဇ်ပရောဟိတ် အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် ဖာရိရှဲတို့ကဲ့သို့ တူညီသော အခန်းကဏ္ဍများတွင် လုပ်ဆောင်နေကြသည်ဟူသော ပို၍ပင် ကြောက်လန့်ဖွယ်ရာကောင်းသည့် အချက်ကို မြင်နိုင်သင့်ကြပေသည်။ ၎င်းတို့သည် နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူခဲ့သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို အာခံနေကြဆဲဖြစ်ပြီး ၎င်းတို့၏ အပြစ်များသည် သခင်ယေရှုကို ဖီဆန်ခဲ့ကြသည် ယဇ်ပရောဟိတ် အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် ဖာရိရှဲများထက် ပို၍ပင် ကြီးမားလေသည်။ ၎င်းတို့သည် သမ္မာတရားကို အပြင်းအထန် မုန်းတီးကြပြီး၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့က မှန်ကန်သောလမ်းကို လက်ခံပြီး ဘုရားသခင်၏ အမှုတော်ကို နာခံကာ ဘုရားသခင်အားဖြင့် ရယူခြင်းခံကြရသောအခါတွင် ၎င်းတို့ ဖယ်ကြဉ်ခြင်းခံရမည်ကို အလွန်အမင်း စိုးရိမ်ကြလေသည်။ ထို့ကြောင့်၊ လူတို့ကို လှည့်ဖြားရန် အလိမ်အညာများ နှင့် ကောလာဟလများကို လုပ်ကြံပြောဆိုရန် ဝန်မလေးကြပဲ သမ္မာတရားကိုပင် လှည့်ကြသည်၊ အချက်အလက်များကို လိုရာဆွဲမမှန်မကန်ပြောဆိုကြသည်၊ အကွက်ဆင်ပြီး ထောက်ချောက်ဆင်ဖမ်းကြသည်၊ အသရေဖျက်ပြီး ရှုတ်ချကြသည်၊ ခရစ်တော်ကို ရှုတ်ချရန်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်နှင့် ဘုရားသခင်၏ မိန့်မြွက်ချက်များကို ဆန့်ကျင်ပြစ်မှားစော်ကားရန်လို့ငှာ သမ္မာကျမ်းစာကို အရှက်မရှိ၊ ဇွတ်တရွတ်နိုင်စွာ တလွဲအနက်ပြန်ကြလေသည်။ ၎င်းတို့၏ ကိုယ်ပိုင် ရာထူးများ နှင့် အသက်မွေးမှုများကို ကယ်ဆယ်ရန်အလို့ငှာ၊ ဘုရားသခင်ကို ဝေဖန်ကဲ့ရဲ့ရန်၊ ဘုရားသခင်ကို ဆန့်ကျင် ပြစ်မှားစော်ကားရန် နှင့် ဘုရားသခင်ကို အာခံရန် စက်ဆုပ်ဖွယ်ရာ နည်းလမ်းမျိုးစုံ အသုံးပြုကြသည်။ ၎င်းတို့၏ လုပ်ဆောင်ချက်များမှာ သခင်ယေရှုကို အာခံရာတွင် ဂျူးဘာသာဝင် ယဇ်ပရောဟိတ် အကြီးအကဲများ၊ ကျမ်းတတ်ဆရာများ နှင့် ဖာရိရှဲများ အသုံးပြုသည့် အမျိုးမျိုးသော ဆိုးယုတ်သည့် လှည့်ကွက်များနှင့် လုံးဝဆင်တူ လေသည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်း ဖြစ်သည့် အန္တိခရစ်၏ လမ်းကြောင်းပေါ် လျှောက်လှမ်းနေကြပေသည်။ ဘာသာရေး အသိုင်းအဝိုင်းများ၏ ခေါင်းဆောင်များနှင့် သင်းအုပ်ဆရာ အများစု ပြုလုပ်ကြသည့် ဘုရားသခင်ကို အပြင်ပန်းအရ အစေခံသော်လည်း သူ့ကို အတွင်းကျိတ် ဆန့်ကျင်နေကြသော ပုံစံအမျိုးမျိုးကို လေ့လာဆန်းစစ်ခြင်းအားဖြင့်၊ ဘုရားသခင်၏ အမျက်တော်ကို အချိန်အတော်ကြာ နိုးထစေခဲ့သည့် အဓိက ဒုစရိုက်အမှု ခုနှစ်ခု ရှိသည်ကို ကျွန်ုပ်တို့ တွေ့မြင်နိုင်သည်။ ဘာသာရေးအသိုင်းအဝိုင်းထဲက သင်းအုပ်ဆရာများနှင့် ခေါင်းဆောင်အများစု လုပ်ဆောင်ခဲ့ကြသည့် ဒုစရိုက်အမှု ခုနှစ်ခုကို ဤတွင် စာရင်းပြုထားပေသည်။

၁။ ၎င်းတို့သည် ဘာသာရေး ထုံးတမ်းဓလေ့များတွင်သာ ပါဝင်ကြပြီး လူသားမျိုးနွယ်၏ အမွေအနှစ်များ နှင့် အယူဝါဒများကို ထိန်းသိမ်းကာ ပြောဆိုကြသော်လည်း ဘုရားသခင်၏ ပညတ်တော်များကို ၎င်းတို့ စွန့်ပစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို နာခံရန်၊ သိရှိရန် သို့မဟုတ် သူ၏ နှုတ်ကပတ်စကားများကို နားထောင်ရန် လူတို့ကို ဘယ်သောအခါမျှ မသွန်သင်ကြချေ။ သမ္မာတရား၏ လက်တွေ့အရှိတရားကို ၎င်းတို့ လုံးဝ မပြောဆိုကြသလို၊ ဆိုးညစ်မှုခေတ်ကာလအကြောင်းကို လူတို့ သိရှိစေဖို့ ဘာသာရေး အသိုင်းအဝိုင်းများထဲက မှောင်မိုက်မှုကို ထုတ်ဖော်ပြရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘယ်သောအခါမျှ အသုံးမပြုကြပေ။

၂။ ဘုရားသခင်ကို ၎င်းတို့ လုံးဝ မကြောက်ရွံ့ကြပါ။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်အတွက် နေရာမရှိကြသလို ဘုရားသခင်ကို ပြုကြသော ပူဇော်ပစ္စည်းများမှပင် လောဘတကြီးနှင့် ခိုးကြောင်ခိုးဝှက် ယူကြလေသည်။ ဘုရားသခင်ကို ၎င်းတို့ အမှန်အကန် အစေမခံနိုင်ကြသော်လည်း ဘုရားသခင်ကို ပြုကြသော ပူဇော်ပစ္စည်းများကို ၎င်းတို့၏ အသက်မွေးမှုများအဖြစ် ယူကြပြီး ၎င်းတို့ ပိုမို ဇိမ်ရှိရှိနေထိုင်နိုင်ကြဖို့အလို့ငှာ မိမိတို့ကိုယ်ကိုယ် အမှန်တကယ် သွေးစုပ်ဖုတ်ကောင်များ နှင့် ကပ်ပါးကောင်များ ဖြစ်စေလျက် အလှူဒါနပြုရန် လူတို့ကို မကြာခဏ တောင်းဆိုကြပြီး အတင်းအကျပ်ပြုကြလေသည်။

