လူအများစုက ဘုရားသခင်သည် ကရုဏာရှိပြီး ချစ်ခြင်းမေတ္တာရှိကြသည်ဟု ယုံကြည်ကြသည်။ လူအားလုံးကို ကယ်တင်ခြင်းသို့ ရောက်စေလိုပြီး လူတစ်ဦးတယောက်မှ သေဆုံးခြင်းကိုရောက်ရန် မလိုလားပါ။ သို့သော် ဧ၀ံဂေလိတရားကို ဟောရန် ကောင်းသောသူကို အဘယ်ကြောင့် ရွေးချယ်ရန်လိုသေးသနည်း။

18.05.2021

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ထိုသို့ ခေါ်တော်မူသောသူ အများရှိသော်လည်း၊ ရွေးကောက်တော်မူသော သူနည်းသည်ဟု မိန့်တော် မူ၏။” (ရှင်မဿဲခရစ်ဝင် ၂၂:၁၄)

“အခြားသော ဥပမာစကားကိုမိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် ကောင်းသောမျိုး စေ့ကို လယ်၌ကြဲသောသူနှင့်တူ၏။ စပါးရိတ်သည်ကာလ ရောက်လျှင်၊ တောပင်တို့ကို ရှေ့ဦးစွာရွေးနှုတ်၍ မီးရှို့ခြင်းငှါစည်းနှောင်ကြလော့။ စပါးကိုကား ကျီ၌စုသိမ်း သွင်းထားကြလော့ဟု ရိတ်သောသူတို့အား ငါစီရင်မည်ဟု အိမ်ရှင်ဆိုသည်ဟု မိန့်တော်မူ၏။...တောပင်တို့ကိုရွေးနှုတ်၍ မီးရှို့သကဲ့သို့ ဤကမ္ဘာအဆုံး၌ဖြစ်လတံ့။ လူသားသည် မိမိကောင်းကင်တမန်တို့ကိုစေလွှတ်ပြီးလျှင်၊ မှားယွင်းစေသောသူတို့နှင့် မတရားသော အမှုကို ပြုသောသူရှိသမျှတို့ကို နိုင်ငံတော်ထဲကရွေးနှုတ်၍၊ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို၌ချကြလတံ့။ တနည်းကား၊ ကောင်းကင်နိုင်ငံတော်သည် ပင်လယ်၌ချ၍ အမျိုးမျိုးသောငါးတို့ကို အုပ်မိသောပိုက် ကွန်နှင့်တူ၏။ ငါးနှင့်အပြည့်ရှိသောအခါ တံငါတို့သည် ကုန်းပေါ်သို့ဆွဲတင်၍ထိုင်လျက်၊ ကောင်းသောငါးကို ခြင်း ထဲသို့ ရွေးချယ်ထည့်ထား၍၊ မကောင်းသောငါးကို ပြင်သို့ပစ်လိုက်ကြ၏။ ထိုနည်းတူ ကမ္ဘာအဆုံး၌ ကောင်းကင်တမန်တို့သည် ဆင်းလာပြီးလျှင်၊ ဖြောင့်မတ်သောသူတို့အထဲမှ ဆိုးသောသူတို့ကို နှုတ်ယူခွဲထား၍၊ ငိုးကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို၌ ချကြလတံ့။” (ရှင်မဿဲခရစ်ဝင် ၁၃:၂၄-၂၅၊၃၀၊၄၀-၄၂၊၄၇-၅၀)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

မူလက ဘုရားသခင် ဖန်ဆင်းခဲ့သောလူမှာ အသက်ရှင်ခဲ့သည်၊ သို့သော် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကြောင့် လူသည် သေခြင်းတရား၏ အလယ်တွင် အသက်ရှင်ရပြီး၊ စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ရသည်၊ ထို့ကြောင့် ဤနည်းဖြင့်၊ လူတို့သည် ဝိညာဉ်ကင်းမဲ့သော လူသေများ ဖြစ်လာကြပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်သော ရန်သူများ ဖြစ်လာကြပြီးဖြစ်သည်၊ ၎င်းတို့သည် စာတန်၏ တန်ဆာပလာများ ဖြစ်လာကြပြီးဖြစ်ကာ၊ စာတန်၏အကျဉ်းသားများ ဖြစ်လာကြပြီးဖြစ်သည်။ ဘုရားသခင် ဖန်ဆင်းခဲ့သော အသက်ရှင်သည့် လူများအားလုံးသည် လူသေများဖြစ်လာကြပြီး၊ ထို့ကြောင့် ဘုရားသခင်သည် သူ၏ သက်သေခံချက်ကို ဆုံးရှုံးရပြီး‌ဖြစ်ကာ၊ သူဖန်ဆင်းခဲ့ပြီး