ပထမနေ့တွင် လူသားမျိုးနွယ်၏ နေ့နှင့်ညသည် ပေါ်ပေါက်လာပြီး ဘုရားသခင်၏ သြဇာအာဏာကြောင့် ခိုင်မာစွာ ရပ်တည်ပေ၏

16.03.2019

ပထမကျမ်းပိုဒ်ကို ကြည့်ကြပါစို့။ “ဘုရားသခင်ကလည်း အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။ ထိုအလင်းကောင်းသည်ကို ဘုရားသခင်မြင်၍၊ အလင်းနှင့် မှောင်မိုက်ကို ပိုင်းခြားခွဲထားတော်မူ၏။ အလင်းကို နေ့ဟူသော အမည်ဖြင့်၎င်း၊ မှောင်မိုက်ကို ညဉ့်ဟူသော အမည်ဖြင့်၎င်း၊ ခေါ်ဝေါ်သမုတ်တော်မူ၍ ညဦးနှင့် နံနက်သည် ပဌမနေ့ရက် ဖြစ်လေ၏။” (ကမ္ဘာဦးကျမ်း ၁:၃-၅) ဤကျမ်းပိုဒ်သည် ဖန်ဆင်းခြင်းအစတွင် ဘုရားသခင်၏ ပထမဆုံး လုပ်ဆောင်ချက်နှင့် ညဉ့်ဦးနှင့် နံနက်ပါဝင်သော ဘုရားသခင် ဖြတ်သန်းခဲ့သည့် ပထမနေ့ရက်ကို ဖော်ပြသည်။ သို့သော် ယင်းသည် ထူးခြားသည့်နေ့ တစ်နေ့ဖြစ်ခဲ့သည်။ ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အလင်းကို စတင် ပြင်ဆင်ခဲ့သည့်အပြင် အလင်းကို မှောင်မိုက်မှ ခွဲခြားလိုက်သည်။ ဤနေ့ရက်တွင် ဘုရားသခင်သည် စတင်စကားပြောခဲ့ပြီး သူ၏ နှုတ်ကပတ်တော်များနှင့် သြဇာအာဏာသည် အတူတကွ တည်ရှိခဲ့သည်။ သူ၏ သြဇာအာဏာသည် အရာခပ်သိမ်းထဲတွင် စတင် ထင်ရှားပြလာပြီး သူ့နှုတ်ကပတ်တော်များ၏ အကျိုးရလဒ်အနေဖြင့် သူ၏တန်ခိုးသည် အရာခပ်သိမ်းအလယ်တွင် ပျံ့နှံ့လေသည်။ ထိုနေ့မှစပြီး အရာခပ်သိမ်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ သြဇာအာဏာနှင့် ဘုရားသခင်၏ တန်ခိုးတို့ကြောင့် ဖြစ်ပေါ်လာခဲ့ပြီး ခိုင်မာစွာ ရပ်တည်ခဲ့ကြကာ၊ ယင်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ သြဇာအာဏာနှင့် ဘုရားသခင်၏ တန်ခိုးတို့ကြောင့်၊ စတင် လှုပ်ရှားလည်ပတ်လာကြသည်။ ဘုရားသခင်က “အလင်းဖြစ်စေ” ဆိုသည့် နှုတ်ကပတ်တော်များကို မိန့်မြွက်လိုက်သည့်အခါတွင်၊ ထိုသို့ အလင်းဖြစ်ခဲ့သည်။ ဘုရားသခင်က မည်သည့်အလုပ် အစီအစဉ်တို့ကိုမျှ စတင်ခြင်းမရှိခဲ့ပေ။ အလင်းသည် သူ့နှုတ်ကပတ်တော်၏ ရလဒ်အနေဖြင့် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က နေ့ဟုခေါ်ခဲ့သည့် အလင်းဖြစ်ပြီး လူသားသည် ယနေ့ သူ၏တည်ရှိမှုအတွက် ယင်းအပေါ် မှီခိုနေရဆဲ ဖြစ်သည်။ ဘုရားသခင်၏ အမိန့်အားဖြင့် ထိုအလင်း၏ အနှစ်သာရနှင့် တန်ဖိုးက မည်သည့်အခါမျှ ပြောင်းလဲမသွားဘဲ၊ မည်သည့်အခါမျှလည်း ပျောက်ကွယ်မသွားပေ။ ယင်း၏တည်ရှိမှုသည် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးကို ထင်ရှားစေပြီး ဖန်ဆင်းရှင်၏ တည်ရှိမှုကို ကြေညာသည်။ ယင်းသည် ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာနှင့် အဆင့်အတန်းကို အကြိမ်ကြိမ် အတည်ပြုသည်။ ယင်းသည် အထည်ကိုယ်ဒြပ်မရှိသည့်အရာ သို့မဟုတ် ထင်ယောင်ထင်မှားစရာ မဟုတ်ပါဘဲ၊ လူသားက မြင်တွေ့နိုင်သည့် တကယ်ရှိသော အလင်းဖြစ်သည်။ ထိုအချိန်မှစ၍ “မြေကြီးသည် အဆင်းသဏ္ဌာန်မရှိ၊ လွတ်လပ်လဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၏” ဆိုသည့် ဘာမျှမရှိသည့် ကမ္ဘာကြီးတွင် ပထမဆုံးသော ရုပ်ဝတ္ထုတစ်ခု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ဤအရာသည် ဘုရားသခင့်နှုတ်၏ နှုတ်ကပတ်တော်များမှ လာခဲ့ခြင်းဖြစ်ပြီး ဘုရားသခင်၏ သြဇာအာဏာနှင့် မိန့်မြွက်ချက်များကြောင့်၊ အရာခပ်သိမ်းအား ဖန်ဆင်းခြင်း၏ ပထမ လုပ်ဆောင်ချက်တွင် ထွက်ပေါ်လာခဲ့သည်။ နောက်မကြာမီတွင် ဘုရားသခင်သည် အလင်းနှင့် မှောင်မိုက်ကို ခွဲခြားရန် အမိန့်ပေးခဲ့သည်။...ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် အရာအားလုံးမှာ ပြောင်းလဲခဲ့ပြီး ပြည့်စုံလျက် ရှိခဲ့သည်။...ဘုရားသခင်က ဤအလင်းကို “နေ့” ဟုခေါ်ပြီး မှောင်မိုက်ကို “ည” ဟုခေါ်ခဲ့သည်။ ထိုအချိန်၌ ဘုရားသခင်က ဖန်ဆင်းရန် ရည်ရွယ်ခဲ့သည့် ကမ္ဘာပေါ်တွင် ပထမဆုံးညဉ့်ဦးနှင့် ပထမဆုံးနံနက်သည် ဖြစ်ပေါ်လာခဲ့ပြီး၊ ဤသည်မှာ ပထမနေ့ဖြစ်သည်ဟု ဘုရားသခင်က မိန့်ခဲ့သည်။ ဤနေ့သည် ဖန်ဆင်းရှင်၏ အရာခပ်သိမ်းအား ဖန်ဆင်းခြင်း ပထမနေ့ဖြစ်ခဲ့ပြီး အရာခပ်သိမ်းအား ဖန်ဆင်းခြင်း၏ အစဖြစ်ခဲ့သည့်အပြင်၊ သူဖန်ဆင်းခဲ့ပြီးသည့် ဤကမ္ဘာပေါ်တွင် ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးကို ထင်ရှားပြသခဲ့ပြီးဖြစ်သည့် ပထမဆုံးအကြိမ် ဖြစ်ခဲ့သည်။

