သခင်ယေရှုသည် ကားတိုင်တွင် လူသားအတွက် အပြစ်ဖြေရာယဇ်အဖြစ် သံမှိုရိုက်ခံခဲ့ရပြီး၊ ထိုသို့ဖြင့် ကျွန်ုပ်တို့ကို အပြစ်မှ ရွေးနှုတ်ခဲ့သည်။ သခင်ယေရှုမှ ကျွန်ုပ်တို့ လမ်းလွဲပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်လျှင်၊ ဤသည်မှာ သခင်ယေရှုကို သစ္စာဖောက်ခြင်း ဖြစ်လိမ့်မည် မဟုတ်ပါလား။ ဤသည်မှာ ယုံကြည်ကိုးကွယ်မှုကို စွန့်လွှတ်ခြင်း ဖြစ်လိမ့်မည်မဟုတ်ပါလား။

12.03.2021

အဖြေ-

ယခု နောက်ဆုံးသော ကာလတွင်၊ ဘုရားသခင်သည် အသစ်သောအမှုကို ပြုပြီး နာမသစ်ကို လက်ခံပြီးချိန်တွင်၊ ကျွန်ုပ်တို့က ဘုရားသခင်ကို သစ္စာဖောက်နေကြပါသလား သို့မဟုတ် သခင်ယေရှု၏ အမည်နာမကို စွန့်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမည်နာမကို လက်ခံချိန်တွင် ဘုရားသခင်၏ အမှုတော်ကို ကျွန်ုပ်တို့ အမှီလိုက် နေကြပါသလား။ ဘုရားသခင်သည် အသစ်သော အမှုကို အစပြုသည့်အခါ၊ လူသည် ဘုရားသခင်၏ အမှုတော်ကို အမှီလိုက်ခြင်းအားဖြင့်သာ ကယ်တင်ခံရနိုင်သည်။ ဤသည်မှာ မှန်၏။ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုသည့် အမည်နာမကို ဘုရားသခင် ခံယူရသည့် အကြောင်းရင်းသည် နောက်ဆုံးသော ကာလတွင် ပြီးမြောက်လျက်ရှိသည့် အမှုတော် နှင့် ဘုရားသခင် ဖော်ပြသည့် စိတ်သဘောထားတို့နှင့် ဆက်စပ်သည်ကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ကျွန်ုပ်တို့ မြင်နိုင်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လက်ရှိ လူ့ဇာတိခံယူခြင်း၌ ဘုရားသခင်၏ အမှုမှာ အဓိကအားဖြင့် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှတစ်ဆင့် သူ၏ စိတ်သဘောထားကို ဖော်ပြရန်ဖြစ်သည်။ ဤအခြေခံအုတ်မြစ်ပေါ်တွင် ဆက်လက် အကောင်အထည်ဖော်ရင်း၊ သူသည် သာ၍များသော သမ္မာတရားကို လူတို့ထံ ဆောင်ကြဉ်းပေးကာ လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများကို ပိုမိုညွှန်ပြပေးသည်၊ ဤသို့ဖြင့် လူတို့ကို သိမ်းပိုက်ခြင်းနှင့် လူတို့ကို မိမိကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ ကယ်တင်ခြင်းနှင့် သက်ဆိုင်သည့် သူ၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိလေသည်။ ဤသည်မှာ နိုင်ငံတော်ခေတ်ထဲက ဘုရားသခင်၏အမှု နောက်ကွယ်တွင် တည်ရှိသည့်အရာ ဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား) နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏ အမှုတော်မှာ လူတို့ကို သူတို့၏ အမျိုးအစားအရ ထားရှိကာ ခေတ်ကာလကို အဆုံးသတ်ရင်း ဖောက်ပြန်ပျက်ဆီးသော လူသားမျိုးနွယ်ကို တရားစီရင်ရန် နှင့် ပြစ်တင်ဆုံးမရန် ဖြစ်သည်။ သခင်ယေရှု၏ ရွေးနုတ်ခြင်းကြောင့်၊ ကျွန်ုပ်တို့၏ အပြစ်များ ခွင်လွှတ်ခြင်းခံခဲ့ရသည်။ သို့သော်- ကျွန်ုပ်တို့သည် အပြစ်တရားမှ မိမိတို့ကိုယ်ကို လုံးလုံး- ခွဲထွက်ခြင်းမရှိသေးသည်မှာ ငြင်း၍မရပေ။ ကျွန်ုပ်တို့၏ စိတ်သဘောထားများက မာနထောင်လွှားလျက်ရှိသည်၊ တကိုယ်ကောင်းဆန်သည်၊ အလိုရမ္မက်ကြီးသည်၊ လှည့်ဖြားတတ်ပြီး ဆိုးညစ်နေဆဲဖြစ်သည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းအတွက် ကျေးဇူးတော်အပေါ် မှီခိုရင်း နေ့အချိန်အတွင်း အပြစ်ပြုကာ ညတွင် နောင်တရခြင်တို့ ပြုလုပ်သည့် ရက်စက်ကြမ်းတမ်းသည့် သံသရာစက်ဝိုင်း၌ ပိတ်မိကြပေသည်။ ထို့ကြောင့်၊ ကျွန်ုပ်တို့ကို လုံးလုံးလျားလျား ကယ်တင်ဖို့ရန်အလို့ငှာ၊ နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် သူ၏ ဖြောင့်မတ်သော၊ ဘုန်းအာနုဘော် ဖြစ်သော၊ ပုန်ကန်ပြစ်မှား၍မရနိုင်သော စိတ်သဘောထားဖြင့် စကားပြောဆိုပြီး ကျွန်ုပ်တို့ထံ လုံးဝ ခေတ်အသစ်ဖြစ်သော နိုင်ငံတော်ခေတ်ကို ယူဆောင်လျက် သူ၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ သိမ်းပိုက်ခြင်း နှင့် လူသားကို သန့်စင်ခြင်းနှင့်ဆိုင်သော အမှုတော်သစ်ကို လုပ်ဆောင်သည်။ နောက်ဆုံးသော ကာလထဲက ဘုရားသခင် ဆောင်ရွက်သော အမှုတော်အဆင့်သည် နိမိတ်လက္ခဏာတို့ကို မပြသပါ။ အရာအားလုံးအား နှုတ်ကပတ်တော်ဖြင့် ပြီးမြောက်စေသည်။ လူသား၏ အပြစ်၊ ပုန်ကန်ခြင်း နှင့် မဖြောင့်မတ်ခြင်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခံရပြီး ပြစ်တင်ဆုံးမခံရသည်၊ ထိုသို့အားဖြင့် လူကို သန့်စင်စေကာ စုံလင်စေသည်၊ ယင်းမှ ဘုရားသခင်သည် အရာခပ်သိမ်းတတ်စွမ်းနိုင်ပြီး ပညာဉာဏ်အလွန် ရှိသည်ကို ကျွန်ုပ်တို့ မြင်နိုင်ပေသည်။ ဘုရားသခင်သည် ဧကန်အမှန် အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး အရာရာတိုင်းကို အုပ်စိုးသည်မှာ ဘုရားသခင်ဖြစ်သည်။ ထို့ကြောင့်၊ လူတို့သည် ဘုရားသခင်ရှေ့တွင် ဝပ်တွားကာ ကိုးကွယ်ကြသည်။ တစ်ချိန်တည်းတွင်၊ အနှစ်ခြောက်ထောင်ကြာ စာတန်နှင့် စစ်ရေး ဆင်နွှဲမှုကို လုံးဝ အဆုံးသတ်ရန် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမည်နာမကို အသုံးပြုပါသည်။

နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုတော်သည် လူတို့အား သူတို့၏ အမျိုးအစားအလိုက် ခွဲခြားခြင်း အမှုတော်လည်း ဖြစ်သည်။ ဤအရာက “ဘုရားသခင်၏ အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။” ဟူသော ရှင်ပေတရုဩဝါဒစာပဌမစောင် ၄:၁၇ ၏ ပရောဖက်ပြုချက်ကို ပြည့်စုံစေသည်။ ဤအရာက ဆိတ်မှ သိုး၊ တောပင်များမှ ဂျုံစပါး၊ ဆိုးညစ်သော အစေခံမှ ကောင်းသောအစေခံတို့ကို ခွဲခြားခြင်းနှင့်ဆိုင်သော ပရောဖက်ပြုချက်ကိုလည်း ပြည့်စုံစေသည်။ ဤသည်တို့သည် နောက်ဆုံးသောကာလတွင် ဘုရားသခင် ပြုတော်မူသော အမှုတော် ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် စာပိုဒ်အချို့ကို ဖတ်ရှုပြီးနောက်တွင် ယင်းကို ကျွန်ုပ်တို့ နားလည်ကြပါလိမ့်မည်။

အချိန်သည် နီးကပ်လာပြီး ဘုရားသခင်၏နေ့ရက်သည် ရောက်လာပြီဖြစ်သည့်အတွက်၊ နောက်ဆုံးသောကာလ၏ အမှုသည် အားလုံးကို ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားရန်နှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို အပြီးသတ်ရန်ဖြစ်သည်။ ဘုရားသခင်သည် သူ၏နိုင်ငံတော်ထဲသို့ ဝင်ရောက်သူအားလုံး- တကယ့်အဆုံးတိုင် သူ့ကို သစ္စာစောင့်သိသူအားလုံးကို ဘုရားသခင် ကိုယ်တော်တိုင်၏ ခေတ်ထဲသို့ ဆောင်ကြဉ်း၏။ သို့သော် ဘုရားသခင် ကိုယ်တော်တိုင်၏ခေတ် မရောက်ရှိမီတွင်၊ ဘုရားသခင်၏ အမှုသည် လူသား၏လုပ်ဆောင်ချက်များကို စောင့်ကြည့်လေ့လာရန်၊ သို့မဟုတ် လူသား၏ဘဝကို စုံစမ်းရန် မဟုတ်ဘဲ၊ လူသား၏မနာခံမှုကို တရားစီရင်ရန်ဖြစ်၏၊ အကြောင်းမှာ ဘုရားသခင်သည် သူ၏ ပလ္လင်ရှေ့သို့ လာသူတိုင်းကို သန့်စင်ပေးမည် ဖြစ်သောကြောင့်တည်း။ ဤနေ့အထိ ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့သူ အားလုံးသည် ဘုရားသခင်၏ ပလ္လင်ရှေ့သို့ လာကြသူများ ဖြစ်ပြီး၊ ထိုသို့ဖြစ်သဖြင့်၊ ဘုရားသခင်၏ အမှုကို ယင်း၏နောက်ဆုံးအဆင့်တွင် လက်ခံသောလူ တစ်ဦးစီတိုင်းသည် ဘုရားသခင်၏ သန့်စင်စေခြင်းကို ခံရသည့်သူများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်၏အမှုကို ယင်း၏နောက်ဆုံးအဆင့်တွင် လက်ခံသူ အယောက်တိုင်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံရသည့်သူများဖြစ်ကြ၏။

ယခင်အချိန်များကပြောခဲ့သည့် ဘုရားသခင်၏အိမ်တော်မှ အစပြုသည့် တရားစီရင်ခြင်းတွင်၊ ဤနှုတ်ကပတ်တော်များထဲမှ ‘တရားစီရင်ခြင်း’ သည် နောက်ဆုံးသောကာလတွင် သူ၏ ပလ္လင်ရှေ့သို့ လာကြသော သူများအပေါ် ယနေ့ ဘုရားသခင်ချမှတ်သော တရားစီရင်ခြင်းကို ရည်ညွှန်းပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်သာ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြ ခံရနိုင်ပေသည်။ လူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ခံရသော အခါမှသာ သူ၏စရိုက်အမှန်ကို ပြသသည်။ မကောင်းမှု ပြုသူများကို မကောင်းသောသူများနှင့်အတူ၊ ကောင်းသောသူများကို ကောင်းသောသူများနှင့်အတူ ထားရှိလိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ် အားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရကြလိမ့်မည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်၊ မကောင်းသော သူများသည် အပြစ်ဒဏ်ပေးခံရပြီး ကောင်းသောသူများသည် ဆုလာဘ်များရရှိကာ လူအားလုံးတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံကြရဖို့အလို့ငှာ၊ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြခံရလိမ့်မည်။ ဤအမှုအားလုံးကို ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ရရှိရပေမည်။ လူသား၏ ဖောက်ပြန်ပျက်စီးခြင်းသည် အမြင့်ဆုံးသို့ ရောက်ရှိပြီးဖြစ်ကာ သူ၏ မနာခံခြင်းသည် အလွန့်အလွန် ပြင်းထန်လာသောကြောင့်၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အဓိကအားဖြင့် ပေါင်းစပ်ထားပြီး၊ နောက်ဆုံးသောကာလအတွင်းတွင် ထုတ်ဖော်ပြခံရသည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည်သာ လူကို အပြည့်အဝ ပြောင်းလဲနိုင်ပြီး ပြည့်စုံစေနိုင်ပေသည်။ ဤစိတ်သဘောထားသည်သာ မကောင်းမှုကို ဖော်ထုတ်နိုင်ပြီး၊ ထိုသို့ဖြင့် မဖြောင့်မတ်သောသူအားလုံးကို ပြင်းထန်စွာ အပြစ်ပေးနိုင်သည်။ ထို့ကြောင့် ဤသို့သော စိတ်သဘောထားတစ်ခုသည် ခေတ်၏အရေးပါမှုနှင့် ပြည့်ဝပြီး၊ သူ့စိတ်သဘောထား၏ ထုတ်ဖော်ချက်နှင့် ဖော်ပြချက်သည် ခေတ်သစ် အသီးသီး၏ အမှုအတွက် ပေါ်လွင်ထင်ရှားလေသည်။ ယင်းမှာ ဘုရားသခင်သည် သူ၏စိတ်သဘောထားကို ထင်ရာမြင်ရာနှင့် အရေးပါမှုမရှိဘဲ ထုတ်ဖော်ပြသည် မဟုတ်ပေ။ အကယ်၍ နောက်ဆုံးသောကာလအတွင်း လူ၏အဆုံးသတ်ကို ထုတ်ဖော်ပြရာတွင် ဘုရားသခင်သည် လူသားကို ဖြောင့်မတ်သော တရားစီရင်မှု မခံရစေဘဲ၊ ယင်းထက် သည်းခံခြင်း၊ စိတ်ရှည်ခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ကို သူ့အားပြသရင်းနှင့် ဖြောင့်မတ်သော တရားစီရင်မှု တစ်စက်မျှမရှိဘဲ သူ၏အပြစ်များ မည်မျှကြီးမားသည်ဖြစ်စေ လူသားကို အပြစ်လွှတ်ပေးရင်း၊ လူသားအပေါ် အဆုံးမဲ့ ကရုဏာနှင့် ချစ်ခြင်းမေတ္တာတို့ကို ချပေးသနားဆဲဖြစ်ပြီး သူ့အပေါ် ဆက်လက် ချစ်ခင်ပါက၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအားလုံးသည် မည်သည့်အချိန်တွင် အဆုံးသတ်ခြင်းသို့ ရောက်လိမ့်မည်နည်း။ ဤသို့သော စိတ်သဘောထားသည် လူတို့ကို လူသားမျိုးနွယ်၏ သင့်လျော်သော ပန်းတိုင်ထဲသို့ မည်သည့်အချိန်တွင်မှ ဦးဆောင်မည်နည်း။ ဥပမာအားဖြင့် အစဉ်အမြဲ ချစ်ခင်တတ်သော တရားသူကြီး၊ ကြင်နာသော မျက်နှာနှင့် နူးညံ့သော နှလုံးသားရှိသည့် တရားသူကြီးတစ်ဦးကို ကြည့်လော့။ သူသည် လူတို့ကို ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများ မည်သို့ပင်ရှိသည်ဖြစ်စေ ချစ်ပြီး ၎င်းတို့ မည်သူဖြစ်စေကာမူ သူသည် ၎င်းတို့ကို ချစ်ခင်ပြီး သည်းခံ‌လေသည်။ ထိုသို့ဆိုပါက၊ သူသည် မျှတသော တရားစီရင်ချက်ကို မည်သည့်အခါတွင်မှ ချမှတ်နိုင်မည်နည်း။ နောက်ဆုံးသောကာလအတွင်းတွင် ဖြောင့်မတ်သော တရားစီရင်မှု သည်သာ လူသားကို ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားနိုင်ပြီး၊ လူကို နယ်ပယ်သစ်သို့ ဆောင်ယူနိုင်ပေသည်။ ဤနည်းဖြင့် ခေတ်တစ်ခုလုံးသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် ဖြောင့်မတ်သော စိတ်သဘောထားမှတစ်ဆင့် အဆုံးသို့ ရောက်ရှိပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)) ဘုရားသခင်၏ နှုတ်ကပတ်တော်က နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အဓိကအမှုတော်မှာ အရာခပ်သိမ်းကို သူတို့၏ အမျိုးအစားအလိုက် ထားရှိရန်ဖြစ်သည်ကို ရှင်းလင်းစွာ ပြောသည်။ ယင်းသည် နှုတ်ကပတ်တော်အားဖြင့် လူကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ လူ၏အပြစ်ကို တရားစီရင်ခြင်း နှင့် လူ၏ ပုန်ကန်မှုနှင့် မတရားမှုကို ပြစ်တင်ဆုံးမခြင်း၊ လူကို လုံးလုံးလျားလျား ပြောင်းလဲခြင်း နှင့် လူကို စုံလင်စေခြင်းတို့လည်း ဖြစ်ပေသည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အမှုတော်ကို လက်ခံပြီး နာခံသူအားလုံးသည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် သန့်စင်ခြင်း ခံရမည့်သူများ ဖြစ်ကြသည်။ ဘုရားသခင်၏ ဖြောင့်မတ်သော တရားစီရင်ခြင်းသည်သာ လူကို ကယ်တင်နိုင်သည်၊ လူကိုစုံလင်စေနိုင်ပြီး အသစ်သော လောကထဲသို့- ပို့ဆောင်နိုင်သည်။ ချစ်ခင်တတ်ပြီး သနားကရုဏာ နှင့်ပြည့်စုံသော ကယ်တင်ရှင် ယေရှုသည် လူ့အပြစ်ကို ခွင့်လွှတ်ခြင်းနှင့် ဆိုင်သည့် အမှုတော်ကိုသာ လုပ်ဆောင်ခဲ့သည်။ သူသည် လူတို့ကို သူတို့၏ ကိုယ်ပိုင်အမျိုးအစားအလိုက် ခွဲခြားခြင်းသာမက၊ လူကို သန့်စင်ခြင်းနှင့် ပြောင်းလဲစေခြင်း အမှုတော်ကိုလည်း လုပ်ဆောင်ရန် မဟုတ်ခဲ့ပါ။ ထို့ကြောင့်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုတော်ကို လက်ခံခြင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမည်နာမကို ကြီးမြတ်သောအရာအဖြစ် ဂုဏ်ပြုခြင်းအားဖြင့်သာ၊ လူသည် ဘုရားသခင်၏ ပြည့်ဝသော ကယ်တင်ခြင်းကို ရရှိနိုင်သည်။ ကျွန်ုပ်တို့သည် သခင်ယေရှု၏ အမည်နာမကို ထိန်းသိမ်းသော်လည်း အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမည်နာမကို ငြင်းပယ်လျှင်၊ နောက်ဆုံးသောကာလထဲက အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ လူသားမျိုးနွယ်အတွက် သမ္မာတရား နှင့် ကယ်တင်ခြင်းတို့ကို ကျွန်ုပ်တို့ ရရှိလိမ့်မည် မဟုတ်ပေ။

