ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးတစ်ခု မည်သို့ တည်ဆောက်နိုင်သည့်နည်းလမ်း

06.12.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်ကို ယုံကြည်ရာတွင်၊ သင်သည် အနည်းဆုံးအနေဖြင့် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးရှိခြင်းနှင့် သက်ဆိုင်သည့် ကိစ္စကို ဖြေရှင်းရမည်။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးမရှိပါက၊ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်း၏ အဓိပ္ပာယ် ပျောက်ဆုံးသွားသည်။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး တည်ဆောက်ခြင်းကို ဘုရားသခင်၏ မျက်မှောက်တွင် ငြိမ်သက်သောစိတ်နှလုံးဖြင့် လုံးဝ ရရှိနိုင်ပေသည်။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးရှိခြင်းမှာ ဘုရားသခင်၏ မည်သည့်အမှုကိုမဆို သံသယမဝင်နိုင်ခြင်း၊ မငြင်းပယ်နိုင်ခြင်းနှင့် သူ၏ အမှုကို နာခံနိုင်ခြင်း ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ မျက်မှောက်တွင် မှန်ကန်သော ရည်ရွယ်ချက်များ ရှိခြင်း၊ မိမိကိုယ်တိုင်အတွက် အစီအစဉ်များ မလုပ်ခြင်းနှင့် အရာခပ်သိမ်းတွင် ဘုရားမိသားစု၏ အကျိုးစီးပွားများကို ပထမဦးစွာ စဉ်းစားဆင်ခြင်ခြင်းတို့ကို ဆိုလိုသည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံခြင်းနှင့် ဘုရားသခင်၏ စီမံမှုများအား နာခံခြင်းတို့ကို ဆိုလိုသည်။ သင် လုပ်ဆောင်သမျှ၌ ဘုရားသခင်၏ မျက်မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်စေနိုင်ရမည်။ ဘုရားသခင်၏ အလိုတော်ကို သင်နားမလည်လျှင်ပင်၊ သင်၏တာဝန်နှင့် ဝတ္တရားများကို သင်စွမ်းဆောင်နိုင်သမျှ အကောင်းဆုံး ဖြည့်ဆည်းနေဆဲ ဖြစ်ရမည်။ ဘုရားသခင်၏အလိုသည် သင့်ထံ ထုတ်ဖော်ပြသည်နှင့်တစ်ပြိုင်နက်၊ ဆောင်ရွက်လော့၊ ယင်းသည် နောက်ကျလွန်းလိမ့်မည်မဟုတ်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်လာသည့်အခါ သင်သည် လူများနှင့်လည်း ပုံမှန်ဆက်ဆံရေးများ ရှိလိမ့်မည်။ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ်အပေါ်တွင် တည်ဆောက်ထားသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်လော့၊ ထို့နောက် ဘုရားသခင်၏ သတ်မှတ်ချက်များကို လက်တွေ့လုပ်ဆောင်လော့၊ သင်၏အမြင်များကို အမှန်ပြင်ပြီး၊ ဘုရားသခင်ကို ဆန့်ကျင်ဖို့ သို့မဟုတ် အသင်းတော်ကို နှောင့်ယှက်ဖို့ တစ်စုံတစ်ရာ လုပ်ဆောင်ခြင်းအား ရှောင်ရှားလော့။ သင်၏ ညီအစ်ကိုမောင်နှမများ၏ အသက်တာများကို အကျိုးမပြုသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်နှင့်၊ အခြားသူများကို အထောက်အကူမပြုသည့် မည်သည့်အရာကိုမျှ မပြောနှင့်၊ ပြီးလျှင် ရှက်ဖွက်ကောင်းသော မည်သည့်အရာကိုမျှ မလုပ်ဆောင်နှင့်။ သင် လုပ်သမျှတိုင်းတွင် တရားမျှတပြီး ဂုဏ်သိက္ခာရှိကာ သင်၏ လုပ်ရပ်တိုင်းက ဘုရားသခင်၏ ရှေ့မှောက်၌ တင့်တယ်သည်ကို သေချာစေလော့။ တစ်ခါတစ်ရံတွင် ဇာတိပကတိသည် အားနည်းကောင်း အားနည်းနိုင်သော်လည်း၊ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်အတွက် လောဘမကြီးဘဲ ဘုရားသခင်၏မိသားစု အကျိုးများကို သင် ဦးစားပေးနိုင်ရမည်ဖြစ်ပြီး၊ တရားသဖြင့် လုပ်ဆောင်နိုင်ရမည်။ ဤနည်းလမ်းဖြင့် သင်လက်တွေ့လုပ်ဆောင်နိုင်ပါက ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် ပုံမှန်ဖြစ်ပေလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း

ပုံမှန်လူသားအသက်တာ- ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးရှိသော ပုံမှန်လူသားအသက်တာကို ရရှိရန် သင်သည် ပထမဦးစွာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ယုံကြည်ရမည်။ သင်သည် လူတို့အထဲက သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ပထမခြေလှမ်းကို မရရှိသေးပါက၊ သင်သည် အခြေခံအုတ်မြစ်မရှိပေ။ အခြေခံသဘောတရားများထဲမှ အသေးငယ်ဆုံးသော အရာကိုပင် သင် နားမလည်နိုင်ပါက၊ ရှေ့တွင်ရှိသည့် လမ်းကြောင်းကို သင် အဘယ်သို့ လျှောက်လှမ်းမည်နည်း။ ဘုရားသခင်က လူသားကို စုံလင်စေသည့် လမ်းကြောင်းမှန်ပေါ် ခြေချခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်အလုပ်နှင့်ဆိုင်သည့် လမ်းကြောင်းမှန်ပေါ်သို့ ဝင်ရောက်ခြင်းကို ဆိုလို၏။ ယင်းသည် သန့်ရှင်းသောဝိညာဉ်တော် လျှောက်လှမ်းသည့် လမ်းကြောင်းပေါ် ခြေချခြင်းကို ဆိုလိုပေသည်။ ယခု သန့်ရှင်းသောဝိညာဉ်တော် လျှောက်လှမ်းသည့် လမ်းကြောင်းသည် ဘုရားသခင်၏ မျက်မှောက် နှုတ်ကပတ်တော်များဖြစ်သည်။ ထိုသို့ဖြစ်သဖြင့်၊ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းကြောင်းပေါ် ခြေချမည်ဆိုပါက၊ ၎င်းတို့အနေဖြင့် လူ့ဇာတိခံ ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်များကို