ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

18.11.2021

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု ကောင်းကင်ဗိုလ်ခြေအရှင် ယေဟောဝါ မိန့်တော်မူ၏။” (မာလခိ အနာဂတ္တိကျမ်း ၁:၁၁)

“လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။ အသေကောင်ရှိရာ၌ ရွှေလင်းတတို့သည် စုဝေးကြလတံ့။” (ရှင်မဿဲခရစ်ဝင် ၂၄:၂၇-၂၈)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်သည် ဖန်ဆင်းရာအားလုံး၏ သခင်ဖြစ်တော်မူ၏

(ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ လက်ရွေးစင် အခန်း)

လွန်ခဲ့သော ခေတ်နှစ်ခေတ်၏ အလုပ်အဆင့်တစ်ဆင့်ကို ဣသရေလပြည်၌ ဆောင်ရွက်ခဲ့ပြီးဖြစ်၍ ကျန်တစ်ဆင့်ကို ယုဒပြည်တွင် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ယေဘုယျအားဖြင့် ပြောရမည်ဆိုလျှင် ထိုအလုပ်၏ မည်သည့်အဆင့်ကမျှ ဣသရေလပြည်မှ ထွက်သွားခဲ့ခြင်း မရှိဘဲ အလုပ်တစ်ခုစီကို ပထမဆုံး ရွေးကောက်ခံထားရသော လူများအပေါ် လုပ်ဆောင်ခဲ့ခြင်းဖြစ်၏။ အကျိုးဆက်အနေဖြင့် ဣသရေလ လူမျိုးတို့က ယေဟောဝါဘုရားသခင်သည် ဣသရေလလူမျိုးတို့၏ ဘုရားသခင်သာဖြစ်သည်ဟု ယုံကြည်ကြလေသည်။ ယေရှုသည် ကားစင်တင်သတ်ခံရခြင်းဟူသည့် အလုပ်ကို ဆောင်ရွက်ခဲ့သည့် နေရာဖြစ်သော ယုဒပြည်၌ အလုပ်လုပ်ခဲ့သောကြောင့် ယုဒလူမျိုးတို့က သူ့ကို ယုဒလူမျိုးတို့၏ ရွေးနုတ်ရှင်အဖြစ် မြင်ကြသည်။ ယေရှုသည် ယုဒလူမျိုးတစ်မျိုးတည်း၏ ရှင်ဘုရင်သာဖြစ်ပြီး အခြားလူမျိုးတို့၏ ရှင်ဘုရင်မဟုတ်ဟု သူတို့ထင်မှတ်ကြသည်။ ယေရှုသည် အင်္ဂလိပ်လူမျိုးကို ရွေးနုတ်ပေးသည့် သခင်မဟုတ်သကဲ့သို့ အမေရိကန်လူမျိုးတို့ကို ရွေးနုတ်ပေးသည့် သခင်လည်း မဟုတ်ဘဲ ဣသရေလ အမျိုးသားတို့ကို ရွေးနုတ်ပေးသည့် သခင်ဖြစ်သည်၊ ထို့အပြင် သူကယ်နုတ်ခဲ့သူတို့သည် ဣသရေလပြည်ရှိ ယုဒလူမျိုးတို့ ဖြစ်သည်ဟု သူတို့ထင်မှတ်ကြလေ၏။ စင်စစ်အားဖြင့် ဘုရားသခင်သည် အရာအားလုံး၏ အရှင်သခင်ဖြစ်၏။ သူသည် ဖန်ဆင်းရာအားလုံး၏ ဘုရားသခင်ဖြစ်သည်။ သူသည် ဣသရေလအမျိုးသားနှင့် ယုဒလူမျိုးတို့၏ ဘုရားသခင်ဖြစ်သည် သာမကဘဲ ဖန်ဆင်းရာအားလုံး၏ ဘုရားသခင်ဖြစ်၏။ လူတို့ထံ၌ အယူအဆအချို့ကို ဖြစ်ပေါ်စေခဲ့သည့် သူ့အလုပ်၏ ယခင်အဆင့်နှစ်ဆင့်သည် ဣသရေလပြည်၌ ဖြစ်ပျက်ခဲ့သည်။ ယေဟောဝါသည် သူ၏အလုပ်ကို ဣသရေလပြည်၌ လုပ်ခဲ့သည်၊ ယေရှုကိုယ်တိုင်သည် ယုဒပြည်၌ သူ၏အလုပ်ကို ဆောင်ရွက်ခဲ့သည်၊ ထို့အပြင် အလုပ်လုပ်ရန်အတွက် လူ့ဇာတိကို ယေရှုခံယူခဲ့ပြီး၊ မည်သို့ပင်ဖြစ်စေကာမူ ထိုအလုပ်သည် ဣသရေလပြည်ကို မကျော်လွန်ခဲ့ချေဟူ၍ သူတို့က ယုံကြည်ကြသည်။ ဘုရားသခင်သည် အဲဂုတ္တုလူမျိုး၊ သို့မဟုတ် အိန္ဒိယလူမျိုးတို့ထံတွင် အလုပ်မလုပ်ခဲ့ပေ။ ဣသရေလအမျိုးသားတို့ထံ၌သာ သူအလုပ်လုပ် ခဲ့၏။ ထို့ကြောင့် လူတို့သည် အမျိုးမျိုးသော အယူအဆများကို ပုံဖော်ကြပြီး ဘုရားသခင်၏အလုပ်ကို အတိုင်းအတာတစ်ခုအတွင်း အသေးစိတ် ရုပ်လုံးဖော်ကြလေသည်။ ဘုရားသခင် အလုပ်လုပ်သောအခါ သူ့အနေဖြင့် ရွေးကောက်ခံထားရသော လူများအကြား၌နှင့် ဣသရေလပြည်၌ လုပ်ရမည်ဖြစ်သည်ဟု သူတို့ပြောကြသည်။ ဣသရေလအမျိုးသားများမှလွဲ၍ ဘုရားသခင်သည် အခြားမည်သူ့အပေါ်၌မျှ အလုပ်မလုပ်သကဲ့သို့ သူ၏အလုပ်နှင့်ပတ်သက်ပြီး ပို၍ကြီးမားသော အတိုင်းအတာလည်း မရှိဟု သူတို့ပြောကြ၏။ လူ့ဇာတိခံ ဘုရားသခင်ကို ထိန်းချုပ်သည့်အရေးနှင့်ပတ်သက်လာလျှင် သူတို့သည် အထူးသဖြင့် တိကျကြပြီး ဣသရေလပြည်၏ နယ်နိမိတ်ကိုလွန်၍ သူ့အား လှုပ်ရှားခွင့် မပြုကြပေ။ ဤအရာအားလုံးမှာ လူသားတို့၏ အယူအဆများသာ ဖြစ်ကြသည် မဟုတ်လော။ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့၏၊ ဖန်ဆင်းရာအားလုံးကို သူဖန်ဆင်းခဲ့၏၊ ထို့အတွက်ကြောင့် သူ့အနေဖြင့် သူ၏အလုပ်ကို မည်သို့လျှင် ဣသရေလပြည်၌သာ ကန့်သတ်ထား၍ ရနိုင်မည်နည်း။ ထိုအတိုင်းသာဖြစ်နေပါက ဖန်ဆင်းရာအားလုံးကို သူဖန်ဆင်းခြင်းမှာ အဘယ်အကျိုးရှိ လိမ့်မည်နည်း။ တစ်လောကလုံးကို သူဖန်ဆင်းခဲ့၏၊ ထို့ပြင် သူ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ကို ဣသရေလပြည်၌ သာ မဟုတ်ဘဲ စကြဝဠာရှိ လူပုဂ္ဂိုလ်အယောက်ချင်းစီတိုင်းအပေါ်၌ သူဆောင်ရွက်ခဲ့လေ၏။ ထိုသူတို့အနေဖြင့် တရုတ်ပြည်၌ နေကြသည်ဖြစ်စေ၊ အမေရိကန်ပြည်ထောင်စု၌ နေကြသည်ဖြစ်စေ၊ ဗြိတိသျှ၊ သို့မဟုတ် ရုရှားနိုင်ငံ၌ နေကြသည်ဖြစ်စေ လူတိုင်းသည် အာဒံ၏ သားစဉ်မြေးဆက်များ ဖြစ်ကြ၏။ သူတို့အားလုံးကို ဘုရားသခင်က ဖန်ဆင်းထားခြင်းဖြစ်သည်။ သူတို့ထဲမှ မည်သူတစ်ဦးတစ်ယောက်ကမျှ ဖန်ဆင်းခြင်း၏နယ်နိမိတ်များကို မရှောင်တိမ်းနိုင်ကြ၊ ထို့ပြင် သူတို့ထဲမှ မည်သူတစ်ဦး တစ်ယောက်ကမျှ “အာဒံ၏ သားစဉ်မြေးဆက်” ဟူသည့် အမှတ်သညာမှ မိမိတို့ကိုယ်ကို မခွဲနိုင်ကြ။ သူတို့အားလုံးသည် ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများဖြစ်ကြသည်၊ သူတို့ အားလုံးသည် အာဒံ၏ ဆွေစဉ်မျိုးဆက်ဖြစ်ကြသည်၊ ထို့အပြင် သူတို့အားလုံးသည် အာဒံနှင့် ဧဝတို့၏ ဖောက်ပြန်ပျက်စီးနေသော သားစဉ်မြေးဆက်များလည်း ဖြစ်ကြ၏။ ဘုရားသခင်၏ ဖန်ဆင်းရာမှာ ဣသရေလတစ်မျိုးတည်းသာ မဟုတ်ဘဲ လူမျိုးအားလုံးဖြစ်သည်။ အချို့က ကျိန်ဆဲခံထားရပြီး အချို့က ကောင်းချီးပေးခံထားရခြင်းသာ ဖြစ်၏။ ဣသရေလအမျိုးသားနှင့် ပတ်သက်၍ နှစ်လိုဖွယ်ကောင်းသော အရာများ များစွာရှိသည်၊ သူတို့သည် အနည်းဆုံး ဖောက်ပြန်သောလူများ ဖြစ်ကြသောကြောင့် ဘုရားသခင်က အစအဦး၌ သူတို့အပေါ်တွင် အလုပ်လုပ်ခဲ့ခြင်း ဖြစ်သည်။ တရုတ်လူမျိုးတို့ကို သူတို့နှင့် သွားယှဉ်၍မရပေ၊ တရုတ်လူမျိုးတို့က များစွာ ပို၍နိမ့်ကျ၏။ ထို့ကြောင့် ဘုရားသခင်သည် ကနဦးတွင် ဣသရေလပြည်ရှိ လူတို့အကြား၌ အလုပ်လုပ်ခဲ့ခြင်းဖြစ်ပြီး သူ့အလုပ်၏ ဒုတိယအဆင့်ကို ယုဒပြည်၌သာ ဆောင်ရွက်ခဲ့၏၊ ယင်းက လူတို့အကြား၌ အယူအဆ များစွာနှင့် စည်းမျဉ်းများစွာကို ဖြစ်ပေါ်စေခဲ့သည်။ စင်စစ်အားဖြင့် ဘုရားသခင်သည် လူသားတို့၏အယူအဆများအတိုင်း လုပ်မည် ဆိုပါက သူသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သာ ဖြစ်နေလိမ့်မည်ဖြစ်၍ သူ၏အလုပ်ကို တစ်ပါးအမျိုးသား တိုင်းနိုင်ငံများထံ ချဲ့ထွင်ခြင်းငှာ တတ်စွမ်းနိုင်မည် မဟုတ်ချေ၊ အကြောင်းမှာ သူသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သာ ဖြစ်နေလိမ့်မည်ဖြစ်ပြီး ဖန်ဆင်းရာအားလုံး၏ ဘုရားသခင် ဖြစ်နေမည် မဟုတ်သောကြောင့်ဖြစ်သည်။ ယေဟောဝါ၏ အမည်နာမသည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြားတွင် ထင်ရှားလိမ့်မည်၊ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများသို့ ပျံ့နှံ့သွားလိမ့်မည်ဟု ပရောဖက်ပြုချက်များက ဆိုထားသည်။ အဘယ်ကြောင့် ထိုအရာကို ပရောဖက်ပြုထားသနည်း။ အကယ်၍ ဘုရားသခင်သည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သာ ဖြစ်နေခဲ့ပါက သူသည် ဣသရေလပြည်၌သာ အမှုပြုခဲ့ပေလိမ့်မည်။ ထို့အပြင် ဤအလုပ်ကို သူဖြန့်ကြက်လိမ့်မည် မဟုတ်သကဲ့သို့ ထိုသို့သော ပရောဖက်ပြုချက်ကိုလည်း သူပြုခဲ့မည် မဟုတ်ချေ။ ထိုပရောဖက်ပြုချက်ကို သူပြုခဲ့သောကြောင့် သူသည် သူ၏အလုပ်ကို တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၊ တိုင်းနိုင်ငံအားလုံးနှင့် ကုန်းမြေအားလုံးအကြား ဧကန်အမှန် ချဲ့ထွင်လိမ့်မည် ဖြစ်သည်။ ထိုသို့သူပြောခဲ့သောကြောင့် ထိုအရာကို သူလုပ်ရပေလိမ့်မည်။ ဤသည်မှာ သူ၏အစီအစဉ်ဖြစ်သည်၊ အကြောင်းမှာ သူသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သော သခင်ဖြစ်ပြီး ဖန်ဆင်းရာအားလုံး၏ ဘုရားသခင် ဖြစ်သောကြောင့် ဖြစ်ပေသည်။ ဣသရေလအမျိုးသားတို့အကြား၌ သူအလုပ်လုပ်သည်ဖြစ်စေ၊ သို့မဟုတ် ယုဒပြည်တစ်ဝှမ်းလုံး၌ သူအလုပ်လုပ်သည်ဖြစ်စေ သူလုပ်သော အလုပ်သည် စကြဝဠာ တစ်ခွင်လုံး၏ အလုပ်ဖြစ်ပြီး လူသားအားလုံး၏ အလုပ်ဖြစ်သည်။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံဖြစ်သော အဆင်းနီသည့် နဂါးကြီး၏ တိုင်းနိုင်ငံ၌ ယနေ့သူလုပ်သော အလုပ်သည် လူသားအားလုံး၏ အလုပ်ဖြစ်နေဆဲပင်ဖြစ်သည်။ ဣသရေလပြည်သည် မြေကြီးပေါ်ရှိ သူ၏အလုပ်အတွက် အခြေစိုက်စခန်း ဖြစ်နိုင်ခဲ့၏၊ တရုတ်နိုင်ငံ သည်လည်း တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြားရှိ သူ၏အလုပ် အတွက် အခြေစိုက်စခန်း ဖြစ်နိုင်သည်။ “ယေဟောဝါ၏ အမည်နာမသည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြားတွင် ထင်ရှားလိမ့်မည်” ဟူသော ပရောဖက်ပြုချက်ကို သူယခု ပြည့်စုံစေခဲ့ပြီ မဟုတ်လော။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများ အကြားရှိ သူ့အလုပ်၏ ပထမအဆင့်မှာ အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံ၌ သူလုပ်သော အလုပ်ဖြစ်သည့် ဤအလုပ်ပင်ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်သည် ဤတိုင်းပြည်၌ အလုပ်လုပ်ပြီး ကျိန်ဆဲခံထားရသော ဤလူတို့အကြား၌ အလုပ်လုပ်သည် ဟူသည်မှာ လူသားတို့၏ အယူအဆများနှင့် အထူးသဖြင့် ဆန့်ကျင် ကွဲလွဲနေသည်။ ထိုလူတို့မှာ အားလုံးအထဲတွင် အနိမ့်ကျဆုံးသောသူများ ဖြစ်ကြသည်၊ သူတို့၌ ဘာတန်ဖိုးမျှ မရှိကြ၊ ထို့အပြင် သူတို့သည် ကနဦး၌ ယေဟောဝါ၏ စွန့်ပစ်ထားခြင်းကို ခံခဲ့ရသူများ ဖြစ်ကြသည်။ လူတို့သည် အခြားလူများ၏ ပစ်ပယ်ခြင်းကို ခံနိုင်သော်လည်း ဘုရားသခင်၏ ပစ်ပယ်ခြင်းကို ခံရလျှင်မူ ထိုသူတို့ထက် အဆင့်အတန်း ပို၍မဲ့သောသူ၊ တန်ဖိုးပို၍နိမ့်ကျသောသူ မရှိတော့ပေ။ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအတွက် စာတန်၏ ပိုင်ဆိုင်ခြင်းကို ခံရခြင်း၊ သို့မဟုတ် လူတို့၏ ပစ်ပယ်ခြင်းကို ခံရခြင်းသည် အလွန်နာကျင်ခံစားရသော အရာဖြစ်၏၊ သို့သော်လည်း ဖန်ဆင်းရှင်၏ စွန့်ပစ်ခြင်းကို ခံရသော ဖန်ဆင်းခံသတ္တဝါတစ်ဦးအတွက်မူ ပို၍နိမ့်ကျသော အဆင့်အတန်း မရှိနိုင်တော့ချေ။ မောဘ၏ သားစဉ်မြေးဆက်တို့သည် ကျိန်ဆဲခြင်းကို ခံခဲ့ရသည်၊ ထို့ပြင် သူတို့သည် ခေတ်နောက်ကျန်သော ဤနိုင်ငံ၌ မွေးဖွားလာခဲ့ကြသည်။ အမှောင်ထု၏ လွှမ်းမိုးမှုအောက်တွင် ရှိကြကုန်သော လူအားလုံးထဲတွင် မောဘ၏ သားစဉ်မြေးဆက်တို့သည် အဆင့်အတန်းအနိမ့်ဆုံးဖြစ်ကြသည်မှာ သံသယဝင်ဖွယ်ရာ မရှိပေ။ ဤလူတို့သည် ယခင်က အနိမ့်ကျဆုံးသော အဆင့်အတန်း ရှိခဲ့ဖူးသူများဖြစ်ကြသောကြောင့် သူတို့အပေါ်၌ လုပ်သော အလုပ်သည် လူသားတို့၏ အယူအဆများကို အကောင်းဆုံးချေဖျက်နိုင်စွမ်းရှိပြီး ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ် တစ်ခုလုံးအတွက်လည်း အကျိုးအရှိဆုံးဖြစ်၏။ ဤလူတို့အကြား၌ ထိုသို့သောအလုပ်ကို လုပ်ခြင်းသည် လူသားတို့၏ အယူအဆများကို အကောင်းဆုံးချေဖျက်သည့် နည်းလမ်းဖြစ်ပြီး ထိုအလုပ်နှင့် ဘုရားသခင်သည် ခေတ်တစ်ခေတ်ကို အစပျိုး၏။ ထိုအလုပ်နှင့် သူသည် လူသားတို့၏ အယူအဆအားလုံးကို ချေဖျက်၏။ ထိုအလုပ်နှင့် ကျေးဇူးတော်ခေတ်တစ်ခေတ်လုံး၏ အလုပ်ကို အဆုံးသတ်လေသည်။ သူ၏ပထမအလုပ်ကို ဣသရေလပြည်၏ နယ်နိမိတ်အတွင်းရှိ ယုဒပြည်၌ ဆောက်ရွက်ခဲ့သည်။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြားတွင် သူသည် ခေတ်သစ်ကို အစပျိုးရန်အလို့ငှာ မည်သည့်အလုပ်ကိုမျှ မလုပ်ခဲ့ပေ။ အလုပ်၏ နောက်ဆုံးအဆင့်ကို တစ်ပါးအမျိုးသားတို့အကြားတွင် ဆောင်ရွက်သည်သာမကသေးဘဲ ကျိန်ဆဲခြင်းခံထားရသော သူများအကြားတွင် ပို၍ဆောင်ရွက်၏။ ဤအချက်တစ်ချက်က စာတန်ကို အရှက်အခွဲနိုင်ဆုံးသော သက်သေဖြစ်သည်။ ဤအကြောင်းကြောင့် ဘုရားသခင်သည် စကြဝဠာထဲရှိ ဖန်ဆင်းရာအားလုံး၏ ဘုရားသခင်၊ အရာခပ်သိမ်း၏ သခင်၊ အသက်ရှိသမျှတို့ ကိုးကွယ်ရသည့်အရာ “ဖြစ်လာ” လေသည်။

