နောက်ဆုံးသော ကာလတွင် အမှုပြုဖို့ရန် တရုတ်ပြည်၌ ဘုရားသခင် လူဇာတိခံခြင်း၏ ရည်မှန်းချက်နှင့် အရေးပါမှု

18.11.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယေဟောဝါ၏အမှုမှာ ကမ္ဘာကို ဖန်ဆင်းခြင်းဖြစ်ပြီး ယင်းမှာ အစအဦး ဖြစ်သည်၊ အမှု၏ ယခုအဆင့်မှာမူ အမှု၏ အဆုံးဖြစ်ပြီး နိဂုံးဖြစ်သည်။ အစပိုင်းမှာ ဘုရားသခင်၏အမှုကို ဣသရေလ၏ ရွေးချယ်ခံရသည့် သူများကြားတွင် ဆောင်ရွက်ခဲ့ပြီး ထိုအရာမှာ နေရာအားလုံးထဲက အသန့်ရှင်းဆုံးနေရာ၌ ခေတ်သစ်တစ်ခု၏အစ ဖြစ်ခဲ့သည်။ အမှု၏ နောက်ဆုံးအဆင့်ကို နိုင်ငံများအားလုံးထဲမှ မသန့်ရှင်းဆုံးနိုင်ငံတွင် ဆောင်ရွက်ပြီး လောကကို တရားစီရင်လျက် ခေတ်ကြီးကို အဆုံးသတ်ရန် ဖြစ်သည်။ ပထမအဆင့်တွင် ဘုရားသခင်၏အမှုကို နေရာအားလုံးထဲမှ အတောက်ပဆုံးနေရာတွင် ဆောင်ရွက်ခဲ့ပြီး၊ နောက်ဆုံးအဆင့်ကိုမူ နေရာအားလုံးထဲမှ အမှောင်မိုက်ဆုံးနေရာတွင် ဆောင်ရွက်ခြင်းဖြစ်လျက် ဤအမှောင်ထုကို မောင်းထုတ်ပစ်ကာ အလင်းရောင်ကို ယူဆောင်ပေးပြီး လူအားလုံးကို သိမ်းပိုက်မည်ဖြစ်သည်။ နေရာအားလုံးထဲမှ မသန့်ရှင်းဆုံးနှင့် အမည်းမိုက်ဆုံးဖြစ်သော ဤနေရာမှ လူတို့ကို သိမ်းပိုက်ပြီး၍၊ လူထုတစ်ရပ်လုံးက စစ်မှန်သောဘုရားဖြစ်သည့် ဘုရားသခင်ရှိသည်ကို အသိအမှတ်ပြုပြီး လူတိုင်းသည် အကြွင်းမဲ့ လက်ခံယုံကြည်လာပြီးသောအခါ စကြဝဠာတစ်ခုလုံး၌ သိမ်းပိုက်ခြင်းအလုပ်ကို ဆောင်ရွက်ရန် ဤအချက်ကို အသုံးပြုမည်ဖြစ်သည်။ အမှု၏ ဤအဆင့်မှာ သင်္ကေတသဘောဆောင်သည်- ဤခေတ်၏အမှုကို ဆောင်ရွက်ပြီးသည်နှင့်၊ နှစ်ပေါင်း ၆၀ဝ၀ ကြာခဲ့သည့် စီမံခန့်ခွဲမှုအလုပ်သည် လုံး၀ အဆုံးသတ်လိမ့်မည်။ နေရာများ အားလုံးထဲမှ အမှောင်မိုက်ဆုံးနေရာ၌ ရှိသောသူတို့ကို သိမ်းပိုက်ပြီးသည်နှင့် အခြားနေရာတိုင်းတွင် အလားတူဖြစ်လာမည်မှာ ပြောစရာမလိုတော့ပေ။ သို့ဖြစ်၍ တရုတ်နိုင်ငံရှိ သိမ်းပိုက်ခြင်းအလုပ်ကသာလျှင် အဓိပ္ပာယ်ပြည့်ဝသည့် သင်္ကေတဖြင့်သရုပ်ဖော်မှု ပါရှိသည်။ တရုတ်နိုင်ငံသည် အမှောင်စွမ်းအားများအားလုံးကို ပုံဖော်နေပြီး တရုတ်နိုင်ငံမှ လူတို့သည် ဇာတိပကတိ၊ စာတန်နှင့် အသွေးအသားတို့နှင့် စပ်ဆိုင်သောသူများအားလုံးကို ကိုယ်စားပြုသည်။ တရုတ်ပြည်သူတို့သည် အဆင်းနီသော နဂါးကြီး၏ အများဆုံး ဖျက်ဆီးခြင်းကို ခံရသောသူများ၊ ဘုရားသခင့်အပေါ် အပြင်းထန်ဆုံးသော ဆန့်ကျင်မှု ပြုသူများဖြစ်ပြီး၊ သူတို့၏ လူ့သဘာဝမှာ အနိမ့်ကျဆုံးနှင့် မသန့်စင်ဆုံး ဖြစ်သောကြောင့် သူတို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံး၏ နမူနာပုံစံ ဖြစ်သည်။ ထိုသို့ပြောလိုက်၍ အခြားနိုင်ငံများ၌ ပြဿနာများ လုံးဝမရှိဟု မဆိုလိုပါ၊ လူသား၏ အယူအဆများမှာ အားလုံးအတူတူပင်ဖြစ်သည်၊ ဤနိုင်ငံများမှ လူများသည် အရည်အသွေးကောင်းသူများ ဖြစ်ကောင်းဖြစ်နိုင်ကြသော်လည်း သူတို့သည် ဘုရားသခင်ကို မသိရှိကြပါက သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်သူများ ဖြစ်ကြရပေမည်။ ဂျူးလူမျိုးများသည်လည်း ဘုရားသခင်ကို ဆန့်ကျင်ဖီဆန်ခဲ့ကြသည်မှာ အဘယ်ကြောင့်နည်း။ ဖာရိရှဲတို့သည်လည်း အဘယ့်ကြောင့် သူ့ကို ဆန့်ကျင်ခဲ့ကြသနည်း။ ယုဒက ယေရှုကို အဘယ့်ကြောင့် သစ္စာဖောက်ခဲ့သနည်း။ ထိုစဉ်က တပည့်တော်အများအပြားတို့သည် ယေရှုကို မသိကျွမ်းခဲ့ကြပေ။ ယေရှုသည် အဆုံးစီရင်ခံရပြီး ပြန်လည်ထမြောက်ခဲ့သည့် နောက်တွင် လူများသည် သူ့ကို မယုံကြည်ခဲ့ကြသေးသည်မှာ အဘယ်ကြောင့်နည်း။ လူသား၏ မနာခံခြင်းမှာ အားလုံးအတူတူပင် မဟုတ်လော။ တရုတ်ပြည်သူတို့ကို သာဓကတစ်ခုအဖြစ် ယူလိုက်ခြင်းမျှသာဖြစ်ပြီး၊ သူတို့ကို သိမ်းပိုက်ပြီးသည့် အချိန်တွင် သူတို့သည် စံပြပုံစံနှင့် နမူနာဖြစ်လာပြီး အခြားသူများအတွက် ကိုးကားမှီငြမ်းစရာ ဖြစ်လာမည်ဖြစ်သည်။ သင်တို့သည် ငါ့စီမံခန့်ခွဲမှုအစီအစဉ်၏ အဖြည့်တစ်ခု ဖြစ်သည်ဟု အဘယ့်ကြောင့် ငါအစဉ်တစိုက် ပြောလာခဲ့သနည်း။ ဖောက်ပြန်ပျက်စီးခြင်း၊ မစင်ကြယ်ခြင်း၊ မဖြောင့်မတ်ခြင်း၊ ဆန့်ကျင်ခြင်းနှင့် ပုန်ကန်ခြင်းများကို အပြည့်ဝဆုံး ပေါ်လွင်အောင်ပြသပြီး ၎င်းတို့၏ ပုံစံမျိုးစုံထဲတွင် ထုတ်ဖော်ထားသည်မှာ တရုတ်နိုင်ငံ၏ပြည်သူများ အတွင်း၌ဖြစ်သည်။ တစ်ဖက်တွင် သူတို့၏ အစွမ်းအစမှာ နိမ့်ကျနေလျက်၊ အခြားတစ်ဖက်တွင် သူတို့၏ အသက်တာများနှင့် စိတ်ဓာတ်မှာ ခေတ်နောက်ကျန်ရစ်နေပြီး သူတို့၏ အကျင့်များ၊ လူမှုဝန်းကျင်၊ မွေးဖွားရာမိသားစု၊ အားလုံးတို့မှာ နိမ့်ကျနေလျက် ခေတ်နောက်အကျဆုံး ဖြစ်နေသည်။ သူတို့၏ အဆင့်အတန်းသည်လည်း နိမ့်ကျသည်။ ဤနေရာ၌ အမှုသည် သင်္ကေတသဘောဆောင်ပြီး၊ ဤစမ်းသပ်ခြင်းအမှုကို အလုံးစုံ ဆောင်ရွက်ပြီးသည့်နောက်တွင် ဘုရားသခင်၏ နောက်ဆက်တွဲ အမှုသည် များစွာ ပိုမို လွယ်ကူလာမည်ဖြစ်သည်။ အလုပ်၏ ဤအဆင့်ကို အပြီးသတ်နိုင်လျှင် နောက်ဆက်တွဲအလုပ်မှာ ပြောစရာလိုအပ်မည်မဟုတ်ပါ။ အလုပ်၏ ဤအဆင့်ကို အထမြောက်အောင် ဆောင်ရွက်ပြီးသည်နှင့် ကြီးမားသောအောင်မြင်မှုကို အပြည့်အဝ ရယူပြီးလျက် စကြဝဠာတစ်ခုလုံးရှိ သိမ်းပိုက်ခြင်းအလုပ်သည် လုံး၀ အဆုံးသတ်လိမ့်မည်။ အမှန်အားဖြင့် သင်တို့အကြားရှိအမှုမှာ အောင်မြင်သည်နှင့် ယင်းသည် စကြဝဠာတစ်ခုလုံး၌ အောင်မြင်သည့်သဘောနှင့် အတူတူပင် ဖြစ်လိမ့်မည်။ ဤသည်မှာ ငါသည် သင်တို့ကို စံပြပုံစံနှင့် နမူနာအဖြစ် ဆောင်ရွက်စေခြင်းအကြာင်းရင်း၏ ရည်ရွယ်ချက်ပင်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂)

တရုတ်နိုင်ငံသည် နိုင်ငံများအားလုံးအနက် ခေတ်နောက်အကျဆုံး ဖြစ်သည်။ ယင်းသည် အဆင်းနီသောနဂါးကြီး ရစ်ခွေလျက် လဲလျောင်းသော မြေဖြစ်သည်၊ ယင်းသည် ရုပ်တုများကို ကိုးကွယ်သောသူများနှင့် မှော်အတတ်တွင် ပါဝင်သောသူများ အများဆုံးရှိပြီး၊ ဘုံကျောင်းများ အများဆုံးရှိကာ၊ ညစ်ညူးသော မကောင်းဆိုးရွားများ နေထိုင်သော နေရာတစ်ခု ဖြစ်သည်။ သင်သည် ထိုနေရာ၌ မွေးခဲ့၏၊ ထိုနေရာအားဖြင့် သင်သည် ပညာတတ်မြောက်ခဲ့ပြီး၊ ယင်း၏ လွှမ်းမိုးမှုဖြင့် ပြည့်နှက်ခဲ့သည်။ သင်သည် ယင်း၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရကာ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ရသည်၊ သို့သော် နိုးထစေခြင်း ခံရပြီးနောက်တွင် သင်သည် ထိုအရာကို စွန့်လွှတ်ပြီး၊ ဘုရားသခင်၏ လုံးဝ ရယူခြင်းကို ခံရသည်။ ဤသည်မှာ ဘုရားသခင်၏ဘုန်းအသရေဖြစ်ပြီး၊ ဤသည်မှာ အမှု၏ ဤအဆင့်က ကြီးမားသော အရေးပါမှုရှိသည့် အကြောင်းရင်းဖြစ်သည်။ ဘုရားသခင်သည် ဤမျှကြီးမားသော အတိုင်းအတာရှိသည့် အမှုကို လုပ်ဆောင်ပြီး ဖြစ်သည်၊ နှုတ်ကပတ်တော်များစွာ ပြောဆိုပြီးဖြစ်ကာ၊ သူသည် သင်တို့ကို နောက်ဆုံးတွင် လုံးဝ ရယူလိမ့်မည်ဖြစ်သည်- ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့်ဆိုင်သည့် အမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သင်တို့သည် ဘုရားသခင်နှင့် စာတန် စစ်ပွဲ၏ “အောင်ပွဲလက်ရပစ္စည်းများ” ဖြစ်သည်။ သမ္မာတရားကို သင် သာ၍နားလည်ပြီး သင်၏ အသင်းတော်အသက်တာ ပို၍ ကောင်းမွန်လေလေ၊ အဆင်းနီသော နဂါးကြီးသည် ရှုံးနိမ့်ရလေလေ ဖြစ်သည်။ ဤအရာများအားလုံးသည် ဝိညာဉ်လောက၏ ကိစ္စရပ်များဖြစ်သည်- ယင်းတို့သည် ဝိညာဉ်လောက၏ တိုက်ပွဲများဖြစ်ပြီး၊ ဘုရားသခင် အောင်နိုင်သည့်အခါ စာတန်သည် အရှက်ရပြီး လဲကျလိမ့်မည်။ ဘုရားသခင်၏အမှု၏ ဤအဆင့်သည် ကြီးမားသော အရေးပါမှုရှိသည်။ သင်တို့အနေဖြင့် စာတန်၏ လွှမ်းမိုးမှုမှ လွတ်မြောက်နိုင်ကြဖို့၊ သန့်ရှင်းသော မြေတွင် အသက်ရှင်နိုင်ကြဖို့၊ ဘုရားသခင်၏ အလင်းတွင် အသက်ရှင်နိုင်ကြဖို့နှင့် အလင်း၏ ဦးဆောင်မှုနှင့် လမ်းပြမှုတို့ ရှိနိုင်ကြဖို့အလို့ငှာ၊ ဘုရားသခင်သည် ထိုသို့သော ဧရာမအတိုင်းအတာဖြင့် အမှုကို လုပ်ဆောင်ပြီး ဤလူစုကို လုံးဝ ကယ်တင်လေသည်။ ထို့နောက် သင်၏ အသက်တာအဖို့ အဓိပ္ပါယ်ရှိသည်။ သင်တို့စားသည့်အရာနှင့် ဝတ်သည့်အရာသည် မယုံကြည်သူများနှင့် ခြားနားသည်။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မွေ့လျော်ပြီး အဓိပ္ပါယ်ရှိသော အသက်တာကို နေထိုင်သည်- ပြီးလျှင် ၎င်းတို့သည် မည်သည့်အရာကို မွေ့လျော်ကြသနည်း။ ၎င်းတို့သည် ၎င်းတို့၏ “ဘိုးဘေးပိုင် အမွေအနှစ်” နှင့် သူတို့၏ “အမျိုးသားရေးစိတ်ဓာတ်” တို့ကိုသာ မွေ့လျော်ကြသည်။ ၎င်းတို့သည် လူ့သဘာဝ စိုးစဉ်းကလေးမျှပင် မရှိကြလေပြီ။ သင်တို့၏ အဝတ်အစားများ၊ စကားများနှင့် အပြုအမူများသည် ၎င်းတို့နှင့် လုံးဝခြားနားသည်။ နောက်ဆုံးတွင်၊ သင်တို့သည် ညစ်ညူးခြင်းမှ လုံးဝ လွတ်မြောက်ကြလိမ့်မည်၊ စာတန်၏ သွေးဆောင်ခြင်းတွင် နောက်ထပ် အမိခံရတော့မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ နေ့စဉ်ထောက်ပံ့မှုကို ရရှိကြလိမ့်မည် ဖြစ်သည်။ သင်တို့သည် အစဉ်မပြတ် သတိထားသင့်သည်။ သင်တို့သည် ညစ်ညမ်းသောနေရာ၌ အသက်ရှင်ကြသော်လည်း၊ ညစ်ညမ်းမှုနှင့် မစွန်းထင်းကြသကဲ့သို့၊ ဘုရားသခင်၏ ကြီးမားသော ကွယ်ကာမှုကို ရရှိလျက် ဘုရားသခင်နှင့်အတူ အသက်ရှင်နိုင်ကြလေသည်။ ဘုရားသခင်သည် သင်တို့ကို ဤအဝါရောင်မြေ ပေါ်တွင် အားလုံးထဲမှ ရွေးချယ်ထားလေသည်။ သင်တို့သည် ကောင်းချီး အခံစားရဆုံးလူများ ဖြစ်ကြသည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၂)

မောဘ၏ သားစဉ်မြေးဆက်များအပေါ် ယခု အမှုပြုရန်မှာ အကြီးမားဆုံးသော အမှောင်ထဲသို့ ကျဆင်း သွားကြပြီးဖြစ်သူများကို ကယ်တင်ရန် ဖြစ်သည်။ ၎င်းတို့သည် ကျိန်ဆဲခြင်းကို ခံခဲ့ရသော်လည်း၊ ၎င်းတို့အားလုံးသည် အစကတည်းက မိမိတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင် မရှိခဲ့ကြသည့် လူများဖြစ်သောကြောင့် ဘုရားသခင်သည် ၎င်းတို့ထံမှ ဘုန်းအသရေကိုရရန် လိုလားလျက်ရှိသည်။ မိမိတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင် မရှိသောသူတို့ကို သူ့အား နာခံစေပြီး ချစ်စေခြင်းသည်သာ စစ်မှန်သော သိမ်းပိုက်ခြင်း ဖြစ်ကာ၊ ထိုသို့သော အမှု၏အသီးအပွင့်သည် တန်ဖိုးအရှိဆုံးနှင့် ယုံကြည်လက်ခံနိုင်ဖွယ် အဖြစ်ဆုံး ဖြစ်သည်။ ဤအရာသည်သာ ဘုန်းအသရေ ရရှိခြင်းဖြစ်သည်- ဤသည်မှာ နောက်ဆုံးသောကာလတွင် ဘုရားသခင် ရရှိလိုသည့် ဘုန်းအသရေ ဖြစ်သည်။ ဤလူတို့သည် အဆင့်အတန်း နိမ့်ကျသော်လည်း၊ ၎င်းတို့ ယခုအခါ ထိုသို့ ကြီးမားသည့် ကယ်တင်ခြင်းကို ရရှိနိုင်ကြသည်မှာ အမှန်တကယ် ဘုရားသခင်၏ ချီးမြှောက်ခြင်း ဖြစ်သည်။ ဤအမှုသည် အလွန် အဓိပ္ပာယ်ရှိပြီး ဤလူတို့ကို သူ ရယူခြင်းမှာ တရားစီရင်ခြင်း မှတစ်ဆင့် ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ ဤလူတို့ကို အပြစ်ပေးဖို့မဟုတ်ဘဲ၊ ၎င်းတို့ကို ကယ်တင်ဖို့ ဖြစ်သည်။ အကယ်၍ နောက်ဆုံးသောကာလ အတွင်းတွင် သူသည် ဣသရေလနိုင်ငံ၌ သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်နေဆဲ ဖြစ်ပါက၊ ယင်းမှာ တန်ဖိုးရှိလိမ့်မည် မဟုတ်ပေ။ ယင်းက အကျိုးအမြတ် ဖြစ်ထွန်းခဲ့လျှင်ပင်၊ ယင်းသည် တန်ဖိုး သို့မဟုတ် ကြီးမားသော အရေးပါမှု တစ်ခုတလေ ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ ဘုန်းအသရေအားလုံးကို သူရရှိနိုင်လိမ့်မည် မဟုတ်ပေ။ သူသည် အမှောက်မိုက်ဆုံး အရပ်များထဲသို့ ကျဆင်းခဲ့သူများ၊ နောက်ကျကျန်ရစ်ဆုံးသောသူများ ဖြစ်သည့် သင်တို့အပေါ် အမှုပြုနေသည်။ ဤလူတို့သည် ဘုရားသခင်တစ်ဆူ ရှိသည်ကို အသိအမှတ်ပြုခြင်း မရှိသကဲ့သို့၊ ဘုရားသခင် တစ်ဆူရှိသည်ကို မည်သည့်အခါမျှ မသိခဲ့ကြပေ။ ဤဖန်ဆင်းခံ သတ္တဝါများသည် ဘုရားသခင်ကို မေ့လျာ့ကြပြီးဖြစ်သည်အထိ စာတန်၏အလွန် ဖောက်ပြန်ပျက်စီးစေခြင်းကို ခံခဲ့ကြရသည်။ ၎င်းတို့သည် စာတန်၏ မျက်စိကန်းစေခြင်းကို ခံရပြီးဖြစ်ကာ၊ ကောင်းကင်ဘုံ၌ ဘုရားသခင်တစ်ဆူရှိသည်ကို လုံးဝမသိကြပေ။ သင်တို့၏ စိတ်နှလုံးများထဲတွင်၊ သင်တို့အားလုံးသည် ရုပ်တုဆင်းတုများကို ကိုးကွယ်ကြပြီး၊ စာတန်ကို ကိုးကွယ်ကြသည်- သင်တို့သည် အနိမ့်ကျဆုံး၊ ခေတ်နောက်ကျ အကျန်ရစ်ဆုံးသောလူများ မဟုတ်သလော။ သင်တို့သည် မည်သည့်ကိုယ်ပိုင်လွတ်လပ်မှုမျှ မရှိဘဲ၊ ဇာတိပကတိထဲတွင် အနိမ့်ကျဆုံးဖြစ်ပြီး၊ အခက်အခဲများကိုလည်း သင်တို့ ခံစားကြရ၏။ သင်တို့သည် လွတ်လပ်စွာ ယုံကြည်ခွင့်ပင် မရှိဘဲ၊ ဤလူ့အဖွဲ့အစည်းထဲက အနိမ့်ကျဆုံးအဆင့်၌ ရှိကြသည့် လူများလည်း ဖြစ်ကြသည်။ ဤတွင် သင်တို့အပေါ် အမှုပြုခြင်း၏ ရည်ရွယ်ချက် တည်ရှိ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မောဘ၏ သားစဉ်မြေးဆက်များကို ကယ်တင်ခြင်း အဓိပ္ပါယ်

ဘုရားသခင်သည် အားလုံးထဲမှ ခေတ်နောက်အကျန်ဆုံးနှင့် အညစ်ညူးဆုံးသော နေရာတွင် လူ့ဇာတိခံလာခဲ့ပြီး ဘုရားသခင်သည် သူ၏ သန့်ရှင်းပြီး ဖြောင့်မတ်သော စိတ်သဘောထား အလုံးစုံကို ရှင်းရှင်းလင်းလင်း ပြသနိုင်သည်မှာ ဤနည်းဖြင့်သာ ဖြစ်သည်။ ပြီးလျှင် မည်သည့်အရာမှတစ်ဆင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား ပြသခံရသနည်း။ ယင်းသည် လူသား၏ အပြစ်များကို သူ တရားစီရင်သည့်အချိန်၊ စာတန်ကို သူ တရားစီရင်သည့်အချိန်၊ အပြစ်ကို သူ စက်ဆုပ်သည့်အချိန်နှင့် သူ့ကို ဆန့်ကျင်ပြီး ပုန်ကန်သည့် ရန်သူများကို စက်ဆုပ်ရွံရှာသည့်အခါတွင် ပြသခံရပေသည်။ ယနေ့ ငါ ပြောဆိုသော နှုတ်ကပတ်တော်များသည် လူတို့၏ အပြစ်များကို တရားစီရင်ဖို့၊ လူတို့၏ မဖြောင့်မတ်ခြင်းကို တရားစီရင်ဖို့၊ လူသား၏ မနာခံမှုကို ကျိန်ဆဲဖို့ ဖြစ်ပေသည်။ ဘုရားသခင်၏ အလိုတော်နှင့် ကွဲလွဲသည့် အရာအားလုံးဖြစ်သော လူသား၏ ကောက်ကျစ်မှုနှင့် လှည့်စားမှု၊ လူသား၏ စကားများနှင့် လုပ်ရပ်များသည် တရားစီရင်ခြင်း ခံရမည် ဖြစ်ပြီး လူသား၏ မနာခံမှုကို အပြစ်အဖြစ် စွတ်စွဲရှုတ်ချခံရပေမည်။ သူ၏နှုတ်ကပတ်တော်များသည် တရားစီရင်ခြင်း၏ နိယာမများကို ဗဟိုပြုသည်။ သူသည် လူသား၏ မဖြောင့်မတ်မှုအား တရားစီရင်ခြင်း၊ လူသား၏ ပုန်ကန်မှုအား ကျိန်ဆဲခြင်းနှင့် လူသား၏ အကျည်းတန် မျက်နှာများအား ဖော်ထုတ်ခြင်းတို့ကို သူ၏ ကိုယ်ပိုင် ဖြောင့်မတ်သော စိတ်သဘောထား ထင်ရှားစေဖို့ရန် အသုံးပြုလေသည်။ သန့်ရှင်းခြင်းသည် သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကိုယ်စားပြုခြင်းတစ်ခု ဖြစ်ပြီး အမှန်တွင် ဘုရားသခင်၏ သန့်ရှင်းခြင်းသည် အကယ်စင်စစ် သူ၏ ဖြောင့်မတ်သော စိတ်သဘောထား ဖြစ်ပေသည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ယနေ့ နှုတ်ကပတ်တော်များ၏ ဆက်စပ်သည့် အကြောင်းအရာဖြစ်သည်- စကားပြောဖို့နှင့် တရားစီရင်ဖို့၊ ပြီးလျှင် သိမ်းပိုက်ခြင်းအမှုကို ဆောင်ရွက်ဖို့ ၎င်းတို့ကို ငါအသုံးပြု၏။ ဤအရာတစ်ခုတည်းသာ စစ်မှန်သော အမှုဖြစ်ပြီး၊ ဤအရာတစ်ခုတည်းသာ ဘုရားသခင်၏ သန့်ရှင်းခြင်းကို အပြည့်အဝ ထွန်းလင်းစေသည်။ သင့်အထဲတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အရိပ်အယောင် မရှိပါက၊ သင့်ကို ဘုရားသခင် တရားစီရင်မည် မဟုတ်သကဲ့သို့၊ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကိုလည်း သင့်ကို ပြလိမ့်မည်မဟုတ်။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသည့်အတွက်၊ ဘုရားသခင်သည် သင့်ကို သက်ညှာမည် မဟုတ်ပေ၊ ထို့အပြင် သူ၏ သန့်ရှင်းခြင်း ပြသခံရသည်မှာ ဤအရာမှတဆင့် ဖြစ်သည်။...

