ကျွန်ုပ်သည် သခင်ယေရှုကို နှစ်ပေါင်းများစွာကြာ ယုံကြည်ပြီးဖြစ်ကာ၊ သခင်ယေရှုက လူ့ဇာတိခံလာသည့် ဘုရားသခင် ဖြစ်သည်ကို ကျွန်ုပ် သိသော်လည်း၊ လူ့ဇတိခံယူခြင်းနှင့်ဆိုင်သည့် သမ္မာတရားကို ကျွန်ုပ် အပြည့်အဝ နားမလည်ပါ။ သခင်ပြန်ကြွလာချိန်တွင်၊ သူသည် လူသားအဖြစ် အမှုပြုလျက်၊ သခင်ယေရှုအဖြစ် အမှန်တကယ် မပေါ်ထွန်းပါက၊ သူ့ကို သတိပြုမိဖို့ သို့မဟုတ် သူ၏ ကြွလာခြင်းကို ကြိုဆိုဖို့ ကျွန်ုပ်တို့အတွက် ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။ လူ့ဇာတိခံယူခြင်းသည် နက်နဲမှုတစ်ခုဖြစ်ပြီး လက်တစ်ဆုပ်စာ လူများကသာ လူ့ဇာတိခံယူခြင်း၏ နက်နဲမှုကို နားလည်သည်ဟု ကျွန်ုပ် ခံစားရသည်။ ကျေးဇူးပြုပြီး လူ့ဇာတိခံယူခြင်းက မည်သည့်အရာ အတိအကျဖြစ်သည်ကို ကျွန်ုပ်နှင့်အတူ မိတ်သဟာယပြုပါ။

18.11.2021

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁:၁)

“နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။” (ရှင်ယောဟန်ခရစ်ဝင် ၁:၁၄)

“မှန်သောကိုးကွယ်ခြင်း၏ နက်နဲသောအရာသည် ကြီးစွာသောအရာဖြစ်သည်ဟု ငြင်းခုံရန်မရှိ။ ဘုရားသခင်သည် ကိုယ်ခန္ဓာ၌ ပေါ်ထွန်းတော်မူပြီ။ ဟုတ်မှန်တော်မူခြင်းအကြောင်းသည် ဝိညာဉ်တော်အား ဖြင့် ထင်ရှားပြီ။ ကောင်းကင်တမန်တို့သည် ကိုယ်တော်ကို ရှုမြင်ရကြပြီ။ တပါးအမျိုးသားတို့သည် သိတင်းတော်ကို ကြားရကြပြီ။ လောကီသားတို့သည် ယုံကြည်ရကြပြီ။ ဘုန်းအသရေနှင့်တကွ အထက်သို့ ဆောင်ယူခြင်းကို ခံတော်မူပြီ။” (တိမောသေဩဝါဒစာပဋ္ဌမစောင် ၃:၁၆)

ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။ သင်တို့သည် ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကို မသိဘဲမနေကြ။ ယခုမှစ၍ ခမည်းတော်ကိုသိမြင်ကြ၏ ဟု မိန့်တော်မူ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၆-၇)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

“လူ့ဇာတိခံယူခြင်း” သည် ဘုရားသခင် လူ့ဇာတိတွင် ပေါ်ထွန်းခြင်း ဖြစ်သည်၊ သူ၏ ဖန်ဆင်းခံ လူသားမျိုးနွယ်အကြားတွင် လူ့ဇာတိပုံသဏ္ဌာန်ဖြင့် အလုပ်လုပ်၏။ ထို့ကြောင့် ဘုရားသခင်အဖို့ လူ့ဇာတိခံယူရန်မှာ ရှေးဦးစွာ သူသည် ဇာတိပကတိ ဖြစ်လာရမည်၊ သာမန်လူ့သဘာဝနှင့် ဇာတိပကတိ ဖြစ်လာရမည်၊ ဤအရာမှာ အခြေခံအကျဆုံးသော မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ အမှန်တွင် ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ သွယ်ဝိုက်သော အနက်အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိထဲတွင် အသက်ရှင်၍ အလုပ်လုပ်ခြင်း၊ ဘုရားသခင်သည် သူ၏ အနှစ်သာရ၌ လူ့ဇာတိခံယူခြင်း၊ လူသားတစ်ယောက် ဖြစ်လာခြင်းပင်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ

လူ့ဇာတိခံ ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်က ဆင်မြန်းထားသည့် ဇာတိခန္ဓာ ဖြစ်သည်။ ဤဇာတိခန္ဓာသည် အသွေးအသားရှိသည့် မည်သည့် လူနှင့်မျှ မတူညီပေ။ ဤသို့ ကွဲပြားခြားနားရခြင်းမှာ ခရစ်တော်သည် အသွေးအသားနှင့် မဆိုင်သောကြောင့် ဖြစ်သည်။ သူသည် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်၏။ သူသည် ပုံမှန်လူ့သဘာဝနှင့် ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်ခုလုံးရှိသည်။ သူ၏ ဘုရားသဘောသဘာဝကို မည်သည့်လူကမျှ မပိုင်ဆိုင်ပေ။ သူ၏ဘုရားသဘောသဘာဝက ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုကို ဆောင်ရွက်နေစဉ်တွင်၊ သူ၏ ပုံမှန်လူ့သဘာဝက ဇာတိခန္ဓာထဲက သူ၏ ပုံမှန် လှုပ်ရှားမှု အားလုံးကို အားဖြည့်ပေးလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်၏ အနှစ်သာရမှာ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို နာခံခြင်းဖြစ်သည်

လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့် အတွက်၊ သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။ အကယ်၍ လူတို့သည် သူ၏ အပြင်ပန်း သွင်ပြင်ကိုသာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ အကျိုးဆက်အနေဖြင့် သူ၏ အနှစ်သာရကို သတိမမူမိပါက၊ ဤအရာက လူသည် မသိနားမလည်သကဲ့သို့ ပညာမဲ့ဖြစ်သည်ကို ပြပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား

