သူတော်ကောင်းယောင်ဆောင်ခြင်း ဆိုသည်မှာ အဘယ်နည်း

18.11.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

၎င်းတို့သည် ကြောင်သူတော်ကြွက်သူခိုးများဖြစ်သဖြင့် ၎င်းတို့ထဲ၌ ပေါ်လွင်သမျှနှင့် ထုတ်ဖော်သမျှမှာ ဟန်ဆောင်ထားခြင်း ဖြစ်သည်၊ ၎င်းတို့အားလုံးမှာ အယောင်ဆောင် ဖြစ်ကြ၏၊ ၎င်းမှာ ၎င်းတို့၏ သရုပ်မှန်မဟုတ်ပေ။ ၎င်းတို့၏သရုပ်မှန်ကို ၎င်းတို့၏စိတ်နှလုံးများအတွင်း ကွယ်ဝှက်ထားကြ၏၊ ၎င်းကို မမြင်ရပေ။ အကယ်၍ လူတို့သည် သမ္မာတရားကို လေ့လာလိုက်စားခြင်း မရှိပါက၊ သမ္မာတရားကို နားမလည်ပါက၊ ၎င်းတို့ ရခဲ့ပြီးသော အယူအဆများမှာ မည်သည့်အရာ ဖြစ်ကုန်သနည်း။ ၎င်းတို့သည် လူတို့မကြာခဏ ပြောသော သြဝါဒစကားများ ဖြစ်သွားသလော။ လူတို့သည် မှန်ကန်သောသြဝါဒများဟု အမည်ရသော ဤသြဝါဒများကို အသုံးပြု၍ ဟန်ဆောင်ခြင်းနှင့် ၎င်းတို့ကိုယ်ကို ကောင်းစွာ ပြရုပ်တင်ခြင်းတို့ကို ပြုကြ၏။ ၎င်းတို့ သွားသောနေရာမှန်သမျှ၊ ၎င်းတို့ပြောသောအရာများ၊ ၎င်းတို့ဆိုသောအရာများနှင့် ၎င်းတို့၏ပြင်ပ အပြုအမူတို့မှာ အခြားသူများအတွက် မှန်ကန် ကောင်းမွန်ပုံရ၏။ ၎င်းတို့မှာ လူသား၏အယူအဆများနှင့် အကြိုက်တို့နှင့် တစ်ထပ်တည်းဖြစ်ကြသည်။ အခြားသူများ၏အမြင်တွင် ၎င်းတို့သည် ဘာသာတရားကို ရိုသေကိုင်းရှိုင်းပြီး နှိမ့်ချကြသည်။ ၎င်းတို့သည် သည်းခံခြင်း၊ စိတ်ရှည်ခြင်းတို့ကို တတ်စွမ်းနိုင်ကြပြီး အခြားသူများနှင့် ဘုရားသခင်ကို ချစ်နိုင်ကြလေသည်၊ သို့သော် အမှန်တကယ်တွင် ဤအရာအားလုံးမှာ အတုအယောင်များ ဖြစ်၏၊ အားလုံးမှာ အယောင်ဆောင် နှင့် ၎င်းတို့ မိမိတို့ကိုယ်ကိုယ် ပြရုပ်တင်ကြသည့်နည်းလမ်း ဖြစ်သည်။ အပြင်ပန်းတွင် ၎င်းတို့သည် ဘုရားသခင်ကို သစ္စာရှိကြသော်လည်း၊ အမှန်တွင် အခြားသူများ မြင်ဖို့ ၎င်းတို့ ဆောင်ရွက်နေကြခြင်း ဖြစ်သည်။ မည်သူမျှ ကြည့်မနေသည့်အခါတွင်၊ ၎င်းတို့သည် စိုးစဉ်းမျှ သစ္စာမရှိကြသကဲ့သို့ ၎င်းတို့ပြုသမျှမှာ ဝတ်ကျေတမ်းကျေ ဖြစ်ကြသည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် ၎င်းတို့၏မိသားစုနှင့် အလုပ်အကိုင်ကို စွန့်လွှတ်ခဲ့ကြသည်၊ ၎င်းတို့သည် အလုပ်ကြိုးစားပြီး ၎င်းတို့ကိုယ်ကို အသုံးတော်ခံကြသော်လည်း၊ အမှန်အားဖြင့် ၎င်းတို့သည် အသင်းတော်မှ တိတ်တဆိတ် အကျိုးအမြတ်ရရှိနေကြပြီး အလှူငွေများကို ခိုးယူနေကြ၏။ အပြင်ပိုင်းတွင် ၎င်းတို့ ထုတ်ဖော်သောအရာမှန်သမျှ၊ ၎င်းတို့၏အပြုအမူ အားလုံးမှာ အတုအယောင်ဖြစ်၏။ ဤအရာမှာ ကြောင်သူတော်ကြွက်သူခိုး ဖာရိရှဲဟု ဆိုလိုခြင်းဖြစ်သည်။ “ဖာရိရှဲ” ဆိုသော ဤလူများသည် မည်သည့်နေရာမှလာသနည်း။ ၎င်းတို့သည် မယုံကြည်သူများအကြားတွင် ပေါ်လာခြင်းလော။ ၎င်းတို့အားလုံးသည် ယုံကြည်သူများအကြားတွင် ပေါ်လာခြင်းဖြစ်၏။ ဤယုံကြည်သူများမှာ အဘယ်ကြောင့် ထိုသူတို့အဖြစ် ပြောင်းလဲကြသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့အား ထိုပုံစံဖြစ်စေခဲ့ခြင်း ဖြစ်နိုင်သလော။ ၎င်းတို့ ထိုကဲ့သို့သော လူများ ဖြစ်လာခြင်း၏ အဓိကအကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် လမ်းမှားကိုလိုက်လျှောက်ခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို တန်ဆာပလာ တစ်ခုအဖြစ် ၎င်းတို့ကိုယ်ကို တပ်ဆင်ရန်အတွက် သဘောထားကြ၏၊ ၎င်းတို့သည် ၎င်းတို့ကိုယ်ကို ဤနှုတ်ကပတ်တော်များဖြင့် တပ်ဆင်ကြပြီး နှုတ်ကပတ်တော်များကို ဝမ်းစာလုံခြုံစေရန်နှင့်တစ်စုံတစ်ခုကို အလကားရရန် အရင်းအနှီးအဖြစ် သဘောထားကြ၏။ ၎င်းတို့သည် သြဝါဒများကို ဟောပြောရုံမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မလုပ်ကြပေ၊ သို့တိုင် ထိုနှုတ်ကပတ်တော်များကို ဘယ်သောအခါမျှ ၎င်းတို့ လက်တွေ့မလုပ်ဆောင်ကြချေ။ ဘုရားသခင်၏လမ်းကို မည်သည့်အခါမျှ လိုက်လျှောက်ခဲ့ခြင်းမရှိဘဲ နှုတ်ကပတ်တော်များနှင့် အယူဝါဒများကို ဆက်လက်ဟောပြောသောသူတို့သည် မည်သို့သော လူအမျိုးအစား ဖြစ်ကြသနည်း။ ဤသူတို့သည် သူတော်ကောင်း ယောင်ဆောင်သော ဖာရိရှဲများ ဖြစ်ကြပေသည်။ ကောင်းသည်ဟု ယူဆသော ၎င်းတို့၏အပြုအမူနှင့် ကောင်းသည်ဟု ယူဆသော ၎င်းတို့၏အကျင့်၊ ၎င်းတို့ အနည်းငယ် စွန့်လွှတ့်ခဲ့ပြီး အသုံးတော်ခံခဲ့ခြင်းမှာ အတင်းအကျပ်လုပ်စေခြင်းကြောင့် လုံးလုံး ဖြစ်သည်၊ ယင်းအရာအားလုံးမှာ ၎င်းတို့ ဟိတ်ဟန်လုပ်ခြင်းပင် ဖြစ်၏။ ၎င်းတို့သည် လုံးလုံးလျားလျား အတုအယောင် ဖြစ်ကြ၏၊ ဟန်ဆောင်မှုသက်သက် ဖြစ်၏။ ဤလူများ၏စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို အနည်းငယ်မျှပင် ကြည်ညိုခြင်း မရှိ၊ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်းပင် မရှိကြချေ။ ထိုမျှမက ၎င်းတို့သည် မယုံကြည်သူများနှင့် သက်ဆိုင်ကြ၏။ အကယ်၍ လူတို့သည် သမ္မာတရားကို လေ့လာလိုက်စားခြင်း မရှိပါက၊ ၎င်းတို့သည် ဤကဲ့သို့ လမ်းကြောင်းမျိုးကို လျှောက်ပြီး ဖာရိရှဲများ ဖြစ်သွားကြလိမ့်မည်။ ၎င်းမှာ ကြောက်မက်ဖွယ် ကောင်းသည်မဟုတ်လော။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“ဘဝတွင် တိုးတက်ခြင်း၏ အညွှန်းခြောက်ခု” မှ

ဣသရေလတွင် “ဖာရိရှဲ” ဆိုသည်မှာ ဂုဏ်ပုဒ် အမျိုးအစားတစ်ခုဖြစ်ခဲ့သည်။ ယခုအခါတွင် အဘယ်ကြောင့် သမုတ်သည့် အမည်တစ်ခု ဖြစ်လာသနည်း။ ဤသည်မှာ ဖာရိရှဲတို့သည် လူ အမျိုးအစားတစ်ခုကို ကိုယ်စားပြုသူများ ဖြစ်လာသောကြောင့် ဖြစ်သည်။ ဤ လူအမျိုးအစား၏ စရိုက်လက္ခဏာများမှာ အဘယ်နည်း။ ၎င်းတို့သည် ဆောင်ပုဒ်တို့ကို ကြွေးကြော်ကြပြီး ကြီးကျယ်သော စကားအသုံးအနှုန်းတို့ကို အသုံးပြုကြသည်။ ၎င်းတို့သည် ဟန်ဆောင်ခြင်း၊ ထင်ပေါ်အောင်ပြုလုပ်ခြင်း၊ မိမိတို့၏ စရိုက်အစစ်အမှန်ကို ဖုန်းကွယ်ခြင်းတို့တွင် ကျွမ်းကျင်ကြပြီး အလွန် မြင့်မြတ်မှု၊ သန့်ရှင်းမှု၊ ဖြောင့်မတ်မှု၊ တရားမျှတမှုနှင့် ဂုဏ်သိက္ခာတို့ကို ဟန်ဆောင်ပြကြသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် သမ္မာတရားကို နည်းနည်းမျှ လက်တွေ့မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် မည်သို့ ပြုမူကြသနည်း။ ၎င်းတို့သည် ကျမ်းစာဖတ်ကြသည်။ တရားဟောကြသည်။ အခြားလူများကို ကောင်းမှုလုပ်ဖို့၊ မကောင်းမှု မလုပ်ဖို့၊ ဘုရားသခင်ကို အာမခံဖို့ သင်ကြားကြသည်။ ၎င်းတို့သည် အခြားလူများရှေ့တွင် နားဝင်ချိုသော စကားများကိုပြောပြီး ကောင်းစွာပြုမူနေထိုင်ကြသော်လည်း သူတို့၏နောက်ကွယ်တွင် လှူဖွယ်ပစ္စည်းများကို ခိုးယူကြသည်။ သခင်ယေရှုက သူတို့သည် “ခြင်တစ်ကောင်ကိုမျှ မပါစေခြင်းငှာ ရေကို စစ်လျက်နှင့် ကုလားအုပ်ကိုမျိုကြ၏” ဟူ၍ ပြောခဲ့သည်။ ဤသည်မှာ ၎င်းတို့၏ အပြုအမူအားလုံးသည် အပေါ်ယံတွင် ကောင်းသည်ဟု ထင်မြင်ရသည်။ ၎င်းတို့သည် ဆောင်ပုဒ်များကို ဝင့်ကြွားစွာ ကြွေးကြော်ကြသည်။ မြင့်မြတ်သော သဘောတရားများကို ပြောဆိုကြပြီး၊ ၎င်းတို့၏ စကားများသည် နားဝင်ချိုသည်။ သို့သော်လည်း ၎င်းတို့၏ လုပ်ဆောင်ချက်တို့သည် ပရမ်းပတာ အရှုပ်အထွေးတစ်ခုဖြစ်ပြီး ဘုရားသခင်အား လုံး၀ အာခံလေသည်။ ၎င်းတို့၏ အပြုအမူများနှင့် အပြင်ပန်း အသွင်သဏ္ဍန်အားလုံးသည် အယောင်အဆောင်၊ အလိမ်အညာများသာ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် သမ္မာတရားကို သို့မဟုတ် အပြုသဘောဆောင်သော အရာများကို ချစ်မြတ်နိုးခြင်း နည်းနည်းမျှ မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို စိတ်ကုန်နေကြသည်။ ဘုရားသခင်ဆီမှ လာသောအရာအားလုံးကို စိတ်ကုန်နေကြပြီး၊ အပြုသဘောဆောင်သောအရာများကို စိတ်ကုန်နေကြသည်။ ၎င်းတို့သည် မည်သည့်အရာကို ချစ်ကြသနည်း။ တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်းတို့ကို ချစ်ကြသလော။ (မချစ်ပါ။) ဤအရာများကို သူတို့မချစ်ဟု မည်သို့ပြောနိုင်သနည်း။ (သခင်ယေရှုသည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကိုဖြန့်သော်လည်း၊ ယင်းကို လက်ခံဖို့ သူတို့ ငြင်းပယ်ရုံသာမက၊ ရှုတ်လည်း ရှုတ်ချကြသည်။) ၎င်းတို့ မရှုတ်ချခဲ့ကြလျှင်၊ သင်တို့ သိနိုင်မည်လော။ သခင်ယေရှုသည် အမှုတော်ဆောင်ရွက်ရန် ကြွမလာစဉ်က သူတို့သည် တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းကို မချစ်မြတ်နိုးခဲ့ ဆိုသည်ကို မည်သည့်အရာက သင်တို့ကို ပြောပြနိုင်ခဲ့မည်နည်း။ သင်တို့ သိနိုင်မည်မဟုတ်ပေ။ သိနိုင်မည်လော။ ၎င်းတို့၏ အပြုအမူအားလုံးသည် အယောင်ဆောင်ခြင်းဖြစ်ပြီး၊ အခြားလူများ၏ ယုံကြည်မှုကို လှည့်ဖြားရယူရန်အတွက် ဤသို့ ကောင်းစွာနေထိုင်ပြုမူသည့် အယောင်ဆောင်မှုကို အသုံးပြုကြသည်။ ဤသည်မှာ ကြောင်သူတော်ဖြစ်ပြီး လှည့်စားမှု မဟုတ်သလော။ ဤသို့သော လှည့်ဖြားသူများသည် သမ္မာတရားကို ချစ်မြတ်နိုးနိုင်သလော။ ၎င်းတို့၏ ဤ ကောင်းသော အပြုအမူ၏ လျှို့ဝှက်ရည်ရွယ်ချက်သည် အဘယ်နည်း။ ၎င်းတို့၏ ရည်ရွယ်ချက်တွင် တစ်ပိုင်းမှာ တခြားသူများကို လိမ်လည်ရန်ဖြစ်သည်။ အခြားတစ်ပိုင်းမှာ အခြားသူများကို သူတို့အား လှည့်စားရန်၊ မိမိဘက်ပါစေရန်၊ မိမိကို ကိုးကွယ်ကြစေရန်နှင့် အဆုံးတွင် ဆုလာဘ်များ ရရှိရန်အတွက် ဖြစ်သည်။ ဤသို့ ကြီးမားသည့် လိမ်လည်မှုမျိုးကို အောင်မြင်စွာ လုပ်ဆောင်ရန်အတွက် ၎င်းတို့၏ နည်းလမ်းများသည် မည်မျှပါးနပ်ရမည်နည်း။ ဤသို့ဆိုလျှင် ဤသို့သောလူတို့သည် တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းကို ချစ်ကြသလော။ မချစ်ကြပေ။ ၎င်းတို့သည် ဂုဏ်အဆင့်အတန်းကို ချစ်ကြသည်။ ကျော်ကြားမှုနှင့် စည်းစိမ်ချမ်းသာတို့ကို ချစ်ကြပြီး၊ ဆုလာဘ်များကို လက်ခံရရှိလိုကြသည်။ လူများအတွက် ဘုရားသခင်၏ လမ်းပြသည့် နှုတ်ကပတ်တော်များကို ၎င်းတို့ လက်တွေ့လုပ်ဆောင်ကြသလော။ လုံး၀ မလုပ်ဆောင်ကြပေ။ ထိုအရာများအတိုင်း အသက်ရှင်နေထိုင်ခြင်း နည်းနည်းမှ မရှိပေ။ ၎င်းတို့သည် လူတို့ကို အကွက်ဆင်ပြီး မိမိဘက် ပါစေရန်လည်းကောင်း၊ ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်အဆင့်အတန်းကို ထောက်ပံ့ထားရန်လည်းကောင်း၊ ၎င်းတို့၏ ကိုယ်ပိုင် နာမည်ကောင်းကို ပံ့ပိုးထားရန်လည်းကောင်း သူတို့ကိုယ်သူတို့ အယောင်ဆောင်ကာ ထင်ပေါ်အောင်သာ ပြုလုပ်ကြသည်။ ဤအရာများ လုံခြုံစိတ်ချရသည်နှင့် တစ်ပြိုင်နက်၊ ဓနဥစ္စာနှင့် ဝင်ငွေရရှိသည့် အရင်းအမြစ်တစ်ခုကို ရယူရန်အတွက် ဤအရာတို့ကို အသုံးပြုကြသည်။ ဤသည်မှာ ရွံရှာစက်ဆုပ်ဖွယ် မဟုတ်လော။ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့လုပ်ဆောင်ခြင်း မရှိသည့်အတွက် သမ္မာတရားကို မချစ်မြတ်နိုးခြင်းမှာ ၎င်းတို့၏ အနှစ်သာရဖြစ်သည် ဆိုသည်ကို ၎င်းတို့၏ ဤ အပြုအမူများအားလုံးတွင် မြင်နိုင်ပေသည်။ ၎င်းတို့သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း မရှိဆိုသည့် လက္ခဏာမှာ အဘယ်နည်း။ ဤသည်မှာ အကြီးမားဆုံး လက္ခဏာဖြစ်သည်- သခင်ယေရှုသည် အမှုတော်ဆောင်ရွက်ရန် ကြွလာပြီး သူပြောသမျှသည် မှန်ကန်သည်။ သူပြောသမျှသည် သမ္မာတရားဖြစ်သည်။ ဤအရာကို ၎င်းတို့ မည်သို့ ခံယူခဲ့ကြသနည်း။ (လက်မခံခဲ့ကြပါ။) ၎င်းတို့သည် သခင်ယေရှု၏ နှုတ်ကပတ်တော်တို့ကို လက်မခံခဲ့သည်မှာ ထို နှုတ်ကပတ်တော်တို့သည် မှားယွင်းနေသည်ဟု ယုံကြည်ကြ၍လော၊ သို့မဟုတ် မှန်ကန်သည်ဟုသိလျက်နှင့် လက်မခံကြခြင်းလော။ (မှန်ကန်သည်ဟု သိလျက်နှင့် လက်မခံကြခြင်း ဖြစ်ပါသည်။) မည်သည့်အရာက ဤသည်ကို ဖြစ်စေသနည်း။ ၎င်းတို့သည် သမ္မာတရားကို မချစ်ကြ။ ထို့အပြင် အပြုသဘောဆောင်သော အရာများကို မုန်းတီးကြသည်။ သခင်ယေရှု ပြောခဲ့သည့်အရာအားလုံးတို့သည် မှန်ကန်ပြီး အမှားတစ်ခုမျှ မပါရှိပေ။ ပြီးလျှင် သခင်ယေရှုကို ဆန့်ကျင်ရာ၌ အသုံးပြုရန်အတွက် သူ၏ နှုတ်ကပတ်တော်များထဲတွင် မည်သည့်အမှားကိုမျှ ၎င်းတို့ ရှာမတွေ့နိုင်ခဲ့ကြသော်လည်း၊ ၎င်းတို့သည် “သူသည် လက်သမားသား မဟုတ်လော။” ဟူ၍ ဆိုခဲ့ကြသည်။ သခင်ယေရှုကို ဆန့်ကျင်ရာ၌ အသုံးပြုရန်အတွက် သူ၏ နှုတ်ကပတ်တော်များထဲတွင် အမှားများကို ရှာဖွေရန် ပြုလုပ်ခဲ့ကြသော်လည်း တစ်ခုမျှ ရှာမတွေ့နိုင်ခဲ့ကြ၊ သခင်ယေရှုကို ၎င်းတို့ ရှုတ်ချခဲ့ကြပြီးနောက်၊ လျှို့ဝှက်ပြီး ပူးပေါင်းကြံစည်ခဲ့ကြသည်။ “သူ့ကို ကားစင်တင်ပါ။ သူ့ဘက် ပါမလား၊ ဒို့ဘက် ပါမလား။” ဟူ၍ ဆိုခဲ့ကြသည်။ ဤနည်းဖြင့် ၎င်းတို့သည် သခင်ယေရှုနှင့် ဆန့်ကျင်ခဲ့ကြသည်။ သခင်ယေရှုသည် သခင်ဖြစ်သည်ဟု ၎င်းတို့ မယုံကြည်ခဲ့ကြသော်လည်း သူသည် လောကီပညတ်ကို မချိုးဖောက်ခဲ့သလို ယေဟောဝါ၏က ပညတ်တို့ကိုလည်း မချိုးဖောက်သော ကောင်းသောသူတစ်ယောက် ဖြစ်သည်။ သခင်ယေရှုကို ၎င်းတို့ အဘယ်ကြောင့် ရှုတ်ချခဲ့ကြသနည်း။ သခင်ယေရှုကို အဘယ်ကြောင့် ဤသို့ ဆက်ဆံခဲ့ကြသနည်း။ ဤသူတို့သည် မည်မျှ ကောက်ကျစ်ပြီး မလိုမုန်းထားစိတ်ရှိသည် ဆိုသည်ကို မြင်နိုင်သည်။ ၎င်းတို့သည် အလွန်အမင်း ဆိုးယုတ်ကြလေတကား။ ဖာရိရှဲတို့ ဖော်ပြသော ဆိုးယုတ်သည့် အသွင်အပြင်သည် ၎င်းတို့၏ အယောင်ဆောင် ကြင်နာမှုနှင့် အလွန်အမင်း ကွာခြားပေသည်။ မည်သည့်အရာက ၎င်းတို့၏ အသွင်အပြင် အစစ်အမှန်ဖြစ်ပြီး မည်သည့်အရာက မုသားဖြစ်သည် ဆိုသည်ကို ခွဲခြားသိမြင်ခြင်း မရှိနိုင်သည့်သူများ များစွာ ရှိသည်။ သို့သော် သခင်ယေရှု၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့သည် ၎င်းတို့အားလုံးကို ထုတ်ဖော်ပြခဲ့သည်။ ဖာရိရှဲတို့သည် မိမိတို့ကို မည်မျှကောင်းစွာ ရုပ်ဖျက်ကြပါစေ၊ အပြင်ပန်းတွင် ၎င်းတို့ မည်မျှ ကြင်နာသည့်ပုံပေါက်ပါစေ- အဖြစ်မှန်များကို မထုတ်ဖော်ခဲ့လျှင်၊ ၎င်းတို့ကို အရှိအတိုင်း မည်သူမျှ မြင်နိုင်မည် မဟုတ်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်ခြင်းတွင် အရေးကြီးဆုံးအပိုင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်” မှ

“အယောင်ဆောင်သည်” ဟူသော စကားတွင်၊ သက်ရောက်မှုရှိသော အပိုင်းမှာ အပြင်ပန်းပေါ်လွင်သည့် သရုပ်သကန်ဖြစ်သည်။ သို့ဆိုလျှင် အန္တိခရစ်များသည် မိမိတို့ကိုယ်ကိုယ် မည်သည့် အပြင်ပန်းပေါ်လွင်သည့် သရုပ်သကန် ပေးထားကြသနည်း။ ၎င်းတို့ မည်သူအဖြစ် ဟန်ဆောင်နေကြသနည်း။ ဟုတ်ပေ၏၊ ၎င်းတို့၏ အယောင်ဆောင်ခြင်းသည် အဆင့်အတန်းနှင့် နာမည်ဂုဏ်သတင်းအတွက် ဖြစ်သည်။ ယင်းကို ထိုအရာများမှ ခွဲ၍မရနိုင်ပေ၊ သို့မဟုတ်ပါက ၎င်းတို့သည် ထိုသို့သော ဟန်ဆောင်မှုတစ်ခု ထားရှိဖို့ ဖြစ်နိုင်မည် မဟုတ်ပေ၊ မိုက်မဲလှသည့် အရာတစ်ခုကို ၎င်းတို့ လုပ်ဆောင်ရန် မည်သို့ မျှ မဖြစ်နိုင်ပေ။ ထိုသို့သော အပြုအမူကို အပြစ်တင်ဖွယ်၊ အလွန်မနှစ်မြို့ဖွယ်ဖြစ်ကာ စက်ဆုပ်စရာအဖြစ် ယူဆထားသည်ကို ထောက်ဆလျှင်၊ ၎င်းတို့သည် ယင်းကို အဘယ်ကြောင့် လုပ်ဆောင်ကြသေးသနည်း။ ၎င်းတို့၌ ၎င်းတို့ကိုယ်တိုင်၏ ရည်မှန်းချက်များနှင့် အရင်းခံအကြောင်းများ ရှိကြသည်ကား သေချာပေသည်၊ ရည်ရွယ်ချက်များနှင့် အရင်းခံအကြောင်းရင်းများ ပါဝင်နေပေသည်။ အန္တိခရစ်များသည် လူတို့၏ စိတ်များတွင် အဆင့်အတန်းရရှိဖို့ ဖြစ်ပါက၊ ဤလူတို့အား ၎င်းတို့ကို အထင်ကြီးစေရမည် ဖြစ်သည်။ ပြီးလျှင် မည်သည့်အရာက လူတို့ကို ထိုသို့ လုပ်ဆောင်စေသနည်း။ လူတို့၏စိတ်ထဲတွင် ကောင်းမွန်သည်ဟု ယုံကြည်ထားသည့် အပြုအမူများနှင့် ထုတ်ဖော်ပြမှုများ အချို့ကို တုပခြင်းအပြင်၊ အခြား သွင်ပြင်တစ်ခုမှာ အန္တိခရစ်များသည် အခြားသူများအား ၎င်းတို့ကို အထင်ကြီးစေဖို့အလို့ငှာ၊ လူတို့က ကြီးမြတ်ကာ ခမ်းနားသည်ဟု ယုံကြည်ကြသည့် အချို့သော အပြုအမူများနှင့် အသွင်တို့ကိုလည်း တုပတတ်ကြလေသည်။ အသင်းတော်များတွင် လူတို့ မကြာခဏ ကြုံရသည်မှာ အခြားသူများက ၎င်းတို့အား ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးဖြစ်ကာ ဝိညာဉ်ရေးရာ အလွန် ပြည့်ဝသည်ဟု တွေးထင်ရန်အလို့ငှာ၊ ဝိညာဉ်ရေးရာ ပြည့်ဝသကဲ့သို့ ဟန်ဆောင်သောသူအချို့ ဖြစ်သည်။ ပြီးလျှင် လူတို့သည် ဝိညာဉ်ရေးရာပြည့်ဝသောသူတို့ကို ချီးကျူးလောက်ဖွယ်ဖြစ်ပြီး အလွန်ကောင်းသည်ဟု လူတို့ ယုံကြည်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) အန္တိခရစ်က