တရုတ်ကွန်မြူနစ်ပါတီ အာဏာရလာကတည်းက၊ ယင်း၏ ဘာသာရေး ယုံကြည်မှုကို နှိပ်စက်ညှဉ်းပန်းခြင်း၌ မဆုတ်မနစ်လုပ်ဆောင်နေပြီး ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အပေါ် ယင်း၏ ဖိနှိပ်မှုသည် အထူးသဖြင့် တိုး၍ပြင်းထန်လာပြီးဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီသည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အသရေဖျက်ဖို့၊ အမှုဆင်ဖို့နှင့် သိက္ခာချဖို့ရန် ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာ၊ အင်တာနက်နှင့် အခြား မီဒီယာတို့ကို အသုံးပြုသည်သာမက၊ ခရစ်ယာန်များစွာ ထောင်ချခံရပြီး ရက်စက်စွာ ညှဉ်းဆဲခံရကာ သေသည်အထိပင် ညှဉ်းဆဲခံရခြင်းကို အကျိုးဆက်ဖြစ်ပေါ်စေလျက် ၎င်း၏ အသင်းတော်များကို ကျယ်ပြန်သည့်အတိုင်းအတာဖြင့် ဖမ်းဆီးမှုများကိုလည်း ဦးစီးဦးရွက်ပြုလုပ်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ၏ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို နှိပ်စက်ညှဉ်းပန်းမှုက အဘယ်ကြောင့် အလွန် ပြင်းထန်ရပါသနည်း။

18.11.2021

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကြသည်။” (ရှင်ယောဟန် ဩဝါဒစာ ပဌမစောင် ၅:၁၉)

“ဤလူမျိုးသည် ဆိုးညစ်သောအမျိုး ဖြစ်၏။” (ရှင်လုကာခရစ်ဝင် ၁၁:၂၉)

“ထိုအခါ ဤလောကတနိုင်ငံလုံးကို လှည့်ဖြား၍ မာရ်နတ်စာတန် အမည်ရှိသော ရှေးမြွေဟောင်းတည်း ဟူသော နဂါးကြီးကို၎င်း။” (ဗျာဒိတ်ကျမ်း ၁၂:၈)

