စတုတ္ထနေ့တွင် ဘုရားသခင်သည် သူ၏သြဇာအာဏာကို ထပ်မံအသုံးပြုသည့်အခါတွင် လူသားမျိုးနွယ်၏ ရာသီဥတုများ၊ နေ့ရက်များနှင့် ခုနှစ်များ ဖြစ်တည်လာသည်

16.03.2019

ဖန်ဆင်းရှင်သည် သူ၏အစီအစဉ်ကို ပြီးမြောက်စေရန် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုခဲ့ပြီး ဤသို့ဖြင့် သူ့အစီအစဉ်၏ ပထမသုံးရက်ကို လွန်မြောက်ခဲ့သည်။ ဤသုံးရက်အတောအတွင်း ဘုရားသခင်ကို အလုပ်ရှုပ်သည် သို့မဟုတ် အလွန်အမင်း ပင်ပန်းနွမ်းနယ်သည်ဟု မမြင်ရချေ။ ဆန့်ကျင်ဘက်အားဖြင့် သူ့အစီအစဉ်၏ နှစ်သက်ပျော်ရွှင်ဖွယ် ပထမသုံးရက်ကို လွန်မြောက်ခဲ့ပြီး၊ ကမ္ဘာမြေ၏ လုံးလုံးလျားလျား အသွင်ပြောင်းလဲခြင်းဆိုင်ရာ ကြီးမားသောလုပ်ငန်းကို အောင်မြင်ခဲ့သည်။ အသစ်စက်စက် ကမ္ဘာမြေသည် သူ့မျက်စိရှေ့တွင် ပေါ်လာခဲ့ပြီး သူ၏စိတ်ကူးများထဲတွင် ပိတ်ဖုံးထားသည့် လှပသောရုပ်ပုံမှာ နောက်ဆုံးတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် တစ်စချင်းစီ ပေါ်ထွက်လာခဲ့သည်။ အသစ်သောအရာ တစ်ခုစီ၏ ပေါ်ထွက်လာပုံမှာ မွေးကင်းစကလေးတစ်ဦး မွေးဖွားလာသကဲ့သို့ ဖြစ်ခဲ့ပြီး ဖန်ဆင်းရှင်သည် တစ်ချိန်က သူ့စိတ်ကူးများထဲတွင် ရှိခဲ့သော်လည်း၊ ယခု အသက်ဝင်လာခဲ့သည့် ရုပ်ပုံအပေါ်တွင် ကျေနပ်အားရလေသည်။ ဤအချိန်တွင် သူ့စိတ်နှလုံးက ကျေနပ်မှုတစ်စွန်းတစ်စကို ရခဲ့သော်လည်း၊ သူ၏အစီအစဉ်က အစပြုရုံသာရှိခဲ့သေးသည်။ မျက်စိတစ်မှိတ်အတွင်းတွင် နေ့သစ်တစ်ခု ရောက်ရှိလာခဲ့ပြီးလျှင်၊ ဖန်ဆင်းရှင်၏ အစီအစဉ်တွင် နောက်စာမျက်နှာက မည်သည့်အရာဖြစ်သနည်း။ သူ မည်သည့်အရာကို ပြောခဲ့သနည်း။ သူ၏သြဇာအာဏာကို မည်ကဲ့သို့ အသုံးပြုခဲ့သနည်း။ ထိုအချိန်အတွင်း၌ အသစ်သော မည်သည့်အရာများက ဤကမ္ဘာသစ်ထဲသို့ ရောက်ရှိလာခဲ့သနည်း။ ဖန်ဆင်းရှင်၏ လမ်းပြမှုနောက်တွင် နောက်ထပ် အသစ်သောအစပြုခြင်း ဖြစ်လာဦးမည့် နေ့တစ်နေ့ဖြစ်သည့်၊ အရာခပ်သိမ်းအား ဘုရားသခင်၏ ဖန်ဆင်းခြင်း စတုတ္ထနေ့ကို ငါတို့ စူးစိုက်ကြည့်ကြသည်။ အမှန်တကယ်ပင် ယုံမှားဖွယ်ရာမရှိအောင် ၎င်းသည် ဖန်ဆင်းရှင်အတွက် နောက်ထပ် နှစ်သက်ပျော်ရွှင်ဖွယ် နေ့တစ်နေ့ဖြစ်ခဲ့ပြီး၊ ယခုခေတ် လူသားမျိုးနွယ်အတွက် အဆုံးစွန် အရေးကြီးသော နောက်ထပ်နေ့တစ်နေ့ ဖြစ်ခဲ့ပေသည်။ ယင်းမှာ ခန့်မှန်းမရလောက်အောင် အဖိုးထိုက်သည့် နေ့တစ်နေ့ အမှန်ပင် ဖြစ်ခဲ့သည်။ ထိုနေ့သည် မည်ကဲ့သို့ နှစ်သက်ပျော်ရွှင်ဖွယ် ကောင်းသနည်း။ မည်ကဲ့သို့ အလွန်အရေးကြီး၍ မည်ကဲ့သို့ တန်ဖိုးဖြတ်မရသနည်း။ ဖန်ဆင်းရှင် မိန့်ဆိုခဲ့သည့် နှုတ်ကပတ်တော်များကို ဦးစွာကြားနာကြစို့...။

