သခင်ယေရှု၏ ရွေးနုတ်ခြင်း အမှုတော် ရှုထောင့်တစ်ခုမှာ ကျွန်ုပ်တို့၏ အပြစ်များမှ ကျွန်ုပ်တို့ကို ခွင့်လွတ်ပြီး ဖြေလွှတ်ဖို့ ဖြစ်လင့်ကစား၊ အခြားရှုထောင့် တစ်ခုမှာ ကျွန်ုပ်တို့အပေါ် ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် အလျှံပယ် ကျေးဇူးတော်တို့ကို အပ်နှင်းရန်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်သည် ကရုဏာစိတ်ရှိ၍ မေတ္တာရှိသော ဘုရားသခင်ဖြစ်ကြောင်း ကျွန်ုပ်တို့ကို ပြခဲ့သည်။ သို့သော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်က နောက်ဆုံးသော ကာလတွင် တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်သည်၊ သမ္မာတရားကို သူဖော်ပြပြီး လူသားကို တရားစီရင်ကာ ပြစ်တင်ဆုံးမသည်၊ လူသားကို ပြုပြင်ကာ ကိုင်တွယ်ဖြေရှင်းသည်၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားက မည်သည့် ပုန်ကန်ပြစ်မှားမှုကိုမျှ သည်းမခံကြောင်း လူတို့ကို မြင်တွေ့ခွင့်ပေးလျက် လူသားကို ဖော်ထုတ်ပြီး ဆိုးညစ်သော လူတို့၊ နတ်ဆိုးများနှင့် အန္တိခရစ်တို့ကို ပယ်ရှင်းသည်ဟု သင်တို့ သက်သေခံကြသည်။ အဘယ်ကြောင့် သခင်ယေရှု၏ အမှုတော်ထဲတွင် ထုတ်ဖော်ပြသည့် စိတ်သဘောထားသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ထဲတွင် ထုတ်ဖော်ပြသည့် စိတ်သဘောထားနှင့် လုံးဝ ကွဲပြားခြားနားပါသနည်း။ ဘုရားသခင်၏ စိတ်သဘောထားကို ကျွန်ုပ်တို့ မည်သို့ အတိအကျ နားလည်သင့်ပါသနည်း။

07.12.2021

အဖြေ-

ကျေးဇူးတော်ခေတ်တွင် သခင်ယေရှုက သူ၏ ရွေးနှုတ်ခြင်းအမှုတော်ကို ဆောင်ရွက်ခဲ့သည့်အတွက်၊ သူသည် စိတ်ရှည်ခြင်း၊ သည်းခံခြင်းတို့နှင့် ပြည့်ဝပြီး မေတ္တာ၊ ကရုဏာတို့နှင့် ပြည့်ဝသည်ကို ကျွန်ုပ်တို့ မြင်ကြပြီးဖြစ်သည်။ သခင်ယေရှုကို ကျွန်ုပ်တို့ ယုံကြည်သရွေ့၊ ကျွန်ုပ်တို့၏ အပြစ်များ ဖြေရှင်းခံရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ကျေးဇူးတော်ကို ပျော်မွေ့ခံစားနိုင်ကြလိမ့်မည်ဖြစ်သည်။ အကျိုးဆက်အနေဖြင့်၊ ဘုရားသခင်သည် ချစ်ခင်တတ်ပြီး သနားကရုဏာနှင့် ပြည့်စုသောဘုရား၊ သူသည် လူကို ထာဝရ ခွင့်လွှတ်တတ်ပြီး လူကို သူ၏ အပြစ်တိုင်းအား လွှတ်ငြိမ်းခွင့်ပြုကာ ကျွန်ုပ်တို့ကို အဆုံးစွန် ဂရုစိုက်မှုနှင့်အတူ ဘယ်သောအခါမျှ အမျက်ဒေါသ မပြပဲ မိခင်က သားသမီးများကို ဆက်ဆံသကဲ့သို့ အမြဲဆက်ဆံသည်ဟု ကျွန်ုပ်တို့ သတ်မှတ်ဆုံးဖြတ်ခဲ့ကြသည်။ ထို့ကြောင့်၊ နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားကို ဖော်ပြပြီး ကရုဏာတစ်စုံတစ်ရာမျှ မရှိပဲ လူ၏ ဖောက်ပြန်ပျက်ဆီးခြင်းကို အလွန်ရှင်းလင်းစွာ ဖော်ထုတ်သော ပြင်းထန်သည့် စကားများဖြင့် လူကို တရားစီရင်သည်ကို ၎င်းတို့မြင်ကြသောအခါ လူများစွာတို့သည် ဆွံ့အသွားခဲ့ရသည်။ ဆိုးညစ်သော လူများ၊ အန္တိခရစ်များနှင့် ဖာရိရှဲတို့ကို သူရှုတ်ချပြီး