ကျွန်ုပ်တို့သည် ဘုရားသခင်၏ အချုပ်အခြာ အာဏာတော်ကို မည်သို့အသိအမှတ်ပြုပြီး ဘုရားသခင်၏ အစီအစဉ်များကို မည်သို့လိုက်နာသင့်သနည်း။

18.05.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

စကြဝဠာနှင့် အာကာသ၏ ကျယ်ပြောမှုထဲတွင်၊ မရေမတွက်နိုင်သော သတ္တဝါများ နေထိုင်ပြီး မျိုးပွားကြသည်၊ ထပ်တလဲလဲ ဖြစ်နေသော ဘဝနိယာမကို လိုက်လျှောက်ကာ ပုံသေစည်းမျဉ်းတစ်ရပ်ကို လိုက်နာစောင့်ထိန်းကြသည်။ သေသူများသည် ရှင်သူများ၏ အဖြစ်အပျက်များကို ၎င်းတို့နှင့်အတူ ယူဆောင်သွားကြပြီး ရှင်နေသူများသည် သေဆုံးပြီးသောသူများ၏ အလားတူ ဝမ်းနည်းဖွယ်ရာ သမိုင်းကို တစ်ဖန်ပြန်လုပ်ကြသည်။ ထို့ကြောင့် လူသားမျိုးနွယ်သည် မိမိကိုယ်ကိုယ်- ငါတို့သည် အဘယ်ကြောင့် အသက်ရှင်ကြသနည်း။ အဘယ်ကြောင့် သေကြရသနည်း။ ဤကမ္ဘာလောကကို မည်သူ ကွပ်ကဲ အုပ်ချုပ်သနည်း။ ဤလူသားမျိုးနွယ်ကို မည်သူ ဖန်ဆင်းခဲ့သနည်း။ လူသားမျိုးနွယ်ကို သဘာဝတရားမိခင်က အမှန်တကယ် ဖန်ဆင်းခဲ့သလော။ လူသားမျိုးနွယ်သည် မိမိ၏ကံကြမ္မာကို အမှန်တကယ် ထိန်းချုပ်သလော...ဟု မမေးဘဲ မနေနိုင်ပေ။ နှစ်ပေါင်းထောင်ပေါင်းများစွာကြာ လူသားမျိုးနွယ်က မရပ်မနား မေးကြပြီးဖြစ်သည့် မေးခွန်းများ ရှိလေသည်။ အကြောင်းအပေါင်း မသင့်၍၊ လူသားမျိုးနွယ်သည် ဤမေးခွန်းများကို သာ၍ စွဲလမ်းလာလေလေ၊ သိပ္ပံပညာကို ဆာငတ်မှုတစ်ခု သာ၍ဖြစ်ပေါ်လေ ဖြစ်သည်။ သိပ္ပံပညာသည် ခဏတာ ကျေနပ်အားရခြင်းနှင့် အသွေးအသား၏ ယာယီပျော်ရွှင်မှုကို ပေးသော်လည်း၊ လူသားကို အဖော်မဲ့ခြင်း၊ အထီးကျန်ခြင်းနှင့် သူ၏ စိတ်ဝိညာဉ်အတွင်းနက်နက်ရှိ မလုံ့တလုံဖြစ်နေသော ကြောက်ရွံ့မှုနှင့် အကူအညီမဲ့နေခြင်းတို့မှ လွတ်မြောက်စေဖို့ လုံလောက်ရန် ဝေးပါသေးသည်။ လူသားမျိုးနွယ်သည် ပကတိမျက်လုံးဖြင့် မြင်နိုင်ပြီး သူ၏ ဦးနှောက်ဖြင့် နားလည်နိုင်သည့် သိပ္ပံပညာအသိကို မိမိ၏နှလုံးသားအား ထုံစေရန်အလို့ငှာ သုံးရုံမျှ အသုံးပြုလေသည်။ သို့ရာတွင် ထိုသို့သော သိပ္ပံပညာအသိသည် လူသားမျိုးနွယ်အား နက်နဲမှုများကို စူးစမ်းလေ့လာခြင်းမှ ရပ်တန့်စေဖို့ မလုံလောက်ပေ။ လူသားမျိုးနွယ်သည် လူသားမျိုးနွယ်၏အစနှင့် အနာဂတ်တို့ကို မဆိုထားနှင့်၊ စကြဝဠာနှင့် အရာခပ်သိမ်း၏ အချုပ်အခြာ အာဏာရှင် မည်သူဖြစ်သည်ကိုပင် တကယ်ကို မသိပေ။ လူသားမျိုးနွယ်သည် ဤနိယာမအလယ်တွင် မတတ်သာ၍ အသက်ရှင်ရုံမျှ ရှင်လေသည်။ အရာခပ်သိမ်းအလယ်နှင့် ကောင်းကင်တွင် ကမ္ဘာအဆက်ဆက် အရာရာတိုင်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသောသူ တစ်ဦးသာ ရှိသည့်အတွက်၊ မည်သူမျှ ယင်းကို မလွတ်မြောက်နိုင်သကဲ့သို့ မည်သူမျှ မပြောင်းလဲနိုင်ပေ။ သူသည် လူသားက မည်သည့်အခါမျှ မရှုမြင်ဖူးသောသူ၊ လူသားမျိုးနွယ်က မည်သည့်အခါမျှ မသိဖူးသူ၊ ၎င်းတည်ရှိခြင်းကို လူသားမျိုးနွယ်က မည်သည့်အခါမျှ မယုံကြည်ဖူးသူ ဖြစ်သည်- သို့ရာတွင် သူသည် လူသားမျိုးနွယ်၏ ဘိုးဘေးများအထဲ ဇီဝအသက်ကို မှုတ်သွင်းခဲ့ပြီး လူသားမျိုးနွယ်ကို အသက်ပေးခဲ့သူဖြစ်သည်။ သူသည် လူသားမျိုးနွယ်ကို တည်ရှိခွင့်ပေးလျက်၊ ထောက်ပံ့ကာ အားဖြည့်ပေးသူ ဖြစ်ပြီး၊ သူသည် လူသားမျိုးနွယ်ကို မျက်မှောက်ခေတ်အထိ လမ်းပြပြီးသူ ဖြစ်သည်။ ထို့အပြင် သူတစ်ပါးတည်းသာ လူသားမျိုးနွယ်က ရှင်သန်နေခြင်းအတွက် အားထားသည့်သူ ဖြစ်သည်။ သူသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာ အာဏာ စွဲကိုင်ပြီး၊ စကြဝဠာထဲရှိ သက်ရှိသတ္တဝါအားလုံးကို အုပ်စိုးလေသည်။ သူသည် ရာသီလေးပါးကို ကွပ်ကဲအုပ်ချုပ်ပြီး လေ၊ ဆီးနှင်းခဲ၊ နှင်းနှင့် မိုးတို့ကို ခေါ်သောသူမှာ သူဖြစ်သည်။ သူသည် လူသားမျိုးနွယ်ထံ နေရောင် ဆောင်ကြဉ်းပေးပြီး၊ ညကို ဖွင့်လှစ် ပေးလေသည်။ သူသည် လူသားကို တောင်များ၊ ရေကန်များ၊ မြစ်များနှင့် ၎င်းတို့အတွင်းရှိ သက်ရှိအားလုံးကို ထောက်ပံ့ပေးရင်း၊ ကောင်းကင်နှင့် မြေကြီးကို ခင်းကျင်းသူ ဖြစ်သည်။ သူ၏ လုပ်ဆောင်ချက်များသည် နေရာတိုင်းတွင်ရှိ၏၊ သူ၏တန်ခိုးသည် နေရာတိုင်းတွင် ရှိ၏၊ သူ၏ ဉာဏ်ပညာသည် နေရာတိုင်းတွင်ရှိပြီး၊ သူ၏ ဩဇာအာဏာသည် နေရာတိုင်းတွင်ရှိ၏။ ဤနိယာမနှင့် စည်းမျဉ်းအသီးသီးသည် သူ၏ လုပ်ဆောင်ချက်များ၏ ပြယုဂ်ဖြစ်ပြီး အသီးသီးသည် သူ၏ဉာဏ်ပညာနှင့် တန်ခိုးတို့ကို ထုတ်ဖော်ပြသသည်။ အဘယ်သူသည် သူ၏ အချုပ်အခြာအာဏာမှ ကင်းလွတ်နိုင်သနည်း။ ပြီးလျှင် သူ၏ အကြံအစည်များမှ အဘယ်သူသည် မိမိကိုယ်ကိုယ် ထုတ်ပစ်နိုင်သနည်း။ သူ၏အကြည့်အောက်တွင် အရာခပ်သိမ်းတည်ရှိပြီး၊ ထို့အပြင် အရာခပ်သိမ်းသည် သူ၏ အချုပ်အခြာအာဏာ အောက်တွင် အသက်ရှင်လေသည်။ သူ၏ လုပ်ဆောင်ချက်များနှင့် တန်ခိုးတို့က လူသားမျိုးနွယ်အား သူသည် အမှန်တကယ် တည်ရှိပြီး အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်သည်ကို အသိအမှတ်ပြုရုံကလွဲ၍ အခြား ရွေးချယ်စရာမရှိဘဲ ဖြစ်ရစ်စေလေသည်။ သူမှလွဲ၍ မည်သည့်အရာမျှ ဤလူသားမျိုးနွယ်ကို မပြီးနိုင်မဆုံးနိုင် ထောက်ပံ့ပေးဖို့ မဆိုထားနှင့်၊ စကြဝဠာကိုပင် မကွပ်ကဲမအုပ်ချုပ်နိုင်ပေ။ သင်သည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သတိပြုနိုင်သည်ဖြစ်စေ၊ သတိမပြုနိုင်သည် ဖြစ်စေ၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ တည်ရှိခြင်းကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ သင်၏ ကံကြမ္မာကို ဘုရားသခင် ပိုင်းဖြတ်သည်မှာ သေချာပြီး၊ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ အမြဲ စွဲကိုင်ထားမည်မှာ သေချာပေသည်။ သူ၏ တည်ရှိခြင်းနှင့် ဩဇာအာဏာတို့သည် လူသား၏ သတိပြုခံရကာ နားလည်ခြင်း ရှိမရှိဆိုသည့်အပေါ် အခြေမခံပေ။ သူသာလျှင် လူသား၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို သိပြီး၊ သူသာလျှင် လူသားမျိုးနွယ်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သည်။ ဤအချက်ကို သင်လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ ဤအရာအားလုံးကို လူသားမျိုးနွယ်က မိမိ၏မျက်စိဖြင့် မျက်မြင်ကြုံရမည့် အချိန်သည် ကြာမြင့်လိမ့်မည်မဟုတ်သကဲ့သို့၊ ဤသည်မှာ ဘုရားသခင်က မကြာမီ ကျရောက်စေမည့်အချက် ဖြစ်သည်။ ဘုရားသခင်၏ မျက်စိအောက်တွင် လူသားမျိုးနွယ်သည် အသက်ရှင်ကာ သေဆုံးကြရသည်။ လူသားသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် အသက်ရှင်ဖြစ်ပြီး နောက်ဆုံးအကြိမ် ၎င်းတို့မျက်စိမှိတ်သည့်အခါသည်လည်း ဤစီမံခန့်ခွဲမှု အတွက်ပင် ၎င်းတို့ မှိတ်ကြခြင်း ဖြစ်သည်။ လူသားသည် ထပ်ခါတလဲလဲ ခေါက်တုံ့ခေါက်ပြန် သွားလိုက်လာလိုက် ဖြစ်သည်။ ထိုအရာအားလုံးမှာ ခြွင်းချက်မရှိ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ၏ အကြံအစည်တို့၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်

ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးပြီး အရာခပ်သိမ်းကို စီမံအုပ်ချုပ်သောသူ ဖြစ်၏။ သူသည် ရှိသမျှအားလုံးကို ဖန်ဆင်းခဲ့၏။ ရှိသမျှအားလုံးကို စီမံအုပ်ချုပ်ပြီး၊ ရှိသမျှအားလုံးအပေါ် အုပ်စိုးကာ ရှိသမျှအားလုံးအတွက် ထောက်ပံ့ပေး၏။ ဤသည်မှာ ဘုရားသခင်၏ အဆင့်အတန်းဖြစ်ပြီး၊ သူ၏ ပင်ကိုလက္ခဏာဖြစ်၏။ အရာခပ်သိမ်းနှင့် ရှိသမျှအရာ အားလုံးအတွက် ဘုရားသခင်၏ စစ်မှန်သော ပင်ကိုလက္ခဏာမှာ ဖန်ဆင်းရှင်နှင့် ဖန်ဆင်းခြင်းအားလုံးကို အုပ်ချုပ်သူ ဖြစ်၏။ ယင်းမှာ ဘုရားသခင် ပိုင်ဆိုင်သော ပင်ကိုလက္ခဏာဖြစ်ပြီး၊ သူသည် အရာခပ်သိမ်းတို့အလယ်တွင် အတုမရှိဖြစ်၏။ လူသားမျိုးနွယ်ထဲတွင် ဖြစ်စေ၊ ဝိညာဉ်လောကတွင်ဖြစ်စေ- ဘုရားသခင်၏ သတ္တဝါများထဲမှ မည်သူကမျှ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကို တူအောင်တုရန် သို့မဟုတ် အစားထိုးရန် မည်သည့်နည်းလမ်း သို့မဟုတ် မည်သည့်အခွင့်အလမ်းမျှ အသုံးမပြုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အရာခပ်သိမ်းတို့ အလယ်တွင် ဤပင်ကိုလက္ခဏာ၊ တန်ခိုး၊ သြဇာအာဏာနှင့် ဖန်ဆင်းခြင်းအပေါ် အုပ်ချုပ်နိုင်စွမ်းကို ပိုင်ဆိုင်သောသူ- ငါတို့၏ အတုမရှိသော ဘုရားသခင် ကိုယ်တော်တိုင်- တစ်ဦးတည်းသာ ရှိသောကြောင့် ဖြစ်သည်။ သူသည် အရာခပ်သိမ်းအလယ် နေထိုင်ကာ ရွေ့လျားသွားလာသည်။ သူသည် အရာခပ်သိမ်း၏အထက် အမြင့်ဆုံးသောနေရာသို့ တက်ကြွနိုင်၏။ သူသည် လူသားဖြစ်လာခြင်း၊ အသွေးအသား ရှိသည့် သူတို့ထဲမှ တစ်ဦးဖြစ်လာခြင်း၊ လူတို့နှင့် မျက်နှာချင်းဆိုင်လာခြင်းနှင့် ၎င်းတို့နှင့်အတူ အကောင်းအဆိုးများကို မျှဝေခံစားခြင်းဖြင့် သူ့ကိုယ်သူ နှိမ့်ချနိုင်၏၊ သို့သော် တစ်ချိန်တည်းတွင် သူသည် ရှိသမျှအရာ အားလုံး၏ ကံကြမ္မာနှင့် ယင်းတို့အားလုံး ရွေ့လျားသည့်ဦးတည်ရာကို ဆုံးဖြတ်ရင်း၊ ရှိသမျှအရာအားလုံးကို ကွပ်ကဲအုပ်ချုပ်လေသည်။ ထို့အပြင် သူသည် လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာကို လမ်းပြပြီး၊ လူသားမျိုးနွယ်၏ ဦးတည်ချက်ကို ထိန်းကျောင်းပေး၏။ ဤကဲ့သို့သော ဘုရားသခင်တစ်ပါးကို သက်ရှိသတ္တဝါအားလုံးက ဝတ်ပြု ကိုးကွယ်သင့်သည်၊ နာခံသင့်ပြီး သိရှိသင့်ပေသည်။ ထို့ကြောင့် သင်သည် လူသားမျိုးနွယ်ထဲမှ မည်သည့်အုပ်စု သို့မဟုတ် မည်သည့် အမျိုးအစားနှင့်သက်ဆိုင်သည်ဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဘုရားသခင် နောက်လိုက်ခြင်း၊ ဘုရားသခင်အား ရိုသေလေးမြတ်ခြင်း၊ ဘုရားသခင်၏ အုပ်ချုပ်မှုကို လက်ခံခြင်းနှင့် သင်၏ကံကြမ္မာအတွက် သူ၏ အစီအစဉ်များကို လက်ခံခြင်းသည်သာ မည်သည့် လူမဆိုနှင့် မည်သည့် သက်ရှိသတ္တဝါအတွက်မဆို တစ်ခုတည်းသော ရွေးချယ်စရာ- လိုအပ်သော ရွေးချယ်စရာ- ဖြစ်၏။ ဘုရားသခင်၏ အတုမရှိမှုတွင်၊ လူတို့က သူ၏သြဇာအာဏာ၊ သူ၏ ဖြောင့်မတ်သော စိတ်သဘောထား၊ သူ၏အနှစ်သာရနှင့် အရာခပ်သိမ်းအဖို့ သူထောက်ပံ့ပေးသည့် နည်းလမ်းများ အားလုံး လုံးဝ အတုမရှိသည်ကို တွေ့ကြ၏။ ဤအတုမရှိမှုသည် ဘုရားသခင်ကိုယ်တိုင်၏ စစ်မှန်သော ပင်ကိုလက္ခဏာကို သတ်မှတ်ပြီး သူ၏အဆင့်အတန်းကိုလည်း သတ်မှတ်၏။ ထို့ကြောင့် သတ္တဝါတို့ အားလုံးထဲတွင်၊ ဝိညာဉ်လောကထဲရှိ သို့မဟုတ် လူသားမျိုးနွယ်အလယ်ရှိသည့် မည်သည့် သက်ရှိသတ္တဝါမဆို ဘုရားသခင်၏ကိုယ်စား ရပ်တည်ရန် ဆန္ဒရှိပါက၊ ဘုရားသခင်ကို တုပရန် မည်သည့် ကြိုးပမ်းမှုမဆိုကဲ့သို့ အောင်မြင်ဖို့ ဖြစ်နိုင်မည် မဟုတ်ပေ။ ဤသည်မှာ အမှန်တရားဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)

ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်၊ ထို့ကြောင့် သူသည် ဖန်ဆင်းခြင်း ခပ်သိမ်းကို သူ၏ အုပ်စိုးမှုအောက် လာစေပြီး၊ သူ၏ အုပ်စိုးမှုကို ကျိုးနွံနာခံစေသည်။ အရာခပ်သိမ်းက သူ၏ လက်ထဲတွင် ရှိသည့်အတွက်၊ သူသည် အရာ ခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်လိမ့်မည် ဖြစ်သည်။ တိရစ္ဆာန်များ၊ အပင်များ၊ လူသားမျိုးနွယ်၊ တောင်တန်းများ၊ မြစ်များနှင့် ရေကန်များ အပါအဝင် ဘုရားသခင်၏ ဖန်ဆင်းခြင်း ခပ်သိမ်း အားလုံးသည် သူ၏ အုပ်စိုးမှုအောက်သို့ လာရောက်ရမည် ဖြစ်သည်။ မိုးကောင်းကင်တွင် ရှိသော အရာခပ်သိမ်းနှင့် မြေကြီးပေါ်တွင် ရှိသော အရာခပ်သိမ်းသည် သူ၏ အုပ်စိုးမှုအောက်သို့ လာရောက်ရမည် ဖြစ်သည်။ ၎င်းတို့သည် မည်သည့် ရွေးချယ်မှုမျှ ရှိ၍မရသကဲ့သို့၊ သူ၏ စီစဉ်ညွှန်ကြားမှုများကို အားလုံး ကျိုးနွံနာခံရမည်။ ဤသည်မှာ ဘုရားသခင်က အမိန့်ပေးထားခြင်း ဖြစ်ပြီး၊ ဘုရားသခင်၏ သြဇာအာဏာ ဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်ပြီး၊ အသီးသီးကို အမျိုးအစားအလိုက် အသီးသီးကို ခွဲခြားထားပြီး ဘုရားသခင်၏ အလိုအတိုင်း ၎င်းတို့၏ ကိုယ်ပိုင် နေရာကို ခွဲဝေပိုင်းခြားပေးထားလျက်၊ အရာခပ်သိမ်းကို အမိန့်ပေးကာ အဆင့်အတန်း သတ်မှတ်ခဲ့သည်။ ယင်းသည် မည်မျှ ကြီးမြတ်သည်ဖြစ်စေ၊ မည်သည့်အရာကမျှ ဘုရားသခင်ကို မသာလွန်နိုင်ပေ၊ အရာခပ်သိမ်းသည် ဘုရားသခင် ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကို အစေခံကြပြီး၊ မည်သည့်အရာကမျှ ဘုရားသခင်အား မနာခံခြင်း မပြုဝံ့ကြပေ သို့မဟုတ် ဘုရားသခင်အား မည်သည့် တောင်းဆိုမှုများကိုမျှ မပြုဝံ့ကြပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်

ဖန်ဆင်းခြင်း၏သခင်၏ ဖန်ဆင်းခံ သတ္တဝါများကို ပြုမူဆက်ဆံခြင်းနှင့်သက်ဆိုင်သည့် အဓိကကျသော ဥပဒေသတစ်ခု ရှိပြီး၊ ယင်းမှာ အမြင့်မားဆုံးသော ဥပဒေသလည်း ဖြစ်သည်။ ဖန်ဆင်းခံ သတ္တဝါများကို သူပြုမူဆက်ဆံပုံသည် သူ၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် သူ၏ သတ်မှတ်ချက်များအပေါ်တွင် လုံးလုံးလျားလျား အခြေခံသည်။ ကိုယ်တော်သည် မည်သည့် လူတစ်ဦးတစ်ယောက်နှင့်မျှ ဆွေးနွေးတိုင်ပင်စရာ မလိုသကဲ့သို့၊ သူသည် သူနှင့် သဘောတူညီမှု ရယူရန် မည်သည့် လူတစ်ဦးတစ်ယောက်ကိုမျှ မလိုအပ်ပေ။ သူသည် သူလုပ်ဆောင်သင့်သည့်အရာ မည်သည့်အရာမဆိုနှင့် လူတို့ကို သူပြုမူဆက်ဆံရမည့် မည်သည့်ပုံစံကိုမဆို လုပ်ဆောင်ပြီး၊ သူ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ သို့မဟုတ် လူတို့ကို သူ မည်သို့ ဆက်ဆံသည်ဖြစ်စေ အားလုံးသည် ဖန်ဆင်းခြင်း၏အရှင် အမှုပြုသည့် အခြေခံသဘောတရားများနှင့် ကိုက်ညီပေသည်။ အဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေဖြင့်၊ လုပ်ဆောင်ရမည့် တစ်ခုတည်းသောအရာမှာ ကျိုးနွံနာခံရန်ဖြစ်သည်၊ အခြား ရွေးချယ်မှုတစ်ခုတစ်လေမျှ မရှိသင့်ပေ။ ဤအရာက ဘာကိုပြသနည်း။ ဖန်ဆင်းခြင်း၏ သခင်သည် အစဉ်အမြဲပင် ဖန်ဆင်းခြင်း၏ သခင်ဖြစ်လိမ့်မည်ကို ပြပေသည်။ သူသည် မည်သည့် ဖန်ဆင်းခံ သတ္တဝါအပေါ်မဆို သူသဘောတွေ့သလို စီစဉ်ညွှန်ကြားဖို့နှင့် အုပ်ချုပ်ဖို့ တန်ခိုးအာဏာနှင့် အရည်အချင်းများကို ပိုင်ဆိုင်ပြီး ထိုသို့ပြုရန် အကြောင်းပြချက် တစ်ခုမျှ မလိုအပ်ချေ။ ဤသည်မှာ သူ၏ ဩဇာအာဏာပင်ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဖန်ဆင်းခံ သတ္တဝါများဖြစ်သရွေ့၊ အဖန်ဆင်းခံ သတ္တဝါများကြားတွင် ဖန်ဆင်းရှင် မည်သို့ ပြုမူသင့်သည် သို့မဟုတ် သူပြုသည့်အရာ မှန်သည်မှားသည်ဆိုသည့်အပေါ် စီရင်ချက်ချရန် တန်ခိုးအာဏာရှိသူ သို့မဟုတ် အရည်အချင်းမပြည့်မီသူ တစ်ဦးမျှမရှိသကဲ့သို့ မည်သည့်ဖန်ဆင်းခံ သတ္တဝါကမျှ ဖန်ဆင်းခြင်းသခင်၏ အုပ်ချုပ်ခြင်းခံရရန်၊ စီစဉ်ညွှန်ကြားခြင်းခံရရန် သို့မဟုတ် နေရာချခံရရန် သင့်မသင့်ဟူသည်ကို ရွေးချယ်ရန် အရည်အချင်း မပြည့်မီပါပေ။ အလားတူပင် မည်သည့် ဖန်ဆင်းခံ သတ္တဝါကမျှ ဖန်ဆင်းခြင်းအရှင်၏ အုပ်ချုပ်ခြင်းခံရပုံနှင့် နေရာချခံရပုံတို့ကို ရွေးချယ်ရန် အရည်အချင်းများ မရှိပါချေ။ ဤသည်မှာ အမြင့်ဆုံး အမှန်တရားပင် ဖြစ်သည်။ ဖန်ဆင်းခြင်း၏သခင်က သူ၏ ဖန်ဆင်းခံသတ္တဝါများအပေါ် မည်သည့်အရာ ပြုလုပ်ထားသည်ဖြစ်စေ၊ ထို့ပြင် သူ မည်သို့ပြုလုပ်ထားသည်ဖြစ်စေ သူဖန်ဆင်းခဲ့သည့် လူသားများအနေဖြင့် တစ်ခုတည်းသောအရာကိုသာ လုပ်ဆောင်သင့်၏- ဖန်ဆင်းခြင်း၏သခင်က နေရာတကျ တည်ထားစေသည့် ဤအဖြစ်မှန်ကို ရှာဖွေရန်၊ ကျိုးနွံနာခံရန်၊ သိနားလည်ရန်နှင့် လက်ခံရန်သာ ဖြစ်ပါသည်။ နောက်ဆုံးရလဒ်ကား သူ၏ စီမံခန့်ခွဲမှုအစီအစဉ်ကို မည်သည့် ဖျက်ဆီးပိတ်ဆို့မှုမှမရှိဘဲ တိုးတက်စေရင်း၊ ဖန်ဆင်းခြင်း၏ သခင်က သူ၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ပြီးမြောက်ကာ သူ၏အလုပ်ကို ပြည့်စုံစေပြီးဖြစ်မည် ဟူသည့်အချက်ပင် ဖြစ်လိမ့်မည်။ ထိုအတောအတွင်း၌ ဖန်ဆင်းခံ သတ္တဝါများက ဖန်ဆင်းရှင်၏ အုပ်ချုပ်မှုနှင့် စီစဉ်မှုများကို လက်ခံကာ သူ၏ အုပ်ချုပ်မှုနှင့် စီစဉ်မှုများအား ကျိုးနွံနာခံထားပြီး ဖြစ်သောကြောင့်၊ သူတို့သည် သမ္မာတရားကို ရရှိပြီး ဖြစ်လိမ့်မည်၊ ဖန်ဆင်းရှင်၏ အလိုတော်ကို နားလည်ပြီးဖြစ်လိမ့်မည်၊ ထို့ပြင် သူ၏ စိတ်နေသဘောထားကို သိကျွမ်းလာပြီး ဖြစ်လိမ့်မည်ဖြစ်သည်။ သင်တို့ကို ငါ ပြောရမည့် နောက်ထပ် အခြေခံသဘောတရားတစ်ခု ရှိသေး၏- ဖန်ဆင်းရှင်က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ သူမည်သည့်အရာကို ထင်ရှားစေသည်ဖြစ်စေ၊ ပြီးလျှင် သူလုပ်ဆောင်သည့် အရာသည် ကြီးမြတ်သည့် လုပ်ဆောင်ချက်ဖြစ်စေ သေးငယ်သည့်လုပ်ဆောင်ချက် တစ်ခု