ကောင်းကင်နှင့်မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သော စစ်မှန်သည့် ဘုရားသခင်မှာ တစ်ပါးတည်းလော သို့မဟုတ် သုံးပါးလော

22.09.2019

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးပြီး အရာခပ်သိမ်းကို စီမံအုပ်ချုပ်သောသူ ဖြစ်၏။ သူသည် ရှိသမျှအားလုံးကို ဖန်ဆင်းခဲ့၏။ ရှိသမျှအားလုံးကို စီမံအုပ်ချုပ်ပြီး၊ ရှိသမျှအားလုံးအပေါ် အုပ်စိုးကာ ရှိသမျှအားလုံးအတွက် ထောက်ပံ့ပေး၏။ ဤသည်မှာ ဘုရားသခင်၏ အဆင့်အတန်းဖြစ်ပြီး၊ သူ၏ ပင်ကိုလက္ခဏာဖြစ်၏။ အရာခပ်သိမ်းနှင့် ရှိသမျှအရာ အားလုံးအတွက် ဘုရားသခင်၏ စစ်မှန်သော ပင်ကိုလက္ခဏာမှာ ဖန်ဆင်းရှင်နှင့် ဖန်ဆင်းခြင်းအားလုံးကို အုပ်ချုပ်သူ ဖြစ်၏။ ယင်းမှာ ဘုရားသခင် ပိုင်ဆိုင်သော ပင်ကိုလက္ခဏာဖြစ်ပြီး၊ သူသည် အရာခပ်သိမ်းတို့အလယ်တွင် အတုမရှိဖြစ်၏။ လူသားမျိုးနွယ်ထဲတွင် ဖြစ်စေ၊ ဝိညာဉ်လောကတွင်ဖြစ်စေ- ဘုရားသခင်၏ သတ္တဝါများထဲမှ မည်သူကမျှ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကို တူအောင်တုရန် သို့မဟုတ် အစားထိုးရန် မည်သည့်နည်းလမ်း သို့မဟုတ် မည်သည့်အခွင့်အလမ်းမျှ အသုံးမပြုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အရာခပ်သိမ်းတို့ အလယ်တွင် ဤပင်ကိုလက္ခဏာ၊ တန်ခိုး၊ သြဇာအာဏာနှင့် ဖန်ဆင်းခြင်းအပေါ် အုပ်ချုပ်နိုင်စွမ်းကို ပိုင်ဆိုင်သောသူ- ငါတို့၏ အတုမရှိသော ဘုရားသခင် ကိုယ်တော်တိုင်- တစ်ဦးတည်းသာ ရှိသောကြောင့် ဖြစ်သည်။ သူသည် အရာခပ်သိမ်းအလယ် နေထိုင်ကာ ရွေ့လျားသွားလာသည်။ သူသည် အရာခပ်သိမ်း၏အထက် အမြင့်ဆုံးသောနေရာသို့ တက်ကြွနိုင်၏။ သူသည် လူသားဖြစ်လာခြင်း၊ အသွေးအသား ရှိသည့် သူတို့ထဲမှ တစ်ဦးဖြစ်လာခြင်း၊ လူတို့နှင့် မျက်နှာချင်းဆိုင်လာခြင်းနှင့် ၎င်းတို့နှင့်အတူ အကောင်းအဆိုးများကို မျှဝေခံစားခြင်းဖြင့် သူ့ကိုယ်သူ နှိမ့်ချနိုင်၏၊ သို့သော် တစ်ချိန်တည်းတွင် သူသည် ရှိသမျှအရာ အားလုံး၏ ကံကြမ္မာနှင့် ယင်းတို့အားလုံး ရွေ့လျားသည့်ဦးတည်ရာကို ဆုံးဖြတ်ရင်း၊ ရှိသမျှအရာအားလုံးကို ကွပ်ကဲအုပ်ချုပ်လေသည်။ ထို့အပြင် သူသည် လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာကို လမ်းပြပြီး၊ လူသားမျိုးနွယ်၏ ဦးတည်ချက်ကို ထိန်းကျောင်းပေး၏။ ဤကဲ့သို့သော ဘုရားသခင်တစ်ပါးကို သက်ရှိသတ္တဝါအားလုံးက ဝတ်ပြု ကိုးကွယ်သင့်သည်၊ နာခံသင့်ပြီး သိရှိသင့်ပေသည်။ ထို့ကြောင့် သင်သည် လူသားမျိုးနွယ်ထဲမှ မည်သည့်အုပ်စု သို့မဟုတ် မည်သည့် အမျိုးအစားနှင့်သက်ဆိုင်သည်ဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဘုရားသခင် နောက်လိုက်ခြင်း၊ ဘုရားသခင်အား ရိုသေလေးမြတ်ခြင်း၊ ဘုရားသခင်၏ အုပ်ချုပ်မှုကို လက်ခံခြင်းနှင့် သင်၏ကံကြမ္မာအတွက် သူ၏ အစီအစဉ်များကို လက်ခံခြင်းသည်သာ မည်သည့် လူမဆိုနှင့် မည်သည့် သက်ရှိသတ္တဝါအတွက်မဆို တစ်ခုတည်းသော ရွေးချယ်စရာ- လိုအပ်သော ရွေးချယ်စရာ- ဖြစ်၏။ ဘုရားသခင်၏ အတုမရှိမှုတွင်၊ လူတို့က သူ၏သြဇာအာဏာ၊ သူ၏ ဖြောင့်မတ်သော စိတ်သဘောထား၊ သူ၏အနှစ်သာရနှင့် အရာခပ်သိမ်းအဖို့ သူထောက်ပံ့ပေးသည့် နည်းလမ်းများ အားလုံး လုံးဝ အတုမရှိသည်ကို တွေ့ကြ၏။ ဤအတုမရှိမှုသည် ဘုရားသခင်ကိုယ်တိုင်၏ စစ်မှန်သော ပင်ကိုလက္ခဏာကို သတ်မှတ်ပြီး သူ၏အဆင့်အတန်းကိုလည်း သတ်မှတ်၏။ ထို့ကြောင့် သတ္တဝါတို့ အားလုံးထဲတွင်၊ ဝိညာဉ်လောကထဲရှိ သို့မဟုတ် လူသားမျိုးနွယ်အလယ်ရှိသည့် မည်သည့် သက်ရှိသတ္တဝါမဆို ဘုရားသခင်၏ကိုယ်စား ရပ်တည်ရန် ဆန္ဒရှိပါက၊ ဘုရားသခင်ကို တုပရန် မည်သည့် ကြိုးပမ်းမှုမဆိုကဲ့သို့ အောင်မြင်ဖို့ ဖြစ်နိုင်မည် မဟုတ်ပေ။ ဤသည်မှာ အမှန်တရားဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)

ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်သည် အနှစ်ခြောက်ထောင် သက်တမ်းရှိပြီး၊ သူ့အမှု၏ ကွဲပြားခြားနားမှုများအပေါ် အခြေခံ၍ ခေတ်သုံးခေတ်အဖြစ်သို့ ခွဲခြားထားသည်။ ပထမခေတ်သည် ဓမ္မဟောင်း ပညတ်တော်ခေတ်ဖြစ်သည်၊ ဒုတိယခေတ်သည် ကျေးဇူးတော်ခေတ် ဖြစ်ပြီး၊ တတိယခေတ်မှာ နောက်ဆုံးသော ကာလနှင့် သက်ဆိုင်သည့်ခေတ်- နိုင်ငံတော်ခေတ်ဖြစ်သည်။ ခေတ်အသီးသီးတွင် ကွဲပြားခြားနားသော ပင်ကိုလက္ခဏာတစ်ခုကို ဖော်ပြထား၏။ ဤသည်မှာ အမှုထဲက ကွဲပြားခြားနားမှု၊ ဆိုလိုသည်မှာ၊ အမှု၏ သတ်မှတ်ချက်များကြောင့်သာ ဖြစ်သည်။ ပညတ်တော်ခေတ်အတွင်းရှိ အမှု၏ ပထမအဆင့်ကို ဣသရေလပြည်တွင် ဆောင်ရွက်ခဲ့ပြီး၊ ရွေးနုတ်ခြင်းအမှုကို အဆုံးသတ်ခြင်းနှင့်ဆိုင်သည့် ဒုတိယ အဆင့်ကို ယုဒပြည်တွင် ဆောင်ရွက်ခဲ့သည်။ ရွေးနုတ်ခြင်း အမှုအတွက် ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပဋိသန္ဓေစွဲယူခြင်းမှတစ်ဆင့် တစ်ပါးတည်းသော သားတော်အဖြစ် မွေးဖွားခဲ့သည်။ ဤအရာအားလုံးသည် အမှု၏ သတ်မှတ်ချက်များကြောင့် ဖြစ်သည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် ၎င်းတို့အလယ် သူ၏ နာမတော် ကြီးမြတ်နိုင်ဖို့အလို့ငှာ သူ၏အမှုအား တစ်ပါးအမျိုးသား တိုင်းနိုင်ငံများထဲသို့ ချဲ့ထွင်ရန်နှင့် ထိုနေရာရှိ လူတို့ကို သိမ်းပိုက်ရန် ဆန္ဒရှိလေသည်။ သမ္မာတရားအားလုံးကို သိနားလည်ခြင်းနှင့် ဝင်ရောက်ခြင်းထဲသို့ လူသားကို လမ်းပြရန် သူ ဆန္ဒရှိသည်။ ဤအမှုအားလုံးကို ဝိညာဉ်တော်တစ်ပါးတည်းက ဆောင်ရွက်ခြင်း ဖြစ်သည်။ သူသည် မတူကွဲပြားသော ရှုထောင့်များမှ ထိုသို့ လုပ်ကောင်း လုပ်နိုင်သော်လည်း၊ အမှု၏ သဘာဝနှင့် အခြေခံသဘောတရားများမှာ တူနေဆဲဖြစ်သည်။ ၎င်းတို့ ဆောင်ရွက်ခဲ့သော အမှု၏သဘာဝနှင့် အခြေခံသဘောတရားများကို သင် လေ့လာစောင့်ကြည့်သည်နှင့်တစ်ပြိုင်နက်၊ အားလုံးကို ဝိညာဉ်တော် တစ်ပါးတည်းက ဆောင်ရွက်သည်ကို သင်သိလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော

အကယ်၍ အမှု၏ အဆင့်သုံးဆင့်ကို သုံးပါးတစ်ဆူနှင့်ဆိုင်သည့် ဤအယူအဆနှင့်အညီ အကဲဖြတ်ပါက၊ အသီးသီး ဆောင်ရွက်ခဲ့သော အမှုများ မတူညီသည့်အတွက် ဘုရားသခင် သုံးပါးရှိရပေမည်။ အကယ်၍ သင်တို့အထဲတွင် သုံးပါးတစ်ဆူ အမှန်တကယ် တည်ရှိသည်ဟု ပြောဆိုသူရှိပါက၊ ပုဂ္ဂိုလ်သုံးပါးထဲရှိ ဤဘုရားသခင်တစ်ဆူသည် မည်သည့်အရာ အတိအကျဖြစ်သည်ကို ရှင်းပြလော့။ သန့်ရှင်းသော ခမည်းတော် ဆိုသည်မှာ အဘယ်နည်း။ သားတော်ဆိုသည်မှာ အဘယ်နည်း။ သန့်ရှင်းသော ဝိညာဉ်တော် ဆိုသည်မှာ အဘယ်နည်း။ ယေဟောဝါသည် သန့်ရှင်းသော ခမည်းတော်လော။ ယေရှုသည် သားတော်လော။ သို့ဆိုလျှင် သန့်ရှင်းသော ဝိညာဉ်တော်မှာ မည်သည့်အရာဖြစ်သနည်း။ ခမည်းတော်သည် ဝိညာဉ်တော်ဖြစ်သည် မဟုတ်လော။ သားတော်၏ အနှစ်သာရသည်လည်း ဝိညာဉ်တော် ဖြစ်သည် မဟုတ်လော။ ယေရှု၏ အမှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုဖြစ်သည် မဟုတ်လော။ ထိုအချိန်က ယေဟောဝါ၏ အမှုကို ယေရှုကဲ့သို့ အလားတူ ဝိညာဉ်တော်က ဆောင်ရွက်ခဲ့သည် မဟုတ်လော။ ဘုရားသခင်သည် ဝိညာဉ်တော်များ မည်မျှရှိနိုင်သနည်း။ သင်၏ ရှင်းပြချက်အရ၊ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် ပုဂ္ဂိုလ်သုံးပါးတို့သည် တစ်ဆူဖြစ်သည်၊ သို့ဆိုပါက ဝိညာဉ်တော် သုံးပါးရှိပေသည်၊ သို့သော် ဝိညာဉ်တော် သုံးပါးရှိခြင်းသည် ဘုရားသခင်သုံးဆူ ရှိသည်ဟု ဆိုလိုသည်။ ဤသည်မှာ စစ်မှန်သော ဘုရားသခင် တစ်ဆူမျှမရှိဟု ဆိုလိုပေသည်။ ဤသို့သော ဘုရားသခင်မျိုးသည် အဘယ်သို့ ဘုရားသခင်၏ ပင်ကိုအနှစ်သာရ ဆက်ရှိနိုင်ဦးမည်နည်း။ ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်ဟု သင်လက်ခံပါက၊ သူသည် အဘယ်သို့ သားတော်တစ်ပါးနှင့် ခမည်းတော်တစ်ပါး ရှိနိုင်သနည်း။ ဤအရာအားလုံးသည် သင်၏ အယူအဆများ မဟုတ်လော။ ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်၊ ဤဘုရားသခင်တွင် ပုဂ္ဂိုလ်တစ်ပါးတည်းနှင့် ဘုရားသခင်၏ ဝိညာဉ်တော် တစ်ပါးတည်း ရှိသည်မှာ သမ္မာကျမ်းစာထဲ၌ “သန့်ရှင်းသော ဝိညာဉ်တော် တစ်ပါးတည်းသာရှိ၍ ဘုရားသခင် တစ်ဆူတည်းသာ ရှိတော်မူ၏။” ဟူ၍ ရေးသားသကဲ့သို့ ဖြစ်ပေသည်။ သင်ပြောသည့် ခမည်းတော်နှင့်၊ သားတော် တည်ရှိသည်ဖြစ်စေ၊ မတည်ရှိသည်ဖြစ်စေ၊ စင်စစ်တွင် ဘုရားသခင် တစ်ဆူတည်းသာ ရှိပြီး၊ သင်တို့ယုံကြည်သော ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အနှစ်သာရသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အနှစ်သာရ ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် ဝိညာဉ်တော်ဖြစ်၏၊ သို့သော် သူသည် လူ့ဇာတိခံယူနိုင်ပြီး လူတို့အလယ် နေထိုင်နိုင်သည့်အပြင် အရာအားလုံး၏ အထက်၌ ရှိနေနိုင်သည်။ သူ၏ ဝိညာဉ်တော်သည် အလုံးစုံ အပါအဝင်ဖြစ်ပြီး နေရာတိုင်းတွင် ရှိသည်။ သူသည် ဇာတိခန္ဓာထဲနှင့် စကြဝဠာအထက်တွင် တစ်ပြိုင်နက်တည်း ရှိနေနိုင်သည်။ လူအားလုံးက ဘုရားသခင်သည် စစ်မှန်သော တစ်ဆူတည်းသော ဘုရားသခင် ဖြစ်သည်ဟု ပြောကြသည့်အတွက်၊ မည်သူမျှ စိတ်ထင်တိုင်း ခွဲ၍မရသည့် ဘုရားသခင်တစ်ဆူတည်း ရှိပေသည်။ ဘုရားသခင်သည် တစ်ပါးတည်းသော ဝိညာဉ်တော် ဖြစ်ပြီး၊ တစ်ပါးတည်းသော ပုဂ္ဂိုလ် ဖြစ်ကာ၊ ယင်းသည် ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်သည်။ အကယ်၍ သင်တို့ ပြောကြသည့်အတိုင်း၊ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် ဟူ၍ ဖြစ်ပါက၊ ၎င်းတို့သည် ဘုရားသခင် သုံးဆူဖြစ်နေသည် မဟုတ်လော။ သန့်ရှင်းသော ဝိညာဉ်တော်က တစ်ပါးဖြစ်ပြီး၊ သားတော်က အခြားတစ်ပါး၊ ခမည်းတော်ကလည်း နောက်တစ်ပါး ဖြစ်နေပေသည်။ ၎င်းတို့၏ ဇာတိအဖြစ်တော်များသည် ကွဲပြားပြီး ၎င်းတို့၏ အနှစ်သာရများ ကွဲပြားပေသည်။ ထို့ကြောင့် ၎င်းတို့အသီးသီးသည် ဘုရားသခင် တစ်ဆူတည်း၏ အစိတ်အပိုင်းများ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဝိညာဉ်တော် တစ်ပါး ဖြစ်သည်။ ဤသည်မှာ လူသားအတွက် နားလည်ရန် လွယ်ကူသည်။ ဤသို့ဖြစ်ပါက၊ ခမည်းတော်သည် ဝိညာဉ်တော်သည် သာ၍ပင် ဖြစ်သေးသည်။ သူသည် ကမ္ဘာမြေသို့ မည်သည့်အခါမျှ မဆင်းသက်ခဲ့သည် သာမက၊ မည်သည့်အခါမျှ လူ့ဇာတိ မခံယူဖူးပေ။ သူသည် လူ၏ နှလုံးသားထဲက ယေဟောဝါ ဘုရားသခင်ဖြစ်ပြီး၊ သေချာပေါက် ဝိညာဉ်တော်လည်း ဖြစ်၏။ သို့ဆိုလျှင် သူနှင့် သန့်ရှင်းသော