မည်သည့် လူစားမျိုး သို့မဟုတ် မည်သည့် လူမျိုး အယေောင်ဆောင်သည်ဖြစ်စေ၊ ယင်းသည် လူတို့က ကောင်းမွန်ပြီး ထည်ဝါခန့်ညားကာ မြင့်မြတ်သကဲ့သို့ မြင်သောသူဖြစ်ဖို့ သေချာပေသည်၊ သို့မဟုတ်ပါက ၎င်းတို့သည် ထိုလူတို့ကို အယောင်ဆောင်မည် မဟုတ်ပေ။ ၎င်းတို့သည် စာတန်အယောင်ဆောင်ပါက လူတို့က ၎င်းတို့ကို အထင်ကြီးလိမ့်မည်လော။ အနိုင်ကျင့်သူ၊ လူဆိုးဂိုဏ်းဝင်၊ လူမိုက် သို့မဟုတ် မိန်းမပျက်တစ်ဦး အယောင်ဆောင်ခဲ့ပါက၊ လူတို့သည် ၎င်းတို့ကို အထင်ကြီးကြမည်လော။ (အထင်မကြီးပါ။) ၎င်းတို့က ဖာရိရှဲတစ်ဦး သို့မဟုတ် ယုဒတစ်ဦး ဖြစ်သည်ဟု ပြောခဲ့မည်ဆိုပါက၊ လူတို့သည် ၎င်းတို့ကို ငြင်းပယ်ကြမည် မဟုတ်လော။ (ငြင်းပယ်ကြမည်ဖြစ်သည်။) ထိုသို့သော ပုဂ္ဂိုလ်များသည် အပျက်သဘောဆောင်သည်ဟု ယူမှတ်ခံရသကဲ့သို့ ဆိုးရွားသည်ဟု ယူမှတ်ခံရသည်မှာ ရှင်းလင်းပေသည်။ အန္တိခရစ်များသည် ထိုသို့ မည်သည့်အခါတွင်မျှ လုပ်ဆောင်မည် မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့ မည်သူ့ အယောင်ဆောင်ကြသနည်း။ ၎င်းတို့က လူတို့၏ စိတ်များတွင် ထည်ဝါခန့်ညားသည့်၊ ကောင်းမွန်ပြီး ချီးကျုးလောက်စရာအဖြစ် မြင်သည့်သူတို့ အယောင်ဆောင်ကြလေသည်။ ပထမဆုံးမှာ ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးဖြစ်သည့်၊ ဝိညာဉ်ရေးရာ အတွေ့အကြုံနှင့် သက်သေခံချက်ကို ပိုင်ဆိုင်သည့်၊ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများကို ရရှိပြီးဖြစ်သည့်၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများကို တွေ့ကြုံပြီး‌ဖြစ်သည့်၊ ကြီးမားသော ရူပါရုံများကို ရှုမြင်ပြီးဖြစ်ကာ တစ်မူထူးသည့် အတွေ့အကြုံအချို့ ရှိကြပြီးသည့် အသင်းတော်များထဲက လူများ ဖြစ်သည်။ အခြားသူများ အနီးဝန်းကျင်တွင် ရှိချိန် အလွန်လေလုံးထွားသောသူများ၊ နှစ်နာရီ သုံးနာရီ သို့မဟုတ် ပို၍ပင် ကြာမြင့်စွာ ဆက်ပြောနိုင်သူများလည်း ရှိကြသည်။ ၎င်းတို့၏ အမှုအရာများကို လုပ်ကိုင်သည့်နည်းလမ်းများ၊ နည်းစနစ်များနှင့် အခြေခံသဘောတရားတို့သည် အသင်းတော်၏ စည်းမျဉ်းများနှင့် ကိုက်ညီသောသူများ ရှိသည်။ ထို့နောက် ဘုရားသခင်၌ ကြီးမားသော ယုံကြည်ခြင်း ရှိပုံရသောသူများ ရှိသည်။ ဤလူတို့ကို ဝိညာဉ်ရေးရာ ပြည့်ဝသူများအဖြစ် သိထားကြပြီး ၎င်းတို့သည် အတော်အတန် ဝိညာဉ်ရေးရာ ပြည့်ဝကြ၏။ ထိုသို့ဆိုပါက အန္တိခရစ်များသည် ဝိညာဉ်ရေးရာ ပြည့်ဝသည့်လူများကို မည်သို့ တူအောင်တုကြသနည်း။ လူတို့က ၎င်းတို့အား ဝိညာဉ်ရေးရာ ပြည့်ဝသကဲ့သို့ မြင်စေဖို့အလို့ငှာ ဤအရာများအတိုင်း ၎င်းတို့ အတိအကျ လုပ်ဆောင်ကြလေသည်။ ဤအရာများကို ၎င်းတို့ လုပ်ဆောင်ကြချိန်တွင်၊ ယင်းတို့သည် စိတ်နှလုံးမှ ကောက်ကာငင်ကာ ဖြစ်ပျက်သလော။ မဖြစ်ပေ။ အန္တိခရစ်များသည် စည်းမျဉ်းများနောက်လိုက်ရင်း၊ အတုခိုးနေခြင်းသာ ဖြစ်သည်။ ပြီးလျှင် ဤအရာများကို ၎င်းတို့ လုပ်ဆောင်ချိန်တွင်၊ ယင်းထဲမှ အချို့သည် အခြားသူများအဖို့ မှန်ကန်သော အပြုအမူကဲ့သို့ ထင်ရသည်။ ဥပမာအားဖြင့် ၎င်းတို့သည် ပြဿနာတစ်ခု ကြုံရသည့်အခါ ဆုတောင်းဖို့ မြန်ဆန်ကြသော်လည်း၊ ထိုသို့ လုပ်ဆောင်သည့်အခါ အားလုံး ဟန်ဆောင်လုပ်ပြတတ်ကြလေသည်။ အမှန်တွင် ၎င်းတို့သည် အမှန်တကယ် ရှာဖွေနေခြင်း မဟုတ်သကဲ့သို့ ဆုတောင်းနေခြင်း မဟုတ်ပေ။ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ၎င်းတို့ ချစ်ပြီး ဘုရားသခင်အတွက် ကြီးမားသည့် ကြည်ညိုမှု ရှိသည်၊ ပြီးလျှင် ပြဿနာအချို့ကို ၎င်းတို့ ကြုံရချိန်တွင် ဆုတောင်းခြင်းကို ၎င်းတို့ အားထားကြသည်ဟု ပြောစေရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။ ထို့အပြင်၊ ၎င်းတို့ မည်မျှ ဆိုးရွားစွာ နာမကျန်းဖြစ်လာသည်ဖြစ်စေ၊ ဆေးကုသမှုခံယူသင့်ချိန်တွင် သွား၍ မခံယူကြ၊ သို့မဟုတ် ၎င်းတို့ ဆေးသောက်သင့်ချိန်တွင် မသောက်ကြချေ။ လူတို့က၊ “သင် ဆေးမသောက်ပါက သင်၏ရောဂါ ဆိုးရွားသွားနိုင်သည်။ ဆုတောင်းခြင်းအတွက် အချိန်ကာလတစ်ခုရှိပြီး ဆေးဝါးအတွက် အချိန်ကာလတစ်ခု ရှိသည်။ သင်၏ ယုံကြည်မှုနောက်လိုက်ပြီး သင်၏ တာဝန်ကို မစွန့်ပစ်ဖို့သာ လိုသည်”ဟု ပြောကြသည်။ ၎င်းတို့က၊ “ရပါသည်၊ ကျွန်ုပ်၌ ဘုရားသခင်ရှိသည်၊ ကျွန်ုပ် မကြောက်ရွံ့ပါ” ဟု ပြန်ပြောကြသည်။ အပြင်ပန်းတွင်၊ ၎င်းတို့သည် တည်ငြိမ်ကာ မကြောက်ရွံ့သကဲ့သို့ ယုံကြည်ခြင်း အပြည့်ရှိသယောင် ဟန်ဆောင်ကြသော်လည်း အတွင်းတွင် ၎င်းတို့သည် သေလောက်အောင် ကြောက်လန့်ကြလေသည်။ တစ်ကိုယ်တည်းရှိသောအခါ၊ ၎င်းတို့သည် ဆေးတစ်လုံးပြီးတစ်လုံး သောက်ကြပြီး၊ ၎င်းတို့ တစ်စုံတစ်ရာ မသက်မသာဖြစ်သည်နှင့် ဆရာဝန်ထံ တိတ်တဆိတ် ပြေးသွားကြလေသည်။ လူတို့က ၎င်းတို့ ဆေးဝါးသုံးစွဲနေသည်ကို သိသွားကာ ယင်းက မည်သည့်အရာဖြစ်သည်ကို ၎င်းတို့အား မေးမြန်းပါက၊ ၎င်းတို့က “ကျွန်ုပ်သည် ကျန်းမာရေး ဖြည့်စွက်စာများကို သုံးဆောင်နေခြင်းသာ ဖြစ်သည်။ ယင်းတို့က ကျွန်ုပ်ကို အားအင်ပေးသည်၊ ထို့ကြောင့် ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်နေချိန်တွင် ငါသည် အမှုအရာများကို မကြန့်ကြာစေပါ” ဟု ပြောကြသည်။ ၎င်းတို့က “မကျန်းမာမှုသည် ဘုရားသခင်ထံမှ စမ်းသပ်မှုတစ်ခု ဖြစ်သည်။ နာမကျန်းဖြစ်ခြင်းအလယ်တွင် ကျွန်ုပ်တို့ အသက်ရှင်သည့်အခါ၊ ကျွန်ုပ်တို့ နေမကောင်းဖြစ်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအလယ်တွင် ကျွန်ုပ်တို့ အသက်ရှင်ကြသောအခါ၊ မကျန်းမာမှုက ထွက်သွားလေသည်။ နာမကျန်းဖြစ်ခြင်းအလယ်တွင် ကျွန်ုပ်တို့ အသက်မရှင်ရ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအလယ်တွင် ကျွန်ုပ်တို့ အသက်ရှင်ပါက၊ ဤနာမကျန်းဖြစ်ခြင်းက ပျောက်ကွယ်သွားလိမ့်မည်” ဟုလည်း ဆိုကြသည်။ ယင်းမှာ အခြားသူများကိုကူညီဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုရင်း အပေါ်ယံအားဖြင့် လူတို့ကို ၎င်းတို့ မကြာခဏ သွန်သင်ကြသည့်အရာ ဖြစ်သည်။ သို့သော် ၎င်းတို့အား တစ်စုံတစ်ရာ ဖြစ်ပျက်သောအခါ၊ ယင်းကို မိမိတို့၏ ကိုယ်ပိုင် နည်းလမ်းဖြင့် ဖြေရှင်းဖို့ ၎င်းတို့ လျှို့ဝှက်စွာ ကြိုးစားကြလေသည်။ အပေါ်ယံအားဖြင့် ၎င်းတို့က- အရာခပ်သိမ်းတွင် ဘုရားသခင်အပေါ် မှီခိုလော့၊ ပြီးလျှင် အရာရာတိုင်းသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်ဟု ပြောကြဆဲ ဖြစ်သည်။ သို့သော် ယင်းမှာ ၎င်းတို့ တစ်ကိုယ်တည်းရှိသောအခါ အမှန်တကယ် လုပ်ဆောင်သည့်အရာ မဟုတ်ပေ။ ၎င်းတို့၌ စစ်မှန်သော ယုံကြည်ခြင်းမရှိပေ။ ပြဿနာတစ်ခုကို ၎င်းတို့ ကြုံရသည့်အခါ၊ အခြားသူများရှေ့တွင် ၎င်းတို့ ဆုတောင်းပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုတို့ကို ၎င်းတို့ ကျိုးနွံနာခံကြောင်း၊ ဤပြဿနာသည် ဘုရားသခင်ထံမှလာပြီး လူတို့ မညည်းညူသင့်ကြောင်း ပြောဆိုကြလေသည်။ သို့သော် ၎င်းတို့၏ စိတ်နှလုံးများတွင်၊ ထိုအတောအတွင်း၊ ၎င်းတို့က- “ကျွန်ုပ်သည် အလွန် ဆက်ကပ်အပ်နှံပြီး ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်ရင်း အလွန် ကြိုးစားအလုပ်လုပ်သည်၊ ဤမကျန်းမာမှုသည် အဘယ်သို့ ကျွန်ုပ်အပေါ် ကျရောက်နိုင်သနည်း။ ပြီးလျှင် အခြားမည်သူမျှက ယင်းကို မရလေသည်မှာ အဘယ်ကြောင့်နည်း။”ဟု တွေးနေကြလေသည်။ ၎င်းတို့သည် မည်သည့် ညည်းညူမှုများမျှ မဖွင့်ဟဝံဘဲ၊ ဘုရားသခင်နှင့် ပတ်သက်သည့် သံသယများက ၎င်းတို့၏ စိတ်နှလုံးများတွင် ပေါ်ထွက်လေသည်။ ၎င်းတို့အဖို့ ဘုရားသခင် လုပ်ဆောင်သည့် အရာတိုင်းက မှန်ကန်သည်မဟုတ်ပုံရပေသည်။ အပြင်ပန်းတွင်၊ မည်သည့်အရာမျှ မှားယွင်းသည့် အသွင်မပြကြသော်လည်း၊ နာမကျန်းဖြစ်ကြသော်ငြားလည်း မကျန်းမာမှုက ၎င်းတို့ကို ဆွဲထားနေပုံမရပေ၊ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နိုင်ကြဆဲ ဖြစ်သည်၊ ၎င်းတို့သည် သစ္စာရှိကြဆဲဖြစ်ပြီး မိမိတို့ကိုယ်ကိုယ် ဘုရားသခင်အတွက် အသုံးတော်ခံနိုင်ကြဆဲ ဖြစ်သည်။ ၎င်းတို့သည် အယောင်ဆောင်သူတစ်ဦးအဖြစ် အပြောခံရချိန်တွင်၊ ၎င်းတို့၏ အပြုအမူက ညစ်ညမ်းသည်မှာ သိသာပေသည်။ ထိုသို့သော လူတစ်ဦး၏ ယုံကြည်ခြင်းနှင့် နာခံမှုတို့သည် ၎င်းတို့၏ သစ္စာစောင့်သိမှုကဲ့သို့ပင် အတုအယောင် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် မှီခိုပြီး ကိစ္စရပ်များကို သူ၏ လက်ထဲသို့ အပ်နှံဖို့မဆိုထားနှင့်၊ ဤတွင် စစ်မှန်သော နာခံမှုမရှိသကဲ့သို့ စစ်မှန်သော ယုံကြည်ခြင်းလည်း မရှိပေ။ ဘုရားသခင်က မည်သည့်အရာ စီစဉ်ထားသည် သို့မဟုတ် ဘုရားသခင်၏ အလိုက မည်သည့်အရာဖြစ်သည်တို့ကို ၎င်းတို့ ဂရုမစိုက်ကြချေ။ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးမှုကို မဆန်းစစ်ကြချေ၊ ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်ပြဿနာဖြစ်သည်ကို ၎င်းတို့ မဆန်းစစ်ကြသကဲ့သို့၊ ပြဿနာများ ဖြစ်ပေါ်သည့်အခါ ပြဿနာများကို ၎င်းတို့ မဖြေရှင်းကြဘဲ၊ အပြင်ပန်းအားဖြင့် ၎င်းတို့ကို မည်သည့်အရာကမျှ ဆွဲထားခြင်းမရှိ၊ ၎င်းတို့သည် ကျိုးနွံနာခံနိုင်ပြီး ယုံကြည်ခြင်းရှိနိုင်ကာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်သည်ဟု ဟန်ဆောင်ကြလေသည်။ သို့သော် ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့က “ဘုရားသခင်သည် ကျွန်ုပ်ကို မုန်းသောကြောင့် မကျန်းမာမှုက ကျွန်ုပ်အပေါ် ကျရောက်ခဲ့သလော။ ပြီးလျှင် ယခု ကျွန်ုပ်ကို သူ မုန်းသောကြောင့်၊ ကျွန်ုပ်သည် အစေခံသူတစ်ဦး ဖြစ်သလော။ ဘုရားသခင်သည် အစေခံမှုကို ပေးဖို့ ကျွန်ုပ်ကို အသုံးပြုနေသလော။ ကျွန်ုပ်သည် ပန်းတိုင်တစ်ခု ရှိသေးသလော။ ဘုရားသခင်သည် ကျွန်ုပ်ကို ဖော်ထုတ်ဖို့၊ ဤတာဝန်ကို ထမ်းဆောင်ခြင်းမှ ကျွန်ပ်ကို တားဆီးဖို့ ဤအရာကို အသုံးပြုနေသလော” ဟု တွေးနေကြသည်။ ယင်းမှာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့ တွေးသည့်အရာ ဖြစ်သည်၊ သို့သော် အပြင်ပန်းအားဖြင့်၊ ၎င်းတို့ထံ တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါတိုင်းတွင်၊ “ဤအရာ၏ နောက်ကွယ်တွင် ဘုရားသခင်၏ ကြင်နာသော ရည်ရွယ်ချက်များ ရှိသည်”ဟု ပြောရင်း၊ ဝိညာဉ်ရေးရာ ပြည့်ဝသော သူတစ်ဦးနှင့်ဆိုင်သည့် အယောင်ဆောင်မှုကို ခံယူကာ ညည်းညူခြင်း မရှိကြချေ။ ၎င်းတို့သည် ပွင့်ပွင့်လင်းလင်း မညည်းညူကြသော်လည်း ၎င်းတို့၏ စိတ်နှလုံးများက လှုပ်ရှားကြကာ၊ ၎င်းတို့၏ စိတ်များက မုန်တိုင်းထန်သော ပင်လယ်တစ်ခုကဲ့သို့ လှုပ်ခါလေသည်။ ညည်းညူမှုများ၊ ဘုရားသခင်နှင့်ပတ်သက်သည့် သံသယများနှင့် မေးခွန်များ တစ်ပြိုင်နက်တည်း ဖြစ်လာသည်။ အပြင်ပန်းတွင်၊ ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်မြဲဖတ်နေကြပြီး ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် မဆိုင်းမတွ လုပ်ဆောင်ကြသည်၊ သို့သော် ၎င်းတို့၏ စိတ်နှလုံးများထဲတွင်၊ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို စွန့်လွှတ်နှင့်ကြပြီး ဖြစ်သည်။ ဤသည်မှာ ဟန်ဆောင်မှုကို ဆင်မြန်းခြင်းဟု ဆိုလိုသည့်အရာ မဟုတ်လော။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ထင်ရှားကျော်ကြားမှု ရစေဖို့...၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။... (၁၀)” မှ

နောက်ခံက မည်သည့်အရာဖြစ်ပါစေ၊ သို့မဟုတ် ၎င်းတို့၏ တာဝန်ကို မည်သည့်နေရာတွင် ၎င်းတို့ ထမ်းဆောင်နေကြသည်ဖြစ်စေ၊ အန္တိခရစ်များသည် သမ္မာတရားနှင့် ပတ်သက်၍၊ ပြီးလျှင် ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့ စိတ်နှလုံးများ၏ နက်ရှိုင်းသော နေရာများ၌ ၎င်းတို့ စွဲကိုင်ထားသည့် တကယ့် သဘောထားနှင့် တကယ့် အမြင်များကို အခြားသူများထံမှ ကွယ်ဝှက်ထားလျက် ၎င်းတို့သည် အားမနည်းသည့် သွင်ပြင်၊ ဘုရားသခင်အတွက် အဆုံးစွန်သော ချစ်ခြင်းမေတ္တာရှိနေသည့် သွင်ပြင်၊ ဘုရားသခင်၌ ယုံကြည်ခြင်း အပြည့်အဝရှိသည့် သွင်ပြင်၊ မည်သည့်အခါတွင်မျှ အပျက်သဘောမဆောင်ဖူးသည့် သွင်ပြင်၊ မည်သည့်အခါတွင်မျှ ကွယ်ဝှက်ခြင်းမရှိသည့် သွင်ပြင်ကို ပြကြလေသည်။ အမှန်စင်စစ်၊ ၎င်းတို့ စိတ်နှလုံး၏ နက်ရှိုင်းသော နေရာများတွင်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အရာခပ်သိမ်း အစွမ်းထက်သည်ဟု အမှန်တကယ် ယုံကြည်ကြသလော။ မိမိတို့ကိုယ်ကိုယ် အားနည်းချက်များ မရှိဟု အမှန်တကယ် ယုံကြည်ကြသလော။ မယုံကြည်ကြချေ။ ထို့ကြောင့်၊ ၎င်းတို့သည် အားနည်းချက်၊ ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပိုင်ဆိုင်သည်ကို သိလျက်၊ အခြားသူများရှေ့တွင် ထိုသို့သော နည်းလမ်းဖြင့် အဘယ်ကြောင့် ပြောဆိုကာ ပြုမူကြသနည်း။ ၎င်းတို့၏ ရည်ရွယ်ချက်က သိသာထင်ရှားပေသည်- ယင်းသည် အခြားသူများအကြားနှင့် အခြားသူများရှေ့မှောက်တွင် ၎င်းတို့၏ အဆင့်အတန်းကို ကာကွယ်ရန် သက်သက် ဖြစ်သည်။ ၎င်းတို့က အခြားသူများရှေ့တွင် ပွင့်ပွင့်လင်းလင်း အပျက်သဘောဆောင်ပါက၊ အားနည်းသည့်အရာများ၊ ပုန်ကန်ပြစ်မှားမှုကို ထုတ်ဖော်ပြသည့် အရာများကို ပွင့်ပွင့်လင်းလင်း ပြောဆိုကာ၊ မိမိတို့ကိုယ်ကိုယ် သိခြင်းနှင့်ပတ်သက်၍ ပြောဆိုကြပါက၊ ဤသည်မှာ ၎င်းတို့၏ အဆင့်အတန်းနှင့် နာမည်ဂုဏ်သတင်းကို ထိခိုက်နစ်နာစေသည့် အရာဖြစ်သည်၊ ယင်းသည် ဆုံးရှုံးမှုတစ်ခု ဖြစ်သည်ဟု ယုံကြည်ကြလေသည်။ ထို့ကြောင့် ၎င်းတို့သည် အားနည်းပြီး အပျက်သဘောဆောင်ကြကာ၊ မစုံလင်ဘဲ သာမန်လူတစ်ဦးသာ ဖြစ်သည်ဟု ပြောဆိုဖို့ထက် သေရန်ပိုလိုလားကြလေသည်။ ၎င်းတို့အနေဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိသည်၊ ၎င်းတို့သည် သာမန်လူတစ်ဦး၊ သေးနုတ်ပြီး အရေးမပါသောသူတစ်ဦး ဖြစ်သည်ဟု ဝန်ခံပါက၊ လူတို့၏စိတ်များတွင် ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ၎င်းတို့ ဆုံးရှုံးကြလိမ့်မည်ဟု ထင်ကြလေသည်။ ထို့ကြောင့် မည်သည့်အရာဖြစ်ပါစေ၊ ၎င်းတို့သည် ဤအဆင့်အတန်းကို လက်မလွှတ်နိုင်ကြဘဲ၊ ထိုအစား ယင်းကို လုံခြုံစေဖို့ အစွမ်းကုန် လုပ်ဆောင်ကြလေသည်။ ပြဿနာတစ်ခုကို ၎င်းတို့ ကြုံရချိန်တိုင်းတွင်၊ ၎င်းတို့ ရှေ့သို့ခြေလှမ်းကြသည်၊ သို့သော် ၎င်းတို့ ဖော်ထုတ်ခံရနိုင်သည်ကို မြင်သည့်အခါ၊ လူများက ၎င်းတို့အား ရိပ်စားမိနိုင်သည်ကို မြင်သည့်အခါ၊ ၎င်းတို့ အလျင်အမြန် ပုန်းကွယ်ကြလေသည်။ အခြားနည်းဖြင့် လုပ်ကိုင်ဖို့အခွင့် တစ်စုံတစ်ရာ ရှိပါက၊ ၎င်းတို့ မိမိတို့ကိုယ်ကိုယ် ကြွားဝါခြင်းငှာ အခွင့်၊ ၎င်းတို့က ကျွမ်းကျင်သူတစ်ဦးဖြစ်သည်၊ ဤကိစ္စရပ်နှင့်ပတ်သက်၍ ၎င်းတို့ သိကြပြီး နားလည်ကြကာ ဤပြဿနာကို ဖြေရှင်းနိုင်ကြသည်ဟု ဟန်ဆောင်ခြင်းငှာ အခွင့်အရေး ရှိဆဲဖြစ်ပါက၊ ၎င်းတို့သည် အခြားသူများ၏ အသိအမှတ်ပြုခြင်းကို ကြိုးပမ်းရရှိဖို့ အခွင့်အရေး၊ ဤနယ်ပယ်တွင် ၎င်းတို့ ကျွမ်းကျင်သည်ကို ထိုသူတို့အားသိစေဖို့ အခွင့်အရေးကို ဖမ်းဆုပ်ရန် အပြေးအလွှား ရှေ့တိုးကြလေသည်။ အခြေအနေတစ်ခုတွင် တစ်စုံတစ်ဦးက ပြဿနာတစ်ခုနှင့်ပတ်သက်၍ ၎င်းတို့၏ သိနားလည်မှုက မည်သည့်အရာ ဖြစ်ပြီး ၎င်းတို့၏အမြင်က မည်သည့်အရာဖြစ်သည်ကို ၎င်းတို့အား မေးမြန်းပါက၊ ၎င်းတို့သည် နှုတ်ဆိတ်နေကြပြီး အခြားလူတိုင်းကို ဦးစွာ ပြောစေကြလေသည်။ ၎င်းတို့ နှုတ်ဆိတ်နေရခြင်းအတွက် အကြောင်းရင်း တစ်ခုရှိ၏- ယင်းမှာ ၎င်းတို့သည် အမြင်မရှိ၍ မဟုတ်ဘဲ၊ တိုက်ရိုက် စကားပြောဆိုခြင်းက ၎င်းတို့အား မျက်နှာပျက်စေမည် သို့မဟုတ် မည်သူမျှ သဘောမတူကြမည့် ဗဟုသုတနည်းသည့် အရာတစ်ခု သို့မဟုတ် အရေးမပါသည့် အရာတစ်ခုကို ၎င်းတို့ ပြောမိလိမ့်မည်ကို စိုးရွံ့ကြသောကြောင့် ဖြစ်သည်။ ဤသည်မှာ အကြောင်းရင်းတစ်ခု ဖြစ်သည်။ နောက်တစ်ခုမှာ ၎င်းတို့သည် အမြင်မရှိကြသကဲ့သို့ ထင်ရာမြင်ရာ မပြောဝံ့ကြသောကြောင့် ဖြစ်သည်။ ဤအကြောင်းရင်း နှစ်ခုကြောင့် သို့မဟုတ် အခြားအကြောင်းရင်း များစွာကြောင့်၊ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ ရှုထောင့်အမြင်ကို ဖွင့်ပြောခြင်းနှင့် ဖော်ပြခြင်းကို