“တဖန်ဘုရားသခင်က၊ နေ့နှင့်ညဉ့်ကို ပိုင်းခြားစေခြင်းငှါ မိုဃ်းကောင်းကင်မျက်နှာကြက်၌ အလင်းအိမ် တည်စေ၊ နိမိတ်လက္ခဏာ၊ ချိန်းချက်သောအချိန်၊ နေ့ရက် အပိုင်းအခြား၊ နှစ်အပိုင်းအခြားဘို့ဖြစ်စေ။ မိုဃ်းကောင်းကင် မျက်နှာကြက်၌ တည်၍ မြေကြီးလင်းစရာ အလင်းအိမ် ဖြစ်စေဟု အမိန့်တော် ရှိသည့်အတိုင်းဖြစ်လေ၏။” (ကမ္ဘာဦးကျမ်း ၁:၁၄-၁၅) ဤသည်မှာ ကမ္ဘာပေါ်တွင် ခြောက်သွေ့သောကုန်းမြေနှင့် အပင်များကို သူ၏ဖန်ဆင်းခြင်း နောက်တွင် သတ္တဝါများက ထင်ရှားပြသခဲ့သည့် ဘုရားသခင်၏ သြဇာအာဏာအား နောက်ထပ် အသုံးပြုခြင်း ဖြစ်သည်။ ဘုရားသခင်အတွက် ထိုလုပ်ဆောင်မှုမျိုးက သူပြုလုပ်ခဲ့ပြီးသော အရာတမျှပင် လွယ်ကူသည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၌ ထိုသို့သော တန်ခိုးရှိပေသည်။ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်တမျှ ကောင်းမြတ်ပြီး၊ သူ၏နှုတ်ကပတ်တော်သည် ပြီးပြည့်စုံလိမ့်မည်။ ဘုရားသခင်သည် မိုးကောင်းကင်တွင် အလင်းအိမ်ဖြစ်ပေါ်စေရန် အမိန့်ပေးခဲ့ပြီး ဤအလင်းအိမ်သည် မိုးကောင်းကင်နှင့် မြေကြီးပေါ်တွင် ထွန်းလင်းသည်သာမက၊ နေ့နှင့်ည၊ ရာသီဥတုများ၊ နေ့ရက်များနှင့် ခုနှစ်များအတွက် သင်္ကေတအမှတ်အသားများ အဖြစ်လည်း အသုံးတော်ခံခဲ့သည်။ ဤနည်းအားဖြင့် ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို မိန့်ဆိုသည့်အတိုင်း၊ ဘုရားသခင် ပြီးမြောက်လိုသည့် လုပ်ဆောင်ချက်တိုင်းသည် ဘုရားသခင်၏ ရည်မှန်းချက်နှင့် ဘုရားသခင် ချမှတ်ခဲ့သည့်ပုံစံအတိုင်း ပြည့်စုံခဲ့သည်။