“အပြစ်စီရင်ခြင်းကို ခံရကြောင်းကား၊ အလင်းသည် ဤလောကသို့ဝင်၍၊ လူတို့သည် မကောင်းသော အကျင့်ကို ကျင့်သောကြောင့်၊ အလင်းထက် မှောင်မိုက်ကိုသာ၍နှစ်သက်ကြ၏။ ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူအပေါင်းတို့သည် အလင်းကိုမြင်ပျင်း၍ မိမိတို့ အကျင့်၌ အပြစ်ပါမည်ကိုမထင်ရှားစေခြင်းငှါ အလင်းသို့ မချဉ်းကပ်ကြ။” (ရှင်ယောဟန်ခရစ်ဝင် ၃:၁၉-၂၀)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ထိပ်ဖျားမှ အောက်ခြေအထိနှင့် အစအဦးမှ အဆုံးအထိ စာတန်သည် ဘုရားသခင်၏ အမှုကို နှောင့်ယှက်နေခဲ့ပြီးဖြစ်ကာ သူ့ကို ဆန့်ကျင်လျက် ပြုမူနေခဲ့ပြီး ဖြစ်သည်။ “ရှေးဟောင်း ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်” နှင့် ပတ်သက်သည့် ဤပြောဆိုဆွေးနွေးခြင်း၊ အဖိုးထိုက်တန်သော “ရှေးဟောင်း ယဉ်ကျေးမှု၏ အသိပညာ”၊ “တာအိုဝါဒနှင့် ကွန်ဖြူးရှပ်ဝါဒတို့၏ သွန်သင်မှုများ”နှင့် “ကွန်ဖြူးရှပ်ဝါဒ၏ ဂန္တဝင် ကျမ်းများနှင့် ကံကျွေးချစနစ်ဆန်သော ထုံးတမ်းများ” အားလုံးသည် လူသားကို ငရဲထဲသို့ ခေါ်ဆောင်သွားပြီးဖြစ်သည်။ မျက်မှောက်ခေတ် အဆင့်မြင့် သိပ္ပံပညာနှင့် နည်းပညာတို့အပြင် အလွန်တိုးတက်သော စက်မှုလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးနှင့် စီးပွားရေးတို့ကို မည်သည့် နေရာမှာတွင်မျှ မတွေ့မြင်ရပေ။ ယင်းထက်၊ ၎င်း လုပ်ဆောင်သမျှမှာ ဘုရားသခင်၏အမှုကို တမင်တကာ နှောင့်ယှက်ရန်၊ ဆန့်ကျင်ရန်နှင့် ဖြိုဖျက်ရန်အလို့ငှာ ရှေးကာလ၏ “မျောက်ဝံများ” အားဖြင့် ဖြန့်ခဲ့သည့် ကံကျွေးချစနစ်ဆိုင်ရာ ထုံးတမ်းများကို အလေးပေးရန် ဖြစ်သည်။ ၎င်းသည် လူသားကို ယနေ့ထိတိုင် ဆက်လက် ဒုက္ခပေးသည်သာမက၊ လူသားကို အကောင်လိုက်ဝါးမျို ရန်ပင် ဆန္ဒရှိလေသည်။ ကံကျွေးချစနစ်နှင့်ဆိုင်သည့် ကိုယ်ကျင့်တရားနှင့် လူ့ကျင့်ဝတ်ဆိုင်ရာ သွန်သင်မှုများကို တစ်ဆင့်ပေးခြင်းနှင့် ရှေးဟောင်း ယဉ်ကျေးမှု၏ အသိပညာကို လက်ဆင့်ကမ်းခြင်းတို့သည် လူသားကို နတ်ဆိုး အကြီး အသေးများအဖြစ်သို့ ပြောင်းလဲစေလျက်၊ လူသားမျိုးနွယ်ကို ကူးစက်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဘုရားသခင်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံသောသူ နည်းပါးပေသည်၊ ဘုရားသခင်၏ ကြွလာခြင်းကို အထူးအားရ ရွှင်လန်းစွာ ကြိုဆိုကြမည့်သူ နည်းပါးပေသည်။ လူသားမျိုးနွယ်၏ မျက်နှာသည် လူသတ်မည့်အကြံနှင့် ပြည့်နေပြီး နေရာတိုင်းတွင်၊ သတ်ဖြတ်လိုသည့် အငွေ့အသက်က လေထုထဲတွင် ပျံ့နှံ့နေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ဤနယ်မြေမှ နှင်ထုတ်ရန် ကြိုးစားကြသည်၊ လက်ထဲတွင် ဓားများ၊ ဓါးရှည်များဖြင့်၊ ၎င်းတို့သည် ဘုရားသခင်ကို “အမြစ်ဖြတ်ချေမှုန်း” ရန် စစ်ပွဲအခင်းအကျင်းဖြင့် မိမိတို့ကိုယ်ကိုယ် စီမံကြလေသည်။ ဘုရားသခင်မရှိဟု လူသားသည် စဉ်ဆက်မပြတ် သွန်သင်ခြင်းခံရသည့်နေရာ၊ ရုပ်တုဆင်းတုများ ပျံ့နှံ့သည့်နေရာဖြစ်သည့် ဤနတ်ဆိုး၏ နယ်မြေအနှံ့ရှိ အားလုံးနှင့် အပေါ်လေထုသည် မီးလောင်နေသော စာရွက်များနှင့် အမွှေးနံ့သာတို့၏ ညှီစို့စို့အနံ့ဖြင့် စိမ့်ဝင်ပျံ့နှံ့နေပြီး ထိုအနံ့မှာ အသက်ရှူရကျပ်စေသည်အထိ အလွန်ပင်ထူထပ်ပေသည်။ ယင်းမှာ အဆိပ်ရှိသော မြွေ၏ ထွန့်ထွန့်လူးခြင်းဖြင့် လေနှင့်ပါလာသည့် အနည်အနှစ်တို့၏ အနံ့ဆိုးကဲ့သို့ဖြစ်သည်မှာ မပျို့အန်ဘဲ မနေနိုင်သည်အထိ ဖြစ်သည်။ ဤအရာအပြင်၊ ဝေးကွာလှသော ငရဲမှ လာသည်ဟု ထင်ရသော အသံတစ်ခုဖြစ်သည့်၊ ကျမ်းစာများကို သံပြိုင်ရွတ်ဆိုနေကြသည့် ဆိုးယုတ်သော မကောင်းဆိုးဝါးများ၏ အသံကို ယဲ့ယဲ့ကြားရသည်မှာ ကျောမချမ်းဘဲမနေနိုင်သည်အထိ ဖြစ်သည်။ နယ်မြေကို ကာမဂုဏ်အာရုံ သာယာကြည်နူးမှု လောကကြီးတစ်ခုအဖြစ် ပြောင်းလဲသွားစေလျက်၊ ဤနယ်မြေထဲက နေရာတိုင်းတွင် သက်တံရောင်စုံရှိသည့် ရုပ်တုဆင်းတုများ ထားရှိသော်လည်း၊ နတ်ဆိုးများ၏ ရှင်ဘုရင်သည် ၎င်း၏ ယုတ်မာသော အကြံအစည် အောင်မြင်သွားသည့်အလား ကောက်ကျစ်စဉ်းလဲစွာ ရယ်မောပြီးရင်း ရယ်မောနေပေသည်။ ထိုအချိန်အတောအတွင်းတွင်၊ လူသားသည် လုံးဝ သတိမမူမိသကဲ့သို့၊ အသိမဲ့လာပြီး ရှုံးနှိမ့်မှုဖြင့် သူ၏ဦးခေါင်း ငိုက်စိုက်ကျသည့် အခြေအနေအထိ နတ်ဆိုးက သူ့ကို ဖျက်ဆီးနှင့်ပြီးဖြစ်သည်ကို သူသည် မည်သည့် အရိပ်အမြွက်မျှ မသိပေ။ ၎င်းသည် ဘုရားသခင်နှင့်ပတ်သက်သည့် အရာတိုင်းကို တစ်ချက်တည်းနှင့် ရှင်းလင်းဖယ်ရှားရန်နှင့် ဘုရားသခင်ကို နောက်တစ်ဖန် ဖျက်ဆီးရမ်းကားပြီး လုပ်ကြံသတ်ဖြတ်ရန် ဆန္ဒရှိလေသည်။ ၎င်းသည် ဘုရားသခင်၏အမှုကို ဖြိုဖျက်ရန်နှင့် နှောင့်ယှက်ရန် ကြံစည်လေသည်။ ၎င်းသည် ဘုရားသခင်ကို တန်းတူအဆင့်အတန်း ဖြစ်ရန် အဘယ်သို့အခွင့်ပြုနိုင်မည်နည်း။ ကမ္ဘာမြေပေါ်တွင် လူတို့အကြား ၎င်း၏အလုပ်ကို ဘုရားသခင် “ဝင်ရောက်စွက်ဖက်ခြင်း” ကို ၎င်းသည် အဘယ်သို့ သည်းခံနိုင်မည်နည်း။ ၎င်း၏ အကျည်းတန်သော မျက်နှာကို ဖော်ထုတ်ရန် ဘုရားသခင်အား အဘယ်သို့နှင့် ခွင့်ပြုနိုင်မည်နည်း။ ၎င်း၏ အလုပ်ကို ဘုရားသခင်က ကစဉ့်ကလျားဖြစ်စေရန် ၎င်းသည် အဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။ ဒေါသဖြင့် ယမ်းပုံမီးကျဖြစ်နေသော ဤနတ်ဆိုးသည် ကမ္ဘာမြေပေါ်ရှိ ၎င်း၏ အင်ပါယာနန်းတော်အပေါ် ဘုရားသခင်အား ထိန်းချုပ်ခွင့် အဘယ်သို့ ပေးနိုင်မည်နည်း။ ၎င်းထက် သာလွန်သော ကိုယ်တော်၏အင်အားကို ၎င်းသည် ဘယ်သို့ လိုလိုလားလား ဦးညွှတ်နိုင်မည်နည်း။ ၎င်း၏ အကျည်းတန်းသော မျက်နှာသည် အဖြစ်ကိုအဖြစ်အတိုင်း ဖော်ထုတ်ခံရပြီးဖြစ်သည်၊ သို့ဖြစ်၍ လူတစ်ဦးအနေဖြင့် ရယ်ရမည်၊ ငိုရမည်ဆိုသည်ကို မသိသကဲ့သို့ ယင်းသည် ပြောဆိုဖို့ရန် အမှန်တကယ် ခက်ခဲလေသည်။ ဤသည်မှာ ၎င်း၏ အနှစ်သာရဖြစ်သည် မဟုတ်လော။ အကျည်းတန်သော ဝိညာဉ်ဖြင့်၊ ၎င်းသည် မယုံနိုင်လောက်အောင်ပင် လှပသည်ဟု ၎င်းက ယုံကြည်ဆဲဖြစ်သည်။ ပြစ်မှုထဲက ဤကြံရာပါ အုပ်စု။ ကမ္ဘာလောကသည် ပြောင်းလဲလွယ်ပြီး မတည်တံ့သော နေရာဖြစ်လာကာ၊ လူသား၏ နှလုံးသားသည် ကြောက်လန့်မှုနှင့် စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်သည်အထိ ၎င်းတို့သည် အမှုအရာများကို အလွန် မွှေနှောက်ကြလျက်၊ ၎င်းတို့သည် အပျော်အပါး၌ မွေ့လျော်ရန်နှင့် ရုတ်ရုတ်သဲသဲဖြစ်စေဖို့၊ သေမျိုးဖြစ်သော နယ်ပယ်ထဲသို့ ဆင်းသက်လာကာ၊ ၎င်းတို့သည် လူသားကို အလွန်ကစားခဲ့ကြသည်မှာ လူသား၏ သွင်ပြင်သည် အလွန့်အလွန် အကျည်းတန်လျက် စိုက်ကွင်း၏ လူမဆန်သော သားရဲတစ်ကောင်၏ သွင်ပြင်ဖြစ်လာပြီးဖြစ်ကာ၊ ယင်းမှ မူလက သန့်ရှင်းသောလူ၏ နောက်ဆုံး အရိပ်အယောင်သည် ပျောက်ဆုံးသွားပြီးဖြစ်သည်။ ထို့အပြင်၊ ၎င်းတို့သည် ကမ္ဘာမြေပေါ်တွင် အချုပ်အခြာအာဏာကို သိမ်းပိုက်ရန်ပင် ဆန္ဒရှိကြ၏။ ၎င်းတို့သည် ဘုရားသခင်၏ အမှုကို အလွန် ပိတ်ဆို့ကြသည်မှာ အရှေ့သို့ နည်းနည်းမျှ တိုးရန် အနိုင်နိုင်ဖြစ်ပြီး၊ ၎င်းတို့သည် လူသားကို ကြေးနီနှင့် သံမဏိတံတိုင်းများတမျှ တင်းကျပ်စွာ ပိတ်ထား၏။ များစွာသော ဆိုးရွားသည့် အပြစ်များကို ကျူးလွန်ပြီး များစွာသော ကပ်ဘေးဒုက္ခများ ဖြစ်စေပြီးနောက်၊ ၎င်းတို့သည် ပြစ်တင်ဆုံးမခြင်းမှလွဲ၍ အခြားတစ်စုံတစ်ရာကို မျှော်လင့်နေကြသေး သလော။ မကောင်းဆိုးဝါးများနှင့် ဆိုးယုတ်သော ဝိညာဉ်များသည် ကမ္ဘာမြေပေါ်၌ အချိန်ကာလတစ်ခုကြာအောင် ဒေါသတကြီး လျှောက်ရမ်းနေခဲ့ပြီး ဘုရားသခင်၏အလိုနှင့် အပင်ပန်းခံ အားထုတ်မှုတို့ကို ပိတ်ပင်ထားခဲ့သည်မှာ ၎င်းတို့သည် ထွင်းဖောက် မရနိုင်ပေ။ အမှန်ပင်၊ ဤသည်မှာ သေထိုက်သော အပြစ်ပါတကား။ ဘုရားသခင်သည် အဘယ်သို့ မစိုးရိမ်ဘဲနှင့် နေနိုင်မည်နည်း။ ဘုရားသခင်သည် အဘယ်သို့ အမျက်ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏အမှုကို ဆိုးရွားစွာ တားဆီးပြီး ဆန့်ကျင်ခဲ့ကြသည်။ ပုန်ကန်လိုက်လေတကား။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)

