သခင်ယေရှု မိန့်သည်က - သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။ ဤထက်လွန်သော စကားသည် မကောင်းသောအရာနှင့် စပ်ဆိုင်ပေ၏။- (ရှင်မဿဲခရစ်ဝင် ၅:၃၇) သခင်သည် သန့်ရှင်းသည်၊ သစ္စာရှိသောဘုရားဖြစ်တော်မူ၏။ ရိုးသားဖြောင့်မတ်သူများသာလျှင် သခင်ဘုရား၏ အလိုတော်နှင့်ညီသည်။ ရိုးသားသူတစ်ဦး ဖြစ်ရန်လေ့ကျင့်ရမည်က အလွန်အရေးကြီးသည်ဟု ကျွန်ုပ်ထင်သည်။ ဒါပေမယ့်တကယ့်ဘဝမှာ လိမ်တာကို ရှောင်ဖို့ ခဲယဉ်းပါတယ်။ ယခုဘဝအသက်တာမှာ မည်သို့ လုပ်ဆောင်မှ ရိုးသားသောသူ ဖြစ်နိုင်မည်နည်း။

18.05.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဒုတိယအချက်အနေဖြင့် ဘုရားသခင်က ရိုးသားသူကို နှစ်သက်မှန်း သင်တို့သိထားသင့်သည်။ ဘုရားသခင်၌ သစ္စာရှိခြင်း၏ အနှစ်သာရ ရှိသဖြင့် သူ၏နှုတ်ကပတ်တော်များကို အမြဲ ယုံကြည်စိတ်ချနိုင်သည်။ ထို့အပြင် သူ၏ လုပ်ဆောင်ချက်များမှာ အမှားကင်းပြီး သံသယ ရှိရန်မလိုပေ၊ ထိုအကြောင်းကြောင့် သူ့အပေါ် ပကတိ ရိုးသားဖြောင့်မတ်သူများကို ဘုရားသခင်က နှစ်သက်ခြင်း ဖြစ်သည်။ ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာ ဘုရားသခင်ထံ သင့်နှလုံးသားကို ပေးအပ်ခြင်း၊ အရာခပ်သိမ်းတွင် ဘုရားသခင်ကို သဘောရိုးအတိုင်း ဆက်ဆံခြင်း၊ အရာအားလုံးတွင် ဘုရားသခင်နှင့် ပွင့်လင်းမှုရှိခြင်း၊ အမှန်တရားကို မည်သည့်အခါမျှ ကွယ်ဝှက်မထားခြင်း၊ မိမိအထက်မှ လူများနှင့် အောက်မှလူများကို လှည့်စားခြင်းကို မည်သည့်အခါမျှ မပြုခြင်းနှင့်၊ ဘုရားသခင်အား မျက်နှာလိုမျက်နှာရ မပြုခြင်းတို့ပင် ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားဖြောင့်မတ်မှုရှိခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့နှင့် ဘုရားသခင်ကို ဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။ ငါပြောသောအရာမှာ အလွန် ရိုးရှင်းသော်ငြားလည်း၊ သင်တို့အတွက် နှစ်ဆ ခက်ခဲနေပေလိမ့်မည်။ အများစုမှာ ရိုးသားစွာ ပြောဆိုပြုမူခြင်းထက် ငရဲသို့ စီရင်ခြင်းကိုသာ ခံလိုကြသည်။ မရိုးဖြောင့်သောသူများ အတွက် ငါ၌ ကုစားမှု အခြားတစ်ခု ရှိသေးသည်မှာ အံ့သြဖွယ်မကောင်းပေ။ သင်တို့သည် ရိုးသားဖို့ မည်မျှ ခက်ခဲသည်ကို ငါကောင်းစွာ သိသည်မှာ မှန်ပေ၏။ သင်တို့အားလုံးသည် အလွန် လိမ္မာပါးနပ်ကာ၊ သင်တို့၏သေးနုပ်သော စံပေတံလေးနှင့် လူများကို တိုင်းတာရာတွင် အလွန် ကျွမ်းကျင်လှသောကြောင့် ငါ့အမှုသည် သာ၍ ရိုးရှင်းသွားသည်။ ထို့အပြင် သင်တို့တစ်ဦးစီသည် သင်တို့၏ လျှို့ဝှက်ချက်များကို သင်တို့၏ရင်ခွင်၌ ပိုက်ထွေးထားသည့်အတွက်၊ သို့ဆိုလျှင် သင်တို့ တစ်ဦးပြီးတစ်ဦးကို မီးဖြင့် “သင်ယူဖို့ရန်” ဒုက္ခဆင်းရဲထဲသို့ စေလွှတ်မည်၊ သို့မှသာ ယင်းနောက်တွင် သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များကို အကြွင်းမဲ့ ယုံကြည် လာနိုင်မည်ဖြစ်သည်။ နောက်ဆုံး၌ “ဘုရားသခင်သည် သစ္စာစောင့်သိသော ဘုရားသခင်တစ်ပါး” ဆိုသည့် စကားများကို သင်တို့၏ နှုတ်မှ ငါ ဆွဲနုတ်ယူမည် ဖြစ်ပြီး၊ သို့ဖြစ်၍ သင်တို့သည် ရင်ဘတ်စည်တီး၍ “လှည့်ဖျားတတ်သည်မှာ လူသား၏ နှလုံးသားဖြစ်သည်။” ဟု ငိုချင်းချလိမ့်မည်။ ဤအချိန်တွင် သင်တို့ စိတ်အခြေအနေမှာ အဘယ်သို့ ရှိမည်နည်း။ သင်သည် ယခုကဲ့သို့ အောင်မြင်၍ တက်ကြွပျော်မြူးအားရနေလိမ့်မည် မဟုတ်ဟု ငါထင်သည်။ ထို့အပြင် သင်သည် ယခုကဲ့သို့ “သိမ်မွေ့ပြီးနက်နဲ” ရန်မှာ သာ၍ နည်းပေမည်။ တချို့သူများသည် ဘုရားသခင် ရှေ့မှောက်တွင် အလွန် မှန်ကန်စွာပြုမူ၍ “အပြုအမူကောင်းများ” ရှိရန် အလွန် ကြိုးစားသော်လည်း၊ ဝိညာဉ်တော် ရှေ့မှောက်တွင်မူ ခြိမ်းခြောက်သည့် ဟန်ပန်များ လှပ်ပြလေသည်။ ရိုးသားခြင်း အဆင့်များထဲတွင် ထိုကဲ့သို့သော လူသားကို သင်တို့ ထည့်တွက်မည်လား။ အကယ်၍ သင်သည် ကြောင်သူတော် တစ်ဦးဖြစ်ပြီး “အပြန်အလှန် ဆက်ဆံရေးများ” အထူးကျွမ်းကျင်ပါက၊ သင်သည် ဘုရားသခင်အား မထီမဲ့မြင်ပြုသူ ဖြစ်သည်မှာ သေချာသည်ဟု ငါဆိုသည်။ အကယ်၍ သင့်စကားများက ဆင်ခြေများ၊ အဖိုးမတန်သော ကျိုးကြောင်းပြချက်များနှင့် ပြည့်နှက်နေမည် ဆိုပါက၊ သင်သည် သမ္မာတရား လက်တွေ့ကျင့်သုံး ရမည်ကို အလွန်တရာကို စက်ဆုပ်သောသူတစ်ဦး သာဖြစ်သည်ဟု ငါဆို၏။ အကယ်၍ သင်ထံတွင် လျှို့ဝှက်ကိစ္စများစွာ ရှိသဖြင့် သင်သည် ဝေမျှရန် ဝန်လေးနေပါက၊ သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို- သင်၏ အခက်အခဲများကို- ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက- သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။ သမ္မာတရား၏ လမ်းခရီးကိုရှာဖွေခြင်းသည် သင့်ကို ကောင်းစွာ သဘောကျ ကျေနပ်စေသည်ဆိုပါက၊ သင်သည် အလင်းထဲ၌ အစဉ်အမြဲ နေထိုင်သူတစ်ဦးဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ အိမ်တော်၌ မထင်မရှားနေပြီး ကြိုးကြိုးစားစားနှင့် တာဝန်သိသိ အသိဉာဏ်ရှိရှိ အလုပ်လုပ်လျက်၊ အမြဲတမ်းပေးကမ်း၍ မည်သည့်အခါမျှ ရယူခြင်းမရှိသော အစေခံသူတစ်ဦး ဖြစ်ရသည်ကို အလွန် ဝမ်းမြောက်ပါက၊ သင်သည် သစ္စာရှိသော သန့်ရှင်းသူ တစ်ယောက် ဖြစ်သည်ဟု ငါဆိုသည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဆုလာဘ်ကို မမျှော်ကိုးဘဲ၊ ပကတိ ရိုးသားသူတစ်ယောက်သာ ဖြစ်သောကြောင့်တည်း။ သင်သည် ပွင့်လင်းရန် လိုလိုလားလား ရှိလျှင်၊ သင်သည် သင်၏အလုံးစုံကို အသုံးခံရန် လိုလိုလားလားရှိလျှင်၊ သင်သည် ဘုရားသခင်အတွက် သင့်ဘဝကိုစတေးနိုင်ကာ သက်သေရပ်တည် နိုင်လျှင်၊ သင်သည် မိမိအတွက် မစဉ်းစားဘဲ သို့မဟုတ် မိမိကိုယ်ကျိုးမပါဘဲ ဘုရားသခင် ကျေနပ်သဘောကျရန်ကိုသာ သိသောအဆင့်အထိ ရိုးသားသည်ဆိုပါက၊ ဤလူတို့သည် အလင်းထဲတွင် အားဖြည့်ပေးခြင်းခံရကာ နိုင်ငံတော်တွင် ထာဝရ အသက်ရှင်မည့်သူများ ဖြစ်သည်ဟု ငါဆိုသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်

မျက်မှောက်ကာလတွင် လူအများစုသည် သူတို့၏ အပြုအမူများကို ဘုရားသခင်ရှေ့သို့ယူလာရန် အထူး ကြောက်ရွံ့နေကြသည်၊ သင့်အနေဖြင့် သူ၏ ဇာတိပကတိကို လှည့်ဖြားနိုင်သော်လည်း၊ သူ၏ ဝိညာဉ်တော်ကို လှည့်ဖြား၍ မရပေ။ ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို မခံနိုင်သည့် မည်သည့်အရာ မဆိုသည် သမ္မာတရားနှင့် မကိုက်ညီသည့်အတွက် ဘေးဖယ်ထားသင့်သည်၊ သို့မဟုတ်ပါက ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သည့် အပြစ်ဖြစ်သည်။ ထိုကြောင့် သင် ဆုတောင်းသည့်အခါ၊ သင်၏ညီအစ်ကို၊ ညီအစ်မများနှင့် မိတ်သဟာယ ပြုသည့်အခါ၊ သို့မဟုတ် သင်၏တာဝန်ကို လုပ်ဆောင်ပြီး သင်၏လုပ်ရိုးလုပ်စဉ် လုပ်ငန်းများကို ဆောင်ရွက်သည့်အခါ သင်၏စိတ်နှလုံးကို ဘုရားသခင် ရှေ့မှောက်တွင် တစ်ချိန်လုံး ဆက်ကပ်ရမည်။ သင်၏လုပ်ငန်းဆောင်တာများကို ဆောင်ရွက်သည့် အခါတွင် ဘုရားသခင်သည် သင်နှင့်အတူ ရှိမည်ဖြစ်ပြီး၊ သင်၏ရည်ရွယ်ချက်သည် မှန်ကန်ပြီး ဘုရားအိမ်တော်၏ အလုပ်အတွက် ဖြစ်နေသမျှ၊ သင်၏ လုပ်ဆောင်ချက် အားလုံးကို ဘုရားသခင်သည် လက်ခံပေမည်၊ သင်သည် သင်၏လုပ်ငန်းဆောင်တာကို ဖြည့်ဆည်းဖို့ရန် သင့်ကိုယ်သင် စိတ်ရင်းမှန်ဖြင့် လုံးလုံးလျားလျား ပေးအပ် မြှုပ်နှံထားသင့်သည်။ သင်ဆုတောင်းသည့်အခါ၊ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကိုချစ်ပြီး ဘုရားသခင်၏ စောင့်ရှောက်ခြင်း၊ ကွယ်ကာခြင်းနှင့် စေ့စေ့စပ်စပ် စစ်ဆေးခြင်းတို့ကို ရှာဖွေလျှင်၊ အကယ်၍ ထိုအရာများသည် သင်၏ရည်ရွယ်ချက်ဖြစ်လျှင်၊ သင်၏ ဆုတောင်းချက်များသည် ထိရောက်ပေလိမ့်မည်။ ဥပမာအားဖြင့် အစည်းအဝေးများတွင် သင် ဆုတောင်းသည့်အခါ မုသားမပြောဘဲ သင်၏ စိတ်နှလုံးကိုဖွင့်၍ ဆုတောင်းကာ သင်၏စိတ်ထဲရှိသမျှကို ပြောလျှင် သင်၏ ဆုတောင်းချက်များသည် ဧကန်မုချ ထိရောက်ပေလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် သူ၏စိတ်တော်နှင့် ထိတွေ့သောသူတို့ကို စုံလင်စေသည်

ယနေ့တွင် ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို လက်မခံနိုင်သောသူများသည် ဘုရားသခင်၏ ထောက်ခံမှုကို ရရှိနိုင်မည်မဟုတ်ပေ၊ ထို့အပြင် လူ့ဇာတိခံ ဘုရားသခင်ကို မသိသောသူတို့သည် စုံလင်စေခြင်း မခံရနိုင်ပေ။ သင်၏လုပ်ဆောင်ချက်များ အားလုံးကို ဘုရားသခင်၏ရှေ့တော်သို့ ယူဆောင် လာနိုင်မည်လော ဟူသည်ကို ကြည့်လော့။ သင်၏ လုပ်ဆောင်ချက်များ အားလုံးကို ဘုရားသခင်၏ ရှေ့တော်သို့ မယူဆောင် လာနိုင်ပါက၊ သင်သည် ဒုစရိုက်ကိုပြုသောသူတစ်ဦး ဖြစ်ကြောင်း ယင်းက ပြနေသည်။ ဒုစရိုက်ကိုပြုသောသူများသည် စုံလင်စေခြင်း ခံရနိုင်မည်လော။ သင်ပြုသမျှအားလုံး၊ လုပ်ရပ်များအားလုံး၊ ရည်ရွယ်ချက် အားလုံးနှင့် တုံ့ပြန်မှုများအားလုံးကို ဘုရားသခင်ရှေ့သို့ ယူဆောင် လာရမည်။ သင်၏ နေ့စဉ် ဝိညာဉ်ရေးရာအသက်တာတွင်ပင်- သင်၏ ဆုတောင်းခြင်းများ၊ ဘုရားသခင်နှင့်နီးကပ်မှုများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ သင်၏ ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယပြုခြင်း၊ ထို့ပြင် အသင်းတော်အတွင်းရှိ သင်၏အသက်တာနှင့် သင်၏ တွဲဖက်ဆောင်ရွက်၍ အစေခံခြင်းတို့ကို ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို ခံရန်အတွက် သူ၏ ရှေ့တော်သို့ ယူဆောင်လာနိုင်သည်။ သင့်အား ဘဝတွင် ရင့်ကျက်သူတစ်ဦး ဖြစ်လာစေရန် ကူညီမည့် အရာသည် ထိုကဲ့သို့သော လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို လက်ခံခြင်းဖြစ်စဉ်သည် သန့်စင်ခြင်းဖြစ်စဉ် ဖြစ်သည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံနိုင်လေလေ၊ သင်စင်ကြယ်ခြင်း ခံရလေလေ ဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီလေလေ ဖြစ်သဖြင့် ကာမဂုဏ်လွန်ကြူးခြင်းနှင့် အပျော်အပါးလိုက်စားခြင်း၏ ဆွဲဆောင်ခြင်းနောက် မလိုက်ဘဲ၊ သင်၏ စိတ်နှလုံးသည်လည်း ကိုယ်တော်၏မျက်မှောက်တွင် နေထိုင်ပေလိမ့်မည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို သင်လက်ခံလေလေ၊ စာတန် အရှက်ရလေလေဖြစ်ပြီး သင်သည် ဇာတိပကတိကို ပစ်ပယ်နိုင်လေလေ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အကဲခတ်ခြင်းကို လက်ခံခြင်းသည် လူတို့ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။ မည်ကဲ့သို့သော အမှုအရာများကို သင်ပြုလုပ်နေပါစေ၊ သင်၏ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယပြုသည့် အခါ၌ပင်လျှင်၊ သင်သည် သင်၏လုပ်ရပ်များကို ဘုရားသခင်ရှေ့သို့ ယူဆောင်လာ၍၊ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို တောင်းခံကာ၊ ဘုရားသခင် ကိုယ်တော်တိုင်ကို နာခံရန် ရည်မှန်းနိုင်သည်၊ ယင်းသည် သင်လက်တွေ့လုပ်ဆောင်သည့် အရာကို ပိုမိုမှန်ကန်စေ ပေလိမ့်မည်။ သင်ဆောင်ရွက်သမျှကို ဘုရားသခင်ရှေ့သို့ ယူဆောင်လာ၍ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံမှသာလျှင် သင်သည် ဘုရားသခင်၏ မျက်မှောက်တော်၌ အသက်ရှင်နေသူတစ်ဦး ဖြစ်နိုင်ပေလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် သူ၏စိတ်တော်နှင့် ထိတွေ့သောသူတို့ကို စုံလင်စေသည်

