လူတစ်ယောက်၏ စိတ်သဘောထား၌ ပြောင်းလဲခြင်းဆိုသည်မှာ အဘယ်အရာဖြစ်ပြီး စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းနှင့် ကောင်းသော အပြုအမူတို့ကြား ကွဲပြားခြားနားချက်မှာ အဘယ်နည်း

06.12.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူသား၏ စိတ်သဘောထား ပြောင်းလဲမှုကို များစွာသော ဘုရားသခင်၏ အမှုအမျိုးမျိုးမှတစ်ဆင့် စွမ်းဆောင်ရရှိပေသည်။ သူ၏စိတ်သဘောထား၌ ထိုသို့သော ပြောင်းလဲမှုများ မရှိဘဲနှင့်၊ လူသားသည် ဘုရားသခင်ကို သက်သေခံနိုင်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်မည် မဟုတ်ပေ။ လူသား၏စိတ်သဘောထား ပြောင်းလဲမှုက လူသားသည် စာတန်၏ ကျေးကျွန်ဘဝနှင့် အမှောင်၏ လွှမ်းမိုးမှုအောက်မှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်၏ အမှုနှင့် သက်ဆိုင်သည့် စံပုံစံနှင့် နမူနာတစ်ခု၊ ဘုရားသခင်၏သက်သေနှင့်၊ ဘုရားသခင်၏စိတ်နှလုံးနှင့် ညီညွတ်သော သူတစ်ဦး ဧကန်အမှန် ဖြစ်လာသည်ကို ညွှန်ပြပေသည်။ ယနေ့တွင်၊ လူ့ဇာတိခံ ဘုရားသခင်သည် ကမ္ဘာမြေပေါ်တွင် သူ၏အမှုကို လုပ်ဆောင်ရန် ကြွလာပြီးဖြစ်ကာ လူသားအနေဖြင့် သူနှင့်သက်ဆိုင်သည့် အသိပညာ၊ သူ့ကို နာခံခြင်း၊ သူ့ကို သက်သေခံခြင်းတို့ကို ရရှိရန်၊ သူ၏ လက်တွေ့ကျပြီး ပုံမှန်ဖြစ်သော အမှုကိုသိရှိရန်၊ လူသား၏ အယူအဆများနှင့် မကိုက်ညီသော သူ၏နှုတ်ကပတ်တော်များနှင့် အမှုအားလုံးကို နာခံရန်နှင့် လူသားကိုကယ်တင်ရန် သူပြုသော အမှုအားလုံးအပြင် လူသားကိုသိမ်းပိုက်ရန် သူပြီးမြောက်သော လုပ်ဆောင်ချက်များ အားလုံးကို သက်သေခံရန် သူတောင်းဆို လေသည်။ ဘုရားသခင်ကို သက်သေခံသောသူတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ ရှိရမည်။ ဤသို့သော သက်သေခံချက်မျိုးသည်သာ တိကျပြီး စစ်မှန်ကာ ဤသို့သော သက်သေခံချက်ကသာ စာတန်ကို အရှက်ရစေနိုင်သည်။ ဘုရားသခင်သည် သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ကို ကြုံခြင်းမှတစ်ဆင့်၊ သူ့အား သိကျွမ်းလာသူများကို သူ့ကို သက်သေခံရန် အသုံးပြုသည်။ သူသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးသူတို့ကို သူ့ကို သက်သေခံရန် အသုံးပြုသည်၊ ထိုနည်းတူ မိမိတို့၏စိတ်သဘောထား ပြောင်းလဲပြီးသူများနှင့် ထိုသို့ဖြင့် သူ၏ကောင်းချီးမင်္ဂလာများကို ရရှိပြီးသူများအား သူ့ကို သက်သေခံရန် အသုံးပြုလေသည်။ ဘုရားသခင်သည် လူသားက နှုတ်အားဖြင့် သူ့အားချီးမွမ်းရန် မလိုအပ်သကဲ့သို့၊ သူ၏ ကယ်တင်ခြင်းမခံရသေးသည့် စာတန်အမျိုး၏ ချီးမွမ်းခြင်းနှင့် သက်သေခံခြင်းတို့ကိုလည်း သူမလိုအပ်ပေ။ ဘုရားသခင်ကို သိကျွမ်းသောသူတို့သာ သူ့ကို သက်သေခံရန် အရည်အချင်းပြည့်မီပြီး၊ ၎င်းတို့၏စိတ်သဘောထား၌ အသွင်ပြောင်းလဲပြီးသူများသာ ဘုရားသခင်အဖို့ သက်သေခံရန် အရည်အချင်းပြည့်မီလေသည်။ ဘုရားသခင်သည် သူ၏နာမအပေါ် အရှက်ရစေရန် လူသားအား တမင်တကာ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်ကို သက်သေခံနိုင်ကြသည်

လူတို့၏ စိတ်သဘောထားများသည် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက် နှုတ်ကပတ်တော်များဖြင့် ပြောင်းလဲ၏။ သင်သည် အတိတ်က သင်၏ အတွေ့အကြုံဟောင်းများနှင့် စည်းမျဉ်းများကို အမြဲ ဖက်တွယ်ပါက၊ သင်၏စိတ် သဘောထား မပြောင်းလဲနိုင်ပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ ယနေ့ နှုတ်ကပတ်တော်များက လူအားလုံးကို ပုံမှန်လူ့သဘာဝ၏ အသက်တာထဲသို့ ဝင်ရောက်ရန် စေခိုင်းသော်လည်း သင်က အပေါ်ယံ အရာများအပေါ် အစွဲအလမ်းကြီးမြဲ ကြီးနေပြီး၊ လက်တွေ့အရှိတရားနှင့် ပတ်သက်၍ စိတ်ရှုပ်ထွေးကာ ယင်းကို အလေးအနက်မထားပါက၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို အမှီမလိုက်နိုင်သူတစ်ဦး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှု လမ်းကြောင်းပေါ်သို့ မဝင်ရောက်ရသေးသူတစ်ဦး ဖြစ်ပေသည်။ သင်၏ စိတ်သဘောထား ပြောင်းလဲနိုင်ခြင်း ရှိမရှိဆိုသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက် နှုတ်ကပတ်တော်များကို သင် အမီလိုက်နိုင်ခြင်း ရှိမရှိနှင့် သင်သည် စစ်မှန်သော အသိပညာရှိမရှိ ဆိုသည်တို့အပေါ် မူတည်၏။ ဤသည်မှာ ယခင်က သင်တို့ နားလည်ခဲ့သည့် အရာနှင့်မတူပေ။ ယခင်က သင်နားလည်ခဲ့သည့် သင်၏ စိတ်သဘောထား ပြောင်းလဲမှုဆိုသည်မှာ၊ အပေါ်ယံကြည့်ပြီး ဝေဖန်သုံးသပ်တတ်သည့် သင်သည် ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းအားဖြင့် ရမ်းသန်းစကားပြောခြင်းကို ရပ်တန့်လိုက်ခြင်းသာဖြစ်သည်။ သို့သော် ယင်းသည် ပြောင်းလဲမှု၏ ကဏ္ဍတစ်ခုသာ ဖြစ်၏။ ယခု၊ အရေးအကြီးဆုံးအချက်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို လိုက်နာခြင်းဖြစ်သည်- ဘုရားသခင်ပြောသည့် အရာဟူသမျှကို လိုက်နာလော့၊ ပြီးလျှင် သူပြောသည့်အရာဟူသမျှကို နာခံလော့။ လူတို့သည် မိမိတို့ကိုယ်တိုင်၏ စိတ်သဘောထားများကို မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်း၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ကိုင်တွယ်ဖြေရှင်းခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းများကို ကြုံရမည်ဖြစ်သည်။ ထို့နောက်မှသာ ၎င်းတို့သည် ဘုရားသခင်ကို နာခံခြင်းနှင့် သစ္စာရှိခြင်းတို့အား ရရှိနိုင်ပြီး၊ သူ့အပေါ် ဝတ်ကျေတမ်းကျေ မဖြစ်နိုင်တော့ပေ။ လူတို့၏ စိတ်သဘောထားများ ပြောင်းလဲသည်မှာ ဘုရား နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းအောက်တွင် ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့မှ တစ်ဆင့်သာ ၎င်းတို့သည် မဆင်မခြင် မလုပ်ဆောင်ဝံ့တော့ဘဲ၊ ယင်းအစား တည်ငြိမ်ကာ ချုပ်တည်းလာကြမည်ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ ၎င်းတို့သည် ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်နှင့် သူ၏အမှုကို နာခံနိုင်ကြပြီး ယင်းသည် လူသား၏ အယူအဆများနှင့် မကိုက်ညီလျှင်ပင်၊ ၎င်းတို့သည် ဤအယူအဆများကို ဘေးဖယ်ထားနိုင်ကြကာ လိုလားစွာ နာခံနိုင်ကြခြင်း ဖြစ်သည်။ အတိတ်တွင်၊ စိတ်သဘောထားထဲက ပြောင်းလဲမှုများကို ပြောဆိုရာတွင်၊ အဓိကအားဖြင့် မိမိကိုယ်ကိုယ် မိမိစွန့်လွတ်နိုင်ခြင်း၊ ဇာတိပကတိကို ဆင်းရဲဒုက္ခခံစားစေခြင်း၊ မိမိ၏ကိုယ်ခန္ဓာကို ပဲ့ပြင်ဆုံးမခြင်းနှင့် ဇာတိ၏လိုလားမှုများကို မိမိထံမှ ဖယ်ရှားနိုင်ခြင်းတို့ကို ရည်ညွှန်းခဲ့ပေသည်- ယင်းမှာ စိတ်သဘောထား ပြောင်းလဲခြင်း တစ်မျိုးဖြစ်သည်။ ယနေ့တွင်၊ စိတ်သဘောထား ပြောင်းလဲခြင်း၏ စစ်မှန်သည့် ထုတ်ဖော်ခြင်းမှာ ဘုရားသခင်၏ မျက်မှောက် နှုတ်ကပတ်တော်များကို နာခံခြင်းနှင့် သူ၏အသစ်သောအမှုကို အမှန်တကယ် သိရှိခြင်းဖြစ်သည်ကို အယောက်တိုင်း သိကြပေသည်။ ဤနည်းဖြင့်၊ မိမိတို့ကိုယ်တိုင်၏ အယူအဆများဖြင့် ခြယ်သခြင်းခံခဲ့ရသည့် လူတို့၏ ဘုရားသခင်နှင့်သက်ဆိုင်သော ယခင် သိနားလည်မှုသည် ဖျောက်ဖျက်ပစ်ခံရနိုင်ပြီး၊ ၎င်းတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သည့် စစ်မှန်သော အသိပညာနှင့် ဘုရားသခင်အား နာခံခြင်းတို့ကို ရရှိနိုင်ကြပေသည်- ဤအရာသည်သာ စိတ်သဘောထား ပြောင်းလဲခြင်း၏ စစ်မှန်သော ဖော်ပြချက်တစ်ခုဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်

စိတ်သဘောထားပြောင်းလဲခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းသည် သမ္မာတရားကို ချစ်မြတ်နိုးသူတစ်ဦးက ဘုရားသခင်၏အမှုကို ကြုံတွေ့နေစဉ် သူ၏နှုတ်ကပတ်တော်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို လက်ခံပြီး အမျိုးမျိုးသော ဒုက္ခဆင်းရဲနှင့် စစ်ဆေးမှုများကို ကြုံရသောအခါ၌ ဖြစ်ပေါ်လာသည်။ ဘုရားသခင်ကို နောက်ထပ် မည်သည့်အခါမျှ ပုန်ကန်ခြင်း သို့မဟုတ် ခုခံခြင်း မပြုတော့ဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ စီစဉ်ညွှန်ကြားမှုများနှင့် စီမံမှုအားလုံးကို နာခံနိုင်ဖို့အလို့ငှာ ထိုသို့သောလူတစ်ဦးသည် မိမိအတွင်းရှိ စာတန်ဆန်သော အဆိပ်အတောက်များ သန့်စင်ခံရပြီး သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ လုံးလုံးလျားလျား လွတ်ကင်းလေသည်။ ဤသည်မှာ စိတ်သဘောထား ပြောင်းလဲခြင်းပင် ဖြစ်သည်။...စိတ်သဘောထား ပြောင်းလဲခြင်းဆိုသည်မှာ လူတစ်ယောက်သည် သမ္မာတရားကို ချစ်မြတ်နိုး၍ လက်ခံနိုင်သဖြင့် နောက်ဆုံးတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် သူ၏မနာခံသော သဘာဝဗီဇအား သိရှိလာခြင်းကို ဆိုလိုသည်။ လူသားသည် အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးသည်ကို သူနားလည်ပြီး လူသား၏ အဓိပ္ပာယ်မဲ့ခြင်းနှင့် လိမ်လည်လှည့်ဖြားမှုတို့ကို သူသတိပြုမိသည်၊ သူသည် လူသား၏ညံ့ဖျင်းမှုနှင့် သနားစရာကောင်းမှုကို သတိပြုမိပြီး၊ နောက်ဆုံးတွင် လူသား၏သဘာဝ အနှစ်သာရကို နားလည်လာသည်။ ဤအရာအားလုံးကို သိခြင်းဖြင့်၊ သူသည် မိမိကိုယ်ကိုယ် လုံးဝငြင်းပယ်ပြီး ပစ်ပယ်လာနိုင်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ နေထိုင်ပြီး၊ အရာခပ်သိမ်းတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လာနိုင်ပေသည်။ ဤသည်မှာ ဘုရားသခင်ကို သိကျွမ်းသောသူတစ်ဦး ဖြစ်ပြီး ဤသည်မှာ စိတ်သဘောထား ပြောင်းလဲပြီးသောသူတစ်ဦး ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း” မှ