ရှောင်ကြသည်၊ ၎င်းတို့၏ စစ်မှန်သောမျက်နှာကို မြင်သာအောင်ပြဖို့ ကြောက်ရွံ့ကြသည်၊ ၎င်းတို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုနှင့် စစ်မှန်သော ရှုထောင့်အမြင်ကို ထုတ်ဖော်ပြခြင်းနှင့် လူတို့က ၎င်းတို့၏ စိတ်များတွင်ရှိသည့် မိမိတို့နှင့်ဆိုင်သည့် ပုံရိပ်အား ထိခိုက်မည်ကို စိုးရွံ့ကြလေသည်။ ထို့ကြောင့်၊ လူတို့သည် ၎င်းတို့၏ ရှုထောင့်အမြင်များ၊ အတွေးများနှင့် သိနားလည်မှုကို မိတ်သဟာယပြုကြသည့်အခါ၊ လူတစ်ဦး သို့မဟုတ် လူအချို့၏ ထွက်ဆိုချက်များ၊ သာ၍ ဉာဏ်ရည်ဉာဏ်စွမ်းရှိပြီး ယုတ္တိတန်သော ထွက်ဆိုချက်များကို မလွတ်တမ်း အသုံးချကြပြီး၊ ၎င်းတို့က ယင်းတို့ကို မိမိတို့ကိုယ်တိုင်၏ ထွက်ဆိုချက်များ၊ သာ၍ ဉာဏ်ရည်ဉာဏ်စွမ်းရှိပြီး ယုတ္တိတန်သော ထွက်ဆိုချက်များကဲ့သို့ အသုံးပြုကြသည်၊ ယင်းတို့ကို အနှစ်ချုပ်ပြီး အယောက်စီတိုင်းထံ မိတ်သဟာယပြုကြကာ၊ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့် လူတို့၏ စိတ်များတွင် ၎င်းတို့၏ မြင့်မားသော အနေအထားကို ရရှိကြလေသည်။ ရှုထောင့်အမြင်တစ်ခုကို အမှန်တကယ် ဖော်ပြဖို့ အချိန်ရောက်လာသည့်အခါ၊ ၎င်းတို့သည် လူတို့အား ၎င်းတို့၏ စစ်မှန်သော အခြေအနေအကြောင်းကို မည်သည့်အခါတွင်မျှ မဖွင့်ဟကြချေ၊ သို့မဟုတ် မည်သည့်အရာကို ၎င်းတို့ အမှန်တကယ် တွေးထင်သည်၊ ၎င်းတို့၏ အရည်အချင်းက မည်သည့်အရာကဲ့သို့ဖြစ်သည်၊ ၎င်းတို့၏ လူ့သဘာဝက မည်သည့်အရာကဲ့သို့ ဖြစ်သည်၊ ၎င်းတို့၏ နားလည်နိုင်စွမ်းများက မည်သည့်အရာကဲ့သို့ ဖြစ်ပြီး၊ ၎င်းတို့သည် သမ္မာတရားနှင့်သက်ဆိုင်သည့် စစ်မှန်သောအသိပညာ ရှိမရှိဆိုသည်တို့ကို လူတို့အား မည်သည့်အခါတွင်မျှ သိခွင့်မပေးကြချေ။ ထို့ကြောင့်၊ ဝိညာဉ်ရေးရာ ပြည့်ဝပြီး စုံလင်သောသူဖြစ်သကဲ့သို့ ကြွာရင်းနှင့် ဟန်ဆောင်လျက်ရှိသည့် တစ်ချိန်တည်းတွင်၊ ၎င်းတို့သည် ၎င်းတို့၏ စစ်မှန်သော မျက်နှာနှင့် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုတို့ကို ဖုံးကွယ်ထားဖို့ အစွမ်းကုန် လုပ်ဆောင်ကြလေသည်။ ၎င်းတို့သည် ညီအစ်ကို မောင်နှမများအား ၎င်းတို့၏ အားနည်းချက်များကို မည်သည့်အခါတွင်မျှ မထုတ်ဖော်ပြသကဲ့သို့ ၎င်းတို့ ကိုယ်တိုင်၏ ချို့တဲ့ခြင်းများနှင့် အားနည်းချက်များကို အစဉ် မသိမှတ်ကြချေ။ ထိုအစား၊ ၎င်းတို့သည် ယင်းတို့ကို ဖုံးကွယ်ထားဖို့ အစွမ်းကုန် လုပ်ဆောင်ကြလေသည်။ လူတို့က “သင်သည် ဘုရားသခင်ကို နှစ်ပေါင်းအလွန်များလှစွာကြာ ယုံကြည်ပြီးလေပြီ၊ ဘုရားသခင်နှင့်ပတ်သက်၍ သံသယများ တစ်ခုတစ်လေ သင်၌ ရှိဖူးပါသလော”ဟု ၎င်းတို့ကို မေးကြသည်။ ၎င်းတို့က “မရှိဖူးပါ” ဟု ပြန်ဖြေကြသည်။ ၎င်းတို့သည် “သင်၏ မိသားစုဝင်များ ဆုံးပါးသည့်အခါ သင် ငိုခဲ့ပါသလော” ဟု အမေးခံရ၏။ ၎င်းတို့က “မငိုပါ၊ ကျွန်ုပ် မျက်ရည်တစ်စက် မကျခဲ့ပါ။” ဟု ပြန်ဖြေလေသည်။ ၎င်းတို့အား၊ “သင်သည် ဤနှစ်များအားလုံးကြာ ဘုရားသခင်ကို ယုံကြည်ခဲ့သည်၊ သင်သည် အလွန်များလှစွာ စွန့်လွှတ်ပြီးဖြစ်ကာ သင့်ကိုယ်သင် အလွန်များစွာ အသုံးတော်ခံပြီးဖြစ်သည်၊ နောင်တများ တစ်ခုတစ်လေ သင် ရှိဖူးပါသလော”ဟု အမေးခံရသည်။ ၎င်းတို့က “မရှိပါ” ဟု ပြန်ဖြေလေသည်။ ၎င်းတို့သည် “သင် နာမကျန်းဖြစ်ချိန် သင့်ကို စောင့်ရှောက်ဖို့ မည်သူမျှ မရှိခဲ့ချိန်တွင်၊ ယင်းက သင့်ကို ဝမ်းနည်းစေခဲ့သလော၊ အိမ်ကို သင် လွမ်းခဲ့ပါသလော” ဟု အမေးခံရသည်။ ပြီးလျှင် ၎င်းတို့က “လုံးဝ မလွမ်းပါ” ဟု ပြန်ဖြေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အလွန် မြဲစွဲစွာ အားကိုးထိုက်သကဲ့သို့၊ စိတ်ဓာတ်ခိုင်မာသကဲ့သို့၊ စတေးမှုများ ပြုနိုင်သကဲ့သို့၊ မိမိတို့ကိုယ်ကိုယ် အသုံးတော်ခံနိုင်စွမ်းရှိသကဲ့သို့၊ တကယ်ကို ဟာကွက်မရှိ၊ မည်သည့် အပြစ်အနာအဆာမျှ မရှိသည့် သူတစ်ဦးကဲ့သို့ သရုပ်ဆောင်လေသည်။ ပြီးလျှင် ၎င်းတို့အား ပုံမှန် ညီအစ်ကို မောင်နှမတစ်ဦးကဲ့သို့ ဖွင့်ဟရင်းနှင့် မိတ်သဟာယပြုရင်း ၎င်းတို့၏ အပြစ်အနာအဆာများက မည်သည့်အရာများ ဖြစ်သည်ကို သင် ပြောပြပါက၊ ၎င်းတို့ မည်သို့ တုန့်ပြန်ကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် သက်သေထူပြီး မှန်ကန်ကြောင်းပြဖို့၊ အခြေအနေကို ပြောင်းလဲဖို့၊ သင် ပြောခဲ့သည့်အရာကို လျော့ပါးစေဖို့၊ သင့်အား ထိုအရာကို ပြန်ရုပ်သိမ်းစေဖို့နှင့် နောက်ဆုံးတွင် ၎င်းတို့၌ ဤပြဿနာမရှိသကဲ့သို့ ၎င်းတို့သည် စုံလင်ကြဆဲ၊ ၎င်းတို့ ဖြစ်ကြသည်ဟု လူတို့တွေးထင်သည့်အတိုင်း ဝိညာဉ်ရေးရာပြည့်ဝသူ ဖြစ်နေဆဲဖြစ်သည်ကို အသိအမှတ်ပြုစေဖို့ အစွမ်းကုန် လုပ်ဆောင်ကြလေသည်။ ယင်းမှာ ဟန်ဆောင်မှုတစ်ခုသာ ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် စုံလင်ကာ အရာအားလုံး တတ်စွမ်းနိုင်သည်ဟု ထင်သောသူ မည်သူမဆိုသည် ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။ ၎င်းတို့ ဟန်ဆောင်နေခြင်းသာ ဖြစ်သည်ဟု ငါ အဘယ်ကြောင့် ဆိုရသနည်း။ ငါသည် အဘယ်ကြောင့် ၎င်းတို့အားလုံး အတူတူပင် ဆိုးရွားသည့် အရည်အချင်းများ ရှိသည်ဟု မှတ်ယူနေသနည်း။ မည်သူမဆို စုံလင်သလော။ မည်သူမဆို အရာခပ်သိမ်း အစွမ်းထက်သလော။ “အရာခပ်သိမ်း အစွမ်းထက်သည်” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ အနန္တတန်ခိုးရှိသည်ဟု ဆိုလိုသလော။ ဤစကြဝဠာလောကထဲရှိ မည်သူမျှ အရာခပ်သိမ်း အစွမ်းမထက်ပေ။ ဘုရားသခင်သာ အရာခပ်သိမ်း အစွမ်းထက်ပြီး ဘုရားသခင်သာ အနန္တတန်ခိုးရှင် ဖြစ်သည်။ သို့ဆိုလျှင် လူတို့က မိမိတို့ကိုယ်ကိုယ် အရာခပ်သိမ်း အစွမ်းထက်ပြီး အနန္တတန်ခိုးရှင်ဖြစ်သကဲ့သို့ အခိုင်အမာပြောဆိုကြပါက ၎င်းတို့သည် အဘယ်အရာဖြစ်သနည်း။ ၎င်းတို့သည် ကောင်းကင်တမန်မင်း ဖြစ်သည်၊ မကောင်းဆိုးဝါးများ ဖြစ်ပြီး၊ ၎င်းတို့သည် လူသားများအကြားက အန္တိခရစ်များ ဖြစ်ကြပေသည်။ အန္တိခရစ်များက ၎င်းတို့သည် အရာခပ်သိမ်း အစွမ်းထက်သည်၊ စုံလင်ကြသည်ဟု ဟန်ဆောင်ကြလေသည်။ အန္တိခရစ်များသည် မိမိတို့ကိုယ်ကိုယ် သိကြသလော။ (မသိကြပါ။) ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မသိကြချေ၊ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် သိရှိခြင်းနှင့်ပတ်သက်၍ မိတ်သဟာယပြုနိုင်သလော။ (သူတော်ကောင်းယောင်ဆောင်သူ အချို့က ပြုကြပါသည်။) မှန်၏။ ဤလူတို့သည် မိမိတို့ကိုယ်ကိုယ် သိရှိခြင်းအကြောင်း မိတ်သဟာယပြု ဟန်ဆောင်ကြသည်။ ထို့ကြောင့် မိမိတို့ကိုယ်ကိုယ် သိရှိခြင်းအကြောင်း မိတ်သဟာယပြုခြင်းနှင့် မိမိကိုယ်ကိုယ် အမှန်တကယ် သိရှိခြင်းတို့ကြား ခြားနားချက်မှာ အဘယ်နည်း။ (သူတော်ကောင်းယောင်ဆောင်သူများသည် အခြားသူများအား ၎င်းတို့ကို အထင်ကြီးစေဖို့အလို့ငှာ၊ ၎င်းတို့၏ ကောင်းသည့်ဘက်ကို ပြသဖို့အလို့ငှာ မိမိတို့ကိုယ်ကိုယ် သိရှိခြင်းအကြောင်း မိတ်သဟာယပြုကြသည်။ မိမိတို့ကိုယ်ကိုယ် အမှန်တကယ် သိရှိသူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ မိမိတို့ကိုယ်ကိုယ်နှင့် သက်ဆိုင်သည့် စစ်မှန်သော အသိပညာရရှိခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် အချို့သော နောင်တများကို ထင်ရှားလာစေခြင်းနှင့်ပတ်သက်၍ မိတ်သဟာယပြုကြပြီး စိတ်ဖြာလေ့လာကြလေသည်။) ခြားနားချက် တစ်ရပ်ရှိ၏။ အန္တိခရစ်များက မိမိတို့ကိုယ်ကိုယ် သိရှိခြင်းနှင့်ပတ်သက်၍ ပြောဆိုကြသောအခါ၊ ၎င်းတို့ မှန်ကန်သည်ဟု လူတို့ တွေးထင်ကြစေဖို့နှင့် ၎င်းတို့ကို အထင်ကြီးကြစေဖို့၊ ပြီးလျှင် ၎င်းတို့နှင့်ပတ်သက်၍ များစွာမမှားယွင်းသည့်အချိန်တွင်ပင် ၎င်းတို့ မိမိတို့ကိုယ်ကိုယ် သိရှိကြကာ ၎င်းတို့၏ အမှားများကို ဝန်ခံပြီး နောင်တရဖို့ ဘုရားသခင်၏ ရှေ့မှောက်သို့ လာနိုင်ကြဆဲဖြစ်သည်ဟု တွေးထင်ကြစေဖို့အလို့ငှာ၊ ၎င်းတို့နှင့်ပတ်သက်၍ အယောက်တိုင်းက သိရှိကာ မြင်တွေ့သည့် အရာများကို အသုံးပြုရင်း မိမိတို့ကိုယ်ကိုယ် ရှင်းပြကာ သက်သေထူကြလေသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ လူတို့ကို လှည့်ဖြားဖို့ ဖြစ်သည်။ လူတို့က ၎င်းတို့ထံမှ သင်ယူနိုင်ကြဖို့အလို့ငှာ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အမှန်တကယ် စိတ်ဖြာလေ့လာဆွေးနွေးနေကြခြင်း လုံးဝမဟုတ်ပေ။ လူတို့အား ၎င်းတို့ကို သာ၍အထင်ကြီးစေဖို့ ၎င်းတို့က မိမိတို့ကိုယ်ကိုယ် သိရှိခြင်းအား သုံးပြုသည့်အခါ အကျိုးသက်ရောက်မှုမှာ အဘယ်နည်း။ ၎င်းတို့က လူတို့ကို လှည့်ဖြားကြပေသည်။ ဤသည်မှာ မိမိကိုယ်ကိုယ် သိရှိခြင်းသည် အဘယ်သို့ဖြစ်သနည်း။ ယင်းသည် လူတို့ကို လှည့်ဖြားဖို့နှင့် အခြားသူများအား ၎င်းတို့ကို သာ၍ အထင်ကြီးစေဖို့ မိမိကိုယ်ကိုယ် သိရှိခြင်းနှင့်ဆိုင်သည့် ဆိုရိုးစကားနှင့် အလေ့အကျင့်တို့ကို အသုံးပြုခြင်းဖြင့် လူတို့ကို လှည့်စားနေသည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ထင်ရှားကျော်ကြားမှု ရစေဖို့...၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။... (၁၀)” မှ

