“ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်” ဟူသော အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် ဖတ်ရပါသည်။ ဤသည်မှာ အလွန်ကောင်းပြီး၊ အလွန်လက်တွေ့ကျကာ အလွန်အရေးကြီးသော ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းတစ်ပိုဒ်ဖြစ်သည်ဟု ကျွန်ုပ် ထင်သည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အနေဖြင့် ဘုရားသခင့် လူ့ဇာတိခံယူခြင်း၏ ကယ်တင်ခြင်းကို အဘယ်ကြောင့် လက်ခံရရှိရမည်နှင့် စပ်လျဉ်း၍၊ ဤသည်မှာ လူသားက အရေးတကြီး နားလည်ရမည် သမ္မာတရား ရှုထောင့်တစ်ခု ဖြစ်ပါသည်။ ကျေးဇူးပြုပြီး ဤအရာနှင့် ပတ်သက်၍ ကျွန်ုပ်တို့နှင့် အနည်းငယ်ပို၍ ဆွေးနွေးပေးပါ။

11.12.2020

အဖြေ-

“ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်” ဤစာပိုဒ်က ဘုရားသခင်က လူ့ဇာတိခံပြီး အကျင့်ပျက်နေသည့် လူများကို ကယ်တင်မည့်၊ အမှုတော်၏အဓိပ္ပာယ်ကို သေချာရှင်းပြ ထားခြင်း ဖြစ်ပါသည်။ အနန္တတန်ခိုးရှင်ဘုရား၏ နှုတ်ကပတ်တော်ကို ဖတ်ကြည့် ရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ-

ယင်းမှာ အတိအကျအားဖြင့် စာတန်သည် လူသား၏ ဇာတိပကတိကို ဖောက်ပြန်ပျက်စီးစေပြီးဖြစ်ကာ လူသားသည် ဘုရားသခင်က ကယ်တင်ရန် ရည်ရွယ်သည့်သူတစ်ဦး ဖြစ်သောကြောင့်၊ ဘုရားသခင်သည် စာတန်နှင့် တိုက်ပွဲဆင်နွှဲဖို့နှင့် လူကို ကိုယ်တိုင်ကိုယ်ကျ ထိန်းကျောင်းဖို့ရန် လူ့ဇာတိခံယူရမည်ဖြစ်သောကြောင့် ဖြစ်ပေသည်။ ဤအရာသည်သာ သူ၏အမှုကို အကျိုးပြုပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း)

လူ၏ ဇာတိခန္ဓာသည် အကြီးအကျယ် ဖောက်ပြန်ပျက်စီးစေခြင်း အခံရဆုံး ဖြစ်ကာ ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သည့်အရာတစ်ခု ဖြစ်လာပြီးဖြစ်သည်မှာ ဘုရားသခင်၏တည်ရှိမှုကိုပင် ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ကာ ငြင်းပယ်သည်အထိ ဖြစ်လေသည်။ ဤဖောက်ပြန်ပျက်စီးနေသော ဇာတိခန္ဓာသည် အလွန်ခက်ခဲလှပြီး၊ ဇာတိခန္ဓာ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားထက် မည်သည့်အရာမျှ ကိုင်တွယ်ဖြေရှင်းရန် သို့မဟုတ် ပြောင်းလဲရန် သာ၍ မခက်ခဲပေ။ စာတန်သည် လူသား၏ ဇာတိခန္ဓာ ထဲသို့ နှောင့်ယှက်မှုများ လှုံ့ဆော်ရန် ဝင်ရောက်လာပြီး၊ ဘုရားသခင်၏ အမှုကို နှောင့်ယှက်ရန် နှင့် ဘုရားသခင်၏ အစီအစဉ်ကို ထိခိုက်စေရန် လူ၏ ဇာတိခန္ဓာကို အသုံးပြုပြီး၊ ထိုသို့ဖြင့် လူသားသည် စာတန် ဖြစ်လာကာ ဘုရားသခင်၏ရန်သူ ဖြစ်လာလေသည်။ လူသားအတွက် ကယ်တင်ခံဖို့ရန်၊ သူသည် ပထမဦးစွာ သိမ်းပိုက်ခြင်းကို ခံရမည်။ ဘုရားသခင်သည် စိန်ခေါ်မှုများကို ပိုင်နိုင်စွာ ဖြေရှင်းကာ သူပြုလုပ်ရန် ရည်ရွယ်သော အမှုကိုပြုရန်နှင့် စာတန်နှင့် တိုက်ပွဲဝင်ရန် လူ့ဇာတိခံယူသည်မှာ ဤအကြောင်းကြောင့် ဖြစ်သည်။ သူ၏ ရည်မှန်းချက်မှာ သူ့ကို ဆန့်ကျင်ပုန်ကန်သော စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရကာ ရှုံးနိမ့်ပြီး ပျက်သုဉ်းစေခြင်းခံရပြီးဖြစ်သည့် လူသား၏ ကယ်တင်ခြင်းဖြစ်သည်။ ဘုရားသခင်သည် လူသားကို သိမ်းပိုက်ခြင်းနှင့်ဆိုင်သည့် သူ၏အမှုမှတစ်ဆင့် စာတန်ကို အနိုင်ယူစဉ်၊ တစ်ချိန်တည်းတွင် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်လေသည်။ ထိုကြောင့်၊ ယင်းမှာ တစ်ပြိုင်နက် ရည်ရွယ်ချက် နှစ်ခုကို ဖြစ်မြောက်အောင်မြင်သည့် အမှုတစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်)