နာခံကာ စားသောက် ရမည်ဖြစ်သည်။ သူ လုပ်ဆောင်သည့် အမှုသည် နှုတ်ကပတ်တော်များ၏အမှုဖြစ်သည်။ အရာအားလုံးသည် သူ၏နှုတ်ကပတ်တော်မှ အစပြုပြီး၊ အားလုံးကို သူ၏ နှုတ်ကပတ်တော်များ၊ သူ၏ မျက်မှောက်နှုတ်ကပတ်တော်များပေါ်တွင် တည်ဆောက် ထားပေသည်။ လူ့ဇာတိခံ ဘုရားသခင်နှင့် ပတ်သက်၍ သေချာခြင်းဖြစ်စေ၊ လူ့ဇာတိခံ ဘုရားသခင်ကို သိရှိခြင်းဖြစ်စေ၊ အသီးသီးသည် သူ၏နှုတ်ကပတ်တော်အပေါ် သာ၍ အားထုတ်ကြိုးပမ်းခြင်း လိုအပ်ပေသည်။ ထိုသို့မဟုတ်ပါက၊ လူတို့သည် မည်သည့် အရာကိုမျှ မပြီးမြောက်နိုင်သကဲ့သို့၊ လူတို့၌ မည်သည့်အရာမျှ ကျန်ရှိမည်မဟုတ်ပေ။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ခြင်း အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ခြင်းနှင့် ထိုသို့အားဖြင့် သူ့အား သိကျွမ်းလာကာ သူ့ကို ကျေနပ်စေခြင်းအားဖြင့်သာ၊ လူတို့သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို တဖြည်းဖြည်း တည်ဆောက်နိုင်ပေသည်။ လူသားအတွက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် ၎င်းတို့ကို လက်တွေ့လုပ်ဆောင်ခြင်းထက် သာ၍ ကောင်းမွန်သော ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်ခြင်း မရှိပေ။ ထိုသို့သော လက်တွေ့လုပ်ဆောင်ခြင်းမှတစ်ဆင့်၊ ဘုရားသခင်၏လူများနှင့်ဆိုင်သည့် ၎င်းတို့၏ သက်သေခံချက်၌ ခိုင်မာစွာ အကောင်းဆုံးရပ်တည်နိုင်ပေသည်။ လူတို့သည် ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်များ၏ အနှစ်သာရကို သိနားလည်ပြီး နာခံနိုင်ပါက၊ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော် လမ်းပြနေသည့် လမ်းကြောင်းပေါ်တွင် အသက်ရှင်ကြကာ၊ ဘုရားသခင်၏ လူသားကို စုံလင်စေခြင်း လမ်းကြောင်းအမှန်ပေါ်တွင် ခြေချကြပြီးဖြစ်သည်။ ယခင်က၊ လူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ရှာဖွေခြင်းအားဖြင့် သို့မဟုတ် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ရှာဖွေခြင်း သက်သက်အားဖြင့် ဘုရားသခင်၏ အမှုကို ရရှိနိုင်ခဲ့ကြသော်လည်း၊ ယခုတွင် အမှုအရာများ ကွဲပြားလေ၏။ လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မရှိဘဲ၊ သူ၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော စစ်မှန်မှု မရှိဘဲ၊ လူတို့သည် ဘုရားသခင်၏ လက်ခံမှုကို မရရှိနိုင်သကဲ့သို့၊ ဘုရားသခင်၏ ဖယ်ရှားသုတ်သင်ခြင်းကို ခံရမည်ဖြစ်သည်။ ပုံမှန်ဝိညာဉ်အသက်တာကို ရရှိရန်၊ လူတို့အနေဖြင့် ပထမဦးစွာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ပြီး လက်တွေ့လုပ်ဆောင်သင့်ကာ၊ ထို့နောက် ဤအခြေခံအုတ်မြစ်ပေါ်တွင် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို တည်ထောင် သင့်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်

အကယ်၍ သင်သည် ပုံမှန်ဝိညာဉ်ရေး အသက်တာကို ရရှိလိုပြီး ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ရပ်ကို ထူထောင်လိုပါက သင်သည် ပထမဦးစွာ သင်၏နှလုံးသားကို သူ့အား ပေးအပ်ရမည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏နှလုံးသားကို ငြိမ်သက်စေပြီး သင်၏ နှလုံးသားတစ်ခုလုံးကို ကိုယ်တော်ထံ၌ သွန်းလောင်းပြီးမှသာ သင်သည် ပုံမှန်ဝိညာဉ်ရေးအသက်တာကို တဖြည်းဖြည်း ဖြစ်ပေါ်စေနိုင်လိမ့်မည်။ လူတို့၏ ဘုရားသခင်ကို ယုံကြည်မှုတွင် ၎င်းတို့သည် မိမိတို့၏ နှလုံးသားကို သူ့အား မပေးပါက၊ ထို့အပြင် ၎င်းတို့၏ နှလုံးသားသည် သူ့ထံ၌ မရှိသကဲ့သို့ ကိုယ်တော်၏ ဝန်ထုပ်ဝန်ပိုးကို မိမိတို့ ကိုယ်တိုင်၏ဝန်ထုပ်ဝန်ပိုးကဲ့သို့ သဘောမထားပါက၊ သူတို့လုပ်သမျှတိုင်းသည် ဘုရားသခင်ကို လိမ်လည်လှည့်စားသော လုပ်ရပ်၊ ဘာသာရေးသမားများ၏ လုပ်ရပ်တစ်မျိုးဖြစ်ပြီး ဘုရားသခင်၏ ချီးမွမ်းမှုကို မရရှိနိုင်ပေ။ ဘုရားသခင်သည် ဤလူမျိုးထံမှ မည်သည့်အရာကိုမျှ မရရှိနိုင်ပေ။ ဤလူမျိုးသည် ဘုရားသခင်၏အမှုအဖို့ အဖြည့်ခံတစ်ဦးအဖြစ်၊ ဘုရားသခင်၏ အိမ်ထဲက အလှဆင်မှုတစ်ခုပမာ၊ မလိုလားအပ်သကဲ့သို့ အသုံးမဝင်သော အရာတစ်ခုသာ ဖြစ်သည်။ ဘုရားသခင်သည် ဤလူစားမျိုးကို အသုံးမပြုပေ။ ထိုသို့သော လူတွင် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုအတွက် အခွင့်အရေး မရှိရုံမက၊ ၎င်းတို့၏စုံလင်ခံရခြင်း အဖြစ်တွင် တန်ဖိုးတစ်ခုတစ်လေပင် မရှိချေ။ ဤလူစားမျိုးသည် အမှန်တွင် လမ်းလျှောက်နေသော အလောင်းကောင်ဖြစ်သည်။ ထိုသို့သော လူတို့သည် သန့်ရှင်းသောဝိညာဉ်တော် အသုံးပြုနိုင်သည့်အရာ ဘာမျှမရှိဘဲ၊ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့အားလုံးသည် စာတန်၏ အပိုင်စီးခြင်း ခံရကာ အလွန်အမင်း ဖျက်ဆီးခြင်း ခံရပြီးဖြစ်သည်။ ဘုရားသခင်သည် ဤလူတို့ကို သုတ်သင်ဖယ်ရှားလိမ့်မည်။ လောလောဆယ်တွင်၊ လူတို့ကို အသုံးပြုရာတွင် သန့်ရှင်းသောဝိညာဉ်တော်သည် အမှုအရာများ ပြီးစီးရန်အလို့ငှာ ၎င်းတို့၏ လိုလားအပ်သော အစိတ်အပိုင်းများကို အသုံးပြုသည်သာမက၊ ၎င်းတို့၏ မလိုလားအပ်သော အစိတ်အပိုင်းများကိုလည်း စုံလင်စေပြီး ပြောင်းလဲစေသည်။ သင်၏စိတ်နှလုံးကို ဘုရားသခင်ထံတွင် သွန်းလောင်းနိုင်ပြီး သူ၏ရှေ့မှောက်တွင် ငြိမ်သက်နေနိုင်ပါက သင်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အသုံးပြုခံရရန်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပေးမှုကို ရရှိရန် အခွင့်အရေးနှင့် အရည်အချင်းများ သင်၌ ရှိလိမ့်မည်ဖြစ်ပြီး၊ ထို့ထက်မက သင်၏ အားနည်းချက်များကို သန့်ရှင်းသော ဝိညာဉ်တော်က ကောင်းအောင်ပြုပေးရန် အခွင့်အရေး ရရှိလိမ့်မည်။ သင်၏ စိတ်နှလုံးကို ဘုရားသခင်အား သင်ပေးအပ်လိုက်သောအခါ အပြုသဘောဆောင်သည့်ဘက်တွင်၊ သင်သည် ပိုမိုနက်ရှိုင်းသော ဝင်ရောက်မှုနှင့် ပိုမို မြင့်မားသော ထိုးထွင်းသိမြင်မှုကို ရရှိနိုင်သည်။ အပျက်သဘောဆောင်သည့်ဘက်တွင်၊ သင်သည် သင်ကိုယ်တိုင်၏ အမှားများနှင့် အားနည်းချက်များကို ပိုမိုနားလည်လာလိမ့်မည်၊ ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းပေးရန်အတွက် ကြိုးစားရန် ပို၍ စိတ်အားထက်သန်လိမ့်မည်ဖြစ်ပြီး၊ သင်သည် မတုန်မလှုပ်မဖြစ်ဘဲ တက်တက်ကြွကြွ ဝင်ရောက်လိမ့်မည်ဖြစ်သည်။ ဤသို့ဖြင့်၊ သင်သည် မှန်ကန်သော လူတစ်ယောက်ဖြစ်လာလိမ့်မည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏စိတ်နှလုံးကို ငြိမ်သက်စေနိုင်သည်ဟု ယူဆပါစို့၊ သန့်ရှင်းသောဝိညာဉ်တော်ထံမှ ချီးမွမ်းမှုကို သင် ရရှိခြင်း ရှိ မရှိဆိုသည်နှင့် ဘုရားသခင်ကို သင် ကျေနပ်စေခြင်း ရှိ မရှိ ဆိုသည်အတွက် အဓိကသော့ချက်မှာ သင် တက်တက်ကြွကြွ ဝင်ရောက်နိုင်ခြင်း ရှိ မရှိဆိုသည့်အရာ ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်က လူတစ်ဦးကို ဉာဏ်အလင်းဖွင့်ပေးပြီး ၎င်းတို့ကို အသုံးပြုသောအခါ ယင်းက ၎င်းတို့အား ဘယ်သောအခါမျှ အပျက်သဘော မဆောင်စေဘဲ အမြဲတစေ တက်တက်ကြွကြွ တိုးတက်စေသည်။ ဤလူသည် အားနည်းချက်များ ရှိသော်လည်း၊ ၎င်းတို့သည် မိမိတို့ဘဝများကို အသက်ရှင် နေထိုင်ပုံအား ထိုအားနည်းချက်များအပေါ် အခြေခံခြင်းကို ရှောင်ရှားနိုင်သည်။ ၎င်းတို့၏အသက်တာ၌ ကြီးထွားမှုနှောင့်နှေးခြင်းကို ရှောင်ရှားနိုင်ကာ ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းဖို့ ဆက်လက် ကြိုးစားနိုင်ပေသည်။ ဤသည်မှာ စံနှုန်းတစ်ခုပေတည်း။ ဤအရာကို သင် ရယူနိုင်ပါက ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်ကို သင်ရရှိပြီးဖြစ်ကြောင်း လုံလောက်သော သက်သေဖြစ်သည်။ လူတစ်ဦးသည် အမြဲတစေ အပျက်သဘောဆောင်ပါက၊ ပြီးလျှင် ဉာဏ်အလင်းပေးမှုကို ရရှိပြီး မိမိတို့ကိုယ်ကိုယ် သိရှိလာပြီးနောက်တွင်ပင် ၎င်းတို့သည် အပျက်သဘောဆောင်ကာ မတုန်မလှုပ် ဖြစ်မြဲဖြစ်ပြီး၊ ထရပ်ကာ ဘုရားသခင်နှင့်အတူ ပူးပေါင်းလျက် မလုပ်ဆောင်နိုင်ပါက၊ ဤလူစားမျိုးသည် ဘုရားသခင်၏ ကျေးဇူးတော်ကိုသာ ရရှိသော်လည်း သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ မရှိပေ။ လူတစ်ဦး အပျက်သဘောဆောင်သည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်ထံ မလှည့်သေးသကဲ့သို့၊ ၎င်းတို့၏ စိတ်ဝိညာဉ်သည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် တို့ထိမခံရသေးဟု ဆိုလိုပေသည်။ ဤအရာကို လူအားလုံး နားလည်သင့်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏

အကယ်၍ သင်သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးရှိလိုပါက သင်၏စိတ်နှလုံးသည် ဘုရားသခင်ထံ လှည့်ရမည်။ ယင်းကို အခြေခံအုတ်မြစ်အဖြစ်ထား၍၊ သင်သည် အခြားသူများနှင့်လည်း ပုံမှန် ဆက်ဆံရေးရှိလိမ့်မည်။ သင့်တွင် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးမရှိပါက၊ အခြားသူများနှင့် ဆက်ဆံရေးကို သင်မည်မျှပင် ထိန်းသိမ်းစေကာမူ၊ သင်သည် မည်မျှပင် အလုပ်ကြိုးစားစေကာမူ၊ သင်သည် မည်မျှပင် အားထုတ်စေကာမူ၊ အားလုံးသည် အသက်ရှင်ရေးအတွက် လူသား၏ သဘောတရား ခံယူချက်နှင့်သာ ပတ်သက်ပေမည်။ လူများက သင့်ကို ချီးမွမ်းကြရန် သင်သည် လူ့အမြင်နှင့် လူ့သဘောတရားခံယူချက်တို့အားဖြင့် လူသားများအလယ်တွင် သင်၏အနေအထားကို ထိန်းသိမ်းနေသည်၊ သို့သော် လူများနှင့် ပုံမှန်ဆက်ဆံရေးများကို ထူထောင်ရန် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လိုက်နာခြင်း မရှိပေ။ အကယ်၍ သင်သည် အခြားလူများနှင့် ပုံမှန် ဆက်ဆံရေးကို အာရုံမစိုက်ဘဲ ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးကိုသာ ထိန်းသိမ်းလျှင်၊ အကယ်၍ သင်သည် သင့်စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ပြီး