အန္တိခရစ်တစ်ဦးဆိုသည်မှာ အဘယ်အရာဖြစ်ပြီး အန္တိခရစ်တစ်ဦးကို ခွဲခြားနိုငသည့်နည်းလမ်း

18.11.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အန္တိခရစ်နှင့်ပတ်သက်သည့် ဘုရားသခင်၏ အနက်ဖွင့်ဆိုမှုမှာ အဘယ်နည်း။ ဘုရားသခင်ကို ရန်လိုသူ တစ်ဦး ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ရန်သူဖြစ်သည်။ ဘုရားသခင်ကို ရန်လိုသည့်သူတစ်ဦး၊ သမ္မာတရားကို ရန်လိုသည့်၊ ဘုရားသခင်ကို စက်ဆုပ်ရွံရှာသည့်၊ ပြီးလျှင် အပြုသဘောဆောင်သည့် အရာမှန်သမျှကို လုံးလုံး စက်ဆုပ်ရွံရှာသည့်သူ တစ်ဦး၊ ဤသည်မှာ တဒင်္ဂမျှသာ စိတ်ဓာတ်ပျော့ညံ့ကာ၊ မိုက်မဲပြီး ၎င်းတို့၏ အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များတွင် အနည်းငယ် မှားယွင်းသကဲ့သို့၊ သမ္မာတရားနှင့် မကိုက်ညီသည့် အနည်းငယ် အဓိပ္ပာယ်မရှိသော နားလည်မှုတစ်ခုဖြင့် သာမန်လူတစ်ဦး မဟုတ်ပေ။ ၎င်းတို့သည် ဤကဲ့သို့သော လူစားမျိုး မဟုတ်ပေ။ ဤသည်မှာ အန္တိခရစ်တစ်ဦး၊ ဘုရားသခင်၏ ရန်သူတော်တစ်ဦး ဖြစ်သည်။ သူ၏ အခန်းကဏ္ဍသည် အပြုသဘောဆောင်သည့်အရာ အားလုံးကို လုံးဝမုန်းသည့်၊ သမ္မာတရားအားလုံးကို မုန်းသည့်၊ ပြီးလျှင် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရ အားလုံးကို မုန်းသည့်သူတစ်ဦး၏ အခန်းကဏ္ဍ ဖြစ်သည်။ ဘုရားသခင်သည် ဤအခန်းကဏ္ဍ ရှိသူ တစ်ဦးကို မည်သို့ ဆက်ဆံသနည်း။ ဘုရားသခင်သည် ၎င်းတို့ကို မကယ်တင်ပေ။ ထိုသို့သောလူများသည် သဘာဝအားဖြင့် သမ္မာတရားကို အထင်သေးပြီး စက်ဆုပ်ရွံရှာသည်။ ဤနေရာတွင် ဖော်ထုတ်ခံရသည့် အရာသည် မာနထောင်လွှားခြင်း၊ အနည်းငယ် တင်းမာခြင်း သို့မဟုတ် အသေးအဖွဲ လှည့်စားမှုတို့ကဲ့သို့သော အရာများဖြစ်သည့် လူအမြောက်အများ၏ သာမန်ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား မဟုတ်ပေ။ ဤနေရာတွင် ဖော်ထုတ်ခံရသည့်အရာသည် ဆိုးယုတ်မှု၊ ကြမ်းကြုတ်ရက်စက်ခြင်းနှင့် သမ္မာတရားအပေါ် အလွန် မုန်းတီးစက်ဆုပ်ခြင်း ဖြစ်သည်၊ ဤသည်တို့မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အကြားတွင် အစိုးရိမ်ရဆုံးသော သရုပ်သကန်များနှင့် စိတ်သဘောထားများ ဖြစ်ပြီး၊ ယင်းတို့သည် စာတန်အတွက် ထုံးစံအကျဆုံးနှင့် ပဓာနအကျဆုံး အရာများဖြစ်၏။ ဤသည်မှာ သမ္မာတရားအပေါ် စစ်မှန်သော ခြိမ်းခြောက်မှု တစ်ခုကို မဖြစ်စေသကဲ့သို့၊ ကုံလုံသော အင်အားစုတစ်ခုထဲသို့ ပေါင်းစည်းနိုင်ခြင်းလည်း မရှိသည့် သာမန် ဖောက်ပြန်ပျက်စီးသော လူများတွင် ရှိသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အရေးမပါသည့် ထုတ်ဖော်ချက် မဟုတ်ချေ၊ ဤသည်မှာ ဘုရားသခင်ကို ရန်လိုသည့် အင်အားတစ်ခု ဖြစ်သည်။ ယင်းတို့သည် အသင်းတော်ကို နှောင့်ယှက်ပြီး ထိန်းချုပ်နိုင်ပြီး၊ ယင်းတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အမှုတော်ကို ဖျက်ဆီးပြီး ကြားဝင်နှောင့်ယှက်နိုင်သည်။ ဤသည်မှာ သာမန် ဖောက်ပြန်ပျက်စီးသည့် လူများ လုပ်ဆောင်သည့် အရာတစ်ခု ဖြစ်သလော။ လုံးဝ မဟုတ်ချေ၊ ထို့ကြောင့် သင်သည်လည်း ယင်းကို လျှော့မတွက်သင့်ပေ။ ဆိုးယုတ်သော စိတ်သဘောထားတစ်ခုရှိသည့် လူအချို့လည်း ရှိသည်၊ ၎င်းတို့အနက် အချို့က အတ္တကြီးစွာနှင့် စက်ဆုပ်ဖွယ်ကောင်းစွာ ပြုမူကြသည်၊ အချို့က အခြားသူများက ၎င်းတို့အား ဩဇာပေးသည်ကို ခွင့်မပြုဘဲ၊ “လူများက ကျွန်ုပ်ကို မစော်ကားပါက၊ ကျွန်ုပ်သည် ၎င်းတို့ကို မစော်ကားပါ။” ဟု တွေးတောသည့် အလွန့်အလွန် ကောက်ကျစ်စွာ ပြုမူကြသည်။ အန္တိခရစ်များသည် ဤသည်မှ မည်သို့ ကွဲပြားခြားနားသနည်း။ ၎င်းတို့၏ အဓိက စိတ်သဘောထားသည် မာနထောင်လွှားခြင်း မဟုတ်ဘဲ၊ လုံးလုံးလျားလျား ဆိုးယုတ်မှုဖြစ်သည်။ ပြီးလျှင် ဤဆိုးယုတ်မှုကို အဓိကအားဖြင့် မည်သို့ ထင်ရှားပြသသနည်း။ ယင်းကို ၎င်းတို့၏ အမှုအရာများ လုပ်ဆောင်သည့် ထူးခြားဆန်းကြယ်သော နည်းလမ်းတွင် တွေ့မြင်နိုင်သည်၊ ယင်းကို ဉာဏ်အချို့၊ အသိပညာအချို့၊ ပြီးလျှင် လူမှုရေးအတွေ့အကြုံအချို့ရှိသည့် သာမန်လူများ သတိပြုမိဖို့ ခက်ခဲသည်။ ဤသည်မှာ ဆိုးယုတ်မှုသို့ မြင့်တက်သွားသည်၊ ပြီးလျှင် ယင်းမှာ လှည့်စားမှု မဟုတ်ပေ။ ၎င်းတို့သည် မထင်မရှားလှည့်ကွက်များ နှင့် ပရိယာယ်များ ပြုနိုင်သည်၊ ပြီးလျှင် ယင်းတို့ကို လူအများစုထက် “ပိုတော်”၍ လုပ်ဆောင်နိုင်သည်။ သာမန်လူအများစုသည် ၎င်းတို့နှင့် မယှဉ်နိုင်ကြဘဲ၊ ၎င်းတို့နှင့်မဆက်ဆံနိုင်ပေ။ ဤသည်မှာ အန္တိခရစ်တစ်ဦး ဖြစ်သည်။ သာမန်လူများသည် ၎င်းတို့နှင့် မဆက်ဆံနိုင်ဟု အဘယ်ကြောင့်ပြောခဲ့သနည်း။ ယင်းမှာ ၎င်းတို့၏ ဆိုးယုတ်မှုသည် အလွန်ဆိုးရွားလှသည်မှာ လူများကို လှည့်စားဖို့ ၎င်းတို့ထံတွင် အလွန်ကြီးမားသော စွမ်းအား ပိုင်ဆိုင်သောကြောင့် ဖြစ်လေသည်။ ကျွန်ုပ်တို့သည် အန္တိခရစ်များ၏ သရုပ်သကန်များအကြောင်း အဘယ်ကြောင့် မိတ်သဟာယပြုနေကြသနည်း။ အကြောင်းမှာ အန္တိခရစ်များသည် လူများကို အလွန် လှည့်စားနိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ရုတ်တရက် ပေါ်ပေါက်မှုတစ်ခု၌ ယင်း၏ ရောဂါကူးစက်ခြင်းမှတစ်ဆင့် များစွာတို့ကို ဒုက္ခပေးပြီး သတ်ဖြတ်နိုင်သည့် သေစေလောက်သော ကပ်ဆိုးကဲ့သို့၊ လူတသီတတန်းကြီးကို တစ်ပြိုင်နက်တည်း လှည့်စားသည်။ ယင်းသည် အလွန်တရာ ကူးစက်တတ်ပြီး ကျယ်ပြန့်စွာ ရောက်ရှိသည်၊ ပြီးလျှင် ယင်း၏ကူးစက်နိုင်ခြင်းနှင့် သေဆုံးမှုနှုန်းတို့သည် သာမန်ရောဂါများ၏ ကူးစက်နိုင်ခြင်းနှင့် သေဆုံးမှုနှုန်းတို့ထက် ပို၍ ကြီးမားလေသည်။ ဤသည်တို့မှာ ပြင်းထန်သော အကျိုးဆက်များ မဟုတ်လော။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့က ခိုးကြောင်ခိုးဝှက် လုပ်ဆောင်သည်၊ တစ်ကိုယ်ကောင်းဆန်စွာ၊ အာဏာရှင်ဆန်စွာ ပြုမူသည်၊ လူတို့နှင့် မည်သည့်အခါမျှ မိတ်သဟာယမပြုဘဲ လူတို့ကို အဓမ္မနာခံစေသည်” မှ

ဘုရားသခင် လူ့ဇာတိမခံယူခဲ့သေးသည့် အချိန်ကာလတွင်၊ ဘုရားသခင်ကို လူသားက ဆန့်ကျင်ခြင်း ရှိ၊ မရှိဆိုသည်ကို တိုင်းတာမှုမှာ ကောင်းကင်ဘုံ၌ရှိသော မမြင်နိုင်သည့် ဘုရားသခင်ကို လူသားက ကိုးကွယ်ကာ ကြည်ညိုခြင်း ရှိ၊ မရှိဆိုသည့်အပေါ် အခြေခံခဲ့ပေသည်။ ထိုအချိန်က လူသားသည် ဘုရားသခင်ကို မမြင်နိုင်သကဲ့သို့ ဘုရားသခင်၏ ပုံသဏ္ဌာန် မည်သည့်အရာနှင့်တူသည် သို့မဟုတ် သူမည်သို့ စကားပြောဆိုခဲ့ပြီး အမှုပြုခဲ့သည်ကို မသိခဲ့ကြသောကြောင့်၊ ဘုရားသခင်အား ဆန့်ကျင်ခြင်းကို အနက်ဖွင့်သည့် နည်းလမ်းမှာ လုံးဝ လက်တွေ့မကျခဲ့ပေ။ လူသားသည် ဘုရားသခင်နှင့်ပတ်သက်၍ မည်သည့် အယူအဆမျှ လုံးဝ မရှိခဲ့သကဲ့သို့၊ ဘုရားသခင်သည် လူသားထံ မပေါ်ထွန်းသေးသောကြောင့် ဘုရားသခင်၌ မရေမရာ ယုံကြည်ခဲ့သည်။ ထို့ကြောင့်၊ လူသားသည် ဘုရားသခင်ကို မိမိ၏ စိတ်ကူးစိတ်သန်းဖြင့် မည်သို့ ယုံကြည်သည်ဖြစ်စေ၊ လူသားသည် ဘုရားသခင်ကို လုံးဝ မမြင်နိုင်ခဲ့သောကြောင့်၊ ဘုရားသခင်သည် လူသားကို ပြစ်တင်ရှုတ်ချခြင်း မပြုသကဲ့သို့ လူသားအပေါ် များလှစွာသော တောင်းဆိုချက်များ မပြုခဲ့ပေ။ ဘုရားသခင်သည် လူ့ဇာတိကို ခံယူပြီး၊ လူသားတို့ကြား အမှုပြုရန် ကြွလာသောအခါ အားလုံးသည် သူ့ကို ရှုမြင်ကြရပြီး၊ သူ၏ နှုတ်ကပတ်တော်များကို ကြားကြရကာ၊ သူ၏ လူ့ဇာတိခန္ဓာအတွင်းမှ ဘုရားသခင် ပြုသော လုပ်ဆောင်ချက်များကို မြင်ကြရ၏။ ထိုအခိုက်အတန့်တွင်၊ လူသား၏ အယူအဆအားလုံးသည် အမြှုပ်ဖြစ်သွားသည်။ လူ့ဇာတိ၌ ဘုရားသခင် ပေါ်ထွန်းသည်ကို မြင်ပြီးသောသူများအတွက်မူ၊ သူ့ကို လိုလားစွာ နာခံကြပါက၊ ၎င်းတို့ ရှုတ်ချခံရလိမ့်မည်မဟုတ်၊ သူ့ကို တမင်တကာ ဆန့်ကျင်သောသူတို့မှာမူ ဘုရားသခင်၏ ရန်ဘက်အဖြစ် သတ်မှတ်ခံရလိမ့်မည်။ ထိုသို့သောလူများသည် အန္တိခရစ်များ၊ ဘုရားသခင်ကို တမင် ဆန့်ကျင်သော ရန်သူများ ဖြစ်ကြလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်

ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်သောသူ မည်သူမဆိုသည် ဘုရားသခင်ကို ဆန့်ကျင်သောသူဖြစ်ပြီး၊ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို သိနားလည်လာသော်လည်း၊ ဘုရားသခင်ကို ကျေနပ်စေဖို့ မကြိုးစားကြသေးသူသည် ဘုရားသခင်၏ ရန်ဘက်တစ်ဦးအဖြစ် သာ၍ပင် ယူဆခံရပေသည်။ ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် “ကောင်းမွန်သည့် ဖွဲ့စည်းမှု” ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်

သင်သည် ဘုရားသခင်ကို ယုံကြည်သဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးနှင့် သူ၏ အမှုအားလုံး၌ သင်ယုံကြည်မှု ထားရှိရမည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သူ့ကို နာခံရမည်။ အကယ်၍ သင်မနာခံနိုင်လျှင်၊ ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ယင်းက အရေးမပါတော့ချေ။ သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း၊ ဘုရားသခင်ကို မည်သည့်အခါမျှ မနာခံခဲ့သည့်အပြင် သူ၏ နှုတ်ကပတ်တော် အလုံးစုံကို လက်မခံဘဲ၊ ထိုအစား ဘုရားသခင်အနေဖြင့် သင့်ကို နာခံရန်နှင့် သင်၏ အယူအဆများအတိုင်း ပြုမူရန် တောင်းဆိုလျှင်၊ သင်သည် လူများ အားလုံးထဲတွင် အပုန်ကန်ဆုံးသူ၊ မယုံကြည်သူတစ်ဦးပင် ဖြစ်သည်။ ထိုကဲ့သို့သော လူတို့က လူသား၏ အယူအဆများနှင့် ကိုက်ညီမှုမရှိသော ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်များကို မည်သို့နာခံနိုင်မည်နည်း။ အားလုံးထဲတွင် အပုန်ကန်ဆုံးသူများသည် ဘုရားသခင်ကို တမင်သက်သက် ဖီဆန်ပြီး အာခံသောသူများ ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ရန်သူများ၊ အန္တိခရစ်များပင် ဖြစ်သည်။ သူတို့၏စိတ်သဘောမှာ အမြဲတစေပင် ဘုရားသခင်၏ အမှုသစ်အပေါ် ရန်လိုသော စိတ်သဘောထား ဖြစ်သည်။ သူတို့၌ နာခံဖို့အတွက် ဆန္ဒသဘော စိုးစဉ်းမျှမရှိသကဲ့သို့၊ သူတို့သည် ဝမ်းမြောက်စွာ ကျိုးနွံနာခံခြင်း မရှိခဲ့ဖူး၊ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် နှိမ့်ချခြင်း မရှိခဲ့ဖူးပေ။ သူတို့သည် အခြားလူတို့ရှေ့၌ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ပြီး မည်သူ့ကိုမျှ နာခံခြင်း မရှိခဲ့ဖူးပေ။ သူတို့က ဘုရားသခင်၏ရှေ့၌ မိမိတို့ကိုယ်ကိုယ် နှုတ်ကပတ်တော်ကို ဟောကြားရာ၌ အကျွမ်းကျင်ဆုံး၊ အခြားသူများအပေါ် အမှုပြုရာတွင် အကျွမ်းကျင်ဆုံးအဖြစ် သတ်မှတ်ကြသည်။ သူတို့၏ လက်ဝယ် ပိုင်ဆိုင်ထားပြီးသော “ရတနာများ” ကို သူတို့ မည်သည့်အခါမျှ မစွန့်ပစ်ဘဲ ဝတ်ပြုကိုးကွယ်ရန်၊ အခြားသူများကို တရားဟောရန်အတွက် ယင်းတို့ကို မိသားစုဆိုင်ရာ ဘိုးစဉ်ဘောင်ဆက် အမွေပစ္စည်းများအဖြစ် သဘောထားပြီး သူတို့သည် မိမိတို့အား ပုဂ္ဂိုလ်ရေးကိုးကွယ်သော ထိုအရူးများကို ဆုံးမသင်ကြားရန်အတွက် ယင်းတို့ကို အသုံးပြုကြသည်။ အမှန်တွင် အသင်းတော်ထဲ၌ ဤကဲ့သို့သောလူတို့မှာ အရေအတွက် အတိုင်းအတာတစ်ခုအထိ ရှိလေသည်။ သူတို့မှာ ဘုရားသခင်၏အိမ်တော်၌ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နေထိုင်သော “နှိမ်နင်း၍မရသည့် သူရဲကောင်းများ” ဖြစ်သည်ဟု ဆိုနိုင်သည်။ သူတို့သည် နှုတ်ကပတ်တော် (အယူဝါဒ) ဟောပြောခြင်းကို သူတို့၏ အမြင့်မားဆုံးသော တာဝန်အဖြစ် မှတ်ယူကြသည်။ တစ်နှစ်ပြီးတစ်နှစ်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် သူတို့၏ “အလေးထားအပ်ပြီး မချိုးဖောက်အပ်သော” တာဝန်ကို အကျိုးသက်ရောက်မှု ရှိစေရန် အားသွန်ခွန်စိုက် လုပ်နေကြသည်။ မည်သူကမျှ သူတို့ကို မထိရဲ၊ တစ်ယောက်တလေကမျှ သူတို့ကို လူပုံအလယ် အပြစ်မတင်ရဲပေ။ သူတို့သည် တစ်ခေတ်ပြီးတစ်ခေတ် အခြားသူများကို နိုင်လိုမင်းထက်ပြုမူပြီး သောင်းကျန်းမွှေ့ယမ်းလျက် ဘုရားသခင်၏အိမ်တော်၌ “ဘုရင်များ” ဖြစ်လာကြသည်။ ထိုနတ်ဆိုးအုပ်စုသည် လက်တွဲပြီး ငါ့အမှုကို ဖျက်ဆီးရန် ကြိုးစားကြသည်။ အသက်ရှင်နေသော ဤနတ်မိစ္ဆာများကို ငါ့မျက်စိရှေ့၌ အဘယ်သို့ ရှိနေခွင့် ပေးနိုင်မည်နည်း။ စိတ်နှလုံးထဲ၌ နာခံမှု စိုးစဉ်းမျှမရှိသော ဤအာဏာရှင်များကို မဆိုထားဘိ၊ နာခံမှု တစ်ဝက်တစ်ပျက်သာ ရှိသူများပင် အဆုံးတိုင်အောင် ရှေ့မဆက် နိုင်ကြပါတကား။ ဘုရားသခင်၏ အမှုကို လူသားက အလွယ်တကူ မရရှိနိုင်ပေ။ သူတို့၌ရှိသော ခွန်အားမှန်သမျှ အသုံးပြုခြင်းအားဖြင့်ပင် လူတို့သည် ယင်း၏ တစ်စိတ်တစ်ပိုင်းမျှကိုသာ ရရှိနိုင်မည်ဖြစ်ပြီး၊ အဆုံးသတ်တွင် စုံလင်အောင်ပြုခြင်းကို ရရှိခွင့်ပြုမည် ဖြစ်သည်။ ထိုသို့ဆိုသော် ဘုရားသခင်၏အမှုကို ဖျက်ဆီးရန်ကြိုးစားသော ကောင်းကင်တမန်မင်း၏ သားသမီးများသည် မည်သို့ဖြစ်လိမ့်မည်နည်း။ သူတို့၌ ဘုရားသခင်၏ရယူခြင်းကို ခံရဖို့ မျှော်လင့်ချက်သည် သာ၍ပင် နည်းသည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်

ဂိုဏ်းဂဏတိုင်း၏ ခေါင်းဆောင်များကို ကြည့်လော့။ သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသူများဖြစ်ပြီး သမ္မာကျမ်းစာကို လိုချင်သည့်စကားလုံးများသာ ကောက်ယူ၍ မိမိတို့ကိုယ်ပိုင် စိတ်ကူးနှင့်အညီ အနက်ဖွင့်ကြသည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် စာပေကျမ်းဂန်နှံ့စပ်ခြင်းကို အားထားကြသည်။ အကယ်၍ သူတို့သည် မည်သည့်အရာကိုမျှ ဟောပြောခြင်းငှာ မတတ်စွမ်းနိုင်ခဲ့ပါက ထိုလူများသည် သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်နှင့် လှည့်ဖြားမှုအချို့ကို မည်ကဲ့သို့ အသုံးပြုရမည်ကိုလည်း သိကြသည်။ ထိုအရာများကို အသုံးပြုလျက် သူတို့သည် လူများကို မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ကြပြီး၊ လှည့်ဖြားကြသည်။ အမည်ခံသဘောအရ ထိုလူများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း လက်တွေ့သဘောတွင်မူ သူတို့သည် သူတို့၏ခေါင်းဆောင်များနောက်သို့ လိုက်ကြသည်။ သူတို့သည် စစ်မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရလျှင် သူတို့ထဲမှ အချို့တို့သည် “ငါတို့၏ ယုံကြည်မှုနှင့် ပတ်သက်၍ ငါတို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်” ဟု ဆိုကြသည်။ သူတို့၏ယုံကြည်ခြင်းသည် လူတစ်ယောက်၏ အတည်ပြုခြင်းကို လိုအပ်နေလေသည်၊ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များကကော အဘယ်အရာများ ဖြစ်လာကြသနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် စစ်မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ တိုက်မိ၍ လဲစရာများ ဖြစ်လာကြသည် မဟုတ်လော။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းသည်သာ ဘုရားသခင်အား စစ်မှန်သောယုံကြည်ခြင်းဖြစ်သည်” မှ

အထက်မှ အလုပ်အစီအစဉ်များအပေါ် ၎င်းတို့၏ သဘောထားတွင် လုံးလုံး မထီမဲ့မြင်လုပ်လွန်းသော သူအချို့ရှိကြသည်။ ၎င်းတို့က “အထက်က အလုပ် အစီအစဉ်များကို ပြုလုပ်သည်။” “ပြီးလျှင် ကျွန်ုပ်တို့က အလုပ်လုပ်လျက် အောက်၌ ရှိကြသည်။ ပြောခဲ့သည့် အရာအချို့နှင့် အလုပ်တာဝန်အချို့တို့ကို ပြောင်းလွယ်ပြင်လွယ် အကောင်အထည် ဖော်၍ ရနိုင်ပေသည်၊ ယင်းတို့ ကျွန်ုပ်တို့ထံ ကျရောက်လာသည့်အခါ၊ ယင်းတို့ကို ပြင်၍ ရနိုင်သည်။ တကယ်တမ်းတွင် အထက်က အပြောများသာရှိပြီး၊ ကျွန်ုပ်တို့က လက်တွေ့ကျသည့်အလုပ်ကို လုပ်နေသူများ ဖြစ်ကြသည်။ အသင်းတော်ရှိ အခြေအနေကို ကျွန်ုပ်တို့ နားလည်သော်လည်း၊ အထက်က နားမလည်သောကြောင့်၊ ကျွန်ုပ်တို့ကို ပေးထားသည့် အသင်းတော်၏ လူများနှင့် အလုပ်တို့သည် ကျွန်ုပ်တို့ သင့်တော်သလို လုပ်ဆောင်ဖို့ ကျွန်ုပ်တို့၏အလုပ်များ ဖြစ်သည်။ ကျွန်ုပ်တို့ သဘောရှိ လုပ်ဆောင်နိုင်သည်၊ ပြီးလျှင် မည်သူမျှ ဝင်စွက်ခွင့်မရှိ။” ဟု တွေးကြသည်။ ထိုသို့သောလူများအဖို့၊ ဘုရားသခင်ကို အစေခံခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားသည် ဤအရာဖြစ်သည်- “ကျွန်ုပ်က တစ်စုံတစ်ခုသည် မှန်ကန်သည်ဟု တွေးထင်ပါက၊ ယင်းကို ကျွန်ုပ် အာရုံစိုက်မည်။ တစ်စုံတစ်ခုသည် လုပ်ကိုင်ရန်မဖြစ်နိုင်ဟု ကျွန်ုပ်တွေးထင်ပါက၊ ယင်းကို ကျွန်ုပ် လျစ်လျူရှုမည်။ သင့်ကို ကျွန်ုပ် ခုခံလိုပါက ခုခံနိုင်သည်၊ သို့မဟုတ် ဆန့်ကျင်ပြီးလျှင် ကျွန်ုပ် မလုပ်ချင်သည့် မည်သည့်အရာကိုမျှ ကျွန်ုပ် အကောင်အထည်ဖော်ဖို့ သို့မဟုတ် လုပ်ဆောင်ဖို့ မလိုအပ်ပေ။ သင်ပြောသည့် တစ်စုံတစ်ရာကို မသင့်လျော်ဟု ကျွန်ုပ်တွေးထင်ပါက၊ ယင်းကို သင့်ကိုယ်စား ကျွန်ုပ် တည်းဖြတ်ပေးမည်၊ ပြီးလျှင် ကျွန်ုပ် စိစစ်ပြီးသည်နှင့်တစ်ပြိုင်နက်၊ အောက်သို့ ကျွန်ုပ် လက်ဆင့်ကမ်းပေးလိုက်မည်။ ကျွန်ုပ် အတည်မပြုရသေးသည့် မည်သည့်အရာကိုမျှ ပုံနှိပ်ဖို့ ပို့ခွင့်မရှိ။” အခြားနေရာတိုင်းတွင် ၎င်းတို့သည် အထက်မှ အစီအစဉ်များကို ယင်းတို့၏နဂိုမူလ ပုံစံအတိုင်း ဖြန့်ဖြူးသော်လည်း၊ ဤလူကမူ ၎င်းတို့ဦးဆောင်သည့် ဒေသရှိ လူများထံသို့ ၎င်းတို့ အလုပ်အစီအစဉ်၏ တည်းဖြတ်ထားသည့်ပုံစံကို ပေးပို့သည်။ ထိုသို့သော လူတစ်ဦးသည် ဘုရားသခင်ကို ဘေးဖယ်ထားဖို့ အမြဲ ဆန္ဒရှိသည်၊ ပြီးလျှင် လူတိုင်းက ၎င်းတို့နောက်ကို လိုက်ဖို့နှင့် ၎င်းတို့ကို ယုံကြည်ဖို့ အသည်းအသန် ဆန္ဒရှိကြသည်။ ၎င်းတို့အမြင်ပုံတွင် ဘုရားသခင်သည် အချို့အပိုင်းများတွင် ၎င်းတို့နှင့် တန်းတူမဟုတ်ပေ၊ ၎င်းတို့သည်လည်း ဘုရားသခင် ဖြစ်သင့်ပြီး လူတိုင်းက ၎င်းတို့ကို ယုံကြည်သင့်သည်။ ယင်းမှာ ၎င်းတို့ လုပ်ဆောင်သည့်အရာ၏ သဘာဝ ဖြစ်သည်။ သင်တို့ ဤအရာကို နားလည်ခဲ့ပါက၊ ထိုသို့သောလူတစ်ဦး ဖယ်ရှားခြင်းခံရပြီး အစားထိုးခြင်းခံရသည့်အခါ၊ သင် ငိုကြွေးဦးမည်လော။ ၎င်းတို့အတွက် သင် စာနာဦးမည်လော။ “အထက်မှ လုပ်ဆောင်သည့်အရာသည် မလိုအပ်သကဲ့သို့ တရားမမျှတပေ၊ ဤမျှဒုက္ခခံရပြီးသူတစ်ဦးကို အထက်က အဘယ်သို့များ ထုတ်ပစ်နိုင်သနည်း။” ဟု သင် တွေးဦးမည်လော။ ၎င်းတို့က မည်သူ့အတွက် ဒုက္ခခံခဲ့သနည်း။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်ဒြပ်အတွက် ဒုက္ခခံခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို အစေခံနေခြင်းလော။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နေခြင်းလော။ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာရှိပြီး ကျိုးနွံနာခံသလော။ ၎င်းတို့သည် စာတန်၏ လက်ပါးစေများသာ ဖြစ်ပြီး၊ ၎င်းတို့၏ အလုပ်သည် နတ်ဆိုး၏ စိုးမိုးမှု ဖြစ်သည်။ ယင်းက ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ဖျက်ဆီးပြီး သူ၏အမှုကို နှောင့်ယှက်သည်။ ယင်းမှာ မည်ကဲ့သို့သော ယုံကြည်မှုမျိုးနည်း။ ၎င်းတို့သည် နတ်ဆိုးတစ်ပါးသာ၊ အန္တိခရစ်တစ်ဦးသာ ဖြစ်ကြသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ပုန်ကန်ပြစ်မှားခြင်း ဆိုသည်မှာ အဘယ်နည်း” မှ