လူသား၏ ဇာတိပကတိကို စာတန်က ဖောက်ပြန်ပျက်စီးစေပြီးဖြစ်သကဲ့သို့၊ ယင်းသည် အဆုံးစွန် အလွန်အမင်း မျက်စိကန်းစေပြီးဖြစ်ကာ အကြီးအကျယ် ထိခိုက်နစ်နာစေပြီးဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိ၌ ကိုယ်တိုင်ကိုယ်ကျ အမှုပြုရသည့် အခြေခံအကျဆုံး အကြောင်းရင်းမှာ သူ၏ကယ်တင်ခြင်း၏ ရည်မှန်းချက်သည် ဇာတိခန္ဓာရှိသော လူသားဖြစ်သောကြောင့်ဖြစ်ပြီး၊ စာတန်သည်လည်း ဘုရားသခင်၏ အမှုကို နှောင့်ယှက်ဖို့ လူသား၏ ဇာတိခန္ဓာကို အသုံးပြုသောကြောင့် ဖြစ်သည်။ စာတန်နှင့် တိုက်ပွဲသည် အမှန်တကယ်တွင် လူသားကို သိမ်းပိုက်ခြင်း အမှုဖြစ်ပြီး၊ တစ်ချိန်တည်းတွင် လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်း၏ ရည်မှန်းချက်လည်း ဖြစ်ပေသည်။ ဤနည်းဖြင့် လူ့ဇာတိခံ ဘုရားသခင်၏ အမှုသည် မုချ လိုအပ်ပေသည်။ စာတန်သည် လူသား၏ဇာတိခန္ဓာကို ဖောက်ပြန်ပျက်စီးစေခဲ့ပြီး၊ လူသားသည် စာတန်၏ ပြယုဂ်တစ်ခု ဖြစ်လာကာ၊ ဘုရားသခင်က အနိုင်ယူရမည့် အရာတစ်ခု ဖြစ်လာသည်။ ဤနည်းဖြင့်၊ စာတန်နှင့် တိုက်ပွဲဝင်ခြင်းနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှုသည် ကမ္ဘာမြေပေါ်တွင် ဖြစ်ပွားကာ ဘုရားသခင်သည် စာတန်နှင့် တိုက်ပွဲဝင်ရန် လူသား ဖြစ်လာရမည်ဖြစ်သည်။ ဤသည်မှာ အဆုံးစွန် လက်တွေ့ကျခြင်း အမှု ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိ၌ အမှုပြုနေချိန်တွင်၊ သူသည် လူ့ဇာတိ၌ စာတန်နှင့် အမှန်တကယ် တိုက်ပွဲဝင်နေခြင်း ဖြစ်သည်။ လူ့ဇာတိ၌ သူ အမှုပြုချိန်တွင်၊ သူသည် ဝိညာဉ်လောက၌ သူ၏အမှုကို လုပ်ဆောင်နေပြီး၊ ဝိညာဉ်လောကရှိ သူ၏အမှုတစ်ခုလုံးကို ကမ္ဘာမြေပေါ်တွင် အမှန်ဖြစ်စေသည်။ သိမ်းပိုက်ခြင်းခံရသောသူသည် လူသား၊ သူ့ကိုမနာခံသော လူသားဖြစ်ပြီး၊ အနိုင်ယူခြင်းခံရသူသည် သူနှင့် ရန်ဘက်ဖြစ်သော စာတန်၏ပြယုဂ် (ဟုတ်ပေ၏၊ ဤသည်မှာလည်း လူသားဖြစ်၏) ဖြစ်ကာ၊ နောက်ဆုံးတွင် ကယ်တင်ခံရသည့်သူမှာလည်း လူသားဖြစ်ပေသည်။ ဤနည်းဖြင့် ဘုရားသခင်သည် စာတန်နှင့် တကယ့်တိုက်ပွဲကို တိုက်နိုင်ဖို့၊ သူ့ကို မနာခံသကဲ့သို့ သူကဲ့သို့ အပြင်ပန်းအကာကို ပိုင်ဆိုင်ထားသော လူသားအား သိမ်းပိုက်ဖို့နှင့် သူ့ကဲ့သို့ အပြင်ပန်းအကာရှိပြီး စာတန်၏ အန္တရာယ်ပြုမှုကို ခံရပြီးဖြစ်သည့် လူသားကို ကယ်တင်နိုင်ရန်အလို့ငှာ၊ ဖန်ဆင်းခြင်း၏ အပြင်ပန်းအကာရှိသည့် လူသားတစ်ဦး ဖြစ်လာရန် ဘုရားသခင်အတွက် သာ၍ပင် လိုအပ်လေသည်။ သူ၏ရန်သူမှာ လူသားဖြစ်သည်၊ သူ၏ သိမ်းပိုက်ခြင်းခံရမည့်အရာမှာ လူသားဖြစ်ပြီး၊ သူ၏ကယ်တင်ခြင်းကို ခံရမည့်အရာမှာ သူဖန်ဆင်းခဲ့သော လူသားဖြစ်သည်။ ထို့ကြောင့် သူသည် လူသားဖြစ်လာရမည် ဖြစ်ပြီး ဤနည်းဖြင့် သူ၏အမှုသည် များစွာသာ၍ လွယ်ကူလာသည်။ သူသည် စာတန်ကို အနိုင်ယူနိုင်ပြီး၊ လူသားမျိုးနွယ်ကို သိမ်းပိုက်နိုင်သည်၊ ထို့အပြင် လူသားမျိုးနွယ်ကို ကယ်တင်လည်း ကယ်တင်နိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်)

အနန္တတန်ခိုးရှင်ဘုရား၏ နှုတ်ကပတ်တော်မှနေ ကျွန်တော်တို့ သိလိုက်ရပါပြီ။ ဖောက်ပြန်ပျက်စီးနေသည့် လူများကို ဘုရားသခင်၏ လူ့ဇာတိခံခြင်းနှင့်သာ ကယ်တင်ရမည် ဆိုသည့် အကြောင်းပြချက်က အဘယ့်ကြောင့်ဆိုသော် လူများ၏ဇာတိပကတိကို မာရ်နတ်က လုံးဝလှည့်စား ဖျက်ဆီးထားသောကြောင့်ဖြစ်သည်။ လူသားအားလုံးက မာရ်နတ်၏ကြီးစိုးမှုအောက်တွင် နေထိုင်ကြပါသည်။ လူများက ကောင်းခြင်း၊ ဆိုးခြင်း၊ လှခြင်း၊ ရုပ်ဆိုးခြင်းကို မခွဲခြားနိုင်ကြပါ။ ကောင်းသည့်သဘောနှင့် မကောင်းသည့် သဘောကြားက ခြားနားမှုကိုလည်း မသိကြပါ။ သူတို့က မာရ်နတ်၏ အတွေးအခေါ်၊ နည်းဥပဒေသနှင့် သဘောသဘာဝအတိုင်းသာ နေထိုင်ကြသည်။ သူတို့က မောက်မာကြသည်၊ မိမိကိုယ်ကို အမှန်ထင်ကြသည်၊ မဆင်မခြင်နှင့် ဥပဒေမဲ့ကြသည်။ သူတို့အားလုံးက မာရ်နတ်၏ပြယုဂ်များသာ ဖြစ်သည်။ သူတို့များက ဘုရားသခင်ကို ဆန့်ကျင်ဖို့အတွက်၊ မာရ်နတ်နှင့် ပူးပေါင်းပြီး အကျင့်ပျက်ယိုယွင်း လာကြသည်။ ၎င်းကို သူတို့ကိုယ်သူတို့ သဘောမပေါက်ကြပါ။ ဘုရားသခင်က အရာအားလုံး၏ဖန်ဆင်းရှင်ဖြစ်ပါသည်။ လူများ၏ သဘောသဘာဝ အစစ်အမှန်နှင့် လူများ မည်မျှအထိ အကျင့်ပျက်နေကြောင်းကို ဘုရားသခင်ကသာ အလုံးစုံသိမည်။ လူများ၏ဆိုးယုတ်သည့်သဘာဝနှင့် အကျင့်ပျက်စိတ်ထားများကို ဘုရားသခင်ကသာ ခွဲခြားဖော်ထုတ် ပြနိုင်မည်။ လူများကို မည်သို့နေထိုင်ပြုမူရမည်ဖြစ်ကြောင်း ဘုရားသခင်ကသာ ပြောပြနိုင်မည်၊ ဘုရားသခင်ကသာ လူများကို သိမ်းပိုက် နိုင်မည်၊ သန့်စင်နိုင်မည်၊ ကယ်တင်နိုင်မည်။ ဘုရားသခင်ကလွဲလျှင်၊ လူများ၏အကျင့်ပျက်မှု သဘောသဘာဝအမှန်ကို ဖန်ဆင်းခံ လူများ ထိုးဖောက်မြင်နိုင်မည်မဟုတ်ပါ။ လူပီသစွာ မည်သို့ပြုမူရမည် ဆိုကြောင်းကိုလည်း၊ ဖန်ဆင်းခံလူအချင်းချင်း ညွှန်ပြနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ဘုရားသခင်က ဆိုးဆိုးဝါးဝါး အကျင့်ပျက်နေကြသည့် လူများကို မာရ်နတ်၏ လက်မှနေ လုယူပြီး၊ ကယ်တင်ချင်သည်ဆိုပါက၊ ဘုရားသခင်ကိုယ်တော်တိုင် လူ့ဇာတိခံပြီး၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် သမ္မာတရားကို ဖော်ထုတ်ပြရမည်။ လူများတွင် ရှိရမည့် သမ္မာတရားအားလုံးကို ဟောကြားရမည်၊ ထိုသို့နှင့် လူများက သမ္မာတရားကို နားလည်လာမည်၊ ဘုရားသခင်ကို သိလာမည်၊ မာရ်နတ်၏ယုတ်မာသည့် အကြံအစည်များနှင့် အမျိုးမျိုးသော အမှားအယွင်းများကို မြင်လာကြမည်၊ သို့မှသာ လူများက မာရ်နတ်ကို ကျောခိုင်းပြီး၊ ဘုရားသခင်ရှေ့မှောက် ရောက်လာနိုင်ကြမည်။ နောက်ပြီး ဘုရားသခင်၏ လူ့ဇာတိခံခြင်း အမှုက လူမျိုးစုံကို ဖော်ထုတ်ပြပါသည်။ အဘယ့်ကြောင့်ဆိုသော် လူများအားလုံးက စိတ်ကြီးဝင်နေကြသည့်အပြင်၊ အလျှော့မပေးတတ် ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်က သမ္မာတရားကိုဖော်ပြဖို့ လူ့ဇာတိခံသည့်အခါ လူများကလည်း သူတို့အယူအဆများနှင့် တုံ့ပြန်ကြမှာသေချာသည်၊ ဆန့်ကျင် ကြမည်၊ တိုက်ပွဲများနှင့်ပင် ပြန်တိုက်ကြမည်။ ဤသို့နှင့် အကျင့်ပျက်လူသားများ၏ဆန့်ကျင်မှု၊ ဘုရားသခင်အပေါ် သစ္စာဖောက်မှုများက ထင်ထင်ရှားရှားပေါ်လာမည်။ ဘုရားသခင်ကလည်း လူများကို သူတို့ကိုယ်တိုင် ဖော်ထုတ်ပြသည့် အကျင့်ပျက်မှုများ၊ စရိုက်အမှန်များအတိုင်း တရားစီရင်ခြင်းပြုမည်။ ဤနည်းနှင့်မှသာ လူများအပေါ် ဘုရားသခင်၏သိမ်းပိုက်ခြင်း၊ သန့်စင်စေခြင်းနှင့် ပြည့်စုံစေခြင်း များကို ချောချောမွေ့မွေ့ ဆောင်ရွက်နိုင်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းကတစ်ဆင့်၊ လူများကို ဖြည်းဖြည်းချင်း သိမ်းပိုက်မည်၊ သန့်စင်စေမည်။ လူများကို လုံးဝသိမ်းပိုက်နိုင်ပြီဆိုပါက၊ သူတို့က လူ့ဇာတိခံယူသည့် ဘုရားသခင်ကို စပြီးနာခံလာသည်။ ဘုရားသခင်၏တရားစီရင်မှု၊ ဆုံးမမှုများကို စပြီးလက်ခံသည်၊ နာခံသည်၊ ဘုရားသခင်၏ အမှုတော်များကို နားလည်လာသည် သမ္မာတရားကို ရှာဖို့နှင့် မာရ်နတ်၏ အတွေးအခေါ်များ၊ စည်းမျဉ်းများအတိုင်း မည်သည့်အခါမျှ မနေတော့ဖို့ စိတ်ပိုင်းဖြတ်သည်။ လူများက ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ နေထိုင်လာပြီ ဆိုပါက၊ ဘုရားသခင်က မာရ်နတ်ကို လုံးဝအနိုင်ရသွားပါပြီ။ ဤကဲ့သို့ လူသားများက မာရ်နတ်အပေါ် အနိုင်ရလိုက်ခြင်း၏ အကျိုးအမြတ်များဖြစ်သည်။ အချုပ်ပြောရရင်တော့ ဘုရားသခင်က အကျင့်ပျက်နေသည့်လူများကို မာရ်နတ်၏ လက်မှနေ လုယူတာဖြစ် ပါသည်။ လူ့ဇာတိခံသည့် ဘုရားသခင်၏ အမှုတော်ကြောင့်သာ ဤကဲ့သို့ရလဒ်မျိုးကို ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် လူများကို ကယ်တင်ဖို့အတွက် ဘုရားသခင်၏လူ့ဇာတိခံခြင်းက မဖြစ်မနေ လိုအပ်ပါသည်။ လူ့ဇာတိခံသည့်ဘုရားသခင်ကသာ လုံးလုံးလျားလျား လူများကို သိမ်းပိုက်နိုင်မည်၊ ကယ်တင်နိုင်မည်။ ဘုရားသခင် အသုံးပြုသည့် လူများကတော့ လူများကိုရွေးနုတ်ခြင်း၊ ကယ်တင်ခြင်းအမှုကို ဆောင်ရွက်နိုင်စွမ်းမရှိပါ။