စိတ်သဘောထား၌ အသွင်ပြောင်းလဲခြင်းဆိုသည်မှာ အဓိကအားဖြင့် လူတစ်ဦး၏သဘာဝဗီဇ ပြောင်းလဲခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။ လူတစ်ဦး၏ သဘာဝဗီဇနှင့် သက်ဆိုင်သည့် အခြင်းအရာများကို အပြင်ပန်း အပြုအမူများမှ မမြင်နိုင်ပေ၊ ယင်းတို့မှာ သူ၏ ဖြစ်တည်ခြင်းဆိုင်ရာ တန်ဖိုးနှင့် အဓိပ္ပာယ်တို့နှင့် တိုက်ရိုက်သက်ဆိုင်သည်။ ဆိုလိုသည်မှာ၊ ယင်းတို့သည် လူတစ်ယောက်၏ ဘဝအပေါ် သဘောထားနှင့် သူ၏စံနှုန်းများ၊ သူ၏ဝိညာဉ်အတွင်းကျကျရှိ အရာများနှင့် သူ၏အနှစ်သာရတို့ တိုက်ရိုက် ပါဝင်သည်။ လူတစ်ဦးသည် သမ္မာတရားကို လက်မခံနိုင်ပါက၊ သူသည် ဤကဏ္ဍများတွင် ပြောင်းလဲခြင်း ကြုံရလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏အမှုကို တွေ့ကြုံခံစားရခြင်း၊ သမ္မာတရားထဲ အပြည့်အဝ ဝင်ရောက်ခြင်း၊ ရပ်တည်မှု နှင့် ဘဝတို့နှင့် သက်ဆိုင်သည့် မိမိ၏ စံနှုန်းများနှင့် မိမိ၏သဘောထားအမြင်များကို ပြောင်းလဲခြင်း၊ မိမိ၏ အမြင်ရှုထောင့်များကို ဘုရားသခင်၏ အမြင်ရှုထောင့်များနှင့် ချိန်ညှိခြင်း၊ ဘုရားသခင်ကို လုံးလုံးလျားလျား ကျိုးနွံနာခံနိုင်လာခြင်းနှင့် ဆက်ကပ်အပ်နှံနိုင်လာခြင်းတို့အားဖြင့်သာ မိမိ၏ စိတ်သဘောထား အသွင်ပြောင်းလဲပြီဟု ဆိုနိုင်ပေမည်။ သင် ကြိုးပမ်းမှု အနည်းငယ် စိုက်ထုတ်သည်ဟု ထင်ရကောင်းထင်နိုင်သည်၊ ဒုက္ခဆင်းရဲများကို ရင်ဆိုင်ရာတွင် သင် ကြံ့ကြံ့ခံနိုင်ကောင်းခံနိုင်သည်၊ အထက်မှ အစီအစဉ်များကို သင် လုပ်ဆောင်နိုင်စွမ်း ရှိကောင်းရှိနိုင်သည်၊ သို့မဟုတ် သင့်ကို သွားစေသော မည်သည့်နေရာကိုမဆို သင် သွားကောင်း သွားနိုင်သော်လည်း ၎င်းတို့မှာ အပြုအမူနှင့်ဆိုင်သော အသေးစား အပြောင်းအလဲများသာ ဖြစ်ပြီး၊ သင်၏ စိတ်သဘောထား ပြောင်းလဲခြင်းအဖြစ် ယူဆဖို့ မလုံလောက်ပေ။ သင်သည် လမ်းကြောင်းများစွာကို လျှောက်လှမ်းနိုင်ပြီး ဒုက္ခဆင်းရဲများစွာကို ခံစားရ၍ ကြီးစွာသော အရှက်တကွဲဖြစ်ခြင်းကို သည်းခံကောင်း သည်းခံနိုင်မည်၊ သင်သည် ဘုရားသခင်နှင့် အလွန်နီးကပ်သည်ဟု ခံစားရပြီး သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အပေါ် အမှုတစ်ခုခု ပြုကောင်းပြုနေနိုင်သည်။ သို့သော်လည်း သင်၏အယူအဆများနှင့် မကိုက်ညီသော အရာတစ်စုံတစ်ခုကို ဘုရားသခင်က သင့်ကို လုပ်ဆောင်ဖို့ စေခိုင်းသည့်အခါ၊ သင်သည် ကျိုးနွံနာခံဆဲ ရှိကောင်းရှိလိမ့်မည်မဟုတ်၊ ယင်းထက်၊ ဘုရားသခင်ကို ပုန်ကန်ပြီး ခုခံရင်း၊ သူ့ကို ဝေဖန်ကာ ဆန့်ကျင်ကန့်ကွက်သည်အထိပင် ဆင်ခြေများရှာကောင်း ရှာလိမ့်မည်ဖြစ်သည်။ ဤအရာသည် ဆိုးရွားသော ပြဿနာတစ်ခုဖြစ်ပေလိမ့်မည်။ ဤအရာက သင်သည် ဘုရားသခင်ကို အတိုက်အခံလုပ်သော သဘာဝဗီဇ ရှိနေသေးကြောင်းနှင့် မည်သည့် ပြောင်းလဲခြင်း ကိုမျှ သင်မခံရသေးကြောင်းကို ပြသပေမည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ” မှ

တစ်ဦးတစ်ယောက်၏ စိတ်သဘောထား ပြောင်းလဲခြင်းသည် အပြုအမူတွင် ပြောင်းလဲခြင်းမဟုတ်သကဲ့သို့၊ ဟန်ဆောင်ထားသည့် အပြင်ပန်း ပြောင်းလဲမှုတစ်ခု သို့မဟုတ် စိတ်အားထက်သန်မှုမှ တဒင်္ဂ အပြောင်းအလဲတစ်ခုလည်း မဟုတ်ပေ။ ယင်းထက် ၎င်းသည် အပြုအမူ၌ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်စေသည့် စစ်မှန်သော စိတ်သဘောထား ပြောင်းလဲမှုတစ်ခု ဖြစ်သည်။ ထိုသို့သော အပြုအမူ၌ ပြောင်းလဲမှုတစ်ခုသည် လူတစ်ဦး၏ အပြင်ပန်း အပြုအမူများနှင့် လုပ်ရပ်များတွင် ပြသသည့် ပြောင်းလဲမှုများနှင့် မတူချေ။ စိတ်သဘောထား ပြောင်းလဲမှုဆိုသည်မှာ သမ္မာတရားကို သင်နားလည်ကာ တွေ့ကြုံပြီးဖြစ်သည်ကို ဆိုလိုသကဲ့သို့၊ သမ္မာတရားက သင်၏ အသက်တာ ဖြစ်လာပြီးဖြစ်သည်ကို ဆိုလိုသည်။ အတိတ်တွင်၊ ဤကိစ္စရပ်နှင့်ဆိုင်သော သမ္မာတရားကို သင်နားလည်ခဲ့သော်လည်း၊ ယင်းနှင့်ပတ်သက်၍ သင် လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ပေ။ သမ္မာတရားမှာ သင့်အဖို့ မစွဲမြဲသည့် အယူဝါဒသာ ဖြစ်ခဲ့သည်။ ယခုတွင် သင်၏ စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည့်အတွက် သမ္မာတရားကို သင် နားလည်သည်သာမက၊ ယင်းနှင့်အညီလည်း သင် လက်တွေ့လုပ်ဆောင်လေသည်။ အတိတ်က သင်နှစ်သက်ခဲ့သည့် အရာများ၊ သင် လုပ်ဆောင်ဖို့ လိုလားနေခဲ့လေ့ရှိသည့်အရာများ၊ သင်၏ စိတ်ကူးများနှင့် သင်၏ အယူအဆများကို ယခု သင် လက်လွှတ်နိုင်သည်။ အတိတ်က သင် လက်မလွှတ်နိုင်ခဲ့သည့် အရာများကို ယခု သင် လက်လွှတ်နိုင်ပေသည်။ ဤသည်မှာ စိတ်သဘောထား ပြောင်းလဲမှု ဖြစ်ပြီး၊ သင်၏ စိတ်သဘောထား ပြောင်းလဲမှု ဖြစ်စဉ်လည်း ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ” မှ

သင်၏ စိတ်သဘောထားကို ပြောင်းလဲဖို့ ကြိုးစားရာတွင် သင်၏ မိမိကိုယ်ကိုယ် သိနားလည်ခြင်းတွင် တိကျသော အဆင့်တစ်ခုကို သင်ရောက်ရမည်ဖြစ်ပြီး ထိုသို့အားဖြင့် သင့် ကိုယ်ပိုင် သဘာဝအတွင်းရှိ စာတန်ဆန်သော အဆိပ်များကို ရှာတွေ့နိုင်သည်။ ဘုရားသခင်ကို အာခံသည်မှာ မည်သည့်အရာကို ဆိုလိုသည်ဆိုသည့်အပြင်၊ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သည်မှာ မည်သည့်အရာဆိုလိုသည်ကို သင် သိရမည်ဖြစ်ပြီး ကိစ္စရပ်များအားလုံးတွင် သမ္မာတရားနှင့် ကိုက်ညီစွာ မိမိကိုယ်ကိုယ် မည်သို့ ပြုမူနေထိုင်ရမည်ကို သင်ယူရမည်။ ဘုရားသခင်၏ အလိုတော်နှင့် လူသားမျိုးနွယ်အပေါ် သူ၏ သတ်မှတ်ချက်များကိုလည်း သိနားလည်မှု အချို့ သင် ရရှိရမည်။ ဘုရားသခင် ရှေ့မှောက်တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား သင် ပိုင်ဆိုင်ရမည်၊ မာနထောင်လွှားစွာ သင် စကားမပြောဆိုရ၊ သို့မဟုတ် ဘုရားသခင်ကို လိမ်လှည်လှည့်စားခြင်း မပြုရ၊ ပြီးလျှင် ဘုရားသခင်ကို ဆန့်ကျင်သည့် မည်သည့်အရာကိုမျှ သင် လုပ်ဆောင်ရတော့မည် မဟုတ်။ ထိုသို့ဖြင့်၊ သင့် စိတ်သဘောထားကို ပြောင်းလဲပြီး ဖြစ်လိမ့်မည်။ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးသော သူတို့သည် ဘုရားသခင်အတွက် ကြည်ညိုမှုကို ၎င်းတို့၏ စိတ်နှလုံးတွင် နက်နက်ရှိုင်းရှိုင်း ခံစားကြရပြီး၊ ၎င်းတို့၏ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်မှုက တဖြည်းဖြည်း လျော့နည်းသွားလေသည်။ ထို့အပြင်၊ ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းရာတွင်၊ ၎င်းတို့နှင့်ပတ်သက်၍ အခြားသူများ စိုးရိမ်ဖို့ မလိုအပ်ကြသကဲ့သို့၊ ၎င်းတို့အပေါ် သန့်ရှင်းသော ဝိညာဉ်တော်က ဆုံးမပဲ့ပြင်ခြင်းအလုပ်ကို အမြဲလုပ်ဖို့ မလိုအပ်ပေ။ ၎င်းတို့သည် အခြေခံအားဖြင့် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ကြပြီး အမှုအရာများအပေါ် ၎င်းတို့၏ အမြင်များတွင် သမ္မာတရား ပါရှိလေသည်။ ဤအရာအားလုံးသည် ဘုရားသခင်နှင့် သဟဇတဖြစ်လာခြင်း သဘောသက်ရောက်ပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်” မှ