အန္တိခရစ်များသည် သမ္မာတရားနှင့် ဘုရားသခင်အပေါ် ပြောင်ပြောင်တင်းတင်းပင် ရန်လိုကြ၏။ ၎င်းတို့သည် ရွေးချယ်ခြင်းခံရသောသူတို့ကိုရရှိဖို့ ဘုရားသခင်အား တုပြိုင်ကြသည်။ ဂုဏ်အဆင့်အတန်းကို ရရှိဖို့၊ လူတို့၏စိတ်နှလုံးများကို ရရှိဖို့ ဘုရားသခင်အား တုပြိုင်ကြပြီး လူတို့၏စိတ်နှလုံးကို သိမ်းသွင်းရန်၊ လူတို့အား လှည့်စားရန်နှင့် လူတို့အား တွေဝေထိုင်းမှိုင်းသွားစေရန်အတွက် နည်းလမ်းပေါင်းစုံကို အသုံးပြုသည်အထိပင် ပြုကြ၏။ အတိုချုပ်ဆိုရလျှင် ၎င်းတို့လုပ်သမျှသည်— ပွင့်ပွင့်လင်းလင်းဖြစ်စေ၊ လျှို့လျှို့ဝှက်ဝှက်ဖြစ်စေ— သဘောသဘာဝနှိုက်ကပင် ဘုရားသခင်ကို ရန်လိုသည်။ ၎င်းသည် ဘုရားသခင်ကို ရန်လိုသည်ဟု ငါအဘယ်ကြောင့်ဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သမ္မာတရားဖြစ်သည်ဟု ၎င်းတို့က ရှင်းရှင်းလင်းလင်း သိစေကာမူ၊ ဤသည်မှာ ဘုရားသခင်ဖြစ်သည်ဟု ရှင်းရှင်းလင်းလင်း သိစေကာမူ ၎င်းတို့သည် ခုခံဆန့်ကျင်ဆဲ ဖြစ်သည်။ ဥပမာ၊ အချို့အသင်းတော်များတွင် အန္တိခရစ်များက လူတို့ကို ၎င်းတို့ဘက်ပါလာအောင် သွေးဆောင်ဖြားယောင်းပြီးသည့်အခါ၊ မျှားခေါ်ပြီးသည့်အခါ၊ ၎င်းတို့အလိုရှိသည့်အတိုင်း လူတို့အား လုပ်ဆောင်စေပြီးသည့်အခါတွင် ၎င်းတို့၏ကိုယ်ပိုင် သီးခြားအသင်းတော်ကို တည်ထောင်ရန်အတွက် ဘုရားသခင်၏အိမ်တော်မှ စာအုပ်မျိုးစုံနှင့် ပစ္စည်းမျိုးစုံကို အတင်းတောင်းယူကြလိမ့်မည်။ အန္တိခရစ်များကို ဤလူတို့က ကိုးကွယ်လိုက်လျှောက်ကြသည်၊ ဤလူတို့ကို ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် မြဲမြံစွာ ထားရှိထားသည်။ ဤသို့ပြုမူခြင်းဖြင့် ၎င်းတို့သည် ရွေးချယ်ခြင်းခံရသောသူတို့ကို ရရှိဖို့ ဘုရားသခင်အား သိသာထင်ရှားစွာပင် တုပြိုင်နေကြခြင်းဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တစ်ယောက်၏ ပင်ကိုအရည်အချင်းတစ်ခု ဟုတ်သလော၊ မဟုတ်သလော။ ဤသို့ သိသာသည့် ပင်ကိုအရည်အချင်းကို အခြေခံပြီး ၎င်းတို့အား အန္တိခရစ်များဟု အမျိုးအစားသတ်မှတ်ခြင်းမှာ ၎င်းတို့အပေါ် မတရားပြုနေခြင်းဖြစ်ရန်ဝေးစွ အလွန်တိကျခြင်းသာဖြစ်သည်။ ထို့ပြင် မှီခိုမှုကင်းသည့် အင်အားစုတစ်ခုကို ဖွဲ့စည်းပြီး လူတို့အား ၎င်းတို့အလိုရှိသည့်အတိုင်း ပြုမူစေရန်အတွက် ၎င်းတို့၏ ကိုယ်ပိုင်အာဏာနှင့် လွှမ်းမိုးမှုကို ပျိုးထောင်ကြရင်း၊ မလိုက်နာနိုင်သူတိုင်းကို ဖယ်ရှားရင်း၊ ၎င်းတို့ဘက်တွင်နေပြီး လိုက်နာ၊ နာခံသူတို့ကို ခေါ်ယူထားရင်း အသင်းတော်အတွင်းတွင် မိမိတို့၏ကိုယ်ပိုင်နိုင်ငံကို ဖန်တီးသည့် အန္တိခရစ်အချို့လည်းရှိ၏။ အထက်မှ မည်သည့်အလုပ် အစီအစဉ်များ၊ သို့မဟုတ် လိုအပ်ချက်များကျရောက်လာသည်ဖြစ်စေ အထက်မှလာသော အလုပ်အစီအစဉ်များကို ပြောင်ပြောင်တင်းတင်း အာခံရန်အတွက် လူတို့အား ၎င်းတို့အောက်သို့ ခေါ်ဆောင်ကြရင်း ဤအန္တိခရစ်များသည် တသီးတခြားလုပ်ရပ်ကို လုပ်ဆောင်ကြသည်။ ဥပမာ၊ အထက်မှလာသော သတ်မှတ်ချက်များမှာ သင့်တော်ခြင်းမရှိသော ခေါင်းဆောင်များနှင့် အမှုဆောင်များကို အချိန်မရွေး လူစားလဲရမည်ဟူ၍ ဖြစ်သည်။ သို့သော် အန္တိခရစ်များ၏ ရှုထောင့်မှဆိုလျှင် ဤခေါင်းဆောင်များနှင့် အမှုဆောင်များက သင့်တော်ခြင်း မရှိကောင်းမရှိနိုင်သော်လည်း ၎င်းတို့ကို အန္တိခရစ်များက ပျိုးထောင်ထားခြင်းဖြစ်သောကြောင့် မည်သည့်အခြေအနေ၌မဆို အန္တိခရစ်များကိုယ်တိုင်က ၎င်းတို့ကို အရင်ဦးဆုံး ဖယ်ရှားခြင်းမရှိဘဲ အထက်မှ ညွှန်ကြားချက်အားဖြင့် ၎င်းတို့ကို လူစားမလဲနိုင်ပေ။ ၎င်းတို့သည် ဤအသင်းတော်ကို ချုပ်ကိုင်ထားခြင်း ဟုတ်သလော၊ မဟုတ်သလော။ ၎င်းတို့၏လက်ထဲသို့ ရောက်သွားသည်နှင့် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များသည် မဖြစ်နိုင်တော့ပေ၊ ယင်းတို့ကို ဆောင်ရွက်၍ မရနိုင်တော့ပေ။ အလုပ်အစီအစဉ်များကို ထုတ်ပြန်ပြီးဖြစ်သည်မှာ ကြာလှပြီဖြစ်ပြီး အသင်းတော်အသီးသီးက ၎င်းတို့၏ အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့်ပတ်သက်၍ အခြေအနေ တင်ပြချက်ကို ပြန်လည်ပို့ပြီးဖြစ်သည်— ဥပမာအားဖြင့် အခြေအနေအချို့ကြောင့် မည်သူတို့ကို တာဝန်ပြောင်းလိုက်ကြောင်း၊ သို့မဟုတ် တာဝန်ကို ပြန်ရုပ်သိမ်းလိုက်ကြောင်းတို့ ဖြစ်သည်— သို့သော် အန္တိခရစ်များက တာဝန်ယူထားသော ဒေသများတွင်မူ ထို့ကဲ့သို့သောလူများမရှိ၊ မည်သူကမျှ မိမိတို့၏တာဝန် ပြောင်းလဲခံရခြင်း မရှိ။ ယင်းမှာ ထိုဒေသတွင် မသင့်တော်သောသူ တစ်ယောက်တလေမျှမရှိ၍များ ဖြစ်နိုင်သလော။ ဝန်ထမ်းအချို့မှာ သင့်တော်ခြင်းမရှိ၍ ၎င်းတို့အား လူစားလဲရန် အထက်က အန္တိခရစ်များကို တိုက်ရိုက်အမိန့်ပေးပြီးဖြစ်သော်လည်း အချိန်ကြာမြင့်သည့်တိုင်အောင် အကြောင်းပြန်ခြင်းမရှိသည့် အဖြစ်မျိုးပင် ဖြစ်သည်။ ဤတွင် ပြဿနာတစ်ခု ရှိသလော၊ မရှိသလော။ ဤသည်မှာ အသင်းတော်သည် အန္တိခရစ်၏လက်ထဲသို့ ကျရောက်သွားသည့် အခြေအနေဖြစ်သည်။ အလုပ်အစီအစဉ်များကို ဆောင်ရွက်ရန် အမိန့်များသည် အထက်မှ ကျရောက်လာသော်လည်း အန္တိခရစ်များထံသို့ ရောက်သွားသည်နှင့် အောက်၌ရှိသောသူများက အထက်နှင့် အဆက်အသွယ် လုံးဝပြတ်သွားစေရန် ထိုအမိန့်များကို ၎င်းတို့က ကြားဖြတ်ယူလိုက်ကြသဖြင့် အောက်၌ရှိသောသူများထံသို့ မည်သည့်စကားမျှ မရောက်ရှိဘဲ အရာရာတိုင်းကို အန္တိခရစ်များက ထိန်းချုပ်ထားတော့၏။ ဤအရာများကို လုပ်ဆောင်ရာတွင် ၎င်းတို့၏သဘာဝမှာ အဘယ်နည်း။ ဤသည်မှာ အန္တိခရစ်များက သူတို့ကိုယ်သူတို့ ဖော်ပြနေခြင်းဖြစ်ရပ်ပင် ဖြစ်သည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (၁)” မှ

မည်သည့်လူစားမျိုးက မိမိ၏ကိုယ်ပိုင်နိုင်ငံတော်ကို တည်ထောင်သနည်း။ (အန္တိခရစ်တစ်ဦး ဖြစ်ပါသည်။) ထိုသို့သော လူတစ်ဦးကို “အန္တိခရစ်တစ်ဦး” ဟု အဘယ်ကြောင့်ခေါ်သနည်း။ ပထမဦးစွာ၊ “အန္တိ” ဆိုသည်မှာ ဆန့်ကျင်လိုပြီး ရန်မူလိုခြင်းကို ဆိုလိုကာ ယင်းသည် ခရစ်တော်အပေါ်၊ ဘုရားသခင်အပေါ်နှင့် သမ္မာတရားအပေါ် ဆန့်ကျင်လိုခြင်း ပါဝင်၏။ “ဆန့်ကျင်လိုပြီး ရန်မူလို” သည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ (တိုက်ရိုက်ဆန့်ကျင်ရပ်တည်ခြင်းဖြစ်သည်။) (အမုန်းတရားရှိခြင်း ဖြစ်သည်။) ဘုရားသခင်ကို မုန်းတီးပြီး သူ့ကို တိုက်ရိုက်ဆန့်ကျင်ကြသည့် လူတို့သည် သမ္မာတရားကို လက်ခံနိုင်ကြသလော။ သမ္မာတရားကို ၎င်းတို့ချစ်နိုင်ကြသလော။ သေချာပေါက် မလုပ်နိုင်ကြချေ။ ၎င်းတို့ မိမိတို့ကိုယ်ကို ဖော်ပြသည့် ပထမဦးဆုံးသော နည်းလမ်းမှာ သမ္မာတရားကို မချစ်ရန် ဖြစ်သည်။ တစ်စုံတစ်ဦးက သမ္မာတရားကို ပြောဆိုသည့်အခါတိုင်းတွင် ၎င်းတို့သည် ထိုလူ၏မျက်နှာကို စေ့စေ့ကြည့်ပြီး မည်သည့်အရာကိုမျှ ဗြောင်မဖော်ပြကြဘဲ၊ ၎င်းတို့၏စိတ်နှလုံးထဲတွင် သမ္မာတရားကို ၎င်းတို့လက်မခံကြသကဲ့သို့ စိတ်ထဲတွင် ယင်းကို ၎င်းတို့ခုခံကြ၏။ ခုခံနေစဉ်တွင်၊ အပြုသဘောဆောင်သော အရာအားလုံးနှင့် စပ်လျဉ်း၍- ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၊ ၎င်းတို့၏ တာဝန်များကို သစ္စာစောင့်သိစွာ ထမ်းဆောင်ခြင်း၊ ရိုးသားသော လူများဖြစ်ခြင်း၊ အရာခပ်သိမ်းတွင် သမ္မာတရားကို ရှာဖွေခြင်း၊ အစရှိသည်တို့နှင့် စပ်လျဉ်း၍- ၎င်းတို့၌ နှလုံးသွင်းအရဖြစ်သော တမ်းတမှု၊ သို့မဟုတ် ချစ်ခြင်း အနည်းငယ်မျှ ရှိကြသလော။ အနည်းငယ်မျှ မရှိချေ။ ထို့ကြောင့်၊ ဤသဘာဝအနှစ်သာရမျိုး ၎င်းတို့ရှိကြသည်ကို ထောက်ဆသော်၊ ၎င်းတို့သည် ဘုရားသခင်နှင့် သမ္မာတရားကို တိုက်ရိုက်ဆန့်ကျင်ရပ်တည်နေကြပြီး ဖြစ်ပေသည်။ ထို့ကြောင့် မလွဲမဧကန်ပင် ထိုသို့သော လူများသည် ရင်ထဲတွင် သမ္မာတရား၊ သို့မဟုတ် အပြုသဘောဆောင်သော အရာတစ်ခုတလေကိုမျှ မချစ်ပေ။ ဥပမာအားဖြင့်၊ ခေါင်းဆောင်မှု ရာထူးများတွင်ရှိသည့် လူတို့သည် ၎င်းတို့ညီအစ်ကိုမောင်နှမများ၏ အမျိုးမျိုးသော အယူအဆများကို လက်ခံနိုင်ရမည်၊ ညီအစ်ကိုမောင်နှမများထံ မိမိတို့ကိုယ်ကို လမ်းဖွင့်ပေး၍ ညီအစ်ကိုမောင်နှမများ၏ အပြစ်တင်ခြင်းကို လက်ခံနိုင်ရမည်ဖြစ်ကာ ဂုဏ်ဒြပ်ကို မယူရပေ။ အန္တိခရစ်တစ်ဦးသည် ဤမှန်ကန်သော လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းအားလုံးကို မည်သို့တွေးထင်မည်နည်း။ သူက၊ “ညီအစ်ကိုမောင်နှမများ၏ အယူအဆများကို ကျွန်ုပ်ကြားနာမည်ဆိုပါက၊ ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး ဖြစ်နေဦးမည်လော။ ထိုအခါ ကျွန်ုပ်၌ ဂုဏ်ဒြပ်နှင့် ဩဇာတိက္ကမတို့ ရှိပါဦးမည်လော။ ကျွန်ုပ်ကို လူတို့ကြောက်ရွံ့စေရန် ကျွန်ုပ်ပြုနိုင်ဦးမည်လော။ လူတို့ကို ကျွန်ုပ်အား ကြောက်ရွံ့အောင် ကျွန်ုပ်မပြုနိုင်ပါက၊ ပြီးလျှင် ကျွန်ုပ်၌ ဩဇာတိက္ကမ မရှိပါက၊ မည်သည့်အလုပ်ကို ကျွန်ုပ်လုပ်ဆောင်နိုင်မည်နည်း” ဟု ပြောကောင်းပြောမည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး ပိုင်ဆိုင်သည့် စိတ်သဘောထားမျိုး အတိအကျဖြစ်သည်။ သူသည် အသေးငယ်ဆုံးသော နည်းလမ်းဖြင့်ပင် သမ္မာတရားကို လက်မခံသကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်း နည်းစနစ်တစ်ခုက သာ၍မှန်ကန်လေလေ၊ ယင်းကို သူသာ၍ခုခံလေလေ ဖြစ်သည်။ ဤမှန်ကန်သော လက်တွေ့လုပ်ဆောင်ခြင်း နည်းစနစ်များက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းများ ဖြစ်သည်ဟု သူဝန်မခံပေ။ သူယုံကြည်သည့်အတိုင်းဆိုပါက သမ္မာတရားမှာ အဘယ်နည်း။ ယင်းမှာ တစ်ဦးတစ်ယောက်ကို ကိုင်တွယ်ဖြေရှင်းသည့်အခါ ဖိနှိပ်ချုပ်ခြယ်မှု၊ ဒုစရိုက်အမှုများ၊ ရက်စက်သော နည်းလမ်းများနှင့် လျှို့ဝှက်သိုသိပ်သော နည်းလမ်းများကို အမြဲအသုံးပြုသင့်သည်၊ သမ္မာတရား၊ ချစ်ခြင်းမေတ္တာနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါတွင်မျှ မသုံးသင့်ဟူ၍ ဖြစ်သည်။ သူ၏နည်းလမ်းမှာ ဆိုးယုတ်သော နည်းလမ်းတစ်ခု ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်၏ အမျိုးနှင့် သက်ဆိုင်သော သူတို့၏ သဘာဝ အနှစ်သာရဖြစ်ပြီး ယင်းသည် အမှုအရာများကို ၎င်းတို့လုပ်ဆောင်သည့် နည်းလမ်းနှင့် ၎င်းတို့၏ လုပ်ရပ်များနောက်ကွယ်က တွန်းအား၊ ယင်းလုပ်ရပ်များ ပေါက်ဖွားသည့် အရင်းအမြစ်လည်း ဖြစ်၏။ ဤသည်မှာ ၎င်းတို့၏ အရင်းခံအကြောင်းအပြင် ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် တူသောအရာ ဖြစ်သည်။ ၎င်းတို့ မကြာခဏ ထုတ်ဖော်ပြသည့်၊ ၎င်းတို့၏ အရင်းခံအကြောင်းများနှင့် ရည်ရွယ်ချက်များ၏ အနှစ်သာရမှာ အန္တိခရစ်တစ်ဦး၏ အနှစ်သာရ- သမ္မာတရားအပေါ် မနှစ်သက်ခြင်းနှင့် မုန်းတီးခြင်း- အတိအကျဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ အနှစ်သာရ ဖြစ်၏။ သို့ဆိုလျှင် သမ္မာတရားနှင့် ဘုရားသခင်ကို ဆန့်ကျင်ရပ်တည်ခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများကို မုန်းတီးခြင်းအား ဆိုလို၏။ ဥပမာအားဖြင့်၊ ဖန်ဆင်းခြင်းခံရသည့် အရာတစ်ခုအနေဖြင့်၊ တစ်ဦးတစ်ယောက်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းသင့်သည်။ ဘုရားသခင်က မည်သည့်အရာ ပြောမည်ဖြစ်စေ၊ လူသားများသည် ဖန်ဆင်းခြင်းခံရသည့် အရာများဖြစ်သည့်အတွက် လူတို့သည် ကျိုးနွံနာခံသင့်ကြ၏။ သို့သော် အန္တိခရစ်တစ်ဦးက မည်သို့တွေးထင်သနည်း။ “ကျွန်ုပ်က ဖန်ဆင်းခြင်းခံ အရာတစ်ခုဖြစ်သည်မှာ မမှန်သည်ကား မဟုတ်ပါ၊ သို့သော် ကျိုးနွံနာခံခြင်းနှင့် ပတ်သက်လာသည့်အခါ၊ ယင်းသည် အခြေအနေပေါ် မူတည်သည်။ ပထမနှင့် ဦးဆုံးအနေဖြင့်၊ ယင်းတွင် ကျွန်ုပ်အတွက် အကျိုးကျေးဇူးအချို့ ရှိရမည်။ ကျွန်ုပ်ကို အကျိုးယုတ်စေရမည် မဟုတ်၊ ထို့ပြင် ကျွန်ုပ်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ကျွန်ုပ်ဦးစားပေးရမည်။ ဆုလာဘ်များနှင့် ကြီးမားသော ကောင်းချီးမင်္ဂလာများ ရရန်ရှိပြီး ကိုယ်တော်က ကျွန်ုပ်ကို ကျိုးနွံနာခံစေလိုပါက၊ အဆင်ပြေပါသည်၊ သို့သော် ဆုလာဘ်များ မရှိဘဲနှင့် ခရီးပန်းတိုင်တစ်ခု မရှိဘဲ၊ ကျွန်ုပ်မကျိုးနွံမနာခံနိုင်ပါ။” ယင်းမှာ အန္တိခရစ်တစ်ဦး မြင်သည့်ပုံ ဖြစ်သည်။ နောက်ထပ် ဥပမာတစ်ခုအနေဖြင့်၊ ဘုရားသခင်သည် လူတို့ကို ရိုးသားစေမည်ဖြစ်သော်လည်း၊ အန္တိခရစ်တစ်ဦးက ဤအရာနှင့်သက်ဆိုင်၍ မည်သည့်အရာကို တွေးသနည်း။ “မိုက်မဲသူများသာ ရိုးသားကြသည်။ လိမ္မာပါးနပ်သော လူများက မရိုးသားကြပါ။” ဤအယူအဆများ၌ သမ္မာတရားကို လက်ခံခြင်းမရှိသည့် သဘောထားတစ်ခု ပါဝင်သလော။ ဤသဘောထားမျိုး၏ အနှစ်သာရမှာ အဘယ်နည်း။ ယင်း၏အနှစ်သာရမှာ သမ္မာတရားကို မုန်းတီးခြင်းဖြစ်သည်။ ဤသည်မှာ ထိုသို့သော အန္တိခရစ်များ၏ အနှစ်သာရ အတိအကျဖြစ်ပြီး ၎င်းတို့၏ အနှစ်သာရက မည်သည့်လမ်းကြောင်းမျိုး ၎င်းတို့လျှောက်လှမ်းကြသည်ကို ဆုံးဖြတ်ပေးကာ အပြန်အလှန်အနေဖြင့် ၎င်းတို့လျှောက်သည့် လမ်းကြောင်းက ဤတာဝန်မျိုးကို ၎င်းတို့ဖြည့်ဆည်းနေစဉ် ၎င်းတို့လုပ်ဆောင်ကြမည့်အရာကို ဆုံးဖြတ်ပေးလေသည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “လူတို့ကို စည်းရုံးရန် ၎င်းတို့ကြိုးစားကြသည်” မှ

