ကျွန်ုပ်သည် “ယောဘကျမ်း” ကိုဖတ်ပြီး ယောဘသည် ဘုရားသခင်ကိုကြောက်ရွံ့၍ မကောင်းမှုကိုရှောင်ရှားသောသူဖြစ်ကြောင်း တွေ့မြင်ရ၏။ သူသည် စာတန်၏ သွေးဆောင်မှုနှင့် တိုက်ခိုက်မှုများကိုကျော်လွှားခဲ့ပြီး သက်သေ ရပ်တည်နိုင်ခဲ့သည်၊ ဘုရားသခင်ထံမှ ကောင်းချီးခံစားခဲ့ရသည်။ ကျွန်ုပ်ရှာဖွေလိုသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့်မကောင်းမှုကို ရှောင်ရှားရန် မည်သို့ရှာဖွေရမည်နည်း။

18.05.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဖန်ဆင်းခံသတ္တဝါအစစ်အမှန်သည် ဖန်ဆင်းရှင်က မည်သူဖြစ်သည်ကို သိရမည်။ လူသားအား မည်သည့်အတွက် ဖန်ဆင်းထားသည်ကို သိရမည်။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ဝတ္တရားများအား မည်သို့လုပ်ဆောင်ရမည်ကို သိရမည်။ ဖန်ဆင်းရာအားလုံး၏ အရှင်သခင်အား မည်သို့ကိုးကွယ်ရမည်ကို သိရမည်။ ဖန်ဆင်းရှင်၏ ရည်ရွယ်ချက်များ၊ ဆန္ဒများနှင့် တောင်းဆိုချက်များကို နားလည်၍ သဘောပေါက်ကာ သိကျွမ်းပြီး အရေးစိုက်ရမည်။ ထို့အပြင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်းဖြစ်သည့် ဖန်ဆင်းရှင်၏ လမ်းစဉ်အတိုင်း လုပ်ဆောင်ရမည်။

ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဆိုသည်မှာ အဘယ်နည်း။ မကောင်းသောအကျင့်ကို မည်သို့ရှောင်နိုင်သနည်း။

“ဘုရားသခင်ကို ကြောက်ရွံ့ခြင်း” ဆိုသည်မှာ ဖော်ပြမရနိုင်လောက်အောင် ဆိုးရွားသော ကြောက်လန့်ခြင်းနှင့် တုန်လှုပ်ခြင်းတို့ကို မဆိုလိုသကဲ့သို့၊ ရှောင်ဖယ်ခြင်းလည်း မဟုတ်သည့်အပြင်၊ ခပ်ဝေးဝေးနေခြင်းလည်းမဟုတ်ပေ၊ ထို့ပြင် ပုဂ္ဂိုလ်ရေးရာ ကိုးကွယ်ခြင်း၊ သို့မဟုတ် အယူသီးခြင်းလည်း မဟုတ်ပေ။ ယင်းထက် ၎င်းသည် ကြည်ညိုခြင်း၊ မြတ်နိုးလေးစားခြင်း၊ ယုံကြည်ကိုးစားခြင်း၊ နားလည်သဘောပေါက်ခြင်း၊ အရေးစိုက်ခြင်း၊ နာခံခြင်း၊ အထွတ်အမြတ်ထားခြင်း၊ ချစ်ခြင်းတို့ဖြစ်သည်၊ ထို့အပြင် အကြွင်းမဲ့ပြီး ညည်းညူခြင်းကင်းသော ဝတ်ပြုကိုးကွယ်မှု၊ အတုံ့အလှယ်ပေးဆပ်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့လည်းဖြစ်သည်။ ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာမရှိပါက လူသားမျိုးနွယ်၌ စစ်မှန်သော ကြည်ညိုခြင်း၊ စစ်မှန်သော ယုံကြည်ကိုးစားခြင်း၊ စစ်မှန်သော နားလည်သဘောပေါက်ခြင်း၊ စစ်မှန်သော အရေးစိုက်ခြင်း၊ သို့မဟုတ် စစ်မှန်သော နာခံခြင်းတို့ ရှိလိမ့်မည် မဟုတ်ဘဲ၊ ထိတ်လန့်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်း၊ မယုံသင်္ကာဖြစ်ခြင်း၊ အထင်မှားခြင်း၊ ရှောင်တိမ်းခြင်းနှင့် ရှောင်ရှားခြင်းတို့သာ ရှိနေလိမ့်မည်။ ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာမရှိပါက လူသားမျိုးနွယ်၌ စစ်မှန်သော အထွတ်အမြတ်ထားခြင်းနှင့် အတုံ့အလှယ်ပေးဆပ်ခြင်းတို့ ရှိလိမ့်မည်မဟုတ်။ ဘုရားသခင်ကို စစ်မှန်သော သိကျွမ်းမှု မရှိပါက လူသားမျိုးနွယ်၌ စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့ ရှိလိမ့်မည် မဟုတ်ဘဲ၊ မျက်စိစုံမှိတ် ပုဂ္ဂိုလ်ရေးရာ ကိုးကွယ်ခြင်းနှင့် အယူသီးခြင်းတို့သာ ရှိလိမ့်မည်။ ဘုရားသခင်ကို စစ်မှန်သော သိကျွမ်းမှု မရှိပါက လူသားမျိုးနွယ်သည် ဘုရားသခင်၏ လမ်းစဉ်အတိုင်း မပြုမူနိုင်သကဲ့သို့၊ ဘုရားသခင်ကို မကြောက်နိုင်၊ သို့မဟုတ် မကောင်းသောအကျင့်ကိုလည်း မရှောင်နိုင်ပေ။ အပြန်အလှန်အားဖြင့် လူတို့လုပ်ဆောင်သမျှ အမှုကိစ္စတိုင်းနှင့် အပြုအမူတိုင်းသည် ပုန်ကန်မှုနှင့် အာခံမှု၊ ဘုရားသခင်ကို သွားပုပ်လေလွင့် အပြစ်တင်ယိုးစွပ်မှုများအပြင် ဘုရားသခင်ကို အပုပ်ချသည့် ဝေဖန်အကဲဖြတ်မှုများနှင့် ပြည့်နေလိမ့်မည်ဖြစ်ပြီး သမ္မာတရားအပြင် ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်သော အဓိပ္ပာယ်တို့နှင့် ဆန့်ကျင်သည့် ဆိုးယုတ်သော အပြုအမူနှင့် ပြည့်နေလိမ့်မည်။

လူသားမျိုးနွယ်၌ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကိုးစားခြင်း ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဘုရားသခင်၏နောက်ကို လိုက်ခြင်းနှင့် သူ့အပေါ်မှီခိုရာတွင် စစ်မှန်လာလိမ့်မည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကိုးစားပြီး မှီခိုခြင်းဖြင့်သာ လူသားမျိုးနွယ်၌ စစ်မှန်သော သိနားလည်ခြင်းနှင့် သဘောပေါက်ခြင်းတို့ ရှိနိုင်သည်။ ဘုရားသခင်ကို အစစ်အမှန် သဘောပေါက်ခြင်းနှင့်အတူ သူ့ကို အစစ်အမှန် အရေးစိုက်ခြင်း တွဲပါလာသည်။ ဘုရားသခင်ကို အစစ်အမှန် အရေးစိုက်ခြင်းဖြင့်သာ လူသားမျိုးနွယ်၌ စစ်မှန်သော နာခံခြင်း ရှိနိုင်သည်။ ဘုရားသခင်ကို အစစ်အမှန် နာခံခြင်းဖြင့်သာ လူသားမျိုးနွယ်၌ စစ်မှန်သော အထွတ်အမြတ်ထားခြင်း ရှိနိုင်သည်။ ဘုရားသခင်ကို အစစ်အမှန် အထွတ်အမြတ်ထားခြင်းဖြင့်သာ လူသားမျိုးနွယ်၌ အကြွင်းမဲ့ပြီး ညည်းညူခြင်းကင်းသော စစ်မှန်သည့် အတုံ့အလှယ်ပေးဆပ်ခြင်း ရှိနိုင်သည်။ စစ်မှန်သည့် ကိုးစားခြင်းနှင့် မှီခိုခြင်း၊ စစ်မှန်သည့် နားလည်မှုနှင့် အရေးစိုက်ခြင်း၊ စစ်မှန်သည့် နာခံခြင်း၊ စစ်မှန်သည့် အထွတ်အမြတ်ထားခြင်းနှင့် အတုံ့အလှယ်ပေးဆပ်ခြင်းတို့ဖြင့်သာ လူသားမျိုးနွယ်သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို အမှန်တကယ် သိကျွမ်းလာနိုင်ပြီး ဖန်ဆင်းရှင်၏ ကိုယ်ပိုင်လက္ခဏာကို အမှန်တကယ် သိကျွမ်းလာနိုင်သည်။ ဖန်ဆင်းရှင်အား ၎င်းတို့ အမှန်တကယ် သိကျွမ်းလာသည့်အခါမှသာ လူသားမျိုးနွယ်သည် ၎င်းတို့အထဲ၌ စစ်မှန်သည့် ကိုးကွယ်မှုနှင့် ကျိုးနွံနာခံခြင်းတို့ နိုးကြားလာအောင် လုပ်နိုင်မည် ဖြစ်သည်။ ၎င်းတို့၌ ဖန်ဆင်းရှင်ကို စစ်မှန်သည့် ကိုးကွယ်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့ ရှိသည့်အခါမှသာ လူသားမျိုးနွယ်သည် မိမိတို့၏ ဆိုးယုတ်သော လမ်းများကို အမှန်တကယ် ဘေးဖယ်ထားနိုင်ကြလိမ့်မည်၊ တစ်နည်းအားဖြင့်ဆိုလျှင် မကောင်းသောအကျင့်ကို ရှောင်နိုင်ကြလိမ့်မည်။

ဤတွင် “ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း” လုပ်ငန်းစဉ်တစ်ခုလုံး ပါဝင်၏၊ ထို့ပြင် ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း၏ အကြောင်းအရာ အလုံးစုံလည်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်းသို့ ရောက်ရန်အတွက် ကျော်ဖြတ်ရမည့် လမ်းကြောင်းလည်း ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ကျမ်းဦးစကား