ဣသရေလ၌လုပ်ဆောင်ခဲ့သော အမှုနှင့် ယနေ့ အမှုတို့ကြား ကြီးမားသော ကွဲပြားခြားနားမှုတစ်ခု ရှိ၏။ ယေဟောဝါသည် ဣသရေလအမျိုးသားတို့၏ အသက်တာများကို လမ်းပြခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ များစွာ သိပ်မရှိခဲ့ပေ၊ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်တွင် လူတို့သည် လောကနှင့်သက်ဆိုင်၍ သိနားလည်မှု အလွန်နည်းပါးခဲ့ပြီး၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အနည်းငယ်သာ ရှိခဲ့သောကြောင့် ဖြစ်သည်။ ထိုအချိန်က ဣသရေလ အမျိုးသားတို့သည် ယေဟောဝါကို လုံးဝ နာခံခဲ့ကြသည်။ ယဇ်ပလ္လင်များကို တည်ဆောက်ဖို့ ၎င်းတို့ကို ပြောခဲ့သည့် အချိန်တွင်၊ ယဇ်ပလ္လင်များကို ၎င်းတို့ အလျင်အမြန် တည်ဆောက်ခဲ့ကြသည်။ ယဇ်ပရောဟိတ်များ၏ ဝတ်လုံများကို ဝတ်ဆင်ဖို့ ၎င်းတို့ကို ပြောသည့်အချိန်တွင်၊ ၎င်းတို့ နာခံခဲ့ကြသည်။ ထိုနေ့ရက်ကာလများတွင်၊ ယေဟောဝါသည် သိုးထိန်း၏ လမ်းပြမှုနောက်လိုက်ရင်းနှင့် စားကျက်တွင် မြက်ကိုစားနေသည့် သိုးများနှင့်အတူရှိလျက် သိုးစုတစ်စုကို ထိန်းကျောင်းနေသည့် သိုးထိန်းတစ်ဦးအလား ဖြစ်ခဲ့သည်။ ယေဟောဝါသည် ၎င်းတို့ စားပုံ၊ ဝတ်ပုံ၊ နေထိုင်ပုံနှင့် ခရီးသွားပုံတို့တွင် ၎င်းတို့ကို ဦးဆောင်ရင်း ၎င်းတို့၏ အသက်တာများကို လမ်းပြခဲ့သည်။ ထိုအချိန်က လူသားမျိုးနွယ်သည် မွေးကင်းစဖြစ်ခဲ့သည့်အတွက် ယင်းမှာ ဘုရားသခင်၏ စိတ်သဘောထားကို ပေါ်လွင်စေသည့်အချိန် မဟုတ်ခဲ့ပေ။ ပုန်ကန်တတ်ပြီး ရန်မူလိုသူ အနည်းငယ်ရှိခဲ့သည်၊ လူသားမျိုးနွယ်ကြားတွင် ညစ်ညူးမှုများစွာ မရှိခဲ့၊ ထို့ကြောင့် လူတို့သည် ဘုရားသခင်၏ စိတ်သဘောထားအဖို့ အဖြည့်ခံအဖြစ် မပြုမူနိုင်ခဲ့ကြချေ။ ဘုရားသခင်၏ သန့်ရှင်းခြင်း ပေါ်လွင်သည်မှာ ညစ်ညူးမှု နယ်မြေမှလာသော လူတို့မှတဆင့် ဖြစ်သည်။ ယနေ့၊ သူသည် ညစ်ညူးမှု နယ်မြေနှင့်ဆိုင်သော ဤလူတို့၌ ပြသသည့် ညစ်ညူးမှုကို အသုံးပြုပြီး တရားစီရင်၏၊ တရားစီရင်မှုအလယ်၌ သူ၏ဖြစ်ခြင်းသည် ဤသို့ ထုတ်ဖော်ပြ ခံရသည်။ အဘယ်ကြောင့် သူ တရားစီရင်သနည်း။ သူသည် အပြစ်ကို စက်ဆုပ်သောကြောင့် တရားစီရင်ခြင်း နှုတ်ကပတ်တော်များကို ပြောဆိုနိုင်ခြင်းဖြစ်သည်။ သူသည် လူသားမျိုးနွယ်၏ ပုန်ကန်မှုကို မစက်ဆုပ်ပါက၊ အဘယ်ကြောင့် အမျက်ဒေါသ အလွန် ထွက်နိုင်ရမည်နည်း။ သူ၏အတွင်းတွင် စက်ဆုပ်မှု၊ ရွံရှာမှု မရှိပါက၊ လူတို့၏ ပုန်ကန်မှုကို သူ အရေးမစိုက်ပါက၊ သူသည် လူသားကဲ့သို့ ညစ်ညူးသောသူ ဖြစ်သည်ကို ယင်းက သက်သေပြပေလိမ့်မည်။ လူသားကို သူ တရားစီရင်ပြီး ပြစ်တင်ဆုံးမနိုင်သည်မှာ ညစ်ညူးခြင်းကို သူ စက်ဆုပ်သောကြောင့်ဖြစ်ပြီး၊ သူ စက်ဆုပ်သည့်အရာသည် သူ့ထံတွင် မရှိပေ။ သူ့အထဲတွင် ဆန့်ကျင်ခြင်းနှင့် ပုန်ကန်ခြင်းတို့ ရှိပါကလည်း၊ ရန်လိုပြီး ပုန်ကန်တတ်သောသူတို့ကို သူ စက်ဆုပ်လိမ့်မည်မဟုတ်။ နောက်ဆုံးသော ကာလ၏ အမှုကို ဣသရေလ၌ သူ ဆောင်ရွက်ခဲ့ပါက၊ ယင်းမှာ အဓိပ္ပါယ်ရှိလိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့် နောက်ဆုံးသောကာလ အမှုကို အားလုံးထဲတွင် အမှောင်ဆုံးနှင့် ခေတ်အနောက်ကျဆုံးသော နေရာဖြစ်သည့် တရုတ်ပြည်၌ လုပ်ဆောင်နေသနည်း။ ယင်းမှာ သူ၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို ပြသဖို့အလို့ငှာ ဖြစ်ပေသည်။ အတိုချုပ်အနေဖြင့်၊ နေရာက ပိုမှောင်လေ၊ ဘုရားသခင်၏ သန့်ရှင်းခြင်းကို ရှင်းရှင်းလင်းလင်း ပိုပြသနိုင်လေ ဖြစ်သည်။ အမှန်တွင်၊ ဤအရာအားလုံးသည် ဘုရားသခင်၏ အမှုအတွက်အလို့ငှာ ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအမှု ဒုတိယအဆင့်၏ အကျိုးတရားများကို ရရှိပုံ

ကမ္ဘာမြေကြီးပေါ်သို့ ဘုရားသခင် ကြွလာခဲ့ချိန်တွင်၊ သူသည် လောကနှင့် မသက်ဆိုင်ခဲ့သကဲ့သို့၊ လောကကို ပျော်မွေ့ရန် လူ့ဇာတိခံယူခဲ့ခြင်း မဟုတ်ပေ။ အမှုပြုခြင်းက သူ၏ စိတ်သဘောထားကို ထုတ်ဖော်ပြပြီး အဓိပ္ပါယ်အရှိဆုံး ဖြစ်မည့်နေရာမှာ သူမွေးဖွားခဲ့သော နေရာဖြစ်သည်။ ယင်းမှာ သန့်ရှင်းသော တိုင်းပြည်ဖြစ်စေ၊ ညစ်ညူးသော တိုင်းပြည် တစ်ပြည်ဖြစ်စေ၊ မည်သည့်နေရာတွင် သူအမှုပြုပါစေ၊ သူသည် သန့်ရှင်း၏။ အရာအားလုံးသည် စာတန်၏ ဖျက်ဆီးခြင်း ခံရပြီးဖြစ်သော်လည်း၊ လောကထဲရှိ အရာရာတိုင်းကို သူ ဖန်ဆင်းထားခြင်းဖြစ်၏။ သို့သော်လည်း အရာအားလုံးသည် သူနှင့် သက်ဆိုင်ဆဲဖြစ်၏။ ၎င်းတို့ အားလုံးသည် သူ၏ လက်ထဲတွင် ရှိကြသည်။ သူသည် သူ၏ သန့်ရှင်းခြင်းကို ထုတ်ဖော်ပြဖို့အလို့ငှာ ညစ်ညူးသော တိုင်းပြည်တစ်ပြည်သို့ ကြွလာပြီး ထိုနေရာတွင် အမှုပြုလေသည်။ သူသည် ဤအရာကို သူ၏အမှုအတွက်သာ ပြုခြင်းဖြစ်သည်၊ ဆိုလိုသည်မှာ ဤညစ်ညူးသောတိုင်းပြည်မှ လူတို့ကို ကယ်တင်ရန်အလို့ငှာ၊ သူသည် ထိုသို့သော အမှုကိုပြုဖို့ ကြီးစွာသော အရှက်ရခြင်းကို ခံရပ်လေသည်။ ဤသည်မှာ‌ လူသားမျိုးနွယ်အားလုံးအတွက် သက်သေခံဖို့ရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုသို့သော အမှုက လူတို့ကို ပြသသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြစ်ပြီး၊ ယင်းသည် ဘုရားသခင်၏ကြီးစိုးမှုကို ပို၍ကောင်းစွာ ပြသနိုင်သည်။ အခြားသူများက အထင်အမြင်သေးသည့် အောက်တန်းကျသော လူစုတစ်စုကို ကယ်တင်ခြင်းတွင် သူ၏ကြီးမြတ်ခြင်းနှင့် ဖြောင့်မတ်တည်ကြည်ခြင်းတို့ ထင်ရှားပေသည်။ ညစ်ညူးသော တိုင်းပြည်တစ်ခုတွင် မွေးဖွားခြင်းက သူသည် အရေးမပါသည်ကို သက်သေပြခြင်း လုံးဝ မဟုတ်ပေ။ ယင်းက သူ၏ ကြီးမြတ်ခြင်းနှင့် လူသားမျိုးနွယ်အတွက် သူ၏ စစ်မှန်သော ချစ်ခြင်းမေတ္တာကို ဖန်ဆင်းထားသောအရာအားလုံးအား မြင်ခွင့်ပေးခြင်း သက်သက် ဖြစ်သည်။ ထိုသို့ သူလုပ်ဆောင်လေလေ၊ လူသားအတွက် သူ၏ဖြူစင်သော ချစ်ခြင်းမေတ္တာ၊ သူ၏ အပြစ်အနာအဆာ မရှိသော ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြလေလေ ဖြစ်သည်။ ဘုရားသခင်သည် သန့်ရှင်းပြီး ဖြောင့်မတ်၏။ သူသည် ညစ်ညူးသော တိုင်းပြည်တစ်ပြည်တွင် မွေးဖွားခဲ့ပြီး၊ ညစ်ညူးမှုနှင့် ပြည့်နှက်နေသော လူတို့နှင့်အတူ အသက်ရှင်သော်လည်း၊ ကျေးဇူးတော်ခေတ်တွင် အပြစ်သားများ နှင့်အတူ ယေရှု အသက်ရှင်ခဲ့သည့်အတိုင်း သူ၏အမှုအားလုံးသည် လူသားမျိုးနွယ်အားလုံး၏ ရှင်သန်ရေးအတွက် လုပ်ဆောင်ခြင်း မဟုတ်လော။ လူသားမျိုးနွယ်အနေဖြင့် ကြီးမားသော ကယ်တင်ခြင်းကို ရရှိနိုင်ဖို့အလို့ငှာသာ ဖြစ်သည်မဟုတ်သလော။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်က၊ သူသည် အပြစ်သားများ နှင့်အတူ နှစ်အနည်းငယ် အသက်ရှင်ခဲ့သည်။ ယင်းမှာ ရွေးနုတ်ခြင်းအတွက် ဖြစ်ခဲ့သည်။ ယနေ့တွင် သူသည် ညစ်ညူးကာ အရေးမပါသော လူတစ်စုနှင့်အတူ နေထိုင်လျက် ရှိသည်။ ဤသည်မှာ ကယ်တင်ခြင်းအတွက် ဖြစ်သည်။ သူ၏အမှုအားလုံးသည် သင်တို့လူသားများ အတွက် မဟုတ်လော။ လူသားမျိုးနွယ်ကို ကယ်တင်ရန် မဟုတ်ခဲ့ပါက၊ သူသည် နွားစားခွက်ထဲတွင် မွေးဖွားခဲ့ပြီးနောက် အဘယ်ကြောင့် အပြစ်သားများနှင့်အတူ နှစ်ပေါင်းများစွာ အသက်ရှင်ပြီး ဒုက္ခဆင်းရဲခံခဲ့မည်နည်း။ ပြီးလျှင် လူသားမျိုးနွယ်ကို ကယ်တင်ရန် မဟုတ်ခဲ့ပါက၊ သူသည် အဘယ်ကြောင့် ဒုတိယအကြိမ် လူ့ဇာတိပြန်လည်ခံယူကာ၊ နတ်ဆိုးများ စုဝေးရာ ဤတိုင်းပြည်တွင် မွေးဖွားပြီး စာတန်၏ နက်ရှိုင်းစွာ ဖျက်ဆီးခြင်း ခံခဲ့ရသော ဤလူတို့နှင့်အတူ အသက်ရှင်လိမ့်မည်နည်း။ ဘုရားသခင်သည် သစ္စာရှိသည် မဟုတ်လော။ သူ့အမှု၏ မည်သည့်အပိုင်းသည် လူသားမျိုးနွယ်အတွက် မဟုတ်ခဲ့သနည်း။ မည်သည့် အပိုင်းသည် သင်တို့၏ ကံကြမ္မာအတွက် မဟုတ်ခဲ့သနည်း။ ဘုရားသခင်သည် သန့်ရှင်းတော်မူ၏- ဤသည်မှာ ပြောင်းလဲ၍ မရနိုင်ပေ။ သူသည် ညစ်ညူးသော တိုင်းပြည်တစ်ပြည်သို့ ကြွလာခဲ့သော်လည်း၊ အညစ်အကြေးများဖြင့် ညစ်ညမ်းမသွားခဲ့ပေ။ ဤအရာအားလုံးမှာ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အလွန့်အလွန် ကိုယ်ကျိုးမငဲ့သကဲ့သို့၊ သူခံရပ်သည့် ဒုက္ခဆင်းရဲနှင့် အရှက်ရခြင်းတို့သည် အလွန့်အလွန် ကြီးမားသည်ကိုသာ ဆိုလိုနိုင်ပေသည်။ သင်တို့အားလုံးနှင့် သင်တို့၏ ကံကြမ္မာအတွက် သူ ခံစားသည့် အရှက်ရခြင်း မည်မျှ ကြီးမားသည်ကို သင်တို့ မသိကြသလော။ ကြီးမြတ်သောလူများ သို့မဟုတ် ကြွယ်ဝချမ်းသာပြီး သြဇာကြီးသော မိသားစုများ၏ သားများကို ကယ်တင်ခြင်းထက်၊ အရေးမပါသကဲ့သို့ အထင်အမြင်သေးခြင်း ခံရသောသူများကို ကယ်တင်ခြင်းအား