ပြောလိုက်တဲ့အရာက ကိုယ်တော်ပြန်ကြွလာ တဲ့အခါ ချီဆောင်ခံရဖို့ မျှော်လင့်ချက်နဲ့ ပတ်သက်ပြီး တို့တွေဟာ ကိုယ်ပိုင် ထင်မြင်ချက်နဲ့ အယူအဆတွေ အပေါ်အခြေခံနေ ကြတာကို သဘောပေါက်စေခဲ့ပြီ။ တို့ဟာ ကိုယ်တော့်ရဲ့ နှုတ်ကပတ်တော် အပေါ် လွန်လွန် ကြူးကြူး သစ္စာဖောက်ခဲ့တာပဲ။ ဒါဆို ကိုယ်တော် ပြန်ကြွလာ တဲ့အခါ ချီဆောင်ခံရဖို့ ခုချိန်မှာ တို့တွေ ဘယ်လိုပြင်ဆင် စောင့်မျှော်သင့်လဲ။ အဲဒါလေး တစ်ချက်လောက် အသေးစိတ် ရှင်းပြ နိုင်မလား။

21.12.2019

အဖြေ- ချီဆောင်ခြင်းနဲ့ ပတ်သက်ပြီး သန့်ရှင်းသူတွေရဲ့ မျှော်လင့်ချက်က သခင်ယေရှုရဲ့ ကိုယ်ပိုင်နှုတ်ထွက် စကားတွေအပေါ် အခြေခံထားပါတယ်- “သင်တို့နေစရာအရပ်ကိုပြင်ဆင်ခြင်းငှာငါသွားရ၏။ ငါသည်သွား၍ သင်တို့နေစရာ အရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကို ငါ့ထံသို့သိမ်းဆည်းမည်တဲ့ (ရှင်ယောဟန် ၁၄:၂-၃) ကျွန်မတို့ဟာ သခင်ယေရှုရဲ့ စကားကို ကိုယ့်ရဲ့ အတွေးအခေါ်တွေ၊ ကိုယ်ပိုင်ထင်မြင်ချက်တွေကို အခြေခံပြီး အဓိပ္ပါယ် ဖွင့်ကြတယ်။ဘာလို့ ငါတို့ အဲဒီလိုထင်ကြရတာလဲ ဆိုတော့ သခင်ယေရှုဟာ မိုးတိမ်နဲ့တကွ ကောင်းကင်ပေါ် ပြန်တက်ကြွသွားတယ်။ ဒါကြောင့် လူတွေ အတွက် သခင်ယေရှု ပြင်ဆင်ပေးမယ့် နေရာကလည်း ကောင်းကင်ထက်မှာပဲ ဖြစ်မယ်ဆိုပြီး ယူဆကြတယ်။ ဒါကြောင့် တို့တွေဟာ ကိုယ်တော် ပြန်ကြွလာ တဲ့အခါ ကောင်းကင်ဘုံဆီ ချီဆောင်ခံရဖို့ စောင့်မျှော်နေကြတယ်။ ဖြည့်စွက်ရရင် တို့တွေဟာ ရှင်ပေါလုရဲ့စကားတွေကိုတောင် တစိုက်မတ်မတ် ကြည်ညိုလိုက်သေးတယ်- “ထိုအခါ အသက်ရှင်၍ ကျန် ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှာ ထိုသူတို့နှင့် တကွ မိုဃ်းတိမ်ပေါ်သို့ချီဆောင်ခြင်းကိုခံရသောအားဖြင့် သခင်ဘုရား နှင့်အတူအစဉ်မပြတ်နေကြရလိမ့်မည်။” တဲ့ (၁သက်၄:၁၇) ဒီအချက်ကြောင့် တို့တွေဟာ ကိုယ်တော်ပြန်ကြွလာရင် ကောင်းကင်ဘုံဆီ ချီဆောင်ခံရဖို့စပြီး မျှော်လင့်ကြတော့တာပဲ။ ချီဆောင်ခြင်းနဲ့ ပတ်သက်ပြီး လူအမျိုးမျိုး နားလည်မှုအဖုံဖုံရှိကြတယ်။ အများစုကတော့ ကိုယ်တော် ပြန်ကြွလာတဲ့အခါ သူဟာ သန့်ရှင်းသူတွေကို သူနဲ့ဆုံတွေ့စေဖို့ ကောင်းကင် ထက်ဆီ ချီဆောင်သွားမယ်လို့ ထင်ကြတယ်။ တို့တွေလည်း ဒီပုံစံနဲ့ ချီဆောင်ခြင်းကိုနှစ်ပေါင်းများစွာမျှော်လင်ခဲ့မိကြတာပါပဲ။ ကောင်းပါပြီ၊ ချီဆောင်ခြင်း အစစ်အမှန်ဆိုတာ ဘာလဲ။ အဲဒါကို လူအများစုက သိပ်မရှင်းလင်းကြဘူး။ သန့်ရှင်းသူများကို ချီဆောင်ခြင်းရဲ့ နက်နဲမှုကို အနန္တတန်ခိုးရှင် ဘုရားသခင် ရောက်ရှိပြီးတဲ့အခါကျမှသာ ထုတ်ဖော် ထားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောတာက- “ဆောင်ယူခံရခြင်း” ဆိုသည်မှာ လူတို့ စိတ်ကူးသကဲ့သို့ နိမ့်သော