ဖြစ်စေ၊ သူသည် ဖန်ဆင်းရှင် ဖြစ်နေဆဲ ဖြစ်သည်။ သူဖန်ဆင်းထားသည့် လူသားမျိုးနွယ်အားလုံးမှာမူ၊ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ပြီးသည်ဖြစ်စေ၊ ပြီးလျှင် ၎င်းတို့အနေဖြင့် မည်မျှ ပါရမီရှိပါစေ သို့မဟုတ် မည်မျှအရေးပေးခံရပါစေ၊ အဖန်ဆင်းခံ သတ္တဝါများ ဖြစ်မြဲဖြစ်ကြလေသည်။ အဖန်ဆင်းခံ လူသားမျိုးနွယ်အတွက်မူ၊ ၎င်းတို့အနေဖြင့် ဖန်ဆင်းရှင်ထံမှ မည်မျှများပြားသော ကျေးဇူးတော်နှင့် မည်မျှများပြားသော ကောင်းချီးမင်္ဂလာများ ရရှိကြပြီးဖြစ်ပါစေ၊ သို့မဟုတ် သနားကရုဏာ၊ ကြင်နာမှု သို့မဟုတ် စေတနာ မည်မျှရရှိကြပြီးဖြစ်ပါစေ၊ ၎င်းတို့အနေဖြင့် လူစုများမှ သီးခြား ရပ်တည်ဖို့ မိမိတို့ကိုယ်ကိုယ် မယုံကြည်သင့်ပေ သို့မဟုတ် ဘုရားသခင်နှင့် အဆင့်အတန်းတူနိုင်ပြီး၊ အဖန်ဆင်းခံ သတ္တဝါများအလယ်တွင် ၎င်းတို့သည် အဆင့်မြင့်မားလာကြပြီးဖြစ်သည်ဟု မထင်မှတ်သင့်ပေ။ ဘုရားသခင်က သင့်အပေါ် ဆုကျေးဇူးများ မည်မျှ အပ်နှင်းပြီးဖြစ်ပါစေ၊ သို့မဟုတ် ကျေးဇူးတော် မည်မျှ သင့်ကို သူပေးပြီးဖြစ်ပါစေ၊ သို့မဟုတ် သူက သင့်ကို မည်မျှ ကြင်နာစွာ ဆက်ဆံပြီးဖြစ်ပါစေ၊ သို့မဟုတ် သင့်ကို အထူးပါရမီအနည်းငယ် ပေးပြီးပါစေ၊ ဤအရာများထဲမှ မည်သည့်အရာမျှ သင်၏အဖိုးတန် အရည်အချင်းများ မဟုတ်ပေ။ သင်သည် အဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်ပြီး၊ ထို့ကြောင့် အဖန်ဆင်းခံ သတ္တဝါတစ်ဦး အစဉ်အမြဲ ဖြစ်လိမ့်မည်။ သင့်အနေဖြင့်၊ “ငါသည် ဘုရားသခင်၏လက်ထဲက ချစ်ခင်မြတ်နိုးရသူလေးတစ်ဦး ဖြစ်သည်။ သူသည် ငါ့ကို ရန်မူမည်မဟုတ်။ ငါ့အပေါ် ဘုရားသခင်၏ သဘောထားမှာ နှစ်သိမ့်ပြီး ခွန်အားပေးသည့် နွေးထွေးသော တီးတိုးပြောဆိုသံဖြင့် ချစ်ခြင်းမေတ္တာ၊ စောင့်ရှောက်ခြင်းနှင့် နူးညံ့သော ကြင်နာစွာထွေးပိုက်ခြင်းနှင့် သက်ဆိုင်သောအရာတစ်ခု အမြဲဖြစ်လိမ့်မည်။” ဟု မည်သည့်အခါတွင်မျှ မတွေးရ။ ဆန့်ကျင်ဘက်အနေဖြင့်၊ ဖန်ဆင်းရှင်၏ အမြင်တွင်၊ သင်သည် အခြားအဖန်ဆင်းခံ သတ္တဝါအားလုံးနှင့် တူညီပေသည်။ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာမျိုးစုံအလယ်တွင် အခန်းကဏ္ဍတိုင်းကို သင် ပါဝင်လုပ်ဆောင်ဖို့ ဘုရားသခင်သည် သင့်ကို သူဆန္ဒရှိသည်အတိုင်း အသုံးပြုနိုင်ပြီး၊ သူဆန္ဒရှိသည်အတိုင်း သင့်ကို စီစဉ်ညွှန်ကြားနိုင်ကာ၊ သူဆန္ဒရှိသည်အတိုင်း စီစဉ်နိုင်ပေသည်။ ဤသည်မှာ လူတို့ ရှိသင့်သည့် အသိဖြစ်ပြီး၊ ၎င်းတို့ ပိုင်ဆိုင်သင့်သည့် ကောင်းမြတ်သော အသိစိတ်ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရှာဖွေခြင်းအားဖြင့်သာ ဘုရားသခင်၏လုပ်ဆောင်ချက်များကို သိနိုင်သည်” မှ

သင်နေ့တိုင်း မည်သည့်နေရာသွားမည်၊ မည်သည့် အရာလုပ်မည်၊ အဘယ်သူကို သို့မဟုတ် မည်သည့်အရာကို သင်ကြုံတွေ့မည်၊ သင် မည်သည့်အရာပြောမည်၊ သင့်ထံ မည်သည့် အရာဖြစ်မည်၊ ဤအရာတစ်ခုတစ်လေကို သင် ကြိုတင်ခန့်မှန်း နိုင်ပါသလော။ လူတို့သည် အခြေအနေများ မည်သို့ဖြစ်ပေါ်သည်ကို ထိန်းချုပ်ဖို့ မပြောနှင့်၊ ဤအဖြစ်အပျက်အားလုံးကို ကြိုမမြင်နိုင်ပေ။ ဘဝတွင် ဤကြိုမမြင်နိုင်သည့် အဖြစ်အပျက်များက တစ်ချိန်လုံး ဖြစ်ပျက်လေသည်၊ ၎င်းတို့သည် နေ့စဉ်ဖြစ်ပေါ်သည့် အရာတစ်ခု ဖြစ်၏။ ဤနေ့စဉ်လောကဓံတရားများနှင့် ၎င်းတို့ဖြစ်ပေါ်သည့် နည်းလမ်း သို့မဟုတ် ၎င်းတို့ လိုက်နာသည့် ပုံစံတို့သည် လူသားမျိုးနွယ်အဖို့ မည်သည့်အရာမျှ ကြုံရာကျပန်း ဖြစ်ပျက်နေခြင်းမဟုတ်ကြောင်း၊ အဖြစ်အပျက်အသီးသီး၏ ဖြစ်စဉ်၊ အဖြစ်အပျက်အသီးသီး၏ မရှောင်လွဲသာသော သဘော သဘာဝတို့သည် လူသား၏ အလိုဆန္ဒအားဖြင့် ပြောင်းလဲမရ နိုင်ကြောင်း အစဉ်တစိုက် သတိပေးချက်များ ဖြစ်ကြလေသည်။ အဖြစ်အပျက်တိုင်းက ဖန်ဆင်းရှင်ထံမှ လူသားမျိုးနွယ်သို့ သတိပေးချက်တစ်ခု သယ်ဆောင်ပြီး ၎င်းတို့၏ ကိုယ်ပိုင်ကံကြမ္မာကို လူသားမျိုးနွယ် မထိန်းချုပ်နိုင်ဆိုသည့် သတင်းစကားကိုလည်း ပေးပို့လေသည်။ အဖြစ်အပျက်တိုင်းက မိမိကံကြမ္မာ ကိုယ်ဖန်တီး လိုသည့် လူသားမျိုးနွယ်၏ ရိုင်းစိုင်းကာ အချည်းနှီးဖြစ်သော ရည်မှန်းချက်နှင့် ဆန္ဒအတွက် ပြန်လည်ချေပချက်တစ်ခု ဖြစ်သည်။ ယင်းတို့သည် အဆုံး၌ မည်သူက ၎င်းတို့၏ ကံကြမ္မာကို အုပ်စိုးပြီး ထိန်းချုပ်နေသည်ဆိုသည်ကို ပြန်လည် သုံးသပ်ဖို့ လူတို့ကို တိုက်တွန်းနေရင်း လူသားမျိုးနွယ်၏ မျက်နှာကို တစ်ချက်ပြီး တစ်ချက် ရိုက်သည့် အားကောင်းသော ရိုက်ချက်များ ကဲ့သို့ပင်ဖြစ်သည်။ ၎င်းတို့၏ ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများသည် ထပ်တလဲလဲ ကဖျက်ကယက်လုပ်ခံရပြီး ပျက်စီးကြေမွသည်နှင့်အမျှ လူသားတို့သည် ကံစီမံသမျှကို မရည်ရွယ်ဘဲ လက်ခံခြင်း၊ လက်တွေ့အရှိတရားကို လက်ခံခြင်း၊ ကောင်းကင်ဘုံနှင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံခြင်းသို့ အလိုအလျောက် ရောက်သွားရလေသည်။ ဤနေ့စဉ် လောကဓံတရားမှ လူသားတို့ဘဝတစ်ခုလုံး၏ ကံကြမ္မာများအထိ ဖန်ဆင်းရှင်၏ အစီအစဉ်များနှင့် သူ၏ အချုပ်အခြာအာဏာကို ဖွင့်မပြသည့်အရာ တစ်ခုမျှမရှိပေ။ “ဖန်ဆင်းရှင်၏ အခွင့် အာဏာသည် သာလွန်ကြီးမြတ်သည်” ဆိုသည့် ထာဝရ အမှန်တရားကို မပြသည့် “ဖန်ဆင်းရှင်၏ သြဇာအာဏာကို ကျော်လွန်၍မရနိုင်” ဆိုသည့် သတင်းစကားကို မပေးပို့သည့်အရာ တစ်ခုမျှမရှိပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)

လက်တွေ့ဘဝ ပြဿနာများကို ရင်ဆိုင် ရသည့်အခါ ဘုရားသခင်၏ သြဇာအာဏာနှင့် သူ၏အချုပ်အခြာ အာဏာတို့ကို သင် မည်သို့သိပြီး နားလည်သင့်သနည်း။ ဤပြဿနာများနှင့် သင် ရင်ဆိုင်ရပြီး ၎င်းတို့ကို မည်သို့နားလည် ရမည်၊ ကိုင်တွယ်ရမည်၊ တွေ့ကြုံရမည်ကို သင်မသိသည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံဖို့ သင်၏ ရည်ရွယ်ချက်၊ ဆန္ဒနှင့် သင်၏ ကျိုးနွံနာခံခြင်း နှင့်ဆိုင်သော စစ်မှန်မှုကို ပြသဖို့ရန် သင် မည်သို့ သဘောထားမျိုး ခံယူသင့်သနည်း။ ပထမဆုံးအနေဖြင့် စောင့်ဆိုင်းဖို့ သင် သင်ယူရပါမည်။ ထို့နောက် ရှာဖွေဖို့ သင်ယူရမည်။ ထို့နောက် ကျိုးနွံနာခံဖို့ သင်ယူရမည်။ “စောင့်ဆိုင်းခြင်း” က ဘုရားသခင်၏ အချိန်ကို စောင့်ခြင်းကို ဆိုလိုသည်။ သင့်အတွက် ဘုရားသခင် စီစဉ်ထားသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများကို စောင့်ဆိုင်းခြင်းဖြစ်သည်။ သူ၏အလိုကို သင့်ဆီကို သူ့ဘာသာ တဖြည်းဖြည်း ထုတ်ဖော်ပြသဖို့ စောင့်ခြင်း ဖြစ်သည်။ “ရှာဖွေခြင်း” ဆိုသည်မှာ သူချပြပေးခဲ့သည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများမှ တစ်ဆင့် သင့်အတွက် ထောက်ထားသော ဘုရားသခင်၏ ရည်ရွယ်ချက်များကို လေ့လာခြင်းနှင့် သိနားလည်ခြင်း၊ ၎င်းတို့မှတစ်ဆင့် သမ္မာတရားကို သိနားလည်ခြင်း၊ လူသားက ပြီးမြောက်ရမည့် အရာနှင့် ၎င်းတို့ စောင့်ထိန်းလိုက်နာရမည့် လမ်းခရီးများကို သိနားလည်ခြင်း၊ ဘုရားသခင်က လူသားများထဲမှ မည်သည့်ရလဒ်များကို ရရှိရန် ရည်ရွယ်သည်၊ လူသားများထဲမှ မည်သည့် အောင်မြင်မှုများကို ရယူရန် ရည်ရွယ်သည်တို့ကို နားလည်ခြင်းအား ဆိုလိုသည်။ ဟုတ်ပေ၏၊ “ကျိုးနွံနာခံခြင်း” ဆိုသည်မှာ ဘုရားသခင် စီစဉ်ညွှန်ကြားသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများကို လက်ခံခြင်း၊ သူ့၏ အချုပ်အခြာအာဏာကို လက်ခံခြင်းနှင့် ၎င်းမှတစ်ဆင့် ဖန်ဆင်းရှင်က လူသားကံကြမ္မာကို မည်သို့ ပြဋ္ဌာန်းသည်၊ သူ့၏အသက်ဖြင့် လူသားများကို သူ မည်သို့ထောက်ပံ့သည်၊ လူသားအတွင်း၌ သမ္မာတရားကို သူမည်သို့ လုပ်ဆောင်သည်ကို သိလာခြင်းအား ရည်ညွှန်းပေသည်။ ဘုရားသခင်၏ စီစဉ်မှုများနှင့် အချုပ်အခြာအာဏာ အောက်က အရာအားလုံးသည် သဘာဝနိယာမများကို နာခံသည်။ သင့်အတွက် အရာအားလုံးကို ဘုရားသခင် စီစဉ်ပြီး ပြဋ္ဌာန်းခွင့်ပြုဖို့ သင်စိတ်ပိုင်းဖြတ်ထားပါက၊ သင် စောင့်ဆိုင်းတတ်ဖို့ သင်ယူရ ပါမည်။ ရှာဖွေတတ်ဖို့ သင်ယူရမည်။ ကျိုးနွံနာခံတတ်ဖို့ သင်ယူရပေမည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာကို ကျိုးနွံနာခံချင်သည့် လူတိုင်း ခံယူရမည့် သဘောထား၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုတို့ကို လက်ခံချင်သည့် လူတိုင်း ပိုင်ဆိုင်ရမည့် အခြေခံ အရည်အသွေးတို့ ဖြစ်၏။ ထိုသို့သောသဘောထားကို ထိန်းသိမ်းဖို့၊ ထိုသို့သော အရည်အသွေးတစ်ခုကို ပိုင်ဆိုင်ဖို့၊ သင်တို့ ပိုကြိုးစားရမည်။ ဤသည်မှာစစ်မှန်သည့် လက်တွေ့အရှိတရားထဲသို့ သင်တို့ ဝင်ရောက်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)

လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြုလုပ်မှုများအနေနှင့် ဖြစ်ပေါ်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူများ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စမ်းသပ်ခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အဆင့်တိုင်း၏ နောက်ကွယ်မှာ ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။...သင့်ထံ ဖြစ်ပျက်သည့် အရာတိုင်းက ကြီးမားသော စမ်းသပ်မှုဖြစ်ပြီး သက်သေခံဖို့အတွက် ဘုရားသခင်က သင့်ကို လိုအပ်တဲ့အချိန် ဖြစ်သည်ဆိုသည်ကို သင်သိသင့်သည်။ ပြင်ပပုံပန်းသဏ္ဌာန်မှာ အလွန်အရေးကြီးသည့်ကိစ္စဟု ထင်စရာမရှိနိုင်သော်လည်း ဤအရာများ ဖြစ်ပျက်သည့်အခါ သင်သည် ဘုရားသခင်ကို ချစ်သလား၊ မချစ်ဘူးလားဆိုသည်ကို ဤအရာများက ပြနေသည်။ သင်က ချစ်သည်ဆိုလျှင် သူ့အတွက် သင်၏သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်နိုင်မှာဖြစ်ပြီး၊ သင်က သူ့အပေါ်ချစ်ခြင်းကို လက်တွေ့ မကျင့်သုံးဘူးဆိုလျှင် သင်သည် သမ္မာတရားကို လက်တွေ့ မကျင့်သုံးသည့်သူ၊ သင်သည် သမ္မာတရား မပါဝင်သည့်သူ၊ အသက် မပါဝင်သည့်သူ၊ တန်ဖိုးမရှိသူ တစ်ယောက် ဆိုသည်ကို ပြသည်။ လူတွေအပေါ်မှာ ဖြစ်ပျက်သည့် အရာတိုင်းသည် သူ့အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာရပ်တည်ဖို့ ဘုရားသခင် အလိုရှိတဲ့ အချိန်ပင်ဖြစ်သည်။ လက်ရှိအချိန်မှာ သင်က ကြီးမားသည့် အရာများ ဘာမျှမဖြစ်။ ကြီးမားသည့် သက်သေခံမှုများ မရှိ။ သို့သော်လည်း သင်၏ နေ့စဉ်အသက်တာ အသေးစိတ်သည် ဘုရားသခင်အပေါ် သက်သေခံခြင်းနှင့် ဆက်စပ်နေသည်။ သင်က သင့်ညီအစ်ကို မောင်နှမများ၊ သင့်မိသားစုအဖွဲ့ဝင်များနှင့် သင့်ဘေးမှာရှိတဲ့ လူတိုင်း၏ လေးစားမှုကို ရယူနိုင်လျှင်၊ တစ်နေ့မှာ မယုံကြည်သူများ ရောက်လာပြီး သင်လုပ်ဆောင်သမျှအားလုံးကို လေးစားပြီး ဘုရားသခင် လုပ်ဆောင်သည့် အရာအားလုံးက အံ့သြဖွယ် ဖြစ်သည်ဆိုသည်ကို မြင်လျှင် သင်သည် သက်သေခံပြီး ဖြစ်သည်။ သင်သည် ထိုးထွင်းဉာဏ်မရှိ၊ အရည်အချင်းက နိမ့်ကျသော်လည်း၊ အညံ့ဖျင်းဆုံးသော အရည်အချင်းရှိသည့် လူတို့အထဲ၌ မည်သည့် ကြီးမြတ်သော အမှုကို ဘုရားသခင် လုပ်ဆောင်ပြီး ဖြစ်သည်ကို အခြားသူများအား ပြသရင်း၊ ဘုရားသခင်၏ သင့်ကို ပြည့်စုံစေခြင်းမှတစ်ဆင့် သင်သည် သူ့ကို ကျေနပ်စေနိုင်ပြီး သူ့အလိုကို သတိပြုမိမည် ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို သိလာပြီး၊ စာတန်၏ရှေ့တွင် အောင်မြင်သောသူများ ဖြစ်လာချိန်တွင်၊ ဘုရားသခင်ကို ကြီးမားသည့် အတိုင်းအတာတစ်ခုအထိ သစ္စာရှိလာကြသည်၊ ထိုအခါတွင် ဤလူအုပ်စုများထက် အဘယ်သူမျှ သာ၍ အားမာန်မရှိကြသကဲ့သို့၊ ဤသည်မှာ အကြီးမားဆုံးသော သက်သေခံချက် ဖြစ်ပါလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်

