ယခင်က၊ သင်းအုပ်ဆရာများက သခင်ကြွလာသည့်အခါတွင်၊ ကျွန်ုပ်တို့သည် ကပ်ဘေးများမတိုင်မီတွင် ကောင်းကင်ဘုံထဲသို့ ချီဆောင်ခံရကြမည်ဟု ဟောပြောခဲ့ကြသည်၊ သို့သော် ကြီးမားသည် ကပ်ဘေးအမျိုးအစားတိုင်းသည် ကမ္ဘာမြေပေါ်သို့ ကျရောက်နေသည်ကို ကျွန်ုပ်တို့ မြင်ရပြီး ကျွန်ုပ်တို့ ချီဆောင်မခံရသေးပါ။ သင်းအုပ်ဆရာများက ကျွန်ုပ်တို့ ချီဆောင်မခံရသေးခြင်းက သခင်သည် ပြန်ကြွမလာသေးသည်ကို ဆိုလိုသည်၊ သခင်သည် ကပ်ဘေးများအလယ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းလိမ့်မည်ဖြစ်ပြီး ကပ်ဘေးများအတွင်းတွင် ကောင်းကင်ဘုံထဲသို့ ကျွန်ုပ်တို့ ချီးဆောင်ခံရလိမ့်မည်ဟု ဆိုကြသည်။ ကျွန်ုပ် နားမလည်ပါ- ကျွန်ုပ်တို့သည် ကပ်ဘေးများမတိုင်မီတွင် ချီဆောင်ခံမည်လော သို့မဟုတ် ကပ်ဘေးများအတွင်းတွင် ချီဆောင်ခံရမည်လော။

18.11.2021

အဖြေ-

သခင်ကြွလာသည့်အခါတွင် ယုံကြည်သူများ ချီဆောင်ခြင်းခံရခြင်းနှင့်ပတ်သက်သောမေးခွန်းတွင် သင်းအုပ်ဆရာနှင့် ကျမ်းစာကိုရှင်းလင်းပြသောသူများစွာတို့သည် သခင်ကြွလာမည်ဖြစ်ပြီး ယုံကြည်သူများသည် ကပ်ဘေးများမကျရောက်မီတွင် ချီဆောင်ခံရမည်ဟု အခိုင်အမာသတ်မှတ်ထားကြသည်။ သို့တိုင်အောင် ယခုတွင်၊ ကပ်ဘေးကြီးများကျရောက်ပြီးဖြစ်ကာ ဘာသာရေးလောကမှ လူတို့သည် ချီဆောင်ခြင်းမခံရသေးပေ။ ဤအရာသည် လူများစွာအား ဇဝေဇဝါဖြစ်စေခဲ့သည်။ ဤအခြင်းအရာအပေါ်တွင် ဘာသာရေးသင်းအုပ်ဆရာများက “ကပ်ဘေးများမတိုင်မီတွင် ကျွန်ုပ်တို့ ချီဆောင်ခြင်းမခံရသည်မှာ ကပ်ဘေးများမတိုင်မီတွင် သခင်ကြွလာခြင်းမရှိဆိုသည်ကို ပြသည်။ ကပ်ဘေးကာလအတွင်းတွင် သခင်သည် ကျွန်ုပ်တို့ထံသေချာပေါက်ပေါ်ထွန်းမည်ဟု ကျွန်ုပ်တို့ အခိုင်အမာဆိုသည်။ ထို့ကြောင့် ကပ်ဘေးကာလအတွင်းတွင် ချီဆောင်ခြင်းခံရဖို့ ကျွန်ုပ်တို့ စောင့်ဆိုင်းမည်”ဟု ပြောဆိုကြသည်။ ဤသည်မှာ ဘာသာတရားတွင် အတွေ့ရအများဆုံးသော ငြင်းခုံချက်ဖြစ်သည်။ ထိုသို့သောအမြင်များ မှန်ကန်သလော။ ၎င်းတို့တွင် ဘုရားသခင်၏နှုတ်ကပတ်တော်၌ အခြေပြုချက်ရှိသလော။ ဘာသာရေးလောကမှ လူများသည် ကပ်ဘေးများမတိုင်မီတွင် ချီဆောင်ခြင်း မခံရ မိုးတိမ်ဖြူကိုစီး၍ သခင်ကြွဆင်းလာခြင်းကို မမြင်ရသောကြောင့်၊ ဤအရာသည် သခင်ကြွလာခြင်းမရှိသေးသည်ကို သက်သေပြသည်မှာ ဖြစ်နိုင်မည်လော။ သခင်ယေရှုပေါ်ထွန်းပြီး သူ၏အမှုတော်ကို ဆောင်ရွက်ခဲ့ချိန်တွင်၊ ယုဒဘာသာ၏ ယဇ်ပရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် ဖာရိရှဲများသည် သခင်ယေရှုအား