ပထမဦးစွာ ဘုရားသခင်၏ စိတ်နေသဘောထားသည် ဘုန်းအာနုဘော်နှင့် အမျက်ဒေါသ ဖြစ်ကြောင်းကို ငါတို့သိကြသည်။ သူသည် လူတို့ အလိုရှိသည့်အတိုင်း ထိန်းချုပ်ခြင်းခံရမည့် ရုပ်သေးရုပ်တစ်ခု ဖြစ်ဖို့မဆိုနှင့်၊ တစ်စုံတစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံရမည့် သိုးတစ်ကောင် မဟုတ်ပေ။ သူသည် သြဇာပေးခံရမည့် ဘာမျှမရှိသော လေပွေတစ်ခုလည်း မဟုတ်ပေ။ သင်သည် ဘုရားသခင်တည်ရှိကြောင်းကို အမှန်တကယ်ယုံကြည်ပါက၊ သင်၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသင့်ပြီး ဘုရားသခင်၏ အနှစ်သာရမှာ ဒေါသထွက်အောင် လုပ်ရမည့်အရာတစ်ခု မဟုတ်ကြောင်းကို သင် သိသင့်ပေသည်။ ဤဒေါသကို စကားတစ်လုံးအားဖြင့်၊ သို့မဟုတ် အတွေးတစ်ခု အားဖြင့်၊ သို့မဟုတ် ဆိုးညစ်သော အပြုအမူတစ်မျိုးမျိုးအားဖြင့်ဖြစ်စေ၊ သို့မဟုတ် လူတို့၏အမြင်နှင့် လူသားတို့၏ ကိုယ်ကျင့်တရားအားဖြင့် အတန်အသင့်ဖြစ်သော သိမ်မွေ့သည့် အပြုအမူအားဖြင့်ဖြစ်စေ ဖြစ်ပွားစေနိုင်သည်။ သို့တည်းမဟုတ် ယင်းကို သြဝါဒတစ်ခု သို့မဟုတ် အယူအဆသဘောတရား တစ်ခုအားဖြင့် နှိုးဆွပေးနိုင်သည်။ သို့သော်လည်း ဘုရားသခင်ကို သင် ဒေါသ ထွက်စေပြီးသည်နှင့် တစ်ပြိုင်နက် သင်၏ အခွင့်အရေးပျောက်ဆုံးပြီး သင်၏ နောက်ဆုံးနေရက်များ ရောက်ရှိလာပြီဖြစ်သည်။ ဤသည်မှာ ဆိုးဝါးသော အရာတစ်ခုပင်။ အကယ်၍ ဘုရားသခင်အား ပုန်ကန်ပြစ်မှား၍ မရသည်ကို သင် နားမလည်ပါက၊ သင်သည် ဘုရားသခင်ကို မကြောက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပြီး သင်သည် သူ့အား အချိန်တိုင်းလိုလို ပြစ်မှားနေခြင်း ဖြစ်နိုင်သည်။ သင်သည် ဘုရားသခင်အား မည်ကဲ့သို့ ကြောက်ရွံ့ရမည်ကို မသိပါက၊ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့နိုင်စွမ်း မရှိသည့်အပြင် သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်းတည်းဟူသော ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လှမ်းခြင်း လမ်းကြောင်းပေါ်သို့ မိမိကိုယ်ကိုယ် မည်သို့ထားရှိရမည်ကို သိလိမ့်မည်မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို ပြစ်မှား၍မရကြောင်း သတိပြုမိလာပြီး အသိနိုးကြားသည်နှင့်တစ်ပြိုင်နက် သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်းမှာ အဘယ်အရာ ဖြစ်ကြောင်း သိလိမ့်မည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

ဘုရားသခင်၏ အနှစ်သာရတွင် ချစ်ခြင်းမေတ္တာ၏ အခြေခံသဘောတရားပါဝင်ပြီး သူသည် တစ်ဦးတစ်ယောက်စီတိုင်းအား သနားကရုဏာစိတ် ရှိသော်လည်း၊ သူ၏ အနှစ်သာရမှာ ဂုဏ်သိက္ခာရှိသောသူလည်း ဖြစ်သည် ဟူသည့်အချက်ကို လူတို့ လျစ်လျူရှုပြီး မေ့လျော့ကြပြီးဖြစ်သည်။ သူ့၌ ချစ်ခြင်းမေတ္တာရှိ၏ ဟူသည်မှာ သူ့အထဲ၌ ခံစားချက်များ သို့မဟုတ် တုံ့ပြန်ချက်တစ်ခုကို နှိုးဆွခြင်းမရှိဘဲ၊ လူတို့က သူ့ကို လွတ်လပ်စွာ ပြစ်မှားနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်သည့်အပြင် သူ၌ သနားခြင်းကရုဏာ ရှိ၏ ဟူသည်မှာ လူတို့ကို သူဆက်ဆံသည့်ပုံစံ၌ အခြေခံစည်းမျဉ်းများ မရှိပါဟု ဆိုလိုခြင်း မဟုတ်ပေ။ ဘုရားသခင်သည် အသက်ရှင်နေသည်၊ သူသည် အမှန်တကယ် တည်ရှိသည်။ သူသည် စိတ်ကူးဖြင့်ပုံဖော်ထားသော ရုပ်သေးရုပ်တစ်ရုပ် မဟုတ်သကဲ့သို့၊ အခြားအရာဝတ္ထု တစ်ခုခုလည်း မဟုတ်ပေ။ သူသည် တည်ရှိသည့်အတွက်၊ ငါတို့သည် သူ့စိတ်နှလုံး၏ဖွင့်ဟချက်ကို အချိန်တိုင်း ဂရုတစိုက် နားထောင်သင့်ကာ၊ သူ၏ စိတ်နေသဘောထားကို သေချာစွာ အာရုံစိုက်ပြီး သူ၏ ခံစားချက်များကို နားလည်လာသင့်သည်။ ငါတို့သည် ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်ရန်အတွက် လူသား၏ စိတ်ကူးများကို အသုံးမပြုသင့်သကဲ့သို့၊ ဘုရားသခင်အား လူသား၏ စိတ်ကူးများအပေါ် အခြေခံ၍ လူ့နည်းဟန်ဖြင့် လူတို့ကို ဆက်ဆံစေကာ၊ သူ့အပေါ် လူ့ထင်မြင်ချက်များ သို့မဟုတ် ဆန္ဒပြုချက်များကို မသွတ်သွင်းသင့်ပေ။ အကယ်၍ သင် ဤသို့ပြုပါက၊ သင်သည် ဘုရားသခင်ကို ဒေါသထွက်စေခြင်း၊ သူ၏ အမျက်ဒေါသကို ဆွဲဆောင်ခြင်းနှင့် သူ၏ ဂုဏ်သိက္ခာကို စိန်ခေါ်ခြင်းပင် ဖြစ်နေပေသည်။ ထို့ကြောင့် ဤကိစ္စ၏ ကြီးလေးမှုကို သင်တို့ နားလည် လာပြီးသည်နှင့်တစ်ပြိုင်နက်၊ သင်တို့ အယောက်စီတိုင်းကို သင်တို့၏ လုပ်ဆောင်ချက်များ၌ သတိထားရန်နှင့် ချင့်ချိန်တတ်ရန် ငါတိုက်တွန်းသည်။ သင်တို့၏ စကားပြောခြင်း၌လည်း သတိထားပြီး ချင့်ချိန်မှု ရှိကြလော့၊ ဘုရားသခင်ကို သင်တို့ မည်ကဲ့သို့ ဆက်ဆံသည်နှင့်စပ်လျဉ်း၍ သင်တို့သည် ပို၍သတိထားပြီး ပို၍ချင့်ချိန်လေ ပို၍ကောင်းလေ ဖြစ်လေသည်။ သင်သည် ဘုရားသခင်၏ သဘောထားမှာ မည်သည့်အရာ ဖြစ်သည်ကို နားမလည်သောအခါ၊ မဆင်မခြင်စကားပြောခြင်းမှ ရှောင်ကြဉ်လော့၊ သင်၏ လုပ်ဆောင်ချက်များ၌ မဆင်မခြင် မပြုနှင့်၊ ထို့ပြင် ပေါ့ပေါ့တန်တန် အမည်ပေးသမုတ်ခြင်း မပြုနှင့်။ ပို၍ပင် အရေးကြီးသည်မှာ ထင်ရာမြင်ရာ မည်သည့် ကောက်ချက်ချခြင်းများကိုမျှ မပြုလေနှင့်။ ထို့အစား သင်သည် စောင့်ဆိုင်းပြီး ရှာဖွေသင့်သည်။ ဤလုပ်ဆောင်ချက်များမှာလည်း ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ အကယ်၍ အရာခပ်သိမ်းထက် ဤအရာကို သင်ရရှိနိုင်ပြီး အရာခပ်သိမ်းထက် ဤသဘောထားကို သင်ပိုင်ဆိုင်နိုင်ပါက၊ ဘုရားသခင်သည် သင်၏ မိုက်မဲခြင်း၊ မသိနားမလည်ခြင်းနှင့် အမှုအရာများနောက်ကွယ်မှ အကြောင်းအရင်းများအား နားလည်မှု ကင်းမဲ့ခြင်းတို့အတွက် သင့်ကို အပြစ်တင်မည်မဟုတ်ပေ။ ထို့ထက် ဘုရားသခင်အား ပြစ်မှားမိမည်ကို ကြောက်ရွံ့ခြင်းနှင့်ယှဉ်သော သင်၏ သဘောထား၊ သူ၏ ရည်ရွယ်ချက်များအပေါ် ရိုသေလေးစားခြင်းနှင့် သူ့အားနာခံရန် ဆန္ဒရှိခြင်းတို့ကြောင့် ဘုရားသခင်က သင့်ကို အောက်မေ့မည်၊ သင့်ကို လမ်းပြပြီး ဉာဏ်အလင်းပွင့်စေမည်၊ သို့မဟုတ် သင်၏ မရင့်ကျက်ခြင်းနှင့် မသိနားမလည်ခြင်းကို သည်းခံမည်ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် အကယ်၍ သူ့အပေါ် သင်၏သဘောထားမှာ သူ့ကို မိမိသဘောကျ တရားစီရင်ခြင်း သို့မဟုတ် ဘုရားသခင်၏ အတွေးအခေါ်များကို