ယောဘသည် ဘုရားသခင်ကို မည်သည့်အခါမျှ မမြင်ခဲ့ဖူးသော်လည်း သို့မဟုတ် သူ၏ နားဖြင့် ဘုရားသခင်၏ စကားများကို မကြားခဲ့ဖူးသော်လည်း၊ ဘုရားသခင်သည် ယောဘ၏ စိတ်နှလုံးထဲ၌ နေရာတစ်ခု ရှိခဲ့သည်။ ဘုရားသခင်အပေါ် ယောဘ၏ သဘောထားမှာ အဘယ်အရာဖြစ်ခဲ့သနည်း။ ယင်းမှာ ယခင်က ရည်ညွှန်း ခဲ့သည့်အတိုင်း၊ “ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” ဟူ၍ ဖြစ်သည်။ ဘုရားသခင်၏နာမကို သူ၏ကောင်းချီးပေးခြင်းသည် ခြွင်းချက်မရှိပေ၊ မည်သည့် အခြေအနေတွင်မဆို ဖြစ်ပြီး၊ မည်သည့်အကြောင်းရင်းဖြင့်မျှ ဘောင်ခတ်မထားပေ။ ယောဘသည် ဘုရားသခင်အား ထိန်းချုပ်ခွင့်ပေးလျက် သူ၏စိတ်နှလုံးကို ပေးခဲ့သည်ကို ငါတို့မြင်ရသည်။ သူတွေးသမျှ၊ သူဆုံးဖြတ်သမျှနှင့် သူ၏စိတ်နှလုံးထဲ၌ သူကြံစည်သမျှအားလုံးသည် ဘုရားသခင်အဖို့ ဖွင့်ချထားခဲ့ပြီး ဘုရားသခင်ထံမှ ပိတ်ပင်မထားခဲ့ပေ။ သူ၏ စိတ်နှလုံးသည် ဘုရားသခင်ကို မဆန့်ကျင်ခဲ့သကဲ့သို့၊ ဘုရားသခင်အား သူ့အတွက် တစ်ခုတစ်လေ လုပ်ဆောင်ပေးရန် သို့မဟုတ် သူ့အား တစ်ခုတစ်လေ ပေးရန် မည်သည့်အခါမျှ မတောင်းဆိုခဲ့ပေ၊ ပြီးလျှင် ဘုရားသခင်အား သူ၏ကိုးကွယ်ခြင်းမှ တစ်ခုတစ်လေကို ရရှိမည်ဟူသော လွန်ကဲသည့် အလိုဆန္ဒများကို သူ သိုထားခြင်း မရှိခဲ့ပေ။ ယောဘသည် ဘုရားသခင်နှင့် အပေးအယူစကားများ မပြောခဲ့သကဲ့သို့၊ ဘုရားသခင်အပေါ် တောင်းခံချက်များနှင့် တောင်းဆိုချက်များ မပြုလုပ်ခဲ့ပေ။ ဘုရားသခင်၏နာမကို သူ၏ချီးမွမ်းခြင်းသည် အရာခပ်သိမ်းကို အုပ်စိုးခြင်းထဲက ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးနှင့် ဩဇာအာဏာကြောင့် ဖြစ်ခဲ့ပြီး၊ ယင်းသည် ကောင်းချီးမင်္ဂလာများကို သူရခဲ့ခြင်း ရှိမရှိ သို့မဟုတ် ဘေးဒုက္ခ ဆိုက်ရောက်သည်ကို ခံခဲ့ရခြင်း ရှိမရှိဆိုသည့်အပေါ် မမူတည်ခဲ့ပေ။ ဘုရားသခင်သည် လူတို့အား ကောင်းချီးပေးသည် ဖြစ်စေ၊ ၎င်းတို့အပေါ် ဘေးဒုက္ခ ကျရောက်စေသည်ဖြစ်စေ၊ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာသည် ပြောင်းလဲလိမ့်မည် မဟုတ်သကဲ့သို့ ထိုသို့ဖြင့်၊ လူတစ်ဦး၏ အခြေအနေများကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ နာမကို ချီးမွမ်းသင့်သည်ဟု သူ ယုံကြည်ခဲ့သည်။ လူသားသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံစားရသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် ဖြစ်ပြီး လူသားအပေါ် ဘေးဒုက္ခ ကျရောက်သည့်အခါတွင်လည်း ယင်းမှာ ဘုရားသခင်၏ အချုပ်အခြာ အာဏာကြောင့် ဖြစ်ပေသည်။ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာသည် လူသားနှင့်ပတ်သက်သည့် အရာရာတိုင်းအပေါ် အုပ်စိုးပြီး ပြင်ဆင်၏။ လူသား ကံကြမ္မာ၏ မတည်တံ့ခြင်းများမှာ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာတို့၏ သရုပ်သကန်များ ဖြစ်ကြပြီး၊ တစ်ဦးတစ်ယောက်၏ အမြင်ကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ နာမကို ချီးမွမ်းသင့်ပေသည်။ ဤသည်မှာ ယောဘသည် သူ၏ အသက်တာ နှစ်ကာလများအတွင်းတွင် တွေ့ကြုံခံစားခဲ့ပြီး သိရှိလာခဲ့သည့် အရာ ဖြစ်သည်။ ယောဘ၏ အတွေးများနှင့် လုပ်ရပ်အားလုံးသည် ဘုရားသခင်၏ နားသို့ရောက်ရှိခဲ့ပြီး ဘုရားသခင်ရှေ့သို့ ရောက်ရှိခဲ့ကာ ဘုရားသခင်က အရေးကြီးသည်ဟု မြင်ခဲ့သည်။ ဘုရားသခင်သည် ယောဘ၏ ဤအသိပညာကို မြတ်နိုးခဲ့ပြီး ထိုသို့သော စိတ်နှလုံး တစ်ခုရှိခြင်းအတွက် ယောဘကို တန်ဖိုးထားခဲ့သည်။ ဤစိတ်နှလုံးသည် ဘုရားသခင်၏ အမိန့်ကို အမြဲတစေ စောင့်ဆိုင်းခဲ့ပြီး နေရာအားလုံးနှင့် မည်သည့်အချိန် သို့မဟုတ် မည်သည့်နေရာတွင်ဖြစ်စေ ယင်းသည် သူ့အပေါ် ကျရောက်သည့် အရာမှန်သမျှကို လက်ခံကြိုဆိုခဲ့သည်။ ယောဘသည် ဘုရားသခင်အပေါ် မည်သည့်တောင်းဆိုချက်မျှ မပြုခဲ့ပေ။ မိမိကိုယ်ကိုယ် သူတောင်းဆိုခဲ့သည်မှာ ဘုရားသခင်ထံမှလာသော အစီအစဉ်အားလုံးကို စောင့်ဆိုင်းရန်၊ လက်ခံရန်၊ ရင်ဆိုင်ရန်နှင့် နာခံရန်ဖြစ်သည်။ ဤသည်မှာ သူ၏တာဝန်ဖြစ်သည်ဟု ယောဘယုံကြည်ခဲ့ပြီး ယင်းမှာ ဘုရားသခင် အလိုရှိခဲ့သောအရာ အတိအကျ ဖြစ်ခဲ့ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