ကျိန်ဆဲသောအခါ ၎င်းတို့ နားမလည်ကြပေ။ လူကို တရားစီရင်ဖို့ရန် ဤသို့ပြင်းထန်သော စကားများကို ဘုရားသခင် အသုံးမပြုသင့်ဟု သူတို့ ခံစားကြရသည်။ ဤအယူအဆမျိုးကို ကျွန်ုပ်တို့ ထားရှိ နိုင်သည့်အချက်မှာ ဘုရားသခင်၏ ပင်ကိုစိတ်သဘောထားကို လုံးလုံးလျားလျား သိကျွမ်းမှု ကင်းမဲ့ခြင်း၏ ရလဒ် ဖြစ်ပေသည်။ ခေတ်တစ်ခုစီတွင် ဘုရားသခင် ထုတ်ဖော်ပြသော မည်သည့်စိတ်သဘောထားမဆို လူသားမျိုးနွယ်ကို ကယ်တင်သော သူ၏အမှုတော် လိုအပ်ချက်အပေါ် အမြဲအခြေခံပြီး ဖောက်ပြန်ပျက်ဆီးသော လူသားသဘာဝ၏ လိုအပ်ချက်များအားဖြင့် သတ်မှတ်ဆုံးဖြတ်ခြင်းလည်းဖြစ်သည်။ ထိုအရာအားလုံးမှာ လူသားမျိုးနွယ်ကို ရွေးနုတ်ခြင်းနှင့် ကယ်တင်ခြင်း အဖို့အလို့ငှာ ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် သမ္မာတရား၏ ဤရှုထောင့်ကို နားလည်သဘောပေါက်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို သိကျွမ်းခြင်း ရရှိလိုလျှင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ စာပိုဒ်အနည်းငယ်ကို ဖတ်ကြပါစို့။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယေရှုပြုခဲ့သောအမှုသည် ထိုခေတ်မှ လူသား၏ လိုအပ်ချက်များ နှင့်အညီ ဖြစ်ခဲ့သည်။ သူ၏တာဝန်သည် လူသားတို့ကို ရွေးနှုတ်ရန်၊ ၎င်းတို့၏အပြစ်များကို ခွင့်လွှတ်ရန်ဖြစ်ရာ၊ သူ၏ စိတ်သဘောထားသည် နှိမ့်ချခြင်း၊ သည်းခံခြင်း၊ ချစ်ခြင်း၊ ဘာသာတရား ကိုင်းရှိုင်းခြင်း၊ စိတ်ရှည်ခြင်း၊ သနားကရုဏာ၊ မေတ္တာတို့ဖြင့် အတိပြီးခဲ့၏။ သူသည် အလျှံပယ်များပြားလှသော ကျေးဇူးတော်၊ ကောင်းချီးမင်္ဂလာတို့နှင့် လူတို့ခံစားနိုင်မည့် အရာအားလုံးကို လူသားတို့ထံ ယူဆောင်လာခဲ့၏၊ ၎င်းတို့ခံစားရန် ငြိမ်းချမ်းခြင်းနှင့် ပျော်ရွှင်ခြင်း၊ သူ၏သည်းခံခြင်းနှင့် ချစ်ခြင်း၊ သူ၏သနားကရုဏာနှင့် ချစ်ခင်ကြင်နာမှုတို့ကို ၎င်းတို့အား ပေးခဲ့၏။ ယင်းအချိန်၌ လူတို့ကြုံတွေ့ခဲ့ရသည့် အလျှံပယ် များပြားလှသော ခံစားစရာများဖြစ်သည့် ၎င်းတို့၏ စိတ်နှလုံးများ အတွင်းမှ ငြိမ်းချမ်းမှု နှင့် လုံခြုံမှုခံစားချက်၊ ၎င်းတို့၏ စိတ်နှလုံးများအတွင်းမှ စိတ်ချ သေချာသော ခံစားချက်၊ ကယ်တင်ရှင်ယေရှုအပေါ် ၎င်းတို့၏ မှီခိုအားကိုးမှု စသည့်အရာအားလုံးတို့သည် ၎င်းတို့ရှင်သန်နေထိုင် ခဲ့သည့်ခေတ်တွင် ပါဝင်ခဲ့၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန်)

အတိတ်တွင် သူ၏ ကယ်တင်ခြင်းနည်းလမ်းတွင် အဆုံးစွန်သော ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာကို ပြသခြင်း ပါဝင်ခဲ့သည်မှာ သူသည် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် အလဲအလှယ်အနေဖြင့် သူ၏ အရာအားလုံးကို စာတန်အား ပေးအပ်ခဲ့သည်အထိ ဖြစ်သည်။ လက်ရှိသည် အတိတ်နှင့် မည်သို့မျှ မတူပေ။ ယနေ့ သင်တို့အပေါ် အပ်နှင်းသော ကယ်တင်ခြင်းသည် အသီးသီးကို အမျိုးအစားအလိုက် ခွဲခြားခြင်း အတောအတွင်းဖြစ်သည့် နောက်ဆုံးသောကာလနှင့်ဆိုင်သည့် အချိန်ကာလတွင် ဖြစ်ပေါ်ပေသည်။ သင်တို့၏ ကယ်တင်ခြင်း နည်းလမ်းမှာ ချစ်ခြင်းမေတ္တာ၊ သို့မဟုတ် သနားခြင်းကရုဏာ မဟုတ်ဘဲ၊ လူသားအနေဖြင့် ပို၍စေ့စေ့စပ်စပ် ကယ်တင်ခံရနိုင်စေရန်အလို့ငှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏)