သူ၏လူ့သဘာဝသည် သူ၏ခန္ဓာဆိုင်ရာ အနှစ်သာရအတွက် တည်ရှိခြင်းဖြစ်သည်၊ လူ့သဘာဝ မရှိဘဲနှင့် လူ့ဇာတိ မရှိနိုင်၊ လူ့သဘာဝမရှိသော ပုဂ္ဂိုလ်တစ်ယောက်သည်လည်း လူသားတစ်ဦး မဟုတ်ပေ။ ဤနည်းအားဖြင့် ဘုရားသခင်၏ ဇာတိပကတိ၏ လူ့သဘာဝသည် ဘုရားသခင် ခံယူထားသော ဇာတိပကတိ၏ ပင်ကိုဂုဏ်ဒြပ်ဖြစ်သည်။ “ဘုရားသခင်သည် လူ့ဇာတိခံယူသောအခါ သူသည် အကြွင်းမဲ့ ဘုရား၏သဘောသဘာဝ ဖြစ်ပြီး၊ လူသားလုံးဝမဟုတ်” ဟု ဆိုခြင်းသည် ဘုရားသခင်ကို စော်ကားခြင်းပင်ဖြစ်သည်၊ အကြောင်းမှာ ဤထွက်ဆိုချက်မျိုး လုံး၀မရှိဘဲ၊ လူ့ဇာတိခံယူခြင်း၏ အခြေခံသဘောတရားကို ချိုးဖောက်သောကြောင့် ဖြစ်သည်။ သူ၏အမှုတော်ကို စတင်ထမ်းဆောင်သည့် နောက်ပိုင်းတွင်ပင်လျှင်၊ သူ၏အလုပ်ကို ဆောင်ရွက်ချိန်၌ သူသည် သူ၏ ဘုရားသဘောသဘာဝထဲ၌ လူသားအပြင်ပန်းကိုယ်ထည်နှင့်အတူ နေထိုင်ဆဲပင်ဖြစ်သည်၊ ထိုအချိန်၌ပင် သူ၏လူ့သဘာဝသည် သူ၏ဘုရားသဘောသဘာဝကို သာမန်ဇာတိပကတိ၌ အလုပ်လုပ်စေသည့် ရည်ရွယ်ချက် တစ်ခုတည်းအတွက်သာ ဆောင်ရွက်ပေးသည်။ ထို့ကြောင့် အလုပ်ကို ဆောင်ရွက်သူမှာ သူ၏လူ့သဘာဝထဲတွင် ကိန်းဝပ်နေသည့် ဘုရား၏သဘောသဘာဝ ဖြစ်သည်။ လုပ်ဆောင်နေသည်မှာ သူ၏ဘုရားသဘောသဘာဝဖြစ်ပြီး သူ၏လူ့သဘာဝ မဟုတ်သော်ငြားလည်း ယင်းဘုရား၏သဘောသဘာဝကို သူ၏လူ့သဘာဝထဲ သိုဝှက်ထားသည်၊ အနှစ်သာရအားဖြင့် သူ၏အလုပ်ကို သူ၏ ဘုရား၏သဘောသဘာဝ လုံးလုံးလျားလျားက လုပ်ဆောင်ခြင်းဖြစ်ပြီး သူ၏လူ့သဘာဝက လုပ်ဆောင်ခြင်း မဟုတ်ပေ။ သို့သော်လည်း အလုပ်ကို ထမ်းရွက်သည်မှာကား သူ၏ဇာတိပကတိ ဖြစ်သည်။ သူသည် လူသားတစ်ဦးဖြစ်ပြီး ဘုရားသခင်လည်းဖြစ်သည်ဟု ပြောနိုင်သည်၊ အကြောင်းမှာ ဘုရားသခင်သည် လူ့ကိုယ်ထည်နှင့်၊ လူသားအနှစ်သာရသာမက ဘုရားသခင်၏ အနှစ်သာရပါ ရှိသည့် ဇာတိပကတိထဲတွင် နေထိုင်သည့် ဘုရားသခင် ဖြစ်လာသောကြောင့် ဖြစ်သည်။ သူသည် ဘုရားသခင်၏ အနှစ်သာရနှင့် လူသားတစ်ယောက် ဖြစ်သည့်အတွက် ဖန်ဆင်းခံ မည်သည့်လူသားမဆို၏ အထက်၌ရှိပြီး၊ ဘုရားသခင်၏အလုပ်ကို ဆောင်ရွက်နိုင်သည့် မည်သည့်လူသားမဆို၏ အထက်၌လည်း ရှိသည်။ ထို့ကြောင့် သူကဲ့သို့ပင် လူ့ခန္ဓာအပြင်ပန်းကိုယ်ထည် ရှိကြသည့်သူများထဲတွင်၊ လူ့သဘာဝကို ပိုင်ဆိုင်ကြသည့်သူများထဲတွင်၊ သူတစ်ပါးတည်းသာလျှင် လူ့ဇာတိခံယူသည့် ဘုရားသခင် ကိုယ်တိုင်ဖြစ်ပြီး အခြားသူအားလုံးမှာမူ ဖန်ဆင်းခံလူသားများသာ ဖြစ်သည်။ ထိုသူအားလုံးတို့တွင် လူ့သဘာဝရှိကြသော်လည်း ဖန်ဆင်းခံလူသားများ၌ လူ့သဘာဝမှလွဲ၍ ဘာမျှမရှိကြပေ၊ လူ့ဇာတိခံယူသော ဘုရားသခင်ကမူ ကွဲပြားခြားနားသည်၊ သူ၏ဇာတိပကတိ၌ သူသည် လူ့သဘာဝရှိရုံသာမက ပိုအရေးကြီးသည်မှာ ဘုရား၏သဘောသဘာဝ ရှိနေခြင်းဖြစ်သည်။ သူ၏လူ့သဘာဝကို သူ့ဇာတိပကတိ၏ အပြင်ပန်းသဏ္ဌာန်နှင့် သူ၏နေ့စဉ်အသက်တာတွင် မြင်နိုင်သော်ငြားလည်း သူ၏ဘုရားသဘောသဘာဝကိုမူ သိမြင်ရန် ခက်ခဲသည်။ သူ၏ ဘုရားသဘောသဘာဝသည် သူ၌ လူ့သဘာဝရှိမှသာ ဖော်ပြခြင်း ဖြစ်သည့်အတွက်နှင့် လူများစိတ်ကူးထားသမျှ သဘာဝလွန် မဟုတ်သည့်အတွက်၊ ၎င်းကိုမြင်နိုင်ရန်မှာ လူတို့အဖို့ အလွန်တရာပင် ခက်ခဲလှသည်။ ယနေ့ကာလတွင်ပင် လူ့ဇာတိခံယူသော ဘုရားသခင်၏ စစ်မှန်သော အနှစ်သာရကို နားလည်နိုင်ရန်မှာ လူတို့အတွက် အခက်ခဲဆုံး ဖြစ်သည်။ ထိုအကြောင်းအရာကို ဤမျှရှည်လျားစွာ ငါပြောပြီးသော နောက်ပိုင်းတွင်ပင်၊ သင်တို့အများစုအတွက် ထိုအရာမှာ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုပင် ဖြစ်နေပေဦးမည်ဟု ငါမျှော်လင့်သည်။ အမှန်တွင်၊ ဤအရေးကိစ္စမှာ အလွန်ပင်ရိုးရှင်း၏၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်လာသည့်အတွက်၊ သူ၏ အနှစ်သာရသည် ဘုရား၏သဘောသဘာဝနှင့် လူ့သဘာဝတို့ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ဤပေါင်းစပ်ခြင်းကို ဘုရားသခင်ကိုယ်တော်တိုင်ဟု၊ ကမ္ဘာပေါ်၌ရှိသော ဘုရားသခင် ကိုယ်တော်တိုင်ဟု ခေါ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ

လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်မှာ ရိုးရိုးပုံမှန်လူသား တစ်ယောက်သည် ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်ကို ထမ်းဆောင်ခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသခင်သည် သူ၏ဘုရားသဘောသဘာဝ အလုပ်ကို လူ့သဘာဝနှင့် ထမ်းဆောင်ပြီး၊ ဤနည်းဖြင့် စာတန်ကို နှိမ်နှင်းခဲ့ခြင်းဖြစ်သည်။ လူ့ဇာတိခံယူခြင်း ဆိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိခန္ဓာ တစ်ခု ဖြစ်လာခြင်းကို ဆိုလိုသည်၊ ယင်းသည် ဘုရားသခင်သည် ဇာတိပကတိ ဖြစ်လာခြင်း ဖြစ်သည်၊ ဇာတိပကတိပြုသော အလုပ်မှာ ဇာတိပကတိ၌ ပြည့်မြောက်သော၊ ဇာတိပကတိအားဖြင့် ဖော်ပြသော ဝိညာဉ်တော်၏ အလုပ်ပင်ဖြစ်သည်။ ဘုရားသခင်၏ ဇာတိပကတိမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်ကမျှ လူ့ဇာတိခံယူသော ဘုရားသခင်၏ အမှုတော်ကို ဖြည့်စွမ်းနိုင်ခြင်း မရှိပေ၊ ဆိုလိုသည်မှာ အခြားမည်သူတစ်ဦးမျှ မဟုတ်ဘဲ၊ ဘုရားသခင် ခံယူထားသော လူ့ဇာတိတစ်ခုတည်းသာ၊ ဤသာမန် လူ့သဘာဝ တစ်ခုတည်းသာ ဘုရားသဘောသဘာဝ၏ အလုပ်ကို ဖော်ပြနိုင်သည်။ အကယ်၍ သူ၏ ပထမအကြိမ် ကြွလာခြင်းတွင် ဘုရားသခင်သည် အသက်နှစ်ဆယ့်ကိုးနှစ် မတိုင်ခင်တွင် သာမန် လူ့သဘာဝ မရှိခဲ့ပါက၊ အကယ်၍ သူမွေးဖွားပြီးသည်နှင့် ချက်ချင်းပင် နိမိတ်လက္ခဏာများ ပြုနိုင်ခဲ့မည် ဆိုပါက၊ အကယ်၍ သူစကားပြောတတ်သည်နှင့် ချက်ချင်းပင် ကောင်းကင် ဘာသာစကားကို ပြောနိုင်ခဲ့မည် ဆိုပါက၊ အကယ်၍ ကမ္ဘာပေါ်၌ ပထမဆုံးအကြိမ် သူ၏ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် သူသည် လောကီရေးရာ အားလုံးကို နားလည်သဘောပေါက်ကာ၊ လူပုဂ္ဂိုလ်တိုင်းစီ၏ အတွေးများနှင့် ရည်ရွယ်ချက်များကို ထိုးထွင်းသိမြင်နိုင်မည် ဆိုပါက၊ ထိုသို့သော လူတစ်ဦးသည် သာမန်လူသားတစ်ယောက်ဟု ခေါ်ဆိုခြင်းခံရနိုင်ခဲ့မည် မဟုတ်သည့်အပြင်၊ ထိုသို့သော ဇာတိပကတိမှာလည်း လူသားဇာတိပကတိဟု ခေါ်ဆိုခြင်း ခံနိုင်ခဲ့ရမည် မဟုတ်ပေ။ အကယ်၍ ခရစ်တော်သည် ဤအတိုင်းဖြစ်ခဲ့မည်ဆိုပါက၊ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်နှင့် အနှစ်သာရသည်လည်း ပျောက်ဆုံးသွားမည် ဖြစ်သည်။ သူ သာမန် လူ့သဘာဝ ပိုင်ဆိုင်ခြင်းမှာ သူသည် လူ့ဇာတိခံယူထားသော ဘုရားသခင်ဖြစ်ကြောင်းကို သက်သေပြသည်၊ သာမန်လူသားတစ်ဦး၏ ကြီးထွားမှုဖြစ်စဉ်ကို သူကြုံရသည်ဟူသည့် အချက်သည်လည်း သူသည် သာမန် ဇာတိပကတိ ဖြစ်ကြောင်းကို ဆက်လက် ထင်ရှားစေသည်၊ ထို့အပြင် သူ၏အလုပ်မှာ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်၏ ဝိညာဉ်တော်တို့ လူ့ဇာတိခံယူခြင်းဖြစ်ကြောင်းကို ဖော်ပြသည့် လုံလောက်သော သက်သေပင်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ

လူ့ဇာတိခံယူသော ဘုရားသခင်၏ လူ့သဘာဝသည် ဇာတိပကတိ၌ သာမန် ဘုရားသဘောသဘာဝ၏ အလုပ်ကို ထိန်းသိမ်းရန် တည်ရှိသည်။ သူ၏ သာမန် လူသားအတွေးအခေါ်သည် သူ၏သာမန် လူ့သဘာဝနှင့် သူ၏ ခန္ဓာဆိုင်ရာ လုပ်ဆောင်မှုအားလုံးကို ထောက်မသည်။ သူ၏ သာမန် လူသားအတွေးအခေါ်သည် ဇာတိပကတိ၌ ဘုရားသခင်၏ အလုပ်အားလုံးကို ထောက်မရန် တည်ရှိသည်ဟု ပြော၍ရသည်။ အကယ်၍ ထိုဇာတိခန္ဓာသည် သာမန် လူသားစိတ်ကို မပိုင်ဆိုင်ပါက၊ ဘုရားသခင် ထိုဇာတိပကတိတွင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ၊ ထို့အပြင် ဇာတိပကတိ၌ သူလုပ်ဆောင်ရန် လိုအပ်သည့် အရာကိုလည်း ဘယ်သောအခါမျှ ပြီးမြောက်အောင် လုပ်နိုင်မည် မဟုတ်ပေ။ လူ့ဇာတိခံယူသော ဘုရားသခင်သည် သာမန်လူသား စိတ်ကို ပိုင်ဆိုင်သော်ငြားလည်း၊ သူ၏အလုပ်သည် လူသားအတွေးအခေါ်နှင့် ရောနှောနေခြင်း မရှိပေ၊ စိတ်ရှိသော လူ့သဘာဝကို ပိုင်ဆိုင်ဖို့ လိုအပ်ချက်ဖြင့်၊ သူသည် လူ့သဘာဝထဲမှ အလုပ်ကို သာမန်လူသား အတွေးအခေါ်ကို အသုံးချခြင်းဖြင့် မဟုတ်ဘဲ သာမန်စိတ်နှင့် လုပ်ဆောင်သည်။ သူ့ဇာတိပကတိ၏ အတွေးအခေါ်များ မည်မျှပင် မြင့်မားနေပါစေ၊ သူ၏အလုပ်၌ ဆင်ခြင်တွေးခေါ်မှု သို့မဟုတ် အတွေးအခေါ်ဖြင့် စွန်းထင်းခြင်း မရှိပေ။ တစ်နည်းဆိုရလျှင်၊ သူ၏အလုပ်သည် သူ့ဇာတိပကတိ၏ စိတ်အားဖြင့် အကြံရလာခြင်း မဟုတ်ဘဲ၊ သူ၏ လူ့သဘာဝထဲရှိ ဘုရားသဘောသဘာဝ အလုပ်၏ တိုက်ရိုက် ဖော်ပြချက်ပင် ဖြစ်သည်။ သူ၏ အလုပ်အားလုံးသည် သူကျေပွန်အောင် ဆောင်ရွက်ရန် လိုအပ်သည့် အမှုတော်ပင်ဖြစ်ပြီး၊ ထိုအရာတစ်ခုကမျှ သူ၏ဦးနှောက်အားဖြင့် အကြံရလာခြင်း မဟုတ်ပေ။ ဥပမာအားဖြင့် နာမကျန်းသူကို ကျန်းမာစေခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်းနှင့် ကားတိုင်တွင် အသေခံခြင်းတို့မှာ သူ၏ လူ့စိတ်မှ ထုတ်လုပ်သည့်အရာများ မဟုတ်ပေ၊ ၎င်းအရာများကို လူသားစိတ်ရှိသည့် မည်သည့် လူသားမျှ ဖြစ်မြောက်အောင်မြင်အောင် လုပ်နိုင်မည် မဟုတ်ပေ။ ထိုနည်းတူစွာပင်၊ ယနေ့ကာလ၏ သိမ်းပိုက်ခြင်း အလုပ်သည် လူ့ဇာတိခံယူသော ဘုရားသခင်က ထမ်းဆောင်ရမည့် အမှုတော်ဖြစ်ပြီး၊ ၎င်းမှာ လူသားဆန္ဒမှဖြစ်လာသော အလုပ် မဟုတ်ပေ၊ ၎င်းသည် သူ၏ဘုရားသဘောသဘာဝက လုပ်ဆောင်သင့်သည့် အလုပ်ဖြစ်ပြီး၊ မည်သည့် ဇာတိပကတိ ဆန်သော လူသားကမျှ မစွမ်းဆောင်နိုင်သည့် အလုပ်ဖြစ်သည်။ ထို့ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်သည် သာမန် လူသားစိတ်ကို ပိုင်ဆိုင်ရမည်၊ သာမန် လူ့သဘာဝကို ပိုင်ဆိုင်ရမည်၊ အဘယ်ကြောင့်ဆိုသော် သူ၏အလုပ်ကို သူသည် လူ့သဘာဝ၌ သာမန်စိတ်နှင့် ထမ်းဆောင်ရမည် ဖြစ်သောကြောင့်ဖြစ်သည်။ ဤအရာသည် လူ့ဇာတိခံယူသော ဘုရားသခင်အလုပ်၏ အနှစ်သာရဖြစ်ပြီး၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ အနှစ်သာရ စင်စစ်လည်း ဖြစ်သည်။