သူ၏ ဘုရားသခင်ကို ယုံကြည်ခြင်းတွင်၊ ပေတရုသည် အရာရာ၌ ဘုရားသခင်ကို ကျေနပ်စေရန် ကြိုးစားခဲ့ပြီး၊ ဘုရားသခင်ထံမှလာသော အရာအားလုံးကို နာခံရန် ကြိုးစားခဲ့သည်။ စိုးစဉ်းမျှ စောဒကတက်ခြင်း မရှိဘဲ၊ သူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအပြင်၊ စစ်ဆေးခြင်း၊ အတိဒုက္ခနှင့် သူ့အသက်တာတွင် ချို့တဲ့မှုများဖြင့် အသက်ရှင်ခြင်းတို့ကို လက်ခံနိုင်ခဲ့သည်၊ ယင်းတို့အထဲမှ မည်သည့်အရာကမျှ သူ၏ ဘုရားသခင်အား ချစ်ခြင်းအား မပြောင်းလဲနိုင်ခဲ့ပေ။ ဤသည်မှာ ဘုရားသခင်ကို အဆုံးစွန် ချစ်ခြင်း မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ဖြည့်ဆည်းခြင်း မဟုတ်လော။ ပြစ်တင်ဆုံးမခြင်း၌ဖြစ်စေ၊ တရားစီရင်ခြင်း၌ ဖြစ်စေ၊ သို့မဟုတ် အတိဒုက္ခ၌ ဖြစ်စေ၊ သင်သည် သေသည်အထိ နာခံခြင်းကို စွမ်းဆောင်ရရှိနိုင်စွမ်း ရှိပြီး၊ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးက စွမ်းဆောင်ရရှိသင့်သည့် အရာဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်ကို ချစ်ခြင်း၏ စင်ကြယ်မှု ဖြစ်သည်။ အကယ်၍ လူသည် ဤမျှ စွမ်းဆောင် ရရှိနိုင်ပါက၊ သူသည် ဘုရားသခင်၏ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်ပြီး၊ ဖန်ဆင်းရှင်၏ စိတ်ဆန္ဒကို ဤအရာထက် သာ၍ကျေနပ်စေသည့်အရာ မည်သည့်အရာမျှမရှိချေ။ သင်သည် ဘုရားသခင်အတွက် အလုပ်လုပ်နိုင်သော်လည်း၊ ဘုရားသခင်ကို မနာခံသကဲ့သို့၊ ဘုရားသခင်အား အမှန်တကယ် ချစ်နိုင်စွမ်းမရှိဟု စိတ်ကူးကြည့်လော့။ ဤနည်းဖြင့် သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို မဖြည့်ဆည်းမည် သာမက၊ သင်သည် သမ္မာတရားကို မပိုင်ဆိုင်သူ၊ ဘုရားသခင်ကို နာခံနိုင်စွမ်း မရှိသကဲ့သို့၊ ဘုရားသခင်ကို မနာခံသောသူတစ်ဦး ဖြစ်သည့်အတွက်၊ ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းကိုလည်း သင် ခံရမည် ဖြစ်သည်။ ဘုရားသခင်အတွက် အလုပ်လုပ်ရန်သာ သင် အရေးစိုက်ပြီး၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် မိမိကိုယ်ကိုယ် သိရှိခြင်းကို အရေးမစိုက်ပေ။ သင်သည် ဖန်ဆင်းရှင်ကို နားမလည် သို့မဟုတ် မသိသကဲ့သို့၊ ဖန်ဆင်းရှင်ကို မနာခံ သို့မဟုတ် မချစ်ပေ။ သင်သည် ဘုရားသခင်အား မွေးရာပါ မနာခံသူတစ်ဦး ဖြစ်သည်၊ ထို့ကြောင့် ထိုသို့သော လူများသည် ဖန်ဆင်းရှင်၏ နှစ်သက်မြတ်နိုးခြင်းကို မခံရပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်

ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံသူတို့သာ စစ်မှန်သည့် လွတ်လပ်ခြင်းကို ရရှိနိုင်သည်

လူတို့က ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သတိပြုခြင်း မရှိသည့်အတွက်၊ သူတို့သည် ကံကြမ္မာကို ကလန်ကဆန်ပြုကာ ပုန်ကန်သည့် စိတ်သဘောနှင့် အမြဲ ရင်ဆိုင်ကြပြီး သူတို့၏ လက်ရှိအခြေအနေများကို ပြောင်းလဲပြီး ကံကြမ္မာကို ပြောင်းလဲဖို့ အချည်းနှီးမျှော်လင့်လျက် ဘုရားသခင်၏ အခွင့်အာဏာ၊ အချုပ်အခြာ အာဏာနှင့် ကံကြမ္မာက အဆင်သင့်ထားသည့် အရာတို့ကို အမြဲစွန့်ပစ်ချင်ကြသည်။ သို့သော်လည်း သူတို့ ဘယ်သောအခါမှ မအောင်မြင်နိုင်သကဲ့သို့ အလှည့်တိုင်းတွင် တားဆီးခံရသည်။ လူတစ်ယောက်၏ ဝိညာဉ် အတွင်း နက်နက်ရှိုင်းရှိုင်း ဖြစ်ပျက်သည့် ဤရုန်းကန်လှုပ်ရှားမှုက အချိန်တိုင်း ၎င်း၏ ဘဝကို ဖြုန်းတီးပစ်သည်နှင့်အမျှ အရိုးခိုက်အောင် နက်ရှိုင်းသည့် နာကျင်မှုမျိုးကို ယူဆောင်လာ လေသည်။ ဤနာကျင်မှုကို မည်သည့်အရာက ဖြစ်စေသနည်း။ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့်လော သို့မဟုတ် လူတစ်ယောက်က ကံမကောင်းစွာနှင့် မွေးဖွားလာသောကြောင့် ဖြစ်သလော။ သိသာစွာပင် တစ်ခုမျှ မမှန်ကန်ပေ။ တကယ့်အကြောင်းရင်းက လူတို့ လျှောက်ကြသည့် လမ်းကြောင်းများ၊ ၎င်းတို့ဘဝကို အသက်ရှင်နေထိုင်ဖို့ လူတို့ရွေးချယ်သည့် နည်းလမ်းများ ကြောင့်ဖြစ်သည်။ လူအချို့က ဤအရာများကို နားလည်ကောင်းနားလည်နိုင်မည်မဟုတ်။ သို့သော်လည်း သင်တကယ် သိလာသည့်အခါ၊ လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင်အမှန်တကယ် သတိပြုမိလာသည့်အခါ၊ ဘုရားသခင်က သင့်အတွက် စီစဉ်ထားပြီး သတ်မှတ်ထားသည့် အရာရာတိုင်းက ကြီးမားသည့် အကျိုးကျေးဇူးနှင့် ကွယ်ကာမှုဖြစ်သည်ကို သင်အမှန်တကယ် နားလည်လာသည့်အခါ သင့်နာကျင်မှုက စတင်ပေါ့ပါးလာကာ၊ သင့်တစ်ကိုယ်လုံးက သက်သောင့်သက်သာ ရှိလာသည်၊ ပေါ့ပါးလွတ်လပ်ပြီး လွတ်မြောက်လာသည်ကို သင်ခံစားရမည်။ လူအများစု၏ အခြေအနေများမှ အကဲဖြတ်ရပါက၊ ၎င်းတို့သည် ခံစားချက်အဆင့်အရ ၎င်းတို့ ယခင်က အသက်ရှင်နေထိုင်သကဲ့သို့ ဆက်ပြီး မနေထိုင်ချင်သော်လည်း၊ ၎င်းတို့၏နာကျင်မှုမှ သက်သာချင်သော်လည်း၊ အရှိအတိုင်းဆိုလျှင် ၎င်းတို့သည် လူသားတို့၏ ကံကြမ္မာအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ၏ လက်တွေ့ကျသည့် တန်ဖိုးနှင့် အဓိပ္ပါယ်ကို အမှန်တကယ် နားမလည်နိုင်ကြပေ၊ အရှိအတိုင်း ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုနှင့် စီစဉ်မှုကို မည်သို့ရှာဖွေပြီး လက်ခံရမည်ကို သိဖို့နေနေသာသာ၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို အမှန်တကယ် သတိပြုမိပြီး ကျိုးနွံနာခံနိုင်ခြင်း မရှိကြချေ။ ထို့ကြောင့် လူတို့သည် လူသား၏ ကံကြမ္မာနှင့် ကိစ္စရပ်များ အားလုံးအပေါ် ဖန်ဆင်းရှင်က အချုပ်အခြာအာဏာ ရှိသည်ဆိုသည့် အချက်ကို အမှန်တကယ် သတိမပြုမိပါက၊ ဖန်ဆင်းရှင်၏ အုပ်စိုးမှုကို အမှန်တကယ် ကျိုးနွံနာခံနိုင်ခြင်းမရှိပါက၊ ၎င်းတို့ အတွက် “လူတစ်ယောက်၏ကံကြမ္မာက သူ့လက်ထဲမှာရှိသည်” ဆိုသည့် အယူအဆအားဖြင့် မောင်းနှင်ခြင်းမခံရဖို့နှင့် ချုပ်ချယ်ခြင်း မခံရဖို့ ခက်ခဲပေလိမ့်မည်။ ကံကြမ္မာနှင့် ဖန်ဆင်းရှင်၏ သြဇာ အာဏာတို့ကို ဆန့်ကျင်ပြီး ပြင်းထန်စွာ ရုန်းကန်လှုပ်ရှားခြင်း၏ နာကျင်မှုများကို ပယ်ရှားဖို့ ၎င်းတို့အတွက် ခက်ခဲပါလိမ့်မည်။ ပြောဖို့မလိုသည်မှာ ၎င်းတို့ အမှန်တကယ် လွတ်မြောက်ပြီး လွတ်လပ်ဖို့၊ ဘုရားသခင်ကို ကိုးကွယ်သည့်လူများဖြစ်လာဖို့ ၎င်းတို့အတွက် ခက်ခဲပါလိမ့်မည်။ သို့သော်၊ ဤအခြေအနေမှ မိမိကိုယ်ကိုယ် လွတ်မြောက်ဖို့ အလွန့်အလွန် ရိုးရှင်းသည့် နည်းလမ်းတစ်ခု ရှိ၏။ ယင်းမှာ ယခင်က အသက်ရှင် နေထိုင်သည့်ပုံစံကို နှုတ်ဆက်လိုက်ဖို့၊ ယခင်က ဘဝပန်းတိုင်များကို နှုတ်ဆက်လိုက်ဖို့၊ ယခင်က ဘဝနေထိုင်မှုပုံစံ၊ ဘဝအပေါ်ရှုမြင်ပုံ၊ လိုက်စားမှုများ၊ အလိုဆန္ဒများနှင့် စံသတ်မှတ်ချက်များကို အနှစ်ချုပ်ကာ ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ဖြစ်သည်၊ ပြီးလျှင် ၎င်းတို့ကို ဘုရားသခင်၏ အလိုတော်၊ လူသားအတွက် တောင်းဆိုချက်များနှင့် နှိုင်းယှဉ်ကြည့်ပြီး ၎င်းတို့အထဲမှ တစ်စုံတစ်ခုက ဘုရားသခင်၏ အလိုတော်နှင့် တောင်းဆိုမှုများနှင့် ကိုက်ညီမှုရှိမရှိ၊ ၎င်းတို့အထဲမှ တစ်စုံတစ်ခုက ဘဝ၏ မှန်ကန်သည့် တန်ဖိုးကို ပေးအပ်ခြင်းရှိမရှိ၊ သမ္မာတရားကို ပိုပြီးသိနားလည်မှုဆီသို့ ဆိုက်ရောက်စေခြင်းရှိမရှိ၊ လူ့သဘာဝနှင့် လူသားပုံသဏ္ဌာန်ဖြင့် နေထိုင်ခွင့်ပေးခြင်းရှိမရှိ ကြည့်ဖို့ဖြစ်သည်။ ဘဝတွင် လူတို့ကြိုးစားအားထုတ်သည့် ပန်းတိုင် အမျိုးမျိုးနှင့် ၎င်းတို့၏ မတူကွဲပြားသော မြောက်များစွာသော အသက်ရှင်နေထိုင် နည်းများကိုသင့်အနေဖြင့် ထပ်တလဲလဲ စုံစမ်းစစ်ဆေးပြီး ဂရုတစိုက် စိတ်ဖြာကြည့်သည့်အခါ ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည့်အချိန်က သူ၏ နဂိုမူလ ရည်ရွယ်ချက်နှင့် မည်သည့်အရာကမျှ ကိုက်ညီမှုမရှိသည်ကို သင်တွေ့ရလိမ့်မည်။ ၎င်းတို့အားလုံးက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ဂရုစိုက်မှု၏ အဝေးသို့ လူတို့ကို ဆွဲခေါ်သွားသည်။ ၎င်းတို့အားလုံးသည် လူသားမျိုးနွယ် သက်ဆင်းသည့် ငရဲသို့ ပို့ဆောင်သော တွင်းများဖြစ်သည်။ ဤအရာကို သင်အသိအမှတ်ပြုပြီးနောက် သင်၏တာဝန်မှာ သင်၏ ဘဝအပေါ် ရှုမြင်ပုံဟောင်းကို ဘေးချိတ်ထားပြီး ထောင်ချောက် အမျိုးမျိုးမှ ဝေးဝေးနေကာ သင့်ဘဝကို ဘုရားသခင်အား တာဝန်ယူစေ၍ သင့်အတွက် အစီအစဉ်များ ပြုလုပ်စေဖို့ ဖြစ်သည်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် လမ်းပြမှုတို့ကို ကျိုးနွံနာခံဖို့၊ တစ်ဦးချင်း ရွေးချယ်မှုမရှိဘဲ အသက်ရှင်ဖို့နှင့် ဘုရားသခင်ကို ကိုးကွယ်သည့်လူတစ်ယောက် ဖြစ်လာရန် ကြိုးစားဖို့ ဖြစ်သည်။ လွယ်ကူသည်ဟုထင်ရပါသည်။ သို့သော်လည်း လုပ်ဖို့ ခက်ခဲသည့်အရာဖြစ်၏။ လူအချို့တို့က ဤအရာ၏ နာကျင်မှုကို ခံနိုင်သည်။ တစ်ချို့က မခံနိုင်။ တစ်ချို့က လိုက်နာဖို့ ဆန္ဒရှိသည်။ တစ်ချို့က မရှိပေ။ ဆန္ဒမရှိသည့်သူများက ဤကဲ့သို့လုပ်ဖို့ အလိုဆန္ဒနှင့် ခိုင်မာသည့် ဆုံးဖြတ်ချက်မရှိကြ။ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ရှင်းရှင်းလင်းလင်း သတိပြု မိသည်။ လူသားကံကြမ္မာကို အသေးစိတ် စီမံချက်ရေးဆွဲပြီး စီစဉ်သူသည် ဘုရားသခင်ဆိုသည်ကို ကောင်းစွာသိသည်။ သို့သော်လည်း သူတို့သည် ကြိုးစား ရုန်းကန်နေဆဲ ဖြစ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်၏ လက်ထဲတွင် ၎င်းတို့ကံကြမ္မာကို ချထားဖို့၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံဖို့ လက်မခံသေးသည့်အပြင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်တို့ကို သူတို့ မကျေနပ်ကြချေ။ ထို့ကြောင့် ၎င်းတို့ ဘယ်အရာတတ်စွမ်းသည်ဆိုတာကို ၎င်းတို့ကိုယ်၎င်းတို့ မြင်ချင်သည့် လူတစ်ချို့ အမြဲရှိနေပေလိမ့်မည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်လက်နှစ်ဖက်နှင့် မိမိတို့၏ ကံကြမ္မာကို ပြောင်းလဲချင်ကြသည်။ သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင်အစွမ်းနှင့် ပျော်ရွှင်မှုကို ရယူချင်သည်၊ ဘုရားသခင်၏ သြဇာအာဏာ နယ်နိမိတ်စည်းများကို ကျော်ပြီး ဘုရားသခင် အချုပ်အခြာ အာဏာ၏ အထက်တွင် မြှင့်တက်နိုင်ခြင်းရှိမရှိ မြင်လိုကြသည်။ လူသား၏ ဝမ်းနည်းစရာက ပျော်ရွှင်သည့်ဘဝကို လူသားက ရှာခြင်းမဟုတ်ပေ၊ ကျော်ကြားမှု၊ စည်းစိမ် သို့မဟုတ် မြူများကိုဖြတ်ရင်း မိမိ၏ကိုယ်ပိုင် ကံကြမ္မာနှင့် ဆန့်ကျင် ရုန်းကန်ခြင်း မဟုတ်ဘဲ၊ ၎င်းသည် ဖန်ဆင်းရှင်၏ တည်ရှိမှုကို သိမြင်ပြီးနောက်၊ ဖန်ဆင်းရှင်က လူသား၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာရှိသည်ဆိုသည့် အချက်ကို သိရှိပြီးနောက် ၎င်း၏ နည်းလမ်းများကို မပြုပြင်နိုင်သေးသကဲ့သို့ ၎င်း၏ ခြေထောက်များကို ရွှံ့နွံထဲမှ ဆွဲမထုတ်နိုင်ဘဲ ၎င်း၏နှလုံးသားကို မာကျောစေပြီး ၎င်းအမှားများကို မရမကပြုလုပ်ခြင်း ဖြစ်ပေသည်။ ၎င်းသည် နောင်တအနည်းငယ်မျှမရဘဲ အဆုံးအထိ ခုခံရင်း ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ခေါင်းမာစွာနှင့် ဆန့်ကျင်အန်တုရင်း ရွံ့ထဲမှာပင် ဆက်ပြီး ယက်ကန်ယက်ကန် ဆက်ဖြစ်နေဖို့သာ လိုလားလေသည်။ နောက်ဆုံး အရှုံးပေးပြီး နောက်ပြန်လှည့်ဖို့ သူ ဆုံးဖြတ်သည်မှာ သူသည် ကျိုးပဲ့လဲကျပြီး သွေးထွက်သည့်အချိန်မှသာ ဖြစ်သည်။ ဤသည်မှာ စစ်မှန်သည့် လူသား၏ ဝမ်းနည်းမှုဖြစ်၏။ ထို့ကြောင့် ကျိုးနွံနာခံဖို့ ရွေးချယ်သည့်သူများက အသိပညာရှိပြီး ရုန်းကန်ကာ လွတ်မြောက်ဖို့ ကြိုးစားသူတို့က ခေါင်းမာသူများဖြစ်သည်ဟု ငါဆိုခြင်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။