နှစ်ပေါင်းထောင်ချီကြာ ဤသည်မှာ ညစ်ညူးခြင်း၏ နယ်မြေ ဖြစ်လေပြီ။ ယင်းသည် မခံမရပ်နိုင်လောက်အောင် ညစ်ပတ်ပေရေသည်၊ စိတ်ဆင်းရဲမှုက ပိတ်ဆီးထားသည်၊ တစ္ဆေများသည် လှည့်စားရင်းနှင့် လှည့်ဖြားရင်း၊ အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုရင်း အကြင်နာမဲ့ကာ ရက်စက်ကြမ်းကြုတ်လျက်၊ ဤတစ္ဆေမြို့အား နင်းခြေရင်းနှင့် ယင်းကို အသေကောင်များဖြင့် ပြန့်ကျဲနေစေရစ်လျက်၊ နေရာတကာတွင် ထကြွသောင်းကျန်းကြလေသည်။ ယိုယွင်းပျက်စီးခြင်း၏ အပုပ်နံ့သည် နယ်မြေကို ဖုံးလွှမ်းပြီး လေထုတွင် စိမ့်ဝင်ပျံ့နှံ့ကာ၊ ယင်းသည် အလွန်အကျွံ စောင့်ကြပ်ခြင်းခံရ၏။ မိုးကောင်းကင်များ အလွန်ရှိ လောကကြီးအား မည်သူ မြင်နိုင်သနည်း။ နတ်ဆိုးသည် လူသား၏ ခန္ဓာကိုယ် တစ်ခုလုံးကို တင်းကျပ်စွာ တုပ်နှောင်ထားသည်၊ သူ၏ မျက်လုံးနှစ်ခုလုံးကို ဖုံးအုပ်ပြီး၊ သူ၏နှုတ်ခမ်းများကို ခိုင်မြဲစွာ စေ့စေ့ပိတ်ထားလေသည်။ နတ်ဆိုးများ၏ မင်းသည် ထိုးဖောက်၍ မရနိုင်သော မကောင်းဆိုးဝါးတို့၏ နန်းတော် တစ်ခုအလား တစ္ဆေမြို့အပေါ် အနီးကပ် စောင့်ကြည့်မြဲစောင့်ကြည့်နေချိန်တွင်၊ နှစ်ထောင်ပေါင်း အချို့ကြာ ယနေ့ထက်ထိ သောင်းကျန်းပြီး ဖြစ်သည်။ ထိုအတောအတွင်းတွင်၊ ဤအစောင့်ခွေးအုပ်စုကို ဘုရားသခင်က ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း နေရာ မရှိဘဲ ဖြစ်စေရစ်လျက်၊ ၎င်းတို့ကို အလစ် ဖမ်းဆီးသွားပြီး ၎င်းတို့အားလုံးအား သုတ်သင်ပယ်ရှင်းမည်ကို အလွန်အမင်း ကြောက်ရွံ့နေကြလျက် စိန်းစိန်းဝါးဝါး ကြည့်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြလေသည်။ ဤသို့သော တစ္ဆေမြို့သားများသည် ဘုရားသခင်အား အဘယ်သို့ မြင်တွေ့ဖူးနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ ကြင်နာခြင်းနှင့် ချစ်မြတ်နိုးဖွယ်ကောင်းခြင်းတို့ကို မွေ့လျော်ဖူးကြသလော။ လူ့လောက၏ အရေးကိစ္စများနှင့် ပတ်သက်၍ ၎င်းတို့သည် မည်သည့် နားလည်မှု ရှိကြသနည်း။ ၎င်းတို့အထဲမှ မည်သူသည် ဘုရားသခင်၏ ထက်သန်သော အလိုကို နားလည်နိုင်သနည်း။ ထိုအခါ လူ့ဇာတိခံယူ ဘုရားသခင်သည် လုံးလုံး ကွယ်ဝှက်လျက် ရှိမြဲရှိနေသည်မှာ သိပ်အံ့သြစရာ မဟုတ်ချေ။ မကောင်းဆိုးဝါးများက အကြင်နာမဲ့ပြီး လူမဆန်သည့် ဤကဲ့သို့သော အမှောင်လူ့အဖွဲ့အစည်းတွင် မျက်တောင် တစ်ချက်မျှ မခတ်ဘဲ လူများကို သတ်သော နတ်ဆိုးတို့၏မင်းသည် ချစ်ခင်ဖွယ်ဖြစ်ပြီး ကြင်နာကာ သန့်လည်းသန့်ရှင်းသော ဘုရားသခင်၏ တည်ရှိမှုကို မည်သို့ သည်းခံနိုင်မည်နည်း။ ဘုရားသခင်၏ ကြွရောက်လာခြင်းကို ၎င်းသည် အဘယ်သို့ ဂုဏ်ပြုကာ သြဘာ ပေးနိုင်မည်နည်း။ ဤလက်ပါးစေတို့။ ၎င်းတို့သည် ကြင်နာခြင်းကို မုန်းတီးခြင်းဖြင့် ပြန်ဆပ်ကြသည်၊ ၎င်းတို့သည် ကြာမြင့်စွာကတည်းက ဘုရားသခင်အား အထင်အမြင်သေးကြပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်အား ညှဉ်းပန်းနှိပ်စက်ကြသည်၊ ၎င်းတို့သည် အဆုံးစွန် ရိုင်းစိုင်းကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို အနည်းငယ်မျှ အရေးထားမှု မရှိကြပေ၊ ၎င်းတို့သည် အဓမ္မလုယူကာ လုယက်တိုက်ဖျက်ကြသည်၊ ၎င်းတို့သည် အသိတရား လုံးလုံး ပျောက်ဆုံးကြပြီးဖြစ်သည်၊ အသိတရား အလုံးစုံကို ၎င်းတို့ ဆန့်ကျင်ကြကာ အပြစ်မဲ့သောသူကို အသိစိတ်မဲ့ခြင်းသို့ သွေးဆောင်ကြလေသည်။ ရှေးကာလ၏ ဘိုးဘေး များလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များလော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြ၏။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်ခြင်း နှင့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတစ်ခုတွင် ချန်ထားပြီးဖြစ်၏။ ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။ ဘုရားသခင်၏ အမှုကို မည်သူ လက်ခံယုံကြည်ပြီနည်း။ ဘုရားသခင်၏ အမှုအတွက် မည်သူသည် ၎င်းတို့၏ အသက်ကို စွန့်လွှတ်ပြီနည်း သို့မဟုတ် အသွေးသွန်းပြီးပြီနည်း။ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက်ကြာ၊ မိဘများမှသည် သားသမီးများအထိ၊ ကျွန်ပြုခံရသော လူသားသည် ဘုရားသခင်အား မပြောမဆို ကျွန်ပြုကြပြီး ဖြစ်သည်— အဘယ်သို့လျှင် ဤအရာသည် အမျက်ဒေါသကို မနှိုးဆော်ဘဲရှိနိုင်မည်နည်း။ နှစ်ထောင်ပေါင်းများစွာကြာသည့် အမုန်းတရားကို နှလုံးသားထဲတွင် စုစည်းထားသည်၊ ထောင်ချီနှစ်ကာလကြာ အပြစ်ရှိခြင်းကို နှလုံးသားထက်တွင် ရေးထွင်းထားသည်— အဘယ်သို့လျှင် ဤအရာသည် စက်ဆုပ်ရွံရှာခြင်းကို မလှုံ့ဆော်ဘဲ ရှိနိုင်မည်နည်း။ ဘုရားသခင်၏ရန်သူကို လုံးဝ ဇီဝိန်ချုပ်စေလျက် ၎င်းအား နောက်ထပ် သောင်းကျန်းခွင့်မပြုတော့သကဲ့သို့၊ ၎င်းဆန္ဒရှိသလောက် ပြဿနာများ နောက်ထပ် ဖန်တီးခွင့် မပေးတော့ဘဲ ဘုရားသခင်အတွက် လက်စားချေကြလော့။ ယခု အချိန်ကျပေပြီ။ ဤမကောင်းဆိုးဝါး၏ အကျည်းတန်သော မျက်နှာကို ဆုတ်ဖြဲဖို့ရန်နှင့် မျက်စိကွယ်စေခြင်း ခံခဲ့ရကာ ဆင်းရဲ ဒုက္ခနှင့် အခက်အခဲမျိုးစုံ ကြံ့ကြံ့ခံရပြီးဖြစ်သည့် လူများကို ၎င်းတို့၏ နာကျင်မှုမှ ထပြီး ဤဆိုးယုတ်သော နတ်ဆိုးအိုအား ကျောခိုင်းခွင့်ပေးရန် လူသားသည် ကြာမြင့်စွာကတည်းက သူ၏ ခွန်အား အားလုံးကို စုစည်းပြီးဖြစ်သည်၊ ဤအရာအတွက် သူ၏ အားထုတ်မှုအားလုံးကို ဆက်ကပ်မြှုပ်နှံပြီးဖြစ်ကာ အဖိုးအခတိုင်းကို ပေးဆပ်ပြီးဖြစ်သည်။ ဘုရားသခင်၏ အမှုအဖို့ ထိုသို့သော ထိုးဖောက်၍ မရနိုင်သည့် အတားအဆီးကို အဘယ်ကြောင့် ထူထောင်ရသနည်း။ ဘုရားသခင်၏ လူစုကို လှည့်ဖြားရန် အဘယ်ကြောင့် အမျိုးမျိုးသော လှည့်ကွက်များကို အသုံးချသနည်း။ စစ်မှန်သော လွတ်လပ်မှု၊ တရားဝင် ရပိုင်ခွင့်နှင့် အကျိုးစီးပွားတို့မှာ အဘယ်မှာနည်း။ တရားမျှတခြင်းကား အဘယ်မှာနည်း။ ကိုယ်စိတ်ချမ်းသာခြင်းကား အဘယ်မှာနည်း။ နွေးထွေးမှုကား အဘယ်မှာနည်း။ ဘုရားသခင်၏ လူများအား လှည့်စားရန် အဘယ်ကြောင့် လှည့်ဖြားတတ်သော အကြံအစည်များကို အသုံးပြုသနည်း။ ဘုရားသခင်၏ ကြွလာခြင်းကို ဖိနှိပ်ရန် အဘယ်ကြောင့် အင်အားသုံးရသနည်း။ ဘုရားသခင်အား သူဖန်ဆင်းခဲ့သည့် ကမ္ဘာမြေကြီးပေါ်တွင် အဘယ်ကြောင့် လွတ်လပ်စွာ သွားလာခွင့်မပြုရသနည်း။ ဘုရားသခင်အား ခေါင်းချစရာ နေရာမရှိသည့်တိုင်အောင် အဘယ်ကြောင့် လိုက်လံဖမ်းဆီးသနည်း။ လူသားတို့ အလယ်တွင် နွေးထွေးမှုကား အဘယ်မှာနည်း။ လူတို့အလယ်တွင် ကြိုဆိုခြင်းကား အဘယ်မှာနည်း။ ဘုရားသခင်၌ ထိုသို့သော အသည်းအသန် တောင့်တခြင်းအား အဘယ်ကြောင့် ဖြစ်စေသနည်း။ ဘုရားသခင်အား အဘယ်ကြောင့် အထပ်ထပ် အော်ခေါ်စေသနည်း။ ဘုရားသခင်အား သူ၏ ချစ်လှစွာသော သားအတွက် စိတ်ပူစေရန် အဘယ်ကြောင့် အတင်းအကျပ် ပြုရသနည်း။ ဤမှောင်မိုက်သော လူ့အဖွဲ့အစည်းတွင် ၎င်း၏ ဆိုးရွားသည့် အစောင့်ခွေးများတို့သည် အဘယ်ကြောင့် ဘုရားသခင်အား သူဖန်ဆင်းခဲ့သည့် ကမ္ဘာလောကအလယ်တွင် လွတ်လပ်စွာ ဝင်ထွက်သွားလာ ခွင့်မပြုရသနည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)