သူ မပျက်မကွက် လုပ်လေသည်။ ဤအရာအားလုံးသည် သူ၏သန့်ရှင်းခြင်း ဖြစ်သည် မဟုတ်လော။ ဤအရာအားလုံးသည် သူ၏ ဖြောင့်မတ်ခြင်း ဖြစ်သည် မဟုတ်လော။ လူသားမျိုးနွယ် အားလုံး၏ ရှင်သန်ခြင်းအတွက် သူသည် ညစ်ညူးသော တိုင်းပြည်တစ်ပြည်တွင် မွေးဖွားကာ အရှက်ရခြင်းအားလုံးကို ခံစားရန် သာ၍လိုလားခဲ့သည်။ ဘုရားသခင်သည် အလွန် စစ်မှန်၏- သူသည် မမှန်သောအမှုကို မပြုပေ။ အမှု၏ အဆင့်တိုင်းသည် အင်မတန် လက်တွေ့ကျသည့် နည်းလမ်းဖြင့် လုပ်ဆောင်ထားသည် မဟုတ်လော။ လူအားလုံးက သူ့ကို မကောင်းပြောကြပြီး သူသည် အပြစ်သားများနှင့် စားပွဲတွင် အတူထိုင်သည်ဟု ဆိုကြသော်လည်း၊ လူအားလုံးက သူ့ကို သရော်ကြပြီး သူသည် ညစ်ညူးမှု၏သားများနှင့်အတူ အသက်ရှင်သည်၊ လူတို့ထဲတွင် အနိမ့်ကျဆုံးဖြစ်သော သူများနှင့်အတူ အသက်ရှင်သည်ဟု ဆိုကြသော်လည်း၊ သူသည် ကိုယ်ကျိုးမငဲ့ဘဲ မိမိကိုယ်ကိုယ် ပေးအပ်နေဆဲဖြစ်ပြီး၊ ထိုကဲ့သို့ လူသားမျိုးနွယ်ကြားတွင် ငြင်းပယ်ခံရဆဲ ဖြစ်သည်။ သူခံရပ်ရသော ဒုက္ခဆင်းရဲသည် သင်တို့၏ ဒုက္ခဆင်းရဲထက် ပို၍ကြီးမားသည် မဟုတ်သလော။ သူ ပြုသောအမှုသည် သင်ပေးခဲ့သော အဖိုးအခထက် ပိုများသည် မဟုတ်သလော။ သင်တို့သည် ညစ်ညူးသော တိုင်းပြည်တစ်ပြည်တွင် မွေးဖွားခဲ့သော်လည်း၊ ဘုရားသခင်၏ သန့်ရှင်းခြင်းကို သင်တို့ ရရှိကြပြီး ဖြစ်သည်။ သင်တို့သည် နတ်ဆိုးများ စုဝေးသော တိုင်းပြည်တစ်ပြည်တွင် မွေးဖွားခဲ့သော်လည်း၊ ကြီးမားသော ကွယ်ကာမှုကို ရရှိကြပြီးဖြစ်သည်။ သင်တို့တွင် ရွေးချယ်စရာ မည်သည့်အရာ ရှိသနည်း။ သင်တို့တွင် မည်သည့် မကျေနပ်မှုများ ရှိသနည်း။ သူခံရပ်ခဲ့သည့် ဒုက္ခဆင်းရဲသည် သင်တို့ ခံရပ်ခဲ့သော ဒုက္ခဆင်းရဲထက် ပို၍ကြီးမားသည် မဟုတ်သလော။ သူသည် ကမ္ဘာမြေပေါ်သို့ ကြွလာပြီးဖြစ်ကာ၊ လူ့လောက၏ သာယာကြည်နူးဖွယ်ရာများကို လုံးဝ မမွေ့လျော်ခဲ့ပေ။ ထိုသို့သော အရာများကို သူရွံမုန်း၏။ ဘုရားသခင်သည် လူသားက သူ့အား ရုပ်ဝတ္ထု ပစ္စည်းများကို ပေးစေရန် ကမ္ဘာမြေသို့ ကြွလာခဲ့ခြင်း မဟုတ်သကဲ့သို့၊ လူသား၏ အစားအစာ၊ အဝတ်အစားများနှင့် အဆင်တန်ဆာတို့ကို မွေ့လျော်ခံစားဖို့ ကြွလာခဲ့ခြင်း မဟုတ်ပေ။ ဤအရာများကို သူဂရုမစိုက်ချေ။ သူသည် လောကီ ဥစ္စာပစ္စည်းများကို မွေ့လျော်ဖို့မဟုတ်ဘဲ၊ လူသားအတွက် ဒုက္ခဆင်းရဲခံရန် ကမ္ဘာမြေသို့ ကြွလာခဲ့ခြင်း ဖြစ်သည်။ သူသည် ဒုက္ခဆင်းရဲခံရန်၊ အမှုပြုရန်နှင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်ကို ပြီးပြည့်စုံစေရန် ကြွလာခဲ့သည်။ ကောင်းမွန်သော နေရာတစ်ခု၊ သံရုံးတစ်ရုံး သို့မဟုတ် ကြီးကျယ်သော ဟိုတယ်တစ်လုံးတွင် နေထိုင်ဖို့ သူ မရွေးချယ်ခဲ့သကဲ့သို့၊ သူ့ကို လိုလေသေးမရှိပြုစုရန် အစေခံများစွာလည်း သူ၌ မရှိပေ။ သင်တို့ မြင်တွေ့ပြီးဖြစ်သည့် အရာအပေါ် အခြေခံ၍၊ သူသည် အမှုပြုရန် ကြွလာခြင်းလော သို့မဟုတ် ပျော်ရွှင်မှုအတွက် ကြွလာခြင်းလော ဆိုသည်ကို သင်တို့ မသိကြသလော။ သင်တို့၏ မျက်လုံးများက မမြင်ကြသလော။ သင်တို့ကို သူမည်မျှ ပေးပြီးပြီနည်း။ သက်သောင့်သက်သာရှိသော နေရာတစ်ခုတွင် သူမွေးဖွားခဲ့ပါက၊ သူသည် ဘုန်းအသရေကို ရရှိနိုင်ခဲ့လိမ့်မည်လော။ သူသည် အမှုပြုနိုင်ခဲ့လိမ့်မည်လော။ ထိုသို့ သူ၏ လုပ်ဆောင်ခြင်းသည် အဓိပ္ပာယ် တစ်စုံတစ်ရာ ရှိခဲ့လိမ့်မည်လော။ သူသည် လူသားမျိုးနွယ်ကို လုံးဝ သိမ်းပိုက်နိုင်ခဲ့လိမ့်မည်လော။ သူသည် ညစ်ညူးသောတိုင်းပြည်မှ လူတို့ကို ကယ်နုတ်နိုင်ခဲ့လိမ့်မည်လော။ လူတို့သည် မိမိတို့၏ အယူအဆများအရ၊ “ဘုရားသခင်သည် သန့်ရှင်းတော်မူ သည့်အတွက်၊ အဘယ်ကြောင့် ကျွန်ုပ်တို့၏ ဤညစ်ညူးသော နေရာတွင် မွေးဖွားခဲ့သနည်း။ ကိုယ်တော်သည် ညစ်ညူးသော လူသားများ ဖြစ်သည့် ကျွန်ုပ်တို့ကို မုန်းတီးပြီး စက်ဆုပ်ပါသည်။ ကျွန်ုပ်တို့၏ အတိုက်အခံပြုခြင်းနှင့် ကျွန်ုပ်တို့ ပုန်ကန်ခြင်းတို့ကို ကိုယ်တော် စက်ဆုပ်တော်မူ၏၊ ထိုသို့ဆိုလျှင် ကိုယ်တော်သည် အဘယ်ကြောင့် ကျွန်ုပ်တို့နှင့်အတူ အသက်ရှင်ပါသနည်း။ ကိုယ်တော်သည် အမြင့်ဆုံးသော ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် မည်သည့်နေရာတွင်မဆို မွေးဖွားနိုင်ခဲ့ပေမည်၊ ထိုသို့ဆိုလျှင် အဘယ်ကြောင့် ညစ်ညူးသော ဤတိုင်းပြည်တွင် ကိုယ်တော် မွေးဖွားဖို့ဖြစ်ခဲ့ရပါသနည်း။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို နေ့စဉ် ပြစ်တင်ဆုံးမပြီး တရားစီရင်ကာ၊ ကျွန်ုပ်တို့သည် မောဘ၏ သားစဉ်မြေးဆက်များ ဖြစ်သည်ကို ကိုယ်တော် ရှင်းလင်းစွာ သိပါ၏၊ ထိုသို့ဆိုလျှင် ကိုယ်တော်သည် အဘယ်ကြောင့် ကျွန်ုပ်တို့အလယ်တွင် အသက်ရှင် နေသေးသနည်း။ ကိုယ်တော်သည် အဘယ်ကြောင့် မောဘ၏ သားစဉ်မြေးဆက်များ၏ မိသားစုတစ်စုထဲသို့ မွေးဖွားခဲ့သနည်း။ ကိုယ်တော် အဘယ်ကြောင့် ထိုသို့ ပြုခဲ့သနည်း” ဟု မေးကြ၏။ သင်တို့၏ ထိုသို့သော အတွေးများသည် ဆင်ခြင်တုံတရား လုံးဝကင်းမဲ့နေသည်။ ထိုသို့သော အမှုသည်သာ သူ၏ ကြီးမြတ်ခြင်း၊ နှိမ့်ချခြင်းနှင့် ကွယ်ဝှက်ခြင်းတို့ကို လူတို့အား မြင်တွေ့ခွင့်ပေးသည်။ သူသည် သူ၏အမှုအတွက် အရာရာကို စွန့်လွှတ်ရန် လိုလားနေပြီး၊ သူ၏အမှုအတွက် ဒုက္ခဆင်းရဲ အားလုံးကို သူ ခံရပ်ပြီးဖြစ်သည်။ သူသည် လူသားမျိုးနွယ်အတွက် ဆောင်ရွက်ပြီး၊ ထိုမျှမက စာတန်ကို အောင်နိုင်ဖို့၊ ဖန်ဆင်းခံသတ္တဝါများအားလုံး သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံကြစေရန် ဖြစ်သည်။ ဤအရာသည်သာ အဓိပ္ပာယ်ရှိပြီး၊ တန်ဖိုးရှိသောအမှု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မောဘ၏ သားစဉ်မြေးဆက်များကို ကယ်တင်ခြင်း အဓိပ္ပါယ်

လွန်ခဲ့သော ခေတ်နှစ်ခေတ်၏ အလုပ်အဆင့်တစ်ဆင့်ကို ဣသရေလပြည်၌ ဆောင်ရွက်ခဲ့ပြီးဖြစ်၍ ကျန်တစ်ဆင့်ကို ယုဒပြည်တွင် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ယေဘုယျအားဖြင့် ပြောရမည်ဆိုလျှင် ထိုအလုပ်၏ မည်သည့်အဆင့်ကမျှ ဣသရေလပြည်မှ ထွက်သွားခဲ့ခြင်း မရှိဘဲ အလုပ်တစ်ခုစီကို ပထမဆုံး ရွေးကောက်ခံထားရသော လူများအပေါ် လုပ်ဆောင်ခဲ့ခြင်းဖြစ်၏။ အကျိုးဆက်အနေဖြင့် ဣသရေလ လူမျိုးတို့က ယေဟောဝါဘုရားသခင်သည် ဣသရေလလူမျိုးတို့၏ ဘုရားသခင်သာဖြစ်သည်ဟု ယုံကြည်ကြလေသည်။ ယေရှုသည် ကားစင်တင်သတ်ခံရခြင်းဟူသည့် အလုပ်ကို ဆောင်ရွက်ခဲ့သည့် နေရာဖြစ်သော ယုဒပြည်၌ အလုပ်လုပ်ခဲ့သောကြောင့် ယုဒလူမျိုးတို့က သူ့ကို ယုဒလူမျိုးတို့၏ ရွေးနုတ်ရှင်အဖြစ် မြင်ကြသည်။ ယေရှုသည် ယုဒလူမျိုးတစ်မျိုးတည်း၏ ရှင်ဘုရင်သာဖြစ်ပြီး အခြားလူမျိုးတို့၏ ရှင်ဘုရင်မဟုတ်ဟု သူတို့ထင်မှတ်ကြသည်။ ယေရှုသည် အင်္ဂလိပ်လူမျိုးကို ရွေးနုတ်ပေးသည့် သခင်မဟုတ်သကဲ့သို့ အမေရိကန်လူမျိုးတို့ကို ရွေးနုတ်ပေးသည့် သခင်လည်း မဟုတ်ဘဲ ဣသရေလ အမျိုးသားတို့ကို ရွေးနုတ်ပေးသည့် သခင်ဖြစ်သည်၊ ထို့အပြင် သူကယ်နုတ်ခဲ့သူတို့သည် ဣသရေလပြည်ရှိ ယုဒလူမျိုးတို့ ဖြစ်သည်ဟု သူတို့ထင်မှတ်ကြလေ၏။ စင်စစ်အားဖြင့် ဘုရားသခင်သည် အရာအားလုံး၏ အရှင်သခင်ဖြစ်၏။ သူသည် ဖန်ဆင်းရာအားလုံး၏ ဘုရားသခင်ဖြစ်သည်။ သူသည် ဣသရေလအမျိုးသားနှင့် ယုဒလူမျိုးတို့၏ ဘုရားသခင်ဖြစ်သည် သာမကဘဲ ဖန်ဆင်းရာအားလုံး၏ ဘုရားသခင်ဖြစ်၏။ လူတို့ထံ၌ အယူအဆအချို့ကို ဖြစ်ပေါ်စေခဲ့သည့် သူ့အလုပ်၏ ယခင်အဆင့်နှစ်ဆင့်သည် ဣသရေလပြည်၌ ဖြစ်ပျက်ခဲ့သည်။ ယေဟောဝါသည် သူ၏အလုပ်ကို ဣသရေလပြည်၌ လုပ်ခဲ့သည်၊ ယေရှုကိုယ်တိုင်သည် ယုဒပြည်၌ သူ၏အလုပ်ကို ဆောင်ရွက်ခဲ့သည်၊ ထို့အပြင် အလုပ်လုပ်ရန်အတွက် လူ့ဇာတိကို ယေရှုခံယူခဲ့ပြီး၊ မည်သို့ပင်ဖြစ်စေကာမူ ထိုအလုပ်သည် ဣသရေလပြည်ကို မကျော်လွန်ခဲ့ချေဟူ၍ သူတို့က ယုံကြည်ကြသည်။ ဘုရားသခင်သည် အဲဂုတ္တုလူမျိုး၊ သို့မဟုတ် အိန္ဒိယလူမျိုးတို့ထံတွင် အလုပ်မလုပ်ခဲ့ပေ။ ဣသရေလအမျိုးသားတို့ထံ၌သာ သူအလုပ်လုပ် ခဲ့၏။ ထို့ကြောင့် လူတို့သည် အမျိုးမျိုးသော အယူအဆများကို ပုံဖော်ကြပြီး ဘုရားသခင်၏အလုပ်ကို အတိုင်းအတာတစ်ခုအတွင်း အသေးစိတ် ရုပ်လုံးဖော်ကြလေသည်။ ဘုရားသခင် အလုပ်လုပ်သောအခါ သူ့အနေဖြင့် ရွေးကောက်ခံထားရသော လူများအကြား၌နှင့် ဣသရေလပြည်၌ လုပ်ရမည်ဖြစ်သည်ဟု သူတို့ပြောကြသည်။ ဣသရေလအမျိုးသားများမှလွဲ၍ ဘုရားသခင်သည် အခြားမည်သူ့အပေါ်၌မျှ အလုပ်မလုပ်သကဲ့သို့ သူ၏အလုပ်နှင့်ပတ်သက်ပြီး ပို၍ကြီးမားသော အတိုင်းအတာလည်း မရှိဟု သူတို့ပြောကြ၏။ လူ့ဇာတိခံ ဘုရားသခင်ကို ထိန်းချုပ်သည့်အရေးနှင့်ပတ်သက်လာလျှင် သူတို့သည် အထူးသဖြင့် တိကျကြပြီး ဣသရေလပြည်၏ နယ်နိမိတ်ကိုလွန်၍ သူ့အား လှုပ်ရှားခွင့် မပြုကြပေ။ ဤအရာအားလုံးမှာ လူသားတို့၏ အယူအဆများသာ ဖြစ်ကြသည် မဟုတ်လော။ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့၏၊ ဖန်ဆင်းရာအားလုံးကို သူဖန်ဆင်းခဲ့၏၊ ထို့အတွက်ကြောင့် သူ့အနေဖြင့် သူ၏အလုပ်ကို မည်သို့လျှင် ဣသရေလပြည်၌သာ ကန့်သတ်ထား၍ ရနိုင်မည်နည်း။ ထိုအတိုင်းသာဖြစ်နေပါက ဖန်ဆင်းရာအားလုံးကို သူဖန်ဆင်းခြင်းမှာ အဘယ်အကျိုးရှိ လိမ့်မည်နည်း။ တစ်လောကလုံးကို သူဖန်ဆင်းခဲ့၏၊ ထို့ပြင် သူ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ကို ဣသရေလပြည်၌ သာ မဟုတ်ဘဲ စကြဝဠာရှိ လူပုဂ္ဂိုလ်အယောက်ချင်းစီတိုင်းအပေါ်၌ သူဆောင်ရွက်ခဲ့လေ၏။ ထိုသူတို့အနေဖြင့် တရုတ်ပြည်၌ နေကြသည်ဖြစ်စေ၊ အမေရိကန်ပြည်ထောင်စု၌ နေကြသည်ဖြစ်စေ၊ ဗြိတိသျှ၊ သို့မဟုတ် ရုရှားနိုင်ငံ၌ နေကြသည်ဖြစ်စေ လူတိုင်းသည် အာဒံ၏ သားစဉ်မြေးဆက်များ ဖြစ်ကြ၏။ သူတို့အားလုံးကို ဘုရားသခင်က ဖန်ဆင်းထားခြင်းဖြစ်သည်။ သူတို့ထဲမှ မည်သူတစ်ဦးတစ်ယောက်ကမျှ ဖန်ဆင်းခြင်း၏နယ်နိမိတ်များကို မရှောင်တိမ်းနိုင်ကြ၊ ထို့ပြင် သူတို့ထဲမှ မည်သူတစ်ဦး တစ်ယောက်ကမျှ “အာဒံ၏ သားစဉ်မြေးဆက်” ဟူသည့် အမှတ်သညာမှ မိမိတို့ကိုယ်ကို မခွဲနိုင်ကြ။ သူတို့အားလုံးသည် ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများဖြစ်ကြသည်၊ သူတို့ အားလုံးသည် အာဒံ၏ ဆွေစဉ်မျိုးဆက်ဖြစ်ကြသည်၊ ထို့အပြင် သူတို့အားလုံးသည် အာဒံနှင့် ဧဝတို့၏ ဖောက်ပြန်ပျက်စီးနေသော သားစဉ်မြေးဆက်များလည်း ဖြစ်ကြ၏။ ဘုရားသခင်၏ ဖန်ဆင်းရာမှာ ဣသရေလတစ်မျိုးတည်းသာ မဟုတ်ဘဲ လူမျိုးအားလုံးဖြစ်သည်။ အချို့က ကျိန်ဆဲခံထားရပြီး အချို့က ကောင်းချီးပေးခံထားရခြင်းသာ ဖြစ်၏။ ဣသရေလအမျိုးသားနှင့် ပတ်သက်၍ နှစ်လိုဖွယ်ကောင်းသော အရာများ များစွာရှိသည်၊ သူတို့သည် အနည်းဆုံး ဖောက်ပြန်သောလူများ ဖြစ်ကြသောကြောင့် ဘုရားသခင်က အစအဦး၌ သူတို့အပေါ်တွင် အလုပ်လုပ်ခဲ့ခြင်း ဖြစ်သည်။ တရုတ်လူမျိုးတို့ကို သူတို့နှင့် သွားယှဉ်၍မရပေ၊ တရုတ်လူမျိုးတို့က များစွာ ပို၍နိမ့်ကျ၏။ ထို့ကြောင့် ဘုရားသခင်သည် ကနဦးတွင် ဣသရေလပြည်ရှိ လူတို့အကြား၌ အလုပ်လုပ်ခဲ့ခြင်းဖြစ်ပြီး သူ့အလုပ်၏ ဒုတိယအဆင့်ကို ယုဒပြည်၌သာ ဆောင်ရွက်ခဲ့၏၊ ယင်းက လူတို့အကြား၌ အယူအဆ များစွာနှင့် စည်းမျဉ်းများစွာကို ဖြစ်ပေါ်စေခဲ့သည်။ စင်စစ်အားဖြင့် ဘုရားသခင်သည် လူသားတို့၏အယူအဆများအတိုင်း လုပ်မည် ဆိုပါက သူသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သာ ဖြစ်နေလိမ့်မည်ဖြစ်၍ သူ၏အလုပ်ကို တစ်ပါးအမျိုးသား တိုင်းနိုင်ငံများထံ ချဲ့ထွင်ခြင်းငှာ တတ်စွမ်းနိုင်မည် မဟုတ်ချေ၊ အကြောင်းမှာ သူသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သာ ဖြစ်နေလိမ့်မည်ဖြစ်ပြီး ဖန်ဆင်းရာအားလုံး၏ ဘုရားသခင် ဖြစ်နေမည် မဟုတ်သောကြောင့်ဖြစ်သည်။ ယေဟောဝါ၏ အမည်နာမသည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြားတွင် ထင်ရှားလိမ့်မည်၊ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများသို့ ပျံ့နှံ့သွားလိမ့်မည်ဟု ပရောဖက်ပြုချက်များက ဆိုထားသည်။ အဘယ်ကြောင့် ထိုအရာကို ပရောဖက်ပြုထားသနည်း။ အကယ်၍ ဘုရားသခင်သည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သာ ဖြစ်နေခဲ့ပါက သူသည် ဣသရေလပြည်၌သာ အမှုပြုခဲ့ပေလိမ့်မည်။ ထို့အပြင် ဤအလုပ်ကို သူဖြန့်ကြက်လိမ့်မည် မဟုတ်သကဲ့သို့ ထိုသို့သော ပရောဖက်ပြုချက်ကိုလည်း သူပြုခဲ့မည် မဟုတ်ချေ။ ထိုပရောဖက်ပြုချက်ကို သူပြုခဲ့သောကြောင့် သူသည် သူ၏အလုပ်ကို တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၊ တိုင်းနိုင်ငံအားလုံးနှင့် ကုန်းမြေအားလုံးအကြား ဧကန်အမှန် ချဲ့ထွင်လိမ့်မည် ဖြစ်သည်။ ထိုသို့သူပြောခဲ့သောကြောင့် ထိုအရာကို သူလုပ်ရပေလိမ့်မည်။ ဤသည်မှာ သူ၏အစီအစဉ်ဖြစ်သည်၊ အကြောင်းမှာ သူသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သော သခင်ဖြစ်ပြီး ဖန်ဆင်းရာအားလုံး၏ ဘုရားသခင် ဖြစ်သောကြောင့် ဖြစ်ပေသည်။ ဣသရေလအမျိုးသားတို့အကြား၌ သူအလုပ်လုပ်သည်ဖြစ်စေ၊ သို့မဟုတ် ယုဒပြည်တစ်ဝှမ်းလုံး၌ သူအလုပ်လုပ်သည်ဖြစ်စေ သူလုပ်သော အလုပ်သည် စကြဝဠာ တစ်ခွင်လုံး၏ အလုပ်ဖြစ်ပြီး လူသားအားလုံး၏ အလုပ်ဖြစ်သည်။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံဖြစ်သော အဆင်းနီသည့် နဂါးကြီး၏ တိုင်းနိုင်ငံ၌ ယနေ့သူလုပ်သော အလုပ်သည် လူသားအားလုံး၏ အလုပ်ဖြစ်နေဆဲပင်ဖြစ်သည်။ ဣသရေလပြည်သည် မြေကြီးပေါ်ရှိ သူ၏အလုပ်အတွက် အခြေစိုက်စခန်း ဖြစ်နိုင်ခဲ့၏၊ တရုတ်နိုင်ငံ သည်လည်း တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြားရှိ သူ၏အလုပ် အတွက် အခြေစိုက်စခန်း ဖြစ်နိုင်သည်။ “ယေဟောဝါ၏ အမည်နာမသည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြားတွင် ထင်ရှားလိမ့်မည်” ဟူသော ပရောဖက်ပြုချက်ကို သူယခု ပြည့်စုံစေခဲ့ပြီ မဟုတ်လော။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများ အကြားရှိ သူ့အလုပ်၏ ပထမအဆင့်မှာ အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံ၌ သူလုပ်သော အလုပ်ဖြစ်သည့် ဤအလုပ်ပင်ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်သည် ဤတိုင်းပြည်၌ အလုပ်လုပ်ပြီး ကျိန်ဆဲခံထားရသော ဤလူတို့အကြား၌ အလုပ်လုပ်သည် ဟူသည်မှာ လူသားတို့၏ အယူအဆများနှင့် အထူးသဖြင့် ဆန့်ကျင် ကွဲလွဲနေသည်။ ထိုလူတို့မှာ အားလုံးအထဲတွင် အနိမ့်ကျဆုံးသောသူများ ဖြစ်ကြသည်၊ သူတို့၌ ဘာတန်ဖိုးမျှ မရှိကြ၊ ထို့အပြင် သူတို့သည် ကနဦး၌ ယေဟောဝါ၏ စွန့်ပစ်ထားခြင်းကို ခံခဲ့ရသူများ ဖြစ်ကြသည်။ လူတို့သည် အခြားလူများ၏ ပစ်ပယ်ခြင်းကို ခံနိုင်သော်လည်း ဘုရားသခင်၏ ပစ်ပယ်ခြင်းကို ခံရလျှင်မူ ထိုသူတို့ထက် အဆင့်အတန်း ပို၍မဲ့သောသူ၊ တန်ဖိုးပို၍နိမ့်ကျသောသူ မရှိတော့ပေ။ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအတွက် စာတန်၏ ပိုင်ဆိုင်ခြင်းကို ခံရခြင်း၊ သို့မဟုတ် လူတို့၏ ပစ်ပယ်ခြင်းကို ခံရခြင်းသည် အလွန်နာကျင်ခံစားရသော အရာဖြစ်၏၊ သို့သော်လည်း ဖန်ဆင်းရှင်၏ စွန့်ပစ်ခြင်းကို ခံရသော ဖန်ဆင်းခံသတ္တဝါတစ်ဦးအတွက်မူ ပို၍နိမ့်ကျသော အဆင့်အတန်း မရှိနိုင်တော့ချေ။ မောဘ၏ သားစဉ်မြေးဆက်တို့သည် ကျိန်ဆဲခြင်းကို ခံခဲ့ရသည်၊ ထို့ပြင် သူတို့သည် ခေတ်နောက်ကျန်သော ဤနိုင်ငံ၌ မွေးဖွားလာခဲ့ကြသည်။ အမှောင်ထု၏ လွှမ်းမိုးမှုအောက်တွင် ရှိကြကုန်သော လူအားလုံးထဲတွင် မောဘ၏ သားစဉ်မြေးဆက်တို့သည် အဆင့်အတန်းအနိမ့်ဆုံးဖြစ်ကြသည်မှာ သံသယဝင်ဖွယ်ရာ မရှိပေ။ ဤလူတို့သည် ယခင်က အနိမ့်ကျဆုံးသော အဆင့်အတန်း ရှိခဲ့ဖူးသူများဖြစ်ကြသောကြောင့် သူတို့အပေါ်၌ လုပ်သော အလုပ်သည် လူသားတို့၏ အယူအဆများကို အကောင်းဆုံးချေဖျက်နိုင်စွမ်းရှိပြီး ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ် တစ်ခုလုံးအတွက်လည်း အကျိုးအရှိဆုံးဖြစ်၏။ ဤလူတို့အကြား၌ ထိုသို့သောအလုပ်ကို လုပ်ခြင်းသည် လူသားတို့၏ အယူအဆများကို အကောင်းဆုံးချေဖျက်သည့် နည်းလမ်းဖြစ်ပြီး ထိုအလုပ်နှင့် ဘုရားသခင်သည် ခေတ်တစ်ခေတ်ကို အစပျိုး၏။ ထိုအလုပ်နှင့် သူသည် လူသားတို့၏ အယူအဆအားလုံးကို ချေဖျက်၏။ ထိုအလုပ်နှင့် ကျေးဇူးတော်ခေတ်တစ်ခေတ်လုံး၏ အလုပ်ကို အဆုံးသတ်လေသည်။ သူ၏ပထမအလုပ်ကို ဣသရေလပြည်၏ နယ်နိမိတ်အတွင်းရှိ ယုဒပြည်၌ ဆောက်ရွက်ခဲ့သည်။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြားတွင် သူသည် ခေတ်သစ်ကို အစပျိုးရန်အလို့ငှာ မည်သည့်အလုပ်ကိုမျှ မလုပ်ခဲ့ပေ။ အလုပ်၏ နောက်ဆုံးအဆင့်ကို တစ်ပါးအမျိုးသားတို့အကြားတွင် ဆောင်ရွက်သည်သာမကသေးဘဲ ကျိန်ဆဲခြင်းခံထားရသော သူများအကြားတွင် ပို၍ဆောင်ရွက်၏။ ဤအချက်တစ်ချက်က စာတန်ကို အရှက်အခွဲနိုင်ဆုံးသော သက်သေဖြစ်သည်။ ဤအကြောင်းကြောင့် ဘုရားသခင်သည် စကြဝဠာထဲရှိ ဖန်ဆင်းရာအားလုံး၏ ဘုရားသခင်၊ အရာခပ်သိမ်း၏ သခင်၊ အသက်ရှိသမျှတို့ ကိုးကွယ်ရသည့်အရာ “ဖြစ်လာ” လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် ဖန်ဆင်းရာအားလုံး၏ သခင်ဖြစ်တော်မူ၏

