ဘုရားသခင်၏ ဝိသေသလက္ခဏာကို မည်သည့်ဖန်ဆင်းခံ၊ သို့မဟုတ် မည်သည့် ဖန်ဆင်းခြင်းမခံရသည့် အရာမျှ အစားမထိုးနိုင်ပေ

12.11.2020

အရာခပ်သိမ်းအား ဖန်ဆင်းခြင်းကို စတင်သည့်အချိန်မှစပြီး ဘုရားသခင်၏ တန်ခိုးသည် စတင်ဖော်ပြကာ စတင်ထုတ်ဖော်လာသည်။ အကြောင်းမှာ ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းရန် နှုတ်ကပတ်တော်တို့ကို အသုံးပြုခဲ့သည့်အတွက်ကြောင့်ဖြစ်သည်။ သူတို့ကို မည်သို့နည်းလမ်းနှင့် ဖန်ဆင်းခဲ့သည်ဖြစ်စေ၊ အဘယ်ကြောင့်ဖန်ဆင်းခဲ့သည်ဖြစ်စေ၊ အရာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် ဖြစ်ပေါ်လာပြီး ခိုင်မာစွာ ရပ်တည်လျက် တည်ရှိလာခဲ့ကြသည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာပင်ဖြစ်သည်။ ကမ္ဘာကြီးတွင် လူသားမျိုးနွယ် မပေါ်ပေါက်လာခင် အချိန်က ဖန်ဆင်းရှင်သည် လူသားမျိုးနွယ်အတွက် အရာအားလုံးကို ဖန်ဆင်းရန် သူ၏တန်ခိုးနှင့် သြဇာအာဏာကို အသုံးပြုခဲ့ပြီး လူသားတို့အတွက် သင့်တော်သည့် သက်ရှိပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်ရန် သူ၏ထူးခြားသည့် နည်းလမ်းများကို အသုံးချခဲ့သည်။ သူလုပ်ခဲ့သည့် အရာအားလုံးမှာ မကြာခင်တွင် သူ၏ဇီဝအသက်ကို ရရှိတော့မည့် လူသားမျိုးနွယ်အတွက် ပြင်ဆင်ခြင်းသာဖြစ်သည်။ တစ်နည်းအားဖြင့် လူသားမျိုးနွယ်ကို မဖန်ဆင်းမီအချိန်က ဘုရားသခင်၏ သြဇာအာဏာသည် လူသားမျိုးနွယ်နှင့် ကွဲပြားသည့် ဖန်ဆင်းခံအားလုံးတို့တွင်၊ မိုးကောင်းကင်၊ အလင်းအိမ်များ၊ ပင်လယ်များနှင့် ကုန်းမြေများကဲ့သို့ ကြီးမြတ်သည့်အရာတို့တွင်၊ တိရစ္ဆာန်များနှင့် ငှက်ကလေးများအပြင် သာမန်မျက်စိနှင့်မမြင်နိုင်သည့် ဗက်တီးရီးယားအမျိုးမျိုးတို့အပါအဝင် ပိုးမွှားများနှင့် အဏုဇီဝရုပ်အမျိုးမျိုး၊တို့ကဲ့သို့ သေးငယ်သည့်အရာများတွင် ထင်ရှားပြသသည်။ တစ်ကောင်ချင်းစီတိုင်းသည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များအားဖြင့် အသက်ကိုပေးအပ်ခြင်းခံရပြီး ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကြောင့် တစ်ဟုန်ထိုးပွားများလာခဲ့ကြကာ တစ်ကောင်ချင်းစီသည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကြောင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအောက်တွင် ရှင်သန်နေထိုင်ခဲ့ကြသည်။ သူတို့သည် ဖန်ဆင်းရှင်၏ ဇီဝအသက်ကို မရရှိခဲ့သော်လည်း ဖန်ဆင်းရှင်က သူတို့ကို ချပေးသနားခဲ့သည့် အသက်နှင့် ရှင်သန်တက်ကြွမှုတို့ကို သူတို့၏မတူညီသည့်ပုံစံများနှင့် တည်ဆောက်ပုံများမှတစ်ဆင့် ထင်ရှားပြသခဲ့ကြသည်။ ဖန်ဆင်းရှင်က လူသားတို့ကို ပေးသည့် စကားပြောဆိုနိုင်စွမ်းကို သူတို့မရရှိသော်လည်း သူတို့အသီးသီးသည် ဖန်ဆင်းရှင်က သူတို့ကို ချပေးသနားခဲ့ပြီး လူသား၏ ဘာသာစကားနှင့် ကွဲပြားသည့် သူတို့ဘဝကို ထုတ်ဖော်ပြသခြင်း နည်းလမ်းတို့ကို ရရှိခဲ့သည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာသည် အမြင်အားဖြင့် လှုပ်ရှားမှုမရှိသည့် ရုပ်ဝတ္ထုပစ္စည်းများကို မည်သည့်အခါမျှ ပျောက်ကွယ်မသွားအောင် အသက်၏ ရှင်သန်တက်ကြွခြင်းကို ပေးခဲ့ရုံသာမက သူတို့ မည်သည့်အခါမျှ မပျောက်ကွယ်သွားအောင်၊ ထို့ပြင် ဖန်ဆင်းရှင်က ပေးအပ်ခဲ့သည့် ရှင်သန်ရပ်တည်ရေး အခြေခံမူများနှင့် နိယာမတရားများကို မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းပေးနိုင်အောင် သက်ရှိတိုင်းကို မျိုးပွားရန်နှင့် ပွားများရန် အသိစိတ်ကို ပေးအပ်ခဲ့သည်။ ဖန်ဆင်းရှင်က သူ၏သြဇာအာဏာကို အသုံးပြုသည့်ပုံစံက အနုစိတ်၊ သို့မဟုတ် အသေးစိတ် ရှုထောင့်များအပေါ်တွင်သာ တင်းတင်းကျပ်ကျပ်နှင့် စွဲကပ်မထားပေ။ မည်သည့်ပုံစံအပေါ်ကိုမျှ ကန့်သတ်ထားခြင်းမရှိပေ။ သူသည် စကြဝဠာလုပ်ဆောင်မှုများအပေါ်တွင် အုပ်ချုပ်အမိန့်ပေးနိုင်ပြီး အရာအားလုံး၏ သေခြင်းနှင့် ရှင်ခြင်းအပေါ်တွင် အချုပ်အခြာအာဏာကို စွဲကိုင်ထားသည်၊ ထို့အပြင် သူ့ကို အစေခံစေရန် အရာအားလုံးကို သူထိန်းသိမ်းနိုင်သည်။ သူသည် တောင်များ၊ မြစ်များနှင့် အင်းအိုင်များ၏ အလုပ်လုပ်ပုံအားလုံးကို စီမံခန့်ခွဲနိုင်ပြီး သူတို့အထဲတွင်ရှိသည့် အရာအားလုံးကို အုပ်ချုပ်နိုင်သည့်အပြင် အရာအားလုံး၏ လိုအပ်ချက်ကိုလည်း ထောက်ပံ့နိုင်သည်။ ဤသည်မှာ လူသားမျိုးနွယ်အပြင် အခြားအရာအားလုံးအတွင်းတွင် ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာ ထင်ရှားပေါ်လွင်ခြင်းဖြစ်သည်။ ဤကဲ့သို့သောထင်ရှားပေါ်လွင်ခြင်းသည် တစ်သက်တာအချိန်အတွက်တင် မဟုတ်ဘဲ မည်သည့်အခါမျှ ရပ်တန့်မသွားသကဲ့သို့ ပြီးဆုံးမသွားပေ။ ၎င်းကို မည်သည့်အရာ၊ သို့မဟုတ် မည်သူကမျှ ပြောင်းလဲ၍သော်လည်းကောင်း၊ ထိခိုက်၍သော်လည်းကောင်း မရသကဲ့သို့ မည်သည့်အရာ၊ သို့မဟုတ် မည်သူကမျှ ဖြည့်စွက်၍သော်လည်းကောင်း၊ လျှော့ချ၍သော်လည်းကောင်း မရပေ။ အကြောင်းမှာ ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာကို မည်သည့်အရာကမျှ အစားထိုး၍မရခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းရှင်၏ သြဇာအာဏာကို မည်သည့်ဖန်ဆင်းခံကမျှ အစားထိုး၍ မရနိုင်ပေ။ ဖန်ဆင်းခံမဟုတ်သည့် မည်သည့်အရာကမျှ ရယူနိုင်သည့်အရာ မဟုတ်ပေ။ ဘုရားသခင်၏ သတင်းစကားပို့ဆောင်သူများနှင့် ကောင်းကင်တမန်တို့ကို ဥပမာအနေနှင့် ကြည့်လော့။ သူတို့သည် ဘုရားသခင်၏ သြဇာအာဏာကို ပိုင်ဆိုင်ရန်ဝေးစွ၊ ဘုရားသခင်၏ တန်ခိုးကိုပင် မပိုင်ဆိုင်ပေ။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးကို သူတို့မပိုင်ဆိုင်ရသည့် အကြောင်းရင်းမှာ သူတို့သည် ဖန်ဆင်းရှင်၏ အနှစ်သာရကို မပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ သတင်းစကားပို့ဆောင်သူများနှင့် ကောင်းကင်တမန်တို့ကဲ့သို့ ဖန်ဆင်းခံမဟုတ်သည့်သူများသည် ဘုရားသခင်၏ကိုယ်စား အချို့အရာများကို လုပ်နိုင်သော်လည်း ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပေ။ သူတို့သည် လူသားများမပိုင်ဆိုင်သည့် တန်ခိုးအချို့ကို ပိုင်ဆိုင်သော်လည်း ဘုရားသခင်၏ သြဇာအာဏာကို မပိုင်ဆိုင်ပေ။ အရာအားလုံးကိုဖန်ဆင်းရန်၊ အရာအားလုံးကို အမိန့်ပေးရန်၊ အရာအားလုံးအပေါ်တွင် အချုပ်အခြာအာဏာ ကိုင်စွဲရန် ဘုရားသခင်၏ သြဇာအာဏာကို သူတို့မပိုင်ဆိုင်ကြပေ။ ထို့ကြောင့် ဘုရားသခင်၏ အတုမရှိခြင်းကို မည်သည့်ဖန်ဆင်းခြင်း မခံရသည့်သူကမျှ အစားထိုး၍ မရနိုင်ပေ။ အလားတူပင် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးကိုလည်း မည်သည့်ဖန်ဆင်းခြင်းမခံရသည့်သူကမျှ အစားထိုး၍မရနိုင်ပေ။ သမ္မာကျမ်းစာထဲတွင် အရာအားလုံးကို ဖန်ဆင်းခဲ့သည့် ဘုရားသခင်၏ သတင်းစကားပို့ဆောင်သူအကြောင်းကို သင်ဖတ်ဖူးသလော။ ဘုရားသခင်က သူ၏သတင်းစကားပို့ဆောင်သူများ၊ သို့မဟုတ် ကောင်းကင်တမန်များကို အဘယ်ကြောင့် အရာအားလုံးကို ဖန်ဆင်းရန် မစေလွှတ်ခြင်းဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဘုရားသခင်၏ သြဇာအာဏာကို မပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ သြဇာအာဏာကို အသုံးချရန်အစွမ်း သူတို့တွင် မရှိကြပေ။ ဖန်ဆင်းခံများအားလုံးကဲ့သို့ပင်၊ သူတို့အားလုံးသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအောက်၊ ဖန်ဆင်းရှင်၏ သြဇာအာဏာအောက်တွင်ရှိပြီး အလားတူပင် ဖန်ဆင်းရှင်က သူတို့၏ဘုရားသခင်နှင့် သူတို့၏ အချုပ်အခြာအာဏာရှင်လည်းဖြစ်သည်။ သူတို့တစ်ယောက်ချင်းစီတိုင်းတွင် သူတို့သည် မြင့်မြတ်သည်ဖြစ်စေ၊ နိမ့်ကျသည်ဖြစ်စေ၊ တန်ခိုးကြီးသည်ဖြစ်စေ၊ တန်ခိုးသေးသည်ဖြစ်စေ၊ ဖန်ဆင်းရှင်၏ သြဇာအာဏာကို ကျော်လွန်နိုင်သည့်သူ တစ်ယောက်မျှမရှိပေ။ ထို့ကြောင့် သူတို့ထဲတွင် ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာကို အစားထိုးနိုင်သည့်သူ တစ်ယောက်မျှမရှိပေ။ သူတို့သည် ဘုရားသခင်ဟု မည်သည့်အခါမျှ အခေါ်ခံရမည်မဟုတ်၊ မည်သည့်အခါမျှ ဖန်ဆင်းရှင် ဖြစ်လာနိုင်မည်မဟုတ်ပေ။ ဤသည်မှာ ပြောင်းလဲ၍မရသည့် သမ္မာတရားများနှင့် အမှန်တရားများ ဖြစ်သည်။