ရိုးသားသောလူတစ်ဦးဖြစ်ဖို့ လက်တွေ့လုပ်ဆောင်သည့်အခါ၊ လူတစ်ဦးသည် ၎င်း၏စိတ်နှလုံးထဲတွင် ရှိသည့်အရာကို ဘုရားသခင်အား ပြောပြလျက် ၎င်းတို့၏စိတ်နှလုံးကို ဘုရားသခင်ထံဖွင့်ပြပြီး နေ့စဉ် ဆုတောင်းဖို့ ဦးစွာ သင်ယူရမည် ဖြစ်သည်။ ယနေ့ သင်သည် မဟုတ်မမှန် ပြောဆိုမိခဲ့သည်၊ မည်သူမျှ ယင်းကို မသိကြသေးဘဲ၊ သင်သည် လူတိုင်းကို ပွင့်လင်းစွာပြောပြဖို့လည်း သတ္တိမမွေးနိုင်သေးပေဟု ဆိုပါစို့။။ အနည်းဆုံးအနေဖြင့် ယနေ့သင်၏အပြုအမူတွင် သင် စိစစ်ပြီး တွေ့ရှိထားသည့် အမှားများ၊ မုသားများနှင့် အလိမ်အညာများကို ဘုရားသခင်ထံ ချက်ချင်းယူသွားပြီး သင်၏အပြစ်များကို ဝန်ခံရမည်၊ ပြီးလျှင် “အို ဘုရားသခင် ကျွန်ုပ် မုသား တစ်ဖန် ပြောမိခဲ့ပါသည်။ ကျွန်ုပ်သည် တစ်စုံတစ်ရာအတွက် လုပ်ဆောင်ခဲ့မိပါသည်။ ကျွန်ုပ်ကို ဆုံးမပဲ့ပြင်ဖို့ ကိုယ်တော့်ကို ကျွန်ုပ် အသနားခံတောင်းလျှောက်ပါသည်။” ဟု ပြောလော့။ သင်၌ ထိုသို့သော သဘောထားတစ်ခု ရှိပါက၊ ဘုရားသခင်သည် သင့်ကို လက်ခံလိမ့်မည်ဖြစ်ပြီး၊ သူသည် ဤသည်ကို မှတ်မိလိမ့်မည်။ လိမ်ညာခြင်းနှင့်သက်ဆိုင်သည့် ချွတ်ယွင်းချက် သို့မဟုတ် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ဖြေရှင်းဖို့ သင့်အတွက် အလွန် အားသွန်ခွန်စိုက်လုပ်ရပြီး ပင်ပန်းခက်ခဲကောင်း ခက်ခဲလိမ့်မည်၊ သို့ရာတွင် စိတ်မပူလေနှင့်၊ ဘုရားသခင်သည် သင်နှင့်အတူရှိသည်၊ ပြီးလျှင် ဘုရားသခင်သည် သင်မုသားများမပြောဖို့ သို့မဟုတ် သင် မုသားများပြောခဲ့သည်ကို အသိအမှတ်ပြုဖို့၊ သင်မည်သည့်မုသားများကို ပြောခဲ့သည်၊ ပြီးလျှင် သင် အဘယ့်ကြောင့် လိမ်ခဲ့သည်၊ ပြီးလျှင် သင်၏ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များသည် မည်သည့်အရာများ ဖြစ်ခဲ့သည်တို့ကို အသိအမှတ်ပြုဖို့၊ သင်သည် ရိုးသားသည့် သူတစ်ဦး မဟုတ်သည်ကို အသိအမှတ်ပြုဖို့၊ သင်သည် လှည့်စားတတ်သော သူတစ်ဦး ဖြစ်သည်ကို အသိအမှတ်ပြုဖို့၊ သင့်အား သတ္တိပေးလျက်၊ ဤထပ်တလဲလဲ ပေါ်ပေါက်သည့် အခက်အခဲကို သင်ကျော်ဖြတ်ဖို့ သင့်အား လမ်းညွှန်ပြီး ကူညီလိမ့်မည်။ ပြီးလျှင် ဤအဟန့်အတားကို အောင်နိုင်ကျော်လွှားဖို့နှင့် စာတန်၏ လှောင်အိမ်ထဲမှ လွတ်မြောက်ပြီး ၎င်း၏ ထိန်းချုပ်မှုမှ ဝေးရာသို့သွားဖို့ သတ္တိကို သင့်အား သူပေးလိမ့်မည်ဖြစ်သည်။ ဤနည်းဖြင့် သင်သည် အလင်းတွင်၊ ဘုရားသခင်၏ လမ်းပြမှုနှင့် ကောင်းချီးမင်္ဂလာ အောက်တွင် ဖြည်းဖြည်းချင်း ရှင်သန်လာလိမ့်မည်။ ဇာတိခန္ဓာဆိုင်ရာ အကန့်အသတ်များ၏ ဤအဟန့်အတားကို အောင်နိုင်ကျော်လွှားပြီးဖြစ်ကာ သမ္မာတရားကို ကျိုးနွံနာခံနိုင်သည့်အခါ၊ သင်သည် လွတ်လပ်လာပြီး လွတ်မြောက်လာလိမ့်မည်။ ဤနည်းဖြင့် သင်ရှင်သန်သည့်အခါ၊ လူများကသာမက၊ ဘုရားသခင်ကပါ သင့်ကို နှစ်သက်လာလိမ့်မည်။ သင်သည် တစ်ခါတစ်ရံတွင် မှားယွင်းသော အပြုအမူများကို လုပ်နိုင်စွမ်းရှိနေဆဲဖြစ်ပြီး မုသားများကို တစ်ခါတစ်ရံတွင် ပြောနိုင်စွမ်းရှိဆဲဖြစ်ကာ၊ သင်ကိုယ်တိုင်၏ ရည်ရွယ်ချက်များအပြင်၊ တစ်ကိုယ်ကောင်းဆန်သော ကြံရွည်ချက်များနှင့် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ရွံရှာဖွယ် လုပ်ရပ်များနှင့် စိတ်ကူးတို့ တစ်ခါတစ်ရံတွင် ရှိဆဲဖြစ်သော်လည်း၊ သင်သည် ဘုရားသခင်၏ စေ့စေ့စပ်စပ် စိစစ်ခြင်းကို