ခေတ်ကို အဆုံးသတ်ခြင်းနှင့်ဆိုင်သည့် သူ၏ နောက်ဆုံး အမှုတွင်၊ ဘုရားသခင်၏ စိတ်သဘောထားသည် လူအားလုံးကို လူသိရှင်ကြား တရားစီရင်ရန်နှင့် သူ့ကို စစ်မှန်ရိုးသားသည့် စိတ်နှလုံးဖြင့် ချစ်သောသူတို့ကို စုံလင်စေရန်အလို့ငှာ မဖြောင့်မတ်သည့် အရာအားလုံးကို သူ ထုတ်ဖော်ပြသည့် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့်သက်ဆိုင်သည့် စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဤသို့သော စိတ်သဘောထားသည်သာလျှင် ခေတ်ကို အဆုံးသတ်စေနိုင်သည်။ နောက်ဆုံးသော ကာလသည် ရောက်ရှိနှင့်ပြီ ဖြစ်သည်။ ဖန်ဆင်းခြင်းထဲက အရာအားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ သဘာဝအပေါ် အခြေခံ၍ မတူကွဲပြားသော အမျိုးအစားများအဖြစ် ခွဲခြားခံရလိမ့်မည်။ ဤသည်မှာ ဘုရားသခင်က လူသားမျိုးနွယ်၏ အဆုံးသတ်နှင့် ၎င်းတို့၏ ပန်းတိုင်ကို ထုတ်ဖော်ပြသည့် အချိန် အခိုက်အတန့် ဖြစ်သည်။ အကယ်၍ လူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မကြုံကြရပါက၊ ၎င်းတို့၏ မနာခံမှုနှင့် မဖြောင့်မတ်မှုကို ဖော်ထုတ်ခြင်း နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်သာ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြ ခံရနိုင်ပေသည်။ လူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ခံရသော အခါမှသာ သူ၏စရိုက်အမှန်ကို ပြသသည်။ မကောင်းမှု ပြုသူများကို မကောင်းသောသူများနှင့်အတူ၊ ကောင်းသောသူများကို ကောင်းသောသူများနှင့်အတူ ထားရှိလိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ် အားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရကြလိမ့်မည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်၊ မကောင်းသော သူများသည် အပြစ်ဒဏ်ပေးခံရပြီး ကောင်းသောသူများသည် ဆုလာဘ်များရရှိကာ လူအားလုံးတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံကြရဖို့အလို့ငှာ၊ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြခံရလိမ့်မည်။ ဤအမှုအားလုံးကို ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ရရှိရပေမည်။ လူသား၏ ဖောက်ပြန်ပျက်စီးခြင်းသည် အမြင့်ဆုံးသို့ ရောက်ရှိပြီးဖြစ်ကာ သူ၏ မနာခံခြင်းသည် အလွန့်အလွန် ပြင်းထန်လာသောကြောင့်၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အဓိကအားဖြင့် ပေါင်းစပ်ထားပြီး၊ နောက်ဆုံးသောကာလအတွင်းတွင် ထုတ်ဖော်ပြခံရသည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည်သာ လူကို အပြည့်အဝ ပြောင်းလဲနိုင်ပြီး ပြည့်စုံစေနိုင်ပေသည်။ ဤစိတ်သဘောထားသည်သာ မကောင်းမှုကို ဖော်ထုတ်နိုင်ပြီး၊ ထိုသို့ဖြင့် မဖြောင့်မတ်သောသူအားလုံးကို ပြင်းထန်စွာ အပြစ်ပေးနိုင်သည်။ ထို့ကြောင့် ဤသို့သော စိတ်သဘောထားတစ်ခုသည် ခေတ်၏အရေးပါမှုနှင့် ပြည့်ဝပြီး၊ သူ့စိတ်သဘောထား၏ ထုတ်ဖော်ချက်နှင့် ဖော်ပြချက်သည် ခေတ်သစ် အသီးသီး၏ အမှုအတွက် ပေါ်လွင်ထင်ရှားလေသည်။ ယင်းမှာ ဘုရားသခင်သည် သူ၏စိတ်သဘောထားကို ထင်ရာမြင်ရာနှင့် အရေးပါမှုမရှိဘဲ ထုတ်ဖော်ပြသည် မဟုတ်ပေ။ အကယ်၍ နောက်ဆုံးသောကာလအတွင်း လူ၏အဆုံးသတ်ကို ထုတ်ဖော်ပြရာတွင် ဘုရားသခင်သည် လူသားကို ဖြောင့်မတ်သော တရားစီရင်မှု မခံရစေဘဲ၊ ယင်းထက် သည်းခံခြင်း၊ စိတ်ရှည်ခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ကို သူ့အားပြသရင်းနှင့် ဖြောင့်မတ်သော တရားစီရင်မှု တစ်စက်မျှမရှိဘဲ သူ၏အပြစ်များ မည်မျှကြီးမားသည်ဖြစ်စေ လူသားကို အပြစ်လွှတ်ပေးရင်း၊ လူသားအပေါ် အဆုံးမဲ့ ကရုဏာနှင့် ချစ်ခြင်းမေတ္တာတို့ကို ချပေးသနားဆဲဖြစ်ပြီး သူ့အပေါ် ဆက်လက် ချစ်ခင်ပါက၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအားလုံးသည် မည်သည့်အချိန်တွင် အဆုံးသတ်ခြင်းသို့ ရောက်လိမ့်မည်နည်း။ ဤသို့သော စိတ်သဘောထားသည် လူတို့ကို လူသားမျိုးနွယ်၏ သင့်လျော်သော ပန်းတိုင်ထဲသို့ မည်သည့်အချိန်တွင်မှ ဦးဆောင်မည်နည်း။ ဥပမာအားဖြင့် အစဉ်အမြဲ ချစ်ခင်တတ်သော တရားသူကြီး၊ ကြင်နာသော မျက်နှာနှင့် နူးညံ့သော နှလုံးသားရှိသည့် တရားသူကြီးတစ်ဦးကို ကြည့်လော့။ သူသည် လူတို့ကို ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများ မည်သို့ပင်ရှိသည်ဖြစ်စေ ချစ်ပြီး ၎င်းတို့ မည်သူဖြစ်စေကာမူ သူသည် ၎င်းတို့ကို ချစ်ခင်ပြီး သည်းခံ‌လေသည်။ ထိုသို့ဆိုပါက၊ သူသည် မျှတသော တရားစီရင်ချက်ကို မည်သည့်အခါတွင်မှ ချမှတ်နိုင်မည်နည်း။ နောက်ဆုံးသောကာလအတွင်းတွင် ဖြောင့်မတ်သော တရားစီရင်မှု သည်သာ လူသားကို ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားနိုင်ပြီး၊ လူကို နယ်ပယ်သစ်သို့ ဆောင်ယူနိုင်ပေသည်။ ဤနည်းဖြင့် ခေတ်တစ်ခုလုံးသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် ဖြောင့်မတ်သော စိတ်သဘောထားမှတစ်ဆင့် အဆုံးသို့ ရောက်ရှိပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃))

အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို ဖတ်ရှုပြီးသည့်အခါတွင်၊ ကျေးဇူးတော်ခေတ်တွင် ဘုရားသခင် ထုတ်ဖော်ပြသော စိတ်သဘောထားနှင့် ပတ်သက်ပြီး ကျွန်ုပ်တို့ မည်သည့်အရာကို မြင်ရသနည်း။ နိုင်ငံတော်ခေတ်တွင် မည်သည့် စိတ်သဘောထားကို ဘုရားသခင် ထုတ်ဖော်ပြသနည်း။ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်တို့တွင် ထုတ်ဖော်ပြသည့် ဘုရားသခင်၏ စိတ်သဘောထားများမှာ တူညီကြပါသလား။ ဘုရားသခင်က သူ၏ ရွေးနုတ်ခြင်းအမှုကို ပြုခဲ့သည်မှာ ကျေးဇူးတော်ခေတ်ထဲတွင် ဖြစ်သည်၊ ဤနေရာ၌ သူသည် သူ၏ ကရုဏာနှင့် ချစ်ခြင်းမေတ္တာ၊ သူ၏ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းအပြင် သူ၏ ခွင့်လွှတ်ခြင်းနှင့် ဖြေလွှတ်ခြင်းတို့ကို ထုတ်ဖော်ပြခဲ့သည်။ ဤအရာမှ တဆင့်သာလျှင် လူသားမျိုးနွယ်သည် ဘုရားသခင်ရှေ့မှောက်သို့ လာပြီး ဆုတောင်းရန်၊ ၎င်းင်းတို့၏ အပြစ်များကို ဝန်ချပြီး ဘုရားသခင်ကို တောင်းပန်ရန် အရည်အချင်းပြည့်မီကြခြင်း ဖြစ်သည်။ ဘုရားသခင်၏ ဖြေလွှတ်ခြင်းကို ရရှိ ပြီးနောက်တွင်၊ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းကြီးမင်္ဂလာများကို သူတို့ ပျော်မွေ့ခံစားနိုင်ခဲ့ကြသည်။ ပညတ်တော်ခေတ်နှောင်းပိုင်း ကာလထဲတွင်၊ လူသားမျိုးနွယ်က အပြစ်မှာ မည်သည့်အရာဖြစ်သည်နှင့် ယေဟောဝါ ဘုရားသခင်၏ ပညတ်တရားများက လူသားမျိုးနွယ်ထံမှ အပြစ်ကျူးလွန်မှု တစ်ခုတစ်လေကိုမျှ သည်းခံလိမ့်မည်မဟုတ်သည်ကို သိသော်ငြားလည်း၊ မည်သို့ဆိုစေကာမူ လူသားမျိုးနွယ်သည် ဤပညတ်တရားများကို မကြာခဏ ဆန့်ကျင်ကြပြီး ဘုရားသခင်ကို ပုန်ကန်ပြစ်မှားခဲ့ကြသည်။ ပညတ်တရားနှင့် ပညတ်ချက်များက လူသားမျိုးနွယ်ကို တောင်းဆိုသောအရာနှင့် လျှော်ညီစွာ၊ ပညတ်တရားအောက်တွင် ၎င်းတို့အားလုံး သေခြင်းသို့ အပို့ခံသင့်ကြပေသည်။ ဤသည်မှာ ကျေးဇူးတော်ကာလတွင် ဘုရားသခင်သည် လူ့ဇာတိဖြစ်လာခဲ့ပြီး လူသားမျိုးနွယ်အတွက် ကားစင်တင်ခံခဲ့ရသည့် အကြောင်းရင်းဖြစ်သည်။ သူသည် လူသားတို့ကို ၎င်းတို့၏ အပြစ်များအတွက် ဖြေလွှတ်ပေးလျက်၊ ခွင်လွှတ်ပေးလျက် လူသားမျိုးနွယ်၏ အပြစ်များကို ကိုယ်တိုင် ခံယူခဲ့သည်။ သခင်ယေရှုက သူ၏ နောက်လိုက်များကို မိခင်နှင့် ဖခင်တို့က ၎င်းတို့၏ သားများနှင့် သမီးများကို ဆက်ဆံကြသကဲ့သို့ ကြီးမားသော ဂရုစိုက်မှု၊ သူ့ကို ယုံကြည်သောသူ သို့မဟုတ် သူ့နောက်လိုက်လျှောက်သူ တစ်ဦးတစ်ယောက်ကိုမျှ ဘေးဖယ်ထားဖို့ရန် မလိုလားမှုတို့နှင့်အတူ ဆက်ဆံလေသည်။ သခင်ယေရှုက သူ၏ ကရုဏာ၊ ချစ်ခြင်းမေတ္တာ၊ ခွင့်လွှတ်ခြင်းနှင့် ဖြေလွှတ်ခြင်းတို့ကို ထုတ်ဖော်ပြခြင်းမှာ ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ မေတ္တာ အဘယ်မျှ စစ်မှန်သည်၊ ဘုရားသခင်၏ စိတ်နှလုံး အဘယ်မျှ သနားကရုဏာနှင့် ပြည့်ပြီး ကြင်နာတတ်သည်၊ ကျွန်ုပ်တို့၏ အားနည်းချက်များကို သူ အဘယ်မျှ ထောက်ထားသည်တို့ကို ကျွန်ုပ်တို့ မြင်နိုင်ဖို့ရန်အလို့ငှာ ဖြစ်သည်။ သူ၏ ချစ်ခြင်းမေတ္တာက ကျွန်ုပ်တို့၏ စိတ်နှလုံးများကို ပြုပြင်ပြောင်းလဲစေပါသည်။ ဘုရားသခင်ကို ကျွန်ုပ်တို့လက်ခံရန်၊ ကျွန်ုပ်တို့၏ အပြစ်များကို နောင်တရဖို့ သူ၏ ရှေ့မှောက်သို့လာပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိရန် ဆန္ဒရှိလာကြခြင်းမှာ ထိုအရာမှတဆင့်သာ ဖြစ်ပေသည်။ ကျွန်ုပ်တို့အားလုံး ဘုရားသခင်ထံမှ ဤကရုဏာတော်နှင့် ချစ်ခြင်းမေတ္တာကို ခံစားခဲ့ကြရသည် မဟုတ်လော။ ယခုတွင် နောက်ဆုံးသောကာလ ရောက်ရှိပြီဖြစ်သည်၊ လူသားမျိုးနွယ်က ဘုရားသခင်၏ တည်ရှိခြင်းကို သိနှင့်ကြပြီဖြစ်ပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို ကြီးမားစွာ ခံစားခဲ့ကြပြီးဖြစ်သည်။ လူသားမျိုးနွယ်ကို ဘုရားသခင် ရွေးနုတ်ပြီး ကယ်တင်နေသည်ကို အားလုံး သေချာသိနိုင်ကြသည်။ ဤအချိန်တွင် သမ္မာတရားအချို့ကို လူတို့ လက်ခံနိုင်ကြသည်။ လူသည် လုံးလုံးလျားလျား သန့်စင်ခံရပြီး ကယ်တင်ခံရဖို့ အလို့ငှာ ဘုရားသခင်အတွက် သူ၏ တရားစီရင်ခြင်းအမှုကို ပြုဖို့ရန် အချိန်ရောက်ရှိလာခဲ့ပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးသောကာလ၏ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်ဆီးခြင်းအားဖြင့် အလွန် လုံးလုံးလျားလျား စွန်းထင်းခံခဲ့ရပြီဖြစ်သည်။ ၎င်းတို့သည် မယုံကြည်နိုင်လောက်အောင် မာနထောင်လွှားပြီး ကောက်ကျစ်သည်။ တကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ရာကောင်းသည်အပြင်၊ အလွန်အင်မတန် ဆိုးညစ်ပြီး အလိုကြီးကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ကျော်ဇော်ခြင်း၊ အဆင့်အတန်းနှင့် ချမ်းသာကြွယ်ဝမှု တို့အတွက် ဘာအတွက်ကြောင့်မျှ ရပ်တန့်ကြလိမ့်မည်မဟုတ်ပါ။ ၎င်းတို့သည် အသိတရားနှင့် အသိစိတ်တို့ အားလုံး ဆုံးရှုံးခဲ့ကြပြီး လူ့သဘာဝ တစ်စွန်းတစ်စမျှမရှိကြပါ။ သခင့်ကို ၎င်းတို့ ယုံကြည်ပြီး ၎င်းတို့၏ အပြစ်များ ခွင့်လွှတ်ခြင်း ခံရကြသော်လည်း၊ ၎င်းတို့၏ အပြစ်နှင့်ပြည့်ဝသော သဘာဝနှင့် ဆိုးယုတ်သော စိတ်သဘောထားတို့ ကျန်ရှိနေဆဲဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်အားလုံး မိမိကိုယ်ကို အပြစ်တရားထဲ၌ ရှင်သန်ခြင်းမှ မကယ်ထုတ်နိုင်ရခြင်း အကြောင်းဖြစ်သည်။ အပြစ်တရား၏ ဆိုးညစ်မှုမှ လူသားမျိုးနွယ်ကို လုံးဝကယ်တင်ဖို့ရန် အလို့ငှာ၊ ဘုရားသခင်သည် ပျက်ဆီးသော လူသားမျိုးနွယ်၏ လိုအပ်ချက်များနှင့်အညီ နောက်ဆုံးသောကာလ တွင် လူသားအဖြစ် လူ့ဇာတိ ဖြစ်လာခဲ့ပြီဖြစ်သည်။ လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ဖို့ရန် သမ္မာတရားအားလုံးကို သူဖော်ပြခဲ့ပြီး ဖြစ်သည်။ ဘုရားသခင်သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုတော်အဆင့်တစ်ဆင့်ကို ဆောင်ရွက်ခဲ့ပြီဖြစ်သည်၊ လူကို တရားစီရင်ရန် သမ္မာတရားကို သူထုတ်ပြန်ချိန်တွင် သူ၏ စကားများက သူ၏ ဖြောင့်မတ်ပြီး ခမ်းနားထည်ဝါကာ အမျက်ဒေါသနှင့် ပြည့်စုံသော စိတ်သဘောထားကို အပြည့်အဝ ထုတ်ဖော်ပြသရင်း နှစ်ဖက်သွား ဓါးကဲ့သို့ အနည်းငယ် ပြင်းထန်ကာ နက်နက်ရှိုင်းရှိုင်းထိရှမိမည်ဖြစ်သည်။ သူ၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့က လူသားမျိုးနွယ်၏ ပုန်ကန်ပြစ်မှားမှုများကို သည်းခံလိမ့်မည်မဟုတ်သည်ကို ကျွန်ုပ်တို့ မြင်နိုင်သည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကြောင့် ဖြစ်ပြီး ထို့နောက်တွင်သာ မြေပေါ်တွင် ကျွန်ုပ်တို့ ဝပ်စင်းပြီး ပုန်းကွယ်ရာမရှိ ဖြစ်ကြရမည်။ ထို့နောက်၊ ကျွန်ုပ်တို့သည် စာတန်၏ စိတ်သဘောထားနှင့် လုံးလုံးလျားလျား ပျက်ဆီးပြီး ပြည့်လျှံလျက်ရှိကြကာ ဘုရားသခင်အတွက် ကြောက်ရွံ့ခြင်းနှင့် နာခံခြင်းတို့ အလွန်အမင်းကင်းမဲ့ ကြသည်။ ကျွန်ုပ်တို့ လုပ်နိုင်သမျှမှာ သူ့ကို ပုန်ကန်ပြီး ဆန့်ကျင်ရန်ဖြစ်သည်။ ဘုရားသခင်၏ မျက်မှောက်တော်ထဲတွင် အသက်ရှင်ရန် ကျွန်ုပ်တို့ မထိုက်တန်ပေ ဆိုသည်တို့ကို ကျွန်ုပ်တို့ နားလည်ရပါသည်။ ယင်းမှတဆင့် မှန်ကန်သော နောင်တတရားကို ကျွန်ုပ်တို့ရရှိပြီး စစ်မှန်သော လူသားပုံသဏ္ဍာန်မှာ အဘယ်အရာဖြစ်သည်နှင့် အဓိပ္ပါယ်ရှိသော အသက်တာကို မည်သို့ အသက်ရှင်နေထိုင်သင့်သည်ကို သိရှိလာရသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း တို့ကို တွေ့ကြုံခြင်းမှတဆင့်၊ သမ္မာတရားများစွာကို ကျွန်ုပ်တို့ နားလည်နိုင်သည်။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် အပ်နှံခြင်း နှလုံးသားကို ကျွန်ုပ်တို့ ဖွံ့ဖြိုးစေသည်။ သမ္မာတရားကို ရှာဖွေခြင်း၏ အရေးပါမှုနှင့် ဘုရားသခင်ကို သိရှိခြင်း၊ ချစ်ခြင်းတို့၏ အဆုံးစွန်သော အရေးပါမှုတို့ကို သိရှိနိုင်ကြသည်။ ဤသည်မှာ မှန်ကန်သော နောင်တတရားမဟုတ်လော။ ဤသည်မှာ စစ်မှန်သော ပြောင်းလဲမှု မဟုတ်လော။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးခြင်း တို့မရှိပဲ၊ ဤသို့ နက်ရှိုင်းစွာ ပျက်ဆီးခဲ့သော လူသားအနေဖြင့် သန့်စင်ခံရပြီး ကယ်တင်ခြင်း ရရနိုင်ဖို့ နည်းလမ်း ရှိလိမ့်မည် မဟုတ်ပေ။

ယခုတွင်၊ လူကို ဘုရားသခင် ကယ်တင်ပြီး စုံလင်စေခြင်းအား သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း နည်းအားဖြင့်သာ ရရှိနိုင်သည်ကို ကျွန်ုပ်တို့ မြင်ရကြသည်။ ဤသည်တို့မှာ အမှန်တရားများ ဖြစ်သည်။ ကျွန်ုပ်တို့ စိတ်ကူးသည့်အတိုင်း အမှုအရာများ ဆက်ဖြစ်ခဲ့လျှင်၊ နောက်ဆုံးသော ကာလ ဘုရားသခင်သည် သခင်ယေရှုကဲ့သို့ ထပ်တူညီသော၊ ချစ်ခင်တတ်ပြီး ကရုဏာတရားနှင့် ပြည့်စုံသော စိတ်သဘောထားကို ထုတ်ဖော်ပြ လိမ့်မည်ဖြစ်သည်၊ ယင်းက လူသားမျိုးနွယ်ကို သန့်စင်ခြင်းနှင့် ကယ်တင်ခြင်း ရလဒ် ရရှိစေနိုင်ပါသလား။ ဘုရားသခင်သည် နောက်ဆုံးသော ကာလ သူ၏ တရားစီရင်ခြင်း အမှုတော်ကို ဆောင်ရွက်ခြင်းမရှိခဲ့လျှင် သူ၏ ဖြောင့်မတ်ခြင်းတရားအပေါ် အဓိက အခြေပြုသော ဘုရားသခင်၏ ပင်ကိုစိတ်သဘောထားကို ကျွန်ုပ်တို့ ဘယ်သောအခါမျှ အမှန်တကယ် နားလည်နိုင်ကြလိမ့်မည်မဟုတ်ပေ။ ဤသို့ဆိုလျှင် ကျွန်ုပ်တို့သည် သမ္မာတရားကို ရရှိရန်၊ သန့်စင်ခြင်း သို့မဟုတ် ကယ်တင်ခြင်းကို