အထက်က မိတ်သဟာယပြုလုပ်မှုမှတစ်ဆင့် အတုမရှိသည့် သြဇာအာဏာနှင့် အတုမရှိသည့် တန်ခိုးကိုပိုင်ဆိုင်သည့်၊ အရာအားလုံး၏ ဖန်ဆင်းရှင်နှင့် အချုပ်အခြာအာဏာသာလျှင် အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင်ဟု အခေါ်ခံနိုင်သည်ဟူသည့်အချက်ကို အခိုင်အမာပြောဆိုနိုင်သလော။ ဤနေရာတွင် ဤကဲ့သို့သော မေးခွန်းက အလွန်မြင့်လွန်းသည်ဟု သင်တို့ထင်ကောင်း ထင်နိုင်သည်။ ယခုအချိန်တွင် ဤအရာကို နားလည်ရန် သင်တို့မတတ်နိုင်ပေ။ ထို့ပြင် ထိုအတွင်းတွင်ရှိသည့် အနှစ်သာရကို သင်တို့ မသိရှိနိုင်ပေ။ ထို့ကြောင့် လောလောဆယ်တွင် ဖြေရန်ခက်သည်ဟု သင်တို့ ခံစားရလိမ့်မည်။ ဤသို့ဆိုလျှင် မိတ်သဟာယပြုလုပ်မှုကို ငါဆက်သွားမည်။ နောက်တစ်ခုတွင် ဘုရားသခင်တစ်ဆူတည်း ပိုင်ဆိုင်သည့် သြဇာအာဏာနှင့် တန်ခိုးဆိုင်ရာ များစွာသော ရှုထောင့်များ၏ လက်တွေ့ကျသောလုပ်ဆောင်မှုတို့ကို သင်တို့အား ရှုမြင်ခွင့်ပြုမည်။ ထိုသို့အားဖြင့် ဘုရားသခင်၏ အတုမရှိခြင်းကို အမှန်တကယ်နားလည်ရန်၊ တန်ဖိုးထားရန်နှင့် သိရန်အပြင် ဘုရားသခင်၏ အတုမရှိသည့် သြဇာအာဏာဆိုသည်မှာ အဘယ်အရာအား ဆိုလိုကြောင်းကို သိရှိရန် သင်တို့ကို ငါအခွင့်ပေးမည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဖန်ဆင်းရှင်၏သြဇာအာဏာအောက်တွင် အရာအားလုံးသည် စုံလင်၏

ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာအားလုံးဖြစ်သော ပန်းပွင့်များ၊ သစ်ပင်များ၊ ငါးများ၊ ငှက်များကဲ့သို့ လှုပ်ရှားနိုင်သည့် သတ္တဝါများနှင့်...

စတုတ္ထနေ့တွင် ဘုရားသခင်သည် သူ၏သြဇာအာဏာကို ထပ်မံအသုံးပြုသည့်အခါတွင် လူသားမျိုးနွယ်၏ ရာသီဥတုများ၊ နေ့ရက်များနှင့် ခုနှစ်များ ဖြစ်တည်လာသည်

ဖန်ဆင်းရှင်သည် သူ၏အစီအစဉ်ကို ပြီးမြောက်စေရန် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုခဲ့ပြီး ဤသို့ဖြင့် သူ့အစီအစဉ်၏ ပထမသုံးရက်ကို...

တတိယနေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် မြေကြီးနှင့် ပင်လယ်တို့ကို ဖြစ်ပေါ်စေခဲ့ပြီး ဘုရားသခင်၏ သြဇာအာဏာသည် ကမ္ဘာကို အသက်ပါခြင်းနှင့် ပြည့်လျှံစေခဲ့သည်

ဆက်လက်၍ ကမ္ဘာဦးကျမ်း ၁:၉-၁၁ ၏ ပထမဝါကျကို ဖတ်ကြည့်ကြစို့။ “တဖန်ဘုရားသခင်က မိုဃ်းကောင်းကင် အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေ ဟု...

ခြောက်ရက်နေ့မြောက်တွင် ဖန်ဆင်းရှင်သည် စကားပြောပြီး သူ့စိတ်ထဲတွင်ရှိသည့် သက်ရှိသတ္တဝါတစ်မျိုးချင်းစီသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်

မသိမသာနှင့် ဖန်ဆင်းရှင်၏ အရာအားလုံးကို ပြုလုပ်ခြင်း အမှုသည် ငါးရက်တိုင် ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး ယင်းနောက်တွင် ချက်ချင်းပင် အရာအားလုံးအပေါ်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။