ယေရှုသည် အလုပ်ကို မဆောင်ရွက်မီ သူသည် သူ၏သာမန်လူ့သဘာဝတွင်သာ နေထိုင်ခဲ့သည်။ သူသည် ဘုရားသခင်ဖြစ်ကြောင်းကို မည်သူမျှမပြောနိုင်ခဲ့၊ သူသည် လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်ကြောင်းကို မည်သူမျှမသိခဲ့ကြပေ၊ လူတို့က သူ့ကို လုံးလုံးလျားလျား သာမန်လူသားတစ်ယောက်အဖြစ်သာ သိရှိခဲ့ကြသည်။ သူ၏ လုံး၀ ရိုးရိုးသာမန်လူ့သဘာဝမှာ ဘုရားသခင်သည် ဇာတိပကတိထဲသို့ လူ့ဇာတိခံယူခဲ့ပြီးဖြစ်ကြောင်းနှင့် ကျေးဇူးတော်ခေတ်ဆိုသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်၏ အလုပ်၏ခေတ် ဖြစ်ကြောင်း၊ ဝိညာဉ်တော်အလုပ်၏ ခေတ်မဟုတ်ကြောင်း သက်သေပင်ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိပကတိထဲတွင် လုံးလုံး အကောင်အထည်ဖော်ခဲ့ကြောင်းနှင့် ဘုရားသခင်၏ လူ့ဇာတိခံယူသည့်ခေတ်တွင် သူ၏ဇာတိပကတိသည် ဝိညာဉ်တော်၏အလုပ်အားလုံးကို ဆောင်ရွက်မည်ဖြစ်ကြောင်းတို့၏ သက်သေပင်ဖြစ်သည်။ သာမန် လူ့သဘာဝရှိသော ခရစ်တော်သည် ဝိညာဉ်တော်ကို အကောင်အထည်ဖော်သော ဇာတိပကတိဖြစ်ပြီး၊ သာမန် လူ့သဘာဝ၊ သာမန် အသိစိတ်နှင့် လူသားအတွေးအခေါ်တို့ ပိုင်ဆိုင်ထားသည်။ “အကောင်အထည်ဖော်ခံရခြင်း” ဆိုသည်မှာ ဘုရားသခင် လူသားဖြစ်လာခြင်း၊ ဝိညာဉ်တော် လူ့ဇာတိ ခံယူခြင်းကို ဆိုလိုသည်၊ ရှင်းရှင်းပြောရလျှင် ၎င်းမှာ ဘုရားသခင်ကိုယ်တိုင်က ဇာတိပကတိထဲတွင် သာမန် လူ့သဘာဝနှင့် ကိန်းဝပ်ပြီး၊ ၎င်းမှတစ်ဆင့် သူ၏ ဘုရားသဘောသဘာဝ အလုပ်ကို ဖော်ပြခြင်း ဖြစ်သည်၊ အကောင်အထည်ဖော်ခံရခြင်း သို့မဟုတ် လူ့ဇာတိခံယူခြင်း ဆိုသည်မှာ ဤအရာပင်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သခင်ယေရှုသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း ဖြစ်သည်ကို ကျွန်ုပ်တို့အားလုံး သိကြပါသည်။ သူ၏ အမှုတော်ကို ပြည့်စုံစေလျက်၊ သူသည် ကားစင်တင်ခံခဲ့ရပြီးနောက်၊ သူ၏ တပည့်တော်များအားလုံးရှေ့ ပေါ်ထွန်းလျက် ရှင်ပြန်ထမြောက်ခဲ့ပြီး၊ သူ၏ ဘုန်းသရေရှိသော ဝိညာဉ်ခန္ဓာဖြင့် ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သမ္မာကျမ်းစာက၊ “အို ဂါလိလဲလူတို့၊ အဘယ်ကြောင့် ကောင်းကင်သို့ ကြည့်မျှော်လျက် နေကြသနည်း။ သင်တို့နှင့်ခွာ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌၊ ကောင်းကင်သို့ ကြွသွားတော်မူသည်နည်းတူ တစ်ဖန်ကြွလာတော်မူလတ္တံ့။” (တမန်တော်ဝတ္တု ၁:၁၁) ဟု ဆိုသကဲ့သို့ပင် ဖြစ်သည်။ ထို့ကြောင့်၊ သခင် တစ်ဖန်ပြန်ကြွလာသည့်အခါ၊ ယင်းမှာ လူသားထံ ပေါ်ထွန်းသော သူ၏ ရှင်ပြန်ထမြောက်သည့် ဝိညာဉ်ခန္ဓာဖြစ်လိမ့်မည်ဟု သမ္မာကျမ်းစာက အတည်ပြုပါသည်။ နောက်ဆုံးသောကာလတွင်၊ ဘုရားသခင်သည် တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ဖို့ရန် အဘယ်ကြောင့် လူသား၏ အသွေးအသားပုံသဏ္ဍာန်ဖြင့် လူ့ဇာတိခံယူခဲ့ပါသနည်း။ သခင်ယေရှု၏ ရှင်ပြန်ထမြောက်သော ဝိညာဉ်ခန္ဓာနှင့် လူသားအဖြစ် သူ၏ လူ့ဇာတိခံယူခြင်းတို့ကြား ကွဲပြားခြားနားချက်မှာ အဘယ်နည်း။