စိတ်သဘောထားအတွင်း ပြောင်းလဲမှုများတွင် ဝိသေသလက္ခဏာတစ်ခုရှိသည်။ ၎င်းမှာ မှန်သောအရာများနှင့် သမ္မာတရားနှင့်ညီသော အရာများကို နာခံနိုင်ခြင်း ဖြစ်၏။ သင့်ကို မည်သူက အကြံဉာဏ်များပေးပါစေ၊ သူတို့မှာ အသက်ငယ်ရွယ်သည်ဖြစ်စေ အိုမင်းသည်ဖြစ်စေ၊ သင်နှင့် အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ၊ သင်တို့ကြားက ဆက်ဆံရေး ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူတို့သည် မှန်ကန်ပြီး သမ္မာတရားနှင့်ညီကာ ဘုရားသခင့်မိသားစု၏ အလုပ်အတွက် အကျိုးရှိသည့် အရာတစ်စုံတစ်ခုကို ပြောသရွေ့ သင်သည် ယင်းကို နားထောင်၊ ခံယူပြီး လက်ခံနိုင်ကာ အခြားသော မည်သည့်အကြောင်းရင်းများ၏ ထိခိုက်လွှမ်းမိုးမှုကို မခံရနိုင်ပေ။ ဤသည်မှာ ထိုဝိသေသလက္ခဏာ၏ ပထမရှုထောင့် ဖြစ်၏။ ပထမဦးစွာ သင်သည် သမ္မာတရားအပြင်၊ မှန်ကန်သော အရာများနှင့် သမ္မာတရားနှင့် ကိုက်ညီသော အရာများကို လက်ခံနိုင်သည်။ အခြားရှုထောင့်မှာ သင်သည် ပြဿနာတစ်ခုကို ကြုံတွေ့သည့်အခါတိုင်း သမ္မာတရားကို ရှာဖွေနိုင်စွမ်းရှိခြင်းဖြစ်၏။ သမ္မာတရားကို သင် လက်ခံနိုင်သည်သာမက၊ ရှာလည်း ရှာဖွေနိုင်ရပါမည်။ ဥပမာအားဖြင့် သင်သည် မည်သူမျှ နားမလည်နိုင်သည့် အသစ်သော ပြဿနာတစ်ခုကို ကြုံတွေ့ရပါက သင်သည် သမ္မာတရားကို ရှာဖွေနိုင်သည်၊ ထိုအကြောင်းကိစ္စကို သမ္မာတရား၏ အခြေခံသဘောတရားများနှင့် ကိုက်ညီစေရန်နှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းပေးရန် ဘာလုပ်သင့်သည် သို့မဟုတ် လက်တွေ့လုပ်ဆောင်သင့်သည့်အရာကို သိမြင်နိုင်၏။ သို့သော်လည်း အခြားရှုထောင့်မှာ ဘုရားသခင်၏အလိုတော်အား အရေးထားနိုင်သော စွမ်းရည်ကို ရရှိခြင်းဖြစ်၏။ ကိုယ်တော်၏အလိုတော်ကို သင် မည်ကဲ့သို့ အရေးထားသင့်သနည်း။ ဤအရာသည် မည်သည့်တာဝန်ကို သင် ဆောင်ရွက်နေခြင်းနှင့် သင်၏တာဝန်၌ သင့်အပေါ် ဘုရားသခင် မည်သည့်သတ်မှတ်ချက်များ ထားရှိခြင်းအပေါ်၌ မူတည်ပေသည်။ ဤအခြေခံသဘောတရားကို သင် မလွတ်တမ်းအသုံးချရမည်- ဘုရားသခင် သတ်မှတ်သည့်အတိုင်း သင်၏တာဝန်ကို လုပ်ဆောင်လော့၊ ထို့ပြင် ဘုရားသခင်ကို ကျေနပ်စေရန် ယင်းကို လုပ်ဆောင်လော့။ ဘုရားသခင်၏ အလိုတော်နှင့် သင့်တာဝန်၏ လိုလားသောရလဒ်မှာ အဘယ်အရာဖြစ်သည်ကိုလည်း သင် နားလည်ရမည်ဖြစ်ပြီး တာဝန်ရှိမှုနှင့် သစ္စာစောင့်သိမှုဖြင့် ပြုမူဆောင်ရွက်နိုင်စွမ်း ရှိရမည်ဖြစ်သည်။ ဤအရာများအားလုံးမှာ ဘုရားသခင်၏အလိုတော်ကို အရေးထားခြင်း နည်းလမ်းများပင်ဖြစ်၏။ သင်ပြုလုပ်နေသော ထိုအရာတွင် ဘုရားသခင်၏အလိုတော်အား မည်ကဲ့သို့ အရေးထားရမည်ကို သင်မသိပါက ၎င်းကို ပြီးမြောက်စေရန်နှင့် သူ့ကိုကျေနပ်စေရန်အလို့ငှာ ရှာဖွေမှုအနည်းငယ် သင်လုပ်ရမည်။ ဤအခြေခံသဘောတရား သုံးခုကို သင်တို့ လက်တွေ့လုပ်ဆောင်နိုင်လျှင်၊ ၎င်းတို့အားဖြင့် သင် တကယ် အသက်ရှင်နေသည့် လမ်းများကို အကဲဖြတ်နိုင်ပြီး၊ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို ရှာတွေ့နိုင်လျှင်၊ အရေးကိစ္စများကို ကိုယ်ကျင့်တရားကောင်းသော ပုံစုံတစ်ခုဖြင့် သင် ကိုင်တွယ်နေလိမ့်မည်ဖြစ်သည်။ မည်သည့်အရာကို သင် ကြုံရပါစေ၊ မည်သည့် ပြဿနာများကို သင် ကိုင်တွယ်ဖြေရှင်းဖို့ ရှိပါစေ၊ မည်သည့် အခြေခံသဘောတရားများဖြင့် သင် လက်တွေ့လုပ်ဆောင်နေသင့်သည်၊ ဤအရာများအသီးသီးက မည်သည့် အသေးစိတ်အချက်အလက်များ ပါဝင်သည်ဆိုသည်နှင့် ဤအခြေခံသဘောတရားများကို သင် ချိုးဖောက်မိမနေဖို့ ၎င်းတို့ကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည်တို့ကို သင် အမြဲရှာဖွေရမည်။ ဤအရာများကို သင် ရှင်းရှင်းလင်းလင်း နားလည်သည်နှင့်တစ်ပြိုင်နက်၊ သမ္မာတရားကို သင် အလိုအလျောက် လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့်သာ သင်သည် ပျက်စီးသော စိတ်သဘောထား၏ ချည်နှောင်ခြင်းများကို ဖယ်ရှားပစ်နိုင်သည်” မှ

သင့်စိတ်သဘောထား၌ အပြောင်းအလဲဖြစ်အောင် အားထုတ်ရာတွင် မည်သည့်အရာက စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုနှင့် မသက်ဆိုင်သည့်အပြင် ယင်း၏ နယ်ပယ်အတွင်းတွင် မရှိဘဲ အပြင်ပန်း အပြုအမူကောင်းဖြစ်သည်၊ ဘုရားသခင်က စိတ်သဘောထား ပြောင်းလဲမှုများအကြောင်း ပြောဆိုသည့်အခါ မည်သည့်အရာကို ဆိုလိုသည်နှင့် လူတို့တွင်ရှိသော မည်သည့်အရာကို ဘုရားသခင်က ပြောင်းလဲရန် အလိုရှိသည်တို့ကို သင်နားလည်ရမည်။ လူတို့သည် ဤအရာများကို နားလည်ရမည်။ စိတ်သဘောထားပြောင်းလဲမှုဟု သင်တွေးထင်သည့်အရာနှင့် စိတ်သဘောထားပြောင်းလဲမှုဟု ဘုရားသခင်ပြောသောအရာသည် မတူညီသောအရာနှစ်ခု၊ လမ်းကြောင်းနှစ်ခု ဖြစ်သည်။ အဆုံး၌ သင့်စိတ်ထဲတွင်ရှိသောအရာသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီမည်မဟုတ်ပေ။ ဘုရားသခင်ပြောသည့် စိတ်သဘောထားပြောင်းလဲမှုဆိုသည်မှာ လူတစ်ယောက်သည် ကျိုးနွံနာခံခြင်းကို စွမ်းဆောင်ရရှိပြီး ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းနှလုံးသားရှိသည်အထိ၊ ဘုရားသခင်အပေါ် နားလည်မှုလွဲခြင်းများ မရှိသည်အထိ၊ ဘုရားသခင်အပေါ် အမှန်တကယ် သိမြင်မှုရှိသည်အထိ၊ ဘုရားသခင်ကို စစ်မှန်စွာ ကိုးကွယ်သည်အထိ ကိုင်တွယ်ဖြေရှင်းခံရပြီး ပြုပြင်ခံရလျက်၊ ဘုရားသခင်၏ စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းကို ခံရလျက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနည်းလမ်းများ၊ တရားစီရင်ခံရခြင်းနှင့် ပြစ်တင်ဆုံးမခံရခြင်းနည်းလမ်းများအားဖြင့် ဘုရားသခင်၏ အလိုတော်နှင့် သမ္မာတရား အခြေခံသဘောတရားများအပေါ် နားလည်မှုကို ရရှိသောအချိန်၊ သမ္မာတရား အခြေခံသဘောတရားများနှင့်အညီ အသက်ရှင်နေထိုင်သောအချိန်ကို ဆိုလိုသည်။ ဘုရားသခင်ပြောဆိုသည့်အရာသည် လူတစ်ယောက်၏ စိတ်သဘောထားနှင့်သက်ဆိုင်သောအရာဖြစ်သည်။ ဤသို့ဆိုလျှင် လူတို့သည် စိတ်သဘောထားပြောင်းလဲမှုအကြောင်း ပြောဆိုသည့်အခါ မည်သည့်အရာကို ဆိုလိုသနည်း။ လူတစ်ယောက်၏ အပြုအမူသည် ပိုမိုကောင်းမွန်လာခြင်း၊ ထိုသူသည် မာယာကင်းပြီး ကောင်းစွာ စည်းကမ်းရှိပုံပေါ်ခြင်း၊ ထိုသူ၏ စကားပြောဆိုပုံသည် ယဉ်ကျေးသိမ်မွေ့မှုရှိခြင်းနှင့် သူတစ်ပါးတို့နှင့် ဆက်ဆံရာတွင် မိမိစိတ်ကို အာရုံစိုက်ပြီး လူ့ကျင့်ဝတ် စံနှုန်းများရှိခြင်းတို့ကို ဆိုလိုသည်။ ဤအရာနှင့် ဘုရားသခင်ပြောဆိုသည့်အရာအကြားတွင် ခြားနားမှုရှိသလော။ လူများနှင့် ဆက်စပ်သည်ဖြစ်စေ၊ အမှုအရာများနှင့် ဆက်စပ်သည်ဖြစ်စေ သင်၏တွန်းအားများ၊ သင့်လုပ်ရပ်များနောက်ကွယ်ရှိ အခြေခံစည်းမျဉ်းများ၊ အကဲဖြတ်ခြင်းအတွက် သင်၏စံနှုန်းများ အားလုံးတို့သည် သမ္မာတရားနှင့် ကိုက်ညီရမည်ဖြစ်ပြီး သမ္မာတရား အခြေခံသဘောတရားများကို သင်ရှာဖွေရမည်။ ဤနည်းအားဖြင့်သာ စိတ်သဘောထားပြောင်းလဲမှုကို ရရှိနိုင်မည်။ သင်သည် အတိုင်းအတာအဖြစ် အပြုအမူဆိုင်ရာ စံနှုန်းများကို အမြဲအသုံးပြုပြီး အပြင်ပန်းတွင်ဖြစ်သော အပြုအမူပြောင်းလဲမှုများကို အစဉ် အာရုံစူးစိုက်ကာ သင်၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေပါက ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းအကြောင်း သိမြင်မှုကို သင်မရရှိနိုင်ပေ။ ဤသို့ဆိုလျှင် ဘုရားသခင်အပေါ် ကြောက်ရွံ့သည့် စစ်မှန်သော နှလုံးသားကို သင်မည်သို့ဖြစ်ပေါ်စေမည်နည်း။ လူတစ်ယောက်သည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်းအား မပြုလုပ်နိုင်လျှင် အပြုအမူကောင်း မည်မျှပင်ရှိရှိ သူသည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံနိုင်သည်ဟု အဓိပ္ပာယ်မရချေ။ ထို့ကြောင့် လူတစ်ယောက်၌ အပြုအမူကောင်း မည်မျှများစွာရှိပါစေ ယင်းက ထိုသူ၏ စိတ်သဘောထားပြောင်းလဲမှုရှိပြီးဖြစ်သည်ဟု အဓိပ္ပာယ်မရပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ ပုံမှန်လူသားသဘာဝကို ပိုင်ဆိုင်နိုင်သည်” မှ

