ခေါင်းဆောင် အတုအယောင်တစ်ဦး သို့မဟုတ် သိုးထိန်း အတုအယောင်တစ်ဦးဆိုသည်မှာ အဘယ်အရာဖြစ်ပြီး ၎င်းတို့ကို ခွဲခြားနိုင်သည့်နည်းလမ်း

18.11.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အရည်အချင်းပြည့်မီသော လုပ်သားတစ်ဦး၏ အလုပ်သည် လူတို့ကို မှန်ကန်သော လမ်းသို့ ခေါ်ဆောင်နိုင်ပြီး ၎င်းတို့ကို သမ္မာတရားထဲသို့ သာ၍ ကြီးမားသည့် ဝင်ရောက်မှု ပေးနိုင်လေသည်။ သူ့အလုပ်သည် လူတို့ကို ဘုရားသခင် ရှေ့သို့ ခေါ်ဆောင်နိုင်သည်။ ထို့အပြင်၊ သူလုပ်ဆောင်သော အလုပ်သည် တစ်ဦးနှင့် တစ်ဦး ကွဲပြားမှုရှိနိုင်ပြီး၊ လူတို့ကို လွတ်မြောက်မှုနှင့် လွတ်လပ်ခြင်းတို့ ရှိစေရင်း၊ စည်းမျဉ်းများဖြင့် ကန့်သတ်မထားသကဲ့သို့၊ အသက်တာတွင် လုပ်နိုင်စွမ်း တဖြည်းဖြည်း ကြီးထွားနိုင်ပြီး သမ္မာတရားထဲသို့ သာ၍နက်နဲသော ဝင်ရောက်မှုတစ်ခုကို ရရှိစေနိုင်သည်။ အရည်အချင်းမပြည့်မီသော လုပ်သားတစ်ဦး၏ အလုပ်သည် အလွန်အဆင့်မမီပေ။ သူ၏အလုပ်သည် မိုက်မဲ၏။ သူ့အနေဖြင့် လူတို့ကို စည်းမျဉ်းစည်းကမ်းများထဲသို့သာ ပို့ဆောင်နိုင်ပြီး၊ လူတို့ကို သူတောင်းဆိုသော အရာသည် တစ်ဦးနှင့်တစ်ဦး မကွာခြားပေ။ သူသည် လူတို့၏ တကယ့် လိုအပ်ချက်များနှင့်အညီ အလုပ်မလုပ်ပေ။ ဤအလုပ်အမျိုးအစားတွင်၊ စည်းမျဉ်းစည်းကမ်း အလွန်များလှပြီး အယူဝါဒ အလွန်များလှကာ၊ လူတို့ကို လက်တွေ့အရှိတရားထဲသို့၊ သို့မဟုတ် အသက်တာ ကြီးထွားမှုနှင့်သက်ဆိုင်သည့် ပုံမှန်လက်တွေ့လုပ်ဆောင်ခြင်းထဲသို့ မခေါ်ဆောင်နိုင်ပေ။ ယင်းသည် လူတို့ကို သုံးမရသော စည်းမျဉ်းစည်းကမ်း အနည်းငယ်တို့ကိုသာ လိုက်နာနိုင်စေသည်။ ထိုသို့သော လမ်းပြမှုမျိုးသည် လူတို့ကို လမ်းလွဲရုံသာ လမ်းလွဲစေနိုင်သည်။ သူသည် သင့်ကို သူနှင့်တူစေဖို့ ဦးဆောင်သည်။ သူသည် သင့်ကို သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းထဲသို့ ခေါ်ဆောင်နိုင်သည်။ နောက်လိုက်များအနေဖြင့် ခေါင်းဆောင်များ အရည်အချင်း ပြည့်မီခြင်း ရှိမရှိကို ရိပ်စားမိရန်၊ အဓိကသော့ချက်မှာ ၎င်းတို့ဦးဆောင်သော လမ်းကြောင်းနှင့် ၎င်းတို့အလုပ်၏ ရလဒ်များကို ကြည့်ရန်ဖြစ်ပြီး နောက်လိုက်များက သမ္မာတရားနှင့်အညီ အခြေခံသဘောတရားများကို ရရှိခြင်း ရှိ မရှိဆိုသည်နှင့် ၎င်းတို့၏ ပြောင်းလဲခြင်းအတွက် သင့်တော်သော လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများ ရရှိခြင်း ရှိ မရှိဆိုသည်ကို ကြည့်ရန် ဖြစ်သည်။ သင်သည် မတူညီသောလူအမျိုးအစားတို့၏ မတူညီသည့် အလုပ်များကို ခွဲခြားသိမြင်သင့်သည်။ သင်သည် မိုက်မဲသော နောက်လိုက်တစ်ဦး မဖြစ်သင့်ပေ။ ဤသည်မှာ လူတို့၏ဝင်ရောက်မှု ကိစ္စနှင့် သက်ဆိုင်ပေသည်။ အကယ်၍ သင်သည် မည်သည့် လူ၏ဦးဆောင်မှုသည် လမ်းကြောင်းရှိပြီး၊ မည်သည့်လူ၏ ဦးဆောင်မှုက လမ်းကြောင်းမရှိသည်ကို မခွဲခြားမသိမြင်နိုင်ပါက၊ သင်သည် လွယ်ကူစွာ လှည့်စားခြင်းခံရလိမ့်မည်။ ဤအရာအားလုံးသည် သင်ကိုယ်တိုင်၏ အသက်တာနှင့် တိုက်ရိုက် သက်ဆိုင်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်

လူ၏စိတ်ထဲရှိအလုပ်သည် ရရှိဖို့ လူသားအတွက် အလွန်လွယ်ကူလွန်းလှ ပေသည်။ ဥပမာအားဖြင့်၊ ဘာသာရေး လောကထဲက သင်းအုပ်များနှင့် ခေါင်းဆောင်များသည် မိမိတို့၏ အလုပ်ကို လုပ်ဆောင်ရန် ၎င်းတို့၏ ဆုကျေးဇူးများနှင့် ရာထူးများအပေါ် အမှီပြုကြသည်။ အချိန်ကြာမြင့်စွာ ၎င်းတို့နောက်လိုက်သော သူများသည် ၎င်းတို့၏ ဆုကျေးဇူးများဖြင့် ကူးစက်ခံရပြီး ၎င်းတို့၏ဖြစ်တည်မှု အချို့ဖြင့် လွှမ်းမိုးမှုခံရကြလိမ့်မည်။ ၎င်းတို့သည် လူတို့၏ ဆုကျေးဇူးများ၊ အစွမ်းအစများနှင့် အသိပညာတို့အပေါ် အာရုံစိုက်ပြီး၊ သဘာဝလွန်သည့်အရာများနှင့် နက်နဲပြီး လက်တွေ့မကျသော အယူဝါဒများကို (ဟုတ်ပေ၏၊ ဤနက်နဲသော အယူဝါဒများကို မရယူနိုင်ပေ။) အာရုံစိုက်ကြလေသည်။ ၎င်းတို့သည် လူတို့၏ စိတ်သဘောထားများထဲက ပြောင်းလဲမှုများအပေါ် အာရုံမစိုက်ဘဲ၊ ယင်းထက် တရားဟောဖို့နှင့် အလုပ်လုပ်ဖို့ လူတို့ကို လေ့ကျင့်ပေးခြင်း၊ လူတို့၏အသိပညာနှင့် ၎င်းတို့၏ အလျှံပယ်ဖြစ်သော ဘာသာရေး အယူဝါဒများကို တိုးတက်စေခြင်းတို့အပေါ် အာရုံစိုက်ကြလေသည်။ လူတို့၏ စိတ်သဘောထားများ မည်မျှပြောင်းလဲသည်ဆိုသည့်အပေါ် ၎င်းတို့ အာရုံမစိုက်ကြသကဲ့သို့၊ သမ္မာတရားကို လူတို့ မည်မျှနားလည်သည်ဆိုသည့်အပေါ်လည်း အာရုံမစိုက်ပေ။ ၎င်းတို့သည် လူတို့၏သာမန်နှင့် သာမန်မဟုတ်သော အခြေအနေတို့ကို ရရှိဖို့ကြိုးစားရန် မဆိုထားနှင့်၊ လူတို့၏အနှစ်သာရကိုပင် စိတ်ပင်မဝင်စားကြပေ။ ၎င်းတို့သည် လူတို့၏ မပြည့်စုံမှုများ သို့မဟုတ် ဖောက်ပြန်ပျက်စီးခြင်းများအတွက် လူတို့ကို ပြုပြင်ရန်မဆိုထားနှင့်၊ ၎င်းတို့၏ အယူအဆများကို မဆန့်ကျင်ကြသကဲ့သို့၊ ၎င်းတို့၏အယူအဆများကို ထုတ်ဖော်ပြခြင်းမရှိပေ။ ၎င်းတို့နောက်လိုက်သောသူ အများစုသည် မိမိတို့၏ ဆုကျေးဇူးများဖြင့် အစေခံကြပြီး၊ သူတို့ထုတ်ဖော်ပြသမျှအားလုံးမှာ လက်တွေ့အရှိတရားနှင့် ကင်းကွာပြီး လူတို့အပေါ် အသက်အပ်နှင်းနိုင်ခြင်း လုံးဝမရှိသည့် ဘာသာရေး အယူအဆများနှင့် ဓမ္မပညာဆိုင်ရာ သဘောတရားများဖြစ်သည်။ အမှန်တွင်၊ ၎င်းတို့ အလုပ်၏ အနှစ်သာရသည် ပါရမီကို ပျိုးထောင်ခြင်း၊ ဘာမျှမရှိသည့် လူတစ်ဦးမှ နောက်ပိုင်းတွင် အလုပ်လုပ်ကာ ဦးဆောင်မည့် ပါရမီရှိသော ကျမ်းစာကျောင်း ဘွဲ့ရတစ်ဦးအဖြစ်သို့ ပျိုးထောင်ခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်

အသင်းတော်၌ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့်၊ သင်တို့သည် ဘုရားသခင်ရွေးချယ်ထားသော လူတို့ကို သမ္မာတရား၏ စစ်မှန်မှုထဲသို့ ခေါ်ဆောင်လိုပြီး ဘုရားသခင်၏ သက်သေခံများအဖြစ် အစေခံလိုပါက၊ အရေးကြီးဆုံးအနေဖြင့် သင်သည် လူတို့ကို ကယ်တင်ရာ၌ ဘုရားသခင်၏ ရည်မှန်းချက်နှင့် သူ့အလုပ်၏ ရည်ရွယ်ချက်တို့အပေါ် ပို၍နက်နဲသော သိနားလည်ခြင်း ရှိရမည်။ ဘုရားသခင်၏ အလိုတော်နှင့် လူတို့အပေါ် သူ၏ အမျိုးမျိုးသော သတ်မှတ်ချက်များကို သင်နားလည်ရမည်။ သင်၏ ကြိုးစားအားထုတ်မှုများ၌ လက်တွေ့ကျရမည်။ သင်နားလည်သမျှလောက်ကိုသာ လက်တွေ့လုပ်ဆောင်ပြီး သင်သိထားသည့်အရာအပေါ်၌သာ မိတ်သဟာယပြုလော့။ မကြွားဝါနှင့်၊ ပုံကြီးမချဲ့နှင့်၊ ပြီးလျှင် တာဝန်မဲ့သော မှတ်ချက်များကို မပြောလေနှင့်။ အကယ်၍ သင်သည် ပုံကြီးချဲ့ပြောလျှင် လူတို့က သင့်ကို မုန်းတီးလိမ့်မည်ဖြစ်၍ ထို့နောက်တွင် အပြစ်တင်ခံရလိမ့်မည်။ ဤသည်မှာ အလွန်တရာပင် မသင့်လျော်ပါပေ။ အခြားသူများကို သင် သမ္မာတရား ထောက်ပံ့ပေးသည့်အခါ သင်သည် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းဖို့နှင့် သမ္မာတရားကို ၎င်းတို့ ရရှိဖို့အတွက် ဆူပူကြိမ်းမောင်းစရာ သေချာပေါက် မလိုပါပေ။ သင်ကိုယ်တိုင်က သမ္မာတရားမရှိဘဲ အခြားသူများကို ကိုင်တွယ်ဖြေရှင်းပြီး ဆူပူကြိမ်းမောင်းပါက ၎င်းတို့ သင့်ကို ကြောက်လန့်မည်ဖြစ်သော်လည်း ယင်းက သမ္မာတရားကို ၎င်းတို့နားလည်သည်ဟု မဆိုလိုပေ။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်အချို့၌မူ သင့်အနေဖြင့် အခြားသူများကို ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်ဖို့နှင့် သူတို့ကို အတိုင်းအတာတစ်ခုအထိ ဆုံးမပဲ့ပြင်ဖို့မှာ သင့်အတွက် အဆင်ပြေသည်။ သို့သော် သင်သည် သမ္မာတရားကို မထောက်ပံ့ပေးနိုင်ဘဲ မည်ကဲ့သို့ ခြယ်လှယ်လွန်းပြီး အခြားသူများကို အပြစ်ဆိုရမည်ကိုသာ သိနားလည်ပါက သင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် အကျည်းတန်ခြင်းတို့ ဖော်ထုတ်ခံရလိမ့်မည် ဖြစ်သည်။ အချိန်ကုန်လွန်သည်နှင့်အမျှ လူတို့သည် သင့်ထံမှ အသက်တာ ထောက်ပံ့ပေးခြင်း သို့မဟုတ် လက်တွေ့ကျသော အရာများကို မရရှိနိုင်ပါက ၎င်းတို့သည် သင့်ကို မုန်းတီးလာပြီး သင့်အားဖြင့် စက်ဆုပ်ရွံရှာမှုကို ခံစားလာရလိမ့်မည်။ ထိုးထွင်းသိမြင်မှု ကင်းမဲ့သောသူတို့သည် သင့်ထံမှ အပျက်သဘောဆောင်သော အရာများကို သင်ယူကြလိမ့်မည်။ အခြားသူများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ပြုပြင်ရန်၊ စိတ်ဆိုးရန်နှင့် ၎င်းတို့၏ ဒေါသထွက်ရန်အတွက် သင်ယူကြလိမ့်မည်။ ယင်းမှာ ပေါလု၏လမ်းကြောင်းပေါ်နှင့် ထာဝရအပြစ်ဒဏ်ခံရမည့် လမ်းကြောင်းပေါ်သို့ အခြားသူများကို ခေါ်ဆောင်ခြင်းသဘော သက်ရောက်သည်မဟုတ်လော။ ယင်းမှာ ဒုစရိုက်အမှုပြုခြင်းတစ်ခု မဟုတ်သလော။ သင်၏အလုပ်က အခြားသူများအတွက် သမ္မာတရားကို မိတ်သဟာယပြုခြင်းနှင့် အသက်ကို ထောက်ပံ့ပေးခြင်းအပေါ် အာရုံစိုက်သင့်သည်။ အကယ်၍ သင်ပြုလုပ်သမျှမှာ အခြားသူများကို ကျိုးကြောင်းမမြင်ဘဲ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် သြဝါဒပေးခြင်းဖြစ်ပါက ၎င်းတို့သည် သမ္မာတရားကို မည်သို့ နားလည်ကြလိမ့်မည်နည်း။ အချိန်ကုန်လွန်သည်နှင့်အမျှ လူတို့က သင် အမှန်တကယ်မည်သူဖြစ်သည်ကို မြင်တွေ့လိမ့်မည်ဖြစ်ပြီး သင့်ကို စွန့်ခွာကြလိမ့်မည်။ သင်သည် ဤနည်းဖြင့် အခြားသူများကို ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်ရန် အဘယ်သို့ မျှော်မှန်းနိုင်သနည်း။ ဤအရာက အမှုကို မည်သို့ လုပ်ဆောင်ပေးနေသနည်း။ ဤနည်းအတိုင်း သင် ဆက်လက်လုပ်ဆောင်နေပါက လူတိုင်းကို ဆုံးရှုံးရလိမ့်မည်။ ထို့အပြင် မည်သည့်အမှုကို ပြီးမြောက်အောင်မြင်ရန် သင်မျှော်လင့်သနည်း။ အချို့သောခေါင်းဆောင်များသည် ပြဿနာများကို ဖြေရှင်းရန်အတွက် သမ္မာတရားကို မိတ်သဟာယပြုနိုင်စွမ်း မရှိကြပေ။ ထို့အစား ၎င်းတို့က အခြားသူများကို ကျိုးကြောင်းမမြင်ဘဲလျက်နှင့် ကိုင်တွယ်ဖြေရှင်းကာ အခြားသူများက ၎င်းတို့ကို ကြောက်လန့်ပြီး နာခံလာရန်အတွက် မိမိတို့၏ သြဇာအာဏာကို ကြွားလုံးထုတ်ကြသည်- ထိုကဲ့သို့သော လူတို့သည် အတုအယောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များနှင့်သာ စပ်ဆိုင်လေသည်။ မိမိတို့၏ စိတ်သဘောထား ပြောင်းလဲထားခြင်း မရှိသောသူတို့သည် အသင်းတော်အလုပ်ကို ထမ်းဆောင်နိုင်စွမ်း မရှိသည့်အပြင် ဘုရားသခင်ကို အစေမခံနိုင်ကြပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား၏ လက်တွေ့အရှိတရား ရှိသူများသာလျှင် ဦးဆောင်လမ်းပြနိုင်သည်” မှ

ငါ့နောက်ကွယ်တွင် လူအများအပြားသည် ရာထူးဂုဏ် အဆင့်အတန်းနှင့် သက်ဆိုင်သည့် ကောင်းချီးကို အငမ်းမရဖြစ်ကြသည်။ သူတို့သည် အစားအသောက်ကို တဝတပြဲ စားသောက်ကြပြီး အိပ်စက်ခြင်းကို နှစ်ခြိုက်ပြီ၊ ဇာတိပကတိကိုလုံးဝ ဂရုစိုက်ကာ ဇာတိပကတိကို ရှောင်လွှဲ၍မရဟု အစဉ် စိုးရိမ်နေ၏။ ထိုသူတို့သည် အသင်းတော်တွင် သူတို့၏ သင့်လျော်ရာတာဝန်ကို မဆောင်ရွက်ဘဲ၊ အသင်းတော်ကို ကပ်စားကြသည်။ သို့မဟုတ်ပါက ၎င်းတို့သည် သြဇာအာဏာရှိသော အနေအထားမှ အခြားသူများအပေါ် ဆရာလုပ်ကာ ၎င်းတို့၏ ညီအစ်ကို မောင်နှမများကို ငါ့နှုတ်ကပတ်တော်များဖြင့် ဆိုဆုံးမပေသည်။ ၎င်းတို့သည် ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်နေကြသည်ဟု ဆိုမြဲဆိုနေကြပြီး ၎င်းတို့သည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများဟု အစဉ်အမြဲ ဆိုကြသည်- ဤသည်မှာ ရယ်ဖွယ်ပင် မဟုတ်လော။ အကယ်၍ သင့်ထံတွင် မှန်ကန်သော ရည်ရွယ်ချက်များရှိငြား၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ အစေမခံနိုင်ပါက၊ သင်သည် မိုက်မဲနေခြင်းသာ ဖြစ်သည်။ သို့သော် အကယ်၍ သင်၏ ရည်ရွယ်ချက်များသည် မမှန်ကန်ကြဘဲ၊ သင်သည် ဘုရားသခင်ကို အစေခံသည်ဟု ဆိုနေသေးပါက၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင်သောသူတစ်ဦး ဖြစ်ပြီး ဘုရားသခင်၏ အပြစ်ပေးခြင်းကို ခံထိုက်ပေသည်တကား။ ငါ၌ ထိုကဲ့သို့သောလူများအပေါ် သနားကြင်နာမှု မရှိလိုက်လေခြင်း။ ထိုသူတို့သည် ဘုရားသခင်၏အိမ်တော်တွင် ကပ်စားကြကာ ဇာတိပကတိနှင့်ဆိုင်သော ဇိမ်ခံစရာတို့ကို အစဉ်တပ်မက်ကြပြီး ဘုရားသခင်၏အကျိုးများအတွက် ထည့်သွင်းစဉ်းစားခြင်း မရှိကြပေ။ ထိုသူတို့သည် အစဉ် မိမိကောင်းကျိုးရှာပြီး ဘုရားသခင်၏အလိုတော်ကို အလေးမပေးကြပေ။ ၎င်းတို့ ပြုသမျှတို့ကို ဘုရားသခင်၏ ဝိညာဉ်တော်က စိစစ်ခြင်းကို ၎င်းတို့လက်မခံကြပေ။ ၎င်းတို့သည် ၎င်းတို့၏ ညီအစ်ကိုမောင်နှမများကို အစဉ်ပင် အကွက်ဆင်ပြီး လှည့်ဖြားကြသည်။ ထို့အပြင် စပျစ်ခြံတစ်ခြံထဲရှိ မြေခွေးကဲ့သို့ မျက်နှာနှစ်ဘက်ရှိသောကြောင့်၊ စပျစ်သီးများကို အစဉ်ခိုးကာ စပျစ်ခြံကို ဖြတ်နင်းသွားကြသည်။ ထိုသို့သောသူများသည် ဘုရားသခင်၏ ရင်းနှီးသူများ ဖြစ်နိုင်သလော။ သင်သည် ဘုရားသခင်၏ ကောင်းချီးများကို ရရှိရန် သင့်လျော်သလော။ သင်သည် သင်၏အသက်နှင့် အသင်းတော်အတွက် မည်သည့်ဝန်ထုပ်ဝန်ပိုးကိုမျှ မယူပေ။ သင်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ရရှိရန် သင့်လျော်သလော။ သင်ကဲ့သို့သောသူကို မည်သူက ယုံကြည်စိတ်ချဝံ့မည်နည်း။ သင်သည် ထိုကဲ့သို့ အစေခံသောအခါ၊ ဘုရားသခင်သည် သင့်အား ပို၍ကြီးမားသော တာဝန်ကို အပ်နှံဝံ့မည်လော။ ဤသည်မှာ အမှုတော်ကို နှောင့်နှေးကြန့်ကြာမှုများ ဖြစ်စေမည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အလိုတော်နှင့် သဟဇာတရှိစွာ အစေခံနည်း