ဝိညာဉ်တော် ကြားရှိ ဆက်နွှယ်မှုသည် အဘယ်နည်း။ ယင်းမှာ ခမည်းတော်နှင့် သားတော်ကြားရှိ ဆက်နွှယ်မှုလော။ သို့တည်းမဟုတ် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ခမည်းတော်၏ ဝိညာဉ်တော်ကြားရှိ ဆက်နွှယ်မှုလော။ ဝိညာဉ်တော် အသီးသီး၏ အနှစ်သာရသည် အတူတူ ဖြစ်သလော။ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်သည် ခမည်းတော်၏ တန်ဆာပလာ တစ်ခုလော။ ဤအရာအား မည်ကဲ့သို့ ရှင်းပြ၍ရနိုင်သနည်း။ ထို့နောက်တွင် သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်အကြားရှိ ဆက်နွှယ်မှုသည် အဘယ်နည်း။ ယင်းသည် ဝိညာဉ်တော်နှစ်ပါးကြားရှိ ဆက်နွှယ်မှုလော၊ သို့မဟုတ် လူသားတစ်ဦးနှင့် ဝိညာဉ်တော်တစ်ပါးကြားက ဆက်နွှယ်မှုလော။ ဤအရာအားလုံးသည် မည်သည့်ရှင်းပြချက်မျှမရှိသော ကိစ္စရပ်များဖြစ်သည်။ အကယ်၍ ၎င်းတို့ အားလုံးသည် ဝိညာဉ်တော် တစ်ပါးတည်း ဆိုပါက၊ ၎င်းတို့သည် ဝိညာဉ်တော်တစ်ပါးတည်းကို ပိုင်ဆိုင်ကြသည့်အတွက်၊ ပုဂ္ဂိုလ်သုံးပါးအကြောင်း ပြော၍မရနိုင်ပေ။ အကယ်၍ ၎င်းတို့သည် ကွဲပြားသော ပုဂ္ဂိုလ်သုံးပါးဖြစ်ပါက၊ ၎င်းတို့၏ ဝိညာဉ်တော်များသည် အစွမ်းခွန်အားတွင် ကွဲပြားမည် ဖြစ်ပြီး၊ ၎င်းတို့သည် တကယ်ကို ဝိညာဉ်တော် တစ်ပါးတည်း မဖြစ်နိုင်ပေ။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်တို့နှင့်သက်ဆိုင်သည့် ဤအယူအဆသည် အဓိပ္ပာယ်မရှိဆုံးဖြစ်သည်။ ဤအရာက ဘုရားသခင်အား ပိုင်းစိတ်ကာ သူ့ကို အသီးသီး အဆင့်အတန်းနှင့် ဝိညာဉ်တော်ပါရှိလျက် ပုဂ္ဂိုလ်သုံးပါးအဖြစ်သို့ ခွဲလိုက်သည်။ သို့ဆိုလျှင် သူသည် အဘယ်သို့ ဝိညာဉ်တော်တစ်ပါးနှင့် ဘုရားသခင် တစ်ဆူတည်း ဖြစ်နိုင်သေးသနည်း။ ငါ့ကိုပြောလော့၊ ကောင်းကင်၊ မြေကြီးနှင့် ယင်းတို့အတွင်းရှိ အရာခပ်သိမ်းကို ခမည်းတော်၊ သားတော် သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်က ဖန်ဆင်းခဲ့ခြင်း ဖြစ်သလော။ အချို့က ၎င်းတို့ အားလုံး အတူတကွ ဖန်ဆင်းခဲ့သည်ဟု ပြောကြသည်။ သို့ဆိုလျှင် လူသားမျိုးနွယ်အား မည်သူက ရွေးနုတ်ခဲ့သနည်း။ သန့်ရှင်းသော ဝိညာဉ်တော်လော၊ သားတော်လော၊ သို့တည်းမဟုတ် ခမည်းတော်လော။ လူသားမျိုးနွယ်အား ရွေးနုတ်ခဲ့သူမှာ သားတော်ဖြစ်သည်ဟု အချို့က ဆိုကြသည်။ သို့ဆိုလျှင် အနှစ်သာရအရ သားတော်သည် အဘယ်သူ ဖြစ်သနည်း။ သူသည် ဘုရားသခင် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်သည် မဟုတ်ပေလော။ လူ့ဇာတိခံယူခြင်းက ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ခမည်းတော်၏ နာမဖြင့် ဖန်ဆင်းခံလူတစ်ဦး၏ ရှုထောင့်မှ ခေါ်ဆိုသည်။ ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပဋိသန္ဓေတည်ခြင်းမှတစ်ဆင့် မွေးဖွားခဲ့သည်ကို သင် သတိမပြုမိသလော။ သူ၏အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော် ရှိသည်။ သင်မည်သည့်အရာ ပြောဆိုသည်ဖြစ်စေ၊ သူသည် ဘုရားသခင်၏ ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်သည့်အတွက်၊ ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်နေဆဲဖြစ်သည်။ သားတော်နှင့်ဆိုင်သည့် ဤစိတ်ကူးသည် တကယ်ကို မမှန်ပေ။ အမှုအားလုံးကို ဆောင်ရွက်သူမှာ ဝိညာဉ်တော် တစ်ပါးတည်းသာ ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်သည့် ဘုရားသခင် ကိုယ်တိုင်သည်သာ သူ၏ အမှုကို ဆောင်ရွက်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော

ဤအရာက လူအများစုအတွက် ကမ္ဘာဦးကျမ်းမှ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှတ်ရကောင်း အမှတ်ရစေနိုင်သည်- “ငါတို့ ပုံသဏ္ဌာန်နှင့်အညီ တစ်သဏ္ဌာန်တည်း လူကို ဖန်ဆင်းကြစို့။” ဘုရားသခင်သည် “ငါတို့” ပုံသဏ္ဌာန်နှင့် အညီ တစ်သဏ္ဌာန်တည်း လူကို ဖန်ဆင်းကြစို့ဟု ပြောသည်ကို ထောက်ဆလျှင်၊ “ငါတို့” သည် နှစ်ပါး သို့မဟုတ် နှစ်ပါးထက် ပိုသည်ကို ညွှန်ပြ၏။ သူက “ငါတို့” ဟု ဖော်ပြခဲ့သည့်အတွက်၊ ဘုရားသခင် တစ်ဆူတည်းသာ ရှိသည် မဟုတ်ပေ။ ဤနည်းဖြင့် လူသည် စိတ်ကူးသက်သက်ဖြစ်သည့် ကွဲပြားသည့် ပုဂ္ဂိုလ်များကို စတင် တွေးထင်ခဲ့ပြီး၊ ဤနှုတ်ကပတ်တော်များမှ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်တို့နှင့်ဆိုင်သည့် ထင်မြင်ယူဆချက် ပေါ်ပေါက်လာခဲ့သည်။ သို့ဆိုလျှင် ခမည်းတော်သည် မည်သည့်အရာနှင့် တူသနည်း။ သားတော်သည် မည်သည့်အရာနှင့် တူသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်သည့်အရာနှင့် တူသနည်း။ ယနေ့ခေတ်၏ လူသားမျိုးနွယ်အား သုံးပါးစလုံး အတူတကွ ပေါင်းထားသော ပုံသဏ္ဌာန် တစ်ခုဖြင့် ဖန်ဆင်းခဲ့သည်မှာ ဖြစ်နိုင်မည်လော။ သို့ဆိုလျှင် လူ၏ ပုံသဏ္ဌာန်သည် ခမည်းတော်နှင့် သားတော်၏ ပုံသဏ္ဌာန်နှင့်တူသလော သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ ပုံသဏ္ဌာန်နှင့် တူသလော။ ဘုရားသခင်၏ ပုဂ္ဂိုလ်များထဲမှ မည်သည့်ပုဂ္ဂိုလ်သည် လူသား၏ ပုံသဏ္ဌာန် ဖြစ်သနည်း။ လူသား၏ ဤထင်မြင်ယူဆချက်သည် တကယ်ကို မမှန်ကန်သကဲ့သို့ အဓိပ္ပာယ်မရှိပေ။ ယင်းမှာ ဘုရားသခင် တစ်ပါးကို အချို့သော ဘုရားသခင်များအဖြစ်သို့သာ ခွဲနိုင်သည်။ မောရှေက ကမ္ဘာဦးကျမ်းကို ရေးခဲ့သည့် အချိန်တွင်၊ ယင်းမှာ ကမ္ဘာကြီးအား ဖန်ဆင်းခြင်းနောက် လူသားမျိုးနွယ်အား ဖန်ဆင်းပြီး နောက်ပိုင်းတွင် ဖြစ်ခဲ့သည်။ ကမ္ဘာကြီး စတင်ခဲ့သည့်အချိန် အစအဦး၌ မောရှေသည် ရှိမနေခဲ့ပေ။ များစွာကြာပြီး နောက်ပိုင်းတွင်မှ မောရှေသည် ကျမ်းစာကို ရေးသားခဲ့ခြင်းဖြစ်သည်၊ ထို့ကြောင့် စကားပြောခဲ့သည်မှာ ကောင်းကင်ဘုံရှိ ဘုရားသခင်ဖြစ်သည်ဟု သူမည်သို့ သိနိုင်ခဲ့မည်နည်း။ ဘုရားသခင်သည် ကမ္ဘာလောကအား မည်ကဲ့သို့ ဖန်ဆင်းခဲ့သည်ဆိုသည်နှင့် ပတ်သက်သည့် နားလည်သဘောပေါက်မှု အရိပ်အမြွက်မျှ သူ့ထံတွင် မရှိခဲ့ပေ။ သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်းတွင် ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်တို့အား ဖော်ပြချက် ဘာမျှမရှိပေ၊ စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်ဖြစ်သည့် ယေဟာဝါမှ ဣသရေလတွင် သူ၏ အမှုအား ဆောင်ရွက်နေခဲ့သည်ကိုသာ ဖော်ပြထားသည်။ ခေတ်များ ပြောင်းလဲသည်နှင့်အမျှ၊ သူ့ကို မတူကွဲပြားသော နာမများဖြင့် ခေါ်ဆိုထားသည်၊ သို့သော် ဤအရာက နာမအသီးသီးသည် ကွဲပြားခြားနားသော ပုဂ္ဂိုလ်တစ်ပါးကို ရည်ညွှန်းသည်ဟု သက်သေမပြနိုင်ပေ။ ဤအရာသည် မှန်ကန်ပါက၊ ဘုရားသခင်၌ မရေမတွက်နိုင်သော ပုဂ္ဂိုလ်များ ရှိမည် မဟုတ်လော။ ဓမ္မဟောင်းကျမ်းတွင် ရေးသားထားသော အရာမှာ ယေဟောဝါ၏ အမှု၊ ပညတ်တော်ခေတ်၌ စတင်ခြင်းအတွက် ဘုရားသခင် ကိုယ်တော်တိုင်၏ အမှုအဆင့်တစ်ခု ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ အမှုဖြစ်ခဲ့ပြီး၊ သူပြောဆိုသည့်အတိုင်း ဖြစ်ခဲ့ကာ သူ အမိန့်ပေးခဲ့သည်အတိုင်း တည်မြဲခဲ့သည်။ မည်သည့်အချိန်တွင်မျှ ယေဟောဝါက သူသည် အမှုဆောင်ရွက်ဖို့ ကြွလာသော ခမည်းတော် ဖြစ်ကြောင်း မပြောခဲ့သကဲ့သို့၊ လူသားမျိုးနွယ်အား ရွေးနုတ်ရန် သားတော်ကြွလာခြင်းကို တစ်ကြိမ်တစ်ခါမျှ ပရောဖက်မပြုခဲ့ပေ။ ယေရှု၏ အချိန်ကာလ ရောက်လာသောအခါတွင်၊ လူသားမျိုးနွယ်အား ရွေးနုတ်ရန် ဘုရားသခင်သည် လူ့ဇာတိ ခံယူခဲ့ပြီးဖြစ်သည်ဟုသာ ပြောခဲ့ပြီး၊ ကြွလာခဲ့ပြီးသူမှာ သားတော် ဖြစ်သည်ဆိုသည်ကို မပြောခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ခေတ်ကာလများသည် မတူကြသကဲ့သို့၊ ဘုရားသခင် ကိုယ်တော်တိုင် လုပ်ဆောင်သော အမှုသည်လည်း ကွဲပြားသောကြောင့်၊ သူသည် သူ၏ အမှုကို မတူကွဲပြားသော နယ်ပယ်များအတွင်းတွင် လုပ်ဆောင်ရန် လိုအပ်ပေသည်။ ဤနည်းဖြင့်၊ သူကိုယ်စားပြုသော ပင်ကိုလက္ခဏာသည်လည်း ကွဲပြားသွားသည်။ လူက ယေဟောဝါသည် ယေရှု၏ ခမည်းတော်ဖြစ်သည်ဟု ယုံကြည်သည်၊ သို့သော် “ငါတို့သည် ဘယ်သောအခါမျှ ခမည်းတော်နှင့် သားတော်ဟူ၍ ခွဲခြားမနေ။ ငါနှင့် ကောင်းကင်ဘုံရှိ ခမည်းတော်သည် တစ်ဦးတည်း ဖြစ်၏။ ခမည်းတော်သည် ငါ၌ရှိတော်မူ၍ ငါသည်လည်း ခမည်းတော်၌ ရှိ၏၊ သားတော်ကို မြင်သောသူသည်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်ကို မြင်၏။” ဟုပြောဆိုခဲ့သည့် ယေရှုက ဤအရာကို အသိအမှတ်မပြုခဲ့ပေ။ အနှစ်ချုပ်အားဖြင့်၊ ခမည်းတော်ဖြစ်စေ၊ သားတော်ဖြစ်စေ၊ ၎င်းတို့သည် သီးခြား ပုဂ္ဂိုလ်များအဖြစ်သို့ ခွဲခြားမခံရဘဲ၊ ဝိညာဉ်တော် တစ်ပါးတည်းဖြစ်သည်။ လူက ရှင်းပြရန် ကြိုးစားသည်နှင့်တစ်ပြိုင်နက်၊ ကိစ္စရပ်များသည် ကွဲပြားသော ပုဂ္ဂိုလ်များနှင့်ဆိုင်သည့် ထင်မြင်ယူဆချက်အပြင် ခမည်းတော်၊ သားတော်နှင့် ဝိညာဉ်တော်တို့ အကြားရှိ ဆက်နွှယ်မှု တို့ဖြင့် ရှုပ်ထွေးသွား၏။ လူသည် သီးခြား ပုဂ္ဂိုလ်များနှင့်သက်ဆိုင်၍ ပြောသောအခါတွင်၊ ဤသည်မှာ ဘုရားသခင်အား ရုပ်ဝါဒသဘောသို့ သွင်းလိုက်သည် မဟုတ်လော။ လူသည် ပုဂ္ဂိုလ်များအား ပထမ၊ ဒုတိယနှင့် တတိယဟူ၍ပင် သတ်မှတ်ကြသည်။ ဤအရာ အားလုံးသည် လူ၏ စိတ်ကူးစိတ်သန်းများသာ ဖြစ်ကြပြီး၊ ရည်ညွှန်းခြင်းငှာ မထိုက်တန်သကဲ့သို့ လုံးဝ လက်တွေ့မကျပေ။ အကယ်၍ သင်သည် ထိုသူ့ကို “ဘုရားသခင် ဘယ်နှစ်ပါး ရှိသနည်း။” ဟု မေးခဲ့ပါက၊ ထိုသူက ဘုရားသခင်သည် ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်နှင့်ဆိုင်သည့် သုံးပါးတစ်ဆူဖြစ်သည်- စစ်မှန်သော ဘုရားတစ်ဆူ ဖြစ်သည်ဟု ပြောပေမည်။ သင်က “ခမည်းတော် ဆိုသည်မှာ မည်သူနည်း။” ဟု တစ်ဖန် မေးခဲ့ပါက၊ ထိုသူက၊ “ခမည်းတော်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်သည်၊ သူသည် အရာအားလုံးကို ကွပ်ကဲပြီး ကောင်းကင်ဘုံ၏ အရှင်သခင် ဖြစ်သည်။” ဟု ပြောပေမည်။ “သို့ဆိုလျှင် ယေဟောဝါသည် ဝိညာဉ်တော် ဖြစ်သလော။” ဟု သင်မေးမည်ဆိုပါက၊ ထိုသူက “ဟုတ်သည်” ဟု ပြန်ဖြေမည်။ ထို့နောက် သင်က “သားတော်သည် မည်သူနည်း။” ဟု ထိုသူကို မေးမည်ဆိုပါက၊ ယေရှုမှာ သားတော် အမှန်ဖြစ်သည်ဟု ထိုသူက ပြောပေမည်။ “ဤသို့ဆိုလျှင် ယေရှု၏ အဖြစ်အပျက်ကား မည်သည့်အရာဖြစ်သနည်း။ မည်သည့်နေရာမှ သူလာခဲ့သနည်း။” ဟု မေးမည် ဆိုပါက၊ ထိုသူက “ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပဋိသန္ဓေ စွဲယူခြင်းမှတစ်ဆင့် မာရိထံ မွေးဖွားခဲ့သည်။” ဟု ပြောပေမည်။ သို့ဆိုလျှင် သူ၏ အနှစ်သာရသည်လည်း ဝိညာဉ်တော် ဖြစ်သည် မဟုတ်လော။ သူ၏အလုပ်သည်လည်း သန့်ရှင်းသော ဝိညာဉ်တော်အား ကိုယ်စားပြုခြင်း ဖြစ်သည် မဟုတ်လော။ ယေဟောဝါသည် ဝိညာဉ်တော်ဖြစ်သည်၊ ထို့ကြောင့် ယေရှု၏ အနှစ်သာရသည်လည်း ဝိညာဉ်တော် ဖြစ်သည်။ ယခုနောက်ဆုံးသော ကာလတွင်၊ အမှုပြုနေသေးသည်မှာ ဝိညာဉ်တော် ဖြစ်သည်ကို ပြောစရာပင်မလိုပေ၊ ၎င်းတို့သည် အဘယ်သို့ မတူကွဲပြားသော ပုဂ္ဂိုလ်များ ဖြစ်နိုင်မည်နည်း။ ကွဲပြားခြားနားသော ရှုထောင့်များမှ ဝိညာဉ်တော်၏ အလုပ်အား ဆောင်ရွက်နေသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော် သက်သက် ဖြစ်သည် မဟုတ်လော။ ထိုသို့ဖြင့် ပုဂ္ဂိုလ်များကြားတွင် ကွဲပြားချက် မရှိပေ။ ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်ခဲ့သည်၊ မလွဲဧကန် သူ၏ အမှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် အတိအကျ ဖြစ်ပေသည်။ ယေဟောဝါက ဆောင်ရွက်ခဲ့သည့် အမှု၏ ပထမအဆင့်တွင်၊ သူသည် လူ့ဇာတိ မခံယူခဲ့သကဲ့သို့၊ လူ့ထံသို့လည်း မပေါ်ထွန်းခဲ့ပေ။ ထို့ကြောင့် လူသည် သူ၏ မည်သည့်အသွင်ပြင်ကို လုံးဝ မမြင်ခဲ့ရပေ။ သူသည် မည်မျှ ကြီးမြတ်ကာ မည်မျှမြင့်မားခဲ့သည်ဖြစ်စေ၊ သူသည် ဝိညာဉ်တော်၊ လူအား ဦးစွာ ဖန်ဆင်းခဲ့သည့် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်နေဆဲ ဖြစ်သည်။ ဆိုလိုသည်မှာ သူသည် ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်ခဲ့သည်။ သူသည် မိုးတိမ်များ အလယ် လူသားအား စကားပြောခဲ့ချိန်တွင်၊ သူသည် ဝိညာဉ်တော်မျှသာ ဖြစ်ခဲ့သည်။ သူ၏ အသွင်အပြင်ကို မည်သူမျှ မျက်မြင် မတွေ့ခဲ့ကြရပေ။ ကျေးဇူးတော်ခေတ်တွင်သာ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူ့ဇာတိဖြစ်လာခဲ့ပြီး၊ ယုဒနယ်တွင် လူ့ဇာတိ ခံယူခဲ့သည့်အခါတွင်သာ လူသည် ပထမဦးဆုံးအနေနှင့် လူ့ဇာတိခံယူခြင်း၏ ပုံသဏ္ဌာန်ကို ယုဒလူတစ်ဦးအဖြစ် တွေ့မြင်ခဲ့ရပေသည်။ ယေဟောဝါ၏ ခံစားချက်အား အာရုံခံ၍ မရနိုင်ခဲ့ပေ။ သို့သော် သူသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်ခဲ့ပြီး၊ ဆိုလိုသည်မှာ ယေဟောဝါ ကိုယ်တော်တိုင်၏ ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်ခဲ့ပြီး၊ ယေရှုသည် ဘုရားသခင် ဝိညာဉ်တော်၏ ပြယုဂ်အဖြစ် မွေးဖွားလာခဲ့ဆဲဖြစ်သည်။ လူက ပထမအဦးဆုံး မြင်ခဲ့ရသော အရာမှာ ယေရှုအပေါ်သို့ ချိုးငှက်အဖြစ် ဆင်းသက်နေသည့် သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်သည်။ ယင်းမှာ ယေရှုအဖို့ သီးသန့်ဝိညာဉ်တော် မဟုတ်ခဲ့ဘဲ၊ ယင်းထက် သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်ခဲ့သည်။ သို့ဆိုလျှင် ယေရှု၏ ဝိညာဉ်တော်ကို သန့်ရှင်းသော ဝိညာဉ်တော်မှ ခွဲ၍ ရနိုင်သလော။ အကယ်၍ ယေရှုသည် ယေရှု၊ သားတော် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်ပါက၊ ၎င်းတို့သည် အဘယ်သို့ တစ်ပါးတည်း ဖြစ်နိုင်မည်နည်း။ ထိုသို့ဖြစ်ပါက အမှုကို ဆောင်ရွက်နိုင်ခဲ့မည် မဟုတ်ပေ။ ယေရှုအတွင်းရှိ ဝိညာဉ်တော်၊ ကောင်းကင်ဘုံရှိ ဝိညာဉ်တော်နှင့် ယေဟောဝါ၏ ဝိညာဉ်တော်တို့သည် တစ်ပါးတည်းသာ ဖြစ်သည်။ ယင်းကို သန့်ရှင်းသော ဝိညာဉ်တော်၊ ဘုရားသခင်၏ ဝိညာဉ်တော်၊ ခုနှစ်ဆပြင်းသော ဝိညာဉ်တော်နှင့် အလုံးစုံ ခြုံလွှမ်းသော