ကျွန်ုပ်သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလအမှုကို လက်ခံပြီ၊ ဘုရားကျောင်းက ညီကိုမောင်နှမတို့ကို ဧဝံဂေလိ ဝေဌချင်တယ်၊ ဒါပေမဲ့ သူတို့လက်ခံကြမှာမဟုတ်ဘူး၊ ကျွန်ုပ်ကို စွန့်ပစ်ပြီး မခေါ်ဘဲနေရင် ကျွန်ုပ် စိတ်မကောင်းဖြစ်နေရမယ်၊ သူတို့ကို ဧဝံဂေလိမဝေဌချင်တော့ဘူး၊ ဒီလိုပတ်ဝန်းကျင်မှာ ကျွန်ုပ်ဘယ်လိုလုပ်မှ ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီနိုင်မလဲ။

18.05.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ငါတို့၏ဖြစ်တည်မှုအလုံးစုံသည် ဘုရားသခင်ထံမှလာပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် တည်ရှိသည့်အတွက်၊ လူသားမျိုးနွယ်ဝင်များနှင့် ဘုရားတရားကိုင်းရှိုင်းသော ခရစ်ယာန်များ အနေဖြင့် ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းခြင်းအတွက် ငါတို့၏ စိတ်နှင့် ခန္ဓာများကို ဆက်ကပ်ပူဇော်ရန်မှာ ငါတို့အားလုံး၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ အကယ်၍ ငါတို့၏စိတ်နှင့် ခန္ဓာတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်၏ ဖြောင့်မတ်ခြင်း အကြောင်းတရားအတွက် မဟုတ်ပါက၊ ငါတို့၏ ဝိညာဉ်များသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် မာတုရဖြစ်ခဲ့ကြသူများနှင့် ထိုက်တန်လိမ့်မည် မဟုတ်သကဲ့သို့၊ ငါတို့ကို အရာရာ ထောက်ပံ့ပေးပြီးဖြစ်သည့် ဘုရားသခင်အတွက် များစွာသာ၍ ထိုက်တန်လိမ့်မည် မဟုတ်ချေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်

သင် ထမ်းထားရသည့် ဝန်ထုပ်ဝန်ပိုးများ၊ သင်၏ စေခိုင်းချက်တာဝန်နှင့် သင်၏ တာဝန်ဝတ္တရားများကို သင်သိရှိသလော။ သမိုင်းတွင်သည့် တာဝန်နှင့်သက်ဆိုင်သော သင်၏အသိစိတ် ဘယ်မှာနည်း။ နောင်လာမည့်ခေတ်တွင် သခင်အဖြစ် သင် မည်သို့ ပြည့်ပြည့်ဝဝ အစေခံမည်နည်း။ သခင်ဘဝနှင့်သက်ဆိုင်၍ အားကောင်းသော အသိစိတ်တစ်ခု သင်၌ ရှိသလော။ အရာခပ်သိမ်းတို့၏ သခင်ကို သင် မည်သို့ ရှင်းပြမည်နည်း။ ယင်းသည် အသက်ရှင်သော သတ္တဝါအားလုံးနှင့် ကမ္ဘာလောကထဲရှိ ရုပ်ဝတ္ထုအရာအားလုံး၏ သခင် အမှန်တကယ် ဟုတ်သလော။ အမှု၏ နောက်တစ်ဆင့် တိုးတက်မှုအတွက် သင်၌ မည်သည့်အစီအစဉ်များ ရှိသနည်း။ သင့်ကို ၎င်းတို့၏ သိုးထိန်းအဖြစ် လူမည်မျှက စောင့်မျှော်နေကြပါသနည်း။ သင်၏အလုပ်တာဝန်သည် ကြီးလေးသောအရာတစ်ခုလော။ ၎င်းတို့သည်- လမ်း အဘယ်မှာ ရှိသနည်းဟု