ဒုတိယနေ့တွင် ဘုရားသခင်၏ သြဇာအာဏာသည် ရေတို့ကို နေရာတကျ စီစဉ်ပြီး၊ မိုးမျက်နှာကြက်ကို ပြုလုပ်ကာ လူသား၏ အခြေခံအကျဆုံး ရပ်တည်ရှင်သန်နိုင်ရေးအတွက် နေရာတစ်ခု ပေါ်လာသည်

16.03.2019

သမ္မာကျမ်းစာ၏ ဒုတိယကျမ်းပိုဒ်ကို ဖတ်ကြည့်ကြစို့။ “တဖန်ဘုရားသခင်က ရေအလယ်၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ၊ ရေနှင့်ရေချင်းခြားနားစေဟု အမိန့်တော်ရှိသဖြင့်၊ မိုဃ်းမျက်နှာကြက်ကို ဘုရားသခင် ဖန်ဆင်းတော်မူ၍၊ မိုဃ်းမျက်နှာကြက် အောက်၌ ရှိသောရေနှင့်၊ မိုဃ်းမျက်နှာကြက်အပေါ်၌ရှိသော ရေကို ပိုင်းခြားတော်မူသည်အတိုင်း ဖြစ်လေ၏။” (ကမ္ဘာဦးကျမ်း ၁:၆-၇) ဘုရားသခင်သည် “ရေအလယ်၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ၊ ရေနှင့်ရေချင်း ခြားနားစေ၊” ဟုမိန့်ပြီးနောက်တွင် မည်သည့် ပြောင်းလဲမှုများ ပေါ်ပေါက်ခဲ့သနည်း။ ကျမ်းစာပိုဒ်တွင် “မိုဃ်းမျက်နှာကြက်ကို ဘုရားသခင် ဖန်ဆင်းတော်မူ၍၊ မိုဃ်းမျက်နှာကြက် အောက်၌ရှိသောရေနှင့်၊ မိုဃ်းမျက်နှာကြက် အပေါ်၌ရှိသောရေကို ပိုင်းခြားတော်မူသည်။” ဟုဆိုသည်။ ဘုရားသခင်သည် ဤသည်ကို မိန့်ကြားကာ ပြုလုပ်ခဲ့အပြီးတွင် ရလဒ်မှာ အဘယ်နည်း။ ဤအဖြေသည် ကျမ်းပိုဒ်၏ နောက်ဆုံးအပိုင်း “ဖြစ်လေ၏။” တွင် ရှိသည်။

ဤဝါကျတိုနှစ်ခုသည် ကြီးကျယ်ခမ်းနားသော ဖြစ်ရပ်တစ်ခုကို မှတ်တမ်းတင်ထားပြီး၊ ဘုရားသခင်က ရေကို အုပ်စိုးခဲ့ပြီး လူသားအသက်ရှင် ရပ်တည်နိုင်သော နေရာလွတ်တစ်ခုကို ဖန်ဆင်းခဲ့သည့် ကြီးမားသောလုပ်ဆောင်မှုဖြစ်သည့် အံ့သြဖွယ် မြင်ကွင်းကို ဖော်ပြသည်။...