လူက ကယ်တင်ခြင်းခံရချင်သည်ဆိုပါက၊ သူ့ကို တရားစီရင်ဖို့ သန့်စင်ပေးဖို့အတွက် ဘုရားသခင်က လူ့ဇာတိခံဖို့ အမှန်တကယ် လိုအပ်ပါသည်။ လူ့ဇာတိခံသည့်ဘုရားသခင်က လူများနှင့် တုံ့ပြန်ဆက်ဆံ ရာတွင် လူများကို ဘုရားသခင်အပေါ် မျက်မြင် သိနားလည်လာအောင် လုပ်ယူပါသည်။ သမ္မာတရားကို အမှန်တကယ် ရှာဖွေသူများက နောက်ဆုံးသောကာလ ခရစ်တော်၏ တရားစီရင်မှု၊ သန့်စင်စေမှုများကို လက်ခံသည့်အတွက် သူတို့များက ပင်ကိုအားဖြင့် ဘုရားသခင်ကို နာခံနိုင်စွမ်းရှိကြသည်။ ရင်ထဲတွင် မြတ်နိုးနိုင်စွမ်း ရှိကြသည်။ ပြီးတော့ မာရ်နတ်၏အုပ်စိုးမှုအောက်မှနေ ကယ်တင်ခံရ နိုင်သည်။ ဒါက ဘုရားသခင်အတွက် လူများကို ကယ်တင်ဖို့၊ ပြည့်စုံစေဖို့ အကောင်းဆုံးနည်းလမ်း မဟုတ်လား။ ဘုရားသခင်က လူ့ဇာတိခံယူလိုက်သည့်အတွက် ကျွန်တော်တို့က ဘုရားသခင်ကို မျက်မြင်ဖူးခွင့်ရဖို့၊ ကိုယ်တော်၏အမှုတော်နှင့် တွေ့ကြုံရဖို့ အခွင့်အလမ်းကို ရသွားပါပြီ။ ဘုရားသခင်၏ တိကျသည့် နှုတ်ကပတ်တော်ကို ရဖို့၊ ကိုယ်တော်တိုင် ထိန်းကျောင်းပျိုးထောင် ပေးတာကို ခံရဖို့ အခွင့်အလမ်းကိုလည်း ရသွားပါပြီ။ ဒါများကို ကြုံရတော့မှ ကျွန်တော်တို့က ဘုရားသခင်အပေါ် အားထားလာမည်၊ နာခံလာမည်၊ ကိုယ်တော်ကို အမှန်တကယ် ချစ်မြတ်နိုးလာပါမည်။ လူများကိုကယ်တင်ခြင်းအမှုကို ပြုဖို့အတွက်၊ ဘုရားသခင်က လူ့ဇာတိမခံယူခဲ့ ဆိုပါက၊ ဤကဲ့သို့လက်တွေ့ကျသည့် ရလဒ်ကို ရနိုင်မှာမဟုတ်ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူ့ဇာတိ၌ ဘုရားသခင့်အမှု၏ အကောင်းဆုံးသောအရာမှာ နောက်ပိုင်းတွင် သူ၏ နောက်လိုက်များသည် လူ့ဇာတိ၌ သူ၏ အမှုအားလုံးနှင့် လူသားမျိုးနွယ်တစ်ရပ်လုံးအတွက် သူ၏ အလိုကို ဤလမ်းခရီးအား လက်ခံသောသူတို့ထံ သာ၍ တိကျမှန်ကန်စွာနှင့် သာ၍ ခိုင်မာစွာ လက်ဆင့်ကမ်းနိုင်ကြဖို့အလို့ငှာ၊ သူသည် တိကျမှန်ကန်သော နှုတ်ကပတ်တော်များနှင့် တိုက်တွန်းနှိုးဆော်မှုများ၊ ပြီးလျှင် လူသားမျိုးနွယ်အတွက် သူ၏ အလိုတို့ကို သူ၏နောက်လိုက်သူများထံ ချန်ထားနိုင်ခြင်း ဖြစ်သည်။ လူ၏အလယ် လူ့ဇာတိ၌ရှိသည့် ဘုရားသခင်၏အမှုသည်သာ ဘုရားသခင်၏ဖြစ်ခြင်းနှင့် လူသားတို့နှင့် အတူတကွ နေထိုင်ခြင်းတို့နှင့်ဆိုင်သည့် အမှန်တရားကို အမှန်တကယ် ပြီးမြောက်လေသည်။ ဤအမှုသည်သာ ဘုရားသခင်၏ မျက်နှာကို ရှုမြင်ရန်၊ ဘုရားသခင်၏ အမှုကို မျက်မြင်တွေ့ကြုံရန်နှင့် ဘုရားသခင်၏ ကိုယ်ပိုင်နှုတ်ကပတ်တော်တို့ကို ကြားရန်ဖြစ်သည့် လူသား၏ စိတ်ဆန္ဒကို ဖြည့်ဆည်းပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်)ဖောက်ပြန်ပျက်စီးသော လူသားအဖို့ အကြီးမားဆုံးသော တန်ဖိုးရှိသည့် အမှုသည် လိုက်စားရန် တိကျမှန်ကန်သော နှုတ်ကပတ်တော်များ၊ ရှင်းလင်းသော ပန်းတိုင်များကို ထောက်ပံ့ပေးသောအမှုဖြစ်ပြီး မြင်၍ရကာ ထိတွေ့၍ရသော အမှုဖြစ်သည်။ လက်တွေ့ကျသောအမှုနှင့် အချိန်မီလမ်းပြမှုတို့သည်သာ လူသား၏အကြိုက်များနှင့် ကိုက်ပြီး၊ စစ်မှန်သော အမှုသည်သာ လူကို သူ၏ ဖောက်ပြန်ပျက်စီးကာ အကျင့်ပျက်ပြားသော စိတ်သဘောထားမှ ကယ်တင်နိုင်သည်။ ဤအရာကို လူ့ဇာတိခံ ဘုရားသခင်အားဖြင့်သာ စွမ်းဆောင် ရရှိနိုင်ပေသည်။ လူ့ဇာတိခံ ဘုရားသခင်သာလျှင် လူသားကို ၎င်း၏ ယခင်က ဖောက်ပြန်ပျက်စီးကာ အကျင့်ပျက်ပြားသော စိတ်သဘောထားမှ ကယ်တင်နိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်)ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်၏ တိုက်ရိုက်အမှုကို ပို၍လိုအပ်သည်။ လူသားမျိုးနွယ်သည် ၎င်းကို ထိန်းကျောင်းပေးရန်၊ ပံ့ပိုးရန်၊ ရေလောင်းပေးရန်၊ ကျွေးမွေးရန်၊ တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန် လူ့ဇာတိခံ ဘုရားသခင်ကို လိုအပ်သကဲ့သို့၊ လူ့ဇာတိခံ ဘုရားသခင်ထံမှ ပို၍များသော ကျေးဇူးတော်နှင့် ပို၍ကြီးမားသော ရွေးနုတ်ခြင်းတို့ကို လိုအပ်လေသည်။ လူ့ဇာတိ၌ ရှိသည့် ဘုရားသခင်သာ လူသား၏ ယုံကြည်စိတ်ချရသူ၊ လူသား၏သိုးထိန်း၊ လူသား၏ အမြဲရှိနေသော အထောက်အမ ဖြစ်နိုင်ပြီး၊ ဤအရာအားလုံးသည် ယနေ့ရော အတိတ်ကာလများတွင်ပါ လူ့ဇာတိခံယူခြင်း၏ လိုအပ်မှုဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်)