စာတန်သည် လူတို့ကို လှည့်စားခြင်းဖြင့် သူ၏ဂုဏ်သတင်းကို တည်ဆောက်ပြီး သူ့ကိုယ်သူ ဖြောင့်မတ်ခြင်း၏ ဦးစီးခေါင်းဆောင်တစ်ဦးနှင့် စံနမူနာထားရမည့်သူတစ်ဦးအဖြစ် မကြာခဏ သက်သေထူသည်။ ဖြောင့်မတ်ခြင်းကို ကာကွယ်ခြင်းဟူသော ဟန်ဆောင်မှုအောက်၌ စာတန်သည် လူတို့ကို အန္တရာယ်ပြုပြီး သူတို့၏ဝိညာဉ်များကို ဝါးမျိုကာ လူသားကို တွေဝေထိုင်းမှိုင်းစေရန်၊ လှည့်စားရန်နှင့် လှုံ့ဆော်ရန် နည်းလမ်းမျိုးစုံကို အသုံးပြုသည်။ သူ၏ဆိုးယုတ်သည့် အပြုအမူကို လူသားက ထောက်ခံပြီး လိုက်လျောစေရန်၊ ဘုရားသခင်၏သြဇာအာဏာနှင့် အချုပ်အခြာအာဏာကို ဆန့်ကျင်ရာ၌ လူသားကို သူနှင့်ပူးပေါင်းအောင်လုပ်ရန်မှာ သူ၏ပန်းတိုင်ဖြစ်သည်။ သို့သော်လည်း လူတစ်ယောက်က စာတန်၏လျှို့ဝှက်အကြံအစည်များနှင့် အကွက်ချခြင်းများကို ရိပ်စားမိပြီး သူ၏ဆိုးညစ်သည့် အင်္ဂါရပ်များကို ရိပ်စားမိသောအခါ၊ သူ၏နင်းချေခြင်းနှင့် အရူးလုပ်ခြင်းတို့ကို ဆက်မခံချင်တော့သည့်အခါ၊ သို့မဟုတ် သူ့အတွက် ပင်ပန်းကြီးစွာ ဆက်မလုပ်ပေးချင်တော့သည့်အခါ၊ သို့မဟုတ် သူနှင့်အတူ အပြစ်ဒဏ်ခတ်ခြင်းနှင့် ဖျက်ဆီးခြင်းကို မခံချင်သည့်အခါ စာတန်သည် သူ၏ သူတော်စင်နှင့်တူသည့် ယခင်က အင်္ဂါရပ်များကို ပြောင်းပစ်လိုက်သည့်အပြင် ဆိုးယုတ်ပြီး ရက်စက်ကာ အကျည်းတန်၍ ရိုင်းစိုင်းကြမ်းကြုတ်သည့် သူ၏သရုပ်မှန်ကို ထုတ်ဖော်ပြရန်အတွက် သူ၏မျက်နှာဖုံးအတုကို ဆွဲဖြဲလိုက်တော့သည်။ သူ၏ဆိုးယုတ်သည့် စွမ်းအားများကို ဆန့်ကျင်သည့်သူများနှင့် သူ့နောက်လိုက်ဖို့ ငြင်းဆန်သူများအားလုံးကို စာတန်သည် အလွန်ပင် အပြတ်ရှင်းပစ်ချင်သည်။ ဤအချိန်၌ စာတန်သည် ယုံကြည်စိတ်ချရသော၊ လူကြီးလူကောင်းဆန်သော အသွင်အပြင်ကို ပုံဖမ်း၍ မရတော့ပေ။ ထိုအစား သိုးရေခြုံအောက်မှ သူ၏ကြောက်စရာကောင်းပြီး မာရ်နတ်ဆန်သည့် အင်္ဂါရပ်အမှန်များသည် ထုတ်ဖော်ခံရတော့သည်။ စာတန်၏လျှို့ဝှက်အကြံအစည်များသည် သိသာထင်ရှားလာပြီး သူ၏အင်္ဂါရပ်အမှန်များသည် ဖော်ထုတ်ခံရပြီးသည်နှင့် သူသည် ယမ်းပုံမီးကျ ဒေါသထွက်ပြီး သူ၏ရက်စက်ကြမ်းတမ်းမှုကို ဖော်ပြပေလိမ့်မည်။ ဤနောက်တွင် လူများကို အန္တရာယ်ပြုရန်နှင့် ဝါးမျိုရန်ဖြစ်သည့် သူ၏ဆန္ဒသည် ပို၍သာ ပြင်းထန်လာသည်။ ဤသို့ဖြစ်ရခြင်းမှာ လူသားသည် အမှန်တရားကို သတိပြုမိသွားသောအခါ သူဒေါသထွက်သောကြောင့်ဖြစ်၏။ လွတ်လပ်မှုနှင့် အလင်းကို တောင့်တရန်နှင့် စာတန်၏ အကျဉ်းထောင်မှ လွတ်မြောက်ရန်ဖြစ်သည့် လူတို့၏ရည်မှန်းချက်ကြောင့် စာတန်၌ လူသားအပေါ် ပြင်းထန်သည့် အငြိုးဖြစ်ပေါ်လာသည်။ သူ၏ဒေါသသည် သူ၏ဆိုးယုတ်မှုကို ကာကွယ်ရန်နှင့် ထိန်းသိမ်းရန် ရည်ရွယ်ပြီး သူ၏ ရက်စက်ကြမ်းကြုတ်သည့် သဘာဝ၏ ထုတ်ဖော်ခြင်းအမှန်လည်းဖြစ်သည်။