ထင်ရာမြင်ရာ မှန်းဆခြင်းနှင့် အဓိပ္ပာယ်ဖွင့်ခြင်းဖြင့် မထီမဲ့မြင်ပြုမည်ဆိုပါက၊ ဘုရားသခင်သည် သင့်ကို စီရင်ချက်ချမည်၊ ဆုံးမပဲ့ပြင်မည်၊ ထို့ပြင် အပြစ်ဒဏ်ပင် ခတ်လိမ့်မည်။ သို့မဟုတ်ပါက သူသည် သင့်ကို သုံးသပ်ချက် ပေးကောင်းပေးမည် ဖြစ်သည်။ ဤသုံးသပ်ချက်တွင် သင်၏ အဆုံးသတ် ပါဝင်ကောင်းပါဝင်လိမ့်မည်။ ထို့ကြောင့် ငါသည် နောက်ထပ်တစ်ကြိမ် အသားပေး၍ ပြောလိုသည်- သင်တို့ အယောက်စီတိုင်းသည် ဘုရားသခင်ထံမှ လာသောအရာ မှန်သမျှအပေါ် သတိရှိပြီး ဆင်ခြင်မြော်တွေးသင့်သည်။ မဆင်မခြင် စကားမပြောနှင့်၊ ထို့ပြင် သင်၏ လုပ်ဆောင်ချက်များ၌ သတိလက်လွတ် မဖြစ်စေနှင့်။ တစ်စုံတစ်ခုကို သင်မပြောမီ ရပ်ဆိုင်းပြီး ဆင်ခြင်သင့်သည်- ကျွန်ုပ်၏ ဤလုပ်ဆောင်ချက်က ဘုရားသခင်ကို ဒေါသထွက်စေမည်လော။ ဤအရာကို လုပ်ရာတွင် ဘုရားသခင်ကို ကျွန်ုပ် ကြောက်ရွံ့ရိုသေ ပါ၏လော။ သာမန်ကိစ္စရပ်များ၌ပင်လျှင် ဤမေးခွန်းများကို ဆက်၍ သင် နားလည်သဘောပေါက်ရန် ကြိုးစားပြီး ၎င်းတို့ကို ဆင်ခြင်သုံးသပ်ရန် အချိန်ပိုယူသင့်သည်။ အကယ်၍ သင်သည် ဤနိယာမများနှင့်အညီ ကဏ္ဍတိုင်း၊ အမှုအရာတိုင်း၊ အချိန်တိုင်းတွင် အမှန်တကယ် လက်တွေ့လုပ်ဆောင်နိုင်ပြီး အထူးသဖြင့် သင် တစ်စုံတစ်ခုကို နားမလည်သောအခါ၊ ထိုကဲ့သို့သော သဘောထားကို ခံယူနိုင်ပါက ဘုရားသခင်သည် သင့်ကို အမြဲလမ်းပြပြီး လိုက်လျှောက်ရန် လမ်းကြောင်း တစ်ခုကို သင့်အား ပေးမည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

ဘုရားသခင်သည် အသက်ရှင်သော ဘုရားသခင်ဖြစ်ပြီး လူတို့က ခြားနားသော အခြေအနေများတွင် ခြားနားစွာ ပြုမူကြသကဲ့သို့၊ ဘုရားသခင်သည် ရုပ်သေးရုပ်တစ်ရုပ် မဟုတ်သကဲ့သို့ ဘာမျှမရှိသော လေတစ်ပွေ မဟုတ်သောကြောင့်၊ ဤပြုမူချက်များအပေါ် သူ၏သဘောထားမှာ ကွဲပြား ပေသည်။ ဘုရားသခင်၏ သဘောထားကိုသိရခြင်းမှာ လူသားမျိုးနွယ် အတွက် ထိုက်သင့်သော လေ့လာလိုက်စားမှု တစ်ခုပင် ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ သဘောထားကို သိခြင်းအားဖြင့် ဘုရားသခင်၏ စိတ်သဘောထားကို တဖြည်းဖြည်းချင်း မည်ကဲ့သို့သိနိုင်မည့်အကြောင်းနှင့် သူ၏စိတ်နှလုံးကို နားလည်လာရန် လေ့လာသင်ယူသင့်သည်။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးကို တဖြည်းဖြည်းချင်း နားလည်လာသောအခါ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်းမှာ လုပ်ဆောင်ပြီးမြောက်ဖို့ အင်မတန်ခက်ခဲသောအရာတစ်ခု ဖြစ်သည်ဟု သင်ခံစားရလိမ့်မည် မဟုတ်ပေ။ ထိုမျှမက သင်သည် ဘုရားသခင်ကို နားလည်သည့်အခါ၊ သင်သည် သူနှင့်ပတ်သက်၍ ကောက်ချက်များချရန် အလားအလာ ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်အကြောင်း ကောက်ချက်များချခြင်းကို သင် ရပ်လိုက်သည့်အခါ၊ သင်သည် ဘုရားသခင်ကို ပြစ်မှားရန် အလားအလာ လျော့နည်းသွားမည် ဖြစ်ပြီး ဘုရားသခင်သည် သင့်အား သူ၏အကြောင်း သိကျွမ်းခြင်းရရှိစေရန် သင်သတိမထားလိုက်ဘဲ၊ ဦးဆောင်သွားမည် ဖြစ်သဖြင့် ဤအရာက သင်၏စိတ်နှလုံးကို ဘုရားသခင်အား ချစ်ကြောက်ရိုသေနှင့် ပြည့်ဝစေလိမ့်မည် ဖြစ်သည်။ ထိုအခါ သင်ကျွမ်းကျင်တတ်မြောက်သော သြဝါဒများ၊ ကျမ်းဟောင်းတရားများနှင့် အယူအဆ သဘောတရားများကို အသုံးပြု၍ ဘုရားသခင်အား အဓိပ္ပာယ်ဖွင့်ခြင်းကို သင်ရပ်တန့်လိမ့်မည် ဖြစ်သည်။ ထိုအစား အရာခပ်သိမ်း၌ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အစဉ်ရှာဖွေခြင်းဖြင့် သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်သော လူတစ်ဦး ဖြစ်မှန်းမသိ ဖြစ်လာလေမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

ခေတ်ကာလတိုင်း၌ ဘုရားသခင်သည် လူသားများကြား အမှုပြုနေစဉ် သူတို့အပေါ် နှုတ်ကပတ်တော်အချို့ကို ပေးအပ်ကာ သမ္မာတရားအချို့ကို သူတို့အား ပြောပြသည်။ ဤသမ္မာတရားများသည် လူတို့ လိုက်နာ စောင့်ထိန်းသင့်သည့် လမ်းခရီး၊ သူတို့ လျှောက်လှမ်းရမည့် လမ်းခရီး၊ သူတို့အား ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်စေနိုင်သော လမ်းခရီး၊ ထို့ပြင် လူတို့ လက်တွေ့လုပ်ဆောင်သင့်ပြီး ၎င်းတို့၏ အသက်တာများထဲနှင့် ၎င်းတို့၏ အသက်တာခရီးများ တစ်လျှောက်လုံးတွင် လိုက်နာစောင့်ထိန်းသင့်သော လမ်းခရီးအဖြစ် အသုံးတော်ခံသည်။ ဤအကြောင်းရင်းများကြောင့် ဘုရားသခင်သည် လူသားတို့အပေါ် ဤမိန့်မြွက်ချက်များကို ဖော်ပြခြင်း ဖြစ်သည်။ ဘုရားသခင်ထံမှလာသော ဤနှုတ်ကပတ်တော်များကို လူတို့ လိုက်နာစောင့်ထိန်းသင့်ပြီး ၎င်းတို့အား လိုက်နာစောင့်ထိန်းခြင်းမှာ အသက်ကို လက်ခံရယူခြင်းပင် ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ၎င်းတို့အား လိုက်နာစောင့်ထိန်းခြင်းမရှိ၊ ၎င်းတို့အား လက်တွေ့လုပ်ဆောင်ခြင်း မရှိသည့်အပြင် မိမိတို့၏ အသက်တာထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နေထိုင်ခြင်း မရှိပါက၊ ဤသူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မရှိပေ။ ထို့ပြင် လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မရှိပါက၊ သူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကိုရှောင်ခြင်း မရှိသည့်အပြင် ဘုရားသခင်ကို ကျေနပ်စေနိုင်မည် မဟုတ်ပေ။ ဘုရားသခင်ကို ကျေနပ်စေနိုင်ခြင်း မရှိသော လူတို့က သူ၏ချီးကျူးခြင်းကို ရရှိနိုင်မည် မဟုတ်သည့်အပြင် ဤကဲ့သို့သောလူတို့၌ အဆုံးသတ် မရှိပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လှမ်းခြင်းမှာ အပေါ်ယံစည်းကမ်းများကို လိုက်နာခြင်းအကြောင်း မဟုတ်ပေ။ ယင်းထက် သင်သည် ပြဿနာတစ်ခုကို ရင်ဆိုင်ရသည့်အခါ၊ ပထမဦးစွာ ၎င်းကို ဘုရားသခင် စီစဉ်ထားသော အခြေအနေတစ်ခု၊ သင့်အား သူပေးအပ်ထားသော ဝတ္တရားတစ်ခု သို့မဟုတ် သင့်အား သူ ယုံကြည်အပ်နှံထားသော အလုပ်တာဝန်တစ်ခုအဖြစ် သင်ရှုမြင်ခြင်းကို ဆိုလိုသည်။ ဤပြဿနာကို သင်ရင်ဆိုင်နေရသောအခါ၊ ၎င်းကို ဘုရားသခင်က သင့်အပေါ်ထားရှိသော စမ်းသပ်မှုတစ်ခုအဖြစ်ပင်လျှင် မြင်သင့်သည်။ ဤပြဿနာကို သင်ကြုံတွေ့ရသောအခါ၊ သင်၏စိတ်နှလုံးထဲ၌ စံနှုန်းတစ်ခု သင်ရှိရမည်ဖြစ်ပြီး၊ ဤကိစ္စသည် ဘုရားသခင်ထံမှ လာခဲ့ခြင်းဖြစ်သည်ဟု သင်ထင်မြင်ယူဆရမည်။ သင်သည် ဘုရားသခင်ကို ဆက်လက်၍ သစ္စာစောင့်သိလျက် သင်၏ဝတ္တရားကို ဖြည့်ဆည်းနိုင်မည့် နည်းလမ်းအားဖြင့် ဤကိစ္စရပ်ကို မည်ကဲ့သို့ ရင်ဆိုင်ဖြေရှင်းမည့် အကြောင်းကိုလည်းကောင်း၊ ဘုရားသခင်ကို ဒေါသမထွက်စေဘဲ သို့မဟုတ် သူ၏ စိတ်နေသဘောထားကို မပြစ်မှားဘဲ ၎င်းကို မည်သို့ပြုလုပ်ရမည့် အကြောင်းကိုလည်းကောင်း စဉ်းစားရမည်။...