၃။ လူတို့ကို ၎င်းတို့၏ အသင်းတော်ထဲသို့ ဆွယ်ဖို့ မြေပြင်နှင့် ပင်လယ်တို့ကို လှည့်ပတ်သွားကြပြီး ၎င်းတို့ လုပ်ဆောင်သည်နှင့် တပြိုင်နက်၊ လူတို့သည် ၎င်းတို့၏ ကျေးကျွန်များအဖြစ်သို့ လှည့်ဖြားခံရပြီး အထိန်းချုပ်ခံကြရသည်။ လူတို့ကို မှန်ကန်သော လမ်းခရီးအား လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့် မပေးကြသလို ၎င်းတို့ကို ငရဲ၏ သားသမီးများအဖြစ်သို့ လျှော့ကျဖို့ ဖြစ်စေရင်း မှန်သော လမ်းခရီးကို လေ့လာစုံစမ်းဖို့ သို့မဟုတ် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ကို ရှာဖွေဖို့ ခွင့်မပြုကြချေ။ ယင်းမှာ မျက်ကန်းက မျက်ကန်းကို ဦးဆောင်ခြင်းဖြစ်ပြီး အားလုံး တွင်းထဲသို့ ကျကြလိမ့်မည်ဖြစ်သည်။

၄။ ၎င်းတို့ တရားဟောရာတွင် လူတို့သည် ၎င်းတို့အား အတုယူရန်၊ လေးစားရန်၊ ၎င်းတို့နောက်သို့လိုက်ရန်အတွက် သူတို့ကိုယ်သူတို့ ကြွားဝါပြီး သက်သေခံကြရန် ဘုရားသခင်၏ ဘုန်းကျက်သရေကို မကြာခဏခိုးယူကြကာ လူတို့အား အကွက်ဆင်ဖမ်းပြီး ထိန်းချုပ်ရန်အတွက် သူတို့ကို လူတွေ အမြတ်တနိုးကိုးကွယ်ကြဖို့ ပြုလုပ်ကြသည်။ လူတို့သည် ဘုရားသခင်ကို နာခံပြီး ကိုးကွယ်ကြဖို့အလို့ငှာ ၎င်းတို့သည် ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဘယ်သောအခါမျှ ရိုးသားစွာနှင့် မှန်ကန်စွာ သက်သေမခံကြသလို ဂုဏ်မပြုကြချေ။

၅။ ၎င်းတို့သည် သမ္မာတရားကို မုန်းတီးကြပြီး အထူးသဖြင့် သမ္မာတရားကို လိုက်လျှောက်ကာ နားလည်သဘောပေါက်သော လူတို့ကို မနာလိုဖြစ်ကြသည်၊ သူတို့ကို ဖိနှပ်ကြသည်၊ ငြင်းပယ်ကြပြီး ရှုတ်ချကြလေသည်။ ၎င်းတို့ကို ကိုးကွယ်ပြီး ၎င်းတို့နောက်သို့ လိုက်ကြရန်သာ လူတို့ကို ခွင့်ပြုကြသည်၊ သို့တိုင် ခရစ်တော်ကို လက်ခံခြင်းမှ လူတို့ကို ဟန့်တားပြီး ချုပ်ချယ်ကြသလို နောက်ဆုံးသောကာလထဲက ဘုရားသခင်၏ အမှုတော်ကို လူတို့ သက်သေခံခြင်းအား ကြောက်ရွံ့ကြသောကြောင့် အသင်းတော်များကို ပိတ်လှောင်ထားကြသည်။

၆။ ၎င်းတို့၏ ကိုယ်ပိုင်ရာထူးများ နှင့် အသက်မွေးမှုများကို ကယ်ဆယ်ဖို့ရန်အလို့ငှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်သော နောက်ဆုံးသောကာလ၏ ခရစ်တော်ကို အသရေဖျက်ရန်၊ ရှုတ်ချရန် နှင့် ပြစ်မှားစော်ကားရန် ကောလာဟလများနှင့် အလိမ်အညာ မျိုးစုံကိုပင် ထွင်ကြလေသည်။ အရာရာတိုင်းကို မှောင်မိုက်ဖြင့် ပြည့်စေကြပြီး ဘုရားသခင်နှင့် အဆုံးထိ သေရေးရှင်ရေး ယှဉ်ပြိုင်ကြိုးပမ်းမှုကိုပင် ပို၍ နှစ်သက်ကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ဘုရာသခင်ကို အစေမခံပဲ ယင်းထက် ၎င်းတို့၏ ကိုယ်ပိုင်ရာထူးများနှင့် အသက်မွေးမှုများကို အစေခံကြသည်မှာ သိသာထင်ရှားပေသည်။

၇။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့် သက်ဆိုင်သော အချက်အလက်များကို ၎င်းတို့ ဝန်မခံကြသလို၊ နောက်ဆုံးသော ကာလ လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အမှုတော်တို့ကို မယုံကြည်ကြချေ။ ဤသည်မှာ ၎င်းတို့ အားလုံးသည် သမ္မာတရားကို မုန်းတီးသည့် အန္တိခရစ်များ၏ သဘာဝနှင့် အနှစ်သာရများ ပိုင်ဆိုင်ထားကြပြီး ဘုရားသခင်ကို အစေခံသော်လည်း အာခံပြီး ဆန့်ကျင်နေကြသည့် အန္တိခရစ်၏ လမ်းကြောင်းကို လျှောက်လှမ်းကြသည်ကို သက်သေပြရန် လုံလောက်ပေသည်။

ဘုရားသခင်ကို အာခံသည့် ဘာသာရေးအသိုင်းအဝိုင်းများထဲရှိ အန္တိခရစ် အင်အားစုများအားဖြင့် လုပ်ဆောင်သော ဤဒုစရိုက်မှု ခုနှစ်ခုမှာ ဘုရားသခင်၌ ယုံကြည်သူအားလုံး ပွင့်ပွင့်လင်းလင်း သိမှတ်ထားကြသည့် အချက်များဖြစ်ကြသည်။ ယနေ့ ဘာသာရေး အသိုင်းအဝိုင်းထဲတွင် ကျူးလွန်ကြသော ဤဒုစရိုက်အမှု ခုနှစ်ခုသည် ဖာရိရှဲတို့ကို သခင်ယေရှု ထုတ်ဖော်ပြီး တရားစီရင်ရာတွင် အသုံးပြုခဲ့သည့် “အမင်္ဂလာ ခုနှစ်ပါး” ကဲ့သို့ အတိအကျ တူညီသော အနှစ်သာရ ရှိကြလေသည်။ ဤသည်မှာ ဘာသာရေး ခေါင်းဆောင်များသည် အချိန်အတော်ကြာ ဘုရားသခင်ကို အစဉ်အမြဲ အစေခံပုံပေါ်ခဲ့သော်လည်း အမှန်တွင် ဘုရားသခင်ကို အာခံပြီး အန္တိခရစ်၏ လမ်းကြောင်းကို လျှောက်လှမ်းခဲ့ကြသည်ကို သက်သေပြရန် လုံလောက်ပေသည်။ ၎င်းတို့အားလုံးသည် သမ္မာတရားကို မုန်းတီးခြင်း နှင့် ဘုရားသခင်ကို အာခံခြင်းတို့၏ ဆိုးယုတ်သည့် သဘာဝနှင့် အနှစ်သာရတို့ ရှိထားကြသည်ကိုလည်း ဤအချက်များက ဖော်ထုတ်ခဲ့သည်။ ထို့ကြောင့်၊ ၎င်းတို့သည် နောက်ဆုံးသော ကာလ၏ ခရစ်တော်ကို ရန်လိုသော အင်အားစုများ ဖြစ်လာနိုင်ကြပြီး၊ ဘာသာရေး အသိုင်းအဝိုင်းများကို အမှောင် နှင့် ဆိုးညစ်မှုဆီသို့ ဦးဆောင်ကြလေသည်။ ဤအရာက ဘာသာရေး အသိုင်းအဝိုင်းများသည် “ပြည့်တန်ဆာတို့၏ အမိ” နှင့် “ဗာဗုလုန်မြို့ကြီး” များဖြစ်ကြသည်ဟူသော သမ္မာကျမ်းစာ၏ ဗျာဒိတ်ကျမ်းထဲက ပရောဖက်ပြုချက်ကို လုံးဝ ပြည့်စုံစေလေသည်။ ယခုတွင်၊ ဘုရားသခင်ကို ချစ်ပြီး ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို တောင့်တသော လူအချို့တို့သည် ဤခေတ်သစ် ဖာရိရှဲတို့၏ အန္တိခရစ် သဘာဝ နှင့် အနှစ်သာရတို့ကို ထွင်းဖောက်မြင်နှင့်ခဲ့ကြပြီးဖြစ်သလို ဘုရားသခင့်အမှုတော်၏ ခြေလှမ်းများကို ရှာဖွေဖို့ ဘာသာရေး အသိုင်းအဝိုင်းများကို စွန့်ခွာရန် စတင်ခဲ့ကြပြီဖြစ်သည်။ ဘာသာရေး အသိုင်းအဝိုင်းများ၏ ဤဖာရိရှဲတို့သည် နောက်ဆုံးသောကာလ၏ ခရစ်တော်အားဖြင့် ဖော်ပြသော နှုတ်ကပတ်တော်အားလုံးသည် သမ္မာတရားများဖြစ်ကြပြီး ဖောက်ပြန်ပျက်ဆီးသော လူသားများကို ရည်ရွယ်သည့် တရားစီရင်ခြင်းများ နှင့် ပြစ်တင်ဆုံးမမှုများဖြစ်သည်ကို ရှင်းလင်းစွာ သတိပြုမိကြသော်လည်း မည်သို့ဆိုစေကာမူ ၎င်းတို့၏ သမ္မာတရားကို မုန်းတီးမှုကြောင့် ဘုရားသခင်ကို အာခံခြင်း၊ ဝေဖန်ခြင်း၊ ရှုတ်ချခြင်း၊ ဆန့်ကျင်ခြင်းသဘောထားကို လက်ခံရန် ရွေးချယ်ကြသည်။ အရေးကြီးဆုံးမှာ၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ဘုရားသခင်၏ အမှုတော်တို့ကို ပြစ်မှား စော်ကားခြင်းတည်းဟူသော စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသည့် အပြစ်ကိုလည်း ကျူးလွန်မိခဲ့ကြပေသည်။ ဤအပြစ်၏ အဓိက သရုပ်သကန် သုံးခုကို အောက်ပါအတိုင်း စာရင်းပြုထားပါသည်။