အမှောင်ထဲတွင် မြည်တမ်းလျက်- ဆင်းရဲ မွဲတေကြသည်၊ သနားဖွယ် ဖြစ်ကြသည်၊ မျက်စိကန်းကြပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေကြပေသည်။ ဥက္ကာပျံကဲ့သို့ ရုတ်တရက် သက်ဆင်းပြီး လူကို နှစ်ပေါင်းများစွာ ဖိနှိပ်ထားသည့် အမှောင်ထု၏အင်အားများကို ဖြိုခွင်းဖို့ အလင်းကို ၎င်းတို့ တမ်းတလေစွ။ ၎င်းတို့ စိုးရိမ်တကြီး မျှော်လင့်သည့် အရာနှင့် ဤအရာအတွက် နေ့ရောညပါ ၎င်းတို့ အောက်မေ့တမ်းတကြပုံ အဆုံးစွန်အတိုင်းအတာကို မည်သူသိနိုင်သနည်း။ အလင်းရောင် ဖြတ်သန်းလင်းလက်သည့် နေ့တွင်ပင်၊ အလွန်အမင်း ဆင်းရဲဒုက္ခ ခံစားနေရသော ဤလူတို့သည် လွတ်မြောက်ရန် မျှော်လင့်ချက်မရှိဘဲ၊ မှောင်မိုက်သော အကျဉ်းတိုက်တစ်ခုထဲတွင် အကျဉ်းကျခံရလျက် ရှိနေကြ၏။ မည်သည့်အခါတွင် ၎င်းတို့ မငိုတော့ဘဲနေမည်နည်း။ မည်သည့်အခါတွင်မျှ အနားပေးခြင်းမခံခဲ့ရသော ဤနုနယ်သော ဝိညာဉ်များ၏ ကံအကြောင်းမလှသည့်ဖြစ်ရပ်မှာ ဆိုးရွားလှပြီး ရက်စက်သော အနှောင်အဖွဲ့များနှင့် အေးစက်သော သမိုင်းတို့ဖြင့် ဤအခြေအနေတွင် ၎င်းတို့ ချည်နှောင်ခံထားရသည်မှာ ကြာမြင့်ပြီဖြစ်သည်။ ၎င်းတို့၏ မြည်တမ်းခြင်းအသံကို မည်သူ ကြားဖူးသနည်း။ ၎င်းတို့၏ စိတ်မချမ်းမြေ့သော အခြေအနေကို မည်သူ မျက်မြင်တွေ့ဖူးသနည်း။ ဘုရားသခင်၏ စိတ်နှလုံးသည် မည်မျှ ဝမ်းနည်းကြေကွဲပြီး စိုးရိမ်ပူပန်သည်ကို သင်တွေးမိဖူးသလော။ သူကိုယ်တိုင်၏ လက်ဖြင့် ဖန်ဆင်းခဲ့သော အပြစ်မဲ့လူသားမျိုးနွယ်သည် ထိုသို့သော ညှဉ်းဆဲမှု ခံစားနေရသည်ကို သူ မည်သို့ မြင်ရက်နိုင်မည်နည်း။ တကယ်တမ်းမူ၊ လူသားများသည် အဆိပ်ခတ်ခံထားရသည့် သားကောင်များ ဖြစ်ကြပေသည်။ လူသားသည် ဤနေ့အထိ ရှင်ကျန်ခဲ့သော်လည်း၊ လူသားမျိုးနွယ်သည် အချိန်ကြာမြင့်စွာ ဆိုးယုတ်သူတစ်ဦး၏ အဆိပ်ခတ်ခံထားရသည်ကို မည်သူ သိခဲ့လိမ့်မည်နည်း။ သင်သည် သားကောင်များထဲမှ တစ်ဦးဖြစ်သည်ကို သင် မေ့လျော့ပြီလော။ သင်သည် ဤအသက်ရှင်ကျန်ရစ်သူများကို ကယ်တင်ဖို့ သင်၏ဘုရားသခင်ကို ချစ်ခြင်းကြောင့် ကြိုးပမ်းရန် လိုလားလျက် မရှိသလော။ လူသားမျိုးနွယ်ကို သူကိုယ်တိုင်၏ သွေးသားသဖွယ် ချစ်ခင်သည့် ဘုရားသခင်ကို ပြန်လည်ပေးဆပ်ရန် သင်၏ အားအင်ဟူသမျှကို ဆက်ကပ်ဖို့ သင် လိုလားခြင်း မရှိသလော။ နောက်ဆုံး စာရင်းချုပ်လိုက်ပါက၊ သင်၏ ထူးခြားသော အသက်တာကို အသက်ရှင်ရန် ဘုရားသခင်၏အသုံးပြုခံရခြင်းကို သင်မည်သို့ အဓိပ္ပာယ် ကောက်မည်နည်း။ သင်သည် ဘုရားတရားကိုင်းရှိုင်းသော ဘုရားသခင်ကို အစေခံသည့် လူတစ်ဦး၏ အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်ဖို့ သန္နိဌာန်နှင့် ယုံကြည်စိတ်ချမှုတို့ အမှန်တကယ် ရှိသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏အနာဂတ်တာဝန်ကို မည်သို့ အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း