စိတ်သဘောထား အပြောင်းအလဲများနှင့် အပြုအမူအပြောင်းအလဲများ၏ အနှစ်သာရများမှာ ကွဲပြားပြီး လက်တွေ့လုပ်ဆောင်မှု အပြောင်းအလဲများမှာလည်း ကွဲပြားသည်၊ ၎င်းတို့အားလုံးသည် အနှစ်သာရအားဖြင့် ကွဲပြားကြသည်။ လူအများစုသည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်း၌ အပြုအမူအပေါ် အထူးအသားပေးကြသည်၊ ယင်း၏ရလဒ်ကြောင့် ၎င်းတို့၏ အပြုအမူ၌ အချို့သော အပြောင်းအလဲများ ဖြစ်ပေါ်လေသည်။ ဘုရားသခင်ကို ၎င်းတို့ စတင် ယုံကြည်ပြီးသည့်နောက်၊ ၎င်းတို့သည် အခြားသူများနှင့် ယှဉ်ပြိုင်ခြင်း၊ အခြားသူများကို စော်ကားခြင်းနှင့် ရန်ဖြစ်ခြင်း၊ ဆေးလိပ်သောက်ခြင်း နှင့် အရက်သောက်ခြင်း၊ ပြီးလျှင် သံတစ်ချောင်းမျှသာဖြစ်စေ၊ ပျဉ်ပြားတစ်ချပ်မျှသာဖြစ်စေ- ပြည်သူပိုင်ပစ္စည်းဥစ္စာ တစ်ခုတစ်လေကို ခိုးယူခြင်းတို့ကို ရပ်လိုက်ကြပြီး၊ ၎င်းတို့သည် ဆုံးရှုံးမှုများကို ခံစားရသည့်အခါတိုင်း သို့မဟုတ် မတရား ပြုခံရသောအခါတိုင်းတွင်၊ တရားရုံးတို့၌ တိုင်တန်းခြင်းကိုပင် မပြုကြသည်အထိဖြစ်သည်။ ၎င်းတို့သည် ဧကန်အမှန် အပြုအမူဆိုင်ရာ အပြောင်းအလဲအချို့ ကြုံရသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သည်နှင့်တစ်ပြိုင်နက်၊ မှန်သောလမ်းခရီးကို လက်ခံခြင်းက လူတို့အား အထူးသဖြင့် ကောင်းမွန်သော စိတ်ခံစားချက် ဖြစ်စေပြီး၊ ၎င်းတို့သည် ယခု သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဆိုင်ရာ ကျေးဇူးတော်ကိုလည်း မြည်းစမ်းခဲ့ပြီးသောကြောင့်၊ ၎င်းတို့သည် အထူးသဖြင့် စိတ်အားထက်သန်ကြပြီး၊ ၎င်းတို့မစွန့်လွှတ်နိုင်သော၊ သို့မဟုတ် ဒုက္ခဆင်းရဲမခံနိုင်သောအရာ တစ်စုံတစ်ခုမျှပင် မရှိပေ။ သို့သော် သုံးနှစ်၊ ငါးနှစ်၊ ဆယ်နှစ် သို့မဟုတ် အနှစ်သုံးဆယ် ယုံကြည်ပြီးသည့်နောက်တွင် ၎င်းတို့၏ အသက်စိတ်သဘောထားများ၌ အပြောင်းအလဲ မရှိခဲ့သောကြောင့်၊ ၎င်းတို့သည် ဒုံရင်းအခြေအနေ ပြန်ဆိုက်ရောက်ခြင်းဖြင့် အဆုံးသတ်ကြသည်။ ၎င်းတို့၏ မာနထောင်လွှားခြင်းနှင့် မောက်မာခြင်းတို့ တိုး၍ သိသာလာသည်။ ၎င်းတို့သည် အာဏာနှင့် အကျိုးအမြတ်အတွက် စတင် ပြိုင်ဆိုင်လာကြသည်၊ ၎င်းတို့သည် အသင်းတော်၏ငွေကို တပ်မက်ကြသည်၊ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးများကို ဖြည့်ဆည်းရန် မည်သည့်အရာကိုမဆို ၎င်းတို့လုပ်ကြသည်၊ ၎င်းတို့သည် အဆင့်အတန်းနှင့် အပျော်အပါးများကို မက်မောကြပြီး၊ ၎င်းတို့သည် ဘုရားသခင်၏အိမ်တော်၏ ကပ်ပါးကောင်များ ဖြစ်လာကြပြီးဖြစ်သည်။ အထူးသဖြင့် ခေါင်းဆောင်အများအဖြစ် အစေခံသောသူအများစုသည် လူတို့၏ စွန့်ပယ်ခြင်းကို ခံကြရသည်။ ပြီးလျှင် ဤအချက်အလက်များသည် မည်သည့်အရာကို သက်သေပြသနည်း။ အပြုအမူဆိုင်ရာ အပြောင်းအလဲများမျှသည် ရေရှည်မတည်တံ့ပေ။ အကယ်၍ လူတို့၏ အသက်စိတ်သဘောထားများ၌ ပြောင်းလဲခြင်း မရှိပါက၊ ၎င်းတို့၏ ဆိုးယုတ်သောဘက်များသည် ယင်းတို့ဘာသာ အနှေးနှင့်အမြန် ပေါ်လာလိမ့်မည်ဖြစ်သည်။ ၎င်းတို့၏ အပြုအမူ ပြောင်းလဲမှုများ၏ အရင်းအမြစ်မှာ ထိုအချိန်က သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတစ်ခုခုနှင့် ပူးတွဲထားသော စိတ်အားထက်သန်မှု ဖြစ်သောကြောင့်၊ ၎င်းတို့အတွက် စိတ်အားထက်သန်လာရန်၊ သို့မဟုတ် ခဏတာ သနားကြင်နာမှု ဖော်ပြရန်မှာ အလွန့်အလွန် လွယ်ကူသည်။ “ကောင်းမှုတစ်ခုလုပ်ရန် လွယ်သည်၊ ခက်ခဲသည်မှာ ကောင်းမှုများကို ရာသက်ပန်ပြုရန်ပင် ဖြစ်သည်” ဟု မယုံကြည်သူများ ပြောသကဲ့သို့ပင် ဖြစ်သည်။ လူတို့သည် ၎င်းတို့၏ ဘဝတစ်ခုလုံးတစ်လျှောက် ကောင်းမှုများကို ပြုနိုင်စွမ်းမရှိကြချေ။ တစ်ဦးတစ်ယောက်၏အပြုအမူကို အသက်က စီမံညွှန်ကြားပေသည်။ မိမိ၏ဘဝမှာ မည်သည့်အရာဖြစ်ပါစေ၊ မိမိ၏ အပြုအမူလည်း ထိုနည်းအတိုင်းပင်ဖြစ်ပြီး၊ သဘာဝအတိုင်း ထုတ်ဖော်သော အရာသည်သာ အသက်တာအပြင်၊ လူတစ်ဦး၏ သဘာဝဗီဇကို ကိုယ်စားပြုသည်။ အတုအယောင်ဖြစ်သော အရာများမှာ ကြာရှည်မတည်နိုင်ပေ။ ဘုရားသခင်သည် လူသားကို ကယ်တင်ရန် အမှုပြုသောအခါ လူသားကို ကောင်းသောအပြုအမူဖြင့် ဆင်မြန်းရန် မဟုတ်ပေ- ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်မှာ လူတို့၏စိတ်သဘောထားများကို အသွင်ပြောင်းလဲရန်၊ ၎င်းတို့ကို အသစ်သောလူအဖြစ် တစ်ဖန်ပြန်မွေးဖွားစေရန် ဖြစ်သည်။ ထို့ကြောင့် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းများအားလုံးက လူသားအနေဖြင့် ဘုရားသခင်အပေါ် အကြွင်းမဲ့ ကျိုးနွံနာခံခြင်းနှင့် ဆည်းကပ်ခြင်းတို့ကို စွမ်းဆောင်ရရှိနိုင်ဖို့အလို့ငှာနှင့်၊ သူ့ကို ပုံမှန် ကိုးကွယ်လာကြဖို့အလို့ငှာ သူ၏စိတ်သဘောထားကို ပြောင်းလဲရန် အသုံးတော်ခံဖို့ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ဖြစ်သည်။ ကောင်းမွန်စွာ ပြုမူခြင်းသည် ခရစ်တော်နှင့် သဟဇာတဖြစ်ခြင်းနှင့် တူညီဖို့မဆိုထားနှင့်၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့်ပင် မတူညီပေ။ အပြုအမူ အပြောင်းအလဲများသည် အယူဝါဒအပေါ် အခြေခံပြီး စိတ်အားထက်သန်မှုမှ ပေါ်ပေါက်လာခြင်းဖြစ်သည်၊ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြခြင်းအပေါ် အခြေတည်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်အကြောင်း စစ်မှန်သောအသိ၊ သို့မဟုတ် သမ္မာတရားကို အခြေခံထားခြင်း မဟုတ်ပေ။ လူတို့လုပ်သော အရာအချို့တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ညွှန်ကြားမှုကြောင့်ဖြစ်သော အချိန်များရှိသော်လည်း၊ ဤသည်မှာ ဘုရားသခင်ကိုသိခြင်းနှင့် တူညီရန် မဆိုထားနှင့်၊ အသက်၏ ဖော်ပြချက်တစ်ခုပင် မဟုတ်ပေ။ လူတစ်ဦး၏ အပြုအမူ မည်မျှပင် ကောင်းပါစေ၊ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံပြီးဖြစ်သည် သို့မဟုတ် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်သည်ဟု သက်သေပြခြင်း မရှိပေ။ အပြုအမူဆိုင်ရာ အပြောင်းအလဲများသည် တစ်ခဏမျှသာဖြစ်သော စိတ်၏လှည့်စားမှုတစ်ခုသာ ဖြစ်သည်။ ၎င်းတို့မှာ စိတ်အားသန်ခြင်း၏ သရုပ်သကန်များသာဖြစ်သည်။ ယင်းတို့ကို အသက်၏ ဖော်ပြချက်အဖြစ် ယူဆ၍မရနိုင်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အပြင်ပန်းပြောင်းလဲမှုများနှင့် စိတ်နေသဘောထားပြောင်းလဲမှုများကြားက ခြားနားချက်” မှ

