တရားစီရင်ခြင်းဆိုသည်မှာ အဘယ်နည်း။

12.03.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

တရားစီရင်ခြင်းအမှုသည် ဘုရားသခင်ကိုယ်တိုင်၏အမှု ဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင်ကိုယ်တော်တိုင် ဆောင်ရွက် ရမည်မှာ ဟုတ်ပေသည်။ သူ့အစား၊ လူသားက အစားထိုး၍ ဆောင်ရွက် မပေးနိုင်ပေ။ တရားစီရင်ခြင်းသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ဖို့ သမ္မာတရားကို အသုံးပြုခြင်း ဖြစ်သည့်အတွက်၊ လူသားအလယ် ဤအမှုကို ဆောင်ရွက်ရန် ဘုရားသခင်သည် လူ့ဇာတိခံ ပုံသဏ္ဌာန်ဖြင့် ပေါ်ထွန်းဦးမည်မှာ မေးစရာမလိုချေ။ ဆိုလိုသည်မှာ နောက်ဆုံးသောကာလတွင် ခရစ်တော်သည် ကမ္ဘာလောကအနှံ့ရှိ လူတို့ကို သွန်သင်ရန် သမ္မာတရားကို အသုံးပြုမည်ဖြစ်ပြီး၊ သမ္မာတရားအားလုံးကို သူတို့အား သိစေမည်။ ဤသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

“တရားစီရင်ခြင်း” ဟူသော စကားလုံးကို ဖော်ပြသည်နှင့်၊ နေရာအားလုံးသို့ ယေဟောဝါ ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များနှင့် ယေရှုက ဖာရိရှဲတို့ကို ပြောဆိုခဲ့သည့် ပြစ်တင်မောင်းမဲသည့် နှုတ်ကပတ်တော်များကို သင်တို့ စဉ်းစားမိကောင်းစဉ်စားမိနိုင်သည်။ ၎င်းတို့၏ပြင်းထန်မှုများ အားလုံးရှိလင့်ကစား၊ ဤနှုတ်ကပတ်တော်များသည် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်မှု မဟုတ်ပေ။ ယင်းတို့သည် မတူညီသော နောက်ခံအကြောင်းအရာများ ဖြစ်သည့်၊ မတူညီသော ပတ်ဝန်းကျင်များအတွင်း ဘုရားသခင် ပြောဆိုထားခဲ့သည့် နှုတ်ကပတ်တော်များသာ ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် နောက်ဆုံးသောကာလ၌ ခရစ်တော်က လူသားကို တရားစီရင်သည် နှင့်အမျှ သူပြောဆိုထားသော နှုတ်ကပတ်တော်များနှင့် မတူပေ။ နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းများကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ထိန်းချုပ်ခံရနိုင်ပြီး၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းအဖြစ်သို့ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံးခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကျွန်ုပ်တို့ တွေ့ကြုံပြီးနောက်တွင်၊ သမ္မာတရား၏ အရင်းအမြစ်က ဘုရားသခင်ဖြစ်ပြီး အပြုသဘောဆောင်သော အရာအားလုံး၏ အရင်းအမြစ်မှာ ဘုရားသခင်ဖြစ်သည်ဆိုသော အချက်တစ်ချက်ကို ကျွန်ုပ်တို့ မြင်နိုင်သည်။ စာတန်၏ နှောင့်ယှက်ခြင်း၊ ဖောက်ပြန်ပျက်ဆီးခြင်းနှင့် ဘုရားသခင်ကို အာခံသော အပြစ် ရှိသည့်နေရာတိုင်းတွင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ လိုက်လာရန် သေချာသည်။ ဘုရားသခင်၏ တရားစီရင်ခြင်း ရှိသည့်နေရာတိုင်းတွင်၊ သမ္မာတရား၏ ပေါ်ထွန်းခြင်း နှင့် ဘုရားသခင်၏ စိတ်သဘောထား ထုတ်ဖော်ပြခြင်းတို့ ရှိသည်။ သမ္မာတရားနှင့် ဘုရားသခင်၏ စိတ်သဘောထားတို့ကို ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအချိန်ကာလအတွင်းတွင် ထုတ်ဖော်ပြထားသည်။ သမ္မာတရားရှိသော နေရာတွင်သာ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ ရှိကြသည်။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ရှိသော နေရာတွင်သာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ ထုတ်ဖော်ပြခြင်း ရှိသည်။ ထို့ကြောင့်၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ ရှိသော နေရာတိုင်းတွင် ဘုရားသခင့် အမှုတော်၏ ခြေရာများကို ကျွန်ုပ်တို့ တွေ့နိုင်ပြီး ယင်းမှာ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှာဖွေဖို့ အမှန်ကန်ဆုံးသော နည်းလမ်းဖြစ်သည်။ တရားစီရင်မှုကို လုပ်ဆောင်ရန် ဘုရားသခင်သည်သာ သြဇာအာဏာရှိပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို တရားစီရင်ရန် ခရစ်တော်သာ တန်ခိုးအာဏာ ရှိသည်။ ဤအရာက၊ လူသားဖြစ်သော ခရစ်တော်သည် တရားစီရင်ခြင်း၏ အရှင်ဖြစ်သည်ကို အတည်ပြုပြီး ထင်ရှားစေသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမရှိပဲ၊ လူသားတို့သည် သမ္မာတရားကို ရရှိရန် နည်းလမ်းမရှိသလို၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ထုတ်ဖော်ပြသောအရာဖြစ်ပြီး ဘုရားသခင်ကို သိရှိရန် အခွင့်အရေးကို လူသားတို့အား ထောက်ပံ့ပေးသည်။ လူသားတို့ သမ္မာတရားကို သိနားလည်ရာတွင် အသုံးပြုသည့် လုပ်ငန်းစဉ်သည် ဘုရားသခင်ကို ၎င်းတို့ သိရှိရသည့် လုပ်ငန်းစဉ်ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အတွက် သမ္မာတရားမှာ တရားစီရင်ခြင်း၊ စိစစ်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ ဖြစ်သည်။ သမ္မာတရားက ထုတ်ဖော်ပြသောအရာမှာ အတိအကျပင် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်တော် နှင့် အမျက်ဒေါသတို့ဖြစ်သည်။ သမ္မာတရားကို သိနားလည်သော လူတို့သည် ဖောက်ပြန်ပျက်စီးခြင်းကို စွန့်ပစ်နိုင်ပြီး စာတန်၏ စွမ်းအားမှ ထွက်ပြေးလွတ်မြောက်နိုင်ကြသည်။ ဤသည်မှာ လုံးဝ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တန်ခိုးအာဏာ နှင့် အနန္တတန်ခိုးရှိခြင်းကြောင့် ဖြစ်သည်။ သမ္မာတရားကို လူတို့ သိနားလည်ပြီး ရရှိခွင့်ပြုဖို့ရန် ဘုရားသခင်သည် လူတို့ကို ကယ်တင်ပြီး စုံလင်စေသည်။ သမ္မာတရားကို လူတို့ နားလည်လေလေ၊ ဘုရားသခင်ကို သိလေလေဖြစ်သည်။ ဤနည်းလမ်းဖြင့်၊ လူတို့သည် ဖောက်ပြန်ပျက်စီးခြင်းကို ပယ်ရှင်းနိုင်ပြီး သန့်စင်မှုကို ရရှိနိုင်ပေသည်။ လူတို့သည် သမ္မာတရားကို အသက်ရှင်နေထိုင်ပြီး သမ္မာတရား၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ကြသောအခါ၊ ၎င်းတို့သည် အလင်းထဲတွင် အသက်ရှင်ကြလိမ့်မည်၊ ချစ်ခြင်းမေတ္တာထဲတွင် အသက်ရှင်ကြလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်ကြလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ခရစ်တော်က သမ္မာတရားကို ဟောပြီး တရားစီရင်ခြင်းကို ချမှတ်ခြင်းအားဖြင့် ရရှိသော ရလဒ်များ ဖြစ်သည်။ အမှန်တွင်၊ ဘုရားသခင်အားဖြင့် မိန့်ဆိုသော နှုတ်ကပတ်တော်အားလုံးသည် သမ္မာတရားဖြစ်ပြီး လူသားမျိုးနွယ်၏ တရားစီရင်ခြင်း ဖြစ်ပေသည်။ မည်သည့် ခေတ်ဖြစ်ပါစေ၊ ဘုရားသခင် မိန့်ဆိုသော စကားများတွင် တရားစီရင်ခြင်း၏ သက်ရောက်မှုရှိသည်။ ပညတ်တော်ခေတ်တွင်၊ ယေဟောဝါ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ တရားစီရင်ခြင်း ဖြစ်ခဲ့သည်။ ကျေးဇူးတော်ခေတ်တွင်၊ သခင်ယေရှု မိန့်ဆိုခဲ့သော စကားများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ တရားစီရင်ခြင်း ဖြစ်ခဲ့သည်။ ယခု၊ နိုင်ငံတော်ခေတ်တွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်က သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုတော်တွင် မိန့်ဆိုသောအရာအားလုံးသည် နောက်ဆုံးတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ လူသားမျိုးနွယ်အပေါ် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့သည် ဘုရားသခင်၏ အကြီးမြတ်ဆုံးသော ချစ်ခြင်းမေတ္တာဖြစ်ကြောင်း လူသားမျိုးနွယ်အား တွေ့မြင်စေနိုင်လိမ့်မည်ဖြစ်သော နောက်ထပ် တရားစီရင်ခြင်းပင် ဖြစ်ပေသည်။ လူသားမျိုးနွယ်ထံ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ ပေးအပ်သောအရာမှာ ကယ်တင်ခြင်းနှင့် စုံလင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံခြင်းနှင့် နာခံခြင်းတို့အားဖြင့်သာ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝသော ကယ်တင်ခြင်းကို ရရှိပေသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ငြင်းပယ်သော သူအားလုံးသည်၊ ဘုရားသခင်၏ ပြစ်ဒဏ်ပေးခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး ပျက်စီးခြင်းနှင့် ပျက်သုန်းခြင်းထဲသို့ ကျဆင်းလိမ့်မည်...။

အထက်အရပ်မှ မိတ်သဟာယပြုခြင်း မှ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။