ခေါင်းဆောင်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်သောသူသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို နားလည်နိုင်သည့် အရည်အချင်းနှင့် သမ္မာတရားကို နားလည်နိုင်သည့် အစွမ်းအစကို ပိုင်ဆိုင်လျှင် ၎င်းတို့ကိုယ်တိုင် ဘုရားသခင်၏နှုတ်ကပတ်တော်တို့ကို နားလည်ပြီး သူ့နှုတ်ကပတ်တော်တို့၏ လက်တွေ့အရှိတရားသို့ ဝင်ရောက်နိုင်ကြရုံသာမက ၎င်းတို့ဦးဆောင်သောသူတို့အား ဘုရားသခင်၏နှုတ်ကပတ်တော်တို့ကို နားလည်ခြင်းနှင့် ဘုရားသခင့်နှုတ်ကပတ်တော်တို့၏ လက်တွေ့အရှိတရားသို့ ဝင်ရောက်ခြင်းတို့၌ အကြံပေးကာ လမ်းပြပြီး ကူညီပေးနိုင်ကြသည်။ သို့ရာတွင် ထိုကဲ့သို့သော အစွမ်းအစသည် အယောင်ဆောင်ခေါင်းဆောင်များ၌ မရှိသောအရာစင်စစ်ပင် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို နားမလည်ကြပေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် မည်သည့်အခြေအနေများကို ညွှန်းဆိုနေသည်၊ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို လူတို့ဖွင့်ပြသည့်အခါ၊ သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့် နာကြည်းခြင်း ဖြစ်ပေါ်သည့်အခါ ၎င်းတို့သည် မည်သည့်အခြေအနေကို ဖော်ပြသည်၊ သို့မဟုတ် လူကို လှုံ့ဆော်ပေးသည့် အရင်းခံအကြောင်းများ စသည်တို့ကို မသိကြပေ။ ၎င်းတို့သည် အမှုအရာများကို ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့်ယှဉ်ပြီး နှိုင်းဆချင့်ချိန်နိုင်စွမ်း မရှိကြဘဲ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ အပေါ်ယံအဆင့်ရှိ နှုတ်ကပတ်တော်များ၊ စည်းမျဉ်းများနှင့် လူသိများသော စကားလုံးအနည်းငယ်တို့မျှကိုသာ နားလည်နိုင်ကြသည်။ အခြားလူများနှင့် မိတ်သဟာယဖွဲ့သည့်အခါတွင် ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်တစ်ပိုဒ်ကို မှတ်သားထားပြီးနောက် ယင်း၏အပေါ်ယံအဓိပ္ပာယ်ကို ရှင်းပြကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့အပေါ် အယောင်ဆောင်ခေါင်းဆောင်များ၏ နားလည်မှု၊ သိမြင်မှုနှင့် လက်ခံမှုတို့သည် ဤမျှလောက်သာ အကန့်အသတ်ရှိသည်။ ၎င်းတို့၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်သည့်အရည်အချင်း ကင်းမဲ့ကြသည်။ ဤနှုတ်ကပတ်တော်တို့၏ တိုက်ရိုက်အဆင့်ရှိ လူအားလုံးအတွက် သိသာထင်ရှားမှုရှိသော စကားအသုံးအနှုန်းနှင့် အဓိပ္ပာယ်အတိမ်အနက်တို့ကို ၎င်းတို့နားလည်ရုံမျှသာရှိပြီး— အကျိုးဆက်အနေဖြင့် နှုတ်ကပတ်တော်တို့ကို နားလည်သဘောပေါက်သွားပြီဟု ၎င်းတို့ထင်မြင်ကြသည်။ ထိုနည်းတူ ၎င်းတို့သည် နေ့စဥ်အသက်တာတွင် သူတစ်ပါးတို့ကို ဆိုဆုံးမပြီး “ကူညီ” ရန်အတွက် ဘုရားသခင့်နှုတ်ကပတ်တော်တို့၏ တိုက်ရိုက်အဓိပ္ပာယ်ကို အသုံးပြုကြကာ ဤသို့ပြုခြင်းဖြင့် ၎င်းတို့သည် ၎င်းတို့၏အလုပ်ကို လုပ်နေကြခြင်းဖြစ်ကြောင်း၊ ဘုရားသခင့်နှုတ်ကပတ်တော်တို့ကို စားသောက်ခြင်းအရာ၌၊ ဘုရားသခင့်နှုတ်ကပတ်တော်တို့၏ လက်တွေ့အရှိတရားသို့ ဝင်ရောက်ခြင်းအရာ၌ လူတို့ကို လမ်းပြပေးနေကြခြင်းဖြစ်ကြောင်း ယုံကြည်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ပြဿနာအချို့ကို လူတို့ကြုံတွေ့ရသောအခါတွင် ဘုရားသခင်၏ နှုတ်ကပတ်တော် ဤအပိုဒ်ကို စားသောက်ရန်နှင့် အခြားပြဿနာကို ကြုံတွေ့ရသည့်အခါ ဘုရားသခင်၏နှုတ်ကပတ်တော် အခြားအပိုဒ်ကို စားသောက်ရန်ပြောလျက် ဘုရားသခင်၏နှုတ်ကပတ်တော်တို့ကို အခြားသူများအား မကြာခဏ မိတ်သဟာယပြုကြပြီး ဘုရားနှုတ်ကပတ်တော်တို့ကို နည်းမျိုးစုံဖြင့် ဝေငှပေးကြသည်။ လူတို့ထံ၌ ဘုရားသခင်ကို နားလည်မှုလွဲခြင်းများ ဖြစ်ပေါ်သည့်အခါတွင် အယောင်ဆောင်ခေါင်းဆောင်များက “ကြည့်ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဤကိစ္စနှင့်ပတ်သက်၍ လုံးဝရှင်းလင်းပြီး နားလည်လွယ်၏။ မည်သို့ဖြစ်၍ ဘုရားသခင်ကို သင်နားလည်မှုလွဲနေရသေးသနည်း။ အကြင်မည်သောအရာကို လိုက်နာရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များက မတောင်းဆိုထားသလော၊ ထိုထိုသောအရာကို လိုက်နာရန် မတောင်းဆိုထားသလော” ဟူ၍ ပြောဆိုကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့နားလည်ပြီး ဝင်ရောက်ရမည်ကို ၎င်းတို့သည် လူတို့အား ဤနည်းအတိုင်း သင်ကြားပေးကြလေသည်။ ၎င်းတို့၏လမ်းညွှန်မှုအောက်တွင် လူများစွာတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို အာဂုံဆောင်နိုင်စွမ်း ရှိလာကြပြီး ပြဿနာတစ်ခုကို ကြုံရသည့်အခါ ဘုရားနှုတ်ကပတ်တော်အချို့ကို ပြန်အမှတ်ရနိုင်စွမ်း ရှိလာကြသည်။ သို့သော် ထိုသူတို့အနေဖြင့် မည်မျှပင် ဖတ်ရှုပြီး အာဂုံဆောင်သည်ဖြစ်စေ ဘုရားသခင်၏နှုတ်ကပတ်တော်တို့က မည်သည့်အရာအား ညွှန်းဆိုသည်ကို မသိရှိကြဆဲပင်ဖြစ်သည်။ အမှန်တကယ် ဒုက္ခဝန်းရံနေသည့်အခါတွင်၊ သို့မဟုတ် သံသယအချို့ရှိသည့်အခါတွင် ၎င်းတို့သိကာ မှတ်မိသည့် ဘုရားသခင်၏နှုတ်ကပတ်တော်တို့က ၎င်းတို့၏ အခက်အခဲများကို မဖြေရှင်းပေးနိုင်ပေ။ ဤအရာက ပြဿနာတစ်ခုကို ဖော်ပြသည်­— ၎င်းတို့နားလည်သည့် ဘုရားသခင်၏နှုတ်ကပတ်တော်များသည် အယူဝါဒသက်သက်သာဖြစ်ပြီး စည်းမျဉ်းတစ်မျိုးမျိုးမျှသာ ဖြစ်သည်၊ ၎င်းတို့သည် လက်တွေ့အရှိတရား မဟုတ်သကဲ့သို့ သမ္မာတရားလည်းမဟုတ်။ ထို့ကြောင့် ဘုရားသခင်၏နှုတ်ကပတ်တော်တို့ကို စားသောက်ခြင်းနှင့် ဘုရားသခင့်နှုတ်ကပတ်တော်တို့၏ လက်တွေ့အရှိတရားသို့ ဝင်ရောက်ခြင်းတို့တွင် လူတို့အပေါ် အယောင်ဆောင်ခေါင်းဆောင်တို့၏ လမ်းပြမှုသည် ဘုရားသခင့်နှုတ်ကပတ်တော်တို့၏ တိုက်ရိုက်အဓိပ္ပာယ်ကို လူတို့အား သင်ကြားခြင်း၌သာ ကန့်သတ်ထားသည်။ ယင်းသည် လူတို့ကို ဘုရားသခင်၏နှုတ်ကပတ်တော်များထံမှ ဉာဏ်အလင်းရအောင် ပြုလုပ်ပေးနိုင်စွမ်းမရှိသကဲ့သို့ လူတို့အတွင်း၌ မည်သည့်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိနေသည်ကို သိအောင်လည်း မလုပ်ပေးနိုင်ပေ။ လူတို့တွင် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါတိုင်း ၎င်းတို့ဖွင့်ပြသော စိတ်သဘောထားနှင့် အနှစ်သာရ၊ ယင်းတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုပြီး မည်သို့ဖြေရှင်းနိုင်ပုံ၊ ပြီးလျှင် လူတို့တွင် ထိုအရာများ ဖြစ်ပျက်သည့်အခါတိုင်း ၎င်းတို့၏ အခြေအနေများက မည်သို့ရှိပုံ၊ ထိုအခြေအနေများကို မည်သို့ဖြေရှင်းနိုင်ပုံ၊ ဤအရာနှင့်ပတ်သက်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သည့်အရာကို ပြောထားပုံ၊ သူ့နှုတ်ကပတ်တော်များက မည်သည့်အရာကို တောင်းဆိုထားပုံ၊ အခြေခံစည်းမျဉ်းများက မည်သည်တို့ဖြစ်ပုံ၊ ယင်းတွင် သမ္မာတရားက ဘယ်အရာဖြစ်ပုံ— ဤအရာတစ်ခုကိုမျှ ၎င်းတို့နားမလည်ကြပေ။ ၎င်းတို့လုပ်သမျှမှာ လူတို့ကို တိုက်တွန်းခြင်းသာဖြစ်သည်။ “ဘုရားသခင်၏နှုတ်ကပတ်တော်များကို ပို၍ စားသောက်ပါ။ ဘုရားသခင်၏နှုတ်ကပတ်တော်များ၌ သမ္မာတရားပါဝင်သဖြင့် သူ၏နှုတ်ကပတ်တော်များကို ပို၍ နားထောင်လျှင် အချိန်ကြာလာသည်နှင့်အမျှ သမ္မာတရားကို နားလည်လာလိမ့်မည်။ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ အရေးကြီးသည့် အပိုင်းများသည် သင်နားမလည်သည့် အရာများပင်ဖြစ်သည်၊ ထို့ကြောင့် သင့်အနေဖြင့် ပို၍ ဆုတောင်းသင့်၏၊ ပို၍ ရှာဖွေသင့်၏။ ပို၍ နားထောင်သင့်၏၊ ပို၍ ဆင်ခြင်စဉ်းစားသင့်၏။” အယောင်ဆောင်ခေါင်းဆောင်များသည် ထိုကဲ့သို့ တိုက်တွန်းခြင်းများကို မပြီးနိုင်မစီးနိုင် ပြောကြသည်။ ပြဿနာတစ်မျိုးမျိုး ပေါ်လာသည့်အခါတိုင်းတွင် ၎င်းတို့သည် တစ်ပုံစံတည်းကိုသာ ပြောသဖြင့် ယင်းနောက်တွင် လူတို့သည် ပြဿနာ၏ အနှစ်သာရကို မသိမြင်ကြသေးဘဲ ဘုရားသခင်၏နှုတ်ကပတ်တော်တို့အား မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို မသိရှိကြသေးပေ။ ၎င်းတို့အနေဖြင့် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ တိုက်ရိုက်စည်းမျဉ်းများနှင့် အဓိပ္ပာယ်များကိုသာ လိုက်နာပြီး ဘုရားသခင့်နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း၏ သမ္မာတရား အခြေခံသဘောတရားများ၊ သမ္မာတရားက တောင်းဆိုသည့် လက်တွေ့အရှိတရားနှင့် ပတ်သက်လာလျှင်မူ နားမလည်ကြပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၁)” မှ

အယောင်ဆောင်ခေါင်းဆောင်များသည် မတူညီသည့် အခြေအနေများတွင်ရှိသော မတူညီသည့် လူအမျိုးအစားများတွင် ပြသသည့် အခြေအနေ၊ သရုပ်သကန်အမျိုးမျိုးတို့၏ အနှစ်သာရကို မည့်သည့်အခါမျှ နားမလည်နိုင်သကဲ့သို့ ယင်းမှ ဖြစ်ပေါ်လာသည့် ပြဿနာများကိုလည်း လုံးဝမဖြေရှင်းနိုင်ပေ။ ၎င်းတို့သည် သမ္မာတရားကို နားမလည်ကြသောကြောင့် တစ်ခဏတာ အားနည်းသော၊ သို့မဟုတ် ရံဖန်ရံခါ အပျက်သဘောဆောင်သောသူများကို သစ္စာဖောက်များအဖြစ်၊ မိမိတာဝန်ကို မရိုးမသား ဆောင်ရွက်သောသူများအဖြစ်၊ မယုံကြည်သူများအဖြစ် ရှုမြင်ကြလျက် လူတို့အား မှားယွင်းသတ်မှတ်ပြီး မမှန်မကန် ပြုလုပ်ကြသည်။ သို့သော်လည်း အပေါ်ယံသာ အထုံပါရမီရှိသော၊ ရိုးရှင်းသော အလုပ်အနည်းငယ်သာ လုပ်နိုင်စွမ်းရှိပြီး အနည်းငယ်သာ အားထုတ်နိုင်သော ထိုမယုံကြည်သူများကိုမူ ၎င်းတို့က ကြီးစွာထောက်ပံ့ပေးပြီး အသင်းတော်တွင် ထားရှိဖို့ ကြိုးစားကြသည်။ ဤသည်မှာ မမှန်မကန် ပြုလုပ်နေခြင်း မဟုတ်လော။ အယောင်ဆောင် ခေါင်းဆောင်များက မမှန်မကန်ပြုလုပ်ခြင်းမှာ မည်သို့ဖြစ်ပေါ်သနည်း။ ၎င်းတို့၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်သဘောပေါက်နိုင်သည့်အစွမ်း ကင်းမဲ့နေပြီး သမ္မာတရားကို ၎င်းတို့နားမလည်ကြသောကြောင့် အမှုအရာမျိုးစုံက ၎င်းတို့အပေါ် ကျရောက်လာသည့်အခါ ၎င်းတို့နားလည်သည့် အလွန့်အလွန်ပေါ့တန်သော သမ္မာတရားအနည်းငယ်ကို အသုံးပြုကြသည်၊ ထိုသို့အသုံးပြုရန် ဆက်လက်ကြိုးစားကြသည်နှင့် နောက်ဆုံး၌ ၎င်းတို့သည် ဖရိုဖရဲပြိုကွဲစေခြင်းနှင့် အနှောင့်အယှက်ဖြစ်ပေါ်စေခြင်းကိုသာ လုပ်မိသွားကြသည်။ အကြိမ်များစွာတွင် ၎င်းတို့သည် အသက်ဝင်ရောက်မှု၌ လူတို့၏အခက်အခဲများကို မဖြေရှင်းရုံသာမက လူတို့ကို အားနည်းခြင်းမှ အားကြီးခြင်းသို့ မြှင့်တင်ပေးရန်လည်း ပျက်ကွက်ကြကာ ယင်းအစား ဘုရားသခင်အတွက် အသုံးခံရန် စစ်မှန်သော ယုံကြည်ခြင်းနှင့် ခံယူချက်တို့ ပိုင်ဆိုင်သောသူအချို့ကို အားနည်းစေပြီး ဘုရားသခင်ကို အဓိပ္ပာယ်ကောက် လွဲစေကြသည်။ ဘုရားသခင်၏အိမ်တော်တွင် မိမိတို့၏တာဝန်ကို ထမ်းဆောင်ရန် လုံးဝဆန္ဒမရှိသော ထိုမယုံကြည်သူများကမူ ဘုရားသခင့်အိမ်တော်က ၎င်းတို့ကို အသုံးချနေသည်၊ အစေခံရန် အဓမ္မခိုင်းစေနေသည်ဟု နားလည်မှုလွဲကြသည်မှာ ဘုရားအိမ်တော်တွင် အရည်အချင်းရှိသူ တစ်ယောက်မျှမရှိဘဲ သင့်တော်သောသူ တစ်စုံတစ်ယောက်ကို ရှာတွေ့ဖို့ရန် မဖြစ်နိုင်ဘိသည့်အလားပင် ဖြစ်တော့သည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ လုပ်ဆောင်မှုမှဖြစ်သော ဘေးထွက်ဆိုးကျိုးများဖြစ်သည်။ ဤအရာအားလုံးတို့ မည်သို့ဖြစ်လာရသနည်း။ ဤသို့ဖြစ်လာရခြင်းမှာ ၎င်းတို့က သမ္မာတရားကို သဘောမပေါက်နိုင်ဘဲ ငြီးငွေ့ဖွယ် စကားလုံးများနှင့် စကားစုများကို အမှတ်ရနိုင်စွမ်းသာ ရှိကြသောကြောင့် ဖြစ်သည်။ ၎င်းတို့ကိုယ်တိုင်၌ စစ်မှန်သော အတွေ့အကြုံ၊ အသိပညာ၊ သို့မဟုတ် သမ္မာတရားကို သဘောပေါက်ခြင်း မရှိကြဘဲ အဆုံးတွင် ပြဿနာတစ်ခုကို ကြုံတွေ့ရသည့်အခါ စကားလုံးအနည်းငယ်ကို သံယောင်လိုက်ပြနိုင်ရုံသာ ရှိသည်။ “ဘုရားကိုချစ်ပါ။ ရိုးသားပါ။ သင့်ထံ၌ တစ်ခုခုဖြစ်လာလျှင် လိုက်နာပြီး နာခံပါ။ တာဝန်ကို ထမ်းဆောင်သည့်အခါ သေချာလုပ်ပါ။ သင်သည် သစ္စာရှိရမည်။ ဇာတိပကတိကို သင်စွန့်လွှတ်ရမည်။ ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံရမည်။” ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အသက်တာများ ကြွယ်ဝစေရန် ဤသို့ အနှစ်သာရမရှိသည့် လူသိများသော စကားများကို အသုံးပြုကြသည်— သူတစ်ပါးတို့ကို လွှမ်းမိုးရန်လည်း မျှော်လင့်ကြသည်။ သို့သော် ဤအရာက မည်သည့်ထိရောက်မှုရှိသနည်း။ မည်သည့်အရာမျှ မပြောင်းလဲသွားပေ။ ထို့ကြောင့် အသက်ဝင်ရောက်မှုတွင် လူတို့၏အခက်အခဲများကို ဖြေရှင်းရေးနှင့်ပတ်သက်လာလျှင် အယောင်ဆောင် ခေါင်းဆောင်များက မအောင်မြင်နိုင်ပေ။ လူတို့ကြုံတွေ့ရသည့် အသင်္ချေများလှသော ပြဿနာများကို ၎င်းတို့မဖြေရှင်းနိုင်ကြပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၁)” မှ

