ဒါပေမဲ့သမ္မာကျမ်းစာမှာပြောထားတာက- “ထိုအခါ အသက်ရှင်၍ ကျန် ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ရောက်စေခြင်းငှာ ထိုသူတို့နှင့်တကွ မိုဃ်းတိမ်ပေါ်သို့ချီဆောင်ခြင်းကိုခံရသောအားဖြင့် သခင်ဘုရားနှင့်အတူအစဉ်မပြတ်နေကြရလိမ့်မည်” တဲ့ (၁သက် ၄:၁၇) ဒီအချက်ကိုတို့တွေဘယ်လိုအဓိပ္ပါယ်ဖွင့်ကြရမလဲ။

18.11.2021

အဖြေ- ကျွန်မတို့ကကိုယ်တော်ပြန်ကြွလာခြင်းကို ကိုယ်တော့်၏ ပရောဖက်ပြုခြင်း အပေါ်သာ အခြေခံပြီး၊ စောင့်မျှော်သင့်သည်။ ဤအချက်က ကိုယ်တော် ပြန်ကြွလာခြင်းကို စောင့်မျှော်ကြ သည့်အခါတွင်၊ စံထားရမည့်် အချက်သာ ဖြစ်သည်။ သင်တို့က အမှန်တကယ် မည်သူ့ကို အကိုးအကား ပြုနေသနည်း။ သခင့်၏စကားအပေါ် အကိုးအကားပြုနေခြင်းလား၊ လူများ၏ စကားအပေါ် အကိုးအကားပြု နေခြင်းလား၊ “ထိုအခါ အသက်ရှင်၍ ကျန် ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရား ထံတော်သို့ရောက်စေခြင်းငှာ ထိုသူတို့နှင့်တကွ မိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကိုခံရသောအားဖြင့်” ဆိုသည့်စကားကို မည်သူပြောခဲ့ သနည်း။ ဤစကားများ အားလုံးက သခင်ယေရှု၏ စကားများ ဖြစ်ပါသလား။ သခင်ယေရှုက မည်သည့်အချိန်ကမျှ ထိုကဲ့သို့ မပြောခဲ့ပါ။ သန့်ရှင်းသောဝိညာဉ်တော်ကလည်း မည်သည့်အချိန် ကမျှ ထိုကဲ့သို့ မပြောခဲ့ပါ။ သင်တို့ယုံကြည်ပြီး မှီငြမ်းနေသည့် စကားများက ရှင်ပေါလုစကား အပေါ်အမှီပြုနေခြင်းသာ ဖြစ်ပါသည်။ ရှင်ပေါလုစကားများက သခင်ယေရှုစကားများကို ကိုယ်စားပြုပါ သလား။ သူက ဘုရားကိုကိုယ်စားပြုနိုင်ပါသလား။ ဘုရားသခင် တစ်ပါးတည်းသာ ဤနက်နဲမှုကို အဖြေပေးနိုင်သည်။ ကျွန်မတို့က လူများကို ဤကဲ့သို့ မျက်ကန်းအဓိပ္ပါယ်ကောက် ယုံကြည်ပြီး၊ အဆုံးအဖြတ်ပေးဖို့ တွန်းအားပေးဖို့ စိန်ခေါ်ရင်းနှင့် ဖောက်ပြန်ပျက်စီးအောင် လုပ်သည်ဆိုလျှင်၊ ယင်းမှာ သိပ်ဆိုးဝါးသည့်ပြဿနာသာ ဖြစ်သည်။ ရှင်ပေါလုသည် ခရစ်တော် မဟုတ်ပါ၊ သူက သာမန်ဖောက်ပြန်ပျက်စီးသည့် လူသား တစ်ယောက်သာ ဖြစ်သည်။ သူ့ အရေးအသားများက မသန့်စင်သည့် လူ့အတွေးအမြင် အယူအဆများနှင့် ပြည့်နှက်နေသည်။ သူ့စကားများက သမ္မာတရား မဟုတ်ပါ၊ ထို့ကြောင့်တို့များ ၎င်းတို့ကို သက်သေအဖြစ် မှီငြမ်း၍မရနိုင်ပါ။ သက်သေအဖြစ် မှီငြမ်းချက်များ အားလုံးက သမ္မာကျမ်းစာထဲက ဘုရားသခင်၏ နှုတ်ကပတ်တော်များ အပေါ်တွင်သာ အခြေခံသင့်သည်။ ယင်းမှာ သမ္မာတရားနှင့် ကိုက်ညီသည်။ ချီဆောင်ခြင်းခံရပြီး၊ ကောင်းကင်နိုင်ငံတော် ဝင်ခွင့်ရဖို့အရေး နှင့် ပတ်သက်လျှင်၊ သမ္မာကျမ်းစာထဲက လူများ၏ စကားများ အပေါ်အခြေခံပြီး ဆုံးဖြတ်ကြခြင်းက မှားသည်၊ အဓိကအနေနှင့် သခင်ယေရှုစကားများ အပေါ်အခြေမခံဘဲ၊ ရှင်ပေါလုစကားများ အပေါ် အခြေခံလျှင်မှားသည်၊ အဘယ့်ကြောင့် နည်းဆိုသော် သခင်ယေရှုတစ်ပါးတည်း၏ နှုတ်ကပတ်တော်သာလျှင် သမ္မာတရားဖြစ်ပြီး၊ သူသာလျှင် သြဇာအာဏာနှင့် ပြည့်စုံခြင်းကြောင့် ဖြစ်သည်။ သခင်ယေရှုတစ်ပါးတည်းသာ ခရစ်တော်ဖြစ်ပြီး၊ ကောင်းကင်နိုင်ငံတော်၏ ဘုရင်ဖြစ်သည်။ သင်တို့က သမ္မာတရားနှင့် ဘုရားသခင်၏ အလိုတော်အတွက် အဘယ့်ကြောင့် သခင်ယေရှု၏ နှုတ်ကပတ်တော်များထဲတွင် မရှာကြ သနည်း။ ယင်းအစား လူများ၏ စကားအပေါ်တွင်သာ အဘယ့်ကြောင့် မှီငြမ်းနေကြ သနည်း။ ဤသည်မှာ သခင့််၏အလိုတော်အတိုင်း ထပ်တူညီပါသလား။ ဤသည်မှာ လူများ၏စကား နှင့် မိမိ၏ ကိုယ်ပိုင်လမ်းစဉ်အတိုင်း သင်တို့ကို လိုက်လျှောက်မိသွားစေသည်။ ဘုရားသခင်က လူများကို မြေမှုန့်မှ ဖန်ဆင်းခဲ့သည်။ ဘုရားသခင်က ကမ္ဘာပေါ်တွင်ရှိသော သူဖန်ဆင်းခဲ့သည့် ကျန်သည့် သက်ရှိသက်မဲ့များကို ဆက်လက်အုပ်စိုးစီမံဖို့၊ လူသားများကိုသာ တာဝန်ပေးအပ်ခဲ့သည်။ ကိုယ်တော်က လူများကို သူ့ကိုနာခံ၊ ကိုးကွယ်၊ ဂုဏ်ပြုခြင်းများ လုပ်ကြဖို့ တောင်းဆိုခဲ့သည်၊ ပြီးတော့သူတို့၏ နေရာက ကောင်းကင်တွင် မဟုတ်ဘဲ၊ ကမ္ဘာပေါ်တွင် ဖြစ်သည်ဟု သတ်မှတ်ပေးခဲ့သည်။ ထို့အပြင် ယခင်တုန်းကတည်းက ဘုရားသခင်က ကျွန်မတို့ကို သူ့၏နိုင်ငံတော်ကို ကမ္ဘာပေါ်တွင် တည်ထောင်မည် ဟု ပြောခဲ့သည်။ ထို့ထက်ပိုပြီးလျှင် ကိုယ်တော်က ကမ္ဘာပေါ်တွင် ကျွန်မတို့ လူသားများနှင့် အတူနေထိုင်ပြီး၊ ကမ္ဘာ့နိုင်ငံများသည် ခရစ်တော် အုပ်စိုးသည့်နိုင်ငံများ အဖြစ် အသွင်ပြောင်းခြင်း ခံရမည်ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးတွင် ဘုရားသခင်၏ နိုင်ငံတော်က ကမ္ဘာပေါ်တွင် တည်လိမ့်မည်၊ ကောင်းကင်ထက်တွင် မဟုတ်ပါ။ လူအများစုကတော့ ကောင်းကင်ပေါ်ကို ချီဆောင်ခံရဖို့သာ မျှော်လင့်နေကြသည်။ ယင်းမှာ သူတို့၏ ကိုယ်ပိုင်အယူအဆ၊ ကိုယ်ပိုင်စိတ်ကူးယဉ် ဆန္ဒများသာ ဖြစ်သည်။ ၎င်းမှာ သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ အမှုတော်ဆိုင်ရာ အချက်အလက် များနှင့် လုံးဝ မကိုက်ညီပါ။