လူတို့သည် ကောင်းစွာပြုမူနိုင်ကြသော်လည်း ယင်းမှာ ၎င်းတို့၌ သမ္မာတရား ရှိသည်ဟု ကျိန်းသေပေါက် ဆိုလိုခြင်း မဟုတ်ပေ။ စိတ်အားသန်မှုရှိခြင်းသည် ၎င်းတို့ကို သြဝါဒနှင့် စည်းမျဉ်းများကို လိုက်နာကာ လိုက်လျှောက်နိုင်စေရုံသာ ဖြစ်သည်၊ သမ္မာတရား မရှိသောသူများသည် အခြေအမြစ်ရှိသော ပြဿနာများကို ဖြေရှင်းရန် မဖြစ်နိုင်ကြသကဲ့သို့၊ အယူဝါဒက သမ္မာတရား၏ နေရာကိုမယူနိုင်ပေ။ မိမိတို့၏ စိတ်သဘောထားများ၌ ပြောင်းလဲခြင်းကို တွေ့ကြုံပြီးသော လူများမှာ ကွဲပြားသည်။ ၎င်းတို့သည် သမ္မာတရားကို နားလည်ကြပြီး၊ ၎င်းတို့သည် ကိစ္စအားလုံးကို သိမြင်တတ်ကြသည်၊ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်နှင့် အညီ မည်ကဲ့သို့ လုပ်ဆောင်ရမည်၊ သမ္မာတရား အခြေခံသဘောတရားများနှင့်အညီ မည်ကဲ့သို့ လုပ်ဆောင်ရမည်ဆိုသည်နှင့် ဘုရားသခင် ကျေနပ်စေရန် မည်ကဲ့သို့ လုပ်ဆောင်ရမည်ဆိုသည်တို့ကို သိကြပြီး ၎င်းတို့ ထုတ်ဖော်ပြသော ဖောက်ပြန်ပျက်စီးခြင်း သဘာဝကို နားလည်ကြသည်။ ၎င်းတို့၏ အတွေးအခေါ်များနှင့် အယူအဆများ ထုတ်ဖော်ခြင်းခံရသောအခါ ၎င်းတို့သည် သိမြင်နိုင်ပြီး လူ့ဇာတိကို စွန့်ပယ်နိုင်စွမ်းရှိကြသည်။ ဤသည်မှာ စိတ်သဘောထား အပြောင်းအလဲတစ်ခုကို ဖော်ပြပုံပင် ဖြစ်သည်။ စိတ်သဘောထား၌ အပြောင်းအလဲတစ်ခုကို ကြုံရပြီးဖြစ်သည့် လူများနှင့်ပတ်သက်သည့် အဓိကအရာမှာ ၎င်းတို့သည် သမ္မာတရားကို ရှင်းရှင်းလင်းလင်း နားလည်လာကြပြီး၊ အမှုအရာများကို လုပ်ဆောင်သည့်အခါ၊ ၎င်းတို့သည် သမ္မာတရားကို အတော်အတန် တိကျမှန်ကန်မှုဖြင့် လက်တွေ့လုပ်ဆောင်ကြပြီး ဖောက်ပြန်ပျက်စီးခြင်းကို မကြာခဏ ထုတ်ဖော်မပြကြချေ။ ယေဘုယျအားဖြင့်၊ မိမိတို့၏စိတ်သဘောထားများ ပြောင်းလဲပြီးသော သူများသည် အထူးသဖြင့် ယုတ္တိတန်ပြီး ထိုးထွင်းသိမြင်တတ်သည်ဟု ထင်ရကာ၊ သမ္မာတရားကို ၎င်းတို့ သိနားလည်ခြင်းကြောင့်၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူခြင်း သို့မဟုတ် မာနထောင်လွှားခြင်းတို့ကို များစွာ ထုတ်ဖော်မပြကြချေ။ ၎င်းတို့သည် ၎င်းတို့အထဲတွင် ထုတ်ဖော်ထားသော ဖောက်ပြန်ပျက်စီးမှုများစွာကို ရိပ်မိကာ သိမြင်နိုင်ကြသည်၊ ထို့ကြောင့် ၎င်းတို့သည် မာနထောင်လွှားလာခြင်း မဖြစ်ပေါ်စေကြပေ။ လူသား၏ နေရာမှာ မည်သည့်အရာ ဖြစ်ကြောင်း၊ ကျိုးကြောင်းဆီလျော်စွာ မည်ကဲ့သို့ ပြုမူပုံ၊ မည်ကဲ့သို့ တာဝန်သိတတ်ပုံ၊ မည်သည့် အရာကို ပြောရမည်နှင့် မပြောရမည်ကို သာမက၊ မည်သူ့ကို မည်သည့် အရာကို ပြောရပြီး မည်သည့်အရာကို လုပ်ဆောင်ရမည်နှင့်ပတ်သက်၍ ၎င်းတို့၌ ချင့်ချိန်တတ်သော နားလည်သဘောပေါက်မှု ရှိနိုင်ကြသည်။ ဤသည်မှာ ဤကဲ့သို့သော လူများသည် အတော်အတန် ယုတ္တိတန်သည်ဟု ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ မိမိတို့၏ စိတ်သဘောထားများ၌ ပြောင်းလဲခြင်း ကြုံပြီးသောသူများသည် လူသား ပုံသဏ္ဌာန်ကို အမှန်တကယ် အသက်ရှင်နေထိုင်ပြီး သမ္မာတရားကို ပိုင်ဆိုင်ကြလေသည်။ ၎င်းတို့သည် အမြဲတစေ သမ္မာတရားနှင့်အညီ အမှုအရာများကို ပြောဆိုနိုင်ပြီး၊ မြင်တွေ့နိုင်သည်၊ ပြီးလျှင် ၎င်းတို့ လုပ်သမျှအရာအားလုံးတွင် ၎င်းတို့သည် ကိုယ်ကျင့်တရားကောင်းကြသည်။ ၎င်းတို့သည် အခြားသူများ၊ အကြောင်းအရာများ၊ အမှုအရာများ၏ လွှမ်းမိုးမှုကို ခံရခြင်း မရှိကြပေ၊ ၎င်းတို့အားလုံးတွင် ၎င်းတို့၏ ကိုယ်ပိုင် အမြင်ရှုထောင့်များ ရှိကြပြီး၊ သမ္မာတရား အခြေခံသဘောတရားများကို ထိန်းသိမ်းနိုင်ကြသည်။ ၎င်းတို့၏ စိတ်သဘောထားများမှာ အတော်အတန် တည်ငြိမ်ကြသည်၊ ၎င်းတို့သည် အခုတစ်မျိုး တော်ကြာတစ်မျိုး မလုပ်ကြဘဲ၊ ၎င်းတို့၏ အခြေအနေများက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို ကောင်းမွန်စွာ မည်ကဲ့သို့ လုပ်ဆောင်ရမည်၊ ဘုရားသခင်၏ စိတ်ကျေနပ်ခြင်းအဖို့ မည်ကဲ့သို့ ပြုမူရမည်ကို သိနားလည်ကြသည်။ မိမိတို့၏ စိတ်သဘောထားများ အမှန်တကယ် ပြောင်းလဲပြီးသော သူများသည် အပေါ်ယံအဆင့်တစ်ခုတွင် ၎င်းတို့ကိုယ်ကိုယ် အခြေအနေ ကောင်းပုံရစေရန် မည်သည့်အရာများကို လုပ်မည့်အပေါ် အာရုံမပြုပေ၊ ၎င်းတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် မည်သည့်အရာ လုပ်ဆောင်ရမည်နှင့်ပတ်သက်၍ အတွင်း ရှင်းလင်းမှု ရရှိကြပြီးဖြစ်သည်။ ထို့ကြောင့် အပြင်ပန်းတွင် ၎င်းတို့သည် အလွန် စိတ်အားထက်သန်ပုံ မရနိုင်သော်လည်း သို့မဟုတ် အလွန်ကြီးမားသော အရာတစ်ခုတလေကို လုပ်ဆောင်ပြီးပုံ မရနိုင်သော်လည်း၊ ၎င်းတို့ လုပ်သောအရာမှန်သမျှမှာ အဓိပ္ပာယ်ရှိသည်၊ တန်ဖိုးရှိပြီး လက်တွေ့ဆန်သောရလဒ်များ ဖြစ်ထွန်းလေသည်။ စိတ်သဘောထား ပြောင်းလဲပြီးသောသူများ၌ သမ္မာတရား အမြောက်အမြား ရှိသည်မှာ သေချာပြီး၊ အမှုအရာများအပေါ် ၎င်းတို့၏ ရှုထောင့်အမြင်များနှင့် ၎င်းတို့၏ ကိုယ်ကျင့်တရားကောင်းသော လုပ်ဆောင်ချက်များဖြင့် ဤအရာကို အတည်ပြုနိုင်ပါသည်။ သမ္မာတရား မပိုင်ဆိုင်သောသူများသည် စိတ်သဘောထား၌ မည်သည့် ပြောင်းလဲမှုမျှ လုံးဝ စွမ်းဆောင်မရရှိသေးပေ။ စိတ်သဘောထားပြောင်းလဲခြင်း ဟူသည်မှာ ရင့်ကျက်ပြီး အတွေ့အကြုံရှိသော လူ့သဘာဝရှိခြင်းကို ဆိုလိုခြင်းမဟုတ်ပေ။ ယင်းမှာ ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာနှင့် သမ္မာတရားနှင့်ဆိုင်သည့် သိနားလည်ခြင်းကို ရရှိခြင်း၏ အကျိုးဆက်အနေဖြင့် လူတစ်ဦး၏ သဘာဝအတွင်းရှိ ဆိုးယုတ်သော အဆိပ်အတောက်အချို့ ပြောင်းလဲသော ဖြစ်ရပ်များကို အဓိကအားဖြင့် ရည်ညွှန်းသည်။ ဆိုလိုသည်မှာ ထိုဆိုးယုတ်သော အဆိပ်အတောက်များမှာ သန့်စင်ခြင်းကို ခံရပြီး၊ ဘုရားသခင် ဖော်ပြသော သမ္မာတရားသည် ထိုသို့သော လူတို့အတွင်း၌ အမြစ်တွယ်ကာ ၎င်းတို့၏ အသက်ဖြစ်လာပြီး၊ ၎င်းတို့၏ ဖြစ်တည်ခြင်း၏ တကယ့် အခြေခံအုတ်မြစ် ဖြစ်လာခြင်း ဖြစ်သည်။ ထိုသို့ဖြင့် ၎င်းတို့သည် အသစ်သောလူများ ဖြစ်လာကြပြီး၊ ထိုသို့ဖြင့် စိတ်သဘောထား အသွင်ပြောင်းလဲခြင်းကို တွေ့ကြုံကြလေသည်။ စိတ်သဘောထား၌ အသွင်ပြောင်းလဲခြင်း ဆိုသည်မှာ လူတို့၏ အပြင်ပန်း စိတ်သဘောထား ယခင်ကထက် ပို၍ အောက်ကျို့တတ်ခြင်း၊ ၎င်းတို့သည် မာနထောင်လွှား ခဲ့ဖူးကြသော်လည်း၊ ယခုအခါ အကျိုးသင့်အကြောင်းသင့် ဆက်ဆံပြောဆိုနိုင်သည် သို့မဟုတ် ၎င်းတို့သည် မည်သူ့ကိုမျှ နားထောင်ခဲ့ခြင်း မရှိသော်လည်း၊ ယခုအခါ အခြားသူများကို နားထောင်နိုင်ခြင်းစသည်တို့ကို မဆိုလိုပေ၊ ဤ အပြင်ပန်း အပြောင်းအလဲများကို စိတ်သဘောထား အပြောင်းအလဲများဟု မဆိုနိုင်ပေ။ စိတ်သဘောထားထဲက အသွင်ပြောင်းလဲမှုများတွင် ထိုသို့သော အခြေအနေများနှင့် ဖော်ပြချက်များ ပါဝင်သည်မှာ အမှန်ပင်ဖြစ်သော်လည်း၊ အရေးအပါဆုံးသော ပါဝင်သည့်အရာမှာ အတွင်းကျကျ ၎င်းတို့၏အသက်တာ ပြောင်းလဲပြီးခြင်း ဖြစ်သည်။ ဘုရားသခင် ဖော်ပြသော သမ္မာတရားသည် ၎င်းတို့၏အသက် ဖြစ်လာ၍ အတွင်းမှ စာတန်နှင့်ဆိုင်သော အဆိပ်အတောက်များ ဖယ်ရှင်းခြင်း ခံရပြီး၊ ၎င်းတို့၏ ရှုထောင့်အမြင်များ လုံးလုံးလျားလျား ပြောင်းလဲပြီးဖြစ်ကာ ၎င်းထဲမှ တစ်ခုမျှ လောကအရာနှင့် မကိုက်ညီပေ။ ဤလူများသည် အဆင်းနီသောနဂါးကြီး၏ အကြံအစည်များနှင့် အဆိပ်အတောက်များကို ၎င်းတို့ ဖြစ်သည့်အတိုင်း ရှင်းလင်းစွာ မြင်နိုင်ကြသည်၊ ၎င်းတို့သည် ဘဝ၏ စစ်မှန်သောအနှစ်သာရကို နားလည်သဘောပေါက်ခဲ့ကြပြီး ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ ဘဝတန်ဖိုးများ ပြောင်းလဲကြပြီး ဖြစ်ကာ၊ ဤသည်မှာ အခြေခံအကျဆုံး အသွင်ပြောင်းလဲခြင်းမျိုး ဖြစ်သည့်အပြင်၊ စိတ်သဘောထား၌ ပြောင်းလဲခြင်း၏ အနှစ်သာရ ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အပြင်ပန်းပြောင်းလဲမှုများနှင့် စိတ်နေသဘောထားပြောင်းလဲမှုများကြားက ခြားနားချက်” မှ