ယနေ့တွင် ဘုရားသခင် မည်သည့်အလုပ်သစ်ကို အစပြုပြီးဖြစ်သည်ကို နားမလည်ကြသေးသောသူများရှိသည်။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြားတွင် ဘုရားသခင်သည် အသစ်သော အစအဦးတစ်ခုကို ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ ခေတ်သစ်တစ်ခေတ်ကို သူစတင်ခဲ့ပြီး အလုပ်သစ်ကို သူအစပြုခဲ့၏၊ ထို့အပြင် သူသည် ဤအလုပ်ကို မောဘ၏ သားစဉ် မြေးဆက်များအပေါ် လုပ်ဆောင်သည်။ ယင်းသည် သူ၏ အသစ်ဆုံးသော အလုပ်ပင်ဖြစ်သည် မဟုတ်လော။ သမိုင်းတစ်လျှောက် မည်သူကမျှ ဤအလုပ်ကို မတွေ့ကြုံဖူးကြပေ။ ဤအလုပ်ကို နားလည်ဖို့ မဆိုထားနှင့် မည်သူကမျှ မကြားဖူးကြပေ။ ဘုရားသခင်၏ဉာဏ်ပညာ၊ ဘုရားသခင်၏အံ့သြဖွယ်ရာ၊ ဘုရားသခင်၏ဉာဏ်မမီနိုင်မှု၊ ဘုရားသခင်၏ကြီးမြတ်မှု၊ ထို့ပြင် ဘုရားသခင်၏သန့်ရှင်းမှု အားလုံးတို့သည် နောက်ဆုံးသောကာလ၏ အလုပ်ဖြစ်သည့် အလုပ်၏ဤအဆင့်မှတစ်ဆင့် ထင်ရှားစေခြင်းကို ခံကြရသည်။ ဤသည်မှာ လူသားတို့၏ အယူအဆများကို ချေဖျက်သည့် အလုပ်ဖြစ်သော အသစ်သောအလုပ်ပင်ဖြစ်သည် မဟုတ်လော။ “ဘုရားသခင်သည် မောဘကို ကျိန်ဆဲခဲ့ပြီး မောဘ၏သားစဉ်မြေးဆက်များကို ပစ်ပယ်မည်ဟု ဆိုခဲ့သည့်အတွက် သူသည် ယခု သူတို့ကို မည်ကဲ့သို့ ကယ်တင်နိုင်မည်နည်း” ဟူ၍ တွေးကြသောသူများ ရှိကြသည်။ ထိုသူတို့မှာ ဘုရားသခင်၏ ကျိန်ဆဲခြင်းကို ခံခဲ့ရပြီး ဣသရေလပြည်မှ မောင်းထုတ်ခံခဲ့ရသည့် တစ်ပါးအမျိုးသားများ ဖြစ်ကြ၏၊ ဣသရေလအမျိုးသားတို့က ထိုသူတို့ကို “တစ်ပါးအမျိုးသားခွေးများ” ဟုခေါ်ခဲ့ကြသည်။ လူတိုင်း၏ အမြင်တွင် သူတို့သည် တစ်ပါးအမျိုးသားခွေးများ ဖြစ်ကြသည် သာမကဘဲ ပို၍ဆိုးသည်မှာ သူတို့သည် ဖျက်ဆီးခြင်း၏ သားများဖြစ်နေကြသည်၊ တစ်နည်းဆိုရလျှင် သူတို့သည် ဘုရားသခင်၏ ရွေးကောက်ခံလူများ မဟုတ်ကြပေ။ သူတို့သည် ဣသရေလနိုင်ငံ၏နယ်နိမိတ်အတွင်း၌ မွေးဖွားလာခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူတို့သည် ဣသရေလ အမျိုးသားများနှင့် မသက်ဆိုင်ကြဘဲ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများသို့ နှင်ထုတ်ခြင်းခံထားရသူများ ဖြစ်ကြသည်။ သူတို့သည် လူအားလုံးအထဲ၌ အနိမ့်ကျဆုံးသောသူများ ဖြစ်ကြသည်။ လူတို့အထဲတွင် သူတို့သည် အနိမ့်ကျဆုံးသောသူများ ဖြစ်ကြသည့် အကြောင်းရင်းအတိအကျကြောင့်ပင် ဘုရားသခင်သည် ခေတ်သစ်တစ်ခေတ်ကို အစပျိုးသည့် သူ၏အလုပ်ကို သူတို့အကြားတွင် ဆောင်ရွက်ခြင်းဖြစ်၏၊ အကြောင်းမှာ သူတို့သည် ဖောက်ပြန်သော လူသားတို့ကို ကိုယ်စားပြုသောကြောင့် ဖြစ်လေသည်။ ဘုရားသခင်၏ အလုပ်သည် သီးသန့်ဖြစ်ပြီး သတ်သတ်မှတ်မှတ်ရှိ၏။ ဤလူတို့၌ ယနေ့သူလုပ်သောအလုပ်သည် ဖန်ဆင်းရာအပေါ်၌ သူဆောင်ရွက်ခဲ့သော အလုပ်လည်းဖြစ်သည်။ နောဧသည် ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါတစ်ဦးဖြစ်ခဲ့သည်၊ နောဧ၏ သားစဉ်မြေးဆက်များသည်လည်း ထို့အတူပင် ဖြစ်သည်။ လောကကြီးထဲ၌ အသွေးနှင့် အသားရှိကြကုန်သော မည်သူမဆိုသည် ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများဖြစ်ကြ၏။ ဘုရားသခင်၏ အလုပ်သည် ဖန်ဆင်းရာအားလုံးအတွက် ရည်ရွယ်ထားခြင်းဖြစ်သည်။ တစ်စုံတစ်ဦးအနေဖြင့် ဖန်ဆင်းခံရပြီးနောက်တွင် ကျိန်ဆဲခြင်းကို ခံခဲ့ရ၏၊ မခံခဲ့ရ၏အပေါ်တွင် ထိုအရာက မူတည်သည်မဟုတ်ပေ။ သူ၏စီမံခန့်ခွဲမှု အလုပ်သည် ဖန်ဆင်းရာအားလုံးတို့အတွက် ရည်ရွယ်ထားခြင်းဖြစ်၏၊ ကျိန်ဆဲခြင်းကို မခံထားရသည့် ရွေးကောက်ခံလူတို့အတွက် ရည်ရွယ်ထားခြင်း မဟုတ်ချေ။ ဘုရားသခင်သည် သူ၏အလုပ်ကို သူ၏ဖန်ဆင်းရာအကြား၌ ဆောင်ရွက်လိုသည့်အတွက် ထိုအလုပ်ကို သူသည် အောင်အောင်မြင်မြင် ပြီးမြောက်သွားသည်အထိ မလွဲဧကန် လုပ်လိမ့်မည်ဖြစ်ပြီး သူ၏အလုပ်အတွက် အကျိုးရှိသော ထိုလူတို့အကြားတွင် သူအလုပ်လုပ်လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သူသည် လူသားတို့အကြားတွင် အလုပ်လုပ်သောအခါ အစဉ်အလာများ အားလုံးကို ချေဖျက်လိုက်၏၊ သူ့အတွက် “ကျိန်ဆဲခံရသည်”၊ “ပြစ်တင်ဆုံးမခံရသည်” နှင့် “ကောင်းချီးပေးခံရသည်” ဟူသော စကားလုံးတို့သည် အဓိပ္ပာယ်မရှိသော စကားလုံးများဖြစ်သည်။ ယုဒလူမျိုးတို့သည် ကောင်းမွန်ကြပြီး ဣသရေလပြည်ရှိ ရွေးကောက်ခံ လူတို့မှာလည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ သူတို့သည် ကောင်းသော အစွမ်းအစနှင့် လူ့သဘာဝတို့ ရှိကြသောသူများဖြစ်သည်။ အစအဦးတွင် ယေဟောဝါ သူ၏အလုပ်ကို အစပျိုးခဲ့ပြီး သူ၏အစောဆုံးအလုပ်ကို လုပ်ဆောင်ခဲ့သည်မှာ ထိုသူတို့အကြားတွင်ဖြစ်သည်၊ သို့သော်လည်း ထိုသူတို့အပေါ်၌ သိမ်းပိုက်ခြင်းအလုပ်ကို ယနေ့လုပ်ဆောင်မည်ဆိုပါက အဓိပ္ပာယ်မရှိ ဖြစ်နေပေလိမ့်မည်။ ထိုသူတို့သည်လည်း ဖန်ဆင်းရာ၏ တစ်စိတ်တစ်ဒေသ ဖြစ်နေနိုင်ပြီး ထိုသူတို့နှင့် ပတ်သက်၍ အပြုသဘောဆောင်သောအရာ များစွာရှိနေနိုင်သော်လည်း အလုပ်၏ဤအဆင့်ကို သူတို့အကြား၌ လုပ်ဆောင်မည်ဆိုပါက အကျိုးမရှိ ဖြစ်နေပေလိမ့်မည်။ ဘုရားသခင်သည် လူတို့ကို သိမ်းပိုက်နိုင်လိမ့်မည် မဟုတ်သကဲ့သို့ ဖန်ဆင်းရာအားလုံးကိုလည်း သိမ်းသွင်းစည်းရုံးနိုင်မည် မဟုတ်ချေ။ ဘုရားသခင်သည် သူ၏အလုပ်ကို အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံရှိ ဤလူတို့ထံ လှည့်ပြောင်းလိုက်ခြင်းမှာ ထိုအကြောင်းရင်းအတိအကျကြောင့်ပင် ဖြစ်သည်။ ဤနေရာ၌ အဓိပ္ပာယ်အရှိဆုံးသောအရာမှာ ခေတ်တစ်ခုကို ဘုရားသခင်အစပျိုးခြင်း၊ စည်းမျဉ်းများအားလုံးနှင့် လူသားတို့၏ အယူအဆများအားလုံးကို သူချေဖျက်ခြင်းနှင့် ကျေးဇူးတော်ခေတ် တစ်ခေတ်လုံး၏ အလုပ်ကို သူအဆုံးသတ်ခြင်း တို့ဖြစ်သည်။ အကယ်၍ သူ၏လက်ရှိအလုပ်ကို ဣသရေလ အမျိုးသားတို့အကြားတွင် ဆောင်ရွက်မည်ဆိုပါက သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်က အဆုံးသတ်သို့ ရောက်လာသည့်အချိန်တွင် ဘုရားသခင်သည် ဣသရေလ အမျိုးသားတို့၏ ဘုရားသခင်သာဖြစ်သည်၊ ဣသရေလအမျိုးသားတို့ သာလျှင် ဘုရားသခင်၏ ရွေးကောက်ခံရသော လူတို့ဖြစ်ကြသည်၊ ဣသရေလအမျိုးသားတို့သာလျှင် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ နှင့် ကတိတော်ကို အမွေခံထိုက်သည်ဟု ယုံကြည်သွားကြ ပေလိမ့်မည်။ နောက်ဆုံးသောကာလအတောအတွင်း အဆင်းနီသော နဂါးကြီး၏နိုင်ငံဖြစ်သည့် တစ်ပါးအမျိုးသား တိုင်းနိုင်ငံ၌ ဘုရားသခင်လူ့ဇာတိခံယူခြင်းသည် ဖန်ဆင်းရာအားလုံး၏ ဘုရားဟူသည့် ဘုရားသခင်၏ အလုပ်ကို အထမြောက်စေ၏။ သူ၏ စီမံခန့်ခွဲမှုအလုပ် အလုံးစုံကို သူအပြီးသတ်၏၊ ထို့ပြင် အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံရှိ သူ့အလုပ်၏ အချက်အချာကျသော အပိုင်းကို သူအဆုံးသတ်၏။ ဤအလုပ်အဆင့်သုံးဆင့်၏ အဓိကအချက်မှာ လူသားကို ကယ်တင်ခြင်းဖြစ်သည်၊ အတိအကျဆိုရလျှင် ဖန်ဆင်းရှင်အား ဖန်ဆင်းရာအားလုံးက ဝတ်ပြုလာအောင် လုပ်ဆောင်ခြင်းဖြစ်သည်။ ထို့ကြောင့် အလုပ်၏ အဆင့်တစ်ဆင့်စီ၌ ကြီးမားသော အဓိပ္ပာယ်ရှိသည်။ ဘုရားသခင်သည် အဓိပ္ပာယ်၊ သို့မဟုတ် တန်ဖိုးတို့ မရှိဘဲနှင့် မည်သည့်အရာကိုမျှ မလုပ်ပေ။ တစ်ဖက်တွင် အလုပ်၏ ဤအဆင့်သည် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပေးပြီး လွန်လေပြီးသော ခေတ်နှစ်ခေတ်ကို အဆုံးသတ်ပေး၏။ အခြားတစ်ဖက်တွင်မူ ယင်းသည် လူသားတို့၏ အယူအဆအားလုံးကို ချေဖျက်ပြီး၊ လူသားတို့၏ယုံကြည်မှုနှင့် အသိပညာတို့၏ နည်းလမ်းဟောင်း အားလုံးကို ချေဖျက်လေသည်။ ယခင်ခေတ်နှစ်ခေတ်၏ အလုပ်ကို လူသားတို့၏ ကွဲပြားသော အယူအဆများအတိုင်း ဆောင်ရွက်ခဲ့၏။ သို့သော်လည်း ဤအဆင့်ကမူ လူသားတို့၏ အယူအဆများကို လုံးဝဥဿုံ ဖယ်ထုတ်ပစ်ပြီး ထိုသို့အားဖြင့် လူတို့ကို လုံးလုံးလျားလျား သိမ်းပိုက်၏။ မောဘ၏ သားစဉ်မြေးဆက်တို့ကို သိမ်းပိုက်ခြင်းအားဖြင့်၊ မောဘ၏ သားစဉ်မြေးဆက်တို့အကြားတွင် ဆောင်ရွက်သော အလုပ်အားဖြင့် ဘုရားသခင်သည် စကြဝဠာတစ်ခွင်ရှိ လူအားလုံးကို သိမ်းပိုက်မည်ဖြစ်သည်။ ဤသည်မှာ သူ့အလုပ်၏ ဤအဆင့်ရှိ အနက်ရှိုင်းဆုံးသော အဓိပ္ပာယ်ဖြစ်၏၊ ထို့အပြင် သူ့အလုပ်၏ ဤအဆင့်နှင့်ဆိုင်သည့် အဖိုးအတန်ဆုံးသော ရှုထောင့်လည်းဖြစ်သည်။ အကယ်၍ သင်ကိုယ်တိုင်၏ အဆင့်အတန်း နိမ့်ကျနေသည်ကို သင်ယခုသိပြီး မိမိတန်ဖိုးနိမ့်ကျသည်ကို သိသော်လည်း- သင်သည် ကြီးစွာသော ကောင်းချီးမင်္ဂလာကို အမွေခံထားရပြီး ကြီးစွာသော ကတိတော်ကို ရရှိထားသည်၊ ထို့ပြင် ဘုရားသခင်၏ ကြီးမြတ်သော ဤအလုပ် အထမြောက်အောင် သင်ကူညီနိုင်၏ဟူသော ဝမ်းမြောက်ဖွယ် အကောင်းဆုံးသောအရာနှင့် ကြုံတွေ့ခဲ့ရသည်ဟု ခံစားရဦးမည် ဖြစ်သည်။ ဘုရားသခင်၏ စစ်မှန်သော ရုပ်သွင်ကို သင်ဖူးမြင်ခဲ့ရပြီ၊ ဘုရားသခင်၏ ပင်ကိုစိတ်သဘောထားကို သင်သိ၏၊ ထို့ပြင် ဘုရားသခင်၏ အလိုတော်ကို သင်လုပ်ဆောင်သည်။ ဘုရားသခင်၏အလုပ်၏ ယခင်အဆင့်နှစ်ဆင့်ကို ဣသရေလပြည်၌ ဆောင်ရွက်ခဲ့သည်။ အကယ်၍ နောက်ဆုံးသောကာလ အတောအတွင်း သူ့အလုပ်၏ ဤအဆင့်ကိုလည်း ဣသရေလ အမျိုးသားတို့အကြားတွင် ဆောင်ရွက်မည်ဆိုပါက ဣသရေလ အမျိုးသားတို့ သာလျှင် ဘုရားသခင်၏ ရွေးကောက်ခံလူများ ဖြစ်ကြသည်ဟု ဖန်ဆင်းရာအားလုံးက ယုံကြည်သွားကြမည် သာမကဘဲ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် တစ်ခုလုံး သည်လည်း လိုချင်သော အကျိုးရလဒ်ကို ရနိုင်လိမ့်မည် မဟုတ်ပေ။ သူ့အလုပ်၏ အဆင့်နှစ်ဆင့်ကို ဣသရေလပြည်၌ သူလုပ်ဆောင်ခဲ့သည့် အချိန်အတောအတွင်းတွင် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ အလုပ်အသစ်ကိုသော်လည်းကောင်း၊ ခေတ်သစ်တစ်ခေတ်ကို အစပျိုးသည့် အလုပ်ကိုသော်လည်းကောင်း မဆောင်ရွက်ခဲ့ပေ။ ခေတ်သစ်တစ်ခေတ်ကို အစပျိုးသည့် အလုပ်ဖြစ်သော အလုပ်၏ ယနေ့အဆင့်ကို တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ ဦးစွာဆောင်ရွက်နေသည့်အပြင် မောဘ၏ သားစဉ်မြေးဆက်တို့အကြားတွင် ကနဦးဆောင်ရွက်နေပြီ ဖြစ်သည်။ ထို့ကြောင့် ခေတ်တစ်ခုလုံးကို အစပျိုးလျက်ရှိသည်။ လူသားတို့၏ အယူအဆများအတွင်း၌ ရှိနေသော အသိပညာ အားလုံးကို တစ်ခုတလေမျှ ကြွင်းကျန်ခွင့်မပေးဘဲ ဘုရားသခင်သည် ချေဖျက်ခဲ့၏။ သူ၏သိမ်းပိုက်ခြင်းအလုပ်တွင် သူသည် လူသားတို့၏ အယူအဆများ၊ ဟောင်းနေသည့် ထိုကနဦးလူတို့၏ အသိပညာနည်းလမ်းတို့ကို ချေဖျက်ခဲ့သည်။ ဘုရားသခင်ထံတွင် မည်သည့်စည်းမျဉ်းများမျှ မရှိကြောင်း၊ ဘုရားသခင်နှင့်ပတ်သက်၍ ဟောင်းသည့်အရာ ဘာမျှမရှိကြောင်း၊ သူလုပ်သော အလုပ်သည် လုံးဝချုပ်ချယ်မှုကင်းပြီး လုံးဝလွတ်လပ်ကြောင်း၊ ထို့အပြင် သူသည် လုပ်လေရာရာ၌ မှန်ကန်ကြောင်း လူတို့ကို သူမြင်စေသည်။ ဖန်ဆင်းရာအကြား၌ သူလုပ်သော မည်သည့်အလုပ်ကိုမဆို သင်သည် အပြည့်အဝနာခံရမည်။ သူလုပ်သော အလုပ်အားလုံး၌ အဓိပ္ပာယ်ရှိပြီး ထိုအလုပ်ကို သူ၏ကိုယ်ပိုင်အလိုတော်၊ သူ၏ကိုယ်ပိုင်ဉာဏ်ပညာနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကာ လူသားတို့၏ ရွေးချယ်ချက်များ၊ အယူအဆများနှင့်အညီ ဆောင်ရွက်ခြင်း မဟုတ်ချေ။ အကယ်၍ တစ်စုံတစ်ခုသည် သူ၏အလုပ်အတွက် အကျိုးရှိပါက ထိုအရာကို သူလုပ်၏။ ထို့ပြင် အကယ်၍ တစ်စုံတစ်ခုသည် သူ၏အလုပ်အတွက် အကျိုးမရှိပါက ထိုအရာသည် မည်မျှပင် ကောင်းနေသည်ဖြစ်စေ သူမလုပ်ချေ။ သူ၏အလုပ်ကို လက်ခံရရှိမည့်သူများနှင့် သူ့အလုပ်၏ တည်နေရာကို သူ့အလုပ်၏ အဓိပ္ပာယ်၊ ရည်ရွယ်ချက်တို့နှင့်အညီ ရွေးချယ်ပြီး သူအလုပ်လုပ်သည်။ သူအလုပ်လုပ်သောအခါ အတိတ်က စည်းမျဉ်းများကို သူမလိုက်နာသကဲ့သို့ ပုံသေနည်း အဟောင်းများကိုလည်း သူမလိုက်နာပေ။ ထိုသို့ပြုမည့်အစား သူ၏အလုပ်ကို အလုပ်၏အဓိပ္ပာယ်နှင့်အညီ သူစီစဉ်သည်။ နောက်ဆုံးတွင် သူသည် စစ်မှန်သော အကျိုးရလဒ်နှင့် မျှော်လင့်ထားသော ပန်းတိုင်ကို ရရှိပေလိမ့်မည်။ ဤအရာများကို ယနေ့ သင်နားမလည်ပါက ဤအလုပ်သည် သင့်အပေါ် အကျိုးသက်ရောက်လိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်

ယေဟောဝါ၏အမှုမှာ ကမ္ဘာကို ဖန်ဆင်းခြင်းဖြစ်ပြီး ယင်းမှာ အစအဦး ဖြစ်သည်၊ အမှု၏ ယခုအဆင့်မှာမူ အမှု၏ အဆုံးဖြစ်ပြီး နိဂုံးဖြစ်သည်။ အစပိုင်းမှာ ဘုရားသခင်၏အမှုကို ဣသရေလ၏ ရွေးချယ်ခံရသည့် သူများကြားတွင် ဆောင်ရွက်ခဲ့ပြီး ထိုအရာမှာ နေရာအားလုံးထဲက အသန့်ရှင်းဆုံးနေရာ၌ ခေတ်သစ်တစ်ခု၏အစ ဖြစ်ခဲ့သည်။ အမှု၏ နောက်ဆုံးအဆင့်ကို နိုင်ငံများအားလုံးထဲမှ မသန့်ရှင်းဆုံးနိုင်ငံတွင် ဆောင်ရွက်ပြီး လောကကို တရားစီရင်လျက် ခေတ်ကြီးကို အဆုံးသတ်ရန် ဖြစ်သည်။ ပထမအဆင့်တွင် ဘုရားသခင်၏အမှုကို နေရာအားလုံးထဲမှ အတောက်ပဆုံးနေရာတွင် ဆောင်ရွက်ခဲ့ပြီး၊ နောက်ဆုံးအဆင့်ကိုမူ နေရာအားလုံးထဲမှ အမှောင်မိုက်ဆုံးနေရာတွင် ဆောင်ရွက်ခြင်းဖြစ်လျက် ဤအမှောင်ထုကို မောင်းထုတ်ပစ်ကာ အလင်းရောင်ကို ယူဆောင်ပေးပြီး လူအားလုံးကို သိမ်းပိုက်မည်ဖြစ်သည်။ နေရာအားလုံးထဲမှ မသန့်ရှင်းဆုံးနှင့် အမည်းမိုက်ဆုံးဖြစ်သော ဤနေရာမှ လူတို့ကို သိမ်းပိုက်ပြီး၍၊ လူထုတစ်ရပ်လုံးက စစ်မှန်သောဘုရားဖြစ်သည့် ဘုရားသခင်ရှိသည်ကို အသိအမှတ်ပြုပြီး လူတိုင်းသည် အကြွင်းမဲ့ လက်ခံယုံကြည်လာပြီးသောအခါ စကြဝဠာတစ်ခုလုံး၌ သိမ်းပိုက်ခြင်းအလုပ်ကို ဆောင်ရွက်ရန် ဤအချက်ကို အသုံးပြုမည်ဖြစ်သည်။ အမှု၏ ဤအဆင့်မှာ သင်္ကေတသဘောဆောင်သည်- ဤခေတ်၏အမှုကို ဆောင်ရွက်ပြီးသည်နှင့်၊ နှစ်ပေါင်း ၆၀ဝ၀ ကြာခဲ့သည့် စီမံခန့်ခွဲမှုအလုပ်သည် လုံး၀ အဆုံးသတ်လိမ့်မည်။ နေရာများ အားလုံးထဲမှ အမှောင်မိုက်ဆုံးနေရာ၌ ရှိသောသူတို့ကို သိမ်းပိုက်ပြီးသည်နှင့် အခြားနေရာတိုင်းတွင် အလားတူဖြစ်လာမည်မှာ ပြောစရာမလိုတော့ပေ။ သို့ဖြစ်၍ တရုတ်နိုင်ငံရှိ သိမ်းပိုက်ခြင်းအလုပ်ကသာလျှင် အဓိပ္ပာယ်ပြည့်ဝသည့် သင်္ကေတဖြင့်သရုပ်ဖော်မှု ပါရှိသည်။ တရုတ်နိုင်ငံသည် အမှောင်စွမ်းအားများအားလုံးကို ပုံဖော်နေပြီး တရုတ်နိုင်ငံမှ လူတို့သည် ဇာတိပကတိ၊ စာတန်နှင့် အသွေးအသားတို့နှင့် စပ်ဆိုင်သောသူများအားလုံးကို ကိုယ်စားပြုသည်။ တရုတ်ပြည်သူတို့သည် အဆင်းနီသော နဂါးကြီး၏ အများဆုံး ဖျက်ဆီးခြင်းကို ခံရသောသူများ၊ ဘုရားသခင့်အပေါ် အပြင်းထန်ဆုံးသော ဆန့်ကျင်မှု ပြုသူများဖြစ်ပြီး၊ သူတို့၏ လူ့သဘာဝမှာ အနိမ့်ကျဆုံးနှင့် မသန့်စင်ဆုံး ဖြစ်သောကြောင့် သူတို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံး၏ နမူနာပုံစံ ဖြစ်သည်။ ထိုသို့ပြောလိုက်၍ အခြားနိုင်ငံများ၌ ပြဿနာများ လုံးဝမရှိဟု မဆိုလိုပါ၊ လူသား၏ အယူအဆများမှာ အားလုံးအတူတူပင်ဖြစ်သည်၊ ဤနိုင်ငံများမှ လူများသည် အရည်အသွေးကောင်းသူများ ဖြစ်ကောင်းဖြစ်နိုင်ကြသော်လည်း သူတို့သည် ဘုရားသခင်ကို မသိရှိကြပါက သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်သူများ ဖြစ်ကြရပေမည်။ ဂျူးလူမျိုးများသည်လည်း ဘုရားသခင်ကို ဆန့်ကျင်ဖီဆန်ခဲ့ကြသည်မှာ အဘယ်ကြောင့်နည်း။ ဖာရိရှဲတို့သည်လည်း အဘယ့်ကြောင့် သူ့ကို ဆန့်ကျင်ခဲ့ကြသနည်း။ ယုဒက ယေရှုကို အဘယ့်ကြောင့် သစ္စာဖောက်ခဲ့သနည်း။ ထိုစဉ်က တပည့်တော်အများအပြားတို့သည် ယေရှုကို မသိကျွမ်းခဲ့ကြပေ။ ယေရှုသည် အဆုံးစီရင်ခံရပြီး ပြန်လည်ထမြောက်ခဲ့သည့် နောက်တွင် လူများသည် သူ့ကို မယုံကြည်ခဲ့ကြသေးသည်မှာ အဘယ်ကြောင့်နည်း။ လူသား၏ မနာခံခြင်းမှာ အားလုံးအတူတူပင် မဟုတ်လော။ တရုတ်ပြည်သူတို့ကို သာဓကတစ်ခုအဖြစ် ယူလိုက်ခြင်းမျှသာဖြစ်ပြီး၊ သူတို့ကို သိမ်းပိုက်ပြီးသည့် အချိန်တွင် သူတို့သည် စံပြပုံစံနှင့် နမူနာဖြစ်လာပြီး အခြားသူများအတွက် ကိုးကားမှီငြမ်းစရာ ဖြစ်လာမည်ဖြစ်သည်။ သင်တို့သည် ငါ့စီမံခန့်ခွဲမှုအစီအစဉ်၏ အဖြည့်တစ်ခု ဖြစ်သည်ဟု အဘယ့်ကြောင့် ငါအစဉ်တစိုက် ပြောလာခဲ့သနည်း။ ဖောက်ပြန်ပျက်စီးခြင်း၊ မစင်ကြယ်ခြင်း၊ မဖြောင့်မတ်ခြင်း၊ ဆန့်ကျင်ခြင်းနှင့် ပုန်ကန်ခြင်းများကို အပြည့်ဝဆုံး ပေါ်လွင်အောင်ပြသပြီး ၎င်းတို့၏ ပုံစံမျိုးစုံထဲတွင် ထုတ်ဖော်ထားသည်မှာ တရုတ်နိုင်ငံ၏ပြည်သူများ အတွင်း၌ဖြစ်သည်။ တစ်ဖက်တွင် သူတို့၏ အစွမ်းအစမှာ နိမ့်ကျနေလျက်၊ အခြားတစ်ဖက်တွင် သူတို့၏ အသက်တာများနှင့် စိတ်ဓာတ်မှာ ခေတ်နောက်ကျန်ရစ်နေပြီး သူတို့၏ အကျင့်များ၊ လူမှုဝန်းကျင်၊ မွေးဖွားရာမိသားစု၊ အားလုံးတို့မှာ နိမ့်ကျနေလျက် ခေတ်နောက်အကျဆုံး ဖြစ်နေသည်။ သူတို့၏ အဆင့်အတန်းသည်လည်း နိမ့်ကျသည်။ ဤနေရာ၌ အမှုသည် သင်္ကေတသဘောဆောင်ပြီး၊ ဤစမ်းသပ်ခြင်းအမှုကို အလုံးစုံ ဆောင်ရွက်ပြီးသည့်နောက်တွင် ဘုရားသခင်၏ နောက်ဆက်တွဲ အမှုသည် များစွာ ပိုမို လွယ်ကူလာမည်ဖြစ်သည်။ အလုပ်၏ ဤအဆင့်ကို အပြီးသတ်နိုင်လျှင် နောက်ဆက်တွဲအလုပ်မှာ ပြောစရာလိုအပ်မည်မဟုတ်ပါ။ အလုပ်၏ ဤအဆင့်ကို အထမြောက်အောင် ဆောင်ရွက်ပြီးသည်နှင့် ကြီးမားသောအောင်မြင်မှုကို အပြည့်အဝ ရယူပြီးလျက် စကြဝဠာတစ်ခုလုံးရှိ သိမ်းပိုက်ခြင်းအလုပ်သည် လုံး၀ အဆုံးသတ်လိမ့်မည်။ အမှန်အားဖြင့် သင်တို့အကြားရှိအမှုမှာ အောင်မြင်သည်နှင့် ယင်းသည် စကြဝဠာတစ်ခုလုံး၌ အောင်မြင်သည့်သဘောနှင့် အတူတူပင် ဖြစ်လိမ့်မည်။ ဤသည်မှာ ငါသည် သင်တို့ကို စံပြပုံစံနှင့် နမူနာအဖြစ် ဆောင်ရွက်စေခြင်းအကြာင်းရင်း၏ ရည်ရွယ်ချက်ပင်ဖြစ်သည်။ ဤလူများအထဲ၌ ပုန်ကန်မှု၊ ဆန့်ကျင်မှု၊ မစင်ကြယ်ခြင်း၊ မဖြောင့်မတ်ခြင်း အားလုံးတို့ကို မြင်တွေ့ရပြီး၊ လူသားမျိုးနွယ်၏ ပုန်ကန်လိုစိတ်ရှိသမျှကို သူတို့အထဲတွင် ကိုယ်စားပြုထားလေသည်။ သူတို့သည် အမှန်ပင် မှတ်သားလောက်ပေသည်။ ဤအကြောင်းကြောင့် သူတို့ကို့ သိမ်းပိုက်ခြင်း၏ နမူနာအဖြစ် စံပြုထားပြီး၊ သူတို့ကို သိမ်းပိုက်လိုက်သည်နှင့် သူတို့သည် အခြားသောသူများအတွက် အလိုအလျောက် စံပြနမူနာ ဖြစ်လာလိမ့်မည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂)

ဘုရားသခင်သည် ဤလူစုကို စကြဝဠာတစ်ခွင်လုံးအနှံ့ သူ၏အမှုနှင့်ဆိုင်သည့် တစ်ခုတည်းသော ဗဟိုအချက်အဖြစ် ပြုလုပ်ပြီး ဖြစ်သည်။ သူသည် သင်တို့အတွက် သူ၏နှလုံးသွေးအားလုံးကို စတေးပြီးဖြစ်သည်။ စကြဝဠာအနှံ့အပြားရှိ ဝိညာဉ်တော်၏အမှုအားလုံးကို သူသည် ပြန်သိမ်းပြီးဖြစ်ကာ သင်တို့အား ပေးပြီးဖြစ်သည်။ ယင်းမှာ သင်တို့သည် ကံကောင်းသူများဖြစ်ရခြင်း အကြောင်းအရင်း ဖြစ်သည်။ ထို့အပြင်၊ သူသည် သူ၏ဘုန်းအသရေကို သူ၏ ရွေးချယ်သောလူမျိုး ဣသရေလထံမှ သင်တို့ထံသို့ လွှဲပြောင်းပြီးဖြစ်ကာ၊ သူသည် ဤလူစုမှတစ်ဆင့် သူ၏အစီအစဉ်၏ ရည်ရွယ်ချက်ကို အပြည့်အဝ ထင်ရှားစေလိမ့်မည်။ သို့ဖြစ်၍၊ သင်တို့သည် ဘုရားသခင်၏အမွေကို ရရှိမည့်သူများဖြစ်ကြပြီး၊ ဤထက်မကပင် သင်တို့သည် ဘုရားသခင် ဘုန်းအသရေ၏ အမွေစားအမွေခံများ ဖြစ်ကြသည်။ သင်တို့သည် “အကြောင်းမူကား ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်း ဒုက္ခသည် အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။” ဟူသော စကားများကို မှတ်မိကောင်း မှတ်မိကြပေလိမ့်မည်။ ဤစကားများကို သင်တို့အားလုံး ယခင်က ကြားခဲ့ကြပြီးဖြစ်သော်လည်း သင်တို့ထဲမှ မည်သူမျှ ယင်းတို့၏စစ်မှန်သော အဓိပ္ပါယ်ကို