မိုးကောင်းကင်၌ရှိသော အလင်းအိမ်သည် အလင်းဖြာထွက်နိုင်သည့် ကောင်းကင်ယံက ဒြပ်ပစ္စည်းဖြစ်သည်။ ၎င်းတို့သည် ကောင်းကင်ကိုသာမက မြေကြီးနှင့် ပင်လယ်တို့ကိုပါ အလင်းရောင်ပေးနိုင်သည်။ ၎င်းတို့သည် ဘုရားသခင် အမိန့်ပေးသည့် စည်းချက်နှင့် ကြိမ်နှုန်းအတိုင်း လည်ပတ်ကြပြီး၊ ကုန်းမြေပေါ်၌ မတူညီသည့် အချိန်အပိုင်းအခြားများတွင် လင်းထိန်ကာ၊ ဤနည်းလမ်းအားဖြင့် အလင်းအိမ်၏ လည်ပတ်မှုစက်ဝန်းများက ကုန်းမြေ၏ အရှေ့နှင့်အနောက်တွင် နေ့နှင့်ညကို ဖြစ်ပေါ်စေကာ၊ ၎င်းတို့သည် နေ့နှင့်ညအတွက် သင်္ကေတ အမှတ်အသားများသာ မဟုတ်ဘဲ၊ ဤမတူညီသည့် စက်ဝန်းများအားဖြင့် လူသားမျိုးနွယ်၏ ပွဲတော်များ၊ အမျိုးမျိုးသော အထူးနေ့ရက်များကိုလည်း မှတ်သားပေးသည်။ ၎င်းတို့သည် ဘုရားသခင် ထုတ်ပြန်ခဲ့သည့် လေးရာသီဖြစ်သော နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီနှင့် ဆောင်းရာသီတို့အတွက် ပြီးပြည့်စုံသော ဖြည့်စွက်မှုနှင့် အတွဲအဖက်ဖြစ်ပြီး၊ ၎င်းနှင့်အတူ အလင်းအိမ်သည် လူသားမျိုးနွယ်၏ လနှင့်သက်ဆိုင်သော အချိန်ကာလများ၊ နေ့ရက်များနှင့် ခုနှစ်များအတွက် ပုံမှန်ဖြစ်ပြီး တိကျသော အမှတ်အသားများအဖြစ် သဟဇာတကျကျ အသုံးတော် ခံသည်။ လယ်ယာစိုက်ပျိုးရေး ထွန်းကားပြီးနောက်မှသာ လူသားမျိုးနွယ်သည် ဘုရားသခင် ဖန်ဆင်းခဲ့သည့် အလင်းအိမ်က ဖြစ်ပေါ်စေသော လနှင့်သက်ဆိုင်သည့် အချိန်ကာလများ၊ နေ့ရက်များနှင့် ခုနှစ်များ အပိုင်းအခြားကို စတင်နားလည်ပြီး ကြုံတွေ့ခဲ့ခြင်း ဖြစ်သော်လည်း၊ အမှန်တွင် ယနေ့ လူသားနားလည်သည့် လနှင့်သက်ဆိုင်သော အချိန်ကာလများ၊ နေ့ရက်များနှင့် ခုနှစ်များသည် အရာခပ်သိမ်းအား ဘုရားသခင်၏ ဖန်ဆင်းခြင်း စတုတ္ထနေ့ကတည်းက စတင်ဖြစ်ပေါ်ခဲ့သည်မှာ ကြာလှပြီဖြစ်ပြီး၊ အလားတူပင် လူသားတွေ့ကြုံရသည့် နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီနှင့် ဆောင်းရာသီတို့၏ ပြောင်းလဲမှု စက်ဝန်းများသည် အရာခပ်သိမ်းအား ဘုရားသခင်၏ ဖန်ဆင်းခြင်း စတုတ္ထနေ့ကတည်းက စတင်ခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်သည်။ ဘုရားသခင် ဖန်ဆင်းခဲ့သည့် အလင်းအိမ်သည် လူသားများအား နေ့နှင့်ညအကြား ပုံမှန်၊ တိတိကျကျနှင့် ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်စေနိုင်ပြီး၊ နေ့ရက်များကို ရေတွက်နိုင်စေကာ လနှင့်သက်ဆိုင်သော အချိန်ကာလများနှင့် ခုနှစ်များကို ရှင်းရှင်းလင်းလင်း မှတ်သားနိုင်စေခဲ့သည်။ (လပြည့်နေ့သည် တစ်လပြည့်သည့်နေ့ ဖြစ်ပြီး၊ ဤအချက်မှ အလင်းအိမ်၏ တောက်ပခြင်းက စက်ဝန်းအသစ်တစ်ခုကို အစပြုကြောင်း လူသားက သိရှိခဲ့သည်။ လနှင့်သက်ဆိုင်သောကာလ အသစ်စတင်ပြီဟု လူသားကို ပြောပြသည့် လတစ်ဝက်ရှိသည့်နေ့သည် တစ်လ၏တစ်ဝက် ပြည့်သည့်နေ့ ဖြစ်ပြီး၊ ယင်းအချက်မှ လနှင့်သက်ဆိုင်သည့် ကာလတစ်ခုတွင် ဘယ်နှစ်ရက် ဘယ်နှစ်ညရှိသည်၊ ရာသီတစ်ခုတွင် လနှင့်သက်ဆိုင်သည့်ကာလ ဘယ်နှစ်ခု ရှိသည်နှင့် တစ်နှစ်တွင် ဘယ်နှစ်ရာသီ ရှိသည်ဟူသည်ကို ကောက်ချက်ချနိုင်ပြီး ဤအရာ အားလုံးကို ထူးကဲသော ပုံမှန်ဖြစ်ပေါ်မှုဖြင့် ပြသသည်။) ထို့ကြောင့် လူသားသည် အလင်းအိမ်၏ လှည့်ပတ်ခြင်းတို့အားဖြင့် မှတ်သားထားသည့် လနှင့်သက်ဆိုင်သည့် အချိန်ကာလများ၊ နေ့ရက်များနှင့် ခုနှစ်များကို လွယ်လွယ်ကူကူနှင့် မှတ်သားသိရှိနိုင်ခဲ့သည်။ ဤအချိန်မှစပြီး လူသားမျိုးနွယ်နှင့် အရာခပ်သိမ်းသည် အလင်း၏ လှည့်ပတ်ခြင်းတို့အားဖြင့် ဖြစ်ပေါ်လာသည့် နေ့နှင့်ည စနစ်တကျ ပြောင်းလဲခြင်းနှင့် ရာသီဥတုများ၏ အလှည့်ကျ ဖြစ်ပေါ်မှုများကြားတွင် သတိမမူမိဘဲ အသက်ရှင်ခဲ့ကြသည်။ ဤသည်မှာ စတုတ္ထနေ့တွင် ဖန်ဆင်းရှင်မှ အလင်းအိမ်အား ဖန်ဆင်းခြင်း၏ အရေးပါမှုဖြစ်သည်။ အလားတူပင် ဖန်ဆင်းရှင်၏ ဤလုပ်ဆောင်ချက်၏ ရည်ရွယ်ချက်များနှင့် အရေးပါမှုတို့သည် သူ၏သြဇာအာဏာနှင့် တန်ခိုးတို့နှင့် ခွဲခြား၍ မရသေးပေ။ ထို့ကြောင့် ဘုရားသခင် ပြုလုပ်ခဲ့သည့် အလင်းအိမ်နှင့် ယင်းက လူသားထံ မကြာမီ ယူဆောင်လာမည့် တန်ဖိုးသည် ဖန်ဆင်းရှင်၏ သြဇာအာဏာအား အသုံးချခြင်း၌ နောက်ထပ် ကျွမ်းကျင်ပိုင်နိုင်မှု တစ်ခုဖြစ်သည်။