ဘုရားသခင်က အကျင့်ပျက်နေသည့်လူများကို ကယ်ဖို့အတွက် လူ့ဇာတိခံယူသည့်အခါ၊ ဘုရားသခင်၏ တောင်းဆိုမှုများ၊ ကိုယ်တော့် အလိုတော်များ၊ ကိုယ်တော့် စိတ်သဘောထားနှင့် အရာအားလုံးနှင့် ဖြစ်ခြင်းများကို လူများကို ရှင်းရှင်းလင်းလင်း ပြောပြဖို့အတွက် လူများ၏ ဘာသာစကားကိုသာ အသုံးပြုပါသည်။ ထို့ကြောင့် လူများက ကြိုးစားပမ်းစားလိုက်ရှာဖို့ မလိုတော့ဘဲ၊ ဘုရားသခင်၏ အလိုတော်ကို ရှင်းရှင်းလင်းလင်း နားလည်နိုင်သည်။ ဘုရားသခင်၏ တောင်းဆိုမှုများနှင့် သူတို့ကျင့်သုံးရမည့် လမ်းစဉ်ကိုလည်း သိနိုင်သည်။ ဘုရားသခင်အပေါ် လက်တွေ့ကျသည့်နားလည်မှုနှင့် အသိကိုလည်း သူတို့အနေနှင့် ရနိုင်သည်။ ကျေးဇူးတော်ခေတ်မှာ ရှင်ပေတရုက သခင်ယေရှုကို မေးခဲ့သကဲ့သို့ပဲ “သခင်၊ ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှား၍ အကျွန်ုပ်သည် သူ၏အပြစ်ကို ဘယ်နှစ်ကြိမ် လွှတ်ရပါအံ့နည်း ခုနှစ်ကြိမ်မြောက်အောင် လွှတ်ရပါအံ့လော” (မ ၁၈:၂၁) သခင်ယေရှုက ရှင်ပေတရုကို အရှင်းဆုံးပဲမိန့်ခဲ့ပါသည် “ခုနှစ်ကြိမ်မြောက်အောင် လွှတ်ရမည် ငါမဆို။ အကြိမ်ခုနှစ်ဆယ် ခုနှစ်လီမြောက်အောင် လွှတ်ရမည် ငါဆို၏။(မ ၁၈:၂၂) လူ့ဇာတိခံသည့်သခင်ယေရှုက လူများကို မည်သည့်အချိန် မည်သည့်နေရာတွင်မဆို လက်တွေ့အကျဆုံး အရှင်းဆုံး အထောက်အပံ့ကို ပေးရင်း၊ လမ်းပြခဲ့ကြောင်းကို ဤမိန့်ဆိုချက်တွင် ကျွန်တော်တို့ မြင်နိုင်ပါသည်။ နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင်ဘုရားက လူများကြားတွင် လူ့ဇာတိခံယူလိုက်ပါပြီ။ လူများ၏တကယ့် အခြေအနေမှန်ကို ဖြေရှင်းဖို့ သမ္မာတရားကို ဖော်ပြပေး နေပါသည်။ လူများကို အထောက်အပံ့ဖြစ်စေဖို့အတွက် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို ဖော်ပြပေးနေပါသည်။ ဘုရားသခင်အပေါ်ထားသည့် လူများ၏ယုံကြည်မှု ထဲက မတိကျမှုများ၊ အတွေးမှားများကို ထောက်ပြပေး နေပါသည်၊ ဘုရားသခင်၏အလိုတော်နှင့် တောင်းဆိုမှုများကို အသိပေးနေပါသည်၊ လက်တွေ့အကျဆုံး၊ အတိကျဆုံး ဘဝအထောက်အပံ့နှင့် အာဟာရကို လူများအား ပေးကမ်းနေပါသည်။ ဥပမာအားဖြင့် ကျွန်တော်တို့က မိမိကိုယ်ကို မသိလိုက်ဘဲ၊ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ပြီး နေထိုင်မိသည့်အခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်တော်တို့ကို ချက်ချင်းဖော်ထုတ်ပြပြီး၊ တရားစီရင်ပါသည်။ ကျွန်တော်တို့၏ ဆိုးယုတ်သည့်သဘာဝက ဘုရားသခင်ကို ဆန့်ကျင်နေကြောင်း နှုတ်ကပတ်တော်ကတစ်ဆင့် မြင်စေပါသည်။ ကျွန်တော်တို့က တစ်ကိုယ်ရေ ရလိုမှုများအတွက် ဘုရားသခင်ကို ဆည်းကပ်ပြီး၊ ယင်းကိုလည်း မိမိဘာသာ မှန်သည်ဟု ထင်နေသည့်အခါ ဘုရားသခင်က ကျွန်တော်တို့၏ ချို့ယွင်းချက်များကို ဖော်ထုတ်ပြသည်၊ ဘုရားသခင်ကို ဆည်းကပ်သူများက မည်သို့ယုံကြည်မှုများ ကိုင်စွဲရမည် ဖြစ်ကြောင်းကို ပြောပြသည်။ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုအပေါ် ကျွန်တော်တို့က သိမြင်နားလည်မှု လွဲနေသည့် အခါတွင်လည်း လူများကို ကယ်တင်မည့်၊ တရားစီရင်မည့်၊ လေးနက်သည့်ရည်ရွယ်ချက်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်က သတိပေးပါသည်၊ ဘုရားသခင်အပေါ် နားလည်မှုလွဲမှားနေခြင်းများကို ဖြေရှင်းပေးပါသည်။ ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသူအားလုံးက သူတို့ကို လူ့ဇာတိခံသည့်ဘုရားသခင်က အမြဲတမ်းအထောက်အပံ့ ပေးနေကြောင်း ခံစားမိနေကြပါပြီ၊ လိုက်ပြီး ရှာဖွေနေစရာ မလိုတော့ပါ။ ကျွန်တော်တို့လုပ်ဖို့လိုသည်မှာ ဘုရားသခင်၏ လက်တွေ့အကျဆုံး အထောက်အပံ့ကို ရဖို့အတွက်၊ အနန္တတန်ခိုးရှင်ဘုရား၏ နှုတ်ကပတ်တော်ကို ပိုပြီးဖတ်ကြဖို့ ဖြစ်သည်။ ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်က တစ်ဆင့်၊ ဘုရားသခင်၏အလိုတော်၊ ကိုယ်တော်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းများကို ကျွန်တော်တို့အနေနှင့် အမှန်တကယ် နားလည်လာပါသည်။ ဤကဲ့သို့နားလည်လာရာမှနေ၊ စစ်မှန်သည့်ဘဝတစ်ခုကို မည်သို့နေထိုင်သွားမည်ဖြစ်ကြောင်းကို ထပ်ပြီးသိလာသည်။ မာရ်နတ်၏ယုတ်မာသည့် အကြံအစည်များကို မည်သို့မြင်အောင်ကြည့်ရ မည်ကိုလည်း သင်ယူတတ်လာသည်၊ ကျွန်တော်တို့က မာရ်နတ်ကြောင့် မည်မျှအထိ ပျက်စီးနေကြပြီဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း မြင်လာသည်၊ ထိုကတစ်ဆင့်၊ မာရ်နတ်၏မကောင်းသည့် လွှမ်းမိုးမှုနှင့် ကျွန်တော်တို့ အပြစ်များကို ဖြည်းဖြည်းချင်း ဖယ်ရှားတတ်လာသည်။ ထိုအတွက် ရလဒ်မှာမူ၊ ဘဝအပေါ်ထားသည့် ကျွန်တော်တို့ သဘောထားက ပြောင်းလဲသွားသည်၊ သမ္မာတရား၏စစ်မှန်မှုကိုလည်း နားလည်လာရင်း လမ်းကြောင်းမှန်ကို စပြီးလျှောက်လာကြ ပါသည်။ ဤအရာများအားလုံးက ဘုရားသခင်၏ လူ့ဇာတိခံခြင်းကြောင့် ဖြစ်လာပါသည်။