ဤရုပ်ပုံတွင် ဘုရားသခင်၏ မျက်မှောက်၌ ရေတို့နှင့် မိုးမျက်နှာကြက်သည် ချက်ချင်းပေါ်လာသည်၊ ပြီးလျှင် ဤအရာများသည် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ သြဇာအာဏာနှင့် ပိုင်းခြားခံရပြီး ဘုရားသခင် စီစဉ်သည့်ပုံစံအရ “အပေါ်”နှင့် “အောက်” အဖြစ် ကွဲသွားခဲ့သည်။ ဆိုလိုသည်မှာ ဘုရားသခင် ဖန်ဆင်းခဲ့သည့် မိုးမျက်နှာကြက်သည် အောက်တွင်ရှိသည့် ရေကို ဖုံးအုပ်ရုံသာမကဘဲ၊ အပေါ်တွင်ရှိသည့် ရေကိုပါ ထိန်းပေးထားသည်။...ဤတွင် လူသားသည် ဖန်ဆင်းရှင်၏သြဇာအာဏာ၏ ကြီးမားသည့်အစွမ်းနှင့် သူသည် ရေကို ရွေ့လျားစေခဲ့ပြီး အမိန့်ပေးခဲ့ကာ၊ မိုးမျက်နှာကြက်ကို ဖန်ဆင်းခဲ့သော ရင်သပ်ရှုမောဖွယ်ကောင်းသည့် မြင်ကွင်းကို မှင်တက်မိကာ ငေးစိုက်ကြည့်၍ နှစ်ထောင်းအားရမှုဖြင့် ပင့်သက်မရှိုက်ဘဲ မနေနိုင်ပေ။ ဘုရားသခင်၏နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏တန်ခိုးနှင့် ဘုရားသခင်၏သြဇာအာဏာတို့မှတစ်ဆင့် ဘုရားသခင်သည် နောက်ထပ်ကြီးမားသော စွမ်းဆောင်မှုကို ရရှိခဲ့သည်။ ဤသည်မှာ ဖန်ဆင်းရှင်၏သြဇာအာဏာ၏ ကြီးမားသည့်အစွမ်းပင် မဟုတ်လော။ ဘုရားသခင်၏လုပ်ဆောင်မှုတို့ကို ရှင်းပြရန် ကျမ်းပိုဒ်များကို ငါတို့အသုံးပြုကြစို့။ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်တို့ကို ပြောဆိုခဲ့ပြီး၊ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်တို့ကြောင့် ရေအလယ်၌ မိုးမျက်နှာကြက် တစ်ခုရှိခဲ့သည်။ တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်တို့ကြောင့် ဤနေရာတွင် ကြီးမားသည့် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ခဲ့ပြီး၊ ယင်းမှာ သာမန်သဘောဖြင့် ပြောင်းလဲခြင်း မဟုတ်ဘဲ၊ ဘာမျှမရှိခြင်းမှ တစ်ခုခုရှိလာသည့် အစားထိုးခြင်းမျိုး ဖြစ်ခဲ့သည်။ ယင်းမှာ ဖန်ဆင်းရှင်၏ အကြံအစည်များမှ မွေးဖွားလာခဲ့ခြင်းဖြစ်ပြီး ဖန်ဆင်းရှင်ပြောဆိုသည့် နှုတ်ကပတ်တော်တို့ကြောင့် ဘာမျှမရှိခြင်းမှ တစ်ခုခု ရှိလာခြင်း ဖြစ်ခဲ့သည့်အပြင် ဤအချိန်မှစပြီး ယင်းသည် ဖန်ဆင်းရှင်အတွက် တည်ရှိကာ မြဲမြံစွာ ရပ်တည်လိမ့်မည်ဖြစ်ပြီး၊ ဖန်ဆင်းရှင်၏အကြံအစည်များနှင့်အညီ ရွှေ့ပြောင်းကာ ပြောင်းလဲပြီး အသစ်ပြုပြင်လိမ့်မည် ဖြစ်သည်။ ဤကျမ်းပိုဒ်က ဖန်ဆင်းရှင်၏ တစ်လောကလုံးကို ဖန်ဆင်းခြင်းတွင် သူ၏ဒုတိယလုပ်ဆောင်ချက်ကို ဖော်ပြသည်။ ယင်းသည် ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးတို့ကို ဖော်ပြခြင်း နောက်တစ်ခု၊ ဖန်ဆင်းရှင် တာဝန်ယူသည့် ရှေ့ဆောင်လုပ်ရပ် နောက်တစ်ခုလည်း ဖြစ်သည်။ ဤနေ့သည် လောကကို စတင် တည်ထောင်သည့်အချိန်ကစပြီး ဖန်ဆင်းရှင် ဖြတ်သန်းခဲ့သည့် ဒုတိယနေ့ဖြစ်ပြီး၊ သူ့အတွက် နောက်ထပ် ပျော်ရွှင်ဖွယ် ကောင်းသောနေ့ တစ်နေ့လည်း ဖြစ်ခဲ့သည်။ အလင်းကြားတွင် သူလျှောက်လှမ်းခဲ့သည်၊ မိုးမျက်နှာကြက်ကို ယူဆောင်ခဲ့သည်၊ ရေကို စီမံ၍အုပ်ချုပ်ခဲ့သည်။ ထို့ပြင် သူ၏လုပ်ဆောင်မှုများ၊ သူ၏ သြဇာအာဏာနှင့် သူ၏တန်ခိုးတို့ကို နေ့သစ်တွင် အသုံးပြုခဲ့သည်။...

ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်တို့ကို မပြောဆိုမီတွင် ရေအလယ်၌ မိုးမျက်နှာကြက်ရှိသလော။ မရှိသည်မှာ မှန်ပေသည်။ “ရေအလယ်၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ၊” ဟု ဘုရားသခင်က ပြောဆိုလိုက်သည့်အခါရော မည်သို့ရှိသနည်း။ ဘုရားသခင် ရည်ရွယ်ထားခဲ့သည့် အရာများက ပေါ်လာခဲ့သည်၊ ဘုရားသခင်က “ရေနှင့်ရေချင်း ခြားနားစေ၊” ဟုပြောခဲ့သည့် အတွက်ကြောင့်၊ ရေအလယ်၌ မိုဃ်းမျက်နှာကြက် တစ်ခုဖြစ်ခဲ့ပြီး ရေက ကွဲသွားသည်။ ဤနည်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်နောက်တွင် အရာဝတ္ထု အသစ်နှစ်ခု၊ အသစ်ဖြစ်ပေါ်လာခဲ့သည့် အရာနှစ်ခုသည် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးတို့၏ ရလဒ်အနေနှင့် အရာအားလုံးထဲတွင် ပေါ်လာခဲ့သည်။ ဤအရာဝတ္ထုအသစ်နှစ်ခု ပေါ်လာခြင်းနှင့် ပတ်သက်၍ သင်တို့ မည်သို့ခံစားရသနည်း။ ဖန်ဆင်းရှင်၏ တန်ခိုးကြီးမားမှုကို သင်တို့ ခံစားရသလော။ ဖန်ဆင်းရှင်၏ အတုမရှိဖြစ်ပြီး ထူးခြားပြောင်မြောက်သည့် စွမ်းအားကို သင်တို့ ခံစားရသလော။ ဤကဲ့သို့သောစွမ်းအားနှင့် တန်ခိုးတို့၏ ကြီးမားမှုသည် ဘုရားသခင်၏ သြဇာအာဏာကြောင့်ဖြစ်ပြီး၊ ဤသြဇာအာဏာသည် ဘုရားသခင် ကိုယ်တော်တိုင်ကို ကိုယ်စားပြုခြင်း ဖြစ်ကာ၊ ဘုရားသခင် ကိုယ်တော်တိုင်၏ အတုမရှိသည့် ဝိသေသလက္ခဏာရပ်တစ်ရပ် ဖြစ်သည်။