လူသားမျိုးနွယ် ပေါ်ထွန်းလာရဦးမည့် ဤကမ္ဘာသစ်ပေါ်တွင် ဖန်ဆင်းရှင်သည် မကြာမီ သူဖန်ဆင်းမည့် သက်ရှိအသစ်အတွက် ညနေနှင့်နံနက်၊ မိုးမျက်နှာကြက်၊ ကုန်းမြေနှင့်ပင်လယ်၊ မြက်ပင်၊ ဆေးပင်နှင့် အမျိုးမျိုးသော သစ်ပင်များနှင့်အတူ အလင်းအိမ်၊ ရာသီဥတုများ၊ နေ့ရက်များ၊ ခုနှစ်များကို ပြင်ဆင်ခဲ့ပြီးဖြစ်သည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးကို သူဖန်ဆင်းခဲ့သည့် အသစ်သော အရာတစ်ခုစီတိုင်း၌ ဖော်ပြထားပြီးလျှင်၊ သူ၏ နှုတ်ကပတ်တော်များနှင့် ပြီးမြောက်မှုများသည် ခြားနားချက် စိုးစဉ်းမျှမရှိ၊ ကွာဟချက် စိုးစဉ်းမျှမရှိဘဲ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်ခဲ့လေသည်။ ဤအသစ်သော အရာများအားလုံး၏ ပေါ်ထွန်းခြင်းနှင့် မွေးဖွားခြင်းမှာ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုး၏ သက်သေဖြစ်သည်။ သူပြောဆိုသည့်အရာသည် အတည်ပြောဆိုခြင်းဖြစ်ပြီး သူပြောဆိုသည့်အရာက ပြီးမြောက်လိမ့်မည်။ ပြီးလျှင် သူလုပ်ဆောင်သည့်အရာသည် ထာဝရတည်တံ့မည်။ ဤအချက်မှာ မည်သည့်အခါမျှ မပြောင်းလဲပါချေ- အတိတ်တွင် ထိုသို့ ဖြစ်ခဲ့သည့်အတိုင်း ယနေ့တွင်လည်း ထိုသို့ဖြစ်ပြီးလျှင်၊ ထာဝရကာလပတ်လုံး ထိုသို့ပင် ဖြစ်လိမ့်မည်။ ကျမ်းစာ၏ ထိုနှုတ်ကပတ်တော်များကို နောက်တစ်ကြိမ် ကြည့်ရှုသောအခါ၊ ၎င်းတို့မှာ သင်တို့အတွက် လတ်ဆတ်သည်ဟု ခံစားရသလော။ အကြောင်းအရာ အသစ်များကို သင်တို့ တွေ့မြင်ပြီး၊ ရှာဖွေတွေ့ရှိမှု အသစ်များကို ရရှိပြီးပြီလော။ ယင်းမှာ ဖန်ဆင်းရှင်၏ ဆောင်ရွက်ချက်များက သင်တို့၏ စိတ်နှလုံးကို လှုံ့ဆော်ပေးခဲ့ပြီး၊ သူ၏သြဇာအာဏာနှင့် တန်ခိုးအပေါ် သင်တို့အသိပညာ၏ ဦးတည်ချက်ကို လမ်းပြပေးခဲ့ကာ၊ သင်တို့၏ ဖန်ဆင်းရှင်အပေါ် နားလည်ခြင်းအတွက် တံခါးဖွင့်လှစ်ခဲ့သည်သာမက၊ သူ၏ ဆောင်ရွက်ချက်များနှင့် သြဇာအာဏာတို့က ဤနှုတ်ကပတ်တော်များ အပေါ်၌ အသက်ကို အပ်နှင်းပေးခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ဤနှုတ်ကပတ်တော်တို့တွင် လူသားသည် ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ စစ်မှန်ပြီး ထင်ရှားသည့် ဖော်ပြချက်ကို တွေ့မြင်ရပြီ ဖြစ်ပြီး၊ ဖန်ဆင်းရှင်၏ သာလွန်မြင့်မြတ်ခြင်းကို အမှန်တကယ် မျက်မြင်တွေ့ခဲ့ရကာ၊ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုး၏ ထူးခြားဆန်းကြယ်မှုကို ရှုမြင်ခဲ့ရသည်။

ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးက အံ့သြဖွယ်သောအမှုများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်စေသည်။ သူသည် လူသား၏ အာရုံစိုက်မှုကို ဆွဲဆောင်သဖြင့် လူသားသည် သူ၏ သြဇာအာဏာအား အသုံးချခြင်းမှ ပေါက်ဖွားလာသည့် အံ့သြဖွယ် လုပ်ဆောင်ချက်များကို မှင်တက်လျက် ငေးစိုက်မကြည့်ဘဲ မနေနိုင်ပေ။ သူ၏ ထူးခြားဆန်းပြားသော တန်ခိုးက ကျေနပ်ပျော်ရွှင်မှုများ တစ်ခုပြီးတစ်ခု ဆောင်ကြဉ်းပေးသဖြင့် လူသားသည် ဖမ်းစားခံရပြီး အလွန်ဝမ်းမြောက်ကာ လေးစားကြည်ညိုမှုနှင့် ပင့်သက်ရှိုက်မောလျက် အံ့သြမှင်တက်ပြီး ကောင်းချီးသြဘာပေး၏။ ထိုမျှမက လူသားသည် သိသာထင်ရှားစွာ တို့ထိခြင်းခံရလျက် သူ့အထဲ၌ လေးစားမှု၊ ကြောက်ရွံ့မှုနှင့် တွယ်တာမှုတို့ ထွက်ပေါ်လာသည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် လုပ်ဆောင်ချက်များသည် လူသား၏ ဝိညာဉ်အပေါ်တွင် ကြီးမားသော အကျိုးသက်ရောက်မှုနှင့် သန့်ရှင်းစေခြင်းအာနိသင် ရှိသည်သာမက၊ လူသား၏ ဝိညာဉ်ကို အာသာဆန္ဒပြည့်ဝ စေသည်။ သူ၏ အကြံအစည်များ တစ်ခုစီတိုင်း၊ သူ၏မိန့်မြွက်ချက်များ တစ်ခုစီတိုင်း၊ သူ၏သြဇာအာဏာအား ထုတ်ဖော်မှု တစ်ခုစီတိုင်းသည် အရာခပ်သိမ်း အလယ်၌ အပြောင်မြောက်ဆုံး လက်ရာဖြစ်ပြီး၊ ဖန်ဆင်းခံ လူသားမျိုးနွယ်၏ လေးနက်သော နားလည်မှုနှင့် အသိပညာတို့နှင့် အထိုက်တန်ဆုံးဖြစ်သည့် ကြီးမားသော လုပ်ငန်းတစ်ခု ဖြစ်သည်။ ငါတို့သည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များမှ ပေါက်ဖွားလာသည့် သက်ရှိတိုင်းကို ရေတွက်သည့်အခါတွင်၊ ငါတို့၏ဝိညာဉ်များသည် ဘုရားသခင့် တန်ခိုး၏ အံ့သြဖွယ်ရာသို့ ဆွဲဆောင်ခြင်းခံရပြီး၊ အရာခပ်သိမ်းအား ဘုရားသခင်ဖန်ဆင်းခြင်း ပဉ္စမနေ့ ဖြစ်သည့် နောက်တစ်နေ့တွင် ငါတို့သည် ဖန်ဆင်းရှင်၏ ခြေရာများနောက်သို့ လိုက်နေကြသည်ကို တွေ့ရသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဒုတိယနေ့တွင် ဘုရားသခင်၏ သြဇာအာဏာသည် ရေတို့ကို နေရာတကျ စီစဉ်ပြီး၊ မိုးမျက်နှာကြက်ကို ပြုလုပ်ကာ လူသား၏ အခြေခံအကျဆုံး ရပ်တည်ရှင်သန်နိုင်ရေးအတွက် နေရာတစ်ခု ပေါ်လာသည်