အဖြေ- ပြန်ကြွလာသည့်သခင်က သူ၏ဝိညာဏကိုယ်နှင့်သာ ထင်ရှားပြ လိမ့်မည်ဟု ယုံကြည်သူအများစုက ယုံကြည်ကြ ပါသည်၊ ယင်းမှာ ထမြောက်ပြီးသည့်နောက်...

“ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်” ဟူသော အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် ဖတ်ရပါသည်။ ဤသည်မှာ အလွန်ကောင်းပြီး၊ အလွန်လက်တွေ့ကျကာ အလွန်အရေးကြီးသော ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းတစ်ပိုဒ်ဖြစ်သည်ဟု ကျွန်ုပ် ထင်သည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အနေဖြင့် ဘုရားသခင့် လူ့ဇာတိခံယူခြင်း၏ ကယ်တင်ခြင်းကို အဘယ်ကြောင့် လက်ခံရရှိရမည်နှင့် စပ်လျဉ်း၍၊ ဤသည်မှာ လူသားက အရေးတကြီး နားလည်ရမည် သမ္မာတရား ရှုထောင့်တစ်ခု ဖြစ်ပါသည်။ ကျေးဇူးပြုပြီး ဤအရာနှင့် ပတ်သက်၍ ကျွန်ုပ်တို့နှင့် အနည်းငယ်ပို၍ ဆွေးနွေးပေးပါ။

အဖြေ- “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်” ဤစာပိုဒ်က ဘုရားသခင်က လူ့ဇာတိခံပြီး...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။