အယောင်ဆောင်ခေါင်းဆောင်တို့သည် လူတို့ကို စိတ်ရှုပ်ထွေးစေပြီး လှည့်စားရန်အတွက် အပေါ်ယံတွင် မှန်ကန်သည်ဟု ထင်ရသော အရာများကို မကြာခဏပြောဆိုကြပြီး ယင်းကတစ်ဖန် ထိုလူတို့၏ အသက်ဝင်ရောက်မှုအပေါ် အပျက်သဘောဆောင်သော သက်ရောက်မှုကို ဖြစ်စေသည်။ မည်သည့်အခါမျှ မဖြစ်ပေါ်သင့်သည့် အကျိုးဆက်အချို့ကိုလည်း ဖြစ်ပေါ်စေသည်။ အယောင်ဆောင်ခေါင်းဆောင်များ၏ ဝိညာဉ်ရေးရာ အဆိုအမိန့်များဟူသည့် အရာများနှင့် ပြောပုံဆိုပုံတို့ကို ဒိဋ္ဌိအယူများ၊ လွဲမှားသောအယူများဟု ခေါ်ဆိုနိုင်သည်။ အပေါ်ယံအားဖြင့် တစ်ခုခုမှားယွင်းနေသည့်ပုံစံ မရှိသော်လည်း ယင်းတို့သည် လူတို့၏အသက်ဝင်ရောက်မှုနှင့် လူတို့လျှောက်လှမ်းသော လမ်းကြောင်းတွင် အတားအဆီးများ၊ အနှောင့်အယှက်များနှင့် စိတ်ရှုပ်ထွေးမှုတို့အဖြစ် အမှန်တကယ် အလုပ်လုပ်သည်။ ယင်းတို့သည် အချို့လူတို့အား ဘုရားသခင်အပေါ် နားလည်မှုလွဲခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့အပေါ် သံသယများ၊ အတိုက်အခံများဖြစ်ပေါ်ခြင်းတို့ကိုပင် ဖြစ်စေသည်။ ဤအရာတို့မှာ အယောင်ဆောင်ခေါင်းဆောင်များ၏ စကားလုံးများက လူတို့အပေါ် အကျိုးသက်ရောက်မှုများဖြစ်သည်။ ဘုရားသခင်နောက်ကို ဤလူတို့လိုက်သည့်အချိန်တွင် ဘုရားသခင်နှင့်ပတ်သက်ပြီး အယူအဆများ၊ ခုခံမှုများနှင့် သံသယများ အစဉ်ပေါ်ပေါက်ကြရန်အတွက် အယောင်ဆောင်ခေါင်းဆောင်များသည် လူတို့ကို လမ်းညွှန်ရန် ဤကဲ့သို့သော ဒိဋ္ဌိအယူများနှင့် လွဲမှားသောအယူများကို အသုံးပြုကြသည်။ ထို့ကြောင့် အယောင်ဆောင်ခေါင်းဆောင်များ၏ ရှုပ်ထွေးမှုနှင့် လွှမ်းမိုးမှုအောက်တွင် ဘာသာတရားအသစ်တစ်ခုက အခြေခိုင်လာသည်။ ဤသို့သော ဘာသာတရားအသစ်မျိုးသည် ဘုရားသခင်၏ ကိုယ်ပိုင်နည်းလမ်းကို မလိုက်နာဘဲ ပေါလု၊ သို့မဟုတ် အခြားတပည့်တော်တစ်ဦးဦး၏ သွန်သင်ချက်များကဲ့သို့သော လူ၏စကားများနှင့် လူ၏သွန်သင်ချက်များကိုသာ ထိန်းသိမ်းသည့် လွန်ခဲ့သော နှစ်ပေါင်း ၂၀ဝ၀ က ခရစ်ယာန်ဘာသာကဲ့သို့ ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များ လုပ်ဆောင်သည့်အရာသည် အထင်အမြင်မှားစေခြင်းဖြစ်ပြီး သမ္မာတရားကို အားထုတ်ရာတွင် ပုံမှန်ဖြစ်၍ သင့်လျော်သည့်လမ်းကို လျှောက်လှမ်းနေသော လူတို့ကို ၎င်းတို့ပိတ်ပင်တားဆီး၏။ လူတို့အား သမ္မာတရားကို အားထုတ်သည့် မှန်ကန်သည့် လမ်းကြောင်းပေါ်မှ အတုအယောင်ဝိညာဉ်ရေး လမ်းကြောင်းပေါ်သို့ ၎င်းတို့ဆွဲချ၏၊ ဘာသာတရားပုံစံအတွင်းရှိ ယုံကြည်ခြင်းဆီသို့ လူတို့ကို ၎င်းတို့ခေါ်ဆောင်၏။ လူတို့သည် အယောင်ဆောင်ခေါင်းဆောင်များကြောင့် စိတ်ရှုပ်ထွေးပြီး ထိုသူတို့၏ဦးဆောင်၍ လမ်းပြခြင်းကို ခံရသောအခါ လုံးဝမှန်ကန်ပုံရသော်လည်း သမ္မာတရားနှင့် လုံးဝမသက်ဆိုင်သည့် သီအိုရီများ၊ အဆိုအမိန့်များ၊ လုပ်ရပ်များ၊ သို့မဟုတ် အမြင်ရှုထောင့်များကို အစဉ်သဖြင့် စိတ်ကူးရကြသည်။ ဤအရာတို့သည် သမ္မာတရားနှင့် လုံးဝကွဲလွဲနေပြီး လုံးဝသက်ဆိုင်မှု မရှိပေ။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များ၏ လမ်းညွှန်မှုအောက်တွင် လူတိုင်းက ဤအရာတို့ကို သမ္မာတရားအဖြစ် မှတ်ယူပြီး ဤအရာတို့သည် အမှန်တကယ်ပင် သမ္မာတရားဖြစ်သည်ဟု အားလုံးက မှားယွင်းစွာ ယုံကြည်ကြသည်။ တစ်စုံတစ်ဦးက ကောင်းမွန်စွာ ပြောဆိုပြီး သူ၏စိတ်နှလုံးထဲတွင် ယုံကြည်မှုရှိကာ ယုံကြည်ခြင်းကို နှုတ်ဖြင့် ဝန်ခံသရွေ့ ထိုသူသည် သမ္မာတရားကို ရရှိထားပြီးဖြစ်သည်ဟု လူတို့က ထင်ကြသည်။ ဤအတွေးအမြင်များ၏ လှည့်စားခြင်းကို ခံရပြီး လူတို့သည် သမ္မာတရား လက်တွေ့အရှိတရားသို့ မဝင်ရောက်နိုင်တော့ရုံသာမကဘဲ၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်အတွင်းသို့ မဝင်ရောက်နိုင်တော့ရုံသာမကဘဲ၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်နိုင်တော့ရုံသာမကဘဲ၊ သို့မဟုတ် သူ့နှုတ်ကပတ်တော်များအတွင်း၌ အသက်မရှင်နိုင်တော့ရုံသာမကဘဲ ထိုအစား ဘုရားနှုတ်ကပတ်တော်များနှင့် ဝေးသည်ထက် ဝေးကွာခြင်းအဖြစ်သို့ ရောက်ရှိသွားသည်။ ၎င်းတို့သည် အရာရာတိုင်းကို ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့်အညီ လုပ်ဆောင်နေသည့်ပုံပေါ်သော်လည်း ဘုရားနှုတ်ကပတ်တော်များဆိုသည့် ဤအရာတို့သည် ဘုရားသခင်၏သတ်မှတ်ချက်များ၊ သူ၏အလိုတော်တို့နှင့် သက်ဆိုင်မှု လုံးဝမရှိပေ။ ၎င်းတို့သည် သမ္မာတရား အခြေခံသဘောတရားများနှင့် ဘာမျှမသက်ဆိုင်ပေ။ ဤသို့ဆိုလျှင် ၎င်းတို့သည် မည်သည့်အရာနှင့် သက်ဆိုင်သနည်း။ အယောင်ဆောင်ခေါင်းဆောင်များ၏ သွန်သင်ချက်များ၊ အယောင်ဆောင်ခေါင်းဆောင်များ၏ ရည်ရွယ်ချက်များအပြင် ထိုအယောင်ဆောင်ခေါင်းဆောင်များ၏ ကိုယ်ပိုင်လိုအင်ဆန္ဒများနှင့် နားလည်မှုများတို့နှင့် သက်ဆိုင်သည်။ ၎င်းတို့၏ ဦးဆောင်မှုနည်းလမ်းသည် ပိုမိုများပြားသောလူတို့အား ဘာသာရေးရိုးရာဓလေ့များနှင့် တင်းကျပ်သော စည်းမျဉ်းများထဲသို့၊ အယူဝါဒစာသက်သက်ထဲသို့၊ အသိပညာနှင့် အတွေးအခေါ်ဆီသို့ ခေါ်ဆောင်သွားသည်။ အန္တိခရစ်များနှင့် ယှဉ်ကြည့်လျှင် အယောင်ဆောင်ခေါင်းဆောင်များက အခြားလူတို့ကို ၎င်းတို့ရှေ့သို့၊ သို့မဟုတ် စာတန်ရှေ့သို့ မခေါ်ဆောင်သော်လည်း လူတို့၏စိတ်နှလုံးတို့သည် ဤဒိဋ္ဌိအယူများနှင့် လွဲမှားသောအယူများ၏ လွှမ်းမိုးခြင်းခံရသည်မှာမူ အတူတူပင်ဖြစ်သည်။ ဤဒိဋ္ဌိအယူများနှင့် လွဲမှားသောအယူများ၏ ဝါးမျိုခြင်းကို ခံရသဖြင့် လူတို့သည် အသက်ကိုရရှိပြီးဖြစ်သည်ဟု မှားယွင်းစွာ ယုံကြည်ကြသောအခါ ၎င်းတို့သည် အစွဲကြီးလာကြပြီး သမ္မာတရားနှင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့်၊ ဘုရားသခင်၏တောင်းဆိုမှုများနှင့် ရန်သူများသက်သက် ဖြစ်လာကြသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၂)” မှ

အယောင်ဆောင် ခေါင်းဆောင်များသည် မည်သည့်အခါတွင်မျှ သမ္မာတရားကို မိတ်သဟာယမပြုကြသကဲ့သို့ သမ္မာတရား အခြေခံသဘောတရားများကိုလည်း အစဉ်မရှာဖွေကြချေ။ ၎င်းတို့သည် နားမလည်ကြသော်လည်း နားလည်သယောင်ဆောင်ကြသည်၊ သဘောမပေါက်သော်လည်း သဘောပေါက်သယောင်ဆောင်ကြလေသည်။ ၎င်းတို့သည် ခေါင်းဆောင်မှုအလုပ်ကို သိသာထင်ရှားစွာ ထမ်းဆောင်နိုင်စွမ်းမရှိကြ၊ ဝိညာဉ်ရေးရာ ကိစ္စများကို သဘောမပေါက်ကြ၊ သမ္မာတရားကို အပေါ်ယံမျှသာ နားလည်ကြပြီး၊ သမ္မာတရား အခြေခံသဘောတရားများကို နားလည်၍ရနိုင်သည့် အထွတ်အထိပ်များကို ရရှိနိုင်စွမ်း မရှိကြပေ- သို့တိုင် သူတို့သည် နားလည်သယောင်ဆောင်ကြဆဲ၊ သဘောပေါက်သယောင်ဆောင်ကြဆဲ ဖြစ်သည်။ သူတို့အလုပ်လုပ်သည့်အခါ မကြာခဏပင် ကျိုးကြောင်းမမြင်ဘဲ သူတို့ဦးဆောင်ကြသည်၊ သို့မဟုတ် စည်းမျဉ်းများကို လိုက်လျှောက်ရုံမျှ လိုက်လျှောက်ကြလေသည်။ အပြင်ပန်းအားဖြင့် သူတို့သည် အလုပ်များသည့်ပုံပေါ်သော်လည်း သူတို့၏ အလုပ်သည် ပြောထိုက်လောက်စရာ အကျိုးသက်ရောက်မှု မရှိပေ။ ဤအယောင်ဆောင် ခေါင်းဆောင်များက သမ္မာတရား အခြေခံသဘောတရားများကို နားမလည်ကြသကဲ့သို့ မကြာခဏပင် စည်းမျဉ်းများကို လိုက်လျှောက်ရုံ လိုက်လျှောက်ကြပြီး အယူအဆများနှင့် စိတ်ကူးအပေါ် မှီခိုကြသောကြောင့် ဤအရာက ကျေနပ်ဖွယ်မရှိသည့် တိုးတက်မှုဆီသို့ ဆိုက်ရောက်စေပြီး သူတို့တာဝန်ရှိသည့် အလုပ်စီမံကိန်း အမျိုးမျိုးတွင် သိသာသည့်ရလဒ်များ မရှိဘဲဖြစ်စေသည်။ သူတို့၏ ခေါင်းဆောင်မှုအောက်ရှိ လူအများစုသည် ဘုရားသခင်၏ အလိုတော်ကိုသော်လည်းကောင်း အလုပ်လုပ်ရာ၌ လိုက်လျှောက်ရမည့် သမ္မာတရား အခြေခံသဘောတရားများကိုသော်လည်းကောင်း နားမလည်ကြချေ။ သူတို့၏ ခေါင်းဆောင်မှုအောက်ရှိ လူအများစု နားလည်သည့် တစ်ခုတည်းသောအရာမှာ “ဘုရားသခင်၏ အလိုတော်ကို ကျွန်ုပ်တို့အလေးဂရုပြုရမည်”၊ “ကျွန်ုပ်တို့၏ တာဝန်ထမ်းဆောင်မှုတွင် ကျွန်ုပ်တို့သစ္စာရှိရမည်”၊ “ကျွန်ုပ်တို့ထံ တစ်စုံတစ်ခု ဖြစ်ပျက်ချိန်တွင် မည်သို့ဆုတောင်းရမည်ကို ကျွန်ုပ်တို့သိရမည်”၊ “ကျွန်ုပ်တို့ထံ တစ်စုံတစ်ခု ဖြစ်ပျက်ချိန်တွင် သမ္မာတရား အခြေခံသဘောတရားများကို ကျွန်ုပ်တို့ရှာဖွေရမည်” ဟူသည်တို့ ဖြစ်သည်။ လူတို့သည် ဤမန္တာန်များနှင့် အယူဝါဒများကို မကြာခဏ ဟစ်ကြော်ကြသော်လည်း သမ္မာတရား အခြေခံသဘောတရားများကိုမူ အနည်းငယ်မျှပင် နားမလည်ကြချေ။ အချို့သော ဖြစ်ရပ်များနှင့် ရင်ဆိုင်တွေ့ရချိန်တွင် လူများစွာတို့သည် ဆုတောင်းကြပြီး သူတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် သစ္စာရှိရန် ကြိုးစားကြသည်- သို့သော် သူတို့အနေဖြင့် အမှန်တကယ် သစ္စာရှိရန် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ဘုရားသခင်၏ အလိုတော်ကို အမှန်တကယ် နားလည်ဖို့အလို့ငှာ ၎င်းတို့ မည်သို့ဆုတောင်းရမည်နည်း။ ပြဿနာတစ်ခုကို ကြုံရသည့်အခါ သမ္မာတရား အခြေခံသဘောတရားများနှင့် သက်ဆိုင်သည့် သိနားလည်မှုကို ရရှိဖို့အလို့ငှာ ၎င်းတို့အနေဖြင့် မည်သို့ရှာဖွေရမည်နည်း။ ထိုသို့သော မေးခွန်းများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့၌ အဖြေမရှိကြပေ။ ခေါင်းဆောင်ကို ၎င်းတို့မေးကြပြီး ခေါင်းဆောင်က “သင့်ထံ တစ်စုံတစ်ခုဖြစ်ပျက်သည့်အခါ အချိန်ပိုပေး၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပါ၊ ပိုဆုတောင်းပါ၊ ပိုမိတ်သဟာယဖွဲ့ပြီး အင်တာနက်ကိုသုံး၍ သုတေသနပြုပါ” ဟု ပြောကြသည်။ “သို့ဆိုလျှင် ဤအရာ၌ အခြေခံသဘောတရားမှာ အဘယ်နည်း၊” “အွန်လိုင်းတွင် ရှာကြည့်ပါက တွေ့ရလိမ့်မည်။ အတတ်ပညာဆိုင်ရာ အလုပ်ကိစ္စရပ်များနှင့်သက်ဆိုင်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သည့်အရာကိုမျှ မပြောသကဲ့သို့ ထိုအရာများကို ကျွန်ုပ်လည်း နားမလည်ပါ။ သင်နားလည်ရန်ဆန္ဒရှိပါက၊ အွန်လိုင်းတွင် ရှာကြည့်လိုက်ပါ- ကျွန်ုပ်ကို မမေးပါနှင့်။ သမ္မာတရားကို နားလည်ရေး၌သာ သင်တို့ကို ကျွန်ုပ်ဦးဆောင်သည်၊ အတတ်ပညာဆိုင်ရာ အလုပ်ကိစ္စရပ်များ၌ ဦးဆောင်နေခြင်းမဟုတ်” ဟု ဆိုကြသည်။ ယင်းမှာ အယောင်ဆောင် ခေါင်းဆောင်များ အသုံးပြုသည့် ကွေ့လည်ကြောင်ပတ်စကားများ ဖြစ်သည်။ ရလဒ်မှာ အဘယ်နည်း။ လူအများစု၌ မိမိတို့၏တာဝန်များကို ထမ်းဆောင်ရန် အလွန်ပြင်းပြသော စိတ်ထက်သန်မှု ရှိကြသော်လည်း အခြေခံသဘောတရားအတွင်း မည်သို့ပြုမူရမည်ကို သူတို့မသိကြသကဲ့သို့ အခြေခံသဘောတရားအတွင်း မိမိတို့၏တာဝန်ကို မည်သို့ကောင်းမွန်စွာ ထမ်းဆောင်ရမည်ကိုလည်း မသိကြချေ။ ထို့ကြောင့် အယောင်ဆောင် ခေါင်းဆောင်များ တာဝန်ယူကြသည့် အလုပ်စီမံကိန်း အမျိုးမျိုး၏ ရလဒ်များအားဖြင့် အကဲဖြတ်ရလျှင် လူအများစုသည် မိမိတို့၏ အလုပ်ကို ဦးစီးဦးရွက်ပြုရာတွင် ကျွမ်းကျင်မှု၊ စာတွေ့သက်သက်ဖြစ်သော အသိပညာနှင့် ယခင် သင်ယူခဲ့သည့် ကျွမ်းကျင်မှုများအပေါ် မှီခိုကြပေသည်။ ဘုရားသခင်၏ တိကျသည့် သတ်မှတ်ချက်များက မည်သည့်အရာဖြစ်သည်၊ ဘုရားသခင်အဖို့ သက်သေခံချက် အထမြောက်စေရန် မည်သည့်အရာကို လုပ်ဆောင်ရမည်၊ ဘုရားသခင်အဖို့ သက်သေခံခြင်းအလုပ်ကို လွယ်ကူချောမောစေရန် မည်သည့်အရာ လုပ်ဆောင်ရမည်၊ ပိုများသော လူတို့၏အာရုံကို မည်သို့ဆွဲဆောင်ရမည်၊ သာ၍ ကြီးမားသော စိတ်ဝင်စားမှုရအောင် မည်သို့ဆွဲဆောင်ရမည်၊ ဘုရားသခင်အပေါ် လေးစားမှုကို လှုံ့ဆော်ပေးပြီး သူအရှက်မရစေဖို့အလို့ငှာ အတတ်ပညာဆိုင်ရာအလုပ်၏ ကိစ္စအသီးသီးအား သာ၍ ထူးခြားစေဖို့၊ သာ၍ စံနမူနာဖြစ်စေဖို့၊ သာ၍ စေ့စပ်တိကျစေဖို့ မည်သည့်အရာကို လုပ်ဆောင်ရမည်ဆိုသည်တို့ကို ဤလူတို့မသိကြချေ။ ထိုသို့ အဘယ်ကြောင့် ဖြစ်ရသနည်း။ အဖြေမှာ အယောင်ဆောင် ခေါင်းဆောင်များ၏ အလုပ်နှင့် တိုက်ရိုက်ဆက်နွှယ်ပေသည်။ တိုက်ရိုက်အကြောင်းရင်းမှာ အယောင်ဆောင် ခေါင်းဆောင်များကိုယ်နှိုက်က သမ္မာတရား အခြေခံသဘောတရားများမှာ မည်သည့်အရာဖြစ်သည်ကို မသိကြ၊ လူတို့နားလည်ကာ လိုက်လျှောက်သင့်သည့် အခြေခံသဘောတရားများက မည်သည့်အရာ ဖြစ်သည်ဆိုသည်ကို သူတို့မသိကြသောကြောင့် ဖြစ်သည်။ ၎င်းတို့ကိုယ်တိုင်သည် ထိုသို့သောအရာများကို မသိနားမလည်ကြသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များအလယ် ရှာဖွေခြင်းတွင် လူတို့ကို မဦးဆောင်ဖူးကြ၊ သို့မဟုတ် အထက်အရပ်ထံမှ တိုက်ရိုက် မရှာဖွေဖူးကြပေ။ ဤအရာက အလုပ်၏ကိစ္စအမျိုးမျိုးအား ပြန်ပြင်ရန် လိုအပ်သည့် အခြေအနေများဆီသို့ မကြာခဏ ဆိုက်ရောက်စေသည်။ ဤအရာက ဘဏ္ဍာရေးနှင့် ပစ္စည်းဥစ္စာအရင်းအမြစ်များကို ဖြုန်းတီးသည်သာမက၊ လူ့အားအင်နှင့် အချိန်ပမာဏအမြောက်အမြားကိုလည်း အချည်းနှီး ကုန်လွန်စေသည်။ ထိုသို့သောအလုပ်က ဖြစ်ပေါ်စေသည့် ဤအခြေအနေမျိုးနှင့် အကျိုးသက်ရောက်မှုမျိုးက အယောင်ဆောင် ခေါင်းဆောင်များ၏ အလုပ်နှင့် တိုက်ရိုက်ဆက်နွှယ်ပေသည်။ ယင်းသည် အယောင်ဆောင် ခေါင်းဆောင်များ အလုပ်လုပ်ပုံ၊ ၎င်းတို့၏ ခေါင်းဆောင်မှုနှင့် တိုက်ရိုက်ဆက်နွှယ်မှု ရှိပေသည်။ အယောင်ဆောင် ခေါင်းဆောင်များက ဒေါသတကြီး လျှောက်ရမ်းသည်ဟု အခိုင်အမာဆို၍ မရနိုင်သော်လည်း၊ ကိစ္စရပ်များစွာတွင် ၎င်းတို့လုပ်သည့် အလုပ်က ဘုရားသခင်သတ်မှတ်ထားသည့် အခြေခံသဘောတရားများနှင့် စံနှုန်းများကို ဆန့်ကျင်သည်ဟုဆိုရန် သင့်လျော်ပေသည်။ ၎င်းတို့အနေဖြင့် သမ္မာတရား အခြေခံသဘောတရားများကို နားမလည်သကဲ့သို့ အခြားသူများအား သမ္မာတရား အခြေခံသဘောတရားများကို ရှင်းလင်းစွာ မိတ်သဟာယပြုနိုင်စွမ်းမရှိဘဲ၊ ထို့ထက် လူတို့ကို သူတို့အလိုရှိသည့်အတိုင်း လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့်ပေးရင်း ဖြစ်ချင်ရာဖြစ် ဝင်မစွက်ဖက်သည့် ချဥ်ကပ်နည်းကို လက်ခံကျင့်သုံးကြသောကြောင့် ဤအရာက လူများစွာအား အတတ်ပညာဆိုင်ရာအလုပ်နှင့် ဆက်နွှယ်သည့် တာဝန်တစ်ခုကို ထမ်းဆောင်နေချိန်တွင် အခြေခိုင်နေသော စံနှုန်းများအတိုင်း အလုပ်ကို ပြီးစီးအောင် မလုပ်နိုင်ခြင်းဆီသို့ မသိမသာ ဆိုက်ရောက်စေလေသည်။ ယင်းက လူအမျိုးမျိုးတို့အား ၎င်းတို့လုပ်ချင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ခြင်း၊ ၎င်းတို့ကျွမ်းကျင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ခြင်းနှင့် ၎င်းတို့သင့်တော်သည်ဟု မြင်သည့်အတိုင်း လုပ်ဆောင်နိုင်သည်ဟု တွေးထင်ကြခြင်းဆီသို့လည်း ဆိုက်ရောက်စေခဲ့သည်။ ယင်းမှာ အလုပ်တွင် ဖြစ်ပေါ်လာသော အနေအထားနှင့် အခြေအနေတို့ ဖြစ်သော်လည်း ထိုအရာနှင့်ပတ်သက်၍ အယောင်ဆောင် ခေါင်းဆောင်များ လုပ်ဆောင်နိုင်သည့်အရာ မည်သည့်အရာမျှ မရှိပါ။ တစ်ဖက်တွင် သူတို့သည် အစွမ်းမဲ့ကြပြီး အခြားတစ်ဖက်တွင် ဤအယောင်ဆောင် ခေါင်းဆောင်များ၏ မသိနားမလည်မှု၊ ထိရောက်စွာ မစွမ်းဆောင်နိုင်မှု၊ ဝိညာဉ်ရေးရာ သိနားလည်ခြင်း ကင်းမဲ့မှုနှင့် အယောင်ဆောင် ဝိညာဉ်ရေးပြည့်ဝမှုတို့၏ အကျိုးဆက်အနေဖြင့် ဤနည်းဖြင့် ပြုမူခြင်းက မှန်ကန်ကြောင်း၊ စိတ်ထက်သန်မှုသာ ၎င်းတို့လိုအပ်ကြောင်း၊ ရည်မှန်းချက်က ဘုရားသခင်ကို စိတ်ကျေနပ်စေပြီး မိမိတို့၏တာဝန်ကို ထမ်းဆောင်ရန် ဖြစ်နေသရွေ့ ဘုရားသခင်၏အိမ်တော်တွင် မည်သူမဆို မိမိတို့၏စွမ်းရည်များအား မည်သည့်စိတ်ကြိုက်နည်းလမ်းမဆိုဖြင့် အသုံးပြုနိုင်သည်ဟု အထင်ရောက်အောင် ၎င်းတို့သည် လူတို့ကို လှည့်စားကြလေသည်။ ယင်းမှာ အမျိုးမျိုးသော တာဝန်များအတွက် သိနားလည်ထားရမည့် သမ္မာတရား အခြေခံသဘောတရားများနှင့် စပ်လျဉ်း၍ အယောင်ဆောင် ခေါင်းဆောင်များ၏ သဘောထားနှင့် ချဉ်းကပ်နည်းဖြစ်ကာ ၎င်းတို့အလုပ်လုပ်သည့် နည်းလမ်းဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၃)” မှ