၁။ ဘုရားသခင်၏ ဇာတိပကတိကို အသရေ ဖျက်ဖို့ရန် အလိမ်အညာများကို ၎င်းတို့ ထွင်ကြသည်။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်လျက် ဆိုးရွားသော ပြစ်မှားစော်ကားခြင်း ဖြစ်သည်။

၂။ ဘုရားသခင်၏ စကားများကို လူသားစကားများအဖြစ် ၎င်းတို့ သဘောထားကြပြီး ဖတ်ရှုသောအခါတွင် လူတို့ကိုပြုစားတတ်သော ဆိုးညစ်သည့် ဝိညာဉ်များ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ရှိသည်ဟု ၎င်းတို့ ဆိုကြသည်။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်လျက် ဆိုးရွားသော ပြစ်မှားစော်ကားခြင်းတစ်ခု ဖြစ်ပေသည်။

၃။ ၎င်းတို့သည် နောက်ဆုံးသော ကာလ ဘုရားသခင်၏ အမှုတော်ကို ဆိုးညစ်သော ဝိညာဉ်များ၏ အလုပ်အဖြစ် ဖော်ပြကြသည်။ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို ဆိုးညစ်သော ဝိညာဉ်များ၏ အလုပ်ဖြစ်သည်ဟု ပြောဆိုခြင်းနှင့် တူပေသည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်ကို ဆန့်ကျင်လျက် ပြစ်မှားစော်ကားခြင်း ဖြစ်သည်။

ဘာသာရေး အသိုင်းအဝိုင်းများထဲမှ လူတို့သည် ဘုရားသခင်ကို ဆန့်ကျင်လျက် ဆိုးရွားသော ပြစ်မှားစော်ကားခြင်းများကို ဤရှုထောင့်သုံးခု၌ ဖြန့်နေကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ကြောက်ရွံ့သော လူများဖြစ်ကြလျှင်၊ ထိုသို့သော အရာများကို ၎င်းတို့ လုံးဝ ပြောဆိုဝံ့ကြလိမ့်မည် မဟုတ်ပေ။ ကျွန်ုပ်တို့၏ သခင်ယေရှု တရားဟောခြင်းနေ့ရက်များကို ပြန်တွေးကြည့်သော်၊ ထိုအချိန်တွင် သခင်ယေရှုခရစ်တော်သည် နတ်ဆိုးများနှင်ထုတ်ဖို့ နတ်ဆိုးမင်းဖြစ်သည့် ဗေလဇဗုလကို အသုံးပြုသည်ဟု ဆိုသော ဘာသာရေးသမားများ ရှိခဲ့သည်။ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်ကို ဆန့်ကျင်လျက် ပြစ်မှာစော်ကားခြင်း အပြစ်ကို အမှန်တကယ် ကျူးလွန်နေခဲ့ခြင်း ဖြစ်ပေသည်။ သခင်ယေရှု ပြောခဲ့သည်မှာ- “ထို့ကြောင့် ငါဆိုသည်ကား၊ ပြစ်မှားသောအပြစ်၊ ဘုရားကိုကဲ့ရဲ့သောအပြစ်အမျိုးမျိုးတို့နှင့် လွတ်စေ ခြင်းအခွင့်ကို လူတို့သည် ရနိုင်ကြ၏။ ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့်လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ။(ရှင်မဿဲခရစ်ဝင် ၁၂:၃၁) ဟု မိန့်တော်မူခဲ့သည်။ ယနေ့ ဘာသာရေးအသိုင်းအဝိုင်းများထဲတွင်၊ ခေါင်းဆောင်များနှင့် သင်းအုပ်ဆရာအများစုသည် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသော ကောလာဟလများ နှင့် အသရေဖျက် စကားများကို ဖြန့်လျက်လှည့်လည်သွားလာကြသည်။ ၎င်းတို့၏ ရည်ရွယ်ချက်များနှင့်ပန်းတိုင်များ မည်သည့်အရာ ဖြစ်ပါစေ၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားခြင်း အပြစ်ကို ၎င်းတို့ ကျုးလွန်နှင့်ကြပြီဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ် ကြောက်ရွံ့သောသူတို့သည် မှန်သောလမ်းခရီးထဲသို့ အသေးစိတ် လေ့လာစုံစမ်းခြင်း မပြုပဲ ဘယ်သောအခါမျှ ဂရုမစိုက်စွာ ပြောဆိုဝံ့လိမ့်မည်မဟုတ်ပေ၊ သို့တိုင် ၎င်းတို့သည် အရှေ့ရပ်မှ လျှပ်ပြက်ခြင်းမှာ ဝိညာဉ်ဆိုးများ၏ အလုပ်ဖြစ်ပြီး ယင်း၏ သတင်းစကားကို ကြားသည့်အခိုက်အတန့်တွင် လူတို့ လှည့်ဖြားခြင်း ခံရကြသည်ဟု ထင်ရာမြင်ရာ ဝေဖန်မှုပြုခဲ့ကြသည်။ ဤသည်မှာ လုံးဝ အဓိပ္ပါယ်မရှိချေ...ဘာသာရေး အသိုင်းအဝိုင်းများထဲက သင်းအုပ်ဆရာများနှင့် ခေါင်းဆောင်များသည် အန္တိခရစ်၏ လမ်းကြောင်းကို အတိအကျ လျှောက်လှမ်းကြသောသူများအဖြစ် ထုတ်ဖော်ပြခံရနှင့်ပြီး ဖြစ်သည်။ ၎င်းတို့၏ ကိုယ်ပိုင် အဆင့်အတန်းများနှင့် အသက်မွေးမှုကို ထိန်းသိမ်းရန် ခရစ်တော်ကို ဆန့်ကျင်လျက် အဆုံးတိုင် အသည်းအသန် ကြိုးပမ်းအားထုတ် ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများက ရိုးတွင်းခြင်ဆီအထိ မာကြောကြသည်၊ ၎င်းတို့တွင် နောင်တမရှိသလို ၎င်းတို့က နောက်ဆုံးတွင် ဘုရားသခင်သည် မိမိကိုယ်ကိုယ် ထုတ်ဖော်ပြရင်း သခင်ယေရှုက ကျေးဇူးတော်ခေတ်အတွင်းတွင် ပေါလုကို ပြုခဲ့သကဲ့သို့ပင် ကောင်းကင်မှ ၎င်းတို့ကို ခေါ်ရင်း ၎င်းတို့နှင့်အတူ သဘောတူညီချက် ရလိမ့်မည်ဟု ထင်မှတ်ကြသည်။ ဘုရားသခင်ကို လက်ဝါးကားတိုင်တွင် သံမှိုရိုက်နှက်ပြီးနောက် ဘုရားသခင်၏ ကရုဏာတော်ကို ရရှိရန် ဆန္ဒရှိသည်မှာ အလွန်အမင်း အရှက်မဲ့ခြင်းဖြစ်ပေသည်။ ၎င်းတို့သည် မိုက်မဲကြပြီး ဘာသာရေး မင်းဆက်များ၏ “သူရဲကောင်း စိတ်ဓါတ်” ထုံးစံဖြစ်သော “အရှုံးမပေးသော သူရဲကောင်းဆန်မှု” သဘောထားများကို ဖော်ပြလျက် သေသည်အထိ အလျှော့မပေးကြချေ။ ဤအရာက သမ္မာကျမ်းထဲက ဟေဗြဲကျမ်းရှိ ပရောဖက်ပြုချက်ဖြစ်သော၊ “အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့ လိုက်၍ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေရာယဇ်ကို ပူဇော်ရာအခွင့် မရှိဘဲ၊ ဒဏ်စီရင်ခြင်းကို ခံရမည်ဟု ကြောက်မက်ဘွယ်သော မြော်လင့်ရသောအကြောင်း၊ ငြင်းဆန်သော သူတို့ကို ဖျက်ဆီးဘို့ရာ အမျက်တော် မီးလောင်ခြင်းကို ခံရသောအကြောင်းရှိ၏။(ဟေဗြဲ သြဝါဒစာ ၁၀:၂၆-၂၇) ကို ပြည့်စုံစေသည်။