ဧဝံဂေလိတရားကို ကျယ်ပြန့်စွာ ဖြန့်ဝေခြင်း၏ရည်ရွယ်ချက်မှာ အဘယ်နည်း။ အမှု၏ ဤအဆင့် စတင်သည့်အချိန်ကတည်းက အဆက်မပြတ် ပြောပြီး ဖြစ်သည်နှင့်အညီ၊ ဘုရားသခင်သည် ခေတ်သစ် တစ်ခုကို စဖို့၊ ခေတ်သစ်တစ်ခုကို မိတ်ဆက်ဖို့နှင့် ခေတ်ဟောင်း တစ်ခုကို အဆုံးသတ်ဖို့ ဤအချိန်တွင် သူ၏ အမှုတော်ကို ဆောင်ရွက်ရန် ကြွလာပြီး ဖြစ်သည်မှာ ယခုအခါ ဤနေရာတွင် ကျွန်ုပ်တို့ တွေ့မြင်နိုင်သည့်၊ ပြီးလျှင် ပြည့်စုံနှင့်ပြီးဖြစ်သည့် အမှန်တရား တစ်ခုဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် အမှုတော်အသစ်ကို ဆောင်ရွက်နေပြီး၊ ဤနေရာရှိ လူများသည် ဤအမှုတော်အသစ်ကို လက်ခံနှင့်ပြီး ဖြစ်ကာ၊ ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်တို့မှ ထွက်လာနှင့်ပြီးဖြစ်သည်၊ သမ္မာကျမ်းစာကို မဖတ်တော့ဘဲ၊ ကားတိုင် အောက်တွင် မရှင်သန်တော့ဘဲ၊ ကယ်တင်ရှင် သခင်ယေရှု၏ နာမတော်ကို အော်မခေါ်တော့ဘဲ၊ လက်ရှိအချိန်၏ ဘုရားသခင်၏ နာမတော်ကို အားလုံးတစ်ပြိုင်တည်း ဆုတောင်းပြီး ယခုလက်ရှိ ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များကို လက်ခံကာ ထိုနှုတ်ကပတ်တော်များကို ရှင်သန်မှု၏ အခြေခံသဘောတရားများ၊ နည်းစနစ်များနှင့် လူသားအသက်တာ၏ ရည်ရွယ်ချက်များအဖြစ် မှတ်ယူနေကြသည်။ ဤသဘောတရားအရ၊ ဤနေရာရှိလူများသည် ခေတ်သစ်တစ်ခုကို ဝင်ရောက်နှင့်ပြီးဖြစ်သည် မဟုတ်လော။ သို့ဆိုလျှင် ဤဧဝံဂေလိတရားနှင့် ဤနှုတ်ကပတ်တော်များကို လက်မခံသည့် သာ၍များသောသူများသည် မည်သည့်ခေတ်တွင် ရှင်သန်နေသနည်း။ ၎င်းတို့သည် ကျေးဇူးတော်ခေတ်တွင် ရှင်သန်နေဆဲဖြစ်သည်။ ယခုအခါ ဤလူများကို ကျေးဇူးတော်ခေတ်ထဲမှ ခေါ်ဆောင်ဖို့နှင့် ခေတ်သစ်ထဲသို့ ၎င်းတို့ကို ဝင်ရောက်စေဖို့မှာ သင်တို့၏ မွေးရာပါတာဝန် ဖြစ်ပေသည်။ ဆုတောင်းခြင်းနှင့် ဘုရားသခင်၏ နာမတော်ကို ခေါ်ဆိုခြင်းမျှဖြင့်သာ ဤတာဝန်ပေးစေခိုင်းချက်ကို သင် ပြီးမြောက်နိုင်သလော။ ယင်းက ဘုရားသခင်၏ နှုတ်ကပတ်တော် အနည်းငယ်ကို ဟောကြားရုံမျှဖြင့် လုံလောက်သလော။ သေချာပေါက် မလုံလောက်ပေ။ ဤသည်က