လူအချို့၌ အန္တိခရစ်တစ်ဦး၏ သရုပ်သကန်အချို့ ရှိကြပြီး အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ပွင့်အံထွက်ခြင်းအချို့ ရှိကြသည်၊ သို့ရာတွင် ၎င်းတို့သည် သမ္မာတရားကိုလည်း လက်ခံပြီး၊ အသိအမှတ်ပြုကြကာ၊ သမ္မာတရားကို ချစ်ကြသည်။ ၎င်းတို့သည် ကယ်တင်ခြင်း ခံရမည့်သူများ ဖြစ်နိုင်ချေရှိသည်။ ၎င်းတို့၏ အပြင်ပန်းသဏ္ဌာန် မည်သို့ရှိပါစေ၊ ၎င်းတို့၏ သဘာဝ အနှစ်သာရအားဖြင့် သမ္မာတရားအပေါ် ရန်လိုပြီး မုန်းတီးသည့်သူအချို့ ရှိသည်။ သင့်အနေဖြင့် သမ္မာတရားအကြောင်း ပြောသည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် ၎င်းတို့ကို တရားဟောကြားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် သာ၍ စိတ်အနှောင့်အယှက်ဖြစ်ပြီး သာ၍ အတိုက်အခံ ဖြစ်လာသည်။ ၎င်းတို့သည် စတင်ငိုက်မျဉ်းသည်၊ ၎င်းတို့သည် အိပ်မောကျသည်၊ ၎င်းတို့သည် ပျင်းရိငြီးငွေ့ပြီး ၎င်းတို့နားလည်သည့်အချိန်တွင်ပင် စိတ်ပါဝင်စားခြင်း မရှိကြချေ။ သို့မဟုတ် ၎င်းတို့သည် အပြင်ပန်းတွင် ဇွဲရှိပုံပေါ်သော်လည်း၊ သမ္မာတရားကို ကွဲပြားခြားနားသည့် သဘောထားဖြင့်၊ သို့မဟုတ် အသိပညာနှင့် အယူအဆ တောင်ပုံရာပုံဖြင့် အကဲဖြတ်ကြသည်။ ဤသည်မှာ မှန်ကန်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များ မည်မျှကို ဖတ်ရှုပြီးဖြစ်စေ၊ ဒေသနာမည်မျှကို နားထောင်ပြီးဖြစ်စေ၊ နောက်ဆုံးတွင် ၎င်းတို့၏စိတ်သဘောထား၌ အနည်းဆုံးသော ပြောင်းလဲမှု မည်သည့်အခါမျှ ရှိမည်မဟုတ်ပေ၊ ထိုသဘောထားမှာ ဂုဏ်ဒြပ်နှင့် လောကီဆိုင်ရာ အမှုအရာများကို လိုက်စားခြင်းဖြစ်ကာ၊ ဘုရားသခင်ကို မလိုမုန်းထားမှုနှင့် သမ္မာတရားကို ရန်လိုမှုတို့ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်၏ ဉာဉ်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ လုပ်ဆောင်ချက်များသည် လူများကို ၎င်းတို့ဘက်သို့ စည်းရုံးသိမ်းသွင်းဖို့ ရည်ရွယ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်၏ ဂုဏ်ဒြပ်ကို တုပယှဉ်ပြိုင်ဖို့၊ လူများကို လှည့်စားဖို့ မိမိတို့ကိုယ်ကို ချီးမြှောက်ပြီး သက်သေခံကြောင်းနှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များသည် စာတန်နှင့် အန္တိခရစ်တို့၏ လုပ်ဆောင်ချက်များဖြစ်ကြောင်း သင်ပြောသည့်အခါ၊ ၎င်းတို့သည် ထိုသို့သော ပြစ်တင်ရှုတ်ချခြင်းကို လက်ခံသလော။ ၎င်းတို့လက်မခံပေ။ ၎င်းတို့က “ငါ့အနေနှင့် ဤနည်းလမ်းဖြင့်ပြုမူသည်မှာ မှန်ကန်ပြီး လျော်ကန်သည်။ ဤသည်မှာ အမှုအရာများကို ငါလုပ်ဆောင်သည့် ပုံစံဖြစ်သည်။ သင်ငါ့ကို သဘောရှိ ပြစ်တင်ရှုတ်ချပြီး ဝေဖန်နိုင်သည်- ဤလိုက်စားမှု၊ ဤလိုအင်ဆန္ဒ၊ သို့မဟုတ် အမှုအရာများကို လုပ်ဆောင်သည့် ဤနည်းလမ်းကို ငါစွန့်ပစ်မည်မဟုတ်” ဟု တွေးလေသည်။ ယင်းမှာ အတည်ပြုပြီးဖြစ်လေပြီ။ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်ကြ၏။ သင်ပြောသည့် မည်သည့်အရာကမျှ ၎င်းတို့၏ အမြင်ရှုထောင့်ကို မပြောင်းလဲနိုင်သကဲ့သို့၊ ၎င်းတို့၏ အရင်းခံအကြောင်းများနှင့် ရည်ရွယ်ချက်များ၊ သို့မဟုတ် ၎င်းတို့၏ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကိုလည်း မပြောင်းနိုင်ပေ။ ယင်းသည် အန္တိခရစ်စစ်စစ်တစ်ဦး၏ သဘာဝ အနှစ်သာရဖြစ်လေသည်။ ၎င်းတို့၏ အခြေအနေများ မည်သို့ပြောင်းလဲပါစေ၊ သို့မဟုတ် ၎င်းတို့အနီးအနားမှ လူများ၊ ကိစ္စများနှင့် အမှုအရာများ မည်သို့ပြောင်းလဲပါစေ၊ သို့မဟုတ် အချိန် မည်သို့ပြောင်းလဲပါစေ၊ ဘုရားသခင်ပြသသည့် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပဓာနမထားဘဲ၊ ပြီးလျှင် ဘုရားသခင်က ၎င်းတို့အား ကျေးဇူးတော်မည်မျှ ပေးပါစေ- သူက ၎င်းတို့ကို အပြစ်ဒဏ်ပေးလျှင်ပင်- ၎င်းတို့၏ ရည်ရွယ်ချက်များသည် မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ၎င်းတို့၏ လူသားတစ်ဦးဖြစ်ခြင်း နည်းလမ်းနှင့် အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းတို့သည် မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်သကဲ့သို့၊ သမ္မာတရားကို ၎င်းတို့၏ ရန်လိုသော သဘောထားသည်လည်း ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ၎င်းတို့လုပ်ဆောင်နေသည့်အရာသည် မိမိတို့ကိုယ်ကို ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်းဖြစ်ပြီး လူများကို လှည့်စားဖို့ ကြိုးစားနေခြင်း ဖြစ်ကြောင်း အခြားသူများက ထောက်ပြသည့်အခါ၊ ၎င်းတို့သည် ၎င်းတို့၏ စကားပြောသည့်ဟန်ပန်ကို အခြားသူများက အမှားရှာမတွေ့နိုင်သည့်၊ ပြီးလျှင် မည်သူကမျှ မသိမြင်နိုင်သည့် ဟန်ပန်တစ်ခုသို့ ပြောင်းလဲလိုက်သည်။ ၎င်းတို့သည် ၎င်းတို့၏ စီမံခန့်ခွဲမှုကို ဆက်လက်လုပ်ဆောင်ရန်နှင့် ၎င်းတို့၏လျှို့ဝှက်သော ရည်ရွယ်ချက်များကို စွမ်းဆောင်ရရှိရန် သာ၍ ပါးနပ်သော နည်းလမ်းများကိုပင် အသုံးပြုလေသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦးတွင် ပြသသည့် အရာဖြစ်ပြီး ယင်းသည် အန္တိခရစ်တစ်ဦး၏ အနှစ်သာရမှ ပေါက်ဖွားလာသည်။ ၎င်းတို့သည် အပြစ်ဒဏ်ပေးခြင်းခံရလိမ့်မည်ဖြစ်ကြောင်း၊ ၎င်းတို့၏အဆုံးသတ် ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းတို့သည် ကျိန်ဆဲခံရပြီး၊ အပြစ်စီရင်ခြင်းခံရကြောင်း ၎င်းတို့အား ဘုရားသခင်က ပြောလျှင်ပင်၊ ဤအရာက ၎င်းတို့၏ အနှစ်သာရကို ပြောင်းလဲနိုင်မည်လော။ ယင်းက သမ္မာတရားအပေါ် ၎င်းတို့၏ စိတ်သဘောထားကို ပြောင်းနိုင်မည်လော။ ယင်းက ဂုဏ်ဒြပ်၊ ကြွယ်ဝမှုနှင့် သြဇာတိက္ကမတို့ကို ၎င်းတို့၏ နှစ်သက်ခြင်းအား ပြောင်းလဲနိုင်မည်လော။ မပြောင်းလဲနိုင်ချေ။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သောလူများကို ဘုရားသခင်ကို ကိုးကွယ်သည့် သာမန်လူ့သဘာဝရှိသည့် လူများအဖြစ်သို့ ပြောင်းလဲခြင်းသည် ဘုရားသခင်၏အမှု ဖြစ်သည်။ ယင်းကို စွမ်းဆောင်ရရှိနိုင်ပေသည်။ သို့သော် မကောင်းဆိုးဝါးများ၊ လူ့အရေကို ခြုံထားသော်လည်း စာတန်ဆန်သော အနှစ်သာရ ရှိသည့် လူများ၊ စာတန်၏စခန်းတွင် စာတန်ကို ကိုးကွယ်ပြီး ဘုရားသခင်ကို ရန်လိုသူများကို သာမန်လူများအဖြစ်သို့ ပြောင်းလဲရန်မှာ ဖြစ်နိုင်သလော။ ယင်းမှာ ဖြစ်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် ဤသို့သော အမှုမျိုးကို မလုပ်ဆောင်ချေ။ ဤလူများသည် ဘုရားသခင် ကယ်တင်သည့်သူများထဲတွင် မပါဝင်ပေ။ သို့ဆိုလျှင် ဘုရားသခင်သည် ထိုသို့သောလူများကို မည်သို့သတ်မှတ်သနည်း။ ၎င်းတို့သည် စာတန်နှင့် သက်ဆိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ ရွေးချယ်ခြင်း၊ သို့မဟုတ် ကယ်တင်ခြင်းကို ခံရသည့်သူများ မဟုတ်ကြပေ။ ဘုရားသခင်သည် ထိုသို့သောလူများကို မလိုချင်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်တွင် ရှိပြီးဖြစ်သည်မှာ မည်မျှကြာမြင့်ပါစေ၊ ၎င်းတို့ မည်မျှဒုက္ခခံပြီးဖြစ်ပါစေ၊ ၎င်းတို့ မည်မျှပြီးမြောက် အောင်မြင်ပြီးဖြစ်ပါစေ၊ ၎င်းတို့၏ ရည်ရွယ်ချက်များ မပြောင်းလဲပေ။ ၎င်းတို့သည် ၎င်းတို့၏ ရည်မှန်းချက်များ၊ သို့မဟုတ် လိုအင်ဆန္ဒများကို ဘေးဖယ်ထားကြမည် မဟုတ်ချေ၊ ဂုဏ်ဒြပ်နှင့် လူများအတွက် ဘုရားသခင်နှင့် တုပယှဉ်ပြိုင်ရန် ၎င်းတို့၏ အရင်းခံအကြောင်းနှင့် အာသာဆန္ဒတို့ကို စွန့်လွှတ်ရန်မှာ သာ၍နည်းပါးပေသည်။ ထိုသို့သော လူများသည် ရှင်သန်နေသည့် အန္တိခရစ်များ ဖြစ်ကြလေသည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်” မှ

အန္တိခရစ်အားလုံးသည် နောင်တရမည့်အစား သေသာအသေခံကြမည်။ ၎င်းတို့သည် ဘုရားသခင်ကို သေသည်အထိ ခုခံဖို့နှင့် အဆုံးထိတိုင်အောင် တိုက်ခိုက်ဖို့ သစ္စာကတိပြုထားလေသည်။ ဘုရားသခင် တစ်ပါးရှိကြောင်း၊ သူသည် လူသားကို ဖန်ဆင်းခဲ့ကြောင်းနှင့် လူသားမျိုးနွယ်ကို သူကယ်တင်နိုင်ကြောင်းတို့ကို ၎င်းတို့သည် စိတ်ထဲတွင် အသိအမှတ်ပြုသော်လည်း၊ ၎င်းတို့၏သဘာဝသည် ၎င်းတို့ရွေးချယ်ထားပြီးဖြစ်သော လမ်းကြောင်းကို ပြောင်းလဲနိုင်စွမ်းမရှိ ဖြစ်စေပြီး၊ ဘုရားသခင်ကို ၎င်းတို့၏ ရန်လိုမှုနှင့်သက်ဆိုင်သည့် အမှန်တရားကို ပြောင်းလဲနိုင်စွမ်း မရှိဖြစ်စေသည်။ ထို့ကြောင့် အန္တိခရစ်များ၏ အပြုအမူနှင့်သက်ဆိုင်သည့် အနှစ်သာရသည် ရာထူးအဆင့်အတန်း ရှိခြင်း၊ လူများကို သိမ်းသွင်းစည်းရုံးခြင်းနှင့် လူများကို ၎င်းတို့နောက်လိုက်စေပြီး ကြည်ညိုစေခြင်းတို့နှင့်ပတ်သက်သည့် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိဖို့ နည်းလမ်းများနှင့် နည်းစနစ်များကို အစဉ်အသုံးပြုဖို့ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင် ၎င်းတို့သည် လူသားမျိုးနွယ်နှင့်ပတ်သက်၍ ဘုရားသခင်နှင့် တမင်သက်သက် ယှဉ်ပြိုင်နေခြင်း မဟုတ်သည်မှာ ဖြစ်နိုင်သည်၊ သို့ရာတွင် တစ်ခုတော့ သေချာပေသည်။ ၎င်းတို့သည် လူသားများအတွက် ဘုရားသခင်နှင့် မယှဉ်ပြိုင်သည့်အခါတွင်ပင်၊ လူများအလယ်တွင် ရာထူးအဆင့်အတန်းနှင့် တန်ခိုးအာဏာတို့ကို ရရှိဖို့ ဆန္ဒရှိဆဲဖြစ်သည်။ ၎င်းတို့သည် ရာထူးအဆင့်အတန်းအတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်နေသည်ကို ၎င်းတို့သဘောပေါက်သည့် နေ့ရက်အချိန် ရောက်လာပြီး၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ချုပ်တည်းလျှင်ပင်၊ လူများအလယ်တွင် ရာထူးအဆင့်အတန်း ရရှိဖို့နှင့် အသိအမှတ်ပြုခြင်းခံရဖို့ အခြားနည်းစနစ်များကို အသုံးပြုဆဲဖြစ်သည်။ တိုတိုပြောရလျှင်၊ အန္တိခရစ်များ လုပ်သမျှအရာအားလုံးသည် ၎င်းတို့၏တာဝန်များကို သစ္စာရှိရှိ ထမ်းဆောင်မှု တစ်ခုပါဝင်ပုံရပြီး၊ ၎င်းတို့သည် ဘုရားသခင်၏ စစ်မှန်သော နောက်လိုက်များဖြစ်ပုံရသော်လည်း၊ လူများကို ထိန်းချုပ်ဖို့- ပြီးလျှင် လူများအလယ်တွင် ရာထူးအဆင့်အတန်းနှင့် တန်ခိုးအာဏာရဖို့- ၎င်းတို့၏ ရည်မှန်းချက်သည် မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သို့မဟုတ် လုပ်ဆောင်သည်ဖြစ်စေ၊ ပြီးလျှင် လူများကို သူမည်သည့်အရာ တောင်းဆိုသည်ဖြစ်စေ၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သတ်မှတ်ချက်တို့နှင့် လိုက်လျောညီထွေဖြစ်သည့် နည်းလမ်းတစ်ခုဖြင့် ၎င်းတို့လုပ်ဆောင်သင့်သည့်အရာကို မလုပ်ဆောင်ပေ၊ သို့မဟုတ် ၎င်းတို့၏ တာဝန်များကို မဖြည့်ဆည်းပေ၊ သူ၏မိန့်မြွက်ချက်များနှင့် သမ္မာတရားကို နားလည်သဘောပေါက်ခြင်း၏ ရလဒ်တစ်ခုအနေဖြင့် တန်ခိုးအာဏာနှင့် ရာထူးအဆင့်အတန်းကို ၎င်းတို့၏ လိုက်စားခြင်းကိုလည်း ၎င်းတို့မစွန့်ပယ်ပေ။ တစ်လျှောက်လုံးတွင် ၎င်းတို့၏ ရည်မှန်းချက်က ၎င်းတို့ကို ဖမ်းစားထားကာ၊ ၎င်းတို့၏ အပြုအမူနှင့် အတွေးအခေါ်များကို ထိန်းချုပ်ပြီး ညွှန်ကြား၍ ၎င်းတို့လျှောက်သည့် လမ်းကြောင်းကို သတ်မှတ်ပေးသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ သရုပ်သကန် ဖြစ်သည်။ ဤနေရာတွင် မည်သည့်အရာကို အလေးထား ပြောထားသနည်း။ လူအချို့က “အန္တိခရစ်များသည် လူများကို ရရှိဖို့ ဘုရားသခင်နှင့် ယှဉ်ပြိုင်သူများ၊ သူ့ကို အသိအမှတ်မပြုသူများဖြစ်ကြသည် မဟုတ်ပါသလား” ဟု မေးကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို အသိအမှတ်ပြုကောင်း ပြုနိုင်မည်၊ ၎င်းတို့သည် သူ၏တည်ရှိမှုကို စစ်မှန်စွာ အသိအမှတ်ပြုပြီး ယုံကြည်ကောင်း ယုံကြည်နိုင်မည်၊ ပြီးလျှင် ၎င်းတို့သည် သူ့နောက်ကို လိုက်ဖို့နှင့် သမ္မာတရားကို ရရှိအောင်အားထုတ်ဖို့ လိုလားကောင်း လိုလားနိုင်မည်၊ သို့ရာတွင် တစ်ခုတော့ မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် တန်ခိုးအာဏာနှင့် ရာထူးအဆင့်အတန်းအတွက် ၎င်းတို့၏ ရည်မှန်းချက်ကို မည်သည့်အခါမျှ စွန့်လွှတ်မည် မဟုတ်သကဲ့သို့၊ ၎င်းတို့၏ ပတ်ဝန်းကျင်ကြောင့်ဖြစ်စေ၊ ၎င်းတို့အပေါ် ဘုရားသခင်၏ သဘောထားကြောင့်ဖြစ်စေ ထိုအရာများကို ၎င်းတို့၏လိုက်စားမှုကိုလည်း မည်သည့်အခါမျှ စွန့်လွှတ်မည် မဟုတ်ပေ။ ဤသည်တို့မှာ အန္တိခရစ်များ၏ ထူးခြားသောလက္ခဏာများ ဖြစ်သည်။ လူတစ်ယောက်သည် မည်မျှဒုက္ခခံစားပြီးဖြစ်ပါစေ၊ သမ္မာတရားမည်မျှကို ၎င်းတို့နားလည်ပြီးဖြစ်ပါစေ၊ သမ္မာတရား စစ်မှန်မှုများမည်မျှကို ၎င်းတို့ဝင်ရောက်ပြီးဖြစ်ပါစေ၊ ပြီးလျှင် ဘုရားသခင်နှင့်သက်ဆိုင်သည့် အသိပညာမည်မျှကို ၎င်းတို့ ပိုင်ဆိုင်ပြီးဖြစ်ပါစေ၊ ဤအပြင်ပန်းဖြစ်စဉ်နှင့် သရုပ်သကန်များထက် ကျော်လွန်၍၊ ၎င်းတို့သည် ရာထူးအဆင့်အတန်းနှင့် တန်ခိုးအာဏာတို့အတွက် ၎င်းတို့၏ ရည်မှန်းချက်နှင့် လိုက်စားခြင်းတို့ကို မည်သည့်အခါမျှ ထိန်းချုပ်မည် မဟုတ်ပေ၊ သို့မဟုတ် စွန့်လွှတ်မည် မဟုတ်ပေ၊ ပြီးလျှင် ဤအရာက ၎င်းတို့၏ သဘာဝအနှစ်သာရကို အတိအကျ သတ်မှတ်ပေးလေသည်။ ထိုသို့သောလူများကို အန္တိခရစ်များအဖြစ် ဘုရားသခင်၏ သမုတ်ခြင်းတွင် အမှားစိုးစဉ်းမျှ မရှိပေ။ ယင်းကို ၎င်းတို့၏ တကယ့်သဘာဝ အနှစ်သာရအားဖြင့် သတ်မှတ်ထားပြီးဖြစ်သည်။ လူအချို့က အန္တိခရစ်တစ်ဦးသည် လူသားမျိုးနွယ်နှင့်ပတ်သက်၍ ဘုရားသခင်နှင့် ယှဉ်ပြိုင်ဖို့ကြိုးစားသူ မည်သူမဆိုဖြစ်သည်ဟု ယုံကြည်ဖူးကောင်း ယုံကြည်ဖူးလိမ့်မည်။ သို့သော် တစ်ခါတစ်ရံတွင် အန္တိခရစ်များသည် ဘုရားသခင်နှင့် သေချာပေါက် ယှဉ်ပြိုင်ဖို့ မလိုအပ်ပေ။ ရာထူးအဆင့်အတန်းနှင့် တန်ခိုးအာဏာအတွက် ၎င်းတို့၏အသိပညာ၊ နားလည်သဘောပေါက်ခြင်းနှင့် လိုအပ်ချက်တို့သည် သာမန်လူများ၏ အသိပညာ၊ နားလည်သဘောပေါက်ခြင်းနှင့် လိုအပ်ချက်တို့နှင့် ခြားနားသောသူများ ဖြစ်ရန်သာ လိုသည်။ သာမန်လူများသည် ကြွားဝါလွန်းနိုင်သည်။ ၎င်းတို့သည် အခြားသူများ၏ချီးမွမ်းခြင်းခံရဖို့နှင့် အထင်ကြီးခံရစေဖို့ ကြိုးစားနိုင်သည်၊ ပြီးလျှင် ၎င်းတို့သည် ရာထူးကောင်းအတွက် ယှဉ်ပြိုင်ဖို့ ကြိုးစားနိုင်သည်။ ဤသည်မှာ သာမန်လူများ၏ ရည်မှန်းချက်ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ရာထူးများ ဆုံးရှုံးလျက်၊ ခေါင်းဆောင်များအဖြစ်မှ အစားထိုးခံရသည့်အခါ၊ ယင်းကို ၎င်းတို့ မေ့လိုက်ကြသည်။ ၎င်းတို့၏ ပတ်ဝန်းကျင်တွင် ပြောင်းလဲမှုတစ်ခု၊ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုတွင် ကြီးထွားရင့်ကျက်မှုအချို့၊ သမ္မာတရားထဲသို့ ဝင်ရောက်မှုနှင့်သက်ဆိုင်သည့် ကြိုးပမ်းအားထုတ်ရရှိခြင်းအချို့၊ သို့မဟုတ် သမ္မာတရားအပေါ် သာ၍ နက်ရှိုင်းသော နားလည်သဘောပေါက်မှု ရရှိခြင်းတို့ကြောင့်၊ ၎င်းတို့၏ ရည်မှန်းချက်သည် ဖြည်းဖြည်းချင်း တည်ငြိမ်သွားသည်။ ၎င်းတို့လျှောက်သည့် လမ်းကြောင်းနှင့် ၎င်းတို့ခရီးနှင်သည့် ဦးတည်ချက်တွင် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ပြီး၊ အဆင့်အတန်းနှင့် တန်ခိုးအာဏာတို့ကို ၎င်းတို့၏ လိုက်စားခြင်းသည် ပျောက်ကွယ်သွားသည်။ ၎င်းတို့၏ လိုအင်ဆန္ဒများသည်လည်း ဖြည်းဖြည်းချင်း လျော့နည်းသွားလေသည်။ သို့ရာတွင် အန္တိခရစ်များကမူ ကွဲပြားခြားနားကြသည်။ ၎င်းတို့သည် အဆင့်အတန်းနှင့် တန်ခိုးအာဏာကို ၎င်းတို့၏ လိုက်စားမှုကို မည်သည့်အခါမျှ စွန့်ပစ်နိုင်ခြင်း မရှိပေ။ မည်သည့်အချိန်တွင်မဆို၊ မည်သည့်ပတ်ဝန်းကျင်တွင်မဆို၊ ပြီးလျှင် ၎င်းတို့အနီးအနားတွင် မည်သည့်လူများရှိပြီး၊ ၎င်းတို့မည်သည့်အသက်အရွယ်ရှိပြီဖြစ်စေ၊ ၎င်းတို့၏ရည်မှန်းချက်သည် မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ၎င်းတို့၏ရည်မှန်းချက်က မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်သည်ကို မည်သည့်အရာက ညွှန်ပြသနည်း။ ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်များဖြစ်သည်ဟု ဆိုကြစို့။ ၎င်းတို့က အသင်းတော်ရှိ လူတိုင်းကို ထိန်းချုပ်လိုမည် ဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့ခေါင်းဆောင်မဟုတ်သည့် နောက်ထပ် အသင်းတော်တစ်ခုသို့ သွားကောင်း သွားနိုင်သော်လည်း၊ ထိုရာထူးအဆင့်အတန်းအတွက် ၎င်းတို့တမ်းတဆဲ ဖြစ်လေသည်။ ထိုသို့သောလူများ မည်သည့်နေရာသို့သွားသည်ဖြစ်စေ၊ ၎င်းတို့သည် တန်ခိုးအာဏာကို စွဲကိုင်လိုကြသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် ရည်မှန်းချက်ဖြင့် ပြည့်လျှမ်းမနေသလော။ ၎င်းတို့ပြသည့်အရာသည် သာမန်လူ့သဘာဝ၏နယ်ပယ်ကို ကျော်လွန်သွားသည်။ ဤသည်နှင့်ပတ်သက်၍ မူမမှန်သည့်အရာတစ်ခု မရှိသလော။ ယင်းနှင့်ပတ်သက်၍ မူမမှန်သည့်အရာမှာ အဘယ်နည်း။ ၎င်းတို့ပြသည့်အရာသည် သာမန်လူ့သဘာဝက ပြသသင့်သည့်အရာ မဟုတ်ပေ။ ၎င်းတို့သည် မည်သည့်အရာကို ပြသနည်း။ ဤသည်ကို ပြသဖို့ ဖြစ်စေသည့်အရာမှာ အဘယ်နည်း။ ယင်းကို ၎င်းတို့၏ သဘာဝက ဖြစ်စေသည်။ ၎င်းတို့သည် နတ်ဆိုးများဖြစ်ကြသည်။ ဤသည်မှာ သာမန်ဖောက်ပြန်ပျက်စီးခြင်းနှင့် မတူပေ။ ကွဲပြားခြားနားချက် ရှိလေသည်။ အန္တိခရစ်များသည် အဆင့်အတန်းနှင့် တန်ခိုးအာဏာကို ၎င်းတို့လိုက်စားရာ၌ ဘာမဆိုလုပ်ကြမည်ဖြစ်သည်။ ၎င်းတို့သည် ထိုအရာ၏ လုံးဝဖမ်းစားခြင်း ခံထားရသည်။ ဤသည်မှာ ၎င်းတို့၏ သဘာဝ အနှစ်သာရဖြစ်သည်။ ယင်းသည် ၎င်းတို့၏ နဂိုမူလ ပုံသဏ္ဌာန်ဖြစ်ပြီး၊ ၎င်းတို့၏ စစ်မှန်သော သဘောသဘာဝဖြစ်သည်။ ၎င်းတို့သည် အဆင့်အတန်းအတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်ရုံမျှသာ ယှဉ်ပြိုင်ခြင်း မဟုတ်ဘဲ၊ အဆင့်အတန်းအတွက် လူများနှင့်လည်း ယှဉ်ပြိုင်သည်။ အခြားသူများက လိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ၊ သို့တည်းမဟုတ် သဘောတူသည်ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ၊ အန္တိခရစ်များသည် သူတို့၏ ဆန္ဒများကို အရေးမထားဘဲ၊ သူတို့ကို ထိန်းချုပ်ဖို့နှင့် သူတို့၏ ခေါင်းဆောင်များဖြစ်ဖို့ တက်ကြွစွာ ကြိုးစားကြလေသည်။ အန္တိခရစ်များသည် မည်သည့်နေရာ သွားပါစေ ကြီးကြပ်သူ ဖြစ်လိုပြီး ဆုံးဖြတ်ချက်ချလိုသည်။ ဤသည်မှာ ၎င်းတို့၏သဘာဝလော။ လူများက သင့်ကို နားထောင်လိုသလော။ ၎င်းတို့က သင့်ကို ရွေးချယ်ခဲ့သလော။ ၎င်းတို့က သင့်ကို ရွေးကောက်ခဲ့သလော။ သင်ဆုံးဖြတ်ချက်ချသည်ကို ၎င်းတို့က သဘောတူသလော။ ဤလူများကို မည်သူမျှ ဆုံးဖြတ်ချက်မချစေလိုဘဲ၊ မည်သူမျှ ၎င်းတို့ကို နားမထောင်လိုသော်လည်း၊ ၎င်းတို့သည် ဆုံးဖြတ်ချက်ချဖို့ ကြိုးစားဆဲ ဖြစ်သည်။ ဤသည်မှာ ပြဿနာတစ်ခု ဖြစ်သလော။ ၎င်းတို့သည် လုံးဝ အရှက်ကင်းမဲ့ကြပြီး အားတုံ့အားနာဖြစ်ခြင်း မရှိကြပေ။ ထိုသို့သော လူများသည် ခေါင်းဆောင်ဖြစ်သည့်အခါ၊ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။ ခေါင်းဆောင်များ မဖြစ်သည့်အခါတွင်လည်း ၎င်းတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် လူတို့ကို ဝေခွဲမရဖြစ်စေပြီး သိမ်းသွင်းစည်းရုံး၍ ခြိမ်းခြောက်ကာ ထိန်းချုပ်လေ၏” မှ

မိမိတို့၏အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို အန္တိခရစ်များ၏ ချစ်မြတ်နိုးခြင်းက သာမန်လူများထက် လွန်ကဲပြီး ယင်းမှာ ၎င်းတို့၏ စိတ်သဘောထားနှင့် အနှစ်သာရအတွင်း ရှိသည့်အရာတစ်ခု ဖြစ်သည်။ ယင်းက ခဏတာ စိတ်ဝင်စားမှုတစ်ခု မဟုတ်သကဲ့သို့ ၎င်းတို့ပတ်ဝန်းကျင်၏ ယာယီ အကျိုးသက်ရောက်မှုလည်း မဟုတ်ပေ— ယင်းက ၎င်းတို့၏အသက်၊ ၎င်းတို့၏အရိုးအတွင်းရှိ အရာတစ်ခုဖြစ်သောကြောင့် ၎င်းတို့၏ အနှစ်သာရဖြစ်သည်။ ဤအရာမှာ အန္တိခရစ်တစ်ဦးလုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက်စဉ်းစားသည့် အချက်သည် ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သာ ဖြစ်သည်ဟု ဆိုလိုပေသည်။ အန္တိခရစ်တစ်ဦးအတွက် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့က ၎င်းတို့၏ အသက်ဖြစ်သကဲ့သို့ ၎င်းတို့၏ တစ်သက်တာ ပန်းတိုင်လည်း ဖြစ်သည်။ ၎င်းတို့လုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက် စဉ်းစားသည့်အချက်က “ငါ၏အဆင့်အတန်းက ဘာဖြစ်သွားမည်နည်း။ ငါ၏ဂုဏ်ဒြပ်ကရော ဘာဖြစ်သွားမည်နည်း။ ဤအရာကို လုပ်ဆောင်ခြင်းက ငါ့ကို ဂုဏ်ဒြပ်ရစေမည်လော။ ယင်းက လူများ၏စိတ်များထဲရှိ ငါ၏အဆင့်အတန်းကို မြှင့်တင်ပေးမည်လော” ဖြစ်၏။ ယင်းမှာ ၎င်းတို့ ပထမဆုံးတွေးသည့် အရာဖြစ်သည်၊ ယင်းက ၎င်းတို့၌ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ ရှိခြင်း၏ လုံလောက်သော သက်သေဖြစ်သည်။ သို့မဟုတ်ပါက ၎င်းတို့သည် ထိုနည်းအားဖြင့် ကြိုးစားမည် မဟုတ်ချေ။ အန္တိခရစ်တစ်ဦးအတွက် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့က ၎င်းတို့အတွက် မရှိလည်း နေနိုင်သည့် အပယိကတစ်ခုဖြစ်ဖို့ မဆိုထားနှင့်၊ အပိုဆောင်း လိုအပ်ချက်တစ်ခု မဟုတ်ချေ။ ယင်းတို့သည် အန္တိခရစ်တို့ သဘာဝ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်၊ ယင်းတို့က ၎င်းတို့၏အရိုးများ၊ ၎င်းတို့၏ သွေးများထဲတွင် ရှိနေသည်၊ ယင်းတို့က ၎င်းတို့အတွက် မွေးရာပါ ဖြစ်သည်။ အန္တိခရစ်များက အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို ၎င်းတို့ပိုင်ဆိုင်ခြင်းရှိမရှိနှင့်ပတ်သက်၍ ဂရုမစိုက်ခြင်း မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ သဘောထား မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သည် ၎င်းတို့၏ နေ့စဉ် အသက်တာများ၊ ၎င်းတို့၏ နေ့စဉ် အခြေအနေ၊ ၎င်းတို့စွမ်းဆောင်ရရှိဖို့ နေ့စဉ် ကြိုးစားအားထုတ်သည့် အရာတို့နှင့် အတွင်းကျကျ ဆက်နွှယ်နေသည်။ ထို့ကြောင့် အန္တိခရစ်များအတွက် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို စွမ်းဆောင်ရရှိဖို့ ၎င်းတို့ကြိုးစားအားထုတ်ပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့အသက်တာ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သည် ၎င်းတို့လိုက်စားသည့် ရည်ရွယ်ချက်ဖြစ်သည်၊ ၎င်းတို့၏ စိတ်နှလုံးများ၌ မစွန့်လွှတ်နိုင်သည့် ၎င်းတို့လိုက်စားသော ပန်းတိုင်လည်း ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော သဘောသဘာဝနှင့် အနှစ်သာရတို့ ဖြစ်သည်။ ၎င်းတို့ကို တောင်များ၏အတွင်းပိုင်း အလွန်ရှေးကျသော တောထဲ၌ သွားထားလျှင်ပင် ၎င်းတို့သည် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို စွန့်လွှတ်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့ကို သာမန်လူတစ်အုပ်ကြားတွင် ထည့်ထားလျှင် ၎င်းတို့တွေးသမျှသည် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့က ယုံကြည်မှုကို ရရှိသည့်အခါ ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို ဘုရားသခင်အား ယုံကြည်ခြင်းအရာကို လိုက်စားခြင်းနှင့် သဘောညီမျှသည်ဟု ၎င်းတို့က မြင်ကြသည်။ ဘုရားသခင်အား ယုံကြည်ခြင်း လမ်းကြောင်းကို ၎င်းတို့လျှောက်စဉ်တွင် ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကိုလည်း လိုက်စားသည်ဟု ဆိုလိုသည်။ ၎င်းတို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းတို့သည် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို လိုက်စားခြင်းဖြစ်ကြောင်း ၎င်းတို့က ယုံကြည်ကြသည်ဟု ဆိုနိုင်သည်။ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို လိုက်စားခြင်းက သမ္မာတရားကို လိုက်စားခြင်းလည်းဖြစ်ပြီး အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို ရရှိခြင်းက သမ္မာတရားနှင့် အသက်ကို ရရှိခြင်းဖြစ်သည်ဟု ယုံကြည်ကြကြောင်း ဆိုနိုင်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းပေါ်တွင် ၎င်းတို့က ကုံလုံသော အဆင့်အတန်းကို မရရှိသေးဟု ခံစားရပါက— ၎င်းတို့ကို မည်သူကမျှ ရိုသေလေးမြတ်ခြင်း မရှိသကဲ့သို့ အထင်မကြီးပါက၊ ၎င်းတို့သည် အခြားသူများကြားတွင် ချီးမြှောက်ခြင်း မခံရပါဘဲ ၎င်းတို့၌ စစ်မှန်သော အာဏာမရှိပါက— ၎င်းတို့သည် များစွာ စိတ်ဓာတ်ကျပြီး ဘုရားသခင်ကို ယုံကြည်ခြင်း၌ မည်သည့်အရေးပါမှု၊ သို့မဟုတ် မည်သည့်တန်ဖိုးမျှ မရှိဟု ယုံကြည်ကြသည်။ “ငါယုံကြည်သည့် လမ်းခရီးကို ဘုရားသခင်က မနှစ်သက်သလော။ ငါသည် အသက်ကို မရရှိသေးသလော။” ၎င်းတို့၏ စိတ်များထဲတွင် ၎င်းတို့က ဤအရာများနှင့် ပတ်သက်၍ မကြာခဏ တွက်ချက်နေကြသည်။ ၎င်းတို့က ဘုရားအိမ်တော်၌ဖြစ်စေ၊ ၎င်းတို့ရှိသည့် ပတ်ဝန်းကျင်၌ဖြစ်စေ ရာထူးတစ်ခုကို မည်သို့ရရှိနိုင်ပုံ၊ မြင့်မားသော ဂုဏ်သတင်းနှင့် ဩဇာအာဏာအဆင့်တစ်ခုကို ၎င်းတို့ မည်သို့ရရှိနိုင်ပုံ၊ ၎င်းတို့ကို လူများက နားထောင်အောင် မည်သို့လုပ်နိုင်ပြီး ၎င်းတို့ စကားပြောသည့်အခါတွင် ၎င်းတို့ကို မြှောက်ပင့်အောင် မည်သို့လုပ်နိုင်ပုံ၊ ၎င်းတို့ပြောသည့်အတိုင်း ထိုလူများကို မည်သို့လုပ်ခိုင်းနိုင်ပုံ၊ အုပ်စုတစ်စုထဲတွင် အမှုကိစ္စများနှင့်ပတ်သက်၍ ၎င်းတို့က မည်သို့ တစ်ဖက်သတ်ပြောနိုင်ပြီး ၎င်းတို့၏ တည်ရှိမှုကို အခြားသူများက ဂရုမူလေးစားအောင် မည်သို့လုပ်ဆောင်နိုင်ပုံတို့ကို စီစဉ်နေကြသည်။ ဤသည်မှာ ၎င်းတို့၏စိတ်များထဲတွင် ၎င်းတို့ မကြာခဏ တွေးတောသည့် အရာဖြစ်သည်။ ဤသည်မှာ ထိုကဲ့သို့သော လူများ စွမ်းဆောင်ရရှိဖို့ ကြိုးစားအားထုတ်သည့် အရာဖြစ်သည်။ ၎င်းတို့က ထိုကဲ့သို့သော အရာများအကြောင်း အဘယ့်ကြောင့် အစဉ်တွေးတောနေကြသနည်း။ သမ္မာတရားကို ကြားပြီးသည့်နောက်၊ ဒေသနာများကို နားထောင်ပြီးသည့်နောက်၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးသည့်နောက် ဤအရာအားလုံးကို ၎င်းတို့ အမှန်တကယ် နားမလည်ကြသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့သည် ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် ထင်မြင်ယူဆချက်တို့ကို အမှန်တကယ် မပြောင်းလဲနိုင်သလော။ ဤသည်မှာ လူများ၏ သဘာဝနှင့် အနှစ်သာရတို့နှင့် သက်ဆိုင်သည့် ပြဿနာ တစ်ခုဖြစ်ပေသည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ထင်ရှားကျော်ကြားမှု ရစေဖို့...၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။... (၃)” မှ

အန္တိခရစ်များသည် မည်သည့်အုပ်စုတွင် ရှိနေပါစေ ၎င်းတို့၏ ဆောင်ပုဒ်သည် အဘယ်နည်း။ “ငါယှဉ်ပြိုင်ရမည်။ ယှဉ်ပြိုင်ရမည်။ ယှဉ်ပြိုင်ရမည်။ အမြင့်မားဆုံးနှင့် အကြီးမားဆုံးဖြစ်ဖို့ ငါယှဉ်ပြိုင်ရမည်။” ဤသည်မှာ အန္တိခရစ်များ၏ စိတ်သဘောထားဖြစ်သည်။ ၎င်းတို့သွားသည့် နေရာတိုင်းတွင် ၎င်းတို့ယှဉ်ပြိုင်ပြီး ၎င်းတို့၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိဖို့ ကြိုးစားကြသည်။ ၎င်းတို့သည် စာတန်၏ လက်ပါးစေများ ဖြစ်ကြပြီး ဘုရားအိမ်တော်၏ အမှုတော်ကို နှောင့်ယှက်ကြသည်။ အန္တိခရစ်များ၏ စိတ်သဘောထားသည် ဤကဲ့သို့ဖြစ်လေသည်— မိမိတို့၏ အတတ်ပညာဆိုင်ရာ အလုပ်၌ ထူးချွန်မှုကို ပြသည့်သူ မည်သူမဆို၊ ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်လာသည့်သူ မည်သူမဆို၊ အထူးကျွမ်းကျင်မှုတစ်ခုခု ရှိသည့်သူ မည်သူမဆို၊ ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုတွင် သူတို့အတွက် အကျိုးဖြစ်ထွန်းစေပြီးဖြစ်သည့်သူ မည်သူမဆို၊ ကောင်းစွာ အလေးထားခြင်းခံရသည့်သူ မည်သူမဆို၊ ညီအစ်ကိုမောင်နှမများအကြား အကောင်းပြောခံရသည့်သူ မည်သူမဆို၊ အပြုသဘောဆောင်သည့်အရာ သာ၍ ရှိသည့်သူ မည်သူမဆိုကို ၎င်းတို့ ယှဉ်ပြိုင်ကြသည်။ အနှစ်ချုပ်အနေဖြင့် အန္တိခရစ်များသည် လူအုပ်စု အလယ်တွင် ရှိသည့်အချိန်တိုင်း ဤအရာမှာ ၎င်းတို့အစဉ်ပြုလုပ်သည့် အရာဖြစ်သည်။ ၎င်းတို့သည် အဆင့်အတန်းအတွက် ယှဉ်ပြိုင်ကြသည်၊ မြင့်မားသော ဂုဏ်သတင်းအတွက် ယှဉ်ပြိုင်ကြသည်၊ အုပ်စုထဲ၌ အရေးကိစ္စများအပေါ် အပြီးသတ် အဆုံးအဖြတ်နှင့် ဆုံးဖြတ်ချက်များချဖို့ အန္တိမဩဇာအတွက် ယှဉ်ပြိုင်ကြသည်၊ ယင်းကို ၎င်းတို့ရသည်နှင့် ယင်းက ၎င်းတို့ကို ပျော်ရွှင်စေလေသည်။ သို့ရာတွင် ဤအရာများကို ရယူပြီးသည့်နောက်တွင် တကယ့်အလုပ်တစ်စုံတစ်ခုကို ၎င်းတို့ လုပ်ဆောင်သလော။ (မလုပ်ဆောင်ပါ။) ၎င်းတို့သည် တကယ့်အလုပ်ကို လုပ်ဖို့ငှာ ဤအရာများကို ယှဉ်ပြိုင်နေခြင်း မဟုတ်ချေ။ ၎င်းတို့၏ရည်မှန်းချက်က အခြားလူတိုင်းကို တွန်းချဖို့ ဖြစ်သည်— “သင်ယုံကြည်လက်ခံခြင်း ရှိရှိမရှိရှိ မည်သူက ဂရုစိုက်သနည်း။ အရင်းအနှီးအရ ငါသာ အများဆုံးဖြစ်သည်။ စကားအရ ငါသာ အာဝဇ္ဇန်းအရွှင်ဆုံးဖြစ်သည်။ လက်ရှိ အတတ်ပညာပိုင်းဆိုင်ရာ အလုပ်၌ ကျွမ်းကျင်မှုအရ ငါသည် ပြိုင်ဘက်ကင်း၏။” ၎င်းတို့က အရာအားလုံး၌ ယှဉ်ပြိုင်ကြသည်။ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို အကြီးအကဲအဖြစ် ရွေးချယ်သည့်အခါ အပြီးသတ် အဆုံးအဖြတ်အတွက်၊ ဆုံးဖြတ်ချက်များချဖို့ ဩဇာအာဏာအတွက် ၎င်းတို့၏ လက်တွဲဖော်များကို ၎င်းတို့ယှဉ်ပြိုင်သည်။ အသင်းတော်က ၎င်းတို့ကို အလုပ်တစ်ခုခုအတွက် ကြီးကြပ်ကွပ်ကဲရန် တာဝန်ပေးပါက ယင်းကို ဆောင်ရွက်ပုံဆောင်ရွက်နည်းအပေါ် ၎င်းတို့က အပြီးသတ် ဆုံးဖြတ်ချက် ပေးလိုကာ ၎င်းတို့ပြောသည့်အရာ၊ ၎င်းတို့၏ စိတ်ကူးများနှင့် ၎င်းတို့၏ဆုံးဖြတ်ချက်တို့ကို သဘောတူလက်ခံဖို့နှင့် လက်တွေ့အရှိတရားအဖြစ် ပြောင်းလဲဖို့တို့အတွက် ရေကုန်ရေခန်း ကြိုးပမ်းသည်။ ညီအစ်ကိုမောင်နှမများက အခြားတစ်စုံတစ်ဦး၏ အကြံပြုချက်ကို သဘောတူလက်ခံလိုက်ပါက ၎င်းတို့က ယင်းကို ခွင့်ပြုမည် မဟုတ်ပေ။ သင်သည် ၎င်းတို့ပြောသည့်အတိုင်း မလုပ်ဆောင်လျှင် သင်က ၎င်းတို့မရှိဘဲ လုပ်ဆောင်၍ မရနိုင်ဟု ခံစားရစေဖို့အလို့ငှာ၊ ၎င်းတို့ ပြောသည့်အတိုင်း မလုပ်ဆောင်ပါက သင်သည် အကျိုးဆက်များနှင့် သက်ဆိုင်သည့် ခံစားမှုတစ်ခုကို ခံစားသွားရစေဖို့အလို့ငှာ ၎င်းတို့က အာဏာပြကြလိမ့်မည်။ ယင်းမှာ အန္တိခရစ်တို့၏ စိတ်သဘောထားသည် မည်မျှမာနထောင်လွှားကာ မသတီစရာကောင်းပြီး အကျိုးအကြောင်း မဆီလျော်ပုံ ဖြစ်ပေသည်။ ၎င်းတို့၌ ထုတ်ဖော်ပြသည့် အရာသည် လူ့သဘာဝ လုံးဝ ကင်းမဲ့နေခြင်းဖြစ်ပြီး ထို့အပြင် အသိစိတ် လုံးဝ ကင်းမဲ့ခြင်းလည်း ဖြစ်လေသည်။ ၎င်းတို့၏အပြုအမူ၌ အရာအားလုံးက ၎င်းတို့၏ လုပ်ရပ်များတွင် ဆင်ခြင်တုံတရား လုံးလုံး ကင်းမဲ့သည်ကို ပြလေသည်။ ၎င်းတို့က သင်ပြောသည့်အရာကို လက်ခံမည် မဟုတ်ပေ။ သင်၏စကားများက မည်မျှမှန်ကန်ပါစေ၊ ယင်းတို့ကို ၎င်းတို့က အရေးထားမည် မဟုတ်သကဲ့သို့ သင်လည်း လမ်းဆုံးသို့ ရောက်လိမ့်မည်။ ၎င်းတို့လက်ခံနိုင်သည့် တစ်ခုတည်းသော အခြေခံသဘောတရားမှာ ၎င်းတို့ မည်သည့်အုပ်စုထဲ ရောက်နေပါစေ ၎င်းတို့သည် ၎င်းတို့ရထိုက်သည့် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို ရရှိနိုင်ပါက ၎င်းတို့၏ စိတ်နှလုံးသည် အေးဆေးသက်သာ ရှိသည်— ဤသည်မှာ ၎င်းတို့တည်ရှိမှု၏ တန်ဖိုးဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် မည်သည့် လူအုပ်စုအလယ်တွင် ရှိနေပါစေ ၎င်းတို့ပေးသည့် “အလင်းရောင်” နှင့် “နွေးထွေးမှု”၊ ၎င်းတို့၏ အထူးပင်ကိုစွမ်းရည်များ၊ ၎င်းတို့၏ တစ်မူထူးခြားမှုတို့ကို လူများအား ၎င်းတို့ပြကိုပြရမှ ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က မိမိတို့ကိုယ်ကို ထူးခြားသည်ဟု ယုံကြည်သဖြင့် ၎င်းတို့သည် အခြားသူများထက် သာ၍ ကောင်းမွန်စွာ ဆက်ဆံခြင်းခံရသင့်ကြောင်း၊ လူများ၏ ထောက်ခံမှုနှင့် လေးစားမှုတို့ကို ၎င်းတို့ရရှိသင့်ကြောင်း၊ လူများက ၎င်းတို့ကို အထင်ကြီးသင့်ကြောင်း၊ ကိုးကွယ်သင့်ကြောင်း ၎င်းတို့က အလိုအလျောက် တွေးထင်ကြသောကြောင့် ဖြစ်သည်— ဤအရာများအားလုံးသည် ၎င်းတို့ရထိုက်သောအရာဖြစ်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ထိုသို့သောလူများသည် ပြဿနာများစွာ မရှိသလော။ တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ လူများသည် မှန်သည့်သူ မည်သူ့ကိုမဆို နားထောင်သင့်ကြောင်း၊ ဘုရားအိမ်တော်ကို အကျိုးဖြစ်ထွန်းစေသည့် မည်သူမဆို၏ စကားကို နာခံသင့်ကြောင်း၊ သမ္မာတရား အခြေခံသဘောတရားများနှင့် ကိုက်ညီသည့်သူ မည်သူမဆို၏ အကြံဉာဏ်များကို လူများက သဘောတူလက်ခံသင့်ကြောင်း ပကတိအသိဉာဏ်က စေစားလိမ့်မည် ဖြစ်သည်— သို့ရာတွင် ပကတိအသိဉာဏ်က လွှမ်းမိုးသွားလျှင် လူများက ၎င်းတို့၏ အကြံဉာဏ်များကို သဘောတူလက်ခံတော့မည် မဟုတ်ချေ၊ သို့ဖြစ်၍ ၎င်းတို့က အဘယ်အရာကို လုပ်ကြသနည်း။ ၎င်းတို့သည် ကြောက်စိတ်မွှန်ကြပြီး အခြားသူများကို သိမ်းသွင်းစည်းရုံးဖို့၊ ညီအစ်ကိုမောင်နှမများအား ၎င်းတို့ကို နားထောင်စေပြီး ၎င်းတို့၏ အကြံပြုချက်ကို သဘောတူလက်ခံစေဖို့ အစွမ်းကုန်ကြိုးစားလျက် ၎င်းတို့၏ စိတ်ကူးများနှင့် အကြံပြုချက်များကို ကာကွယ်ဖို့နှင့် ခုခံချေပဖို့ ဆက်လက် ကြိုးစားကြသည်။ ၎င်းတို့၏ အကြံပြုချက်ကို သဘောတူလက်ခံလျှင် ယင်းက ဘုရားအိမ်တော်၏ အမှုတော်ကို မည်သို့အကျိုးသက်ရောက်မည်ကို ၎င်းတို့ထည့်တွက်စဉ်းစားခြင်း မရှိကြပေ။ ယင်းက ၎င်းတို့၏ ဆင်ခြင်စဉ်းစားခြင်း နယ်ပယ်အတွင်း၌ မရှိချေ။ ၎င်းတို့က “ငါ၏ အကြံပြုချက်များကို ဤအကြိမ်တွင် သဘောတူလက်ခံခြင်း မရှိပါက ငါ၏ မျက်နှာကို ငါမည်သို့ပြနိုင်လိမ့်မည်နည်း။ ထို့ကြောင့် ငါယှဉ်ပြိုင်ရမည်— ငါ၏အကြံပြုချက်ကို သဘောတူလက်ခံဖို့ ယှဉ်ပြိုင်ရမည်” ဟုသာ တွေးကြလေသည်။ ယင်းမှာ အချိန်တိုင်း ၎င်းတို့တွေးပြီး လုပ်ဆောင်သည့် အရာဖြစ်ပြီး ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား အတိအကျပင် ဖြစ်လေသည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ထင်ရှားကျော်ကြားမှု ရစေဖို့...၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။... (၃)” မှ