ဘုရားသခင်က အမှုတော်ကိုပြုဖို့၊ နှုတ်ကပတ်တော်ကို ဖော်ပြဖို့အတွက် လူ့ဇာတိခံယူပြီးပါပြီ၊ လူများကို ဘဝအတွက် လက်တွေ့အကျဆုံးအထောက်အပံ့နှင့် အာဟာရကိုလည်း ပေးနေသည်။ လူ့ဇာတိခံသည့် ဘုရားသခင်၏ တရားစီရင်ခြင်း အမှုအပေါ် လူတွေမှာ အယူအဆတွေအများကြီး ဖြစ်နေသည့်တိုင် ဘုရားသခင်က လူများအတွက် ဘဝ၏လမ်းစဉ်နှင့် ထာဝရတည်မြဲသည့် ကယ်တင်ခြင်းကို ယူဆောင်လာပါပြီ၊ လူများကလည်း ကိုယ်တော်ကို အားထားနေကြပါပြီ။ အနန္တတန်ခိုးရှင်ဘုရား၏ နှုတ်ကပတ်တော်ထဲက နောက်တစ်ပိုဒ်ကို ဖတ်ကြည့်ကြရအောင်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူ၏ဇာတိခန္ဓာသည် မည်သည့် အသွေးအသားရှိသည့်‌ လူသားနှင့်မျှ မတူညီသည့်အတွက်၊ လူ့ဇာတိ၌ သူပြုသော အမှုကို စိတ်ကူးရန်၊ သို့မဟုတ် တိုင်းတာရန် နည်းလမ်းမရှိပေ။ အပြင်ဘက် အကာသည် ဆင်တူသော်လည်း၊ အနှစ်သာရသည် မတူညီပေ။ ဘုရားသခင်၏ ဇာတိခန္ဓာသည် လူအလယ် ဘုရားသခင်နှင့် ပတ်သက်သော အယူအဆများစွာ ပေါက်ဖွားစေသည်၊ သို့ရာတွင် သူ၏ဇာတိခန္ဓာသည် လူသားကို အသိပညာများစွာပင် ရရှိရန်လည်း ခွင့်ပြုနိုင်ပြီး၊ တူညီသော အပြင်ပန်းအကာ ပိုင်ဆိုင်ထားသည့် မည်သည့်လူကိုမဆိုပင် သိမ်းပိုက်နိုင်သည်။ အကြောင်းမှာ သူသည် လူသားမျှ မဟုတ်ဘဲ၊ လူသား၏ အပြင်ပန်း အကာရှိသော ဘုရားသခင် ဖြစ်ပြီး၊ မည်သူမျှ သူ့ကို လုံးဝ ဉာဏ်မမီနိုင် သို့မဟုတ် နားမလည်နိုင်သောကြောင့် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်)

ဘုရားသခင်သည် လက်ဆုပ်လက်ကိုင် ပြ၍ရသည့် ပုံသဏ္ဌာန်ဖြင့် လူ့ဇာတိတစ်ခုနှင့် လူသားက တွေ့မြင်နိုင်ပြီး ထိတွေ့နိုင်သည့်သူတစ်ဦး ဖြစ်လာသည်မှာ လူ့ဇာတိခံ ဘုရားသခင်၏ အမှုကြောင့် ဖြစ်သည်။ သူသည် ပုံသဏ္ဌာန် မရှိသော ဝိညာဉ်မဟုတ်ဘဲ၊ လူသားအနေဖြင့် တွေ့မြင်နိုင်ကာ ထိတွေ့လာနိုင်သည့် ဇာတိခန္ဓာတစ်ခု ဖြစ်သည်။ သို့ရာတွင် လူတို့ ယုံကြည်သည့် ဘုရားအများစုသည် ပုံသဏ္ဌာန် ကင်းမဲ့သည့်၊ လွတ်လပ်သည့် ပုံသဏ္ဌာန်ဖြင့်လည်း ရှိကြသည့် အသွေးအသားမဲ့ နတ်ဘုရားများ ဖြစ်သည်။ ဤနည်းဖြင့် လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသခင်ကို ယုံကြည်သောသူ အများစု၏ရန်သူ ဖြစ်လာပြီးဖြစ်ကာ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အချက်ကို လက်မခံနိုင်သည့် သူများသည်လည်း ထိုနည်းတူစွာ ဘုရားသခင်၏ ရန်ဘက်များ ဖြစ်လာကြပြီးဖြစ်သည်။...လူအများစုသည် ဤလူ့ဇာတိကြောင့် ဘုရားသခင်၏ ရန်သူများ ဖြစ်လာကြပြီး ဖြစ်သော်လည်း၊ ဘုရားသခင်သည် သူ၏အမှုကို အဆုံးသတ်သောအခါ၊ သူ၏အလိုကို ဆန့်ကျင်သောသူများသည် သူ၏ရန်သူဖြစ်ခြင်းမှ ရပ်တန့်လိမ့်မည် ဖြစ်သည်သာမက၊ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ မျက်မြင်သက်သေများ ဖြစ်လာကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ သိမ်းပိုက်ခြင်းခံရပြီးဖြစ်သည့် သက်သေများ၊ သူနှင့်သဟဇာတ ဖြစ်ပြီး သူနှင့်ခွဲ၍မရသော သက်သေများ ဖြစ်လာကြလိမ့်မည်။ သူသည် လူသားအဖို့ လူ့ဇာတိ၌ သူ့အမှု၏ အရေးကြီးခြင်းကို လူသားအား သိရှိစေမည် ဖြစ်ပြီး၊ လူသားသည် လူ၏တည်ရှိမှု အဓိပ္ပာယ်အဖို့ ဤလူ့ဇာတိ၏ အရေးပါမှုကို သိရှိလိမ့်မည်၊ လူ့အသက်တာ ကြီးထွားမှုအဖို့ ဘုရားသခင်၏ စစ်မှန်သောတန်ဖိုးကို သိရှိလိမ့်မည် ဖြစ်ပြီး၊ ထို့အပြင် ဤလူ့ဇာတိသည် လူသားက ခွဲခွာ၍မရသည့် အသက်စမ်းရေ ဖြစ်လာလိမ့်မည်ကို သိရှိပေမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်)