ယနေ့တွင် ဘုရားသခင် မည်သည့်အလုပ်သစ်ကို အစပြုပြီးဖြစ်သည်ကို နားမလည်ကြသေးသောသူများရှိသည်။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြားတွင် ဘုရားသခင်သည် အသစ်သော အစအဦးတစ်ခုကို ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ ခေတ်သစ်တစ်ခေတ်ကို သူစတင်ခဲ့ပြီး အလုပ်သစ်ကို သူအစပြုခဲ့၏၊ ထို့အပြင် သူသည် ဤအလုပ်ကို မောဘ၏ သားစဉ် မြေးဆက်များအပေါ် လုပ်ဆောင်သည်။ ယင်းသည် သူ၏ အသစ်ဆုံးသော အလုပ်ပင်ဖြစ်သည် မဟုတ်လော။ သမိုင်းတစ်လျှောက် မည်သူကမျှ ဤအလုပ်ကို မတွေ့ကြုံဖူးကြပေ။ ဤအလုပ်ကို နားလည်ဖို့ မဆိုထားနှင့် မည်သူကမျှ မကြားဖူးကြပေ။ ဘုရားသခင်၏ဉာဏ်ပညာ၊ ဘုရားသခင်၏အံ့သြဖွယ်ရာ၊ ဘုရားသခင်၏ဉာဏ်မမီနိုင်မှု၊ ဘုရားသခင်၏ကြီးမြတ်မှု၊ ထို့ပြင် ဘုရားသခင်၏သန့်ရှင်းမှု အားလုံးတို့သည် နောက်ဆုံးသောကာလ၏ အလုပ်ဖြစ်သည့် အလုပ်၏ဤအဆင့်မှတစ်ဆင့် ထင်ရှားစေခြင်းကို ခံကြရသည်။ ဤသည်မှာ လူသားတို့၏ အယူအဆများကို ချေဖျက်သည့် အလုပ်ဖြစ်သော အသစ်သောအလုပ်ပင်ဖြစ်သည် မဟုတ်လော။ “ဘုရားသခင်သည် မောဘကို ကျိန်ဆဲခဲ့ပြီး မောဘ၏သားစဉ်မြေးဆက်များကို ပစ်ပယ်မည်ဟု ဆိုခဲ့သည့်အတွက် သူသည် ယခု သူတို့ကို မည်ကဲ့သို့ ကယ်တင်နိုင်မည်နည်း” ဟူ၍ တွေးကြသောသူများ ရှိကြသည်။ ထိုသူတို့မှာ ဘုရားသခင်၏ ကျိန်ဆဲခြင်းကို ခံခဲ့ရပြီး ဣသရေလပြည်မှ မောင်းထုတ်ခံခဲ့ရသည့် တစ်ပါးအမျိုးသားများ ဖြစ်ကြ၏၊ ဣသရေလအမျိုးသားတို့က ထိုသူတို့ကို “တစ်ပါးအမျိုးသားခွေးများ” ဟုခေါ်ခဲ့ကြသည်။ လူတိုင်း၏ အမြင်တွင် သူတို့သည် တစ်ပါးအမျိုးသားခွေးများ ဖြစ်ကြသည် သာမကဘဲ ပို၍ဆိုးသည်မှာ သူတို့သည် ဖျက်ဆီးခြင်း၏ သားများဖြစ်နေကြသည်၊ တစ်နည်းဆိုရလျှင် သူတို့သည် ဘုရားသခင်၏ ရွေးကောက်ခံလူများ မဟုတ်ကြပေ။ သူတို့သည် ဣသရေလနိုင်ငံ၏နယ်နိမိတ်အတွင်း၌ မွေးဖွားလာခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူတို့သည် ဣသရေလ အမျိုးသားများနှင့် မသက်ဆိုင်ကြဘဲ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများသို့ နှင်ထုတ်ခြင်းခံထားရသူများ ဖြစ်ကြသည်။ သူတို့သည် လူအားလုံးအထဲ၌ အနိမ့်ကျဆုံးသောသူများ ဖြစ်ကြသည်။ လူတို့အထဲတွင် သူတို့သည် အနိမ့်ကျဆုံးသောသူများ ဖြစ်ကြသည့် အကြောင်းရင်းအတိအကျကြောင့်ပင် ဘုရားသခင်သည် ခေတ်သစ်တစ်ခေတ်ကို အစပျိုးသည့် သူ၏အလုပ်ကို သူတို့အကြားတွင် ဆောင်ရွက်ခြင်းဖြစ်၏၊ အကြောင်းမှာ သူတို့သည် ဖောက်ပြန်သော လူသားတို့ကို ကိုယ်စားပြုသောကြောင့် ဖြစ်လေသည်။ ဘုရားသခင်၏ အလုပ်သည် သီးသန့်ဖြစ်ပြီး သတ်သတ်မှတ်မှတ်ရှိ၏။ ဤလူတို့၌ ယနေ့သူလုပ်သောအလုပ်သည် ဖန်ဆင်းရာအပေါ်၌ သူဆောင်ရွက်ခဲ့သော အလုပ်လည်းဖြစ်သည်။ နောဧသည် ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါတစ်ဦးဖြစ်ခဲ့သည်၊ နောဧ၏ သားစဉ်မြေးဆက်များသည်လည်း ထို့အတူပင် ဖြစ်သည်။ လောကကြီးထဲ၌ အသွေးနှင့် အသားရှိကြကုန်သော မည်သူမဆိုသည် ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများဖြစ်ကြ၏။ ဘုရားသခင်၏ အလုပ်သည် ဖန်ဆင်းရာအားလုံးအတွက် ရည်ရွယ်ထားခြင်းဖြစ်သည်။ တစ်စုံတစ်ဦးအနေဖြင့် ဖန်ဆင်းခံရပြီးနောက်တွင် ကျိန်ဆဲခြင်းကို ခံခဲ့ရ၏၊ မခံခဲ့ရ၏အပေါ်တွင် ထိုအရာက မူတည်သည်မဟုတ်ပေ။ သူ၏စီမံခန့်ခွဲမှု အလုပ်သည် ဖန်ဆင်းရာအားလုံးတို့အတွက် ရည်ရွယ်ထားခြင်းဖြစ်၏၊ ကျိန်ဆဲခြင်းကို မခံထားရသည့် ရွေးကောက်ခံလူတို့အတွက် ရည်ရွယ်ထားခြင်း မဟုတ်ချေ။ ဘုရားသခင်သည် သူ၏အလုပ်ကို သူ၏ဖန်ဆင်းရာအကြား၌ ဆောင်ရွက်လိုသည့်အတွက် ထိုအလုပ်ကို သူသည် အောင်အောင်မြင်မြင် ပြီးမြောက်သွားသည်အထိ မလွဲဧကန် လုပ်လိမ့်မည်ဖြစ်ပြီး သူ၏အလုပ်အတွက် အကျိုးရှိသော ထိုလူတို့အကြားတွင် သူအလုပ်လုပ်လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သူသည် လူသားတို့အကြားတွင် အလုပ်လုပ်သောအခါ အစဉ်အလာများ အားလုံးကို ချေဖျက်လိုက်၏၊ သူ့အတွက် “ကျိန်ဆဲခံရသည်”၊ “ပြစ်တင်ဆုံးမခံရသည်” နှင့် “ကောင်းချီးပေးခံရသည်” ဟူသော စကားလုံးတို့သည် အဓိပ္ပာယ်မရှိသော စကားလုံးများဖြစ်သည်။ ယုဒလူမျိုးတို့သည် ကောင်းမွန်ကြပြီး ဣသရေလပြည်ရှိ ရွေးကောက်ခံ လူတို့မှာလည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ သူတို့သည် ကောင်းသော အစွမ်းအစနှင့် လူ့သဘာဝတို့ ရှိကြသောသူများဖြစ်သည်။ အစအဦးတွင် ယေဟောဝါ သူ၏အလုပ်ကို အစပျိုးခဲ့ပြီး သူ၏အစောဆုံးအလုပ်ကို လုပ်ဆောင်ခဲ့သည်မှာ ထိုသူတို့အကြားတွင်ဖြစ်သည်၊ သို့သော်လည်း ထိုသူတို့အပေါ်၌ သိမ်းပိုက်ခြင်းအလုပ်ကို ယနေ့လုပ်ဆောင်မည်ဆိုပါက အဓိပ္ပာယ်မရှိ ဖြစ်နေပေလိမ့်မည်။ ထိုသူတို့သည်လည်း ဖန်ဆင်းရာ၏ တစ်စိတ်တစ်ဒေသ ဖြစ်နေနိုင်ပြီး ထိုသူတို့နှင့် ပတ်သက်၍ အပြုသဘောဆောင်သောအရာ များစွာရှိနေနိုင်သော်လည်း အလုပ်၏ဤအဆင့်ကို သူတို့အကြား၌ လုပ်ဆောင်မည်ဆိုပါက အကျိုးမရှိ ဖြစ်နေပေလိမ့်မည်။ ဘုရားသခင်သည် လူတို့ကို သိမ်းပိုက်နိုင်လိမ့်မည် မဟုတ်သကဲ့သို့ ဖန်ဆင်းရာအားလုံးကိုလည်း သိမ်းသွင်းစည်းရုံးနိုင်မည် မဟုတ်ချေ။ ဘုရားသခင်သည် သူ၏အလုပ်ကို အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံရှိ ဤလူတို့ထံ လှည့်ပြောင်းလိုက်ခြင်းမှာ ထိုအကြောင်းရင်းအတိအကျကြောင့်ပင် ဖြစ်သည်။ ဤနေရာ၌ အဓိပ္ပာယ်အရှိဆုံးသောအရာမှာ ခေတ်တစ်ခုကို ဘုရားသခင်အစပျိုးခြင်း၊ စည်းမျဉ်းများအားလုံးနှင့် လူသားတို့၏ အယူအဆများအားလုံးကို သူချေဖျက်ခြင်းနှင့် ကျေးဇူးတော်ခေတ် တစ်ခေတ်လုံး၏ အလုပ်ကို သူအဆုံးသတ်ခြင်း တို့ဖြစ်သည်။ အကယ်၍ သူ၏လက်ရှိအလုပ်ကို ဣသရေလ အမျိုးသားတို့အကြားတွင် ဆောင်ရွက်မည်ဆိုပါက သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်က အဆုံးသတ်သို့ ရောက်လာသည့်အချိန်တွင် ဘုရားသခင်သည် ဣသရေလ အမျိုးသားတို့၏ ဘုရားသခင်သာဖြစ်သည်၊ ဣသရေလအမျိုးသားတို့ သာလျှင် ဘုရားသခင်၏ ရွေးကောက်ခံရသော လူတို့ဖြစ်ကြသည်၊ ဣသရေလအမျိုးသားတို့သာလျှင် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ နှင့် ကတိတော်ကို အမွေခံထိုက်သည်ဟု ယုံကြည်သွားကြ ပေလိမ့်မည်။ နောက်ဆုံးသောကာလအတောအတွင်း အဆင်းနီသော နဂါးကြီး၏နိုင်ငံဖြစ်သည့် တစ်ပါးအမျိုးသား တိုင်းနိုင်ငံ၌ ဘုရားသခင်လူ့ဇာတိခံယူခြင်းသည် ဖန်ဆင်းရာအားလုံး၏ ဘုရားဟူသည့် ဘုရားသခင်၏ အလုပ်ကို အထမြောက်စေ၏။ သူ၏ စီမံခန့်ခွဲမှုအလုပ် အလုံးစုံကို သူအပြီးသတ်၏၊ ထို့ပြင် အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံရှိ သူ့အလုပ်၏ အချက်အချာကျသော အပိုင်းကို သူအဆုံးသတ်၏။ ဤအလုပ်အဆင့်သုံးဆင့်၏ အဓိကအချက်မှာ လူသားကို ကယ်တင်ခြင်းဖြစ်သည်၊ အတိအကျဆိုရလျှင် ဖန်ဆင်းရှင်အား ဖန်ဆင်းရာအားလုံးက ဝတ်ပြုလာအောင် လုပ်ဆောင်ခြင်းဖြစ်သည်။ ထို့ကြောင့် အလုပ်၏ အဆင့်တစ်ဆင့်စီ၌ ကြီးမားသော အဓိပ္ပာယ်ရှိသည်။ ဘုရားသခင်သည် အဓိပ္ပာယ်၊ သို့မဟုတ် တန်ဖိုးတို့ မရှိဘဲနှင့် မည်သည့်အရာကိုမျှ မလုပ်ပေ။ တစ်ဖက်တွင် အလုပ်၏ ဤအဆင့်သည် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပေးပြီး လွန်လေပြီးသော ခေတ်နှစ်ခေတ်ကို အဆုံးသတ်ပေး၏။ အခြားတစ်ဖက်တွင်မူ ယင်းသည် လူသားတို့၏ အယူအဆအားလုံးကို ချေဖျက်ပြီး၊ လူသားတို့၏ယုံကြည်မှုနှင့် အသိပညာတို့၏ နည်းလမ်းဟောင်း အားလုံးကို ချေဖျက်လေသည်။ ယခင်ခေတ်နှစ်ခေတ်၏ အလုပ်ကို လူသားတို့၏ ကွဲပြားသော အယူအဆများအတိုင်း ဆောင်ရွက်ခဲ့၏။ သို့သော်လည်း ဤအဆင့်ကမူ လူသားတို့၏ အယူအဆများကို လုံးဝဥဿုံ ဖယ်ထုတ်ပစ်ပြီး ထိုသို့အားဖြင့် လူတို့ကို လုံးလုံးလျားလျား သိမ်းပိုက်၏။ မောဘ၏ သားစဉ်မြေးဆက်တို့ကို သိမ်းပိုက်ခြင်းအားဖြင့်၊ မောဘ၏ သားစဉ်မြေးဆက်တို့အကြားတွင် ဆောင်ရွက်သော အလုပ်အားဖြင့် ဘုရားသခင်သည် စကြဝဠာတစ်ခွင်ရှိ လူအားလုံးကို သိမ်းပိုက်မည်ဖြစ်သည်။ ဤသည်မှာ သူ့အလုပ်၏ ဤအဆင့်ရှိ အနက်ရှိုင်းဆုံးသော အဓိပ္ပာယ်ဖြစ်၏၊ ထို့အပြင် သူ့အလုပ်၏ ဤအဆင့်နှင့်ဆိုင်သည့် အဖိုးအတန်ဆုံးသော ရှုထောင့်လည်းဖြစ်သည်။ အကယ်၍ သင်ကိုယ်တိုင်၏ အဆင့်အတန်း နိမ့်ကျနေသည်ကို သင်ယခုသိပြီး မိမိတန်ဖိုးနိမ့်ကျသည်ကို သိသော်လည်း- သင်သည် ကြီးစွာသော ကောင်းချီးမင်္ဂလာကို အမွေခံထားရပြီး ကြီးစွာသော ကတိတော်ကို ရရှိထားသည်၊ ထို့ပြင် ဘုရားသခင်၏ ကြီးမြတ်သော ဤအလုပ် အထမြောက်အောင် သင်ကူညီနိုင်၏ဟူသော ဝမ်းမြောက်ဖွယ် အကောင်းဆုံးသောအရာနှင့် ကြုံတွေ့ခဲ့ရသည်ဟု ခံစားရဦးမည် ဖြစ်သည်။ ဘုရားသခင်၏ စစ်မှန်သော ရုပ်သွင်ကို သင်ဖူးမြင်ခဲ့ရပြီ၊ ဘုရားသခင်၏ ပင်ကိုစိတ်သဘောထားကို သင်သိ၏၊ ထို့ပြင် ဘုရားသခင်၏ အလိုတော်ကို သင်လုပ်ဆောင်သည်။ ဘုရားသခင်၏အလုပ်၏ ယခင်အဆင့်နှစ်ဆင့်ကို ဣသရေလပြည်၌ ဆောင်ရွက်ခဲ့သည်။ အကယ်၍ နောက်ဆုံးသောကာလ အတောအတွင်း သူ့အလုပ်၏ ဤအဆင့်ကိုလည်း ဣသရေလ အမျိုးသားတို့အကြားတွင် ဆောင်ရွက်မည်ဆိုပါက ဣသရေလ အမျိုးသားတို့ သာလျှင် ဘုရားသခင်၏ ရွေးကောက်ခံလူများ ဖြစ်ကြသည်ဟု ဖန်ဆင်းရာအားလုံးက ယုံကြည်သွားကြမည် သာမကဘဲ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် တစ်ခုလုံး သည်လည်း လိုချင်သော အကျိုးရလဒ်ကို ရနိုင်လိမ့်မည် မဟုတ်ပေ။ သူ့အလုပ်၏ အဆင့်နှစ်ဆင့်ကို ဣသရေလပြည်၌ သူလုပ်ဆောင်ခဲ့သည့် အချိန်အတောအတွင်းတွင် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ အလုပ်အသစ်ကိုသော်လည်းကောင်း၊ ခေတ်သစ်တစ်ခေတ်ကို အစပျိုးသည့် အလုပ်ကိုသော်လည်းကောင်း မဆောင်ရွက်ခဲ့ပေ။ ခေတ်သစ်တစ်ခေတ်ကို အစပျိုးသည့် အလုပ်ဖြစ်သော အလုပ်၏ ယနေ့အဆင့်ကို တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ ဦးစွာဆောင်ရွက်နေသည့်အပြင် မောဘ၏ သားစဉ်မြေးဆက်တို့အကြားတွင် ကနဦးဆောင်ရွက်နေပြီ ဖြစ်သည်။ ထို့ကြောင့် ခေတ်တစ်ခုလုံးကို အစပျိုးလျက်ရှိသည်။ လူသားတို့၏ အယူအဆများအတွင်း၌ ရှိနေသော အသိပညာ အားလုံးကို တစ်ခုတလေမျှ ကြွင်းကျန်ခွင့်မပေးဘဲ ဘုရားသခင်သည် ချေဖျက်ခဲ့၏။ သူ၏သိမ်းပိုက်ခြင်းအလုပ်တွင် သူသည် လူသားတို့၏ အယူအဆများ၊ ဟောင်းနေသည့် ထိုကနဦးလူတို့၏ အသိပညာနည်းလမ်းတို့ကို ချေဖျက်ခဲ့သည်။ ဘုရားသခင်ထံတွင် မည်သည့်စည်းမျဉ်းများမျှ မရှိကြောင်း၊ ဘုရားသခင်နှင့်ပတ်သက်၍ ဟောင်းသည့်အရာ ဘာမျှမရှိကြောင်း၊ သူလုပ်သော အလုပ်သည် လုံးဝချုပ်ချယ်မှုကင်းပြီး လုံးဝလွတ်လပ်ကြောင်း၊ ထို့အပြင် သူသည် လုပ်လေရာရာ၌ မှန်ကန်ကြောင်း လူတို့ကို သူမြင်စေသည်။ ဖန်ဆင်းရာအကြား၌ သူလုပ်သော မည်သည့်အလုပ်ကိုမဆို သင်သည် အပြည့်အဝနာခံရမည်။ သူလုပ်သော အလုပ်အားလုံး၌ အဓိပ္ပာယ်ရှိပြီး ထိုအလုပ်ကို သူ၏ကိုယ်ပိုင်အလိုတော်၊ သူ၏ကိုယ်ပိုင်ဉာဏ်ပညာနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကာ လူသားတို့၏ ရွေးချယ်ချက်များ၊ အယူအဆများနှင့်အညီ ဆောင်ရွက်ခြင်း မဟုတ်ချေ။ အကယ်၍ တစ်စုံတစ်ခုသည် သူ၏အလုပ်အတွက် အကျိုးရှိပါက ထိုအရာကို သူလုပ်၏။ ထို့ပြင် အကယ်၍ တစ်စုံတစ်ခုသည် သူ၏အလုပ်အတွက် အကျိုးမရှိပါက ထိုအရာသည် မည်မျှပင် ကောင်းနေသည်ဖြစ်စေ သူမလုပ်ချေ။ သူ၏အလုပ်ကို လက်ခံရရှိမည့်သူများနှင့် သူ့အလုပ်၏ တည်နေရာကို သူ့အလုပ်၏ အဓိပ္ပာယ်၊ ရည်ရွယ်ချက်တို့နှင့်အညီ ရွေးချယ်ပြီး သူအလုပ်လုပ်သည်။ သူအလုပ်လုပ်သောအခါ အတိတ်က စည်းမျဉ်းများကို သူမလိုက်နာသကဲ့သို့ ပုံသေနည်း အဟောင်းများကိုလည်း သူမလိုက်နာပေ။ ထိုသို့ပြုမည့်အစား သူ၏အလုပ်ကို အလုပ်၏အဓိပ္ပာယ်နှင့်အညီ သူစီစဉ်သည်။ နောက်ဆုံးတွင် သူသည် စစ်မှန်သော အကျိုးရလဒ်နှင့် မျှော်လင့်ထားသော ပန်းတိုင်ကို ရရှိပေလိမ့်မည်။ ဤအရာများကို ယနေ့ သင်နားမလည်ပါက ဤအလုပ်သည် သင့်အပေါ် အကျိုးသက်ရောက်လိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် ဖန်ဆင်းရာအားလုံး၏ သခင်ဖြစ်တော်မူ၏

ကယ်တင်ရှင်သည် နောက်ဆုံးသောကာလအတွင်းတွင် ရောက်ရှိပြီး၊ ယေရှုဟု ခေါ်ဆိုခြင်းခံရဆဲဖြစ်ကာ၊ တစ်ဖန် ယုဒပြည်တွင် မွေးဖွားပြီး၊ ထိုနေရာတွင် အမှုပြုခဲ့ပါက၊ ဤအရာက ငါသည် ဣသရေလလူမျိုးကိုသာ ဖန်ဆင်းခဲ့ပြီး၊ ဣသရေလလူမျိုးကိုသာ ကယ်နုတ်ခဲ့ကာ တစ်ပါးအမျိုးသားများနှင့် ငါမည်သို့မျှ မသက်ဆိုင်သည်ကို သက်သေပြမည် ဖြစ်သည်။ ဤအရာက “ငါသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းသော သခင်ဖြစ်၏။” ဟူသော ငါ၏နှုတ်ကပတ်တော်များနှင့် ဆန့်ကျင်မည် မဟုတ်လော။ ငါသည် ဣသရေလ လူမျိုးတို့၏ ဘုရားသခင်မျှသာ မဟုတ်ဘဲ၊ အဖန်ဆင်းခံ သတ္တဝါ အားလုံး၏ ဘုရားသခင်ဖြစ်သောကြောင့်၊ ယုဒပြည်ကို ငါ စွန့်ခွာခဲ့ပြီး တစ်ပါးအမျိုးသားတို့အလယ်တွင် ငါ၏ အမှုကို ပြုပေသည်။ ငါသည် ဣသရေလ အမျိုးတို့၏ ဘုရားသခင်၊ ယေဟောဝါဖြစ်သည်သာမက၊ ထို့အပြင် တစ်ပါးအမျိုးသားတို့အလယ်ရှိ ငါ၏ ရွေးချယ်ခြင်း ခံရသူအားလုံး၏ ဖန်ဆင်းရှင် ဖြစ်သောကြောင့်၊ နောက်ဆုံးသောကာလ အတွင်းတွင် တစ်ပါးအမျိုးသားများအလယ် ငါ ပေါ်ထွန်းပေသည်။ ဣသရေလ၊ အဲဂုတ္တုနှင့် လေဗနွန်တို့ကို ငါ ဖန်ဆင်းခဲ့သည်သာမက၊ ဣသရေလ အလွန် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများ အားလုံးတို့ကိုလည်း ဖန်ဆင်းခဲ့သည်။ ဤအရာကြောင့် ငါသည် ခပ်သိမ်းသော အဖန်ဆင်းခံ သတ္တဝါများ အားလုံး၏ အရှင်သခင်ဖြစ်သည်။ ဣသရေလကို ငါ့အမှု၏ အစပြုရာ အဖြစ်မျှသာ ငါအသုံးပြုခဲ့သည်၊ ယုဒနှင့် ဂါလိလဲပြည်များကို ငါ၏ ရွေးနုတ်ခြင်း အမှုနှင့်ဆိုင်သော အမာခံနယ်မြေများအဖြစ် အသုံးပြုခဲ့ပြီး၊ ယခုတွင် ခေတ်တစ်ခေတ်လုံးအား အဆုံးသတ် တစ်ခုသို့ ဆောင်ကြဉ်းရန် အခြေပြုရာအဖြစ် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများကို ငါ အသုံးပြုပေသည်။ ငါသည် ဣသရေလပြည်၌ အမှု၏ အဆင့်နှစ်ဆင့်ကို လုပ်ဆောင်ခဲ့သည် (ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် ဖြစ်သည့် ဤအမှုအဆင့်နှစ်ဆင့်)၊ ပြီးလျှင် ဣသရေလ အလွန်ရှိ တိုင်းပြည်များတစ်လျှောက် နောက်ထပ်အမှု၏ (ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်) အဆင့်နှစ်ဆင့်ကို ငါ ဆောင်ရွက်နေပြီး ဖြစ်သည်။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများ အလယ်တွင် ငါသည် သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်မည် ဖြစ်ပြီး၊ ခေတ်ကိုလည်း နိဂုံးချုပ်မည် ဖြစ်သည်။ လူသားသည် ငါ့ကို ယေရှုခရစ်တော်ဟု အမြဲခေါ်သော်လည်း၊ နောက်ဆုံးသော ကာလအတွင်းတွင် ခေတ်သစ်တစ်ခုကို ငါအစပြုပြီးဖြစ်သကဲ့သို့၊ အမှုသစ်တစ်ခုကို စတင်ပြီးဖြစ်သည်ကို လူသားက မသိရှိသကဲ့သို့၊ လူသည် ကယ်တင်ရှင်ယေရှု၏ ကြွရောက်ခြင်းကို သဲသဲမဲမဲ ဆက်လက် စောင့်ဆိုင်းမည်ဆိုပါက၊ ဤကဲ့သို့သော လူများကို ငါ့ကို မယုံကြည်သောသူများဟု ငါ ခေါ်မည်။ ၎င်းတို့သည် ငါ့အား မသိကျွမ်းသော လူများဖြစ်ပြီး ငါ၌ ၎င်းတို့၏ ယုံကြည်မှုသည် မှားယွင်းပေသည်။ ထိုသို့သော လူများသည် ကယ်တင်ရှင်ယေရှု ကောင်းကင်မှ ကြွရောက်ခြင်းကို တွေ့မြင်နိုင်ကြမည်လော။ ၎င်းတို့ စောင့်ဆိုင်းသည်မှာ ငါ၏ ကြွရောက်ခြင်း မဟုတ်ဘဲ၊ ယုဒရှင်ဘုရင်၏ ကြွရောက်ခြင်းသာ ဖြစ်သည်။ မသန့်စင်သော ဤအိုဟောင်းသည့် ကမ္ဘာလောကကို အမြစ်ဖြတ်ချေမှုန်းရန် ငါ့ကို ၎င်းတို့ မတမ်းတကြဘဲ၊ ယင်းအစား၊ ၎င်းတို့ ရွေးနုတ်ခြင်းခံရမည် ဖြစ်သည့် ယေရှု၏ ဒုတိယကြိမ်မြောက် ပြန်ကြွလာခြင်းအား တမ်းတနေကြပေသည်။ ၎င်းတို့သည် ဤညစ်ညမ်းပြီး မဖြောင့်မတ်သည့် နယ်မြေမှ လူသားမျိုးနွယ်အားလုံးကို ယေရှု နောက်တစ်ကြိမ် ရွေးနုတ်ပေးခြင်းကို မျှော်လင့်စောင့်စားနေကြပေသည်။ ထိုသို့သောလူများသည် နောက်ဆုံးသော ကာလ၌ ငါ၏အမှုကို ပြီးစီးစေသည့်သူများ အဘယ်သို့ ဖြစ်လာနိုင်ကြမည်နည်း။ လူသားသည် ယခင်က ငါ လုပ်ဆောင်ပြီးဖြစ်သည့် အမှုကို လေးစားရုံမျှ လေးစားပြီး၊ သို့မဟုတ် မြတ်နိုးရုံမျှ မြတ်နိုးပြီး၊ ငါသည် အမြဲ သစ်လွင်ကာ မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသည့် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို ၎င်းတို့ မသိကြသည့်အတွက်၊ လူသား၏ စိတ်ဆန္ဒများသည် ငါ၏အလိုဆန္ဒများကို ဖြည့်ဆည်းနိုင်စွမ်းမရှိပေ၊ သို့မဟုတ် ငါ၏ အမှုကို ပြီးမြောက်စေနိုင်စွမ်း မရှိပေ။ လူသားက ငါသည် ယေဟောဝါ ဖြစ်ပြီး ယေရှုဖြစ်သည်ကိုသာ သိပြီး၊ ငါသည် လူသားမျိုးနွယ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းမည့် နောက်ဆုံးသော ကာလနှင့် သက်ဆိုင်သူ ဖြစ်သည်ကို အရိပ်အမြွက်မျှ မသိရှိချေ။ လူသားက တမ်းတပြီး သိရှိသည့်အရာအားလုံးသည် ၎င်းတို့၏ ကိုယ်ပိုင် အယူအဆများမှ လာပြီး ၎င်းတို့ ကိုယ်ပိုင် မျက်လုံးများဖြင့် မြင်နိုင်သည့်အရာမျှသာ ဖြစ်သည်။ ယင်းက ငါလုပ်ဆောင်သော အမှုနှင့် မကိုက်ညီဘဲ၊ ယင်းနှင့် သဟဇာတလည်း မဖြစ်ပေ။ ငါ၏အမှုကို လူသား၏ စိတ်ကူးများအတိုင်း စီမံဆောင်ရွက်ခဲ့မည်ဆိုပါက၊ ယင်းသည် မည်သည့်အချိန်တွင် အဆုံးသတ်မည်နည်း။ လူသားမျိုးနွယ်သည် မည်သည့်အချိန်တွင် ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်နိုင်မည်နည်း။ ပြီးလျှင် ငါသည် ဥပုသ်နေ့ဖြစ်သည့် သတ္တမမြောက်နေ့ရက်ထဲသို့ အဘယ်သို့ ဝင်ရောက်နိုင်မည်နည်း။ ငါသည် လူသား၏ ရည်ရွယ်ချက်များအတိုင်း မဟုတ်ဘဲ- ငါ၏ အစီအစဉ်အတိုင်းနှင့် ငါ၏ ရည်ရွယ်ချက်အတိုင်း အမှုပြုပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်