လက်ခံနိုင်ပြီး၊ သင်၏စိတ်နှလုံး၊ သင်၏ စစ်မှန်သော အခြေအနေနှင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို ဘုရားသခင်၏ ရှေ့မှောက်တွင် ထုတ်ဖော်ပြနိုင်မည် ဖြစ်သည်၊ ထို့ကြောင့် သင်၌ မှန်ကန်သော လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းရှိလိမ့်မည်။ သင်၏လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းသည် မှန်ကန်ပြီး၊ သင်၏ ရှေ့ဆက်ဦးတည်ရာက မှန်ကန်ပါက၊ သင်၏အလားအလာများသည် နှစ်သက်ဖွယ်ဖြစ်ပြီး တောက်ပလိမ့်မည်။ ဤနည်းဖြင့် သင်သည် စိတ်အေးသက်သာမှုဖြင့် ရှင်သန်လိမ့်မည်။ သင်၏ ဝိညာဉ်သည် အားဖြစ်စေခြင်းခံရလိမ့်မည်ဖြစ်ပြီး၊ သင်သည် ကြွယ်ဝခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ခံစားရမည်။ ဇာတိပကတိဆိုင်ရာ အကန့်အသတ်များ၏ ဤအဟန့်အတားကို သင် အောင်နိုင်မကျော်လွှားနိုင်ဘဲ၊ စိတ်ခံစားချက်များနှင့် စာတန်၏ ဒဿနများတွင် အမြဲ နစ်မြုပ်နေပြီး၊ သင်၏ စကားနှင့် လုပ်ဆောင်ချက်များသည် မည်သည့်အခါမျှ လူအများမြင်သာခြင်း မရှိဘဲ၊ အမြဲ ခိုးကြောင်ခိုးဝှက်နှင့် လျှို့ဝှက်ပါက၊ သင်သည် စာတန်၏အုပ်စိုးမှုအောက်တွင် ရှင်သန်နေသူတစ်ဦး ဖြစ်လေသည်။ သင်သည် သမ္မာတရားကို နားလည်ပြီး ဇာတိပကတိဆိုင်ရာ အကန့်အသတ်များ၏ အဟန့်အတားကို အောင်နိုင် ကျော်လွှားနိုင်ပါက၊ သင်သည် လူသားပုံသဏ္ဌာန်တစ်ခု ဖြည်းဖြည်းချင်း ရှိလာပေသည်။ သင်သည် ပွင့်လင်းစွာနှင့် ရိုးရိုးစင်းစင်း စကားပြောပြီး ပြုမူသည်၊ ပြီးလျှင် လူတိုင်းက ရှင်းလင်းစွာ တွေ့မြင်နိုင်ဖို့အလို့ငှာ၊ သင်၌ရှိနိုင်သည့် အမြင်ရှုထောင့် သို့မဟုတ် အတွေးအခေါ် တစ်စုံတစ်ရာ သို့မဟုတ် သင်ပြုခဲ့သည့် အမှားတစ်စုံတစ်ရာ တို့ကို အခြားသူများကို ပြသသည်၊ ပြီးလျှင် နောက်ဆုံးတွင် သင်သည် ရိုးစင်းသူတစ်ဦး ဖြစ်သည်ဟု ၎င်းတို့က ပြောကြလိမ့်မည်။ ရိုးစင်းသူတစ်ဦးဟူသည် အဘယ်နည်း။ ယင်းမှာ မုသားများမပြောသူ၊ စကားတွင် အလွန့်အလွန် ရိုးသားသည့်သူနှင့် သူ၏စကားများကို လူတိုင်းက မှန်သည်ဟု ယုံကြည်ကြသည့် သူတစ်ဦး ဖြစ်သည်။ ၎င်းတို့က မရည်ရွယ်ဘဲ မုသားတစ်ခုပြောလျှင်ပင် သို့မဟုတ် အမှားတစ်ခုခု ပြောလျှင်ပင်၊ ၎င်းတို့သည် မရည်ရွယ်ဘဲ လုပ်ဆောင်ခြင်းဖြစ်သည်ကို သိသဖြင့်၊ လူတိုင်းက ၎င်းတို့ကို ခွင့်လွှတ်ကြသည်။ ၎င်းတို့ ယင်းကို သတိပြုမိသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် တောင်းပန်ဖို့နှင့် အမှားပြင်ဖို့ ပြန်လာကြလိမ့်မည်။ ဤသည်မှာ ရိုးစင်းသည့်လူတစ်ဦးဖြစ်သည်။ လူတိုင်းက ဤလူစားမျိုးကို နှစ်သက်ပြီး ယုံကြည်နိုင်ကြသည်။ သင်သည် ဤအဆင့်သို့ရောက်ပြီး၊ ဘုရားသခင်နှင့် အခြားသူများ၏ ယုံကြည်မှုကို ရသည့်အခါ၊ ရိုးရှင်းသည့် အလုပ်တာဝန်တစ်ခုကို ပြီးမြောက်သွားခဲ့ခြင်း ဖြစ်မည် မဟုတ်ချေ၊ ဤသည်မှာ လူတစ်ဦး ရရှိနိုင်သည့် အမြင့်မားဆုံး ဂုဏ်သိက္ခာ ဖြစ်ပြီး ထိုသို့သော လူများသာလျှင် မိမိကိုယ်ကိုယ် လေးစားမှုရှိကြသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်သည်” မှ