ဝိညာဉ်တော်ဟူ၍ ခေါ်ဆို၍ရနိုင်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် အလုပ်များစွာ ဆောင်ရွက်နိုင်သည်။ သူသည် ကမ္ဘာလောကကို ဖန်ဆင်းနိုင်ပြီး၊ ယင်းကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးနိုင်သည်။ သူသည် လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်နိုင်သည့်အပြင်၊ လူသားမျိုးနွယ် အားလုံးကိုလည်း သိမ်းပိုက်ကာ ဖျက်ဆီးနိုင်သည်။ ဤအလုပ်အားလုံးကို ဘုရားသခင် ကိုယ်တော်တိုင်က ဆောင်ရွက်ပြီး သူ၏ကိုယ်စား ဘုရားသခင်၏ အခြားမည်သည့်ပုဂ္ဂိုလ်ကမျှ လုပ်ဆောင်ရပြီး မဖြစ်နိုင်ပေ။ သူ၏ဝိညာဉ်တော်အား ယေဟောဝါ၊ ယေရှုနှင့် အနန္တတန်ခိုးရှင် ဟူသည့်နာမဖြင့် ခေါ်ဆိုနိုင်သည်။ သူသည် သခင်ဖြစ်ပြီး၊ ခရစ်တော်ဖြစ်သည်။ သူသည် လူသားလည်း ဖြစ်လာနိုင်သည်။ သူသည် ကောင်းကင်ဘုံ၌ရှိပြီး မြေကြီးပေါ်၌လည်း ရှိသည်။ သူသည် စကြဝဠာများအထက်နှင့် လူထုများအလယ်တွင် ရှိသည်။ သူသည် ကောင်းကင်နှင့် မြေကြီး၏ တစ်ဦးတည်းသော အရှင်သခင် ဖြစ်သည်။ ဖန်ဆင်းခြင်းအချိန်မှ ယခုအထိ၊ ဤအမှုကို ဘုရားသခင်ကိုယ်တော်တိုင်၏ ဝိညာဉ်တော်က ဆောင်ရွက်ပြီးဖြစ်သည်။ ကောင်းကင်ဘုံရှိ အလုပ်ဖြစ်စေ၊ လူ့ဇာတိထဲက အလုပ်ဖြစ်စေ၊ အားလုံးကို သူကိုယ်တိုင်၏ ဝိညာဉ်တော်က ဆောင်ရွက်ပေသည်။ ကောင်းကင်ဘုံတွင် ဖြစ်စေ၊ မြေကြီးပေါ်တွင် ဖြစ်စေ၊ ဖန်ဆင်းခံ သတ္တဝါအားလုံးသည် သူ၏ အနန္တလက်ဝါးတွင် ရှိကြသည်။ ဤအရာအားလုံးသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှု ဖြစ်ပြီး၊ သူ၏ ကိုယ်စား အခြားမည်သူကမျှ လုပ်ဆောင်၍မရနိုင်ပေ။ ကောင်းကင်ဘုံတွင်၊ သူသည် ဝိညာဉ်တော်ဖြစ်ပြီးသော်လည်း၊ ဘုရားသခင် ကိုယ်တော်တိုင်လည်း ဖြစ်သည်။ လူတို့အလယ်တွင် သူသည် လူ့ဇာတိဖြစ်သော်လည်း၊ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်နေဆဲဖြစ်သည်။ သူ့ကို ရာထောင်ချီသော နာမများဖြင့် ခေါ်ဆိုကောင်း ခေါ်ဆိုနိုင်သော်လည်း၊ သူသည် သူကိုယ်တိုင် ဖြစ်နေသေးပြီး၊ အမှု အားလုံးသည် သူ၏ ဝိညာဉ်တော်၏ တိုက်ရိုက် ဖော်ပြချက် ဖြစ်သည်။ သူ၏ ကားစင်တင်ခံရခြင်းမှတစ်ဆင့် လူသားမျိုးနွယ် အားလုံးနှင့်ဆိုင်သည့် ရွေးနုတ်ခြင်းသည် သူ၏ ဝိညာဉ်တော်၏ တိုက်ရိုက် အလုပ် ဖြစ်ခဲ့ပြီး၊ နောက်ဆုံးသော ကာလအတွင်းတွင် တိုင်းနိုင်ငံအားလုံးနှင့် နယ်မြေအားလုံးထံ ကြွေးကြော်ခြင်းလည်း ဖြစ်သည်။ တစ်ချိန်လုံး၊ ဘုရားသခင်ကို အနန္တတန်ခိုးရှိသကဲ့သို့ စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်၊ အလုံးစုံ လွှမ်းခြုံသော ဘုရားသခင်ဟုသာ ခေါ်ဆို၍ရနိုင်သည်။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်တို့နှင့်ဆိုင်သည့် ဤထင်မြင်ယူဆချက်ကို မဆိုထားနှင့်၊ ကွဲပြားသော ပုဂ္ဂိုလ်များ မတည်ရှိပေ။ ကောင်းကင်နှင့် မြေကြီးပေါ်တွင် ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်ကို သုံးပါးတစ်ဆူ ဘုရားသခင်အဖြစ် အဓိပ္ပာယ် ဖွင့်ဆိုခြင်းသည် ဘုရားသခင်ကို ပြစ်မှားပြောဆိုခြင်းဖြစ်ပြီး၊ ယင်းသည် အဓိပ္ပာယ်အမဲ့ဆုံးသော အတွေးမှား ဖြစ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ယေရှု လူ့ဇာတိခံယူခြင်းနှင့် သက်ဆိုင်သည့် အမှန်တရား ဖြစ်တည်လာပြီးနောက်တွင် လူသည် ဤသို့ယုံကြည်ခဲ့သည်-...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။