အန္တိခရစ်တစ်ဦး၏ အနှစ်သာရနှင့်သက်ဆိုင်သည့် အသိသာဆုံးသော ဝိသေသလက္ခဏာများထဲမှ တစ်ခုမှာ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ အာဏာရှင်စနစ်ကို အုပ်ချုပ်မင်းလုပ်နေသည့် အာဏာရှင်များကဲ့သို့ဖြစ်သည်- ၎င်းတို့သည် မည်သူ့ကိုမျှ နားမထောင်ပေ၊ ၎င်းတို့သည် လူတိုင်းကို အထင်သေးပြီး၊ အခြားတစ်စုံတစ်ဦး ပြောသည့်အရာ၊ လုပ်ဆောင်သည့်အရာ၊ ထိုသူတို့တွင်ရှိသည့် ထိုးထွင်းအမြင်၊ ထိုသူတို့၏အမြင်ရှုထောင့်၊ ထိုသူတို့၏ အားသာချက်များ အားလုံးသည် ၎င်းတို့အမြင်တွင် နိမ့်ကျသည်။ ၎င်းတို့အတွက် မည်သူတစ်ဦးတစ်ယောက်မျှ ၎င်းတို့ လုပ်ဆောင်လိုသည့်အရာတွင် ပါဝင်ဖို့ မသင့်တော်သကဲ့သို့၊ သူတို့သည် ဆွေးနွေးတိုင်ပင်ဖို့ သို့မဟုတ် အကြံပြုချက်များ ပေးဖို့ အရည်အချင်းမပြည့်မီပုံ ရသည်- ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားမျိုး ဖြစ်သည်။ ဤသည်မှာ ညံ့ဖျင်းသော လူ့သဘာဝ ဖြစ်သည်ဟု လူအချို့က ပြောကြသည်- ယင်းက အဆန်းတကြယ် မဟုတ်သည့် ညံ့ဖျင်းသော လူ့သဘာဝ မည်သို့များ ဖြစ်နိုင်သနည်း။ ဤသည်မှာ စာတန်၏ စိတ်သဘောထားတစ်ခု လုံးလုံး ဖြစ်သည်။ ဤစိတ်သဘောထားမျိုးသည် အလွန့်အလွန် ခက်ထန်သည်။ ၎င်းတို့၏ သဘာဝသည် အလွန့်အလွန် ခက်ထန်သည်ဟု ငါ အဘယ့်ကြောင့် ပြောသနည်း။ အန္တိခရစ်များက အသင်းတော်၏ အကျိုးစီးပွားအပါအဝင်၊ ဘုရားအိမ်တော်၏အမှုတို့ကို မည်သူတစ်ဦးတစ်ယောက်၏ ကြားဝင်နှောင့်ယှက်ခြင်းမျှ မပါဘဲ၊ ၎င်းတို့ လုံးလုံး စီမံခန့်ခွဲသင့်သည့် ၎င်းတို့၏ကိုယ်ပိုင်အဖြစ်၊ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ ပိုင်ဆိုင်မှုအဖြစ် ယူဆကြသည်။ ထို့ကြောင့် ဘုရားသခင်အိမ်တော်၏ အမှုကို လုပ်ဆောင်သည့်အခါ၊ ၎င်းတို့ တွေးသည့်တစ်ခုတည်းသော အရာများမှာ ၎င်းတို့၏ အကျိုးစီးပွားများ၊ ၎င်းတို့ကိုယ်တိုင်၏ ဂုဏ်ဒြပ်နှင့် ဩဇာတိက္ကမတို့သာ ဖြစ်သည်။ ၎င်းတို့အမြင်တွင် ၎င်းတို့၏ဂုဏ်ဒြပ်နှင့် ဂုဏ်သတင်းကို ဒုက္ခပေးမည့်ဟန်ရှိသည့်သူ မည်သူကိုမဆို ၎င်းတို့ ငြင်းပယ်သည်။ ၎င်းတို့သည် ထိုသူတို့ကို ဖိနှိပ်ပြီး ဝိုင်းပယ်ထားကြသည်။ အသင်းတော်အဖို့ အသုံးတည့်ပြီး အထူးတာဝန်အချို့ကို ထမ်းဆောင်ခြင်းအတွက် အသုံးတည့်ပြီး သင့်တော်သည့်သူများကိုပင် ၎င်းတို့က ကြဉ်ထားပြီး ဖိနှိပ်ထားသည်။ ၎င်းတို့သည် ဘုရားသခင်အိမ်တော်၏ အမှုတော်အတွက် သို့မဟုတ် ဘုရားသခင်အိမ်တော်၏ အကျိုးစီးပွားများအတွက် အရေးထားခြင်း စိုးစဉ်းမျှ မရှိပေ။ တစ်စုံတစ်ဦးက ၎င်းတို့၏ ဂုဏ်အဆင့်အတန်းအတွက် ခြိမ်းခြောက်မှု တစ်ခုဖြစ်ပါက၊ ၎င်းတို့ကို ကျိုးနွံနာခံခြင်းမရှိပါက၊ ၎င်းတို့ကို အာရုံမစိုက်နေပါက၊ ၎င်းတို့သည် ထိုသူကို ကြဉ်ထားကြပြီး ခပ်ခွာခွာနေကြသည်။ ထိုသူတို့ကို ၎င်းတို့နှင့် ပူးပေါင်းခွင့်မပေးဘဲ၊ ၎င်းတို့တာဝန်ရှိသည့် အလုပ်နယ်ပယ်အတွင်း သူတို့ကို မည်သည့်အရေးပါသည့် အခန်းကဏ္ဍ၌မျှ ပါဝင်ခွင့်မပြုသကဲ့သို့၊ သင့်ကို မည်သည့်အရေးပါသည့် အသုံးဝင်မှုကိုမျှ ဖြစ်ခွင့်မပေးပေ။ ဤလူများ၏ လုပ်ဆောင်ချက်များက မည်မျှ ချီးကျူးထိုက်ပါစေ သို့မဟုတ် ဘုရားသခင်အိမ်တော်အတွက် ထိုသူများက မည်မျှ ကြီးမြတ်သည့် အရာကို လုပ်ဆောင်ခဲ့ပါစေ၊ အန္တိခရစ်များက ယင်းကို ဖုံးဖိထားသည်၊ လျှောချပြီး ညီအစ်ကိုမောင်နှမများရှေ့တွင် မပြစေဘဲ၊ ညီအစ်ကိုမောင်နှမများကို အသိမပေးဘဲထားသည်။ ထို့အပြင် အန္တိခရစ်များသည် ဤလူများ၏ အားနည်းချက်များနှင့် ဖောက်ပြန်ပျက်စီးခြင်းများကို ညီအစ်ကိုမောင်နှမများ အလယ်တွင် မကြာခဏ စတင် ပြောဆိုဆွေးနွေးသည်၊ ဤလူများသည် မာနထောင်လွှားကြောင်း၊ ထိုသူတို့သည် လူများ၊ အရေးကိစ္စများနှင့် ပတ်သက်၍ စိတ်ဆိုးညည်းညူကြကြောင်း၊ ထိုသူတို့သည် ဘုရားသခင်အိမ်တော်၏ အကျိုးစီးပွားများကို သစ္စာဖောက်နိုင်ချေ ရှိကြောင်း၊ ထိုသူတို့သည် ဘုရားသခင်အိမ်တော်အစား အပြင်လူများကို ကူညီတတ်ကြောင်း၊ ထိုသူတို့သည် မသိနားမလည်ကြောင်း စသည်ဖြင့် ၎င်းတို့က ပြောကြသည်။ ဤလူများကို ကြဉ်ပြီး ဖိနှိပ်ဖို့ ၎င်းတို့တတ်နိုင်သမျှ ဆင်ခြင်မျိုးစုံကို ရှာဖွေကြသည်။ အမှန်တွင် ဤလူများထဲမှ လူအချို့သည် အထူးကျွမ်းကျင်မှုများရှိကြသကဲ့သို့၊ အချို့တွင် သေးငယ်သော အမှားတစ်ခုရှိကြသည်။ ယေဘုယျအားဖြင့် ထိုသူတို့သည် တာဝန်တစ်ခုကို ထမ်းဆောင်ဖို့ သင့်တော်သည်၊ တာဝန်တစ်ခုကို ထမ်းဆောင်သူများအတွက် အခြေခံသဘောတရားများနှင့် ထိုသူတို့ ကိုက်ညီကြသည်၊ သို့သော် အန္တိခရစ်များ၏အမြင်တွင်၊ ၎င်းတို့က “ဤအရာကို ကျွန်ုပ်မည်သို့မျှ သည်းမခံနိုင်ပါ။ သင်သည် ကျွန်ုပ်နှင့်ယှဉ်ပြိုင်ဖို့ ကျွန်ုပ်၏ အဖွဲ့ထဲတွင် အခန်းကဏ္ဍတစ်ခု လိုချင်သည်။ ယင်းမှာ မဖြစ်နိုင်ပေ၊ စဉ်းတောင်မစဉ်းစားလေနှင့်။ သင်သည် ကျွန်ုပ်ထက် သာ၍ တတ်နိုင်စွမ်းသည်၊ ကျွန်ုပ်ထက် သာ၍ ရှင်းလင်းစွာ ပြောဆိုနိုင်သည်၊ ကျွန်ုပ်ထက် သာ၍ ပညာတတ်ပြီး ကျွန်ုပ်ထက် လူကြိုက်များသည်။ ကျွန်ုပ်၏ ထင်ရှားကျော်ကြားမှုနှင့်ဩဇာအာဏာကို သင် လုယူသွားပါက ကျွန်ုပ် မည်သို့လုပ်ရမည်နည်း။ သင်သည် ကျွန်ုပ်အား သင်နှင့်တွဲဖက်၍ အလုပ်လုပ်စေလိုသလော။ စဉ်းတောင်မစဉ်းစားလေနှင့်။” ၎င်းတို့သည် ဘုရားသခင်အိမ်တော်၏ အကျိုးစီးပွားများကို ဆင်ခြင်ထောက်ထားနေခြင်းလော။ မဟုတ်ပေ။ ၎င်းတို့ တွေးတောသမျှ အရာအားလုံးသည် ၎င်းတို့ကိုယ်တိုင်၏ ဂုဏ်ဒြပ်ကို ထိန်းသိမ်းနိုင်ခြင်း ရှိမရှိသာ ဖြစ်သောကြောင့် ၎င်းတို့သည် ဤလူများကို အသုံးပြုခြင်းထက် ဘုရားသခင်အိမ်တော်၏ အကျိုးစီးပွားများကိုသာ ထိခိုက်စေလိမ့်မည်။ ဤသည်မှာ ကြဉ်ထားခြင်း ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် အရည်အချင်းမရှိသည့် ငတုံးများ၊ မကျွမ်းကျင်သောလူများ၊ အမိန့်ပေးရလွယ်သည့်၊ သွေးဆောင်ရန်လွယ်ကူသည့်၊ ပြီးလျှင် မသိနားမလည်သည့် ထိုးထွင်းသိမြင်မှုမရှိသည့်၊ ကိုယ့်ဦးနှောက်နှင့်ကိုယ် မတွေးသည့်၊ သမ္မာတရားကို နားမလည်သည့်သူများကို စည်းရုံးသည်၊ ထိုသူတို့ကိုသာ ၎င်းတို့က စည်းရုံးသည်။ မယုံကြည်သူများတွင် ဆိုးရိုးစကားတစ်ခုရှိသည်- “ကျွန်ုပ်သည် လူပျင်းတစ်ဦး၏ ဘိုးဘေးဖြစ်ရခြင်းထက်၊ ဖြောင့်မှန်သော လူတစ်ဦး၏မြင်းကိုသာ ခေါ်ငင်ပြီး သူ့အတွက် မြင်းကုန်းနှီးမှ ခြေနင်းကွင်းကို ကိုင်ထား ပေးလိုက်မည်။” သို့ရာတွင် အန္တိခရစ်များကမူ ဆန့်ကျင်ဖက် အတိအကျဖြစ်သည်- ၎င်းတို့သည် ဤလူပျင်းများ၏ ဘိုးဘေးဖြစ်မည်။ ဤသည်မှာ မကျွမ်းကျင်ခြင်း၏ သရုပ်သကန် မဟုတ်လော။ ဥပမာအားဖြင့် ၎င်းတို့က မာနမထောင်လွှားသည့်သူ တစ်ဦးနှင့် ပံ့ပိုးပေးနိုင်သည့် သူတစ်ဦးကို ဖော်ပြသည်။ သင်က ဤလူပုဂ္ဂိုလ်သည် သမ္မာတရားကို နားလည်သဘောပေါက်ခြင်းတွင် မည်သို့ရှိသည်ကို ၎င်းတို့အား မေးသည်၊ ၎င်းတို့က “ထိုသူက အသင့်အတင့် ကောင်းမွန်စွာ နားလည်ကြသည်၊ ၎င်းထံတွင် အစွမ်းအစ အနည်းငယ် ရှိသည်။” ဟု ပြောကြသည်။ အမှန်တွင် ၎င်းတို့ ပြောပြသွားခဲ့သည့် ဤလူပုဂ္ဂိုလ်သည် ပြဿနာလေးတစ်ခု ကြုံတွေ့သည့် အချိန်တွင် ပုန်းနေသည်၊ ၎င်း၌ယုံကြည်ခြင်း လုံးဝမရှိပေ။ ထိုသို့သော လူများအလယ်တွင် သမ္မာတရားကို နားမလည်သည့်သူများ၊ ဝိညာဉ်ရေးရာ ကိစ္စများကို နားမလည်သည့်သူများ၊ ကွယ်ရာတွင် အမြဲတမ်း ညည်းညူသည့်သူများနှင့် အမှားများအမြဲ ပြုလုပ်သည့် သူများ ရှိကြသည်။ ထိုသူတို့သည် ငတုံးတစ်သိုက်ဖြစ်ကြသည်၊ အန္တိခရစ်များသည် ၎င်းတို့၏ ဘိုးဘေးများဖြစ်ကြပြီး၊ ထိုသူတို့သည် ၎င်းတို့ စည်းရုံးသည့်လူများဖြစ်သည်။ အန္တိခရစ်များက ဘုရားသခင်အိမ်တော်တွင် “ခေါင်းဆောင်များ” ဖြစ်လာကြသည့်အခါ၊ ဤသူတို့ကို စည်းရုံးနိုင်ဖွယ် ရှိပြီး၊ အကျိုးဆက်အနေဖြင့် ဘုရားသခင်အိမ်တော်၏ အမှုတော်သည် နှောင့်နှေးသည် မဟုတ်လော။ ၎င်းတို့သည် အစွမ်းအစ အနည်းငယ် ရှိသည့်လူများ၊ သမ္မာတရားအနည်းငယ်ကို နားလည်နိုင်သည့်သူများ၊ သမ္မာတရားကို လိုက်စားသည့်သူများ၊ သမ္မာတရား အချို့ကို လက်တွေ့လုပ်ဆောင်သည့်သူများနှင့် ဘုရားသခင်အိမ်တော်၏ အမှုတော်ကို တာဝန်ယူဆောင်ရွက်နိုင်သည့် သူများကို အလေးထားမှု လုံးဝ မရှိကြပေ။ ယင်းမှာ အဘယ့်ကြောင့်နည်း။ ထိုသို့သောလူများသည် ၎င်းတို့၏ ကျွန်များနှင့် နောက်လိုက်များ မည်သည့်အခါမျှ ဖြစ်လာမည် မဟုတ်ပေ၊ ထိုသူတို့သည် ၎င်းတို့၏ထားရာနေ စေရာသွား မည်သည့်အခါမျှ ဖြစ်လိမ့်မည် မဟုတ်သောကြောင့်၊ ၎င်းတို့သည် မိုက်မဲသည့်သူများ၊ ကြောက်တတ်သည့်၊ မသိနားမလည်သည့်၊ ညံ့ဖျင်းသည့်၊ ဉာဏ်ထိုင်းသည့်သူများနှင့် ကိုယ်ပိုင်ဉာဏ်မရှိသည့်သူ တစ်သိုက်ကို စည်းရုံးကြသည်၊ ဤသည်မှာ ၎င်းတို့ စည်းရုံးသည့် အမှိုက်အမျိုးအစား ဖြစ်သည်။ ဤနည်းလမ်းဖြင့် ပြုမူခြင်းသည် ဘုရားသခင်အိမ်တော်၏ အမှုတော်အတွက် အကျိုးဖြစ်ထွန်းစေသလော။ မဖြစ်ထွန်းစေပါ။ ပြီးလျှင် ၎င်းတို့သည် ဤသည်ကို ထည့်သွင်းစဉ်းစားသလော။ ၎င်းတို့သည် မည်သည့်အရာနှင့်ပတ်သက်၍ တွေးနေကြသနည်း။ “ကျွန်ုပ်သည် ကျွန်ုပ်နှင့် အလုပ်လုပ်နိုင်သည့်သူနှင့် သင့်မြတ်နိုင်သည့်သူ မည်သူကိုမဆို၊ ကျွန်ုပ်ကို အရေးပါသည်ဟု ခံစားရစေသည့်သူနှင့် ကျွန်ုပ်၏ တန်ဖိုးကို မီးမောင်းထိုးပြနိုင်သည့်သူ မည်သူကိုမဆို ရှာဖွေနေသည်။” ၎င်းတို့၏စိတ်တူကိုယ်တူလူသိုက်သည် ဝိညာဉ်ရေးရာ ကိစ္စများကို နားမလည်သည့် ငတုံးတစ်သိုက်ဖြစ်ကြသည်။ ၎င်းတို့ ပြဿနာတစ်ခု ကြုံတွေ့သည့်အခါ၊ ၎င်းတို့ထဲမှ တစ်ဦးမျှ သမ္မာတရားကို မရှာဖွေဘဲ၊ ၎င်းတို့ထဲမှ တစ်ဦးမျှ သမ္မာတရားကို နားမလည်ပေ၊ ၎င်းတို့ထဲမှ တစ်ဦးမျှ သမ္မာတရား အခြေခံသဘောတရားများအတိုင်း အမှုအရာများကို ကိုင်တွယ်ခြင်း မရှိကြပေ။ သို့သော် အန္တိခရစ်များက ထိုသူတို့ကို အမှန်တကယ် နှစ်သက်သည့် အရာတစ်ခုရှိသည်- ထိုသို့သော သူများ ပြဿနာတစ်ခု ကြုံတွေ့သည့်အခါ၊ ၎င်းတို့က အန္တိခရစ်များကို ရှာဖွေပြီး ၎င်းတို့ပြောသည့်အရာကို လုပ်ဆောင်ကြသည်။ ဤသည်မှာ အန္တိခရစ်များက တွဲဖက်၍ အလုပ်လုပ်ဖို့ လူများကို ရှာဖွေသည့် အခြေခံသဘောတရားဖြစ်သည်။ ၎င်းတို့သည် အလုပ်လုပ်ဖို့နှင့် ၎င်းတို့ကို ခယဝယလုပ်ဖို့ ငတုံးတစ်သိုက်၊ အမှိုက်တစ်ပုံကို ရှာဖွေသည်၊ ပြီးလျှင် နောက်ဆုံး၌ ဘုရားသခင်အိမ်တော်၏ အမှုတော်အချို့သည် ဆိုင်းငံ့ကုန်ကြသည်။ အသင်းတော်၏အကျိုးစီးပွားများနှင့် အလုပ်၏အရှိန်တို့ကို ထိခိုက်သည်၊ သို့ရာတွင် ဤသူတို့တွင် ယင်းနှင့်ပတ်သက်သည့် အသိစိတ်လုံးဝ မရှိဘဲ၊ “ယင်းမှာ ကျွန်ုပ်၏ တာဝန်သာမဟုတ်။” ဟုပင် ပြောကြသည်။ လူတိုင်းက ဤသည်မှာ ၎င်းတို့ကိုယ်တိုင်၏ တာဝန် မဟုတ်ဟု ပြောပါက၊ ယင်းမှာ မည်သူ့တာဝန် အတိအကျ ဖြစ်သနည်း။ ပြဿနာတစ်ခု ဖြစ်ပေါ်သည့်အခါ၊ မည်သူကမျှ တာဝန်မယူပါက၊ ဤနှစ်များအားလုံးတွင် ဒေသနာများကို ၎င်းတို့နားထောင်ခဲ့ခြင်း၏ အကျိုးမှာ အဘယ်နည်း။ အမှန်တရားများသည် ၎င်းတို့၏မျက်စိရှေ့တည့်တည့်တွင် ရှိသော်လည်း၊ ၎င်းတို့သည် ထိုအမှန်တရားများကို သတိမပြုမိဆဲ ဖြစ်ကြသည်။ ဤလူများသည် အဘယ်လူစားမျိုးနည်း။ အန္တိခရစ်များ ရွေးချယ်သည့် လူများသည် အသုံးမကျသူများဖြစ်သည်ကို ဤအချက်က သက်သေပြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံကြပေ။ အန္တိခရစ်များသည် ငတုံးများ၊ စက်ဆုပ်ဖွယ် ဖြစ်သော အကောင်ယုတ်များနှင့် သမ္မာတရားကို လက်မခံသကဲ့သို့ မချစ်သည့် အသုံးမကျသောသူများဖြင့် တမင်သက်သက် လက်တွဲကြသည်။ ၎င်းတို့သည် ရင်းနှီးသည့် ပေါင်းသင်းဆက်ဆံရေးတစ်ခုတွင် အချင်းချင်း သဟဇာတဖြစ်လာသည်အထိ ထိုသူတို့ကို အယုံသွင်း၍ ချဉ်းကပ်လျက်၊ ထိုသူတို့ကို ဖြားယောင်းသွေးဆောင်သည်၊ ပြီးလျှင် ၎င်းတို့သည် အတူတကွ ကောင်းစွာ သင့်မြတ်ကြသည်။ ဤသည်မှာ အဘယ်နည်း။ ယင်းမှာ အန္တိခရစ်တစ်သိုက် မဟုတ်လော။ သင်သည် ၎င်းတို့၏ “ဘိုးဘေးများ” ကို အစားထိုးသည့်အခါ၊ ၎င်းတို့၏ သစ္စာရှိသော သားသမီးတို့က ကန့်ကွက်ကြသည်၊ ဝေဖန်အကဲဖြတ်ကြပြီး အထက်က မတရားကြောင်းပြောပြီး၊ ၎င်းတို့အတွက် ရပ်တည်ဖို့ အတူတကွ စုရုံးကြသည်။ အန္တိခရစ်များသည် ဆိုးယုတ်သော လူအချို့သာလော။ အန္တိခရစ်အချို့တို့သည် မည်သည့်အရေးပါသည့် ပင်ကိုစွမ်းရည်မျှ မရှိသည့် ဖြုန်းသူများ ဖြစ်ကြသော်လည်း၊ ၎င်းတို့နှင့်ပတ်သက်သည့် အရာတစ်ခုရှိသည်- ဂုဏ်ဒြပ်အတွက် ၎င်းတို့၏အထူး တွယ်တာခြင်း ဖြစ်သည်။ ပင်ကိုစွမ်းရည်မရှိသကဲ့သို့ ပညာမတတ်သော်လည်း၊ ၎င်းတို့တွင် ဂုဏ်ဒြပ်ကို နှစ်သက်ခြင်း မရှိဟု မထင်လေနှင့်။ ယင်းမှာ မှားယွင်းသည်၊ ပြီးလျှင် သင်သည် အန္တိခရစ်များ၏ အနှစ်သာရကို စေ့စေ့စပ်စပ် နားမလည်သေးသည်ကို ယင်းက ပြနေသည်။ အန္တိခရစ်တစ်ဦးဖြစ်သည့် မည်သူမဆိုသည် ဂုဏ်ဒြပ်ကို ချစ်မြတ်နိုးသည်။ အန္တိခရစ်များသည် မည်သူနှင့်မျှ တွဲဖက်၍ အလုပ်လုပ်နိုင်စွမ်း မရှိသည့်အတွက် ၎င်းတို့သည် ပင်ကိုအားဖြင့် ဆိုးရွားစွာပြုမူပြီး ပြဿနာရှာလိုသူများနှင့် ခယဝယလုပ်သူတို့တစ်သိုက်ကို မည်သို့စည်းရုံးနိုင်စွမ်း ရှိသနည်း။ ၎င်းတို့သည် ထိုသို့သော လူများနှင့် တွဲဖက်၍ အလုပ်လုပ်လိုသလော။ ၎င်းတို့သည် ဤလူများနှင့် အမှန်တကယ် တွဲဖက်၍ အလုပ်လုပ်နိုင်ပါက၊ ထိုစကားများသည် မှန်ကန်မည် မဟုတ်ပေ။ ၎င်းတို့သည် မည်သူနှင့်မျှ တွဲဖက်၍ အလုပ်လုပ်နိုင်စွမ်းမရှိပေ၊ ပြီးလျှင် ထို “မည်သူနှင့်မျှ” တွင် ၎င်းတို့စည်းရုံးသည့်လူများလည်း ပါဝင်သည်။ သို့ဆိုလျှင် ၎င်းတို့သည် ထိုလူများကို အဘယ့်ကြောင့် စည်းရုံးနေကြသနည်း။ ၎င်းတို့သည် ဩဇာပေးဖို့နှင့် ကြိုးကိုင်ခြယ်လှယ်ဖို့ လွယ်ကူသည့်၊ ကိုယ့်ဦးနှောက်နှင့်ကိုယ်မတွေးနိုင်သည့်၊ သူတစ်ပါးပြောသမျှ လုပ်သည့်၊ မိမိတို့၏ဂုဏ်ဒြပ်ကို ကာကွယ်ဖို့ ၎င်းတို့နှင့် အလုပ်လုပ်သည့်သူတစ်စုကို စည်းရုံးသည်။ အကူအညီပါဘဲ ၎င်းတို့၏ဂုဏ်ဒြပ်ကို ကာကွယ်ဖို့သည် အနည်းငယ် ခက်ခဲကာ၊ အနည်းငယ် ခက်ခဲကြမ်းတမ်းမည် ဖြစ်သောကြောင့်၊ ၎င်းတို့သည် ထိုသို့သော လူတစ်စုကို စည်းရုံးကြလေသည်- ၎င်းတို့အမြင်တွင် “ဝိညာဉ်ရေးရာပြည့်စုံသည်” ဟု ဆိုရသည့်သူတစ်စု၊ ဆင်းရဲဒုက္ခကို ပျော်ရွှင်စွာ ကြံ့ကြံ့ခံနိုင်ပြီး “ဘုရားသခင်အိမ်တော်၏ အကျိုးစီးပွားများ”ကို ကာကွယ်နိုင်သည့် လူတစ်စု ဖြစ်သည်။ ၎င်းတို့ အသီးသီးသည် အမျိုးမျိုးသော အလုပ်တာဝန်များစွာကို လုပ်ဆောင်ကြပြီး ၎င်းတို့ ပြဿနာတစ်ခု ကြုံတွေ့တိုင်း မေးခွန်းများမေးဖို့ သို့မဟုတ် ဆွေးနွေးတိုင်ပင်ဖို့ အန္တိခရစ်များထံသို့ သွားကြသည်။ ဤသည်မှာ လူများနှင့်တွဲဖက်၍ အလုပ်လုပ်ခြင်းကို ဆိုလိုသည်ဟု ၎င်းတို့က တွေးထင်ကြသည်။ သို့ရာတွင် ယင်းသည် ဟုတ်သလော။ ၎င်းတို့သည် ဩဇာပေးဖို့၊ ၎င်းတို့၏ အလုပ်ပြီးဖို့၊ ၎င်းတို့၏ ဂုဏ်ဒြပ်ကို ခိုင်မာစေဖို့ လူတစ်သိုက်ကို ရှာဖွေကြသည်။ ဤသည်မှာ ပူးပေါင်းလုပ်ဆောင်ခြင်း မဟုတ်ပေ- ယင်းမှာ မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းကို စီမံခန့်ခွဲနေခြင်း ဖြစ်သည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (၁)” မှ

အန္တိခရစ်များသည် တစ်ကိုယ်ကောင်းဆန်စွာ၊ အာဏာရှင်ဆန်စွာ ပြုမူပြီး သူတစ်ပါးတို့နှင့် မည်သည့်အခါမျှ မိတ်သဟာယပြုခြင်းမရှိဘဲ ၎င်းတို့ကို လူတို့နာခံရန် အဓမ္မပြုလုပ်ကြသည်။ ဤသည်တို့မှာ အပြုအမူအမျိုးအစားတစ်မျိုးဖြစ်သည်၊ သဘောသဘာဝတူညီမှုရှိသည့် အပြုအမူများဖြစ်သည်။ အန္တိခရစ်များသည် မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ မည်သည့်ဆုံးဖြတ်ချက်၊ သို့မဟုတ် အစီအစဉ်များကို လုပ်ဆောင်ပါစေ ၎င်းတို့သည် ထိုအရာများကို သူတစ်ပါးတို့နှင့် မည်သည့်အခါမျှ မိတ်သဟာယမပြု၊ သူတစ်ပါးတို့နှင့် အများသဘောဆန္ဒကို ရယူခြင်း မည်သည့်အခါမျှ မရှိ၊ ပြီးလျှင် အလုပ်နှင့် လက်တွေ့လုပ်ဆောင်မှုအတွက် အခြေခံသဘောတရားများကို မည်သည့်အခါမျှ မရှာဖွေပေ။ ထို့အပြင် ၎င်းတို့သည် အဘယ်ကြောင့် ဤသို့ပြုမူလုပ်ဆောင်သည်နှင့်ပတ်သက်ပြီး လူတို့ကို အသိဉာဏ်ပွင့်လင်းစေခြင်း မရှိပေ။ လူတို့သည် စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နေသော်လည်း အန္တိခရစ်များပြောသည့်အတိုင်း လုပ်ဆောင်ရသည်။ တစ်စုံတစ်ယောက်က မေးခွန်းများမေးလျှင် အန္တိခရစ်များက မိတ်သဟာယပြုရန်၊ သို့မဟုတ် ရှင်းလင်းပြရန် ဆန္ဒမရှိဘဲ အခြေအနေတစ်မျိုးတွင် ဤကိစ္စရပ်များကို အပြည့်အဝ ထိန်းချုပ်ထားသည်— ထိုအခြေအနေမှာ အဘယ်နည်း။ ဤအခြေအနေတွင် မည်သူ၌မျှ သိမြင်ပိုင်ခွင့် မရှိပေ။ အန္တိခရစ်များသည် ၎င်းတို့ကျေနပ်သည့်အတိုင်း လုပ်ဆောင်ကြသည်။ မှန်ကန်သည်ဟု ၎င်းတို့ယုံကြည်သည့်အရာကို အပြည့်အဝ ဆောင်ရွက်ရမည်။ အခြားမည်သူကမျှ မေးခွန်းများမေးခွင့် မရှိပေ၊ သို့မဟုတ် သိခွင့်မရှိပေ။ ၎င်းတို့နှင့် လက်တွဲလုပ်ဆောင်ဖို့ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။ လူတို့သည် ၎င်းတို့ကို ပြောထားသည့်အတိုင်းသာ လုပ်ဆောင်နိုင်သည်။ ဤအရာနှင့်ပတ်သက်ပြီး အန္တိခရစ်တို့၏အမြင်မှာ အဘယ်နည်း။ “သင်တို့က ငါ့ကို ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့သောကြောင့် သင်တို့သည် ငါ၏အုပ်ထိန်းမှုအောက်တွင် ရှိပြီး ငါပြောသည့်အတိုင်း လုပ်ဆောင်ရမည်။ သင်တို့သည် ငါပြောသည့်အတိုင်း လုပ်ဆောင်မည်မဟုတ်လျှင် ငါ့ကို မရွေးချယ်နှင့်— ငါ့ကို ရွေးချယ်လျှင် ငါပြောသည့်အတိုင်း လုပ်ဆောင်ရမည်။ ငါတို့လုပ်ဆောင်သည့်အရာအပေါ်တွင် အပြီးသတ် အဆုံးအဖြတ်ပေးပိုင်ခွင့် ငါတစ်ဦးတည်း၌သာ ရှိသည်” ဟူ၍ ဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့၏အမြင်တွင် ၎င်းတို့နှင့် ၎င်းတို့အောက်တွင်ရှိသော နောက်လိုက်များအကြား ဆက်ဆံရေးမှာ အဘယ်နည်း။ အမိန့်များကို ပေးသူမှာ ၎င်းတို့ဖြစ်ပြီး ၎င်းတို့က မှန်သည်၊ မှားသည်ဆိုသည်ကို ၎င်းတို့အောက်တွင်ရှိသောသူများက ပိုင်းခြားစိစစ်ခြင်းပြုလုပ်၍ မရသကဲ့သို့ ၎င်းတို့ကို အပြစ်တင်ခြင်း၊ ခွဲခြားသိမြင်ခြင်း၊ မေးမြန်းခြင်း၊ သို့မဟုတ် သံသယဝင်ခြင်းသော်လည်းကောင်း၊ တစ်စုံတစ်ခုကို စုံစမ်းမြေးမြန်းခြင်းသော်လည်းကောင်း မပြုလုပ်နိုင်ပေ— ဤအရာများထဲမှ မည်သည့်အရာကိုမျှ ခွင့်မပြုပေ။ အန္တိခရစ်တစ်ယောက်သည် အသစ်သော အစီအစဉ်တစ်ခုခု၊ ထုတ်ပြန်ချက်တစ်ခုခု၊ သို့မဟုတ် အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းတစ်ခုခုကို တင်ပြသည့်အခါတိုင်းတွင် လူတိုင်းက ထောက်ခံလျက် လက်ခုပ်တီးပေးရသည်။ မေးခွန်းများမေး၍ မရနိုင်ပေ။ ဤတွင် နိုင်ထက်စီးနင်းပြုမူခြင်းတစ်ခုခု မရှိသလော။ ဤသည်မှာ မည်သည့်နည်းလမ်းပုံစံ ဖြစ်သနည်း။ တစ်ကိုယ်ကောင်းဆန်စွာ၊ အာဏာရှင်ဆန်စွာ ပြုမူခြင်းပင်တည်း။ ဤသည်မှာ မည်သည့်စိတ်သဘောထားမျိုး ဖြစ်သနည်း။ (ရက်စက်ကြမ်းတမ်းမှုဖြစ်ပါသည်။) “တစ်ကိုယ်ကောင်းဆန်စွာ၊ အာဏာရှင်ဆန်စွာ ပြုမူခြင်း” ဆိုသည့် စကားစု၏ အပေါ်ယံ အဓိပ္ပာယ်ရှုထောင့်မှ ကြည့်လျှင် “တစ်ကိုယ်ကောင်းဆန်စွာ ပြုမူခြင်း” ဆိုသည်မှာ ၎င်းတို့၏စကားက အတည်ဖြစ်ခြင်းဖြစ်ပြီး “အာဏာရှင်ဆန်ခြင်း” ဆိုသည်မှာ ၎င်းတို့သာ အကဲဖြတ်ချက်နှင့် ဆုံးဖြတ်ချက်များကို ပြုလုပ်ပြီးနောက် လူတိုင်းက ယင်းတို့ကို ဆောင်ရွက်ရပြီး အခြားမည်သူ့ကိုမျှ မတူညီသော ထင်မြင်ချက်များဖြစ်စေ၊ အယူအဆများဖြစ်စေ ရှိခွင့်မပေး၊ သို့မဟုတ် မေးခွန်းများပင် မေးမြန်းခွင့် မပေးခြင်းဖြစ်သည်။ ၎င်းတို့က တစ်ကိုယ်ကောင်းဆန်စွာ၊ အာဏာရှင်ဆန်စွာ ပြုမူခြင်းဆိုသည်မှာ ၎င်းတို့သည် အရေးကိစ္စတစ်ခုကို ကြုံရသည့်အခါ ၎င်းတို့ဘာသာ အနည်းငယ်စဉ်းစားပြီး မည်သို့လုပ်ဆောင်ရမည်ကို ဆုံးဖြတ်သည်။ ၎င်းတို့သည် ထိုကဲ့သို့သော ဆုံးဖြတ်ချက်များကို အခြားမည်သူ့ကိုမျှ အလေးမထားဘဲ သီးသန့်၊ တစ်ဦးတည်းချမှတ်ကြသည်။ အခြားမည်သူကမျှ၊ ၎င်းတို့၏ လက်တွဲဖော်များ၊ သို့မဟုတ် ၎င်းတို့အထက်မှ ခေါင်းဆောင်များပင် လုပ်ဆောင်ရမည့်အရာအပေါ် ပြောဆိုခွင့်မရှိပေ။ “တစ်ကိုယ်ကောင်းဆန်စွာ၊ အာဏာရှင်ဆန်စွာ ပြုမူခြင်း” ဟူသည်မှာ ဤအရာကို ဆိုလိုသည်။ ထိုကဲ့သို့သောသူများ လုပ်ဆောင်သည့် နိစ္စဓူဝ အခြေခံသဘောတရားနှင့် နည်းလမ်းမှာ အဘယ်နည်း။ အရေးကိစ္စတစ်ခုကို ၎င်းတို့ကြုံတွေ့သည့်အခါ ယင်းကို ၎င်းတို့၏စိတ်ထဲတွင် စတင်ဆင်ခြင်တွေးတောသည်၊ ၎င်းတို့၏ခေါင်းထဲတွင် ဟိုဟိုသည်သည် နည်းလမ်းများကို အချိန်ယူတွေးတောသည်— သို့သော် ၎င်းတို့မည်သည့်အရာကို စဉ်းစားနေသည်ကို မည်သူကမျှ မသိပေ။ အဘယ်ကြောင့် မည်သူမျှမသိသနည်း။ ၎င်းတို့က မည်သည့်အရာကိုမျှ မပြောသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် စကားပြောရခြင်းကို မနှစ်သက်သောကြောင့်ဖြစ်သည်ဟု လူအချို့က ဆိုကြသည်။ ထိုသို့ဟုတ်သလော။ ဤသည်မှာ အကျင့်စရိုက်နှင့်ပတ်သက်သည့် ပြဿနာတစ်ခု မဟုတ်ပေ။ မည်သည့်အရာကိုမျှ ၎င်းတို့မပြောခြင်းမှာ ၎င်းတို့က သင့်ကို တမင်သက်သက် မပြောပြဘဲ နေသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် တစ်ဦးတည်း ဆောင်ရွက်လိုကြသည်။ မည်သည့်အရာ လုပ်ဆောင်သင့်သည်ဆိုသည်ကို ၎င်းတို့ဘာသာ တွက်ချက်ကြသည်။ မည်သည့်အရာကို ၎င်းတို့တွက်ချက်ကြသနည်း။ ဤအရာတွင် ၎င်းတို့၏ အကျိုးစီးပွား၊ ဂုဏ်အဆင့်အတန်း၊ သိက္ခာနှင့် ဂုဏ်သတင်းတို့ ပါဝင်သည်။ ဤအရာအားလုံးကို ၎င်းတို့တွက်ချက်ကြပြီး “ငါ၏ဂုဏ်အဆင့်အတန်းကို လုံခြုံအောင်ထားရန်၊ ငါ့အောက်၌ရှိသော လူတို့က ငါ့ကို မရိပ်စားမိစေရန်၊ အရေးကြီးဆုံးအဖြစ် အထက်က မသိအောင်ဖုံးကွယ်ရန် နည်းလမ်းကို မည်သို့ရှာရမည်နည်း။ ဤသည်မှာ လွယ်ကူသည့် အလုပ်မဟုတ်။ အရေးကိစ္စတစ်ခုကို ကြုံရပြီး ငါ့အောက်တွင်ရှိသော ညီအစ်ကိုမောင်နှမတို့နှင့် သေချာမစဉ်းစားဘဲ ယင်းကို မိတ်သဟာယပြုလိုက်လျှင် လူတိုင်းက ငါ့ကို ရိပ်စားမိလိမ့်မည်။ ရိပ်စားမိသွားသည့်နောက်တွင် တစ်ဦးဦးက နှုတ်ဖွာပြီး ငါ့ကို ထုတ်ပယ်ပစ်နိုင်သည့် အထက်ကို တင်ပြကောင်းတင်ပြနိုင်သည်၊ ထိုသို့ဆိုလျှင် ငါ၏ဂုဏ်အဆင့်အတန်းကို ငါထိန်းသိမ်းထားနိုင်မည်မဟုတ်။ ထို့အပြင် ငါသည် အခြားလူများနှင့် အဆက်မပြတ် မိတ်သဟာယပြုလျှင် ငါ၏ သေးငယ်သော ဤအရည်အချင်းကို လူတိုင်းက မြင်နိုင်သွားမည်မဟုတ်လော။ ဤသို့ဆိုလျှင် လူတို့သည် ငါ့ကို အထင်သေးလိမ့်မည်မဟုတ်လော” ဟူ၍ မိမိတို့ကိုယ်ကို ပြောဆိုကြသည်။ လူတို့သည် ၎င်းတို့ကို အမှန်တကယ် ရိပ်စားမိပါက ကောင်းသည့်အရာဖြစ်သည်ဟု သင်တို့ဆိုမည်လော၊ မကောင်းသည့်အရာဖြစ်သည်ဟု သင်တို့ဆိုမည်လော။ အမှန်တကယ်တွင် သမ္မာတရားကို လိုက်စားသောသူ၊ ရိုးသားသောသူတို့အတွက် နာမည်၊ ဂုဏ်သတင်းအနည်းငယ် ဆုံးရှုံးခြင်း၊ ၎င်းတို့ကို လူတို့ရိပ်စားမိခြင်းတို့သည် ဘာမျှအရေးမပါပေ။ ဤအရာများကို ၎င်းတို့က ခံစားရသည့်ပုံမပေါ်သကဲ့သို့ သိသိသာသာ သတိပြုမိခြင်းလည်း လုံးဝ မရှိပေ။ ၎င်းတို့သည် ဤအရာတို့ကို အထူးတလည် အရေးကြီးသောအရာအဖြစ် မမှတ်ယူပေ။ သို့ရာတွင် အန္တိခရစ်များကမူ လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို မလိုက်စားပေ။ ၎င်းတို့ကိုယ်တိုင်၏ ဂုဏ်အဆင့်အတန်း၊ ၎င်းတို့အပေါ် အခြားလူတို့၏ အမြင်များနှင့် သဘောထားတို့ကို ၎င်းတို့၏ ကိုယ်ပိုင်ဘဝထက် ပိုအရေးကြီးသောအရာအဖြစ် မှတ်ယူထားကြသည်။ ၎င်းတို့ကို ရွှေပေးအပ်ပြီး အလဲအလှယ်အနေဖြင့် အမှန်တရားကို ပြောဆိုရမည်၊ တကယ့်အခြေအနေ၊ အတွင်းဇာတ်လမ်းကို ပြောဆိုရမည်ဆိုလျှင် ဤကမ်းလှမ်းချက်ကို ၎င်းတို့လက်ခံမည်လော။ ရွှေအနည်းငယ်မျှကိုသာ ပေးလျှင် ထိုက်တန်မှုမရှိဟု ၎င်းတို့ထင်မြင်ကြလိမ့်မည်။ ဤအပေးအယူကို လက်ခံမည်မဟုတ်ဘဲ “ဘုရားသခင်ကို ယုံကြည်သူဖြစ်သော ငါတို့သည် ငွေကိုမချစ်၊ သမ္မာတရားကို ချစ်သည်” ဟု ပြောလျက် ၎င်းတို့ကိုယ်ကို ဆက်လက်ပြီး ဟန်ဆောင်ဖုံးကွယ်ကြလိမ့်မည်။ ရွှေအများအပြားပေးလျှင် ၎င်းတို့သည် လိမ်လည်လှည့်ဖြားပြီး ငွေကြေးကို ရယူရန်အတွက် မှန်ကန်မှုရှိသော ပြီးစလွယ်အကြောင်းအရာအနည်းငယ်ကို ပြောဆိုကောင်း ပြောဆိုလိမ့်မည်ဖြစ်ကာ ထို့နောက်တွင် အနည်းငယ်မျှ ပြောင်းလဲခြင်းမရှိဘဲ ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်ကြလိမ့်မည် ဖြစ်သည်။ “ကျားသစ်သည် မိမိအကွက်အကျားတို့ကို မပြောင်းလဲနိုင်” ဆိုသည်မှာ ဤအရာကို ဆိုလို၏။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့က ခိုးကြောင်ခိုးဝှက် လုပ်ဆောင်သည်၊ တစ်ကိုယ်ကောင်းဆန်စွာ၊ အာဏာရှင်ဆန်စွာ ပြုမူသည်၊ လူတို့နှင့် မည်သည့်အခါမျှ မိတ်သဟာယမပြုဘဲ လူတို့ကို အဓမ္မနာခံစေသည်” မှ