အသိအမှတ်မပြုခဲ့ကြဘဲသူ၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ကို ငြင်းပယ်ခဲ့ကြသည်။ ၎င်းတို့သည် မေရှိယကို မကြိုဆိုခဲ့ကြပေ။ ထို့ကြောင့် ၎င်းတို့က သူကြွမလာသေးဟု ဆိုခဲ့ကြသည်။ ဤဘာသာရေးသင်းအုပ်ဆရာများသည် လွန်ခဲ့သောနှစ်များတစ်လျှောက်လုံးက ဖာရိရှဲများကဲ့သို့ အလားတူအမှားများကို ပြုလုပ်နေခြင်းမဟုတ်သလော။ ၎င်းတို့သည် ကျမ်းပိုဒ်တစ်ပိုဒ်၊ နှစ်ပိုဒ်ကို အခြေပြုပြီး မည်သည့်အချိန်တွင် သခင်ကြွလာမည်ဟု စိတ်ကူးပေါက်ရာ သတ်မှတ်ကြချိန်တွင်၊ ၎င်းတို့သည် သမ္မာကျမ်းစာအား အဓိပ္ပာယ်ကောက်လွဲနေခြင်း မဟုတ်သလော။ ယနေ့တွင် ကပ်ဘေးများကျရောက်နှင့်ပြီးဖြစ်သည့်အတွက်၊ သခင်သည် မိုးတိမ်ဖြူစီး၍ ပွင့်လင်းစွာ အမှန်တကယ်ပင် ကြွမလာသေးပေ။ ဤသည်မှာ အမှန်တရားဖြစ်သည်။ သို့တိုင်အောင် အရှေ့တိုင်းနိုင်ငံများတွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်ကို သက်သေခံသူများ၊ အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြသောသမ္မာတရားအားလုံးကို သက်သေခံပြီး ဖြန့်ဝေသောသူများ၊ ၎င်းတို့သည် ကြီးမားသော အလင်းကဲ့သို့ အရှေ့တိုင်းမှ အနောက်တိုင်းတစ်လျှောက်လုံးသို့ အလျင်အမြန် ပြန့်နှံ့သွားခဲ့ပြီး စီစီပီအစိုးရ၏ ပြင်းထန်သောဖိနှိပ်မှုနှင့် ညှင်းပန်းနှိပ်စက်မှုကို ဆွပေးလျက်ရှိကာ တစ်ကမ္ဘာလုံးအနှံ့ တုန်လှုပ်စေလျက်ရှိသည်ကို ကျွှန်ုပ်တို့ မြင်ရပြီးဖြစ်သည်။ ဘာသာရေးအသိုင်းအဝိုင်းတွင် ဤအမှန်တရားကို မြင်နိုင်သူ တစ်ဦးတစ်ယောက်မျှ အမှန်တကယ်မရှိသလော။ ဤအရာသည် သခင်ယေရှု၏ ပရောဖက်ပြုချက်ကို အတိအကျပင် ပြည့်စုံစေသည်- “လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။(ရှင်မဿဲခရစ်ဝင် ၂၄:၂၇)

ကပ်ဘေးများမတိုင်မီတွင် သခင်ပေါ်ထွန်းပြီး သူ၏အမှုတော်ကို ဆောင်ရွက်သည်မှာ သံသယရှိစရာမလိုပေ။ ဗျာဒိတ်ကျမ်းတွင်- “ဖိလဒေလဖိမြို့၌ရှိသော အသင်းတော်၏ တမန်ကိုဤသို့ရေး၍ မှာလိုက်လော့။ သန့်ရှင်းသောသူ၊ ဟုတ်မှန်သောသူ၊ ဒါဝိဒ်မင်း၏ တံခါးသော့ကို ကိုင်သော သူ၊ အဘယ်သူမျှ မပိတ်နိုင်အောင် ဖွင့်၍၊ အဘယ်သူမျှ မဖွင့်နိုင်အောင် ပိတ်သောသူ၏ အမိန့်တော်ကား။ သင်၏အကျင့်ကိုငါသိ၏။ အဘယ်သူမျှ မပိတ် နိုင်သောတံခါး ကို သင့်ရှေ့၌ငါဖွင့်ထားပြီ၊ အကြောင်း မူကား၊ သင်သည်အနည်း ငယ်သောခွန်အားရှိသည်နှင့်၊ ငါ၏နှုတ်ကပတ်ကို စောင့်ရှောက်ခဲ့ပြီ။ ငါ၏နာမကိုလည်း မစွန့်မပယ်။ ယုဒလူ ဖြစ် ယောင်ဆောင်၍ အမှန်မဟုတ်ဘဲ၊ မုသာစကားကိုပြော သောသူတည်းဟူသော၊ စာတန်၏ အပေါင်းအသင်းဝင်သူ အချို့တို့ကို သင်၌ငါအပ်ပေးမည်။ သူတို့သည်လာ၍ သင်၏ခြေရင်း၌ပြပ်ဝပ်စေခြင်းငှါ၎င်း၊ ငါသည်သင့်ကို ချစ်သည်ဟု သိစေရခြင်းငှါ၎င်း ငါပြုမည်။ သင်သည် ငါ၏သည်းခံခြင်းနှင့်စပ်ဆိုင်သော နှုတ်ကပတ် တရားကိုစောင့်ရှောက်သောကြောင့်၊ မြေကြီး အပေါ်၌ နေသောသူတို့ကို စုံစမ်းစေခြင်းငှါ၊ လောကီ နိုင်ငံအရပ်ရပ်တို့ကို နှံ့ပြားလတံ့သော စုံစမ်းရာ ကာလတွင်၊ သင့်ကိုငါစောင့်ရှောက်မည်။ ငါသည်အလျင်အမြန်လာမည်။ သင်၏ သရဖူကို အဘယ်သူ မျှမယူစေခြင်းငှါ၊ ရခဲ့ပြီးသော အရာကို စွဲကိုင်လော့။ အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည်ငါ၏ဘုရား သခင်ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောင်တဖန်သူသည်ပြင်သို့ မရွေ့ရ။ ငါ၏ ဘုရားသခင် နာမတော်ကို၎င်း၊ ငါ၏ဘုရားသခင့်အထံတော် မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သော ယေရုရှလင် မြို့သစ် တည်းဟူသော၊ ငါ၏ဘုရားသခင် မြို့တော်၏ နာမကို၎င်း၊ ငါ၏နာမသစ်ကို၎င်း၊ ထိုသူအပေါ်၌ ငါသည် အက္ခရာတင်မည်။(ဗျာဒိတ်ကျမ်း ၃:၇-၁၂) ဟူ၍ ဆိုထားသည်။ ဤနှုတ်ကပတ်တော်များအားလုံး ပြည့်စုံပြီးဖြစ်သည်။ နောက်ဆုံးသောကာလအတွင်းတွင် ဖိလဒေလဖိ အသင်းတော်သည် ကပ်ဘေးများမတိုင်မီတွင် ချီဆောင်ခြင်းခံရသော အသင်းတော်ဖြစ်ပြီး၊ ချီဆောင်ခြင်းခံရသောသူအားလုံးသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ မိန့်မြွက်ချက်များစွာကို ဖတ်ပြီး ဘုရားသခင်၏အသံတော်ကို ကြားသောကြောင့် ဘုရားသခင်၏ရှေ့မှောက်သို့ ပြန်လာကြသောသူများဖြစ်သည်။ ဤအရာသည် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ပြည့်စုံစေသည်။ “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆)ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇)ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀) အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်ခံသော ဤလူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို နေ့စဉ်စားသောက်ကြပြီး သိုးသူငယ်၏ မင်္ဂလာစားပွဲတွင် ပါဝင်ကြသည်။ သမ္မာတရားကို ချစ်ပြီး အားထုတ်လိုက်စားသောသူတို့အားလုံးသည် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို တွေ့ကြုံပြီးဖြစ်ကာ အောင်မြင်သူများအဖြစ် ပြုလုပ်ခြင်းခံရပြီးဖြစ်သည်။ ၎င်းတို့သည် သခင့်ကို