...ဤသည်မှာ နိုင်ငံတော်၏ ဧဝံဂေလိတရားတော်ကို ဖြန့်ဝေခြင်းအတွက် အဓိက အချိန်ကာလဖြစ်သည်။ လူများစွာတို့သည်၊ မှန်သောလမ်းခရီးကို လေ့လာစုံစမ်းချိန်တွင် တွေဝေလာကြပြီး ဘာသာရေး အသိုင်းအဝိုင်းထဲက အန္တိခရစ် နတ်ဆိုးများ၏ အလိမ်အညာများနှင့် ကောလာဟလများအားဖြင့် လှည့်ဖြားခံကြရ လေသည်။ ၎င်းတို့သည် အဆင်းနီသော နဂါးကြီး၏ အတွေးမှားများ နှင့် အယူလွဲများအားဖြင့် လှည့်ဖြားခံကြရသည်၊ ထို့ကြောင့်၊ မှန်သောလမ်းကို ၎င်းတို့ လက်မခံဝံ့ကြချေ။ အခြားသော လူများစွာတို့သည်၊ မှန်သောလမ်းခရီးကို လေ့လာစုံစမ်းချိန်တွင်၊ ဘာသာရေး အသိုင်းအဝိုင်းများထဲက ခေါင်းဆောင်များနှင့် သင်းအုပ်ဆရာများအားဖြင့် ဟန့်တားခံရပြီး လှည့်ဖြားခံကြရသည်၊ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်သို့ မလာနိုင်ကြချေ။ ဤသည်မှာ၊ ၎င်းတို့၏ အသက်တာများသည် ဘာသာရေး ခေါင်းဆောင်များ၊ သင်းအုပ်ဆရာများ နှင့် အဆင်းနီသော နဂါးကြီးအားဖြင့် ပျက်ဆီးပြီး မွန်းကျပ်ခဲ့ကြရသည့် ပုံစံဖြစ်သည်။ ဘာသာရေး အသိုင်းအဝိုင်းများထဲက သင်းအုပ်ဆရာများနှင့် ခေါင်းဆောင်များအတွက် ဘုရားသခင် ရွေးချယ်ထားသော သူများအပေါ် ဘုရားသခင်နှင့် တိုက်ခိုက်ဖို့ရန်မှာ ဘုရားသခင်၏ ရန်သူများဖြစ်ရသည်အထိ ပျက်ဆီးခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်သောသူတို့အား မှန်သောလမ်းကို လေ့လာစုံစမ်းရန် သို့မဟုတ် လွတ်လွတ်လပ်လပ် ရွေးချယ်ရန် နည်းနည်းမျှ အခွင့် မပေးကြချေ။ ဤဒုစရိုက်အမှုက ၎င်းတို့သည် အဆင်းနီသော နဂါးကြီးကဲ့သို့ပင်၊ လူသားအသက်တာများနှင့် ဝိညာဉ်များတစ်ခုလုံးအပေါ် နင်းချေပြီး ဝါးမြိုကြသော နတ်ဆိုးများဖြစ်ကြသည်ကို ပြည့်ပြည့်ဝဝ ရှင်းပြလေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားခြင်း ဖြစ်သည့် ဤစက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသော အပြစ်ကို ကျူးလွန်နှင့်ခဲ့ကြပေပြီ။ ၎င်းတို့သည် လူတို့ကို မှန်သောလမ်းအား လက်ခံခြင်း နှင့် ဘုရားသခင်ထံ လှည့်ပြန်ခြင်းမှ သွေးရူးသွေးတန်း ဟန့်တားနိုင်သည့် အချက်က ၎င်းတို့ကို စာတန်၏ ကြံရာပါများနှင့် မဟာမိတ်များအဖြစ် ဖော်ထုတ်သည် မဟုတ်လော။ လူသားမျိုးနွယ်အပေါ် ၎င်းတို့ တင်ရှိထားသည့် သွေးကြွေးကို အပြည့်အဝ ဆပ်ကြရပေမည်။ ဘုရားသခင်သည် ၎င်းတို့ တစ်ဦးချင်းစီ၏ ကိုယ်ပိုင် လုပ်ဆောင်ချက်များအပေါ် အခြေခံပြီး ဆပ်ပေးလိမ့်မည်ဖြစ်ပြီး ဤသည်မှာ ဘုရားသခင်က မိမိကိုယ်ကိုယ် ထုတ်ဖော်မပြသလို နောက်ဆုံးသောကာလတွင် သူ၏ လူ့ဇာတိခံခြင်း၌ ဘာသာရေး အသိုင်းအဝိုင်းအတွင်း အမှုမပြုရသည့် အခြေခံ အကြောင်းရင်း ဖြစ်ပေသည်။ သခင်ယေရှုက ဘာသာရေးအသိုင်းအဝိုင်းများ၏ ယဇ်ပရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် ဖာရိရှဲများကို မုန်းတီးပြီး ဖော်ထုတ်ကာ တရားစီရင်ခဲ့ပုံမှာ နောက်ဆုံးသော ကာလ၌ အနန္တတန်ခိုးရှင် ဘုရားသခင်က အန္တိခရစ်၏ လမ်းကြောင်းကို လျှောက်လှမ်းကြသော ခေတ်သစ် ဘာသာရေးအသိုင်းအဝိုင်းများ၏ သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို မုန်းတီးသည့်၊ ဖော်ထုတ်သည့်၊ တရားစီရင်ပြီး ရှုတ်ချသည့် ပုံစံဖြစ်သည်။ ဘုရားသခင်သည် တဖန်ပြန်လည် အမှုပြုရန် ဇာတိပကတိ၌ ပေါ်ထွန်းခဲ့ချိန်တွင် သူ၏ အမည်နာမမှာ ပြောင်းလဲခဲ့သော်လည်း သူ၏ စိတ်သဘောထားနှင့် အနှစ်သာရများ မပြောင်းလဲသည်ကို သင်မြင်တွေ့နိုင်ပေသည်။ ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင် ဖြစ်သည်၊ လူသားများသည် အစဉ်အမြဲ လူသားများဖြစ်ကြပြီး စာတန်သည် အစဉ်အမြဲ ဘုရားသခင်၏ ရန်သူဖြစ်သည်။ ဤအရာများသည် ပြောင်းလဲမရနိုင်သော အချက်များဖြစ်သည်။ လူတို့သည် မှန်သောလမ်းခရီးကို လက်ခံနိုင်ပြီး နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်ကို နာခံကာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်ဖို့ရန်အလို့ငှာ ဘုရားသခင်ကို အစေခံ သော်လည်း အာခံကြနေကြသော ဘာသာရေး အသိုင်းအဝိုင်းများ၏ အမှန်တရားနှင့် အနှစ်သာရတို့ကို ရှင်းရှင်းလင်းလင်း မြင်ကြရပါမည်။ ဘုရားသခင်၏ နေ့ရက် လာနေပြီဖြစ်သည့်အတွက် ဤသည်မှာ အရေးပေါ် ကိစ္စဖြစ်ပြီး နှောင့်နှေးကြန့်ကြာ၍ မရနိုင်ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်က- “သင်တို့နားလည်သင့်သည့်အရာမှာ ဤသို့ဖြစ်၏- ဘုရားသခင်၏အမှုသည် သူ့ကို မီအောင် မလိုက်နိုင်သောသူ မည်သူမဆိုကို လုံးဝ မစောင့်ဆိုင်းသကဲ့သို့၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် မည်သည့် လူသားကိုမျှ သနားညှာတာမှု မပြပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