မိမိ၏ စိတ်သဘောထားတွင် ပြောင်းလဲမှု စွမ်းဆောင်ရရှိခြင်းသည် ရိုးရှင်းသည့် ကိစ္စတစ်ရပ် မဟုတ်ပေ။ ယင်းမှာ အပြုအမူတွင် ပြောင်းလဲမှု အနည်းငယ် ရှိခြင်း၊ သမ္မာတရားနှင့် သက်ဆိုင်သည့် အသိပညာအချို့ ရရှိခြင်း၊ သမ္မာတရား၏ ရှုထောင့်တိုင်းနှင့်ပတ်သက်သည့် မိမိ၏ အတွေ့အကြုံအကြောင်းကို အနည်းငယ် ပြောပြနိုင်ခြင်း သို့မဟုတ် အချို့ကို ပြောင်းလဲခြင်း သို့မဟုတ် ဆုံးမပဲ့ပြင်ခြင်းခံရပြီးနောက် အနည်းငယ် နာခံတတ်လာခြင်းတို့ကိုသာ မဆိုလိုပေ။ ဤအရာများသည် တစ်ဦးတစ်ယောက်၏ အသက်စိတ်သဘောထား၌ အသွင်ပြောင်းလဲမှုကို မဖြစ်စေပေ။ ဤအရာကို အဘယ်ကြောင့် ငါ ပြောသနည်း။ သင့်အနေဖြင့် အတော်အတန် ပြောင်းလဲကောင်း ပြောင်းလဲနိုင်သော်လည်း၊ သင်သည် သမ္မာတရားကို အမှန်တကယ် လက်တွေ့လုပ်ဆောင်ခြင်း မရှိသေးပေ။ သင်သည် တစ်ခဏမျှ သင့်တော်သည့် ပတ်ဝန်းကျင်တစ်ခုနှင့် အလေးပေးသော အခြေအနေတစ်ခုတွင် ရှိကောင်း ရှိနေသောကြောင့် သို့မဟုတ် သင်၏ လတ်တလော အခြေအနေများက သင့်ကို မဖြစ်မနေလုပ်စေသောကြောင့်၊ ဤနည်းဖြင့် သင် ပြုမူသည်မှာ ဖြစ်ကောင်းဖြစ်မည်။ ထို့အပြင်၊ သင်၏ စိတ်အခြေအနေ တည်ငြိမ်ပြီး သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုချိန်တွင်၊ သင်သည် လက်တွေ့လုပ်ဆောင်နိုင်၏။ သင်သည် စမ်းသပ်မှုများကို ကြုံနေခဲ့ပြီး ယင်းတို့ကို ယောဘ သို့မဟုတ် ဘုရားသခင်က သေခိုင်းခဲ့သည့် ပေတရု ခံစားခဲ့ရသကဲ့သို့ ခံစားနေခဲ့ရပါက၊ သင်က၊ “ကိုယ်တော်ကို သိရှိပြီးနောက် ကျွန်ုပ် သေခဲ့လျှင်ပင်၊ အဆင်ပြေပါမည်။” ဟု ပြောနိုင်မည်လော။ စိတ်သဘောထား ပြောင်းလဲခြင်းသည် နေ့ချင်းညချင်း မဖြစ်ပေါ်သကဲ့သို့၊ သမ္မာတရားကို သင် နားလည်သည်နှင့်တစ်ပြိုင်နက် သင်သည် ယင်းကို ပတ်ဝန်းကျင်တိုင်း၌ လက်တွေ့ကျင့်သုံးနိုင်ခြင်း မရှိသည်မှာ အသေအချာပင်ဖြစ်သည်။ ဤအရာမှာ လူသား၏ သဘာဝနှင့် သက်ဆိုင်သည်။ တစ်ခါတစ်ရံတွင် သင်သည် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်နေသည့်အလား ထင်ကောင်းထင်ရမည် ဖြစ်သော်လည်း၊ လက်တွေ့တွင် သင်သည် ထိုသို့ လုပ်ဆောင်နေသည်ကို သင်၏ လုပ်ဆောင်ချက်များ၏ သဘောသဘာဝက ညွှန်ပြခြင်း မရှိပေ။ များစွာသောလူတို့က မိမိတို့၏ မိသားစုများနှင့် အသက်မွေးအလုပ်ကို စွန့်ပစ်နိုင်ကာ မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းနိုင်ခြင်းကဲ့သို့သော အပြင်ပန်း အပြုအမူများအချို့ ရှိကြသည်၊ ထို့ကြောင့် ၎င်းတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေကြသည်ဟု ၎င်းတို့ ယုံကြည်ကြလေသည်။ သို့သော်လည်း ဘုရားသခင်က ၎င်းတို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု အသိအမှတ် မပြုပေ။ သင် လုပ်ဆောင်သမျှတိုင်းသည် နောက်ကွယ်တွင် ကိုယ်ရေးကိုယ်တာ အကြောင်းရင်းရှိပြီး၊ ရောနှောနေပါက၊ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မဟုတ်ပေ။ သင်သည် အပေါ်ယံ အပြုအမူကို ပြသခြင်းသက်သက် ဖြစ်သည်။ အတိအကျဆိုပါက သင်၏ အပြုအမူသည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းကို ခံကောင်းခံရမည်၊ ယင်းသည် သူ၏ ချီးမွမ်းခြင်း သို့မဟုတ် အောက်မေ့သတိရခြင်းကို ခံရမည် မဟုတ်ပေ။ ဤအရာကို ဆက်လက်၍ ခွဲစိတ်လေ့လာပါက၊ သင်သည် မကောင်းမှုကို ပြုလျက်နေပြီး သင်၏အပြုအမူသည် ဘုရားသခင်ကို ဆန့်ကျင်လျက်ရှိ၏။ အပြင်ပန်းတွင် သင်သည် တစ်စုံတစ်ရာကို ကြားဖြတ်ခြင်း သို့မဟုတ် အနှောင့်အယှက်ပေးခြင်း မရှိသည့်အပြင် သမ္မာတရားတစ်ခုတစ်လေကို အမှန်တကယ် ထိခိုက်စေခြင်း သို့မဟုတ် ချိုးဖောက်ခဲ့ဖူးခြင်းမရှိပေ။ ၎င်းသည် ကျိုးကြောင်းဆီလျော်ပြီး သင့်လျော်သည်ဟု ထင်ရသော်လည်း၊ သင်၏ လုပ်ဆောင်ချက်များ၏ အနှစ်သာရသည် မကောင်းမှုပြုခြင်းနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် သက်ဆိုင်လျက်ရှိသည်။ ထို့ကြောင့် သင်သည် သင်၏ စိတ်သဘောထားအတွင်း ပြောင်းလဲမှုတစ်ခု ရှိမရှိနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ သင်၏ လုပ်ဆောင်ချက်များ၏ နောက်ကွယ်မှ အကြောင်းရင်းများကို ကြည့်ခြင်းဖြင့် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်း ရှိမရှိကို ဆုံးဖြတ်သင့်သည်။ ယင်းမှာ သင်၏ လုပ်ရပ်များက လူသား၏ စိတ်ကူးနှင့် လူသား ရည်ရွယ်ချက်များဖြင့် ကိုက်ညီခြင်းရှိ မရှိ သို့မဟုတ် ယင်းတို့သည် သင်၏ အကြိုက်နှင့် ကိုက်ခြင်း ရှိ မရှိနှင့်သက်ဆိုင်သည့် လူသား အမြင်တစ်ခုအပေါ် မတည်မှီပေ။ ထိုကဲ့သို့သော အရာများသည် အရေးမကြီးချေ။ အမှန်မှာ သူ၏ အလိုတော်နှင့် သင်ကိုက်ညီမှု ရှိမရှိ၊ သင်၏ လုပ်ဆောင်ချက်များက သမ္မာတရား လက်တွေ့အရှိတရားကို ပိုင်ဆိုင်ခြင်း ရှိမရှိနှင့် ၎င်းတို့သည် သူ၏ သတ်မှတ်ချက်များ၊ စံနှုန်းများနှင့် ပြည့်မီခြင်း ရှိမရှိ ဘုရားသခင် ပြောသောအရာအပေါ် မူတည်သည်။ သင့်ကိုယ်သင် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် တိုင်းထွာခြင်းသည်သာမျှ မှန်ကန်တိကျ၏။ စိတ်သဘောထား၌ ပြောင်းလဲခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့သည် လူတို့ စိတ်ကူးသကဲ့သို့ မရိုးရှင်းသည့်အပြင် လွယ်လည်း မလွယ်ကူပေ။ ယခု ဤအရာကို သင်တို့ နားလည်ပါသလော။ ဤအရာနှင့်ပတ်သက်၍ အတွေ့အကြုံတစ်ခုတစ်လေ သင်တို့ ရှိပါသလော။ ပြဿနာတစ်ခု၏ အနှစ်သာရနှင့် ပတ်သက်လာသည့်အခါ၊ ယင်းကို သင်တို့ နားလည်ကောင်း နားလည်မည်မဟုတ်။ သင်တို့၏ ဝင်ရောက်မှုသည် လွန်ကဲစွာ အပေါ်ယံဖြစ်လေပြီ။ သင်သည် အရုဏ်တက်မှ နေဝင်ဆည်းဆာထိတိုင် စောစောထပြီး နောက်ကျအိပ်ရာဝင်လျက် တစ်နေတာလုံး ပြေးလွှားသော်လည်း၊ သင်၏ အသက်စိတ်သဘောထားတွင် အသွင်ပြောင်းလဲမှုကို သင် မရရှိသေးသကဲ့သို့၊ ထိုသို့သော အသွင်ပြောင်းလဲခြင်းက မည်သည့်အရာ ပါဝင်သည်ကို သင် သဘောမပေါက်နိုင်ပေ။ ဤအရာက သင်၏ ဝင်ရောက်မှုသည် ပေါ့တန်လွန်းခြင်းကို ဆိုလိုသည်မဟုတ်လော။ ဘုရားသခင်ကို သင် မည်မျှကြာ ယုံကြည်ပြီးသည်ဖြစ်စေ၊ စိတ်သဘောထား၌ အသွင်ပြောင်းလဲခြင်းကို ရရှိခြင်းနှင့်ပတ်သက်၍ လုပ်ဆောင်ဖို့ အနှစ်သာရနှင့် နက်ရှိုင်းသော အရာများကို သိကောင်းသိမည်မဟုတ်ပေ။ ယင်းက သင်၏စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည်ဟု ဆိုနိုင်သလော။ ဘုရားသခင်က သင့်ကို ချီးမွမ်းမည်၊ မချီးမွမ်းမည်ကို သင်တို့ မည်သို့ သိရှိသနည်း။ အနည်းဆုံးအနေဖြင့်၊ သင် လုပ်ဆောင်သည့် အရာတိုင်းနှင့်စပ်လျဉ်း၍ ထူးထူးခြားခြား တည်ကြည်ခိုင်မာလာသည်ကို သင်ခံစားရလိမ့်မည်ဖြစ်ပြီး၊ သင်၏ တာဝန်များကို ဖြည့်ဆည်းနေစဉ်တွင်၊ ဘုရားသခင်၏ အိမ်တော်၌ မည်သည့်အလုပ်ကိုမဆို လုပ်ဆောင်နေစဉ်တွင် သို့မဟုတ် ပုံမှန်အားဖြင့် ရှိနေစဉ်တွင် သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို လမ်းပြနေပြီး အသိဉာဏ် ပွင့်လင်းနေစေကာ သင့်အထဲတွင် အလုပ်လုပ်နေသည်ကို သင် ခံစားရလိမ့်မည်။ သင်၏ အပြုအမူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ဒွန်တွဲလျက် အံကိုက်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ အတွေ့အကြုံ အတိုင်းအတာတစ်ခု သင် ရရှိပြီးသည်နှင့်တစ်ပြိုင်နက်၊ အတိတ်က သင် ပြုမူခဲ့သည့်ပုံသည် အတော် သင့်တော်သည်ကို သင် ခံစားရလိမ့်မည်။ သို့သော် အချိန်ကာလတစ်ခုကြာ အတွေ့အကြုံ ရရှိပြီးနောက်တွင်၊ အတိတ်က သင် လုပ်ဆောင်ခဲ့သည့် အရာများထဲမှ အချို့သည် မသင့်တော်သကဲ့သို့၊ ယင်းတို့နှင့် ပတ်သက်၍ သင် စိတ်ကျေနပ်မှုမရှိခဲ့သည်ကို သင် ခံစားရပြီး၊ သင် လုပ်ဆောင်ခဲ့သည့်အရာများတွင် ဧကန်အမှန် သမ္မာတရားမရှိခဲ့ဟု ခံစားရပါက၊ ဤအရာက သင် လုပ်ဆောင်ခဲ့သည့် အရာတိုင်းသည် ဘုရားသခင်ကို ခုခံရာတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို သက်သေပြပေသည်။ ယင်းမှာ သင်၏ အစေခံခြင်းသည် ပုန်ကန်မှု၊ ခုခံမှုနှင့် လူသား ပြုမူသည့် နည်းလမ်းများဖြင့် ပြည့်နေသည့် အထောက်အထား ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ” မှ