သမ္မာကျမ်းစာ၏ ဒုတိယကျမ်းပိုဒ်ကို ဖတ်ကြည့်ကြစို့။ “တဖန်ဘုရားသခင်က ရေအလယ်၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ၊ ရေနှင့်ရေချင်းခြားနားစေဟု...

ခြောက်ရက်နေ့မြောက်တွင် ဖန်ဆင်းရှင်သည် စကားပြောပြီး သူ့စိတ်ထဲတွင်ရှိသည့် သက်ရှိသတ္တဝါတစ်မျိုးချင်းစီသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်

မသိမသာနှင့် ဖန်ဆင်းရှင်၏ အရာအားလုံးကို ပြုလုပ်ခြင်း အမှုသည် ငါးရက်တိုင် ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး ယင်းနောက်တွင် ချက်ချင်းပင် အရာအားလုံးအပေါ်...

ပထမနေ့တွင် လူသားမျိုးနွယ်၏ နေ့နှင့်ညသည် ပေါ်ပေါက်လာပြီး ဘုရားသခင်၏ သြဇာအာဏာကြောင့် ခိုင်မာစွာ ရပ်တည်ပေ၏

ပထမကျမ်းပိုဒ်ကို ကြည့်ကြပါစို့။ “ဘုရားသခင်ကလည်း အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။ ထိုအလင်းကောင်းသည်ကို ဘုရားသခင်မြင်၍၊ အလင်းနှင့်...

ဖန်ဆင်းရှင်၏သြဇာအာဏာအောက်တွင် အရာအားလုံးသည် စုံလင်၏

ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာအားလုံးဖြစ်သော ပန်းပွင့်များ၊ သစ်ပင်များ၊ ငါးများ၊ ငှက်များကဲ့သို့ လှုပ်ရှားနိုင်သည့် သတ္တဝါများနှင့်...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။