ဘုရားသခင်သည် ဤလူစုကို စကြဝဠာတစ်ခွင်လုံးအနှံ့ သူ၏အမှုနှင့်ဆိုင်သည့် တစ်ခုတည်းသော ဗဟိုအချက်အဖြစ် ပြုလုပ်ပြီး ဖြစ်သည်။ သူသည် သင်တို့အတွက် သူ၏နှလုံးသွေးအားလုံးကို စတေးပြီးဖြစ်သည်။ စကြဝဠာအနှံ့အပြားရှိ ဝိညာဉ်တော်၏အမှုအားလုံးကို သူသည် ပြန်သိမ်းပြီးဖြစ်ကာ သင်တို့အား ပေးပြီးဖြစ်သည်။ ယင်းမှာ သင်တို့သည် ကံကောင်းသူများဖြစ်ရခြင်း အကြောင်းအရင်း ဖြစ်သည်။ ထို့အပြင်၊ သူသည် သူ၏ဘုန်းအသရေကို သူ၏ ရွေးချယ်သောလူမျိုး ဣသရေလထံမှ သင်တို့ထံသို့ လွှဲပြောင်းပြီးဖြစ်ကာ၊ သူသည် ဤလူစုမှတစ်ဆင့် သူ၏အစီအစဉ်၏ ရည်ရွယ်ချက်ကို အပြည့်အဝ ထင်ရှားစေလိမ့်မည်။ သို့ဖြစ်၍၊ သင်တို့သည် ဘုရားသခင်၏အမွေကို ရရှိမည့်သူများဖြစ်ကြပြီး၊ ဤထက်မကပင် သင်တို့သည် ဘုရားသခင် ဘုန်းအသရေ၏ အမွေစားအမွေခံများ ဖြစ်ကြသည်။ သင်တို့သည် “အကြောင်းမူကား ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်း ဒုက္ခသည် အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။” ဟူသော စကားများကို မှတ်မိကောင်း မှတ်မိကြပေလိမ့်မည်။ ဤစကားများကို သင်တို့အားလုံး ယခင်က ကြားခဲ့ကြပြီးဖြစ်သော်လည်း သင်တို့ထဲမှ မည်သူမျှ ယင်းတို့၏စစ်မှန်သော အဓိပ္ပါယ်ကို နားမလည်ခဲ့ကြပေ။ ယနေ့တွင် သင်တို့သည် ထိုစကားများ၏ စစ်မှန်သောအရေးပါမှုကို လေးလေးနက်နက် သတိပြုမိကြသည်။ ဤစကားများသည် နောက်ဆုံးသောကာလအတွင်း၌ ဘုရားသခင်အားဖြင့် ပြည့်စုံလိမ့်မည်ဖြစ်ပြီး၊ အဆင်းနီသောနဂါးကြီး ခွေလျောင်းရာပြည်တွင် ယင်းနဂါးကြီး၏ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံခဲ့သူများ၌ ပြည့်စုံလိမ့်မည်ဖြစ်သည်။ အဆင်းနီသောနဂါးကြီးသည် ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ပြီး၊ သူသည် ဘုရားသခင်၏ရန်သူ ဖြစ်၏။ သို့ဖြစ်၍ ဤပြည်၌ ဘုရားသခင်ကို ယုံကြည်သူများသည် အရှက်ကွဲခြင်းနှင့် ဖိနှိပ်ခြင်းတို့ကို ဤသို့ ခံကြရပြီး၊ အကျိုးဆက်အနေဖြင့် ဤစကားများသည် ဤလူစုတည်းဟူသော သင်တို့၌ ပြည့်စုံလေသည်။ ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သော ပြည်တွင် စတင်သောကြောင့် ဘုရားသခင်၏အမှုအားလုံးသည် ကြီးမားသော အတားအဆီးများကို ရင်ဆိုင်ရပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များစွာ ပြီးမြောက်ခြင်းသည် အချိန်ကြာလေသည်။ ဤအကြောင်းကြောင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်၏ အကျိုးဆက်အဖြစ်၊ လူတို့သည် စစ်ဆေးခံကြရကာ ယင်းသည် ဒုက္ခဆင်းရဲ၏ အစိတ်အပိုင်းလည်း ဖြစ်ပေသည်။ အဆင်းနီသောနဂါးကြီး၏ ပြည်တွင် သူ၏အမှုကို ဆောင်ရွက်ရန် ဘုရားသခင်အတွက် အလွန်တရာ ခဲယဉ်းလေသည်- သို့သော် ဘုရားသခင်သည် သူ၏ဉာဏ်ပညာနှင့် သူ၏ အံ့ဘွယ်လုပ်ဆောင်ချက်များကို ထင်ရှားစေလျက်၊ ပြီးလျှင် ဤလူစုကို စုံလင်စေရန် ဤအခွင့်အရေးကို အသုံးပြုရင်း၊ သူ၏ အမှု အဆင့်တစ်ခုကို ဘုရားသခင် လုပ်ဆောင်သည်မှာ ဤအခက်အခဲမှတစ်ဆင့် ဖြစ်သည်။ ဘုရားသခင်သည် ဤအရာမှ သူ၏ ဘုန်းအသရေကို ရရှိနိုင်ဖို့အလို့ငှာနှင့် သူ၏ လုပ်ဆောင်ချက်များကို သက်သေခံမည့်သူများကို ရရှိနိုင်ဖို့အလို့ငှာ၊ သူ၏ သန့်စင်စေခြင်းနှင့် သိမ်းပိုက်ခြင်း အမှုကို ဘုရားသခင် လုပ်ဆောင်သည်မှာ လူတို့၏ ဆင်းရဲဒုက္ခမှတစ်ဆင့်၊ ၎င်းတို့၏ အရည်အချင်းမှတစ်ဆင့်၊ ပြီးလျှင် ဤညစ်ညူးသောပြည်နှင့်ဆိုင်သော လူတို့၏စာတန်ဆန်သည့် စိတ်သဘောထားအားလုံးမှတစ်ဆင့် ဖြစ်သည်။ ယင်းသည် ဤလူစုအတွက် ဘုရားသခင် ပြုပြီးသော စွန့်လွှတ်မှုအားလုံး၏ အလုံးစုံ အရေးပါမှု ဖြစ်ပေသည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်သည် သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်သည်မှာ သူ့ကို ဆန့်ကျင်သောသူများမှတစ်ဆင့်ဖြစ်ပြီး၊ ထိုသို့ဖြင့်သာ ဘုရားသခင်၏ ကြီးမားသော တန်ခိုး ထင်ရှားနိုင်ပေသည်။ တစ်နည်းအားဖြင့်၊ မသန့်ရှင်းသော ပြည်၌ရှိသော သူများသည်သာ ဘုရားသခင်၏ဘုန်းအသရေကို အမွေခံထိုက်ကြပြီး၊ ဤအရာကသာ ဘုရားသခင်၏ကြီးမားသော တန်ခိုးကို မီးမောင်းထိုးပြနိုင်ပေသည်။ ယင်းမှာ ဘုရားသခင်၏ ဘုန်းအသရေကို ရရှိသည်မှာ မသန့်ရှင်းသော ပြည်နှင့် မသန့်ရှင်းသော ပြည်တွင် အသက်ရှင်သော သူများထံမှ ဖြစ်သည့် အကြောင်းရင်း ဖြစ်သည်။ ဘုရားသခင်၏ အလိုမှာ ဤကဲ့သို့ဖြစ်ပေသည်။ ယေရှု၏အမှု အဆင့်သည်လည်း အလားတူ ဖြစ်သည်- သူ့ကို ညှဉ်းပန်းနှိပ်စက်ခဲ့သော ဖာရိရှဲများအလယ်တွင်သာ သူသည် ဘုန်းအသရေကို ရရှိနိုင်ခဲ့သည်။ ဖာရိရှဲများ၏ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ယုဒ၏သစ္စာဖောက်မှုကြောင့် မဟုတ်ပါက၊ ယေရှုသည် ကားစင်တင်ခံရဖို့ မဆိုထားနှင့်၊ လှောင်ပြောင်ကဲ့ရဲ့ခံရလေမည်မဟုတ်၊ သို့မဟုတ် အသရေပျက်အောင် ပြောဆိုခံခဲ့ရမည်မဟုတ်သဖြင့် ဘုန်းအသရေကို ရရှိနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ ခေတ်အသီးသီး၌ ဘုရားသခင် အမှုပြုသည့်နေရာနှင့် လူ့ဇာတိ၌ သူ၏ အမှုပြုသည့်နေရာသည် သူ ဘုန်းအသရေ ရရှိသည့်နေရာနှင့် သူ ရယူရန် ရည်ရွယ်သူများကို ရယူသည့်နေရာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏အမှုနှင့်ဆိုင်သော အစီအစဉ်ဖြစ်ပြီး၊ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု ဖြစ်သည်။

နှစ်ထောင်ပေါင်းများစွာကြာသည့် ဘုရားသခင်၏ အစီအစဉ်တွင်၊ အမှု၏ အစိတ်အပိုင်းနှစ်ခုကို လူ့ဇာတိ၌ လုပ်ဆောင်လေသည်- ပထမပိုင်းသည် ကားစင်တင်ခံရခြင်း အမှုဖြစ်ပြီး၊ ယင်းအတွက် သူသည် ဘုန်းအသရေ ရရှိသည်။ အခြားတစ်ခုမှာ နောက်ဆုံးသောကာလ၌ သိမ်းပိုက်ခြင်းနှင့် စုံလင်စေခြင်း အမှုဖြစ်သည်၊ ယင်းအတွက် သူသည် ဘုန်းအသရေ ရရှိ၏။ ဤသည်မှာ ဘုရားသခင်၏စီမံခန့်ခွဲမှု ဖြစ်ပေသည်။ သို့ဖြစ်၍ ဘုရားသခင်၏အမှု သို့မဟုတ် သင်တို့အဖို့ ဘုရားသခင်၏ စေခိုင်းချက်ကို ရိုးရှင်းသော ကိစ္စရပ်တစ်ခုအဖြစ် မမှတ်ယူနှင့်။ သင်တို့အားလုံးသည် ဘုရားသခင်၏ အတိုင်းထက်အလွန် ကြီးမြတ်လေးလံသော နိစ္စထာဝရဘုန်းအသရေ၏ အမွေစားအမွေခံများ ဖြစ်ကြပြီး၊ ဤအရာကို ဘုရားသခင်က အထူး စီမံထားခဲ့ပေသည်။ သူ၏ ဘုန်းအသရေ အစိတ်အပိုင်းနှစ်ခုထဲမှ၊ တစ်ခုသည် သင်တို့၌ ထင်ရှား၏။ ဘုရားသခင်၏ဘုန်းအသရေ အစိတ်အပိုင်းတစ်ခု၏ တစ်ရပ်လုံးကို သင်တို့၏အမွေဥစ္စာ ဖြစ်နိုင်ဖို့အလို့ငှာ သင်တို့အပေါ် အပ်နှင်းထားပြီးဖြစ်သည်။ ဤသည်မှာ သင်တို့ကို ဘုရားသခင် ချီးမြှောက်ခြင်းဖြစ်ပြီး အချိန်ကြာမြင့်စွာက သူ ခွဲခန့်မှတ်သားထားခဲ့သည့် အစီအစဉ်လည်းဖြစ်သည်။ အဆင်းနီသောနဂါးကြီး နေထိုင်ရာပြည်၌ ဘုရားသခင် လုပ်ဆောင်ပြီးဖြစ်သည့် အမှု၏ ကြီးမြတ်မှုကို ထောက်ဆလျှင်၊ ဤအမှုကို အခြားနေရာသို့ ရွှေ့ပြောင်းခဲ့မည်ဆိုပါက၊ ယင်းသည် အချိန်ကြာမြင့်စွာက ကြီးမားသည့် အကျိုးဖြစ်ထွန်းပြီးခဲ့မည် ဖြစ်သကဲ့သို့၊ လူသားက လိုလိုလားလား လက်ခံပြီးဖြစ်ပေမည်။ ထို့အပြင် ယေရှုလုပ်ဆောင်သည့် အမှု၏ အဆင့်သည် အစဉ်အလာတစ်ခုအဖြစ် အသုံးတော်ခံသည့်အတွက်၊ ဤအမှုသည် ဘုရားသခင်ကို ယုံကြည်သော အနောက်တိုင်း ဘုန်းတော်ကြီးများအတွက် လက်ခံရန် အလွန်လွယ်ကူလွန်းခဲ့ပေမည်။ သို့ဖြစ်၍ ဘုရားသခင်က ဘုန်းအသရေ ရရှိခြင်းအမှု၏ ဤအဆင့်ကို အခြားနေရာ၌ စွမ်းဆောင်မရရှိနိုင်ခြင်း ဖြစ်သည်။ ထိုအမှုသည် လူများ၏ ထောက်ပံ့ပေးခြင်းနှင့် တိုင်းနိုင်ငံများ၏ အသိအမှတ်ပြုခြင်းတို့အားဖြင့် ထောက်ပံ့ခြင်း ခံရသည့်အခါ၊ ဘုရားသခင်၏ ဘုန်းအသရေသည် မတည်မြဲနိုင်ပေ။ ဤသည်မှာ ဤပြည်၌ အမှု၏ ဤအဆင့်က ကိုင်စွဲထားသည့် ထူးခြားသာလွန်သော အရေးပါမှု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော

နောက်တစ်ခုသို့- ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။