သမ္မာကျမ်းစာအတွင်းတွင် ကျွန်ုပ်တို့ တွေ့နိုင်သော အချက်တစ်ချက်ရှိသည်။ ကျေးဇူးတော်ခေတ်အတွင်းတွင် သခင်ယေရှုသည် ဘာသာရေး အသိုင်းအဝိုင်းများ၏ ယဇ်ပရောဟိတ် အကြီးအကဲများ၊ ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲများကို သွားရောက်တွေ့ဆုံခြင်းမရှိသည်သာမက ဆန့်ကျင်ဖက်အနေဖြင့် ၎င်းတို့ကို သူဖော်ထုတ်ပြီး တရားစီရင်ခဲ့သည်။ အထူးသဖြင့်၊ သခင်ယေရှု၏ ကားစင်တင်ခြင်း၌ ပါဝင်သမျှသောသူတို့သည် ပြင်းထန်စွာ ပြစ်ဒဏ်ပေးခံခဲ့ရပြီး ၎င်းတို့အားလုံး ကြောက်မက်ဖွယ် ကောင်းသည့် ကံကြမ္မာများကို ခံစားခဲ့ကြရသည်။ ဤသည်မှာ အားလုံး အသိအမှတ်ပြုထားကြသော အချက်တစ်ချက်ဖြစ်သည်။ နိုင်ငံတော်ခေတ်တွင် ကြွလာသော အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဘာသာရေးအသိုင်းအဝိုင်းထဲရှိ အန္တိခရစ် အင်အားစုများကို သနားကရုဏာပြည့်ဝပြီး ခွင့်လွှတ်ခြင်းရှိနိုင်မည်လော။ လုံးဝ မရှိနိုင်ပါ- ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် ဖြောင့်မတ်ပြီး သန့်ရှင်းသလို သူ၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားရန် မည်သူကိုမျှ ဘုရားသခင် ခွင့်မပြုသောကြောင့် ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ၎င်းတို့၏ အဆုံးသတ်များကို ချမှတ်နှင့်ပြီးဖြစ်ကာ ယနေ့တွင် ဘုရားသခင်ကို ဆန့်ကျင်နေကြသည့် သင်းအုပ်ဆရာများနှင့် ခေါင်းဆောင်အများစုတို့၏ အပြစ်နှင့်ပြည့်သည့် အမှန်တရားကို ရှင်းလင်းစွာ ထုတ်ဖော်ခဲ့ပြီး ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည့်အရာကို ကြည့်ကြပါစို့။ “ဖာရိရှဲတို့က ယေရှုကို ဆန့်ကျင်ခဲ့သည့် အကြောင်းရင်း၏ အရင်းအမြစ်ကို သင်တို့ သိလိုပါသလော။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိရှိရန် ဆန္ဒရှိသလော။ ၎င်းတို့သည် မေရှိယနှင့် ပတ်သက်သည့် စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်ခဲ့ကြသည်။ ထို့အပြင်၊ မေရှိယလာမည်ဟုသာ ၎င်းတို့ယုံကြည်ခဲ့ကြသော်လည်း၊ အသက် သမ္မာတရားကို မရှာခဲ့ကြချေ။ ထို့ကြောင့် ၎င်းတို့သည် အသက်၏လမ်းခရီးနှင့် သက်ဆိုင်သည့် အသိမရှိသကဲ့သို့၊ သမ္မာတရား၏လမ်းခရီးက မည်သည့်အရာဖြစ်သည်ကို မသိကြသည့်အတွက်၊ ယနေ့တွင်ပင် ၎င်းတို့သည် မေရှိယကို စောင့်ဆိုင်းဆဲဖြစ်၏။ ထိုသို့ မိုက်မဲသည့်၊ ခေါင်းမာပြီး မသိနားမလည်သော သူတို့သည် ဘုရားသခင်၏ ကောင်းချီး မင်္ဂလာကို ရရှိနိုင်မည်ဟု သင်တို့ မည်သို့ဆိုနိုင်မည်နည်း။ မေရှိယကို ၎င်းတို့ မည်သို့ ရှုမြင်နိုင်မည်နည်း။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှု ဦးတည်ရာကို မသိကြသောကြောင့်၊ ယေရှုပြောသည့် သမ္မာတရား၏လမ်းခရီးကို မသိကြသောကြောင့်၊ ထို့အပြင် မေရှိယကို ၎င်းတို့ နားမလည်ခဲ့ကြသောကြောင့် ယေရှုကို ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မေရှိယကို လုံးဝ မမြင်ဖူးကြသကဲ့သို့၊ မေရှိယနှင့် အဖော်ပြုခြင်း လုံးဝမရှိကြသည့်အတွက်၊ မေရှိယ၏ အနှစ်သာရကို ဖြစ်နိုင်သမျှ မည်သည့်နည်းနှင့်မဆို ဆန့်ကျင်နေစဉ်တွင် မေရှိယ၏ နာမကို အချည်းနှီး ဖက်တွယ်နေခြင်းတည်းဟူသော အမှားကို ပြုမိခဲ့ကြ၏။ ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာကြသည်၊ မာနထောင်လွှားပြီး၊ သမ္မာတရားကို မနာခံခဲ့ကြချေ။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း အခြေခံသဘောတရားမှာ- သင်၏ဟောပြောမှု မည်မျှ နက်နဲသည်‌ဖြစ်စေ၊ သင်၏ သြဇာအာဏာ မည်မျှ မြင့်မားသည်ဖြစ်စေ၊ မေရှိယဟု အခေါ်မခံရပါက သင်သည် ခရစ်တော်မဟုတ်ဟူ၍ ဖြစ်သည်။ ဤအမြင်များသည် မဖြစ်နိုင်သကဲ့သို့ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။ သင်တို့ကို နောက်ထပ် ငါ မေးမည်- ယေရှုနှင့်သက်ဆိုင်သည့် သိနားလည်မှု အနည်းငယ်မျှ မရှိသည်ကို ထောက်ဆလျှင်၊ အစောဆုံးကျသည့် ဖာရိရှဲတို့၏ အမှားများကို သင်တို့ ကျူးလွန်ရန် အလွန့်အလွန် လွယ်ကူသည် မဟုတ်လော။ သင်သည် သမ္မာတရား၏ လမ်းခရီးကို ထိုးထွင်းသိမြင်နိုင်သလော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်မဟုတ်ဟု အမှန်တကယ် အာမခံနိုင်သလော။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်နောက် လိုက်နိုင်ပါသလော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်၊ မဆန့်ကျင်မည်ကို မသိပါက၊ သင်သည် သေခြင်း၏ချောက်ကမ်းစွန်းတွင် အသက်ရှင်နေနှင့်ပြီးဖြစ်သည်ဟု ငါဆိုသည်။ မေရှိယကို မသိခဲ့သောသူအားလုံးသည် ယေရှုကိုဆန့်ကျင်နိုင်စွမ်းရှိကြသည်၊ ယေရှုကိုငြင်းပယ်နိုင်စွမ်းရှိကြသည်၊ သူ့ကို အသရေဖျက်နိုင်စွမ်းရှိကြလေသည်။ ယေရှုကို နားမလည်သောလူ အားလုံးသည် သူ့ကို ငြင်းပယ်နိုင်စွမ်းရှိကြပြီး သူ့ကို ဝေဖန်ပုတ်ခတ်နိုင်စွမ်း ရှိသည်။ ထို့အပြင်၊ ၎င်းတို့သည် ယေရှု၏ ပြန်ကြွလာခြင်းကို စာတန်၏ လှည့်ဖြားမှုအဖြစ် မြင်နိုင်စွမ်းရှိကြပြီး ယေရှု လူ့ဇာတိ ပြန်လည်ခံယူသည်ကို သာ၍ များသော လူတို့က ရှုတ်ချကြလိမ့်မည်။ ဤအရာအားလုံးက သင်တို့ကို စိုးရွံ့စေသည် မဟုတ်လော။ သင် ရင်ဆိုင်သည့်အရာမှာ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားစော်ကားခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်က အသင်းတော်များထံ မြွက်ဆိုသော နှုတ်ကပတ်တော်များအား ယိုယွင်းပျက်စီးစေခြင်းနှင့် ယေရှု ဖော်ပြခဲ့သည့် အရာအားလုံးကို ပစ်ပယ်ခြင်းတို့ ဖြစ်လိမ့်မည်။ သင်တို့သည် အလွန် စိတ်ရှုပ်ထွေးပါက၊ ယေရှုထံမှ မည်သည့်အရာကို ရရှိနိုင်မည်နည်း။ သင်တို့၏အမှားများကို နားလည်ဖို့ ခေါင်းမာစွာ ငြင်းဆိုပါက၊ ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူ့ဇာတိ ပြန်လည်ခံယူချိန်တွင် သူ၏ အမှုကို သင်တို့ မည်ကဲ့သို့ နားလည်နိုင်ကြမည်နည်း။ ဤအရာကို သင်တို့အား ငါ ပြော၏- သမ္မာတရားကို လက်မခံသော်လည်း၊ ယေရှု ဖြူသောမိုးတိမ်စီးကာ ကြွရောက်ခြင်းကို ကြောင်းကျိုးမမြင်ဘဲ စောင့်ဆိုင်းသည့် လူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ဧကန်မုချ ပြစ်မှားစော်ကားမိမည်ဖြစ်ပြီး၊ ၎င်းတို့သည် ဖျက်ဆီးခံရမည့် အမျိုးအစားဖြစ်ပေသည်။ သင်တို့သည် ယေရှု၏ကျေးဇူးတော်ကိုမျှ အလိုရှိပြီး၊ ကောင်းကင်ဘုံ၏ အတိသုခပြည့်စုံသော နယ်ပယ်ကိုမျှ လိုချင်သော်လည်း၊ ယေရှုပြောခဲ့သည့် နှုတ်ကပတ်တော်များကို သင်သည် မည်သည့်အခါတွင်မျှ မနာခံဖူးသကဲ့သို့၊ သူ ပြန်လည် လူ့ဇာတိခံယူချိန်တွင် ယေရှု ဖော်ပြသည့် သမ္မာတရားကို မည်သည့်အခါတွင်မျှ ရရှိဖူးခြင်း မရှိပေ။ ယေရှု ဖြူသောမိုးတိမ်စီးကာ ပြန်ကြွလာခြင်း အချက်အတွက် အလဲအလှယ်အဖြစ် သင်တို့ မည်သည့်အရာကို စံပြုကြမည်နည်း။ အပြစ်များကို သင်တို့ ထပ်တလဲလဲ ကျူးလွန်ပြီးနောက် သင်တို့၏ ဝန်ချမှုကို ပြောဆိုသည့် ရိုးသားစစ်မှန်မှုကိုလော။ ဖြူသောမိုးတိမ်စီးကာ ပြန်ကြွလာသည့် ယေရှုကို သင်တို့ မည်သည့်အရာ ဆက်ကပ် ပူဇော်ကြလိမ့်မည်နည်း။ သင်တို့ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်သည့် နှစ်ပေါင်းများစွာကြာသော အလုပ်ကိုလော။ ပြန်ကြွလာသည့် ယေရှုက သင်တို့ကို ယုံကြည်စိတ်ချစေရန် မည်သည့်အရာကို သင်တို့ စံပြုကြလိမ့်မည်နည်း။ မည်သည့်သမ္မာတရားကိုမျှ နာခံခြင်းမရှိသည့် သင်တို့၏ မာနထောင်လွှားသော သဘာဝကိုလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်)