နေရာ တစ်ခုမှ မြင့်သော နေရာ တစ်ခုသို့ ဆောင်ယူခြင်း မဟုတ်ပေ။ ဤသည်မှာ ကြီးမားသော အမှား တစ်ခု ဖြစ်သည်။ ဆောင်ယူခံရခြင်း ဆိုသည်မှာ ငါ၏ ကြိုတင်ခွဲခန့်မှတ်သားခြင်း နှင့် ရွေးကောက်ခြင်းကို ရည်ညွှန်းနေခြင်း ဖြစ်သည်။ ၎င်းသည် ငါ ကြိုတင်ခွဲခန့်မှတ်သားပြီး ရွေးကောက်ထားသော သူ အားလုံးကို ပစ်မှတ်ထားခြင်း ဖြစ်သည်။ … ဤ အချက်သည် လူတို့၏ အယူအဆများဖြင့် သဟဇာတ မဖြစ်ဆုံးသော အချက် ဖြစ်သည်။ အနာဂတ်တွင် ငါ၏ အိမ်၌ ဝေစု တစ်ခု ရှိကြသော သူများသည် ငါ့ ရှေ့တွင် ဆောင်ယူခြင်းကို ခံရသော သူ အားလုံး ဖြစ်ကြသည်။ ဤသည်မှာ အကြွင်းမဲ့ မှန်ကန်သည်၊ မည်သည့်အခါမျှ မပြောင်းလဲဘဲ မည်သူမျှ မငြင်းဆိုနိုင်ပေ။ ဤသည်မှာ စာတန်အား တန်ပြန်တိုက်ခိုက်ခြင်း ဖြစ်သည်။ ငါ ကြိုတင်ခွဲခန့်မှတ်သားထားသော သူ မည်သူမဆို ငါ၏ ရှေ့သို့ ဆောင်ယူခြင်း ခံရကြမည်။" (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀၄)) အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များက သိပ်ကို ရှင်းလင်းသည်။ ချီဆောင်ခံရခြင်း ဆို သည်မှာ၊ ကျွန်မတို့ ထင်ထားသကဲ့သို့၊ မိုးတိမ်ထဲတွင် ကိုယ်တော်နှင့် တွေ့ဆုံဖို့ ကမ္ဘာပေါ်ကနေ လေထဲသို့ ချီဆောင်မည်မဟုတ်ပါ။ ကောင်းကင်ထက်ကိုလည်း ခေါ်သွားခြင်း လည်း မဟုတ်ပါ။ ဘုရားသခင်က သူ့နှုတ်ကပတ်တော်များကို ဟောကြားပြီး၊ အမှုတော်များကို ဆောင်ရွက်ဖို့၊ ကမ္ဘာပေါ်ကို ပြန်လာသည့်အချိန်တွင် ကျွန်မတို့ကကိုယ်တော့်၏ အသံတော်ကို ကြားရမည် ဖြစ်ပြီး၊ နောက်ဆုံးသောကာလတွင် ကိုယ်တော့်နောက်ကို လိုက်လျှောက်ပြီး၊ ကိုယ်တော့်၏ အမှုတော်ကို နာခံသူများ ဖြစ်မည် ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ဤသည်မှာ ဘုရားသခင်၏ပလ္လင်တော်ရှေ့တွင် ချီဆောင်ခံရခြင်း၏ အဓိပ္ပါယ်အမှန် ဖြစ်ပါသည်။ ကိုယ်တော့်၏ အသံတော်ကို သဲသဲကွဲကွဲ ခွဲခြားနိုင်သူအားလုံး၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ထဲတွင် သမ္မာတရားကို ရှာဖွေကာ၊ ထိုသမ္မာတရားကို လက်ခံကျင့်သုံးပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံသို့ ပြန်သွားသည့် သူများအားလုံးက ပညာရှိသတို့သမီးများပါဖြစ်သည်။ သူတို့က ကိုယ်တော်ခိုးယူထား လိုက်ပြီး သူ၏အိမ်တော်တွင် ပြန်ထားခဲ့သည့် ရွှေ၊ ငွေ၊ အဖိုးတန်ကျောက်မျက်များသာ ဖြစ်ပြီး၊ အဘယ့်ကြောင့်နည်းဆိုသော် သူတို့အားလုံးက အစွမ်းအစ ပြည့်ဝပြီး၊ သမ္မာတရားကို နားလည်လက်ခံသူများ၊ ဘုရားသခင်၏ အသံတော်ကို သဘောပေါက်သူများ ဖြစ်ကြသည်။ သူတို့က ဘုရားသခင်၏ အသံတော်ကို နားလည်သဘောပေါက်နိုင်ကြသည်။ သူတို့က အမှန်တကယ် ချီဆောင်ခြင်း ခံရသည့် သူများဖြစ်ပါသည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်က