ရုပ်ရှင်ဇာတ်ညွှန်း မေးခွန်းများအတွက် အဖြေများ မှ

အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူတို့၏ အသက်တာများကို ဦးဆောင်ဖို့ရန် ပညတ်တရားများကို လူသားမျိုးနွယ်ထံ တစ်ချိန်က ကြေငြာခဲ့သည့် ယေဟောဝါ ဘုရားသခင် ဖြစ်သည်။ သူသည် လူသားမျိုးနွယ်ကို ရွေးနှုတ်ဖို့ ကားတိုင်တွင် သံမှိုရိုက်နှက်ခံခဲ့ရသည့် သခင်ယေရှုလည်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ တရားစီရင်ခြင်း၊ သခင်ယေရှု၏ ရွေးနှုတ်ခြင်းနှင့် ယေဟောဝါ ဘုရားသခင်၏ ပညတ်တရားအားလုံးတို့သည် တစ်ပါးတည်းသော ဘုရားသခင်၏ အမှုတော်ဖြစ်သည်။ သူ၏ ကိုယ်ပိုင် အစီအစဉ်နှင့် လူသားမျိုးနွယ်၏ လိုအပ်ချက်များအရ ဘုရားသခင်သည် လူကို တစ်ဆင့်ချင်းစီ ကယ်တင်လေသည်။