နားမလည်ခဲ့ကြပေ။ ယနေ့တွင် သင်တို့သည် ထိုစကားများ၏ စစ်မှန်သောအရေးပါမှုကို လေးလေးနက်နက် သတိပြုမိကြသည်။ ဤစကားများသည် နောက်ဆုံးသောကာလအတွင်း၌ ဘုရားသခင်အားဖြင့် ပြည့်စုံလိမ့်မည်ဖြစ်ပြီး၊ အဆင်းနီသောနဂါးကြီး ခွေလျောင်းရာပြည်တွင် ယင်းနဂါးကြီး၏ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံခဲ့သူများ၌ ပြည့်စုံလိမ့်မည်ဖြစ်သည်။ အဆင်းနီသောနဂါးကြီးသည် ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ပြီး၊ သူသည် ဘုရားသခင်၏ရန်သူ ဖြစ်၏။ သို့ဖြစ်၍ ဤပြည်၌ ဘုရားသခင်ကို ယုံကြည်သူများသည် အရှက်ကွဲခြင်းနှင့် ဖိနှိပ်ခြင်းတို့ကို ဤသို့ ခံကြရပြီး၊ အကျိုးဆက်အနေဖြင့် ဤစကားများသည် ဤလူစုတည်းဟူသော သင်တို့၌ ပြည့်စုံလေသည်။ ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သော ပြည်တွင် စတင်သောကြောင့် ဘုရားသခင်၏အမှုအားလုံးသည် ကြီးမားသော အတားအဆီးများကို ရင်ဆိုင်ရပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များစွာ ပြီးမြောက်ခြင်းသည် အချိန်ကြာလေသည်။ ဤအကြောင်းကြောင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်၏ အကျိုးဆက်အဖြစ်၊ လူတို့သည် စစ်ဆေးခံကြရကာ ယင်းသည် ဒုက္ခဆင်းရဲ၏ အစိတ်အပိုင်းလည်း ဖြစ်ပေသည်။ အဆင်းနီသောနဂါးကြီး၏ ပြည်တွင် သူ၏အမှုကို ဆောင်ရွက်ရန် ဘုရားသခင်အတွက် အလွန်တရာ ခဲယဉ်းလေသည်- သို့သော် ဘုရားသခင်သည် သူ၏ဉာဏ်ပညာနှင့် သူ၏ အံ့ဘွယ်လုပ်ဆောင်ချက်များကို ထင်ရှားစေလျက်၊ ပြီးလျှင် ဤလူစုကို စုံလင်စေရန် ဤအခွင့်အရေးကို အသုံးပြုရင်း၊ သူ၏ အမှု အဆင့်တစ်ခုကို ဘုရားသခင် လုပ်ဆောင်သည်မှာ ဤအခက်အခဲမှတစ်ဆင့် ဖြစ်သည်။ ဘုရားသခင်သည် ဤအရာမှ သူ၏ ဘုန်းအသရေကို ရရှိနိုင်ဖို့အလို့ငှာနှင့် သူ၏ လုပ်ဆောင်ချက်များကို သက်သေခံမည့်သူများကို ရရှိနိုင်ဖို့အလို့ငှာ၊ သူ၏ သန့်စင်စေခြင်းနှင့် သိမ်းပိုက်ခြင်း အမှုကို ဘုရားသခင် လုပ်ဆောင်သည်မှာ လူတို့၏ ဆင်းရဲဒုက္ခမှတစ်ဆင့်၊ ၎င်းတို့၏ အရည်အချင်းမှတစ်ဆင့်၊ ပြီးလျှင် ဤညစ်ညူးသောပြည်နှင့်ဆိုင်သော လူတို့၏စာတန်ဆန်သည့် စိတ်သဘောထားအားလုံးမှတစ်ဆင့် ဖြစ်သည်။ ယင်းသည် ဤလူစုအတွက် ဘုရားသခင် ပြုပြီးသော စွန့်လွှတ်မှုအားလုံး၏ အလုံးစုံ အရေးပါမှု ဖြစ်ပေသည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်သည် သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်သည်မှာ သူ့ကို ဆန့်ကျင်သောသူများမှတစ်ဆင့်ဖြစ်ပြီး၊ ထိုသို့ဖြင့်သာ ဘုရားသခင်၏ ကြီးမားသော တန်ခိုး ထင်ရှားနိုင်ပေသည်။ တစ်နည်းအားဖြင့်၊ မသန့်ရှင်းသော ပြည်၌ရှိသော သူများသည်သာ ဘုရားသခင်၏ဘုန်းအသရေကို အမွေခံထိုက်ကြပြီး၊ ဤအရာကသာ ဘုရားသခင်၏ကြီးမားသော တန်ခိုးကို မီးမောင်းထိုးပြနိုင်ပေသည်။ ယင်းမှာ ဘုရားသခင်၏ ဘုန်းအသရေကို ရရှိသည်မှာ မသန့်ရှင်းသော ပြည်နှင့် မသန့်ရှင်းသော ပြည်တွင် အသက်ရှင်သော သူများထံမှ ဖြစ်သည့် အကြောင်းရင်း ဖြစ်သည်။ ဘုရားသခင်၏ အလိုမှာ ဤကဲ့သို့ဖြစ်ပေသည်။ ယေရှု၏အမှု အဆင့်သည်လည်း အလားတူ ဖြစ်သည်- သူ့ကို ညှဉ်းပန်းနှိပ်စက်ခဲ့သော ဖာရိရှဲများအလယ်တွင်သာ သူသည် ဘုန်းအသရေကို ရရှိနိုင်ခဲ့သည်။ ဖာရိရှဲများ၏ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ယုဒ၏သစ္စာဖောက်မှုကြောင့် မဟုတ်ပါက၊ ယေရှုသည် ကားစင်တင်ခံရဖို့ မဆိုထားနှင့်၊ လှောင်ပြောင်ကဲ့ရဲ့ခံရလေမည်မဟုတ်၊ သို့မဟုတ် အသရေပျက်အောင် ပြောဆိုခံခဲ့ရမည်မဟုတ်သဖြင့် ဘုန်းအသရေကို ရရှိနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ ခေတ်အသီးသီး၌ ဘုရားသခင် အမှုပြုသည့်နေရာနှင့် လူ့ဇာတိ၌ သူ၏ အမှုပြုသည့်နေရာသည် သူ ဘုန်းအသရေ ရရှိသည့်နေရာနှင့် သူ ရယူရန် ရည်ရွယ်သူများကို ရယူသည့်နေရာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏အမှုနှင့်ဆိုင်သော အစီအစဉ်ဖြစ်ပြီး၊ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု ဖြစ်သည်။

နှစ်ထောင်ပေါင်းများစွာကြာသည့် ဘုရားသခင်၏ အစီအစဉ်တွင်၊ အမှု၏ အစိတ်အပိုင်းနှစ်ခုကို လူ့ဇာတိ၌ လုပ်ဆောင်လေသည်- ပထမပိုင်းသည် ကားစင်တင်ခံရခြင်း အမှုဖြစ်ပြီး၊ ယင်းအတွက် သူသည် ဘုန်းအသရေ ရရှိသည်။ အခြားတစ်ခုမှာ နောက်ဆုံးသောကာလ၌ သိမ်းပိုက်ခြင်းနှင့် စုံလင်စေခြင်း အမှုဖြစ်သည်၊ ယင်းအတွက် သူသည် ဘုန်းအသရေ ရရှိ၏။ ဤသည်မှာ ဘုရားသခင်၏စီမံခန့်ခွဲမှု ဖြစ်ပေသည်။ သို့ဖြစ်၍ ဘုရားသခင်၏အမှု သို့မဟုတ် သင်တို့အဖို့ ဘုရားသခင်၏ စေခိုင်းချက်ကို ရိုးရှင်းသော ကိစ္စရပ်တစ်ခုအဖြစ် မမှတ်ယူနှင့်။ သင်တို့အားလုံးသည် ဘုရားသခင်၏ အတိုင်းထက်အလွန် ကြီးမြတ်လေးလံသော နိစ္စထာဝရဘုန်းအသရေ၏ အမွေစားအမွေခံများ ဖြစ်ကြပြီး၊ ဤအရာကို ဘုရားသခင်က အထူး စီမံထားခဲ့ပေသည်။ သူ၏ ဘုန်းအသရေ အစိတ်အပိုင်းနှစ်ခုထဲမှ၊ တစ်ခုသည် သင်တို့၌ ထင်ရှား၏။ ဘုရားသခင်၏ဘုန်းအသရေ အစိတ်အပိုင်းတစ်ခု၏ တစ်ရပ်လုံးကို သင်တို့၏အမွေဥစ္စာ ဖြစ်နိုင်ဖို့အလို့ငှာ သင်တို့အပေါ် အပ်နှင်းထားပြီးဖြစ်သည်။ ဤသည်မှာ သင်တို့ကို ဘုရားသခင် ချီးမြှောက်ခြင်းဖြစ်ပြီး အချိန်ကြာမြင့်စွာက သူ ခွဲခန့်မှတ်သားထားခဲ့သည့် အစီအစဉ်လည်းဖြစ်သည်။ အဆင်းနီသောနဂါးကြီး နေထိုင်ရာပြည်၌ ဘုရားသခင် လုပ်ဆောင်ပြီးဖြစ်သည့် အမှု၏ ကြီးမြတ်မှုကို ထောက်ဆလျှင်၊ ဤအမှုကို အခြားနေရာသို့ ရွှေ့ပြောင်းခဲ့မည်ဆိုပါက၊ ယင်းသည် အချိန်ကြာမြင့်စွာက ကြီးမားသည့် အကျိုးဖြစ်ထွန်းပြီးခဲ့မည် ဖြစ်သကဲ့သို့၊ လူသားက လိုလိုလားလား လက်ခံပြီးဖြစ်ပေမည်။ ထို့အပြင် ယေရှုလုပ်ဆောင်သည့် အမှု၏ အဆင့်သည် အစဉ်အလာတစ်ခုအဖြစ် အသုံးတော်ခံသည့်အတွက်၊ ဤအမှုသည် ဘုရားသခင်ကို ယုံကြည်သော အနောက်တိုင်း ဘုန်းတော်ကြီးများအတွက် လက်ခံရန် အလွန်လွယ်ကူလွန်းခဲ့ပေမည်။ သို့ဖြစ်၍ ဘုရားသခင်က ဘုန်းအသရေ ရရှိခြင်းအမှု၏ ဤအဆင့်ကို အခြားနေရာ၌ စွမ်းဆောင်မရရှိနိုင်ခြင်း ဖြစ်သည်။ ထိုအမှုသည် လူများ၏ ထောက်ပံ့ပေးခြင်းနှင့် တိုင်းနိုင်ငံများ၏ အသိအမှတ်ပြုခြင်းတို့အားဖြင့် ထောက်ပံ့ခြင်း ခံရသည့်အခါ၊ ဘုရားသခင်၏ ဘုန်းအသရေသည် မတည်မြဲနိုင်ပေ။ ဤသည်မှာ ဤပြည်၌ အမှု၏ ဤအဆင့်က ကိုင်စွဲထားသည့် ထူးခြားသာလွန်သော အရေးပါမှု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော

နေရာများစွာတွင်၊ ဘုရားသခင်သည် သိနိမ်ပြည်တွင် အောင်မြင်သူများ အုပ်စုတစ်စုကို သူရရှိနေလိမ့်မည်ဟု ပရောဖက်ပြုထားပြီးဖြစ်သည်။ အောင်မြင်သူများကို ရရှိမည်မှာ ကမ္ဘာ၏ အရှေ့ပိုင်းဖြစ်သည့်အတွက်၊ သူ၏ ဒုတိယအကြိမ် လူ့ဇာတိခံခြင်းတွင် ဘုရားသခင် ခြေချသည့်နေရာမှာ အဆင်းနီသော နဂါးကြီးမှ ခွေလျက် လဲလျောင်းသော နေရာအတိအကျဖြစ်သည့် သိနိမ်ပြည် ဖြစ်သည်မှာ သေချာပေသည်။ ထိုနေရာတွင်၊ အဆင်းနီသောနဂါးကြီးအနေဖြင့် လုံးလုံးလျားလျား နှိမ်နင်းခံရကာ အရှက်ရစေဖို့၊ ဘုရားသခင်သည် ယင်း၏ သားစဉ်မြေးဆက်များကို ရယူလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် အလွန်အမင်း ဆင်းရဲဒုက္ခခံရသည့် ဤလူများကို နိုးထစေဖို့၊ ၎င်းတို့ကို လုံးလုံး နိုးထစေဖို့၊ မြူထဲမှ ၎င်းတို့ကို ထွက်လျှောက်စေကာ အဆင်းနီသော နဂါးကြီးကို ငြင်းပယ်စေဖို့ အလိုရှိ၏။ ဘုရားသခင်သည် ၎င်းတို့ကို မိမိတို့၏ အိပ်မက်မှ နိုးထစေဖို့၊ အဆင်းနီသော နဂါးကြီး၏ အနှစ်သာရကို သိစေဖို့၊ ၎င်းတို့၏ နှလုံးသားတစ်ခုလုံးကို ဘုရားသခင်ထံ ပေးအပ်စေဖို့၊ အမှောင်အင်အားများ၏ ဖိနှိပ်မှုမှ တိုးထွက်စေဖို့၊ ကမ္ဘာ၏ အရှေ့အရပ်တွင် ထရပ်ကာ၊ ဘုရားသခင် အောင်မြင်ခြင်း သက်သေဖြစ်လာစေဖို့ အလိုရှိပေသည်။ ဤနည်းဖြင့်သာ၊ ဘုရားသခင်သည် ဘုန်းအသရေ ရရှိလိမ့်မည်။ ဤအကြောင်းရင်း တစ်ခုတည်းကြောင့်၊ ဘုရားသခင်သည် ဣသရေလမြေ၌ အဆုံးသတ်လာခဲ့သော အမှုကို အဆင်းနီသော နဂါးကြီး ခွေလျက် လဲလျောင်းရာ မြေသို့ ယူဆောင်ခဲ့ပြီး၊ ထွက်ခွာပြီးနောက် နှစ်နှစ်ထောင်နီးပါးအကြာတွင် ကျေးဇူးတော်ခေတ်၏ အမှုကို ဆက်လက် လုပ်ဆောင်ရန် လူ့ဇာတိ တစ်ဖန်ခံယူလာပြီးဖြစ်သည်။ လူသား၏ ပကတိ မျက်စိတွင်၊ ဘုရားသခင်သည် လူ့ဇာတိ၌ အမှုသစ်ကို အစပျိုးနေပေသည်။ သို့သော် ဘုရားသခင်၏ အမြင်တွင်၊ သူသည် နှစ်ထောင်ပေါင်း အနည်းငယ် အဆက်ပြတ်သည့်ကာလတစ်ခု နောက်တွင်သာ၊ ပြီးလျှင် သူ့အမှု၏ တည်နေရာနှင့် အစီအစဉ်ထဲက ပြောင်းလဲမှု တစ်ခုဖြင့်သာ၊ ကျေးဇူးတော်ခေတ်၏ အမှုကို ဆက်လက် လုပ်ဆောင်နေခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၆)

သင်သည် အမေရိကန်လူမျိုး ဖြစ်သည်ဖြစ်စေ၊ ဗြိတိသျှလူမျိုး ဖြစ်သည်ဖြစ်စေ သို့မဟုတ် အခြားမည်သည့်လူမျိုးပင် ဖြစ်နေပါစေ၊ သင်၏ကိုယ်ပိုင်လူမျိုး အကန့်အသတ်ဘောင်ထဲက ထွက်လာသင့်သည်၊ သင်၏အတ္တကိုယ်ကို ကျော်လွန်လျက် ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ နေရာမှနေ၍ ဘုရားသခင်၏ အလုပ်ကို ရှုမြင်သင့်သည်။ ဤနည်းဖြင့် သင်သည် ဘုရားသခင်၏ ခြေရာများအပေါ် ကန့်သတ်ချက်များ မထားလိမ့်မည်ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ ယနေ့ခေတ်၌ ဘုရားသခင်သည် တစ်စုံတစ်ရာသော နိုင်ငံတစ်နိုင်ငံ သို့မဟုတ် တစ်စုံတစ်ရာသော လူမျိုးအကြား၌ ပေါ်ထွန်းလာမည်ကို များစွာသောလူတို့က မဖြစ်နိုင်ဟု ထင်မြင်ကြသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ အလုပ်၏ အရေးပါမှုသည် အလွန်ပင် လေးနက်လှသည်တကား၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည်လည်း အလွန်ပင် အရေးပါလှသည် တကား။ လူ၏ အယူအဆများနှင့် အတွေးအခေါ်တို့ဖြင့် ၎င်းတို့ကို မည်သို့လျှင် အကဲဖြတ်နိုင်မည်နည်း။ ထို့ကြောင့် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှာဖွေရန်အလို့ငှာ သင့်အနေဖြင့် မိမိ၏လူမျိုး သို့မဟုတ် မိမိမျိုးနွယ်စု၏ အယူအဆများမှ ထိုးဖောက်ထွက်သင့်သည်ဟု ငါပြောသည်။ ထိုသို့အားဖြင့်သာ သင်သည် သင့်အယူအဆများ၏ ဘောင်ခတ်ခြင်းကို မခံရဘဲ ရှိလိမ့်မည်၊ ထိုသို့အားဖြင့်သာ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကြိုဆိုဖို့ရန် သင်သည် အရည်အချင်းပြည့်မီလိမ့်မည်။ သို့မဟုတ်ပါက သင်သည် ထာဝရအမှောင်ထုထဲ၌ ကျန်ရစ်နေမည်ဖြစ်ပြီး ဘုရားသခင်၏ ထောက်ခံခြင်းကို ဘယ်သောအခါမျှ ရရှိမည် မဟုတ်ပေ။

ဘုရားသခင်သည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဘုရားဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးကသာ သီးသန့်ပိုင်သည့် ဘုရားအဖြစ် ဘုရားသခင်က သူ့ကိုယ်သူ မသတ်မှတ်ထားဘဲ၊ မည်သည့်ပုံစံ၊ မည်သည့်တိုင်းနိုင်ငံ၊ သို့မဟုတ် မည်သည့်လူမျိုးမျှ၏ ဘောင်ခတ်ခြင်းကို မခံဘဲ၊ သူကြံစည်ထားသည့်အတိုင်း သူ၏အလုပ်ကို လုပ်နေသည်။ သင့်အနေဖြင့် ထိုပုံစံကို တစ်ခါမျှ စိတ်မကူးမိခဲ့ဖူးခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ် ထိုပုံစံနှင့်ပတ်သက်သော သင့်သဘောထားသည် ငြင်းဆန်သောသဘောထား ဖြစ်ကောင်းဖြစ် နိုင်သည်၊ သို့မဟုတ် ဘုရားသခင်အနေဖြင့် မိမိကိုယ်မိမိ ဖော်ထုတ် ပြသည့် အရပ်ဖြစ်သော တိုင်းနိုင်ငံနှင့် လူမျိုးတို့သည် တိုက်တိုက် ဆိုင်ဆိုင်ပင် လူအားလုံးတို့၏ ခွဲခြားဆက်ဆံမှု ခံနေရပြီး ကမ္ဘာပေါ်၌ ခေတ်နောက်အကျန်ဆုံး ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ဘုရားသခင်၌ သူ၏ဉာဏ်ပညာရှိသည်။ သူ၏ ကြီးမြတ်သောတန်ခိုး၊ သူ၏ သမ္မာတရားနှင့် သူ၏စိတ်သဘောထားအားဖြင့် ဘုရားသခင်သည် သူနှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်သည့် လူတစ်စုကို အမှန်ရရှိခဲ့သည်၊ အမျိုးမျိုးသော စမ်းသပ်မှုများနှင့် ဒုက္ခဆင်းရဲများ၊ အမျိုးမျိုးသော နှိပ်စက်မှုများကို ကြံ့ကြံ့ခံပြီး သူ့နောက်သို့ အဆုံးတိုင် လိုက်နိုင်သည့် သူသိမ်းပိုက်ထားသော လူစုဖြစ်သည့် စုံလင်အောင် သူပြုလိုသော လူတစ်စုကို အမှန်ပင် သူရရှိခဲ့သည်။ မည်သည့်ပုံစံ၊ သို့မဟုတ် တိုင်းနိုင်ငံတို့ဖြင့် မကန့်သတ်ထားသည့် ဘုရားသခင့်ပေါ်ထွန်းခြင်း၏ ရည်ရွယ်ချက်မှာ သူကြံစည်ထားသည့် အတိုင်း သူ၏အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ဖို့ဖြစ်သည်။ ဤသည်မှာ ယုဒပြည်၌ ဘုရားသခင် လူ့ဇာတိခံယူခဲ့သောအခါက