အယောင်ဆောင် ခေါင်းဆောင်များသည် အဖွဲ့ကြီးကြပ်သူများ၏ တကယ့်အခြေအနေကို မည်သည့်အခါတွင်မျှ သိအောင်မလုပ်ကြ၊ သို့မဟုတ် မျက်ခြည်မပြတ် မစောင့်ကြည့်ကြသကဲ့သို့ အဖွဲ့ကြီးကြပ်သူများနှင့် အရေးကြီးသည့် အလုပ်အတွက် တာဝန်ရှိသော အမှုထမ်းများ၏ အသက်ဝင်ရောက်မှုအပြင် အလုပ်နှင့် တာဝန်အပေါ်ထားသော သဘောထား၊ ဘုရားသခင်အပေါ်ထားသော သဘောထားအမျိုးမျိုး၊ ဘုရားသခင်အား ယုံကြည်မှုတို့နှင့် စပ်လျဉ်းသည့် အခြေအနေကို သိအောင်မလုပ်ကြ၊ သို့မဟုတ် မျက်ခြည်မပြတ် မစောင့်ကြည့်ကြ၊ သို့မဟုတ် သဘောပေါက်ဖို့ မကြိုးပမ်းကြပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် ၎င်းတို့၏ ပြောင်းလဲခြင်းများ၊ ၎င်းတို့၏ တိုးတက်မှု၊ သို့မဟုတ် ၎င်းတို့၏ အလုပ်ကာလတစ်လျှောက် ထွက်ပေါ်လာသည့် ပြဿနာအမျိုးမျိုး၊ အထူးသဖြင့် အလုပ်၏အဆင့်နှင့် အချိန်ကာလအသီးသီးတွင် ပေါ်ပေါက်လာပြီး ၎င်းတို့၏အလုပ်ကို လွှမ်းမိုး၍ နှောင့်ယှက်ကာ ထိခိုက်စေသည့် အခြေအနေအမျိုးမျိုးတို့ကို သိအောင်မလုပ်ကြချေ။ ၎င်းတို့အနေဖြင့် ထိုသို့သောအရာများကို နားမလည်နိုင်ပါက ထိုအရာများကို ချက်ချင်းမဖြေရှင်းနိုင်ကြပေ- ထိုအရာများကို ချက်ချင်းမဖြေရှင်းနိုင်ပါက ကြီးကြပ်သူများက အလုပ်အပေါ် ကျရောက်စေသည့် အပျက်သဘောဆောင်သော လွှမ်းမိုးမှုနှင့် ထိခိုက်မှုကို ချက်ချင်းကုစားနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ဤအရာနှင့်စပ်လျဉ်း၍ အယောင်ဆောင် ခေါင်းဆောင်များသည် မိမိတို့၏တာဝန်ကို မဖြည့်ဆည်းကြလေပြီ။ ၎င်းတို့၏ တာဝန်ကို မဖြည့်ဆည်းခြင်းသည် တမင်တာဝန်ပျက်ကွက်ခြင်း ဖြစ်သည်၊ ၎င်းတို့သည် အခြားသူများအား ကြီးကြပ်ခြင်း၊ ထိုသူတို့အကြောင်းကို ပိုသိအောင်လုပ်ခြင်း၊ ထိုသူတို့၏အခြေအနေကို အပြည့်အဝ သဘောပေါက်ခြင်းနှင့် ထိုသူတို့ကို စောင့်ကြည့်ခြင်းတည်းဟူသော ၎င်းတို့၏ အခန်းကဏ္ဍကို ဆောင်ရွက်မနေကြပေ။ ဘုရားသခင်၌ လူ့စိတ်နှလုံးကို စစ်ဆေးနိုင်သည့် အစွမ်းတန်ခိုးရှိသည်၊ လူ၌ကား မရှိ။ ထို့ကြောင့် လူသည် သာ၍ကြိုးစားလုပ်ရမည်၊ မပျင်းရိရသကဲ့သို့ အလုပ်ကို ချက်ချင်းပြီးစီးအောင် လုပ်ရမည်‌ဖြစ်သည်။ ဤအလုပ်ကို ဆောင်ရွက်နေချိန်တွင် မိမိတို့၏တာဝန်ကို ဖြည့်ဆည်းရန် အယောင်ဆောင် ခေါင်းဆောင်များ၏ ပျက်ကွက်ခြင်းသည် အလွန်ဆိုးရွားသော တမင်တာဝန်ပျက်ကွက်ခြင်းဖြစ်ပြီး ယင်းက အချို့သော ကြီးကြပ်သူများအား အမျိုးမျိုးသော ပြဿနာများကို ထုတ်ဖော်ပြစေခြင်းနှင့် အရည်အချင်း မပြည့်မီသော်လည်း မိမိတို့၏ရာထူးများတွင် ရှိမြဲရှိနေခြင်း အဖြစ်သို့ ဆိုက်ရောက်စေပြီး၊ အလုပ်၌ ထပ်တလဲလဲ နှောင့်နှေးမှုများအပြင် ပြဿနာမျိုးစုံ ရှိမြဲရှိနေခြင်းနှင့် မဖြေရှင်းဘဲ ဆက်လက်ရှိနေခြင်း အဖြစ်သို့ ဆိုက်ရောက်စေသည်မှာ ထင်ရှား၏။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များက ကြီးကြပ်သူများအကြောင်းကို သိအောင်မလုပ်ခြင်းနှင့် မျက်ခြည်မပြတ် မစောင့်ကြည့်ခြင်းတို့မှ အကျိုးဆက်ဖြစ်ပေါ်လာသည့် ပြဿနာများ ဖြစ်သည်။ ဤသည်မှာ ကြီးကြပ်သူများက ပေါ့ဆမှုကို ကျူးလွန်နေနိုင်ခြင်း ရှိမရှိဆိုသည်နှင့် လက်တွေ့ကျသော အလုပ်ကို ၎င်းတို့လုပ်ဆောင်နေခြင်း ရှိမရှိဆိုသည်တို့နှင့်ဆိုင်သော ပြဿနာများ ဖြစ်သည်။ ဤပြဿနာများနှင့်စပ်လျဉ်း၍ အယောင်ဆောင် ခေါင်းဆောင်များက စစ်ဆေးခြင်းများကို မဆောင်ရွက်ကြသောကြောင့်၊ ၎င်းတို့အောက်တွင် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို မကြာခဏပင် သိအောင်မလုပ်ကြသကဲ့သို့ အခြေအနေနှင့်ဆိုင်သည့် နောက်ဆုံးပေါ် သဘောပေါက်နားလည်မှု ၎င်းတို့၌ မရှိကြသောကြောင့် ကြီးကြပ်သူများက မည်မျှကောင်းစွာ အလုပ်လုပ်နေကြသည်၊ မည်သည့်တိုးတက်မှုကို ၎င်းတို့ဖန်တီးနေကြသည်ဆိုသည်နှင့် ၎င်းတို့က လက်တွေ့ကျသော အလုပ်ကို လုပ်နေကြခြင်းဟုတ်မဟုတ်၊ သို့မဟုတ် အထက်အရပ်ကို ဝတ်ကျေတမ်းကျေ ကိုင်တွယ်ရန် မန္တာန်များကိုသာ ဟစ်အော်ပြီး အပေါ်ယံဖြစ်စဉ်အချို့ကို အသုံးပြုနေကြခြင်းသာ ဟုတ်မဟုတ်ဆိုသည်တို့ကို ၎င်းတို့ဘာမျှမသိကြချေ။ အချို့သော ကြီးကြပ်သူများ၏ အလုပ်နှင့် မည်သည့်အလုပ်အတိအကျတွင် ထိုသူတို့ပါဝင်ကြသည်ဆိုသည့်အကြောင်းကို အမေးခံရချိန်တွင် ၎င်းတို့က “ကျွန်ုပ်မသိပါ- မည်သို့ပင်ဖြစ်စေ အလုပ်အကြောင်းကို သူတို့နှင့် ကျွန်ုပ်ပြောဆိုချိန်တွင် သူတို့အနေဖြင့် အခြားမည်သည့်အရာကိုမျှ လုံးဝထုတ်ဖော်မပြောကြပါ” ဟု ပြန်ဖြေကြသည်။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များ၏ အသိပညာ အတိုင်းအတာ ဖြစ်သည်။ ကြီးကြပ်သူများက ၎င်းတို့၏ တာဝန်ဝတ္တရားများကို ခေါင်းရှောင်ခြင်းမရှိဘဲ အစဉ်ပင် တာဝန်အတွက် ဖြစ်နေပါက ဤသည်မှာ ၎င်းတို့နှင့်ပတ်သက်၍ ပြဿနာတက်နေသည့်အရာ ဘာမျှမရှိဆိုသည့်အချက်၏ လက်တွေ့ကျသည့် လက္ခဏာဖြစ်သည်ဟု ၎င်းတို့အနေဖြင့် တလွဲယုံကြည်ကြသည်။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များ အလုပ်လုပ်ပုံဖြစ်သည်။ ယင်းက အယောင်ဆောင်မှု၏ အမှတ်အသားဟုတ်သလော။ ၎င်းတို့သည် မိမိတို့၏ တာဝန်ဝတ္တရားကို ဖြည့်ဆည်းရန် ပျက်ကွက်နေခြင်း ရှိသလော၊ မရှိသလော။ ဤသည်မှာ အလွန်ဆိုးရွားသည့် တမင်တာဝန်ပျက်ကွက်ခြင်း ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၃)” မှ

အယောင်ဆောင် ခေါင်းဆောင်များ၏ အလုပ်နှင့်သက်ဆိုင်သည့် အဓိကထူးခြားသော ပင်ကိုလက္ခဏာမှာ ၎င်းတို့၏ဆောင်ပုဒ်ကို ဟစ်ကြော်ပြီးသည့်နောက်၊ ၎င်းတို့၏အမိန့်များကို ထုတ်ပြန်ပြီးသည့်နောက်တွင် ၎င်းတို့အနေဖြင့် ထိုကိစ္စကို မျက်နှာလွှဲခဲပစ် လုပ်လိုက်ကြခြင်းပင် ဖြစ်သည်။ စီမံကိန်း၏ နောက်ဆက်တွဲ တိုးတက်မှုအကြောင်းကို ၎င်းတို့မမေးမြန်းကြချေ။ ပြဿနာများ၊ မူမမှန်ခြင်းများ၊ သို့မဟုတ် အခက်အခဲများ တစ်ခုတလေ ထွက်ပေါ်လာခြင်း ရှိမရှိကို ၎င်းတို့မမေးကြချေ။ ထိုအရာကို ၎င်းတို့လက်လွှဲပေးပြီးလျှင်ပြီးခြင်း ပြီးသွားပြီဟု ယူဆကြသည်။ အမှန်တွင် စီမံကိန်း၏ တိုးတက်မှုကို မျက်ခြည်မပြတ်ခြင်းသည် ခေါင်းဆောင်များ လုပ်ဆောင်နိုင်သည့် အရာတစ်ခုဖြစ်သည်။ ဤကိစ္စရပ်များတွင် သင်သည် လုံးဝလူသစ်တစ်ဦးဖြစ်လျှင်ပင်- ထိုအရာနှင့်သက်ဆိုင်သည့် မည်သည့်အသိပညာမျှ သင်၌ မရှိလျှင်ပင်- ထိုသို့သောအလုပ်ကို သင်ဆောင်ရွက်နိုင်သည်။ အခြေအနေကို စစ်ဆေးပြီး အကြံပြုချက်များပေးရန် အသိပညာကြွယ်ဝသောသူ၊ အဆိုပါအလုပ်ကို နားလည်သောသူ တစ်စုံတစ်ဦးကို ရှာလော့။ ၎င်းတို့၏ အကြံပြုချက်များမှ သင့်တော်သည့် အခြေခံသဘောတရားများကို သင်ပိုင်းခြားသိမြင်နိုင်ပြီး ထိုသို့ဖြင့် အလုပ်ကို မျက်ခြည်မပြတ် သင်စောင့်ကြည်နိုင်လိမ့်မည် ဖြစ်သည်။ အဆိုပါအလုပ်မျိုးကို အကျွမ်းတဝင်ရှိမှု၊ သို့မဟုတ် သိနားလည်မှု တစ်စုံတစ်ရာ သင်၌ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အနည်းဆုံးအနေဖြင့် ထိုအလုပ်ကို သင်ဦးစီးရမည်၊ မျက်ခြည်မပြတ် စောင့်ကြည့်ရမည်၊ ထိုအလုပ်၏ တိုးတက်မှုကို သိအောင်လုပ်ရန် စုံစမ်းမှုများပြုကာ မေးခွန်းများ မေးမြန်းရမည်ဖြစ်သည်။ ထိုသို့သော ကိစ္စရပ်များကို သဘောပေါက်အောင် သင်အမြဲလုပ်နေရမည်။ ဤသည်မှာ သင်၏တာဝန်၊ သင်ကပြရမည့်အပိုင်း ဖြစ်သည်။ အလုပ်ကို မျက်ခြည်မပြတ် မစောင့်ကြည်ခြင်း- ထိုအလုပ်ကို မျက်နှာလွှဲခဲပစ်လုပ်ခြင်းသည် အယောင်ဆောင် ခေါင်းဆောင်များ၏ လုပ်ရပ်များ ဖြစ်သည်။ အလုပ်၏ သတ်သတ်မှတ်မှတ်ဖြစ်သည့် ကိစ္စများကို မျက်ခြည်မပြတ်ရန် တိကျသည့် လုပ်ဆောင်ချက် မပြုခြင်း- အလုပ်၏ ဤသတ်သတ်မှတ်မှတ်ဖြစ်သည့် ကိစ္စများနှင့်သက်ဆိုင်သော တိကျသည့် တိုးတက်မှုကို သိနားလည်မှုနှင့် သဘောပေါက်မှုတို့ မရှိခြင်းသည်လည်း အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏ သရုပ်သကန် ဖြစ်သည်။

အလုပ်၏ တိုးတက်မှု အခြေအနေကို အယောင်ဆောင် ခေါင်းဆောင်များက နားမလည်ကြသောကြောင့် ဤအရာက မကြာခဏပင် ထပ်တလဲလဲ နှောင့်နှေးစေသည်။ အချို့သော အလုပ်တွင် လူတို့သည် အခြေခံသဘောတရားကို သဘောမပေါက်ကြသည့်အပြင် ထိုအလုပ်ကို ဦးစီးရန် သင့်တော်သူ မရှိသောကြောင့် အလုပ်ကို ဆောင်ရွက်နေသောသူတို့သည် အလုပ်၏တိုးတက်မှုကို ပြင်းထန်စွာ ထိခိုက်စေသည့် အပျက်သဘောဆောင်ခြင်း၊ ဖြစ်သမျှလက်ခံခြင်းနှင့် စောင့်ဆိုင်းခြင်း အခြေအနေတစ်ခုတွင် မကြာခဏ တည်နေကြလေသည်။ ခေါင်းဆောင်အနေဖြင့် သူ၏တာဝန်ဝတ္တရားကို အစကတည်းက ဖြည့်ဆည်းခဲ့ပြီးပါက- သူ့အနေဖြင့် အလုပ်ကို တာဝန်ယူ၊ ရှေ့တန်းတင်ခဲ့ပြီးဖြစ်ပါက၊ ယင်းတို့ကို သာ၍ မြန်ဆန်စေခဲ့ပြီးဖြစ်ကာ ပါဝင်သည့် အလုပ်အမျိုးအစားကို နားလည်သည့် တစ်စုံတစ်ဦးအား လမ်းညွှန်မှုပေးဖို့ ရှာတွေ့ခဲ့ပြီးဖြစ်ပါက အလုပ်သည် နှောင့်နှေးမှုများကို ထပ်တလဲလဲ ကြုံနေရမည့်အစား သာ၍လျင်မြန်စွာ တိုးတက်ပြီးဖြစ်ပေမည်။ ထိုသို့ဖြစ်လျှင် ခေါင်းဆောင်များအတွက် အလုပ်၏ တကယ့်အခြေအနေကို သိနားလည်ကာ သဘောပေါက်ဖို့မှာ ပဓာနကျပေသည်။ ဟုတ်ပေ၏၊ အလုပ်က မည်သို့တိုးတက်နေသည်ကို သိနားလည်ကာ သဘောပေါက်ဖို့ ခေါင်းဆောင်များအတွက် အလွန်လိုအပ်ပေသည်- အကြောင်းမှာ တိုးတက်မှုသည် အလုပ်၏ခရီးရောက်မှုနှင့် ဤအလုပ်က စွမ်းဆောင်ရရှိဖို့ ရည်ရွယ်ထားသည့် ရလဒ်များနှင့် ဆက်နွှယ်သောကြောင့်ဖြစ်သည်။ အလုပ်က မည်သို့တိုးတက်နေသည်ဆိုသည့် သဘောပေါက်မှုပင် ခေါင်းဆောင်တစ်ဦး၌ မရှိပါက အချိန်အများစုတွင် အလုပ်သည် ဖြစ်သမျှလက်ခံလျက် နှေးကွေးစွာ တိုးတက်လိမ့်မည်ဟု ပြော၍ရနိုင်ပေသည်။ မိမိတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် ပါဝင်ကြသည့် လူအများစုသည် ဝန်တာစိတ်ရှိပြီး ထိုအလုပ်မျိုးတွင် အစွမ်းအစတချို့ရှိသည့် တစ်စုံတစ်ဦး၊ ၎င်းတို့ကို တိုက်တွန်းပေးရန်၊ ကြီးကြပ်မှုနှင့် လမ်းညွှန်မှုပေးရန် တစ်စုံတစ်ဦးပါရှိခြင်း မရှိပါက ဖြစ်သမျှလက်ခံလျက် နှေးကွေးစွာ အလုပ်လုပ်ကြလိမ့်မည် ဖြစ်သည်။ ဝေဖန်မှု၊ ဆုံးမပဲ့ပြင်မှု၊ ပြုပြင်မှု၊ သို့မဟုတ် ကိုင်တွယ်ဖြေရှင်းမှု မရှိသည့်အခါတွင်လည်း ထိုသို့ပင်ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၌ မိမိတို့အလုပ်၏ တိုးတက်မှုနှင့်ဆိုင်သည့် နောက်ဆုံးပေါ် သဘောပေါက်ခြင်းနှင့် သိနားလည်ခြင်းတို့ အမြဲရှိနေရန် အရေးကြီးဆုံးဖြစ်သည်၊ အကြောင်းမှာ လူတို့သည် ပျင်းရိကြသကဲ့သို့၊ ခေါင်းဆောင်များ၏ လမ်းညွှန်မှု၊ တိုက်တွန်းမှုနှင့် ဆက်လက်အရေးယူဆောင်ရွက်မှုတို့ မရှိလျှင်၊ အလုပ်၏ တိုးတက်မှုနှင့်သက်ဆိုင်သည့် နောက်ဆုံးပေါ် သိနားလည်မှုကို ပိုင်ဆိုင်သည့် ခေါင်းဆောင်များ မရှိလျှင် လူတို့သည် ခိုကတ်တတ်ကာ ပျင်းရိတတ်ပြီး ဝတ်ကျေတမ်းကျေ ဖြစ်တတ်ကြသောကြောင့်ဖြစ်သည်- ဤသည်မှာ ၎င်းတို့၏အလုပ်ကို ၎င်းတို့ချဉ်းကပ်နည်းဖြစ်ပါက တိုးတက်မှုနှင့် ထိရောက်မှုတို့ အကြီးအကျယ် ထိခိုက်လိမ့်မည်ဖြစ်သည်။ ဤအခြေအနေများကို ထောက်ဆလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်၏ကိစ္စတိုင်းကို ချက်ချင်း မျက်ခြည်မပြတ် စောင့်ကြည့်သင့်ပြီး၊ ဝန်ထမ်းများနှင့် အလုပ်နှင့်စပ်လျဉ်းသည့် အခြေအနေအကြောင်းကို အမြဲသိနေအောင် လုပ်သင့်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤအလုပ်ကို အရေးမထားသကဲ့သို့ စိတ်ဝင်စားမှုမရှိကြသည်မှာ အမှန်ဖြစ်သည်။ ၎င်းတို့သည် တာဝန်ယူနိုင်စွမ်း မရှိကြချေ။ ထို့ကြောင့် အလုပ်၏ လက်ရှိအခြေအနေအရဖြစ်စေ၊ အလုပ်၏ တိုးတက်မှုအရဖြစ်စေ အယောင်ဆောင် ခေါင်းဆောင်များသည် အမြဲပင် “ကဆုန်ပေါက်နေသည့် မြင်းကျောပေါ်မှနေ၍ ပန်းများကို ရှုစား” တတ်ကြသည်။ ၎င်းတို့သည် အရေးမထားကြသကဲ့သို့ စိတ်မဝင်မစားဖြစ်ကြသည့်အပြင် ဝတ်ကျေတမ်းကျေ ဖြစ်ကြလေသည်။ ၎င်းတို့သည် ကြီးကျယ်ပြီး အနှစ်မဲ့သော စကားများကို ပြောကြသည်၊ အယူဝါဒကို ဟောပြောကြပြီး၊ ဟန်ပြသဘောမျှသာ လုပ်ကြလေသည်။ ယေဘုယျအားဖြင့် ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များ အလုပ်လုပ်သည့်နည်းလမ်း ဖြစ်သည်။ ၎င်းတို့ကို အန္တိခရစ်များနှင့် နှိုင်းယှဉ်လျှင်၊ ဗြောင်ကျကျ ဆိုးယုတ်သည့် မည်သည့်အရာကိုမျှ သူတို့မလုပ်ကြသကဲ့သို့ တမင်ထိခိုက်နစ်နာစေခြင်း မရှိကြသော်လည်း၊ အလုပ်အပေါ်ထားသည့် ၎င်းတို့၏သဘောထားက ဆိုးယုတ်မှုကိုပင် ညှိုးမှိန်သွားစေသည် မဟုတ်လော။ ၎င်းတို့၏အလုပ်ကို သဘာဝအားဖြင့် ဆိုးယုတ်မှုအဖြစ် သတ်မှတ်၍မရသော်လည်း ထိရောက်မှု ရှုထောင့်မှ ကြည့်ပါက ထိုအရာ၏သဘာဝမှာ အရေးမထားခြင်းနှင့် ဝတ်ကျေတမ်းကျေဖြစ်ခြင်း၊ ဝန်တာစိတ် တစ်စုံတစ်ရာ မရှိခြင်းဖြစ်သည်ဟု ပြောရန် သင့်လျော်ပေသည်။ ၎င်းတို့သည် ၎င်းတို့၏အလုပ်ကို သစ္စာစောင့်သိမှု မရှိကြချေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၄)” မှ