အကြောင်းအရာတိုင်း၌ စာတန်၏အပြုအမူက သူ၏ဆိုးယုတ်သည့် သဘာဝကို ဖော်ပြသည်။ သူ့နောက်လိုက်အောင် လူသားကို လှည့်ဖြားခြင်းငှာ သူ၏အစောပိုင်းအားထုတ်မှုမှစ၍ သူ၏ဒုစရိုက်အမှုများထဲသို့ လူသားကို ဆွဲသွင်းခြင်းဖြစ်သည့် လူသားကို သူအသုံးချခြင်းအထိ၊ သူ၏အင်္ဂါရပ်အမှန်များ ဖော်ထုတ်ခံရသဖြင့် လူသားက သူ့ကို သိမြင်လာပြီး စွန့်ပစ်လိုက်သည့်နောက် လူသားအပေါ် သူအငြိုးထားခြင်းအထိ- လူသားအပေါ် စာတန်လုပ်ဆောင်ခဲ့သော ဆိုးယုတ်သည့် လုပ်ရပ်အားလုံးထဲ၌ စာတန်၏ ဆိုးယုတ်သော အနှစ်သာရကို ဖော်ထုတ်ရန် ပျက်ကွက်သည့် လုပ်ရပ်တစ်ခုမျှ မရှိသကဲ့သို့၊ စာတန်သည် အပြုသဘောဆောင်သည့် အရာများနှင့် ဆက်စပ်မှုမရှိကြောင်းနှင့် စာတန်သည် ဆိုးယုတ်သည့် အရာအားလုံး၏ အရင်းအမြစ်ဖြစ်ကြောင်းကို သက်သေပြရန် ပျက်ကွက်သည့် လုပ်ရပ်တစ်ခုမျှ မရှိပေ။ သူ့လုပ်ရပ်တစ်ခုချင်းစီတိုင်းက သူ၏ဆိုးယုတ်မှုကို ကာကွယ်ပေးပြီး သူ၏ဆိုးယုတ်သည့်လုပ်ရပ်များ ဆက်တည်ရှိနေရန်အတွက် ထိန်းသိမ်းပေးကာ တရားမျှတပြီး အပြုသဘောဆောင်သည့်အရာများနှင့် ဆန့်ကျင်သည့်အပြင် လူသားမျိုးနွယ်၏ ပုံမှန်ဖြစ်တည်မှုဆိုင်ရာ နိယာမများနှင့် အစီအစဉ်ကျမှုတို့ကို ဖျက်ဆီးလေသည်။ စာတန်၏ ဤလုပ်ရပ်တို့သည် ဘုရားသခင်ကို အပြင်းအထန်ဆန့်ကျင်ကြသည်။ ထို့ပြင် ၎င်းတို့သည် ဘုရားသခင့်အမျက်ဒေါသ၏ ဖျက်ဆီးခြင်းကို ခံကြရလိမ့်မည်။ စာတန်၌ ကိုယ်ပိုင်ဒေါသရှိသော်လည်း သူ၏ဒေါသသည် သူ၏ဆိုးယုတ်သည့် သဘာဝကို ဖွင့်ချသည့်နည်းပင်ဖြစ်သည်။ စာတန်အနေဖြင့် စိတ်တိုပြီး ဒေါသအမျက်ခြောင်းခြောင်းထွက်သည့် အကြောင်းရင်းက ဤသို့ဖြစ်သည်- ပြောပြ၍မရနိုင်သည့် သူ၏လျှို့ဝှက်အကြံအစည်များက ပေါ်လွင်သွားသည်၊ သူ၏အကွက်ချစီစဉ်မှုများသည် လွယ်လွယ်နှင့် မလွတ်နိုင်၊ ဘုရားသခင်ကို အစားထိုးရန်နှင့် ဘုရားသခင်ကဲ့သို့ ပြုမူရန်ဟူသည့် သူ၏အထိန်းအကွပ်မဲ့ ရည်မှန်းချက်နှင့် အလိုရမ္မက်တို့သည် ရိုက်ချခံရပြီး ပိတ်ပင်ခံလိုက်ရသည်၊ လူသားမျိုးနွယ်အားလုံးကို ထိန်းချုပ်လိုသည့် သူ၏ပန်းတိုင်သည် ယခု ဘာမျှအရာမထင်ဘဲ ဘယ်တော့မျှ စွမ်းဆောင်ရရှိနိုင်မည်မဟုတ်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)