လူများကို ကယ်တင်ဖို့ ပြည့်စုံစေဖို့အတွက် နောက်ဆုံးသောကာလ လူ့ဇာတိခံခြင်းမှာ ဘုရားသခင်က သာမန်လူသား တစ်ယောက်၏အသွင်ကို ယူထားသည့်အပြင် ကိုယ်တော်က တန်ခိုးပြာဋိကတွေ မပြမည့်အပြင်၊ သာမန်ထက်သာလွန်သည့် အရည်အသွေးများ အရှိန်အဝါများလည်း မပိုင်ဆိုင်ပါ၊ ထို့အပြင် ကိုယ်တော်က လူများ၏အယူအဆများ၊ သူတို့၏ငြင်းပယ်မှုများနှင့် ဆန့်ကျင်မှုများ၏ ပစ်မှတ်လည်း ဖြစ်နေပါသည်၊ ယင်းသို့ရှိသော်ငြားလည်း၊ ခရစ်တော် ဖော်ပြသည့်သမ္မာတရားနှင့် ဆောင်ရွက်မည့်၊ တရားစီရင်ခြင်းအမှုတော်ကြောင့် လူများ အနေနှင့် ဘုရားသခင်နှုတ်ကပတ်တော်၏ အထောက်အပံ့ကို ရသွားကြပါသည်။ သမ္မာတရားကိုလည်း ရသွားနိုင်သည့်အပြင်၊ ဘုရားသခင် ပေါ်ထွန်းခြင်းကိုလည်း မြင်ခွင့်ရသွားကြပါသည်။ ကျွန်တော်တို့က ဘုရားသခင်၏လူသားအသွင်ကို မမြင်ကြ သေးသော်လည်း၊ ကိုယ်တော်၏ ပင်ကိုယ်စိတ်သဘောထားနှင့် သန့်ရှင်းသည့်ဂုဏ်တော် ကိုတော့ မြင်ပြီးကြပါပြီ။ ဤသည်မှာ ကိုယ်တော်၏လူသားအသွင်ကို မြင်ရခြင်းနှင့် တူညီသည်။ ကျွန်တော်တို့လူတွေကြားတွင် ရောက်ရှိနေသည့် ဘုရားသခင်ကို ကျွန်တော်တို့အနေနှင့် အမှန်တကယ်မြင်ပြီးကြပါပြီ။ ကိုယ်တော့်ပလ္လင်တော်ရှေ့ကို ချီဆောင်ခံ လိုက်ရပြီ ဟုလည်း ခံစားမိကြပါသည်။ ဘုရားသခင်၏ အမှုတော်ကို ဘုရားသခင်နှင့်အတူ တွေ့ကြုံနေကြပါပြီ၊ ပလ္လင်တော်ဆီက စီးဆင်းလာသည့် အသက်ရေစင်၏ အထောက်အပံ့ ကိုလည်း ကျေနပ်နေမိကြပါပြီ။ ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို သိနားလည်သွားခြင်း က လူများကို ကယ်တင်မည့် ဘုရားသခင်၏လေးနက်သည့် ရည်ရွယ်ချက်များကို တဖြည်းဖြည်းနှင့် အသိအမှတ်ပြုမိသွားတာ ဖြစ်ပါသည်။ လူများကိုကယ်ဖို့အတွက် ဘုရားသခင် ပေးဆပ်ရသည့်တန်ကြေးနှင့် ခံစားရသည့်ဆင်းရဲဒုက္ခများက တကယ့်ကို ကြီးမားကြောင်းကို မြင်သွားကြခြင်း ဖြစ်ပါသည်။ ဘုရားသခင် ဆောင်ရွက်သမျှအားလုံးက ကိုယ်တော့်မေတ္တာကို ဖော်ပြခြင်းဖြစ်ပြီး၊ ကျွန်တော်တို့ကို ကယ်တင်ခြင်းအတွက်သာ ရည်ရွယ်ပါသည်။ ကျွန်တော်တို့က ယခင်က ပုန်ကန်ခဲ့ခြင်းများ၊ မိုက်မဲခဲ့ခြင်းများ အတွက် မိမိကိုယ်ကိုပြန်ပြီး ရွံမိကြသည်။ သို့သော်လည်း ဘုရားသခင်အပေါ် အမှန်တကယ် ချစ်မြတ်နိုးပြီး နာခံလာကြသည်။ ဘုရားသခင်၏အမှုတော်ကို ယခုလောက်အထိ သိနားလည်သွား ကြပြီဆိုပါက၊ ကျွန်တော်တို့ မိမိကိုယ်ကို ပြန်မြင်နေသည့် အပြောင်းအလဲတွေက လူ့ဇာတိခံသည့် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့်ဖြစ်သည့် ရလဒ် ဖြစ်ကြောင်း သဘောပေါက်နေကြပါပြီ။ နောက်ဆုံးသောကာလ၏ ခရစ်တော်က အကျင့်ပျက်လူသားများ အတွက် အကြီးဆုံးသော ကယ်တင်ခြင်းဖြစ်သည်။ ဘုရားသခင်ကိုသိနိုင်ဖို့နှင့် ဘုရားသခင်၏ချီးမွမ်းမှုကိုရဖို့အတွက် တစ်ခုတည်းသောလမ်းက ကိုယ်တော်သာဖြစ်သည်။ အနန္တတန်ခိုးရှင်ဘုရား၏ နှုတ်ကပတ်တော်ထဲက နောက်ထပ် စာတစ်ပိုဒ်ကို ဖတ်ကြည့်ရအောင်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယခုတစ်ကြိမ်တွင်မူ ဘုရားသခင်သည် ဝိညာဏခန္ဓာကိုယ်အားဖြင့် မဟုတ်ဘဲ အလွန်သာမညကျသော ခန္ဓာကိုယ်အားဖြင့် အမှုပြုရန် ကြွလာသည်။ ထို့ပြင် ယင်းမှာ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူသည့် ခန္ဓာကိုယ်ဖြစ်ရုံသာမက၊ ဇာတိအသွေးအသားသို့ ဘုရားသခင်ပြန်ကြွလာသည့် ခန္ဓာကိုယ်လည်း ဖြစ်သည်။ ယင်းမှာ အလွန်သာမညကျသော ဇာတိခန္ဓာဖြစ်သည်။ သူ့အား အခြားသူတို့အနက် ပေါ်လွင်ထင်ရှားစေသည့် အရာတစ်ခုကိုမျှ သင်မမြင်နိုင်သော်လည်း၊ ယခင်က မကြားသိခဲ့ရသည့် သမ္မာတရားများကို သူ့ထံမှ သင်ရရှိနိုင်သည်။ ဤအရေးမပါသော ဇာတိခန္ဓာသည် ဘုရားသခင်ထံမှ သမ္မာတရား၏ နှုတ်ကပတ်တော်များအားလုံးကို သရုပ်ထင်စေသည့်အရာ၊ နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏အမှုကို ထမ်းဆောင်သောအရာနှင့်၊ လူသားက နားလည်ရန်အတွက် ဘုရားသခင်၏ စိတ်သဘောထားတစ်ရပ်လုံးကို ဖော်ပြသောအရာလည်း ဖြစ်သည်။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကိုမြင်ရဖို့ ဆန္ဒကြီးစွာ မရှိသလော။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သိနားလည်ဖို့ ဆန္ဒကြီးစွာ မရှိသလော။ သင်သည် လူသားမျိုးနွယ်၏ ခရီးဆုံးပန်းတိုင်ကို မြင်ရဖို့ ဆန္ဒကြီးစွာ မရှိသလော။ သူသည် မည်သည့်လူသားကမျှ သင့်ကို ပြောပြနိုင်စွမ်းမရှိခဲ့သည့် ဤလျှို့ဝှက်ချက်များ အားလုံးကို သင့်အားပြောပြမည်ဖြစ်ပြီး၊ သင်နားမလည်သည့် သမ္မာတရားများကိုလည်း သင့်အား သူပြောမည်ဖြစ်သည်။ သူသည် နိုင်ငံတော်အတွင်းဝင်ရောက်ရာ သင်၏ တံခါးဝဖြစ်ပြီး ခေတ်သစ်ထဲသို့ ဝင်ရောက်ရာ သင်၏လမ်းပြရှင်ဖြစ်သည်။...နောက်ဆုံးသောကာလတွင် ဘုရားသခင်၏အမှုသည် မြေကြီးပေါ်ရှိ လူသားများကြားတွင် နေထိုင်လျက်ရှိသော ကောင်းကင်ဘုံရှိ ဘုရားသခင်ကို လူသားအား မြင်တွေ့ခွင့်ပေးရန်၊ ထို့ပြင် လူသားအနေဖြင့် ဘုရားသခင်အား သိရှိရန်၊ နာခံရန်၊ ကြောက်ရွံ့ရန်နှင့် ချစ်ရန်အတွက် ထောက်ကူပေးဖို့ဖြစ်သည်။ ဤအကြောင်းကြောင့် သူသည် ဒုတိယအကြိမ် လူ့ဇာတိကို ခံယူရန် ပြန်ကြွဆင်းလာခဲ့ခြင်းပင် ဖြစ်သည်။ သည်ကနေ့တွင် လူသားက မြင်ရသည်မှာ လူသားနှင့်တူညီသော ဘုရားသခင်၊ နှာခေါင်းတစ်ခုနှင့် မျက်လုံးနှစ်လုံးပါသည့် ဘုရားသခင်၊ ထို့ပြင် ထူးခြားမှုမရှိသော ဘုရားသခင်ဖြစ်သော်လည်း၊ နောက်ဆုံးတွင် ဤလူသားသာ မတည်ရှိခဲ့လျှင် ကောင်းကင်နှင့် မြေကြီးသည် ကြီးမားသော အပြောင်းအလဲကို ကြုံရမည်ဖြစ်ကြောင်း၊ ဤလူသားသာ မတည်ရှိခဲ့လျှင် ကောင်းကင်သည် မှောင်မည်းလာကာ၊ မြေကြီးသည် ပရမ်းပတာ အခြေအနေထဲ ကျရောက်သွားမည်ဖြစ်ပြီး၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မွတ်သိပ်ခြင်းနှင့် ကပ်ဆိုးများအလယ်တွင် နေထိုင်ရမည်ဖြစ်ကြောင်း ဘုရားသခင်က သင်တို့ကို ပြသမည်ဖြစ်သည်။ နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူသော ဘုရားသခင်သည် သင်တို့ကို ကယ်တင်ရန် ကြွမလာခဲ့လျှင် ဘုရားသခင်သည် လူသားမျိုးနွယ် တစ်ရပ်လုံးကို လွန်ခဲ့သောအချိန်ကပင် ငရဲပြည်၌ ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သင်တို့ကို သူပြသမည်ဖြစ်သည်။ ဤဇာတိခန္ဓာသာ မတည်ရှိခဲ့လျှင်၊ သင်တို့သည် အဓိကအပြစ်သားများ အစဉ်အမြဲ ဖြစ်ကြမည်ဖြစ်ပြီး၊ အလောင်းကောင်များ အမြဲတမ်း ဖြစ်ကြမည်ဖြစ်သည်။ ဤဇာတိခန္ဓာသာ မတည်ရှိခဲ့လျှင်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မရှောင်လွှဲနိုင်သော ဘေးဒုက္ခကို ရင်ဆိုင်ရမည်ဖြစ်ပြီး နောက်ဆုံးသောကာလတွင် လူသားမျိုးနွယ်အပေါ် ဘုရားသခင် စီရင်ချမှတ်မည့် ပို၍ပင် ပြင်းထန်သော အပြစ်ဒဏ်ပေးခြင်းမှ လွတ်မြောက်ရန် မဖြစ်နိုင်ကြောင်း တွေ့ရှိရမည်ကို သင်တို့သိသင့်သည်။ ဤသာမန်ဇာတိခန္ဓာသာ မမွေးဖွားခဲ့ပါက၊ သင်တို့အားလုံးသည် အသက်မရှင်နိုင်ဘဲ ရှင်ခြင်းအတွက် တောင်းဆိုပြီး၊ အသက်မသေနိုင်ဘဲ သေခြင်းအတွက် ဆုတောင်းရမည့် အခြေအနေတစ်ခု၌ ရောက်ရှိကြမည်ဖြစ်သည်။ ဤဇာတိခန္ဓာသာ မတည်ရှိလျှင် သင်တို့သည် ယနေ့တွင် သမ္မာတရားကို ရယူနိုင်ကြမည် မဟုတ်သည့်အပြင်၊ ဘုရားသခင်၏ ပလ္လင်တော်ရှေ့ ရောက်လာနိုင်ကြမည် မဟုတ်ဘဲ၊ ထို့ထက် သင်တို့သည် သင်တို့၏ ကြီးလေးသော အပြစ်များကြောင့် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံကြရမည်။ သင်တို့သိခဲ့ပါ၏လော၊ ယင်းမှာ ဇာတိခန္ဓာသို့ ဘုရားသခင်၏ပြန်လာခြင်း မရှိခဲ့လျှင်၊ မည်သူ၌မျှ ကယ်တင်ခြင်း၌ မည်သူမျှ အခွင့်အလမ်း ရှိခဲ့မည်မဟုတ်ပေ၊ ထို့ပြင် ဤဇာတိခန္ဓာ၏ ကြွလာခြင်း မရှိခဲ့လျှင်၊ ဘုရားသခင်သည် ခေတ်ဟောင်းကို လွန်ခဲ့သောအချိန်ကပင် အဆုံးသတ်ခဲ့ပြီး ဖြစ်လိမ့်မည်။ သို့ဖြစ်လျှင် သင်တို့သည် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို ငြင်းပယ်နိုင်သေးသလော။ သင်တို့သည် ဤသာမညလူသားထံမှ အလွန်များပြားသော အကျိုးကျေးဇူးများကို ရရှိနိုင်သည်ဖြစ်ရာ သင်တို့သည် သူ့ကို အဘယ်ကြောင့် ဝမ်းပန်းတသာ လက်မခံကြသနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သိခဲ့သလော ဘုရားသခင်သည် လူသားများကြား၌ ကြီးမားသောအမှုကို ပြုခဲ့ပြီးပြီ)