ဤသည်မှာ ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လှမ်းရန် ငါတို့ သို့မဟုတ် ငါတို့ဝန်းကျင်၌ ဖြစ်ပျက်သည့် မည်သည့်အရာကိုမဆို၊ အသေးအမွှား အမှုအရာများကိုပင်လျှင် ငါတို့လက်လွှတ်၍ မရသောကြောင့် ဖြစ်သည်။ ငါတို့သည် ၎င်းကို အာရုံစိုက်သင့်သည်ဟု စဉ်းစားသည်ဖြစ်စေ မစဉ်းစားသည်ဖြစ်စေ၊ အခြေအနေ တစ်ခုခုက ငါတို့ကို ရင်ဆိုင်နေပါက၊ ၎င်းကို ငါတို့ လက်မလွှတ်သင့်ပေ။ ဖြစ်ပျက်သည့်အရာ အားလုံးကို ငါတို့အတွက် ဘုရားသခင်ပေးထားသော စစ်ဆေးမှုများအဖြစ် ရှုမြင်သင့်ပေသည်။ အမှုအရာများအား ဤသို့ရှုမြင်ခြင်းကို သင် မည်သို့သဘောထားသနည်း။ အကယ်၍ သင်၌ ဤသဘောထားမျိုး ရှိပါက၊ ၎င်းက သင်သည် စိတ်နှလုံးထဲ၌ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်လိုသည်ဟူသော အဖြစ်မှန်တစ်ခုကို အတည်ပြုသည်။ သင်၌ ဘုရားသခင်ကို ကျေနပ်စေရန် ဤဆန္ဒရှိပါက၊ သင်လက်တွေ့လုပ်ဆောင်သော အရာမှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းဟူသော စံနှုန်းနှင့် အလှမ်းဝေးလိမ့်မည် မဟုတ်ပေ။

လူတို့ များစွာအရေးမစိုက်သော ကိစ္စရပ်များနှင့် အများအားဖြင့် ဖော်ပြလေ့မရှိသော ကိစ္စရပ်များမှာ အရေးမပါသော အသေးအဖွဲမျှသာဖြစ်ပြီး ၎င်းတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်မှုမရှိဟူ၍ ယုံကြည်သောသူများ ရှိတတ်သည်။ ဤလူတို့သည် ယင်းကဲ့သို့သော ကိစ္စရပ်ကို ရင်ဆိုင်ရသည့်အခါ၊ ယင်းကို များစွာ မဆင်ခြင်ဘဲ သတိလက်လွတ် ထားကြသည်။ သို့သော်လည်း အမှန်မှာ ဤအကြောင်းအရာသည် သင်လေ့လာသင့်သော သင်ခန်းစာတစ်ခု၊ ဘုရားသခင်ကို ကြောက်ရွံ့နည်းနှင့် မကောင်းမှုကို ရှောင်နည်းဆိုင်ရာ သင်ခန်းစာတစ်ခု ဖြစ်ခဲ့လေသည်။ ထိုမျှမက သင် ပို၍ပင်အလေးထားသင့်သည့် အရာမှာ သင့်ကိုရင်ဆိုင်ရန် ဤကိစ္စ ပေါ်ပေါက်သည့်အခါ၊ ဘုရားသခင်သည် မည်သည့်အရာကို လုပ်ဆောင်နေကြောင်း သိခြင်းပင် ဖြစ်သည်။ ဘုရားသခင်သည် သင်၏နံဘေး၌ ရှိကာ၊ သင်၏ စကားလုံးတိုင်းနှင့် လုပ်ဆောင်မှုတိုင်းကို အကဲခတ်နေပြီး သင်လုပ်ဆောင်သမျှနှင့် သင်၏ အတွေးများထဲတွင် မည်သည့် အပြောင်းအလဲများ ဖြစ်ပျက်သည်ကို စောင့်ကြည့်နေသည်၊ ဤသည်မှာ ဘုရားသခင်၏ အလုပ်ပင်။ လူအချို့က “ဤသို့မှန်လျှင် ၎င်းကို ကျွန်ုပ် အဘယ်ကြောင့် မခံစားခဲ့ရသနည်း။” ဟု မေးကြသည်။ သင်မခံစားရသည့်အကြောင်းမှာ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့်လမ်းခရီးကို သင်၏ ပဓာနလမ်းစဉ်အဖြစ် သင် လိုက်နာစောင့်ထိန်းခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်သည် လူအထဲ၌ ဘုရားသခင်ပြုလုပ်သည့် သိမ်မွေ့သောအမှုကို မခံစားနိုင်ရခြင်း ဖြစ်သည်၊ ၎င်းက လူတို့၏ အတွေးအခေါ်များနှင့် ပြုမူပုံအမျိုးမျိုးနှင့်အညီ ပေါ်လွင်ခြင်းဖြစ်သည်။ သင်သည် နမော်နမဲ့နိုင်သူတစ်ဦး ဖြစ်ပေတကား။ အရေးပါသော ကိစ္စရပ်မှာ အဘယ်နည်း။ အရေးမပါသော ကိစ္စရပ်မှာ အဘယ်နည်း။ ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လှမ်းခြင်း ပါဝင်သော ကိစ္စရပ်များကို အရေးပါသော သို့မဟုတ် အရေးမပါသော ကိစ္စရပ်များဟူ၍ ပိုင်းခြားမထားပေ၊ ထိုအရာကို သင် လက်ခံနိုင်သလော။ (၎င်းကို ကျွန်ုပ်တို့ လက်ခံနိုင်ပါသည်။) နေ့စဉ်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အလွန်ကြီးမားပြီး အရေးပါသည်ဟု လူတို့ရှုမြင်ကြသော ကိစ္စရပ်အချို့ရှိပြီး အရေးမပါသော အသေးအမွှားများဟု ရှုမြင်ခံရသော အခြားအရာများ ရှိပေသည်။ လူတို့သည် ဤကြီးမားသော ကိစ္စရပ်များကို အလွန်အရေးကြီးသည်ဟု မြင်တတ်ကြပြီး ၎င်းတို့မှာ ဘုရားသခင် ပို့ဆောင်ပေးထားသည်ဟု သူတို့က ယူဆကြသည်။ သို့သော်လည်း ဤကိစ္စရပ်များ ဖြစ်ပျက်နေသည့်အခါတွင်၊ လူတို့၏ မရင့်ကျက်သော ဝိညာဉ်ရင့်ကျက်မှုနှင့် သူတို့၏ ညံ့ဖျင်းသော အစွမ်းအစတို့ကြောင့် လူတို့သည် ယေဘုယျအားဖြင့် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန် အဆင့်မမီဘဲရှိကာ၊ မည်သည့် ဗျာဒိတ်တော်ကိုမျှ မရနိုင်သည့်အပြင် တန်ဖိုးရှိသော တကယ့်အသိပညာကို မရရှိနိုင်ကြပေ။ သေးငယ်သော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ၎င်းတို့သည် လူတို့၏ လျစ်လျူရှုခြင်း၊ တစ်စတစ်စ လက်လွတ်ဆုံးရှုံးသွားရန် စွန့်ပစ်ခြင်းကို ခံကြရသည်။ သို့ဖြစ်၍ လူတို့သည် ဘုရားသခင်ရှေ့၌ စစ်ကြောခြင်းနှင့် စစ်ဆေးခြင်းကို ခံရရန် အခွင့်အရေးများစွာ ဆုံးရှုံးခဲ့ကြပြီ ဖြစ်သည်။ သင်သည် လူများ၊ အမှုအရာများ၊ ကိစ္စရပ်များနှင့် ဘုရားသခင် သင့်အတွက် စီစဉ်ပေးထားသော အခြေအနေများကို အမြဲလျစ်လျူရှုပါက၊ ဤသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ၎င်းမှာ သင်သည် နေ့စဉ်နေ့တိုင်းနှင့် အချိန်တိုင်းမှာပင် သင့်အပေါ် ဘုရားသခင်၏ စုံလင်အောင်ပြုလုပ်ပေးခြင်းကိုရော သူ၏ ခေါင်းဆောင်မှုကိုပါ အမြဲပစ်ပယ် နေသည်ဟု အဓိပ္ပာယ် သက်ရောက်သည်။ ဘုရားသခင်သည် သင့်အတွက် အခြေအနေတစ်ရပ်ကို စီစဉ်ပေးသည့် အခါတိုင်းတွင်၊ သူသည် တိတ်တဆိတ် စောင့်ကြည့်နေလျက်၊ သင်၏ စိတ်နှလုံးကို စိုက်ကြည့်နေပြီး၊ သင်၏စိတ်ကူးများနှင့် သုံးသပ်ချက်များကို အကဲခတ်နေ၍၊ သင် မည်သို့တွေးပုံကို စောင့်ကြည့်နေကာ သင်မည်ကဲ့သို့ ပြုမူမည့်ပုံတို့ကို ကြည့်ရှုရန် စောင့်ဆိုင်းနေပါသည်။ အကယ်၍ သင်သည် ဂရုမစိုက်သော လူတစ်ဦး၊ ဘုရားသခင်၏ လမ်းခရီး၊ သူ၏ နှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားနှင့်ပတ်သက်၍ မည်သည့်အခါမျှ အလေးအနက် မရှိခဲ့သောသူ ဖြစ်နေပါက၊ ဘုရားသခင်သည် သင့်အတွက် အခြေအနေတစ်စုံတစ်ရာကို စီစဉ်ပေးသောအခါ၊ သင်သည် ဘုရားသခင် ပြည့်စုံစေလိုသည့်အရာ သို့မဟုတ် သင်ဖြည့်ဆည်းပေးရန် သူမျှော်လင့်ထားသည့် တောင်းဆိုချက်များကို သင် သတိမူလိမ့်မည်မဟုတ် သို့မဟုတ် အာရုံစိုက်လိမ့်မည် မဟုတ်ပေ။ ထို့ပြင် သင်ကြုံတွေ့သော လူများ၊ ဖြစ်ရပ်များနှင့် အရာဝတ္ထုများသည် သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ အလိုတော်နှင့် မည်ကဲ့သို့ ဆက်စပ်မှု ရှိကြောင်းကိုလည်း သင်သိလိမ့်မည် မဟုတ်ပေ။ သင်သည် ဤကဲ့သို့ အကြိမ်ကြိမ်ဖြစ်ပွားသော အခြေအနေများနှင့် အကြိမ်ကြိမ်ဖြစ်ပွားသော စမ်းသပ်မှုများကို ရင်ဆိုင်ပြီးနောက် ဘုရားသခင်သည် သင့်အထဲတွင် မည်သည့်ရလဒ်ကိုမျှ မမြင်တွေ့ပါက၊ သူသည် မည်သို့ဆက်လုပ်မည်နည်း။ စမ်းသပ်မှုများကို အကြိမ်ကြိမ်အခါအခါ ရင်ဆိုင်ပြီးနောက် သင်သည် သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင်ကို ကြီးမြတ်စေခြင်း သို့မဟုတ် သင့်အတွက် ဘုရားသခင် စီစဉ်ပေးသော အခြေအနေများကို ဘုရားသခင်ထံမှလာသော စမ်းသပ်မှုများနှင့် စစ်ဆေးမှုများ အဖြစ် အရှိကိုအရှိအတိုင်း ရှုမြင်ခြင်း မရှိခဲ့ပေ။ ထိုအစား သင့်အား ဘုရားသခင် ပေးအပ်ခဲ့သော အခွင့်အရေးများကို တစ်ခုပြီးတစ်ခု သင် ငြင်းပယ်ပြီဖြစ်ပြီး ၎င်းတို့အား အကြိမ်ကြိမ်အခါခါ လက်လွှတ် ဆုံးရှုံးခံလျက်ရှိသည်။ ဤသည်မှာ လူတို့ထုတ်ဖော်ပြသည့် လွန်ကဲသော မနာခံခြင်းပင် မဟုတ်လော။ (ဟုတ်ပေသည်။) ဤအရာကြောင့် ဘုရားသခင်သည် စိတ်နာကျင် ထိခိုက်မည်လော။ (သူ နာကျင်ထိခိုက်ပါလိမ့်မည်။) ဘုရားသခင်သည် စိတ်နာကျင်ထိခိုက်မည်မဟုတ်။ ဤကဲ့သို့ ငါပြောသည်ကို ကြားရခြင်းက သင်တို့ကို နောက်ထပ်တစ်ကြိမ် ထိတ်လန့်စေပြန်ပြီ။ “ဘုရားသခင်သည် အမြဲ စိတ်နာကျင် ထိခိုက်မည်ဟု အစောပိုင်း၌ ပြောခဲ့သည် မဟုတ်လော။ ထို့ကြောင့် ဘုရားသခင် နာကျင်ထိခိုက်ခြင်းမရှိဘဲ နေမည်လော။ သို့ဆိုလျှင် သူသည် မည်သည့်အချိန်တွင် နာကျင်ထိခိုက်သနည်း။” ဟု သင်တွေးနေနိုင်သည်။ တိုတိုပြောရလျှင် ဘုရားသခင်သည် ဤအခြေအနေ၌ နာကျင်ထိခိုက်မည် မဟုတ်ပေ။ ထိုသို့ဆိုသော် အထက်တွင် အကြမ်းဖျင်းဖော်ပြထားသော အပြုအမူ အမျိုးအစားအပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ လူတို့သည် ၎င်းတို့ထံ ဘုရားသခင် စေလွှတ်သော စမ်းသပ်မှုများနှင့် စစ်ဆေးမှုများကို ငြင်းပယ်သည့်အခါနှင့် ထိုအရာများထံမှ ၎င်းတို့ ခေါင်းရှောင်သည့်အခါ၊ ဤသို့သော လူများအပေါ် ဘုရားသခင်၏ သဘောထား တစ်ခုတည်းသာ ရှိသည်။ ဤသဘောထားမှာ အဘယ်နည်း။ ဘုရားသခင်သည် ဤကဲ့သို့သောလူကို သူ၏ အနက်ရှိုင်းဆုံး နှလုံးသားထဲမှ ပစ်ပယ်သည်။ “ပစ်ပယ်သည်” ဟူသော စကားလုံးအတွက် အဓိပ္ပာယ်နှစ်လွှာ ရှိသည်။ ၎င်းတို့ကို ငါ၏ ရှုထောင့်အမြင်မှ အဘယ်သို့ ရှင်းပြရအံ့နည်း။ အမှန်မှာ “ပစ်ပယ်” ဟူသော စကားလုံးသည် စက်ဆုပ်ရွံရှာခြင်းနှင့် မုန်းတီးခြင်းဟူသော ဂယက်အနက်ကို ဆောင်သည်။ ထိုအဓိပ္ပာယ်၏ အခြားအလွှာမှာ အဘယ်နည်း။ ၎င်းမှာ တစ်စုံတစ်ခုအား စွန့်ခြင်းကို ညွှန်းဆိုသော အပိုင်းဖြစ်သည်။ “စွန့်ခြင်း” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုကြောင်း သင်တို့အားလုံး သိကြသည် မဟုတ်သလော။ လိုရင်းတိုရှင်းဆိုရလျှင် “ပစ်ပယ်ခြင်း” ဆိုသည်မှာ ဤသို့နည်းဖြင့် ပြုမူနေကြသော ထိုလူများအပေါ် ဘုရားသခင်၏ အဆုံးစွန်သော တုံ့ပြန်မှုနှင့် သဘောထားကို သရုပ်ဖော်သည့် စကားလုံးဖြစ်သည်။ ယင်းမှာ ၎င်းတို့ကို အလွန်အမင်း မုန်းတီးခြင်းနှင့် ရွံမုန်းခြင်းဖြစ်သောကြောင့်၊ ၎င်းတို့ကို စွန့်ပစ်မည့် ဆုံးဖြတ်ချက်အဖြစ် အကျိုးသက်ရောက်သည်။ ဤသည်မှာ ဘုရားသခင်၏ လမ်းခရီး၌ မည်သည့်အခါမျှ မလျှောက်လှမ်းခဲ့သောသူတစ်ယောက်နှင့် ဘုရားသခင်ကို မည်သည့်အခါမျှ ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်း မရှိခဲ့သော လူတစ်ဦးအပေါ် ဘုရားသခင်၏ နောက်ဆုံး ဆုံးဖြတ်ချက်ပင် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

ယောဘ၏ အိမ်၌နေသော အသက်တာကို ကြည့်ခြင်းဖြင့်၊ သူ၏ အသက်တာတစ်လျှောက်လုံးတွင် သူ၏ ပုံမှန် အပြုအမူက မည်သည့်အရာနှင့်တူခဲ့သည်ကို ကြည့်ခြင်းဖြင့် ငါတို့အစပြုကြမည်။ ဤအရာက အသက်တာထဲတွင် သူ၏ နိယာမများနှင့် ရည်မှန်းချက်များအကြောင်းအပြင်၊ သူ၏ ပင်ကိုစရိုက်နှင့် လိုက်စားမှု အကြောင်းကို ငါတို့အား ပြောပြလိမ့်မည် ဖြစ်သည်။...ယောဘ၏သားများနှင့် သမီးများ ပွဲခံခြင်းကို သမ္မာကျမ်းစာက ဖော်ပြသည့်နေရာတွင် ယောဘအကြောင်းကို ဖော်ပြခြင်း မရှိပေ။ သူ၏သားများနှင့် သမီးများ မကြာခဏ အတူတကွ စားသောက်ခဲ့ကြသည်ဟုသာ ဆိုထားသည်။ တစ်နည်းအားဖြင့် သူသည် ပွဲခံခြင်းများကို မပြုခဲ့သကဲ့သို့၊ သူသည် သူ၏သားများနှင့် သမီးများ အလွန်အကျူး စားသောက်ရာ၌ ပါဝင်ခြင်း မရှိခဲ့ပေ။ ကြွယ်ဝပြီး ဥစ္စာပစ္စည်းများစွာနှင့် အစေခံများစွာကို ပိုင်ဆိုင်ခဲ့သော်လည်း၊ ယောဘ၏ အသက်တာမှာ စည်းစိမ်ဖြင့် ယစ်မူးသော အသက်တာတစ်ခု မဟုတ်ခဲ့ပေ။ သူသည် သူ၏အကောင်းဆုံး ရှင်သန်မှုပတ်ဝန်းကျင်အားဖြင့် အချိန်ကို ပျော်ပါးကုန်လွန်စေခဲ့ခြင်း မရှိဘဲ၊ ယင်းက သူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို တဖြည်းဖြည်း ရှောင်ရှားစေဖို့မဆိုထားနှင့်၊ သူ၏ ချမ်းသာကြွယ်ဝမှုကြောင့် ဇာတိပကတိ ပျော်မွေ့ဖွယ်ရာများအပေါ် လွန်ကျူးစွာ ခံစားခဲ့ခြင်း သို့မဟုတ် မီးရှို့သောယဇ်များကို ပူဇော်ရန် မေ့လျော့ခဲ့ခြင်း မရှိပေ။ ထိုအခါ ယောဘသည် သူ၏ နေပုံထိုင်ပုံ၌ သိသိသာသာပင် စည်းကမ်းရှိခဲ့သည်၊ သူ့ကို ပေးသည့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ၏ အကျိုးဆက်အဖြစ် လောဘကြီးခြင်း သို့မဟုတ် အပျော်အပါးလိုက်စားခြင်းသည် ပဓာနကျသည်ဟူသော ခံယူချက် မရှိခဲ့သကဲ့သို့၊ သူ၏ ဘဝ အဆင့်အတန်းအပေါ် အစွဲအလန်းကြီးခဲ့ခြင်း မရှိပေ။ ယင်းအစား သူသည် နှိမ့်ချပြီး ရိုးရိုးကုပ်ကုပ်နေခဲ့သည်၊ ဝင့်ကြွားတတ်ခြင်းလည်း မရှိသကဲ့သို့၊ ဘုရားသခင်ရှေ့တွင် သတိရှိပြီး ဂရုတစိုက်ရှိခဲ့သည်။ ဘုရားသခင်၏ ကျေးဇူးတော်များနှင့် ကောင်းချီးမင်္ဂလာများကို မကြာခဏ သူဆင်ခြင်တွေးတောခဲ့ပြီး ဘုရားသခင်ကို စဉ်ဆက်မပြတ် ကြောက်ရွံ့ခဲ့သည်။ သူ၏ နေ့စဉ်အသက်တာတွင်၊ ယောဘသည် မကြာခဏ စောစီးစွာ နိုးထကာ သူ၏ သားများနှင့် သမီးများအတွက် မီးရှို့ရာယဇ်များကို ပူဇော်ခဲ့သည်။ တစ်နည်းအားဖြင့် ယောဘသည် သူကိုယ်တိုင် ဘုရားသခင်ကို ကြောက်ရွံ့ခဲ့သည်သာမက သူ၏သားသမီးများသည်လည်း ထို့နည်းတူ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဘုရားသခင်ကို ဆန့်ကျင်ပြစ်မှားမည်မဟုတ်ဟုလည်း သူမျှော်လင့်ခဲ့သည်။ ယောဘ၏ ရုပ်ဝတ္ထုဆိုင်ရာ ကြွယ်ဝ ချမ်းသာမှုသည် သူ၏ စိတ်နှလုံးအတွင်း၌ နေရာမရှိခဲ့သကဲ့သို့၊ ယင်းသည် ဘုရားသခင်ထိန်းသိမ်းထားသော နေရာကို အစားထိုးခဲ့ခြင်း မရှိပေ။ သူကိုယ်တိုင်အတွက် ဖြစ်စေ သူ၏သားသမီးများအတွက် ဖြစ်စေ ယောဘ၏နေ့စဉ် လုပ်ဆောင်ချက် အားလုံးသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းနှင့် ဆက်နွှယ်ခဲ့သည်။ ယေဟောဝါဘုရားသခင်အပေါ် သူ၏ကြောက်ရွံ့ခြင်းသည် သူ၏နှုတ်၌ ရပ်တန့်ခဲ့ခြင်းမရှိဘဲ၊ သူ အကောင်အထည်ဖော်လုပ်ဆောင်ခဲ့ပြီး သူ၏ နေ့စဉ်အသက်တာ၏ အစိတ်အပိုင်းတစ်ခုစီတွင် ထင်ဟပ်ခဲ့သည့်အရာ တစ်ခု ဖြစ်သည်။ ယောဘ၏ ဤတကယ့် အပြုအမူက ယောဘသည် ရိုးသားပြီး တရားမျှတမှုနှင့် အပြုသဘောဆောင်သော အရာများကို နှစ်သက်သည့် အနှစ်သာရတစ်ခုကို ပိုင်ဆိုင်ခဲ့သည်ကို ငါတို့အား ပြသပေသည်။ ယောဘသည် သူ၏သားများနှင့် သမီးများကို မကြာခဏ စေလွှတ်ကာ သန့်ရှင်းစေခဲ့သည် ဟူသည်မှာ သူသည် သူ၏ သားသမီးများ၏ အပြုအမူကို ခွင့်ပြုခြင်း သို့မဟုတ် လက်ခံခြင်း မရှိခဲ့သည်ကို ဆိုလိုသည်။ ယင်းအစား သူ၏စိတ်နှလုံးထဲ၌ ၎င်းတို့၏ အပြုအမူနှင့်ပတ်သက်၍ စိတ်ပျက်ခဲ့ပြီး၊ ၎င်းတို့အား ပြစ်တင်ဝေဖန်ခဲ့သည်။ သူ၏သားများနှင့် သမီးများ၏ အပြုအမူသည် ယေဟောဝါဘုရားသခင်ကို ကျေနပ်စေခဲ့ခြင်း မရှိဟု သူ ကောက်ချက်ချခဲ့ပြီး၊ ထို့ကြောင့် ယေဟောဝါဘုရားသခင်ရှေ့သို့ သွားကာ ၎င်းတို့၏အပြစ်များကို ဝန်ခံဖို့ ၎င်းတို့ကို သူမကြာခဏ ခေါ်ယူခဲ့သည်။ ယောဘ၏ လုပ်ဆောင်ချက်များက သူသည် မကြာခဏ အပြစ်ပြုပြီး ဘုရားသခင်ကို ပြစ်မှားသောသူများနှင့်အတူ မည်သည့်အခါတွင်မျှ ပေါင်းသင်းခြင်း မရှိခဲ့ဘဲ၊ ယင်းအစား ၎င်းတို့ကို ရှောင်ဖယ်ပြီး ရှောင်ရှားခဲ့သည့် သူ၏ လူ့သဘာဝ၏ အခြားတစ်ဖက်ကို ငါတို့အား ပြပေသည်။ ဤလူများသည် သူ၏ သားများနှင့် သမီးများ ဖြစ်သော်လည်း၊ ၎င်းတို့သည် သူ၏မိသားစုနှင့် ဆွေမျိုးသားချင်း ဖြစ်သောကြောင့် သူ၏ ကိုယ်ပိုင် ပြုမူနေထိုင်ခြင်း အခြေခံသဘောတရားများကို ပစ်ပယ်ခဲ့ခြင်း မရှိသကဲ့သို့၊ သူ၏ ကိုယ်ပိုင် ခံစားချက်များကြောင့် ၎င်းတို့၏ အပြစ်များ၌ လိုက်လျောခဲ့ခြင်း မရှိပေ။ ယင်းထက် ၎င်းတို့အား ဝန်ချကာ ယေဟောဝါဘုရားသခင်၏ သည်းခံခြင်းကို ရယူရန် တိုက်တွန်းခဲ့ပြီး ၎င်းတို့၏ အလိုကြီးသော ပျော်ရွှင်မှုအတွက် ဘုရားသခင်ကို မစွန့်ပယ်ရန် ၎င်းတို့အား သူသတိပေးခဲ့သည်။ အခြားသူများအား ယောဘ ဆက်ဆံခဲ့ပုံနှင့် သက်ဆိုင်သော အခြေခံသဘောတရားများကို ဘုရားသခင်အား သူ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း အခြေခံသဘောတရားများမှ ခွဲခြား၍ မရနိုင်ပေ။ ဘုရားသခင် လက်ခံခဲ့သော အရာကို သူနှစ်သက်ခဲ့ပြီး၊ ဘုရားသခင် ပစ်ပစ်ခါခါ ငြင်းပယ်ခဲ့သော အရာကို သူစက်ဆုပ်ရွံရှာခဲ့သည်။ ဘုရားသခင်ကို မိမိတို့၏ စိတ်နှလုံး၌ ကြောက်ရွံ့သောသူများကို သူနှစ်သက်ခဲ့ပြီး မကောင်းမှုကို ကျူးလွန်သူများ သို့မဟုတ် ဘုရားသခင်ကို ပြစ်မှားသောသူများကို သူစက်ဆုပ်ရွံရှာခဲ့သည်။ ထိုသို့သော ချစ်ခင်နှစ်သက်မှုနှင့် စက်ဆုပ်ရွံရှာမှုတို့ကို သူ၏ နေ့စဉ် အသက်တာထဲ၌ လက်တွေ့ပြသခဲ့ပြီး ယင်းမှာ ဘုရားသခင်၏ အမြင်ဖြင့် မြင်ခဲ့သော ယောဘ၏ ဖြောင့်မတ်ခြင်း ဖြစ်ခဲ့သည်။ သဘာဝအားဖြင့်၊ ဤသည်မှာ သူ၏ နေ့စဉ်အသက်တာထဲတွင် အခြားသူများနှင့် သူ၏ ဆက်ဆံရေးထဲက ယောဘ၏ စစ်မှန်သော လူ့သဘာဝကို ဖော်ပြခြင်းနှင့် အသက်ရှင်နေထိုင်ခြင်းလည်း ဖြစ်ပြီး၊ ငါတို့လေ့လာကြရမည့် အကြောင်းအရာ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် နာခံခြင်းသည် လူသားမျိုးနွယ်အဖို့ ပုံသက်သေတစ်ခု ဖြစ်ပြီး သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့သည် လူသား ပိုင်ဆိုင်သင့်သည့် လူ့သဘာဝ၏ အထွတ်အထိပ် ဖြစ်ခဲ့သည်။ သူသည် ဘုရားသခင်ကို မမြင်ခဲ့သော်လည်း၊ ဘုရားသခင် အမှန်တကယ် တည်ရှိသည်ကို သူ နားလည်ခဲ့ပြီး၊ ဤနားလည်ခြင်းကြောင့် သူသည် ဘုရားသခင်ကို ကြောက်ရွံ့ခဲ့သည်၊ ဘုရားသခင်ကို သူ၏ ကြောက်ရွံ့ခြင်းကြောင့် ဘုရားသခင်ကို သူနာခံနိုင်ခဲ့ပေသည်။ သူ၌ ရှိခဲ့သည့် မည်သည့်အရာကိုမဆို ယူဆောင်ရန် ဘုရားသခင်အား လွတ်လပ်စွာ လုပ်ပိုင်ခွင့် သူပေးခဲ့သော်လည်း၊ သူသည် ညည်းညူခြင်း မရှိခဲ့သကဲ့သို့၊ ဘုရားသခင် ရှေ့တွင် ပျပ်ဝပ်ကာ ဤအခိုက်အတန့်တွင်ပင် ဘုရားသခင်သည် သူ၏ ခန္ဓာကိုပင် နုတ်ယူခဲ့လျှင်ပင်၊ သူသည် ညည်းညူ‌ခြင်းမရှိဘဲ၊ ဝမ်းမြောက်ဝမ်းသာ ထိုသို့ သူ့ကို လုပ်ခွင့်ပေးမည်ဟု ဘုရားသခင်အား ပြောခဲ့လေသည်။ သူ၏ အပြုအမူတစ်ခုလုံးသည် သူ၏ စုံလင်ကာ ဖြောင့်မတ်သော လူ့သဘာဝကြောင့် ဖြစ်ခဲ့သည်။ ဆိုလိုသည်မှာ သူ၏ အပြစ်ကင်းစင်မှု၊ ရိုးသားမှုနှင့် ကြင်နာမှု အကျိုးဆက်တစ်ခုအနေဖြင့်၊ ယောဘသည် ဘုရားသခင်၏ တည်ရှိခြင်းနှင့် သက်ဆိုင်သည့် သူ၏ သဘောပေါက်ခြင်းနှင့် အတွေ့အကြုံတို့တွင် မဆုတ်မနှစ်ဖြစ်ခဲ့ပြီး၊ ဤအခြေခံအုတ်မြစ်ပေါ်တွင် သူသည် သူ့ကိုယ်သူ လိုအပ်ချက်များကို သတ်မှတ်ခြင်းနှင့် သူ၏ အတွေးအခေါ်၊ အပြုအမူ၊ လုပ်ဆောင်မှုနှင့် ဘုရားသခင် ရှေ့တွင် ပြုမူလုပ်ဆောင်မှု အခြေခံသဘောတရားများကို သူနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ လမ်းပြမှုနှင့် အရာခပ်သိမ်းအလယ် သူမြင်ခဲ့ပြီးသော ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့်အညီ စံသတ်မှတ်ခဲ့သည်။ အချိန်လွန်လာသည်နှင့်အမျှ၊ သူ၏ အတွေ့အကြုံများသည် သူ့အထဲ၌ ဘုရားသခင်အပေါ် စစ်မှန်သည့် အမှန်တကယ် ကြောက်ရွံ့မှုတစ်ခုကို ဖြစ်စေခဲ့ပြီး သူ့အား မကောင်းမှုကို ရှောင်ရှားစေခဲ့သည်။ ဤသည်မှာ ယောဘက မြဲမြံစွာ ထိန်းသိမ်းခဲ့သည့် တည်ကြည်မှု၏ အရင်းအမြစ် ဖြစ်ခဲ့သည်။ ယောဘသည် ရိုးသားသော၊ အပြစ်ကင်းပြီး ကြင်နာတတ်သော လူ့သဘာဝကို ပိုင်ဆိုင်ခဲ့ပြီး သူသည် ဘုရားသခင်အား ကြောက်ရွံ့ခြင်း၊ ဘုရားသခင်အား နာခံခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းအပြင်၊ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင်ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊” ဟူသော အသိပညာနှင့် သက်ဆိုင်သည့် တကယ့်အတွေ့အကြုံ ရှိခဲ့သည်။ ဤအရာများကြောင့်သာ သူသည် စာတန်၏ ထိုသို့သော ရက်စက်သည့် တိုက်ခိုက်မှုများကြားတွင် သူ၏ သက်သေခံချက်၌ အခိုင်အမာ ရပ်တည်နိုင်ခဲ့ပြီး၊ ၎င်းတို့ကြောင့်သာလျှင် သူသည် ဘုရားသခင်၏ စမ်းသပ်မှုများ သူ့အပေါ် ရောက်လာသည့်အခါ၊ ဘုရားသခင်အား စိတ်မပျက်စေနိုင်ခဲ့သကဲ့သို့ အားရကျေနပ်ဖွယ် အဖြေတစ်ခုကို ဘုရားသခင်အား ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

