ပုံမှန် ဝိညာဉ်ရေးရာ အသက်တာသည် မည်သည့်အရာဖြစ်ပြီး ဘာသာရေး အခမ်းအနားတွင် ပါဝင်ခြင်းမှာ အဘယ်နည်း

06.12.2021

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၌ ယုံကြည်ခြင်းသည် ပုံမှန်ဝိညာဉ်ရေးရာ အသက်တာတစ်ခု လိုအပ်လာ၏၊ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းအတွက် အခြေခံအုတ်မြစ် ဖြစ်၏။ ဆုတောင်းခြင်းများ၊ ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ခြင်း၊ ဓမ္မသီချင်း သီဆိုခြင်း၊ ချီးမွမ်းခြင်း၊ နှလုံးသွင်းဆင်ခြင်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆခြင်းနှင့်ဆိုင်သည့် လက်ရှိ သင်တို့၏ လက်တွေ့လုပ်ဆောင်မှုအားလုံးသည် “ပုံမှန် ဝိညာဉ်ရေးရာ အသက်တာတစ်ခု” နှင့် ညီမျှသလော။ သင်တို့ထဲမှ မည်သူမျှ သိပုံမရချေ။ ပုံမှန်ဝိညာဉ်အသက်တာကို ဆုတောင်းခြင်း၊ ဓမ္မသီချင်းသီဆိုခြင်း၊ အသင်းတော်အသက်တာ၌ ပါဝင်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းကဲ့သို့သော အလေ့အထများ၌သာ ကန့်သတ်မထားပေ။ ယင်းထက်၊ သစ်လွင်ပြီး ဖျတ်လတ်တက်ကြွသော ဝိညာဉ်အသက်တာကို အသက်ရှင်ခြင်း ပါဝင်လေသည်။ အရေးကြီးသည်မှာ သင် မည်သို့ လက်တွေ့လုပ်ဆောင်သည်မဟုတ်ဘဲ၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်းက မည်သည့် အသီးအပွင့် သီးပွင့်သည်ဆိုသည့်အရာ ဖြစ်သည်။ ထိုသို့သော လက်တွေ့လုပ်ဆောင်မှုများက တစ်စုံတစ်ရာ သက်ရောက်မှုရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ သို့မဟုတ် စစ်မှန်သော သိနားလည်မှုဆီသို့ လမ်းပြသည်ဖြစ်စေ မပြသည်ဖြစ်စေ ပုံမှန်ဝိညာဉ်အသက်တာတွင် ဆုတောင်းခြင်း၊ ဓမ္မသီချင်းများ သီဆိုခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များကို တွေးဆခြင်းတို့ သေချာပေါက် ပါဝင်သည်ဟု လူအများစုက ယုံကြည်ကြလေသည်။ ဤလူတို့သည် အပေါ်ယံ လုပ်ထုံးလုပ်နည်းများကို လိုက်နာရန်သာ အာရုံစိုက်ကြပြီး မိမိတို့၏ ရလဒ်များကို မစဉ်းစားကြချေ။ ၎င်းတို့သည် ဘာသာရေး ဓလေ့များထဲ နေထိုင်ကြသူများဖြစ်ပြီး၊ အသင်းတော်အတွင်း နေထိုင်သူများ မဟုတ်ကြသကဲ့သို့ ဘုရားသခင်၏ နိုင်ငံတော်သားများ သာ၍ပင် မဟုတ်ကြချေ။ ၎င်းတို့၏ ဆုတောင်းပတ္ထနာများ၊ ဓမ္မသီချင်း သီဆိုခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားလုံးသည် စည်းမျဉ်းလိုက်နာခြင်းသာဖြစ်သည်၊ မလုပ်မနေရ လုပ်ဆောင်ခြင်းဖြစ်ပြီး ရေပန်းစားမှုများကို အမီလိုက်ဖို့ လုပ်ဆောင်ခြင်းဖြစ်ကာ လိုအင်ဆန္ဒရှိခြင်းမှ လုပ်ဆောင်ခြင်း မဟုတ်သကဲ့သို့ စိတ်နှလုံးမှ လုပ်ဆောင်ခြင်း မဟုတ်ချေ။ ဤလူတို့ မည်မျှ ဆုတောင်းပါစေ သို့မဟုတ် သီဆိုပါစေ၊ ၎င်းတို့ လက်တွေ့လုပ်ဆောင်သည့်အရာသည် စည်းမျဉ်းများနှင့် ဘာသာရေး ဓလေ့များသာ ဖြစ်သည့်အတွက် ၎င်းတို့၏ အားထုတ်မှုများက မည်သည့်အကျိုးမျှ ဖြစ်ထွန်းလိမ့်မည်မဟုတ်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှန်တကယ် လက်တွေ့လုပ်ဆောင်ခြင်း မရှိကြ။ ၎င်းတို့သည် မိမိတို့ အဘယ်သို့ လက်တွေ့လုပ်ဆောင်သည်ဆိုသည်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်လျှောက်ဖို့ စည်းမျဉ်းများအဖြစ် ၎င်းတို့ အဘယ်သို့ သဘောထားကြသည်တို့အပေါ် ရေးကြီးခွင်ကျယ် လုပ်ခြင်းကိုသာ အာရုံစိုက်ကြလေသည်။ ထိုသို့သော လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင် နေကြခြင်း မဟုတ်ချေ။ ၎င်းတို့သည် ဇာတိပကတိကိုသာ အလိုဖြည့်နေကြပြီး အခြားသူများ မြင်ဖို့ရန်သာ ဆောင်ရွက် နေကြလေသည်။ ဤဘာသာရေးထုံးတမ်းနှင့် စည်းမျဉ်းများသည် လူသားထံမှလာသည်၊ ဘုရားသခင်ထံမှလာခြင်း မဟုတ်ပေ။ ဘုရားသခင်သည် စည်းမျဉ်းများကို လိုက်နာခြင်းမရှိသကဲ့သို့ မည်သည့် စည်းမျဉ်းကိုမျှ လိုက်နာရခြင်းလည်း မရှိပေ။ ယင်းထက်၊ သူသည် နေ့စဉ် လက်တွေ့ကျသော အလုပ်များကို ပြီးမြောက်လျက် အသစ်သောအရာများကို လုပ်ဆောင်သည်။ နေ့စဉ် နံနက်ခင်း ဝတ်ပြုအစီအစဉ်တက်ရခြင်း၊ ညနေခင်း ဆုတောင်းခြင်း၊ အစာမစားမီ ကျေးဇူးတော်ချီးမွမ်းဆုတောင်းခြင်း၊ အရာရာ၌ ကျေးဇူးတော် ချီးမွမ်းခြင်းကဲ့သို့သော အလေ့အထများဖြင့် မိမိတို့ကိုယ်ကိုယ် ကန့်သတ်ထားသော ကိုယ်ပိုင်မူ သုံးရပ်သုံး အသင်းတော်ထဲက လူများကဲ့သို့ပင်၊ ၎င်းတို့ မည်မျှလုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့ မည်မျှ ကြာကြာ လုပ်ဆောင်ပါစေ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ခြင်း ၎င်းတို့၌ ရှိမည်မဟုတ်ပေ။ လူတို့သည် စည်းမျဉ်းများအလယ် အသက်ရှင်ပြီး သူတို့၏ စိတ်နှလုံးများသည် လက်တွေ့လုပ်ဆောင်မှု နည်းစနစ်များအပေါ် အာရုံစိုက်သည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးကို စည်းမျဉ်းများနှင့် လူသားအယူအဆတို့က နေရာယူထားသောကြောင့် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်မလုပ်နိုင်ချေ၊ သို့ဖြစ်ရာ ဘုရားသခင်သည် ၎င်းတို့အပေါ် ကြားဝင်ပြီး အလုပ်မလုပ်နိုင်သကဲ့သို့ ၎င်းတို့သည် စည်းမျဉ်းများ၏ ထိန်းချုပ်မှုအောက်တွင်သာ ဆက်လက်အသက်ရှင်နိုင်ကြလေသည်။ ထိုသို့သောလူတို့သည် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ရနိုင်စွမ်း အစဉ်ထာဝရ မရှိချေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာနှင့် စပ်လျဉ်း၍

မည်သည့် အသက်တာမျိုးသည် ဝိညာဉ်ရေးရာ အသက်တာ ဖြစ်သနည်း။ ဝိညာဉ်ရေးရာ အသက်တာ ဆိုသည်မှာ သင်၏စိတ်နှလုံးက ဘုရားသခင်ထံသို့ လုံးဝ လှည့်ကာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ဂရုပြုနိုင်သည့် အသက်တာ တစ်ခု ဖြစ်သည်။ ယင်းက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ အသက်ရှင်ပြီး အခြားမည်သည့်အရာကမျှ သင်၏စိတ်နှလုံးကို နေရာ မယူသကဲ့သို့၊ ယနေ့ သင်သည် ဘုရားသခင်၏ အလိုကို သဘောပေါက်နိုင်ကာ သင်၏တာဝန်ကို ဖြည့်ဆည်းဖို့အလို့ငှာ ယနေ့တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းအားဖြင့် လမ်းပြခြင်း ခံရသည့် အသက်တာတစ်ခု ဖြစ်သည်။ လူနှင့် ဘုရားသခင်ကြားက ထိုသို့သော အသက်တာတစ်ခုသည် ဝိညာဉ်ရေးရာ အသက်တာ ဖြစ်သည်။ အကယ်၍ သင်သည် ယနေ့၏အလင်းနောက် မလိုက်နိုင်ပါက၊ သင်နှင့် ဘုရားသခင်၏ ဆက်ဆံရေးကြားတွင် ကွာဟချက်တစ်ခု ဖွင့်ဟထားပြီး ဖြစ်သည်- ယင်းသည် ပြတ်တောက်ကောင်း ပြတ်တောက်သွားနိုင်သကဲ့သို့- သင်သည် ပုံမှန် ဝိညာဉ်ရေးရာ အသက်တာတစ်ခု မရှိပေ။ ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံခြင်း အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ သင်သည် ပုံမှန် ဝိညာဉ်ရေးရာ အသက်တာ ရှိသလော။ သင်သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးတစ်ခု ရှိသလော။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နောက် လိုက်သောသူတစ်ဦး ဖြစ်သလော။ အကယ်၍ သင်သည် ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းနောက် လိုက်နိုင်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းရှိ ဘုရားသခင်၏ အလိုကို သဘောပေါက်နိုင်ကာ ဤနှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်နိုင်ပါက၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းနောက်လိုက်သော တစ်စုံတစ်ဦး ဖြစ်ပေသည်။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းနောက် မလိုက်ပါက၊ သင်သည် သမ္မာတရားကို မလိုက်စားသည့်သူတစ်ဦး ဖြစ်သည်မှာ သေချာပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် မိမိတို့ကိုယ်ကိုယ် တိုးတက်စေဖို့ ဆန္ဒမရှိသူများအတွင်းတွင် အလုပ်လုပ်ဖို့ မဖြစ်နိုင်သကဲ့သို့၊ အကျိုးဆက်အနေဖြင့် ထိုသို့သော လူများသည် ၎င်းတို့၏ ခွန်အားကို မည်သည့်အခါမျှ မလှုံ့ဆော်နိုင်ကြသကဲ့သို့၊ အမြဲတမ်း မလှုပ်မယှက် ဖြစ်ကြလေသည်။ ယနေ့တွင် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းနောက် လိုက်သလော။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲတွင် ရှိသလော။ မလှုပ်မယှက် ဖြစ်နေသော အခြေအနေတစ်ခုမှ သင် လွတ်လာပြီလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ယုံကြည်သောသူများ၊ ဘုရားသခင်၏ အမှုကို အခြေခံအုတ်မြစ်အဖြစ် ခံယူပြီး၊ ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းနောက် လိုက်လျှောက်သောသူများအားလုံး- ၎င်းတို့အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိကြပေသည်။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် တိတိကျကျ စစ်မှန်ပြီး မှန်ကန်သည်ဟု သင် ယုံကြည်ပါက၊ ပြီးလျှင် ဘုရားသခင် မည်သည့်အရာကို ပြောသည်ဖြစ်စေ သူ၏ နှုတ်ကပတ်တော်များကို သင် ယုံကြည်ပါက၊ သင်သည် ဘုရားသခင်၏ အမှုထဲသို့ ဝင်ရောက်ခြင်းကို အားထုတ်သောသူတစ်ဦး ဖြစ်ပြီး ဤနည်းဖြင့် သင်သည် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့

ပုံမှန်ဝိညာဉ်ရေးရာအသက်တာသည် ဘုရားသခင် ရှေ့မှောက်၌ နေထိုင်သည့် အသက်တာတစ်ခု ဖြစ်သည်။ ဆုတောင်းသည့်အခါ လူတစ်ဦးသည် မိမိ၏ စိတ်နှလုံးကို ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်သက်စေနိုင်ပြီး ဆုတောင်းခြင်းမှတစ်ဆင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်းကို ရှာဖွေနိုင်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိရှိနိုင်ပြီး၊ ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့်၊ လူတို့သည် ဘုရားသခင်၏ လက်ရှိအမှုနှင့်ဆိုင်သော ပိုမိုရှင်းလင်းပြီး ပိုမိုနှံ့စပ်သော သိနားလည်ခြင်းတစ်ခု ရရှိနိုင်၏။ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းသစ်တစ်ခုကိုလည်း ၎င်းတို့ ရရှိနိုင်ပြီး လမ်းကြောင်းဟောင်းကို