ယနေ့ သင်တို့ရောက်ရှိလာခဲ့သည် အဖြစ်မှာ ဤဇာတိခန္ဓာကြောင့်ပင် ဖြစ်သည်။ သင်တို့၌ အသက်ရှင်နေထိုင်ဖို့ အခွင့်အရေးရှိခြင်းမှာ ဘုရားသခင်က ဇာတိခန္ဓာ၌ ရှိနေသောကြောင့် ဖြစ်သည်။ ဤကံကောင်းခြင်းအလုံးစုံကို ဤသာမညလူသားအတွက်ကြောင့် ရရှိခဲ့ခြင်းဖြစ်သည်။ ဤအရာသာမက အဆုံးတွင် လူမျိုးတိုင်းသည် ဤသာမညလူသားကို ဝတ်ပြုကိုးကွယ်ကြမည် ဖြစ်သကဲ့သို့၊ ဤမထင်ရှားသော လူသားကို ကျေးဇူးတင်ပြီး နာခံကြမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ယင်းသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်ပြီးပြီဖြစ်သည့် သူယူဆောင်ခဲ့သော သမ္မာတရား၊ အသက်နှင့် လမ်းခရီးတို့ပင် ဖြစ်ပြီး၊ လူသားနှင့် ဘုရားသခင်ကြားက ပဋိပက္ခကို ပြေလည်စေခဲ့ကာ သူတို့ကြားက အကွာအဝေးကို တိုစေပြီးလျှင် ဘုရားသခင်နှင့် လူသား၏ သဘောထားများကြား၌ ဆက်သွယ်ချက်တစ်ခုကို လမ်းဖွင့်ပေးခဲ့သည်။ ဘုရားသခင်အတွက် သာ၍ပင်ကြီးမားသော ဘုန်းအသရေကို ရယူပြီးခဲ့သူမှာလည်း သူပင်ဖြစ်သည်။ ဤကဲ့သို့သော သာမညလူသားသည် သင်၏ယုံကြည်စိတ်ချမှုနှင့် ကြည်ညိုလေးစားမှုတို့နှင့် မထိုက်တန်သလော။ ထိုကဲ့သို့သော သာမညဇာတိခန္ဓာသည် ခရစ်တော်ဟု ခေါ်ဆိုခြင်းခံရရန် မသင့်တော်သလော။ ထိုကဲ့သို့သော သာမညလူသားသည် လူများကြား၌ ဘုရားသခင်၏ထုတ်ဖော်ချက် ဖြစ်မလာနိုင်သလော။ လူသားမျိုးနွယ်ကို ဘေးဒုက္ခမှ ချမ်းသာပေးခဲ့သည့် ထိုလူသားသည် သင်၏ချစ်ခြင်းမေတ္တာနှင့် သူ့အားဖက်တွယ်ထားရန် သင်၏ဆန္ဒတို့နှင့် မထိုက်တန်သလော။ သင်တို့သည် သူ၏နှုတ်မှ ဖော်ပြခဲ့သည့် သမ္မာတရားများကို ငြင်းပယ်ကာ၊ သင်တို့အလယ်၌ သူ၏တည်ရှိမှုကို စက်ဆုပ်ပါက၊ အဆုံး၌ သင်တို့ ဘာဖြစ်သွားမည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သိခဲ့သလော ဘုရားသခင်သည် လူသားများကြား၌ ကြီးမားသောအမှုကို ပြုခဲ့ပြီးပြီ)