အန္တိခရစ်များတွင် ကောင်းကင်တမန်မင်းကဲ့သို့ အလားတူ စိတ်သဘောထား ရှိကြသည်။ ကောင်းကင်တမန်မင်းက “ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ငါလုပ်လေပြီ၊ လူသားမျိုးနွယ်သည် ငါ့ထိန်းချုပ်မှုအောက်တွင် ရှိ၏” ဟုပြောပြီး ထို့ကြောင့်ပင် ယင်းက လူသားမျိုးနွယ်ကို သဘောရှိ ဖျက်ဆီးကာ ဖောက်ပြန်ပျက်စီးစေလေသည်။ အန္တိခရစ်များ အာဏာ ရလာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့က “သင်တို့အားလုံး ငါ့ကိုယုံကြည်၍ ငါ့နောက်သို့ လိုက်ရမည်။ ငါ၌ အာဏာတည်၏၊ ငါ၌ အပြီးသတ်ဆုံးဖြတ်ပိုင်ခွင့်ရှိ၏၊ ထို့ကြောင့် တစ်စုံတစ်ခု ဖြစ်လာသည့်အခါ ငါ့ထံလာကြ၊ အသင်းတော်ငွေများကို ငါ့ထံသို့ ယူလာကြ” ဟု ပြောကြသည်။ အခြားလူများက “သင့်ကို အဘယ်ကြောင့် ကျွန်ုပ်တို့ပေးရမည်နည်း” ဟု ပြောကြသည်။ “ငါသည် ခေါင်းဆောင်ဖြစ်သောကြောင့်တည်း— ဤအရေးကိစ္စများကို ကိုင်တွယ်ရန် ငါ၌အာဏာရှိ၏၊ သို့ဖြစ်၍ အရာအားလုံးကို တာဝန်ယူစောင့်ရှောက်ထားရန်မှာ ငါ့သဘောပင် ဖြစ်သည်။” ဤသို့လျှင် ၎င်းတို့သည် အရာအားလုံးကို တာဝန်ယူစောင့်ရှောက်ကြလေသည်။ ညီအစ်ကိုမောင်နှမများ၌ စားသောက်ဖို့ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ရှိမရှိကိုဖြစ်စေ၊ ဒေသနာများ၊ သို့မဟုတ် စာအုပ်များ ရှိမရှိကိုဖြစ်စေ ၎င်းတို့ဂရုမစိုက်ကြပေ။ သို့ရာတွင် မည်သူငွေကိုင်သည်၊ ငွေမည်မျှရှိသည်နှင့် ထိုငွေများကို မည်သို့ သုံးမည်ဆိုသည်တို့နှင့် ပတ်သက်၍မူ ၎င်းတို့ဂရုစိုက်ကြသည်။ အထက်က အသင်းတော်၏ ငွေရေးကြေးရေး အခြေအနေကို မေးခွန်းထုတ်လာလျှင် ၎င်းတို့သည် အသင်းတော်၏ငွေများကို မအပ်နှံရုံသာမက အထက်ကို အမှန်အတိုင်း သိခွင့်ပေးမည်လည်း မဟုတ်ပေ။ ၎င်းတို့သည် အဘယ်ကြောင့် အထက်ကို အမှန်အတိုင်း သိခွင့်မပေးဘဲ နေမည်နည်း။ ၎င်းတို့က ငွေအလွဲသုံးစားလုပ်လိုသည်၊ စိုးမိုးခြယ်လှယ်လိုသည်— ယင်းက အကြောင်းရင်းဖြစ်သလော။ အန္တိခရစ်တို့သည် ရုပ်ဝတ္ထုပစ္စည်း ပိုင်ဆိုင်မှုများ၊ ငွေကြေးနှင့် ဂုဏ်အဆင့်အတန်းတို့ကို အလွန်အမင်း စိတ်ပါဝင်စားကြပြီး၊ “ဘုရားသခင်ကို ယခု ကျွန်ုပ်ယုံကြည်ပါပြီ၊ လောကီအရာများကို လိုက်စားခြင်းနှင့် ငွေငမ်းငမ်းတက်မက်ခြင်းတို့ကို ရပ်လိုက်ပါပြီ” ဟု ၎င်းတို့ပြောသည့်အခါ မြင်ရသကဲ့သို့ သေချာပေါက် မဟုတ်ပေ။ ၎င်းတို့သည် ၎င်းတို့ကို မြင်ရသကဲ့သို့ လုံးဝမဟုတ်ပေ။ ၎င်းတို့သည် ဂုဏ်အဆင့်အတန်းကို လိုက်စားရန်နှင့် ထိန်းသိမ်းရန် အဘယ့်ကြောင့် အစွမ်းကုန် လုပ်ဆောင်ကြသနည်း။ အကြောင်းမှာ ၎င်းတို့သည် ဂုဏ်အဆင့်အတန်းက ဆောင်ကြဉ်းလာသည့် အရာအားလုံးကို ပိုင်ဆိုင်လိုသကဲ့သို့ ထိန်းချုပ်ကာ စိုးမိုးခြယ်လှယ်လိုသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ကောင်းကင်တမန်မင်း၏ စစ်မှန်သော သားစဉ်မြေးဆက်ဖြစ်ပြီး ကောင်းကင်တမန်မင်း၏ သဘာဝနှင့် အနှစ်သာရဟူသည့် ၎င်းတို့၏နာမည်နှင့် လျော်ညီအောင် နေထိုင်ရှင်သန်ကြသည်။ ဂုဏ်အဆင့်အတန်းကို လိုက်စားပြီး ကြွယ်ဝမှုနှင့် ငွေကြေးတို့ကို အာရုံစိုက်သည့်သူ မည်သူမဆိုသည် ၎င်းတို့၏ စိတ်သဘောထားတွင် ဧကန်မုချ ပြဿနာရှိလေသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ရှိခြင်းကိစ္စသက်သက် မဟုတ်ပေ၊ သို့ဖြစ်လျှင် ယင်းမှာ အဘယ်အရာနည်း။ ပထမဦးစွာ ၎င်းတို့သည် လုပ်ငန်းဆောင်တာ တစ်ခုအတွက် တာဝန်ယူခွင့်ရပါက အခြားသူများကို ဝင်ရောက် စွက်ဖက်ခွင့်ပေးမည် မဟုတ်ပေ။ ထို့အပြင် ၎င်းတို့သည် မည်သည့်လုပ်ငန်းဆောင်တာမဆို၏ အကြီးအကဲ ဖြစ်သွားသည်နှင့်တစ်ပြိုင်နက် ဂုဏ်အဆင့်အတန်းကို ဆုပ်ကိုင်ထားပြီး ယင်းအတွက် ရေကုန်ရေခန်း ကြိုးပမ်းလျက် မိမိတို့ကိုယ်ကို ပြစားရန်၊ ကာကွယ်ရန်နှင့် ဂုဏ်ဖော်ရန်၊ လူအုပ်ထဲတွင် ပေါ်လွင်စေရန်နှင့် အမြင့်မားဆုံးဖြစ်လာရန် နည်းလမ်းများ ရှာဖွေလိမ့်မည်။ ထို့အပြင် ပစ္စည်းဥစ္စာကို တွေ့လိုက်ရသည်နှင့် ၎င်းတို့၏စူးစိုက်အကြည့်များက အငမ်းမရခြင်းသို့ ပြောင်းသွားပြီး ၎င်းတို့၏စိတ်က ငွေကြေးအတွက် စဉ်းစားကာ မိမိတို့ကိုယ်ကို အားထုတ်ရင်း အစဉ် အလုပ်ကြိုးစားလျက်ရှိသည်။ ဤအရာများအားလုံးသည် အန္တိခရစ်တစ်ဦး၏ အမှတ်အသားများသာ ဖြစ်လေသည်။ သမ္မာတရားကို ဆွေးနွေးပြောဆိုခြင်းအကြောင်း တစ်စွန်းတစ်စ ထုတ်ဖော်ပြောခြင်းအရာ၌ဖြစ်စေ၊ ညီအစ်ကိုမောင်နှမများ၏ အခြေအနေများကို မေးခြင်းအရာ၌ဖြစ်စေ၊ ထိုသူတို့ဘယ်နှစ်ဦးက အားနည်းသည်၊ သို့မဟုတ် အပျက်သဘောဆောင်သည်ကိုဖြစ်စေ၊ အယောက်စီတိုင်းက မိမိတို့၏တာဝန်များကို မည်မျှကောင်းစွာ ထမ်းဆောင်သည်ကိုဖြစ်စေ ၎င်းတို့စိတ်ပါဝင်စားခြင်း မရှိကြပေ။ သို့သော်လည်း ငွေကြေး၊ မည်သူက လှူဒါန်းနိုင်သည်၊ ငွေပမာဏ၊ ယင်းကို မည်သည့်နေရာတွင် သိမ်းထားသည်တို့နှင့် ပတ်သက်လျှင် ဤအရာများက ၎င်းတို့ ဂရုအစိုက်ဆုံးအရာများ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ အမှတ်အသားနှင့် လက္ခဏာတို့ဖြစ်ကြသည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (၂)” မှ

အန္တိခရစ်များ၏ဆိုးယုတ်မှုတွင် အဓိက ထူးခြားသော လက္ခဏာ တစ်ခုရှိသည်— ယင်းကို မည်သို့ပိုင်းခြားသိမြင်ပုံနှင့် သက်ဆိုင်သည့် လျှို့ဝှက်ချက်ကို သင့်တို့အား ငါဝေမျှမည်။ လျှို့ဝှက်ချက်မှာ ဤအရာဖြစ်သည်— ပထမဦးစွာ ၎င်းတို့၏ အပြောအဆိုတွင်ဖြစ်စေ၊ ၎င်းတို့၏အပြုအမူတွင်ဖြစ်စေ ၎င်းတို့သည် သင့်အတွက် ဉာဏ်မမီနိုင်ပေ။ ၎င်းတို့ကို သင်အဓိပ္ပာယ်မကောက်နိုင်ပေ။ သင့်ကို ၎င်းတို့ စကားပြောနေသည့်အခါတွင် ၎င်းတို့၏မျက်လုံးများက အမြဲပင် ကစားနေပြီး ၎င်းတို့အနေဖြင့် မည်သည့်အကြံအစည်မျိုး လျှို့ဝှက်ကြံစည်နေသည်ကို သင်မသိနိုင်ပေ။ ၎င်းတို့က အလွန် “စစ်မှန်” ပြီး “ရိုးသား” သည့်ပုံပေါ်သည့်အခါတွင်ပင် ၎င်းတို့ကို သင်မတွက်ဆနိုင်သေးပေ။ သင်၏စိတ်နှလုံးထဲ၌ အထူး ခံစားချက်တစ်ခု ရှိသည်၊ ၎င်းတို့၏ အတွေးများအတွင်း နက်ရှိုင်းသော သိမ်မွေ့နက်နဲမှု၊ ဉာဏ်မမီသော နက်ရှိုင်းမှု ရှိသည်ဆိုသည့် ခံစားမှုတစ်ခုဖြစ်သည်။ ၎င်းတို့က သိုဝှက်ပြီး ဆန်းကြယ်ပုံရသည်။ ဤသည်မှာ ပထမဆုံး ထူးခြားသော လက္ခဏာဖြစ်ပြီး ဤတစ်ခုတည်းကပင် ဆိုးယုတ်မှု၏ ထူးခြားသောလက္ခဏာဖြစ်လေသည်။ အန္တိခရစ်များ၏ ဆိုးယုတ်မှုနှင့်သက်ဆိုင်သည့် ဒုတိယ ထူးခြားသောလက္ခဏာမှာ ထင်ယောင်ထင်မှား အလွန်ဖြစ်စေသော နည်းလမ်းများဖြင့် ၎င်းတို့ပြောဆိုပြုမူကြခြင်း ဖြစ်သည်။ ဤထင်ယောင်ထင်မှား ဖြစ်စေခြင်းကို မည်သည့်နေရာတွင် တွေ့မြင်နိုင်သနည်း။ ၎င်းတို့သည် အခြားသူများ၏စိတ်သဘောကို နားလည်ခြင်း၌ အထူးသဖြင့် ကျွမ်းကျင်သည့်အချက်၊ ၎င်းတို့၏စကားများသည် သာယာနာပျော်ဖွယ်ဖြစ်ပြီး မှန်ကန်ပုံရသည့်အချက်တွင် တွေ့မြင်နိုင်ပေသည်။ ၎င်းတို့သည် နက်နဲသော အယူအဆများကို အသေးစိတ်ရှင်းပြပြီး စိတ်ခံစားချက်များ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား၊ သဘောတရားတို့၏ ရှုထောင့်များမှ အခြားသူများ လက်ခံနိုင်ဖွယ်ရှိသည့် အရာများဖြစ်သော မှန်ကန်သည့်အရာများကို ပြောသည်။ သို့ရာတွင် သင် ပိုင်းခြားသိမြင်သင့်သည့် အရာတစ်ခုရှိ၏။ ၎င်းတို့ပြောဆိုသည့် သာယာနာပျော်ဖွယ် အရာများအားလုံးကို ၎င်းတို့ ကိုယ်တိုင်ကိုယ်ကျ လိုက်နာခြင်း မရှိပေ။ ဥပမာအနေဖြင့် ရိုးသားသည့်သူတစ်ဦး မည်သို့ဖြစ်ရမည်၊ ပြဿနာတစ်ခုနှင့် ထိပ်တိုက်ရင်ဆိုင်ရသည့်အခါ မည်သို့ဆုတောင်းရမည်၊ သို့မဟုတ် သင့်အသက်တာ၌ ဘုရားသခင်ကို မည်သို့ စိုးမိုးခွင့်ပေးရမည်တို့ကို ၎င်းတို့က သင့်အား ပြောသည်ဆိုပါစို့— ၎င်းတို့ကိုယ်တိုင် ပြဿနာများနှင့် ထိပ်တိုက်ရင်ဆိုင်ရသည့်အခါ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သည်ကိုသာ ကြည့်လော့။ ၎င်းတို့က ဦးနှောက်ခြောက်ခံ စဉ်းစားရင်း ဟိုဟိုသည်သည် လုပ်ဆောင်လျက် ၎င်းတို့၏အကြံဉာဏ်များ၊ ၎င်းတို့၏ အတွေးအခေါ်များနှင့် ၎င်းတို့၏စွမ်းရည်များအပေါ် မှီခို အားထားကြသည်။ အခြားသူများက ၎င်းတို့ကို အစေခံစေဖို့၊ ၎င်းတို့၏အရေးကိစ္စများကို ကိုင်တွယ်စေဖို့ ၎င်းတို့က တတ်နိုင်သမျှ ကြိုးစားကြသည်။ ၎င်းတို့မလုပ်ဆောင်သည့် အရာမှာ ဘုရားသခင်ထံ ဆုတောင်းခြင်း ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် လူများအနေဖြင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်မှုများကို မည်သို့လက်ခံသင့်ပြီး ကျိုးနွံနာခံသင့်ကြောင်းတို့ကို စိတ်ထဲကမပါဘဲ ပြောကြသော်လည်း ၎င်းတို့၏ကိုယ်ပိုင်ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါတွင် ၎င်းတို့လုပ်ဆောင်သည့် ပထမဆုံး လုပ်ရပ်မှာ ထွက်ပေါက်ရှာခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်မှုများကို လက်မခံကြပေ— လူများမြင်သည့်အရာမှာ ၎င်းတို့သည် မိမိတို့၏ လုပ်ရပ်များ၌ ကျိုးနွံနာခံခြင်း မရှိဘဲ မိမိတို့ကိုယ်ကိုအတွက် ထွက်ပေါက်ရှာဖို့ ကြိုးစားခြင်းသာ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ ဆိုးယုတ်သောဘက် ဖြစ်သည်၊ ယင်းက ၎င်းတို့၏ ထင်ယောင်ထင်မှားဖြစ်စေသော သွင်ပြင်လက္ခဏာ၏ နောက်ကွယ်တွင် တည်ရှိနေသည်။ ၎င်းတို့၏အလုပ်တွင် တစ်ခါတစ်ရံ ၎င်းတို့သည် ညဉ့်နက်သည်အထိ အလုပ် လုပ်သော်လည်း၊ သို့မဟုတ် အစားအစာနှင့် အိပ်စက်ခြင်းတို့ကိုပင် ရှောင်ကြဉ်ကြသော်လည်း ဘုရားအိမ်တော်က ပြုလုပ်သည့် စီစဉ်မှုကို ရင်ဆိုင်ရသည့်အခါ ယင်းကို အကောင်အထည်ဖော်ခြင်း၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်း မရှိသကဲ့သို့ သမ္မာတရားကိုလည်း ၎င်းတို့လက်မခံကြပေ။ ၎င်းတို့ထုတ်ဖော်ပြသည့် နောက်ထပ် အပြုအမူတစ်ခုမှာ ညီအစ်ကိုမောင်နှမများက ၎င်းတို့ သဘောမတူသည့် ထင်မြင်ချက်တစ်ခုကို ဖော်ပြသည့်အခါ ၎င်းတို့သည် လှည့်ပတ်ပြောဆိုလျက် ယင်းကို အလွန် ဝေ့ဝိုက်သော နည်းလမ်းဖြင့် ငြင်းပယ်ကြခြင်း ဖြစ်သည်။ ယင်းက ၎င်းတို့သည် သင်၏အကြံဉာဏ်ကို အလွန် အလေးအနက်ထားသည်ဟု သင့်အား ခံစားရစေသည်။ ၎င်းတို့က လူတိုင်းနှင့် မိတ်သဟာယဝေမျှကာ ယင်းကို ဆွေးနွေးကြသော်လည်း နောက်ဆုံးခြုံငုံ၍ ကြည့်လိုက်လျှင် ၎င်းတို့ပြောသည့်အတိုင်းသာ သင်လုပ်ဆောင်ရဆဲ ဖြစ်လေသည်။ အခြားသူများ၏ အကြံဉာဏ်များကို ငြင်းဆိုဖို့၊ အခြားသူများက ၎င်းတို့ကို သဘောတူလက်ခံပြီး ၎င်းတို့ ပြောသည့်အတိုင်း လုပ်စေဖို့ ၎င်းတို့က အစွမ်းကုန် ကြိုးစားလိမ့်မည်။ ဤသည်မှာ သမ္မာတရား အခြေခံသဘောတရားများကို ရှာဖွေခြင်း ဖြစ်သလော။ ၎င်းတို့ လက်တွေ့လက်ဆောင်နေသည့် အခြေခံသဘောတရားမှာ အဘယ်အရာနည်း။ ယင်းမှာ ၎င်းတို့ကို လူတိုင်းက နားထောင်အောင်နှင့် ကျိုးနွံနာခံအောင် လုပ်ရန်ဖြစ်ပြီး အခြားသူများကို နားထောင်ခြင်းသည် ၎င်းတို့ကို နားထောင်ခြင်းလောက် မည်သည့်အခါမျှ မကောင်းကြောင်း၊ ၎င်းတို့၏အကြံဉာဏ်များသည် အကောင်းဆုံး၊ အမြင့််မြတ်ဆုံး ဖြစ်ကြောင်းနှင့် ၎င်းတို့သည်သာလျှင် သမ္မာတရားဖြစ်ပြီး ၎င်းတို့ပြောသည့်အရာသည် အကြွင်းမဲ့ မှန်ကန်ကြောင်းတို့ ဖြစ်သည်။ ဤသည်မှာ ဆိုးယုတ်ခြင်း မဟုတ်လော။ အန္တိခရစ်တစ်ဦး၏ဆိုးယုတ်မှုနှင့်သက်ဆိုင်သည့် တတိယမြောက် ထူးခြားသော လက္ခဏာမှာ ၎င်းတို့သည် မိမိတို့ကိုယ်ကို သက်သေခံသည့် အချိန်တိုင်း— ၎င်းတို့၏အရည်အသွေး၊ ၎င်းတို့ပေးဆပ်ခဲ့သည့် အဖိုးအခနှင့် အပြင်ပန်းတွင် ၎င်းတို့ကောင်းစွာ လုပ်ဆောင်ခဲ့သည့် လူတိုင်းမြင်နိုင်သော အရာအချို့၊ သို့မဟုတ် ၎င်းတို့နှင့်အတူ အခြားသူများအတွက် အကျိုးဖြစ်စေနိုင်သည့် အရာအချို့တို့ကို သက်သေခံတိုင်း— ဤအရာများအားလုံးကို ၎င်းတို့ပြောပြီးသည့်အခါတိုင်းတွင် ၎င်းတို့သည် အလွန်စွမ်းရည်ပြည့်ဝသည့်တိုင် ဘုရားသခင်ကို သက်သေခံနိုင်ဆဲဖြစ်သည်ဟု သင့်အား မြင်စေလျက် ၎င်းတို့က “ဘုရားသခင် ကျေးဇူးတော်ပင် ဖြစ်သည်။ ဤအရာအားလုံးကို ကိုယ်တော်က ပြုခဲ့သည်” ကဲ့သို့သော အထူးသဖြင့် ဝိညာဉ်ရေးဆန်သည့်အရာ တစ်ခုခုကို ပြောခြင်းအားဖြင့် အဆုံးသတ်ကြသည်၊ အမှန်တကယ်တွင် ၎င်းတို့က မိမိတို့ကိုယ်ကို သက်သေခံနေခြင်းဖြစ်ပြီး ဘုရားသခင်ကို အလျဉ်းသင့်၍ ပါလာသည့် စကားညှပ်အဖြစ်သာ ပြုနေခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို စိုးစဉ်းမျှ သက်သေခံခြင်းမရှိဘဲ မိမိတို့ကိုယ်ကိုသာ သက်သေခံဖို့ အခွင့်အရေးတစ်ခုအနေဖြင့် ဤအရာကို အသုံးချနေခြင်း ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စဉ်းလဲသော လှည့်ကွက်တစ်ခု မဟုတ်လော။ ဤသည်မှာ ဆိုးယုတ်မှု မဟုတ်လော။ ဤအရာသုံးခုကို အခြေခံအဖြစ်ထား၍ အန္တိခရစ်များကို အလွယ်တကူ ပိုင်းခြားသိမြင်နိုင်ပေသည်။