ဤနှုတ်ကပတ်တော်များအားဖြင့် လူသားသည် ဘုရားသခင်နှင့် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ သြဇာအာဏာနှင့်သာမက ဘုရားသခင်၏ တန်ခိုးကိုပါ မြင်တွေ့နိုင်သည်။ ဘုရားသခင်သာလျှင် ထိုသို့သော တန်ခိုးကို ပိုင်ဆိုင်သောကြောင့်၊ ဘုရားသခင်သာလျှင် ထိုသို့သော သြဇာအာဏာ ရှိခြင်းဖြစ်သည်။ ဘုရားသခင်သည် ထိုသို့သော သြဇာအာဏာ ပိုင်ဆိုင်သောကြောင့်၊ ဘုရားသခင်သာလျှင် ထိုသို့သော တန်ခိုးရှိခြင်းဖြစ်သည်။ မည်သည့်လူသား သို့မဟုတ် အရာဝတ္ထုက ထိုသို့သော သြဇာအာဏာနှင့် တန်ခိုးကို ဤကဲ့သို့ ပိုင်ဆိုင်နိုင်သလော။ သင်တို့၏ စိတ်နှလုံးထဲတွင် အဖြေတစ်ခုရှိသလော။ ဘုရားသခင်မှလွဲ၍ မည်သည့်ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းမခံရသည့် သက်ရှိများက ထိုသို့သော သြဇာအာဏာကို ပိုင်ဆိုင်သလော။ ထိုသို့သော အရာမျိုး၏ သာဓကကို မည်သည့်စာအုပ် သို့မဟုတ် ပုံနှိပ်ထုတ်ဝေမှုတွင် သင်တို့တွေ့ဖူးပါသလော။ တစ်စုံတစ်ဦးက ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်ဟူသည့် မှတ်တမ်းတစ်ခုခု ရှိသလော။ ထိုအရာကို အခြားမည်သည့်စာအုပ်များ သို့မဟုတ် မှတ်တမ်းများတွင်မျှ မတွေ့ရပေ။ အမှန်စင်စစ် ဤအရာများမှာ သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသည့် ကမ္ဘာမြေအား ဘုရားသခင်၏ ကြီးကျယ်ခမ်းနားသော ဖန်ဆင်းခြင်းအကြောင်း ခိုင်လုံပြီး တန်ခိုးနှင့်ပြည့်စုံသည့် တစ်ခုတည်းသော နှုတ်ကပတ်တော်များပင် ဖြစ်သည်။ ဤနှုတ်ကပတ်တော်များက ဘုရားသခင်၏ အတုမရှိ သြဇာအာဏာနှင့် ဝိသေသလက္ခဏာအကြောင်းကို အခိုင်အမာ ပြောပြသည်။ ထိုသို့သော သြဇာအာဏာနှင့် တန်ခိုးသည် ဘုရားသခင်၏ အတုမရှိသော ဝိသေသလက္ခဏာကို ကိုယ်စားပြုသည်ဟု ဆိုနိုင်မည်လော။ ယင်းတို့ကို ဘုရားသခင်နှင့် ဘုရားသခင် တစ်ဦးတည်းကသာ ပိုင်ဆိုင်သည်ဟု ဆိုနိုင်မည်လော။ သံသယရှိစရာမလိုအောင် ဘုရားသခင် ကိုယ်တော်တိုင်ကသာလျှင် ထိုသို့သော သြဇာအာဏာနှင့် တန်ခိုးကို ပိုင်ဆိုင်သည်တကား။ ဤသြဇာအာဏာနှင့် တန်ခိုးကို မည်သည့်ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းမခံရသည့် သက်ရှိကမျှ ပိုင်ဆိုင်နိုင်ခြင်း သို့မဟုတ် အစားထိုးနိုင်ခြင်း မရှိပေ။ ဤသည်မှာ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင်၏ ထူးခြားသော လက္ခဏာများထဲက တစ်ခုဖြစ်သလော။ သင်တို့ ယင်းကို မျက်မြင်တွေ့ပြီးပြီလော။ ဤနှုတ်ကပတ်တော်များက ဘုရားသခင်သည် အတုမရှိသော သြဇာအာဏာနှင့် အတုမရှိသော တန်ခိုးကို ပိုင်ဆိုင်ပြီး၊ သာလွန်မြင့်မားသည့် ဝိသေသလက္ခဏာနှင့် အဆင့်အတန်း ရှိသည် ဟူသည့်အချက်ကို လူတို့အား လျင်မြန်စွာနှင့် ထင်ရှားစွာ နားလည်စေသည်။ အထက်ပါ မိတ်သဟာယပြုချက်မှနေ၍ သင်တို့ယုံကြည်သည့် ဘုရားသခင်သည် အတုမရှိ ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်သည်ဟု သင်တို့ ဆိုနိုင်ပြီလော။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ ဝိသေသလက္ခဏာကို မည်သည့်ဖန်ဆင်းခံ၊ သို့မဟုတ် မည်သည့် ဖန်ဆင်းခြင်းမခံရသည့် အရာမျှ အစားမထိုးနိုင်ပေ