ယောဘသည် ဘုရားသခင်၏ အမှုကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခဲ့ဖူးရန်မဆိုထားနှင့်၊ ဘုရားသခင်၏ မျက်နှာကို မြင်ဖူးခဲ့ခြင်း သို့မဟုတ် ဘုရားသခင်ပြောဆိုသော စကားများကို ကြားဖူးခဲ့ခြင်း မရှိပေ၊ သို့သော် သူ၏စမ်းသပ်မှုများအတောအတွင်းတွင် ဘုရားသခင်ကို သူ၏ကြောက်ရွံ့ခြင်းနှင့် သူ၏သက်သေခံချက်ကို အားလုံး မျက်မြင်တွေ့ကြရကာ၊ ယင်းတို့သည် ဘုရားသခင်၏ချစ်ခြင်း၊ နှစ်သက်ခြင်းနှင့် ချီးကျူးခြင်းကို ခံရလေသည်၊ ပြီးလျှင် လူတို့သည် ယင်းတို့ကို အားကျကြပြီး သဘောကျကြကာ၊ ယင်းထက်ပို၍ပင် ၎င်းတို့၏ ချီးမွမ်းခြင်းများကို သီဆိုကြလေသည်။ သူ၏အသက်တာနှင့် ပတ်သက်၍ ကြီးမြတ်သည့်အရာ သို့မဟုတ် သာမန်ထက် လွန်ကဲသည့်အရာ မည်သည့်အရာမျှမရှိခဲ့ပေ။ သာမန်လူ တစ်ဦးတစ်လေကဲ့သို့ပင်၊ သူသည် နေထွက်ချိန် အလုပ်သွားပြီး နေဝင်ချိန် အနားယူရန် အိမ်ပြန်လာရင်း၊ သာမည အသက်တာ တစ်ခုကို အသက်ရှင်ခဲ့သည်။ ကွဲပြားခြားနားမှုမှာ သူ့ဘဝ၏ အချို့သော သာမည ဆယ်စုနှစ်များတစ်လျှောက်လုံးတွင် အခြားမည်သည့်လူကမျှ မရရှိဖူးသကဲ့သို့၊ ဘုရားသခင်၏လမ်းခရီးကို ထိုးထွင်းသိမြင်မှုတစ်ခု သူရရှိခဲ့ပြီး ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးနှင့် အချုပ်အခြာအာဏာကို သဘောပေါက်ကာ နားလည်ခဲ့သည်။ သူသည် မည်သည့်သာမန်လူမျှထက် သာ၍ မလိမ္မာမပါးနပ်ခဲ့ပေ၊ သူ၏အသက်တာသည် အထူးသဖြင့် ဇွဲမကြီးခဲ့သည့်အပြင်၊ သူသည် မမြင်ရသော အထူး ကျွမ်းကျင်မှုများလည်း မရှိခဲ့ပေ။ သို့သော် သူအမှန်တကယ် ပိုင်ဆိုင်ခဲ့သည်မှာ ရိုးသားပြီး ကြင်နာစိတ်ရှိကာ၊ ဖြောင့်မတ်သော လူ့သဘာဝ၊ မျှတမှု၊ ဖြောင့်မတ်ခြင်းတရားနှင့် အပြုသဘောဆောင်သော အရာများကို နှစ်သက်သော လူ့သဘာဝ တစ်ခု ဖြစ်သည်- ဤအရာများထဲမှာ မည်သည့်အရာကိုမျှ သာမန်လူ အများစုက မပိုင်ဆိုင်ကြပေ။ သူသည် ချစ်ခြင်းနှင့် မုန်းခြင်းကြား ပိုင်းခြားသိမြင်ခဲ့သည်၊ တရားသော အသိစိတ်တစ်ခု ရှိခဲ့သည်၊ အလျှော့မပေးတတ်သကဲ့သို့ ဇွဲကောင်းခဲ့ပြီး၊ သူ၏ စဉ်းစားတွေးခေါ်မှုတွင် အသေးစိတ်ကို စေ့စေ့စပ်စပ် အာရုံစိုက်ခဲ့သည်။ ထို့ကြောင့် ကမ္ဘာမြေပေါ်က သူ၏ သာမည အချိန်ကာလ တစ်လျှောက်လုံးတွင် ဘုရားသခင် ပြုခဲ့ပြီးသော သာမန်ထက် လွန်ကဲသည့် အမှုအရာများ အားလုံးကို သူမြင်ခဲ့ရပြီး ဘုရားသခင်၏ ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို မြင်ခဲ့ရသည်၊ ဘုရားသခင်၏ ပူပန်မှု၊ သဘောထားကြီးမှုနှင့် လူသားအတွက် ကွယ်ကာမှုတို့ကို သူမြင်ခဲ့ရပြီး အထွတ်အမြတ်ဖြစ်သော ဘုရားသခင်၏ ဂုဏ်အသရေရှိခြင်းနှင့် ဩဇာအာဏာကို သူမြင်ခဲ့ရလေသည်။ မည်သည့် ပုံမှန်လူကိုမဆို ကျော်လွန်သည့် ဤအရာများကို ယောဘရနိုင်ခဲ့သည့် ပထမဆုံး အကြောင်းရင်းမှာ သူသည် ဖြူစင်သော စိတ်နှလုံးရှိခဲ့ပြီး၊ သူ၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သက်ဆိုင်ကာ ဖန်ဆင်းရှင်၏ ဦးဆောင်မှုကို ခံခဲ့ရသောကြောင့် ဖြစ်သည်။ ဒုတိယ အကြောင်းရင်းမှာ သူ၏လိုက်စားမှုဖြစ်သည်- အပြစ်အနာအဆာကင်းကာ စုံလင်ခြင်းနှင့် ကောင်းကင်ဘုံ၏အလိုနှင့် ကိုက်ညီသည့်၊ ဘုရားသခင်၏ ချစ်ခြင်းကိုခံရကာ မကောင်းမှုကို ရှောင်ကြဉ်သည့် လူတစ်ဦးဖြစ်ခြင်းနှင့်သက်ဆိုင်သော သူ၏ လိုက်စားခြင်း ဖြစ်သည်။ ယောဘသည် ဘုရားသခင်ကို မမြင်နိုင်စဉ်တွင် သို့မဟုတ် ဘုရားသခင်၏ စကားများကို မကြားနိုင်စဉ်တွင် ဤအရာများကို ပိုင်ဆိုင်ပြီး လိုက်စားခဲ့သည်။ သူသည် ဘုရားသခင်ကို တစ်ကြိမ်တစ်ခါမျှ မမြင်ခဲ့ဖူးသော်လည်း၊ အရာခပ်သိမ်းအပေါ် ဘုရားသခင် အုပ်စိုးသော နည်းလမ်းများကို သူသိလာခဲ့ပြီးဖြစ်ကာ ထိုသို့ ဘုရားသခင်ပြုသော ဉာဏ်ပညာကို နားလည်ခဲ့သည်။ ယောဘသည် ဘုရားသခင် ပြောဆိုသော စကားများကို တစ်ကြိမ်တစ်ခါမျှ မကြားခဲ့ဖူးသော်လည်း၊ သူသည် လူကို ဆုချီးမြှင့်ခြင်းနှင့် လူသားထံမှ ယူဆောင်သွားခြင်း လုပ်ဆောင်ချက် အားလုံးက ဘုရားသခင်ထံမှ လာသည်ကို သိခဲ့သည်။ သူ၏ အသက်တာ နှစ်များမှာ အခြားသော မည်သည့် သာမန်လူမဆို၏ နှစ်များနှင့် မကွာခြားခဲ့သော်လည်း၊ သူ၏ အသက်တာ သာမည ဖြစ်ခြင်းကို အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာ အာဏာနှင့် ပတ်သက်သည့် သူ၏အသိပညာကို ထိခိုက်ဖို့ သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးနောက် သူ၏လိုက်လျှောက်ခြင်းအပေါ် ထိခိုက်စေရန် သူအခွင့်မပေးခဲ့ပေ။ သူ၏အမြင်တွင်၊ အရာခပ်သိမ်း၏ နိယာမများသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များဖြင့် ပြည့်လျက်ရှိပြီး၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို လူတစ်ဦး အသက်တာ၏ မည်သည့် အစိတ်အပိုင်း၌မဆို မြင်၍ရနိုင်ခဲ့သည်။ သူသည် ဘုရားသခင်ကို မြင်ခဲ့ဖူးခြင်း မရှိသော်လည်း၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် နေရာတကာ၌ ရှိသည်ကို သူသဘောပေါက်နိုင်ခဲ့ပြီး၊ ကမ္ဘာမြေကြီးပေါ်၌ သူ၏ သာမည အချိန်ကာလအတောအတွင်း၊ သူ၏ အသက်တာ၏ နေရာတိုင်းတွင် ဘုရားသခင်၏ သာမန်ထက် လွန်ကဲပြီး အံ့သြဖွယ်ကောင်းသော လုပ်ဆောင်ချက်များကို သူ မြင်နိုင်ခဲ့သကဲ့သို့ သဘောပေါက်နိုင်ခဲ့ပြီး၊ ဘုရားသခင်၏ အံ့သြဖွယ်ကောင်းသော အစီအစဉ်များကို မြင်နိုင်ခဲ့သည်။ ဘုရားသခင်၏ ကွယ်ဝှက်ခြင်းနှင့် နှုတ်ဆိတ်ခြင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များအပေါ် ယောဘ၏ နားလည်သဘောပေါက်ခြင်းအား မတားဆီးခဲ့သကဲ့သို့၊ ယင်းတို့သည် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သက်ဆိုင်သည့် သူ၏ အသိပညာကို မထိခိုက်ခဲ့ပေ။ သူ၏ နေ့စဉ် အသက်တာ ကာလတစ်လျှောက်လုံးတွင် သူ၏ ဘဝသည် ခပ်သိမ်းသောအရာတို့၏ အလယ်၌ ကွယ်ဝှက်နေသော ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို သဘောပေါက်မိခြင်း ဖြစ်ခဲ့ပေသည်။ သူ၏ နေ့စဉ် အသက်တာထဲတွင် အရာခပ်သိမ်း အလယ်၌ နှုတ်ဆိတ်နေသော်လည်း၊ အရာခပ်သိမ်း၏ ဥပဒေသများကို စိုးမိုးခြင်းဖြင့် သူ၏ စိတ်နှလုံး သဘောထားနှင့် သူ၏ နှုတ်ကပတ်တော်များကို