သင်တို့အားလုံး ဧဝံဂေလိတရား ဖြန့်ဝေခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ကျယ်ပြန့်စွာ ပြန့်ပွားစေခြင်း၊ ထိုနှုတ်ကပတ်တော်များကို ရှေ့ဆက် ဖြန့်ဝေပြီး၊ ထိုနှုတ်ကပတ်တော်များ၏ ဆိုက်ရောက်ခြင်းကို တိုးချဲ့ခြင်းတို့နှင့် သက်ဆိုင်သည့် ဝတ္တရားအတွက် တာဝန်ထမ်းယူရန် လိုအပ်ပေသည်။ “ထိုနှုတ်ကပတ်တော်များ ဆိုက်ရောက်ခြင်းကို တိုးချဲ့” ဖို့ ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက ဘုရားသခင်၏ ဧဝံဂေလိတရားကို ဤနေရာတွင် ရှိသည့် လူများကိုပင် ကျော်လွန်ပြီး ဖြန့်ဝေဖို့ကို ဆိုလိုခြင်း ဖြစ်သည်။ ယင်းက ဘုရားသခင်၏ အမှုတော်အသစ်ကို ပို၍များပြားသော လူများ သတိပြုမိအောင် လုပ်ဆောင် ပြီးနောက်၊ ၎င်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဟောကြားဖို့ကို ဆိုလိုခြင်း ဖြစ်သည်။ ယင်းက ဘုရားသခင်၏ အမှုတော်ကို သက်သေခံဖို့နှင့် ၎င်းတို့ကို ခေတ်သစ်ထဲသို့လည်း ခေါ်ဆောင်ဖို့ သင်တို့၏ အတွေ့အကြုံကို အသုံးပြုရန်ကို ဆိုလိုခြင်း ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့သည် သင်တို့ကဲ့သို့ တစ်ထေရာတည်း ဖြစ်လိမ့်မည်။ ဘုရားသခင်၏ ရည်ရွယ်ချက်သည် အတော်အတန် သိသာထင်ရှား ပေသည်— သူ၏နှုတ်ကပတ်တော်များကို ကြားကာ၊ လက်ခံပြီး၊ ခေတ်သစ်ထဲသို့ သူ့နောက် စတင် လိုက်လျှောက်ပြီးသူများဖြစ်သည့် သင်တို့ကိုသာ သူ ပိုင်ဆိုင်လိမ့်မည် မဟုတ်ချေ။ သူက လူသားမျိုးနွယ် တစ်ရပ်လုံးကို ခေတ်သစ်ထဲသို့ ဦးဆောင်လမ်းပြ လိုသည်။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်ပြီး၊ ဤသည်မှာ လက်ရှိအချိန်တွင် ဘုရားသခင် နောက်ကို လိုက်နေသောသူတိုင်း နားလည် သဘောပေါက်သင့်သည့် သမ္မာတရားတစ်ခုဖြစ်သည်။ ဘုရားသခင်သည် ခေတ်သစ်ထဲသို့ လူတစ်သိုက် သို့မဟုတ် လူနည်းစုတစ်စုကိုသာ ဦးဆောင်လမ်းပြနေခြင်း မဟုတ်ဘဲ၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ခေတ်သစ်ထဲသို့ ဦးဆောင်လမ်းပြနေခြင်း ဖြစ်သည်။ ဤရည်ရွယ်ချက် ပြည့်ဝဖို့ ဧဝံဂေလိတရားကို ကျယ်ပြန့်စွာ ဖြန့်ဝေရန် လိုအပ်ပြီး၊ ထိုသို့ လုပ်ဆောင်ရာတွင် နည်းစနစ် များစွာနှင့် လမ်းကြောင်းများစွာတို့ကို အသုံးပြုဖို့ လိုအပ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၁)” မှ