ကိုယ်တော်ကို နာခံရန်လိုလားလျှင်၊ အခြားသူများအားလုံးနှင့် သင်၏ ဆက်ဆံရေးသည် အလိုအလျောက် လျော်ကန်လာပေမည်။ ဤနည်းအားဖြင့် ထိုဆက်ဆံရေးများကို ဇာတိထဲ၌ မဟုတ်ဘဲ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအုတ်မြစ်ပေါ်တွင် တည်ထောင်ထားပေသည်။ ဇာတိကူးလူးဆက်ဆံမှု လုံးဝနီးပါးမရှိသော်လည်း စိတ်ဝိညာဉ်၌ မိတ်သဟာယဖွဲ့မှု၊ အပြန်အလှန်မေတ္တာ၊ အပြန်အလှန်နှစ်သိမ့်မှုနှင့် အချင်းချင်း ထောက်ပံ့ပေးမှုတို့ ရှိသည်။ ၎င်းတို့အလုံးစုံကို ဘုရားသခင်ကို ကျေနပ်စေသောစိတ်နှလုံးကို အခြေခံ၍ လုပ်ဆောင်ခြင်းဖြစ်၏။ ယင်းဆက်ဆံရေးများကို လူသား၏ အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်ပေါ်တွင် အားထားခြင်းဖြင့် ထိန်းသိမ်းထားသည် မဟုတ်ဘဲ၊ ၎င်းတို့သည် ဘုရားသခင်အတွက် ဝန်ကိုထမ်းရင်း အလွန်သဘာဝကျစွာ ဖြစ်ထွန်းလာခြင်းဖြစ်သည်။ ၎င်းသည် လူလုပ်အားထုတ်မှုများ မလိုအပ်ပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အခြေခံစည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ရန်သာ လိုအပ်သည်။ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားရန် လိုလိုလားလားရှိသလော။ ဘုရားသခင် ရှေ့မှောက်တွင် “အကြောင်းမဲ့သောသူ” ဖြစ်ရန် သင်လိုလိုလားလားရှိသလော။ သင့်စိတ်နှလုံးကို ဘုရားသခင်အား အကြွင်းမဲ့ပေးကာ လူများအလယ်တွင် သင့်အနေအထားကို ဥပေက္ခာပြုရန် သင်လိုလိုလားလား ရှိသလော။ သင်နှင့် အဆက်အသွယ်ရှိသူအားလုံးထဲတွင် သင်သည် မည်သူနှင့် အကောင်းဆုံး ဆက်ဆံရေးရှိသနည်း။ မည်သူနှင့် အဆိုးရွားဆုံး ဆက်ဆံရေး ရှိသနည်း။ လူတို့နှင့် သင်၏ဆက်ဆံရေးများသည် ပုံမှန်ဖြစ်သလော။ သင်သည် လူအားလုံးကို တန်းတူညီမျှ ဆက်ဆံသလော။ သင်၏ဆက်ဆံရေးအားလုံးကို သင်၏အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်နှင့်အညီ ထိန်းသိမ်းထားသလော၊ သို့မဟုတ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသလော။ လူတစ်ဦးသည် သူ၏စိတ်နှလုံးကို ဘုရားသခင်အား မပေးပါက သူ၏ဝိညာဉ်သည် ထူသွားသည်၊ ထုံသွားပြီး သတိမဲ့သွားသည်။ ထိုလူစားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဘယ်သောခါမျှ နားလည်မည် မဟုတ်သကဲ့သို့ ဘုရားသခင်နှင့်ပုံမှန် ဆက်ဆံရေးကို ဘယ်သောခါမျှ ရမည်မဟုတ်ပေ။ ထိုလူစား၏ စိတ်သဘောထားသည် ဘယ်သောခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ လူတစ်ဦး၏ စိတ်သဘောထား ပြောင်းလဲခြင်းဟူသည် ဘုရားသခင်အား သူ၏စိတ်နှလုံးကို အကြွင်းမဲ့ပေးခြင်းနှင့် ဘုရားသခင်နှုတ်ကပတ်တော်မှ ဉာဏ်ပွင့်မှုနှင့် အလင်းပေးမှုကို ရရှိခြင်း ဖြစ်စဉ်ပေတည်း။ ဘုရားသခင်၏ အလုပ်သည် လူတစ်ဦးအား တက်ကြွစွာ ဝင်ရောက်လာစေနိုင်သကဲ့သို့ အပျက်သဘောဆောင်သော ကဏ္ဍများအကြောင်း သိရှိလာပြီးနောက် ၎င်းတို့ကို ထုတ်ပယ်နိုင်စွမ်း ရှိစေသည်။ ဘုရားသခင်ထံ သင့်စိတ်နှလုံးကို ပေးသော အဆင့်ကို သင်ရောက်လာချိန်တွင် သင့်ဝိညာဉ်အတွင်းမှ သိမ်မွေ့သော ရွေ့လျားမှုတိုင်းကို သင်သတိမူနိုင်စွမ်း ရှိလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ထံမှ လက်ခံရရှိသော ဉာဏ်ပွင့်မှုတိုင်းနှင့် အလင်းရမှုတိုင်းကို သင်သိလိမ့်မည်။ ဤအရာကို ထိန်းထားလော့၊ သို့ဖြစ်လျှင် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ စုံလင်စေခြင်းကို ခံရသောလမ်းကြောင်းအတွင်း တဖြည်းဖြည်း ဝင်ရောက်လိမ့်မည်။ ဘုရားသခင်ရှေ့မှောက်တွင် သင့်စိတ်နှလုံး ငြိမ်သက်နိုင်လေလေ၊ သင့်ဝိညာဉ်သည် သိမ်မွေ့လာလေလေနှင့် ပိုနူးညံ့လာလေဖြစ်မည်၊ ပြီးလျှင် သင့်ဝိညာဉ်သည် သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိမှုကို သတိမူနိုင်စွမ်း ရှိလာလေလေဖြစ်ပြီး၊ ထိုအခါ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် ပို၍ပို၍ ပုံမှန် ဖြစ်လာလေလေ ဖြစ်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏

သင် လုပ်သည့်အရာတိုင်းတွင်၊ သင်၏ ရည်ရွယ်ချက်များ မှန်သည်၊ မမှန်သည်ကို သင် ဆန်းစစ်ရမည်။ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း သင်လုပ်ဆောင်နိုင်ပါက ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ပေသည်။ ဤသည်မှာ အနိမ့်ဆုံး စံနှုန်းဖြစ်သည်။ သင်၏ ရည်ရွယ်ချက်များကို ဆန်းစစ်လော့၊ ပြီးလျှင် မမှန်ကန်သော ရည်ရွယ်ချက်များ ထွက်ပေါ်သည်ကို ရှာတွေ့ပါက၊ ထိုအရာများကို ကျောခိုင်းနိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ လုပ်ဆောင်နိုင်စွမ်းရှိလော့။ ထိုသို့ဖြင့် သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် မှန်ကန်သောသူတစ်ဦး ဖြစ်လာလိမ့်မည်၊ အပြန်အလှန်အားဖြင့် ယင်းသည် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်သည်ကို