ကိုးကားရန် အတွက် လူ၏ မိတ်သဟာယပြုခြင်း-

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အပေါ် စီစီပီ၏ တစ်ဟုန်ထိုး ဖိနှိပ်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုက ကမ္ဘာ့ အသိုင်းအဝိုင်းကြား ဂယက်ရိုက်ခြင်းတစ်ခုကို ဖြစ်ပေါ်စေပြီး ဖြစ်သည်။ စီစီပီအနေဖြင့် ဘုရားသခင်ကို ၎င်း၏ ဆန့်ကျင်ခြင်းနှင့် မုန်းတီးမှုတွင် အဘယ်ကြောင့် အလွန် သွေးရူးသွေးတန်း ဖြစ်ရသည်ကို လူများစွာက နားမလည်နိုင်ကြပါ။ ယင်းမှာ စီစီပီသည် ဘုရားမဲ့ နိုင်ငံရေး ပါတီတစ်ခု - သမ္မာတရားနှင့် ဘုရားသခင်ကို ၎င်း၏ မုန်းတီးမှုတွင် ခြားနားသော ဆိုးယုတ်သည့် အုပ်ချုပ်မှုစနစ်တစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။ စစ်မှန်သော ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ကို မြင်ရလျက်၊ စီစီပီသည် အဘယ်ကြောင့် မစိုးရွံ့ဘဲနေနိုင်မည်နည်း၊ အာခံခြင်းနှင့် ရှုတ်ချခြင်းတို့ဖြင့် မတုန့်ပြန်ဘဲ နေနိုင်မည်နည်း။ နောက်ဆုံးသော ကာလအတွင်းတွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သမ္မာတရားများစွာကို ဖော်ပြပြီးဖြစ်သည်၊ ယင်း၏ အများစုကို နှုတ်ကပတ်တော် လူ့ဇာတိ၌ ပေါ်လာ၏ဟူသည့် စာအုပ်တွင် ပြုစုထား၏။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဘာသာတရားအားလုံးနှင့် ဂိုဏ်းဂဏအားလုံးကို လှုပ်ခါစေပြီးဖြစ်သည်။ သခင့်ကို ယုံကြည်သူ များစွာက အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များမှာ သမ္မာတရား ဖြစ်သည်ကို တွေ့မြင်ကြပြီးဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်၏ အသံတော်ဖြစ်ကြောင်း၊ ဘုရားသခင်၏ အမှုတော်ဖြစ်ကြောင်းကို သိမှတ်ကြပြီးဖြစ်ကာ အနန္တတန်ခိုးရှင် ဘုရားသခင်ထံ အားလုံး ပြန်သွားကြပြီး ဖြစ်သည်။ ယခင်ထက် များသော လူအရေအတွက်က အနန္တတန်ခိုးရှင် ဘုရားသခင်အဖို့ ဟောပြောကာ သက်သေခံနေကြသည်။ ဘုရားသခင်နှင့် သမ္မာတရားကို ၎င်း၏ အရူးအမူး စက်ဆုပ်ခြင်းဖြင့် ဘီလူးသရဲစီးသော စီစီပီ အစိုးရသည် ဘုရားသခင်၏ တည်ရှိခြင်းကို အဘယ်သို့ သည်းခံနိုင်မည်နည်း သို့မဟုတ် ကမ္ဘာလောကတွင် သမ္မာတရားကို ဟောပြောပြီး သက်သေခံခွင့်ပြုနိုင်မည်နည်း။ ထို့ကြောင့် စီစီပီသည် အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်အပေါ် တစ်ဟုန်ထိုး ဖိနှိပ်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်း တိုက်ပွဲ တစ်ခုပြီးတစ်ခု စတင်ပြီး ဖြစ်သည်။ ယင်းက ဧဝံဂေလိ ဖြန့်ဝေခြင်းနှင့်ဘုရားသခင်အဖို့ သက်သေခံခြင်းအတွက် မရေတွက်နိုင်သည့် လူများကို ဖမ်းဆီးထားပြီး ဖြစ်ကာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်များစွာကို သိမ်းယူလိုက်ပြီး ဖြစ်သည်။ ဤစာအုပ် မည်မျှ တန်ခိုးကြီးမားသည်၊ ယင်း၏ စကားများက သမ္မာတရားဖြစ်ပြီး လူအားလုံးကို သိမ်းပိုက်နိုင်သည်ကို တိုး၍ မြင်ရလျက်၊ စီစီပီသည် ဤစာကို နေ့စဉ်လေ့လာနေသည်။ ထို့ကြောင့် စီစီပီက အနန္တတန်ခိုးရှင် ဘုရားသခင်ကို မည်မျှ သွားပုပ်လေလွင့်ပြောသည်ဖြစ်စေ၊ ဝေဖန်ပြီး၊ သိက္ခာချပါစေ၊ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ကို လူထုထံ မည်သည့်အခါတွင်မျှ မသိစေဝံ့သကဲ့သို့၊ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြပြီးဖြစ်သည့် အရာကို ထုတ်ဖော်ပြောဆိုချက် တစ်ခုတစ်လေ မပြုဖူးပေ။ အဘယ်ကြောင့် စီစီပီသည် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏အပေါ် အလွန်သိုသိပ်ထားရသနည်း။ အဘယ်ကြောင့် လူတို့ ဤစာအုပ် ဖတ်မည်ကို စိုးရွံ့ရပါသနည်း။ ယင်းမှာ နှုတ်ကပတ်တော် လူ့ဇာတိ၌ ပေါ်လာ၏သည် ဘုရားသခင်၏ မိန့်မြွက်ချက်များ၊ သမ္မာတရား၏ ဖော်ပြချက်နှင့် စစ်မှန်သော အရှေ့အရပ်က လျှပ်ပြက်ခြင်း၏ ပေါ်ထွန်းခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ကမ္ဘာလောက တစ်ခုလုံးက အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများအားတွေ့မြင်ကြမည်ကို၊ အရှေ့အရပ်တွင် ဘုရားသခင် ပေါ်ထွန်းပြီးဖြစ်ကာ စတင်အမှုပြုပြီးဖြစ်သည်ကို၊ အရှေ့အရပ်တွင် လူသား၏ ကယ်တင်ရှင် ပေါ်ထွန်းပြီးဖြစ်ကာ အရှေ့အရပ်တွင် လူသား၏ မျှော်လင့်ချက် ရှိသည်ကို မြင်မည်ကို ကြောက်လန့်နေသည်။ စီစီပီသည် အဆိုးယုတ်ဆုံးနှင့် သမ္မာတရားကို အမုန်းတီးဆုံးသော ဆိုးယုတ်သည့် အစိုးရ ဖြစ်သည်။ လူသားအလယ် သမ္မာတရား ရောက်ရှိခြင်းကို မည်သူမျှ သာ၍ မကြောက်လန့်ကြပါ။ လူသားက သမ္မာတရား လက်ခံပြီး ဘုရားသခင်က ရှင်ဘုရင်အဖြစ် လူသားအလယ် အုပ်စိုးကာ ခရစ်တော်၏ နိုင်ငံတော် ကမ္ဘာမြေတွင် ပေါ်ထွန်းပြီး ထိုသို့ဖြင့် လူသားမျိုးနွယ်ကို အစဉ်ထိန်းချုပ်ခြင်းနှင့် ကမ္ဘာလောကကို အစိုးရခြင်းတည်းဟူသော ၎င်း၏ စက်ဆုပ်ဖွယ် ရည်ရွယ်ချက်အား နှောင့်ယှက်မည်ကို မည်သူမျှ သာ၍ မကြောက်လန့်ပေ။ ယင်းမှာ စီစီပီက ခရစ်တော်ကို ဖမ်းဆီးကာ သတ်ဖြတ်ဖို့ အမြန် ကြိုးစားနေသည့် အကြောင်းရင်း ဖြစ်သည်။ ယင်းက ဝါဒဖြနဖို့နှင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အကြောင်းမဲ့ အမှုဆင်ဖို့၊ မမှန်မကန် စွပ်စွဲဖို့နှင့် သိက္ခာချဖို့ မီဒီယာနှင့် အင်တာနက်တို့ကို အသုံးပြုသည်။ ဘုရားသခင်၏ ရွေးချယ်ထားသူများကို ဖိနှိပ်ဖို့၊ ဖမ်းဆီးပြီး နှိပ်စက်ဖို့ လှည်းနေလှေအောင်းမကျန် စစ်ဆေးရင်း၊ လက်နက်ကိုင် ရဲများကို ချက်ချင်း လှုပ်ရှားစေသည်အထိပင် လုပ်ဆောင်သည်။ စီစီပီ၏ နှိပ်စက်ညှဉ်းပန်းခြင်းအားဖြင့် ပုန်းစရာ နေရာမကျန်ဘဲ၊ ဘုရားသခင်၏ ရွေးချယ်ထားသူများသည် ရေမြေခြားသို့ မဖြစ်မနေ ထွက်ပြေးကြရပြီး ဖြစ်သည်။စီစီပီသည် ၎င်း၏ နယ်စပ်များကို ကျော်လွန်ထွက်ပြေးကြပြီးသည့် ခရစ်ယာန်များအား ရက်စက်မှုနှင့် နှိပ်စက်ညှဉ်းပန်းမှုတို့ကို ရင်ဆိုင်ဖို့ တရုတ်ပြည်သို့ အတင်းအကျပ် ပြန်လာစေရန် ကြိုးပမ်းသည်နှင့်အမျှ အချို့သော နိုင်ငံများအပေါ် ဖိအားပေးဖို့ နိုင်ငံရေး၊ စီးပွားရေးနှင့် သံတမန်ရေးရာ နည်းလမ်းများကို အသုံးပြုလျက်၊ ၎င်း၏ မကောင်းသော လက်များကို နိုင်ငံခြားထိ ဆန့်ထုတ်ဆဲ ဖြစ်သည်။ သာ၍ပင် စက်ဆုပ်ဖွယ်ဖြစ်သည်မှာ စီစီပီသည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ခြိမ်းခြောက်ဖို့ ဤခရစ်ယာန်မိသားစုဝင်များကို ဓားစာခံများအဖြစ် အသုံးပြုလျက်၊ ပြည်ပ နိုင်ငံအမျိုးမျိုးရှိ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို နှောင့်ယှက်တိုက်ခိုက်ရန် ၎င်းတို့ကို နိုင်ငံကူးလက်မှတ်များ လျှောက်ပြီး နိုင်ငံခြားသို့သွားဖို့ အတင်းအကျပ်ပြုလျက်၊ ဤခရစ်ယာန်မိသားစုဝင်များကိုလည်း ဖမ်းဆီးကာ နှိပ်စက်လေသည်။ ယင်းသည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ ခရစ်ယာန်များအား အယောင်ဆောင် နိုင်ငံရေးခိုလှုံခွင့် ရှာဖွေသူများအဖြစ် အမှုဆင်ကာ မမှန်မကန် စွပ်စွဲဖို့ သံတမန်ရေးရာ လမ်းကြောင်းများကို အသုံးပြုရန် ကြိုးစားပြီး၊ ထိုသို့ဖြင့် အသင်းတော်အပေါ် လူထုသဘောထားကို ဆန့်ကျင်စေသည့်၊ အသင်းတော်၏ နာမည်ဂုဏ်သတင်းကို မှေးမှိန်စေကာ ပြည်ပရှိ အစိုးရများနှင့် ပြည်သူများအား အသင်းတော်ကို ဆန့်ကျင်၊ ငြင်းပယ်ရန် လှုံ့ဆော်ပြီး၊ ခရစ်ယာန်များကို ပြည်နှင်ဒဏ်ပေးစေသည့်၊ အလိမ်အညာများကို ဖြန့်ဝေကာ ကောလာဟလများကို လုပ်ကြံဖန်တီးပြီး၊ ထိုသို့ဖြင့် အသင်းတော်၏ ပြည်ပ ဧဝံဂေလိ ဖြန့်ဝေခြင်း အလုပ်ကို ဟန့်တားခြင်း၊ ဖိနှိပ်ခြင်းနှင့် အမြစ်ဖြတ်ခြင်းတည်းဟူသော စီစီပီ၏ ဆိုးယုတ်သော ရည်မှန်းချက်ကို စွမ်းဆောင်ရရှိလေသည်။ အချက်အလက်များက စီစီပီသည် သမ္မာတရားကို စက်ဆုပ်ပြီး ဘုရားသခင်ကို မုန်းတီးသည့် စာတန်နှင့် မကောင်းဆိုးဝါးများဖြင့် ဖွဲ့စည်းထားသည်ကို သက်သေပြပေသည်။ ၎င်းတို့သည် လူတို့ကို ညှဉ်းဆဲပြီး လူတို့၏ ဝိညာဉ်များကို ဝါးမျိုသည့် နတ်ဆိုးများ ဖြစ်သည်။ စီစီပီအနေဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်အပေါ် ၎င်း၏ ဖိနှိပ်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် တိုက်ခိုက်ခြင်းတို့တွင် အလွန် ရက်စက်နိုင်သည်မှာ သမ္မာတရားကို စက်ဆုပ်ပြီး ခရစ်တော်ကို မုန်းသည့် ၎င်း၏ ဘီလူးသရဲစီးသော အနှစ်သာရကြောင့် လုံးဝ ဖြစ်ပေသည်။