သူ၏ဇီဝအသက် ရှိထားသည့် တစ်ခုတည်းသော အရာဖြစ်သည့် လူသားမျိုးနွယ်ကို ဆုံးရှုံးရလေပြီဖြစ်သည်။ ဘုရားသခင်သည် သူ၏သက်သေခံချက်ကို ပြန်ရုပ်သိမ်းပြီး၊ သူကိုယ်တိုင်၏ လက်ဖြင့် ဖန်ဆင်းခဲ့သော်လည်း၊ စာတန်၏ ဖမ်းဆီးခြင်းခံရသောသူတို့ကို ပြန်ရုပ်သိမ်းပါက၊ ၎င်းတို့သည် အသက်ရှင်သော သတ္တဝါများဖြစ်လာရန်အလို့ငှာ ဘုရားသခင်သည် ၎င်းတို့ကို ပြန်လည် ထမြောက်စေရမည်ဖြစ်ပြီး၊ သူ၏အလင်းထဲ၌ ၎င်းတို့ အသက်ရှင်ကြဖို့အလို့ငှာ ၎င်းတို့ကို သူပြန်သိမ်းယူရမည် ဖြစ်သည်။ လူသေတို့သည် ဝိညာဉ်မရှိသော သူများဖြစ်ပြီး၊ အလွန့်အလွန် ထုံထိုင်းကြသူများနှင့် ဘုရားသခင်ကို ဆန့်ကျင်ကြသူများ ဖြစ်ကြသည်။ အဓိကအားဖြင့် ၎င်းတို့သည် ဘုရားသခင်ကို မသိသောသူများ ဖြစ်ကြသည်။ ဤလူတို့သည် ဘုရားသခင်ကို နာခံရန် ရည်ရွယ်ချက် စိုးစဉ်းမျှ မရှိကြချေ။ ၎င်းတို့သည် သူ့ကို ပုန်ကန်ကာ ဆန့်ကျင်ခြင်းသာ ပြုကြပြီး၊ သစ္စာစောင့်သိမှု စိုးစဉ်းမျှ မရှိကြချေ။ အသက်ရှင်သူများသည် ၎င်းတို့၏ဝိညာဉ်များ ပြန်လည်မွေးဖွားခြင်း ခံရသောသူများ၊ ဘုရားသခင်ကို နာခံရန် သိရှိသူများနှင့် ဘုရားသခင်ကို သစ္စာစောင့်သိသူများ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားနှင့် သက်သေခံချက်ကို ပိုင်ဆိုင်ကြပြီး၊ ဤလူတို့သာ ဘုရားသခင်ကို သူ၏ အိမ်တွင် ကျေနပ်စေလျက်ရှိကြပေသည်။ ဘုရားသခင်သည် အသက်ရှင်ခြင်းသို့ ရောက်လာနိုင်သူများ၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို မြင်နိုင်သူများ၊ ဘုရားသခင်ကို သစ္စာစောင့်သိနိုင်သူများနှင့် ဘုရားသခင်အား ရှာဖွေရန် လိုလားလျက်ရှိသူများကို ကယ်တင်သည်။ ဘုရားသခင်၏ လူ့ဇာတိ ခံယူခြင်းနှင့် သူ၏ပေါ်ထွန်းခြင်း၌ ယုံကြည်သူများကို သူကယ်တင်သည်။ လူအချို့သည် အသက်ရှင်ခြင်းတို့ ရောက်လာနိုင်ပြီး၊ လူအချို့သည် အသက်ရှင်ခြင်းသို့ ရောက်မလာနိုင်ကြပေ။ ဤသည်မှာ ၎င်းတို့၏သဘာဝသည် ကယ်တင်ခြင်းခံရနိုင်၊ မခံရနိုင်ဆိုသည့်အပေါ် မူတည်သည်။ လူများစွာတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များစွာကို ကြားဖူးခဲ့သော်လည်း ဘုရားသခင်၏အလိုကို နားမလည်ကြသကဲ့သို့၊ ၎င်းတို့ကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းရှိကြသေးပေ။ ထိုသို့သော လူတို့သည် မည်သည့် သမ္မာတရားကိုမျှ အသက်ရှင်နေထိုင်ခြင်းငှာ မတတ်စွမ်းနိုင်ကြသကဲ့သို့၊ ဘုရားသခင်၏ အမှုနှင့်ပတ်သက်၍လည်း တမင်သက်သက် နှောင့်ယှက်ကြသည်။ ၎င်းတို့သည် ဘုရားသခင်အတွက် မည်သည့်အလုပ်ကိုမျှ လုပ်ဆောင်နိုင်စွမ်းမရှိကြ၊ သူ့ထံ မည်သည့်အရာကိုမျှ ဆက်ကပ်နိုင်စွမ်း မရှိကြသကဲ့သို့ အသင်းတော်၏ငွေကိုလည်း လျှို့ဝှက်စွာ သုံးကြပြီး၊ ဘုရားသခင်၏အိမ်တော်တွင် အခမဲ့ စားကြလေသည်။ ဤလူတို့သည် သေဆုံးကြပြီး၊ ကယ်တင်ခံရမည် မဟုတ်။ ဘုရားသခင်သည် သူ၏အမှုအလယ် ရှိသူများကို