ပြသပြီး၊ သင်လုပ်ဆောင်သမျှတို့သည် သင် ကိုယ်တိုင်အတွက် မဟုတ်၊ ဘုရားသခင်အတွက် ဖြစ်သည်ကို ပြပေသည်။ သင် လုပ်ဆောင်သမျှနှင့် ပြောဆိုသမျှတွင်၊ သင်၏စိတ်နှလုံးကို တည့်မှန်အောင်ထားနိုင်ပြီး၊ သင်၏ လုပ်ရပ်များတွင် ဖြောင့်မတ်နိုင်စွမ်းရှိလော့၊ ပြီးလျှင် သင့်စိတ်ခံစားမှုများ၏ ဦးဆောင်မှုကို မခံနှင့်၊ သို့မဟုတ် သင်ကိုယ်တိုင်၏ အလိုအတိုင်း မလုပ်ဆောင်နှင့်။ ဤသည်တို့မှာ ဘုရားသခင်ကို ယုံကြည်သူများ မိမိတို့ကိုယ်ကိုယ် ပြုမူနေထိုင်ရမည့် အခြေခံစည်းမျဉ်းများဖြစ်သည်။ သေးငယ်သောအရာများက လူတစ်ဦး၏ ရည်ရွယ်ချက်များနှင့် ဝိညာဉ်အသက်တာတို့ကို ထုတ်ဖော်ပြနိုင်သောကြောင့်၊ တစ်ဦးတစ်ယောက်အတွက် ဘုရားသခင်၏ စုံလင်စေခြင်းလမ်းကြောင်းပေါ်သို့ ဝင်ရောက်ရန်၊ သူ၏ ရည်ရွယ်ချက်များနှင့် ဘုရားသခင်နှင့် သူ၏ဆက်ဆံရေးကို ဦးစွာ ပြုပြင်ရမည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်သည့်အခါမှသာလျှင် သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရနိုင်၏။ ထိုအခါမှသာ ဘုရားသခင်၏ ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် စစ်ဆေးခြင်းတို့သည် ၎င်းတို့ ရည်ရွယ်သည့် အကျိုးတရားကို သင်၌ ရရှိနိုင်ပေသည်။ ဆိုလိုသည်မှာ လူသားများသည် ၎င်းတို့၏စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို ထိန်းသိမ်းထားနိုင်ပြီး၊ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်ကို မလိုက်စားပါက၊ သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင် အခွင့်အလမ်းများကို (ဇာတိပကတိ အသိဖြင့်) တွေးတောခြင်း မပြုဘဲ၊ ယင်းအစား အသက်တာ ဝင်ရောက်မှု ဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်ကာ၊ သမ္မာတရားကို လိုက်စားရန် အကောင်းဆုံး လုပ်ဆောင်ကြပြီး ဘုရားသခင်၏ အမှုကို နာခံကြပါက- ဤအရာကို သင် လုပ်ဆောင်နိုင်ပါက၊ သင်လိုက်စားသော ပန်းတိုင်များ မှန်ကန်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်လာလိမ့်မည်။ ဘုရားသခင်နှင့် မိမိ၏ ဆက်ဆံရေးကို မှန်ကန်စေခြင်းကို မိမိ၏ ဝိညာဉ်ရေးရာ ခရီးထဲ ဝင်ရောက်ခြင်း၏ ပထမခြေလှမ်းဖြစ်သည်ဟု ပြောနိုင်သည်။ လူသား၏ ကံကြမ္မာသည် ဘုရားသခင်၏ လက်ထဲတွင် ရှိပြီး ဘုရားသခင်က ခွဲခန့်မှတ်သားထားပြီး ဖြစ်သော်လည်း၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်း သို့မဟုတ် ရယူခြင်းကိုခံနိုင်ခြင်း ရှိမရှိမှာ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ခြင်း ရှိမရှိဆိုသည့်အပေါ် မူတည်သည်။ သင့်တွင် အားနည်းသည့် သို့မဟုတ် မနာခံသည့် အစိတ်အပိုင်းများ ရှိကောင်းရှိနိုင်သည်- သို့သော် သင်၏အမြင်နှင့် ရည်ရွယ်ချက်များ မှန်ကန်သရွေ့၊ ပြီးလျှင် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး မှန်ကန်ပြီး လျော်ကန်သရွေ့၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရရန် အရည်အချင်းပြည့်မီပေသည်။ သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး မရှိသည့်အပြင် ဇာတိပကတိအတွက်၊ သို့မဟုတ် သင်၏မိသားစုအတွက် လုပ်ဆောင်ပါက၊ သင်မည်မျှ ကြိုးစား လုပ်ဆောင်သည်ဖြစ်စေ အချည်းနှီး ဖြစ်လိမ့်မည်။ အကယ်၍ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ပါက၊ အခြားအရာအားလုံးသည် နေရာတကျ ရှိလိမ့်မည်။ ဘုရားသခင်သည် အခြားမည်သည့်အရာကိုမျှ မကြည့်ဘဲ၊ သင်မည်သူ့ကို ယုံကြည်သည်၊ မည်သူ့အတွက် သင်ယုံကြည်သည်ဆိုသည်နှင့် အဘယ်ကြောင့် သင်ယုံကြည်သည်ဆိုသည့် ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းရှိ သင်၏အမြင်များ မှန်ကန်ခြင်း ရှိမရှိဆိုသည်ကို ကြည့်၏။ ဤအရာများကို သင်သည် ရှင်းလင်းစွာ မြင်နိုင်ပြီး ကောင်းစွာ စီမံခန့်ခွဲထားသော သင်၏အမြင်များဖြင့် လက်တွေ့လုပ်ဆောင်နိုင်ပါက သင်သည် သင်၏အသက်တာတွင် တိုးတက်မှု လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ကာ လမ်းကြောင်းမှန်ပေါ်သို့ ဝင်ရောက်ရန်လည်း သေချာလိမ့်မည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်မဖြစ်သကဲ့သို့၊ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်း အမြင်များ လွဲချော်နေပါက အခြားအရာအားလုံး အချည်းနှီးဖြစ်ကာ မည်မျှ သင် ကြိုးစားယုံကြည်ပါစေ၊ အဘယ်အရာကိုမျှ ရရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်လာသည့်နောက်တွင်သာ၊ ဇာတိပကတိကို သင် စွန့်လွှတ်သည့်အခါ၊ ဆုတောင်းသည့်အခါ၊ ဆင်းရဲဒုက္ခခံသည့်အခါ၊ သည်းခံသည့်အခါ၊ နာခံသည့်အခါနှင့် သင်၏ညီအစ်ကိုမောင်နှမများကို ကူညီသည့်အခါ၊ ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အသုံးခံသည့်အခါ စသည့်အခါတို့တွင် ဘုရားသခင်ထံမှ ချီးမွမ်းခြင်းကို သင် ရရှိလိမ့်မည်။ သင်လုပ်သောအရာသည် တန်ဖိုးနှင့် အရေးပါမှု ရှိမရှိဆိုသည်မှာ သင်၏ ရည်ရွယ်ချက်များ မှန်ပြီး သင်၏ အမြင်များ မှန်ကန်မှု ရှိမရှိဆိုသည့်အပေါ် မူတည်သည်။ ယနေ့ခေတ်တွင် လူများစွာသည် မိမိတို့၏ဦးခေါင်းများကိုစောင်းငဲ့ပြီး နာရီကြည့် နေကြသည့်အလား ဘုရားသခင်ကို ယုံကြည်ကြ၏- ၎င်းတို့၏ အမြင်များ လွဲချော်နေပြီး အရေးပါသော ရှာဖွေတွေ့ရှိမှုတစ်ရပ်ဖြင့် ၎င်းတို့အား ပြန်လည် တည့်မတ်စေရမည် ဖြစ်သည်။ ဤပြဿနာ ပြေလည်သွားပါက အရာရာသည် အဆင်ပြေလိမ့်မည်။ သို့မဟုတ်ပါက၊ အရာရာသည် အချည်းနှီး ဖြစ်သွားလိမ့်မည်။ အချို့သောလူတို့သည် ငါ၏ရှေ့မှောက်တွင် ကောင်းစွာ ပြုမူကြသော်လည်း၊ ငါ၏နောက်ကွယ်တွင် ၎င်းတို့သည် ငါ့ကို အာခံခြင်းသာ လုပ်ကြ၏။ ဤအရာသည် မရိုးဖြောင့်ခြင်းနှင့် လှည့်ဖြားခြင်း သရုပ်သကန်တစ်ခု ဖြစ်ပြီး ဤလူစားမျိုးသည် စာတန်၏ အစေခံတစ်ဦးဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို စမ်းသပ်ရန် လာသည့် စာတန်၏ ပြယုဂ်စစ်စစ်ဖြစ်သည်။ သင်သည် ငါ၏အမှုနှင့် ငါ၏နှုတ်ကပတ်တော်များကို နာခံနိုင်မှသာလျှင် မှန်ကန်သော လူတစ်ဦးဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နိုင်သမျှ ကာလပတ်လုံး၊ သင်လုပ်ဆောင်သမျှတိုင်းသည် ဘုရားသခင်ရှေ့မှောက်တွင် တင့်တယ်ပြီး လုပ်ဆောင်သမျှ၌ သင်သည် တရားမျှတပြီး ဂုဏ်သိက္ခာရှိသမျှ ကာလပတ်လုံး၊ ရှက်ဖွယ်ကောင်းသော အရာများ သို့မဟုတ် အခြားသူများ၏ အသက်တာများကို ထိခိုက်မည့်အရာများ သင်မလုပ်ဆောင်သမျှ ကာလပတ်လုံး၊ ပြီးလျှင် အလင်းတွင် သင်အသက်ရှင်ပြီး စာတန်၏ အမြတ်ထုတ်ခြင်းကို ခွင့်မပြုသမျှ ကာလပတ်လုံး ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် မှန်ကန်စွာ စနစ်တကျ ရှိလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း

သင်၏ နေ့စဉ်အသက်တာတွင်၊ သင် ပြောဆိုသည့် မည်သည့်စကားများ၊ သင် လုပ်ဆောင်သည့် မည်သည့်အရာများက ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးတွင် မူမမှန်ခြင်း ဖြစ်ကောင်းဖြစ်စေလိမ့်မည် ဆိုသည်ကို သင်နားလည်ရမည်ဖြစ်ပြီး၊ ထို့နောက် မှန်ကန်သည့် ပုံစံအတွင်း ဝင်ရောက်ဖို့ သင့်ကိုယ်သင် ပြုပြင်ရမည်။ တစ်ချိန်လုံး၊ သင်၏ စကားများ၊ သင်၏ လုပ်ရပ်များ၊ သင်၏လှုပ်ရှားမှုတစ်ခုစီတိုင်း၊ သင်၏ အတွေးများနှင့် စိတ်ကူးများအားလုံးကို ဆန်းစစ်လော့။ သင်၏ စစ်မှန်သော အခြေအနေနှင့်ဆိုင်သည် မှန်ကန်သော သိနားလည်မှုကို ရရှိပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှု ပုံစံထဲသို့ ဝင်ရောက်လော့။ ဤသည်မှာ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးရှိ‌ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ခြင်းရှိမရှိ ဆိုသည်ကို အကဲဖြတ်ခြင်းအားဖြင့်၊ သင်သည် သင်၏ရည်ရွယ်ချက်များကို အမှန်ပြင်လာနိုင်လိမ့်မည်ဖြစ်ပြီး၊ လူသား၏ သဘာဝအနှစ်သာရကို နားလည်လာနိုင်လိမ့်မည်ဖြစ်ကာ၊ သင့်ကိုယ်သင် အမှန်တကယ် နားလည်နိုင်လာမည်ဖြစ်သည်၊ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ သင်သည် စစ်မှန်သော အတွေ့အကြုံများထဲသို့ ဝင်ရောက်နိုင်မည်ဖြစ်၍၊ သင့်ကိုယ်သင် စစ်မှန်သော နည်းလမ်းတစ်ခုဖြင့် စွန့်လွှတ်နိုင်လိမ့်မည်ဖြစ်ပြီး၊ ရည်ရွယ်ချက်ဖြင့် နာခံနိုင်လိမ့်မည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ခြင်းရှိမရှိနှင့် စပ်လျဉ်းသည့် ဤကိစ္စရပ်များကို သင်တွေ့ကြုံသည်နှင့်အမျှ၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းကိုခံရမည့် အခွင့်အရေးများကို ရှာတွေ့လိမ့်မည်ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်၏ အခြေအနေများစွာကို သဘောပေါက်လာနိုင်လိမ့်မည်။ စာတန်၏ လှည့်စားမှုများစွာ ကိုလည်း သင် ရိပ်စားနိုင်လိမ့်မည်ဖြစ်ပြီး၊ ယင်း၏ လျှို့ဝှက်ကြံစည်မှုများကို ထိုးထွင်းသိမြင်နိုင်လိမ့်မည်။ ဤနည်းလမ်းသည်သာ ဘုရားသခင်အားဖြင့် စုံလင်ခံရခြင်းသို့ ဦးတည်ပေသည်။ သူ၏ အစီအမံများကို အလုံးစုံ သင် နာခံနိုင်ဖို့အလို့ငှာ၊ ပြီးလျှင် စစ်မှန်သည့် အတွေ့အကြုံများထဲသို့ သာ၍ပင် နက်နဲစွာ သင်ဝင်ရောက်ရန်အလို့ငှာနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သာ၍ပင် ရရှိဖို့အလို့ငှာ၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးကို မှန်ကန်စေလော့။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခု ရှိခြင်းကို သင် လက်တွေ့လုပ်ဆောင်သည့်အခါ၊ အကြောင်းကိစ္စအများစုတွင်၊ ဇာတိပကတိကို စွန့်လွှတ်ခြင်းအားဖြင့်နှင့် ဘုရားသခင်နှင့် စစ်မှန်သော ပူးပေါင်းလုပ်ဆောင်ခြင်း တို့မှတစ်ဆင့် အောင်မြင်မှုကို ရရှိလိမ့်မည်ဖြစ်သည်။ “ပူးပေါင်းလုပ်ဆောင်သည့် စိတ်နှလုံးမရှိဘဲနှင့်၊ ဘုရားသခင်၏ အမှုကို ရရှိရန် ခက်ခဲသည်။ ဇာတိပကတိသည် ဆင်းရဲဒုက္ခမခံစားရပါက၊ ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများလည်း ရှိလိမ့်မည်မဟုတ်။ စိတ်ဝိညာဉ်က ရုန်းကန်ခြင်း မရှိပါက၊ စာတန်သည် အရှက်ရမည်မဟုတ်” ဆိုသည်ကို သင်တို့နားလည်သင့်သည်။ သင်သည် ဤအခြေခံသဘောတရားများကို လက်တွေ့လုပ်ဆောင်ပြီး အကုန်အစင် နားလည်ပါက၊ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်း အမြင်များသည်လည်း မှန်ကန်လိမ့်မည်။ သင်တို့၏လက်ရှိ လက်တွေ့လုပ်ဆောင်မှုတွင်၊ “အဆာပြေရန်အတွက် ပေါင်မုန့်ကို ရှာဖွေခြင်း” ဟူသည့် ပုံသေအတွေးအခေါ်ကို သင်ဖယ်ရှားရမည်။ “သန့်ရှင်းသော အရာရာတိုင်းကို ဝိညာဉ်တော်က လုပ်ဆောင်ပြီး လူတို့သည် ကြားဝင်နှောင့်ယှက်၍ မရနိုင်” ဟူသည့် ပုံသေအတွေးအခေါ်ကို သင်ဖယ်ရှားရမည်။ ထိုသို့ပြောသည့် လူတိုင်းက၊ “လူတို့သည် သူတို့လုပ်လိုသည့် မည်သည့်အရာကိုမဆို လုပ်နိုင်ပြီး၊ အချိန်တန်လျှင် သန့်ရှင်းသော ဝိညာဉ်တော်က သူ့အလုပ် သူလုပ်လိမ့်မည်။ လူတို့သည် ဇာတိပကတိကို ချုပ်တည်းစရာမလို သို့မဟုတ် ပူးပေါင်းလုပ်ဆောင်ရန် မလိုအပ်ပေ။ အရေးကြီးသည့် တစ်ခုတည်းသောအရာမှာ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ၎င်းတို့ တို့ထိခံရဖို့ဖြစ်သည်” ဟု တွေးကြသည်။ ဤအယူအဆအားလုံးက အဓိပ္ပာယ်မရှိပေ။ ထိုသို့သော အခြေအနေများအောက်တွင်၊ သန့်ရှင်းသောဝိညာဉ်တော်သည် အလုပ်မလုပ်နိုင်ပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ကြီးစွာ ဟန့်တားသည်မှာ ဤသို့သောအမြင်မျိုး ဖြစ်သည်။ မကြာခဏပင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လူတို့၏ ပူးပေါင်းလုပ်ဆောင်မှုမှတစ်ဆင့် ရရှိပေသည်။ ပူးပေါင်းလုပ်ဆောင်မှုမရှိသည့် သူများနှင့် သန္နိဋ္ဌာန်မချထားသည့်သူများသည် ၎င်းတို့၏ စိတ်သဘောထားများတွင် ပြောင်းလဲမှုတစ်ခုကို ရရှိရန်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် ဘုရားသခင်ထံမှ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို ရရှိဖို့ဆန္ဒရှိကြပြီး၊ လွန်ကဲသည့် အတွေးများ ဧကန်အမှန် ရှိကြလေသည်။ ဤသည်ကို “မိမိကိုယ်ကို အလိုလိုက်ခြင်းနှင့် စာတန်ကို ချမ်းသာပေးခြင်း” ဟု ခေါ်သည်။ ထိုသို့သော လူတို့သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး မရှိကြပေ။ သင်သည် မိမိအတွင်း၌ စာတန်ဆန်သော စိတ်သဘောထားနှင့်ဆိုင်သည့် ထုတ်ဖော်ခြင်းများနှင့် သရုပ်သကန်များစွာတို့ကို ရှာဖွေသင့်ပြီး၊ ယခု ဘုရားသခင် တောင်းဆိုသည့်အရာနှင့် ဆန့်ကျင်သည့် သင်၌ရှိသော လက်တွေ့လုပ်ဆောင်မှုများကို ရှာဖွေသင့်သည်။ သင်သည် စာတန်ကို ယခု စွန့်လွှတ်နိုင်လိမ့်မည်လော။ သင်သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေး ရရှိသင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ လုပ်ဆောင်သင့်သည်၊ ပြီးလျှင် အသစ်သော အသက်တာနှင့်အတူ လူသစ်တစ်ဦး ဖြစ်လာသင့်သည်။ အတိတ်က အပြစ်များပေါ်တွင် အချိန်ကုန်ခံ မစဉ်းစားနှင့်။ လွန်လွန်ကဲကဲ နောင်တမရနှင့်။ ရပ်တည်ပြီး ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်နိုင်ခြင်းရှိလော့၊ ပြီးလျှင် သင်၏ ဖြည့်ဆည်းရမည့် တာဝန်များကို ဖြည့်ဆည်းလော့။ ဤနည်းလမ်းဖြင့်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန် ဖြစ်လာလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း

ဘုရားသခင်၏ မိန့်မြွက်ချက်တိုင်းကို ဖတ်ကြားပြီး ၎င်းတို့ကို နားလည်သည်နှင့်တစ်ပြိုင်နက် လက်တွေ့လုပ်ဆောင်လော့။ သင်၏ ဇာတိပကတိ အားနည်းသည့် အချိန်အခါများ၊ သို့မဟုတ် သင် ပုန်ကန်တတ်သည့် အချိန်အခါများ သို့မဟုတ် သင် ခုခံတတ်သည့် အချိန်အခါများ ရှိကောင်းရှိလိမ့်မည်။ ယခင်က သင်မည်သို့ပင် ပြုမူခဲ့ပါစေ၊ အနည်းငယ်သော အကျိုးဆက်သာ ရှိပြီး ယနေ့ သင်၏ အသက်တာကို ရင့်ကျက်ခြင်းမှ မဟန့်တားနိုင်ပေ။ ယနေ့တွင် သင်သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေး ရှိနိုင်သရွေ့ မျှော်လင့်ချက် ရှိ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်ဖတ်သည့်အချိန်တိုင်းတွင် သင့်အထဲ၌ ပြောင်းလဲမှုရှိပြီး၊ သင်၏အသက်တာသည် ပိုကောင်းဖို့အတွက် ပြောင်းလဲပြီဟု အခြားသူများ ပြောနိုင်ပါက၊ ယင်းသည် ယခုတွင် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ပြီဖြစ်ပြီး၊ မှန်ကန်စေပြီး ဖြစ်သည်ကို ပြပေသည်။ ဘုရားသခင်သည် လူတို့ကို ၎င်းတို့၏ အပြစ်ကျူးလွန်မှုများအတိုင်း ဆက်ဆံခြင်းမပြုပေ။ သင်နားလည်ပြီး သတိပြုမိ လာသည်နှင့်တစ်ပြိုင်နက်၊ သင်သည် ပုန်ကန်ခြင်း၊ ခုခံခြင်း ရပ်တန့်နိုင်သရွေ့၊ ဘုရားသခင်သည် သင့်အပေါ် သနားခြင်းကရုဏာ ရှိနေဆဲဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်အားဖြင့် စုံလင်စေခြင်းခံရခြင်းအဖြစ်ကို လိုက်စားဖို့ သိနားလည်မှု ရှိပြီး ဆုံးဖြတ်ချက် ရှိသည့်အခါတွင်၊ ဘုရားသခင်၏ မျက်မှောက်တွင် သင်၏အခြေအနေက ပုံမှန်ဖြစ်လာလိမ့်မည်။ သင်အဘယ်အရာကို လုပ်ဆောင်နေပါစေ၊ လုပ်ဆောင် နေသည့်အချိန်တွင် အောက်ပါတို့ကို စဉ်းစားဆင်ခြင်လော့- ဤအရာကို ငါလုပ်လျှင် ဘုရားသခင် မည်ကဲ့သို့ထင်မည်နည်း၊ ယင်းသည် ငါ၏ညီအစ်ကိုမောင်နှမများကို အကျိုးပြုမည်လော၊ ယင်းသည် ဘုရားသခင်၏ အိမ်တော်၌ရှိသည့် အလုပ်ကို အကျိုးပြုမည်လော။ ဆုတောင်းခြင်း၊ မိတ်သဟာယပြုခြင်း၊ စကားပြောဆိုခြင်း၊ အလုပ် သို့မဟုတ် အခြားသူများနှင့် ဆက်သွယ်ခြင်းတွင် သင်၏ရည်ရွယ်ချက်များကို ဆန်းစစ်ပြီး ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ခြင်းရှိမရှိဆိုသည်ကို စစ်ဆေးလော့။ သင်ကိုယ်တိုင်၏ ရည်ရွယ်ချက်များနှင့် အတွေးများကို သင်သည် မသိမြင်နိုင်ပါက၊ ဤအရာက သင်သည် ခွဲခြားနိုင်ခြင်း ကင်းမဲ့သည်ကို ဆိုလိုသည်၊ ယင်းမှာ သင်သည် သမ္မာတရားအား အလွန်နည်းပါးစွာ နားလည်သည်ကို သက်သေပြပေသည်။ ဘုရားသခင်လုပ်ဆောင်သမျှတိုင်းကို သင်သည် ရှင်းရှင်းလင်းလင်း နားလည်နိုင်ပြီး ဘုရားသခင်ဘက်တွင် ရပ်တည်ရင်း ဘုရားနှုတ်ကပတ်တော်၏ ရှုထောင့်မှတစ်ဆင့် အမှုကိစ္စများကို သိမြင်နိုင်ပါက၊ သင်၏အမြင်များ မှန်ကန်လာပြီးဖြစ်လိမ့်မည်။ ထို့ကြောင့် ဘုရားသခင်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခုကို တည်ဆောက်ခြင်းသည် ဘုရားသခင်ကို ယုံကြည်သူ မည်သူမဆိုအဖို့ အဆုံးစွန် အရေးကြီးသောအရာ ဖြစ်သည်။ အယောက်တိုင်းသည် ယင်းကို ၎င်းတို့ဘဝတွင် ပဓာန အရေးကြီးသည့်တာဝန်တစ်ခုနှင့် အကြီးမားဆုံးသော ဖြစ်ရပ်အဖြစ် မှတ်ယူသင့်သည်။ သင်လုပ်ဆောင်သမျှ အရာတိုင်းကို သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး ရှိမရှိဆိုသည့်အရာဖြင့် တိုင်းတာပေသည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် ပုံမှန်ဖြစ်ပြီး သင်၏ရည်ရွယ်ချက်များ မှန်ပါက၊ ဆောင်ရွက်လော့။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို ထိန်းသိမ်းရန်၊ သင်သည် ပုဂ္ဂိုလ်ရေးရာ အကျိုးများ ဆုံးရှုံးခြင်း ခံစားရဖို့ မစိုးရွံ့နှင့်။ စာတန်ကို အနိုင်ယူခွင့် သင်ပေး၍မရ၊ စာတန်အား သင့်အပေါ် အခိုင်အမာတွယ်ခွင့် ပေး၍မရသကဲ့သို့၊ စာတန်က သင့်အား ရယ်ဖွယ်ကောင်းသည့် အရာတစ်ခု ဖြစ်စေခွင့် ပေး၍မဖြစ်ပေ။ ထိုသို့သော ရည်ရွယ်ချက်များရှိခြင်းသည် သင်နှင့် ဘုရားသခင်၏ဆက်ဆံရေး ပုံမှန်ဖြစ်သည့် လက္ခဏာဖြစ်သည်- ၎င်းသည် ဇာတိပကတိအတွက် မဟုတ်ဘဲ စိတ်ဝိညာဉ်ငြိမ်သက်ခြင်းအတွက်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ရရှိခြင်းအတွက်နှင့် ဘုရားသခင်၏ အလိုကို ကျေနပ်စေခြင်းအတွက် ဖြစ်သည်။ မှန်ကန်သည့် အခြေအနေသို့ ဝင်ရောက်ရန်၊ သင့်အနေဖြင့် ဘုရားသခင်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးကို တည်ဆောက်ရမည်ဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် သင်၏အမြင်ကို မှန်ကန်စေရမည်။ ဤသည်မှာ ဘုရားသခင်က သင့်ကို ရရှိနိုင်ဖို့နှင့်၊ သူ၏နှုတ်ကပတ်တော်များ၏ အသီးအပွင့်များကို သင့်အထဲတွင် သူဖော်ထုတ်ပြနိုင်ဖို့နှင့် သင့်ကို သာ၍ပင် ဉာဏ်အလင်းပေးပြီး အလင်းပြနိုင်ဖို့အလို့ငှာ ဖြစ်သည်။ ဤနည်းလမ်းဖြင့်၊ သင်သည် မှန်ကန်သည့် အမူအကျင့်ထဲသို့ ဝင်ရောက်ပြီးဖြစ်လိမ့်မည်။ ဘုရားသခင်၏ ယနေ့နှုတ်ကပတ်တော်များကို ဆက်လက် စားသောက်လော့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်လုပ်ခြင်းနည်းဟန်ထဲသို့ ဝင်ရောက်လော့၊ ဘုရားသခင်၏ ယနေ့ တောင်းဆိုချက်များအတိုင်း ဆောင်ရွက်လော့၊ ခေတ်နောက်ကျသော လက်တွေ့လုပ်ဆောင်မှု နည်းစနစ်များကို မလိုက်နာနှင့်၊ အမှုအရာများ လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် နည်းလမ်းဟောင်းများကို မဖက်တွယ်နှင့်၊ ပြီးလျှင် ယနေ့ အလုပ်လုပ်ခြင်း နည်းဟန်ထဲသို့ ဖြစ်နိုင်သမျှမြန်မြန် ဝင်ရောက်လော့။ ထိုသို့ဖြင့် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် လုံးဝ ပုံမှန်ဖြစ်လာလိမ့်မည်ဖြစ်ပြီး သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ် တက်လှမ်းပြီးဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

စစ်မှန်သောဆုတောင်းခြင်းဆိုသည်မှာ အဘယ်နည်း။ ဆုတောင်းခြင်းအားဖြင့် ကျွန်ုပ်တို့သည်ဘုရားသခင်နှင့် စစ်မှန်သော မိတ်သဟာယဖွဲ့ခြင်းကို မည်သို့ရရှိနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- စစ်မှန်သော ဆုတောင်းခြင်းဆိုသည်မှာ အဘယ်နည်း။ ယင်းမှာ သင်၏နှလုံးသားထဲ ရှိသည့်အရာကို ဘုရားသခင်အား...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။