၎င်းတို့ထဲတွင် မည်မျှသည် သမ္မာတရားကို ရှာဖွေပြီး ဖြောင့်မတ်ခြင်းတရားကို လိုက်လျှောက်ကြသနည်း။ ၎င်းတို့ အားလုံးသည် ဘဝင်ခိုက်ကာ ကိုယ်ကျောကိုယ်သပ်ခြင်းဖြင့် ၎င်းတို့၏ ဦးခေါင်းများကို လှုပ်ယမ်းရင်းနှင့် ဒုက္ခပြဿနာမျိုးစုံကို လှုံ့ဆော်ရင်း ဝက်များနှင့် ခွေးများထက် သာ၍မကောင်းသည့် နောက်ချေးပုံအလယ်တွင် နံဟောင်သော ယင်ကောင်တစ်အုပ်ကို ဦးဆောင်သော သားရဲများ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့ ကိုယ်တိုင်က နံဟောင်သော ယင်ကောင်များထက် မပိုသည်ကို မသိသလောက်ဖြစ်လျက်၊ ၎င်းတို့၏ ငရဲဘုရင်သည် အားလုံးထဲမှ အကြီးမြတ်ဆုံးသော ရှင်ဘုရင်ဖြစ်သည်ဟု ယုံကြည်ကြလေသည်။ သို့သော်လည်း ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို အပုပ်ချဖို့ မိမိတို့၏မိဘများအဖြစ် ရှိနေကြသည့် ဝက်များနှင့် ခွေးများ၏ တန်ခိုးအာဏာကို အသုံးချကြသေးသည်။ အလွန်သေးငယ်သော ယင်ကောင်များအနေဖြင့်၊ ၎င်းတို့သည် ၎င်းတို့၏မိဘများကို သွားရှိသော ဝေလငါးများ တမျှ ကြီးမားသည်ဟု ထင်မြင်ကြသည်။ ၎င်းတို့ကိုယ်တိုင်က သေးငယ်လှသော်လည်း၊ ၎င်းတို့၏မိဘများမှာ ၎င်းတို့ထက် အဆသန်းရာပေါင်းများစွာ သာ၍ကြီးမားသော မသန့်ရှင်းသည့် ဝက်များနှင့်ခွေးများ ဖြစ်သည်ကို မသိသလောက် ဖြစ်သည်။ မိမိတို့ကိုယ်တိုင်၏ နိမ့်ကျခြင်းကို သတိမမူဘဲလျက်၊ ၎င်းတို့သည် အနာဂတ်မျိုးဆက်များကို ပေါက်ပွားစေရန် အချည်းနှီး စဉ်းစားရင်း၊ အရှက်ရခြင်းကို သတိမမူဘဲ ဒေါသတကြီး လျှောက်ရမ်းဖို့ ထိုဝက်များနှင့် ခွေးများမှ ထွက်သော ပုပ်ပွသည့် အနံ့ဆိုးအပေါ် အားထားလေသည်။ ၎င်းတို့၏ ကျောပေါ်တွင် တောင်ပံစိမ်းများဖြင့်၊ (ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သည်ဟု ၎င်းတို့ အခိုင်အမာဆိုခြင်းကို ရည်ညွှန်း၏)၊ ၎င်းတို့သည် သွေးနားထင်ရောက်ကြပြီး၊ နေရာတကာတွင် မိမိတို့၏ အလှတရားနှင့် ဆွဲဆောင်မှုတို့ကို ကြွားဝါကြသော်လည်း၊ မိမိတို့ ကိုယ်တိုင်၏ ခန္ဓာကိုယ်များပေါ်က မစင်ကြယ်မှုများကို လူသားအပေါ်သို့ လျှို့ဝှက်စွာ ပစ်ကြလေသည်။ ထို့အပြင်၊ ၎င်းတို့ကိုယ်တိုင်၏ မစင်ကြယ်မှုများကို ဖုံးကွယ်ရန် သက်တံရောင် တောင်ပံတစ်စုံကို ၎င်းတို့ အသုံးပြုနိုင်ကြသည့်အလား၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်နှင့်ပတ်သက်၍ အလွန့်အလွန် ကျေနပ်နေကြပြီး၊ ဤနည်းများဖြင့် ၎င်းတို့သည် စစ်မှန်သော ဘုရားသခင်၏ တည်ရှိခြင်းအပေါ် သူတို့၏ ဖိနှိပ်ခြင်းကို ယူဆောင်လာကြလေသည် (ဤသည်မှာ ဘာသာရေးလောကထဲက ဖြစ်အင်များနောက်ကွယ်တွင် ဖြစ်နေသည့်အရာကို ရည်ညွှန်းသည်)။ ယင်ကောင်တစ်ကောင်၏ တောင်ပံများသည် နှစ်သက်ကြည်နူးဖွယ် လှပသလောက်၊ ယင်ကောင်ကိုယ်၌ကမူ နောက်ဆုံးတွင် အညစ်အကြေးများ နှင့်ပြည့်သော ဝမ်းဗိုက်နှင့် ရောဂါပိုးများနှင့် ဖုံးလွှမ်းနေသည့် ခန္ဓာကိုယ်ဖြင့် သေးငယ်သည့် သတ္တဝါတစ်ကောင်ထက် ဘာမျှ မပိုသည်ကို လူသားသည် မည်သို့သိမည်နည်း။ မိဘများအနေဖြင့် ၎င်းတို့၌ရှိကြသည့် ဝက်များနှင့်ခွေးများ၏ ခွန်အားကိုမှီ၍၊ ၎င်းတို့သည် နယ်မြေတစ်လျှောက် ၎င်းတို့၏ ကြမ်းကြုတ်ရက်စက်မှုတွင် အထိန်းအကွပ်မဲ့လျက် ဒေါသတကြီး ပတ်ရမ်းကြလေသည် (ဤသည်မှာ စစ်မှန်သောဘုရားသခင်နှင့် သမ္မာတရားကို ပုန်ကန်ဖို့ ဘုရားသခင်ကို နှိပ်စက်ညှဉ်းပန်းသည့် ဘာသာရေး အရာရှိများက တိုင်းနိုင်ငံအစိုးရ၏ အားကောင်းသော အထောက်အပံ့ကို အမှီပြုသည့် နည်းလမ်းကို ရည်ညွှန်း၏)။ ယင်းမှာ ယုဒလူမျိုး ဖာရိရှဲတို့၏ တစ္ဆေများသည် ဘုရားသခင်နှင့်အတူ အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံ၊ ၎င်းတို့၏ အသိုက်ဟောင်းဆီသို့ ပြန်လာကြခဲ့သည့်အလား ဖြစ်သည်။ ၎င်းတို့သည် လွန်ခဲ့သော နှစ်ထောင်ပေါင်း အချို့က ၎င်းတို့၏ အလုပ်ကို ပြန်လည်လုပ်ကိုင်ရင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း နောက်တစ်လှည့်ကို စတင်ကြပြီ ဖြစ်သည်။ ဤအကျင့်ပျက်အုပ်စုသည် အဆုံးတွင် ကမ္ဘာမြေပေါ်၌ ပျက်စီးကြဖို့ သေချာ၏။ နှစ်ထောင်ပေါင်းအချို့ကြာပြီးနောက်၊ မသန့်ရှင်းသော ဝိညာဉ်များသည် သာ၍ပင် ကောက်ကျစ်လာပြီး လှည့်ဖြားတတ်လာပုံ ရလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုကို တိတ်တဆိတ် လျော့ပါးစေဖို့ နည်းလမ်းများကို စဉ်ဆက်မပြတ် တွေးတော နေကြသည်။ လှည့်စားမှုများနှင့် မာယာပေါများစွာဖြင့်၊ ၎င်းတို့သည် ဘုရားသခင်ကို အော်ဟစ်လုနီးပါးဖြစ်သည်အထိ ဆွပေးရင်း၊ လွန်ခဲ့သော နှစ်ထောင်ပေါင်းအချို့က အဖြစ်ဆိုးကို ၎င်းတို့၏ မွေးရပ်ဌာနေတွင် ပြန်လည်လုပ်ဆောင်ရန် ဆန္ဒရှိကြလေသည်။ ၎င်းတို့ကို အမြစ်ဖြတ်သုတ်သင်ခြင်းငှာ ဘုရားသခင်သည် တတိယကောင်းကင်ဘုံသို့ ပြန်ကြွမသွားဖို့ရန် မိမိကိုယ်ကိုယ် မနည်းထိန်းနေရ၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၇))

နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် သခင်ယေရှုကို ကားတိုင်တွင် သံမှိုစွဲခဲ့ကြချိန်ဖြစ်သော ကျေးဇူးတော်ခေတ် အကြောင်းကို တွေးကြည့်ပါ၊ ၎င်းတို့ လုပ်ဆောင်ချက်၏ သဘောသဘာဝ အတိအကျမှာ အဘယ်နည်း။ ကောင်းကင်နိုင်ငံတော်၏ လမ်းခရီးကို ဟောပြောသော သခင်ယေရှုကို နတ်ဆိုးများ၏ ဘုရင်လက်ထဲသို့ အပ်စေနိုင်ဖို့၊ ယင်းအပြင် ကားတိုင်တွင် သခင်ယေရှု သံမှိုစွဲခံရမည်ဟု ပြောဆိုရန် နှင့် သခင်ယေရှုကို ကားစင် မတင်ခြင်းထက် သူခိုးဓါးမြတစ်ယောက်ကိုသာ လွှတ်ပေးမည်ဟု ပြောဆိုကြရာ၌ ထိုသို့သော ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်သည် ဘီလူးသရဲစီးခံခဲ့ကြသည် မဟုတ်လော။ နတ်ဆိုးများသာ ဘုရားသခင်နှင့် သေနိုင်လောက်စရာ ကမ္ဘာ့ရန်အဖြစ် ပါဝင်ပတ်သက်ကြသည်အထိ ဘုရားသခင်ကို မုန်းတီးနိုင်ကြပေသည်။ ယဇ်ပရောဟိတ် အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် နောက်လိုက်များစွာတို့သည် သခင်ယေရှု ကားစင်တင်ခံရမည်ဟု ညီညီညာညာ အော်ဟစ်ခဲ့ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို မုန်းတီးသော နတ်ဆိုးတစ်သိုက်သာ ဖြစ်ခဲ့နိုင်ပေသည်။ ဟုတ်သည် မဟုတ်လော။ ယခုတွင်၊ ဘာသာရေး အသိုင်းအဝိုင်းထဲက သင်းအုပ်ဆရာများနှင့် ခေါင်းဆောင်အများစုသည်လည်း ယုံကြည်သူများစွာတို့နှင့်အတူ အနန္တတန်ခိုးရှင် ဘုရားသခင်ကို တစ်သံတည်း ရှုတ်ချကြသည် မဟုတ်လော။ ဤသည်တို့မှာ ဘုရားသခင်ကို ဆန့်ကျင်နေကြသော နတ်ဆိုးများ ဖြစ်ကြသည် မဟုတ်လော။ အထူးသဖြင့်၊ ယခုတွင်၊ ဘုရားသခင်၏ အမှုတော်ကို အဆင်းနီသော နဂါးကြီးက ရူးသွပ်စွာ အာခံပြီး ရှုတ်ချချိန်တွင်၊ ဘာသာရေး အသိုင်းအဝိုင်းသည်လည်း အဆင်းနီသော နဂါးကြီးဘက်တွင်နေကြပြီး ဘုရားသခင်ကို အာခံရန်၊ ရှုတ်ချရန် နှင့် ပြစ်မှားစော်ကားရန်ပင် ၎င်းနှင့်အတူတကွ ပူးပေါင်းကြလေသည်။ ထို့ကြောင့်၊ လူသားမျိုးနွယ်သည် ဘာသာရေးအသိုင်းအဝိုင်းနှင့် အဆင်းနီသော နဂါးကြီးတို့သည် ပေါင်းစည်းထားသော စစ်ကြောင်းတစ်ခုကို အတူတကွ ပုံဖော်နေကြပြီး စာတန်၏ စခန်းတွင် အတူတကွ ပူးပေါင်းကြသည်ကို မျက်မြင်ကိုယ်တွေ့ကြုံ နေကြရပေသည်။ ဘာသာရေး အသိုင်းအဝိုင်းသည် စာတန်၏ ကြံရာပါဖြစ်သည်မှာ ကြာခဲ့ပြီဖြစ်ပြီး ယင်းက ဘာသာရေး အသိုင်းအဝိုင်းက ဘုရားသခင်ကို အစေခံခြင်းဖြစ်သည့် ဆိုးညစ်ပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရသည် အမှန်တွင်တော့ ဘုရားသခင်ကို အာခံခြင်းဖြစ်ကြောင်း လုံးလုံးလျားလျား ထုတ်ဖော်ပြလေသည်။ ဤအရာက ဂျူးဖာရိရှဲများကို ဖော်ထုတ်ပြီး တရားစီရင်ခဲ့သည့် သခင်ယေရှု မိန့်ဆိုသောခဲ့သော စကားများသည် ယနေ့ ဘာသာရေးအသိုင်းအဝိုင်း၏ တူညီသော ဖောက်ပြန်ပျက်စီးပြီး ဆိုးညစ်သည့် အနှစ်သာရကို အတိအကျ ထုတ်ဖော်ပြခဲ့သည်ကို လုံးဝ သက်သေပြလေသည်။ ယနေ့ခေတ် ဘာသာရေး အသိုင်းအဝိုင်း၏ ဘုရားသခင်ကို အာခံခြင်းသည် ကျေးဇူးတော်ခေတ်ရှိ ဘာသာရေး အသိုင်းအဝိုင်း၏ အာခံခြင်းနှင့် ညီမျှသည် သို့မဟုတ် ယင်းကို ကျော်လွန်လေသည်။ ၎င်းတို့သည် ဘုရားသခင်က ငြင်းပယ်ပြီး ရှုတ်ချခဲ့သည့် အန္တိခရစ်၏ ဘီလူးသရဲစီးနေသော အဖွဲ့ဖြစ်ပြီး စာတန်၏ ဆိုးညစ်သော အင်အားစုတွင် လုံးလုံး ပါဝင်လေသည်။ ဤအရာမှ၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းက နောက်ဆုံးသော ကာလတွင် သမ္မာတရားကို ဟောပြောပြီး တရားစီရင်မှုကို လုပ်ဆောင်နေသော ခရစ်တော်ကို နောက်တစ်ကြိမ် အမှန်တကယ် ကားစင်တင်နိုင်သည်အထိ တစ်ဖက်စွန်းရောက်ခဲ့ပြီဖြစ်သည်မှာ သိသာထင်ရှားပေသည်။ ဤသည်မှာ၊ လူသားမျိုးနွယ်သည် နတ်ဆိုးများအဖြစ် ပြောင်းသွားခဲ့ကြသည်အထိ စာတန်အားဖြင့် အလွန် ပျက်စီးခဲ့ကြရသည်ကို ပြသရန် လုံလောက်ပေသည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့သည် စာတန်၏ ကံကြမ္မာကို အဆုံးသတ်သို့ ပို့ဆောင်ပေးခြင်း အမှုတော်ဖြစ်သည်။ ဘုရားသခင်သည် နောက်ဆုံးသော ကာလ၏ စစ်မှန်သော လူ့ဇာတိခံ ဘုရားသခင် နှင့်အတူ သေစေနိုင်လောက်သော ကမ္ဘာ့ရန်အဖြစ်၌ ပါဝင်ပတ်သက်ကြသည့် ဘာသာရေးအသိုင်းအဝိုင်း၏ ဤဘီလူးသရဲ စီးနေသော အန္တိခရစ်များကို ဘုရားသခင်သည် သက်ညှာမှုပြ လိမ့်မည်မှာ ဖြစ်နိုင်ဖွယ်ရှိသလော။ ဘုရားသခင်၏ လူသိရှင်ကြား ပေါ်ထွန်းခြင်းကို လောက၏ တိုင်းနိုင်ငံများနှင့် လူမျိုးများက မျက်မြင်ကြုံတွေ့သောအခါ မည်သို့သော မြင်ကွင်းဖြစ်လိမ့်မည်ကို လူတိုင်း စောင့်ကြည့်ပြီး မြင်နိုင်ပါသည်။ လူတို့ အဘယ်ကြောင့် မြည်တမ်းကြမည်နည်း။ ထို့နောက် သမ္မာတရားသည် နေ့အလင်းထဲသို့ ဆောင်ယူခံရလိမ့်မည်ဖြစ်သည်။

အထက်အရပ်မှ မိတ်သဟာယပြုခြင်း မှ

အောက်ခြေမှတ်စု(များ)-

၁။ “ဒုက္ခပြဿနာမျိုးစုံကို လှုံ့ဆော်ရင်း” ဆိုသည်မှာ မာရ်နတ်နှင့်ဆိုင်သော လူတို့သည် ဘုရားသခင်၏ အမှုကို ဟန့်တားကာ ဆန့်ကျင်ရင်း မည်သို့ သောင်းကျန်းကြမ်းတမ်းပုံကို ရည်ညွှန်းသည်။

၂။ “သွားရှိသော ဝေလငါးများ” ဆိုသည်မှာ သရော်သည့်အနေဖြင့် သုံးထားခြင်း ဖြစ်သည်။ ယင်ကောင်များသည် သေးငယ်လွန်းလှသည်မှာ ဝက်များနှင့် ခွေးများသည် ၎င်းတို့အတွက် ဝေလငါးများတမျှ ကြီးမားပုံကို တင်စားခြင်း ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။