အောက်ခြေမှတ်စု(များ)-

၁။ “ဝါးမျို” ဆိုသည်မှာ လူတို့ကို အလုံးစုံ အဓမ္မပြုသော နတ်ဆိုးတို့ ရှင်ဘုရင်၏ ကြမ်းကြုတ်သည့် အပြုအမူကို ရည်ညွှန်းသည်။

၂။ “ပြစ်မှုထဲက ဤကြံရာပါ” ဆိုသည်မှာ “လူရမ်းကားတစ်သိုက်” နှင့် အမျိုးအစားတူသည်။

၃။ “အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုရင်း” သည် နတ်ဆိုးက လူတို့အား ဘေးပြုရန် သုံးသော နည်းစနစ်များကို ရည်ညွှန်းသည်။

၄။ “အလွန်အကျွံ စောင့်ကြပ်ခြင်း ခံရ၏” ဆိုသည်မှာ မာရ်နတ်က လူတို့အား နှိပ်စက်ဖိစီးရာတွင် သုံးသော နည်းစနစ်များသည် အထူးသဖြင့် ရက်စက်ပြီး၊ လူတို့ကို အလွန်တရာ ထိန်းချုပ်သည်မှာ ၎င်းတို့သည် လှုပ်ရှားရန် နေရာမရှိသည်ကို ညွှန်ပြသည်။

အရှေ့သို့- သမ္မာကျမ်းစာထဲတွင်၊ ပေါလုက၊ “အစိုရသော မင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ အကြောင်းမူကား၊ ဘုရားသခင်၏ အခွင့်မရှိလျှင်၊ မင်းအာဏာစက်မရှိ။ အာဏာစက်ရှိသမျှသည် ဘုရားသခင် ခန့်ထားတော်မူရာဖြစ်သတည်း။ ထိုကြောင့်၊ မင်းအာဏာကို ဆန်သောသူသည် ဘုရားသခင် စီရင်တော်မူရာကို ဆန်သောသူဖြစ်၏။ ထိုသို့ဆန်သောသူသည် ရာဇဝတ်ကို ခံရမည်။” (ရောမဩဝါဒစာ ၁၃:၁-၂) ဟု ဆိုထားသည်။ ပေါလု၏ စကားများအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းဖြင့်၊ အရာခပ်သိမ်းတွင် အာဏာရ အာဏာစက်ကို ကျွန်ုပ်တို့ ကျိုးနွံနာခံသင့်ပေသည်။ သို့သော်၊ ဘုရားမဲ့ဝါဒီ တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် ၎င်း၏ သမိုင်းတစ်လျှောက်တွင် ဘာသာရေး ယုံကြည်မှုကို နှိပ်စက်ညှဉ်းပန်းပြီးဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို ရန်လိုပြီး၊ သခင့်ကို ယုံကြည်ဖို့ ခွင့်မပြုသည်သာမက ဧဝံဂေလိတရားကို ဖြန့်ဝေပြီး ဘုရားသခင်ကို သက်သေခံသူများကိုလည်း ဖမ်းဆီးကာ နှိပ်စက်လေသည်။ ကျွန်ုပ်တို့အနေဖြင့် တရုတ်ကွန်မြူနစ် အစိုးရကို ဦးညွှတ်ပါက၊ သခင့်ကို ယုံကြည်မှု ရပ်တန့်လိုက်ပြီး ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းနှင့် ဘုရားသခင်ကို သက်သေခံခြင်း ရပ်တန့်လိုက်ပါက၊ ကျွန်ုပ်တို့သည် သခင့်ကို ဆန့်ကျင်ကာ ကျောခိုင်းခြင်းအားဖြင့် စာတန်၏ ဘက်တွင် ရပ်တည်နေကြခြင်း ဖြစ်လိမ့်မည် မဟုတ်ပါလား။ ဤအရာကို ကျွန်ုပ် သဘောမပေါက်နိုင်ပါ- အာဏာရ အာဏာစက်နှင့်ဆိုင်သည့် ကိစ္စရပ်များတွင် သခင်၏ အလိုတော်နှင့် ကိုက်ညီဖို့ ကျွန်ုပ် မည်သည့်အရာကိုသာ လုပ်ဆောင်ရမည်နည်း။
နောက်တစ်ခုသို့- တရုတ် ဖွဲ့စည်းပုံအခြေခံ ဥပဒေက ဘာသာရေး ယုံကြည်မှု လွတ်လပ်ခွင့်ကို ရှင်းလင်းစွာ ပြဋ္ဌာန်းသည်။ ဘုရားသခင်၌ ယုံကြည်မှုသည် ပြောင်းလဲမရနိုင်သည့် အခြေခံသဘောတရားဖြစ်သည်၊ ယင်းသည် ဆင်ခြင်တုံတရားနောက်လိုက်ပြီး ဥပဒေနှင့် အညီဖြစ်သည်။ သို့ဆိုလျှင် တရုတ်ကွန်မြူနစ်ပါတီသည် တရုတ်လူမျိုးများကို ၎င်းတို့၏ ယုံကြည်မှု လွတ်လပ်ခွင့်ကို ပိတ်ပင်ထားလျက်၊ ဘာသာရေး ယုံကြည်မှုကို အဘယ်ကြောင့် တိုက်ခိုက်ကာ၊ ဖိနှိပ်ပြီး မျိုးဖြုတ်ဖို့ ကြိုးစားသနည်း။ ယင်းက အဘယ်ကြောင့် ခရစ်ယာန်များကို ဖိနှိပ်ဖို့၊ နှိပ်စက်ညှဉ်းပန်းဖို့နှင့် သေသည်အထိ ညှဉ်းဆဲဖို့ပင် လုံးလုံးလျားလျား ပြောင်းလဲပစ်သော နည်းလမ်းများကို အသုံးပြုရင်း၊ ခရစ်ယာန်များကို အဓိက ရာဇဝတ်သားများအဖြစ် ဆက်ဆံကြသနည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်တော်နားမလည်တာက အရှေ့အရပ်က လျှပ်ပြက်ခြင်းက စစ်မှန်တဲ့လမ်းဆိုရင် တရုတ်ကွန်မြူနစ်ပါတီ အစိုးရက ဘာဖြစ်လို့ အတင်းအကျပ် ဆန့်ကျင်နေရတာလဲ ဘာသာရေးခေါင်းဆောင်တွေကရော ဘာဖြစ်လို့ သဲသဲမဲမဲ ရှုံ့ချကြတာလဲ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေကလည်း တရုတ်ကွန်မြူနစ်ပါတီအစိုးရရဲ့ အညှဉ်းဆဲမခံရတာလည်း မဟုတ်ဘဲနဲ့ ဒါပေမဲ့ အရှေ့အရပ်က လျှပ်ပြက်ခြင်းနဲ့ ပတ်သက်လာရင် ဘုရားသခင်ကို အစေခံတဲ့ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက ဘယ်လိုများ တရုတ်ကွန်မြူနစ်ပါတီအစိုးရလို တူညီတဲ့အမြင်နဲ့ အကျင့်စရိုက်တွေရှိနေနိုင်ရတာလဲ နောက်ကွယ်က အကြောင်းပြချက်က ဘာလဲဆိုတာကိုပဲ။

အဖြေ- သမ္မာကျမ်းစာက ပြောတာ "… လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကြသည်ကို၎င်း ငါတို့သိကြ၏။" (ရှင်ယောဟန်ဩဝါဒစာပဌမစောင် ၅:၁၉)...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။