ဤကျမ်းပိုဒ်သည် ဘုရားသခင်၏ အတုမရှိခြင်းအကြောင်း နက်နဲသောအသိတစ်ခု သင်တို့ကို ထပ်မံပေးသလော။ အမှန်ဆိုရသော် ၎င်းသည် ဤသည်မှာ လုံလောက်ဖို့ ဝေးသေးသည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးသည် ဤအရာထက်မက များစွာ သာလွန်သည်။ သူ၏ အတုမရှိခြင်းသည် မည်သည့်ဖန်ဆင်းခံနှင့်မျှ မတူသည့် အနှစ်သာရတစ်ခု သူ၌ရှိရုံကြောင့်သာမဟုတ်ဘဲ သူ၏သြဇာအာဏာနှင့်တန်ခိုးတို့သည် ထူးခြားပြောင်မြောက်ခြင်း၊ အကန့်အသတ်မရှိခြင်း၊ အားလုံးထဲတွင် အမြင့်ဆုံးဖြစ်ခြင်း၊ အားလုံးထဲတွင် သာလွန်ခြင်းတို့ကြောင့် ဖြစ်သည့်အပြင်၊ သူ၏သြဇာအာဏာနှင့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းသည် အသက်ကို ဖန်ဆင်းနိုင်ပြီး၊ အံ့ဖွယ်အမှုများကို ပြုလုပ်နိုင်ကာ ရင်သပ်ရှုမောဖွယ်ကောင်းသော ထူးခြားဆန်းကြယ်သည့် စက္ကန့်မိနစ် တစ်ခုစီတိုင်းကို ဖန်ဆင်းနိုင်ခြင်းတို့ကြောင့်လည်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဘုရားသခင်သည် သူဖန်ဆင်းသည့် အသက်ကို အုပ်စိုးနိုင်ပြီး၊ သူဖန်ဆင်းသည့် အံ့ဖွယ်အမှုများ၊ စက္ကန့်မိနစ် တစ်ခုစီတိုင်းအပေါ်တွင် အချုပ်အခြာအာဏာကို ကိုင်ဆောင် ထားနိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

တတိယနေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် မြေကြီးနှင့် ပင်လယ်တို့ကို ဖြစ်ပေါ်စေခဲ့ပြီး ဘုရားသခင်၏ သြဇာအာဏာသည် ကမ္ဘာကို အသက်ပါခြင်းနှင့် ပြည့်လျှံစေခဲ့သည်

ဆက်လက်၍ ကမ္ဘာဦးကျမ်း ၁:၉-၁၁ ၏ ပထမဝါကျကို ဖတ်ကြည့်ကြစို့။ “တဖန်ဘုရားသခင်က မိုဃ်းကောင်းကင် အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေ ဟု...

ဘုရားသခင်၏ ဝိသေသလက္ခဏာကို မည်သည့်ဖန်ဆင်းခံ၊ သို့မဟုတ် မည်သည့် ဖန်ဆင်းခြင်းမခံရသည့် အရာမျှ အစားမထိုးနိုင်ပေ

အရာခပ်သိမ်းအား ဖန်ဆင်းခြင်းကို စတင်သည့်အချိန်မှစပြီး ဘုရားသခင်၏ တန်ခိုးသည် စတင်ဖော်ပြကာ စတင်ထုတ်ဖော်လာသည်။ အကြောင်းမှာ ဘုရားသခင်သည်...

စတုတ္ထနေ့တွင် ဘုရားသခင်သည် သူ၏သြဇာအာဏာကို ထပ်မံအသုံးပြုသည့်အခါတွင် လူသားမျိုးနွယ်၏ ရာသီဥတုများ၊ နေ့ရက်များနှင့် ခုနှစ်များ ဖြစ်တည်လာသည်

ဖန်ဆင်းရှင်သည် သူ၏အစီအစဉ်ကို ပြီးမြောက်စေရန် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုခဲ့ပြီး ဤသို့ဖြင့် သူ့အစီအစဉ်၏ ပထမသုံးရက်ကို...

ခြောက်ရက်နေ့မြောက်တွင် ဖန်ဆင်းရှင်သည် စကားပြောပြီး သူ့စိတ်ထဲတွင်ရှိသည့် သက်ရှိသတ္တဝါတစ်မျိုးချင်းစီသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်

မသိမသာနှင့် ဖန်ဆင်းရှင်၏ အရာအားလုံးကို ပြုလုပ်ခြင်း အမှုသည် ငါးရက်တိုင် ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး ယင်းနောက်တွင် ချက်ချင်းပင် အရာအားလုံးအပေါ်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။