ဖော်ပြသော ဘုရားသခင်၏ စိတ်နှလုံး သဘောထားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း ကြားပြီး နားလည်ခဲ့သည်။ ထိုအခါတွင် အကယ်၍ လူတို့သည် ယောဘကဲ့သို့ အလားတူ လူ့သဘာဝနှင့် လိုက်စားမှုရှိပါက၊ ယောဘကဲ့သို့ အလားတူ သဘောပေါက်ခြင်းနှင့် အသိပညာကို ရရှိနိုင်ပြီး၊ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာ အာဏာနှင့်သက်ဆိုင်သည့် အလားတူ သိနားလည်မှုနှင့် အသိပညာတို့ကို ယောဘကဲ့သို့ ရရှိနိုင်သည်ကို သင်တို့ မြင်ရပေသည်။ ဘုရားသခင်သည် ယောဘထံ မပေါ်ထွန်ဖူးခဲ့ သို့မဟုတ် သူ့ကို စကားမပြောခဲ့ဖူးသော်လည်း၊ ယောဘသည် စုံလင်ပြီး ဖြောင့်မတ်နိုင်ခဲ့သကဲ့သို့၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ခဲ့သည်။ တစ်နည်းအားဖြင့် လူသားထံ ဘုရားသခင် ပေါ်ထွန်းလာခြင်း သို့မဟုတ် စကားပြောဆိုခြင်း မရှိဘဲ၊ အရာခပ်သိမ်းအလယ် ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာတို့သည် ဘုရားသခင်၏ တည်ရှိခြင်း၊ တန်ခိုးနှင့် ဩဇာအာဏာကို သိလာရန် လူသားအတွက် လုံလောက်ပြီး ဘုရားသခင်၏တန်ခိုးနှင့် ဩဇာအာဏာသည် လူအား ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ကြဉ်ခြင်း လမ်းခရီးကို လိုက်လျှောက်စေဖို့ လုံလောက်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

“ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း” နှင့် ဘုရားသခင်ကို သိခြင်းတို့သည် မြောက်မြားစွာသော ကြိုးမျှင်တို့ဖြင့် ခွဲ၍မရနိုင်အောင် ချိတ်ဆက်နေပြီး ၎င်းတို့အကြား ဆက်နွှယ်မှုမှာ ပကတိအတိုင်း ရှင်းနေပြီးဖြစ်သည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် မကောင်းသော အကျင့်ကို ရှောင်ခြင်းအား ရရှိလိုပါက ဦးစွာပထမ ထိုသူ၌ ဘုရားသခင်ကို စစ်မှန်သော ကြောက်ရွံ့မှု ရှိရမည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် ဘုရားသခင်ကို စစ်မှန်သော ကြောက်ရွံ့ခြင်း ရရှိလိုပါက ဦးစွာပထမ ထိုသူ၌ ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာရှိရမည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာ ရရှိလိုပါက ဦးစွာပထမ ထိုသူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံရမည်၊ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ရမည်၊ ဘုရားသခင်၏ ရိုက်နှက်ဆုံးမခြင်းနှင့် ပဲ့ပြင်ခြင်း၊ သူ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို တွေ့ကြုံရမည် ဖြစ်သည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံလိုပါက ဦးစွာပထမ ထိုသူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တေ့တေ့ဆိုင်ဆိုင် ဆုံရမည်၊ ဘုရားသခင်နှင့် မျက်နှာချင်းဆိုင် ဆုံရမည်ဖြစ်ပြီး၊ လူများ၊ အဖြစ်အပျက်များနှင့် အရာဝတ္ထုများပါဝင်သော ပတ်ဝန်းကျင်မျိုးစုံ ပုံစံဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းငှာ အခွင့်အရေးများပေးပါရန် ဘုရားသခင်အား တောင်းလျှောက်ရပေမည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် ဘုရားသခင်နှင့်၊ ထို့ပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တေ့တေ့ဆိုင်ဆိုင် ဆုံချင်ပါက ဦးစွာပထမ ထိုသူသည် ရိုးစင်းကာ ရိုးသားသော နှလုံးသား၊ သမ္မာတရားကို လက်ခံရန် အဆင်သင့်ဖြစ်မှု၊ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံလိုသည့် စိတ်ဆန္ဒ၊ မကောင်းသောအကျင့်ကို ရှောင်ရန် ဆုံးဖြတ်ချက်နှင့် သတ္တိ၊ စစ်မှန်သော ဖန်ဆင်းခံတစ်ဦး ဖြစ်လာရန် ပြင်းပြသည့် ဆန္ဒတို့ကို ပိုင်ဆိုင်ထားရမည်။...ဤနည်းအားဖြင့် ရှေ့သို့ တစ်လှမ်းချင်း လှမ်းခြင်းဖြင့် သင်သည် ဘုရားသခင်ထံ သာ၍ တိုးဝင်ချဉ်းကပ်လာလိမ့်မည်၊ သင့်နှလုံးသားသည် ပို၍သန့်စင်လာလိမ့်မည်ဖြစ်ပြီး သင့်အသက်တာနှင့် ရှင်သန်ခြင်းတန်ဖိုးတို့သည် ဘုရားသခင်နှင့်ဆိုင်သည့် သင်၏အသိပညာနှင့်အတူ သာ၍ အဓိပ္ပာယ်ရှိလာမည်ဖြစ်ကာ ပို၍ပင် တောက်ပ အရောင်လက်လာလိမ့်မည်။ တစ်နေ့၊ ဖန်ဆင်းရှင်မှာ ပဟေဠိမဟုတ်တော့ကြောင်း၊ ဖန်ဆင်းရှင်သည် သင့်ထံမှ မည်သည့်အခါမျှ ပုန်းကွယ်မနေခဲ့ကြောင်း၊ ဖန်ဆင်းရှင်သည် သူ့မျက်နှာအား သင့်ထံမှ မည်သည့်အခါမျှ ဖုံးကွယ်မထားကြောင်း၊ ဖန်ဆင်းရှင်သည် သင်နှင့် လုံးဝ မဝေးကွာကြောင်း၊ ဖန်ဆင်းရှင်သည် သင့်အတွေးများထဲတွင် စဉ်ဆက်မပြတ် တမ်းတသော်လည်း သင့်ခံစားချက်များဖြင့် လက်လှမ်းမမီနိုင်သည့်သူ မဟုတ်တော့ကြောင်း၊ သင့်အသက်တာကို ပံ့ပိုးပေးရင်း၊ သင်၏ကံကြမ္မာကို ထိန်းချုပ်ပေးရင်း သူသည် သင်၏လက်ဝဲနှင့် လက်ျာနှစ်ဖက်ကို ဧကန်စင်စစ်စောင့်ရှောက်နေကြောင်း သင်ခံစားလာရလိမ့်မည်။ သူသည် ဝေးလံလှသော မိုးကုပ်စက်ဝိုင်းတွင် ရှိနေသည်မဟုတ်သကဲ့သို့ မိမိကိုယ်ကို တိမ်တောင်မြင့်မြင့်ကြားတွင် ဝှက်ထားသည်လည်း မဟုတ်ပေ။ သူသည် သင်၏အရာအားလုံးကို ဦးဆောင်လျက် သင့်နံဘေးတွင် ရှိနေသည်။ သူသည် သင်၌ရှိသမျှ အရာခပ်သိမ်းဖြစ်ပြီး သင်၌ရှိသည့် တစ်ခုတည်းသောအရာ ဖြစ်သည်။ ထိုကဲ့သို့သော ဘုရားသခင်သည် သင့်စိတ်နှလုံးဖြင့် သူ့ကိုချစ်ခွင့်၊ သူ့ကို ဖက်တွယ်ခွင့်၊ သူ့ကို နီးကပ်စွာ ဆုပ်ကိုင်ခွင့်၊ သူ့ကို ကြည်ညိုခွင့်၊ သူ့ကို ဆုံးရှုံးရမည်အား ကြောက်ရွံ့ခွင့်တို့ကို ပေးပြီး သူ့ကို စွန့်ခွာရန်၊ သူ့ကို မနာခံရန်၊ သူ့ကို ရှောင်ဖယ်ရန်၊ သို့မဟုတ် သူ့ကို ခပ်ဝေးဝေးတွင်ထားရန် မလိုမလား ဖြစ်စေသည်။ သူ့ကို အရေးစိုက်ရန်၊ နာခံရန်၊ သင့်ကို သူပေးသမျှအား တုံ့ပြန်ရန်နှင့် သူ၏အုပ်စိုးမှုကို ကျိုးနွံနာခံရန်သာ သင်လိုချင်တော့သည်။ သင်သည် သူ၏လမ်းညွှန်မှု၊ ပံ့ပိုးမှု၊ စောင့်ကြည့်မှုနှင့် ကာကွယ်စောင့်ရှောက်မှုတို့ကို ခံယူရန် မငြင်းပယ်တော့သကဲ့သို့၊ သင့်အတွက် သူဆုံးဖြတ်ပေးပြီး ဘိသိက်ပေးသည့် အရာတို့ကိုလည်း သင်မငြင်းပယ်တော့ပေ။ သူ့နောက်လိုက်ရန်၊ သူ၏နံဘေးတွင် သူနှင့်အတူ လျှောက်လှမ်းရန်သာ သင်လိုချင်၏၊ သူ့ကို သင်၏ တစ်ခုတည်းသော အသက်အဖြစ် လက်ခံရန်၊ သင်၏ တစ်ဦးတည်းသော သခင်၊ တစ်ဦးတည်းသော ဘုရားသခင်အဖြစ် လက်ခံရန်သာ သင်လိုချင်လေတော့သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ကျမ်းဦးစကား

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။