ကယ်တင်သော်လည်း၊ သူ၏ကယ်တင်ခြင်းကို မရရှိနိုင်သော လူတစ်ချို့ရှိလေသည်။ အရေအတွက် အနည်းငယ်ကသာ သူ၏ ကယ်တင်ခြင်းကို ရရှိနိုင်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူအများစုသည် အလွန်အမင်း ဖောက်ပြန်ပျက်စီးစေခြင်းခံကြရပြီးဖြစ်ကာ လူသေများ ဖြစ်လာကြပြီး ဖြစ်သကဲ့သို့၊ ၎င်းတို့ ကယ်တင် မခံရနိုင်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် စာတန်၏ လုံးဝ အသုံးချခြင်း ခံကြရပြီး၊ ၎င်းတို့၏ သဘာဝ၌ အလွန် မလိုမုန်းထားဖြစ်ကြလေသည်။ ထိုလူအနည်းစုသည်လည်း ဘုရားသခင်ကို အပြည့်အဝ မနာခံနိုင်ကြပေ။ ၎င်းတို့သည် အစဦးကတည်းက ဘုရားသခင်ကို လုံးဝ သစ္စာရှိလာခဲ့ကြသူများ သို့မဟုတ် အစဦးကတည်းက ဘုရားသခင်အတွက် အဆုံးစွန်သော ချစ်ခြင်းမေတ္တာ ရှိခဲ့ကြသူများ မဟုတ်ပေ။ ယင်းထက်၊ ၎င်းတို့သည် ဘုရားသခင်၏ သိမ်းပိုက်ခြင်း အမှုကြောင့် သူ့ကို နာခံလာကြပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်၏ အမြင့်ဆုံးသော ချစ်ခြင်းမေတ္တာကြောင့် သူ့ကို မြင်ကြသည်၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကြောင့် ၎င်းတို့၏စိတ်သဘောထားတွင် ပြောင်းလဲမှုများ ရှိပြီး၊ စစ်လည်းစစ်မှန်ကာ ပုံမှန်လည်းဖြစ်သော ဘုရားသခင်၏အမှုကြောင့် သူ့ကို သိလာကြပေသည်။ ဘုရားသခင်၏ ဤအမှုမရှိဘဲနှင့်၊ ဤလူတို့ မည်မျှကောင်းမြတ်စေကာမူ၊ ၎င်းတို့သည် စာတန်နှင့် သက်ဆိုင်ကြဆဲဖြစ်ပေမည်၊ သေခြင်းတရားနှင့် သက်ဆိုင်ကြဆဲ ဖြစ်မည်ဖြစ်ပြီး၊ ၎င်းတို့ သေဆုံးကြဆဲဖြစ်ပေမည်။ ယနေ့တွင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ဤလူတို့ ရရှိနိုင်ခြင်းသည် ၎င်းတို့အနေဖြင့် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုလားနေကြခြင်းကြောင့်သက်သက် ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် အသက်ရှင်ခြင်းသို့ ရောက်လာပြီးသူတစ်ဦးဖြစ်သလော

လူအမျိုးအစား အမျိုးမျိုးရှိကြပြီး ၎င်းတို့၌ရှိသည့် စိတ်ဝိညာဉ်အမျိုးအစားအားဖြင့် ၎င်းတို့ကို ခွဲခြားလေသည်။ လူအချို့သည် လူ့စိတ်ဝိညာဉ်များရှိကြပြီး ၎င်းတို့သည် ရွေးချယ်မှုအတွက် ဘုရားသခင် ကြိုတင်ပြဌာန်းခြင်း ခံထားရသူများ ဖြစ်သည်။ အချို့တွင် လူ့စိတ်ဝိညာဉ်များ မရှိကြပေ။ ၎င်းတို့သည် လှည့်စားပြီးဝင်ရောက်လာသည့် မကောင်းဆိုးဝါးများ ဖြစ်ကြသည်။ ဘုရားသခင်က ကြိုတင်ပြဌာန်းထားခြင်းနှင့် ရွေးချယ်ထားခြင်း မခံခဲ့ရသည့်ထိုသူများသည် ၎င်းတို့အောင်မြင်စွာ ဝင်ရောက်လာလျှင်ပင် ကယ်တင်ခြင်း မခံရနိုင်ပေ၊ ပြီးလျှင် အဆုံး၌ ၎င်းတို့သည် မကောင်းဆိုးဝါးများ၏ ရုတ်တရက် ဖယ်ရှားခြင်းကို ခံရလိမ့်မည်။ လူများသည် ဘုရားသခင်၏ အမှုကို လက်ခံနိုင်ခြင်း ရှိမရှိနှင့် ၎င်းတို့ လက်ခံပြီးသည့်နောက် ၎င်းတို့ မည်သည့်လမ်းကြောင်းကို လျှောက်သည်နှင့် ၎င်းတို့သည် ပြောင်းလဲနိုင်ခြင်း