ယေရှု၏အမှု မပါရှိလျှင်၊ လူသားမျိုးနွယ်သည် လက်ဝါးကပ်တိုင်မှ ဆင်းလာနိုင်ခဲ့မည်မဟုတ်၊ မည်သို့ဆိုစေ မျက်မှောက်ကာလ၏ လူ့ဇာတိခံယူမှု မရှိလျှင်လည်း၊ လက်ဝါးကပ်တိုင်မှ ဆင်းလာသူတို့က ဘုရားသခင်၏ သဘောကျနှစ်သက်မှုကို မည်သည့်အခါမျှ ရရှိနိုင်မည် မဟုတ်သကဲ့သို့၊ ခေတ်သစ်ထဲသို့လည်း ဝင်ရောက်နိုင်မည် မဟုတ်ပေ။ ဤသာမညလူသား၏ ကြွဆင်းလာခြင်း မရှိလျှင်၊ သင်တို့တွင် ဘုရားသခင်၏ မျက်နှာတော်အစစ်အမှန်ကို မြင်တွေ့ရန် မည်သည့်အခါမျှ အခွင့်အလမ်းရရှိမည် မဟုတ်သကဲ့သို့၊ မြင်တွေ့ဖို့လည်း အရည်အချင်း ပြည့်မီမည် မဟုတ်ပေ၊ အကြောင်းမှာ သင်တို့အားလုံးသည် လွန်ခဲ့သော အချိန်ကပင် ဖျက်ဆီးခြင်းခံသင့်ခဲ့သည့် အရာများပင် ဖြစ်ကြပေသည်။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူမှု၏ ကြွလာခြင်းကြောင့်သာ ဘုရားသခင်သည် သင်တို့ကို ခွင့်လွှတ်ခဲ့ပြီဖြစ်ကာ သနားကရုဏာကို ပြသခဲ့ပြီဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အဆုံး၌ သင်တို့အား ငါချန်ထား ပေးရမည့် စကားမှာ ဤအရာသာလျှင်ဖြစ်သည်- လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်သည့် ဤသာမညလူသားမှာ သင်တို့အတွက် မရှိမဖြစ် အရေးပါသူပင် ဖြစ်သည်။ ဤသည်မှာ လူသားများကြား၌ ဘုရားသခင် ပြုခဲ့ပြီးဖြစ်သည့် ကြီးမားသောအမှုပင် ဖြစ်ပေ၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သိခဲ့သလော ဘုရားသခင်သည် လူသားများကြား၌ ကြီးမားသောအမှုကို ပြုခဲ့ပြီးပြီ)

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

နောက်တစ်ခုသို့- သခင်ယေရှုသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း ဖြစ်သည်ကို ကျွန်ုပ်တို့အားလုံး သိကြပါသည်။ သူ၏ အမှုတော်ကို ပြည့်စုံစေလျက်၊ သူသည် ကားစင်တင်ခံခဲ့ရပြီးနောက်၊ သူ၏ တပည့်တော်များအားလုံးရှေ့ ပေါ်ထွန်းလျက် ရှင်ပြန်ထမြောက်ခဲ့ပြီး၊ သူ၏ ဘုန်းသရေရှိသော ဝိညာဉ်ခန္ဓာဖြင့် ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သမ္မာကျမ်းစာက၊ “အို ဂါလိလဲလူတို့၊ အဘယ်ကြောင့် ကောင်းကင်သို့ ကြည့်မျှော်လျက် နေကြသနည်း။ သင်တို့နှင့်ခွာ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌၊ ကောင်းကင်သို့ ကြွသွားတော်မူသည်နည်းတူ တစ်ဖန်ကြွလာတော်မူလတ္တံ့။” (တမန်တော်ဝတ္တု ၁:၁၁) ဟု ဆိုသကဲ့သို့ပင် ဖြစ်သည်။ ထို့ကြောင့်၊ သခင် တစ်ဖန်ပြန်ကြွလာသည့်အခါ၊ ယင်းမှာ လူသားထံ ပေါ်ထွန်းသော သူ၏ ရှင်ပြန်ထမြောက်သည့် ဝိညာဉ်ခန္ဓာဖြစ်လိမ့်မည်ဟု သမ္မာကျမ်းစာက အတည်ပြုပါသည်။ နောက်ဆုံးသောကာလတွင်၊ ဘုရားသခင်သည် တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ဖို့ရန် အဘယ်ကြောင့် လူသား၏ အသွေးအသားပုံသဏ္ဍာန်ဖြင့် လူ့ဇာတိခံယူခဲ့ပါသနည်း။ သခင်ယေရှု၏ ရှင်ပြန်ထမြောက်သော ဝိညာဉ်ခန္ဓာနှင့် လူသားအဖြစ် သူ၏ လူ့ဇာတိခံယူခြင်းတို့ကြား ကွဲပြားခြားနားချက်မှာ အဘယ်နည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။