ဖက်တွယ်ကြလိမ့်မည်မဟုတ်ပေ။ ၎င်းတို့ လက်တွေ့လုပ်ဆောင်သမျှအလုံးစုံတို့သည် အသက်တာတွင် ကြီးထွားမှု ရရှိဖို့ဖြစ်ပေလိမ့်မည်။ ဆုတောင်းခြင်းအတွက်မူ၊ ကြားကောင်းသည့် စကားအနည်းငယ်ကို ပြောဆိုခြင်း သို့မဟုတ် သင်မည်မျှ အကြွေးတင်ရှိသည်ကို ပြဖို့ ဘုရားသခင်၏ ရှေ့မှောက်တွင် မျက်ရည်စက်လက်ဖြစ်ခြင်းအကြောင်း မဟုတ်ချေ။ ယင်းထက် ဆုတောင်းခြင်း၏ ရည်ရွယ်ချက်မှာ မိမိကိုယ်ကိုယ် သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုဖို့ လေ့ကျင့်ရန် ဖြစ်သည်။ နေ့တိုင်း မိမိ၏ စိတ်နှလုံးက အသစ်သော အလင်းဆီသို့ ဆွဲဆောင်ခံရဖို့အလို့ငှာနှင့် လူတစ်ဦးအနေဖြင့် မတုန်မလှုပ် မဖြစ်ဖို့ သို့မဟုတ် မပျင်းရိဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းမှန်ပေါ် ခြေချနိုင်ဖို့အလို့ငှာ မိမိစိတ်နှလုံးကို ဘုရားသခင်ရှေ့တွင် ဆိတ်ငြိမ်စေခွင့်ပေးရင်း၊ ကိစ္စရပ်အလုံးစုံတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ လမ်းပြမှုကို ရှာဖွေဖို့ မိမိကိုယ်ကိုယ် လေ့ကျင့်ရန် ဖြစ်ပေသည်။ ယနေ့ခေတ်တွင် လူအများစုသည် လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းများကိုသာ အာရုံစိုက်ကြသော်လည်း သမ္မာတရားကို လိုက်စားဖို့နှင့် အသက်တာ ကြီးထွားမှုကို ရရှိဖို့အလို့ငှာ ထိုသို့ မလုပ်ဆောင်ကြချေ။ ဤသည်မှာ ၎င်းတို့ လမ်းလွဲသွားကြသည့်နေရာ ဖြစ်သည်။ အသစ်သောအလင်းကို ရရှိနိုင်စွမ်းရှိကြသော်လည်း ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း နည်းစနစ်များ မပြောင်းလဲသည့် အချို့သော လူများလည်း ရှိပေသည်။ ၎င်းတို့သည် ဘုရားသခင်၏ ယနေ့ နှုတ်ကပတ်တော်များကို ရရှိဖို့ရန် ၎င်းတို့ ရှာဖွေသည်နှင့်အမျှ ၎င်းတို့၏ ဘာသာရေး အယူအဆဟောင်းများကို ၎င်းတို့နှင့်အတူ ယူဆောင်လာကြလေသည်။ ထို့ကြောင့် ၎င်းတို့ ရရှိသည်မှာ ဘာသာရေးအယူအဆများ ခြယ်သထားသည့် အယူဝါဒ ဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့သည် ယနေ့အလင်းကို တကယ် ရရှိနေခြင်း မဟုတ်ကြချေ။ အကျိုးဆက်အနေဖြင့် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုများက စွန်းထင်းနေလေသည်။ ၎င်းတို့သည် ထုပ်ပိုးမှု အပြင်အဆင်သစ်ထဲက မပြောင်းလဲသည့် အလေ့အထဟောင်းများဖြစ်သည်။ ၎င်းတို့ မည်မျှကောင်းကောင်း လက်တွေ့လုပ်ဆောင်ပါစေ၊ သူတော်ကောင်း ယောင်ဆောင်သူများ ဖြစ်ကြပေသည်။ ဘုရားသခင်သည် နေ့စဉ် ထိုးထွင်းသိမြင်မှုအသစ်နှင့် သိနားလည်မှုတို့ကို ရရှိရန် တောင်းဆိုရင်း နှင့် ၎င်းတို့ကို ခေတ်နောက်မကျဖို့ရန်နှင့် အပ်ကြောင်းမထပ်ကြဖို့ရန် တောင်းဆိုရင်း လူတို့ကို နေ့စဉ် အသစ်သော အရာများ လုပ်ဆောင်ခြင်းထဲ ဦးဆောင်၏၊ သင်သည် နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်လာခဲ့သော်လည်း၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်း နည်းစနစ်များ လုံးဝ ပြောင်းလဲခြင်း မရှိခဲ့ပါက၊ အပြင်ပန်း ကိစ္စများနှင့်ပတ်သက် စိတ်အားထက်သန်ဆဲ ဖြစ်ပြီး အလုပ်များသော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဘုရားသခင်၏ မွေ့လျော်ဖို့ ဘုရားသခင်၏ ရှေ့မှောက် ယူဆောင်ရန် ငြိမ်းအေးသော စိတ်နှလုံးမရှိပါက၊ သင်သည် မည်သည့်အရာကိုမျှ ရရှိနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏ အသစ်သော အမှုကို လက်ခံခြင်းနှင့် ပတ်သက်လာသည့်အခါ၊ သင်သည် မတူကွဲပြားစွာ မစီစဉ်ပါက၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်းကို အသစ်သော နည်းလမ်းဖြင့် မလုပ်ဆောင်ပါက၊ ပြီးလျှင် မည်သည့် အသစ်သော သိနားလည်မှုကိုမျှ မလိုက်စားဘဲ၊ ယင်းအစား သိနားလည်မှု အဟောင်းကို ဖက်တွယ်ပြီး သင် လက်တွေ့လုပ်ဆောင်သည့် နည်းလမ်းကို မပြောင်းလဲဘဲ အနည်းငယ်သော အလင်းသစ်အချို့ကိုသာ ရရှိပါက၊ သင်ကဲ့သို့သော လူတို့သည် ဤရေစီးကြောင်းထဲတွင် နာမည်အရသာ ရှိနေသည်၊ အမှန်တွင်၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပက ဘာသာရေးဆိုင်ရာ ဖာရိရှဲများ ဖြစ်ကြလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာနှင့် စပ်လျဉ်း၍

စစ်မှန်သည့် ဝိညာဉ်ရေးရာ အသက်တာသည် ဆုတောင်းခြင်း အသက်တာဖြစ်၏- ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းခံရသည့် အသက်တာတစ်ခု ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ထိတွေ့ခြင်းခံရသည့် ဖြစ်စဉ်မှာ လူသား၏ စိတ်သဘောထား ပြောင်းလဲခြင်း ဖြစ်စဉ်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ထိတွေ့ခြင်း မခံရသည့် အသက်တာသည် ဝိညာဉ်ရေးရာ အသက်တာတစ်ခု မဟုတ်ဘဲ၊ ဘာသာရေးဓလေ့နှင့်ဆိုင်သော အသက်တာတစ်ခုသာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်း မကြာခဏ ခံရပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခံရပြီး အလင်းပြခံရသူများသာ ဝိညာဉ်ရေးရာ အသက်တာထဲသို့ ဝင်ရောက်ကြပြီး ဖြစ်သည်။ လူသား၏ စိတ်သဘောထားသည် သူဆုတောင်းသည့်အတိုင်း စဉ်ဆက်မပြတ် ပြောင်းလဲလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို သူ ခံရလေလေ၊ သူသည် တက်ကြွလေလေဖြစ်ပြီး နာခံလာလေလေ ဖြစ်သည်။ ထို့ကြောင့် သူ့၏စိတ်နှလုံးသည်လည်း တဖြည်းဖြည်း သန့်စင်ခံရပြီး သူ၏ စိတ်သဘောထားသည် တဖြည်းဖြည်း ပြောင်းလဲလိမ့်မည်။ ယင်းမှာ စစ်မှန်သည့် ဆုတောင်းခြင်း၏ အကျိုးသက်ရောက်မှု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍

ဘာသာရေး ထုံးတမ်းအစဉ်အလာ မည်မျှကို သင် စောင့်ထိန်းသနည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အကြိမ်မည်မျှ ဆန့်ကျင်ကာ မိမိအလိုအတိုင်း လိုက်လျှောက်ခဲ့သနည်း။ ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးများကို အမှန်တကယ် အရေးထားကာ သူ၏အလိုတော် ဖြည့်ဆည်းဖို့ ကြိုးစားခြင်းကြောင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အား အကြိမ်မည်မျှ သင် လက်တွေ့လုပ်ဆောင်ခဲ့ဖူးသနည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ကာ နားလည်သည့်အလျောက် လက်တွေ့လုပ်ဆောင်သင့်၏။ သင်၏အပြုအမူများနှင့် လုပ်ရပ်များအားလုံး၌ ကိုယ်ကျင့်တရား ကောင်းမွန်လော့။ ဤသည်မှာ စည်းမျဉ်းများကို လိုက်နာခြင်း သို့မဟုတ် စိတ်မပါ့တပါနှင့် အပေါ်ယံဗန်းပြ လုပ်ဆောင်ခြင်းကို မဆိုလို။ ယင်းထက် ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်နေထိုင်ခြင်းကို ဆိုလိုသည်။ ဤကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်းသည်သာလျှင် ဘုရားသခင်ကို ကျေနပ်စေသည်။ ဘုရားသခင်ကို ကျေနပ်စေသော မည်သည့်လုပ်ဆောင်ပုံနည်းလမ်းမဆို စည်းမျဉ်းတစ်ခု မဟုတ်ဘဲ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ လူအချို့သည် လူအများက သူတို့အပေါ် အာရုံစိုက်အောင် လုပ်ခြင်းကို ခုံမင်ကြသည်။ ၎င်းတို့၏ ညီအစ်ကိုမောင်နှမများ ရှေ့တွင် ၎င်းတို့သည် ဘုရားသခင်၏ အကြွေးတင်ရှိကြောင်းကို ပြောနိုင်သည်။ သို့သော် နောက်ကွယ်တွင်မူ ထိုသူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ၊ လုံးလုံးလျားလျား ခြားနားစွာ ပြုမူကြသည်။ ဤသူတို့သည် ဘာသာရေးကိုင်းရှိုင်းသော ဖာရိရှဲများ မဟုတ်လော။ ဘုရားသခင်ကို အမှန်တကယ် ချစ်ပြီး သမ္မာတရား ရှိသောသူတစ်ဦးသည် ဘုရားသခင်ကို သစ္စာစောင့်သိသူ ဖြစ်သော်လည်း၊ အပြင်ပန်း၌ ထိုကဲ့သို့ ဖော်ပြလေ့မရှိပေ။ ထိုကဲ့သို့သောသူသည် အခြေအနေများ ပေါ်ပေါက်လာချိန်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုပြီး ၎င်း၏အသိစိတ်ကို ဆန့်ကျင်ကာ ပြောဆိုခြင်း သို့မဟုတ် ပြုမူခြင်းကို ပြုလုပ်လေ့ မရှိပေ။ ထိုကဲ့သို့သောသူသည် အရေးကိစ္စများ ပေါ်လာချိန်တွင် ဉာဏ်ပညာကို ပြသပြီး၊ အခြေအနေများ မည်သို့ပင် ဖြစ်နေပါစေ သူ၏လုပ်ရပ်များ၌ ကိုယ်ကျင့်တရား ကောင်းမွန်၏။ ဤကဲ့သို့သောသူသည် စစ်မှန်သော အစေခံခြင်း ပေးနိုင်သောသူ ဖြစ်သည်။ ဘုရားသခင်ကို အကြွေးတင်ရှိကြောင်း စိတ်ထဲကမပါဘဲ ပြောသူတချို့ ရှိသည်။ ၎င်းတို့သည် သူတစ်ပါးထက် သာသည့်ဟန်ဆောင်ကာ သနားဖွယ်ယောင်ဆောင်လျက် ပူပန်သောကဖြင့် မျက်မှောင်ကုတ်ကာ မိမိတို့၏ နေ့ရက်များကို ကုန်လွန်ကြသည်။ စက်ဆုပ်ရွံရှာဖွယ် ကောင်းလိုက်လေခြင်း။ “သင်၌ ဘုရားသခင်၏အကြွေး မည်သို့တင်ရှိသနည်း။ ပြောပြပါ။” ဟု သူတို့အား မေးခဲ့လျှင် သူတို့သည် အာစေးမိသွားမည် ဖြစ်သည်။ သင်သည် ဘုရားသခင်အပေါ် အမှန်တကယ် သစ္စာစောင့်သိလျှင်၊ ယင်းအကြောင်းကို အပြင်ပန်းအားဖြင့် မပြောနှင့်။ ယင်းအစား တကယ့် လက်တွေ့လုပ်ဆောင်မှု နည်းလမ်းဖြင့် ဘုရားသခင်အပေါ် သင်ချစ်ခြင်းအား ပြသလော့၊ ပြီးလျှင် စစ်မှန်သော နှလုံးသားဖြင့် သူ့ထံ ဆုတောင်းလော့။ နှုတ်အားဖြင့်နှင့် ဝတ်ကျေတမ်းကျေသာ ဘုရားသခင်နှင့် ဆက်ဆံသူများသည် ကြောင်သူတော်များသာ ဖြစ်သည်။ အချို့သူတို့သည် ဆုတောင်းပတ္ထနာပြုတိုင်း ဘုရားသခင်အပေါ် အကြွေးတင်ရှိကြောင်းကို ပြောကာ၊ သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်းကြောင့် မဟုတ်ဘဲ၊ ၎င်းတို့ ဆုတောင်းသည့်အခါတိုင်း စတင်၍ ငိုကြွေးတတ်ကြသည်။ ထိုသို့သော လူများသည် ဘာသာရေးထုံးတမ်းဓလေ့များနှင့် အယူအဆများ စွဲနေသူများ ဖြစ်၏၊ ထိုသို့သော အပြုအမူများသည် ဘုရားသခင်ကို ကျေနပ်စေသည်၊ အပေါ်ယံ ဘုရားတရားကိုင်းရှိုင်းမှု သို့မဟုတ် အပေါ်ယံ ဝမ်းနည်းမျက်ရည်များသည် ဘုရားသခင်နှစ်သက်သော အရာများ ဖြစ်သည်ဟု အစဉ်ယုံကြည်လျက် ထိုသို့သော ထုံးတမ်းဓလေ့များနှင့် အယူအဆများဖြင့် အသက်ရှင်ကြသည်။ ထိုသို့သော အဓိပ္ပာယ်မဲ့သူများသည် မည်သို့အကျိုးပြုမည်နည်း။ အချို့က မိမိတို့၏နှိမ့်ချမှုကို ပြသရန်အတွက် အခြားသူများရှေ့၌ စကားပြောစဉ်တွင် သဘောထားကြီးဟန် ယောင်ဆောင်ကြသည်။ အချို့ကမူ အားအင်လုံးဝမရှိတော့သည့် သိုးငယ်များကဲ့သို့၊ အခြားသူများရှေ့တွင် တမင်တကာ ရိုကျိုးပြလွန်းကြသည်။ ဤသည်မှာ နိုင်ငံတော်၏လူများ ပြုမူသင့်သည် အပြုအမူများ ဖြစ်သလော။ နိုင်ငံတော်၏လူတို့သည် တက်ကြွ၍ အချုပ်အနှောင် ကင်းသောသူ၊ အပြစ်ကင်းပြီး ပွင့်လင်းသောသူ၊ ရိုးသားဖြောင့်မတ်ပြီး ချစ်ဖွယ်ကောင်းသူ၊ လွတ်လပ်သော အနေအထား၌ အသက်ရှင်သူများ ဖြစ်သင့်သည်။ ထိုသူတို့၌ သမာဓိနှင့် ဂုဏ်သိက္ခာ ရှိသင့်ပြီး သွားလေရာရာ၌ သက်သေခံနိုင်သင့်သည်။ ထိုကဲ့သို့သော သူတို့သည် ဘုရားသခင်၏ချစ်ခြင်းကိုရော လူသား၏ ချစ်ခြင်းကိုပါ ခံရသူများ ဖြစ်သည်။ ယုံကြည်ခြင်း၌ သက်တမ်းနုသော သူတို့တွင် အပေါ်ယံ လက်တွေ့လုပ်ဆောင်မှုများ များလွန်းကြသည်။ ၎င်းတို့သည် ပဲ့ပြင်ဆုံးမခြင်းနှင့် ချိုးဖျက်ခြင်းခံရသည့် ကာလကို အရင် ဖြတ်သန်းကြရမည်။ စိတ်နှလုံးအတွင်း၌ ဘုရားသခင်အား ယုံကြည်သောသူများကို အခြားသူများနှင့် အပြင်ပန်းအားဖြင့် ကြည့်ရုံနှင့် ခွဲခြား၍မရနိုင်။ သို့သော်လည်း ထိုသူတို့၏ လုပ်ရပ်များနှင့် လုပ်ဆောင်မှုများသည် ချီးမွမ်းထိုက်ဖွယ် ဖြစ်သည်။ ထိုကဲ့သို့သော လူများသာလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်နေထိုင်သူများ ဖြစ်သည်ဟု မှတ်ယူနိုင်သည်။ အကယ်၍ ဧဝံဂေလိ သတင်းကောင်းကို ဟိုလူ၊ သည်လူအား ကယ်တင်ခြင်းကို ဆောင်ကြဉ်းလာရန် သင်နေ့စဉ် ဟောပြောသော်လည်း၊ အဆုံးတွင် သင်သည် စည်းမျဉ်းများ၊ အယူဝါဒများဖြင့် ဆက်လက် အသက်ရှင်နေသေးလျှင်၊ သင်သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေနိုင်မည် မဟုတ်။ ထိုကဲ့သို့သောသူများသည် ဘာသာရေးသမားများအပြင် ကြောင်သူတော်များလည်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူတစ်ဦးသည် ယုံကြည်ခြင်း၌ စစ်မှန်မှုကို အဓိကထားရမည်၊ ဘာသာရေး ထုံးတမ်းဓလေ့၌ ပါဝင်လုပ်ဆောင်ခြင်းသည် ယုံကြည်ခြင်းမဟုတ်

အကယ်၍ လူတို့သည် ၎င်းတို့၏ ယုံကြည်ခြင်းတွင် သမ္မာတရားကို လိုက်နာစောင့်ထိန်းရန် စည်းမျဉ်းတစ်စုံအဖြစ် သဘောထားပါက ၎င်းတို့၏ ယုံကြည်ခြင်းသည် ဘာသာရေးဟိတ်ဟန်များအဖြစ်သို့ ပြောင်းလဲတတ်သည် မဟုတ်လော။ ထိုသို့သော ဘာသာရေးဟိတ်ဟန်များ နှင့် ခရစ်ယာန်ဘာသာအကြား ခြားနားမှုမှာ အဘယ်နည်း။ အမှုအရာများ ၎င်းတို့ ပြောဆုံပုံတွင် ပိုမိုလေးနက်ပြီး ပိုမိုတိုးတက်နိုင်သော်လည်း ၎င်းတို့၏ ယုံကြည်ခြင်းက စည်းမျဉ်းတစ်စုံ နှင့် ဘာသာရေး ဟိတ်ဟန်မျိုးတစ်ခုသာ ဖြစ်လာခဲ့ပါက၊ ယင်းသည် ခရစ်ယာန်ဘာသာအဖြစ်သို့ ပြောင်းသွားသည်ဟု ဆိုလိုသည် မဟုတ်လော။ သွန်သင်ချက်အဟောင်းများနှင့် အသစ်များအကြားတွင် ကွာခြားချက်များရှိသော်လည်း အကယ်၍ သွန်သင်ချက်များမှာ အယူအဆပုံစံမျိုးထက် မပိုဘဲ ဟိတ်ဟန်ပုံစံတစ်ခု၊ လူတို့အတွက် သြဝါဒပုံစံတစ်ခုမျှ ဖြစ်လာခဲ့သော်၊ ထိုနည်းတူ ၎င်းတို့သည်လည်း ယင်းထံမှ သမ္မာတရားကို မရနိုင်ပါက သို့မဟုတ် သမ္မာတရား၏စစ်မှန်မှုထဲသို့ မဝင်ရောက်နိုင်ပါက၊ ၎င်းတို့၏ယုံကြည်ခြင်းမှာ ခရစ်ယာန်ဘာသာကဲ့သို့ပင် ဖြစ်သည်မဟုတ်လော။ အနှစ်သာရအားဖြင့် ဤသည်မှာ ခရစ်ယာန်ဘာသာ မဟုတ်သလော။ (ဟုတ်ပါသည်။) ထို့ကြောင့် သင်တို့၏အပြုအမူနှင့် သင်တို့၏တာဝန်များ ထမ်းဆောင်ရာတွင် မည်သည့်အရာများ၌ သင်သည် ခရစ်ယာန်ဘာသာထဲက ယုံကြည်သူများနှင့် တူညီ သို့မဟုတ် ဆင်တူသည့် အမြင်များနှင့် အခြေအနေများ ရှိပါသနည်း။ (စည်းမျဉ်းများ လိုက်နာစောင့်ထိန်းခြင်း၊ နှုတ်ကပတ်တော်နှင့် အယူဝါဒတို့ဖြင့် ပြင်ဆင်ခြင်းများတွင်။) (ဝိညာဉ်ရေးရာ ပြည့်ဝပုံပေါ်ခြင်းနှင့် အပြုအမူကောင်းကို ထုတ်ပြခြင်း၊ ဘုရားတရား ကိုင်းရှိုင်းခြင်းနှင့် နှိမ့်ချခြင်းတို့အပေါ် အာရုံစိုက်ရာတွင်။) အပြင်ပန်းအနေဖြင့် အပြုအမူကောင်းရှိဖို့ သင် ကြိုးစားသည်၊ ဝိညာဉ်ရေး ပြည့်ဝသည့်ပုံမျိုးဖြင့် မိမိကိုယ်ကိုယ် ပြရုပ်တင်ဖို့ သင် အစွမ်းကုန်လုပ်ဆောင်သည်၊ ဝိညာဉ်ရေး အယူဝါဒကို ပြောဆိုသည်၊ ဝိညာဉ်ရေးရာအရ မှန်ကန်သော အရာများကို ပြောဆိုသည်၊ လူသား၏ အယူအဆနှင့် စိတ်ကူးစိတ်သန်းများက အတော်လေး ထောက်ခံသည့် အရာများကို လုပ်ဆောင်သည်၊ မွန်မြတ်သောသူကဲ့သို့ ဟန်ဆောင်လေသည်။ နှုတ်ကပတ်တော်များနှင့် အယူဝါဒများကို သင် မြင့်မြင့်မားမား ပြောဆိုသည်၊ ကောင်းရာလုပ်ဖို့၊ မွန်မြတ်သော လူများဖြစ်ဖို့နှင့် သမ္မာတရားကို နားလည်ဖို့ လူတို့ကို သွန်သင်သည်၊ သင်သည် ဝိညာဉ်ရေး ပြည့်ဝသည့်ပုံပြုမူပြီး သင် လုပ်ဆောင်သမျှတိုင်းတွင် အပေါ်ယံ ဝိညာဉ်ရေးရာ ပြည့်ဝခြင်းကို သင် ဖော်ထုတ်ပြသည်။ သို့သော်၊ လက်တွေ့တွင်၊ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ ရှာဖွေခဲ့ခြင်းမပြု၊ ပြဿနာတစ်ခု သင် ကြုံရသည်နှင့်တပြိုင်နက် ဘုရားသခင်ကို ဘေးတွန်းထုတ်ကာ လူ့အလိုဆန္ဒအတိုင်း သင် လုံးလုံးလျားလျား