ဧဝံဂေလိ ဖြန့်ဝေခြင်းသည် လူတိုင်း၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ မည်သည့်အချိန်တွင်မဆို ငါတို့ မည်သည့်အရာကို ကြားသည်ဖြစ်စေ၊ မြင်သည်ဖြစ်စေ သို့မဟုတ် မည်သို့သော ဆက်ဆံမှုမျိုးကို ကြုံရသည်ဖြစ်စေ ဤ ဧဝံဂေလိ ဖြန့်ဝေခြင်း တာဝန်ကို အမြဲ မလျှော့တမ်း လုပ်ဆောင်ရမည်။ မည်သည့်အခြေအနေတွင်ဖြစ်စေ အပျက်သဘောဆောင်ခြင်း သို့မဟုတ် အားနည်းခြင်းတို့ကြောင့် ဤ တာဝန်ကို စွန့်လွှတ်၍ မရပေ။ ဤ ဧဝံဂေလိဖြန့်ဝေခြင်း တာဝန်သည် အဆင်ပြေ ချောမွေ့သော ခရီးလမ်းမဟုတ်ဘဲ အန္တရာယ်ဖြင့် ပြည့်နေသည်။ သင်တို့သည် ဧဝံဂေလိ ဖြန့်ဝေသောအခါတွင် ကောင်းကင်တမန်များ သို့မဟုတ် ဂြိုဟ်သားများ သို့မဟုတ် စက်ရုပ်များနှင့် ရင်ဆိုင်ရမည်မဟုတ်ပေ။ ဆိုးယုတ်ပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၊ အသက်ရှင်သန်နေသော နတ်ဆိုးများ၊ သားရဲများနှင့်သာ သင်တို့ ရင်ဆိုင်ရမည်။ ၎င်းတို့အားလုံးသည် ဤဆိုးယုတ်သည့်နေရာတွင် ရှင်သန်နေသော၊ စာတန်၏ ဖျက်ဆီးခြင်းကို အလွန်အမင်း ခံထားရပြီး ဘုရားသခင်ကို ခုခံသော လူသားမျိုးနွယ်ဖြစ်သည်။ ထို့ကြောင့် ဧဝံဂေလိ ဖြန့်ဝေခြင်း လုပ်ငန်းစဉ်တွင် သိမ်ဖျင်းသော အသေရေဖျက်မှု၊ လှောင်ပြောင်မှုများ၊ အထင်လွဲမှုများကို မဆိုထားနှင့်၊ ပို၍ပင်များပြားသော အန္တရာယ်မျိုးစုံ ဧကန်မုချ ရှိသည်။ သင်သည် ဧဝံဂေလိ ဖြန့်ဝေခြင်းကို တာဝန်တစ်ခု၊ ဝတ္တရားတစ်ခု၊ သင်၏အလုပ်တစ်ခုအဖြစ် အမှန်တကယ် မှတ်ယူလျှင် ဤ အရာတို့ကို သင် မှန်ကန်စွာ သဘောထားနိုင်မည် ဖြစ်ပြီး မှန်မှန်ကန်ကန်ပင် ကိုင်တွယ်နိုင်လိမ့်မည်။ ဤအရာတို့ကြောင့် သင်၏ တာဝန်နှင့် ဝတ္တရားကို သင် စွန့်လွှတ်မည်မဟုတ်သလို ဧဝံဂေလိ ဖြန့်ဝေပြီး ဘုရားသခင်အကြောင်း သက်သေခံဖို့ဖြစ်သည့် သင်၏ မူလ ရည်ရွယ်ချက်မှ သွေဖည်မည်မဟုတ်ပေ။ ဤသည်မှာ သင်၏ တာဝန် ဖြစ်သောကြောင့် ဖြစ်သည်။ ဤတာဝန်ကို မည်သို့ နားလည်သင့်သနည်း။ သင် အသက်ရှင်သည့် ဤဘဝ၏ တန်ဖိုးနှင့် မူလတာဝန်သည် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော် သတင်းကောင်းကို ဖြန့်ဝေရန်နှင့် ဘုရားသခင်၏အမှုတော်၏ ဧဝံဂေလိ တရားကို ဖြန့်ဝေရန်ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ယုံကြည်သူများအားလုံး သမစိတ္တဖြစ်သည့် တာဝန်တစ်ခုဖြစ်သည်” မှ