ရိုးသားသည့် လူတစ်ဦးအနေဖြင့်၊ သင်၏ စိတ်နှလုံးကို အယောက်တိုင်း တွေ့မြင်နိုင်ဖို့အလို့ငှာ၊ သင် တွေးနေသည့် အရာအားလုံးကို မြင်နိုင်ပြီး၊ သင်၏ သရုပ်မှန်ကို ရိပ်ခနဲ မြင်နိုင်ဖို့အလို့ငှာ၊ ဦးစွာပထမ သင်၏ စိတ်နှလုံးကို ဖွင့်ပြရမည်။ သင်သည် မိမိကိုယ်ကိုယ် ရုပ်ဖျက်ဖို့ သို့မဟုတ် ကြည့်ကောင်းစေရန် ပြရုပ်တင်ဖို့ မကြိုးစားရ။ ထိုအခါမှသာ လူတို့သည် သင့်ကို ယုံကြည်ပြီး ရိုးသားသည်ဟု ယူဆကြလိမ့်မည်။ ဤသည်မှာ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်ဖြစ်ပြီး ရိုးသားသော လူတစ်ဦးဖြစ်ခြင်း၏ မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ သင်သည် အမြဲဟန်ဆောင်လျက်ရှိ၏၊ သန့်ရှင်းခြင်း၊ မွန်မြတ်ခြင်း၊ ကြီးမြတ်ခြင်း ရှိကြောင်း အမြဲအယောင်ဆောင်ပြီး၊ စာရိတ္တမြင့်မားသော အရည်အသွေးများ ရှိကြောင်း အယောင်ဆောင်၏။ သင်သည် လူတို့အား သင်၏ဖောက်ပြန်ပျက်စီးခြင်းနှင့် သင်၏ချွတ်ယွင်းချက်များကို အမြင်မခံပေ။ ၎င်းတို့က သင်သည် ဖြောင့်မတ်ခြင်း၊ ကြီးမြတ်ခြင်း၊ မိမိကိုယ်ကို စွန့်လွှတ်အနစ်နာခံခြင်း၊ ဘက်မလိုက်ခြင်းနှင့် အတ္တကင်းခြင်းရှိသည်ဟု ထင်ကြစေရန် သင်သည် လူတို့အား ဟန်ဆောင်ထားသော ရုပ်သွင်ကို ပြ၏။ ဤသည်မှာ လှည့်ဖြားခြင်း ဖြစ်၏။ အယောင်ဆောင်ခြင်း မပြုနှင့်၊ ပြီးလျှင် သင့်ကိုယ်သင် ပြရုပ်တင်ခြင်းမပြုနှင့်။ ထိုသို့ပြုမည့်အစား အခြားသူများ မြင်ဖို့အတွက် မိမိကိုယ်ကိုယ်နှင့် သင်၏စိတ်နှလုံးကို ဖွင့်ချပြလော့။ သင်သည် အခြားသူများမြင်စေရန် သင်၏စိတ်နှလုံးကို ဖွင့်ဟပြနိုင်ပြီး သင်၏အတွေးများနှင့် အစီအစဉ်များအားလုံး- အပြုသဘောဆောင်သော အရာနှင့် အပျက်သဘောဆောင်သော အရာနှစ်ခုလုံးကို ဖွင့်ဟပြနိုင်ပါက၊ သင်သည် ရိုးသားနေခြင်း မဟုတ်လော။ သင်သည် အခြားသူများ မြင်စေရန် သင့်ကိုယ်သင် ဖွင့်ဟပြနိုင်ပါက၊ ဘုရားသခင်သည်လည်း သင့်ကို မြင်ပြီး “သင်သည် အခြားသူများမြင်စေရန် သင့်ကိုယ်သင် ဖွင့်ဟပြသောကြောင့် ငါ့ရှေ့တွင်လည်း သင်သည် ဧကန်အမှန်ပင် ရိုးသား၏” ဟု ဆိုလိမ့်မည်။ အကယ်၍ သင်သည် အခြားသူများ မမြင်သည့်အခါ၊ ဘုရားသခင်ထံ၌သာ သင့်ကိုယ်သင် ဖွင့်ဟပြပြီး၊ ကြီးမြတ်ကာ မွန်မြတ်သကဲ့သို့ သို့မဟုတ် ၎င်းတို့နှင့်အတူတူ ရှိသည့်အချိန်တွင် တရားမျှတပြီး ကိုယ်ကျိုးမငဲ့သကဲ့သို့ အစဉ်သဖြင့် ဟန်ဆောင်ပါက၊ ဘုရားသခင်သည် မည်သည့်အရာကို တွေးပြီး ပြောဆိုလိမ့်မည်နည်း။ သူက၊ “သင်သည် အမှန်ပင် လိမ်လည်လှည့်ဖြားတတ်၏၊ သင်သည် အကယ်စင်စစ် သူတော်ကောင်း ဟန်ဆောင်ပြီး သိမ်ဖျင်း၏၊ ထို့အပြင် သင်သည် ရိုးသားသောလူတစ်ဦး မဟုတ်” ဟု ဆိုလိမ့်မည်။ အကယ်၍ သင်သည် ရိုးသားသော လူတစ်ဦးဖြစ်လိုပါက၊ ဘုရားသခင်ရှေ့ သို့မဟုတ် အခြားသူတို့ရှေ့တွင် မည်သည့်အရာကို သင်လုပ်ဆောင်ပါစေ၊ သင့်ကိုယ်သင် အခြားသူများအား ဖွင့်ပြပြီး ဖော်ထုတ်ပြနိုင်သင့်ပေသည်။ ဤသည်မှာ စွမ်းဆောင်ရရှိရန် လွယ်ကူသလော။ ယင်းသည် အချိန် လိုအပ်၏။ အတွင်း ရုန်းကန်မှုလိုအပ်ပြီး ငါတို့ စဉ်ဆက်မပြတ် လက်တွေ့လုပ်ဆောင်ရမည် ဖြစ်သည်။ ငါတို့၏ စိတ်နှလုံးများသည် တဖြည်းဖြည်း ဖွင့်ဟလာလိမ်မည့်ဖြစ်ပြီး ငါတို့သည် မိမိတို့ကိုယ်ကိုယ် ဖော်ထုတ်ပြနိုင်ကြလိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်” မှ

အချို့သော နောက်ခံအခြေအနေကို ဆန့်ကျင်၍ သို့မဟုတ် အချို့သော ပတ်ဝန်းကျင်၌ သင်သည် အချို့သော နည်းလမ်းဖြင့် ပြုမူခြင်းသည် အတော်အတန် ဉာဏ်ပညာ ရှိသည် သို့မဟုတ် ထိုသို့လုပ်ဆောင်ဖို့ သင်၌ လုံလောက်သော အကြောင်းပြချက်များ ရှိခဲ့သည်ဟု သင် ခံစားရပြီးဖြစ်နိုင်သောကြောင့် သင်ပြုမူခဲ့သည်။ ထို့နောက် သင်သည် သင်၏လုပ်ဆောင်ချက်များတွင် အပြည့်အဝ လျော်ကန်သင့်မြတ်သည်ဟု သင်ခံစားခဲ့ရပြီး နောင်တမရှိခဲ့ပေ။ ညနေချိန်ရောက်လာသည့်အခါ၊ သင် လုပ်ဆောင်ခဲ့ပြီးဖြစ်သည့်အရာကို သင် ပြန်လည် သုံးသပ်သည် သို့မဟုတ် သင် ဉာဏ်အလင်းပွင့်ခြင်း ရရှိခဲ့သည့်အချိန် သို့မဟုတ် အပြစ်ဆိုခြင်းခံရသည့်အချိန် နေ့ရက်တစ်ရက် ရောက်လာသည့်အခါ- ထို့နောက်တွင် ထိုအချိန်က သင် ပေးခဲ့ပြီးဖြစ်သည့် အကြောင်းပြချက်မှာ အကြောင်းပြချက်တစ်ခု လုံးဝမဟုတ်ကြောင်းနှင့် သင်သည် အခြားနည်းလမ်းဖြင့် ပြုမူသင့်ခဲ့ကြောင်းကို သင်ခံစားရသည်။ ထိုသို့သောအချိန်များတွင် သင်မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဥပမာ၊ သင်သည် တစ်စုံတစ်ဦးအပေါ် တစ်စုံတစ်ရာပြုခဲ့သည်၊ ၎င်းတို့ကို သင် လိမ်လည်ခဲ့သည်၊ သို့မဟုတ် အမည်းစက်တင်သော သို့မဟုတ် သင်၏စိတ်လှုံ့ဆော်မှုများ ပါဝင်သောစကားများကို သင်ပြောခဲ့သည်၊ ထို့ကြောင့် သင်သည် ထိုလူကို သွား၍ရှာပြီး သင့်ကိုယ်သင် လေ့လာဆန်းစစ်ပြီး “ထိုအချိန်က ကျွန်ုပ်ပြောခဲ့သောစကားများမှာ ကျွန်ုပ်၏ကိုယ်ပိုင်စိတ်အရင်းခံများ ပါဝင်ခဲ့သည်။ အကယ်၍ သင် ကျွန်ုပ်၏ တောင်းပန်ခြင်းကို လက်ခံနိုင်ပါက ကျွန်ုပ်ကို ကျေးဇူးပြု၍ ခွင့်လွတ်ပါ” ဟု ပြောသင့်သည်။ ဤသို့ဖြင့် သင်သည် သင့်ကိုယ်သင် လေ့လာဆန်းစစ်ပြီး သင့်ကိုယ်သင် ဖွင့်ဟပြခြင်းဖြစ်သည်။ သင့်ကိုယ်သင် လေ့လာဆန်းစစ်ရန်နှင့် ဖွင့်ဟပြရန်သတ္တိလိုအပ်သည်။ အခြားသူမည်သူမျှ နံဘေးတွင်မရှိသောအခါ၊ ဘုရားသခင်ထံ သင်ဆုတောင်းသည်ဖြစ်စေ သင်၏အမှားများကို ဘုရားသခင်ထံ ဝန်ခံခြင်း၊ နောင်တရခြင်း၊ သို့မဟုတ် သင်၏ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားကို လေ့လာဆန်းစစ်ခြင်း ပြုသည်ဖြစ်စေ၊ သင်အလိုရှိသည့်အရာမှန်သမျှကို ပြောနိုင်သည်၊ အဘယ်ကြောင့်ဆိုသော သင်၏မျက်လုံးများကို မှိတ်ထားသောကြောင့် သင် မည်သည့်အရာကိုမျှ မြင်နိုင်မည်မဟုတ်ပေ၊ ၎င်းမှာ လေထဲသို့ စကားပြောသကဲ့သို့ဖြစ်သဖြင့် သင်သည် သင့်ကိုယ်သင် ဖွင့်ဟပြနိုင်သည်၊ ထိုအခါ သင်သည် သင် တွေးခဲ့သမျှကို သင်ပြောနိုင်သည်၊ သို့မဟုတ် ထိုအချိန်က သင် ပြောခဲ့သမျှကိုသာမက သင်၏စိတ်လှုံ့ဆော်မှုများနှင့် သင်၏လိမ်လည်လှည့်ဖြားခြင်းတို့ကိုလည်း ပြောပြနိုင်သည်။ သို့သော်လည်း အကယ်၍ သင်သည်အခြားသူတစ်ဦးကို ဖွင့်ဟပြရမည်ဆိုပါက သင်သည် သတ္တိလျော့နည်းကောင်းလျော့နည်းနိုင်ပြီး ထိုသို့လုပ်ရန်လည်း သင်၏ဆုံးဖြတ်ချက်လျော့နည်းကောင်းနည်းနိုင်သည်၊ အဘယ်ကြောင့်ဆိုသော သင်သည် သိက္ခာဆယ်လိုခြင်းနှင့် ထိုအရာများကို လက်တွေ့လုပ်ဆောင်ရန် အလွန်ခက်ခဲခြင်းကြောင့်ဖြစ်သည်။ အကယ်၍ သင့်ကို ယေဘုယျသဘောများဖြင့် ပြောစေပါက သင်ပြုသောအရာများ သို့မဟုတ် ပြောသောအရာများ၌ တစ်ခါတစ်ရံ ကိုယ်ပိုင်စိတ်လှုံ့ဆော်မှုများ ရှိကြောင်း၊ သင်၏စကားများနှင့် လုပ်ဆောင်ချက်များတွင် သစ္စာမဲ့ခြင်း၊ မသန့်ရှင်းခြင်းများ၊ မုသားများနှင့် လိမ်လည်မှုသာမက သင်၏ရည်မှန်းချက်များပါဝင်ကြောင်း သင်ပြောနိုင်မည်။ သို့သော်လည်း သင်၌ တစ်စုံတစ်ရာ ဖြစ်သောအခါ၊ အကယ်၍ သင့်ကိုယ်သင် လေ့လာဆန်းစစ်ပြီး အစမှအဆုံး သင်၌ ဖြစ်ခဲ့သည့် အသုံးမကျသောအရာများ၊ သင်ပြောခဲ့သော မည်သည့်စကားများမှာ လိမ်လည်လှည့်ဖြားကြောင်း၊ ၎င်းတို့၌ မည်သည့်စိတ်လှုံ့ဆော်မှုမျိုး ပါဝင်ကြောင်း၊ သင်၏စိတ်နှလုံးထဲ၌ တွေးခဲ့သောအရာများ၊ သင် မည်ကဲ့သို့ အငြိုးထားပြီး ကောက်ကျစ်ခဲ့ကြောင်းကို ဖော်ထုတ်ရမည်ဆိုပါက သင် တုန်လှုပ်ခြောက်ခြားနိုင်သဖြင့် သင်သည် ထိုမျှလောက်အသေးစိတ်ကျသော အဆင့်အထိ သင့်ကိုယ်သင် ဖော်ထုတ်ရန် သို့မဟုတ် သင်ပြောသောအရာ၌ အတိအကျပြောရန် ဆန္ဒရှိလိမ့်မည်မဟုတ်ပေ။ “၎င်းမှာ ထိုအရာများထဲမှ တစ်ခုပင်ဖြစ်၏။ လူသားသည် အလွန်လိမ်လည်လှည့်ဖြားတတ်သည်၊ ကောက်ကျစ်ပြီး စိတ်ချရခြင်းမရှိဟူ၍ ပြောရန်လုံလောက်သည်” ဟူ၍ ၎င်းကို ဖော့ပြောသောလူများပင် ရှိလိမ့်မည်။ ဤအရာမှာ သင်၏ဖောက်ပြန်ပျက်စီးသောအနှစ်သာရ၊ လိမ်လည်လှည့်ဖြားခြင်းနှင့် ကောက်ကျစ်ခြင်းကို