ယခု သင်တို့သည် မည်သည့် အခြေအနေမျိုးတွင် ရှိသနည်း။ ဆိုလိုသည်မှာ သင်သည် သင်၏ ရှုထောင့်အမြင် မှားယွင်းသည်ကို သိရှိလာနှင့်ပြီးသော်လည်း သင်သည် အသက်ရှင်ဖို့ သင်၏ ရှုထောင့်အမြင်အပေါ် မှီခိုနိုင်ဆဲဖြစ်ပြီး၊ ယင်းကို ဘုရားသခင်၏ အမှုအား တိုင်းတာရန်နှင့် ဘုရားသခင် လုပ်ဆောင်သည့်အရာအားလုံး၊ သူ၏ အချုပ်အခြာအာဏာနှင့် သင့်အတွက် သူ ထားရှိသည့် အခြေအနေများအား သုံးသပ်ဆင်ခြင်ဖို့ သင် အသုံးပြုကာ၊ သင်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင်၏ ရှုထောင့်အမြင်နှင့် သင်၏ နည်းစနစ်များအားဖြင့် ဆက်ဆံနိုင်၏။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သလော။ ဤသည်မှာ လူတစ်ဦး စိတ်သဘောထား ပြောင်းလဲပြီးနောက် စွမ်းဆောင်ရရှိသည့် ရလဒ်တစ်ခု ဖြစ်သလော။ မဟုတ်ပါ။ ယခုတွင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကောင်းမွန်ပြီး မှန်ကန်သည်ကို အသိအမှတ် ပြုရုံမျှပြုပြီး၊ သင်၏ အပြင်ပန်း အပြုအမူကို ကြည့်ဖို့ရန်၊ သင်သည် ဘုရားသခင်၏ အမှုကို ဝေဖန်သည့် အရာများကို လုပ်ဆောင်ဖို့ မဆိုထားနှင့်၊ သမ္မာတရားနှင့် ဆန့်ကျင်သည့် အရာများကို မလုပ်ဆောင်ပေ။ သင်သည် ဘုရားအိမ်တော်၏ အမှု အစီအစဉ်များကိုလည်း ကျိုးနွံနာခံနိုင်၏။ ထိုသို့သော လူတစ်ဦးသည် မယုံကြည်သူတစ်ဦးမှ သန့်ရှင်းသူတစ်ဦး၏ ကျင့်ဝတ်ရှိသည့် ဘုရားသခင်၏ နောက်လိုက်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားပြီး ဖြစ်သည်။ သင်သည် အသက်ရှင်ခြင်းအတွက် စာတန်၏ အတွေးအခေါ်များအားဖြင့်၊ စာတန်၏ အယူအဆများ၊ အခြေခံသဘောတရားများနှင့် အသိပညာအားဖြင့် ပြတ်သားစွာ အသက်ရှင်သော တစ်စုံတစ်ဦးမှသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက် ယင်းတို့သည် ကောင်းမြတ်သည်၊ မှန်ကန်ပြီး သမ္မာတရားဖြစ်သည်ကို ခံစားမိသည့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအာဖြင့် အသက်ရှင်ချင်ကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံပြီးဖြစ်ကာ ယင်းတို့ကို မိမိတို့၏ အသက်အဖြစ် ယူဆောင်ပြီးဖြစ်သည့် သူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသည်။ ယင်းသည် ထိုဖြစ်စဉ်မျိုးဖြစ်သည်၊ ယင်းထက် မည်သည့်အရာမျှ မပိုပေ။ ထို့ကြောင့်၊ ဤကာလအတောအတွင်းတွင်၊ သင်၏ အပြုအမူနှင့် အမှုအရာများ လုပ်ဆောင်ခြင်း နည်းလမ်းတို့သည် အပြောင်းအလဲအချို့ကို သေချာပေါက် ကြုံရလိမ့်မည်ဖြစ်ပြီး၊ ယခင်နှင့် သေချာပေါက် လုံးလုံးလျားလျား ကွဲပြားလိမ့်မည် ဖြစ်သည်။ သို့သော်၊ ယင်းတို့ မည်သည့်နည်းလမ်းဖြင့် ကွဲပြားသည်ဖြစ်စေ၊ အရာမည်မျှ ကွဲပြားသည်ဖြစ်စေ၊ သင့်အထဲတွင် သိသာထင်ရှားသည့်အရာသည် ဘုရားသခင်ဖို့ သင်၏ အပြုအမူနှင့် နည်းစနစ်များ၊ သင်၏ အတွေးနှင့် ရှုထောင့်အမြင်များထဲက ပြောင်းလဲမှုများနှင့် သင်၏အတွင်းကျကျ လိုအင်ဆန္ဒများနှင့် သင်၏ ရည်မှန်းချက်များထဲက ပြောင်းလဲမှုများထက် မပိုပေ၊ ဤအရာထက် မည်သည့်အရာမျှ မပိုပေ။ ယခုတွင် သင်သည် အားထုတ်မှုတစ်ခုဖြင့် သင်၏ အသက်ကို ဘုရားသခင်အတွက် ဆက်ကပ်ကောင်း ဆက်ကပ်နိုင်သော်လည်း၊ အထူး မနှစ်မြို့ဖွယ်ဖြစ်သည်ဟု သင် တွေရှိသည့် ကိစ္စတစ်ခုတွင် ဘုရားသခင်ကို အကြွင်းမဲ့ နာခံမှု စွမ်းဆောင်မရရှိနိုင်ပေ။ ဤသည်မှာ အပြုအမူထဲက ပြောင်းလဲမှုတစ်ခုနှင့် စိတ်သဘောထားထဲက ပြောင်းလဲမှုတစ်ခုတို့ကြား ကွာခြားမှု ဖြစ်သည်။ “ကျွန်ုပ်၏ အသက်သွေးကို စွန့်ဖို့ ကျွန်ုပ် အဆင်သင့်ဖြစ်ပြီး လိုလားနေပါသည်။ ဤဘဝတွင်၊ ကျွန်ုပ်သည် နောင်တများ မရှိသကဲ့သို့ ညည်းညူမှုများ မရှိပါ။ အိမ်ထောင်၊ လောကီ မျှော်လင့်ချက်များ၊ ထင်ပေါ်ကျော်ကြားမှုနှင့် ချမ်းသာကြွယ်ဝမှုများအားလုံးကို ကျွန်ုပ် စွန့်ပြီးဖြစ်ကာ ဘုရားသခင် ခင်းကျင်းပြီးဖြစ်သည့် ဤအခြေအနေများကို ကျွန်ုပ် လက်ခံပါသည်။ လောက၏ လှောင်ပြောင်သရော်မှုနှင့် အသရေဖျက်မှုအားလုံးကို ကျွန်ုပ် ခံနိုင်ပါသည်” ဟုပြောရင်း၊ သင်၏ ကြင်နာတတ်သော စိတ်နှလုံးသည် သင်၏ အသက်ကို ဘုရားသခင်အတွက် ချက်ချင်း စွန့်လွှတ်ဖို့ နည်းလမ်းတစ်ခုဖြင့် သင့်ကို ပြုမူနိုင်စေကောင်း ပြုမူနိုင်စေမည်ဖြစ်သည်။ သို့သော် ဘုရားသခင် လုပ်ဆောင်ရမည်မှာ သင်၏ အယူအဆများနှင့် မကိုက်သည့် အခြေအနေများကို ချခင်းဖို့သာဖြစ်ပြီး ထိုအခါ သင်သည် သူ့အား ဟစ်အော်ကာ သူ့ကို ခုခံလေသည်။ ဤသည်မှာ အပြုအမူထဲက အပြောင်းအလဲတစ်ခုနှင့် စိတ်သဘောထားထဲက အပြောင်းအလဲတစ်ခုကြားက ကွာခြားချက် ဖြစ်သည်။ သင်သည် ဘုရားသခင်အတွက် သင်၏ အသက်ကို စွန့်လွှတ်ပြီး သင် အချစ်ဆုံးဖြစ်သည့် လူများနှင့် အမှုအရာများ သို့မဟုတ် သင်၏ စိတ်နှလုံးက ခွဲခွာဖို့ မခံနိုင်ဆုံးသော အရာကို စွန့်ဖို့လည်း ဖြစ်နိုင်၏၊ သို့သော် ဘုရားသခင်အား ရိုးသားသော စကားတစ်ခွန်း ပြောဖို့ နှင့် ရိုးသားသော လူတစ်ဦးဖြစ်ဖို့ သင့်ကို တောင်းဆိုသည့်အခါတွင်၊ ယင်းကို သင် အတော် အခက်ကြုံရပြီး မလုပ်ဆောင်နိုင်ပေ။ ဤသည်မှာ အပြုအမူထဲက အပြောင်းအလဲတစ်ခုနှင့် စိတ်သဘောထားထဲက အပြောင်းအလဲတစ်ခုကြား ခြားနားချက် ဖြစ်သည်။ ထို့နောက်တစ်ဖန်၊ သင်သည် ဤဘဝတွင် သွေးသား ကိုယ်စိတ်ချမ်းသာခြင်းကို မက်မောတောင့်တခြင်းမရှိသကဲ့သို့ အစားကောင်းများ စားခြင်းဖြစ်စေ၊ အဝတ်အစားကောင်းများ ဝတ်ဆင်ခြင်းဖြစ်စေ၊ နေစဉ် မိမိကိုယ်ကိုယ် ပင်ပန်းနွမ်းနယ်စေခြင်းနှင့် ခြေကုန်လက်ပန်းကျခြင်းအထိ အလုပ်လုပ်ခြင်းတို့အား မက်မောတောင့်တခြင်း ရှိကောင်းရှိမည် မဟုတ်ပေ။ သင်သည် ဇာတိပကတိက သင့်အပေါ် ဖြစ်စေသည့်‌ နာကျင်မှုမျိုးစုံကို ခံနိုင်သော်လည်း၊ ဘုရားသခင်၏ အစီအစဉ်များက သင်၏ အယူအဆများနှင့် မကိုက်ညီသည့်အခါ၊ သင်သည် နားမလည်နိုင်ဘဲ၊ သင် နားမလည်နိုင်သည့်အခါ၊ သင့်အထဲတွင် ဘုရားသခင်အပေါ် မကျေနပ်ချက်များ ထွက်ပေါ်၏၊ သူနှင့်ပတ်သက်သည့် နားလည်မှုလွဲခြင်းများ သင့်အထဲတွင် ဖြစ်ပေါ်ပြီး၊ ထိုသို့သော အချိန်တစ်ခုတွင်၊ သင်နှင့် ဘုရားသခင်ကြားက ဆက်ဆံရေးမှာ သင်သည် သူ့ကို ရှောင်ရှားကာ သစ္စာဖောက်ရန် ဆန္ဒရှိပြီး လုံးဝ ကျိုးနွံနာခံခြင်း မရှိနိုင်သည်အထိ တိုး၍ တင်းမာသွားလိမ့်မည် ဖြစ်သည်။ ဤသည်မှာ အပြုအမူထဲက အပြောင်းအလဲတစ်ခုနှင့် စိတ်သဘောထားထဲက အပြောင်းအလဲတစ်ခုကြား ခြားနားချက် ဖြစ်သည်။ သင်သည် ဘုရားသခင်အတွက် သင်၏ အသက်ကို စွန့်နိုင်၏၊ သို့ဆိုလျှင် သူ့ကို ရိုးသားသော စကားတစ်ခွန်း သင် အဘယ်ကြောင့် မပြောနိုင်သနည်း။ သင်သည် သင်ကိုယ်တိုင်မှအပ အရာရာကို ဘေးဖယ်ထားနိုင်၏၊ သို့ဆိုလျှင် သင့်ကို ဘုရားသခင် ပေးထားသည့် စေခိုင်းချက်နှင့် အလုပ်ကို အဘယ်ကြောင့် ထူးထူးကဲကဲ သင် သစ္စာမစောင့်သိနိုင်ရသနည်း။ သင်သည် သင်၏ အသက်ကို ဘုရားသခင်အတွက် စွန့်နိုင်၏၊ သို့ဆိုလျှင် သင်၏ ခံစားချက်များကို သင် ထုတ်ဖော်ပြပြီး အခြားသူများနှင့် သင်၏ ဆက်ဆံရေးများကို ထိန်းသိမ်းသည့်အခါ၊ ဘုရားသခင်၏ အမှုနှင့် သူ၏ အကျိုးစီးပွားများကို ထိန်းသိမ်းရန် အဘယ်ကြောင့် ခိုင်ခိုင်မာမာ မရပ်တည်နိုင်ရသနည်း။ သင်သည် ဘုရားသခင်အတွက် သင့်အသက်တာတစ်ခုလုံး မိမိကိုယ်ကိုယ် အသုံးခံရန်နှင့် သင်၏ လမ်းတွင် မည်သည့် ဆင်းရဲဒုက္ခမဆို ရောက်လာသည်ဖြစ်စေ လက်ခံရန် ဘုရားသခင်၏ ရှေ့မှောက်တွင် သစ္စာပြုပြီးဖြစ်၏၊ သို့ဆိုလျှင် သင်၏ တာဝန်မှ အဖြုတ်ခံရခြင်း ဖြစ်ရပ်တစ်ခုက သင့်အား အဘယ်ကြောင့် ရက်များစွာ ပြန်ထွက်မလာနိုင်သည်အထိ အပျက်သဘောဆောင်ခြင်းထဲသို့ အလွန်နစ်မြုပ်စေသနည်း။ သင်၏ စိတ်နှလုံးသည် ခုခံခြင်း၊ မကျေနပ်ချက်နှင့် နားလည်မှုလွဲခြင်းတို့ဖြင့် ပြည့်နေ၏၊ အားလုံးသည် အပျက်သဘောဆောင်ပေသည်။ အဘယ်အရာ ဖြစ်နေသနည်း။ ဤသည်မှာ အပြုအမူထဲက အပြောင်းအလဲတစ်ခုနှင့် စိတ်သဘောထားထဲက အပြောင်းအလဲတစ်ခုကြား ခြားနားချက် ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၃)” မှ