၎င်းတို့အလုပ်၏ လတ်တလော အခြေအနေနှင့် တိုးတက်မှုအရ၊ အယောင်ဆောင်‌ ခေါင်းဆောင်များသည် ပြဿနာများကို ချက်ချင်းသိမြင်ကာ ဖြေရှင်းနိုင်ဖို့နှင့် အလုပ်တွင် ထွက်ပေါ်လာနိုင်သည့် သတိမမူမိခြင်းများနှင့် မူမမှန်ခြင်းများကို ချက်ချင်းပြုပြင်နိုင်ဖို့အလို့ငှာ မြေပြင်ပေါ်က တကယ့်အခြေအနေကို သိအောင်လုပ်ရန်နှင့် မျက်ခြည်မပြတ်အောင်လုပ်ရန် အလုပ်နေရာသို့ လုံးဝမသွားကြ၊ သို့မဟုတ် တိကျသည့် အသေးစိတ် အချက်အလက်များကို ကောင်းမွန်စွာ သဘောပေါက်ဖို့ မကြိုးပမ်းကြချေ။ အလုပ်၏ တကယ့်အကြောင်းအရာနှင့် စပ်လျဉ်း၍ ၎င်းတို့လုပ်ဆောင်သည့် တစ်ခုတည်းသောအရာမှာ ဆောင်ပုဒ်များကို ကြွေးကြော်ရန်နှင့် ဟန်ပြလုပ်ရန်သာ ဖြစ်သည်။ စီမံကိန်းများအားလုံးတွင် အလုပ်နှင့်ပတ်သက်သည့် ၎င်းတို့၏ မိတ်သဟာယဖွဲ့မှုကို အလုပ်ခွင်တွင် မည်သည့်နေရာတွင်မျှ မမြင်ရပေ။ အလုပ်ထဲတွင် ဖြစ်ပွားနိုင်သည့် ပြဿနာများ၊ မူမမှန်ခြင်းများနှင့် သတိမမူမိခြင်းတို့ကို ၎င်းတို့ချက်ချင်းကိုင်တွယ်ခြင်း၊ ပြုပြင်ခြင်း၊ သို့မဟုတ် ကုစားခြင်းတို့ကို တွေ့ရဖို့မဆိုထားနှင့်၊ တိကျသည့် ပြဿနာများကို ဖြေရှင်းဖို့ ကြိုးစားခြင်း၊ သို့မဟုတ် အလုပ်ထဲက တိကျသည့် ပြဿနာများ၊ မူမမှန်မှုများကို သိမြင်နိုင်စွမ်းအား ပြသခြင်းကိုပင် မည်သည့်အခါတွင်မျှ မတွေ့ရပေ။ ယင်းမှာ အယောင်ဆောင် ခေါင်းဆောင်များ၏ အလုပ်တွင် ဖြစ်ပွားသည့် အမျိုးမျိုးသော ပြဿနာအမျိုးအစားများ ဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များက တမင်တကာ မစွက်ဖက်သော်လည်း၊ သို့မဟုတ် မနှောင့်ယှက်သော်လည်း၊ ၎င်းတို့၏ ကိုယ်ပိုင်နိုင်ငံကို ဖန်တီးဖို့ ၎င်းတို့မကြိုးစားကြသော်လည်း၊ အာဏာရှင်များကဲ့သို့ ပေါ်ပေါ်ထင်ထင် မပြုမူကြသော်လည်း၊ သို့မဟုတ် အန္တိခရစ်များနှင့် နှီးနွှယ်သည့် အချို့သော လုပ်ရပ်များ၊ အပြုအမူများကို မပြကြသော်လည်း၊ ထို့ပြင် ၎င်းတို့ကို အန္တိခရစ်များအဖြစ် အတန်းအစားခွဲ၍ မရသော်လည်း၊ မည်သို့ဆိုစေကာမူ အယောင်ဆောင် ခေါင်းဆောင်များ၏ လူ့သဘာဝနှင့် အမျိုးမျိုးသော လုပ်ရပ်များက တိုးတက်မှု၊ ခရီးရောက်မှုနှင့် ထိရောက်မှုတို့ကို ထိခိုက်စေရင်း ၎င်းတို့၏အလုပ်အပေါ် ဒုက္ခပြဿနာနှင့် ပိတ်ဆို့မှုများစွာကို ကျရောက်စေလေသည်။ လုံးဝမဆုံးနိုင်သော ပြဿနာများ၊ မည်သည့်အခါတွင်မျှ ဖြေရှင်းမခံရသည့် ပြဿနာများသည် အယောင်ဆောင် ခေါင်းဆောင်များ၏ အလုပ်ထဲရှိ မပြောင်းလဲသော အင်္ဂါရပ်တစ်ခု ဖြစ်သည်။ ၎င်းတို့အနေဖြင့် မည်သည့်အလုပ်မျိုးတွင် ပါဝင်လုပ်ဆောင်ကြသည်ဖြစ်စေ အယောင်ဆောင် ခေါင်းဆောင်များ၏ အခန်းကဏ္ဍမှာ ပြစားရန်၊ ဆောင်ပုဒ်များကို ကြွေးကြော်ရန်နှင့် အယူဝါဒကို ဟောပြောရန်ထက် ဘာမျှမပိုပေ။ ၎င်းတို့သည် လူစုလူဝေးများထံ အသံလွှင့်သည့် တရုတ်ပြည် ကျေးရွာများရှိ အများပြည်သူကို ကြေညာသည့် အသံချဲ့စက်များကဲ့သို့သာ ဖြစ်ကြသည်။ ဤသည်မှာ ၎င်းတို့လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသော အလုပ်မျိုးဖြစ်သည်။ ဤအယောင်ဆောင် ခေါင်းဆောင်များသည် ၎င်းတို့၏ငယ်သားများက မည်သည့်အရာ လုပ်နေကြသည်၊ ထိုအရာကို မည်မျှကောင်းစွာ ထိုသူတို့ လုပ်နေကြသည်ဆိုသည်နှင့်၊ တိကျသည့် အသေးစိတ် အချက်အလက်များနှင့် ဆက်နွှယ်သည့် ထိုသို့သော မေးခွန်းများနှင့်ပတ်သက်၍ လုံးဝမသိနားမလည်ကြချေ။ အလုပ်အပိုင်းအစအသီးသီး၏ တိုးတက်မှုအတိအကျနှင့် ကြီးထွားဖြစ်ပေါ်လာမှုအတိအကျကို လေ့လာတွေ့ရှိရန်နှင့် သဘောပေါက်ရန်အလို့ငှာ ဤအရာများကို လေ့လာသိရှိရန်၊ ဤအရာများတွင် ပါဝင်ရန်၊ အောက်ခြေလူတန်းစား လူတို့ကြားတွင် နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်ရန်၊ မြေပြင်တွင် မည်သည့်အရာ အမှန်တကယ်ဖြစ်ပျက်နေသည်ကို နက်နက်နဲနဲ တူးဆွအဖြေရှာရန် ၎င်းတို့အနေဖြင့် ဆန္ဒမရှိကြချေ။ ထို့ကြောင့် အယောင်ဆောင် ခေါင်းဆောင်များ အတန်းအစားထဲရှိ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်နိုင်ငံကို တည်ထောင်ရန်၊ သို့မဟုတ် ၎င်းတို့ခေါင်းဆောင်ဖြစ်နေသည့် ကာလတစ်လျှောက်တွင် တမင်တကာ စွက်ဖက်ပြီး နှောင့်ယှက်ရန် မကြိုးစားသော်လည်း၊ မည်သို့ပင်ဆိုစေ ဓမ္မဓိဋ္ဌာန်ကျသော ရှုထောင့်မှ ကြည့်လျှင် ၎င်းတို့သည် အလုပ်နှင့် အလုပ်၏ တိုးတက်မှုအပေါ် နှောင့်နှေးမှုများ ဖြစ်စေပေသည်။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး ထမ်းဆောင်သင့်သည့် အခန်းကဏ္ဍကို မထမ်းဆောင်နိုင်ပေ၊ ၎င်းတို့၌ သစ္စာစောင့်သိနိုင်စွမ်း၊ သို့မဟုတ် တာဝန်ယူနိုင်စွမ်း မရှိသကဲ့သို့၊ အဆင့်တိုင်းတွင် အလုပ်က ချောမွေ့စွာ ရှေ့ဆက်ဖို့အလို့ငှာ၊ ၎င်းတို့တာဝန်ယူရမည့် အလုပ်အပေါ် လမ်းညွှန်မှုနှင့် ပြင်းပြသည့်ဆန္ဒတို့ကိုလည်း မဆောင်ကြဉ်းနိုင်ကြချေ။ သို့ဆိုလျှင် အယောင်ဆောင် ခေါင်းဆောင်များ အတန်းအစားထဲတွင် ရှိနေသူတို့၌ သစ္စာစောင့်သိမှု၊ သို့မဟုတ် ဝန်တာစိတ်ထားမှု မရှိဟုပြောရန် သင့်လျော်သလော။ ၎င်းတို့အနေဖြင့် ၎င်းတို့၏အလုပ်ကို တမင်ခေါင်းရှောင်သည်ဖြစ်စေ၊ ထိုအလုပ်ကို ဧကန်အမှန်ပင် လုပ်ဆောင်နိုင်စွမ်း မရှိသည်ဖြစ်စေ၊ ခြုံ၍ကြည့်မည်ဆိုလျှင် ၎င်းတို့သည် ဘုရားအိမ်တော်၏အလုပ်ကို အပျက်သဘော အကျိုးသက်ရောက်စေသည်။ နှောင့်နှေးမှုများကို ဖြစ်စေပြီး ထိုအလုပ်ကို တိုးတက်ခြင်းမှ တားဆီးသည်၊ အလုပ်အတွင်း ဖြစ်ပေါ်သည့် ပြဿနာများအတွက် ဖြေရှင်းချက်များကို တားဆီးပြီး အလုပ်၏ ချောမွေ့သော တိုးတက်မှုအတွက် အတားအဆီးတစ်ခု ဖြစ်လာကြသည်။ ထိုသို့ဖြင့် အလုပ်တွင် ပါဝင်ကြသည့် လူတို့သည်လည်း သမ္မာတရား အခြေခံသဘောတရားများကို နားမလည်ကြချေ။ ဤအရာသည်လည်း အယောင်ဆောင် ခေါင်းဆောင်များ တာဝန်ယူသည့် အလုပ်၏ အချိန်ကာလအတောအတွင်း ဖြေရှင်းမထားသည့် ပြဿနာတစ်ခု ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၄)” မှ

အလုပ်၏ အမျိုးမျိုးသော ကိစ္စများကို ဆောင်ရွက်နေစဉ်တွင် အယောင်ဆောင် ခေါင်းဆောင်များ ဖြေရှင်းရမည့်၊ ပြုပြင်ပြီး ကုစားရမည့် ပြဿနာများစွာ၊ မူမမှန်မှုများစွာနှင့် သတိမမူမိခြင်းများစွာ အမှန်တကယ် ရှိပေသည်- သို့သော် ၎င်းတို့၌ ဝန်တာစိတ်မရှိကြသောကြောင့်၊ အစိုးရအရာရှိတစ်ဦး၏ ကဏ္ဍကိုသာ ၎င်းတို့ကပြနိုင်ပြီး စစ်မှန်သည့် အလုပ်ကို မလုပ်ကြသောကြောင့် အကျိုးဆက်အနေဖြင့် ၎င်းတို့က ဆိုးဝါးသော ကမောက်ကမအခြေအနေတစ်ခု ဖြစ်စေကြသည်မှာ အချို့သော အဖွဲ့များက စည်းလုံးမှုကိုပင် ဆုံးရှုံးသွားပြီး အဖွဲ့ဝင်များက အချင်းချင်း အားနည်းစေကြသည်အထိ၊ အချင်းချင်း သံသယရှိကာ သတိထားလာကြပြီး ဘုရားအိမ်တော်ကိုပင် သတိထားလာကြအထိပင်ဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များက ဤအခြေအနေနှင့် ရင်ဆိုင်ရချိန်တွင် တိကျသည့်အလုပ် တစ်ခုတလေကိုမျှ မဆောင်ရွက်ကြချေ။ ၎င်းတို့၏ အလုပ်က တုံ့ဆိုင်ခြင်း အခြေအနေတစ်ခုတွင် ကျန်ရှိနေသည်၊ ထို့ပြင် ၎င်းတို့၏အလုပ်က တစ်ဝက်တစ်ပျက်ပြိုကွဲသည့် အခြေအနေတွင် နွံနစ်နေသည်ကို အယောင်ဆောင် ခေါင်းဆောင်များက အနည်းငယ်မျှပင် ဝမ်းမနည်းကြချေ။ ၎င်းတို့သည် စစ်မှန်သောအလုပ် တစ်ခုတလေကို လုပ်ဆောင်ဖို့ မိမိတို့ကိုယ်ကို မလှုံ့ဆော်နိုင်ဘဲ ထိုအစား ၎င်းတို့၏အလုပ်က အထက်အတွက်သာ လုပ်ဆောင်သည့်အလား၊ လုပ်ဆောင်ရမည့်အရာနှင့် မလုပ်ဆောင်ရမည့်အရာကို ပြောပြသည့် အမိန့်များ ချမှတ်ပေးဖို့ အထက်ကို စောင့်ဆိုင်းကြလေသည်- အထက်က တိကျသည့် မည်သည့်သတ်မှတ်ချက်မျှ အသိမပေးပါက၊ တိကျသည့် မည်သည့်အမိန့်၊ သို့မဟုတ် ညွှန်ကြားချက်များမျှ မပေးပါက လုပ်ဆောင်ဖို့ လိုအပ်သည့် တစ်စုံတစ်ရာကို တွေ့လျှင်ပင် မည်သည့်အရာကိုမျှ ၎င်းတို့မလုပ်ဆောင်ကြချေ။ သို့မဟုတ်၊ အထက်က အခြေခံသဘောတရားများသာ ပေးပါက မဆောင်ရွက်ဖို့ ပို၍ပင်ကောင်းသည့် ဆင်ခြေတစ်ခု ၎င်းတို့၌ ရှိကြလေသည်။ အယောင်ဆောင် ခေါင်းဆောင်များက အဘယ်အရာနည်း။ တိုတိုပြောရလျှင် သတ်သတ်မှတ်မှတ်ဖြစ်သည့် မည်သည့်အလုပ်ကိုမျှ ၎င်းတို့မလုပ်ဆောင်ကြ၊ သတ်သတ်မှတ်မှတ်ဖြစ်သည့် အလုပ်တွင် ၎င်းတို့မပါဝင်ကြ၊ တိကျသည့် ပြဿနာများကို ၎င်းတို့သိမြင်နိုင်စွမ်း၊ သို့မဟုတ် ဖြေရှင်းနိုင်စွမ်း မရှိကြ၊ ၎င်းတို့အနေဖြင့် သတ်သတ်မှတ်မှတ်ဖြစ်သည့် အလုပ်ကို အကောင်အထည်ဖော်ခြင်းအတွက် တိကျသည့် တောင်းဆိုချက်များကို တက်ကြွစွာ ပြုလုပ်ပြီး တိကျသည့် အစီအစဉ်များကို အဆိုပြုနိုင်ကြဖို့ရန် မဆိုထားနှင့်၊ အလုပ်၏ ဦးတည်ချက်နှင့် အခြေခံသဘောတရားများအတွက် စံနှုန်းများကို ထူထောင်ဖို့အလို့ငှာ သတ်သတ်မှတ်မှတ်ဖြစ်သည့် အလုပ်အတွက် မှန်ကန်သော လမ်းညွှန်မှု၊ အကူအညီနှင့် ထောက်ပံ့မှုတို့ကို မပေးနိုင်ကြပေ။ ၎င်းတို့လုပ်ဆောင်သမျှမှာ စုဝေးပွဲများ တက်ရောက်ခြင်း၊ ဆောင်ပုဒ်များ ကြွေးကြော်ခြင်းနှင့် ရောက်တတ်ရာရာ လှည့်လည်သွားလာခြင်းတို့ ဖြစ်သည်။ ဘုရားအိမ်တော်က ၎င်းတို့ကို စေခိုင်းသည့်အလုပ်နှင့် ၎င်းတို့ဖြည့်ဆည်းရမည့် တာဝန်ဝတ္တရားများကို ၎င်းတို့မဆောင်ရွက်သကဲ့သို့ ဆောင်ရွက်နိုင်စွမ်းလည်း မရှိကြချေ။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၄)” မှ

အယောင်ဆောင်ခေါင်းဆောင်များ တာဝန်ရှိသည့် အလုပ်ခွင် အတွင်းတွင် သမ္မာတရားကို အမှန်တကယ် လိုက်စားကာ ရာထူး တိုးပေးထိုက်ပြီး ပျိုးထောင်ပေးထိုက်သည့် လူအနည်းငယ်တို့သည် မကြာခဏ မွန်းကျပ်နေကြသည်။ ဤလူများထဲမှ အချို့က ဧဝံဂေလိတရား ဖြန့်ဝေပြီး ၎င်းတို့ထဲမှ အချို့က ချက်ပြုတ်ဖို့ စီစဉ်ပေးခြင်း ခံရသည်။ အမှန်တွင် ၎င်းတို့သည် မထုတ်ပြသော်လည်း အလုပ်လုပ်နိုင်စွမ်း ရှိကြသည်— သို့ရာတွင် အယောင်ဆောင် ခေါင်းဆောင်က ဤအရာကို မမြင်နိုင်အောင်ဖြစ်နေပြီး ထိုလူများကို အာရုံမစိုက်သကဲ့သို့ မေးမြန်းစုံစမ်းခြင်းလည်း မရှိပေ။ သို့သော်လည်း အထူး ပင်ကိုစွမ်းရည် အနည်းငယ်ရှိသူများ၊ မြှောက်ပင့်သူများ၊ လူကြားသူကြားထဲ မြင်သာချင်သူများ၊ စကားပြောကောင်းသူများနှင့် ရာထူးနှင့် ဂုဏ်အဆင့်အတန်းတို့ကို တောင့်တသူများသည် ရာထူးများ တက်ကြသည်မှာ ကျေးရွာအကြီးအကဲများနှင့် အတွင်းရေးမှုများအဖြစ် လူ့အဖွဲ့အစည်းတွင် အစေခံသည့်သူများနှင့် ကော်ပိုရေးရှင်း အလုပ်အမှုဆောင်များ၊ ပြီးလျှင် စီးပွားရေး စီမံခန့်ခွဲမှုကို လေ့လာထားသူများအားလုံးသည် အရေးပါသည့် ရာထူးများ ပေးအပ်ခြင်းခံရသည်အထိပင် ဖြစ်၏။ ဤလူများသည် စစ်မှန်သော ယုံကြည်သူများ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့က သမ္မာတရားကို လိုက်စားသည်ဖြစ်စေ၊ မလိုက်စားသည်ဖြစ်စေ— အယောင်ဆောင် ခေါင်းဆောင်များက အလုပ်အတွက် တာဝန်ရှိသည့်အချိန်တိုင်း ၎င်းတို့က ရာထူးတိုးခံရပြီး ထင်ပေါ်ကျော်စောသည့် ရာထူးနေရာများ ပေးအပ်ခြင်း ခံကြရသည်။ ဤသည်မှာ လူ့အဖွဲ့အစည်းနှင့် အလားတူပင် မဟုတ်လော။ အယောင်ဆောင်ခေါင်းဆောင်များ၏ အလုပ်သက်တမ်းတွင် ဆင်းရဲဒုက္ခများကို အမှန်တကယ် ကြံ့ကြံ့ခံနိုင်သည့်၊ ဖြောင့်မတ်ခြင်း အသိစိတ်ရှိသည့်၊ အပြုသဘောဆောင်သော အရာများကို ချစ်မြတ်နိုးသည့်၊ ရာထူးတိုးပေးခြင်းနှင့် ပျိုးထောင်ပေးခြင်း အမှန်တကယ် ခံရသင့်သည့် အလုပ်ကြိုးစားသူများသည် ယခုတိုင် ရာထူးတိုးပေးခြင်းနှင့် ပျိုးထောင်ပေးခြင်း မခံရပေ— ၎င်းတို့သည် လေ့ကျင့်ဖို့ အခွင့်အရေးပင် ရခဲလှသည်၊ သို့ရာတွင် ညံ့ဖျင်းသော အစွမ်းအစနှင့် ဆိုးယုတ်သော လူ့သဘာဝ ရှိသူများ၊ အရေးယူဆောင်ရွက်ဖို့ စိတ်ထက်သန်သူများ၊ ကြွားဝါဖို့ကို နှစ်သက်သူများနှင့် မည်သည့် စစ်မှန်သော ပင်ကိုစွမ်းရည်မျှ မရှိသည့်သူများသည် ဘုရားသခင်၏အိမ်တော်၌ အရေးကြီးသည့် အလုပ်များနှင့် အကြီးအကဲရာထူးများကို နေရာယူထားကြသည်။ ဤသည်က ဘုရားအိမ်တော်၏ အလုပ်များစွာ၌ နှောင့်နှေးခြင်း၊ ဖြောင့်ဖြောင့်ဖြူးဖြူးနှင့် ဘုရားသခင်၏အိမ်တော်က သတ်မှတ်ထားသည့် ခရီးရောက်မှုနှင့်အညီ မတိုးတက်နိုင်ခြင်း၊ အခြေခံသဘောတရားများအရ မလုပ်ဆောင်ခြင်း၊ ပြီးလျှင် ဘုရားအိမ်တော်၏ သတ်မှတ်ချက်များကို အကောင်အထည် မဖော်နိုင်ခြင်းတို့ကို ဖြစ်စေသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များက လူများကို မလျော်မကန် အလုပ်ခန့်အပ်ခြင်းကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်နှင့် အကျိုးသက်ရောက်မှုတို့ ဖြစ်ပေသည်။