ရှိမရှိတို့အားလုံးသည် ၎င်းတို့အတွင်းရှိ စိတ်ဝိညာဉ်နှင့် သဘာဝတို့ပေါ်တွင် မူတည်သည်။ လူအချို့သည် လမ်းမှားလျက် မသွေဖည်ဘဲ မနေနိုင်ကြပေ။ ၎င်းတို့၏ စိတ်ဝိညာဉ်များက ၎င်းတို့ကို ထိုသို့သောလူများဖြစ်ဖို့ အဆုံးအဖြတ်ပေးပြီး ၎င်းတို့ မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့သည် လမ်းကြောင်းမှန်ကို မလျှောက်သောကြောင့်၊ ၎င်းတို့ထဲမှ အချို့တွင် သန့်ရှင်းသောဝိညာဉ်တော်က အလုပ်မလုပ်ပေ။ သို့သော် ၎င်းတို့သည် ရုတ်ခြည်း ပြောင်းလဲမှုတစ်ခု ပြုလုပ်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် အလုပ်လုပ်နိုင်သေးသည်။ ၎င်းတို့ မပြောင်းလဲပါက၊ ယင်းမှာ ၎င်းတို့အတွက် ပွဲသိမ်းသွားလိမ့်မည် ဖြစ်သည်။ အခြေအနေအမျိုးအစား အားလုံး တည်ရှိသော်လည်း၊ မည်သို့ပင်ဖြစ်စေကာမူ ဘုရားသခင်သည် လူတိုင်းကို သူ၏ဆက်ဆံမှုတွင် ဖြောင့်မတ်လေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို နားလည်သဘောပေါက်နည်း” မှ

ကျေးဇူးတော်ခေတ်တွင် ဘုရားသခင်သည် လူတိုင်းကို ကယ်တင်ခြင်းခံရစေလိုပြီး မည်သူ့ကိုမျှ အပြစ်ဒဏ်ခံရခြင်းကို မခံစားစေလိုကြောင်း ပြောထားသည်။ ယင်းမှာ စာတန်၏ ဖျက်ဆီးခြင်းခံထားရသည့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအပေါ် ဘုရားသခင်၏ သဘောထားနှင့် ခံစားချက်တို့ဖြစ်သည်။ သို့ရာတွင် အမှန်မှာမူ လူများစွာတို့ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်မခံသည်မှာ ဘုရားသခင်၏အလိုဖြစ်လေသည်။ ၎င်းတို့သည် စာတန်နှင့်သက်ဆိုင်ပြီး၊ ကယ်တင်ခြင်း ခံရမည် မဟုတ်ပေ။ ဤနှုတ်ကပတ်တော်များက လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ဘုရားသခင်၏သဘောထားကို ပြနေသည်။ သူ၏ချစ်ခြင်းမေတ္တာသည် ကန့်သတ်ချက်မဲ့ မဟုတ်ပေ၊ ယင်းသည် မယှဉ်သာစွာ ကျယ်ပြန့်သည်၊ ယင်းမှာ အင်အားကြီးမားသည်။ သို့သော် သမ္မာတရားကို စက်ဆုပ်သူများအဖို့၊ သူသည် သူ၏ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းတို့ကို အခမဲ့ပေးဖို့ မလိုလားသကဲ့သို့ သူသည် ထိုသို့ အစဉ်လုပ်ဆောင်မည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ သဘောထားဖြစ်သည်။ သမ္မာတရားကို စက်ဆုပ်ခြင်းသည် မည်သည့်သဘောသက်ရောက်သနည်း။ ယင်းမှာ ဘုရားသခင်ကို ယှဉ်ပြိုင်ခြင်းလော။ ယင်းမှာ ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ရန်လိုခြင်းလော။ ယင်းမှာ ဘုရားသခင်ကို “ကိုယ်တော် ပြောစရာရှိသည့်အရာကို နားထောင်ရသည်ကို ကျွန်ုပ် မပျော်မွေ့ပါ။ ယင်းကို ကျွန်ုပ် မနှစ်သက်လျှင်၊ ယင်းမှာ သမ္မာတရား မဟုတ်ပါ၊ ပြီးလျှင် ကျွန်ုပ်သည် ယင်းကို သမ္မာတရားအဖြစ် မခံယူပါ။ ယင်းကို ကျွန်ုပ် အသိအမှတ်ပြုပြီး နှစ်သက်သည့်အခါမှသာ၊ ယင်းသည် သမ္မာတရား ဖြစ်လိမ့်မည်။” ဟု ပွင့်လင်းစွာ ပြောသည့် သဘောသက်ရောက်သည်။ သမ္မာတရားအပေါ် သင်သည် ထိုသို့ သဘောထားရှိသည့်အခါ၊ ဤသည်မှာ ဘုရားသခင်ကို ပွင့်လင်းစွာ ရန်လိုခြင်း မဟုတ်လော။ သင်သည် ဘုရားသခင်ကို ပွင့်လင်းစွာ ရန်လိုပါက၊ ဘုရားသခင်က သင့်ကို ကယ်တင်မည်လော။ မကယ်တင်ပေ။ ဤသည်မှာ ဘုရားသခင်၏ဒေါသအတွက် တကယ့် အကြောင်းအရင်းဖြစ်သည်။ သမ္မာတရားကို စက်ဆုပ်သည့်လူမျိုး၏ အနှစ်သာရသည် ဘုရားသခင်ကို ရန်လိုသည့် အနှစ်သာရဖြစ်သည်။ ဘုရားသခင်သည် ဤအနှစ်သာရရှိသည့်လူများကို လူများအဖြစ် မဆက်ဆံပေ။ သူက ၎င်းတို့အား ရန်သူများအဖြစ်၊ မကောင်းဆိုးဝါးများ အဖြစ် ဆက်ဆံပြီး၊ ၎င်းတို့ကို မည်သည့်အခါမျှ ကယ်တင်မည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင့်ဒေါသ၏ သရုပ်သကန် ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်” မှ

လူသားမျိုးနွယ်ကို ဘုရားသခင်၏ကယ်တင်ခြင်းမှာ သမ္မာတရားကို ချစ်သောသူတို့အား ကယ်တင်ခြင်း၊ လိုအင်ဆန္ဒနှင့် သန္နိဋ္ဌာန်ရှိသည့် ၎င်းတို့၏ တစ်စိတ်တစ်ဒေသနှင့် ၎င်းတို့၏ စိတ်နှလုံးထဲတွင် သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းကို တမ်းတသော ၎င်းတို့၏ တစ်စိတ်တစ်ဒေသကို ကယ်တင်ခြင်း ဖြစ်သည်။ လူတစ်ဦး၌ စိတ်ဆုံးဖြတ်ချက်သည် ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းနှင့် သမ္မာတရားကို တမ်းတပြီး အသိတရား ပိုင်ဆိုင်သည့် ၎င်းတို့ စိတ်နှလုံးထဲရှိ ၎င်းတို့၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ သမ္မာတရားကို ၎င်းတို့ နားလည်ပြီး ရရှိရန်၊ ၎င်းတို့၏ဖောက်ပြန်ပျက်စီးခြင်းသည် ဆေးကြောသန့်စင်ခံရပြီး ၎င်းတို့၏အသက်စိတ်သဘောထား ပြောင်းလဲနိုင်ရန်အလို့ငှာ ဘုရားသခင်သည် လူတို့၏ ဤတစ်စိတ်တစ်ဒေသကို ကယ်တင်ပြီး ယင်းမှတစ်ဆင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲလေသည်။ သင်သည် သင့်အတွင်း၌ ဤအရာများ မရှိလျှင်၊ ကယ်တင်မခံရနိုင်ပေ။ အကယ်၍ သင်အတွင်း၌ သမ္မာတရားကို ချစ်ခြင်း သို့မဟုတ် ဖြောင့်မတ်ခြင်းနှင့် အလင်းအတွက် ပြင်းပြသောဆန္ဒမရှိပါက၊ သင် မကောင်းမှုနှင့် ကြုံတွေ့သည့်အခါတိုင်း၊ သင်သည် မကောင်းသောအရာများကို စွန့်ပစ်လိုစိတ် မရှိသကဲ့သို့၊ အခက်အခဲကို ခံစားရန် စိတ်ဆုံးဖြတ်ချက် မရှိပေ၊ ထို့အပြင် သင်၏အသိတရားသည် ထုံထိုင်းနေပါက၊ သမ္မာတရားကို လက်ခံနိုင်သော သင်၏စွမ်းရည်မှာလည်း ထုံထိုင်းကာ၊ သင်သည် သမ္မာတရား၊ ဖြစ်ပေါ်နေသော အဖြစ်အပျက်များနှင့် မယဉ်ပါးပါက၊ ပြီးလျှင် ကိစ္စရပ်အားလုံးတွင် သင်သည် မသိမြင်တတ်သကဲ့သို့၊ အမှုအရာများကို သင့်ဘာသာ မကိုင်တွယ်နိုင်ပါက၊ သို့မဟုတ် မဖြေရှင်းနိုင်ပါက၊ ကယ်တင်ခြင်းခံရရန် မဖြစ်နိုင်ပေ။ ထိုသို့သော လူတစ်ဦးသည် ၎င်းတို့ကို ထောက်ခံရန် တစ်စုံတစ်ခုမျှမရှိ၊ ဆက်လက်လုပ်ဆောင်ရန် ထိုက်တန်သောအရာ တစ်စုံတစ်ခုမျှ မရှိပေ။ ၎င်းတို့၏ အသိစိတ်က ထုံထိုင်းသည်၊ ၎င်းတို့၏ စိတ်က မကြည်လင်ပေ၊ ပြီးလျှင် သမ္မာတရားကို ၎င်းတို့ မချစ်ကြသကဲ့သို့၊ ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက်ထဲတွင် ဖြောင့်မတ်ခြင်းကို မတမ်းတကြပေ၊ ဘုရားသခင်သည် သမ္မာတရားကိုမည်မျှပင် ရှင်းရှင်းလင်းလင်း သို့မဟုတ် ပွင့်ပွင့်လင်းလင်း ပြောစေကာမူ၊ ၎င်းတို့သည် သေဆုံးနှင့်ပြီးဖြစ်ကြသည့်အလား တုံ့ပြန်ခြင်းမရှိကြပေ။ အမှုအရာများသည် ၎င်းတို့အတွက် ဆုံးခန်းတိုင်ပြီ မဟုတ်သလော။ ၎င်းတို့ထဲတွင် ထွက်သက်ဝင်သက် ကျန်ရှိသော လူတစ်ဦးသည် အသက်ရှူကူခြင်းဖြင့် ကယ်တင်၍ရနိုင်သော်လည်း၊ အကယ်၍ ၎င်းတို့သည် သေဆုံးနှင့်ပြီး ၎င်းတို့၏ဝိညာဉ် ထွက်သွားခဲ့ပြီးပါက၊ အသက်ရှူကူခြင်းသည် မည်သို့မျှ အလုပ်ဖြစ်မည်မဟုတ်ပေ။ အကယ်၍ သင်သည် ပြဿနာတစ်ခုကို ကြုံတွေ့ရသည့်အချိန်တိုင်း၊ ထိုပြဿနာမှ နောက်တွန့်သွားကာ၊ ရှောင်ဖယ်ဖို့ ကြိုးစားပါက၊ ဤသည်မှာ သင်သည် သက်သေခံခြင်း မရှိသေးသည်ကို ဆိုလိုသည်။ ဤသို့ဖြင့် သင့်ကို မည်သည့်အခါမျှ ကယ်တင်၍ရမည် မဟုတ်ဘဲ၊ သင် ကြီးစွာ ဒုက္ခရောက်လေပြီ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “စိတ်ဇဝေဇဝါဖြစ်နေသောလူများကို မကယ်တင်နိုင်ပေ” မှ

၎င်းတို့၏ ဇာတိပကတိကိုသာ စဉ်းစားသူနှင့် ဇိမ်ခံစရာကို မွေ့လျော်သောသူများ၊ ယုံကြည်သည်ဟု ထင်ရသော်လည်း အမှန်တကယ် မယုံကြည်သူများ၊ မကောင်းသောဆေးနှင့် နတ်ဝိဇ္ဇာအတတ်၌ ပါဝင်ပတ်သက်သူများ၊ လူတကာနှင့် သောင်းပြောင်းလိင်ဆက်ဆံကာ စုတ်ဖွာပြီး စုတ်ပြတ်နေသူများ၊ ယေဟောဝါထံ ယဇ်ပူဇော်မှုများနှင့် သူ၏ ပိုင်ဆိုင်မှုများကို ခိုးယူသောသူများ၊ တံစိုးလက်ဆောင်များကို နှစ်သက်သောသူများ၊ ကောင်းကင်သို့ တက်ကြွရန် အလဟဿ အိပ်မက်မက်နေသူများ၊ မာန်မာနထောင်လွှားပြီး စိတ်ကြီးဝင်သူများ၊ ပုဂ္ဂိုလ်ရေးကျော်ကြားမှုနှင့် ပစ္စည်းဥစ္စာအတွက်သာ ကြိုးပမ်းကြသူများ၊ ရိုင်းပျသော စကားများကို ဖြန့်ဖြူးသူများ၊ ဘုရားသခင်ကိုယ်တိုင်အား ပြစ်မှားစော်ကားသူများ၊ ဘုရားသခင်ကိုယ်တိုင်အား ဝေဖန်မှုများပြုပြီး အသရေပျက်အောင် လုပ်ကြံပြောဆိုသည်မှလွဲ၍ ဘာမျှမလုပ်ဆောင်သောသူများ၊ အုပ်စုများဖွဲ့ပြီး လွတ်လပ်မှုကို ရှာဖွေသောသူများ၊ ဘုရားသခင်ထက် မိမိတို့ကိုယ်ကိုယ် ချီးမြှောက်သောသူများ၊ လိင်ကိစ္စများတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့မှု၌ မိနေသည့် ပေါ့ပျက်ပျက် လူငယ်၊ သက်လတ်ပိုင်းနှင့် သက်ကြီး အမျိုးသားများနှင့် အမျိုးသမီးများ၊ ပုဂ္ဂိုလ်ရေးကျော်ကြားမှုနှင့် ပစ္စည်းဥစ္စာ၌ မွေ့လျော်ပြီး အခြားအရာများအပြင် ပုဂ္ဂိုလ်ရေး အဆင့်အတန်းနောက် လိုက်သူများ၊ အပြစ်၌ ပိတ်မိနေသည့် နောင်တမရသော လူများ- ၎င်းတို့ အားလုံးသည် ကယ်တင်မရသောသူများ ဖြစ်ကြသည်မဟုတ်လော။ လိင်ကိစ္စများတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့ခြင်း၊ အပြစ်နှင့်ပြည့်ခြင်း၊ မကောင်းသောဆေး၊ နတ်ဝိဇ္ဇာအတတ်၊ ရိုသေလေးမြတ်မှုမရှိသော အပြုအမူနှင့် ရိုင်းပျသော စကားများအားလုံးသည် သင်တို့ကြားတွင် သောင်းကျန်းနေ၏။ ပြီးလျှင် သမ္မာတရားနှင့် အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်များသည် သင်တို့အလယ်တွင် နင်းချေခံရကြပြီး သန့်ရှင်းသော ဘာသာစကားသည် သင်တို့ကြားတွင် ညစ်ညမ်းလေသည်။ အညစ်အကြေးနှင့် မနာခံမှုတို့ဖြင့် ပွထနေသည့် အသင် တပါးအမျိုးသားတို့။ သင်တို့၏ နောက်ဆုံး ရလဒ်သည် မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ဇာတိပကတိကို နှစ်သက်သူ၊ ဇာတိပကတိနှင့်ဆိုင်သည့် နတ်ဝိဇ္ဇာအတတ်ကို ကျူးလွန်သောသူနှင့် လိင်ကိစ္စ၌ ကိုယ်ကျင့်သိက္ခာမဲ့သည့် အပြစ်တွင် မိနေသောသူတို့သည် အဘယ်သို့ ဆက်လက်ရှင်သန်ဖို့ ရဲတင်းနိုင်သနည်း။ သင်တို့ကဲ့သို့သော လူတို့သည် ကယ်တင်မရသည့် လောက်ကောင်များ ဖြစ်ကြသည်ကို သင် မသိသလော။ ဟိုဟို သည်သည် တောင်းဆိုဖို့ မည်သည့်အရာက သင့်ကို အခွင့်ရှိစေသနည်း။ ယနေ့ထိ၊ သမ္မာတရားကို မနှစ်သက်သောသူနှင့် ဇာတိပကတိကိုသာ ချစ်သောသူတို့၌ ပြောင်းလဲမှု စိုးစဉ်းမျှ မရှိလေပြီ- ထိုသို့သော လူတို့သည် အဘယ်သို့ ကယ်တင်ခံရနိုင်အံ့နည်း။ အသက်လမ်းခရီးကို မနှစ်သက်သောသူ၊ ဘုရားသခင်ကို ချီးမြှောက်ခြင်း မရှိသကဲ့သို့ သူ့ကို သက်သေမခံသောသူ၊ မိမိတို့၏ ကိုယ်ပိုင်အဆင့်အတန်းအဖို့ လျှို့ဝှက်ကြံစည်သောသူ၊ မိမိတို့ကိုယ်ကိုယ် ထောမနာပြုသောသူများ- ၎င်းတို့သည် ယနေ့တွင်ပင် ဤအတိုင်း ရှိနေသေးသည် မဟုတ်လော။ ၎င်းတို့ကို ကယ်တင်ရာတွင် အဘယ်တန်ဖိုး ရှိသနည်း။ သင် ကယ်တင်ခံရနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင် မည်မျှဝါရင့်သည် သို့မဟုတ် နှစ်ပေါင်းမည်မျှ သင် အလုပ်လုပ်နေခဲ့ပြီး ဖြစ်သည်ဆိုသည့်အပေါ် မူတည်ခြင်းမရှိပေ၊ သင့်တော်သော အရည်အချင်းများကို တစ်ဆင့်ပြီးတစ်ဆင့် သင် မည်မျှတည်ဆောက်ပြီးပြီဆိုသည့်အပေါ် သာ၍ပင် မူတည်ခြင်းမရှိပေ။ ယင်းထက်၊ ထိုအရာသည် သင်၏လိုက်စားခြင်းက အသီးသီးခြင်း ရှိမရှိ ဆိုသည့်အပေါ် မူတည်လေသည်။ ကယ်တင်ခံရသူတို့သည် အသီးသီးသည့် “သစ်ပင်များ” ဖြစ်ပြီး၊ စိမ်းလန်းစိုပြေသော သစ်ရွက်များ၊ အလျှံပယ်သော ပန်းပွင့်များနှင့် ဖြစ်သော်လည်း မသီးပွင့်သည့် သစ်ပင်များ မဟုတ်သည်ကို သင် သိသင့်သည်။ လမ်းများတွင် နှစ်များစွာ လှည့်လည်သွားလာရင်း သင် အချိန်ကုန်ဆုံးပြီးဖြစ်လျှင်ပင်၊ ယင်းက မည်သည့်အရေးနည်း။ သင်၏ သက်သေခံချက်မှာ အဘယ်မှာနည်း။ ဘုရားသခင်အပေါ် သင်၏ ကြည်ညိုခြင်းသည် သင့်ကိုယ်သင် ချစ်ခြင်းနှင့် သင်၏ ရမ္မက်ကြီးသော ဆန္ဒများထက် များစွာ လျော့လေသည်- ဤကဲ့သို့သော လူမျိုးသည် အကျင့်ပျက်သော သူတစ်ဦး ဖြစ်သည်မဟုတ်လော။ ၎င်းတို့သည် ကယ်တင်ခြင်းအတွက် အဘယ်သို့ နမူနာနှင့် စံပုံစံ ဖြစ်နိုင်မည်နည်း။ သင်၏ သဘာဝဗီဇသည် ပြုပြင်မရ၊ သင်သည် အလွန်ပုန်ကန်လွန်းလှပြီး၊ သင့်ကို ကယ်တင်၍ ရနိုင်မည် မဟုတ်ပေ။ ထိုသို့သော လူတို့သည် ပယ်ရှင်းခံရမည့်သူများ ဖြစ်ကြသည် မဟုတ်လော။ ငါ၏ အမှုပြီးစီးသည့် အချိန်သည် သင်၏ နောက်ဆုံးနေ့ရက် ရောက်ရှိသည့်အချိန် ဖြစ်သည် မဟုတ်လော။ ငါသည် သင်တို့ကြားတွင် အလွန်များလှစွာသော အမှုများကို ပြုပြီးဖြစ်ကာ အလွန်များလှစွာသော နှုတ်ကပတ်တော်များကို ပြောဆိုပြီးလေပြီ- ထိုအရာထဲမှ သင်တို့ အမှန်တကယ် မည်မျှနားဝင်ခဲ့သနည်း။ သင်တို့ မည်မျှ နာခံဖူးပါသနည်း။ ငါ၏ အမှုအဆုံးသတ်သည့်အခါ၊ ယင်းသည် သင်ငါ့ကို ဆန့်ကျင်ခြင်း ရပ်သည့်အချိန်၊ ငါ့ကို ဆန့်ကျင်ရပ်တည်ခြင်းအား သင် ရပ်တန့်သည့်အချိန် ဖြစ်လိမ့်မည်။ ငါ အမှုပြုစဉ်၊ သင်တို့သည် စဉ်ဆက်မပြတ် ငါ့ကို ဆန့်ကျင်ပြုမူ၏။ ငါ၏ နှုတ်ကပတ်တော်များကို သင်တို့ ဘယ်သောအခါမျှ မလိုက်နာကြ။ ငါ၏ အမှုကို ငါလုပ်ဆောင်ပြီး သင်သည် သင်၏ ကိုယ်ပိုင်နိုင်ငံငယ်ကို ဖန်တီးရင်း သင်၏ ကိုယ်ပိုင် “အလုပ်” ကို လုပ်သည်။ သင်တို့သည် ငါ့ကို အရာရာတွင် ငါ့ကို ဆန့်ကျင်နေသည့် မြေခွေးများနှင့် ခွေးများ တစ်အုပ်သာဖြစ်သည်။ ၎င်းတို့၏ မဆုတ်မနစ်သော ချစ်ခြင်းမေတ္တာကို သင့်အား ပေးသောသူတို့ကို ထွေးပိုက်ရန် သင်တို့ စဉ်ဆက်မပြတ် ကြိုးစားနေကြ၏- သင်တို့၏ ရိုသေမှုမှာ အဘယ်မှာနည်း။ သင်တို့ လုပ်သမျှတိုင်းသည် လှည့်ဖြားသော အရာဖြစ်သည်။ သင်တို့တွင် နာခံခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း မရှိသကဲ့သို့ သင်တို့ လုပ်သမျှတိုင်းသည် လှည့်ဖြားသောအရာနှင့် ပြစ်မှား စော်ကားသောအရာ ဖြစ်၏။ ထိုသို့သော လူတို့သည် ကယ်တင်ခံရ နိုင်သလော။ ကာမဂုဏ်အာရုံဆိုင်ရာ အကျင့်ပျက်ပြီး ကာမရာဂ စိတ်ပြင်းပြသော သူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ပျော်မွေ့ခြင်းအတွက် မြူဆွယ်တတ်သော မိန်းမပျက်တို့ကို မိမိတို့ထံ အစဉ်အမြဲ ဆွဲခေါ်လိုကြလေသည်။ ထိုသို့သော ကာမဂုဏ်အာရုံဆိုင်ရာ အကျင့်ပျက်သော မကောင်းဆိုးဝါးများကို ငါသည် လုံးဝ ကယ်တင် လိမ့်မည်မဟုတ်။ ညစ်ညူးသော မကောင်းဆိုးဝါးတို့၊ အသင်တို့ကို ငါ မုန်း၏၊ ပြီးလျှင် သင်၏ ကာမရာဂစိတ်ပြင်းပြမှုနှင့် မြူဆွယ်ခြင်းတို့သည် သင်တို့ကို ငရဲသို့ ထိုးဆင်းစေလတ္တံ့။ သင်တို့ကိုယ်သင်တို့ မည်သို့ ရှင်းပြမည်နည်း။ အသင် ညစ်ညူးသော မကောင်းဆိုးဝါးများနှင့် ဝိညာဉ်ဆိုးများတို့သည် ရွံ့ရှာဖွယ်ဖြစ်၏။ သင်တို့သည် စက်ဆုပ်ဖွယ် ဖြစ်၏။ ထိုသို့သော အမှိုက်သည် အဘယ်သို့ ကယ်တင်ခံရနိုင်မည်နည်း။ အပြစ်ထဲ၌ မိနေသည့် ၎င်းတို့သည် ကယ်တင်ခံရနိုင်သေးသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၇)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။