အိပ်မက်မှနိုးထလာခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- ယခင်က၊ သင်းအုပ်ဆရာများက သခင်ကြွလာသည့်အခါတွင်၊ ကျွန်ုပ်တို့သည် ကပ်ဘေးများမတိုင်မီတွင် ကောင်းကင်ဘုံထဲသို့ ချီဆောင်ခံရကြမည်ဟု ဟောပြောခဲ့ကြသည်၊ သို့သော် ကြီးမားသည် ကပ်ဘေးအမျိုးအစားတိုင်းသည် ကမ္ဘာမြေပေါ်သို့ ကျရောက်နေသည်ကို ကျွန်ုပ်တို့ မြင်ရပြီး ကျွန်ုပ်တို့ ချီဆောင်မခံရသေးပါ။ သင်းအုပ်ဆရာများက ကျွန်ုပ်တို့ ချီဆောင်မခံရသေးခြင်းက သခင်သည် ပြန်ကြွမလာသေးသည်ကို ဆိုလိုသည်၊ သခင်သည် ကပ်ဘေးများအလယ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းလိမ့်မည်ဖြစ်ပြီး ကပ်ဘေးများအတွင်းတွင် ကောင်းကင်ဘုံထဲသို့ ကျွန်ုပ်တို့ ချီးဆောင်ခံရလိမ့်မည်ဟု ဆိုကြသည်။ ကျွန်ုပ် နားမလည်ပါ- ကျွန်ုပ်တို့သည် ကပ်ဘေးများမတိုင်မီတွင် ချီဆောင်ခံမည်လော သို့မဟုတ် ကပ်ဘေးများအတွင်းတွင် ချီဆောင်ခံရမည်လော။
နောက်တစ်ခုသို့- သမ္မာကျမ်းစာထဲတွင်၊ “ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွ မိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည်။” (၁ သက် ၄:၁၇) ဟု ရေးထားသည့်အတွက် သခင့်၏ ပြန်ကြွလာခြင်းမှာ ယုံကြည်သူများ ကောင်းကင်နိုင်ငံထဲသို့ တိုက်ရိုက် ချီဆောင်ခံရမည်ကို ဆိုလိုသည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည်။ သခင်ယေရှု ပြန်ကြွလာပြီဟု သင်တို့ သက်သေခံကြသည်၊ သို့ဆိုလျှင် အဘယ်ကြောင့် ကျွန်ုပ်တို့ ကမ္ဘာမြေပေါ်တွင် ယခုရှိကြပြီး ချီဆောင်မခံရသေးသနည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သခင်က၊ “သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍ သင်တို့နေစရာအရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိ စေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၂-၃) ဟု ပြောရင်း ကျွန်ုပ်တို့ကို ကတိတစ်ခု ပြုခဲ့သည်။ သခင်ယေရှုသည် ရှင်ပြန်ထမြောက်ခဲ့ပြီး ကျွန်ုပ်တို့အတွက် နေရာတစ်ခု ပြင်ဆင်ပေးဖို့ ကောင်းကင်သို့ တက်ကြွသွားခဲ့သည်၊ ထို့ကြောင့် ဤနေရာသည် ကောင်းကင်ဘုံတွင် ဖြစ်ရပေမည်။ သို့သော် သင်က သခင်ယေရှုသည် ကမ္ဘာမြေပေါ်သို့ ပြန်ကြွလာပြီးဖြစ်ကာ ဘုရားသခင်၏ နိုင်ငံတော်ကို တည်ထောင်ပြီးဖြစ်သည်ဟု သက်သေခံသည်။ ကျွန်ုပ် နားမလည်ပါ- ကောင်းကင်နိုင်ငံတော်သည် ကောင်းကင်ဘုံမှာ ဖြစ်ပါသလား သို့မဟုတ် မြေကြီးပေါ်မှာ ဖြစ်ပါသလား။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့အဘ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်း...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။