လူတို့အသက်ရှင်လေ့ရှိခဲ့သည့် အခြေခံစနစ်မှာ မည်သည့်အရာဖြစ်သနည်း။ လူတို့အားလုံး ၎င်းတို့ကိုယ်တိုင်အတွက် အသက်ရှင်နေထိုင်ကြ၏။ မိမိကိုယ်သာ ကိုးကွယ်ရာ၊ ဤသည်မှာ လူ့သဘာဝ၏ အနှစ်ချုပ်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မိမိအတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ၎င်းတို့သည် အမှုအရာများကို စွန့်လွှတ်ကြသည်၊ သူ့အတွက် မိမိကိုယ်ကို အသုံးခံပြီး သူ့အပေါ် သစ္စာရှိကြသည်၊ သို့သော် ၎င်းတို့သည် ဤအရာအားလုံးကို မိမိကိုယ်ကျိုးအတွက် လုပ်ဆောင်ခြင်းသာဖြစ်၏။ အတိုချုပ်အားဖြင့် ယင်းမှာ မိမိအတွက် ကောင်းချီးမင်္ဂလာများ ရရှိရန် ရည်ရွယ်ချက်အတွက်ချည်းသာ ဖြစ်၏။ လူ့အဖွဲ့အစည်းတွင် အရာခပ်သိမ်းကို ကိုယ်ကျိုးအတွက် လုပ်ကြခြင်း ဖြစ်၏။ ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ကြခြင်းဖြစ်၏။ ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက် လူတို့သည် အရာခပ်သိမ်းကို စွန့်ပယ်ခြင်းဖြစ်ကာ များစွာသော ဒုက္ခကို ကြံ့ကြံ့ခံနိုင်ခြင်းဖြစ်သည်။ ဤအရာအားလုံးမှာ လူသား၏ ဖောက်ပြန်ပျက်စီးသော သဘောသဘာဝအပေါ် လက်တွေ့ကိုအခြေခံသော အထောက်အထားဖြစ်၏။ သို့ရာတွင် စိတ်သဘောထား ပြောင်းလဲမှု ကြုံထားရသည့်သူများကမူ ကွဲပြား၏။ ဘဝကို အဓိပ္ပာယ်ရှိရှိ အသက်ရှင်နည်း၊ လူသားဟု ခေါ်ဆိုခြင်းကို ခံထိုက်ရန်အလို့ငှာ လူတစ်ဦး၏ တာဝန်များကို ဖြည့်ဆည်းနည်း၊ ဘုရားသခင်ကို ကိုးကွယ်နည်းနှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေပြီး ကျိုးနွံနာခံနည်း— ဤအရာအားလုံးသည် လူသားဖြစ်ခြင်း အဓိပ္ပာယ်၏ အခြေခံအုတ်မြစ်ဖြစ်ကာ ကောင်းကင်ဘုံက ချမှတ်ဆုံးဖြတ်ထားပြီး မြေကြီးက အသိအမှတ်ပြုထားသည့် ဝတ္တရားဖြစ်သည်ဟု ၎င်းတို့ခံစားကြရလေသည်။ သို့မဟုတ်ပါက၊ ၎င်းတို့သည် လူသားဟု ခေါ်ဆိုထိုက်မည်မဟုတ်ချေ။ ၎င်းတို့၏ ဘဝများက အနှစ်သာရကင်းမဲ့ကာ အဓိပ္ပါယ်မဲ့ပေလိမ့်မည်။ လူတို့သည် ၎င်းတို့သေဆုံးရမည့်အချိန်တွင်ပင် အားရကျေနပ်မှုရှိပြီး စိုးစဉ်းမျှပင် နောင်တမရစေရေးအတွက်၊ ၎င်းတို့သည် အချည်းနှီးအသက်ရှင်ခဲ့ခြင်း မဟုတ်ဟု ခံစားရစေရေးအတွက်၊ ဘုရားသခင်ကျေနပ်စေဖို့ရန်၊ ၎င်းတို့၏တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရန်နှင့် အဓိပ္ပာယ်ရှိသော အသက်တာများကို နေထိုင်ရန် အသက်ရှင်သင့်သည်ဟု သူတို့ခံစားရသည်။ ကွဲပြားသည့် ဤအခြေအနေနှစ်ခုကို နှိုင်းယှဉ်ရာတွင် ဒုတိယလူသည် စိတ်သဘောထား ပုံသဏ္ဌာန်ပြောင်းလဲသွားသူတစ်ဦးဖြစ်ပြီး သူ၏အသက်တာ စိတ်သဘောထားက ပုံသဏ္ဌာန်ပြောင်းလဲသွားသဖြင့် အသက်တာအပေါ် သူ၏အမြင်သည်လည်း ဧကန်ပြောင်းလဲသွားသည်ကို တွေ့နိုင်၏။ ကွဲပြားသည့် တန်ဖိုးများ ယခုရှိသွားသဖြင့် သူသည် နောက်တစ်ဖန် မည်သည့်အခါမျှ မိမိကိုယ်တိုင်အတွက် အသက်ရှင်တော့မည် မဟုတ်သည့်အပြင် ကောင်းချီးမင်္ဂလာများ ရရှိရန်ဟူသည့် ရည်ရွယ်ချက်အတွက်နှင့် ဘုရားသခင်ကို နောက်တစ်ဖန် မည်သည့်အခါမျှ ယုံကြည်တော့မည် မဟုတ်ပေ။ “ဘုရားသခင်ကို သိကျွမ်းပြီးသည့်နောက် ငါသေသွားလျှင် ငါ့အတွက် သေခြင်းက အဘယ်နည်း။ ဘုရားသခင်ကို ငါသိကျွမ်းလျှင် ငါသည် အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်နိုင်လိမ့်မည်၊ ထိုသို့ဆိုလျှင် ငါသည် အချည်းနှီး အသက်ရှင်ခဲ့ခြင်း ဖြစ်လိမ့်မည် မဟုတ်သကဲ့သို့ နောင်တတစ်စုံတစ်ရာနှင့် သေဆုံးရမည်လည်း မဟုတ်။ ငါ၌ ညည်းညူစရာများ လုံးဝရှိလိမ့်မည်မဟုတ်” ဟု သူပြောနိုင်လိမ့်မည်။ ဤသည်မှာ အသက်တာအပေါ် ပြောင်းလဲသည့် အမြင်တစ်ရပ် မဟုတ်ပေလော။ ထို့ကြောင့် လူတစ်ဦး၏ အသက်တာစိတ်သဘောထား၌ အပြောင်းအလဲတစ်ရပ်အတွက် အဓိကအကြောင်းရင်းမှာ အတွင်း၌ သမ္မာတရားကို ပိုင်ဆိုင်ခြင်းနှင့် ဘုရားသခင်အား သိနားလည်မှုရှိခြင်းဖြစ်၏၊ ထို့အတွက်ကြောင့် လူတစ်ဦး၏ ဘဝအပေါ် အမြင်သည် ပြောင်းလဲသွားပြီး ထိုသူ၏ စံတန်ဖိုးများသည်လည်း ယခင်နှင့် ကွာခြားသွား၏။ ပုံသဏ္ဌာန်ပြောင်းလဲမှုသည် အတွင်းမှ စတင်၍ လူတစ်ဦး၏ အသက်တာမှ စတင်၏၊ ယင်းသည် အပြင်ပန်း ပြောင်းလဲမှုသက်သက် ဧကန်မုချမဟုတ်။ အချို့သော ယုံကြည်သူအသစ်များသည် ဘုရားသခင်ကို စတင်၍ ယုံကြည်လာသည့်နောက် လောကီကမ္ဘာကို ချန်ထားခဲ့ကြသည်။ နောက်ပိုင်းတွင် မယုံကြည်သူများနှင့် ကြုံကြိုက်သောအခါ ဤယုံကြည်သူများတွင် ပြောစရာ အနည်းငယ်သာရှိပြီး မယုံကြည်သူ ဆွေမျိုးများနှင့် မိတ်ဆွေများကို ဆက်သွယ်ခဲ၏။ မယုံကြည်သူများက “ဤလူ ပြောင်းလဲသွားပြီ” ဟုပြောကြ၏။ ထို့နောက် ယုံကြည်သူက “ငါ့စိတ်သဘောထားက အကယ်ပင် ပုံသဏ္ဌာန်ပြောင်းလဲသွားလေပြီ၊ ငါပြောင်းလဲသွားပြီဟု ဤမယုံကြည်သူများက ပြောကြ၏” ဟု တွေးတတ်ကြသည်။ အမှန်အားဖြင့် ထိုသို့သောသူ၏ စိတ်သဘောထားသည် အမှန်ပင် ပြောင်းလဲသွားခဲ့ပြီလော။ သူပေါ်လွင်ထင်ရှားပြသည့်အရာတို့မှာ အပြင်ပန်း အပြောင်းအလဲများမျှသာ ဖြစ်၏။ သူ့အသက်တာတွင် မည်သည့်အပြောင်းအလဲစစ်စစ်မျှ မရှိဘဲ သူ၏ စာတန်ဆန်သော သဘောထားသည် သူ့အတွင်း၌ လုံးဝမထိမခိုက် အမြစ်တွယ်နေဆဲ ရှိ၏။ တစ်ခါတစ်ရံတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကြောင့် လူတို့သည် စိတ်အားထက်သန်မှု၏ ဖမ်းစားထားခြင်းကို ခံကြရ၏၊ အပြင်ပန်းအပြောင်းအလဲတချို့ ပေါ်ပေါက်ကောင်း ပေါ်ပေါက်နိုင်ပြီး သူတို့သည် ကောင်းမှုအနည်းငယ်ကို လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်သည်။ သို့သော် ဤသည်မှာ စိတ်သဘောထား ပုံသဏ္ဌာန်ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိခြင်းနှင့် မတူပေ။ သင်သည် သမ္မာတရားကို မပိုင်ဆိုင်ဘဲ အမှုအရာများအပေါ် သင်၏အမြင်သည် မယုံကြည်သူများ၏ အမြင်နှင့်ပင် မကွာခြားတော့သည့် အတိုင်းအတာအထိ မပြောင်းလဲပါက၊ ဘဝအပေါ်ထားသည့် သင်၏စံတန်ဖိုးများနှင့် အမြင်များသည်လည်း ပြောင်းလဲခြင်း မရှိပါက၊ ထို့ပြင် ယုတ်စွအဆုံး သင်ပိုင်ဆိုင်သင့်သော အရာဖြစ်သည့် ဘုရားသခင်ကို ရိုသေလေးမြတ်ခြင်းပင် သင်၌ မရှိပါက သင်သည် စိတ်သဘောထား ပြောင်းလဲမှုကို စွမ်းဆောင်ရှရှိမည့်အဖြစ်မှ ဝေးလွန်းလှ၏။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အပြင်ပန်းပြောင်းလဲမှုများနှင့် စိတ်နေသဘောထားပြောင်းလဲမှုများကြားက ခြားနားချက်” မှ

လူတို့သည် ၎င်းတို့၏ဘဝအပေါ် အမြင်နှင့် ၎င်းတို့ ဖြစ်တည်ခြင်း၏ အဓိပ္ပာယ်၊ အခြေခံအကြောင်းရင်းတို့ လုံးလုံးလျားလျား ပြောင်းလဲသွားသည့်နေ့အထိ တွေ့ကြုံရသောအခါ၊ ၎င်းတို့၏အရိုးထဲအထိ ပြောင်းလဲသွားပြီး အခြားလူတစ်ဦး ဖြစ်သွားသောအခါ၊ ဤအရာမှာ မယုံကြည်နိုင်လောက်အောင်ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ကြီးစွာသောပြောင်းလဲမှုတစ်ခု၊ ကမ္ဘာတုန်လောက်သော ပြောင်းလဲမှုတစ်ခု ဖြစ်သည်။ သင်သည် လောကကြီး၏ ကျော်ကြားခြင်းနှင့် ကြွယ်ဝခြင်း၊ အဆင့်အတန်း၊ ငွေကြေး၊ အပျော်အပါး၊ တန်ခိုးအာဏာနှင့် ဂုဏ်အသရေတို့ကို စိတ်ဝင်စားခြင်းမရှိတော့သကဲ့သို့ ၎င်းတို့ကို အလွယ်တကူ စွန့်လွှတ်နိုင်သောအခါမှသာ၊ သင်၌ လူသားတစ်ဦး၏ ပုံသဏ္ဌာန်ရှိလိမ့်မည်။ အဆုံးတွင် စုံလင်စေခြင်းခံရမည့် သူများမှာ ဤကဲ့သို့သော လူစုတစ်စု ဖြစ်သည်၊ ၎င်းတို့သည် သမ္မာတရားအတွက် အသက်ရှင်ကြသည်၊ ဘုရားသခင်အတွက် အသက်ရှင်ကြပြီး၊ တရားမျှတသောအရာအတွက် အသက်ရှင်ကြ၏။ ဤသည်မှာ စစ်မှန်သော လူသားတစ်ဦး၏ ပုံသဏ္ဌာန် ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝတွင် တူညီမှုများနှင့် ခြားနားချက် တို့ကို နားလည်ခြင်း” မှ

အကယ်၍ လူတစ်ဦးသည် မိမိ၏တာဝန်ကို ဖြည့်ဆည်းစဉ်တွင် ဘုရားသခင်ကို ကျေနပ်အားရစေနိုင်ကာ၊ မိမိ၏စကားများနှင့် လုပ်ဆောင်ချက်များ၌ ကိုယ်ကျင့်တရား ကောင်းမွန်ပြီး၊ သမ္မာတရား၏ လက္ခဏာသွင်ပြင်များ အားလုံး၌ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ပါက၊ ထိုသူသည် ဘုရားသခင်အားဖြင့် စုံလင်လာရသည့် လူတစ်ဦးဖြစ်သည်။ ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်တို့သည် ထိုသို့သော လူတို့အတွက် လုံးလုံး ထိရောက်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သူ၏အသက် ဖြစ်လာပြီးဖြစ်သည်၊ သမ္မာတရားကို ၎င်းတို့ ရရှိပြီးဖြစ်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်နိုင်ကြသည်ဟု ဆိုနိုင်သည်။ ထို့နောက်တွင် ၎င်းတို့ဇာတိပကတိ၏ သဘာဝသည်၊ ဆိုလိုသည်မှာ ၎င်းတို့ မူလတည်ရှိခြင်း၏ တကယ့်အခြေခံအုတ်မြစ်သည် တစ်ပိုင်းတစ်စစီ တုန်လှုပ်၍ ပြိုလဲလိမ့်မည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ အသက်အဖြစ် ပိုင်ဆိုင် ပြီးသည့်နောက်တွင်၊ လူသစ်များ ဖြစ်လာကြလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့၏ အသက် ဖြစ်လာပါက၊ ဘုရားသခင် အမှု၏ ရူပါရုံ၊ လူသားမျိုးနွယ် အပေါ်ထားရှိသည့် သူ၏ သတ်မှတ်ချက်များ၊ လူသားများထံ သူ၏ဖွင့်ပြချက်များနှင့် ၎င်းတို့ ဖြည့်ဆည်းဖို့ ဘုရားသခင် တောင်းဆိုသည့် စစ်မှန်သော အသက်တာအတွက် စံနှုန်းများသည် ၎င်းတို့၏ အသက် ဖြစ်လာပါက၊ ဤနှုတ်ကပတ်တော်များနှင့် သမ္မာတရားများအတိုင်း ၎င်းတို့ အသက်ရှင်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် စုံလင်စေခြင်း ခံရပေသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ပြန်လည်မွေးဖွားသူများ ဖြစ်ကြပြီး၊ လူသစ်များ ဖြစ်လာကြပြီးဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို ပေတရုရှာဖွေလိုက်စားခဲ့သော လမ်းကြောင်းဖြစ်၏၊ ယင်းသည် စုံလင်စေခြင်းခံရသည့် လမ်းကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် စုံလင်စေခြင်းခံရသည့် လမ်းကြောင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ အသက်ရခြင်း လမ်းကြောင်း ဖြစ်၏။ ဘုရားသခင် ဖော်ပြသော သမ္မာတရားသည် သူ၏အသက်ဖြစ်လာပြီး ထိုအခါမှသာ သူသည် သမ္မာတရားကို ရရှိထားသူတစ်ဦး ဖြစ်လာ၏။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း” မှ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။