မှန်ကန်စွာရင်ဆိုင်နိုင်စွမ်း မရှိခြင်းဖြစ်သည်၊ သင်၏အခြေအနေမှာ အစဉ်ခေါင်းရှောင်သောအခြေအနေ ဖြစ်၏၊ သင်သည် သင့်ကိုယ်သင် အမြဲခွင့်လွှတ်ပြီး ဤကိစ္စတွင် ဒုက္ခဆင်းရဲခံနိုင်ခြင်း သို့မဟုတ် အဖိုးအခပေးနိုင်ခြင်း မရှိချေ။ ထို့ကြောင့် “ကျွန်ုပ်သည် အလွန်လှည့်စားပြီး တဖြည်းဖြည်းချင်း ဒုက္ခပေးတတ်သည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ လုပ်ဆောင်ချက်များတွင် မကြာခဏ တမင်လိမ်လည် လှည့်စားပြီး၊ အခြားသူများအပေါ်၌ လုံးဝ စစ်မှန်ခြင်း မရှိပါ။” ဟု ပြောလျက်၊ နှစ်ပေါင်းများစွာ အော်ဟစ်နေပြီးဖြစ်သည့် လူများစွာ ရှိကြသည်။ သို့သော် ယနေ့တိုင် ၎င်းတို့သည် ၎င်းတို့၏စကားများ သို့မဟုတ် လုပ်ဆောင်ချက်များ၌ ဖော်ထုတ်ပြသည့် လှည့်စားမှုနှင့် တဖြည်းဖြည်းချင်း ဒုက္ခပေးတတ်နိုင်ခြင်းတို့အတွက် နောင်တ ဖော်ပြသည်ကိုလည်းကောင်း၊ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်ကိုလည်းကောင်း သင် မည်သည့်အခါမျှ မကြားဖူးသည့်အတွက်၊ ၎င်းတို့သည် လုံးဝ နှင့် လုံးလုံးလျားလျား လှည့်စားမြဲ လှည့်စားနေသည်။ ၎င်းတို့၏အပြစ်များကို ဝန်ခံပြီးခြင်း ရှိမရှိနှင့် ဘုရားသခင် ရှေ့မှောက်တွင် နောင်တရပြီးခြင်း ရှိမရှိတို့ကို ငါတို့ သေချာမသိနိုင်သော်လည်း၊ အခြားသူများနှင့် ရင်ဆိုင်သည့်အခါ၊ ၎င်းတို့သည် ထိုသူများကို လှည့်စားခြင်း၊ လိမ်ညာခြင်း သို့မဟုတ် ကြိုးကိုင်ခြယ်လှယ်ခြင်းတို့ ပြီးဆုံးပြီးဖြစ်သည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့သည် မည်သည့်အခါမျှ မတောင်းပန်ဘဲ၊ မိမိတို့ကိုယ်ကိုယ် စိတ်ဖြာလေ့လာခြင်း သို့မဟုတ် မိမိတို့ကိုယ် သိကျွမ်းလာခြင်း သို့မဟုတ် ဤအရေးကိစ္စမှ ၎င်းတို့ သင်ယူလေ့လာပြီး ဖြစ်သည့် အရာကို ပြောခြင်းတို့ မည်သည့်အခါမျှ မရှိကြပေ။ ၎င်းတို့ထိုသို့မလုပ်ဆောင်ခြင်းက တစ်စုံတစ်ခုကို သက်သေပြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မည်သည့်အခါမျှ မပုန်ကန်ဖူးသေးပေ။ ၎င်းတို့သည် ပေါ်ပင်ရေပန်းစားသော စကားလုံးများနှင့် အယူဝါဒများကို ထုတ်ဖော်ပြောရုံမျှသာ ဖြစ်သည်။ ၎င်းတို့သည် အလားအလာနောက်လိုက်ဖို့ ပေါ်ပင်ရေပန်းစားသော စကားလုံးများနှင့် အယူဝါဒများကို ပြောနိုင်သည် သို့မဟုတ် ၎င်းတို့၏ပတ်ဝန်းကျင်များအားဖြင့် ထိုသို့လုပ်ဆောင်ဖို့ အတင်းအကျပ်ပြုခြင်းခံရနိုင်သည်။ မည်သည့်အခြေအနေဖြစ်ပါစေ၊ ထိုသို့သော ပေါ်ပင်ရေပန်းစားသော စကားလုံးများနှင့် အယူဝါဒများကို မိန့်မြွက်ခြင်းသည် ၎င်းတို့ကို မည်သည့်အခါမျှ မပြောင်းလဲနိုင်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်” မှ

နောက်တစ်ခုသို့- ကျွန်ုပ်သည် နောက်ဆုံးသောနေ့ရက်များတွင် အနန္တတန်ခိုးရှင်ဘုရားသခင်အား တစ်နှစ်နီးပါးခန့် လက်ခံခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ စကားတော်များကို ကျွန်ုပ်များစွာ ဖတ်ရှုပြီး အနန္တတန်ခိုးရှင်ဘုရားသခင်၏စကားတော်များကို သမ္မာတရားဖြစ်ကြောင်း ကျွန်ုပ်အတည်ပြုခဲ့သည်။ ဘုရားသခင့်စကားတော်များကို လေ့လာခြင်းနှင့် ကျင့်သုံးခြင်းဖြင့်သာ ကျွန်ုပ်ရရှိနိုင်ကြောင်းကိုလည်း သဘောပေါက်ပါသည် ကျွန်ုပ်ရဲ့အကျင့်ပျက်ခြစားမှုကို ဖယ်ရှားပြီး ဘဝအသက်တာ တဖြည်းဖြည်းကြီးထွားလာလိမ့်မယ်။ ဒါပေမယ့် အကြိမ်များစွာတော့ ပြောတဲ့အတိုင်း မလုပ်နိုင်ဘူး၊ ပြီးတော့ ကျွန်ုပ်လည်း ဒါကိုအရမ်းစိုးရိမ်တယ်။ တောင်းပန်ပါတယ်၊ ဒီပြဿနာကို ဘယ်လိုဖြေရှင်းနိုင်မလဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။