အယောင်ဆောင်ခေါင်းဆောင်များသည် ညံ့ဖျင်းသော အစွမ်းအစ ရှိကာ မျက်စိနှင့် စိတ်နှလုံးတို့က ကန်းနေပြီး သမ္မာတရား အခြေခံသဘောတရားများကိုလည်း ၎င်းတို့နားမလည်ကြ၊ ယင်းကိုယ်နှိုက်က အလွန်စိုးရိမ်ဖွယ် ပြဿနာတစ်ခုဖြစ်ပေသည်။ ၎င်းတို့၌ နောက်ထပ် ပို၍ စိုးရိမ်ရသော ပြဿနာတစ်ခုရှိသေးသည်၊ ယင်းမှာ ကျမ်းဟောင်းတရား အနည်းငယ်နှင့် အယူဝါဒစကား အနည်းငယ်ကို ၎င်းတို့နားလည်ပြီး ကျွမ်းကျင်ပိုင်နိုင်သွားသည့်အပြင် ဆောင်ပုဒ်အနည်းငယ်ကို ဟစ်ကြော်နိုင်သည့်အခါ ၎င်းတို့က မိမိတို့သည် သမ္မာတရား စစ်မှန်မှုကို နားလည်၏ဟု ထင်မြင်ကြခြင်း ဖြစ်သည်။ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သူ့ကို ခန့်အပ်ဖို့ ၎င်းတို့ရွေးချယ်ပါစေ ၎င်းတို့သည် ရှာဖွေခြင်း မပြုသကဲ့သို့ စဉ်းစားချင့်ချိန်ခြင်းလည်း မရှိ၊ အခြားသူများနှင့်လည်း မိတ်သဟာယ မပြုသည့်အပြင် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့် အခြေခံသဘောတရားများကို အသေးစိတ် စုံစမ်းစစ်ဆေးခြင်း သာ၍ပင် မရှိချေ။ ၎င်းတို့တွေးသည့် မည်သည့်အရာမဆိုသည် လုပ်ဆောင်သင့်သည့် အရာဖြစ်ကြောင်းနှင့် ၎င်းတို့ယုံကြည်သည့် မည်သည့်အရာမဆိုသည် တိကျမှန်ကန်ကြောင်း၊ ယင်းတို့အားလုံးက အခြေခံသဘောတရားများနှင့် ကိုက်ညီကြောင်း ယုံကြည်လျက် ၎င်းတို့သည် မိမိတို့ကိုယ်ကို အတော်ပင် ယုံကြည်မှု ရှိကြသည်။ နှစ်များစွာ အလုပ်လုပ်ပြီးသည့်နောက်တွင် ၎င်းတို့သည် ဘုရားအိမ်တော်၌ ခေါင်းဆောင်တစ်ဦးအဖြစ် အစေခံဖို့ လုံလောက်သည့် အတွေ့အကြုံရှိကြောင်း၊ ဘုရားအိမ်တော်၏အလုပ်သည် မည်သို့လည်ပတ်ပြီး တိုးတက်သည်ကို ၎င်းတို့သိကြောင်းနှင့် ဤအရာ အားလုံးသည် ၎င်းတို့၏စိတ်နှလုံးအတွင်းတွင် ရှိကြောင်းလည်း ၎င်းတို့က တလွဲယုံကြည်ကြသည်။ ၎င်းတို့က ဘုရားအိမ်တော်၏အလုပ်ကို တိုင်းတာပြီး ဘုရားအိမ်တော်၏အလုပ်ကို ၎င်းတို့၏အတွေ့အကြုံနှင့် ၎င်းတို့၏ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးတို့ကို အသုံးပြုကာ ဆောင်ရွက်ကြသဖြင့် ယင်းက ၎င်းတို့၏ အလုပ်သက်တမ်းအတွင်းတွင် ဘုရားအိမ်တော်၏အလုပ်ကို သပွတ်အူလိုက်စေကာ ကမောက်ကမ ဖြစ်စေပြီး စနစ်တကျ မရှိဘဲဖြစ်စေသည်။ အုပ်စုတစ်စုအတွင်းတွင် အရည်အချင်းရှိသည့် လူများ၊ ဒုက္ခခံနိုင်ပြီး အဖိုးအခပေးနိုင်ကာ၊ မိမိတို့၏တာဝန်များကို သစ္စာစောင့်သိခြင်းဖြင့် ထမ်းဆောင်နိုင်သည့် လူများ အနည်းငယ် ရှိပါက ၎င်းတို့လုပ်ဆောင်သည့် အလုပ်ကို ကောင်းစွာ ဆက်လက် ထိန်းလုပ်သွား၍ရနိုင်မည် ဖြစ်သော်လည်း ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များနှင့် လုံးဝ မသက်ဆိုင်ပေ။ ထိုကဲ့သို့သော လူများမရှိသည့်နေရာတွင် အယောင်ဆောင် ခေါင်းဆောင်သည် အလုပ်ပြီးမြောက်ခြင်း၌ နည်းနည်းမျှပင် အသုံးမတည့်နိုင်ပေ။ အကြောင်းတစ်ခုမှာ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးသည် အလုပ်အတွက် သင့်တော်သည့် လူများ၊ အလုပ် ပိုသွက်လာပြီး တိုးတက်လာကာ ပိုကောင်းမွန်စေဖို့ သေချာစေမည့် လူများကို မရွေးချယ်နိုင်ပေ။ နောက်အကြောင်းတစ်ခုမှာ အလုပ်၌ အားအနည်းဆုံးနေရာတွင် ယင်း၏အသေးစိတ် အချက်အလက်များ၌ အပြုသဘောဆောင်စွာနှင့် တက်ကြွစွာ ပါဝင်ခြင်း၊ သို့မဟုတ် နည်းပေးလမ်းပြခြင်းတို့ ၎င်းတို့မလုပ်ချေ။ ဥပမာအနေဖြင့် အချို့အလုပ်တစ်သုတ်အတွက် ထိုအလုပ်ကို လုပ်ဆောင်နေသည့် လူအချို့သည် အခြေခံအုတ်မြစ် သိပ်မရှိသည့် ယုံကြည်သူအသစ်များ၊ သမ္မာတရားကို ကောင်းကောင်း နားမလည်သည့်သူများ၊ လုပ်ငန်းဆောင်တာနှင့် ကောင်းကောင်း မရင်းနှီးသူများနှင့် အလုပ်၏အခြေခံသဘောတရားများကို အတော်အတန် နားမလည်သေးသူများ ဖြစ်သည်ဟု ဆိုကြစို့။ အယောင်ဆောင် ခေါင်းဆောင်သည် ကန်းနေသဖြင့် ဤပြဿနာများကို မမြင်နိုင်ပေ။ တစ်စုံတစ်ဦးသည် အလုပ်လုပ်နေသရွေ့ ထိုအလုပ်ကို ကောင်းစွာ လုပ်ဆောင်သည်ဖြစ်စေ၊ ဆိုးရွားစွာ လုပ်ဆောင်သည်ဖြစ်စေ ကိစ္စမရှိဟု ၎င်းတို့က ယုံကြည်ကြသည်။ အလုပ်ရှိ အားအနည်းဆုံး နေရာများ အားလုံးကို စုံစမ်းမေးမြန်းသင့်ကာ မကြာခဏ စောင့်ကြည့်လေ့လာသင့်၍ မကြာခဏ ထောက်ပံ့ပေးသင့်ကြောင်း၊ ထို့ပြင် ထိုလူများက သမ္မာတရားကို နားလည်ပြီး သင့်တော်သည့် လမ်းကြောင်းကို စတင်လျှောက်လှမ်းပြီးသည်အထိ ၎င်းတို့ကိုယ်တိုင် ကြီးကြပ်ခြင်းနှင့် ပါဝင်ခြင်းများ၊ အလုပ်နှင့်စပ်လျဉ်း၍ ၎င်းတို့ကိုယ်တိုင် လမ်းညွှန်အကြံပြုခြင်းနှင့် ၎င်းတို့၏ အစဉ် ထောက်ပံ့မှုတို့ကိုပင် လိုအပ်ကောင်း လိုအပ်နိုင်ကြောင်းကို ၎င်းတို့မသိပေ။ သင့်တော်သည့် အကြီးအကဲများဖြင့်သာလျှင် ၎င်းတို့စိုးရိမ်ပူပန်ခြင်း ရပ်စဲနိုင်ပေမည်။ သို့ရာတွင် အယောင်ဆောင် ခေါင်းဆောင်များက ဤနည်းလမ်းဖြင့် အလုပ်မလုပ်ကြပေ။ ဤသည်မှာ ၎င်းတို့လုပ်ဆောင်ရမည့် အလုပ်ဖြစ်သည်ကို ၎င်းတို့မမြင်သောကြောင့် ၎င်းတို့၏ အလုပ်နယ်ပယ်၌ အလုပ်အားလုံးနှင့် လူများအားလုံးတို့ကို ထပ်တူစွာ သဘောထားလေသည်။ ၎င်းတို့သည် အလုပ်၌ အားအနည်းဆုံး နေရာများရှိသည့် နေရာများ၊ သို့မဟုတ် သင့်တော်သူ တစ်ဦးမျှ အကြီးအကဲအဖြစ် မရှိသည့်နေရာများကို မကြာခဏ သွားခြင်း မရှိသကဲ့သို့ လုပ်ဆောင်ရမည့် အထူးလုပ်ငန်းဆောင်တာများ၌ ကိုယ်တိုင်ကိုယ်ကျ အကြံပြုခြင်း၊ သို့မဟုတ် ပါဝင်ခြင်း မရှိကြပေ။ ပြီးလျှင် အလုပ်ကို တာဝန်ယူလုပ်ဆောင်ဖို့ သင့်တော်ပြီး စွမ်းရည်ရှိသူတစ်ဦး ကြီးကြပ်ကွပ်ကဲရာ နေရာတွင် ၎င်းတို့သည် အလုပ်ကို သွားရောက်စုံစမ်းလေ့လာခြင်းဖြစ်စေ၊ အလုပ်အပေါ် လမ်းညွှန်မှုပေးခြင်းဖြစ်စေ မရှိသကဲ့သို့ အလုပ်၏ အသေးစိတ် အချက်အလက်များတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခြင်းမရှိဘဲ ထိုနေရာရှိ အကြီးအကဲ၏ အားသာချက်များကို စံနမူနာယူဖို့လည်း သေချာပေါက် မကြိုးစားကြပေ။ အနှစ်ချုပ်အားဖြင့် အယောင်ဆောင် ခေါင်းဆောင်များက အလုပ်၏အသေးစိတ်များကို မလုပ်ဆောင်ကြပေ။ အလုပ်က မည်သို့ပင်ဖြစ်စေ ဝန်ထမ်းများက သူ့နေရာနှင့်သူရှိပြီး ကြီးကြပ်သူများကို ရွေးချယ်ပြီးဖြစ်သရွေ့ အရာအားလုံးသည် အလွန်ကောင်းသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ထိုနေရာတွင် ၎င်းတို့အတွက် မည်သည့်အရာမျှ နောက်ထပ် လုပ်ဆောင်ဖို့ မရှိကြောင်းနှင့် နောက်ထပ် မည်သည့်အရာမျှ ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း၊ ၎င်းတို့လုပ်ဆောင်ရမည့်အရာမှာ အသင်းသား စုဝေးပွဲကို မကြာခဏ ကျင်းပပြီး ပြဿနာတစ်ခု ပေါ်ပေါက်ပါက ဖုန်းခေါ်ဆိုရန်သာ ဖြစ်ကြောင်း ယုံကြည်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်များက ဤနည်းဖြင့် အလုပ်လုပ်သည့်တိုင် ၎င်းတို့သည် အလုပ်ကောင်းကောင်း လုပ်နေသည်ဟု ထင်မြင်ပြီး “မည်သည့်အလုပ် အစီအစဉ်တစ်ခု၌မျှ ပြဿနာမရှိ။ ဝန်ထမ်းများအားလုံးကို စနစ်တကျ စီစဉ်ထားပြီး အကြီးအကဲများအားလုံးလည်း သူ့နေရာနှင့်သူရှိကြသည်။ ဤအလုပ်တွင် ငါသည် မည်သို့များ အလွန်တော်နေရသနည်း၊ အလွန် ပါရမီထူးနေရသနည်း” ဟု ပြောလျက် မိမိတို့ကိုယ်ကို အတော်ပင် ကျေနပ်နေကြသည်။ ဤသည်မှာ အရှက်မဲ့ရာ မကျသလော။ ၎င်းတို့သည် မျက်စိနှင့် စိတ်နှလုံးတို့၌ အလွန်ကန်းနေကြသဖြင့် လုပ်ဆောင်ရမည့် မည်သည့်လုပ်ငန်းဆောင်တာကိုမျှ မမြင်နိုင်ဘဲ မည်သည့်ပြဿနာများကိုမျှ မရှာတွေ့နိုင်ပေ။ အချို့နေရာများတွင် အလုပ်သည် တဖြည်းဖြည်းနှင့် လုံးဝ ရပ်တန့်သွားသော်လည်း ၎င်းတို့ကမူ ထိုနေရာရှိ ညီအစ်ကိုမောင်နှမများ အားလုံးသည် ငယ်ရွယ်ပြီး လူသစ်များဖြစ်ကြောင်း၊ ၎င်းတို့သည် အားတက်ကြွသော မာန်ပါခြင်းဖြင့် မိမိတို့၏တာဝန်များကို ထမ်းဆောင်မည်ဖြစ်ကြောင်းနှင့် ၎င်းတို့သည် အလုပ်ကို သေချာပေါက် ကောင်းကောင်း လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း တွေးနေရင်း တင်းတိမ်ရောင့်ရဲနေကြသော်လည်း အမှန်မှာမူ ထိုလူငယ်များသည် မည်သည့်အရာကိုမျှ နားမလည်ဘဲ မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပေ။ လုပ်ငန်းဆောင်တာအချို့အကြောင်းကို အနည်းငယ်သိသည့်သူများ ရှိသော်လည်း ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာကမျှ ဖြစ်သင့်သကဲ့သို့ မဖြစ်လာပေ။ ၎င်းတို့လုပ်သည့် မည်သည့်အရာကမျှ အခြေခံသဘောတရားနှင့် မညီဘဲ ယင်းတို့အားလုံးက အမှားပြင်ဆင်ခြင်းနှင့် မရပ်မနား ပြန်လည် လုပ်ဆောင်ခြင်းတို့ကို လိုအပ်သည်။ အလုပ်ထဲ၌ များစွာသော မပြည့်မစုံ ချွတ်ယွင်းချက်များ ရှိနေသည်။ ဝန်ထမ်းများ နားမလည်သည့် အရာများစွာလည်း ရှိသည်။ ပြီးလျှင် ၎င်းတို့ကို မိတ်သဟာယပြုပေးဖို့ လိုအပ်သည့် အခြေခံသဘောတရားများစွာ၊ ၎င်းတို့ လမ်းညွှန်မှု လိုအပ်သည့် အရေးကိစ္စများစွာ၊ ဖြေရှင်းဖို့ လိုအပ်သည့် ပြဿနာများစွာ ရှိနေသည်။...အယောင်ဆောင် ခေါင်းဆောင်က မည်သည့်ပြဿနာကိုမျှ မမြင်နိုင်သကဲ့သို့ ရှာမတွေ့နိုင်ဘဲ အဆင်ပြေနေသည်ဟု မိမိတို့ဘာသာ တွေးနေကြသည်။ သို့ဆိုလျှင် တစ်နေ့လုံး ၎င်းတို့၏အတွေးများသည် အဘယ်နေရာရောက်နေသနည်း။ ရာထူးလက်ဝယ်ရှိသူတစ်ဦးအနေဖြင့် ဂုဏ်အဆင့်အတန်းကြောင့်ရလာသည့် ဖရဏာပီတိများကို ၎င်းတို့ မည်သို့ခံစားနိုင်မည်ကို စဉ်းစားနေကြသည်။ အယောင်ဆောင် ခေါင်းဆောင်သည် အသနားအကြင်နာမဲ့သော အရာတစ်ခု ဖြစ်ပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၅)” မှ

ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များက အလုပ်ကို ဦးစီးဆောင်ရွက်နေသည့်အချိန်တွင် ဤအလုပ်အတွင်းတွင် ပေါ်လာသည့် ပြဿနာများကို ၎င်းတို့ချက်ချင်းကိုင်တွယ်ပြီး ဖြေရှင်းရမည်၊ အလုပ်အတွင်း ပေါ်လာသည့် ပြဿနာများကို ၎င်းတို့မိတ်သဟာယပြုကာ ဆွေးနွေးပြီး ဆင်ခြင်သုံးသပ်ရမည်။ ဤပြဿနာများနှင့်ပတ်သက်၍ အကြိမ်ကြိမ် မိတ်သဟာယပြုခြင်း၊ ဆွေးနွေးခြင်းနှင့် ဆင်ခြင်သုံးသပ်ခြင်းတို့က မည်သည့်ရလဒ်မျှ မထွက်ပေါ်လာသည့်အခါ၊ သို့မဟုတ် မှန်ကန်သည့် ဆောင်ရွက်ပုံနည်းလမ်းက မည်သည့်အရာ ဖြစ်သည်ကို မည်သူတစ်ဦးတစ်ယောက်ကမျှ ပြတ်သားစွာ ပြောဆိုနိုင်ခြင်း မရှိဘဲ ထိုအစား အမှုအရာများကို သာ၍ ရှင်းလင်းမှုနည်းစေသည့်အခါ ထိုသို့သော အချိန်များတွင် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များက မိမိတို့၏ဝတ္တရားများကို တာဝန်ယူကာ ပြဿနာကို ဖြေရှင်းဖို့အတွက် ဖြေရှင်းချက်၊ သို့မဟုတ် နည်းလမ်းတစ်ခုကို ချက်ချင်း အကြံပြုသင့်သည်၊ ပြီးလျှင် အမှုအရာများ မည်သို့ တိုးတက်နေသည်နှင့်ပတ်သက်၍ ချက်ချင်း လေ့လာစောင့်ကြည့်သင့်ကာ သိအောင်လုပ်ပြီး အကဲလည်း ဖြတ်သင့်သည်။ အကျိုးရှိရှိ ဆင်ခြင်သုံးသပ်နိုင်ခြင်းမရှိသကဲ့သို့ မည်သည့်ကောက်ချက်မျှ မချနိုင်သည့် ပြဿနာတစ်ခုကို ရွေးထုတ်ပြီးသည့်နောက် ၎င်းတို့သည် ယင်းကို အထက်သို့ အစီရင်ခံပြီး တိုင်ပင်ဆွေးနွေးဖို့ရာ အချိန်မဖြုန်းသင့်ပေ။ ပြဿနာကို ရွှေ့ဆိုင်းခြင်း၊ သို့မဟုတ် လျစ်လျူရှုခြင်း ပြုဖို့ မဆိုထားနှင့်၊ ယင်းကို ဖြေရှင်းဖို့ ၎င်းတို့မစောင့်ဆိုင်းသင့်သကဲ့သို့ စည်းကမ်းမရှိသော ကြိုးစားအားထုတ်မှုကိုလည်း မပြုသင့်ပေ။ ဤသည်မှာ သင်တို့၏ လက်ရှိခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ အလုပ်လုပ်သည့်ပုံစံ ဖြစ်သလော။ ၎င်းတို့သည် ဝိရောဓိမျိုးစုံနှင့် အသေးစား ပြဿနာမျိုးစုံကို ရှာဖွေဖော်ထုတ်နေစဉ်တွင် အလုပ်ကို ချက်ချင်း ဆက်လက် အရေးယူဆောင်ရွက်ကာ စောင့်ကြည့်ပြီး မပြတ် စေ့ဆော်နေသင့်သည်။ အဓိကပြဿနာများကို ရှာတွေ့သည့်အခါ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည် ယင်းက မည်သို့ဖြစ်လာပုံ၊ ပါဝင်သည့် လူစားအမျိုးမျိုး၊ ပြဿနာ အပေါ်ထားသော လူစားအမျိုးမျိုး၏ အမြင်ရှုထောင့်များစသည့် ဇာတ်ကြောင်းတစ်ခုလုံးကို မှန်ကန်တိကျသော နားလည်မှုနှင့် အသေးစိတ်ကျသည့် သဘောပေါက်မှုတို့ဖြင့် မြေပြင်တွင် ရှိနေသင့်သည်။ အလားတူပင် ၎င်းတို့သည် ဤပြဿနာများကို မိတ်သဟာယပြုခြင်းနှင့် ဆွေးနွေးခြင်းတို့တွင်သာမက ဆင်ခြင်သုံးသပ်ခြင်းတွင်ပင် ပါဝင်ရမည် ဖြစ်သည်— ၎င်းတို့ပါဝင်ရမည်။ ပါဝင်ခြင်းသည် အလွန်အရေးကြီးပေ၏။ ပါဝင်ခြင်းသည် အလုပ်တွင် ပေါ်ပေါက်လာသည့် ပြဿနာများကို အကဲဖြတ်ရာနှင့် ဖြေရှင်းရာတွင် သင့်ကို အထောက်အကူ ပြုပေးသည်။ သင်သည် နားသာထောင်ပြီး မပါဝင်ပါက၊ သင်သည် ဘေးမှသာ အစဉ် ကြည့်နေပါက၊ သင်သည် အပြင်မှ စောင့်ကြည့်သူတစ်ဦး အစဉ်ဖြစ်နေပြီး အလုပ်တွင် ပေါ်ပေါက်သည့် ပြဿနာတစ်ခုမျှ သင်နှင့်မသက်ဆိုင်ဟု ခံစားရကာ ယင်းတို့နှင့်ပတ်သက်ပြီး မည်သည့်အမြင်ရှုထောင့်၊ သို့မဟုတ် မည်သည့်သဘောထားမျှ သင်၌ မရှိပါက သင်သည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်သည်မှာ သိသာထင်ရှားပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၇)” မှ