အန္တိခရစ်တို့သည် ကောင်းမွန်သောအပြုအမူအချို့နှင့် ဆိုရိုးစကားအချို့ကို ပျိုးထောင်ခြင်း၊ စည်းမျဉ်းအချို့ကို စောင့်ထိန်းထားခြင်းတို့မှလွဲပြီး အခြားကျွမ်းကျင်သောအရာ မရှိပေ။ ဤသည်မှာ ၎င်းတို့ ကောင်းစွာတတ်မြောက်ထားသောအရာဖြစ်သည်။ ဤအရာသည် ၎င်းတို့ အရိုးစွဲနေသောအရာတစ်ခုဖြစ်သည်။ ဆိုလိုသည်မှာ ဤအရာသည် ၎င်းတို့၏ အနှစ်သာရဖြစ်သည်။ ၎င်းတို့ အကျွမ်းကျင်ဆုံးသောအရာတို့သည် လူတို့၏ စိတ်နှလုံးအတွင်းထဲတွင် အပြုသဘောဆောင်သော အားထုတ်လိုက်စားမှု၊ ပြင်းပြသောဆန္ဒတို့ မဟုတ်ဘဲ အပြင်ပန်းတွင် ကောင်းမွန်၍ မှန်ကန်သည့်ပုံစံပေါ်သော အရာတို့သာ ဖြစ်သည်။ ၎င်းတို့၏ အနှစ်သာရနှင့် စိတ်သဘောထား၊ သို့မဟုတ် ၎င်းတို့စိတ်အတွင်းထဲ၌ ဖြစ်ပျက်နေသောအရာတို့သည် ၎င်းတို့၏ အပြင်ပန်းအပြုအမူနှင့် အတိအကျပင် ဆန့်ကျင်ဘက်ဖြစ်သည်။ ဥပမာအားဖြင့် သူတစ်ပါးတို့နှင့် ပြောဆိုဆက်ဆံရာတွင် ကြင်နာပြီး နှိမ့်ချဟန်ရှိသော၊ ထိခိုက်နာကျင်စရာများကို မည်သည့်အခါမျှ မပြောသော၊ သူတစ်ပါးတို့၏ သိက္ခာကို ထိန်းသိမ်းဖို့ အစဉ်သဖြင့်ကြိုးစားသော၊ သူတစ်ပါးတို့၏ အားနည်းချက်များကို ကြုံရာကျပန်း ဖော်ထုတ်ခြင်းကိုလည်းကောင်း၊ ထိုသူတို့ကို အကဲဖြတ်ဝေဖန်ခြင်း၊ သို့မဟုတ် ရှုတ်ချခြင်းတို့ကိုလည်းကောင်း မပြုလုပ်သော၊ လူတို့က စိတ်ဓာတ်ကျအားနည်းလာသည့်အခါ အချိန်မီကူညီဖေးမသော အန္တိခရစ်အချို့ရှိသည်။ ၎င်းတို့သည် နွေးထွေးကြင်နာမှုရှိသည့်၊ လူကောင်းတစ်ယောက်ဖြစ်သည့် ပုံစံကို ပြသည်။ အခက်အခဲများကို လူတို့ကြုံရသောအခါ ၎င်းတို့က စကားများဖြင့် ကူညီကြပြီး တစ်ခါတစ်ရံတွင် အင်အားအနည်းငယ်လည်း စိုက်ထုတ်ပေးသည်။ ၎င်းတို့သည် ငွေအချို့၊ သို့မဟုတ် ဝတ္ထုပစ္စည်းအချို့ကို လှူဒါန်းခြင်းဖြင့် ကူညီကယ်တင်ပေးသော အချိန်များပင် ရှိသည်။ အပြင်ပန်းမှကြည့်လျှင် ဤအပြုအမူသည် ကောင်းမွန်သလော။ လူအများစု၏စိတ်ထဲတွင် ဤသည်မှာ ၎င်းတို့ ဆက်သွယ်ပေါင်းဖက်လိုသော လူအမျိုးအစားဖြစ်သည်။ ဤကဲ့သို့သောသူတို့သည် သူတစ်ပါးတို့အပေါ် မည်သည့်အန္တရာယ်၊ သို့မဟုတ် မည်သည့်အနှောင့်အယှက်မျိုးမျှ ပေးလိမ့်မည်မဟုတ်ဘဲ ဝတ္ထုပစ္စည်း၊ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အထောက်အကူတို့ကိုဖြစ်စေ၊ အသက်ဝင်ရောက်မှုတွင် အယူဝါဒဆိုင်ရာ သဘောသဘာဝ၏ အကူအညီကိုပင်ဖြစ်စေ အစရှိသည့်အကူအညီတို့ကိုပင် ပေးကောင်းပေးနိုင်လိမ့်မည်။ အပြင်ပန်းတွင် ထိုသို့သောသူတို့သည် မကောင်းသည့်အရာ မည်သည့်အရာကိုမျှ မလုပ်သကဲ့သို့ သူတစ်ပါးတို့အတွက်လည်း အနှောင့်အယှက်မဖြစ်ပေ။ ၎င်းတို့သည် ၎င်းတို့ရှိသည့် မည်သည့်အဖွဲ့ကိုမဆို ထူးထူးခြားခြား သဟဇာတဖြစ်စေသည့် ပုံစံရှိသည်။ ၎င်းတို့၏ ညွှန်ကြားမှုနှင့် ပြေလည်အောင် ဆောင်ရွက်မှုအောက်တွင် လူတိုင်းက ပျော်ရွှင်သည့် ပုံစံရှိသည်၊ လူတို့သည် ကောင်းမွန်စွာ သင့်တင့်မှုရှိကြသည်၊ ရန်ဖြစ်ခြင်း၊ သို့မဟုတ် အငြင်းပွားခြင်းတို့ မရှိ၊ အချင်းချင်း အတိုင်းထက်အလွန် အပေါက်အလမ်းတည့်ကြသည်။ ၎င်းတို့ရှိနေသည့်အခါတွင် လူတိုင်းက မိမိတို့အချင်းချင်း မည်မျှကောင်းမွန်စွာ သင့်တင့်မှုရှိကြသည်၊ မည်မျှနီးစပ်ကြသည်တို့ကို စဉ်းစားကြသည်။ ၎င်းတို့ မရှိတော့သည့်အခါ လူအချို့က အတူတကွ တွေ့ဆုံကြသည့်အချိန်၌ အချင်းချင်း စတင်သဘောကွဲလွဲလာကြပြီး အချင်းချင်း ဖယ်ကြဉ်လာကြကာ မနာလိုဖြစ်လာကြပြီး ရန်လိုလာကြသည်။ သို့သော် အန္တိခရစ်က ဖျန်ဖြေရန်အတွက် ၎င်းတို့ကြားထဲသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်းက ရန်မဖြစ်ကြတော့ချေ။ အန္တိခရစ်များသည် ၎င်းတို့၏အလုပ်တွင် ကျွမ်းကျင်ပုံရသည်။ သို့သော် ၎င်းတို့၏ “အလုပ်” ဟုခေါ်ဆိုသောအရာကို ရှင်းလင်းစွာ ပြသသည့်အရာတစ်ခုရှိသည်။ ၎င်းတို့၏ လမ်းညွှန်မှုနှင့် ခေါင်းဆောင်မှုအောက်တွင် လူတို့သည် ရောနှောဆက်ဆံနည်း၊ သူတစ်ပါးတို့ကို ချိုသာစွာပြောဆိုကာ မြှောက်ပင့်နည်း၊ ထိုသူတို့၏ရှေ့တွင် ကောင်းမွန်သည့်အရာများကို ပြောဆိုနည်း၊ မှန်ကန်သည့်အရာတို့ကို မပြောဆိုနည်းနှင့် လူတို့၏ စိတ်ခံစားချက်ကို ထိခိုက်အောင် မပြုလုပ်နည်းတို့ကို သင်ယူရရှိခဲ့သည်။ ၎င်းတို့သည် အသင်းတော်ကို မည်သည့်အရာအဖြစ်သို့ ပြောင်းလဲခဲ့သနည်း။ လူမှုရေးအုပ်စုတစ်ခုအဖြစ်သို့ပင်တည်း။ အန္တိခရစ်တို့က ညီအစ်ကိုမောင်နှမတို့ကို ဤလမ်းကြောင်းပေါ်သို့ ခေါ်ဆောင်သွားသောအခါတွင် ၎င်းတို့က အလွန်ပင် အသိအမှတ်ပြုခံထိုက်ကြောင်း၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများအတွက် အမှန်တကယ်ပင် ချီးမွမ်းထိုက်သောအရာတစ်ခု၊ အလွန်အရေးကြီးသော လုပ်ဆောင်မှုတစ်ခုကို ပြုလုပ်ခဲ့ကြောင်း၊ ညီအစ်ကိုမောင်နှမများအပေါ် အလွန်ပင်အကူအညီဖြစ်စေခဲ့ကြောင်း ထင်မြင်ကြသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို နှိမ့်ချရန်၊ စကားပြောရာတွင် ယဉ်ကျေးကာ ရည်မွန်မှုရှိရန် မကြာခဏ သင်ကြားပေးပြီး ထိုင်နေစဉ်တွင်ဖြစ်စေ၊ ရပ်နေစဉ်တွင်ဖြစ်စေ မည်သည့်ကိုယ်ဟန်ဖြင့် နေသင့်သည်၊ စကားပြောရာတွင် ၎င်းတို့၏ အကြည့်ကို မည်သည့်နေရာသို့ ဦးတည်ထားရမည်၊ ၎င်းတို့၏ အဝတ်အစားကို မည်သို့ဝတ်ဆင်သင့်သည်တို့ကို မကြာခဏ သင်ကြားပေးသည်။ ညီအစ်ကိုမောင်နှမတို့ကို ၎င်းတို့ မကြာခဏ သင်ကြားပေးသောအရာသည် သမ္မာတရားကို မည်သို့နားလည်ရမည်၊ သို့မဟုတ် သမ္မာတရား စစ်မှန်မှုအတွင်းသို့ မည်သို့ဝင်ရောက်ရမည်တို့ မဟုတ်ပေ။ ထိုအစား စည်းမျဉ်းများကို မည်သို့လိုက်နာပြီး ကောင်းမွန်စွာ မည်သို့ပြုမူနေထိုင်ရမည်ကို သင်ကြားပေးသည်။ ၎င်းတို့၏ သင်ပြမှုအောက်တွင် လူတို့အကြား အပြန်အလှန်ဆက်ဆံရေးသည် သမ္မာတရား၊ သို့မဟုတ် သမ္မာတရား အခြေခံသဘောတရားများအပေါ် အခြေမခံဘဲ သဘောကောင်းသောသူတစ်ယောက်ဖြစ်ခြင်းနှင့်သက်ဆိုင်သည့် လူအချင်းချင်း အပြန်အလှန်ဆက်ဆံရေး အတွေးအခေါ်တစ်ခုကို အမှီပြုသည်။ အပြင်ပန်းတွင် မည်သူကမျှ မည်သူ၏ ခံစားချက်ကို နာကျင်အောင်မပြုလုပ်ပေ။ မည်သူကမျှ မည်သူ၏ အားနည်းချက်များကို ထုတ်မပြောပေ။ သို့ရာတွင် မည်သူကမျှ ၎င်းတို့ အမှန်တကယ် တွေးတောနေသောအရာများကို မည်သူ့ကိုမျှ လုံးဝ မပြောပေ။ ၎င်းတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှုနှင့် မနာခံမှုတို့ကို မိတ်သဟာယပြုရန်အတွက် ၎င်းတို့၏ စိတ်နှလုံးကို မဖွင့်ဟကြသကဲ့သို့ ၎င်းတို့၏ ကိုယ်ပိုင်အားနည်းချက်များ၊ ပြစ်မှားမှုများကိုလည်း မိတ်သဟာယမပြုကြပေ။ ထိုအစား အပေါ်ယံအဆင့်တွင် ၎င်းတို့သည် မည်သူက ဒုက္ခခံပြီး အဖိုးအခပေးဆပ်ခဲ့သည်၊ မည်သူက တာဝန်ထမ်းဆောင်ရာတွင် သစ္စာရှိခဲ့သည်၊ ညီအစ်ကိုမောင်နှမတို့အတွက် မည်သူက အကျိုးအမြတ်ယူဆောင်ပေးနိုင်ခဲ့သည်၊ ဘုရားသခင်၏ အိမ်တော်တွင် မည်သူက ကြီးစွာ ကူညီထောက်ပံ့ပေးခဲ့သည်၊ မည်သူက ထောင်ကျခဲ့ပြီး စီရင်ချက်ချခံခဲ့ရသည်တို့ကို တတွတ်တွတ်ပြောဆိုကြသည်— ဤအရာတို့မှာ ၎င်းတို့ပြောဆိုသည့်အရာများဖြစ်သည်။ အန္တိခရစ်များသည် သူတို့ကိုယ်သူတို့ အယောင်ဆောင်ပြီး ရုပ်ဖျက်မှုကို ဖန်တီးရန်အတွက် အပေါ်ယံ နှိမ့်ချခြင်း၊ စိတ်ရှည်သည်းခံခြင်း၊ လူတို့ကို နည်းပေါင်းစုံဖြင့် ကူညီပေးခြင်းတို့ဖြစ်သည့် အပြုအမူကောင်းကိုသာ အသုံးပြုရုံတင်မကဘဲ တစ်ချိန်တည်းတွင်ပင် သူတစ်ပါးတို့ကို ဤအပြုအမူကောင်း ကူးစက်စေကာ ယင်းတို့ကို ထိုသူတို့အတုယူစေသည့် ပုံသက်သေကောင်းကို ပြရန်လည်း ကြိုးစားကြလိမ့်မည်။ ဤအပြုအမူကောင်းနောက်ကွယ်ရှိ ရည်ရွယ်ချက်မှာ ၎င်းတို့ကို လူတို့ အာရုံစိုက်အောင်ပြုလုပ်ရန်သာဖြစ်၏— အသင်းတော်ရှိ လူအများစုသည် ၎င်းတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဆွေးနွေးသောအခါ၊ ညီအစ်ကိုမောင်နှမများထဲမှ တစ်ယောက်က အခြားလူတစ်ယောက်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိနေကြောင်း သတိပြုမိပြီး ယင်းကို ကိုင်တွယ်ဖြေရှင်းနိုင်သောအခါတွင် အန္တိခရစ်များကသာ နှိမ့်ချပြီး စိတ်ရှည်ပုံ၊ ၎င်းတို့သာ အားလုံးကို သည်းခံပြီး မည်သူ့ကိုမျှ ကိုင်တွယ်ဖြေရှင်းခြင်းသော်လည်းကောင်း၊ ပြုပြင်ခြင်းသော်လည်းကောင်း မပြုပုံ၊ သို့မဟုတ် မည်သူ၏ အားနည်းချက်များကိုမျှ မဖော်ထုတ်ဘဲ လူတိုင်းနှင့် သဟဇာတဖြစ်စွာ သင့်မြတ်ပြေလည်ပုံတို့ကို အာရုံစိုက်အောင် ပြုလုပ်ရန်သာဖြစ်၏— အသင်းတော်အတွင်း၌ ၎င်းတို့သည်သာလျှင် လူကောင်းများဖြစ်နေလေတော့သည်။ ဤသည်မှာ အန္တိရစ်များက ဟန်ဆောင်သည့် အယောင်ဆောင်အပြုအမူအမျိုးအစားတစ်ခု ဖြစ်သည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ထင်ရှားကျော်ကြားမှု ရစေဖို့...၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။... (၁၀)” မှ

အချို့လူတို့သည် ၎င်းတို့၏ကိုယ်ပိုင် ပြဿနာများကို ဖြေရှင်းရန်အတွက် မဟုတ်ဘဲ အရေးပေါ်အခြေအနေများ အတွက် သို့မဟုတ် မိမိတို့ကိုယ်ကိုယ် စွန့်ပယ်ရန်နှင့် အခြားသူများကို ကူညီရန် မိမိတို့ကိုယ်ကိုယ် အချို့သော သမ္မာတရားဖြင့်သာ ပြင်ဆင်ထားကြသည်၊ ၎င်းတို့ကို “တစ်ကိုယ်ကောင်းမဆန်သောလူများ” ဟု ငါတို့ ခေါ်ကြသည်။ ၎င်းတို့သည် အခြားသူများကို သမ္မာတရား၏ ရုပ်သေးများအဖြစ် သဘောထားကြပြီး မိမိတို့ကိုယ်ကိုယ် သမ္မာတရား၏ ဆရာသခင်များအဖြစ် သဘောထားကြ၍ အခြားသူများအား သမ္မာတရားကို မြဲမြံစွာ စွဲကိုင်ကြရန်နှင့် မတုန်မလှုပ် မနေကြရန် သွန်သင်ကြသော်လည်း၊ ၎င်းတို့ကိုယ်တိုင်သည် ဘေးစည်းမှနေ၍ ပွဲကြည့်ပရိသတ်များအဖြစ် ရှိမြဲရှိကြ လေသည်။ ဤလူများသည် မည်သို့သော လူအမျိုးအစားများ ဖြစ်ကြသနည်း။ ၎င်းတို့သည် သမ္မာတရား နှုတ်ကပတ်တော်အချို့ဖြင့်သာ မိမိတို့ကိုယ်ကိုယ် ပြင်ဆင်ကြပြီး၊ အခြားသူများကို ဩဝါဒပေးရန်မျှသာ ထိုနှုတ်ကပတ်တော်များကို အသုံးပြုကြသော်လည်း၊ ၎င်းတို့ကိုယ်တိုင်၏ ပျက်စီးခြင်းနှင့် ကြုံတွေ့ရခြင်းအား တားဆီးရန် မည်သည့်အရာကိုမျှ လုံးဝ လုပ်ဆောင်ခြင်းမရှိကြချေ။ သနားစဖွယ်ကောင်းလေစွ။ အကယ်၍ ၎င်းတို့၏ နှုတ်ကပတ်တော်များသည် အခြားသူများကို ကူညီနိုင်ပါက၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အဘယ်ကြောင့် မကူညီနိုင်ကြသနည်း။ ငါတို့သည် ၎င်းတို့ကို လက်တွေ့အရှိတရား ကင်းမဲ့သော ကြောင်သူတော်များအဖြစ် အမည်တပ်သင့်သည်။ ၎င်းတို့သည် အခြားသူများကို သမ္မာတရား နှုတ်ကပတ်တော်များကို ထောက်ပံ့ပေးကြပြီး အခြားသူတို့အား ထိုနှုတ်ကပတ်တော်များကို လက်တွေ့ကျင့်ဆောင်စေ ကြသော်လည်း၊ ၎င်းတို့ကိုယ်တိုင် လက်တွေ့ကျင့်ဆောင်ရန် ကြိုးပမ်းအားထုတ်ခြင်း မရှိကြချေ။ ၎င်းတို့သည် စက်ဆုပ်ဖွယ်ကောင်းသည် မဟုတ်လော။ ယင်းကို ၎င်းတို့ကိုယ်တိုင် သိသိသာသာ မလုပ်ဆောင်နိုင်ကြသော်လည်း၊ အခြားသူများကို သမ္မာတရား နှုတ်ကပတ်တော်များအား လက်တွေ့လုပ်ဆောင်ရန် အတင်းအကျပ်ပြုကြသည်- ဤသည်မှာ ရက်စက်သော နည်းလမ်းတစ်ခုပါတကား။ ၎င်းတို့သည် အခြားသူများကို ကူညီရန် လက်တွေ့အရှိတရားကို အသုံးပြုနေခြင်း မရှိကြပေ။ ၎င်းတို့သည် အခြားသူများကို ထောက်ပံ့ပေးရန် ချစ်ခြင်းမေတ္တာကို အသုံးပြုနေခြင်း မဟုတ်ပေ။ ၎င်းတို့သည် လူတို့ကို လိမ်လည်လှည့်ဖြားပြီး အန္တရာယ်ပြုနေကြခြင်း သက်သက် ဖြစ်သည်။ အကယ်၍ ဤအရာသည် ဆက်လက် ဖြစ်ပွားပါက၊ လူအသီးသီးသည် သမ္မာတရား နှုတ်ကပတ်တော်များကို နောက်တစ်ဦးထံ လက်ဆင့်ကမ်းခြင်းဖြင့်၊ ဤသည်မှာ အယောက်တိုင်းက သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းမရှိစဉ်တွင် သမ္မာတရား နှုတ်ကပတ်တော်များကို ပြောဆိုရုံမျှပြောဆိုခြင်းဖြင့် အဆုံးသတ်လိမ့်မည်မဟုတ်လော။ ထိုသို့သော လူများသည် အဘယ်သို့ ပြောင်းလဲနိုင်မည်နည်း။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ပြဿနာများကို လုံးဝ သတိမပြုမိကြပေ။ ၎င်းတို့အတွက် အဘယ်သို့ ရှေ့ဆက်ရမည့် လမ်းကြောင်း ရှိနိုင်မည်နည်း။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ“သမ္မာတရားကို ချစ်သောသူတို့သည် ရှေ့ဆက်လမ်းကြောင်းတစ်ခု ရှိကြ၏” မှ

လူအချို့သည် လူအများက သူတို့အပေါ် အာရုံစိုက်အောင် လုပ်ခြင်းကို ခုံမင်ကြသည်။ ၎င်းတို့၏ ညီအစ်ကိုမောင်နှမများ ရှေ့တွင် ၎င်းတို့သည် ဘုရားသခင်၏ အကြွေးတင်ရှိကြောင်းကို ပြောနိုင်သည်။ သို့သော် နောက်ကွယ်တွင်မူ ထိုသူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ၊ လုံးလုံးလျားလျား ခြားနားစွာ ပြုမူကြသည်။ ဤသူတို့သည် ဘာသာရေးကိုင်းရှိုင်းသော ဖာရိရှဲများ မဟုတ်လော။ ဘုရားသခင်ကို အမှန်တကယ် ချစ်ပြီး သမ္မာတရား ရှိသောသူတစ်ဦးသည် ဘုရားသခင်ကို သစ္စာစောင့်သိသူ ဖြစ်သော်လည်း၊ အပြင်ပန်း၌ ထိုကဲ့သို့ ဖော်ပြလေ့မရှိပေ။ ထိုကဲ့သို့သောသူသည် အခြေအနေများ ပေါ်ပေါက်လာချိန်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုပြီး ၎င်း၏အသိစိတ်ကို ဆန့်ကျင်ကာ ပြောဆိုခြင်း သို့မဟုတ် ပြုမူခြင်းကို ပြုလုပ်လေ့ မရှိပေ။ ထိုကဲ့သို့သောသူသည် အရေးကိစ္စများ ပေါ်လာချိန်တွင် ဉာဏ်ပညာကို ပြသပြီး၊ အခြေအနေများ မည်သို့ပင် ဖြစ်နေပါစေ သူ၏လုပ်ရပ်များ၌ ကိုယ်ကျင့်တရား ကောင်းမွန်၏။ ဤကဲ့သို့သောသူသည် စစ်မှန်သော အစေခံခြင်း ပေးနိုင်သောသူ ဖြစ်သည်။ ဘုရားသခင်ကို အကြွေးတင်ရှိကြောင်း စိတ်ထဲကမပါဘဲ ပြောသူတချို့ ရှိသည်။ ၎င်းတို့သည် သူတစ်ပါးထက် သာသည့်ဟန်ဆောင်ကာ သနားဖွယ်ယောင်ဆောင်လျက် ပူပန်သောကဖြင့် မျက်မှောင်ကုတ်ကာ မိမိတို့၏ နေ့ရက်များကို ကုန်လွန်ကြသည်။ စက်ဆုပ်ရွံရှာဖွယ် ကောင်းလိုက်လေခြင်း။ “သင်၌ ဘုရားသခင်၏အကြွေး မည်သို့တင်ရှိသနည်း။ ပြောပြပါ။” ဟု သူတို့အား မေးခဲ့လျှင် သူတို့သည် အာစေးမိသွားမည် ဖြစ်သည်။ သင်သည် ဘုရားသခင်အပေါ် အမှန်တကယ် သစ္စာစောင့်သိလျှင်၊ ယင်းအကြောင်းကို အပြင်ပန်းအားဖြင့် မပြောနှင့်။ ယင်းအစား တကယ့် လက်တွေ့လုပ်ဆောင်မှု နည်းလမ်းဖြင့် ဘုရားသခင်အပေါ် သင်ချစ်ခြင်းအား ပြသလော့၊ ပြီးလျှင် စစ်မှန်သော နှလုံးသားဖြင့် သူ့ထံ ဆုတောင်းလော့။ နှုတ်အားဖြင့်နှင့် ဝတ်ကျေတမ်းကျေသာ ဘုရားသခင်နှင့် ဆက်ဆံသူများသည် ကြောင်သူတော်များသာ ဖြစ်သည်။ အချို့သူတို့သည် ဆုတောင်းပတ္ထနာပြုတိုင်း ဘုရားသခင်အပေါ် အကြွေးတင်ရှိကြောင်းကို ပြောကာ၊ သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်းကြောင့် မဟုတ်ဘဲ၊ ၎င်းတို့ ဆုတောင်းသည့်အခါတိုင်း စတင်၍ ငိုကြွေးတတ်ကြသည်။ ထိုသို့သော လူများသည် ဘာသာရေးထုံးတမ်းဓလေ့များနှင့် အယူအဆများ စွဲနေသူများ ဖြစ်၏၊ ထိုသို့သော အပြုအမူများသည် ဘုရားသခင်ကို ကျေနပ်စေသည်၊ အပေါ်ယံ ဘုရားတရားကိုင်းရှိုင်းမှု သို့မဟုတ် အပေါ်ယံ ဝမ်းနည်းမျက်ရည်များသည် ဘုရားသခင်နှစ်သက်သော အရာများ ဖြစ်သည်ဟု အစဉ်ယုံကြည်လျက် ထိုသို့သော ထုံးတမ်းဓလေ့များနှင့် အယူအဆများဖြင့် အသက်ရှင်ကြသည်။ ထိုသို့သော အဓိပ္ပာယ်မဲ့သူများသည် မည်သို့အကျိုးပြုမည်နည်း။ အချို့က မိမိတို့၏နှိမ့်ချမှုကို ပြသရန်အတွက် အခြားသူများရှေ့၌ စကားပြောစဉ်တွင် သဘောထားကြီးဟန် ယောင်ဆောင်ကြသည်။ အချို့ကမူ အားအင်လုံးဝမရှိတော့သည့် သိုးငယ်များကဲ့သို့၊ အခြားသူများရှေ့တွင် တမင်တကာ ရိုကျိုးပြလွန်းကြသည်။ ဤသည်မှာ နိုင်ငံတော်၏လူများ ပြုမူသင့်သည် အပြုအမူများ ဖြစ်သလော။ နိုင်ငံတော်၏လူတို့သည် တက်ကြွ၍ အချုပ်အနှောင် ကင်းသောသူ၊ အပြစ်ကင်းပြီး ပွင့်လင်းသောသူ၊ ရိုးသားဖြောင့်မတ်ပြီး ချစ်ဖွယ်ကောင်းသူ၊ လွတ်လပ်သော အနေအထား၌ အသက်ရှင်သူများ ဖြစ်သင့်သည်။ ထိုသူတို့၌ သမာဓိနှင့် ဂုဏ်သိက္ခာ ရှိသင့်ပြီး သွားလေရာရာ၌ သက်သေခံနိုင်သင့်သည်။ ထိုကဲ့သို့သော သူတို့သည် ဘုရားသခင်၏ချစ်ခြင်းကိုရော လူသား၏ ချစ်ခြင်းကိုပါ ခံရသူများ ဖြစ်သည်။ ယုံကြည်ခြင်း၌ သက်တမ်းနုသော သူတို့တွင် အပေါ်ယံ လက်တွေ့လုပ်ဆောင်မှုများ များလွန်းကြသည်။ ၎င်းတို့သည် ပဲ့ပြင်ဆုံးမခြင်းနှင့် ချိုးဖျက်ခြင်းခံရသည့် ကာလကို အရင် ဖြတ်သန်းကြရမည်။ စိတ်နှလုံးအတွင်း၌ ဘုရားသခင်အား ယုံကြည်သောသူများကို အခြားသူများနှင့် အပြင်ပန်းအားဖြင့် ကြည့်ရုံနှင့် ခွဲခြား၍မရနိုင်။ သို့သော်လည်း ထိုသူတို့၏ လုပ်ရပ်များနှင့် လုပ်ဆောင်မှုများသည် ချီးမွမ်းထိုက်ဖွယ် ဖြစ်သည်။ ထိုကဲ့သို့သော လူများသာလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်နေထိုင်သူများ ဖြစ်သည်ဟု မှတ်ယူနိုင်သည်။ အကယ်၍ ဧဝံဂေလိ သတင်းကောင်းကို ဟိုလူ၊ သည်လူအား ကယ်တင်ခြင်းကို ဆောင်ကြဉ်းလာရန် သင်နေ့စဉ် ဟောပြောသော်လည်း၊ အဆုံးတွင် သင်သည် စည်းမျဉ်းများ၊ အယူဝါဒများဖြင့် ဆက်လက် အသက်ရှင်နေသေးလျှင်၊ သင်သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေနိုင်မည် မဟုတ်။ ထိုကဲ့သို့သောသူများသည် ဘာသာရေးသမားများအပြင် ကြောင်သူတော်များလည်း ဖြစ်သည်။

ထိုသို့သော ဘာသာရေးသမားများ စုရုံးကြသည့်အခါတိုင်း၊ သူတို့က “ညီမ၊ ဒီရက်ပိုင်း ဘယ်လိုနေသလဲ။” ဟုမေးကောင်း မေးကြလိမ့်မည်။ သူမကလည်း “ဘုရားသခင်အပေါ် အကြွေး ရှိနေတာကို ခံစားမိပြီး သူ့အလိုတော်ကို ဖြည့်ဆည်းနိုင်စွမ်း မရှိဘူးလို့ ခံစားရတယ်။” ဟု ပြန်ဖြေကောင်း ပြန်ဖြေနိုင်၏။ အခြားတစ်ယောက်ကလည်း “ကျွန်ုပ်လည်း ဘုရားသခင်အပေါ် အကြွေးတင်ရှိနေပြီး သူ့အလိုတော်ကို ဖြည့်ဆည်းနိုင်စွမ်း မရှိဘူးလို့ ခံစားရတယ်။” ဟု ပြောကောင်း ပြောလိမ့်မည်။ ဤဝါကျအချို့နှင့် စကားလုံးများသက်သက် ကပင် ထိုသူတို့၏နှလုံးသား နက်ရှိုင်းသောနေရာ၌ ရှိနေသည့် ဆိုးရွားသော အရာများကို ဖော်ပြနေသည်။ ထိုသို့သော စကားများသည် စက်ဆုပ်ဖွယ် အကောင်းဆုံးဖြစ်ပြီး၊ အလွန်အမင်း မနှစ်မြို့ဖွယ်ဖြစ်သည်။ ထိုသို့သောလူများ၏ သဘာဝဗီဇသည် ဘုရားသခင်ကို ဆန့်ကျင်သည်။ စစ်မှန်မှုအပေါ်တွင် အာရုံစိုက်သောသူတို့သည် မိမိ၏စိတ်အတွင်း၌ ရှိသည့်အတိုင်း ပြောဆိုပြီး မိတ်သဟာယပြုရာတွင်လည်း မိမိတို့၏နှလုံးသားများအား ဖွင့်ဟကြသည်။ ထိုသူတို့သည် ထိုကဲ့သို့သော ယဉ်ကျေးရည်မွန်သော စကားများ၊ သို့မဟုတ် အနှစ်သာရ မရှိသော နားဝင်ချိုသည့်စကားများကို မပြောဘဲ အတုအပဖြစ်သော စွမ်းဆောင်မှုများ၌ ပါဝင်ခြင်း မရှိပေ။ ထိုသူတို့သည် အမြဲတမ်း ပွင့်လင်းစွာပြောဆိုကြပြီး လောက၏ စည်းမျဉ်းများကို လိုက်နာလေ့မရှိပေ။ အချို့သူများသည် လုံးဝ အဓိပ္ပာယ်မရှိသည့် အတိုင်းအတာအထိ အပေါ်ယံ လူမြင်အောင် လုပ်ပြရသည်ကို ခုံမင်ကြသည်။ မိမိ၏ထမင်းအိုး အတွင်းရှိ ထမင်းများ တူးသွားသည်ကိုပင် မသိလိုက်ဘဲ၊ တစ်စုံတစ်ဦး သီချင်းဆိုလျှင် သူတို့ စတင် ကခုန်ကြသည်။ ထိုကဲ့သို့သော လူများသည် ဘုရားတရား ကိုင်းရှိုင်းသူများ မဟုတ်သလို၊ ဂုဏ်သိက္ခာ ရှိသောသူများလည်း မဟုတ်ကာ၊ အလွန်အမင်း ပေါ့ပြက်လွန်းလှသည့် လူများဖြစ်သည်။ အဆိုပါအရာများ အားလုံးသည် စစ်မှန်ခြင်းကင်းမဲ့မှု၏ သရုပ်သကန်များ ဖြစ်သည်။ လူအချို့သည် ဝိညာဉ်ရေးရာအသက်တာ နှင့်ဆိုင်သော ကိစ္စများကို ပြောဆိုကြသည့်အခါ၊ ထိုသူတို့သည် ဘုရားသခင်အပေါ် အကြွေးတင်ရှိကြောင်း မပြောသော်လည်း၊ ၎င်းတို့၏ နှလုံးသား အတွင်း၌ ဘုရားသခင်အပေါ် စစ်မှန်သော ချစ်ခြင်းမေတ္တာထားကြသည်။ ဘုရားသခင်အပေါ် အကြွေးတင်ရှိကြောင်း သင်၏ခံစားချက်သည် အခြားသူများနှင့် မည်ကဲ့သို့မျှ မသက်ဆိုင်ပေ။ သင်သည် ဘုရားသခင်အပေါ်၌ အကြွေးတင်ရှိခြင်း ဖြစ်သည်၊ လူသားအပေါ် ကျေးဇူးတင်ရှိခြင်း မဟုတ်။ ထိုကိစ္စအား အခြားသူများကို အဆက်မပြတ် ပြောဆိုခြင်းသည် သင့်အတွက် အဘယ်အကျိုးရှိသနည်း။ သင်သည် မည်သည့်အပြင်ပန်း စိတ်အားထက်သန်မှု၊ သို့မဟုတ် အပြင်ပန်း ပြသဖို့အပေါ်မျှ မဟုတ်ဘဲ၊ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းကို အရေးကြီးသည်ဟု ခံယူရမည်။

လူတို့၏ အပေါ်ယံကောင်းမှုများသည် အဘယ်အရာကို ကိုယ်စားပြုသနည်း။ ၎င်းတို့သည် ဇာတိပကတိစိတ်ကို ကိုယ်စားပြုပြီး အကောင်းဆုံး အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများသည်ပင်လျှင် အသက်ကို ကိုယ်စားပြုခြင်း မရှိပေ၊ ၎င်းတို့သည် သင်ကိုယ်တိုင်၏ သီးခြား နဂိုစိတ်ရင်းကိုသာ ပြနိုင်သည်။ လူသား၏အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများသည် ဘုရားသခင်၏ လိုအင်ဆန္ဒကို မဖြည့်ဆည်းနိုင်ပေ။ သင်သည် ဘုရားသခင်အပေါ်၌ အကြွေးတင်ရှိကြောင်းကို အစဉ်မပြတ် ပြောသော်လည်း၊ တစ်ပါးသူများ၏ဘဝများကို သင် မထောက်ပံ့နိုင်ပေ သို့မဟုတ် ၎င်းတို့ကို ဘုရားသခင်အားချစ်ရန် သင်မလှုံ့ဆော်နိုင်ပေ။ သင်၏ အဆိုပါလုပ်ရပ်များက ဘုရားသခင်ကို ကျေနပ်စေမည်ဟု သင် ယုံကြည်သလော။ သင်၏လုပ်ဆောင်ချက်များသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီပြီး၊ ၎င်းတို့သည် ဝိညာဉ်နှင့်သက်ဆိုင်သည်ဟု သင် ခံစားရသော်လည်း၊ စင်စစ်အားဖြင့် ၎င်းတို့အားလုံးသည် အဓိပ္ပာယ် ကင်းမဲ့ကြပေသတည်း။ သင့်အား စိတ်ကျေနပ်မှု ပေးသောအရာနှင့် သင်လုပ်လိုသော အရာတို့သည် ဘုရားသခင် အထူးနှစ်သက်သည့် အရာများ အတိအကျပင် ဖြစ်သည်ဟု သင်ယုံကြည်သည်။ သင် နှစ်သက်သောအရာများသည် ဘုရားသခင်အား ကိုယ်စားပြုနိုင်သလော။ လူတစ်ဦး၏စရိုက်သည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သလော။ သင့်ကို စိတ်ကျေနပ်မှုပေးသော အရာသည် ဘုရားသခင် ရွံမုန်းသည့်အရာ အတိအကျပင်ဖြစ်ပြီး၊ သင့်အကျင့်များသည် ဘုရားသခင် ရွံရှာ၍ ငြင်းပယ်သော အရာများ ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်အပေါ် အကြွေးတင်ရှိသည်ဟု ခံစားရပါက၊ ဘုရားသခင်ရှေ့မှောက်သို့ သွား၍ ဆုတောင်းလော့။ ထိုအကြောင်းကို တစ်ပါးသူများအား ပြောဖို့မလို။ အကယ်၍ သင်သည် ဘုရားသခင်ရှေ့မှောက်၌ ဆုမတောင်းဘဲ၊ ယင်းအစား အခြားသူများရှေ့၌ သင့်ကိုယ်သင် လူအများအာရုံစိုက်ခံရအောင် အစဉ်တစိုက် ပြုလုပ်လျှင်၊ ဤအရာသည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနိုင်လိမ့်မည်လော။ သင်၏လုပ်ရပ်များသည် အစဉ်အမြဲ အပြင်ပန်းအတွက်သာ ဖြစ်နေပါက၊ သင်သည် အစွန်းရောက်အောင် အလွန်ပလွှားသောသူ ဖြစ်သည်ဟု ဆိုလိုသည်။ အပေါ်ယံကောင်းမှုများသာ ဆောင်ရွက်ပြီး စစ်မှန်မှု ကင်းမဲ့နေသည့် လူတို့သည် မည်ကဲ့သို့သော လူအမျိုးအစား ဖြစ်သနည်း။ ထိုသို့သော လူများသည် ကြောင်သူတော် ဖာရိရှဲများနှင့် ဘာသာရေးသမားများသာ ဖြစ်လေစွတကား။ သင်တို့သည် သင်တို့၏ အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများကို ရပ်ကာ မပြောင်းလဲနိုင်လျှင် သင်တို့အထဲရှိ သူတော်ကောင်းယောင်ဆောင်မှု အရိပ်လက္ခဏာများသည် ပို၍ပင် ကြီးထွားလာလိမ့်မည်။ သူတော်ကောင်းယောင်ဆောင်မှု အရိပ်လက္ခဏာများ ပိုများလေလေ၊ ဘုရားသခင်ကို ပို၍ ဆန့်ကျင်လေလေဖြစ်၏။ အဆုံးတွင် ထိုကဲ့သို့သော လူများသည် ဧကန်ပင် သုတ်သင်ဖယ်ရှင်းခြင်းကို ခံရလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူတစ်ဦးသည် ယုံကြည်ခြင်း၌ စစ်မှန်မှုကို အဓိကထားရမည်၊ ဘာသာရေး ထုံးတမ်းဓလေ့၌ ပါဝင်လုပ်ဆောင်ခြင်းသည် ယုံကြည်ခြင်းမဟုတ်

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “ယေဟောဝါ၏” ဟူသည့် စကားလုံး မပါဝင်ပါ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။