အန္တိခရစ်များ၏ နောက်ထပ် အဓိက ထူးခြားသော လက္ခဏာတစ်ခုရှိသေးသည်၊ ယင်းက ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားနှင့် အနှစ်သာရတို့၏ အဓိက ဖော်ပြချက်များထဲမှ တစ်ခုလည်းဖြစ်၏။ ၎င်းတို့သည် ဒေသနာများနှင့် မိတ်သဟာယပြုမှုကို ကြားသည်ဖြစ်စေ၊ မကြားသည်ဖြစ်စေ၊ သို့မဟုတ် ဝတ်ပြုစည်းဝေးပွဲများတွင် ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ— အခြားညီအစ်ကို မောင်နှမများသည် မိမိတို့ကိုယ်ကို သိကျွမ်းခြင်းအပေါ်၊ စီရင်ခံရခြင်း၊ ပြစ်တင်ဆုံးမခံရခြင်း၊ ကိုင်တွယ်ဖြေရှင်းခံရခြင်းနှင့် ပြုပြင်ခံရခြင်းတို့ကို လက်ခံမှုအပေါ်၊ တာဝန်များကို ကောင်းစွာထမ်းဆောင်ခြင်းအပေါ်၊ ဖန်ဆင်းခံတစ်ဦးနှင့် သင့်တော်သည့် အနေအထားတွင် ရပ်တည်ခြင်းအပေါ်၊ ထို့ပြင် ကောင်းချီးမင်္ဂလာများကို ၎င်းတို့၏လိုချင်တောင့်တစိတ်ကို လက်လွှတ်ခြင်းတို့အပေါ် မည်သို့မိတ်သဟာယဖွဲ့သည်ဖြစ်စေ ဤအရာအပေါ် အန္တိခရစ်တို့၏ သဘောထားမှာ အဘယ်နည်း။ အခြားသူများက မည်သို့မိတ်သဟာယပြုပါစေ၊ သို့မဟုတ် လူမည်မျှက ၎င်းတို့၏မိတ်သဟာယကို ဝေမျှပါစေ အန္တိခရစ်များသည် ဂုဏ်အဆင့်အတန်းနှင့် ကောင်းချီးမင်္ဂလာများကို လိုက်စားဖို့ ၎င်းတို့၏ကြံရွယ်ချက်ကို မည်သည့်အခါမျှ မပြောင်းလဲပေ။ ဤအကြောင်းကြောင့် ကာလအတန်ကြာ ၎င်းတို့အလုပ်လုပ်ပြီးသည့် အချိန်တိုင်းတွင် ဘုရားအိမ်တော်အဖို့ မည်သည့်ကူညီဖြည့်ဆည်းမှုကို ၎င်းတို့ပြုလုပ်ပြီး ညီအစ်ကိုမောင်နှမများအတွက် မည်သည့် အရေးကိစ္စများကို ၎င်းတို့ကိုင်တွယ်ခဲ့သည်ဟူ၍ ၎င်းတို့ လုပ်ဆောင်ခဲ့သည့် အရာများကို ရေတွက်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် အစဉ်ပင် တိတ်တခိုး တွက်ချက်ကာ ၎င်းတို့၏စိတ်နှလုံးအတွင်း၌ ရေတွက်နေပြီး ဘုရားသခင်ကို ဈေးဆစ်နေကြသည်။ ၎င်းတို့သည် အဘယ့်ကြောင့် ဤအရာများနှင့်ပတ်သက်ပြီး ဈေးဆစ်ကြသနည်း။ ယင်းက ကနဦးမှစ၍ ၎င်းတို့လိုက်စားရာနှင့် ၎င်းတို့ယုံကြည်ရာ၌ ၎င်းတို့၏ပန်းတိုင်သည် ၎င်းတို့၏စိတ်နှလုံး နက်ရှိုင်းရာတွင် ကောင်းချီးမင်္ဂလာများနောက်လိုက်ဖို့ အစဉ် ဖြစ်နေခဲ့သောကြောင့်ပင်တည်း။ ၎င်းတို့သည် ဒေသနာများကို နှစ်ပေါင်းမည်မျှ နားထောင်ခဲ့ပါစေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်မည်မျှကို ၎င်းတို့စားသောက်ခဲ့ပါစေ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိရန်ဟူသည့် ၎င်းတို့၏ဆန္ဒနှင့် ကြံရွယ်ချက်တို့ကို မည်သည့်အခါမျှ စွန့်လွှတ်မည် မဟုတ်ချေ။ တာဝန်ကျေသော ဖန်ဆင်းခံ တစ်ဦးဖြစ်ဖို့၊ ဘုရားသခင်၏အုပ်စိုးမှုနှင့် အစီအစဉ်များကို လက်ခံဖို့ ၎င်းတို့ကို သင်တောင်းဆိုပါက ၎င်းတို့သည် “ယင်းက မှန်ကန်သည့် လမ်းကြောင်းမဟုတ်၊ ယင်းက ကျွန်ုပ် လိုက်စားနေသင့်သည့် အရာမဟုတ်။ ကျွန်ုပ် လိုက်စားနေသည့်အရာမှာ တိုက်လှန်ခြင်းကို ကျွန်ုပ် ပြုပြီးသည့်အခါ၊ လိုအပ်သော အားထုတ်ကြိုးစားမှုကို ပြုပြီး လိုအပ်သော ဆင်းရဲဒုက္ခကို ကျွန်ုပ်ခံစားပြီးသည့်အခါ၊ ဘုရားသခင်၏ စံနှုန်းနှင့်အညီ အမှုအရာမှန်သမျှကို ကျွန်ုပ် ပြုပြီးသွားသောအခါ ဘုရားသခင်က ကျွန်ုပ်ကို အဘယ်ဆုလာဘ် ပေးမည်နည်း။ ကျွန်ုပ်သည် စောင့်ရှောက်ခံရသည့် သူများထဲမှတစ်ဦး ဖြစ်မည်လော။ ဘုရားသခင်၏ ကောင်းကင်နိုင်ငံတော်၌ မည်သည့်ရာထူးမျိုးကို ကျွန်ုပ် ရမည်နည်း။ ကျွန်ုပ်၏နောက်ဆုံးပန်းတိုင်သည် မည်သည့်အရာ ဖြစ်မည်နည်း ဟူသည်တို့ဖြစ်၏” ဟု ပြောကြသည်။ သင်မည်သို့မိတ်သဟာယပြုပါစေ ၎င်းတို့ စိတ်ထဲ သိုထားသည့် ဤကြံရွယ်ချက်နှင့် တောင့်တမှုတို့ကို သင်မည်သည့်အခါမျှ ပပျောက်စေနိုင်မည် မဟုတ်။ ၎င်းတို့သည် ပေါလုနှင့် တစ်မျိုးတစ်စားတည်း ဖြစ်သည်။ ဤဆိုးယုတ်မှုမျိုးအတွင်းတွင် ကိန်းအောင်းနေသည့် ကြမ်းကြုတ်ရက်စက်သော စိတ်သဘောထား တစ်မျိုးမျိုးရှိသည် မဟုတ်လော။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (၂)” မှ

ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့အပေါ် အန္တိခရစ်များ၏ သမားရိုးကျ သဘောထားမှာ လက်ခံဖို့ကိုဖြစ်စေ၊ ဝန်ခံဖို့ကိုဖြစ်စေ ပြင်းပြင်းထန်ထန် ငြင်းဆန်ကြခြင်းဖြစ်သည်။ ၎င်းတို့သည် ညီအစ်ကို မောင်နှမများနှင့် ဘုရားအိမ်တော်တို့အပေါ် မည်မျှထိခိုက်အောင် လုပ်ပြီးပါစေ ၎င်းတို့သည် နောင်တ စိုးစဉ်းမျှ မခံစားရသကဲ့သို့ တစ်စုံတစ်ခု အကြွေးတင်သည်ဟုလည်း မခံစားကြရပေ။ ဤအမြင်ရှုထောင့်မှကြည့်ပါက အန္တိခရစ်များ၌ လူ့သဘာဝ ရှိသလော။ (မရှိပါ။) ၎င်းတို့သည် ညီအစ်ကို မောင်နှမများ၏ အသက်တာများနှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားနှင့် သက်ဆိုင်သည့် လက္ခဏာသွင်ပြင် အားလုံးကို ကြီးစွာသော ထိခိုက်မှု ဖြစ်စေခဲ့သည်— မည်သူမဆို ယင်းကို တွေ့မြင်နိုင်ပြီး ယင်းကို မြင်သူတိုင်းကလည်း မှန်ကန်သည်ဟု ပြောမည်ဖြစ်သည်— သို့ရာတွင် အန္တိခရစ်များကမူ ဤအချက်ကို လက်ခံခြင်းမရှိသကဲ့သို့ အသိအမှတ်လည်း မပြုပေ၊ ၎င်းတို့ယုံကြည်သည့်အတိုင်း ခေါင်းမာစွာ ခိုင်ခိုင်မာမာ ရပ်တည်ပြီး ဤကိစ္စတွင် ၎င်းတို့မှားကြောင်း၊ ၎င်းတို့တာဝန်ရှိကြောင်းတို့ကို ဝန်မခံကြပေ။ ဤသည်မှာ သမ္မာတရားကို ၎င်းတို့စက်ဆုပ်သည့် လက္ခဏာ တစ်ခု မဟုတ်သလော။ ယင်းမှာ အန္တိခရစ်တို့၏ သမ္မာတရားကို စက်ဆုပ်ရွံရှာမှုဖြစ်သည်၊ ယင်းမှာ ဤအမှုကိစ္စများကို ၎င်းတို့ သဘောထားသည့် နည်းလမ်းဖြစ်သည်။ ဤသည်မှာ ဘုရားအိမ်တော်၏၊ အသင်းတော်၏၊ ညီအစ်ကိုမောင်နှမများ၏ အကျိုးစီးပွားကို အလေးအနက် သဘောမထားခြင်း မဟုတ်သလော။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ထိခိုက်စေပြီး ဖြစ်သည်ကို အသိအမှတ်ပြုပါက ၎င်းတို့သည် တာဝန်ယူရမည် ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကလည်း ပြင်းပြင်းထန်ထန် ထိခိုက်လိမ့်မည် ဖြစ်သည်— ထို့ကြောင့် ၎င်းတို့က ယင်းကို အသိအမှတ်ပြုဖို့ စွဲမြဲခိုင်မာစွာ ငြင်းဆန်နေကြခြင်း ဖြစ်လေသည်။ ယင်းကို လုံးလုံး အသိအမှတ်ပြု၍ မရသကဲ့သို့ ဤအရာကို ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ဝန်ခံလျှင်ပင် အပြင်ပန်းတွင် ၎င်းတို့သည် ထိုသို့ လုပ်ဆောင်လိမ့်မည် မဟုတ်ချေ။ ၎င်းတို့၏ ငြင်းဆန်မှုသည် တမင်သက်သက် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အတိုချုပ်အနေဖြင့် တစ်ဖက်တွင် ထိုသို့သော အရာများသည် အန္တိခရစ်များ၏ သမ္မာတရားကို စက်ဆုပ်ရွံရှာခြင်းနှင့် ရန်လိုခြင်း အနှစ်သာရတို့ကို သိသာထင်ရှားစွာ ညွှန်ပြနေ၏။ အခြားတစ်ဖက်တွင် အန္တိခရစ်များ၌ ဘုရားအိမ်တော်နှင့် အသင်းတော်၏ အကျိုးစီးပွားအပေါ် ပမာမထားခြင်းနှင့် တာဝန်ယူဖို့ ငြင်းဆန်ခြင်း သဘောထား ရှိနေစဉ်တွင် ၎င်းတို့သည် မိမိတို့၏ အကျိုးစီးပွားကိုမူ မည်မျှတန်ဖိုးထားကြောင်း ယင်းတို့က ပြနေသည်။ ၎င်းတို့၌ လူ့သဘာဝ လုံးဝ မရှိချေ။ အန္တိခရစ်များ၏ တာဝန်ကို ခေါင်းရှောင်ခြင်းက ဤပြဿနာများကို သရုပ်ဖော်နေသလော။ (ဖော်နေပါသည်။) တစ်ဖက်တွင် တာဝန်ကို ခေါင်းရှောင်ခြင်းက သမ္မာတရားအပေါ် ရန်လိုသည့် ၎င်းတို့၏ သဘောထားကို ကိုယ်စားပြုနေသည်။ နောက်တစ်ဖက်တွင် ယင်းက ၎င်းတို့၏ လူ့သဘာဝ မရှိခြင်းကို ပြနေသည်။ အခြားလူများ၏ အကျိုးစီးပွားက ၎င်းတို့ကြောင့် မည်မျှထိခိုက်ပါစေ ၎င်းတို့သည် မိမိတို့ကိုယ်ကို အပြစ်တင်စိတ် မခံစားရသကဲ့သို့ ဤအရာအားဖြင့် မည်သည့်အခါမျှလည်း စိတ်သောက မရောက်နိုင်ချေ။ ဤသည်မှာ မည်သည့်သတ္တဝါမျိုး ဖြစ်သနည်း။ ၎င်းတို့က “ဤအရာသည် ကျွန်ုပ်နှင့် အနည်းငယ် သက်ဆိုင်ပါသည်၊ သို့သော်လည်း ကျွန်ုပ်၏အမှားချည်းကား မဟုတ်” ဟု ပြောလျက် အနည်းငယ် ဝန်ခံလျှင်ပင် ဤသည်ကို လူ့သဘာဝအချို့၊ အသိစိတ်အချို့၊ ကိုယ်ကျင့်တရား အခြေခံ ရှိခြင်းအဖြစ် ယူဆနိုင်သေး၏— သို့သော်လည်း အန္တိခရစ်များတွင် လူ့သဘာဝ စိုးစဉ်းမျှပင် မရှိချေ။ သို့ဆိုလျှင် ယင်းတို့သည် အဘယ်အရာဖြစ်သည်ဟု သင်တို့ဆိုမည်နည်း။ (မာရ်နတ်ဖြစ်ပါသည်။) ထိုကဲ့သို့သော လူများ၏ အနှစ်သာရသည် မာရ်နတ်ဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားအပေါ် ၎င်းတို့ပြုထားသည့် ကြီးမားသော ထိခိုက်မှုကြီးကို မမြင်ကြချေ၊ ၎င်းတို့သည် အကြွေးတင်သည်ဟု ခံစားရဖို့ မဆိုထားနှင့်၊ ၎င်းတို့၏စိတ်နှလုံးများ၌ စိုးစဉ်းမျှ သောကမရောက်ကြသကဲ့သို့ မိမိတို့ကိုယ်ကိုလည်း အပြစ်တင်ခြင်း မရှိကြပေ။ ၎င်းတို့သည် လူများပင် ဟုတ်ပါ၏လော။ ဤသည်မှာ သာမန်လူများ၌ မြင်ရသည့်အရာ လုံးဝ မဟုတ်ချေ။ ဤသည်မှာ မာရ်နတ်ဖြစ်သည်။ ၎င်းတို့လုပ်ဆောင်ခဲ့သည့် အရာအတွက် တာဝန်ယူဖို့ ၎င်းတို့ကို မတောင်းဆိုဘဲ ၎င်းတို့၏ အမှားကို ဝန်ခံဖို့သာ တောင်းဆိုလျှင်ပင် ၎င်းတို့သည် ယင်းကို လုပ်ဆောင်နိုင်ဦးမည် မဟုတ်၊ ဤအရာကို ၎င်းတို့အသိအမှတ်ပြုနိုင်ဦးမည် မဟုတ်ချေ။ ၎င်းတို့က “ဤအရာကို ငါဝန်ခံလိုက်လျှင် ဤသည်မှာ ငါမှားသည်ဟု ပြောလိုက်ခြင်းနှင့် တစ်ထေရာတည်း မဟုတ်လော။ ငါသည် အမှားလုပ်သည့်သူတစ်ဦး ဖြစ်နိုင်သလော။ ငါသည် အမြဲ မှန်နေပြီး ကြီးမြတ်နေမည်သာ ဖြစ်၏။ ငါ့ကို အမှားတစ်ခု အသိအမှတ်ပြုခိုင်းခြင်းသည် ငါ၏စရိုက်ကို မလေးစားခြင်း မဟုတ်လော။ ငါသည် မည်သည့်အခါမျှ အမှားတစ်ခုတလေ လုပ်နိုင်မည် မဟုတ်။ ဤကိစ္စသည် ငါနှင့် အနည်းငယ် သက်ဆိုင်လျှင်ပင် ယင်းက ငါ့ကြောင့် ဖြစ်သွားခဲ့ခြင်း မဟုတ်သကဲ့သို့ ငါသာ အဓိက တာဝန်ရှိခြင်းလည်း မဟုတ်။ သင်လိုချင်သည့်သူ မည်သူမဆိုကို သွားရှာလော့၊ ငါ့ထံသို့ကား မလာနှင့်။ မည်သည့်အခြေအနေတွင်မဆို ဤအရာအတွက် ငါတာဝန်မယူနိုင်၊ ဤအမှားကို ငါဝန်မခံနိုင်” ဟု တွေးကြသည်။ ၎င်းတို့၏ အမှားကို စကားဖြင့်သာ အသိအမှတ်ပြုဖို့ ၎င်းတို့ကို သင်တောင်းဆိုလျှင်ပင် ၎င်းတို့က လုပ်ဆောင်နိုင်မည် မဟုတ်ချေ။ ယင်းက ၎င်းတို့ကို သေပေးရန် တောင်းဆိုနေသကဲ့သို့ ဖြစ်လိမ့်မည်— ၎င်းတို့၏အမှားကို ဝန်ခံရပါက ၎င်းတို့သည် စီရင်ခြင်းခံရပြီး ငရဲသို့သွားရမည့်အလား၊ ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ ပစ်ချခံရမည့်အလားပင် ဖြစ်လေသည်။ အနှစ်ချုပ်အနေဖြင့် အခြားသူများက မည်သည့်အရာကို ပြောပါစေ၊ သို့မဟုတ် မိတ်သဟာယ ပြုပါစေ အန္တိခရစ်များသည် နှုတ်ဆိတ်နေဖို့နှင့် အပြင်ပန်းတွင် မငြင်းခုံဖို့ မိမိတို့ကိုယ်ကို အတင်းအကျပ်စေခိုင်းလျှင်ပင် စိတ်ထဲတွင် ၎င်းတို့သည် ပြိုင်ဆိုင်နေကြကာ ဆန့်ကျင်နေပြီး ခုခံနေကြသည်။ မည်သည့် အတိုင်းအတာအထိ ၎င်းတို့ခုခံနေသနည်း။ အမှားတစ်စုံတစ်ခု ပြုမိသောကြောင့် ယခင်ဆယ်နှစ်က ကိုင်တွယ်ဖြေရှင်းခံရသည့် အန္တိခရစ် အချို့ရှိကြသည်။ ယင်းကို ဆယ်စုနှစ်ကြာပြီးနောက် ပြန်လည် ဆွေးနွေးသည့်အခါတွင် ၎င်းတို့က ယင်းသည် ၎င်းတို့၏ အမှားဖြစ်သည်ကို ဝန်မခံသကဲ့သို့ ၎င်းတို့၏တာဝန်ကိုလည်း မယူကြပေ။ နှစ်နှစ်ဆယ် ကြာပြီးနောက် ယင်းကို တစ်ဖန် ဆွေးနွေးသည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကာကွယ်ဖို့ ကြိုးစားနေကြဆဲ ဖြစ်လေသည်။ နှစ်သုံးဆယ်ကြာပြီးနောက် ယင်းကို နောက်တစ်ကြိမ် ဆွေးနွေးသည့်အခါ ၎င်းတို့က မိမိတို့၏ ဆောင်ရွက်ပုံနည်းလမ်းကို မပြောင်းလဲဆဲသာ ရှိလေသည်— ၎င်းတို့က ဆင်ခြေပေးဖို့နှင့် ခုခံချေပဖို့၊ မိမိတို့ကိုယ်ကို ကာကွယ်ဖို့ ဆက်လက်ကြိုးစားကြသည်။ အနှစ်သုံးဆယ်ကြာပြီးနောက် ၎င်းတို့က ဤကိစ္စနှင့်ပတ်သက်၍ ဆုတောင်းဖို့၊ ဤအမှန်တရားကို လက်ခံဖို့၊ ၎င်းတို့၏ အမှားကို အသိအမှတ်ပြုဖို့ ဘုရားသခင်ရှေ့မှောက် လာရောက်ခြင်း မရှိကြသေးပေ။ ၎င်းတို့သည် ဤကိစ္စတွင် လက်တွေ့လုပ်ဆောင်ဖို့ သမ္မာတရားများနှင့် လိုက်နာသင့်သည့် အခြေခံသဘောတရားများကို ရှာဖွေခြင်း မရှိသေးပေ။ ၎င်းတို့၏စိတ်နှလုံးများသည် မကျေမချမ်းမှုဖြင့် ပြည့်နှက်နေဆဲ ဖြစ်ပေသည်— ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ မတရားသဖြင့်ပြုခြင်းကို ခံရသည်ဟုလည်းကောင်း၊ ဘုရားသခင်က ၎င်းတို့ကို နားမလည်ဟုလည်းကောင်း ခံစားကြရသည်။ ဘုရားအိမ်တော်သည် ၎င်းတို့အတွက် စိတ်မကောင်းဖြစ်သင့်သည်၊ ယင်းက ၎င်းတို့အတွက် ပြဿနာများကို တမင်သက်သက် ဖန်တီးကာ ၎င်းတို့ကို သူတစ်ပါးအတွက် ကြားက ဒဏ်ခံရသူများဖြစ်စေပြီး ၎င်းတို့အတွက် အမှုကိစ္စများကို ခက်ခဲစေသည်ဟု ၎င်းတို့တွေးထင်ကြသည်။ ထိုသို့သော လူများသည် ပြောင်းလဲနိုင်သလော။ ၎င်းတို့၏ စိတ်နှလုံးများသည် အပြုသဘောဆောင်သည့် အရာများအပေါ် ရန်လိုခြင်း၊ ခုခံခြင်းနှင့် ရွံမုန်းခြင်းတို့ဖြင့် ပြည့်နှက်နေကြသည်။ ဤအရာအတွက် အခြားသူများက ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့သည် ၎င်းတို့၏ စရိုက်ကို သဲကြီးမဲကြီး တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ယင်းက ၎င်းတို့၏ဂုဏ်ဒြပ်ကို အရှက်ရစေပြီး ၎င်းတို့၏ အဆင့်အတန်းကို အဆုံးစွန် ထိခိုက်စေခြင်း ဖြစ်ကြောင်း ၎င်းတို့ယုံကြည်ကြသည်။ ၎င်းတို့သည် ဆုတောင်းဖို့နှင့် ရှာဖွေဖို့၊ သို့မဟုတ် မိမိတို့၏အမှားများကို သတိပြုမိဖို့ ဤအရေးကိစ္စနှင့်ပတ်သက်၍ ဘုရားသခင်ရှေ့မှောက်သို့ မည်သည့်အခါမျှ လာရောက်ခြင်း မရှိကြသကဲ့သို့ ၎င်းတို့၌ ၎င်းတို့၏အမှားများအတွက် နောင်တရခြင်းနှင့် အသိအမှတ်ပြုခြင်း သဘောထား မရှိခဲ့ဖူးပေ၊ သို့မဟုတ် ဤအမှန်တရားကို လက်ခံဖို့ ဘုရားသခင်ရှေ့မှောက်သို့ မလာရောက်ဖူးပေ— ဤအရေးကိစ္စနှင့် ပတ်သက်၍ ဆုတောင်းဖို့ ဘုရားသခင်ရှေ့မှောက်သို့ လာရောက်ပါက ၎င်းတို့သည် ၎င်းတို့၏ဆန္ဒကို ဆန့်ကျင်၍လည်းကောင်း၊ မကျေနပ်ချက်များဖြင့်လည်းကောင်း ထိုသို့လုပ်ဆောင်ခြင်းဖြစ်မည်ဖြစ်ပြီး ဘုရားသခင်က ၎င်းတို့အတွက် တရားသဖြင့် ပြုပေးစေဖို့အလို့ငှာ ယင်းတို့ကို ဘုရားသခင်အား ၎င်းတို့က ဖော်ပြမည် ဖြစ်သည်။ ၎င်းတို့က ဘုရားသခင်ကို ဖြစ်ပျက်ခဲ့သည့် အရာနှင့်ပတ်သက်၍ အလင်းပြစေလိုပြီး မည်သူက မှန်နေပြီး မည်သူက မှားနေသည်ကိုသာ စီရင်စေလိုသည်။ ထို့အပြင် ဤကိစ္စကြောင့် ၎င်းတို့က ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကိုပင် သံသယရှိကြ၏၊ သို့မဟုတ် ငြင်းပယ်ကြ၏။ သမ္မာတရားနှင့် ဘုရားသခင်က ဘုရားအိမ်တော်နှင့် အသင်းတော်၌ အထွတ်အထိပ် အုပ်စိုးသည်ဆိုသည့်အချက်ကိုလည်း ၎င်းတို့က သံသယရှိပြီး ငြင်းပယ်ကြသည်။ ဤသည်မှာ အန္တိခရစ်များ ကိုင်တွယ်ဖြေရှင်းခံရပြီး ပြုပြင်ခြင်းခံရသည့်အခါတွင် ဖြစ်လာသည့် နောက်ဆုံးရလဒ် ဖြစ်လေသည်။ ၎င်းတို့က သမ္မာတရားကို ယတိပြတ်ပင် လက်မခံကြပေ။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ထင်ရှားကျော်ကြားမှု ရစေဖို့...၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။... (၃)” မှ