ယခု သင်တို့အပေါ် ငါ အပ်နှင်းသည့်အရာသည် မောရှေထက် သာလွန်ပြီး ဒါဝိဒ်ကို ညှိုးမှိန်သွားစေသည်၊ ထို့ကြောင့် အလားတူ သင်တို့၏ သက်သေခံချက်သည် မောရှေ၏ သက်သေခံချက်ထက် သာလွန်ရန်နှင့် သင်တို့၏စကားများသည် ဒါဝိဒ်ထက် ကြီးမြတ်ရန် ငါတောင်းဆို၏။ ငါသည် သင်တို့ကို အဆတစ်ရာပေး၏- ထို့ကြောင့် ထိုနည်းတူ ငါ့ကိုလည်း သင်တို့ သာတူညီမျှ ပြန်ပေးရန် ငါတောင်းဆို၏။ ငါသည် လူသားမျိုးနွယ်ထံ အသက် ပေးသူဖြစ်ပြီး၊ ငါ့ထံမှ အသက်ကို ရရှိပြီး ငါ့အတွက် သက်သေခံရမည့်သူမှာ သင်တို့ ဖြစ်သည်ကို သင်တို့သိရမည်။ ဤသည်မှာ သင်တို့အပေါ် ငါ ချမှတ်ပြီး ငါ့အတွက် သင်တို့ လုပ်ပေးသင့်သည့် သင်တို့၏ တာဝန် ဖြစ်သည်။ ငါ၏ ဘုန်းအသရေ အားလုံးကို သင်တို့အား ငါ အပ်နှင်းပြီးဖြစ်သည်၊ ရွေးချယ်ခံရသူများ၊ ဣသရေလအမျိုးတို့ မည်သည့်အခါမျှ မရခဲ့ဖူးသည့် အသက်ကို သင်တို့အား အပ်နှင်းပြီး ဖြစ်သည်။ တရားသဖြင့်ဆိုလျှင်၊ သင်တို့သည် ငါ့အဖို့ သက်သေခံသင့်ပြီး၊ သင်တို့၏ ပျိုရွယ်မှုကို ငါ့ထံ ဆက်ကပ်ကာ သင်တို့အသက်ကို စွန့်သင့်သည်။ ငါ၏ဘုန်းအသရေကို ပေးခံရသော သူ မည်သူမဆိုသည် ငါ၏ သက်သေခံရမည် ဖြစ်ပြီး ငါ့အတွက် ၎င်းတို့၏ အသက်ပေးရမည်။ ဤသည်ကို အချိန်ကြာမြင့်စွာက ငါ ကြိုတင်ပြဋ္ဌာန်းထားပေသည်။ သင်တို့ထံ ငါ၏ဘုန်းအသရေကို ငါ ပေးသည်မှာ သင်တို့၏ ကောင်းမွန်သော အခွင့်အလမ်းဖြစ်ပြီး၊ သင်တို့၏တာဝန်မှာ ငါ၏ ဘုန်းအသရေကို သက်သေခံရန်ဖြစ်၏။‌ ကောင်းချီးမင်္ဂလာများ ရရှိဖို့သာ သင်တို့သည် ငါ့ကိုယုံကြည်လျှင်၊ ငါ၏အမှုသည် အရေးပါမှု အနည်းငယ်သာ ရှိလိမ့်မည်ဖြစ်ပြီး၊ သင်တို့၏တာဝန်ကို သင်တို့ ဖြည့်ဆည်းမည် မဟုတ်ပေ။ ဣသရေလအမျိုးတို့သည် ငါ၏သနားကရုဏာ၊ မေတ္တာနှင့် ကြီးမြတ်မှုတို့ကိုသာ မြင်ခဲ့ကြပြီး၊ ဂျူးလူမျိုးတို့သည် ငါ၏ သည်းခံခြင်းနှင့် ရွေးနုတ်ခြင်းတို့ကိုသာ မျက်မြင်တွေ့ခဲ့ကြသည်။ အလွန့်အလွန် နည်းပါးသည့် ငါ့ဝိညာဉ်တော်၏ အမှုကိုသာ ၎င်းတို့ မြင်ခဲ့ကြသည်မှာ သင်တို့ ကြားကာ မြင်ခဲ့သည့် အရာ၏ တစ်ထောင်ပုံ တစ်ပုံမျှသာ နားလည်ခဲ့ကြသည်အထိ ဖြစ်သည်။ သင်တို့ မြင်ကြပြီး ဖြစ်သည့်အရာမှာ ၎င်းတို့ထဲမှ ယဇ်ပရောဟိတ် အကြီးများထက်ပင် ကျော်လွန်၏။ မျက်မှောက်ခေတ်တွင် သင်တို့ နားလည်ကြသည့် သမ္မာတရားသည် ၎င်းတို့ နားလည်သည်ထက် သာလွန်၏။ မျက်မှောက်ခေတ်တွင် သင်တို့ တွေ့ကြပြီး ဖြစ်သည့်အရာသည် ပညတ်တော်ခေတ်အပြင် ကျေးဇူးတော်ခေတ်တွင် တွေ့ရှိခဲ့သည့်အရာကို ကျော်လွန်ပြီး သင်တို့ ကြုံတွေ့ပြီး ဖြစ်သည့်အရာသည် မောရှေနှင့် ဧလိယတို့ထက်ပင် သာလွန်၏။ အကြောင်းမူကား ဣသရေလအမျိုးတို့ နားလည်ခဲ့ကြသည်မှာ ယေဟောဝါ၏ ပညတ်တရား သာဖြစ်ပြီး၊ ၎င်းတို့မြင်တွေ့ခဲ့သည်မှာ ယေဟောဝါ၏ ကျောသာ ဖြစ်သောကြောင့် ဖြစ်သည်။ ဂျူးလူမျိုးများ နားလည်ခဲ့ကြသည်မှာ ယေရှု၏ ရွေးနုတ်ခြင်းသာ ဖြစ်သည်၊ ၎င်းတို့ ရရှိခဲ့ကြသည်မှာ ယေရှု အပ်နှင်းခဲ့သော ကျေးဇူးတော်သာ ဖြစ်ပြီး၊ ၎င်းတို့ မြင်ခဲ့ကြသည်မှာ ဂျူးလူမျိုးများ၏ အိမ်အတွင်းရှိ ယေရှု၏ ပုံသဏ္ဌာန်ကိုသာ ဖြစ်သည်။ ဤခေတ်၌ သင်တို့ မြင်ကြသည်မှာ ယေဟောဝါ၏ ဘုန်းအသရေ၊ ယေရှု၏ ရွေးနုတ်ခြင်းနှင့် ဤခေတ် ငါ၏လုပ်ဆောင်ချက်အားလုံးဖြစ်၏။ ထို့ကြောင့် သင်တို့သည် ငါ့ဝိညာဉ်၏ စကားများကိုလည်း ကြားကြပြီး ဖြစ်သည်၊ ငါ၏ ဉာဏ်ပညာကို အသိအမှတ်ပြုကြပြီး ဖြစ်သည်၊ ငါ၏အံ့သြဖွယ်ရာ အမှုကို သိလာကြပြီးဖြစ်ကာ၊ ငါ၏ စိတ်သဘောထားကို သင်ယူကြပြီးဖြစ်သည်။ ငါ၏စီမံခန့်ခွဲမှု အစီအစဉ် အားလုံးကိုလည်း သင်တို့အား ငါပြောပြပြီးဖြစ်၏။ သင်တို့ တွေ့မြင်ပြီးဖြစ်သည်မှာ ချစ်ခင်တတ်ပြီး သနားကရုဏာနှင့်ပြည့်စုံသော ဘုရားသခင်မျှ မဟုတ်ဘဲ၊ ဖြောင့်မတ်ခြင်းနှင့် ပြည့်သည့် ဘုရားသခင် ဖြစ်၏။ သင်သည် ငါ၏အံ့သြဖွယ်ရာအမှုကို တွေ့မြင်ပြီးဖြစ်သကဲ့သို့၊ ငါသည် ဘုန်းအာနုဘော်နှင့် အမျက်ဒေါသတို့ဖြင့် ပြည့်လျှမ်းသည်ကို သိရှိပြီးဖြစ်သည်။ ထို့အပြင် တစ်ချိန်က ဣသရေလအမျိုးတို့၏ အိမ်ပေါ်သို့ ငါ၏ ပြင်းထန်သော အမျက်ဒေါသ ကျရောက်စေခဲ့သည်ကို သင်တို့ သိရှိကြပြီး၊ ယခုခေတ်တွင် ယင်းသည် သင်တို့အပေါ် ရောက်လာပြီးဖြစ်သည်ကို သင်တို့ သိကြပေသည်။ သင်တို့သည် ကောင်းကင်ဘုံရှိ ငါ၏နက်နဲသောအရာများကို ဟေရှာယနှင့် ယောဟန်တို့ထက် ပို၍ နားလည်ပေသည်။ သင်တို့သည် ငါ၏ ချစ်ခင်ဖွယ်ကောင်းခြင်းနှင့် ကြည်ညို ကိုင်းရှိုင်းဖွယ် ကောင်းခြင်းတို့ကို အတိတ်ခေတ် ကာလများ၏ သန့်ရှင်းသူအားလုံးထက် ပို၍ သိကြ၏။ သင်တို့ ရရှိပြီးဖြစ်သည်မှာ ငါ၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်မျှ ဖြစ်သည်သာမက ယောဟန် ထက်သာ၍ ကြီးမြတ်သော ရူပါရုံနှင့်ဗျာဒိတ်လည်း ဖြစ်၏။ သင်တို့သည် သာ၍များပြားသော နက်နဲသည့် အရာများကို နားလည်ကြကာ၊ ငါ၏ စစ်မှန်သော မျက်နှာထားကိုလည်း ဖူးမြင်ကြပြီး ဖြစ်သည်။ သင်တို့သည် ငါ၏တရားစီရင်ခြင်းကို ပို၍ လက်ခံကြပြီးဖြစ်ကာ ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ပိုသိရှိကြပြီးဖြစ်သည်။ ထို့ကြောင့် သင်တို့သည် နောက်ဆုံးသောကာလတွင် မွေးဖွားခဲ့ကြသော်လည်း၊ သင်တို့၏ သိနားလည်မှုသည် ယခင်နှင့်အတိတ်က နားလည်မှု ဖြစ်ပြီး၊ ယနေ့ခေတ်၏ အမှုအရာများကိုလည်း သင်တို့ တွေ့ကြုံကြပြီးဖြစ်ကာ ဤအရာကို ငါ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ထားခြင်း ဖြစ်သည်။ ငါသည် သင်တို့ကို အလွန်များလှစွာ ပေးပြီးဖြစ်သကဲ့သို့ သင်တို့သည် ငါ့အထဲ၌ များစွာ တွေ့မြင်ကြပြီး ဖြစ်သည့်အတွက်၊ သင်တို့ကို ငါ တောင်းဆိုသည့်အရာသည် လွန်ကဲသောအရာ မဟုတ်ပေ။ ထို့ကြောင့် အတိတ်ကာလများ၏ သန့်ရှင်းသူတို့ထံ ငါ့အဖို့ သက်သေခံပေးရန် သင်တို့ကို ငါစေခိုင်းခြင်း ဖြစ်ပြီး ဤသည်မှာ ငါ့နှလုံးသား၏ တစ်ခုတည်းသော ဆန္ဒ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း

သင်တို့သည် ပွင့်လင်းပြီး ရိုးသားသော စိတ်နှလုံးများဖြင့် သင်တို့၏တာဝန်ကို အစွမ်းကုန် အသီးသီး လုပ်ဆောင်သင့်ပြီး၊ လိုအပ်သည့် မည်သည့်အဖိုးအခကိုမဆို ပေးရန် လိုလားလျက် ရှိနေသင့်ပေသည်။ သင်တို့ ပြောကြပြီးသည့်အတိုင်း၊ နေ့ရက်အချိန် ကျရောက်လာသည့်အခါ၊ ဘုရားသခင်သည် သူ့အတွက် ဆင်းရဲဒုက္ခခံခဲ့သူ သို့မဟုတ် အဖိုးအခတစ်ခု ပေးဆပ်ခဲ့သူ မည်သူမဆိုအပေါ် တာဝန်ပေါ့လျော့မည် မဟုတ်ပေ။ ဤသို့သော ခံယူချက်မျိုးသည် ထိန်းသိမ်းထားထိုက်သကဲ့သို့၊ ယင်းကို သင်တို့ မည်သည့်အခါမျှ မမေ့သင့်သည်မှာ မှန်ပေသည်။ ဤနည်းဖြင့်သာ ငါသည် သင်တို့နှင့်ပတ်သက်၍ ငါ၏ စိတ်ကို သက်သာစေနိုင်ပေသည်။ သို့မဟုတ်ပါက၊ သင်တို့သည် ငါ၏ စိတ်ကို သက်သာစေနိုင်မည် မဟုတ်သည့် လူများ ထာဝရ ဖြစ်ကြလိမ့်မည်ဖြစ်ပြီး၊ သင်တို့သည် ငါ၏ စက်ဆုပ်ခြင်းကို ခံကြရသူများ ထာဝရ ဖြစ်ကြလိမ့်မည်။ သင်တို့ အားလုံးသည် ငါ၏အမှုအတွက် မည်သည့်အားထုတ်မှုမျှ မချန်ဘဲလျက်၊ ပြီးလျှင် ငါ၏ ဧဝံဂေလိအမှုအဖို့ တစ်သက်တာ အားအင်ကို ဆက်ကပ်ရင်း၊ သင်တို့၏ အသိစိတ်ကို လိုက်နာနိုင်ပြီး ငါ့အတွက် သင်တို့၏ အရာအားလုံးကို ပေးနိုင်ပါက၊ ငါ၏စိတ်နှလုံးသည် သင်တို့အတွက်ကြောင့် ဝမ်းမြောက်မှုဖြင့် မကြာခဏ ခုန်ပေါက် လိမ့်မည် မဟုတ်လော။ ဤနည်းဖြင့်၊ ငါသည် သင်တို့နှင့်စပ်လျဉ်း၍ ငါ၏ စိတ်ကို လုံးလုံးလျားလျား သက်သာစေနိုင်မည်၊ မဟုတ်လော။ သင်တို့ လုပ်ဆောင်နိုင်သည့်အရာသည် ငါမျှော်လင့်ထားသည့်အရာ၏ အလွန်တရာ သေးနုပ်သည့် အစိတ်အပိုင်းလေးတစ်ခုသာ ဖြစ်သည်မှာ စိတ်ပျက်ဖွယ် ဖြစ်သည်။ ဤသို့ဖြစ်သည့်အတွက်၊ သင်တို့သည် သင်တို့ မျှော်လင့်သည့်အရာကို ငါ့ထံမှ အဘယ်သို့ တောင်းခံရဲရသနည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရီးပန်းတိုင်နှင့်ပတ်သက်၍

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။