အရာခပ်သိမ်းအား ဖန်ဆင်းခြင်းကို စတင်သည့်အချိန်မှစပြီး ဘုရားသခင်၏ တန်ခိုးသည် စတင်ဖော်ပြကာ စတင်ထုတ်ဖော်လာသည်။ အကြောင်းမှာ ဘုရားသခင်သည်...

တတိယနေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် မြေကြီးနှင့် ပင်လယ်တို့ကို ဖြစ်ပေါ်စေခဲ့ပြီး ဘုရားသခင်၏ သြဇာအာဏာသည် ကမ္ဘာကို အသက်ပါခြင်းနှင့် ပြည့်လျှံစေခဲ့သည်

ဆက်လက်၍ ကမ္ဘာဦးကျမ်း ၁:၉-၁၁ ၏ ပထမဝါကျကို ဖတ်ကြည့်ကြစို့။ “တဖန်ဘုရားသခင်က မိုဃ်းကောင်းကင် အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေ ဟု...

စတုတ္ထနေ့တွင် ဘုရားသခင်သည် သူ၏သြဇာအာဏာကို ထပ်မံအသုံးပြုသည့်အခါတွင် လူသားမျိုးနွယ်၏ ရာသီဥတုများ၊ နေ့ရက်များနှင့် ခုနှစ်များ ဖြစ်တည်လာသည်

ဖန်ဆင်းရှင်သည် သူ၏အစီအစဉ်ကို ပြီးမြောက်စေရန် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုခဲ့ပြီး ဤသို့ဖြင့် သူ့အစီအစဉ်၏ ပထမသုံးရက်ကို...

ခြောက်ရက်နေ့မြောက်တွင် ဖန်ဆင်းရှင်သည် စကားပြောပြီး သူ့စိတ်ထဲတွင်ရှိသည့် သက်ရှိသတ္တဝါတစ်မျိုးချင်းစီသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်

မသိမသာနှင့် ဖန်ဆင်းရှင်၏ အရာအားလုံးကို ပြုလုပ်ခြင်း အမှုသည် ငါးရက်တိုင် ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး ယင်းနောက်တွင် ချက်ချင်းပင် အရာအားလုံးအပေါ်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။