ပြုမူလေသည်။ သမ္မာတရား၏ အခြေခံသဘောတရားများနှင့်အညီ သင် မည်သည့်အခါမျှ ပြုမူလုပ်ဆောင်ခဲ့ခြင်းမရှိ၊ သမ္မာတရားထဲ၌ မည်သည့်အရာကို ပြောထားကြောင်း၊ ဘုရားသခင်၏အလိုတော်မှာ မည်သည့်အရာဖြစ်ကြောင်း၊ သူသည် လူသားကို မည်သည့်စံနှုန်းများ သတ်မှတ်ထားကြောင်း မည်သည့်အခါမျှ သင် နားလည်ခဲ့ခြင်းမရှိပေ၊ သင်သည် ဤကိစ္စရပ်များကို မည်သည့်အခါမျှ အလေးအနက် သဘောထားခဲ့ခြင်းမရှိ သို့မဟုတ် ၎င်းတို့ကို သင် စိတ်ဝင်စားခြင်း မရှိချေ။ လူတို့၏ ထိုသို့သော ပြင်ပလုပ်ဆောင်ချက်များနှင့် အတွင်းပိုင်းအခြေအနေများဖြစ်သည့် ဤယုံကြည်ခြင်းမျိုးသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကိုရှောင်ခြင်း ဖြစ်စေပါသလော။ အကယ်၍ လူတို့၏ယုံကြည်ခြင်းနှင့် သမ္မာတရားအပေါ် ၎င်းတို့၏လိုက်စားမှုအကြား ဆက်နွှယ်မှု မရှိပါက ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ကြသလော၊ မယုံကြည်ကြသလော။ သမ္မာတရားကို လိုက်စားခြင်းနှင့် ဆက်စပ်မှုမရှိသည့် လူတို့သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်နိုင်ခဲ့ပါစေ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ကြောက်ရွံ့သော ကြည်ညိုမှု ရရှိပြီး မကောင်းမှုကို အစစ်အမှန် ရှောင်ကြည်နိုင်သလော၊ မရှောင်ကြဉ်နိုင်သလော။ (မရှောင်ကြဉ်နိုင်ပါ။) ထိုသို့ဆိုသော် ယင်းကဲ့သို့သောလူများ၏ အပေါ်ယံ အပြုအမူမှာ အဘယ်နည်း။ မည်သည့်လမ်းကြောင်းမျိုးကို ၎င်းတို့ လျှောက်နိုင်သနည်း။ (ဖာရိရှဲတို့၏ လမ်းကြောင်း ဖြစ်ပါသည်။) ၎င်းတို့ကိုယ်ကို မည်သည့်အရာများဖြင့် တပ်ဆင်ပြီး ၎င်းတို့၏ နေ့ရက်များကို ကုန်လွန်စေကြသနည်း။ နှုတ်ကပတ်တော်များနှင့် အယူအဆများဖြင့် မဟုတ်လော။ ၎င်းတို့သည် ၎င်းတို့ကိုယ်ကို ဖာရိရှဲများ၊ သာ၍ ဝိညာဉ်ရေးရာပြည့်ဝပြီး ဘုရားသခင်ကို အစေခံသည်ဟု ယူဆရသောလူများနှင့် ပို၍တူစေရန်၊ ဘုရားသခင်ကို အစေခံသည်ဟု ယူဆရသောလူများနှင့် ပို၍တူစေရန်၊ နှုတ်ကပတ်တော်များနှင့် အယူအဆများဖြင့် ၎င်းတို့ကိုယ်ကို လက်နက်တပ်ဆင်ခြင်း၊ ဝတ်ဆင်ခြင်းဖြင့် ၎င်းတို့၏နေ့ရက်များကို ကုန်လွန်စေကြသည်မဟုတ်လော။ ဤနည်းစနစ်အားလုံး၏ သဘာဝမှာ မည်သည့်အရာသာဖြစ်သနည်း။ ဘုရားသခင်ကို ကိုးကွယ်ခြင်းလော။ ကိုယ်တော်၌ စစ်မှန်သော ယုံကြည်ခြင်းလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်နေကြပါသနည်း။ ၎င်းတို့သည် ဘုရားသခင်ကို လှည့်ဖြားနေကြခြင်း ဖြစ်သည်၊ ၎င်းတို့သည် ဖြစ်စဉ်တစ်ခု၏ အဆင့်များကို ဖြတ်သန်းနေခြင်းနှင့် ဘာသာရေး ဟိတ်ဟန်များထဲတွင် ပါဝင်ပတ်သက်နေကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ယုံကြည်ခြင်းအလံကို လှုပ်ယမ်းကြပြီး ဘာသာရေးထုံးတမ်းများကို လုပ်ဆောင်ခြင်း၊ ကောင်းချီးမင်္ဂလာခံစားရစေရန် ရည်မှန်းချက် ပြည့်မီရေးအတွက် ဘုရားသခင်ကို လိမ်လည်လှည့်ဖြားရန် ကြိုးစားခြင်းတို့ကို ပြုကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကိုးကွယ်ခြင်း လုံးဝမပြုကြပေ။ အဆုံးတွင် ယင်းကဲ့သို့ လူတစ်စုသည် အသင်းတော်အတွင်း ဘုရားသခင်ကို အစေခံသည်ဟု ယူဆရပြီး ဘုရားသခင်ကို ယုံကြည်ပြီး နောက်လိုက်ကြသောသူများကဲ့သို့ပင် အဆုံးသတ်မည် မဟုတ်လော။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ရှေ့တွင် အချိန်ပြည့် အသက်ရှင်မှသာ ကယ်တင်ခြင်းလမ်းကို သင်လျှောက်နိုင်မည်” မှ

လူသား၏ ဝင်ရောက်မှုဖြစ်စဉ်အတွင်းတွင်၊ အသက်တာသည် အမြဲ ပျင်းစရာကောင်းသည်၊ ဆုတောင်းခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ သို့မဟုတ် စုဝေးပွဲများကို ဖွဲ့စည်းခြင်းကဲ့သို့သော ဝိညာဉ်ရေးရာ အသက်တာ၏ ငြီးငွေ့ဖွယ်ကောင်းသော အရိပ်လက္ခဏာများ အပြည့် ဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်ခြင်းသည် မည်သည့်ကြီးမားသော မွေ့လျော်မှုမျှမရှိဟု လူတို့ အမြဲ ခံစားရကြသည်။ ထိုသို့သော ဝိညာဉ်ရေးရာ လုပ်ဆောင်ချက်များကို စာတန်၏ ဖျက်ဆီးခြင်းခံရပြီးဖြစ်သည့် လူသားမျိုးနွယ်၏ မူလ စိတ်သဘောထားနှင့်အညီ အမြဲဆောင်ရွက်ပေသည်။ လူတို့သည် တစ်ခါတစ်ရံ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းကို ရရှိနိုင်ကြသော်လည်း၊ ၎င်းတို့၏ မူလအတွေးအခေါ်၊ စိတ်သဘောထား၊ ဘဝနေထိုင်မှုပုံစံများနှင့် အမူအကျင့်တို့သည် အတွင်း၌ အမြစ်တွယ်ဆဲဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့၏ သဘာဝသည် မပြောင်းမလဲရှိနေသည်။ လူတို့ ပါဝင်ပတ်သက်ကြသည့် အယူသီးသော လုပ်ဆောင်မှုများသည် ဘုရားသခင် အမုန်းဆုံးသော အရာများဖြစ်သော်လည်း၊ ဤအယူသီးသော လုပ်ဆောင်မှုများကို ဘုရားသခင် ချမှတ်ထားသည့်အရာများအဖြစ် တွေးထင်ရင်း၊ လူများစွာတို့သည် ထိုအရာများကို လက်မလွှတ်နိုင်ကြသေးသကဲ့သို့၊ ယနေ့တွင်ပင် ထိုအရာများကို လုံးဝ ခါမချနိုင်ကြသေးပေ။ ထိမ်းမြားမင်္ဂလာ စားသောက်ပွဲများနှင့် သတို့သမီး ဝတ်စုံတန်ဆာများအတွက် လူငယ်များ ပြုလုပ်သည့် အစီအစဉ်များကဲ့သို့သော အရာများ၊ ငွေကြေး လက်ဆောင်များ၊ ဂုဏ်ပြုထမင်းစားပွဲများနှင့် ပျော်ရွှင်ဖွယ် အခါသမယများကို ကျင်းပသည့် အလားတူ နည်းလမ်းများ၊ လက်ဆင့်ကမ်း လာကြပြီးဖြစ်သည့် ရှေးခေတ် လုပ်နည်းစနစ်များ၊ လူသေများနှင့် ၎င်းတို့၏ ဈာပနအခမ်းအနားအတွက် ဦးစီးဦးရွက်ပြုသည့် အဓိပ္ပာယ်မရှိသော အယူသီးသည့် လုပ်ဆောင်ချက်များ အားလုံး- ဤအရာများသည် ဘုရားသခင်အတွက် သာ၍ စက်ဆုပ်ဖွယ် ဖြစ်ပေသည်။ ဝတ်ပြုရာနေ့ပင်လျှင် (ဘာသာရေးလောကက စောင့်ထိန်းသည်နှင့်အညီ၊ ဥပုသ်နေ့အပါအဝင်) သူ့အဖို့ စက်ဆုပ်ဖွယ် ဖြစ်ကာ၊ လူမှုဆက်ဆံရေးများနှင့် ယောက်ျားအချင်းချင်းကြား လောကီဆန်သည့် အပြန်အလှန် ပေါင်းသင်းဆက်ဆံရေးများသည် ဘုရားသခင် သာ၍ပင် စက်ဆုပ်ရွံရှာကာ ငြင်းပယ်သော အရာများ ဖြစ်သည်။ အဆုံးကာရန်တူ လုံးရေညီ နှစ်ကြောင်းကဗျာများ၊ ဗြောက်အိုးများ၊ မီးပုံးများ၊ သန့်ရှင်းသော ပွဲတော်မင်္ဂလာ၊ ခရစ္စမတ် လက်ဆောင်များနှင့် ခရစ်စမတ်ပွဲများကဲ့သို့သော ပျော်ပွဲသဘင် အခါသမယများအတွက် ကစားစရာအရုပ်များ၊ တန်ဆာဆင်မှုများကို မဆိုထားနှင့်၊ လူတိုင်းသိကြသည့် နွေဦးပွဲတော်နှင့် ခရစ်စမတ်နေ့တို့ကိုပင်လျှင် ဘုရားသခင် အမိန့်ပေးထားသည် မဟုတ်ပေ- ၎င်းတို့သည် လူတို့၏ စိတ်ထဲ၌ရှိသော ရုပ်တုဆင်းတုများ ဖြစ်သည်မဟုတ်လော။ ဥပုသ်နေ့၌ မုန့်ကို ချိုးဖဲ့ခြင်း၊ စပျစ်ရည်နှင့် စားပွဲခင်းအထည်အကောင်းစားတို့သည် သာ၍ပင် လူတို့အတွက် ရုပ်တုဆင်းတုများ ဖြစ်သည်မှာ သေချာပေသည်။ နဂါးခေါင်းမြှင့်တင်သည့်နေ့၊ နဂါးလှေပွဲတော်၊ ဆောင်းဦးလယ်ပွဲတော်၊ လားဘာပွဲတော်နှင့် နှစ်သစ်ကူးနေ့ ကဲ့သို့သော တရုတ်နိုင်ငံ၌ လူသိများသည့် ရိုးရာပွဲတော်များအားလုံးနှင့် အီစတာပွဲတော်၊ ဗတ္တိဇံနေ့နှင့် ခရစ္စမတ်နေ့ ကဲ့သို့သော ဘာသာရေးလောကထဲက ပွဲတော်များ၊ ဤမလျော်ကန်သော ပွဲတော်များအားလုံးကို ရှေးကတည်းက ယနေ့ထိတိုင် လူများစွာက စီစဉ်ထားကြပြီး လက်ဆင့်ကမ်းလာခဲ့ကြပေသည်။ ထိုပွဲတော်များကို ယနေ့ထိ လက်ဆင့်ကမ်းခွင့်ပေးခဲ့သည်မှာ လူသားမျိုးနွယ်၏ ကြွယ်ဝသော စိတ်ကူးစိတ်သန်းနှင့် ထွင်တတ်သော စိတ်ကူးဖြစ်သည်။ ၎င်းတို့သည် အပြစ်အနာအဆာ ကင်းပုံပေါ်သော်လည်း၊ အမှန်တွင် လူသားမျိုးနွယ်အပေါ် စာတန်လုပ်ဆောင်သော လှည့်စားမှုများဖြစ်သည်။ နေရာတစ်နေရာသည် စာတန်များဖြင့် စုပြုံလေလေ၊ ထိုနေရာသည် ခေတ်နောက်ကျပြီး ခေတ်နောက်ပြန်ဆွဲလေလေ၊ ယင်း၏ ရှေးရိုးစွဲ ဓလေ့ထုံးစံများသည် နက်ရှိုင်းစွာ အမြစ်တွယ်လေလေဖြစ်သည်။ ဤအရာများသည် လူတို့ကို လုံးဝ လှုပ်ရှားခွင့် မပေးဘဲ၊ တင်းကျပ်စွာ ချည်နှောင်လေသည်။ ဘာသာရေးလောကထဲက ပွဲတော် အများအပြားသည် ကြီးမြတ်သည့် တီထွင်နိုင်မှုကို ပြသပုံပေါ်ပြီး၊ ဘုရားသခင်၏ အမှုသို့ ပေါင်းကူးတံတားတစ်ခု ဖန်တီးပေးသည်ဟု ထင်ရသော်လည်း၊ အမှန်တကယ်တွင် ၎င်းတို့သည် လူတို့ကို စာတန် ချည်နှောင်ပြီး ဘုရားသခင်ကို သိရှိလာခြင်းမှ လူတို့ကို တားဆီးသည့် မမြင်ရသော ကြိုးများ ဖြစ်သည်- ၎င်းတို့ အားလုံးသည် စာတန်၏ ကလိမ်ကကျစ် ပရိယာယ်များ ဖြစ်သည်။ အမှန်တွင်၊ ဘုရားသခင်၏ အမှုအဆင့်တစ်ခု ပြီးသောအချိန်၌ ဘုရားသခင်သည် ထိုကာလက လက်နက်များနှင့် ပုံစံကို မည်သည့်သဲလွန်စမျှ မချန်ဘဲ ဖျက်ဆီးလိုက်ပြီးဖြစ်သည်။ သို့သော်လည်း “ဘုရားတရား ရိုသေကိုင်းရှိုင်းသော ယုံကြည်သူများ” သည် လက်ဆုပ်လက်ကိုင်ပြနိုင်သော ရုပ်ဝတ္ထု ပစ္စည်းများကို ဆက်လက် ကိုးကွယ်ကြလေသည်။ ထိုအချိန်အတောအတွင်း၌ အမှန်တကယ်တွင် ဘုရားသခင်ကို အိမ်အပြင်သို့ တွန်းထုတ်ခဲ့သည်မှာ ကြာပြီဖြစ်ပြီး စာတန်ကို ဝတ်ပြုစားပွဲထက် ထားရှိခဲ့သည်မှာ ကြာပြီဖြစ်သည့်အချိန်တွင်၊ ၎င်းတို့သည် ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝပုံပေါ်လျက်၊ ဘုရားသခင်၏ ရှိခြင်းကို ဆက်လက်လေ့လာခြင်းမရှိဘဲ၊ စိတ်တွင် ချောင်ထိုးထားလိုက်ကြလေသည်။ ယေရှု၏ ရုပ်ပုံများ၊ လက်ဝါးကပ်တိုင်၊ မာရိ၊ ယေရှု၏ ဗတ္တိဇံနှင့် နောက်ဆုံး ညစာစားပွဲ- ဤအရာများကို ကောင်းကင်ဘုံရှင်အဖြစ် အမွန်အမြတ်ထားကြစဉ် တစ်လျှောက်လုံးတွင် “သခင်၊ ကောင်းကင်ဘုံရှင် အဖ” ဟု ထပ်သလဲလဲ အော်ခေါ်ကြသည်။ ဤအရာအားလုံးသည် ရယ်ဖွယ်ရာဖြစ်သည် မဟုတ်လော။ ဤနေ့ထိ၊ လူသားမျိုးနွယ်ကြား လက်ဆင့်ကမ်း လာခဲ့ကြသည့် ဆင်တူသော ဆိုရိုးစကားများနှင့် ဓလေ့ထုံးစံများစွာသည် ဘုရားသခင်အဖို့ မုန်းတီးဖွယ်ရာ ဖြစ်လေသည်။ ထိုအရာများသည် ဘုရားသခင်အတွက် ရှေ့ဆက်လမ်းကို ဆိုးရွားစွာ ပိတ်ဆို့သည့်အပြင်၊ လူသားမျိုးနွယ်၏ ဝင်ရောက်မှုအဖို့ ကြီးမားသော အနှောင့်အယှက်များ ဖန်တီးလေသည်။ စာတန်က လူသားမျိုးနွယ်ကို ဖျက်ဆီးသည့်အတိုင်းအတာကို မေ့ထားလိုက်ပါက၊ လူတို့၏ အတွင်းပိုင်းများသည် သက်သေခံလီ၏ ဥပဒေသကဲ့သို့သော အရာများ၊ လောရင့်စ်၏ အတွေ့အကြုံများ၊ စောင့်ကြည့်သူနီ၏ ဆန်းစစ်လေ့လာချက်များနှင့် ပေါလု၏ လက်ရာများဖြင့် လုံးဝပြည့်နေပေသည်။ ၎င်းတို့အတွင်းတွင် တစ်ကိုယ်တော်ဝါဒ၊ ဥပဒေသများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ စနစ်များနှင့် အလားတူမျိုးများ အလွန်များလှသောကြောင့်၊ ဘုရားသခင်သည် လူသားများအပေါ် အမှုပြုဖို့ နည်းလမ်း တကယ်ကို မရှိပေ။ လူတို့၏ ရှေးရိုးစွဲ အယူသီးမှု လားရာများအပြင် ဤအရာများသည် လူသားမျိုးနွယ်ကို ဖမ်းဆီးကာ ဝါးမျိုထားပြီး ဖြစ်သည်။ ယင်းမှာ လူတို့၏ အတွေးများသည် တိမ်များစီးနေသည့် ထူးထူးဆန်းဆန်း သတ္တဝါများပါသည့် အရောင်အသွေး အစုံအလင်ဖြင့် ဒဏ္ဍာရီနတ်သမီးပုံပြင် တစ်ပုဒ်ကို ဖြစ်ကြောင်းကုန်စင်ဖော်ပြနေသော စိတ်ဝင်စားစရာ ရုပ်ရှင်တစ်ခုအလား အလွန် စိတ်ကူးဉာဏ်ရှိသည်မှာ ၎င်းတို့သည် လူများကို မှင်တက်ကာ အာစေးမိစေရစ်လျက် အံ့အားသင့်စေလေသည်။ အမှန်ကို ပြောရမည်ဆိုလျှင်၊ ယနေ့ ဘုရားသခင် လုပ်ဆောင်ရန် လာသည့် အမှုသည် အဓိကအားဖြင့် လူသားများ၏ အယူသီးသည့် ပင်ကိုအရည်အချင်းများကို ကိုယ်တွယ်ဖြေရှင်းကာ ပပျောက်စေပြီး ၎င်းတို့၏ စိတ်သဘောထားအမြင်ကို လုံးလုံးလျားလျား ပြောင်းလဲစေဖို့ ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် မျိုးဆက်များမှတစ်ဆင့် လူသားမျိုးနွယ်က လက်ဆင့်ကမ်းပြီးဖြစ်သော အမွေအနှစ်ကြောင့် ယနေ့ထိတိုင် မတည်တံ့လေပြီ။ ယင်းသည် ကြီးမြတ်သော ဝိညာဉ်ရေးရာ လူတစ်ဦးဦး၏ အမွေကို ဆက်ခံခြင်းမလိုအပ်ဘဲ၊ သို့မဟုတ် အခြားခေတ်ကာလတစ်ခုခု၌ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် ကိုယ်စားပြု သဘာဝ၏ မည်သည့် အမှုကိုမျှ အမွေခံရန်မလိုအပ်ဘဲ၊ ဘုရားသခင် ကိုယ်တိုင်ကိုယ်ကျ အစပြုခဲ့ပြီး ပြီးဆုံးစေခဲ့သည့် အမှုဖြစ်သည်။ လူသားများသည် ဤအရာများ တစ်ခုတစ်လေကိုမျှ စိတ်ဝင်စားဖို့မလိုပေ။ ယနေ့ ဘုရားသခင်သည် အခြားသော စကားပြောပုံနှင့် အလုပ်လုပ်ပုံ ရှိ၏၊ ထို့ကြောင့် လူသားများသည် အဘယ်ကြောင့် ကိုယ့်ဒုက္ခကိုယ် ရှာသင့်သနည်း။ လူသားများသည် ၎င်းတို့ “ဘိုးဘေးများ” ၏ အမွေအနှစ်ကို ဆက်လက် ထိန်းသိမ်းစဉ် ယခုရေစီးကြောင်းအတွင်း ယနေ့၏လမ်းကြောင်းကို လျှောက်လှမ်းကြပါက၊ ၎င်းတို့၏ ပန်းတိုင်ကို ရောက်ရှိကြမည် မဟုတ်ပေ။ ဘုရားသခင်သည် လူ့လောက၏ နှစ်ကာလများ၊ လများနှင့် နေ့ရက်များကို စက်ဆုပ်ရွံရှာသကဲ့သို့၊ လူသား၏ ဤသီးခြား အပြုအမူပုံစံများအတွက် ကြီးမားသည့် ရွံရှာမှု ခံစားရလေသည်။

လူ့စိတ်သဘောထားကို ပြောင်းလဲဖို့ အကောင်းဆုံးသော နည်းလမ်းမှာ လူတို့ကို ၎င်းတို့၏ အတွေးနှင့် ကိုယ်ကျင့်တရားကို စတင်ပြောင်းလဲခွင့်ပေးလျက်၊ အကြီးအကျယ် အဆိပ်ခတ်ခံရပြီးဖြစ်သည့် လူတို့၏ အတွင်းကျကျ စိတ်နှလုံးများ၏ အစိတ်အပိုင်းများကို ကုသဖို့ ဖြစ်သည်။ ပထမဦးဆုံးအနေနှင့်၊ လူတို့သည် ဤဘာသာရေးဓလေ့များ၊ ဘာသာရေး လှုပ်ရှားမှုများ၊ နှစ်များ၊ လများနှင့် ပွဲတော်များအားလုံးတို့သည် ဘုရားသခင်အဖို့ မုန်းတီးဖွယ်ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်ဖို့ လိုအပ်သည်။ ၎င်းတို့သည် ထိုရှေးဆန်သော အတွေးများ၏ ချုပ်နှောင်မှုများမှ ရုန်းထွက်ပြီး အယူသီးမှုများနှင့်ပတ်သက်၍ ၎င်းတို့ အရိုးစွဲနေသည့် အလေ့အထရှိခြင်း အရိပ်လက္ခဏာတိုင်းကို အမြစ်ဖြတ်သင့်ပေသည်။ ဤအရာများအားလုံးသည် လူသားမျိုးနွယ်၏ ဝင်ရောက်မှုတွင် ပါဝင်လေသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်အား အဘယ်ကြောင့် လောကီဆန်သော ကမ္ဘာလောကမှ ဦးဆောင်ခေါ်ထုတ်သွားသည်ကို သင်တို့ နားလည်ရမည်ဖြစ်ပြီး အဘယ်ကြောင့် စည်းမျဉ်း၊ စည်းကမ်းများနှင့် ဝေးရာသို့ လူသားမျိုးနွယ်အား ဦးဆောင်ခေါ်သွားသည်ကိုလည်း နားလည်ရမည်။ ဤသည်မှာ သင်တို့ ဖြတ်၍ဝင်ရောက်မည့် ဂိတ်တံခါးဖြစ်ပြီး၊ ဤအရာများသည် သင်တို့၏ ဝိညာဉ်ရေးရာ အတွေ့အကြုံနှင့် မည်သို့မျှ မသက်ဆိုင်သော်လည်း၊ ၎င်းတို့သည် သင်တို့၏ ဝင်ရောက်မှုကို ပိတ်ဆို့နေသည့်၊ သင့်ကို ဘုရားသခင်အား သိကျွမ်းခြင်းမှ ဟန့်တားနေသည့် အကြီးမားဆုံးသော အတားအဆီးများဖြစ်သည်။ ၎င်းတို့သည် လူတို့ကို ရုန်းမထွက်သာအောင်မိစေသည့် ပိုက်ကွန်တစ်ခု ဖြစ်ပေါ်စေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၃)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

စစ်မှန်သော ဆုတောင်းခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်ပြီး စစ်မှန်သော ဆုတောင်းခြင်းသည် မည်သည့်အရာကို ရရှိနိုင်သနည်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- စစ်မှန်သော ဆုတောင်းခြင်းဆိုသည်မှာ အဘယ်နည်း။ ယင်းမှာ သင်၏နှလုံးသားထဲ ရှိသည့်အရာကို ဘုရားသခင်အား...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။