ကဲ့သို့ပင် ဖြစ်သည်၊ ထိုအခါက သူ၏ရည်ရွယ်ချက်မှာ လူသားမျိုးနွယ် တစ်ရပ်လုံးကို ရွေးနုတ်ရာတွင် ကားတိုင်တင်ခံရခြင်း အမှုကို စုံလင်စေဖို့ ဖြစ်သည်။ သို့သော်လည်း ဂျူးလူမျိုးများက ဘုရားသခင်အနေဖြင့် ထိုသို့ပြုရန်မှာ မဖြစ်နိုင်ဟု ယုံကြည်ခဲ့ကြသည်၊ ထို့ပြင် ဘုရားသခင်က လူ့ဇာတိခံယူပြီး သခင်ယေရှု၏အသွင်ကို ဆောင်ယူရန်မှာ မဖြစ်နိုင်ဟု ထင်ခဲ့ကြသည်။ သူတို့၏ “မဖြစ်နိုင်” ဟူသည့်အချက်မှာ သူတို့အနေဖြင့် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချကာ ဆန့်ကျင်ခဲ့ကြခြင်း၏ အခြေခံအကြောင်းရင်း ဖြစ်လာခဲ့ပြီး နောက်ဆုံးတွင် ဣသရေလနိုင်ငံ ပျက်စီးခြင်းသို့ ဦးတည်သွားစေခဲ့သည်။ ယနေ့ခေတ်၌လည်း များစွာသောလူတို့သည် အလားတူ အမှားမျိုးကို ကျူးလွန်ခဲ့ကြသည်။ ဘုရားသခင် ပေါ်ထွန်းမည့်အချိန် နီးပြီဖြစ်ကြောင်းကို အစွမ်းကုန် ကြေညာကြသော်လည်း၊ တစ်ချိန်တည်းတွင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ပြစ်တင်ရှုတ်ချကြသည်။ သူတို့၏ “မဖြစ်နိုင်” ဟူသည့်အချက်က သူတို့စိတ်ကူးနိုင်စွမ်း၏ အကန့်အသတ်များအတွင်း ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ထပ်မံ၍ ဘောင်ခတ်ထားကြသည်။ ထို့ကြောင့်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှတ်မထင် တွေ့ကြုံသွားပြီးသည့်နောက် ရုန့်ကြမ်းကျယ်လောင်စွာနှင့် အတောမသတ် ရယ်မောတတ်ကြသော လူများစွာကို ငါတွေ့ဖူးခဲ့ပြီ။ သို့သော် ထိုရယ်မောခြင်းသည် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချပြီး စော်ကားခဲ့ကြသည့် ဂျူးလူမျိုးများ၏ လုပ်ရပ်နှင့် ဘာမျှမခြားနားပါ။ သမ္မာတရား၏ မျက်မှောက်၌ သင်တို့သည် တောင့်တသည့် သဘောထားတစ်ခု ပိုင်ဆိုင်ဖို့ မဆိုထားနှင့်၊ ရိုသေလေးမြတ်ခြင်း မရှိကြပေ၊ သင်တို့သည် အရမ်းမဲ့ လေ့လာကြပြီး အပူအပင် အကြောင့်အကြမရှိ စောင့်နေကြသည်။ ထိုကဲ့သို့သော လေ့လာခြင်းနှင့် စောင့်မျှော်ခြင်းမှ သင့်အနေဖြင့် အဘယ်အရာကို ရနိုင်မည်နည်း။ ဘုရားသခင်ထံမှ ကိုယ်တိုင်ကိုယ်ကျ လမ်းပြခြင်းကို သင်ရရှိမည်ဟု သင်ထင်သလော။ ဘုရားသခင်၏ မိန့်မြွက်ချက်များကို သင်ပိုင်းခြားမသိနိုင်ပါက၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကိုယ်တိုင် မြင်တွေ့နိုင်ဖို့အတွက် သင်သည် မည်သည့်နည်းဖြင့် အရည်အချင်း ပြည့်မီမည်နည်း။ ဘုရားသခင် ပေါ်ထွန်းသော နေရာတိုင်းသည် သမ္မာတရားဖော်ပြခြင်းခံရသောနေရာ၊ ဘုရားသခင်၏အသံ ရှိမည်ဖြစ်သောနေရာ ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်သောသူများသာ ဘုရားသခင်၏ အသံကို ကြားနိုင်လိမ့်မည် ဖြစ်ပြီး ထိုသို့သော သူများသည်သာ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မျက်မြင်တွေ့နိုင်ဖို့အတွက် အရည်အချင်း ပြည့်မီသူများ ဖြစ်သည်။ သင်၏ အယူအဆများကို စွန့်လွှတ်လော့။ မိမိကိုယ်ကို ငြိမ်သက်စေကာ ဤနှုတ်ကပတ်တော်များကို သေသေချာချာ ဖတ်လော့။ သင့်အနေဖြင့် သမ္မာတရားကို တောင့်တလျှင် ဘုရားသခင်သည် သင့်ကို ဉာဏ်အလင်း ပေးလိမ့်မည်ဖြစ်ပြီး သူ၏အလိုနှင့် သူ၏ နှုတ်ကပတ်တော်များကို သင်နားလည်လိမ့်မည်။ “မဖြစ်နိုင်” ဟူသည့် သင်တို့၏ အမြင်များကို စွန့်လွှတ်လော့။ လူများအနေဖြင့် တစ်စုံတစ်ခုကို မဖြစ်နိုင်ဟု ယုံကြည်လေလေ၊ ယင်းမှာ ဖြစ်နိုင်ခြေ များလေလေဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ ဉာဏ်ပညာသည် ကောင်းကင်ထက် မားမားစွင့်စွင့် မြင့်မားပေ၏၊ ဘုရားသခင်၏ အကြံအစည်များသည်လည်း လူ၏ အကြံအစည်များထက် သာ၍မြင့်မားကာ ဘုရားသခင်၏ အလုပ်သည် လူ့အတွေးအခေါ်နှင့် အယူအဆတို့၏ အကန့်အသတ်များကို သာလွန်သောကြောင့် ဖြစ်သည်။ တစ်စုံတစ်ခုသည် မဖြစ်နိုင်ဟု ထင်ရလေလေ၊ ယင်း၌ ရှာဖွေနိုင်သည့် သမ္မာတရား သာ၍များလေလေ ဖြစ်သည်။ တစ်စုံတစ်ခုသည် လူတို့၏ အယူအဆများနှင့် စိတ်ကူးတို့်ကို ကျော်လွန်ကာ တည်ရှိလေလေ၊ ယင်း၌ ဘုရားသခင်၏ အလိုတော် သာ၍ပါလေလေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်နေရာ၌ ဘုရားသခင်က သူ့ကိုယ်သူ ထုတ်ဖော်သည်ဖြစ်စေ ဘုရားသခင်သည် ဘုရားသခင်ပင် ဖြစ်သည်။ ထို့ပြင် ဘုရားသခင် ပေါ်ထွန်းသည့် နည်းဟန် သို့မဟုတ် တည်နေရာကြောင့် သူ၏အနှစ်သာရမှာ ဘယ်သောအခါမျှ ပြောင်းလဲမည် မဟုတ်ပေ။ ဘုရားသခင်၏ ခြေရာများ မည်သည့်နေရာ၌ ရှိသည်ဖြစ်စေ ဘုရားသခင်၏ စိတ်သဘောထားက ပြောင်းလဲခြင်း မရှိပါ၊ ထို့ပြင် ဘုရားသခင်၏ ခြေရာများ မည်သည့်နေရာ၌ ရှိသည်ဖြစ်စေ ဘုရားသခင်သည် လူသားအားလုံး၏ ဘုရားသခင်ဖြစ်သည်၊ ယင်းအချက်မှာ သခင်ယေရှုသည် ဣသရေလလူမျိုးတို့၏ ဘုရားသာမဟုတ်ဘဲ အာရှ၊ ဥရောပနှင့် အမေရိကတို့ရှိ လူအားလုံး၏ ဘုရားဖြစ်သည်သာမက၊ ထို့ထက်ပို၍ပင် သူသည် စကြဝဠာတစ်ခုလုံး၌ တစ်ဆူတည်းသော ဘုရားပင် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အလိုကို ငါတို့ ရှာဖွေကြပါစို့။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သူ၏မိန့်မြွက်ခြင်းများထဲတွင် ရှာဖွေကြပါစို့။ ထို့ပြင် သူ၏ခြေလှမ်းများကို အမီလိုက်ကြပါစို့။ ဘုရားသခင်သည် လမ်းခရီးဖြစ်သည်၊ သမ္မာတရားလည်း ဖြစ်သည်၊ အသက်လည်း ဖြစ်သည်။ သူ၏နှုတ်ကပတ်တော်များနှင့် သူ၏ပေါ်ထွန်းခြင်းတို့သည် တစ်ပြိုင်တည်း တည်ရှိကြသည်၊ သူ၏ စိတ်သဘောထားနှင့် ခြေရာများသည်လည်း လူသားများအဖို့ အစဉ် လမ်းဖွင့်ပေးထားသည်။ ချစ်သော ညီအစ်ကို မောင်နှမတို့၊ ဤနှုတ်ကပတ်တော်များထဲ၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သင်တို့မြင်နိုင်ကာ ခေတ်သစ်တစ်ခေတ်ထဲသို့ သင်တို့ရှေ့တိုးလျက် လှမ်းသွားသည်နှင့် ဘုရားသခင်၏ ခြေလှမ်းများ နောက်သို့ စတင်လျှောက်လှမ်းပြီး ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို စောင့်မျှော်နေကြသူများအတွက် ဘုရားသခင် ပြင်ဆင်ပေးထားသည့် လှပသော ကောင်းကင်သစ်နှင့် မြေကြီးသစ်ဆီသို့ ဝင်ရောက်ကြ လိမ့်မည်ဟု ငါမျှော်လင့်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၁)- ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။