ယနေ့တွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမည်နာမကို ကျွန်ုပ်တို့ လက်ခံကြသည်၊ ယင်းက သခင်ယေရှုကို ကျွန်ုပ်တို့ ကျေးဇူးကန်းပြီး သူ့ကို သစ္စာဖောက်ကြသည်ဟု မဆိုလိုပါ။ ယင်းမှာ ကျွန်ုပ်တို့သည် ဘုရားသခင်၏ လမ်းခရီးတွင် မှန်မှန်ကန်ကန် နေထိုင်ရင်းနှင့် သစ္စာနှင့် သူ့နောက်လိုက် ရင်းဖြင့်၊ သိုးသငယ်၏ ခြေလှမ်းများနောက် လိုက်နေကြခြင်းဟု ဆိုလိုပြီး ထိုသို့အားဖြင့်သာ ဘုရားသခင်၏ လက်ခံမှုကို ကျွန်ုပ်တို့ နှင့် တွေ့ကြလိမ့်မည်ဖြစ်သည်။ ဗျာဒိတ်ကျမ်း ၁၄:၄ တွင်၊ “သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ်အဖို့ အဦးသီးသော အသီးဖြစ်ကြ၏။” ဟု ဆိုသကဲ့သို့ ဖြစ်သည်။ ယေရှု၏ အမည်နာမကို မလျှော့တမ်းပြောဆိုပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမည်နာမကို လက်ခံဖို့ ငြင်းပယ်သောသူတို့သည် ဘုရားသခင်ကို သစ္စာဖောက်သူများသာ ဖြစ်လာကြပြီး၊ သူ့အားဖြင့် သုတ်သင်ပယ်ရှင်း ခံရလိမ့်မည်။ ယေရှု အမည်နာမဖြင့် အမှုပြုဖို့ ဘုရားသခင် ကြွလာခဲ့သည့်အချိန်တွင်၊ ဘုရားသခင်၏ အသစ်သော အမှုတော်ကို လက်ခံခဲ့ပြီး သခင်ယေရှု နောက်လိုက်ခဲ့ကြသည့် ထိုတပည့်တော်တို့သည် မှန်သောလမ်းခရီးကို မစွန့်ပစ်ခဲ့ကြသကဲ့သို့၊ ယေဟောဝါ ဘုရားသခင်ကိုလည်း သစ္စာမဖောက် ခဲ့ကြပါ။ အမှန်တွင်၊ သူတို့သည် ဘုရားသခင်၏ ခြေလှမ်းများကို အမှီလိုက်ခဲ့ကြပြီး၊ ဘုရားသခင်ကို သစ္စာရှိသူများ ဖြစ်ခဲ့ကြစဉ်တွင် မိမိတို့ကိုယ်ကိုယ် ယေဟောဝါ ဘုရားသခင်ကို သစ္စာရှိသည်ဟု ထင်ကြပြီး၊ ယေဟောဝါ၏ အမည်နာမတစ်ခုတည်းကိုသာ မလျှော့တမ်း ပြောဆိုခဲ့ကြ သည့် ဖာရိရှဲတို့က သခင်ယေရှုကို ငြင်းပယ်ခဲ့ကြသည်။ အကျိုးဆက်မှာ သူတို့၏ သစ္စာရှိခြင်းက ယေဟောဝါ ဘုရားသခင်၏ လက်ခံမှုကို မရရှိခဲ့ဘဲ၊ အတော်အတန် ဆန့်ကျင်ဘက် ဖြစ်ခဲ့သည်။ သူတို့သည် ဘုရားသခင်၏ ကျိန်ဆဲခြင်းများနှင့် အပြစ်ပေးခြင်းတို့ကို ခံခဲ့ကြရသည်။ ထို့ကြောင့်၊ ကျွန်ုပ်တို့အနေဖြင့်၊ ဖာရိရှဲတို့၏ ကျရှုံးခြင်းမှ သင်ယူရပါမည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမည်နာမကို ကျွန်ုပ်တို့ လက်ခံရမည်ဖြစ်ပြီး၊ ဘုရားအမှုတော်၏ ခြေလှမ်းများကို အမှီလိုက်ရမည်ဖြစ်သည်။ ထိုသို့အားဖြင့်သာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ကျွန်ုပ်တို့ ရရှိနိုင်ပေသည်။

ရုပ်ရှင်ဇာတ်ညွှန်း မေးခွန်းများအတွက် အဖြေများ မှ

အရှေ့သို့- သင်က သခင်ယေရှုသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာပြီးဖြစ်ကာ သူသည် အမည်နာမသစ်ဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင် ရှိသည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “ထိုသခင်မှတပါးအဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင်။ ထိုသခင်၏ နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ။” (တမန်တော်ဝတ္ထု ၄:၁၁-၁၂)ဟု ရှင်းလင်းစွာ ဆိုပါသည်။ သခင်ယေရှု၏ နာမသည် မည်သည့်အခါတွင်မျှ မပြောင်းလဲသကဲ့သို့ သူ၏ ပြန်ကြွလာခြင်းတွင် သူသည် အခြားမည်သည့် အမည်နာမဖြင့်မျှ ခေါ်ဆိုမခံရနိုင်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။