ရယူရန် သို့မဟုတ် စုံလင်ခြင်းခံရရန် ဖြစ်နိုင်လိမ့်မည်မဟုတ်ပါ။ ဖြည့်စွက်ချက်အနေဖြင့်၊ သမ္မာတရားကို မရှာဖွေသော မယုံကြည်သူများ သို့မဟုတ် သမ္မာတရားကို မုန်းတီးပြီး ဘုရားသခင်၏ ရန်သူများဖြစ်ကြသော အန္တိခရစ်တို့ကို ဖော်ထုတ်ပြီး ဖယ်ရှားရန်မှာ နည်းလမ်းရှိလိမ့်မည်မဟုတ်။ ဘုရာသခင်၏ ဖြောင့်မတ်သော တရားစီရင်ခြင်းသည်သာ လူကို သေသေချာချာ ဖော်ထုတ်ပြီး လူတစ်ဦးစီကို အမျိုးအစားအလိုက် ခွဲခြားနိုင်ပေသည်။ ဤအရာကသာလျှင် ဘုရားသခင်၏ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုတော် လုံးဝ အပြီးသတ်နိုင်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းမှတဆင့်၊ ခေတ်တစ်စီတွင် ဘုရားသခင် ဖော်ပြသော စိတ်သဘောထားသည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုတော်၏ လိုအပ်ချက်များအပေါ် အခြေခံပြီး ဆုံးဖြတ်ထားသည်ကို ကျွန်ုပ်တို့ သိရှိလာနိုင်သည်။ ထို့ကြောင့်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အလုံးစုံတို့ကို ခေတ်ကာလတစ်ခုခု၌ သူထုတ်ဖော်ပြသော စိတ်သဘောထားအပေါ် အခြေခံပြီး ဘောင်ခတ်၍ မရနိုင်ပါ။ ယင်းမှာ ဖာရိရှဲတို့က ဘုရားသခင်၏ နာမကို ဘောင်ခတ်ပြီး နည်းဥပဒေသတစ်စုကို တင်းကြပ်စွာ လိုက်နာစောင့်ထိန်းကြသောကြောင့် သခင်ယေရှုကို ၎င်းတို့ အာခံပြီး ရှုတ်ချကာ ဘုရားသခင်အားဖြင့် ပြစ်ဒဏ်ပေးခံရပြီး ကျိန်ဆဲခံရသည်အထိ ၎င်းတို့ ရောက်ခဲ့ကြခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်ကို နားလည်လာခြင်းအားဖြင့် သူ၏ စိတ်သဘောထားကို သိရှိရမည်ဖြစ်သည်။ ဤသည်မှာ ထိုသို့လုပ်ဆောင်ရန် မှန်ကန်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီပါသည်။ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှုအားဖြင့် ထုတ်ဖော်ပြခဲ့သော စိတ်သဘောထားအပေါ်ကိုသာ အခြေခံပြီး ဘုရားသခင်သည် ချစ်ခင်တတ်ကာ သနားကရုဏာနှင့် ပြည့်စုံသည်ဟု ကောက်ချက်ချလျှင် ဤသည်မှာ အဘယ်သို့ ဘုရားသခင်ကို သိကျွမ်းခြင်း အစစ်အမှန် ဖြစ်နိုင်မည်နည်း။ ယင်းမှာ ဘုရားသခင်အား သိဖို့ရန်အတွက် အလွန် မိုက်မဲပြီး အသိမဲ့သော နည်းလမ်းဖြစ်သည်။ ဖာရိရှဲတို့အားလုံးက သမ္မာကျမ်းစာကို နားလည်ကြ၏၊ သို့သော် ဘုရားသခင်ကို ၎င်းတို့ အဘယ်ကြောင့် မသိရှိခဲ့ကြသနည်း။ ယင်းမှာ ၎င်းတို့သည် ဘုရားသခင်ကို သူ၏ အမှုတော် အဆင့် တစ်ဆင့်အပေါ်၌သာ အခြေခံပြီး သတ်မှတ်ခဲ့ကြခြင်းကြောင့်ဖြစ်သည်၊ ထို့ကြောင့် သူ၏ အမှုတော်ကို ဆောင်ရွက်ရန် သခင်ယေရှုကြွလာခဲ့သောအခါ ၎င်းတို့သည် သူ့ကို လက်ဝါးကားတိုင်ပေါ်တွင် သံဖြင့် ရိုက်ခဲ့ကြသည်။ ဤအရာက ဘုရားသခင်ကို ကျွန်ုပ်တို့ မသိလျှင် သူ့ကို ဘောင်ခတ်ပြီး ဆန့်ကျင်ရန် အဘယ်မျှ လွယ်ကူနိုင်သည်ကို ပြသပေသည်။

ရုပ်ရှင်ဇာတ်ညွှန်း မေးခွန်းများအတွက် အဖြေများ မှ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။