ကြိုဆိုသော ဉာဏ်ပညာရှိသောသတို့သမီးများဖြစ်ကြသည်။ ထိုစဉ်တွင် အနန္တတန်ခိုးရှင်ဘုရားသခင်အား လက်ခံရန်ငြင်းဆန်သောသူများသည် မိုက်မဲသောသတို့သမီးများဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အသံတော်ကို မမှတ်မိကြပေ။ သခင်ကြွလာခြင်းကို ကြိုဆိုရန် ၎င်းတို့၏ အခွင့်အရေးကို ၎င်းတို့ အချည်းနှီးဖြုန်းတီးပြီးဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် စွန့်ပစ်ခြင်းခံရပြီး ကပ်ဘေးများအတွင်းသို့ ကျဆင်းကြရသည်။ သို့သော် ကပ်ဘေးကြီးများ များစွာစတင်ကျရောက်ပြီးနောက်တွင် အချို့လူတို့သည် ကပ်ဘေးများအလယ်တွင် ဘုရားသခင်၏ အသံတော်ကိုကြားကြပြီး အနန္တတန်ခိုးရှင်ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့်အမှုတော်အပေါ် သက်သေခံချက်အား တွေ့မြင်ကြကာ အနန္တတန်ခိုးရှင်ဘုရားသခင်အား လက်ခံကြသည်။ ယခုအချိန်အခါတွင် ဘာသာရေးလိုက်စားသောလူများစွာသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်ကို စုံစမ်းစစ်ဆေးနေကြပြီး အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် ဘုရားသခင်၏အသံတော်ဖြစ်သည်ကို ၎င်းတို့ အသိအမှတ်ပြုကြသည်။ ပို၍များပြားသောလူတို့သည် အနန္တတန်ခိုးရှင်ဘုရားသခင်အား လက်ခံလာကြသည်။ ဤလူတို့သည် ကပ်ဘေးကာလအတွင်းတွင် ချီဆောင်ခြင်းခံရသောသူများဖြစ်ကြသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သခင်က၊ “သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍ သင်တို့နေစရာအရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိ စေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၂-၃) ဟု ပြောရင်း ကျွန်ုပ်တို့ကို ကတိတစ်ခု ပြုခဲ့သည်။ သခင်ယေရှုသည် ရှင်ပြန်ထမြောက်ခဲ့ပြီး ကျွန်ုပ်တို့အတွက် နေရာတစ်ခု ပြင်ဆင်ပေးဖို့ ကောင်းကင်သို့ တက်ကြွသွားခဲ့သည်၊ ထို့ကြောင့် ဤနေရာသည် ကောင်းကင်ဘုံတွင် ဖြစ်ရပေမည်။ သို့သော် သင်က သခင်ယေရှုသည် ကမ္ဘာမြေပေါ်သို့ ပြန်ကြွလာပြီးဖြစ်ကာ ဘုရားသခင်၏ နိုင်ငံတော်ကို တည်ထောင်ပြီးဖြစ်သည်ဟု သက်သေခံသည်။ ကျွန်ုပ် နားမလည်ပါ- ကောင်းကင်နိုင်ငံတော်သည် ကောင်းကင်ဘုံမှာ ဖြစ်ပါသလား သို့မဟုတ် မြေကြီးပေါ်မှာ ဖြစ်ပါသလား။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့အဘ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်း...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။