၎င်းတို့၏အခြေအနေများက မည်သို့ဖြစ်နေပါစေ ဘုရားသခင်၏ လူ့ဇာတိခံခန္ဓာဖြစ်သည့် ဤသာမန်လူပုဂ္ဂိုလ်သည် ၎င်းတို့အတွက် မလိုလားအပ်သူဖြစ်သည်၊ ဘုရားသခင်ကို ၎င်းတို့ သိကျွမ်းခြင်းအတွက် အဟန့်အတားဖြစ်သည်ဟု အန္တိခရစ်တို့က အစဉ်ခံစားကြရသည်။ ၎င်းတို့က “လူသားများက ခရစ်တော်နှင့် ထိတွေ့ဆက်ဆံမိသည်နှင့်တစ်ပြိုင်နက် နှိုင်းယှဉ်ကြည့်လျှင် ငါတို့သည် အလွန်အရေးမပါသူများနှင့် အလွန် ဖောက်ပြန်ပျက်စီးသူများ ဖြစ်ကြောင်း ခံရခက်အောင် သူဖော်ထုတ်ပြသည်။ ငါတို့သည် ခရစ်တော်နှင့် ထိတွေ့ဆက်ဆံခြင်း မရှိသရွေ့ အလွန်သန့်ရှင်းကြ၏၊ သို့သော်လည်း ခရစ်တော်နှင့် ထိတွေ့ဆက်ဆံမိသည်နှင့် တစ်ပြိုင်နက် ငါတို့သည် အလွန်ချို့တဲ့သည်ဟု မိမိတို့ကိုယ်မိမိ ခံစားရသည်။ ခရစ်တော်နှင့်မတွေ့ဆုံမီတွင် ငါတို့သည် အမှုအရာများစွာကို နားလည်ကြပြီး ငါတို့၏ ဝိညာဉ်ရင့်ကျက်မှုက ကြီးမားသည်။ ဤခရစ်တော်သည် အလွန်ပင် ဒုက္ခပေးလွန်းလှသည်” ဟု မိမိဘာသာ တွေးကြသည်။ ထိုသို့ဖြင့် ၎င်းတို့၌ အားလပ်ချိန်ရှိသည့်အခါ “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” ကို တတ်နိုင်သလောက် ဖတ်ခြင်းသာ အကောင်းဆုံး ဖြစ်မည်ဟု ယုံကြည်ကြသည်။ မည်သည့်နည်းလမ်းကို ၎င်းတို့အသုံးပြုပါစေ၊ ၎င်းတို့၏ အခြေအနေ မည်သို့ရှိပါစေ အန္တိခရစ်များ၏ အဓိက သရုပ်သကန်မှာ ၎င်းတို့က ဘုရားသခင်၏ လူ့ဇာတိခံခြင်းနှင့် သက်ဆိုင်သည့် အချက်နှင့် ခရစ်တော်၏နှုတ်တော်မှ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည် ဆိုသည့်အချက်ကို ငြင်းပယ်ဖို့ ကြိုးစားခြင်း ဖြစ်သည်။ ယင်းက လူ့ဇာတိခံ ဘုရားသခင်၏ အနှစ်သာရကို ငြင်းပယ်ခြင်းနှင့် ခရစ်တော်၏နှုတ်တော်မှ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ဆိုသည့်အချက်ကို ငြင်းပယ်ခြင်းက ၎င်းတို့အား ကယ်တင်ခြင်း မျှော်လင့်ချက် ပေးဘိသည့်အလားပင် ဖြစ်သည်။ ၎င်းတို့၏မွေးရာပါ သဘာဝ၌ အန္တိခရစ်များနှင့် ဘုရားသခင်၏ လူ့ဇာတိခံခန္ဓာတို့က မီးနှင့်ရေကဲ့သို့ အခြေခံအားဖြင့် သဟဇာတမဖြစ်သကဲ့သို့ မည်သည့်အခါမျှ ဆက်စပ်ညီညွတ်၍ မရပေ။ ဤအန္တိခရစ်တို့က ယုံကြည်သည့်အရာမှာ “ခရစ်တော် ဆက်လက်တည်ရှိနေသမျှ ကာလပတ်လုံး ငါ၏နေ့ရက် ရောက်လာမည်ဆိုသည့် မျှော်လင့်ချက် ရှိမည်မဟုတ်ဘဲ ငါသည် စီရင်ခံရပြီး သုတ်သင်ဖယ်ရှင်းခံရမည့် အန္တရာယ်၊ ဖျက်ဆီးခံရပြီး အပြစ်ဒဏ်ပေးခံရမည့် အန္တရာယ်နှင့် ကြုံရလိမ့်မည်။ သို့သော် လူများက သူ့ကို မကြည်ညိုသည်မှာ သူ့ကို မေ့လျော့ပြီး ၎င်းတို့၏စိတ်ထဲတွင် သူ့ကို ချောင်ထိုးထားသည်အထိ ဤခရစ်တော်က မိန့်မြွက်ချက်များကို မပြုသမျှကာလပတ်လုံး၊ သို့မဟုတ် သူ၏အမှုတော်ကို မလုပ်ဆောင်သမျှကာလပတ်လုံး ငါ့အတွက် အခွင့်အရေးရှိလိမ့်မည်” ဟု ဖြစ်သည်။ အန္တိခရစ်များ၏ သဘာဝနှင့် အနှစ်သာရမှာ ၎င်းတို့သည် ခရစ်တော်ကို မမုန်းတီး မစက်ဆုပ်ဘဲ မနေနိုင်ကြခြင်းဖြစ်သည်။ ၎င်းတို့က ၎င်းတို့၏ပင်ကိုစွမ်းရည် ပမာဏနှင့် ၎င်းတို့အရည်အချင်း အဆင့်တို့ဖြင့် ခရစ်တော်ကို မိမိတို့ဘာသာ နှိုင်းယှဉ်ကြသည်၊ ပြီးလျှင် မည်သူ့စကားက ပို၍ အာဏာရှိပြီး မည်သူက ပို၍ တတ်စွမ်းနိုင်သည်ကို ကြည့်ရန် သူ့ကို တုပြိုင်ကြသည်။ ခရစ်တော်ကဲ့သို့ ထပ်တူအမှုအရာကို ပြုလုပ်ခြင်းဖြင့် ခရစ်တော်သည် ၎င်းတို့နည်းတူ လူသားတစ်ဦးဖြစ်သော်လည်း သူ၌ သာမန်လူတစ်ဦး၏ ပင်ကိုစွမ်းရည်၊ သို့မဟုတ် သင်ယူတတ်မြောက်ထားမှုပင် မရှိဟု လူများကို ပြရန် ၎င်းတို့ကြိုးစားကြသည်။ အန္တိခရစ်များသည် ခရစ်တော်နှင့် အဘက်ဘက်မှ ဖက်ပြိုင်အံတု၍ ယှဉ်ပြိုင်ကြလေသည်။ ခရစ်တော်သည် ဘုရားသခင်ဖြစ်သည်၊ ဘုရားဝိညာဉ်တော်၏ ပြယုဂ်ဖြစ်ပြီး သမ္မာတရား၏ လူ့ဇာတိခံယူခြင်း ဖြစ်သည်ဆိုသည့် အချက်ကို ၎င်းတို့က အဘက်ဘက်မှ ငြင်းပယ်ဖို့ ကြိုးစားကြသည်။ ညီအစ်ကိုမောင်နှမများအကြား ခရစ်တော် ဩဇာလွှမ်းမိုးခြင်းမှ တားဆီးဖို့၊ သူ၏နှုတ်ကပတ်တော်များက ၎င်းတို့အကြား အသီးအပွင့်ဖြစ်ထွန်းသွားခြင်းမှ ဟန့်တားဖို့၊ ထို့အပြင် ခရစ်တော်ပြုသည့် အရာများ၊ သူပြောကြားသည့် နှုတ်ကပတ်တော်များ၊ လူများကို သူတောင်းဆိုသည့်အရာများနှင့် သူတို့နှင့်ပတ်သက်၍ သူထားရှိသည့် မျှော်လင့်ချက်များက လူတို့ကြားတွင် အကောင်အထည်ပေါ်လာခြင်းမှ ဟန့်တားဖို့ နည်းလမ်းများ ရှာဖွေရန် ၎င်းတို့သည် ဦးနှောက်ခြောက်အောင် စဉ်းစားကြ၏။ ယင်းက ခရစ်တော်ရှိနေခြင်းဖြင့် ဤအန္တိခရစ်များက ဖယ်ထားခံရမည့်အလား၊ စီရင်ခံရကာ စွန့်လွှတ်ခံရ၍ မှောင်မိုက်သော ထောင့်တစ်ထောင့်တွင် ချောင်ထိုးထားခံရသည့် အသင်းတော်အတွင်းမှ လူများကို ကိုယ်စားပြုသူများ ဖြစ်လာမည့်အလားပင် ဖြစ်တော့သည်။ အန္တိခရစ်များသည် အနှစ်သာရအားဖြင့် ခရစ်တော်ကို လုံးလုံးလျားလျား မလိုလားလွန်းလှ၍ ၎င်းတို့သည် ဆက်စပ်ညီညွတ်၍ မရသည်ကို သရုပ်သကန်မျိုးစုံမှ တွေ့မြင်နိုင်ပေသည်။ အန္တိခရစ်များသည် မိမိတို့ကိုယ်ကို ခရစ်တော်ထံမှ ခွဲထွက်ရန်နှင့် သူ့ကို ဆန့်ကျင်ရန်၊ ခရစ်တော်ကို အနိုင်ယူပြီး သူ့ကို ထိုးလှဲချရန်၊ ခရစ်တော်ပြုထားသည့် အမှုတော် မတည်ရှိတော့စေဖို့၊ အခြေမခိုင် ဖြစ်လာစေဖို့နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများအကြား အသီးအပွင့်ဖြစ်ထွန်းလာခြင်း မရှိနိုင်စေဖို့ လုပ်ဆောင်ရန် လိုအင်ဆန္ဒဖြင့် မွေးဖွားလာကြသည်။ ခရစ်တော်သည် မည်သည့်အမှုကို လုပ်ဆောင်နေပါစေ၊ မည်သည့်နေရာတွင် သူအလုပ်လုပ်နေပါစေ ထိုအရာ လုံးလုံးပျက်စီးပြီး အသီးအပွင့်မရှိသည်ကို ၎င်းတို့မြင်လိုကြသည်။ သို့သော် ဤအရာတစ်ခုမျှ ၎င်းတို့ဆန္ဒရှိသည့်အတိုင်း ဖြစ်မလာသည့်အခါ ၎င်းတို့၏စိတ်နှလုံးတွင် မှောင်မိုက်ခြင်းနှင့် စိတ်ဓာတ်ကျခြင်း ရှိလာသည်။ ဤသည်မှာ မှောင်မိုက်သော ကာလဖြစ်ပြီး ၎င်းတို့၏နေ့ရက်သည် မည်သည့်အခါမျှ ရောက်လာမည်မဟုတ်ဟု ၎င်းတို့ခံစားကြရ၏။ ၎င်းတို့ ဖယ်ထားခံရသည်ဟု ခံစားကြရသည်။ ဘုရားသခင်ကို ၎င်းတို့၏ ဆန့်ကျင်ခြင်းနှင့် ရန်လိုခြင်း အနှစ်သာရသည် ကျင့်ယူထားသည့်အရာ ဖြစ်ကြောင်းကို အန္တိခရစ်များ၏ ဤသရုပ်သကန်များက ပြသလော။ (မပြပါ။) ထိုသို့ဆိုလျှင် ယင်းမှာ မွေးရာပါဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်ဖြစ်သည့် လူများအတွက် သမ္မာတရားကို လက်ခံဖို့၊ ခရစ်တော်ကို သည်းခံဖို့ မဖြစ်နိုင်ပေ။ အပြင်ပန်းမှ ကြည့်ပါက ၎င်းတို့က တစ်စုံတစ်ခုကိုမျှ ပြောထားပုံ၊ သို့မဟုတ် လုပ်ထားပုံ မပေါ်ဘဲ ၎င်းတို့သည်လည်း ကိုယ့်တာဝန်ပိုင်း ကိုယ်ကျေအောင် ထမ်းဆောင်နိုင်စွမ်းရှိပြီး အရိုးခံဖြစ်သော ဟန်ပန်ဖြင့် အဖိုးအခ ပေးနိုင်စွမ်း ရှိလေသည်။ သို့ရာတွင် အခွင့်အရေးရသည်နှင့်တစ်ပြိုင်နက်၊ အချိန်အခါ သင့်သည်နှင့်တစ်ပြိုင်နက် အန္တိခရစ်များ၏ ခရစ်တော်နှင့် အခြေခံအားဖြင့် သဟဇာတမကျသည့် အခြေအနေများသည် စတင်ပေါ်ပေါက်လာလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို အန္တိခရစ်တို့၏ ဆိုင်ပြိုင်တိုက်လှန်မှု၊ ဘုရားသခင်နှင့် ၎င်းတို့၏ သဘောထားကွဲလွဲမှုတို့နှင့်ဆိုင်သည့် အမှန်တရားသည် ပီပီပြင်ပြင် သိသာထင်ရှားလာလိမ့်မည်။ ဤအရာများအားလုံးသည် အန္တိခရစ်များ ရှိသော နေရာများတွင် ယခင်က ဖြစ်ပျက်ခဲ့ပြီးဖြစ်ကာ ဘုရားသခင့် နောက်ဆုံးသောကာလ အမှုတော်၏ ဤနှစ်များအတွင်းတွင် အထူးသဖြင့် များပြားလာသည်။ လူများစွာက ယင်းတို့ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံရပြီးဖြစ်လေသည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ အခြေခံသဘောတရားများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး ဘုရားသခင့်အိမ်တော်၏ စီစဉ်မှုများကို အလေးမထားပေ (၄)” မှ

အန္တိခရစ်များက ဘုရားသခင်၏ အတုမရှိခြင်းကို ငြင်းပယ်ခြင်းမှာ အဓိကအားဖြင့် ၎င်းတို့သည်လည်း ဘုရားဖြစ်လိုသောကြောင့်ဖြစ်သည်။ “ငါအသက်ရှင်သည်အရာမှာ ခရစ်တော်ဖြစ်၏၊ ငါအသက်ရှင်သည်အရာမှာ ဘုရားသခင်ဖြစ်၏၊ ဘုရားသခင်၏အသက်နှင့် ငါသည် ဘုရားသခင်ဖြစ်၏” ဆိုသော ပေါလု၏စကားတို့သည် ၎င်းတို့ အထူးသဖြင့် အနှစ်သက်ဆုံးသောအရာ ဖြစ်သည်။ ဤအမြင်က မှန်ကန်လျှင် ၎င်းတို့သည် ဘုရားသခင်ဖြစ်ဖို့၊ ဘုရင်အဖြစ် အုပ်စိုးရဖို့၊ လူတို့အပေါ် ထိန်းချုပ်မှုကို ရရှိဖို့ မျှော်လင့်ချက်ရှိသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ မမှန်ကန်လျှင် ဘုရင်အဖြစ် အုပ်စိုးဖို့နှင့် ဘုရားသခင်ဖြစ်ဖို့ဟူသည့် ၎င်းတို့၏မျှော်လင့်ချက်များက ပျက်စီးသွားပြီဖြစ်သည်။ အတိုချုပ်ဆိုရလျှင် စာတန်သည် အစဉ်ပင် ဘုရားသခင်နှင့် တန်းတူရည်တူဖြစ်ချင်သည်— အန္တိခရစ်များလည်း ထို့အတူပင်ဖြစ်သည်။ ၎င်းတို့သည်လည်း ဤအနှစ်သာရကို ပိုင်ဆိုင်သည်။ ဥပမာအားဖြင့် ဘုရားသခင်နောက်သို့ လိုက်သောသူများအကြားတွင် ဘုရားသခင်ကို အဆက်မပြတ် ချီးမြှောက်ကာ သက်သေခံသောသူများ၊ ဘုရားသခင်၏ လုပ်ဆောင်မှုအပေါ်၊ ဘုရားနှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က လူသား၌ ဖြစ်စေသော အကျိုးသက်ရောက်မှုအပေါ် အဆက်မပြတ် သက်သေခံသောသူများ ရှိသည်။ လူသားကို ကယ်တင်ရန် ဘုရားသခင်လုပ်ဆောင်သော အမှုအားလုံးကို ၎င်းတို့က ချီးမွမ်းကြသည်။ ဘုရားသခင်ပေးဆပ်ခဲ့သော အဖိုးအခကိုလည်း ၎င်းတို့က ချီးမွမ်းကြသည်။ ဤအရာအားလုံးကို အန္တိခရစ်များကလည်း ခံစားလိုကြသလော၊ သို့မဟုတ် မခံစားလိုကြသလော။ ၎င်းတို့သည် လူတို့ထံမှ ထောက်ခံအားပေးခြင်း၊ မြှောက်ပင့်ခြင်း၊ ချီးမြှောက်ခြင်း၊ ချီးမွမ်းခြင်းကိုပင် ခံစားလိုကြသည်။ အခြား မည်သည့်ရှက်ဖွယ်စိတ်ကူးများကို ၎င်းတို့အကြံပေါက်ကြသနည်း။ လူတို့ကို ၎င်းတို့အပေါ် ယုံကြည်စေလိုကြသည်၊ အရာရာ၌ ၎င်းတို့အပေါ် မှီခိုစေလိုကြသည်။ လူတို့အနေဖြင့် ဘုရားသခင်ကို အမှီပြုခြင်းမှာလည်း ပြဿနာမရှိပေ။ သို့သော် ဘုရားသခင်ကို ၎င်းတို့မှီခိုနေသည့် တစ်ချိန်တည်းမှာပင် အန္တိခရစ်များအပေါ် ၎င်းတို့၏အားထားမှုက ပို၍ပင် မှန်ကန်ပြီး ပို၍ပင် စစ်မှန်နေလျှင် အန္တိခရစ်များက အလွန့်အလွန် ကျေနပ်ကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်ကို သင်ချီးမွမ်းပြီး ဘုရားသခင်က သင့်အပေါ် ပေးအပ်ခဲ့သည့် ကျေးဇူးတော်များကို သင်ရေတွက်သည့် တစ်ချိန်တည်းမှာပင် သင်သည် အန္တိခရစ်များ၏ ချီးမွမ်းထိုက်သော အောင်မြင်မှုများအားလုံးကိုပါ ထည့်သွင်းကာ ၎င်းတို့လုပ်ဆောင်သမျှ အရာရာတိုင်းကို အရပ်တကာတွင် အများသိအောင် ပြောဆိုလျက် သင်၏ညီအစ်ကိုမောင်နှမများကြားတွင် ၎င်းတို့ကို အလွန်အမင်း ချီးမွမ်းပါက ၎င်းတို့၏စိတ်နှလုံးထဲတွင် အလွန်ပင် ကျေနပ်ဝမ်းမြောက်လိမ့်မည်ဖြစ်ပြီး တင်းတိမ်ရောင့်ရဲလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်၏ သဘောသဘာဝနှင့် အနှစ်သာရတို့၏ ရှုထောင့်မှ ဆိုရလျှင် ဘုရားသခင်သည် သြဇာအာဏာကို ပိုင်ဆိုင်ကြောင်း၊ ဖြောင့်မတ်ကြောင်းနှင့် လူတို့ကို ကယ်တင်နိုင်ကြောင်း ပြောသောအခါ၊ ထိုကဲ့သို့သော အနှစ်သာရကို ဘုရားသခင်ကသာလျှင် ပိုင်ဆိုင်ကြောင်း၊ ဤအမှုမျိုးကို ဘုရားသခင်ကသာ လုပ်ဆောင်နိုင်ကြောင်းနှင့် ဤအရာတို့ကို လုပ်ဆောင်ရာတွင် မည်သူကမျှ သူ၏ကိုယ်စား ရပ်တည်ခြင်းဖြစ်စေ၊ သူ့ကို ကိုယ်စားပြုခြင်းကိုဖြစ်စေ မလုပ်နိုင်သကဲ့သို့ မည်သူတစ်ဦးတစ်ယောက်မျှ ဤအနှစ်သာရကို မပိုင်ဆိုင်နိုင်ကြောင်း၊ ဤအရာတို့ကို မလုပ်ဆောင်နိုင်ကြောင်း သင်ပြောဆိုသောအခါ အန္တိခရစ်များသည် ၎င်းတို့၏စိတ်နှလုံးတွင် ဤစကားတို့ကို လက်မခံဘဲ အသိအမှတ်ပြုရန် ငြင်းဆန်ကြသည်။ ၎င်းတို့သည် အဘယ်ကြောင့် လက်မခံကြသနည်း။ ၎င်းတို့တွင် ရည်မှန်းချက်များ ရှိသောကြောင့်ဖြစ်သည်— ဤသည်မှာ ဤအရေးကိစ္စ၏ တစ်ပိုင်းဖြစ်သည်။ အခြားအပိုင်းမှာ ၎င်းတို့သည် လူ့ဇာတိခံ ခန္ဓာကို ဘုရားသခင်ဖြစ်သည်ဟု မယုံကြည်သကဲ့သို့ အသိအမှတ်လည်း မပြုကြပေ။ ဘုရားသခင်သည် အတုမရှိကြောင်း၊ ဘုရားသခင်ကသာလျှင် ဖြောင့်မတ်ကြောင်း တစ်စုံတစ်ယောက်က ပြောဆိုသည့်အခါတိုင်းတွင် ၎င်းတို့၏စိတ်နှလုံးထဲ၌ လက်သင့်မခံဘဲ “မှားသည်။ ငါသည်လည်း ဖြောင့်မတ်သည်” ဟူ၍ ပြောဆိုကာ စိတ်အတွင်း၌ ဆန့်ကျင်ကြလိမ့်မည်။ ဘုရားသခင်ကသာ သန့်ရှင်းသည်ဟု သင်ဆိုလျှင် ၎င်းတို့က “မှားသည်။ ငါသည်လည်း သန့်ရှင်းသည်” ဟု ပြောကြလိမ့်မည်။ ပေါလုမှာ ဤအရာ၏ ဥပမာတစ်ခုဖြစ်သည်— သခင်ယေရှုသည် လူသားမျိုးနွယ်အတွက် သူ၏အဖိုးတန်သော အသွေးတော်ကို ပေးအပ်ခဲ့ကြောင်း၊ သူသည် အပြစ်ဖြေရာယဇ်အဖြစ် အစေခံခဲ့ကြောင်း၊ လူသားမျိုးနွယ်အားလုံးကို ကယ်တင်ခဲ့ပြီး လူသားမျိုးနွယ်အားလုံးကို အပြစ်မှ ရွေးနုတ်ခဲ့ကြောင်းကို လူတို့က ပြောဆိုလျက် သခင်ယေရှု၏ နှုတ်ကပတ်တော်ကို ဖြန့်ဝေကြသောအခါ ဤအရာကို ကြားပြီး ပေါလုက မည်သို့ခံစားခဲ့ရသနည်း။ ဤအရာအားလုံးမှာ ဘုရားသခင်၏ လုပ်ဆောင်မှုဖြစ်သည်ဟု သူအသိအမှတ်ပြုခဲ့သလော။ ဤအရာအားလုံးကို လုပ်ဆောင်နိုင်သောသူမှာ ခရစ်တော်ဖြစ်ကြောင်း၊ ခရစ်တော်သည်သာ ဤအရာအားလုံးကို လုပ်ဆောင်နိုင်ကြောင်း အသိအမှတ်ပြုခဲ့သလော။ ဤအရာအားလုံးကို လုပ်ဆောင်နိုင်သောသူသာလျှင် ဘုရားသခင်ကို ကိုယ်စားပြုနိုင်ကြောင်း သူအသိအမှတ်ပြုခဲ့သလော။ မပြုခဲ့ပေ။ သူပြောခဲ့သည်မှာ— “ယေရှုက ကားစင်တင်ခံနိုင်လျှင် လူတို့သည်လည်း ကားစင်တင်ခံနိုင်သည်ပင်။ ယေရှုက သူ၏ အဖိုးတန်သော အသွေးတော်ကို ပေးနိုင်လျှင် လူတို့သည်လည်း ပေးနိုင်သည်ပင်။ ဤအရာကို ထပ်ဖြည့်စွက်ရလျှင် ငါသည်လည်း လမ်းခရီးကို ဟောပြောနိုင်၏။ ငါသည် သူ့ထက်ပို၍ သိကျွမ်းနှံ့စပ်၏။ ငါသည် ဒုက္ခခံနိုင်၏။ သူသည် ခရစ်တော်ဖြစ်သည်ဟု သင်ဆိုလျှင် ငါသည်လည်း ခရစ်တော်ဟု အခေါ်ခံရသင့်သည် မဟုတ်လော။ သူ၏ သန့်ရှင်းသောနာမတော်ကို သင်ချီးကျူးထောမနာပြုလျှင် ငါသည်လည်း ငါရထိုက်သောအရာကို ရသင့်သည်မဟုတ်လော။ သူသည် ခရစ်တော်ဟု ခေါ်ဆိုခံရရန် ထိုက်တန်သည်ဆိုလျှင်၊ သူသည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်လျှင်၊ သူသည် ဘုရားသခင်၏ သားတော်ဖြစ်လျှင် ငါတို့သည်လည်း မဖြစ်သလော။ ဒုက္ခခံစားနိုင်ပြီး အဖိုးအခပေးဆပ်နိုင်သော၊ ဘုရားသခင်အတွက် အပင်ပန်းခံပြီး အလုပ်လုပ်နိုင်သော ငါတို့သည်လည်း ခရစ်တော်မဖြစ်နိုင်သလော။ ငါတို့သည်လည်း ဘုရားသခင်၏ ချီးမွမ်းခြင်းကို ခံပြီး ခရစ်တော်ဟု ခေါ်ဆိုခြင်းကို မခံရနိုင်သလော။ ဤသည်မှာ ခရစ်တော်နှင့် မည်သည့်ကွာခြားမှုများ ရှိသနည်း” ဟူ၍ ဖြစ်၏။ အတိုချုပ်အားဖြင့် ၎င်းတို့သည် ဘုရားသခင်၏ အတုမရှိခြင်းကို နားလည်သဘောပေါက်ရန် မတတ်နိုင်ခဲ့ကြပေ။ နောက်ဆုံး စိစစ်လေ့လာရာတွင် ဘုရားသခင်၏ အတုမရှိခြင်းသည် မည်သည့်အရာဖြစ်သည်ကို ၎င်းတို့နားမလည်ကြပေ။ ခရစ်တော်ဖြစ်ခြင်း၊ သို့မဟုတ် ဘုရားသခင်ဖြစ်ခြင်းသည် လူတစ်ယောက်က နေရောင်အောက်တွင် အပင်ပန်းခံအားထုတ်ပြီး နေရာတစ်ခုကို ရယူသကဲ့သို့ အရည်အချင်းနှင့် လုပ်ဆောင်နိုင်စွမ်း စွမ်းအားအပေါ် ကြိုးပမ်းအားထုတ်ကာ ရယူသောအရာဖြစ်သည်ဟု ၎င်းတို့ယုံကြည်ကြသည်။ ခရစ်တော်၏ အနှစ်သာရရှိခြင်းအားဖြင့် ခရစ်တော်ဟု အခေါ်ခံရခွင့် မရှိ၊ လူတစ်ယောက်သည် ကိုယ်တိုင် အပင်ပန်းခံအားထုတ်ခြင်းမှ၊ ကိုယ်တိုင် လုပ်ဆောင်နိုင်စွမ်းမှတစ်ဆင့် ယင်းကို ရရှိသည်၊ အရည်အချင်းပိုရှိသူ၊ ပို၍လုပ်ဆောင်နိုင်စွမ်းရှိသူ မည်သူမဆိုက ရာထူးအကြီးဆုံး အရာရှိဖြစ်ပြီး အပြီးသတ် ဆုံးဖြတ်ပိုင်ခွင့်ရှိသောသူ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ စဉ်းစားတွေးခေါ်ပုံဖြစ်သည်။ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သမ္မာတရားအဖြစ် အသိအမှတ်မပြုပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် ပြောဆိုထားသော ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို ၎င်းတို့နားမလည်နိုင်ပေ။ ၎င်းတို့သည် လူပိန်းများ၊ မကျွမ်းကျင်သူများ၊ မသိနားမလည်သူများဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ပြောဆိုမှုတွင် မကျွမ်းကျင်သူများ၏ စကားလုံးများ၊ ဝိညာဉ်ရေးရာ နားလည်မှုမရှိသော စကားလုံးများသာ ပါဝင်သည်။ ၎င်းတို့သည် နှစ်အနည်းငယ်မျှ အလုပ်လုပ်ပြီးလျှင် ၎င်းတို့အနေဖြင့် ဒုက္ခခံပြီး အဖိုးအခပေးဆပ်နိုင်စွမ်းရှိပြီးဖြစ်ကြောင်း၊ တရားဟောလျက်ဖြင့် အာပေါင်အာရင်းသန်သန်ပြောဆိုနိုင်ကြောင်း၊ ကြောင်သူတော်အဖြစ် လုပ်ဆောင်နည်းကို ၎င်းတို့သင်ယူသိရှိပြီးဖြစ်ကြောင်း၊ သူတစ်ပါးတို့ကို လှည့်ဖြားနိုင်ကြောင်း၊ လူအချို့၏ သဘောကျမှုကို ရရှိပြီးဖြစ်ကြောင်း ထင်မြင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ခရစ်တော်ဖြစ်လာနိုင်စွမ်း၊ ဘုရားသခင်ဖြစ်လာနိုင်စွမ်း ရှိသည်ဟု အလိုအလျောက်ပင် ယုံကြည်ကြလေသည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ အခြေခံသဘောတရားများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး ဘုရားသခင့်အိမ်တော်၏ စီစဉ်မှုများကို အလေးမထားပေ (၁)” မှ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။