ဝိညာဉ်ရေးရာ၌ အတုအယောင်ဖြစ်သော အယောင်ဆောင်ခေါင်းဆောင် အမျိုးအစားက အလုပ်လုပ်ခြင်းသည် စကားလုံးများနှင့် အယူဝါဒများကို ဟောပြောခြင်း၊ ဘုရားစာများကို အထပ်ထပ်အခါခါရွတ်ဖတ်ခြင်း၊ ဟန်ပြလုပ်ဆောင်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ စကားစုများကို ဟောပြောခြင်းကို ဆိုလိုသည်ဟု ယုံကြည်ကြသည်။ အလုပ်ကို အမှန်တကယ် မည်သို့လုပ်ဆောင်ရမည်ကို ၎င်းတို့မသိကြ၊ သို့မဟုတ် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ၏ တာဝန်များသည် အမှန်တကယ်တွင် မည်သည့်အရာများဖြစ်သည်ကို မသိကြသကဲ့သို့ ဘုရားအိမ်တော်သည် တစ်ဦးတစ်ယောက်အား အဘယ်ကြောင့် ခေါင်းဆောင်၊ သို့မဟုတ် အမှုတော်ဆောင်အဖြစ် ရွေးချယ်သည်ကိုလည်း မသိကြ၊ မည်သည့်ပြဿနာကို ဖြေရှင်းဖို့ ရည်ရွယ်သည်ကိုလည်း မသိကြပေ။ ထို့ကြောင့် ၎င်းတို့၏အလုပ်ကို မည်သို့စိတ်နှစ်မြှုပ်လုပ်ဆောင်သင့်ကြောင်း၊ စောင့်ကြည့်သင့်ကြောင်း၊ အလုပ်တွင်ရှိသော ပြဿနာများကို မည်သို့ဖော်ထုတ်သင့်ကြောင်း စသည်ဖြင့် မည်သို့ပင် သင်မိတ်သဟာယပြုပါစေ ၎င်းတို့က မည်သည့်အရာကိုမျှ နားမဝင်သကဲ့သို့ ၎င်းတို့ကြားသည့် မည်သည့်အရာကိုမျှ နားမလည်ကြပေ။ ဘုရားသခင်၏အိမ်တော်က ခေါင်းဆောင်များနှင့် အမှုဆောင်များအား စေခိုင်းသည့်အရာကို ၎င်းတို့လက်တွေ့လုပ်ဆောင်နိုင်စွမ်းမရှိကြသကဲ့သို့ မည်သည့်အခါမျှ ပြီးမြောက်အောင်မြင်လိမ့်မည်လည်း မဟုတ်ပေ။ အလုပ်နှင့်ပတ်သက်သော ပြဿနာပေါင်းစုံဖြစ်သည့် ဝန်ထမ်းရေးရာပြဿနာများ၊ အခြေခံစည်းမျဉ်းနှင့်ပတ်သက်သည့် မေးခွန်းများ၊ နည်းပညာ၊ သို့မဟုတ် အတတ်ပညာပိုင်းဆိုင်ရာ ပြဿနာများအားလုံးကို ၎င်းတို့မဖော်ထုတ်နိုင်ကြပေ။ ထို့ကြောင့် ထိုကဲ့သို့ ဝိညာဉ်ရေးရာ အတုအယောင်ဖြစ်သော လူများ၏ ခေါင်းဆောင်မှုအောက်တွင် ဝန်ထမ်းရေးရာပြဿနာများနှင့် အခြားအလုပ်ပြဿနာများ အစဉ်ဖြစ်ပျက်လျက်ရှိသည်။ နည်းပညာပိုင်းဆိုင်ရာ၊ သို့မဟုတ် အတတ်ပညာပိုင်းဆိုင်ရာ ပြဿနာများကလည်း ဆက်တိုက်ပေါ်ပေါက်လာပြီး ဆက်တိုက်စုပုံလာကာ ထိုအရာများ ပို၍ စုပုံလာလေလေ ပြဿနာများက ပို၍ ပေါ်ပေါက်လာလေလေဖြစ်သည်။ ဤအယောင်ဆောင်ခေါင်းဆောင်များ၏ တာဝန်ဝတ္တရားနယ်ပယ်အတွင်းတွင် ဝန်ထမ်းရေးရာနှင့် အလုပ်ရေးရာ ကိစ္စရပ်များသည် ပို၍ပို၍ ပရမ်းပတာဖြစ်လာပြီး အလုပ်စွမ်းဆောင်မှုနှင့် ထိရောက်မှုတို့က တိုး၍တိုး၍ ကျဆင်းလာသည်။ လူတို့ကို ကိုင်တွယ်စီမံခြင်းနှင့် ပတ်သက်လျှင် အတော်အတန် အရည်အချင်းရှိပြီး အပြောအဆို ပြေပြစ်သူတို့က ဦးဆောင်ခွင့်ရသည်— ၎င်းတို့သည် မိမိတို့စိတ်ကြိုက်လုပ်ကြပြီး အလုပ်ကို ထိန်းချုပ်နိုင်ကြကာ လူတို့ကို ထိန်းချုပ်နိုင်ကြသည်။ ဆိုးယုတ်သောသူတို့သည် ထိန်းချုပ်ထားခြင်း၊ ချုပ်ကိုင်ထားခြင်း၊ သို့မဟုတ် ဖယ်ရှားခြင်းတို့ကို မခံရ၍ မိမိတို့တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်သောသူအချို့သည် အလွန်စိတ်အနှောင့်အယှက်ဖြစ်လှသဖြင့် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရန်၊ သို့မဟုတ် ဘုရားသခင်၏နှုတ်ကပတ်တော်တို့ကို စားသောက်ရန် ဆန္ဒမရှိကြတော့ဘဲ အပျက်သဘောဆောင်ကာ အားနည်းလာကြသည်။ ၎င်းတို့သည် ၎င်းတို့၏တာဝန်အပေါ် ယုံကြည်ခြင်း ပျောက်ဆုံးသွားသည်၊ ဘုရားသခင်အပေါ် ယုံကြည်ခြင်း ပျောက်ဆုံးသွားကာ သမ္မာတရားကို လိုက်စားခြင်းအပေါ် ယုံကြည်ခြင်း ပျောက်ဆုံးသွားကြသည်။ အရည်အချင်းအချို့ကို ပိုင်ဆိုင်သော၊ နည်းပညာပိုင်းဆိုင်ရာတွင် ကျွမ်းကျင်သောသူတို့သည် သင့်လျော်စွာ အသုံးပြုခြင်း မခံရပေ။ လူကောင်းနှင့် လူဆိုး၊ အစွမ်းအစရှိသောသူနှင့် အစွမ်းအစမဲ့သောသူ၊ ပြုစုပျိုးထောင်သင့်သောသူနှင့် မပြုစုမပျိုးထောင်သင့်သောသူတို့ အကြားရှိ စည်းခြားများမှာ ဝေဝါးနေ၏— လုံးဝပရမ်းပတာဖြစ်နေ၏။ သို့ရာတွင် ဝိညာဉ်ရေးရာ အတုအယောင်ဖြစ်သော အယောင်ဆောင်ခေါင်းဆောင်များသည် ဤအရာကို လုံးဝမမြင်မကန်းဖြစ်နေကြသည်၊ ဤအရာကို ၎င်းတို့မမြင်နိုင်ကြပေ။ ဝန်ထမ်းရေးရာ ပြဿနာများနှင့် ပတ်သက်လာလျှင် မည်သူ့ကို ဖယ်ရှားရမည်၊ မည်သူ့ကို ထုတ်ပယ်ရမည်၊ မည်သူ့ကို ကန့်သတ်ထိန်းချုပ်ရမည်၊ မည်သူ့ကို ရာထူးတိုးမြှင့်ပေးရမည်ဆိုသည်တို့တွင် လိုက်နာသင့်သည့် အခြေခံစည်းမျဉ်းများနှင့်ဆက်စပ်ပြီး ဘုရားသခင်၏အိမ်တော်က မည်သည့်အရာကို မိတ်သဟာယပြု၊ အလေးပေးပါစေ ဝိညာဉ်ရေးရာ အတုအယောင်ဖြစ်သော ခေါင်းဆောင်များက သဘောမပေါက်ကြ၊ ၎င်းတို့ကြားသည့်အရာကို နားမလည်ကြပေ။ ၎င်းတို့သည် ယုံမှားသံသယမရှိဘဲ ၎င်းတို့၏ကိုယ်ပိုင်ဝိညာဉ်ရေးရာ အတုအယောင်ဖြစ်သော အမြင်များကို တွယ်ကပ်ထားကြသည်။ ဤအယောင်ဆောင်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ပိုင်ရှင်းပြချက်များ၊ သင်ပြမှုများဖြင့် လူတစ်ယောက်ချင်းစီတွင် လုပ်ဆောင်ရမည့် အခန်းကဏ္ဍတစ်ခုရှိသည်၊ ဖရိုဖရဲဖြစ်ခြင်း မရှိ၊ လူတိုင်းက ကောင်းမွန်စွာ လုပ်ဆောင်နေကြသည်၊ အားလုံးတွင် ယုံကြည်ခြင်းရှိပြီး ၎င်းတို့တာဝန်ကို ထမ်းဆောင်ဖို့ အားလုံးက ဆန္ဒရှိနေကြသည်ဟု ထင်ကြသည်။ ထောင်ကိုလည်းကောင်း၊ အန္တရာယ်ကိုလည်းကောင်း မည်သူမျှမကြောက်ကြ၊ အဘယ်ကြောင့်ဆိုသော် အားလုံးတွင် ဒုက္ခခံဖို့ ခံနိုင်ရည်ရှိကြပြီး မည်သူကမျှ ယုဒမဖြစ်လိုကြဟု ၎င်းတို့ယုံကြည်ကြသည်။ အရာရာတိုင်းက အလွန်ကောင်းမွန်စွာ အဆင်ပြေလျက်ရှိသည်ဟု ဤခေါင်းဆောင်များက ထင်မြင်ကြသည်။ ဆိုးရွားသော မည်သည့်ပြဿနာများ ဖြစ်ပေါ်လာပါစေ၊ သို့မဟုတ် ဆိုးယုတ်သော မည်သည့်လူများ ပေါ်ပေါက်လာပါစေ၊ ပြဿနာက မည်သို့သိသာထင်ရှားပါစေ ၎င်းတို့မမြင်ကြပေ။ မြင်လျှင်ပင် ထိုအရာသည် ပြဿနာတစ်ခုဖြစ်သည်ဟု မသိကြပေ၊ ပြဿနာတစ်ခုဖြစ်သည်ဟု သိလျှင်ပင် မည်သို့ဖြေရှင်းရမည်ကို ၎င်းတို့မသိကြပေ။ ထို့အတူပင် ဝိညာဉ်ရေးရာ အတုအယောင်ဖြစ်သော ခေါင်းဆောင်များသည် အခြေခံစည်းမျဉ်းများနှင့် မကိုက်ညီသည့် အလုပ်တွင် ဖြစ်ပေါ်လာသော အသင်္ချေများလှသည့် ထိုပြဿနာများကို ပို၍ပင် မမြင်နိုင်ဖြစ်ကြသည်။ ၎င်းတို့က “ငါအသိပေးရမည့် အလုပ်အခြေခံစည်းမျဉ်းများကို အသိပေးပြီးဖြစ်သည်။ ထပ်ခါထပ်ခါ တွန်းအားပေးပြီးဖြစ်သည်။ လူတို့ကို ချ၍ပင် ရေးမှတ်ခိုင်းထားခဲ့သည်” ဟူ၍ ပြောကြသည်။ သို့သော်လည်း ဤအရာအားလုံးကို သင့်တော်သောသူဆီသို့ ၎င်းတို့အသိပေးခြင်း ဟုတ်မဟုတ်၊ ၎င်းတို့အသိပေးသည့် အချက်များက မှန်ကန်ခြင်း ရှိမရှိ၊ အခြေခံစည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ကိုက်ညီခြင်း ရှိမရှိ၊ လက်တွေ့ကျခြင်း ရှိမရှိတို့ကိုမူ ၎င်းတို့မသိကြပေ။ ၎င်းတို့ဟောပြောသည့် ထိုအယူဝါဒ တစ်ပိုင်းတစ်စကို မည်သို့သောသူမျိုးက ကျေနပ်စွာ နားလည်လက်ခံနိုင်မည်နည်း။ မိုက်မဲပြီး မသိနားမလည်သူများ၊ ပညာမတတ်သူများ၊ ငတုံးငအများ၊ လူအများ၊ အရူးများပင်တည်း။ ဤလူများသည် မရေမရာဖြစ်နေကြသည်၊ ဤအရာအားလုံးမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြစ်ကြောင်း၊ မည်သည့်အရာမျှ မမှားနိုင်ကြောင်း ၎င်းတို့ယုံကြည်ကြသည်။ ထိုသို့သောသူတို့သည်သာ ဤအယူဝါဒအားဖြင့် ကျေနပ်နိုင်ကြသည်။ ဝိညာဉ်ရေးရာ အတုအယောင်ဖြစ်သော ခေါင်းဆောင်များသည် အလုပ်တွင် ပေါ်ပေါက်လာသော ပြဿနာများကို ဖော်ထုတ်နိုင်စွမ်း မရှိကြ၊ ၎င်းတို့ကို မမြင်နိုင်ကြပေ။ ၎င်းတို့သည် နည်းပညာပိုင်း၊ သို့မဟုတ် ကျွမ်းကျင်မှုပိုင်းပါဝင်သော အရာများကို ပို၍ပင် မမြင်နိုင်သည်မှာ မှန်ပေသည်— ဤအရာတို့က ၎င်းတို့ထက် ပို၍ပင် သာလွန်နေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၈)” မှ

ဝိညာဉ်ရေးရာ အတုအယောင်ဖြစ်သော အယောင်ဆောင်ခေါင်းဆောင်တို့၏ အဓိက စရိုက်လက္ခဏာမှာ အဘယ်နည်း။ ၎င်းတို့သည် တရားဟောရာတွင် ထူးချွန်ကြသည်။ သို့သော် ၎င်းတို့ဟောသောအကြောင်းအရာသည် မှန်ကန်သောလမ်းမဟုတ်၊ ဘုရားသခင်ဟောကြားသောလမ်း မဟုတ်ပေ။ သမ္မာတရားလမ်းမဟုတ်ဘဲ ပကတိအယူဝါဒသာ ဖြစ်သည်။ ၎င်းတို့သည် ပကတိအယူဝါဒကို ဟောကြားရာတွင် တော်ကြသည်၊ ဘုရားနှုတ်ကပတ်တော်များ၏ စကားလုံးများသက်သက်နှင့် စာသားများသက်သက်ကို အာဂုံဆောင်ခြင်းဖြစ်စေ၊ ဆင်ခြင်ခြင်းဖြစ်စေ ယင်းတို့ကို ၎င်းတို့အသုံးချရာ၌ တော်ကြသည်။ အနှစ်ချုပ်ကြည့်လျှင် ၎င်းတို့သည် အယူဝါဒကို ဟောကြားခြင်းနှင့်ပတ်သက်လျှင် အထူးသဖြင့် ဇွဲနပဲကြီးပြီး လုံ့လဝီရိယရှိကြသည်။ အပြင်ပန်းတွင် ၎င်းတို့လုပ်သမျှသည် သမ္မာတရားနှင့် ဆက်စပ်မှုရှိသည့် ပုံပေါ်သည်။ ၎င်းတို့သည် နှောင့်ယှက်သည့်ပုံသော်လည်းကောင်း၊ စွက်ဖက်သည့်ပုံသော်လည်းကောင်း မပေါက်၊ မသင့်မလျော်စွာ ပြုမူပုံမပေါက်၊ သို့မဟုတ် မှားယွင်းသည့်အရာကို ပြောဆိုပုံသော်လည်းကောင်း၊ လုပ်ဆောင်ပုံသော်လည်းကောင်း မပေါက်ပေ။ သို့တိုင်အောင် ၎င်းတို့သည် လက်တွေ့ကျသော မည်သည့်အလုပ်ကိုမျှ တာဝန်ယူနိုင်စွမ်းမရှိ၊ သို့မဟုတ် တာဝန်ဝတ္တရား အနည်းငယ်ကိုမျှ ဖြည့်ဆည်းနိုင်စွမ်းမရှိပေ။ ဤအတွက်ကြောင့် နောက်ဆုံးတွင် အလုပ်နှင့်ပတ်သက်သော မည်သည့်ပြဿနာကိုမျှ မဖော်ထုတ်နိုင်သည့်အဖြစ်သို့ ရောက်ရှိသွားသည်။ ၎င်းတို့သည် မျက်မမြင်များကဲ့သို့ အလုပ်လုပ်ကြသည်။ ၎င်းတို့သည် မျက်ကန်းနေကြ၏၊ ပြဿနာကို မမြင်နိုင်ကြ၊ မဖော်ထုတ်နိုင်ကြပေ။ သို့ဖြစ်လျှင် ၎င်းတို့သည် ပြဿနာကို ချက်ချင်းတင်ပြပြီး ရှာဖွေခြင်းကို ပြုလုပ်နိုင်သလော။ လုံးဝမပြုလုပ်နိုင်ပေ။ ဝိညာဉ်ရေးရာ အတုအယောင်ဖြစ်သော အယောင်ဆောင်ခေါင်းဆောင်တို့၏ ပြဿနာသည် ကြီးလေးသောအရာတစ်ခု ဖြစ်သလော။ ဤသို့သောသူတို့သည် စက်ဆုပ်ဖွယ်ဖြစ်သလော၊ ရွံရှာဖွယ်ဖြစ်သလော။ (ရွံရှာဖွယ်ဖြစ်ပါသည်။) ၎င်းတို့၌ နည်းကောင်းအချို့ရှိကြောင်း၊ အယူဝါဒအချို့ကို ၎င်းတို့ဟောကြားနိုင်ပြီး ဘုရားနှုတ်ကပတ်တော်များစွာကို အာဂုံဆောင်နိုင်ကြောင်း၊ လူတို့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်သက်ဆိုင်သော လက္ခဏာသွင်ပြင်များအားလုံးကို နှံ့စပ်စွာ၊ တိကျစွာ အနှစ်ချုပ်နိုင်စွမ်းရှိကြောင်း သူတို့ကိုယ်သူတို့ ယုံကြည်ကြသည်— သို့သော် ၎င်းတို့သည် လက်တွေ့ကျသောအလုပ်ကို မလုပ်နိုင်ကြပေ။ ၎င်းတို့ယူတင်ဝတ်ဆင်ပြီး နားလည်ကာ သိမြင်သည့် စကားလုံးများနှင့် အယူဝါဒများသည် အလုပ်တွင် ၎င်းတို့ကြုံတွေ့ရသည့် ပြဿနာများကို ဖော်ထုတ်ရာနှင့် ကိုင်တွယ်ရာတွင် ကူညီပေးရန်မဆိုထားနှင့်၊ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်၏ တာဝန်များကို ၎င်းတို့ဆောင်ရွက်ရာတွင်ပင် ၎င်းတို့ကို အကူအညီမပေးနိုင်ပေ။ ဤခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်မျိုးသည် ဤရာထူးအတွက် အရည်အချင်းပြည့်မီသလော။ မပြည့်မီသည်မှာ ရှင်း၏။ အရည်အချင်းမပြည့်မီသည့် ဝိညာဉ်ရေးရာ အတုအယောင်ဖြစ်သော အယောင်ဆောင်ခေါင်းဆောင်များကို သင်တို့ ရွေးချယ်တင်မြှောက်သင့်သလော။ (မတင်မြှောက်သင့်ပါ။) ဤသို့ဆိုလျှင် ထိုကဲ့သို့သော ခေါင်းဆောင်များကို သင်တို့ရွေးချယ်တင်မြှောက်ဖူးသလော။ (တင်မြှောက်ဖူးပါသည်။) အတော်များများကို သင်တို့တင်မြှောက်ခဲ့ပြီးဖြစ်မည်ဟု ငါတွက်ထားသည်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာသူ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို ဖတ်ရှုထားသူ၊ တရားဒေသနာများစွာကို နားထောင်ထားသူ၊ အလုပ်လုပ်ခြင်းနှင့် တရားဟောခြင်း အတွေ့အကြုံများစွာ ရှိထားသူ၊ နာရီနှင့်ချီ၍ တရားဟောနိုင်သူ— ထိုကဲ့သို့သောလူမျိုးက အလုပ်တွင် သေချာပေါက် စွမ်းဆောင်နိုင်မည်ဟု သင်ထင်မြင်သည်။ အကျိုးရလဒ်က အဘယ်နည်း။ ၎င်းတို့ကို ရွေးချယ်တင်မြှောက်ပြီးနောက်တွင် ကြီးလေးသော ပြဿနာတစ်ခုကို သင်တွေ့ရှိရသည်— ၎င်းတို့ကို မည်သည့်အခါမျှ ရှာမတွေ့နိုင်၊ ၎င်းတို့၏ တံခါးသည် အစဉ်ပိတ်ထား၏၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများထံမှ ငုပ်လျှိုးပုန်းကွယ်နေ၏။ သို့ရာတွင် အခြားလူတို့က ဤသို့တွေးတောကြသည်— “ဤနှစ်များတစ်လျှောက်လုံး သူသည် ယုံကြည်သူဖြစ်ခဲ့သည်။ သမ္မာတရားကို သူနားလည်ပြီး သူ့တွင် အခြေခံအုတ်မြစ်ရှိသည်။ သူ့တွင် ဝိညာဉ်ရင့်ကျက်မှု ရှိသင့်ပြီး ပြဿနာများကို ဖြေရှင်းနိုင်သင့်သည်— သို့ဖြစ်လျှင် သူသည် အဘယ်ကြောင့် အစဉ်သဖြင့် ရှောင်ဖယ်နေသနည်း။ ဤသည်မှာ သူ့တွင် ကြီးမားသော ဝန်ထုပ်ဝန်ပိုးရှိသည်ကို ပြနေတော့၏။ ခေါင်းဆောင်တစ်ယောက်အဖြစ် ရွေးချယ်ခံရပြီးကတည်းက သူသည် စကားနည်းသွားသည်၊ စကားပြောသည့်ပုံစံ ပြောင်းသွားသည်၊ ငါတို့နှင့် မတူညီတော့။ ဤသည်မှာ သူ့ကို အများအားဖြင့် မမြင်တွေ့ရသည့် အကြောင်းရင်းဖြစ်သည်။” ဤသည်မှာ သင်တို့ယုံကြည်သည့်အရာလော။ သင်တို့အနေဖြင့် ဤအယောင်ဆောင်ခေါင်းဆောင်မျိုးကို နောက်တစ်ဖန် ရွေးချယ်တင်မြှောက်မည်လော။ (မတင်မြှောက်ပါ။) အဘယ်ကြောင့် မတင်မြှောက်မည်နည်း။ မိမိ၏လမ်းပြအဖြစ် မျက်ကန်းတစ်ယောက်ကို ရွေးချယ်ခြင်းကြောင့် ရလာသည့်အကျိုးဆက်များသည် မည်သည့်အရာများဖြစ်သည်ဟု သင်ဆိုမည်နည်း။ မျက်ကန်းတစ်ယောက်သည် သင့်ကို ကောင်းမွန်သည့်လမ်းကြောင်းပေါ်သို့ ခေါ်ဆောင်ပေးနိုင်မည်လော။ သူသည် မျက်ကန်းနေသောကြောင့် သင့်ကို မည်သို့လမ်းပြနိုင်မည်နည်း။ မည်သည့်နေရာကိုပင် သူသွားပါစေ၊ မည်သည့်အလုပ်ကိုပင် သူလုပ်ပါစေ သူ့အား လမ်းပြရန် အခြားလူတစ်ယောက်ကို သူလိုအပ်သည်။ သူကိုယ်တိုင်တွင် ဦးတည်ချက်၊ သို့မဟုတ် ပန်းတိုင်များ မရှိပေ၊ သူနားလည်သည့် အယူဝါဒကို အခြားလူများ ကြားရဖို့အတွက်သာ သူဟောကြားသည်— စစ်မှန်သော ထိရောက်မှု၊ သို့မဟုတ် တန်ဖိုးမရှိပေ။ စကားလုံးများနှင့် အယူဝါဒများကို ဟောပြောနိုင်ခြင်းအတွက် သင့်အနေဖြင့် သူ့ကို ကြည်ညိုလေးစားလျှင် သင်သည် မည်သို့သောသူဖြစ်သနည်း။ သင်သည် မျက်ကန်းဖြစ်ပြီး မိုက်မဲကာ ငတုံးငအတစ်ယောက်ဖြစ်သည်။ သင်သည် မျက်ကန်းတစ်ယောက်ကို ကြုံတွေ့ရ၍ ဝမ်းမြောက်ပြီး လမ်းခရီးကို ဦးဆောင်ပေးရန် သူ့အား တောင်းဆိုသည်။ ဤသို့ဆိုလျှင် သင်သည်လည်း မျက်ကန်းဖြစ်နေသည် မဟုတ်လော။ သင်၌ မျက်စိများရှိနေသည်မှာ အဘယ်အတွက်နည်း။ မယုံကြည်သူများအကြားတွင် ဆိုရိုးစကားတစ်ခွန်းရှိသည်— မျက်ကန်းကို မျက်ကန်းက ဦးဆောင်ခြင်းဟူ၍ဖြစ်သည်။ ဝိညာဉ်ရေးရာ အတုအယောင်ကို ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းသည် မျက်ကန်းကို မျက်ကန်းက ဦးဆောင်ခြင်းပင် ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၈)” မှ