ကမ္ဘာပေါ်ကို တိတ်တဆိတ်ဆင်းလာပြီး၊ အမှုတော်များကိုပြုသည့်အချိန်တွင်၊ သူတို့က အောင်မြင်သူများ ဖြစ်လာကြလိမ့်မည်။ အနန္တတန်ခိုးရှင် ဘုရားသခင် က နောက်ဆုံးသောကာလ အမှုတော်များကို စတင်နေခဲ့ကတည်းက၊ ဘုရားသခင်၏ ပေါ်ထွန်းမှုကို ဆာငတ်တောင့်တ ကြသည့် လူပေါင်းများစွာ တို့က၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲက သူ့အသံတော်ကို သတိပြုမိလာခဲ့ ကြသည်။ သူတို့က နောက်ဆုံးသောကာလ ဘုရားသခင်၏ စီရင်ခြင်း အမှုတော်များကို တစ်ယောက်ပြီး တစ်ယောက် လက်ခံလာခဲ့ကြသည်။ သူတို့က ဘုရားသခင်ကို မျက်နှာချင်းဆိုင် ဖူးတွေ့ကြရဖို့၊ ပလ္လင်တော်ရှေ့တွင် အခေါ်ခံထားကြရပြီး၊ ကိုယ်တော့်၏ နှုတ်ကပတ်တော်အားဖြင့် ရေလောင်းခြင်း ခံရပြီး၊ အားဖြည့်မှုကိုရကြသည်။ ဘုရားသခင်၏ မှန်ကန်သည့်အသိပညာကို သူတို့ရခဲ့ကြပြီ။ သူတို့၏ ဖောက်ပြန်ပျက်ဆီးနေသည့် စိတ်သဘောထားများ လည်း သန့်စင်ခြင်း ခံခဲ့ရပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် သမ္မာတရား၏ စစ်မှန်မှု အတိုင်း အသက်ရှင်နေထိုင်နိုင်ခဲ့ပြီ။ သူတို့က ကိုယ်တော်၏ ပေါလျှံသည့် ကယ်တင်ခြင်းကို ရခဲ့ပြီ။ သူတို့များက ကပ်ဘေးဒဏ်ကြီး မကျရောက်ခင်တွင် ပြည့်စုံအောင်မြင် သူများ ဖြစ်လာခဲ့ပြီ။ သူတို့က အဦးသီးများအဖြစ် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်း ခံကြရပြီဖြစ်သည်။ ကိုယ်ပိုင် အတွေးအခေါ်များ နှင့် စိတ်ကူးများကို လက်ကိုင်ထားပြီး၊ ကိုယ်တော်ပြန်ကြွလာသည့်အခါ သူတို့ကို ကောင်းကင်ဘုံဆီ အခေါ်ခံရဖို့ မျက်ကန်း စောင့်မျှော်နေသူများ ကတော့၊ မိုက်မဲသည့်သတို့သမီးများလို နောက်ဆုံးသောကာလ ဘုရားသခင် ၏ စီရင်ခြင်း အမှုတော်များကို ငြင်းပယ်ကြသည်၊ သူတို့က ဘုရားသခင်၏ ပစ်ပယ်ခြင်းခံရသည့်သူများ ဖြစ်လာကြလိမ့်မည်။ သူတို့က ကပ်ဘေးဒဏ်ကြီး ထဲတွင် အံသွားခဲကြိတ် ငိုကြွေးရင်း ဝေဒနာများကို ခံစားကြရလိမ့်မည်။ ဤသည်မှာ အမှန်တရား ဖြစ်ပါသည်။

အိပ်မက်မှနိုးထလာခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

နောက်တစ်ခုသို့- သမ္မာကျမ်းစာက၊ “ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွမိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည်။” (သက်သာလောနိတ်သြဝါဒစာပဌမစောင် ၄:၁၇) ဟု ဆိုပါသည်။ သခင် ကြွရောက်သည်နှင့်တစ်ပြိုင်နက်၊ ကျွန်ုပ်တို့သည် သူနှင့်အတူ ဆုံဖို့ ကောင်းကင်ရှိ တိမ်များထဲသို့ တိုက်ရိုက် ချီဆောင်ခံရကြလိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ သင်က သခင်သည် ပြကြွလာပြီးဖြစ်သည်ဟု သက်သေခံသည်၊ သို့ဆိုလျှင် အဘယ်ကြောင့် ကျွန်ုပ်တို့ ချီဆောင်ခံရသေးသနည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။