အန္တိခရစ်များကို အသင်းတော်တွင် ဝရုန်းသုန်းကား လှုပ်ရှားသောင်းကျန်းခွင့်ပြုကာ ညီအစ်ကိုမောင်နှမများကို ထိန်းချုပ်ရန်၊ ခြိမ်းခြောက်ရန်၊ လှည့်ဖြားရန်၊ သို့မဟုတ် လမ်းလွဲစေရန်အတွက် မည်သည့်ဆောင်ပုဒ်များနှင့် အငြင်းအခုံများကိုမဆို ၎င်းတို့စိတ်ကြိုက် ဟစ်အော်ပြောဆိုဖို့ ဇက်ကုန်လွှတ်ပေးထားပြီး၊ ခေါင်းဆောင်များက ဘာမျှမလုပ်၊ ထိုးထွင်းနားလည်နိင်စွမ်းမရှိသည့်အပြင် ထိုအန္တိခရစ်များကို ချက်ချင်းဖော်ထုတ်၍ ထိန်းချုပ်နိုင်စွမ်း မရှိသဖြင့် ညီအစ်ကိုမောင်နှမများသည် အန္တိခရစ်များ၏ စိတ်တိုင်းကျခြယ်လှယ်ခြင်းကို ခံရပြီး၊ အနှောင့်အယှက်ပေးခြင်းကို ခံရပါက ဤအသင်းတော်၏ခေါင်းဆောင်များသည် အမှိုက်သရိုက်များပင် ဖြစ်သည်။ အကယ်၍ အသင်းတော်တစ်ပါးတွင် အန္တိခရစ်များနှင့် ဆိုးညစ်သူများကို ညီအစ်ကိုမောင်နှများက ပစ်ပယ်ကာ ရွံမုန်းလျှင်၊ ၎င်းတို့ကို အသင်းတော်အတွင်း ချုပ်နှောင်ထားလျှင်၊ ညီအစ်ကိုမောင်နှမများကို လမ်းလွဲစေပြီး လှည့်ဖြားသော ၎င်းတို့၏ပြောဆိုချက်နှင့် အချည်းနှီးဖြစ်သော ဆောင်ပုဒ်များသည် အသင်းတော်တွင် အလုပ်မဖြစ်ဘဲ ၎င်းတို့ကို ဟန့်တား၊ ထိန်းချုပ်ထားနိုင်သည်အထိ လူတိုင်း၌ ၎င်းတို့အပေါ် ထိုးထွင်းသိမြင်မှုရှိလျှင် ဤအသင်းတော်၏ခေါင်းဆောင်များသည် အရည်အချင်းပြည့်မီပေသည်။ ၎င်းတို့သည် မှန်ကန်စစ်မှန်မှုကို ပိုင်ဆိုင်သောခေါင်းဆောင်များ ဖြစ်ကြသည်။ အကယ်၍ အသင်းတော်တစ်ပါးကို အန္တိခရစ်တစ်ဉီးက အနှောင့်အယှက်ပေးနေပါက၊ ထို့ပြင် ထိုအန္တိခရစ်ကို ညီအစ်ကိုမောင်နှမများက ဖော်ထုတ်ကာ ပစ်ပယ်ထားပြီးနောက် ထိုအန္တိခရစ်က ညီအစ်ကိုမောင်နှမများကို ဖိစီးနှိပ်စက်ခြင်းအားဖြင့် လက်စားချေပြီး အသင်းတော် ခေါင်းဆောင်များက အဘယ်အရာမျှ မပြုပါက ဤအသင်းတော်၏ခေါင်းဆောင်များသည် အမှိုက်သရိုက်များဖြစ်ကြကာ ၎င်းတို့ကို ဖယ်ရှားသင့်သည်။ အသင်းတော်တစ်ပါး၏ ခေါင်းဆောင်များအနေဖြင့် ၎င်းတို့သည် သမ္မာတရားကို အသုံးပြုပြီး ပြဿနာများကို ‌ဖြေရှင်းနိုင်စွမ်း မရှိပါက၊ ၎င်းတို့သည် အသင်းတော်ထဲရှိ အန္တိခရစ်များ၏ ထင်ရာစိုင်းမှုကို ဖော်ထုတ်ကာ ထိန်းချုပ်ပြီး ကန့်သတ်ခြင်းတို့ မပြုနိုင်ဘဲ ညီအစ်ကိုမောင်နှမများကို ကာကွယ်‌ပေးနိုင်ခြင်းလည်း မရှိ၊ ၎င်းတို့တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်စေရန် ၎င်းတို့ကို ကာကွယ်ပေးနိုင်ခြင်းလည်း မရှိသည့်အပြင် ဘုရားသခင့်အိမ်တော်၏အလုပ်ကို ပုံမှန်အကောင်အထည်ပေါ်စေရန် ထိန်းသိမ်းနိုင်ခြင်းလည်း မရှိပါက ဤအသင်းတော်၏ခေါင်းဆောင်များသည် အမှိုက်သရိုက်များ ဖြစ်ကြပြီး၊ ၎င်းတို့ကို ဖယ်ရှားသင့်သည်။ အကယ်၍ အသင်းတော်တစ်ပါး၏ ခေါင်းဆောင်များသည် အန္တိခရစ်တစ်ဉီးက မလိုမုန်းထားပြီး ရက်စက်နေသောကြောင့် ၎င်းကို ချဉ်းကပ်ရန်၊ သို့မဟုတ် နှိုးဆွရန် ကြောက်ရွံ့နေပြီး ထိုသို့ဖြင့် ထိုအန္တိခရစ်ကို အသင်းတော်တွင် စည်းလွတ်ဘောင်လွတ်ပြုမူခွင့်ပြု၍ ၎င်းက အခြားသူများအား နိုင်လိုမင်းထက်ပြုမူကာ ၎င်းပြုချင်သမျှကို ပြုမူရင်း ဘုရားသခင့်အိမ်တော်၏ လုပ်ဖွယ်ဆောင်တာအများအပြားကို တုံ့ဆိုင်းစေပြီး လုံးဝဥဿုံရပ်တန့်စေပါက ဤအသင်းတော်၏ ခေါင်းဆောင်များသည် အမှိုက်သရိုက်များဖြစ်ကြပြီး၊ ၎င်းတို့ကို ဖယ်ရှားသင့်သည်။ လက်တုံ့ပြန်မှုကို ကြောက်ရွံ့သောကြောင့် အသင်းတော်တစ်ပါး၏ ခေါင်းဆောင်များသည် အန္တိခရစ်တစ်ဦးကို ဖော်ထုတ်ရန် မည်သည့်အခါကမျှ သတ္တိမရှိသည့်အပြင် အန္တိခရစ်၏ ဆိုးယုတ်သော လုပ်ရပ်များကို ထိန်းချုပ်ကန့်သတ်ရန် မည်သည့်အခါကမျှ မကြိုးပမ်းဘဲ ဤသို့ဖြင့် အသင်းတော်အသက်တာကို အနှောင့်အယှက်ဖြစ်စေပြီး၊ ညီအစ်ကိုမောင်နှမများ၏ အသက်တာသို့ဝင်ရောက်ခြင်းကို ကြီးမားစွာ နှောင့်ယှက်ပျက်စီးစေပါက ဤအသင်းတော်၏ခေါင်းဆောင်များသည် အမှိုက်သရိုက်များ ဖြစ်ကြပြီး၊ ၎င်းတို့ကို ဖယ်ရှားသင့်သည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ထင်ရှားကျော်ကြားမှု ရစေဖို့...၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။... (၈)” မှ

ခေါင်းဆောင်တစ်ယောက်သည် ၎င်း၏တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနေခြင်းရှိမရှိ၊ အယောင်ဆောင်ခေါင်းဆောင်တစ်ယောက် ဟုတ်မဟုတ်ကို မည်သို့အကဲဖြတ်နိုင်မည်နည်း။ အခြေခံအကျဆုံးအရာမှာ ၎င်းတို့သည် လက်တွေ့ကျသောအလုပ်ကို လုပ်နိုင်ခြင်းရှိမရှိ၊ ၎င်းတို့တွင် ဤအရည်အချင်းရှိမရှိကို ကြည့်ရန်ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် ဤလက်တွေ့ကျသောအလုပ်ကို ၎င်းတို့ အမှန်တကယ် လုပ်ဆောင်ခြင်းရှိမရှိကို ကြည့်လော့။ ၎င်းတို့၏နှုတ်မှလာသော စကားများ၊ သမ္မာတရားကို ၎င်းတို့ မည်မျှကောင်းကောင်း နားလည်သည်၊ ပြင်ပတာဝန်များ၊ သို့မဟုတ် မည်သည့်အရာကိုဖြစ်စေ ဆောင်ရွက်သည့်အခါတွင် ၎င်းတို့၌ အတိုင်းအတာတစ်ခုအထိ အစွမ်းအစရှိမရှိ၊ ဉာဏ်ရည်၊ ဆုကျေးဇူး၊ သို့မဟုတ် အရည်အချင်းရှိမရှိစသည်တို့ အားလုံးကို လျစ်လျူရှုပြီး လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ခြင်းရှိမရှိကိုသာ ကြည့်ရှုလော့။ မလုပ်လျှင် ၎င်းတို့သည် မည်မျှအစွမ်းအစရှိပါစေ အယောင်ဆောင်ခေါင်းဆောင်များဖြစ်သည်။ အချို့လူတို့က “သူတို့ လုပ်ဆောင်သည်၊ မလုပ်ဆောင်သည်ကို မည်သူက ဂရုစိုက်မည်နည်း။ သူတို့တွင် ကြီးမားသော အရည်အချင်းရှိသည်၊ ကျွမ်းကျင်မှုရှိသည်။ သူတို့သည် အလုပ်ကို အမှန်တကယ်လုပ်ဆောင်သောအခါတွင် လူအများစုထက် သာလွန်သည်။ ထို့အပြင် သူတို့သည် တကယ့်အလုပ်ကို မလုပ်သော်လည်း၊ လတ်လျားလတ်လျားနေလျက် အချိန်များစွာကို ကုန်ဆုံးစေသော်လည်း မကောင်းသည့်အရာ ဘာမျှမလုပ်သကဲ့သို့ မကောင်းမှုကျူးလွန်ခြင်းသော်လည်းကောင်း၊ ပျက်ပြားစေခြင်း၊ သို့မဟုတ် အနှောင့်အယှက်များ ဖြစ်ပေါ်စေခြင်းသော်လည်းကောင်း မရှိပါ။ သူတို့သည် ညီအစ်ကိုမောင်နှမများအပေါ်၊ သို့မဟုတ် အသင်းတော်အပေါ်တွင် ဆုံးရှုံးမှုများ၊ သို့မဟုတ် ထိခိုက်နစ်နာမှုများ မဖြစ်ပေါ်စေခဲ့ပါ။ သို့ဖြစ်၍ သူတို့သည် အယောင်ဆောင်ခေါင်းဆောင်ဖြစ်သည်ဟု ကိုယ်တော်မည်သို့ဆိုနိုင်သနည်း” ဟု ဆိုကြသည်။ ဤအရာကို မည်သို့ ရှင်းပြရမည်နည်း။ ယခုအချိန်တွင် သင်၌ မည်မျှအရည်အချင်းရှိသည်၊ သင်၏အစွမ်းအစက မည်မျှကြီးမားသည်၊ သို့မဟုတ် သင်မည်မျှပညာတတ်သည်ဆိုသည်တို့ကို မေ့ထားလော့။ အရေးပါသည့်အရာမှာ လက်တွေ့ကျသောအလုပ်ကို သင်လုပ်မလုပ်၊ ခေါင်းဆောင်တစ်ယောက်အဖြစ် တာဝန်ဝတ္တရားများကို သင်ဖြည့်ဆည်းခြင်း ရှိမရှိဖြစ်သည်။ သင်ခေါင်းဆောင်ဖြစ်နေသည့် သင်၏ အချိန်ကာလအတွင်းတွင် သင်၏ တာဝန်ဝတ္တရားနယ်ပယ်အတွင်းတွင်ရှိသော အသေးစိတ် အလုပ်တိုင်းတွင် ပါဝင်လုပ်ဆောင်ခဲ့သလော၊ အလုပ်လုပ်ဆောင်နေစဉ်တွင် ပေါ်ပေါက်လာသော ပြဿနာမည်မျှကို သင် ထိရောက်စွာ ဖြေရှင်းခဲ့သနည်း၊ သင်၏ အလုပ်၊ သင်၏ ခေါင်းဆောင်မှု၊ သင်၏ လမ်းပြမှုတို့ကြောင့် လူမည်မျှသည် သမ္မာတရား အခြေခံသဘောတရားများအား နားလည်လာခဲ့ကြသနည်း၊ ဘုရားအိမ်တော်၏ အလုပ်မည်မျှသည် ခရီးရောက်ခဲ့ပြီး ရှေ့ဆက်တိုးခဲ့သနည်း။ အရေးပါသည့်အရာမှာ ဤအရာများဖြစ်သည်။ ဘုရားစာမည်မျှကို သင်ထပ်ခါထပ်ခါ ရွတ်ဆိုနိုင်ပုံ၊ စကားလုံးများနှင့် အယူဝါဒမည်မျှကို သင်ကျွမ်းကျင်တတ်မြောက်ထားပုံတို့ကို မေ့ထားလော့။ နေ့စဉ် ပင်ပန်းစွာလုပ်ကိုင်လျက် သင်အချိန်မည်မျှ ကုန်ဆုံးခဲ့သည်၊ မည်မျှ မောပန်းသည်တို့ကို မေ့ထားလော့။ လမ်းပေါ်တွင် သင်မည်မျှအချိန်ကုန်ဆုံးစေခဲ့သည်၊ အသင်းတော်မည်မျှကို သင်သွားရောက်လည်ပတ်ခဲ့သည်၊ စွန့်စားမှုများကို မည်မျှအထိ သင်လုပ်ဆောင်ခဲ့သည်၊ မည်မျှအထိ ထမင်းလွတ်ခဲ့ရသည် စသည်တို့အားလုံးကို မေ့ထားပြီး သင်တာဝန်ယူထားရသည့် အလုပ်အားလုံးအပေါ် အောင်မြင်မှုများကိုသာ ကြည့်လော့။ လူ့အရင်းအမြစ်၌ဖြစ်စေ၊ အုပ်ချုပ်စီမံမှု၌ဖြစ်စေ၊ သို့မဟုတ် အတတ်ပညာပိုင်းဆိုင်ရာအလုပ်နှင့် ဆက်စပ်၍ဖြစ်စေ ဘုရားအိမ်တော်က သတ်မှတ်ထားသည့် နယ်ပယ်အတွင်းရှိ သင်တာဝန်ယူထားရသော အလုပ်မည်မျှကို အကောင်အထည်ဖော်ထားသနည်း။ ယင်းကို မည်မျှကောင်းမွန်စွာ အကောင်အထည်ဖော်ထားသနည်း၊ မည်မျှကောင်းမွန်စွာ ဆက်လက်အရေးယူဆောင်ရွက်ထားသနည်း၊ အခြေခံစည်းမျဉ်းများနှင့် ဆက်စပ်နေသည့် သတိမမူမိခြင်းများ၊ လမ်းလွဲခြင်းများ၊ အရေးကိစ္စများ၊ အမှားများ မည်မျှကို သင်ကူညီ၍ ပြုပြင်ကုစားပေးထားသနည်း၊ ပြဿနာမည်မျှကို သင်ကူညီဖြေရှင်းပေးထားသနည်း၊ ၎င်းတို့အား ဘုရားအိမ်တော်၏ အခြေခံစည်းမျဉ်းနှင့် သတ်မှတ်ချက်များအရ သင်ဖြေရှင်းခဲ့ခြင်းရှိမရှိ စသည်တို့အားလုံးသည် ခေါင်းဆောင်တစ်ယောက်အနေဖြင့် ၎င်း၏တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနေခြင်းရှိမရှိ အကဲဖြတ်သည့် စံနှုန်းများအားလုံးဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၉)” မှ

နောက်တစ်ခုသို့- ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် ဘာသာရေးလောကတွင် သြဇာအာဏာ ကိုင်စွဲကြပြီး လူအများစုက သူတို့ကို နာခံကာ နောက်လိုက်ကြသည်။ ဤသည်မှာ အမှန်တရားဖြစ်၏။ သင်တို့က ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို အသိအမှတ်မပြုကြ၊ လူ့ဇာတိခံ ဘုရားသခင် ဖော်ပြသော သမ္မာတရားကို သူတို့ မယုံကြည်ကြသလို၊ ဖာရိရှဲတို့၏ လမ်းကြောင်းကို သူတို့ လျှောက်နေကြသည်ဟု ဆိုသည်၊ ဤအချက်အပေါ် ကျွန်ုပ်တို့ လက်ခံပါသည်။ သို့သော် ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများအားလုံးသည် သူတော်ကောင်းအယောင်ဆောင် ဖာရိရှဲများ၊ နောက်ဆုံးသော ကာလတွင် ဖော်ထုတ်ခံရသည့် အန္တိခရစ်များအားလုံးဖြစ်ကြပြီး၊ သူတို့၏ နောက်ဆုံး ရလဒ်မှာ ပျက်စီးခြင်းနှင့် ထာဝရပြစ်ဒဏ်ထဲ နှစ်မြှုပ်ဖို့ရန် ဖြစ်သည်ဟု သင်တို့ အဘယ်ကြောင့် ပြောဆိုရပါသနည်း။ ဤသည်မှာ ယခုအချိန်တွင် ကျွန်ုပ်တို့ လက်မခံနိုင်သည့် အရာတစ်ခု ဖြစ်ပါသည်။ ဤလူတို့ ကယ်တင်မခံရနိုင်သလို ပျက်စီးခြင်းနှင့် ထာဝရပြစ်ဒဏ်ထဲ သူတို့အားလုံး နှစ်မြှုပ်လိမ့်မည်ဟူသည့် ဤအခိုင်အမာ ပြောဆိုချက်အတွက် သင်တို့၏ အခြေပြုချက်အပေါ် ကျေးဇူးပြုပြီး ဆွေးနွေးပေးပါ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။